Pages - Menu

ဆန်လုံးညို(Brown Rice)

ဆန်ဖြူကို ကြိတ်ခွဲလိုက်တာကြောင့် ဗီတာမင် B3 ၆၇ ရာခိုင်နှုန်း၊ ဗီတာမင် B1 ၈၀ ရာခိုင်နှုန်း၊ ဗီတာမင် B6 ၉၀ ရာခိုင်နှုန်း၊ မဂ္ဂနီဆီယမ်တစ်ဝက်၊ ဖော့စ်ဖရပ်စ် တစ်ဝက်၊ သံဓာတ် ၆၀ ရာခိုင်နှုန်းနဲ့ အမျှင်ဓာတ်အားလုံး ဆုံးရှုံးသွားခဲ့ ပါတယ်။

သံလွင်ဆီ(Olive Oil)

သံလွင်ဆီမှာ ဗီတာမင် အေ၊ ဗီတာမင် ဘီဝမ်း၊ ဘီတူး၊ ဗီတာမင်စီ၊ ဒီ၊ အီးနဲ့ ကေစတဲ့ ဗီတာမင်ဓာတ်တွေ ပါဝင်ပြီး သံဓာတ်နဲ့ အိုမီဂါ ၉ လည်း ပါဝင်ပါတယ်။

ပြောင်းဖူး(Corn)

ပြောင်းဖူးမှာ ဗီတာမင်B1 ဗီတာမင်B5 ဗီတာမင်C ဗီတာမင်B9လို့ခေါ်ဖောလိတ် .....ပြောင်းဖူး၏ ကျန်းမာရေး အာနိသင် မှာဆက်ဖတ်ပါ....

ထောပတ်သီး(Avacado)

အာဟာရများကိုဖြည့်တင်းပေးနိုင်ရုံ သာမက သဘာဝမှရသောသကြား ဓာတ်ကိုထောက်ပံ့ပေးခြင်း၊ကိုယ် အလေးချိန်ကျဆင်းစေခြင်း၊အကျိုး ပြုကိုလက်စတီရောကိုတက်စေပြီး ဆိုးကျိုးပေးသောကိုလက်စတီရော ကိုကျဆင်းစေခြင်း စသည့်အချက်များ ကိုရရှိစေနိုင်သည်ဟု သိရသည်။ယခု လေ့လာမှုတွင် ဖော်ပြထားချက်အရ လေဖြတ်ခြင်းကိုပါ ထောပတ်သီးက ကာကွယ်ပေးနိုင်

လိမ္မော်သီး(Orange)

လိမ္မော်သီး၌ ဖိုင်ဘာမျှင်၊ သံဓာတ်၊ မီးစုန်းဓာတ်၊ ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်၊ ကြေးနီဓာတ်၊ သွပ်ဓာတ်၊ ဆလမ်နီယမ်၊ ကယ်လိုရီ၊ ကယ်လဆီယမ်ဒာတ်၊ဗီတာမင်စီ တို့ပါရှိသည်

မာလကာသီး(Guava)

မာလကာသီး တစ်လုံးတွင် ဗီတာမင်စီမှာ လိမ္မော်သီး တစ်လုံး၌ ပါရှိသည့် ဗီတာမင်စီ ပမာဏထက် ငါးဆခန့် ပိုများသည်။ မာလကာသီး၌ ဗီတာမင်စီ အပြင် အေနှင့် ဘီ၊ ကယ်လ်ဆီယမ်၊ ဖော့စပရပ်စ်၊ ပိုတက်ဆီယမ်၊ သံဓာတ်၊ ဖောလစ်အက်စစ်နှင့် အမျှင်ဓာတ်တို့ ပါဝင်သည်။ အများဆုံး ပါဝင်သော ဓာတ်များမှာ ဗီတာမင်စီ ၃၀၂ မီလီဂရမ်နှင့် ဗီတာမင် အေ ၂၅၀ မီလီဂရမ်တို့ ဖြစ်ကြသည်။ မာလကာသီးကို သီတင်း တစ်ပတ်လျှင် နှစ်လုံးခန့် စားသုံး သွားပါက သွေးတိုး ကျဆင်းစေပြီး နှလုံး ကျန်းမာရေးကို အထောက်အကူ ပြုကြောင်း အမေရိကန် သုတေသန ပညာရှင်များက ပြောကြားသည်။

***

***

***

***

***

***

***

***

***

***

Showing posts with label ကင်ပွန်းချဉ်. Show all posts
Showing posts with label ကင်ပွန်းချဉ်. Show all posts

18 Jan 2014

ဆေးဖက်ဝင် ကင်ပွန်းချဉ်

ပူပြင်း ခြောက်သွေ့သော နွေကာလနှင့် လိုက်ဖက်သော အစာလည်းဆေး၊ ဆေးလည်း အစာ တစ်မျိုးမှာ ကင်ပွန်းချဉ် ဖြစ်သည်။ ကျန်းမာသူ အတွက် အာဟာရဖြစ်ပြီး မကျန်းမာသူ အတွက် ဆေးဝါးဓာတ်စာ ဖြစ်သည့် ကင်ပွန်းချဉ်ကို အဖိုးနည်းဝန်ပါ သူသူငါငါ လွယ်ကူစွာ စားသုံး နိုင်သည်။

ကင်ပွန်းချဉ်ပင်သည် နွယ်ယောင်ပင်ယောင် ချုံပင်မျိုး ဖြစ်သည်။ ပျော့ပျောင်းသော ပင်စည်နှင့် အရွက်တံတို့တွင် ဆူးရှိသည်။ အခက်စိမ်းများ၌ နီမှိုင်းမှိုင်း အရောင်အဆင်း ရှိသည်။ အရွက် သေး ငယ်ပြီး ရွက်ထိပ် ဝိုင်းသည်။ အသီးမှာ သီးတောင့်ရှည် မျိုးပြား၍ ဖြောင့်သည်။ အစေ့များ ကြားတွင် အဆစ်များ ဖြစ်ကာ ချိုင့်ဝင်နေသည်။ မြန်မာနိုင်ငံ အနှံ့အပြား သဘာဝ အလျောက် အလေ့ကျ ပေါက်သော စားသုံးပင် ဖြစ်သည်။

ကင်ပွန်းချဉ်သည် အသည်းအတွက် အစွမ်းထက် အသုံးဝင်သည်။ ကင်ပွန်းချဉ်ကို ဟင်းချို ချက်သောက်ခြင်း၊ အချဉ်ချက်ပြုတ် စားခြင်း၊ ကြော်စားခြင်း၊ မီးကင်စားခြင်းများ ပြုနိုင်သည်။ အရွက်နုကို ငရုတ်ကောင်း အရည်တွင် စိမ်၍ ဆား၊ မန်းကျည်းသီး၊ ငရုတ်သီးနှင့် ရောထောင်းပြီး တိုက်ကျွေးလျှင် အသည်းရောင်အသား ဝါရောဂါ၊ သည်းခြေ ရောဂါတို့ကို သက်သာ စေသည်။ အရွက်နုကို ကြိတ်ပြီး အသည်းရောင်သည့် နေရာကို စိတ်ရှည် လက်ရှည် လိမ်းပေးပါက ရောဂါ သက်သာသည်။

အရွက်နုကို ညက်အောင်ထောင်း တစ်ညသိပ်ပြီး သကြား အနည်းငယ် ထည့်၍ ရေကျက် အေးနှင့် နေ့စဉ်မှန်မှန် သောက်ပေးလျှင် အဖျဉ်းရောဂါ ပျောက်သည်။

ကိုယ်ဖော ကိုယ်ရောင် အူရောင် မြင်းသရိုက် လေနာမြစ် ခြောက်နာ စသည် တို့ကိုလည်း နိုင်သည်။

ကင်ပွန်းချဉ်ရွက်ကို ရေနွေးဖျောပြီး သောက်က ဝမ်းချုပ်လေချုပ် ပျောက်ကင်း၍ ဝမ်းပျော့ ဝမ်းမှန် စေသည်။ ဝမ်းဗိုက်လေပွ လေထခြင်းကို တန့်စေသည်။ လေနာ လေအောင့်လေထိုး လေစူး သက်သာသည်။ ကင်ပွန်းရွက် ဟင်းချိုသည် လူနှင့် အခါခပ်သိမ်း တည့်သည်။ ကိုယ်တွင်း အပူကို ငြိမ်းစေသည်။ ကျောက်ကပ်ကို အားပေးသဖြင့် ဆီးရွှင်သည်။ ဆီးပူဆီး အောင့်ညောင်းကျ ပန်းသေ ပန်းညှိုးမှ အစကောင်းမွန်သည်။ သွေးသားကို သန့်စင်စေသဖြင့် ရုပ်ဆင်းအင်္ဂါ နုပျိုကြည်လင်ကာ အဆီကျ ပေါ့ပါး စေပါသည်။

ငှက်ဖျားရောဂါ၊ အစာအိမ်ရောဂါ၊ သွေးနှင့် ဆိုင်သော ရောဂါ၊ အဖြူကွက်ထ ရောဂါရှိသူတို့ အနေဖြင့် ကင်ပွန်းချဉ် အမြဲစားသုံး သင့်သည်။ နှလုံးရောဂါ ရှိသူအား ကင်ပွန်းချဉ် ငါးကျပ်သား၊ ထန်းလျက် ၁ဝ ကျပ်သား၊ ဆားအသင့်အတင့်နှင့် ကျို၍ တစ်နေ့သုံးကြိမ် မှီဝဲ စေသင့်သည်။ နာလန်ထစ လူမမာအား ကင်ပွန်းရွက် ဟင်းချိုနှင့် ထမင်းပူပူတွင် နှပ်ထားသော ငါးပုပ်ခြောက်တို့ အတူ ကျွေးပါက စားရသူ လူမမာ အလွန်အဆင် ပြေသည်။ ကင်ပွန်းရွက်ကို အသားငါး တစ်မျိုးမျိုးနှင့် ရောနှော၍ ကြော်စားလျှင် ထမင်းမြိန်ပါသည်။ အစာလမ်းကြောင်း မကောင်းသူများ၊ အစာမကြေ ရောဂါ ရှိသူများနှင့် အူရောင်ရောဂါ ရှိသူများ အတွက် ကင်ပွန်းချဉ်ကို အချဉ်ချက်ပြုတ် စားပေးရန် လိုသည်။

ကင်ပွန်းရွက်နုကို အမှုန့်ရအောင် လှီးပြီး ကြက်သွန်ဖြူ၊ ဆိတ်ဖူး၊ နနွင်း၊ ဆား၊ ငါးပိ၊ ပုစွန် ခြောက်မှုန့်၊ သီဟိုဠ်စေ့ သင့်ရုံထည့်၍ ဆီဖြင့် နှံ့အောင်နယ်ပါ။ ဂျုံမှုန့်နှင့် အနေတော် ဆုပ်နယ်၍ မီးပြထားသော ရဲယိုရွက်နှင့် ထုပ်ပါ။ ငှက်ပျောရွက်ဖြင့် ထပ်မံ ထုပ်ပြီးနောက် ညှပ်ဖြင့် အထက်အောက်လှန် မီးကင်လျှင် အနံ့သင်းသင်း ကင်ပွန်းရွက်ကင်ကို ရသည်။ နေမကောင်းသူများ၊ ခံတွင်း ပျက်သူများကို ဓာတ်စာဆေးဝါး အဖြစ် စားသုံး စေနိုင်သည်။

ကင်ပွန်းရွက် ရင့်ရင့်ကို ဆားအနည်းငယ်နှင့် ညက်ညက်ထောင်း၊ သတ္တုရည် ညှစ်ယူပါ။ အရည်ကို အနည်အဖတ် မပါအောင် သန့်ရှင်းသော အဝတ်ပါးပါးနှင့် စစ်ယူ၍ မျက်စဉ်း ခတ်လျှင် မျက်စိနာ၊ မျက်ရိုးကိုက် ကင်းစင်သည်။ မျက်ရည်ပူနှင့် အခိုးအငွေ့ထွက် သဖြင့် မျက်စိ ကြည်လင်သည်။

ကင်ပွန်းသီးကို ပြုတ်၍ ဝမ်းပျော့ဆေး အဖြစ် သုံးနိုင်ပြီး အသီးကို ကြိတ်၍လည်း အရေပြား ရောဂါများကို လိမ်းပေး နိုင်သည်။ စိန်နှင့် သံပရာစား မိပါက ကင်ပွန်းသီး ပြုတ်ရည် လက်ဖက်ရည် ပန်းကန်တစ်လုံးခန့် တိုက်ပေးပါက ပြန်အန် ထွက်စေသည်။ မြွေဆိပ်ကုဆေး ဖော်စပ်ရာ၌ ကင်ပွန်းသီးကို အသုံးချ နိုင်သည်။

ကင်ပွန်းသီး ပြုတ်ရည်ကို တရော်ပင် အခေါက်နှင့် တွဲ၍ အမျိုးသမီးများက ဆံပင်သန်ဆေး အဖြစ် ခေါင်းလျှော်လေ့ ရှိကြသည်။ ကင်ပွန်းသီး ပြုတ်ရည်က ဆံပင်တွင် ကပ်ငြိနေသော ကြေးညှော်ကို တိုက်ချပေးသည့် အပြင် ဦးရေကို အေးစေသဖြင့် အနံ့အသက် ကင်းသန့်ရှင်းပြီး ဆံပင်သန်စွမ်း ဖြောင့်စင်း မည်းနက်သည်။ မြန်မာနှစ်ဦး နှစ်သစ်ချိန်ခါ ခေါင်းလျှော်ဓလေ့ အစဉ်အလာတွင် တရော်ကင်ပွန်း အသုံးပြုသည်ကို တွေ့ရသည်။

ဆေးဖက်ဝင် ကင်ပွန်းချဉ်၏ ရုက္ခဗေဒ အမည်မှာ အေကာစီယာ ကွန်စင်းနား (Acacia concinna) ဖြစ်သည်။ သမားလက်စွဲခေါ် ဆေးအဘိဓာန် အဖွင့်ကျမ်းတွင် ''ကင်ပွန်း ရွက်သည် အပူကြောင့် ဖြစ်သော အခိုးအကင်းကို လည်းကောင်း၊ ဝမ်းရပ်ခြင်းကို လည်းကောင်း ပြုတတ်၏။ သည်းခြေကို ငြိမ်းစေ၏''ဟု ဖော်ပြထားသည်။ ဤသို့ ပူပြင်းသော ရာသီဥတုနှင့် လိုက်ဖက် လှသော ဆေးဖက်ဝင် ကင်ပွန်းချဉ်ကို ကျန်းမာသုတ အဖြစ် ရေးသား တင်ပြ လိုက်ရပါသည်။ ။

မြဝတီ

22 Oct 2013

ကင်ပွန်းချဉ်ပင်

မြန်မာ့ဆေးဖက်ဝင် ကင်ပွန်းချဉ်ပင်
•••••••••••••••••••••••••••••••
by မြန်မာ့ဆေးဖက်ဝင်အပင်များOctober 23, 2013 at 7:11am

Item Name --------- Lapoot (ကင်ပွန်းချဉ်)
Category ------------ Raw Material
Botany Term -------- Acacia concinna DC
Species Family ----- Mimosaceae

မြန်မာနိုင်ငံအနှံ့အပြား၌ ပေါက်ရောက်ပြီး အမြဲစိမ်းသစ်တောများ၌ အများဆုံး တွေ့ရသည်။ သဘာဝအလျောက် ပေါက်ရောက်သည်။

အပင်

ဆူးရှိသောချုံပင်မျိုးဖြစ်၏ ။ ပင်စည်ပျော့၏ ။ အစိမ်းရောင် အခက်များပေါ်တွင် နီမှိုင်းသော အစင်းများ ရှိပြီး သေးငယ်သော အဖြူစက်ကလေးများ ဖုံးအုပ်နေသည်။

အရွက်

နှစ်ခါ ငှက်မွေးရွက်ပေါင်း ဖြစ်သည်။ ၄-၆ လက်မရှည်၍ ရွက်ကလေး ၄-၆ စုံရှိသည်။ ရွက်မြွှာအစုံ ၁၂-၂၀ ရှိသည်။ ရွက်မြွှာများ ရှည်မျောမျောပုံဖြစ်သည်။ ရွက်ရင်း ရွဲ့စောင်းပြီး ရွက်ထိပ်ပိုင်း ၀ိုင်း၍ အဖျားချွန်သည်။

အပွင့်

တစ်ပင်တိုင် ပန်းခိုင်ဖြစ်၍ ပန်းခိုင်၏ အဖျားတွင် စုပြုံ၍ တစ်ပွင့်တည်းကဲ့သို့ ပွင့်သည်။ အပွင့် အ၀ါ ရောင်ဖြစ်သည်။ အမွေးအနည်းငယ်သာရှိပြီး ပွင့်ညှာမဲ့သည်။ တပေါင်းလမှ ၀ါဆိုလအတွင်း ပွင့်သည်။

အသီး

အသားထူသော အသီးတောင့်ရှည်မျိုး ဖြစ်သည်။ ပြား၍ဖြောင့်သည်။ အစေ့များကြားတွင် အဆစ်များ ဖြစ်နေသည်။ အစေ့ အနက်ရောင်ရှိ၍ နတ်တော်လနှင့် ပြာသိုလတွင် သီးသည်။

► အသုံးဝင်ပုံ

အသီး ၊ အရွက်။

အာနိသင်

မြန်မာဆေးကျမ်းများအလိုအရ ကင်ပွန်းပွင့်သည် ချို၏ ၊ အေး၏ ၊ လေသလိပ်သည်းခြေကို နိုင်သည် ။ ကင်ပွန်းရွက်သည် ပူ၏ ၊ ချဉ်၏ ၊ အပူကြောင့်ဖြစ်သော အခိုး အကင်းကို ငြိမ်းစေ၏ ၊ ၀မ်းရပ်ခြင်းကို ပြုတတ်၏ ။ ကင်ပွန်းသီးသည် ခါး၏ ၊ အေး၏ ၊ အစာကို ကြေညက်စေ၍ ၀မ်းကို သက်စေသည်။

► အသီးအသုံးပြုပုံ

၁။ အသီးသည် လေအောင့်ရောဂါ ၊ သွေးနှင့်ဆိုင်သော ရောဂါ ၊ အဖြူကွက်ပေါ်သောရောဂါ ၊ အစာအိမ်ရောဂါနှင့် ၀မ်းချုပ်ခြင်းကို ပျောက်စေသည်။
၂။ အသီးနှင့် အရွက်ပြုတ်ရည်ကို ၀မ်းပျော့ ဆေးရည်အဖြစ် သုံးသည်။
၃။ အသီးပြုတ်ရည်နှင့် ခေါင်းလျှော်ပေးခြင်းဖြင့် ဆံပင်သန်စေသည်။
၎။ အသီးကိုကြိတ်၍ အရေပြားရောဂါကို လိမ်းပေးလျှင် ပျောက်၏။
၅။ အသီးများကို မြွေဆိပ်ကုဆေး ဖော်စပ်ရာ၌လည်း သုံးသည်။
၆။ စိန်နှင့်သံပရာ စားမိသူအား ကင်ပွန်းသီးကို ကျိုပြီးလက်ဖက်ရည် ပန်းကန်တစ်လုံးခန့် တိုက်ပေးသော် စားထားသော စိန်နှင့် သံပရာများ ပြန်အန်ထွက်စေ၏။

► အရွက်

၁။ အရွက် ရေနွေးဖျောရည်ကို ငှက်ဖျားရောဂါ အတွက် သုံးသည်။ ၀မ်းဗိုက် လေပွခြင်းအတွက် ၎င်းအရည်ကိုသောက်ခြင်းဖြင့် ၀မ်းပျော့ပျော့သွား၍ ပျောက်စေသည်။
၂။ အရွက်နုကလေးများကို ငရုတ်ကောင်းရည်တွင် စိမ်၍ ဆား ၊ မန်ကျည်းသီး ၊ ငရုတ်သီး နှင့် ရောထောင်းပြီး အသည်းရောင် အသားဝါရောဂါ ၊ သည်းခြေရောဂါ စသည်တို့အတွက် တိုက်ကျွေးက သက်သာစေသည်။
၃။ အရွက်နုများကို ညဥ့်သိပ်စိမ်ပြီး သောက်သော် အဖျဉ်းရောဂါ ပျောက်၏။
၎။ အရွက်နုများကို ကြိတ်၍ အသည်းရောင်သော နေရာ၌ လိမ်းကျံပေးက သက်သာစေ၏ ။

မြန်မာ့ဆေးဖက်ဝင်အပင်များ
photo by google search
မည်သူမဆိုလွတ်လပ်စွာကူးယူဖေါ်ပြနိုင်ပါသည်။
ကျန်းမာရေးဗဟုသုတတိုးပွါးစေရန် Like,share, ,Credit ပေးခြင်းဖြင့်လည်းကူညီနိုင်ပါသည်။
source >>>http://myanmarherbal.blogspot.com/2013/10/blog-post_22.html

Twitter Delicious Facebook Digg Stumbleupon Favorites More