အနံ
့အရသာနှင့်ပြည့်စုံသော mulberry မျိုးနွယ်ဝင် ပိန္နဲပင်သီးပင်တို့ သည်
ကမ္ဘာ့ အကြီးဆုံး နှစ်ရှည်ခံသီးနှံပင်ဖြစ်ပြီး၊ အိန္ဒိယနိုင်ငံ
တောင်ဘက်ပိုင်းတွင် ဘီစီ ၂ဝဝဝ ခန့် ကတည်းက စတင်ပေါက်ရောက်ခဲ့ကြသည်။
ပိန္နဲသီးတို့ သည် အိမ်မာ နှင့် အိမ်ေ ပျာ့ ဟူ၍ (၂)မျိုး ရှိပြီး၊ အသားထူ၍
အဆံထဲတွင်အချိုရည်များအိုင်ထွန်းသော အသား ကျွတ်ဆတ်ဆတ်အိမ်မာသီးကို
ပို၍လူကြိုက်များ၏။ ပိန္နဲသီးကို အဆာပြေအချိုပွဲသစ်သီး အဖြစ်စားကြသလို၊ ယို၊
ဂျယ်လီ၊ ရေခဲမုန့်  စည်သွပ်ဗူး အဖြစ်သော်လည်းကောင်း၊ အစေ့ကိုပြုတ်၍ သော်
လည်းကောင်း၊ အသီးနုနုကို ပြုတ်ကာ ပိန္နဲသီးသုပ်၊ ပိန္နဲသီး သနပ်၊
ဝက်နံရိုးပန္နဲသီးဟင်းရည်၊ ပိန္နဲသီးထားဝယ်ချက်၊ တာလပေါ့ဟင်းရည် စ သည်ဖြင့်
အမျိုးမျိုးချက်စားနိုင်သည်။
<<ပိန္နဲသီးနှင့်ကျန်းမာရေး>>
ပိန္နဲသီးသည် အနံ့ အရသာနှင့်ပြည့်စုံရုံသာမက၊ လူသားတို့ ကျန်းမာရေးအတွက်
မရှိ မဖြစ် လိုအပ်သော ဗီတာမင်နှင့်သတ္တုဓာတ် တို့  အမြောက်အများ ပါရှိ
သည့်ပြ င်၊ ဘေးဥပါသ်ဖြစ်စေသော ကယ်လိုရီပမာဏပါဝင်မှုအလွန်နည်းပါး၏။ အသီး သာ
မက၊ အစေ့ နှင့် အမြစ်တို့  သည်လည်း ဆေးဘက်ဝင်ကြသည်။ ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ
့အစည်း၏ ဓာတ်ခွဲစမ်းသပ်ချက်အရ၊ ၁၀၀ ဂရမ် ပမာဏရှိသာ ပိန္နဲသီးထဲတွင်
ဆိုဒီယမ် (၃) မီလီဂရမ်၊ ကစီဓာတ် (၂၄) ဂရမ်၊ ကျေညက်လွယ်သော အမျှင်ဓာတ် (၂)
ဂရမ်၊ ပရိုတင်း (၁) ဂရမ်၊ ဗီတာမင်အေ (၂၉၇) IU၊ ဗီတာမင်စီ (၆.၇) မီလီဂရမ်၊
သီ အာမင် (၀.၀၃) မီလီဂရမ်၊ ရီဘိုဖလာဗင် (၀.၁၁) မီလီဂရမ်၊ နီအာစင်း (၀.၄)
မီလီ ဂရမ်၊ ဗီတာမင် ဘီ-၆ (၀.၁၀၈) မီလီဂရမ်၊ ဖောလိပ် (၁၄) မိုက်ခရိုဂရမ်၊
ကယ်လ်စီ ယမ် (၃၄) မီလီဂရမ်၊ သံဓာတ် (၀.၆) မီလီဂရမ်၊ မဂ္ဂနီစီယမ် (၃၇) မီလီဂ
ရမ်၊ ဖော့ စဖရက် (၃၆) မီလီဂရမ်၊ ပိုတက်စီယမ် (၃၀၃) မီလီဂရမ်၊ ဆိုဒီယမ် (၃)
မီလီဂရမ်၊ ဇင့် (၀.၄၂) မီလီဂရမ်၊ ကော့ပါး (၀.၁၈၇) မီလီဂရမ်၊ မဂနီးစ်
(၀.၁၉၇) မီလီဂရမ်၊ စီလီနီ ယမ် (၀.၆) မိုက်ကရိုဂရမ်၊ အဆီ (၀.၃) မီလီဂရမ်၊
ပြည့်ဝဆီ (၀.၀၆၃) မီလီဂရမ်၊ မိုနို မပြည့်ဝဆီ (၀.၀၄၄) မီလီဂရမ်၊
ပိုလီမပြည့်ဝဆီ (၀.၀၈၆) မီလီဂရမ်၊ ကယ်လိုရီ ၉၄ တို့  အသီးသီးပါရှိ
ကြပါသည်။
(၁) ခန္ဓာကိုယ်အတွက် တစ်နေ့ တာလိုအပ်ချက် ဓာတ်တိုးဆန်
့ကျင်ပစ္စည်းပမာဏကို ပိန္နဲသီးတစ်ခွက်စာထဲမှ အလုံအလောက် ရရှိစေနိုင်၏။
သွေးဖြူဥဆဲလ်များကိုေ ကာင်း ကျိုးပြု၍့ ကိုယ်ခံစွမ်းအားစံနစ်ကို
တိုးတက်ကောင်းမွန်စေသည့်ပြင် ဗီတာမင်စီများစွာ ပါဝင်သောကြောင့်
အအေးမိနှာစေးချောင်းဆိုးခြင်းစသော ဗိုင်းရပ်စ်ရာသီဖျား များ နှင့်
ပြင်ပဗက်တီးရီးယားပိုးအမျိုးမျိုး တို့  ကူးစက်ခြင်းမှ ကာကွယ်ပေးပါသည်။
(၂) ပိန္နဲသီးထဲတွင်ပါရှိသော lignans, isoflavones နှင့် saponins
ဓာတ်များ သည်၊ ခန္ဓာကိုယ်တွင်းရှိ အကျိုးယုတ်စေသော free radicals များကို
ဖယ်ရှားသုတ် သင်ေ ပးသည့်ပြင်၊ ကင်ဆာဖြစ်စေနိုင်သောဆဲလ်များကို
ကာကွယ်ပေးသောကြောင့် ကင်ဆာ ရောဂါ မဖြစ်စေနိုင်ပါ။
(၃)
အမျှင်ဓာတ်များစွာပါရှိခြင်းကြောင့် အစာချေစံနစ်ကိုတိုးတက်ကောင်းမွန်စေကာ၊
အစာအိမ်နှင့် အူများကိုကောင်းစွာ အလုပ်လုပ် စေသည့်အတွက် ၀မ်းမှန်စေ၏။ ထို
့ပြင် အူအမြှေးပါးများကိုကျန်းမာစေသဖြင့် အူမကြီးကင်ဆာမဖြစ်စေနိုင်ပါ။
(၄) ပိန္နဲသီးတစ်ခွက်စာ ပမာဏထဲတွင်ပါရှိသော ဗီတာမင်အေသည် မုန်လာဥနီ
တစ်ခွက်စာထဲတွင်ပါရှိမှု၏ ၁/၄ ပုံ ဖြစ်၏။ ထို့  ကြောင့်
ဗိုက်တာမင်အေပေါကြွယ် ၀သော ပိန္နဲသီးကိုစားပေးခြင်းဖြင့်
အရွယ်မတိုင်မှီမျက်စေ့မှုန်ခြင်း၊ အမဲရောင်အစက် အပြောက် များပေါ်ခြင်း နှင့်
ကြက်မျက်သင့်ရောဂါစသည့် မျက်ကြည်လွှာအမြင် ပိုင်းဆိုင်ရာ ပြဿနာတို့
မဖြစ်ပေါ်အောင် ကာကွယ်ပေးနိုင် ပါသည်။
(၅) ပိန္နဲသီးထဲတွင်
အသီးအနှံမှရရှိသော ဖရက်တို့စ် နှင့် ဆူးခရို့ (ခေါ်)သဘာဝ သကြား
ဓာတ်များပါရှိသောကြောင့် ပိန္နဲသီးစားပြီးသည် နှင့် တပြိုင်နက် သိသိ
သာသာခွန်အား တိုးပွားလာစေပါသည်။
(၆) ကျန်းမာရေးအတွက်
ဘေးထွက်ဆိုးကျိုးဖြစ်စေသော ပြည့်ဝဆီနှင့် ကိုလက် စထေ ရာတို့ 
လုံးဝမပါရှိသဖြင့် နှလုံးကို ကျန်းမာစေ ပါသည်။ ခန္ဓာကိုယ်အလေးချိန် ပုံမှန်
ထိန်းသိမ်းလို သူများအတွက် အထူးသင့်တော်ကောင်းမွန်၏။
(၇)
ပိန္နဲသီးထဲတွင် ဗီတာမင်B6 ပါရှိ၍့ သွေးထဲရှိ homocystein ပမာဏကို ချပေးနို
င်၏။ ထို့ ပြင် ပိုတက်စီယမ်ဓာတ် ပါဝင်သောကြာင့် သွေးဖိအားကို
ပုံမှန်ဖြစ်စေကာ၊ ရုတ်တရက် သွေးတက်ခြင်း/ကျခြင်းတို့  မဖြစ်စေနိုင်ပါ။
သွေးတိုးရောဂါနှင့် ဆက်စပ်ေ သာ နှလုံး နှင့် လေဖြတ်ခြင်းတို့ 
ဖြစ်ပေါ်မှုအလားအာကိုလည်း နဲပါးစေပါသည်။
(၈) ပိန္နဲသီးထဲတွင်
မဂ္ဂနီဆီယမ်ဓာတ်ပေါကြွယ်ဝခြင်းကြောင့်၊ ကယ်လ်စီယမ်စုပ် ယူခြင်း ကို
အားပေးသည့်အတွက် အရိုးများကို ကျန်းမာသန်စွမ်းစေ၏။ ဗီတာမင်ဒီ နှင့်
ဟိုမုန်းပြောင်းလဲခြင်းကြောင့် ဖြစ်လေ့ရှိသည့် အရိုးကြွတ်ဆတ်ရောဂါ နှင့်
အရိုးပါးေ ရာဂါ တို့ မှ ကာကွယ်ပေးပါသည်။
(၉) သံဓါတ်ပါရှိသဖြင့်
သွေးအားနည်းရောဂါမဖြစ်အောင် ကာကွယ်ပေးပြီး၊ ခန္ဓာ ကိုယ်ထဲရှိ သွေးများကို
ကောင်းစွာ လည်ပတ်စီးဆင်း စေပါသည်။ ပိန္နဲသီး အစြေ့ ပုတ်ကလည်း
သွေးလေလည်ပတ်မှုကို ကောင်းမွန်စေ၏။
(၁၀) ပိန္နဲသီးထဲရှိ
ကော့ပါးသတ္တုဓာတ်များသည် သိုင်းရွိုက်၏ဇီဝကမ္မလုပ်ဆောင် ချက်များ ကို
ကောင်းကျိုးပြုကာ သိုင်းရွိုက်ကို ကျန်းမာ စေပါသည်။
(၁၁) သွေးမတိတ်နာများနှင့် အနာမကျက်ဘဲမြုံနေသော ယဉ်းနာများကို ပိန္နဲသီး အသားအုံပေးခြင်းဖြင့် သက်သာစေနိုင်ပါသည်။
(၁၂) ခန္ဓာကိုယ်ထဲရှိ ဆဲလ်များတဖြည်းဖြည်း ယိုယွင်းပျက်စီးမှူမှ
ကာကွယ်ပေးရုံ သာမက၊ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကို
ထိထိရောက်ရောက် ကာကွယ်ေ ပးနိုင်ပါသည်။
(၁၃) စိတ်ဖိစီးခြင်း နှင့် စိတ်လှူပ်ရှားခြင်းတို့ ကို သက်သာပျောက်ကင်းစေပါသည်။
(၁၄) ခံတွင်းကိုကျန်းမာစေပါသည်။
<<ပိန္နဲသီးပင်အမြစ်နဲ့ ကျန်းမာရေး>> (၁) ပိန္နဲသီးပင်အမြစ်မှ ထွက်ရှိသောအဆီသည် ၀မ်းလျှောဝမ်းကိုက်ရောဂါများ ကို ပျောက်ကင်းစေပါသည်။
(၂) ပိန္နဲသီးပင်အမြစ်သည် အရေပြားရောဂါအမျိုးမျိုးတို့ ကိုသက်သာပျောက်ကင်းေ
စသဖြင့်၊ သနပ်ခါးနဲ့ ရော၍သော်လည်းကောင်းသူ့ ချည်းဘဲသွေး၍သော်လည်းေ ကာင်း
လိမ်းကျံပေးနိုင်ပါသည်။
(၃)
ပန်းနာရင်ကြပ်ခြင်း/၀မ်းလျောဝမ်းပျက်ခြင်း နှင့် အပူကြီးဖျားနာခြင်းတို
့အတွက် ပိန္နဲသီးပင်အမြစ်ကိုပြုတ်၍သော်လည်းကောင်း၊ သွေး၍သော်လည်းကောင်း
သောက်သုံးပေးနိုင်ပါတယ်။
<<ပိန္နဲပင်နှင့် မျက်နှာပေါင်းတင်နည်း>>
ပိန္နဲသီး/အရွက် နှင့် အပင်မြစ်တို့ သည် အသားအရေကို ကျန်းမာစေ၍ ၄င်း တို
့ဖြင့်ြ ပုလုပ်ထားသော ရေချိုးကရင်မ်၊ မျက်နှာသစ်ဆပ်ပြာ၊ လိုးရှင်း နှင့်
ခေါင်းလျှော်ရည်တို့  ကို အလှကုန်ဈေးကွက်များတွင်
ရောင်းချလျှက်ရှိပါသည်။ (၁) ပိန္နဲသီးအရွက် ၁၀ ရွက် ကို ရေစင်အောင်
ဆေးကာကျိတ်ချေပြီး၊ ရရှိလာသောပိန္နဲရွက်သတ္တုရည်ကို မျက်နှာ အနှံ
့လိမ်းကျံပြီးနောက်၊ အခြောက်ခံထားပါ။ ၁၅ မိနစ် ခန့် အကြာတွင် ရေနွေးနွေြး
ဖင့် မျက်နှာသစ်ပေးခြင်းဖြင့် မျက်နှာအသားအရည် နူးညံ့သန့် စင်သွားစေပါမည်။
(၂) အစေ့ဖယ်ထားသော ပိန္နဲသီးမှည့်မှည့် ၅ မွှာခန့် ကို
ကြိတ်စက်ဖြင့်ကြိတ်ချေပြီးနောက၊် ထိုအနှစ်ကို သကြားစားပွဲတင်ဇွန်း ၂ ဇွန်း
ရောမွှေ၍၊ မျက်နှာအနှံ့ လိမ်းပေးပြီး၊ မိနစ် ၂၀ ခန့် အကြာတွင်
ရေအေးအေးဖြင့် ဆေးကြောသန့် စင်ပါ။ ဤနည်းအတိုင်း တစ်ပတ်လျှင်
တစ်ကြိမ်လုပ်ပေးရုံမျှဖြင့် မျက်နှာအရေပြားပေါ်ရှိ ဆဲလ်အသေများကို
ဖယ်ရှားပေးပြီး၊ မျက်နှာအသားအရေ ၀င်းမွတ်တောက်ပလာပါလိမ့်မည်။
**
မှတ်ချက် ** (၁) နု၍အဆံမအောင်သောအသီး၏လက္ခဏာ သည်
အပေါ်ယံအသီးခွံဆူးများစိပ်ပြီးသေးနေတတ်သဖြင့် အရွေးမမှားဖို့  လိုပါသည်။
(၂)
အစေးများမကပ်မစေရန်၊ လက်နှင့် ဓားတို့ ကို ဦးစွာဆီသုတ်ပြီးမှ
အသီးကိုခွဲပါ။
** သတိပြုရန် ** (၁) ပိန္နဲသီးကို ပျားရည်နှင့်
တွဲဖက်မစားပါနှင့် အော့အန်တတ်၏။
(၂) ဆီးချိုရောဂါသည်များ
အချိုဓာတ်များသောပိန္နဲသီးကို မစားသင့်ပါ။
(၃) estrogen hormone ကို
ပျက်စီးစေနိုင်သဖြင့် ကိုယ်ဝန်ဆောင်သည်များနှင့် အမျိုးသမီးများ ဓမ္မ
တာလာစဉ်တွင် ပိန္နဲသီးကို အလွန် အကျွံမစားသင့်ပါ။
(၄) ပိန္နဲသီးသည် ပင်ကိုယ်
သဘာ ၀အရ ကြေညက်ခဲသောအစာဖြစ်၍့ ညက်ညက်ဝါးစားပေးပါ။ အစာအိမ်ရောဂါ သည်များ
အလွန်အကျွံစားပါက၊ အစာကိုချေဖျက်ပေးသောအက်ဆစ် ဓါတ်များ
တဖြ ည်ြး
ဖည်းတိုးပွားလာကာ၊ အစာအိမ် သွေးကြောပေါက်ခြင်း ဖြစ်တတ်၏။
++++++++++++++
ပိန္နဲသီးသည် အနံ့အရသာနှင့် ပြည့်စုံသော သစ်သီးတစ်မျိုးဖြစ်ပြီး ဆေးဖက်ဝင်
ဓာတ်စာတစ်မျိုး လည်းဖြစ်ပေရာ၊ သဘာဝရဲ့ အာဟာရ အဖြစ် စားသုံးကြပါရန်
တိုက်တွန်းလိုက်ရပါသည်။
(ဆောင်းပါးရှင်...ပေါက်ပေါက်.. .မျှဝေသည်)
promise.pauk
(ရိုးသားမှုသည်တခါတရံ၌ရှုံးနိမ့်စေတတ်၏။သို့ သော်တစ်သက်လုံးကားလိပ်ပြာလုံစေတော့၏။)