Pages - Menu

ဆန်လုံးညို(Brown Rice)

ဆန်ဖြူကို ကြိတ်ခွဲလိုက်တာကြောင့် ဗီတာမင် B3 ၆၇ ရာခိုင်နှုန်း၊ ဗီတာမင် B1 ၈၀ ရာခိုင်နှုန်း၊ ဗီတာမင် B6 ၉၀ ရာခိုင်နှုန်း၊ မဂ္ဂနီဆီယမ်တစ်ဝက်၊ ဖော့စ်ဖရပ်စ် တစ်ဝက်၊ သံဓာတ် ၆၀ ရာခိုင်နှုန်းနဲ့ အမျှင်ဓာတ်အားလုံး ဆုံးရှုံးသွားခဲ့ ပါတယ်။

သံလွင်ဆီ(Olive Oil)

သံလွင်ဆီမှာ ဗီတာမင် အေ၊ ဗီတာမင် ဘီဝမ်း၊ ဘီတူး၊ ဗီတာမင်စီ၊ ဒီ၊ အီးနဲ့ ကေစတဲ့ ဗီတာမင်ဓာတ်တွေ ပါဝင်ပြီး သံဓာတ်နဲ့ အိုမီဂါ ၉ လည်း ပါဝင်ပါတယ်။

ပြောင်းဖူး(Corn)

ပြောင်းဖူးမှာ ဗီတာမင်B1 ဗီတာမင်B5 ဗီတာမင်C ဗီတာမင်B9လို့ခေါ်ဖောလိတ် .....ပြောင်းဖူး၏ ကျန်းမာရေး အာနိသင် မှာဆက်ဖတ်ပါ....

ထောပတ်သီး(Avacado)

အာဟာရများကိုဖြည့်တင်းပေးနိုင်ရုံ သာမက သဘာဝမှရသောသကြား ဓာတ်ကိုထောက်ပံ့ပေးခြင်း၊ကိုယ် အလေးချိန်ကျဆင်းစေခြင်း၊အကျိုး ပြုကိုလက်စတီရောကိုတက်စေပြီး ဆိုးကျိုးပေးသောကိုလက်စတီရော ကိုကျဆင်းစေခြင်း စသည့်အချက်များ ကိုရရှိစေနိုင်သည်ဟု သိရသည်။ယခု လေ့လာမှုတွင် ဖော်ပြထားချက်အရ လေဖြတ်ခြင်းကိုပါ ထောပတ်သီးက ကာကွယ်ပေးနိုင်

လိမ္မော်သီး(Orange)

လိမ္မော်သီး၌ ဖိုင်ဘာမျှင်၊ သံဓာတ်၊ မီးစုန်းဓာတ်၊ ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်၊ ကြေးနီဓာတ်၊ သွပ်ဓာတ်၊ ဆလမ်နီယမ်၊ ကယ်လိုရီ၊ ကယ်လဆီယမ်ဒာတ်၊ဗီတာမင်စီ တို့ပါရှိသည်

မာလကာသီး(Guava)

မာလကာသီး တစ်လုံးတွင် ဗီတာမင်စီမှာ လိမ္မော်သီး တစ်လုံး၌ ပါရှိသည့် ဗီတာမင်စီ ပမာဏထက် ငါးဆခန့် ပိုများသည်။ မာလကာသီး၌ ဗီတာမင်စီ အပြင် အေနှင့် ဘီ၊ ကယ်လ်ဆီယမ်၊ ဖော့စပရပ်စ်၊ ပိုတက်ဆီယမ်၊ သံဓာတ်၊ ဖောလစ်အက်စစ်နှင့် အမျှင်ဓာတ်တို့ ပါဝင်သည်။ အများဆုံး ပါဝင်သော ဓာတ်များမှာ ဗီတာမင်စီ ၃၀၂ မီလီဂရမ်နှင့် ဗီတာမင် အေ ၂၅၀ မီလီဂရမ်တို့ ဖြစ်ကြသည်။ မာလကာသီးကို သီတင်း တစ်ပတ်လျှင် နှစ်လုံးခန့် စားသုံး သွားပါက သွေးတိုး ကျဆင်းစေပြီး နှလုံး ကျန်းမာရေးကို အထောက်အကူ ပြုကြောင်း အမေရိကန် သုတေသန ပညာရှင်များက ပြောကြားသည်။

***

***

***

***

***

***

***

***

***

***

Showing posts with label ဆား/ သကြား/ကျောက်ချဉ်/. Show all posts
Showing posts with label ဆား/ သကြား/ကျောက်ချဉ်/. Show all posts

18 Aug 2014

လူသိနည်းတဲ့ သကြားရဲ့ဆိုးကျိုး ၁၀ မျိုး

မြန်မာနှလုံးဖောင်ဒေးရှင်း ဒီတစ်ပါတ် ကျန်းမာရေးသတင်းတွေထဲမှာ သကြားဟာ အဆီထက်ကို အန္တရာယ်များတဲ့အကြောင်းတွေ တော်တော်လေးပါပါတယ်။ အဲဒါကြောင့် သကြားလွန်လွန်ကဲကဲ စားသုံးခြင်းရဲ့  ဆိုးကျိုးအကြောင်း ၁၀ မျိုးကို တင်ပြလိုက်ပါတယ်။ 
 (၁)သကြားက နှလုံးကို ဒုက္ခပေးတတ်တယ်။
American Heart Association ရဲ့  အဆိုအရ သကြားလွန်ကဲစွာစားသုံးခြင်းကြာင့် နှလုံးညှစ်ခြင်းကို ထိခိုက်နိုင်ပြီး နှလုံးညှစ်အားနည်းရောဂါ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

(၂)သကြားက အဓိကအားဖြင့် ဗိုက်ကို ရွှဲစေပါတယ်။
တကမ္ဘာလုံးမှာ အ၀လွန်တဲ့သူတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ အတွင်း အဆတော်တော်များများ တိုးလာပါတယ်။ ၂၀၁၀ ခုနှစ်က ပြုလုပ်ခဲ့တဲ့ ဆေးသုသေနတစ်ခုအရ ကလေးတွေမှာ သကြားစားသုံးမှုများတဲ့အတွက်ကြောင့် ကိုယ်ခန္တာထဲက ကလီစာတွေ အဆီများလာပြီး ဗိုက်ရွှဲစေတယ်၊ နောက်တော့ နှလုံးရောဂါနဲ့ ဆီးချိုရောဂါတွေလည်း ဖြစ်စေပါတယ်။

(၃)သကြားက တကယ့်ကို အသံတိတ်လူသတ်သမားပါ။
ဆားနဲ့ သွေးတိုးရောဂါတွေနဲ့အပြိုင် သကြားက လူတွေကိုသတ်ပါတယ်။ ၂၀၀၈ ခုနှစ်က လုပ်ခဲ့တဲ့ ဆေးသုသေသနတစ်ခုအရ leptin resistance လို့ခေါ်တဲ့ ရောဂါကိုရစေပါတယ်။ လူ့ကိုယ်ခန္တာမှာ အစားစားတဲ့အခါ Leptin ဓာတ်က အာသာပြေတဲ့စိတ်ကို ဖြစ်စေပါတယ်။ leptin resistance ရတဲ့အခါ စားပြီးရင်းစားချင်ရင်းမို့ အ၀လွန်စေပါတယ်။ ၀လွန်းတဲ့အခါ ဘာမှမသိပဲ ရောဂါတွေကိုရလာပြီး လူကို သေစေပါတယ်။

(၄)သကြားကြောင့် ကင်ဆာပိုဖြစ်စေပြီး၊ ကင်ဆာကြောင့်သေနှုန်းကိုလည်း များစေပါတယ်။
အူထဲမှာ သကြားဓာတ်တွေများရင် β-catenin ဆိုတဲ့ဓာတ်တစ်မျိုးထွက်လာပြီး ကင်ဆာဖြစ်ပွားမှုကို အားပေးပါတယ်။ ရင်သားကင်ဆာနဲ့ အူမကြီးကင်ဆာလိုရောဂါတွေမှာ သကြားစားတာ များတဲ့လူတာတွေရဲ့  သေနှုန်းက ပိုပြီးများပါတယ်။

(၅) သကြားကြိုက်တာ မျိုးရိုးလိုက်တတ်ပါတယ်။
Ghrelin ဓာတ်များတဲ့ သူတွေဟာ သကြားနဲ့ အရက်ကိုပိုစွဲတတ်ပါတယ်။ Ghrelin ဓာတ်က ကိုယ်ခန္တာကို ဆာလောင်စေပါတယ်။

(၆)သကြားနဲ့ အရက်ဟာ အသည်းကို ဒုက္ခပေးတာ အတူတူပါပဲ။
အရမ်းမ၀တဲ့ လူတွေမှာတောင် သကြားက အရက်နဲ့အလားတူ အသည်းကို ပျက်စီးစေပါတယ်။ သကြားနဲ့ အရက်ကို ကိုယ်ခန္တာက ချေဖျက်ရတဲ့ နည်းလမ်းတွေက အတူတူပါပဲ။ (

(၇)သကြားက ဦးဏှောက်ကို ဒုက္ခပေးပါတယ်။
လွန်ကဲတဲ့သကြားဓာတ်က ကိုယ်ခန္တာက ဆဲလ်တွေကို အိုမင်းစေပါတယ်။ သကြားအရမ်းစားတဲ့ လူတွေမှာ သတိမေ့ခြင်း၊ ဦးဏှောက်အားလျော့ခြင်းတွေ ပိုပြီးဖြစ်တတ်ပါတယ်။

(၈)သကြားဓာတ်က နေ့စဉ် စားသုံးစရာတွေထဲမှာ ပြည့်နေခြင်း
သွားရည်စာတွေ အချိုရည်တွေထဲမှာ သကြားတွေ အများကြီးပါပါတယ်။ ဥပမာ-Coke တစ်ဘူးမှာ သကြား ၁၀ ဇွန်းလောက်ပါဝင်ပါတယ်။

(၉)သကြားလွန်ကဲစွာစားသုံးမှုကြောင့် အသက်တိုနိုင်ပါတယ်။
၂၀၁၃ စစ်တမ်းတစ်ခုအရ ကမ္ဘာတ၀န်းမှာ တစ်နှစ်ကို ၁၈၀၀၀၀ လောက် သကြားစားသုံးမှု လွန်ကဲလို့ သေကြေကြရပါတယ်။ ဆီးချို၊ နှလုံးနဲ့ ကင်ဆာရောဂါတွေကြောင့် သေကြရတာ ဖြစ်ပါတယ်။

(၁၀) သကြားကြောင့် အ၀လွန်စေပါတယ်။
ဒီအချက်က လူတိုင်း သိကြပါတယ်။သကြားစားပြီးရင် ဗိုက်ပြည့်တယ်မရှိပါဘူး။ အဲဒါကြောင့် အချိုတွေ စားပြီးရင် အစားကို ထပ်ပြီး စားစေချင်စိတ် ဖြစ်စေပါတယ်။

Credit : မြန်မာနှလုံးဖောင်ဒေးရှင်း

23 Jul 2014

“ဆား” ပွင့်လေးရဲ့ အသုံးဝင်ပုံ

“ဆား” ဟု ကြားလိုက်သည်နှင့်တပြိုင်နက်တည်း အဖြူရောင်ခပ်ကြမ်းကြမ်းအ မှုန် ့ေ လးေ တြကို မျက်လုံးထဲမြင်ယောင်လာကာ “ငန်လိုက်တာ" လို့ သဘောပေါက်လေ့ ရြှိ ကပါတယ်။ ဆားကို ဓာတုဗေဒနည်းဖြင့် ခွဲခြမ်းစိပ်ဖြာကြည့်ပါက၊ ကလိုရိုက်အိုင်းယွန်း နဲ့ ဆိုဒီယမ်အိုင်းယွန်းတို့ ပေါင်းစပ်ထားသော ဆိုဒီယမ်ကလိုရိုက်သတ္တုဓာတ်ပေါင်းဖြစ် ပါတယ်။ ဆား ကို အကြမ်းပြင်းအားဖြင့် (၁) ဆားကြမ်း (၂) စားပွဲတင်ဆား နှင့် (၃) အိုင်အိုဒင်းဆား ဟူ၍ ၃မျိုး ခွဲခြားထားပါတယ်။ ပင်လယ်ရေကရရှိပြီး သဘာဝအတိုင်း မပြုပြင်ရသေးတဲ့ ခပ်ကြမ်းကြမ်းရှတတရှိသော ဆားခဲကြီးကို ဆားကြမ်းလို့ ခေါ်ပါ တယ်။ အဲဒီဆားကြမ်းခဲကြီးများကို အရောင် ချွတ်ဆေးသုံးပြီး ဖြူဖွေးသန့် စင်စေ ကာ ၊ နူးညံ့မှုန့်ညက်နေအောင် စက်ဖြင့်ကြိတ်ထားကိုတော့ စားပွဲတင်ဆား လို့ ခေါ်ပါ တ ယ်။ ဆားငန်ရည် (သို့ ) ဆားကြမ်းကို အိုင်အိုဒင်းဓာတ်ဖြည့်စွက်ကာ၊ အဖြူရောင်/ ပန်းရောင် /မီးခိုးရောင်ဖျော့ဖျော့ ဆားပုံဆောင်ခဲ လေးတွေအဖြစ် ပြုပြင်ထားတာကို အိုင်အိုဒင်းဆားလို့ ခေါ်ပြီး၊ သူကတော့ စားပွဲတင်ဆား လောက်မနူးညံ့ပါဘူး။

သမိုင်းရာဇ၀င်များအရ၊ ကမ္ဘာပေါ်တွင် ဆား ပထမဦးစွာ ထွက်ရှိသောဒေသမှာ ရိုေ မးနီးယားနိုင်ငံ Lunca ဒေသဖြစ်ပြီး၊ လွန်ခဲ့ သော ၆၀၅၀-ဘီစီကတည်းကလို့  ဆိုပါ တယ်။ အဲဒီကာလများမှာ ဆားဟာ တန်ဘိုးကြီးရတနာဖြစ်လို့  ဆား (၁)အောင်စ ဟာ ရွှေစင် (၁)အောင်စ နဲ့ တန်ဘိုးတူပါတယ်တဲ့။ ရှေးယခင် အိန္ဒိယ နှင့် ကိုရီး ယား နိုင်ငံ များတွင် ဆားဟာ လွန်စွာအဖိုးထိုက်တန် ရှားပါးလို့  ဆားကြောင့် စစ်ပွဲ မျာြး ဖစ်ခဲ့ကြပါသတဲ့။ ကမ္ဘာ့နိုင်ငံအသီးသီးမှာ ရှေးယခင်ကာလကတည်းစလို့ ဆားကို ရိုးရာဘာသာ ရေး ထုံးတမ်းအစဉ်အလာများအရ တွင်ကျယ်စွာသုံးစွဲလာခဲ့ကြတာ ယေ န့ ထက်တိုင်အောင်ပါဘဲ။ အီဂျစ်မာမီးရုပ် အလောင်းများ မပုပ်သိုးအောင်ဆေးရည် စိမ်စီမံရာမှာ ဆားကို အသုံးပြုကြပါတယ်။ ဂျာမနီနိုင်ငံတွင် ကြင်စဦးဇနီးမောင်နှံတို့ အ တွက် မကောင်း သောဂြိုလ်ဆိုးများ ပပျောက်ရန် အိမ်ခန်းထောင့်များကို ဆားပုံထာြး ကရပါတယ်။ ဂျူးရိုးရာ Shabbat ဘာသာရေးအခမ်းအနား များမှာ ဆားနဲ့ ပေါင်မုန့်ြ ဖင့် ဧည့်သည်တော်များကို ဧည့်ခံလေ့ရှိကြပါတယ်။ ကက်သလစ်ဘုရားကျောင်း များ မှာလဲ မကောင်း သောအညံ့ဆိုးတွေ ပြေပျောက်ဖို့  ဆားလက်တစ်ဆုပ် စာပမာဏဖြင့် ပုခုံးရဲ့ ရှေ့ ဘက်ကနေ အနောက်ဘက်သို့ ပက်ပေးရ ပါတယ်။ ဂျပန်နိုင်ငံရှိ ဆူမိုန ဘ မ်းပွဲများမှာလည်း၊ ပြိုင်ပွဲဝင်များဟာ မကောင်းသော ကံများပျောက်ပြီးအနိုင်ရစေ ဘို့  ရည်ရွယ်ကာ ပွဲမစခင်ကြိုးဝိုင်းထဲမှာ ဆားကိုစက်ဝိုင်းပုံသဏ္ဌာန် ဖျန်းပက်ကြပါတယ်။ အာ ရှတိုက်နိုင်ငံအသီးသီးမှာလဲ ထိုနည်း၎င်းပါဘဲ။ အထူး သဖြင့် ကိုရီးယားနိုင်ငံမှာ မကောင်းဆိုးဝါးများကို မောင်းထုတ်သည့်အနေဖြင့် အမှောင့်ပယောဂ ပူးနေသည့် သူကို ဆားဖြင့် ဖျန်းပက်လေ့ရှိပါတယ်။

ကျွန်မတို့ မြန်မာနိုင်ငံမှာလဲ၊ မြတ်စွာဘုရားရှင်လက်ထက်တော်ကာလကတည်းက ဆွမ်းပဒေသာပင် လှူဘွယ်ပစ္စည်းတို့ တွင် ဆားလည်း တစ်မျိုးအပါအ၀င်ဖြစ် ပါ တ ယ်။ မြန်မာလူမျိုးများ ရှေးရိုးစွဲအယူအဆအရ၊ အိမ်သစ်တက် သောနေ့ တွင် အိမ် အ ၀န်းအ၀ိုင်း တွင်း/ပြင် သို့ ဆားပက်ဖျန်းလေ့ရှိကြတာ ယနေ့ ထက်တိုင်အောင်ပါ။

ကမ္ဘာ့နိုင်ငံအသီးသီးမှာ ဆား ကို ဟင်းခတ်ပေါင်ဒါမှုန့် အဖြစ် မဖြစ်မနေ သုံးစွဲလျှက်ြ ကသလို၊ မြန်မာပြည်မှာလဲ ကမ္ဘာ့နှင့်ရင် ဘောင်တန်းကာ ဆား စားသုံးမှုလက် မနှေး ကြပါဘူး။ ဆားကိုမည်မျှ စွဲလန်းသလဲဆိုရင် “အချစ်မပါ တဲ့ အိမ်ထောင်ရေးဟာ၊ ဆား မပါတဲ့ဟင်းလိုဘဲ” ဟု ဆား၏အရေးပါပုံကို တင်စားကြရပါတယ်။ ကျွန်မတို့ နေ့ တဓူဝ စားေ သာက် နေကြသော အကြော်/ အလှော်/အချက်/အပြုတ်/အသုပ်/အကင်/အဖုတ်/ဟင်းချို/ဟင်းခါး/ချဉ်ရည်တို့ တွင် အငံဓာတ်ရှိသော ဆားပါမှ ဟင်းရဲ့ အချို ဓာတ် ဟာလဲ ပို၍လေးပင်လာမှာပါ။ မြန်မာ့ရိုးရာ မုန့် ပဲသွားရည်စာများမှာလဲ ဆား နဲ့ မလွ တ်ကင်းကြသလို၊ ယုတ်ဆွအဆုံး သစ်သီးဖျော်ရည် တို့ တွင် ဆားမှုန်နဲနဲထဲ့ပါမှ လေေ ကျစေပါတယ်။ “မြန်မာ့ငပိ၊ ကမ္ဘာကသိ” ဆိုရိုးစကားအတိုင်း ကမ္ဘာကျော် ငပိကလဲ၊ ငါးကိုရေဆေး၊ ဗိုက်ခွဲကာအူတွေထုတ်ပြီး၊ ဆားနဲ့  အပုပ်ခံလုပ် ထားတာပါဘဲ။

ဆား ကို နေရာဒေသမရွေးဈေးပေါပေါနှင့် အလွယ်တကူဝယ်ယူရရှိနိုင်လို့  သူ့ ရဲ့ေ ကာင်းကျိုးပြုပုံတွေကို သတိမထားမိကြ ပေ မယ့်၊ သင့်တင့်လျောက်ပတ်စွာ အကျိုးရှိ ရှိသုံးတတ်ရင်တော့ အလွန်ဆေးဘက်ဝင်ပါတယ်။ ဒါကြောင့် မြန်မာ့ရိုးရာတိုင်း ရင်းေ ဆးဝါးများဖော်စပ်ရာမှာ၊ အသုံးပြုလေ့ရှိပါတယ်။ ဆေးသိပ္ပံပညာရှင်များရဲ့  သုတေသ နပြုချက်များအရ၊ သဘာဝပင်လယ်ရေမှ ချက်လုပ်သောဆားဟာ စားပွဲတင်ဆားထက် ပိုမိုဆေးဘက်ဝင်တယ်လို့  ဆိုပါတယ်။ crystal salt (ခေါ်) အိုင်အိုးဒင်းဆား ကတော့ အိုင်အိုဒင်းဓာတ်ချို့ တဲ့သူများ အတွက်အထူးသင့်တော်ပါတယ်။ ကျွန်မတို့ ခန္ဓာကိုယ် မှာ ရေဓာတ်နဲ့  အငန်ဓာတ်မရှိရင် အသက်မရှင်နိုင်ပါဘူး။ ဥပမာ သွေး၊ ချွေး၊ မျက် ရည်တွေဟာ အငန်ဓာတ်ရှိနေလို့ ၊ လူတစ်ဦးအနေဖြင့် တစ်နေ့တာ လိုအပ်တဲ့ ဆားပ မာဏဟာ အသက်အရွယ်အလိုက် ၁၅၀ဝ မီလီဂရမ်မှ ၂၃၀ဝ မီလီဂရမ်မျှလိုအပ် ပါတယ်။ ကဲ….ဆားပွင့်လေး မှ ဘယ်လို ကျန်းမာရေး အကျိုးကျေးဇူးတွေ ရရှိနိုင်မလဲ ? အောက်ပါအတိုင်းလေ့လာကြည့်လိုက်ကြရအောင်။

(၁) ဆားဟာ အပူဓာတ်အနေနဲ့ လူတွေကိုကောင်းကျိုးပြုနိုင်လို့ ၊ ဥပမာ မိုးမိ၍ခိုက် ခိုက်တုန်ချမ်း နေသူများကို ဆားဖျော်ရည် တိုက်ခြင်းဖြင့် ချက်ချင်းဆိုသလို ခန္ဓာကိုယ် အနွေးဓာတ်ရရှိလာစေပါတယ်။
(၂)ဆားဟာ ကိုယ်ခံစွမ်းအားကို ကောင်းမွန်စေလို့ ၊ အအေးမိ၊ နှာစေး၊ ချောင်းဆိုး စတဲ့ ရာသီ ဖျားများကို အလွယ်တကူ မကူးစက်စေနိုင်ပါဘူး။
(၃) ခေါင်းလျှော်တဲ့အခါ ရေထဲမှာ ဆားနည်းနည်း ထည့်လျှော်ပေးပါက၊ ဆံပင်ကျွတ် တာကို ကာကွယ်နိုင်သလို၊ ဗောက်များ လဲ သေစေပါတယ်။
(၄) ခန္ဓာကိုယ်ထဲမှာ ဆားဓါတ်နည်းရင် အားအင်ကုန်ခမ်းပြီးမူးဝေတတ်တြာေ ကာင့်၊ ချွေးထွက်များသောကာယလုပ်သားများ၊ ၀မ်းလျှောသူများ၊ အာဟာရနည်းပြီး အားပြတ်သောလူမမာများနှင့် နွေရာသီလို အပူဓာတ်ပြင်းကာ ချွေးထွက်လွန်သူများ ဓာတ်ဆားရည်ကို သောက်ပေးသင့်ပါတယ်။
(၅) မြွေကိုက်ခံရပါက၊ ဆေးရုံ/ဆေးခန်းသို့  မသွားခင် အဆိပ်ရဲ့ စုဖွဲ့ မှုကိုအပူ နဲ့ တို က်ထုတ်သည့် အနေဖြင့် ဆားရည်ပျစ်ပျစ် ဖျော်သောက်ပေးရပါတယ်။ ဒါမှသာ အဆိပ် များပြန့် မလာတော့ဘဲ၊ အသက်ချမ်းသာရာ ရစေမှာပါ။
(၆) သွားကိုဆားနဲ့ ပုံမှန်တိုက်ပေးပါက၊ သွားပိုးမစာ/သွားခိုင်စေသည့်အပြင်၊ ခံတွင်း ရနံ့ လဲ ရှင်းသန့် စေမှာပါ။ အာခံတွင်းနံ့  ဆိုးသူများ နှင့် တံတွေးမကြာခဏထွက်တတ် သူများသည် ဆားငံရည်ပလုပ်ကျင်းပေးခြင်းဖြင့် သက်သာရာရစေပါတယ်။
(၇) ယားနာရှိသူများ၊ အသားရည်ခြောက်သွေ့ သူများ၊ ၀ဲနှင်းခူဝေဒနာသည် များ၊ သွေး မသန့် ၍အရေပြားယားယံကာ အဖု အပိမ့်ထွက်သူများသည် ဆားငံရည်ဖြင့် ရေချိုး သန့် စင်ပေးခြင်းဖြင့် သက်သာပျောက်ကင်းစေပါတယ်။
(၈) ဆားဟာ ချွေးပေါက်များပွင့်လာကာ၊ အရေပြားထဲရှိ သွေးလည်ပတ်မှု ပုံမှန်ဖြစ်စေ လို့  ၀က်ခြံပေါက်သူများ သနပ်ခါး ထဲမှာ ဆားရေကျဲရောစပ်လိမ်းပေးနိုင်ပါတယ်။ အ သားအရေကိုလဲ ချောမွေ့ လာစေပါတယ်။
(၉) လမ်းများများလျှောက်သူများ၊ မတ်တပ်အကြာကြီးရပ်၍အလုပ်လုပ်ရေ သာသူ များ နှင့် ခရီးရှည်သွားပြီးနောက် ခြေ ထောက်များသွေးကျပြီး ရောင်ရမ်းနာကျင်ပါက ဆားရည်စိမ်ပြီး အသာအယာ နှိပ်နယ်ပေးခြင်းဖြင့် သက်သာလာ စေပါတယ်။
(၁၀) မွေးရာပါ မျက်စေ့မှုန်သူများ နှင့် အညောင်းထိုင်ကာ အပူခဲသူများသည် ညအိပ် ယာဝင်ခါနီး ဆားကြမ်းနင်းပေးပြီး၊ ဒူးခေါင်းအထက်မှ ရေလောင်းချကာ ပုံမှန်လုပ်ေ ပးခြင်းဖြင့် မျက်စေ့အမြင် ကြည်လင်စေပါတယ်။
(၁၁) မျက်သားတက်ကာ၊ မျက်စေ့ယားယံသူများအတွက် ဆားရည်ကြည်အနဲငယ်ကို မျက်စဉ်းခပ်ပေးနိုင်ပါတယ်။
(၁၂) သင်တစ်နေ့ တာစားလိုက်သော ဆားပမာဏ၏ ၁/၄ ပုံဟာ အရိုးထဲရောက် ရှိသွားပြီး၊ အရိုးကိုသန်မာလာစေပါတယ်။ ဒါကြောင့် အရိုးကြွတ်ဆတ်ရောဂါရှိ သူများ အတွက် သင့်တင့်မျှတသော ဆားငံရည် သောက်သုံးပေးသင့်ပါတယ်။
(၁၃) ပင်လယ်ဆားငံရည်ထဲမှာ ခန္ဓာကိုယ်ထဲရှိ serotonin နှင့် melatonin ဟိုမုန်းများ ကို လှုံ့ ဆော်ပေးသောကြောင့်၊ ပင်လယ်လေ ရှုရိုက်ပေးပါက၊ စိတ်ကျရောဂါမဖြစ်ေ တာ့ ဘဲ လူကိုလန်းဆန်းတက်ကြွလာစေကာ၊ ညဘက်လဲ ကောင်း ကောင်း အိပ်ေ ပျာ်စေပါတယ်။ ဒါ့ပြင် ပင်လယ်လေ ၀၀ရှုရှိုက်ပေးခြင်းဖြင့် အဆုတ်ကိုလည်း ကျန်း မာေ စပါတယ်။ ထိပ်ကပ်နာရောဂါကိုလဲ ပျောက်စေနိုင်ပါတယ်။
(၁၄) ဆား ဟာ ကိုယ်ခန္ဓာအလေးချိန်ကို ကျစေတယ်ဆိုတာကို ယုံမှားသံသယမဖြစ် ပါနှ င့်။ အဘယ်ကြောင့်ဆိုသော်၊ ဆားဟာ အစာ ချေဖျက်မှုကို အားပေးပြီး၊ အူလမ်းေ ကြာင်းကို အထောက်အကူပြုကာ ၀မ်းမချုပ်စေတဲ့အတွက် ကိုယ်အလေးချိန် တက်ခြင်း ကို ဤနည်းဖြင့် တစ်ဖက်တစ်လမ်းမှ ကာကွယ်ပေးခြင်းပါဘဲ။
(၁၅) ဆားဟာ ကိုလက်စထရောပမာဏကို လျော့ချပေးတြာေ ကာင့်၊ နှလုံးသွေးေ ကြာများအဆီမပိတ်ဘဲ ပွင့်လန်းလာကာ နှလူံခုန်နှုန်းကို ပုံမှန်ဖြစ်စေလို့ ၊ နှလုံးကျ န်းမာစေပါတယ်။
(၁၆) ပန်းနာဝေဒနာသည်များ အလွန်အမင်းမွန်းကြပ်လာပါက၊ ဆားမှုန်ကို လျှာပေါ် ပွတ်ပေးပြီး၊ ရေတိုက်ပေးသင့်ပါတယ်။
(၁၇) သင့်တင့်မျှတသော ဆားပမာဏဟာ ခန္ဓာကိုယ်ထဲရှိ အင်ဆူလင်ပမာဏကိုေ လျာ့ချ၍၊ အချိုဓာတ်ပမာဏကို ထိန်းညှိပေး တာကြောင့် ဆီးချိုရောဂါသည်များ အား ထားလောက်ပါ တယ်။
(၁၈) ပိုတက်စီယမ်ဓာတ်ဟာ ကြွက်သားများကို ကောင်းစွာအလုပ်လုပ်နိုင်စေရန် အထောက်အကူပေးတာကြောင့် ၊ သဘာဝ ပိုတက်စီယမ်ကြွယ်ဝသော ပင်လယ်ဆား ကြမ်းရည်ကို သင့်တင့်လျောက်ပတ်စွာ သောက်သုံးခြင်းဖြင့် ကြွက်တက်ခြင်း မဖြစ်ေ စပါ။ ဒါ့ပြင် ကြွက်သားများကိုလဲ ခွန်အားဖြစ်စေပါတယ်။
(၁၉) အသံဝင်ချွဲသလိပ်ကပ်သူများ နှင့် အာသီးရောင်သူများ ဆားရည်နွေးနွေးဖြင့် အာသီးကိုပလုပ်ကျင်းပေးနိုင်ပါတယ်။
(၂၀) ခန္ဓာကိုယ်ထဲရှိမလိုလားအပ်သော အက်ဆစ်များကို ဆီးအဖြစ်ထုတ်ပေးစေ လို့ ၊ ကျောက်ကပ်ကို ကျန်းမာစေပါတယ်။ ဒါ့ပြင် လိင်စိတ်ဆန္ဒ ကို တိုးမြှင့်ပေးပါတယ်။
(၂၁) အိုင်အိုဒင်းဆားဟာ ဦးနှောက်ဆဲလ်များကို ကောင်းကျိုးပြုစေလို့ ၊ ကိုယ်ဝန်ေ ဆာင် မိခင်များ စားသုံးပေးသင့်ပါတယ်။

ကျန်းမာရေးအပြင် အိမ်ရှင်မများအတွက် ဆားရဲ့ အကျိုးပြုပုံတွေကတော့

  (၁) ရေစိုနေ တဲ့ယမ်းမီးခြစ်ကို ဆားပေါ်မှာ တင်ထား ရင် မိနစ်အနည်းငယ်အတွင်း ခြောက်သွေ့ လာနိုင်ပါတယ်။
 (၂) ဘုရားစင်ပေါ်က ပန်းများကို ကြာကြာခံအောင် ပန်းအိုးထဲကရေ ကို ဆားနဲနဲခပ်ပေးရပါမယ်။
 (၃) မီးဖိုချောင်သုံး ဓား ကို ဆားရေနဲ့ သွေးပေးရင် ဓားပို ထက်လာပါတယ်။
 (၄) အိပ်ယာတွင် ဂျပိုးတွယ်ပါက၊ ခြင်ထောင် နဲ့ ဖျာတို့ ကို ဆားင န်ေ ရ လောင်းပေးနိုင်ပါတယ်။
 (၅) အသစ်ဝယ်လာသော ဖန်ခွက်၊ ဖန်ပန်းအိုး၊ ဖန် ကန်း ပန်ပြား စသည့်ဖန်ထည်ပစ္စည်းတို့ ကို ဆားရည်ထဲမှာ ခေတ္တမျှစိမ်ထားခြင်းဖြင့် အလွယ်ကတူ အက်မကွဲနိုင်တော့ပါ။

ကဲ…ဆားရဲ့ အသုံးဝင်ပုံအဖုံဖုံကို အထက်ပါအတိုင်းသိမြင်ကြရပါပြီ။ လူတို့ အတွက် သာမက၊ သက်ရှိတိရစ္ဆာန်များ နှင့် အပင်တွေ အတွက်လည်း အနည်းအကျဉ်းပမာဏ မျှရှိသော ဆားက မရှိမဖြစ်လိုအပ်တဲ့အရာလေးပါဘဲ။ 

 ဒါပေမယ့် 
ဆား အရေအတွက် များများကြီး စားမိပြီဆိုရင်တော့ သွေးတိုးရောဂါအပြင်၊ သွေးတိုးရောဂါနှင့် ပတ်သက် စပ်ဆက်လျှက်ရှိတဲ့ နှလုံးရာဂါ၊ လေငန်း ရောဂါတို့ ဖြစ်လာစေမှာ ဧကန်မလွှဲပါ။
 ထို့ြ ပင် ဆားအလွန်အကျွံစားသုံးပါက၊ ကျောက်ကပ်ကိုလဲ ပျက်စီးစေပါတယ်။ သွိုင်းရွို က် ဝေဒနာသည်များ အိုင်အိုဒင်းဆား ကိုအထူးရှောင်ရှားသင့်ပါတယ်။ ဆားအလွန် အကျွံသုံးစွဲပါက၊ လူသာမက သက်ရှိတိရစ္ဆာန်များ နှင့် အပင်တွေကိုလဲ ဘေးထွက်ဆိုး ကျိုးများဖြစ်စေနိုင်လို့ ၊ သင့်တင့်မျှတရုံပမာဏ သုံးစွဲခြင်းဖြင့် ကျန်းမာသုခရနိုင်ကြ ပါစေလို့  ဆန္ဒပြုလိုက်ရပါတယ်။

<<စာနာထောက်ထားစွာဖြင့် ဆောင်းပါးရှင်အမည်ကို ပြောင်းလဲခြင်း/ချန်လှပ်ထားခြင်းမျိုး မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည် >>

(ဆောင်းပါးရှင်…ပေါက်ပေါက်..မျှဝေသည်)
ကိုးကား (encyclopedia : health benefits of salt)
-
promise.pauk
(ရိုးသားမှုသည်တခါတရံ၌ရှုံးနိမ့်စေတတ်၏။သို့ သော်တစ်သက်လုံးကားလိပ်ပြာလုံစေတော့၏။)

25 Feb 2014

အိမ်သုံးဆားလက်တစ်ဆုပ်အကျိုးကျေးဇူးပါ

ဆားမှ အိမ်သုံးဆားပါ မီးဖိုချောင်သုံး ဟင်းချက်တဲ့ ဆားပါ
ငွေ100 ကျပ်တောင်မကုန်လောက်ပါဘူး...လက်တွေ့ ပါ...

သင်တစ်နေ့ တာ ပင်ပန်းနွမ်းနယ်သည် နေပူကြီးထဲမှာ ခရီးသွားခြင်း၊ အလုပ်လုပ်ခြင်း
နေထိုင်မကောင်းဖြစ်လိုခြင်း၊
နေထိုင်ကောင်းပြီး အဖျားပျောက်ခါစ နလန်ထဖြစ်ခြင်း၊
ဘယ်လိုလုပ်မလည်း...

ကိုင်းစမယ်
-----------
ညအိပ်ယာဝင်တော့ မယ် ခုံတစ်ခုမှာချေဆင်းထိုင်လိုက်ပါ...
မိမိဒူးဆစ်အထိ မိမိ ဝတ်ဆင်ရာလှန်ထားပြီး
ပထမရေတစ်ခွက် ဒူးမှချေဖျားထိ ဖြေးညှင်းစွာလောင်းပါ၊
အသင့်ဆားတစ်ဆုပ်ကိုယူပြီး ဘယ်ညာ ဒူးဆစ်မှ ချေဖျား ဖဝါး ချေချောင်းကြားပါမကျန်
သေချာပွတ်နယ်ပါ...
၅မီးနစ်ခန့် စောင့် ပါ...
ပြီးလျှင်ထုံးစုံအတိုင်း မှုလဆားနယ်ထားသော နေရာထိ ရေတစ်ခွက် သေချာလောင်း၍
အဝတ်ပါးလွှာဖြင့် ဖြေးညှင်းစွာ သုတ်ပြီး
မိမိအိပ်ယာ တန်းဝင်ပါ မိမိချေကို အသာဆင်းပြီး အိပ်ပါ ထိုချေနှစ်ဖက်ပေါ်သို့ 
စောင်ပါးလွှာကလေးတင်ထားလိုက်ပါ....
အပူခိုးများထွက်နေသည်ကို ခံစားရပေမည်၊
ဒါဆိုယင်....ဘာတွေကောင်းတယ်ဆိုတာ မိတ်ဆွေတို့ အားလုံးသိလာမှာပါ....


လူကြီးမင်း facebook မှကူးယူပါသည်

17 Nov 2013

ဆား ဗဟုသုတများ

ခေါင်းလျှော်တဲ့အခါ ရေထဲမှာ ဆားနည်းနည်း ထည့်မယ်ဆိုရင် ဆံပင်ကျွတ်တာကို ကြိုတင် ကာကွယ်နိုင်ပါတယ်။

နည်းနည်းစိုနေတဲ့ မီးခြစ်ကို ဆားပေါ်မှာ တင်ထားရင် တစ်မိနစ် နှစ်မိနစ်လောက် ကြာတဲ့ အချိန်မှာ ပြန်လည် ခြောက်သွေ့လာနိုင်ပါတယ်။
 
ပန်းအိုးထဲက ရေထဲကရေကို ဆားနည်းနည်း ထားပြီး ပန်းထိုးမယ် ဆိုရင် ကြာကြာ ခံနိုင်မယ်။ 

 ဆားရေနဲ့ ဓါးသွေးရင် ဓါးပိုထက်မယ်။ခြင်ထောင်ကို လျှော်တဲ့အခါ ရေထဲမှာ ဆား ထည့်ပြီးဆေးရင် ဂျပိုးတွေကို နှိပ်နင်း နိုင်မယ်။
 
    အသစ်ဝယ်လာတဲ့ဖန်ခွက်နဲ့ ပန်းကန်၊ ပန်းကာပြားတွေကို ဆားရေထဲမှာ ထည့်ပြီး ခဏလောက် စိတ်ထာ်းရင် နောင်မှာ အက်ကွဲလွယ်မှာ မဟုတ်ဘူး။
http://myanmar.cri.cn/696/2012/02/08/1s16711.htm

ဆား စားသုံးမှု များခြင်းကြောင့် နှစ်စဉ် ၂ ဒသမ ၃ သန်းခန့် သေဆုံး

ဆား စားမှုများတာကြောင့် နှစ်စဉ် လူပေါင်း ၂ ဒသမ ၃ သန်းခန့် သေဆုံးကြပြီး သကြား စားသုံးမှု များတဲ့အတွက် သေဆုံးနှုန်းရဲ့ ဆယ်ဆခန့် ပိုများ တယ်လို့ သိရပါတယ်။ ၂၀၁၀ ပြည့်နှစ် အ တွင်း နှလုံးတိုက်ခိုက် ခံရတာ၊ လေဖြတ် တာနဲ့ နှလုံးနဲ့ ပတ်သက်တဲ့ ရောဂါတွေ ကြောင့် ကမ္ဘာတစ်ဝန်းမှ သေဆုံးသူတွေ ရဲ့ ၁၅ ရာခိုင်နှုန်းဟာ ဆားစားသုံးမှု များ တာကြောင့်လို့ အမေရိကန် နှလုံးရောဂါ အဖွဲ့က သုတေသီ တွေက ထုတ်ဖော် ထားပါတယ်။ ဆား စားသုံးမှု များတာ ကြောင့် သေဆုံးနှုန်းဟာ ယူကရိန်း နိုင်ငံမှာ အမြင့်ဆုံး ဖြစ်ပြီး ကာတာနိုင်ငံမှာ အ နိမ့်ဆုံး   ဖြစ်တယ်လို့ သိရပါတယ်။

အချိုရည် သောက်သုံး မှုကြောင့် နှစ်စဉ် လူပေါင်း ၁၈၀ဝ၀ဝ ခန့် သေဆုံး တယ်လို့ ဟားဗက်မှ မကြာခင်က လေ့ လာမှုအရ တွေ့ရှိထားပါတယ်။ ဆား စား သုံးမှု များတာဟာ အချိုရည် သောက်သုံး မှုများ တာထက် သေဆုံးနိုင်ခြေ ပိုမြင့်မား ပါတယ်။ အချိုစားသုံးမှု လျှော့ချဖို့ အချို ရည်ကိုသာ ရှောင်ဖို့ လိုအပ်ပြီး ဆိုဒီယမ် မှာမူ အစာတိုင်းမှာ ပါဝင်နေတဲ့ အတွက် ဆိုဒီယမ်နဲ့ ပတ်သက်ပြီး ဝန်ထုပ်ဝန်ပိုး ပို များတယ်လို့ သုတေသီ တွေက ဆိုပါတယ်။

ဆားစားသုံးမှုများတာကြောင့် သေဆုံးသူအားလုံးရဲ့၄၀ရာခိုင်နှုန်း(လူတစ်သန်းခန့်) ဖြစ်ကြပါတယ်။
 သေဆုံးသူ တွေရဲ့ ၆၀ ရာ ခိုင်နှုန်းဟာ အမျိုးသား တွေဖြစ်ကြပြီး ၄၀ ရာခိုင်နှုန်းဟာ အမျိုးသမီး တွေလို့ သိရပါ တယ်။ သေဆုံးသူ တွေရဲ့ ၄၂ ရာခိုင်နှုန်း ဟာ နှလုံးတိုက်ခိုက် ခံရတာကြောင့် ဖြစ်ပြီး ၄၁ ရာခိုင်နှုန်းဟာ လေဖြတ်တာ ကြောင့်ပါ။ ကျန်ရှိ သူတွေဟာ နှလုံးသွေးကြော ရောဂါ ကြောင့်ဖြစ်တယ်လို့ သိရပါတယ်။ ဆား စားသုံးမှု များတာကြောင့် သေဆုံးသူတွေ ရဲ့ ၈၄ ရာခိုင်နှုန်းဟာ ဝင်ငွေကောင်းမွန် တဲ့နိုင်ငံတွေက မဟုတ်ဘဲ ဝင်ငွေအသင့် အတင့်နဲ့ ဝင်ငွေနည်းတဲ့ နိုင်ငံတွေက ဖြစ်ကြတယ်လို့ ဆိုပါတယ်။
Re-Post By ACM 5-4-2013
အေးချမ်းမွန် Credit & Copy From > GOOD HEALTH<< Thank

ဆား၏ လက်တွေ့အသုံးဝင်ပုံနည်းလမ်းစုံ

 ၁) ကြက်ဥတစ်လုံးကျကွဲပြီး ကြမ်းပြင်ပေါ်မှာ ကြက်ဥအနှစ်တစ်ခုလုံးကျနေ
တယ်ဆိုရင် ဖိတ်ကျနေတဲ့ ကြက်ဥအနှစ်ပေါ်ကို ဆားနှံ့အောင်ဖြူးပေးပါ... ပြီးရင် ခဏစောင့်ပါ.... နည်းနည်းကြာရင် ပေခြင်းပွခြင်းမရှိဘဲ ကြက်ဥအနှစ်တွေကို အမှိုက်ဂေါ်နဲ့ ကော်ပစ်နိုင်ပြီဖြစ်ပါတယ်....

၂) စွန်းထင်းနေတဲ့ လက်ကိုင်ပုဝါတွေကို မလျှော်ဖွတ်ခင်မှာ ဆားရည်ထဲစိမ်ထားပါ... အစွန်းအထင်းတွေကို ပြောင်စင်စေပါတယ်...

၃) ပန်းကန်စင် စာအုပ်စင် စတဲ့စင်တွေပေါ်မှာ ပုရွက်ဆိတ်တွေတက်နေရင် ဆားဖြူးပေးလိုက်ပါ... ပုရွက်ဆိတ်တွေပြေးသွားပါလိမ့်မယ်....

၎) ငါးတွေကို ကြေးခွံတွေမချွတ်ခင် ဆားရည်ထဲစိမ်ထားပါ... ကြေးခွံတွေအ
လွယ်တကူ ချွတ်နိုင်ပါလိမ့်မယ်...

၅) ခါချပြီးဖြူးရတဲ့ ဆားဗူးမျိုးထဲကနေ ဆားတွေအလွယ်တကူကျစေချင်ရင် ဗူးထဲမှာ ဆန်စေ့အနည်းငယ်ရောနှောထည့်ထားပါ...

၆) အသုပ်ထဲက အရွက်တွေမညှိုးနွမ်းသွားအောင် ဆားဖြူးနိုင်ပါတယ်...

၇) ကြက်ဥတွေကောင်းမကောင်းစမ်းချင်ရင် ဆားရည်ထည့်ထားတဲ့ခွက်ထဲ
စိမ်ကြည့်ပါ.... ကောင်းတဲ့ကြက်ဥက နစ်သွားပြီး မကောင်းတော့တဲ့ကြက်
ဥက ပေါလောပေါ်နေပါလိမ့်မယ်...

၈) ကြက်ဥပြုတ်တဲ့အခါ ဆူနေတဲ့ရေနွေးထဲ ဆားနည်းနည်းခပ်လိုက်ပါ... ကွဲနေတဲ့ကြက်ဥတွေက သူ့အခွံထဲမှာပဲ ရှိနေပါလိမ့်မယ်....

၉) ရှုံ့တွနေတဲ့ပန်းသီးတွေကို ဆားအတော်အသင့်ခတ်ထားတဲ့ရေထဲ စိမ်ထားလိုက်ရင် ပြန်ပြည့်တင်းပြီး ကြည့်ကောင်းသွားပါလိမ့်မယ်...

၁၀) မုန့်လုပ်တဲ့ဒယ်ပြားကို ဆားနဲ့ပွတ်ပေးထားရင် မုန့်တွေမကပ်တော့ပါဘူး....

၁၁) သွားတိုက်တံကို မသုံးခင်ဆားရည်ထဲစိမ်ထားခြင်းဖြင့် သက်တမ်းပိုကြာကြာ အသုံးပြုနိုင်ပါတယ်...

၁၂) ကော်ဖီအိုးကိုအရောင်ချွတ်တဲ့အခါ ဆားနဲ့ပွတ်ပြီးချွတ်နိုင်ပါတယ်...

၁၃) ဆားနဲ့ တာပင်တိုင်ကိုရောပြီး ကြွေရေဇလားတွေ အိမ်သာခွက်တွေကို ဖြူအောင်ဆေးနိုင်ပါတယ်...

Ref: Awesome Facts
နှိုင်းရင့်နွေမှတင်ဆက်သည်...

ဆား၊ ကလိုရိုက်နှင့် သွေးတိုးရောဂါ

ဆား  (NaCl)ထဲတွင်  ပါဝင်သော ဆိုဒီယမ်(Na) ဓာတ်သည် သွေးတိုးရောဂါဖြစ်စေသော အဓိကတရားခံဖြစ်သည်ကို  လူအများကျယ်ကျယ် ပြန့်ပြန့်သိရှိထားပြီးဖြစ်သော်လည်း  ယခုအချိန်အထိ    သွေးတိုးရောဂါရှင်များကြား ကလိုရိုက် (Cl)၏ အခန်းကဏ္ဍကိုမူ    ထဲထဲဝင်ဝင်လေ့လာ ဆန်းစစ်အာရုံစိုက်မှု    နည်းပါးနေသေးသည်။ သို့သော် ကလိုရိုက်၏ အဓိကအခန်းကဏ္ဍမှ  ပါဝင်မှုအကြောင်းကို သိပ္ပံပညာရှင်တို့ တွေ့ရှိပြီးဖြစ်ကြောင်း စက်တင်ဘာ  ၈  ရက်  အင်တာနက်သတင်းတစ်ပုဒ်တွင်  ရေးသားဖော်ပြထားသည်။
Glasgow တက္ကသိုလ်မှ သုတေသီတို့၏  လေ့လာမှုတွင်  သွေးတွင်းကလိုရိုက်ပမာဏ  နည်းပါးခြင်းသည် သွေးတိုးရောဂါရှင်များ၏   သေရေးရှင်ရေးနှင့်တစ်နည်းတစ်ဖုံ   ပတ်သက်မှုရှိနေသည်ဟု   ဆိုထားသည်။ ၎င်းတက္ကသိုလ်မှ သုတေသီတို့သည် သွေးတိုးရောဂါရှိလူနာ ၁၃ဝဝဝ နီးပါးတို့၏    ကျန်းမာရေးအခြေအနေ   အချက်အလက်များကို ၃၅ နှစ်ကျော်ကြာ လေ့လာပြီးနောက်  သွေးတွင်းကလိုရိုက်ပါဝင်မှု  ပမာဏလျော့နည်းနေပါက  လူတွင်အသက်အန္တရာယ်ရှိစေပြီးကင်ဆာရောဂါ    ဖြစ်ပွားနိုင်ခြေကို    မြင့်မားစေပါသည်ဟု 
 ပြောကြားကြသည်။

တစ်နည်းအားဖြင့်    ဆိုဒီယမ်ကြောင့်   သွေးတိုးဖြစ်ရသည်  မှန်သော်လည်း    သွေးတိုးရောဂါသည်တို့တွင်  ကလိုရိုက်ချို့တဲ့မှုက  အသက်အန္တရာယ်ရှိသည်ဟု    ကောက်ချက်ချရမည်ဖြစ်သည်။
သို့သော် ယင်းတက္ကသိုလ်မှ ပါဝင်လေ့လာသူ  ဒေါက်တာ ဆန်ဒေါ့စ် ပတ်မန်နက်ဟမ်၏   ပြောကြားချက်ကို ကောက်နုတ်ဖော်ပြရပါမူ ''ဆား စားသုံးမှုနဲ့ပတ်သက်ပြီး   တွေ့ရတဲ့  ဒီတွေ့ရှိမှုတွေကို ချပြဆွေးနွေးဖို့စော လွန်းပါသေးတယ်။
ကလိုရိုက်ပမာဏ အနည်းအများနဲ့  လူ့ကျန်းမာရေးတို့ရဲ့အကြား ဘယ်လိုပတ်သက်ဆက်နွှယ်သလဲဆိုတာ တိတိကျကျသိဖို့ သုတေသနအများကြီးလုပ်ဖို့  လိုပါသေးတယ်''ဟု ဆိုထားသည်။
Featured News:
http://www.moi.gov.mm/npe:zg/news/11/09/2013/id-5649

စားဖိုဆောင်သုံး ဆား - Salt

လူတိုင်း နားလည်ထားရမယ့် ဆား ( စားဖိုဆောင်သုံး ဆား - Salt )အကြောင်း

ဆားလို့ ပြောလိုက်တာနဲ့ ငန်တယ် ဆိုတာ သဘော ပေါက်လေ့ ရှိတယ်။ ဆားမှာတောင် ဆားကြမ်း (အခဲလိုက် တွေ့ရ တဲ့ ခပ်ကြမ်းကြမ်း ရှရှရှိတဲ့ ဆားအမျိုးအစား)၊ စားပွဲတင်ဆား (နူးညံ့ မှုန့်နေအောင်၊ ဖြူဖွေး သန့်စင် နေအောင် ကြိတ် ထားတဲ့ ဆား ညက်ညက်လေး ဖြစ်နေတဲ့ အမျိုးအစား)၊ အိုင်အိုဒင်းဆား (အိုင်အိုဒင်းဓာတ် ဖြည့်စွက် ထားတဲ့ ဆားမျိုး) ဆိုပြီး အကြမ်းဖျင်း ခွဲခြားနိုင် ပါတယ်။ အမှန်တော့ ဆားဟာ ဓာတု ဗေဒ အမည် ဆိုဒီယမ် ကလိုရိုက်လို့ ခေါ်တဲ့ သတ္တုဓာတ်
ဆားတစ်မျိုး ဖြစ်ပါတယ်။ အိုင်းယွန်းများထဲ မှာလည်း အကြီးတန်း အမျိုးအစား အဆင့်အတန်း မြင့်တဲ့ အတန်းအစားကြီး ထဲမှာ ပါဝင်နေပါ သေးတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ လူနဲ့ တိရစ္ဆာန်တွေနဲ့ အပင်တွေ အတွက် မရှိမဖြစ် လိုအပ်တဲ့ ဆား အနေနဲ့ ပမာဏ အနည်းအကျဉ်း မျှလောက် ရရှိဖို့ လိုအပ် နေလို့ပါပဲ။ ဒါပေမယ့် ဆား အရေအတွက် များများကြီး စားမိပြီ ဆိုရင်တော့ လူရော၊ တိရစ္ဆာန် တွေရော၊ အပင် တွေမှာပါ အန္တရာယ် ဖြစ်လာတော့ တာပါပဲ။

ဆားကို ရှေးအကျဆုံးနှင့် နေရာ တကာ တိုင်းမှာ အလွယ်တကူ ဝယ်ယူနိုင်တဲ့ ဟင်းခတ် ပေါင်ဒါအဖြစ် တွေ့ရတတ် ပါတယ်။ အစားအစာ တွေကို ဆားနယ်ပြီး အခြောက်ပဲ လှန်းလှန်း၊ အစိုပဲ အိုးထဲ သိပ်ထားထား နှစ်ပေါက်အောင် ထားနိုင်လို့ အစားအစာ ထုတ်လုပ် ရောင်းချသူတွေ အတွက်တော့ တန်ဖိုး မဖြတ်နိုင်အောင် အသုံးတည့် နေတာတော့ အမှန်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် လူသားတွေ စားသုံးသင့်တဲ့ ဆားပမာဏကို သိဖို့တော့ လိုပါတယ်။ ဒါမှသာ မိမိ တစ်နေ့၊တစ်နေ့ စားလိုက်တဲ့ အစားအစာ ထဲမှာ ဆားပမာဏ ဘယ်လောက် များများ ပါဝင် သွားသလဲ ဆိုတာ တွက်ချက် သိရှိနိုင်မှာ ဖြစ်ပါတယ်။လူတွေ စားသုံးတဲ့ ဆားကို ပုံစံအမျိုးမျိုး ထုတ်လုပ်လေ့ ရှိပါတယ်။ ဥပမာ ဆားကြမ်းလို့ ပြောကြတဲ့ ပင်လယ်က သဘာဝအတိုင်း ရတဲ့ဆား မပြုမပြင် ရသေးတဲ့ သဘာဝ ဆားကြမ်း၊ အဲဒီ ဆားကြမ်းခဲကြီး တွေကိုမှ စက်ရုံတွေဆီ ပို့ပြီး ဖြူဖွေး နူးညံ့လှပ သွားအောင် အရောင် ချွတ်ဆေး သုံးပြီး စားပွဲတင် ဆားလို့ ဆိုင်တွေ၊ စူပါမား ကက်တွေမှာ ထုတ်လုပ် ရောင်းချလေ့ ရှိတာကို သိပြီး ဖြစ်ပါလိမ့်မယ်။

နောက်တစ်မျိုး အိုင်အိုဒင်းဆား ကတော့ ဆားပုံဆောင်ခဲလေး တွေပါပဲ။ စားပွဲတင် ဆားလောက်တော့ နူးညံ့ ဖြူဖွေး မနေပါဘူး။ အဖြူရောင် ဒါမှမဟုတ် ပန်းရောင် ဖျော့ဖျော့လေး ဒါမှမဟုတ် မီးခိုးရောင် မှိုင်းမှိုင်းလေး ဖြစ်တတ်တယ်။ ပုံမှန်အားဖြင့် သဘာဝ ပင်လယ် ဆားငန် ရေထဲက ရရှိပြီး ထုတ်လုပ် တာမျိုး၊ ဒါမှမဟုတ် ဆားကြမ်းကြီးတွေ ကနေ ထုတ်လုပ် ကြတာ မျိုးလည်း ဖြစ်တတ်တယ်။ အိုင်အိုဒင်း ထည့်ထားတဲ့အတွက် အိုင်အိုဒင်းပါတဲ့ ဆားဟာ တခြားဆားနဲ့ နှိုင်းယှဉ်ရင် ခပ်မှိုင်းမှိုင်း မီးခိုးရောင် ဖြစ်လေ့ရှိပါတယ်။ ဆားထဲမှာ အဓိကပါဝင်တဲ့ ဓာတ်နှစ်မျိုးကတော့ ကလိုရိုက် အိုင်းယွန်း နဲ့ ဆိုဒီယမ်အိုင်းယွန်းတို့ပဲ ဖြစ်ပါတယ်။ အဲဒီ ဆိုဒီယမ်အိုင်းယွန်းနဲ့ ကလိုရိုက် အိုင်းယွန်း ဓာတ်ဆား ၂ မျိုးစလုံးဟာ သတ္တဝါတွေနဲ့ အပင်တွေအတွက် အရေအတွက် နည်းနည်းလေး မျှသာ လိုအပ်ပါတယ်။

ဆားလို့ ခေါ်တဲ့ ဆိုဒီယမ်ကလိုရိုက် သတ္တုဓာတ် ဆားဟာ လူ့ခန္ဓာကိုယ်ထဲမှာ ရေဓာတ် ပါဝင်မှုကို ထိန်းညှိပေးရာမှာ ပါဝင်ပါတယ်။ အထူးသဖြင့် အရည်တွေရဲ့ ပါဝင်မှုကို မျှခြေ ရအောင် ထိန်းထား ပေးရပါတယ်။ လူ့ခန္ဓာကိုယ် ထဲက အာရုံကြော နာဗ်ကြောအဖွဲ့မှာ လျှပ်စစ်ဓာတ် ဆိုင်ရာ အချက်ပြမှု အတွက် ဆိုဒီယမ်အိုင်းယွန်းလို့ ခေါ်တဲ့ ဓာတ်ဆားကို အသုံးချရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူတွေ၊ သတ္တဝါတွေ အသက်ရှင်သန်ဖို့ အတွက် ဆားဟာ အရေးပါလှ တာကြောင့် ဆားကို လူ၊သတ္တဝါတွေ၊ အပင်တွေ အနေဖြင့် တန်ဖိုးထားရတဲ့ အကြောင်း လူ့သမိုင်းမှာ ရုပ်ရှင်တွေ၊ စာအုပ်တွေမှာ မြောက်မြားစွာ ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။ သို့သော် ယခုအခါ ဆားကို စားသုံးမှုဟာ အလွန်အမင်း တိုးတိုး လာတာကို သိပ္ပံပညာရှင်များ အနေဖြင့် ဖော်ထုတ် တွေ့ရှိလာခဲ့ပြီး ဖြစ်ပါတယ်။

ဆားအလွန်အကြူးစားသုံးမှုကြောင့် သွေးတိုး ရောဂါတွေအများကြီး ဖြစ်လာတာ၊ နှလုံး ရောဂါတွေ

 ဖြစ်လာရတာနဲ့ လေဖြတ်လို့ ကိုယ်တစ်ခြမ်း သေရတဲ့ ရောဂါနဲ့ မသန်မစွမ်း ဖြစ်ပြီး လူနာ အတွက် တစ်အိမ်သားလုံး စောင့်ရှောက် ပေးရတဲ့ လုပ်အားတွေ၊ အချိန်တွေ အများကြီး နစ်နာဆုံးရှုံး ရတာကို ထောက်ပြ လာကြပါပြီ။ ဒါကြောင့် သိပ္ပံပညာရှင် ကျန်းမာရေး ဆိုင်ရာ ဆရာဝန်ကြီးတွေ
 အနေဖြင့် ဆိုဒီယမ်ကလိုရိုက် ပါဝင်တဲ့ အစားအစာတွေ စားသုံးမှုကို ထိန်းချုပ်ဖို့ လိုအပ်ပြီလို့ ထုတ်ဖော် ထောက်ပြ လာကြပါပြီ။ ဆားပါဝင်မှု များတဲ့ ကြာရှည်ခံ အစားအစာ တွေနဲ့ အချိုမှုန့်လို့ ခေါ်တဲ့ ဟင်းခတ်မှုန့်တွေ ပါဝင်မှုများတဲ့ စားသောက်ဆိုင် အစားအစာတွေ၊ အသုပ်တွေ၊ အဆာပြေ အစားအစာများ ဖြစ်တဲ့ ဘီစကစ်၊ ပေါင်မုန့်၊ သစ်သီး ခြောက်တွေ၊ ယိုတွေ၊ လက်ဖက်နှပ်တွေ၊ အကြော်အလှော်တွေကို စားသုံးရာမှာ ဆင်ခြင်ကြဖို့ လိုပါပြီ။

လူတစ်ဦး အနေဖြင့် တစ်နေ့တာ လိုအပ်တဲ့ဆား (ဆိုဒီယမ်ကလိုရိုက်) ပမာဏဟာ အသက်အရွယ် 

အလိုက် ၁၅၀ဝ မီလီဂရမ်မှ ၂၃၀ဝ မီလီဂရမ်မျှသာ ဖြစ်ကြောင်း တင်ပြလိုက် ရပါတယ်။
Ref:Mg Mandalay

14 Nov 2013

ကျောက်ချဉ်အစွမ်းနဲ့ အမျိုးသမီးများ ကျန်းမာရေး

အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ကျန်မာရေး ကိစ္စမှာ ၀န်ပိုတွေ ရှိကြပါတယ်။ အခု ကျမတင်ပြမယ့် အမျိုးသမီး ကျန်းမာရေးနဲ့ပတ်သက်တဲ့ အကြောင်းမှာ ကျောက်ချဉ်နဲ့ပတ်သက်ပြီး အစွမ်းထက်မြက်မှု တချို့ပါ။

ကျောက်ချဉ်လို့ ပြောလိုက်ရင် မြန်မာစာဖတ်ပရိသတ်တိုင်း သိနားလည်ပြီးဖြစ်နေပါလိမ့်မယ်။ လူတိုင်း၊ ပစ္စည်းတိုင်းမှာ သူ့ တန်ဘိုး ကိုယ်စီ အသီးသီး ရှိတတ်ကြစမြဲဖြစ်တာမို့ ကျောက်ချဉ်ကလည်း သူ့အစွမ်းက သီးခြားရှိပါတယ်။

ကျောက်ချဉ်ကို Alum လို့ ခေါ်ပြီး အလူမီနီယမ် ဆာလဖိတ်၊ ပိုတက်ဆီယမ် ဆာလဖိတ်တို့ပါဝင်တဲ့ ဓာတု တွင်းထွက် တမျိုး ဖြစ်ပါတယ်။

ကျောက်ချဉ်ဟာ အမျိုးသမီးတွေအတွက် အသုံးအတည့်ဆုံးတခုလို့ ပြောရင် မမှားပါဘူး။ မိန်းမပျိုက အစ၊ ကိုယ်ဝန်မရနိုင်လို့ ကလေးလိုချင်နေတဲ့ အိမ်ထောင်သည် အလယ်၊ သွေးဆုံးနေတဲ့ အမျိုးသမီးတွေ အဆုံး ကျောက်ချဉ်က အလွန်အသုံးဝင်ပါတယ်။

အမျိုးသမီးကျန်းမာရေးမှာ အမျိုးသမီးတိုင်း မိန်းမကိုယ်သန့်ရှင်းရေးဟာ အလွန်အရေးကြီးပါတယ်။ အမျိုးသမီးတွေ ကိုယ်နံ့ ထွက်တာ၊ စိတ်လက် မလန်းဆန်းပဲ သွက်လက်မှု မရှိဖြစ်နေတာတွေဟာ၊ ယားယံတတ်တာတွေဟာ မိန်းမကိုယ် သန့်ရှင်းရေးကိစ္စနဲ့ တိုက်ရိုက်ပတ်သက်ပြီး အဆိုပါကိစ္စ မှာ ကျောက်ချဉ်က အလွန်အသုံးတည့်ပါတယ်။

ဒီအပြင် ခုခေတ်မှာ နာမည်ကြီးနေပြီး ကာကွယ်ဆေးတွေ ငွေကုန်ခံ ထိုးနေရတဲ့ သားအိမ်ခေါင်း ကင်ဆာ လိုမျိုး မဖြစ်ပွားအောင် ဟန့်တား ကာကွယ်နိုင်မှုမှာ ကျောက်ချဉ်ဟာလည်း အကျိုးအလွန်ရှိပါတယ်။

ကိုယ်ဝန်ကို ကျန်းမာစွာ လွယ်လိုသူ အိမ်ထောင်ရှင်အမျိုးသမီးတွေအတွက်လည်း ကျောက်ချဉ်က အစွမ်း ထက်ပါတယ်။ ကလေးမရလို့ စိတ်ညစ်နေရသူများအတွက်လည်း အလွန် အသုံးတည့်ပါတယ်။

ဒီအပြင် ရာသီလာချိန် ခေါင်းကိုက်တာ၊ ကိုယ်လက် အဆစ်အမြစ်ကိုက်ခဲတာ၊ သွေးလန့်တတ်တာ၊ ရာသီ မမှန်ပဲ လာရန် ခက်ခဲတာတွေအတွက်လည်း ကျောက်ချဉ်က အသုံးဝင်ပါတယ်။

ပြီးတော့ သွေသား သန့်ရှင်းပြီး အသားအရေ စိုပြေမှုတွေကိုလည်း ကျောက်ချဉ်က စွမ်းဆောင်စေပါတယ်။
ချွေးပေါက်ကျယ်တာအစ ဒွါရပေါက်တွေလည်း ကျယ်တာကိုလည်း ကျဉ်းစေတဲ့ သတ္တိရှိပါတယ်။

ကျောက်ချဉ်ကို အသုံးပြုပုံကတော့ အင်တုံတခု သို့မဟုတ် ပလပ်စတစ် ဇလုံကြီး တခုထဲမှာ ကျောက်ချဉ် ကို သင့်တင့်တဲ့ ပမာဏ ထည့်ပြီး ပျော်ဝင်သည်ထိ စောင့်ပါ။ ပြီးရင် အမျိုးသမီးများအနေနဲ့ မိမိရဲ့ မိန်းမကိုယ်ကို အဆိုပါ ဇလုံတွင်း ကျောက်ချဉ် ရေဖြင့် တနေ့လျှင် ၁၅ မိနစ်လောက် စိမ်ပေးပါ။
လုပ်နည်းလုပ်ဟန်က အင်မတန် ရိုးစင်းပြီးလွယ်ပေမယ့် နေ့စဉ်ပုံမှန် လုပ်ဆောင်ပေးခြင်းဆိုတဲ့အရာကို အမျိုးတော်တော် များများမှာ အခက်အခဲတွေ့တတ်ကြပါတယ်။ ဒါကိုတော့ သတိပြုစေချင်ပါတယ်။

နေ့စဉ် ၁၅ မိနစ်တာ ကိုယ့်ကျန်းမာရေးအတွက် အချိန်ပေးပြီး ကျောက်ချဉ်ရေ စိမ်ပေးခြင်းကြောင့် ရရှိ လာမယ့် ရလာဒ်က ကြီးမားလှပါတယ်။

ပျိုမေတို့မှသည် သက်ကြီးရွယ်အို အမျိုးသမီးကြီးတွေအထိ အသုံးတည့်ပြီး အကျိုးရှိတဲ့ နည်းလမ်း တခု လည်းဖြစ်ပါတယ်။ ငွေကုန်ကျေးကျလည်း အလွန်နည်းပြီး ခက်ခဲမှုလည်း မရှိပါဘူး။




 တင်ခဲ့သည့် သတင်းများကို #MyanmarMarketEconomy ဒီနေရာတွင်နှိပ်လိုက်ပြီးပြန်ဖတ်နိုင်ပါသည်။ By- Myanmar Market Economy Page သို့တိုက်ရိုက်သွားရန် http://on.fb.me/1bDgZdN =========================================

  •  Credit to Myanmar News MediaBy: Myanmar Market Economy

13 Oct 2013

အံ့ဖွယ်ကျောက်ချဉ်

ကျောက်ချဉ်ဟာ သဘာဝတွင်းထွက်ပစ္စည်းတစ်ခု ဖြစ်ပါတယ်။ သူမှာ အလူမီနီယမ်ဆာလဖိတ်နဲ့ ပိုတတတက်ဆီယမ်ဆာလဖိတ် ဒြပ်ပေါင်းတွေ ပါဝင်ပါတယ်။

ကျောက်ချဉ်ကို ရှေးဟောင်း အာယုဗေဒ ဆေးပညာရှင်ကြီးတွေက သီဝနတ်ဘုရားနဲ့ ခိုင်းနှိုင်း တင်စားလေ့
ရှိပါတယ်။ အဆိပ်ဟူသမျှဟာ သီဝနတ်ဘုရားရဲ့ ခန္ဓာကိုယ်ပေါ် ကျရောက်သွားတာနဲ့ တစ်ပြိုင်နက် အဆိပ်ပြေသွားကြရပါတယ်။ ကျောက်ချဉ်ဟာလည်း အဆိပ်ပြေ စေတဲ့ သတ္တိရှိတဲ့ အတွက် သီဝနတ်ဘုရား
နဲ့ ခိုင်းနှိုင်းတာ ဖြစ်ပါတယ်။

ကျောက်ချဉ်ကို အင်္ဂလိပ်လို Alum လို့ ခေါ်ပြီး သက္ကတဘာသာ အနေနဲ့ ဖစ်ကာရီိလို့ ခေါ်ပါတယ်။ ကျောက်
ချဉ်ဟာ ကိုယ်တွင်း ကိုယ်ပမှာ ရှိတဲ့ အညစ်အကြေးတွေကို သန့်စင်ပေးနိုင်စွမ်းရှိပါတယ်။

မြန်မာ့တိုင်းရင်းဆေးကျမ်းတွေမှာ  ကျောက်ချဉ်သည် ဖန်သည်၊ချိုသည်၊ချဉ်သည်။ ဒေါသ၊ ဓာတ်၊ မလတို့ကို
ခန်းခြောက်စေ၍ လူကို ပိန်စေတတ်သော ဂုဏ် ရှိသည်။ အဖျားရောဂါ၊ ဝမ်းတွင်းပိုး၊ အဆိပ်တို့ကို နိုင်သည်။ အနာများကို အသားနုတက်စေသည်။  အစာကိုကြေ  စေသည်။ သည်းခြေအားနည်းသည်ကို
လည်း ပြုတတ်သည်။ များစွာသော ဆေးတို့နှင့် ရောနှောအသုံးပြုကြသည်။  သွေး၊ သည်းခြေ၊ လေ၊ သလိပ်
တို့ အပူလွန်ခြင်း၊ အူသိမ်,အူမ  တွင်  ပြည်နာဖြစ်ခြင်း ၊ သလိပ်ခြောက်ခြင်း၊ အစားမကြေခြင်း၊ လေ, သည်းခြေ,သလိပ်ဟူသော  ဒေါသသုံးပါကြောင့်ဖြစ်သော အပုပ်နာ၊ ကုတ်ဟီးချောင်းဆိုးနာ၊ ကိုယ်လက်
ကိုက်ခဲသောအနာ ၊ သွေး၊ အသားခြောက်ကပ်သောအနာ ၊ ငန်းနာ၊ အဖျားကြောင့်ဖြစ်သော နူနာ အဖျား၊
မျက်စီနာ, ဆီးအောင့်သော အနာ, သူငယ်နာ, မြင်းသရိုက်, လိပ်ခေါင်းရောဂါတို့ကို  နိုင်၏ လို့ ဆိုထားပါတယ်။

ကျောက်ချဉ်ရဲ့ ဓာတုရသာ အကျိုးသွားတွေနဲ့ ပတ်သက်လို့  တိုင်းရင်းဆေးပညာ ဦိးစီိးဌာနက ထုတ်ဝေ
တဲ့ တိုင်းရင်းဆေးဌာနသုံး ဆေးနည်းများ စာအုပ်မှာ ကျောက်ချဉ်သည် အေး၊ချဉ်၊ဖန် ရသရှိပြီး ဝမ်းချုပ်စေခြင်း၊ လေချုပ်စေချင်း၊ သွေးချုပ်စေခြင်း၊ မပုပ်မသိုးအောင် ကကွယ်နိုင်ခြင်း ၊ အနာများကို
အသားနုတက်စေခြင်း၊ ခန္ဓာကိုယ်ရှိ ဒွါရပေါက် (ဝစ္စမဂ်နဲ့ ပဿာဝမဂ် ) (ကျင်ကြီိးပေါက်၊ဆီးပေါက်)
ကို ကျုံ့စေ၊ကျဉ်းစေခြင်းစတဲ့ အကျိုးသွားရှိကြောင်း ဖော်ပြထားပါတယ်။

ထိမိခိုက်မိလို့ ဒဏ်ရာ အနာတရဖြစ်ရင်၊ အရေပြားမှာ သွေးခြေဥရင် ကျောက်ချဉ်ကို ရေသန့်သန့် နဲ့
သွေးလို့ လိမ်းပေးနိုင်ပါတယ်။ အနာ အမြန်ဆုံးကျက်ပါလိမ့်မယ်။ ဆံပင်၊မုတ်ဆိတ်ရိတ်လို့ ဓားရှမိတဲ့ အခါမှာလည်း ကျောက်ချဉ် လိမ်းပေးရပါတယ်။ ရှေးက ဆတ္တာသည်တွေ ဟာ ကျောက်ချဉ်ကို အမြဲ
တမ်း ဆောင်ထားလေ့ရှိပြီး  ကျောက်ချဉ်ပွတ်ပြီးမှ မုတ်ဆိတ်ရိတ်ပေးကြ ပါတယ်။

 ဒေါက်တာအောင်နိုင်(ဆေးသုတေသန)
ဖွေဖွေရှာရှာ တိုင်းရင်းဆေးပညာ  စာအုပ်မှ ကောင်းနုတ်ထားပါသည်။

1 comments:

 http://www.han152.com/2012/07/blog-post.html   

Myanmar said... ကျောက်ချဉ် အလူမီနီယမ် သတ္တုဓာတ်ဆား လွန်ကဲစွာ စားသုံးမိပါက ဦးနှောက် နှင့် အာရုံကြော ဆိုင်ရာနှင့် အသက် ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေး ပြဿနာ များနှင့် အရိုးဖွံ့ဖြိုးတိုး တက်မှုဆိုင်ရာ ပြဿနာများ ဖြစ်ပွား ခံစားလာနိုင် သည်ဟု ဆိုသည်။ အလူ မီနီယမ်ဓာတ် အလွန်အမင်း ပါရှိတဲ့ တရုတ် အစားအစာ များ၏ ၄၀ ရာခိုင် နှုန်းမှာ ဂျုံမှုန့်ထဲမှာဖြစ်ကြောင်း အစားအစာဘေးကင်း စိတ်ချလုံခြုံရေး နှင့် အာဟာရဓာတ် ကျွမ်းကျင်ပညာရှင်က အစားအစာ ဘေး ကင်းစိတ်ချ လုံခြုံရေး ဖိုရမ်တစ်ခုမှာ ပြောကြား လိုက်ခြင်းဖြစ် ပါသည်။

Twitter Delicious Facebook Digg Stumbleupon Favorites More