Pages - Menu

ဆန်လုံးညို(Brown Rice)

ဆန်ဖြူကို ကြိတ်ခွဲလိုက်တာကြောင့် ဗီတာမင် B3 ၆၇ ရာခိုင်နှုန်း၊ ဗီတာမင် B1 ၈၀ ရာခိုင်နှုန်း၊ ဗီတာမင် B6 ၉၀ ရာခိုင်နှုန်း၊ မဂ္ဂနီဆီယမ်တစ်ဝက်၊ ဖော့စ်ဖရပ်စ် တစ်ဝက်၊ သံဓာတ် ၆၀ ရာခိုင်နှုန်းနဲ့ အမျှင်ဓာတ်အားလုံး ဆုံးရှုံးသွားခဲ့ ပါတယ်။

သံလွင်ဆီ(Olive Oil)

သံလွင်ဆီမှာ ဗီတာမင် အေ၊ ဗီတာမင် ဘီဝမ်း၊ ဘီတူး၊ ဗီတာမင်စီ၊ ဒီ၊ အီးနဲ့ ကေစတဲ့ ဗီတာမင်ဓာတ်တွေ ပါဝင်ပြီး သံဓာတ်နဲ့ အိုမီဂါ ၉ လည်း ပါဝင်ပါတယ်။

ပြောင်းဖူး(Corn)

ပြောင်းဖူးမှာ ဗီတာမင်B1 ဗီတာမင်B5 ဗီတာမင်C ဗီတာမင်B9လို့ခေါ်ဖောလိတ် .....ပြောင်းဖူး၏ ကျန်းမာရေး အာနိသင် မှာဆက်ဖတ်ပါ....

ထောပတ်သီး(Avacado)

အာဟာရများကိုဖြည့်တင်းပေးနိုင်ရုံ သာမက သဘာဝမှရသောသကြား ဓာတ်ကိုထောက်ပံ့ပေးခြင်း၊ကိုယ် အလေးချိန်ကျဆင်းစေခြင်း၊အကျိုး ပြုကိုလက်စတီရောကိုတက်စေပြီး ဆိုးကျိုးပေးသောကိုလက်စတီရော ကိုကျဆင်းစေခြင်း စသည့်အချက်များ ကိုရရှိစေနိုင်သည်ဟု သိရသည်။ယခု လေ့လာမှုတွင် ဖော်ပြထားချက်အရ လေဖြတ်ခြင်းကိုပါ ထောပတ်သီးက ကာကွယ်ပေးနိုင်

လိမ္မော်သီး(Orange)

လိမ္မော်သီး၌ ဖိုင်ဘာမျှင်၊ သံဓာတ်၊ မီးစုန်းဓာတ်၊ ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်၊ ကြေးနီဓာတ်၊ သွပ်ဓာတ်၊ ဆလမ်နီယမ်၊ ကယ်လိုရီ၊ ကယ်လဆီယမ်ဒာတ်၊ဗီတာမင်စီ တို့ပါရှိသည်

မာလကာသီး(Guava)

မာလကာသီး တစ်လုံးတွင် ဗီတာမင်စီမှာ လိမ္မော်သီး တစ်လုံး၌ ပါရှိသည့် ဗီတာမင်စီ ပမာဏထက် ငါးဆခန့် ပိုများသည်။ မာလကာသီး၌ ဗီတာမင်စီ အပြင် အေနှင့် ဘီ၊ ကယ်လ်ဆီယမ်၊ ဖော့စပရပ်စ်၊ ပိုတက်ဆီယမ်၊ သံဓာတ်၊ ဖောလစ်အက်စစ်နှင့် အမျှင်ဓာတ်တို့ ပါဝင်သည်။ အများဆုံး ပါဝင်သော ဓာတ်များမှာ ဗီတာမင်စီ ၃၀၂ မီလီဂရမ်နှင့် ဗီတာမင် အေ ၂၅၀ မီလီဂရမ်တို့ ဖြစ်ကြသည်။ မာလကာသီးကို သီတင်း တစ်ပတ်လျှင် နှစ်လုံးခန့် စားသုံး သွားပါက သွေးတိုး ကျဆင်းစေပြီး နှလုံး ကျန်းမာရေးကို အထောက်အကူ ပြုကြောင်း အမေရိကန် သုတေသန ပညာရှင်များက ပြောကြားသည်။

***

***

***

***

***

***

***

***

***

***

Showing posts with label ဂျင်း. Show all posts
Showing posts with label ဂျင်း. Show all posts

11 Mar 2015

မီးနေမိခင် ညစ်ကြေးစင်ဖို့  ဂျင်း ထန်းလျက်ပြုတ်ရည် သောက်ကြစို့ 

မန်မာ့ဓလေ့ မြန်မာ့ဟန်အရ၊ ကလေးမီးဖွားပြီးစ အမျိုးသမီးကို “ မီးနေသည်”
လို့ ခေါ်လေ့ရှိပါတယ်။ မီးနေမိခင်များအဖို့  မီးတွင်း ကာလမှာ သွေးသား သန်
့ရှင်းစင်ကြယ်အောင် ပြုလုပ်ဖို့ အလွန်အရေးကြီးပါတယ်။ သွေးသားသန်
့စင်နေမှသာ အမျိုးသမီးများ မှာဖြစ်တတ်တဲ့ ရောဂါဘယ ကင်းဝေးစေမှာပါ။
 သို့မဟုတ်ပါက မီးယပ်ကျိုး၊ မီးယပ်နာ ပိန်ချုံး၍ချိနဲ့ ခြင်း၊ အသားအရည် မစို
ပြေဘဲ ခြောက်သွေ့ ခြင်း၊ အသားအရေပူခြင်း၊ မျက်နှာပေါ်တင်းတိပ်စွဲခြင်း၊
မျက်နှာ နှင့် လည်ပင်းတွေမှာ အနီကွက် အညိုကွက် များပေါ်လာခြင်း၊
စကားပြောလိုက်တိုင်း နှင့် အသက်ရှုထုတ်လိုက်တိုင်း အာခံတွင်းမှ အပုပ်နံ
့ထွက်ခြင်း စတဲ့ ဆိုးကျိုးများ ခံစား ရနိုင်ပါတယ်။

 ဒိအတွက် စိတ်မပူပါနှင့်။ ရိုးရှင်းလွယ်ကူပြီး မိခင်ရော ရင်သွေးငယ်လေးပါ
ကျန်းမာစေတဲ့ မြန်မာ့ဆေးစွမ်းကောင်း တစ်လက်ရှိ ပါတယ်။ ဆေးဖော်ဖို့ အတွက်
ဟင်းခတ်အမွှေးအကြိုင်ဖြစ်သော ချင်း(ဂျင်း)စိမ်း နှင့် သဘာဝ
ထန်းလျက်ခဲစစ်စစ် (အမည်းရောင် ထန်းလျက်ခဲကြီး)တို့ သာ လိုအပ်ပါတယ်။
ဦးစွာ အလေးချိန် ၅-ကျပ်သား ရှိတဲ့ ချင်း(ဂျင်း)ကို အခွံနွှာ၍
နုပ်နုပ်စင်းပါ။ ထို့ နောက် နုပ်နုပ်စင်းထားသော ဂျင်းများကို ထန်းလျက်ခဲ
၅-ကျပ်သားနှင့်အတူ ရေသင့်ရုံရောကာ ရနံ့ မွှေးဆူပွက်ပြီး အတန်ငယ်ပျစ်လာ
တဲ့အထိ မီးအေးအေးဖြင့်ကျိုပေးရမှာပါ။ ဆေးရည်ကို အအေးခံ၍ ဟင်းစား
စတီးဇွန်း ၁-ဇွန်းစီဖြင့် တစ်နေ့  ၃-ကြိမ်သောက်ပါ။

သဘာဝအတိုင်း မီးဖွားသူများသာမက၊ ဗိုက်ခွဲမွေးဖွားသူတွေရော၊
ကိုယ်ဝန်ပျက်ကျသူများပါ အညစ်အကြေးကင်းစင်ဖို့  ထိုဆေး ရည်ကို မီးထွက်သည့်
၇-ရက်တိတိ သောက်ပေးခြင်းဖြင့် တသားမွေး တသွေးလှစေတော့မှာ ဖြစ်ပါကြောင်း။

(ဆောင်းပါးရှင်…ပေါက်ပေါက်...ရေးသားမျှဝေသည်)
*promise.pauk*

15 Apr 2014

ချင်း(သို.) ဂျင်း Ginger

ချင်း(သို.)ဂျင်းGingerကို..ပိာုးလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကရှာဖွေတွေ.ရှိခဲ့ကြပြီး..
အိန္ဒိယပြည်နယ်ဖက်ကစတင်သုံးစွဲခဲ့တယ်လို.ဆိုပါတယ်...ထူးခြားတာကတော့

ပာင်းခတ်အမွှေးအကြိုင်တွေရဲ.အစပာာ..အိန္ဒိယပြည်နယ်ဖက်ကဖြစ်ပြီး..ထိုမှတဆင့်ကမ္ဘာအရပ်ရပ်ကိုပျံ.နှံ.ရောက်ရှိခဲ့တာဖြစ်ပါတယ်.....။

ချင်းသုံးစွဲမှု
မှာအာရှတိုက်ကအများဆုံးဖြစ်ပြီး..ပုံစံမျိုး.စုံနဲ.သုံးစွဲကြပါတယ်...။အသား၊ ပာင်းသီးပာင်းရွက်တွေကြော်လှော်ချက်ပြုတ်ရာမှာသုံးသလို...လက်ဖက်ရည်
မုန်.စသည်တို.မှာလည်းအသုံးပြုနေကြပါတယ်...အနောက်တိုင်းမှာတော့...
ချင်းဝိုင်၊ချင်းအရက်၊ချင်းဘီယာနဲ.မုန်.လုပ်တဲ့နေရာတွေမှာအသုံးပြုကြပေ
မယ့်အာရှတိုက်မှာလို...မရှိမဖြစ်ပာင်းခတ်အမွှေးအကြိုင်တော့မပာုတ်ပါဘူး။

ချင်းတက်လိုကျွန်တော်ခေါ်တဲ့..Ginger Roots မှာ...ကာဗွန်ပိာုက်ဒရိတ် ၁၇.၇၇ %၊ သကြား ၁.၇% ၊ အမျှင်ဓါတ် ၂% ၊ပရိုတင်း ၁.၈၂ နဲ.အဆီ ၀.၇၅%
ပါဝင်ပါတယ်...။ချင်းရဲ.အဓိကဂုဏ်သတ္တိကတော့..အစာပြည့်ဝမှုကိုမြင့်
တက်စေတာ..ရောင်ရမ်းမှုကိုလျော့နည်းစေတာပါ...ဒါကြောင့်ဂျင်းကိုပုံမှန်စားသုံးပေးပါက..ဗိုက်ပြည့်မှုကို(၂)ဆမြှင့်တက်စေတာကြောင့်...ပိုမိုစားသုံး
မှုအန္တရာယ်ကို..အလိုအလျောက်ကာကွယ်ပြီးသားဖြစ်သလို...(၁)နှစ်မှာ(၁၂)ပေါင်ထိခန္စာကိုယ်အလေးချိန်ကိုလျော့နည်းစေပါတယ်...။

ထို.အပြင်..ရောင်ရမ်းမှုကိုလျော့နည်းစေတာကြောင့်အဆစ်အမြစ်ရောင်ကဲ့
သို.သောနာကျင်မှုဝေဒနာတွေကို ၇၅% ထိသက်သာစေတဲ့အပြင်..
အစာအိမ်နဲ့အူလမ်းကြောင်းမှာဖြစ်ပွားတတ်သော..ကင်ဆာရောဂ်ကိုလည်းထိရောက်စွာ..ပာန်.တားပေးနိုင်ပါတယ်...။အမျိုးသမီးများအတွက်..
သားအိမ်ဥ မှာဖြစ်ပွား
တတ်တဲ့ကင်ဆာဆဲလ်များကိုပျက်စီးစေတတ်သလို...ဓမ္မတာလာစဉ်ကိုက်ခဲနာကျင်ခြင်း..ကိုယ်ဝန်ရှိစဉ်ပထမ(၄)လမှာခံစားရတတ်သော..မူးဝေခြင်း၊
အော့အန်ခြင်းတို.ကိုလည်း..အမြန်ဆုံးသက်သာပျောက်ကင်းစေနိုင်ပါတယ်။
အအေးမိနာစေးရင်..ချင်းပြုတ်ရည်မှာသံပုယိုသီးတစ်စိတ်လောက်ညှစ်ထည့်.
သောက်သုံးပေးရင်..အမြန်ဆုံးသက်သာပျောက်ကင်းစေတယ်လို.ဆိုပါတယ်.

ကျွန်တော်တို.မြန်မာနိုင်ငံမှာသုံးတဲ့..ချင်းထန်းလျက်ပြုတ်ရည်နဲ.ချင်းသုပ်ကို
တော့..တခြားနိုင်ငံတွေမှာသုံးတာမတွေ.ရပါဘူး....အာရှမှာတော့..
ချင်းတက်ကိုအသုံးပြုကြပြီး...ချင်းရွက်နုနုလေးတွေကို..ပာင်းရည်ထဲမှာ
ထည့်ခပ်သုံးစွဲတာကိုတော့..ဗီယက်နမ်ပာင်းပွဲတစ်ချို.မှာတွေ.မြင်လေ့လာဖူးပါတယ်...သနပ်လိုပုံစံလုပ်ထားတဲ့ချင်းနုနုကိုစိမ်ထားတဲ့အသင့်သုံး( fast food ) ကိုတော့..တရုတ်၊ ကိုးရီးယား ၊ ဂျပန်စတဲ့နိုင်ငံတွေမှာ..Sea foods ပာင်းပွဲတွေမှာအများဆုံးအသုံးပြုတာကိုတွေ.ရပြီး..ချင်းပြုတ်ရည်၊ ဖာလာစေ့ပါတဲ့လက်ဖက်ရည်ကိုတော့...အိန္ဒိယနွယ်ဝင်..ပိာန္ဒူဘာသာတွေရဲ.ရိုးရာချင်းလက်ဖက်ရည်အဖြစ်...ရိုးရာပွဲတော်များမှာ..တည်ခင်းဧည့်ခံတာကိုခုချိန်ထိတွေ.နေရပါတယ်။

ချင်င်းစိမ်းနုနုကို...အမျှင်လေးတွေလှီးဖြတ်ပြီး..သံပုရာရည်နဲ့တွဲစားတာကို
တော့တောင်အာရှနိုင်ငံတွေအတော်များများမှာတွေ.ရတတ်သလို...အရက်ထဲမှာချင်းထည့်စိမ်ပြီးဆေးဝါးအဖြစ်သုံးစွဲတာကိုတော့..ကျေးလက်ဒေသအ
တော်များများမှာတွေ.နိုင်ပါတယ်....။

ချင်းပာာ..ပာင်းခတ်အမွှေးအကြိုင်အဖြစ်..မဖြစ်မနေအရေးပါလှသလို...
ကျန်းမာရေးအထောက်အကူပြုဆေးစွမ်းတစ်လက်ဖြစ်တာကြောင့်..နေ.စဉ်စားသုံးတဲ့ပုံမှန်အစားအစာမှာ..(.မိမိနှစ်သက်သလိုစားသုံးပေးခြင်း) ချင်းပါဝင်နေဖို.သာ..အရေးကြီးလှပါတယ်....။

ချစ်ခြင်းများစွာဖြင့်.....

Admin.

26 Jan 2014

ဂျင်း စားသုံးခြင်းဖြင့် အအေးပတ်ခြင်းကို ကာကွယ်နိုင်

ဆောင်းဥတုတွင် အပြင်ထွက်လျှင် အအေးပတ်ခြင်းနှင့် ရေချိုး မှားခြင်းမှ ကာကွယ်ရန် အတွက် ချင်းကို နေ့စဉ် စားသုံး ပေးသင့်သည်။

ဂျင်းတက် အစိုကို အိမ်ရှင်မ များက မီးဖိုချောင်သုံး ဟင်းခတ် အမွှေးအကြိုင် အဖြစ် သုံးလေ့ ရှိသည်။ ဂျင်းခြောက်ကို ပရဆေး ပစ္စည်း အဖြစ် ဆေးဖော်ရာတွင် အသုံးပြုကြသည်။ အစာကြေဆေးနှင့် အခိုးပွင့်ဆေး မှန်သမျှတွင် ချင်းပါဝင်သည်။ အမျှင်များသော ဥအတက်မျိုး ဖြစ်သဖြင့် ကင်ဆာ ရောဂါကို ကာကွယ် စေနိုင်သည်ဟု ဖတ်ရှု ရသည်။ ဂျင်းကို ဟင်းခတ် အမွှေးအကြိုင် အဖြစ် သာမက အစာ ကြေစေရန် အတွက်ပါ ရည်ရွယ်ပြီး ဟင်းချက်ရာတွင် ထုထောင်းပြီး ထည့်လေ့ ရှိသည်။

အအေးပတ်သူနှင့် ရေချိုးမှား သူများ၏ ကိုယ်တွင်း ငုတ်လျိုး သွားသော အပူဓာတ်ကို ကြေသွား စေရန်နှင့် ပြန်လည် ကန်ထွက်စေရန် ပူစပ်သော အရသာရှိသည့် ဂျင်းတက်ကို ခပ်ပါးပါး လှီးဖြတ်ပြီး ဂျင်းပါးပါး ခုနှစ်လွှာ ထန်းလျက် (အမည်း) ခုနှစ်ခဲ၊ ကွမ်းရွက် သုံးရွက်တို့ ကိုဆား အနည်းငယ် ထည့်ပြီး ရေနွေး မတ်ခွက်ကြီး တစ်ခွက်နှင့် ရောကြိုပါ။ ရေနွေး သုံးပုံတစ်ပုံ ခမ်းသွားပြီးလျှင် ကြွေပန်းကန်လုံး အကြီးတွင် လောင်းထည့်ပါ။ ဂျင်းပြုတ်ရည် ပူပူမှ ထွက်သော အငွေ့ကိုလည်း ရှူရှိုက်ရင်း ကြွေဇွန်းဖြင့် ကော်နိုင်သမျှ ပူပူ မှုတ်သောက်ပါ။ မျက်နှာတွင် ချွေးများ စို့လာပြီး အအေးပတ်ခြင်း၊ နှာစေခြင်း၊ ခေါင်းအုံ ခေါင်းကိုက်ခြင်း များကို ချက်ချင်း သက်သာ စေနိုင်သည်။ အမျိုးသမီးများ၊ ဓမ္မတာ လာချိန်တွင် အအေးပတ်၍ သွေးမဆင်း နိုင်ခြင်း၊ ကိုက်ခဲခြင်း၊ ကိုယ်လက် မအီမသာ ဖြစ်ခြင်းများ အတွက်လည်း ချင်းထန်းလျက် ပြုတ်ရည်သည် ထိရောက်သော ဆေးတစ်လက် ဖြစ်သည်။

ဂျင်းတက်၏ အပူကြောင့် သွေးဆင်း မှန်ကန် စေသည်။ ထန်းလျက် အမည်းတွင် သံဓါတ် ပါသဖြင့် သွေးအားနည်းခြင်းကို ကောင်းစေနိုင်သည်။ ဂျင်းနှင့် ထန်းလျက်သည် အတွဲညီသော ဆေးဖက်ဝင် ပစ္စည်းများ ဖြစ်ပြီး မီးဖိုချောင်သုံးသဖြင့် အိမ်တိုင်းတွင် ဆောင်ထား သင့်ပေသည်။ အသက်ကြီးရင့်သူ ကိုယ်ခံအား မကောင်းသူများသည် အေးသော ရာသီဥတုတွင် ဂျင်းသုတ်ကို နေ့စဉ် စားသုံး သင့်သည်။ ဂျင်းသုတ်တွင် ကြက်သွန်ဖြူကြော်နှင့် နှမ်းလှော်။ နှမ်းဆီတို့ကိုပါ တွဲဖက်စားသုံး ရသောကြောင့် အစာကြေပြီး လေသက်စေသော ဓာတ်စာ ဖြစ်သည်။
 ရှေးတိုင်းရင်း မြန်မာ ဆရာကြီးများက အေးသော ဥတုတွင် အစာကြေပြီး အခိုး ပွင့်စေသည့် (၁)ဂျင်း၊ (၂)ပိတ်ဂျင်း၊ (၃)ငရုတ်ကောင်း ဟူသော အစပ်သုံးပါး စားမည် ဖြစ်သည်။ ထိုသုံးမျိုးမှ ချင်းသည် မီးဖိုချောင်သုံး ဆေးဝါး ဓါတ်စာအဖြစ် အလွယ်တကူ ရနိုင်သည်။ 
အအေး ပတ်ခြင်းကြောင့် သွေးတိုးခြင်းနှင့် နောက်ဆက်တွဲ ဦးနှောက် သွေးကြော ပေါက်ခြင်း၊ လေဖြတ်ခြင်း တို့ကိုပါ ကာကွယ် နိုင်ကြောင်း သတင်းကောင်း ပါးလိုက်ပါသည်။

17 Nov 2013

ဂျင်း၏ ကျန်းမာရေး အကျိုးကျေးဇူးများ

ဟင်းချက်ရာတွင် အသုံးပြုလေ့ ရှိသော ဂျင်းသည် ဟင်းချက်ရာတွင် သာမက အခြားသော နေရာများတွင်လည်း ဆေးဖက်ဝင်ပုံများကို ရေးသား လိုက်ရပါတယ်။ (၁) သားအိမ် ကင်ဆာကို ကာကွယ်နိုင်ပါသည်။
(၂) အူမကြီး ကင်ဆာကို ကာကွယ်နိုင်ပါသည်။
(၃) ကိုယ်ဝန်ဆောင် မိခင်တွေ အတွက်လည်း ကောင်းမွန်ပါသည်။
(၄) ကိုယ်လက် ကိုက်ခဲမှုကိုလည်း ကောင်းမွန်းစေပါသည်။
(၅) ရင်ပှုခြင်းကိုလည်း သက်သာစေပါသည်။
(၆) ဆီချိုရောဂါ အတွက်လည်း အထူးပင် ကောင်းမွန်ပါသည်။
(၇) ခေါင်းကိုက်ခြင်းကိုလည်း သက်သာစေနိုင်ပါသည်။
(၈) အမျိုးသမီးများ ဗိုက်အောင့်ခြင်းကိုလည်း သက်သာစေနိုင်ပါသည်။
(၉) တုပ်ကွေးရောဂါ များကိုလည်း ကာကွယ်ပေးနိုင်ပါသည်။
(၁၀) မျိုးအောင်နှုန်းကို ကောင်းစေပါသည်။
ကျော်လင်းနိုင် (ရိုးရာလေး)

17 Oct 2013

ဂျင်း (Ginger) အသုံးဝင်ပုံ

ဥအတက်ကိုသာ များသော အားဖြင့် အစား အသောက်တွင် လည်းကောင်း၊ ဆေ...းဝါးများ အဖြစ် သော်လည်းကောင်း အသုံးပြု တက်ပါသည်။
၎င်းဂျင်း အတက်များကို မြန်မာပြည် အပါအ၀င် နိုင်ငံ တော်တော် များများတွင် ဟင်းလျာ များ၌ လည်းကောင်း၊ စားစရာ အဖြစ် လည်းကောင်း၊ ငရုတ်သီး အစားထိုး ပစ္စည်း အဖြစ် လည်းကောင်း အသုံးပြု ကြသည်။

အသံဝင်ခြင်း၊ အသံပျက်ခြင်း၊ လည်ချောင်း နာခြင်း များအတွက် ဂျင်းပါးပါး ၇ လ...ွှာအား ထန်းလျက် ၃ လုံးထည့်၍ ရေသုံးခွက် တစ်ခွက်တင် ကျိုပြီး သောက်ခြင်းဖြင့် ရောဂါ ပျောက်ကင်း စေနိုင်ပါသည်။ 

ရာသီ အပြောင်းအလဲကြောင့် ဖြစ်ပေါ်တက်သော တုပ်ကွေး ဖျားခြင်း၊ ချမ်းစိမ့်စိမ့် ဖျားခြင်း၊ လည်ချောင်း နာခြင်း၊ ချောင်းဆိုးခြင်း စသော ရောဂါများတွင်လည်း ဂျင်းနှင့် ထန်းလျက်ကို အထက်ပါ အတိုင်း နံနက်တစ်ကြိမ်၊ ည တစ်ကြိမ် သောက်သုံးခြင်း၊ ဟင်းလျာ များတွင် ယခင်ကထက် အနည်းငယ် ပိုထည့်၍ ချက်ပြုတ် စားသောက်ခြင်းဖြင့် ရောဂါ ပျောက်ကင်း စေပါသည်။

 အနောက်တိုင်း သုတေသီ တချို့မှ ဂျင်းကို စားသုံးခြင်းဖြင့် virus များကြောင့် ဖြစ်သည့် အချို့ရောဂါ တော်တော် များများ ပျောက်ကင်းနိုင်ကြောင်း တွေ့ရှိထားပါသည်။
ဂျင်း၊ ဖန်ခါးသီးနှင့် ထောပတ်ကို ရောချက်၍ သက်ရှည် တေဆေး အဖြစ်လည်း အသုံးပြု နိုင်ကြပါသည်။ 

သွားကိုက် ရောဂါတွင် ဂျင်းကို ပါးပါးလှီး၍ အုံပေးခြင်းဖြင့် သွားကိုက် ရောဂါ ပျောက်ကင်း စေပါသည်။ 

နားကိုက် ရောဂါတွင် ဂျင်းစိမ်း သတ္တုရည် နွေးနွေးအား နားတွင် ခတ်ပေးခြင်းဖြင့် နားကိုက်ရောဂါ ပျောက်စေပါသည်။

ဇက်ကြော တက်သူများ အတွက် ဂျင်းပါးပါး လှီးပြီး မီး အနည်းငယ် ပြပါ။
 ပြီးလျှင် ဇက်ကြောတက်သည့် နေရာ၌ ကပ်ပေးခြင်းဖြင့် သက်သာ ပျောက်ကင်း စေပါသည်။ သွေးကြောပိတ်၍ ဖြစ်ပေါ်တက်သော အချို့ခြေထိပ်နာများ၊ ခြေဖျား အေးခြင်းများကို ဂျင်းစိမ်း ၂ ကျပ်ခွဲသားအား သေးသေးလှီးပြီး အရက် တစ်ပုလင်းတွင် စိမ်ပါ။ နံနက် တစ်ဇွန်း ည တစ်ဇွန်း တိုက်ပေးပါ။

 အနာ ပေါ်သို့လည်း လောင်းထည့်ပေးပါ။ ဤသို့ဖြင့် သွေးကြော ကျဉ်းခြင်းများ၊ ပိတ်ခြင်းများ ဖွင့်ခါ သက်သာ ပျောက်ကင်း စေနိုင်ပါသည်။

 အမျိုးသမီးများ မီးဖွားပြီး သားအိမ် မကျက်ဘဲ ဖျားနာခြင်း များအတွက် ထန်းလျက် ၂ ကျပ်သား၊ ဂျင်း ၁ ကျပ်သားအား ရေ တစ်ပိဿာတွင် တစ်ဝက်ခန့် ဖြစ်အောင် ကျိုပါ။

 ပြီးလျှင် တစ်ခါသောက် ၂ အောင်စ သောက်ခြင်းဖြင့် ၎င်းရောဂါကို ပျောက်ကင်းစေ ပါသည်။
Credit To
Mg Mandalay

21 Nov 2012

အစွမ်းထက်တဲ့ ချင်း(ဂျင်း) တက်


ဂျင်းသည် ဆီးချိုရောဂါကို ကာကွယ်

ဂျင်း (ချင်း) သည် ဆီးချိုရောဂါကို ကာကွယ်နိုင်ကြောင်း ဆေးပညာရှင်များ က လေ့လာ တွေ့ရှိထားသည်။

နာတာရှည် ဆီးချိုရောဂါဖြစ်နေသူများလည်း ဂျင်းစိမ်းပြုတ်ရည် ပုံမှန် သောက်သုံးပါက ရောဂါပျောက်ကင်းကြောင်း စမ်းသပ်အောင်မြင် ထားသည်။ 

ဂျင်းသည် ခန္ဓာကိုယ်တွင်း သကြားဓာတ်၊ ဂလူးကို့စ် ဓာတ်ကို ထိန်းချုပ်ပေးပြီး အလိုအပိုမရှိအောင် စီမံခန့်ခွဲပေးသည်။

ထို့ကြောင့် ဂျင်းသည် ဆီးချိုရောဂါကာကွယ်ရန် အကောင်းဆုံး ဆေးဝါးများ ထဲမှ တစ်ခုအပါအဝင်ဖြစ်ကြောင်း သိရသည်။
---
Via:medicfacts



ဂျင်း (Ginger) အသုံးဝင်ပုံ




(ပေါ့ပေါ့ပါးနဲ့  အလွန်အသုံးတဲ့သည် မီးဖိုချောင်းသုံးလေးပါ အားလုံးလည်း သိပြီးသားတွေပါ ဗဟုသုတဆိုသည့်မှာ ပိုတယ်ဆိုတာ မရှိဘူး ထင်လို့ ပါ ဗျာ ...Mg Mandalay )

ဥအတက်ကိုသာ များသော အားဖြင့် အစား အသောက်တွင် လည်းကောင်း၊ ဆေးဝါးများ အဖြစ် သော်လည်းကောင်း အသုံးပြု တက်ပါသည်။
၎င်းဂျင်း အတက်များကို မြန်မာပြည် အပါအ၀င် နိုင်ငံ တော်တော် များများတွင် ဟင်းလျာ များ၌ လည်းကောင်း၊ စားစရာ အဖြစ် လည်းကောင်း၊ ငရုတ်သီး အစားထိုး ပစ္စည်း အဖြစ် လည်းကောင်း အသုံးပြု ကြသည်။


 အသံဝင်ခြင်း၊ အသံပျက်ခြင်း၊ လည်ချောင်း နာခြင်း များအတွက် ဂျင်းပါးပါး ၇ လွှာအား ထန်းလျက် ၃ လုံးထည့်၍ ရေသုံးခွက် တစ်ခွက်တင် ကျိုပြီး သောက်ခြင်းဖြင့် ရောဂါ ပျောက်ကင်း စေနိုင်ပါသည်။ ရာသီ အပြောင်းအလဲကြောင့် ဖြစ်ပေါ်တက်သော တုပ်ကွေး ဖျားခြင်း၊ ချမ်းစိမ့်စိမ့် ဖျားခြင်း၊ လည်ချောင်း နာခြင်း၊ ချောင်းဆိုးခြင်း စသော ရောဂါများတွင်လည်း ဂျင်းနှင့် ထန်းလျက်ကို အထက်ပါ အတိုင်း နံနက်တစ်ကြိမ်၊ ည တစ်ကြိမ် သောက်သုံးခြင်း၊ ဟင်းလျာ များတွင် ယခင်ကထက် အနည်းငယ် ပိုထည့်၍ ချက်ပြုတ် စားသောက်ခြင်းဖြင့် ရောဂါ ပျောက်ကင်း စေပါသည်။ 

အနောက်တိုင်း သုတေသီ တချို့မှ ဂျင်းကို စားသုံးခြင်းဖြင့် virus များကြောင့် ဖြစ်သည့် အချို့ရောဂါ တော်တော် များများ ပျောက်ကင်းနိုင်ကြောင်း တွေ့ရှိထားပါသည်။

ဂျင်း၊ ဖန်ခါးသီးနှင့် ထောပတ်ကို ရောချက်၍ သက်ရှည် တေဆေး အဖြစ်လည်း အသုံးပြု နိုင်ကြပါသည်။

သွားကိုက် ရောဂါတွင် ဂျင်းကို ပါးပါးလှီး၍ အုံပေးခြင်းဖြင့် သွားကိုက် ရောဂါ ပျောက်ကင်း စေပါသည်။

နားကိုက် ရောဂါတွင် ဂျင်းစိမ်း သတ္တုရည် နွေးနွေးအား နားတွင် ခတ်ပေးခြင်းဖြင့် နားကိုက်ရောဂါ ပျောက်စေပါသည်။ ဇက်ကြော တက်သူများ အတွက် ဂျင်းပါးပါး လှီးပြီး မီး အနည်းငယ် ပြပါ။

ပြီးလျှင် ဇက်ကြောတက်သည့် နေရာ၌ ကပ်ပေးခြင်းဖြင့် သက်သာ ပျောက်ကင်း စေပါသည်။ သွေးကြောပိတ်၍ ဖြစ်ပေါ်တက်သော အချို့ခြေထိပ်နာများ၊ ခြေဖျား အေးခြင်းများကို ဂျင်းစိမ်း ၂ ကျပ်ခွဲသားအား သေးသေးလှီးပြီး အရက် တစ်ပုလင်းတွင် စိမ်ပါ။

 နံနက် တစ်ဇွန်း ည တစ်ဇွန်း တိုက်ပေးပါ။ အနာ ပေါ်သို့လည်း လောင်းထည့်ပေးပါ။

 ဤသို့ဖြင့် သွေးကြော ကျဉ်းခြင်းများ၊ ပိတ်ခြင်းများ ဖွင့်ခါ သက်သာ ပျောက်ကင်း စေနိုင်ပါသည်။

အမျိုးသမီးများ မီးဖွားပြီး သားအိမ် မကျက်ဘဲ ဖျားနာခြင်း များအတွက် ထန်းလျက် ၂ ကျပ်သား၊ ဂျင်း ၁ ကျပ်သားအား ရေ တစ်ပိဿာတွင် တစ်ဝက်ခန့် ဖြစ်အောင် ကျိုပါ။

 ပြီးလျှင် တစ်ခါသောက် ၂ အောင်စ သောက်ခြင်းဖြင့် ၎င်းရောဂါကို ပျောက်ကင်းစေ ပါသည်။

Twitter Delicious Facebook Digg Stumbleupon Favorites More