Pages - Menu

ဆန်လုံးညို(Brown Rice)

ဆန်ဖြူကို ကြိတ်ခွဲလိုက်တာကြောင့် ဗီတာမင် B3 ၆၇ ရာခိုင်နှုန်း၊ ဗီတာမင် B1 ၈၀ ရာခိုင်နှုန်း၊ ဗီတာမင် B6 ၉၀ ရာခိုင်နှုန်း၊ မဂ္ဂနီဆီယမ်တစ်ဝက်၊ ဖော့စ်ဖရပ်စ် တစ်ဝက်၊ သံဓာတ် ၆၀ ရာခိုင်နှုန်းနဲ့ အမျှင်ဓာတ်အားလုံး ဆုံးရှုံးသွားခဲ့ ပါတယ်။

သံလွင်ဆီ(Olive Oil)

သံလွင်ဆီမှာ ဗီတာမင် အေ၊ ဗီတာမင် ဘီဝမ်း၊ ဘီတူး၊ ဗီတာမင်စီ၊ ဒီ၊ အီးနဲ့ ကေစတဲ့ ဗီတာမင်ဓာတ်တွေ ပါဝင်ပြီး သံဓာတ်နဲ့ အိုမီဂါ ၉ လည်း ပါဝင်ပါတယ်။

ပြောင်းဖူး(Corn)

ပြောင်းဖူးမှာ ဗီတာမင်B1 ဗီတာမင်B5 ဗီတာမင်C ဗီတာမင်B9လို့ခေါ်ဖောလိတ် .....ပြောင်းဖူး၏ ကျန်းမာရေး အာနိသင် မှာဆက်ဖတ်ပါ....

ထောပတ်သီး(Avacado)

အာဟာရများကိုဖြည့်တင်းပေးနိုင်ရုံ သာမက သဘာဝမှရသောသကြား ဓာတ်ကိုထောက်ပံ့ပေးခြင်း၊ကိုယ် အလေးချိန်ကျဆင်းစေခြင်း၊အကျိုး ပြုကိုလက်စတီရောကိုတက်စေပြီး ဆိုးကျိုးပေးသောကိုလက်စတီရော ကိုကျဆင်းစေခြင်း စသည့်အချက်များ ကိုရရှိစေနိုင်သည်ဟု သိရသည်။ယခု လေ့လာမှုတွင် ဖော်ပြထားချက်အရ လေဖြတ်ခြင်းကိုပါ ထောပတ်သီးက ကာကွယ်ပေးနိုင်

လိမ္မော်သီး(Orange)

လိမ္မော်သီး၌ ဖိုင်ဘာမျှင်၊ သံဓာတ်၊ မီးစုန်းဓာတ်၊ ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်၊ ကြေးနီဓာတ်၊ သွပ်ဓာတ်၊ ဆလမ်နီယမ်၊ ကယ်လိုရီ၊ ကယ်လဆီယမ်ဒာတ်၊ဗီတာမင်စီ တို့ပါရှိသည်

မာလကာသီး(Guava)

မာလကာသီး တစ်လုံးတွင် ဗီတာမင်စီမှာ လိမ္မော်သီး တစ်လုံး၌ ပါရှိသည့် ဗီတာမင်စီ ပမာဏထက် ငါးဆခန့် ပိုများသည်။ မာလကာသီး၌ ဗီတာမင်စီ အပြင် အေနှင့် ဘီ၊ ကယ်လ်ဆီယမ်၊ ဖော့စပရပ်စ်၊ ပိုတက်ဆီယမ်၊ သံဓာတ်၊ ဖောလစ်အက်စစ်နှင့် အမျှင်ဓာတ်တို့ ပါဝင်သည်။ အများဆုံး ပါဝင်သော ဓာတ်များမှာ ဗီတာမင်စီ ၃၀၂ မီလီဂရမ်နှင့် ဗီတာမင် အေ ၂၅၀ မီလီဂရမ်တို့ ဖြစ်ကြသည်။ မာလကာသီးကို သီတင်း တစ်ပတ်လျှင် နှစ်လုံးခန့် စားသုံး သွားပါက သွေးတိုး ကျဆင်းစေပြီး နှလုံး ကျန်းမာရေးကို အထောက်အကူ ပြုကြောင်း အမေရိကန် သုတေသန ပညာရှင်များက ပြောကြားသည်။

***

***

***

***

***

***

***

***

***

***

Showing posts with label ကြာဇံ/ခေါက်ဆွဲ. Show all posts
Showing posts with label ကြာဇံ/ခေါက်ဆွဲ. Show all posts

6 Aug 2014

အသင့်စားခေါက်ဆွဲခြောက်များ နှင့် ကျမ္မာရေးအန္တရာယ်

အသင့်စားခေါက်ဆွဲခြောက်ထုပ်ကလေးများဟာ အချိန်မကုန်-အလုပ်မရှုပ်-လွယ်ကူမြန်ဆန်ရုံ သာမက၊ ဆာလောင်မွတ်သိပ်မှုကို အာသာပြေစေလို့  မရှိမဖြစ် ဖြည့်စွက်စာအဖြစ် အရွယ် (၃)ပါးမရွေးစားသုံးနေကြပါတယ်။ နှစ်သက်ရာ အသားအမျိုးမျိုး-ပင်လယ် စာများအပြင် သက် သက် လွတ်တစ်ခါစားအထုတ်လေးများက ဈေးနှုန်းချိုသာသလောက် အရသာလည်းကောင်း တာကြောင့် အကြိုက်တွေ့ လို့ နေကြပါတယ်။
ရံဖန်ရံခါစားသောက်ခြင်းကပြသနာမဟုတ်သော်လဲ၊ ရက်လကြာရှည်စားသုံးခြင်းဖြင့် အောက်ပါ ကျမ္မာရေးဆိုးကျိုးတွေ ဖြစ်စေနိုင်ပါတယ်။

၁။ အသက် ၅ နှစ်အောက် ကလေးငယ်များကို ဖြည့်စွက်စာအဖြစ် လုံးဝမကျွေးပါနှင့်။ အာဟာ ရချို့ တဲ့စေပါတယ်။

၂။ ခေါက်ဆွဲခြောက်ထဲရှိ "Styrofoam' (ခေါ်) ဓာတုပစ္စည်းတစ်မျိုးက ကင်ဆာရောဂါဖြစ်စေနို င်ပါတယ်။

၃။ ကိုယ်ဝန်ဆောင်မိခင်လောင်းများ စားသုံးခြင်းက သန္ဓေသားဖွံ့ ဖြိုးမှုကို ထိခိုက်စေပြီး၊ အခ န့် မသင့်လျှင် ကိုယ်ဝန်ပျက်ကျစေ နိုင်ပါတယ်။

၎။ ခေါက်ဆွဲခြောက်ထဲမှာ ဘေးထွက်ဆိုးကျိုးဖြစ်စေတဲ့ ကစီဓာတ်လွန်ကဲစွာပါရှိပြီး၊ ကျမ္မာရေးကို အထောင်အကူဖြစ်စေတဲ့ ဗီတာမင်၊ အမျှင် နှင့် သတ္တုဓာတ်တို့  လုံးဝမပါရှိပါဘူး။ ဒါကြောင့် "အာ ဟာရမမြောက်တဲ့အစားအစာ" အဖြစ်မှတ်သားထားပါ။

၅။ ခေါက်ဆွဲခြောက်ဖြစ်လာစေဖို့ ဆိုဒီယမ်ဓာတ်များစွာသုံး၍ပြုပြင်ထားလေ့ရှိပါတယ်။ ဆိုဒီယမ် ဓာတ်ကို လိုအပ်သည်ထက်ပို စားခြင်းက နှလုံး၊ လေဖြတ်၊ သွေးတိုးရောဂါ တို့ အပြင် ကျော က်ကပ်ပျက်စီးစေပါတယ်။

၆။ ဆွဲဆောင်မှုကောင်းစေဖို့  ခေါက်ဆွဲခြောက်များကို Monosodium Glutamate ဓာတ်ပေါင်းစု ရနံ့ သုံးထားပါတယ်။ အချို့  စားသုံးသူများတွင် ထိုဓာတ်ပေါင်းးစုဖြင့် မွေးရာပါဓာတ်မတဲတ တ် လို့  ခေါင်းမူး၊ ခေါင်းကိုက် နှင့်အာရုံကြောရောဂါတို့ ဖြစ်စေနိုင် ပါတယ်။

၇။ စွဲစွဲမြဲမြဲစားသောက်ခြင်းက အ၀လွန်ခြင်း နှင့် ရေဓာတ်ခမ်းခြောက်ခြင်း ရောဂါ တို့ စွဲကပ် လာစေပါတယ်။

၈။ ခေါက်ဆွဲခြောက် နေ့ စဉ်စားသုံးသူများတွင် မကြာခဏ အစာမကြေ လေပွလေ့ရှိပြီး၊ အချိန်ြ ကာလာသည်နှင့်အမျှ အစာချေစံ နစ်ကို ဘေးဥပါသ်ဖြစ်စေပါတော့တယ်။

၉။ ခေါက်ဆွဲ ကြာကြာခံစေရန်နှင့် အရောင်လှပစေရန်တို့ အတွက် "Propylene Glycol" (ခေါ်) ချွတ်ဆေး/ဆိုးဆေးတစ်မျိုး ထဲ့သုံးလေ့ရှိပြီး၊ ထိုများဓာတ်ကို ကျောက်ကပ်-နှလုံး-အသည်း စသည့် ကလီစာများက အလွယ်တကူစုပ်ယူသုံးစွဲကြ၍ ကိုယ်ခံ စွမ်းအားဆုတ်ယုတ်လာစေပါတယ်။

၁၀။ ကိုယ်တွင်းဓာတ်များကို ဖောက်ပြန်ပြောင်းလဲကာ ဖောယောင်ခြင်း ဖြစ်တတ်ပါတယ်။

<<စာနာထောက်ထားစွာဖြင့် ဆောင်းပါးရှင်အမည်ကို ပြောင်းလဲခြင်း/ချန်လှပ်ထားခြင်း မျိုး မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည် >>
(ဆောင်းပါးရှင်…ပေါက်ပေါက်..မျှဝေသည်)

21 Jul 2014

*** လာ…တူတူဆွဲကြမယ်..ဟေ့…ခေါက်ဆွဲ (အပိုင်း-၂) ***

< ကိုရီးယားခေါက်ဆွဲ >
ဂျပန်နိုင်ငံနှင့်မရှေးမနှောင်းဆိုသလိုပင်၊ ကိုရီးယားနိုင်ငံမှာလဲ ခေါက်ဆွဲစားသုံးသော ယဉ်ကျေး မှုစတင်လာခဲ့ပါတယ်။ ဒါပေမယ့် ကိုရီးယားတွင် ဂျုံစိုက်ပျိုးမှုမှာ အခြားကောက်ပဲသီးနှံစိုက်ပျိုးမှု ထက် လျော့နဲ့ တဲ့အတွက်၊ ၁၉၄၅ ခုနှစ်အထိ ခေါက်ဆွဲကို တွင်တွင်ကျယ်ကျယ် မစားနိုင်ကြေ သးပါ ဘူး။ ဒုတိယကမ္ဘာစစ်ပြီးနောက်မှာတော့ ဂျုံခေါက်ဆွဲစားသုံးမှုတဟုန်တိုး မြင့်တက်လာ ခဲ့ပါတယ်။ အထူးသဖြင့် မြောက်ကိုရီးယားတွင် naengmyeon (ခေါ်) ခေါက်ဆွဲအေး ကို လြူ ကိုက် များကြပြီး၊ တောင်ကိုရီးယား တွင်တော့ onmyeon (ခေါ်) ခေါက်ဆွဲပူကို လူကြိုက်များ ကြ ပါတယ်။ အာရှနိုင်ငံများ၏ ရှေးရိုးစွဲအယူအဆအတိုင်း၊ မွေးနေ့ တွင် သက်ရှည်ကျမ်းမာစေရန်၊ လက်ထပ်မင်္ဂလာနေ့ တွင် မင်္ဂလာသက်တမ်းအဓွန့် ရှည်စေရန် စသည်ဖြင့် နေ့ ထူးနေ့ မြတ်များ တွင် ခေါက်ဆွဲဟင်းလျာများကတော့ ပွဲလယ်တင့်လျှက်ပါဘဲ။

ကိုရီးယားနိုင်ငံ၏ ထူးခြားမှုတစ်ခုကတော့ ၀က်သစ်ချသီးအမှုန့် ဖြင့် ခေါက်ဆွဲပြုလုပ်ခြင်းပါ။ Dotori guksu ဟု အမည်ရတဲ့ ၀က်သစ်ချသီးခေါက်ဆွဲက soba ခေါက်ဆွဲနှင့် ခပ်ဆင်ဆင်တြူ ပီး၊ ခေါက်ဆွဲအသားထူလို့ ကြော်စားလေ့ရှိကြပါတယ်။ နောက်ထပ် တစ်မျိုးရှိပါသေးတယ်။ dotori guksu လို့ အမည်ရတဲ့ ကြာဇံလို အမျှင်သေးသေးခေါက်ဆွဲလေးပါ။ ဒီခေါက်ဆွဲ ကိုေ တာ့ ခေါက်ဆွဲအေးအဖြစ် စားလေ့ရှိကြပါတယ်။ ကိုရီးယားရိုးရာ ခေါက်ဆွဲဟင်းလျာများကတော့၊ onmyeon (၀ါ) guksu jangguk (ခေါ်) ခေါက်ဆွဲပြုတ်၊ တော်ဝင်ပွဲတွေမှာသာ စားလေ့ရှိတဲ့ Baekmyeon (ခေါ်) ကောက်နှံစပါးနဲ့ လုပ်ထားတဲ့ အဖြူ ရောင်ခေါက်ဆွဲကို ရစ်ဌက်ဖြင့် ချက်လုပ် ထားတဲ့ဟင်းလျာ၊ naengmyeon (ခေါ်) လူးနှံစပါးဖြင့်ပြုလုပ်ထားတဲ့ ခေါက်ဆွဲအေး၊ bibim guksu (ခေါ်) ဟင်းရွက်စုံခေါက်ဆွဲအေးဟင်းလျာ၊ kalguksu (ခေါ်) စက်ဖြတ် ခေါက်ဆွဲ၊ kongguksu (ခေါ်) ပဲပုပ် ခေါက်ဆွဲအေး၊ စသည်ဖြင့် တရုပ်၊ ဂျပန် တို့ နှင့်အပြိုင် ခေါက်ဆွဲကိုေ န့ စ ဉ်သုံး အစားအစာ အဖြစ် ဟင်းလျာပုံစံ အမျိုးမျိုး ချက်ပြုတ်နေကြပါပြီ။

(၁) Jajangmyeon ခေါက်ဆွဲ။ ပဲခေါက်ဆွဲဖြစ်ပါတယ်။ ကိုရီးယားတောင်/မြောက် ရုပ်ရှင်ဇာတ် ကားများတွင် မကြာခဏတွေ့ မြင်ဖူးကြ မှာပါ။ အာဟာရ လဲဖြစ်၊ ဗိုက်လဲပြည့်စေလို့  ထမင်းအ စား နေ့ စဉ်သုံးအစားအစာအဖြစ် ပေါ်ပြူလာဖြစ်လို့ နေပါတယ်။ udon ခေါက်ဆွဲကိုသုံးပြီး၊ black bean (၀ါ) jjajang (ခေါ်) “ပဲလွန်း” အနှစ်ကိုရောထားတာပါ။ zucchini၊ ဂေါ်ဖီ၊ ဟင်းရွက်ဆီ၊ အာ လူးအနှစ်၊ ဂုံးကောင် ငန်ပြာရည်၊ ဆန်ဝိုင်၊ ဂျင်း၊ သကြား၊ နှစ်သက်ရာ ၀က် (သို့ ) အမဲသား (သို့ ) ပင်လယ်စာ တို့ ဖြင့် အရသာအစပ်အဟပ်တဲ့အောင် ပြုလုပ်ထားတာပါ။ အဲဒီပဲခေါက်ဆွဲကို၊ ဟင်း ရွ က်စုံကင်မ်ချီ/သခွားသီးချဉ်သနပ်၊ တို ဖြင့်တွဲဖက် စားလေ့ရှိကြပါတယ်။

(၂) Dongchimi Gooksu ခေါက်ဆွဲ။ ကင်မ်ချီ အဖြူနဲ့ ပြုလုပ်ထားတဲ့ ခေါက်ဆွဲအေးစွပ်ပြုတ်ပါ။ ကင်မ်ချီအဖြူကိုခေါက်ဆွဲမစား ခင် ၃ရက်လောက်ကြိုစိမ်ထားရတာပါ။ somen ခေါက်ဆွဲကို အသုံးပြုထားတဲ့၊ မြောက်ကိုရီးယား သက်သက်လွတ်ခေါက်ဆွဲပြုတ် လေးပါဘဲ။ အသားကြိုက် သူများကလဲ BBQ အသားများထဲ့၍ စားကြပါတယ်။ ဒီခေါက်ဆွဲကို ကာလီဖိုးနီးယားတောင် ဘက်ပိုင်း မှာ နှစ်သက်ကြလွန်းလို့  နွေရာသီစာအဖြစ် စားလေ့ရှိကြပါတယ်တဲ့။

(၃) Memil Guksu ခေါက်ဆွဲ။ ကောက်နှံစပါးနဲ့ လုပ်ထားတဲ့ခေါက်ဆွဲပါ။ အပူရော/အအေးပါ ၂မျိုးလုံးစားနိုင်ပါတယ်။ ပန်းသီးအနီ ရောင်၊ myulchi garu (ခေါ်)ငါးပါးနီမှုန့် ၊ dashima (ခေါ်)ေ ရမှော် ၊ ပဲငပိ၊ သကြာား၊ ဆန်ဝိုင်၊ moo (ခေါ်)မုန်လာဥဖြူ၊ ကြက် သွန်နီ၊ gim (ခေါ်) ရေညှိပြား၊ wasabi (၀ါ) gyoja (ခေါ်) မုန်ညင်းစိမ်း တို့ ဖြင့် အရသာရှိရှိ ချက်ထားတာပါ။ ဒီခေါက်ဆွဲကိုတော့ ပဲငံပြာရည်နဲ့ တို့ စားလေ့ရှိကြပါတယ်။

(၄) Janchi guksu ခေါက်ဆွဲပြုတ်။ ဒီဂျုံခေါက်ဆွဲပြုတ် ပူပူလေးကို မင်္ဂလာဆောင်၊ မွေးနေ့ ပါတီ ပွဲ နှင့် hwangab (ခေါ်) အသက် ၁၆နှစ်ပြည့် မွေးနေ့ တွေမှာ အထူးတလည်စားကြပါတယ်။ အမဲ သားကိုအသုံးပြုလေ့ရှိပြီး၊ zucchini (ခေါ်) ကြက်သွန် မြိတ်၊ ကြက်ဥကြော်တို့ ကို ပါးပါး လှီးကာ အပေါ်မှာဖြူးးထားပါတယ်။ တွဲဖက်စားရန်အတွက် နှမ်းဆီမွှေး၊ ပဲငပိအနှစ်၊ ကြက်သွန် နီ နှင့် ငရုပ်သီးမှုန့်် တို ကိုရောစပ်ပြီး sauce ပြုလုပ်ထားပါတယ်။
+++++++++++++++++++++++++++++++++++
< အာရှတိုက် ခေါက်ဆွဲ >
တရုပ် ပြည်ဖြစ် ခေါက်ဆွဲများသည် အရသာရှိခြင်း၊ အာဟာရဓာတ်ပြည့်ဝခြင်း၊ ကုန်ကျမှုသက် သာခြင်း၊ ပြင်ဆင်ချက်ပြုတ်ရန် လွယ်ကူခြင်း၊ ခေါက်ဆွဲခြောက် အဖြစ်တာရှည်ထိန်းသိမ်း ထားနို င်ခြင်း စသည့် ဂုဏ်သတင်းများကြောင့် အိမ်နီးချင်းနိုင်ငံများတွင် ခေါက်ဆွဲစားသုံးသော ယဉ်ေ ကျး မှု က ရာစုနှစ်ပေါင်းများစွာလွှမ်းမိုးထားနိုင်ခဲ့ပါတယ်။

(၁) Pho ခေါက်ဆွဲ။ ဆန်ပြားခေါက်ဆွဲဖြစ်ပြီး၊ တရုပ်ပြည်ရဲ့  He Fen ခေါက်ဆွဲကို ဆန်းသစ်ထား တာပါ။ ထိုင်းနှင့် ဗီယက်နမ် တို့ တွင် “Pho ခေါက်ဆွဲ” ဟု အမည်တွင်းပြီး၊ ခေါက်ဆွဲကြော် စားေ လ့ရှိကြပါတယ်။

(၂) Idiyappam ခေါက်ဆွဲ။ ဆန် နှင့် ဂျုံ ၂ မျိုးစလုံး လုပ်ထားတဲ့ သေးသေးမျှင်မျှင်ခေါက်ဆွဲလေး ပါ။ တရုပ်ပြည်ရဲ့  La Mian ခေါက်ဆွဲကို ဆန်းသစ်ထားတာပါ။ အိန္ဒိနှင့် သီရိလင်္ကာနိုင်ငံတို့ မှာ “Idiyappam ခေါက်ဆွဲ” ဟု အမည်တွင်ပြီး၊ အိန္ဒိယဟင်းလျာ အမျိုးမျိုး နှင့် chutney.ဟင်းလျာတို့  မှာအသုံးပြုကြပါတယ်တဲ့။

(၃) Rice Vermicelli ဆန်မှုန့် နဲ့ ပြုလုပ်ထားတဲ့ ဆန်ကြာဇံလေးပါ။ တရုပ်ပြည်ရဲ့  cellophaneေ ခါက်ဆွဲနဲ့  ခပ်ဆင်ဆင် တူပါတယ်။ စင်္ကာပူနိုင်ငံမှာတော့ satay been hoon (ခေါ်) မြေပဲဆာေ တးေ ခါက်ဆွဲကြော် နှင့် hokkien mee (ခေါ်) ပင်လယ်စာ ခေါက်ဆွဲကြော် တို့ တွေမှာ အသုံြး ပုေ လ့ရှိပါတယ်။ ဖိလစ်ပိုင်နိုင်ငံတွင်တော့ pancit ခေါက်ဆွဲကြော်အဖြစ် မွေးနေ့  ပွဲ များတွင် စား သုံး လေ့ရှိကြပါတယ်။

(၄) Wonton ခေါက်ဆွဲ။ ဟောင်ကောင်မှာ ရေပန်းစားနေတဲ့ ကြက်ဥ (သို့ ) ဘဲဥ တို့ ဖြင့် ပြုလုပ် ထား တဲ့ ၀ါဖျော့ ဖျော့ ခေါက်ဆွဲ ပြားပါ။ ဖက်ထုပ်လုပ်ရာတွင် အသုံးပြုလေ့ရှိပြီး၊ Dim Sum ဖက် ထုပ်ပေါင်း၊ ဖက်ထုပ်ဆီချက်၊ ဖက်ထုပ်ပြုတ်အဖြစ် အသုံးပြုလေ့ ရှိပါတယ်။

(၅) အုန်းနို့ ခေါက်ဆွဲ။ အားလုံးသိကြတဲ့အတိုင်း မြန်မာ့ရိုးရာအစားအစာ “မုန့့်ဟင်းခါး”မုန့် ဖတ် သည် ဆန်ဖြင့်လုပ်ထားတဲ့ ဆန် ခေါက်ဆွဲတစ်မျိုးပါဘဲ။ ဂျုံကြာဇံ/ ဆန်ကြာဇံ များကလည်း ခေါက် ဆွဲမျိုးရင်း ဖြစ်ကြပါတယ်။ မြန်မာပြည်မှာ ဆန်ခေါက်ဆွဲ၊ ဂျုံခေါက်ဆွဲ၊ ညှပ်ခေါက်ဆွဲ၊ နန်းကြီး၊ နန်းသေး၊ ဆန်ပြား၊ လက်ညှစ်မုန့် ဖတ် စသည်ဖြင့် အမျိုးမျိုးရှိပြီး၊ ခေါက်ဆွဲသုပ်၊ အသုပ်စုံ၊ ခေါက် ဆွဲကြော်၊ ခေါက်ဆွဲပြုတ်၊ ခေါက်ဆွဲအေး၊ ကြာဇံချက်၊ ကြာဇံကြော်၊ ကြေးအိုး၊ ကြေးအိုးဆီချက်၊ ဆီချက်ခေါက်ဆွဲ၊ ဆန်စီး၊ ရှမ်းခေါက်ဆွဲ၊ မြီးရှည်၊ အုန်းနို့ ခေါက်ဆွဲ၊ နို့ စိမ်းခေါက် ဆွဲ၊ ကော်ရ ည်၊ ခေါက်ဆွဲကြွတ်ကြော်၊ ရခိုင်မုန့် တီ စသည်ဖြင့် လူမျိုးဘာသာမရွေး အရွယ် ၃ပါးမရွေး စား သုံး ကြပါတယ်။ ဂျုံခေါက်ဆွဲကို ကြက်သား၊ အုန်းနို့ ၊ ကုလားပဲမှုန့် ၊ ဘဲဥ၊ ကြက်သွန်နီ၊ ကြက် သွန်ြ ဖူ၊ ဂျင်း၊ ဆီ၊ ငါးငန်ပြာရည်၊ ငရုပ်သီး တို့ ဖြင့် ချက်လုပ်ထားပြီး၊ ကြက်သွန်နီ၊ သံပုရာရည်၊ မုန့် ကြွပ်ကြော် နှင့် ဘဲဥပြုတ် တို့ ကို အပေါ်မှဖြူး၍ အရသာရှိရှိစားရသော အုန်းနို့ ခေါက် ဆွဲေ လး ပါ။ အာရှတိုက်၏ အကောင်းဆုံး ဂျုံခေါက်ဆွဲ အစားအစာ စာရင်းထဲတွင် မြန်မာ့အုန်းနို့ေ ခါက် ဆွဲ ကို Burmese Chicken-Coconut Soup (Ohn No Kyawswe) မီနူး အဖြစ် မှတ်တမ်းတင် ဖော်ပြထားပါတယ်။
+++++++++++++++++++++++++++++++++++
< အရှေ့ အလယ်ပိုင်းဒေသ ခေါက်ဆွဲ >
သမိုင်းရာဇ၀င်များအရ၊ ၄ ရာစုနှစ်လောက်တွင် အာရပ်ကုန်သည်များ တရုပ်ပြည်သို့  အလည်ေ ရာ က်ရှိ လာခဲ့ချိန်မှစပြီး၊ အရှေ့  အလယ်ပိုင်းဒေသမှာ ခေါက်ဆွဲစားသုံးသော အလေ့အကျင့်စ တင်လာခဲ့ပါတယ်။

(၁)Arabian Baked Pasta ဟင်းလျာ။ Macaroni (ခေါ်) ဂျုံခေါက်ဆွဲအခေါင်းပွ(အခြောက်) ကို ပြုတ်ြ ပီးတော့ ကြက်သား စဉ်းကော၊ အာလူး၊ ငရုပ်ကောင်း၊ ကြက်သွန်နီ ၊ ဂျင်း၊ ဆား၊ သံ လွင် ဆီ၊ နံနံပင်၊ ဂျုံဖြူ၊ ထောပတ်၊ safayd dakni mirch (ခေါ်) အာရပ်ဟင်းမွှေးငရုပ်ကောင်း မှုန့် အဖြူ၊ နွာနို့ ၊ ကြက်ဥ၊ Cheddar ချိစ်တိုဖြင့် အရောအနှော စုံလင်စွာစီမံထားပြီး၊ သင်းပျံ့ မွှေြး ကိုင်တဲ့ အာရေဗျစတိုင်လ် ခေါက်ဆွဲဟင်းလျာ ကိုတော့ နေ့ စဉ်သုံးအစားအဖြစ် အဖြစ် စားသော က်လေ့ရှိကြပါတယ်။

(၂) Sizzling Noodles with Vegetables။ သက်သက်လွတ်ဟင်းရွက်စုံ ခေါက်ဆွဲအကျွတ်ြေ က်ာကလေးပါ။ အ၀ါရောင်ဂျုံ ခေါက်ဆွဲအပြားကိုအသုံးပြုပြီး၊ ဟင်းရွက်ဆီ၊ ဗိုစားပဲသီး၊ မုန်ုလာ ဥနီ၊ ဂေါ်ဖီ၊ ဆား၊ ငရုပ်ဆီ၊ ပဲငန်ပြာရည်၊ ပြောင်းဖူးမှုန့် ၊ ငရုပ်သီးစိမ်း၊ ရှာလကာရည် တို့ ဖြ င့်ြေ က်ာထားပြီး၊ အနံ့ အရသာအတွက် ကြက်သွန်မြိတ် နှင့် ငရုပ်ကောင်းမှုန့် ဖြူးထားပါတယ်။ ဒီေ ခါက်ဆွဲကြော် ပူပူစပ်စပ်လေးကို၊ အာရေဗျနိုင်ငံသားများ အထူးကြိုက်နှစ်သက်ကြတယ် လို့ ဆိုပါ တယ်။
+++++++++++++++++++++++++++++++++++
< ဥရောပတိုက် ခေါက်ဆွဲ >
ကမ္ဘာကြီးက ရွာကလေးဆိုသလိုပါဘဲ။ ထိုခေတ်ထိုအခါကတည်းကပင် ကုန်သင်္ဘောဖြင့် ကုန် သွယ်ေ ဖာက်ကားကြပြီး၊ တရုပ် ပြည်ရှိ ခေါက်ဆွဲများသည် အာရှတိုက်၊ အရှေ့ အလယ်ပိုင်းေ ဒသ၊ ဥရောပတိုက် စသည်ဖြင့် လက်ဆင့်ကမ်းပျံ့ နှံ့ လာခဲ့ကြ ပါ တယ်။ ၁၂ရာစုနှစ်အထိ ဥရော ပတိုက်တွင် ခေါက်ဆွဲကို ဖောဖောသီသီ မတွေ့ ရသေးပါဘူး။ ၁၃ရာစုနှစ် လောက်တွင်တော့ ကမ္ဘာလှည့် အီတလီကုန်သည်ကြီး Marco Polo က တရုပ်ပြည်မကြီးမှအပြန်တွင် Venice မြိုေ့ တ်ာသို့  ခေါက်ဆွဲခြောက်များ သယ်ဆောင်လာခဲ့ပါတယ်။ လမ်းခရီးတွင်မုန်တိုင်း မိပြီး၊ ခေါက် ဆွဲေ တွ ရေစိုကာပွလာပါတယ်တဲ့။ ထိုအခါ သင်္ဘောစားဖိုမှူးက ခေါက်ဆွဲတွေကိုပြုတ်ပြီး၊ သေ င်္ဘာပေါ်ရှိကျေးကျွန်များကို ချက်ကျွေးခဲ့ပြီး Pasta လို့ အမည်ပေးခဲ့ပါတယ်။ ယနေ့ ချိန်ထိ အီ တလီ မှာ pasta ကို ရှေးယခင်နည်းအတိုင်း လက်ဖြင့်သာလုပ်လေ့ရှိကြပါတယ်။

နည်းပညာများလဲ တဖြည်းဖြည်းတိုးတက်လာပြီဖြစ်ရာ၊ ၁၇ ရာစုနှစ်မှာတော့ အီတလီနိုင်ငံရဲ Napoli ဒေသမှာ ခေါက်ဆွဲဖြင့် စီမံထားတဲ့ နံမည်ကျော် spaghetti ကို စတင်ဖန်တီးခဲ့တာပါ။ ယခုခါမှာတော့ အီတလီတွင် spaghetti ခေါက်ဆွဲအပြင်၊ fettuccine, linguine နှင့် capellini စသည့် ခေါက်ဆွဲများရရှိနိုင်ပါတယ်။ ဒါ့အပြင် pasta ပုံစံမျိုး စားရသော lasagna, ravioli, rotini, gemelli နှင့် mostaccioli တို့ လဲစားသောက်နေကြပါတယ်။ ယနေ့ ဥရောပတိုက်၏ ခေါက်ဆွဲ အစားဆုံး နိုင်ငံမှာ အီတလီဖြစ်ပြီး၊ ပြင်သစ် က ဒုတိယလိုက်ပါတယ်။

အမေရိကတိုက်တွင်တော့ ၁၇ ရာစုနှစ်နှောင်းပိုင်းအထိ၊ ခေါက်ဆွဲကို တွင်ကျယ်စွာ မစားသုံး တတ်ြ ကေ သးပါဘူး။ ၁၈ ရာစု နှစ်ဦးတွင် ဆေးသိပ္ပံပညာရှင်များ သုတေသနပြုကြရာမှာ ကြက်သားခေါက်ဆွဲစွတ်ပြုတ် က အအေးမိနှာစေးချောင်းဆိုး၊ တုပ်ကွေးရောဂါများအတွက် အထူးသင့်လျော်ပြီး၊ အဆာလည်းကျေစေကာ ကျန်းမာရေးနဲ့ ညီညွတ်စေကြောင်း အဖြေထွက် ရှိခဲ့ရာမှစ၍၊ ခေါက်ဆွဲပြုတ် ကို နေ့ စဉ်သုံးအစားအစာအဖြစ် စားသုံးလာခဲ့ကြပါတယ်။

(၁) Bow Ties with Sausage and Sweet Peppers ယနေ့  အီတလီမှာ ရေပန်းစားနေတဲ့ pasta ဟင်းလျာလေးပါ။ pasta အခြောက်ကိုပျော့သွားအောင်ရေနွေးဖျောပြီးတော့၊ ရနံ့ အရသာ ထဲ့ ထားတဲ့ အီတလီဝက်အူချောင်း၊ ပန်းငရုပ်ချိုသီး၊ အမဲသား တို့  နဲ့  ချက်ထားတာပါ။ အရသာ ချိုချိုေ လးမို့  ကလေးရော၊ လူကြီးပါ ကြိုက်နှစ်သက်ကြပါတယ်။ လုပ်ရတာရိုးရှင်းလွယ်ကူပြီး၊ ဟင်းလျာအဖြစ်ရော၊ သွားရည်စာအဖြစ်ပါ စားလေ့ရှိကြပါတယ်တဲ့။

(၂) Spanish Noodle Paella ဈေးကြီးတဲ့စပိန်စတိုင်လ် spaghetti ခေါက်ဆွဲကြော်ပါ။ စားရ လွယ်အောင် ၁လက်မ အရွယ်လှီး ဖြတ်ထားတဲ့ spaghetti ခေါက်ဆွဲ ကို ပုစွန်ထုပ်၊ ဂုံးကောင်၊ ဖဲ့ချေထားသော အ၀ါရင့်ရောင်ရှိတဲ့ကုံကုမံ၊ ကြက်သွန်နီ၊ အနီ ရောင်ငရုပ်ပွ၊ အီတလီမုန်လာရွက်၊ ကြက်သွန်ဖြူ၊ အစေ့ထုတ်ကာလှီးဖြတ်ထားသော ခရမ်းချဉ်သီး၊ အရသာချိုသော ဟန်ဂေရီ အနီေ ရာ င်ငရုပ်ကောင်းမှုန့် ၊ ကမာကောင်အချိုရည်၊ တို့ ဖြင့် အရသာရှိရှိရောစပ်ကာ သံလွင်ဆီ ဖြ င့်ကြော်ထားတာပါ။ အဲဒီ ခေါက်ဆွဲကြော်ကို စားသောက်ဆိုင်ကြီးများတွင် ပန်းကန်ကိုမသံးဘဲ၊ ကမာကောင်အခွံကြီးထဲထဲ့ကာ တည်ခင်းဧည့်ခံလေ့ ရှိပါတယ်။

(၃) French Creamed Chicken and Noodle Soup။ ပြင်သစ်နိုင်ငံ မှာ ဂျုံခါက်ဆွဲတွေထက်၊ ကြက်ဥခေါက်ဆွဲကိုသာ အစားများကြပါတယ်။ ပန်းသီးကိုဖောဖောသီ သုံးထားတဲ့ ဒီကြက်ဥေ ခါက်ဆွဲစွပ်ပြုတ်ကို ပြင်သစ်ရဲ့ အကောင်းဆုံးခေါက်ဆွဲဆိုင် “Paris noodle house” မှာ နေ့ စဉ် ၀ယ်လိုအားကောင်းနေတယ်လို့ ဆိုပါတယ်။ ဦးစွာပထမ ပန်းသီးကိုထောပတ်နှင့်ကြော်ပြီး၊ ကြက် ရင်ပုံသားကို အတုံးကြီးကြီးထဲ့ကာ ပန်းသီးဘရန်ဒီ၊ ပန်းသီးရှာလကာရည် နှင့် ပန်းသီးအရက် တို့ ဖြင့် အသားကို နူးအိနေ အောင် ပြုတ်ထားပြီးနောက် ကြက်ဥခေါက်ဆွဲ၊ ဒိန်ခဲအမာ နှင့် ချိုငန် အရသာတို့ ကို သင့်သလိုခတ်ထားပါတယ်။ ပြီးတော့ အပေါ်ယံဝေ့နေတဲ့ ထောပတ်နဲ့ ဒိန်ခဲ အဆီတို့ ကိုဖယ်ရှားပြီး၊ leek (ခေါ်)ကြက်သွန်နီအပင်တစ်မျိုးကို ကတ်ကြေးဖြင့် ညှပ်၍ှဖြူး ကာ၊ ငရုပ်ကောင်းထဲ့ စားကြပါတယ်။
+++++++++++++++++++++++++++++++++++++++++++
ယနေ့ မြန်မာပြည်မှာ လူနေမှုအဆင့်အတန်း တိုးတက်ခေတ်မှီလာသည့်အလျှောက်၊ နိုင်ငံခြား အစားအစာများကလဲ မြန်မာ ပြည်သူပြည်သားများနဲ့  မစိမ်းတော့ဘဲ ခံတွင်းတွ့ နေကြပါ တယ်။ နိုင် ငံတကာ ခေါက်ဆွဲ ဟင်းလျာတို့ ကို ကမ္ဘာပတ်စားနေစရာ မလိုဘဲ၊ ပြည်တွင်းရှိ ဟိုတယ်ကြီးများ၊ စားသောက်ဆိုင်ကြီးများနဲ့  Noodle House ဆိုင်တွေမှာ လွယ်လင့်တကူ စားေ သာက်နိုင် ပါတယ်။ ဒါ့အပြင် နိုင်ငံတကာရှိ သန့် ရှင်းလတ်ဆတ်သော ready made (ခေါ်) အသင့်စားအထုပ်များလဲ စူပါမားကတ် ဆိုင်များမှာ ရနေပြီမို့  မိမိအိမ်မှာပင် ၀ိုင်းဖွဲ့ စားေ သာက်နို င်ပါကြောင်း။

(ဆောင်းပါးရှင်…ပေါက်ပေါက်…မျှဝေသည်)
<<စာနာထောက်ထားစွာဖြင့် ဆောင်းပါးရှင်အမည်ကို ပြောင်းလဲခြင်း/ချန်လှပ်ထားခြင်းမျိုး မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည် >>

လာ…တူတူဆွဲကြမယ်..ဟေ့…ခေါက်ဆွဲ (အပိုင်း-၁)

ခေါက်ဆွဲဆိုတာဘာလဲ? အလွယ်ဖြေရရင်တော့ ခေါက်ဆွဲဆိုတာ ဂျုံမှုန့် ကို ရေဆူဆူမြှာ ပုတ် ထားတဲ့ ဂျုံဖတ်ပါဘဲ။ အဲဒီဂျုံဖတ်ကို လိမ်၍သော်လည်းကောင်း၊ နှစ်ခုပူး၍သော် လည်းေ ကာင်း၊ မွှေ၍သော်လည်းကောင်း၊ ဘရပ်ရှ်နှင့်တိုက်၍သော်လည်းကောင်း၊ လက်ဖြင့်ပွတ်၍သော် လည်းေ ကာင်း၊ ဖိ၍သော်လည်းကောင်း၊ လှည့်၍သော်လည်းကောင်း၊ ညှစ်ချ၍သော်လည်းေ ကာင်း၊ ဆွဲ၍ သော်လည်းကောင်း စသည်ဖြင့် စားဖွယ်စုံအတွက် ခေါက်ဆွဲဖတ်ကို ပုံသဏ္ဌာန် အမျိုး မျိုး ပြုလုပ်ကြခြင်းဖြစ်ပါတယ်။ ယေဘုယျ အားဖြင့် ခေါက်ဆွဲကို အကြော်၊ အသုပ်၊ ခေါက် ဆွဲပူ /ခေါက်ဆွဲအေးစွပ်ပြုတ် ဟူပြီး စားလေ့ရှိကြပါတယ်။

ခေါက်ဆွဲရာဇ၀င် အစကဘယ်ကလဲ? ဆိုတာနဲ့ ပတ်သက်ပြီး၊ အငြင်းပွားမှုကလေးတွေရှိခဲ့ကြ ပါတယ်။ အချို့ က ခေါက်ဆွဲ အစ မြေထဲပင်လယ်တိုင်းပြည်ကလို့ ဆိုကြသလို၊ အချို့ ကလဲ ခေါက် ဆွဲအစ အရှေ့ အလယ်ပိုင်းဒေသ “အာရပ်” က လို့ ဆိုကြပြန်ပါ တယ်။ ဒီအငြင်းပွားမှုတွေ အတွက်၊ နိုင်ငံကတာ ရှေးဟောင်းယဉ်ကျေးမှုလေ့လာရေးသုတေသီများက သမိုင်းရာဇ၀င်များကို အကျိတ်အနယ် ပြန်လည်တူးဆွကြတာပေါ့။ နောက်ဆုံးမှာတော့ ဘေဂျင်း ရှိ The Chinese Academy of Sciences မှ ရှေးဟောင်းယဉ်ကျေးမှုသုတေသနအဖွဲ့ ခေါင်းဆောင် Houyuan Lu ဆိုသူက Han မင်းဆက်မှစ၍ Qing မင်းဆက်အထိ ခေါက်ဆွဲပြုလုပ် စားသုံးခဲ့ပုံ အဆင့်ဆင့် ကို တရုပ်ပြည်သမိုင်းကြောင်း အထောက်အထားများ နဲ့  အခိုင်အမာ အတည်ပြု လိုက်မှသာ၊ အငြင်းပွားမှုများ တခန်းရပ်သွားခဲ့ပါ တယ်။ ယနေ့ ကမ္ဘာမှာတော့ ခေါက်ဆွဲ ဆိုတာ တူချောင်းေ လး ၂ ချောင်းဖြင့် ထိုးဆွစားရသော တရုပ်အစားအစာ တစ်ခုဖြစ်ကြောင်းကို စိုးစဉ်းမျှယုံမှား သံသယဖြစ်ဖွယ် မရှိတော့ပါဘူး။

ခေါက်ဆွဲအစ..ဘယ်ဒေသက.. လို့ မည်သို့ ပင်အငြင်းပွားခဲ့စေကာမူ၊ ခေါက်ဆွဲစားသုံးသော ယဉ်ကျေးမှု ထွန်းကားလာသည့် အလျောက်၊ ပစ္စုပ္ပန်ကာလမှာတော့ အာရှ/ဥရောပတိုက်အားလုံး တွင် ခေါက်ဆွဲ က အဓိကအစားအစာအဖြစ် နေရာယူလျှက် ရှိနေပါပြီ။ နေရာဒေသယဉ်ကျေး မှုပေါ်လိုက်၍ ဂျုံ/လူး/ဆပ်/ဆန်/ပြောင်း/ကြက်ဥ တို့ ကို အခြေခံကာ ခေါက်ဆွဲ အဖြစ် ဖန် တီး/ ပြင်ဆင်/ ခေါ်ဝေါ်ပုံချင်း မတူညီကြခြင်းသာ ဖြစ်ပါတယ်။
+++++++++++++++++++++++++++++++++++
< တရုပ်ခေါက်ဆွဲ >

ရှေးလွန်ခဲ့သော နှစ်ပေါင်း ၄၀၀၀ ကျော်ကတည်းကစပြီး၊ မြစ်ဝါမြစ်တည်ရှိ ရာ၊တရုပ်ပြည်မြောက် ပိုင်းဒေသတွင် လူးစပါးပင် မှ ခေါက်ဆွဲလုပ်ခဲ့ကြလေ၏။ ခေတ်ကာလရွေ့ လျားလာပြီးနောက် AD ၁၀၀ ခန့် မှစ၍ ဂျုံဖြင့် ပြောင်းလဲလုပ်ခဲ့ကြသော်လဲ၊ ယနေ့  ချိန် ထိ တရုပ်ပြည်မြော က်ပိုင်း တွင် ခေါက်ဆွဲလုပ်ရန် ကုန်ကြမ်းအဖြစ် လူးစပါးများကို တွင်တွင်ကျယ်စိုက်ပျိုးလျှက် ရှိနေကြတုန်း ပါ။ တရုပ်ပြည်တွင် ခေါက်ဆွဲဆိုင်များကို ဖွင့်လှစ်လာကြတာ Sung မင်းဆက်မှစ၍ ယနေ့ ထက် တိုင်အောင်ပါဘဲ။ တရုပ်ရိုးရာ အရ ခေါက်ဆွဲ သည် “အသက်ရှည်သည်” သက်ဝင်ယုံကြည်ကြ တဲ့အတွက် မွေးနေ့ ပွဲနှင့် နှစ်ကူးပွဲများတွင် မဖြစ်မနေစားကြပါ တယ်။ တရုပ်ပြည်ရဲ့  birthday cake ဟာ birthday noodles ပါဘဲတဲ့။

(၁)La Mian ခေါက်ဆွဲ။ တရုပ်လို La = ဆွဲဆန့်  Mian = ခေါက်ဆွဲ ဟု အဓိပ္ပါယ်ရသော La Mian ခေါက်ဆွဲ ကတော့ ရှေးရိုးရာ လက်ဖြင့်လုပ်တဲ့ခေါက်ဆွဲဖြစ်ပါတယ်။ သူတို့ ဆီမှာတော့ “လက်ဆွဲခေါက်ဆွဲ” လို့ ခေါ်ဝေါ်ကြပါတယ်တဲ့။ ဂျုံမှုန့် နှစ်အရည် ပျစ်ပျစ်စပ်ထားပြီး၊ လက်ဖြင့် လိမ်ပြီးတော့ ဆွဲဆန့် ကာ၊ အမျှင်သေးသေးရှည်ရှည်ပြုလုပ်ထားတဲ့ လက်လုပ်ခေါက်ဆွဲလေးပါ။ ဒီ အဖြူရောင် ခေါက်ဆွဲကို ခေါက်ဆွဲပြုတ် ၊ ခေါက်ဆွဲကြော်အဖြစ်အသုံးပြုလေ့ရှိပါတယ်။ တရုပ်ပြည်မှာသာမက၊ အမေရိကန်မှာလဲ လူကြိုက်များတဲ့ ခေါက်ဆွဲအမျိုးအစားဖြစ်ပါတယ်။

(၂)Mee Pok ခေါက်ဆွဲ။ ဂျုံ နဲ့ လုပ်ထားတဲ့ ၀ါဖျော့ဖျောရောင့် ခပ်ြပားပြား ခေါက်ဆွဲလေးပါ။ ဒီခေါက်ဆွဲကိုတော့ အသားပြုတ်ရည် ဖြင့် ခေါက်ဆွဲပြုတ်လေ့ရှိကြပြီး မှို၊ နှင့်အသားတို့  ကို နုပ်နု ပ်စင်းစင်းကာ အပေါ်မှဖြူးကာ၊ အချဉ်ရည်တို့ ၍ စားသုံးကြပါတယ်။ ငါးဆုပ်လုံး ခေါက် ဆွဲပြုတ် အဖြစ်လဲ စားကြပါတယ်။ စင်္ကာပူ၊ ထိုင်း နှင့် မလေးရှားတို့ တွင်တော့ “bak chor mee” လို့  ခေါ်ကြ ပါတယ်။

(၃)He Fen ခေါက်ဆွဲ။ ဆန်ဖြင့်လုပ်ထားတဲ့အဖြူရောင် ခေါက်ဆွဲပြားဖြစ်ပါတယ်။ အမဲသာြး ဖင့် ကြော်စားလေ့ရှိကြပြီး၊ “chao fen” ခေါက်ဆွဲကြော်လို့ ခေါ်ကြပါတယ်။

(၄)Cellophane ခေါက်ဆွဲ။ ခေါက်ဆွဲရဲ့ ပုံသဏ္ဍာန်က ကြာဇံလို ပိန်သေးသေးလေးဖြစ်ပြီး၊ အလင်းရောင်ဖောက်မြင်ရပါတယ်။ ရှေးယခင်ကတော့ ပဲတီးစိမ်းအနှစ်မှ ပြုလုပ်လေ့ရှိပြီး၊ ယခုနောက်ပိုင်းမှာတော့ မျောက်ဥ၊ အာလူး၊ ပလောပီနံ စတဲ့ကော်မှုန့် တို့  မှ ပြုလုပ်လာကြပါတယ်။ ဒီခေါက်ဆွဲကို ဟော့ပေါ့၊ ခေါက်ဆွဲစွပ်ပြုတ်၊ ခေါက်ဆွဲကြော် စသည်ဖြင့် အမျိုးမျိုး လုပ်စားနိုင်ပါတယ်။ တရုပ်ပြည်သာမက၊ ဂျပန်၊ ကိုရီးယား၊ ဗီယက်နမ် စတဲ့ အရှေ့ တောင်အာရှနိုင်ငံများမှာ တွင်ကျယ်စွာ စားနေကြတဲ့ ခေါက်ဆွဲပါ။

(၅)ခေါက်ဆွဲအေး (ခေါ်) Cold noodle ခေါက်ဆွဲအေးစားသုံးမှု ကို တရုပ်ပြည်မှာ အုပ်စိုးခဲ့တဲ့ တစ်ဦးတည်းသော နန်းဆက် ဘုရင်မ Wu Zetian က စတင်ဖန်တီးခဲ့တာလို့ ဆိုပါတယ်။ သူမရဲ့ အသက် ၁၄ နှစ်မြောက်မွေးနေ့ မှာ၊ ကြင်ယာတော် ဖြစ်သူ နှင့်အတူ ထူးထူးခြားခြား စားရန်အတွက် သူမ ကိုယ်တိုင် စားဖိုမှူး ကို ခေါက်ဆွဲအေး စီမံခိုင်းတာပါတဲ့။ ဒီခေါက်ဆွဲအေးကိုတော့ La Mian ခေါက်ဆွဲ နဲ့ ချက်ရတာပါ။ အနံ့ အရသာအတွက် နှမ်းဆီ နှင့် ပဲငန်ပြာရည် ကို အသုံးပြုထားပြီး၊ ကြက်သားဖြင့်သာ လုပ်လေ့  ရှိကြပါတယ်။ ခေါက်ဆွဲအေးကို သွားရည်စာအဖြစ်သာ စားလေ့ရှိပြီး၊ တရုပ်ပြည်မှာတော့ Ji Si Liang Mian လို့  ခေါ်ကာ၊ အခြားနိုင်ငံတွေမှာတော့ “sesame noodles with chicken” လို့ ခေါ်ကြပါတယ်။

(၆)Dan Dan ခေါက်ဆွဲ။ တရုပ်ပြည် စီချွမ်း ပြည်နယ်မှာ ၁၈၄၁ လောက် က စတင်ခေတ်စား လာတဲ့ ခေါက်ဆွဲပါ။ ထိုကာလ တွင်တရုပ်ပြည်မှာ စားဝတ်နေရေးအတွက်တော်တော်လေး လုံးပ န်းကြရတဲ့အတွက် ခေါက်ဆွဲကို လူသွားလမ်းဘေးရှိ ၀ါးပေါ် မှာခင်းရောင်းကြရခြင်းဖြစ် ပါ တ ယ်။ ၀ါးကို အစွဲပြုပြီး တရုပ်လို Dan Dan လို့  အမည်တွင်ခဲ့တာပါ။ ရေဆူဆူထဲ မှာ ခေါက်ဆွဲ အစို နှင့် အတူ ငရုပ်ဆီ၊ ပဲငပိ တို့ ကိုပါတခါတည်းထဲ့ပြုတ်လေ့ရှိပြီး၊ တရုပ်ငရုပ်ကောင်း နှင့် ဟင်း သီးဟင်းရွက်ခတ်ထားတဲ့ ပူပူစပ်စပ် အရသာ သက်သက်လွတ်ခေါက်ဆွဲပြုတ်လေးပါ။ အဲဒီ အချိန် တုန်းကတော့ လမ်းဘေးအစားအစာမို့ လူကုံတန်တွေ စားလေ့မရှိကြ ပါဘူးတဲ့။ ယခု အခါ မှာတော့ တရုပ်ပြည်ရှိ လူကုံတန် အသိုင်းအ၀ိုင်းများသာမက၊ တစ်ကမ္ဘာလုံးရှိ တရုပ် စားေ သာက် ဆိုင်ကြီးတွေ မှာပါ Dan Dan Noodle မီနူးက ပေါ်ပြူလာဖြစ်လို့ နေပါပြီ။ ဒီ ခေါက်ဆွဲ ကိုတော့ ကြက်သားကို မသုံးဘဲ၊ အမဲသား (သို့ မဟုတ်) ၀က်သားဖြင့်သာ ပြုလုပ်ေ လ့ရှိကြ ပါတယ်။
+++++++++++++++++++++++++++++++++++
< ဂျပန်ခေါက်ဆွဲ >

အေဒီ ၅၀၀ ခန့် တွင် တရုပ်ဘုန်းတော်ကြီးများ သာသနာပြုရာမှစ၍ ဂျပန် နိုင်ငံတွင် ခေါက်ဆွဲကို ဆန်အစားထိုး ပင်တိုင်အစား အစာအဖြစ် စားသုံးလာခဲ့ကြပါတယ်။ ဆွေမျိုးပေါက်ဖော် တရုပ် တို့ ယုံကြည်မှုအတိုင်း ဂျပန်နိုင်ငံမှာလဲဘဲ၊ “သက်ရှည်ကျန်းမာ ဘေးဘယာကင်းဝေးသည်” ဟု သက်ဝင်ယုံကြည်မှုဖြင့် ခေါက်ဆွဲကို ဘာသာရေးပွဲများ၊ မွေးနေ့ ပွဲများနှင့် လက်ဘက်ရည်ပွဲတော် များတွင် မဖြစ်မနေစားသုံးကြပါတယ်။ ဒုတိယကမ္ဘာစစ်ရောက်တဲ့အခါမှာတော့၊ အစာရေဆြာ ပတ် လတ် မှု ပြသနာကိုဖြေရှင်းရန် အတွက် တာရှည်ခံအောင် ခေါက်ဆွဲခြောက်ကို စတင်ဖန်တီးထုတ်လုပ်လာခဲ့ကြပါတယ်။

(၁)Soba ခေါက်ဆွဲ။ buckwheat (ခေါ်) ကောက်နှံစပါးသီးနှံတစ်မျိုးဖြင့်လုပ်ထားတဲ့ Soba ခေါ က်ဆွဲကို ၁၆၀၀ခုနှစ် အစောပိုင်း Edo မင်းဆက်မှာ စတင်စားသုံးခဲ့တာပါ။ buckwheat တစ်မျိုး ထဲ ဆိုရင် အစေးမကပ်တဲ့အတွက် ကော်ဓာတ်ရအောင် ဂျုံမှုန့် ပါ အနည်းငယ် ထဲ့နယ်ပေးရပါ တယ်။ ကောက်နှံနှင့်ဂျုံပါ ရောထားသောကြောင့် သီးနှံမှရတဲ့ သဘာဝ သီအာမင်ဓာတ် ပါရှိလို့  ကျန်းမာရေးနဲ့ အထူးသင့်တော်ပါတယ်။ တိုကျိုမြို့ တော်အပြင်၊ ဂျပန်နိုင်ငံရဲ့ အရှေ့ ဘက် ကမ်း ရိုးတန်းတလျှောက် ကန်တို မြို့ တို့  မှာ ပေါ်ပြူလာဖြစ်လို့  နေပြီး၊ နံက်စောစောစာ နှင့် ဘာသာေ ရးပွဲတော်များအတွက် မရှိမဖြစ်တဲ့ ခေါက်ဆွဲလေးပါဘဲ။ ခေါက်ဆွဲ အသားက အင်မတန် နူး ညံ့ပျော့ပျောင်းလို့  သယ်ယူဘို့ အဆင်မပြေတဲ့အတွက် အခြားနိုင်ငံတွေမှာတော့ ဂျပန်ရဲ့  Soba ခေါက်ဆွဲ အခြောက်ကိုသာ မြင်တွေ့ ရမှာပါ။ ဒီခေါက်ဆွဲကို dashi အသားပြုတ်ရည် နှင့် ဟင်းသီးဟင်းရွက်ရောပြွမ်းသော ခေါက်ဆွဲစွပ်ပြုတ်အဖြစ် အပူရော အအေးပါ ၂-မျိုးစလုံး စားကြ ပါတယ်။ အရသာပိုပေါ်လွင်အောင် saue ဖြင့်တွဲဖက်စားလေ့ ရှိ ပါတယ်။

(၂)Somen ခေါက်ဆွဲ။ ဒီခေါက်ဆွဲကလည်း Edo မင်းဆက်လက်ထပ်မှာ ပေါ်ခဲ့တာပါဘဲ။ ဂျုံဖြင့် လုပ် ထားတဲ့အဖြူရောင် ခေါက်ဆွဲ မျှင်မျှင်လေးပါ။ အထူးသဖြင့် နွေရာသီမှာ စားလေ့ရှိတဲ့ သွားရ ည်စာ ခေါက်ဆွဲအေးဖြစ်ြပီး၊ နှစ်သက်ရာ အသားတစ်မျိုး ရောကာ၊ ရေခဲရေစိမ်ပြီး စားလေ့ရှိပါ တယ်။ အနံ့ အရသာအတွက် ဂျင်းဖြင့်လုပ်ထားတဲ့ sauce တစ်မျိုးနှင့် တွဲဖက်စားကြပါတယ်။

(၃)Udon ခေါက်ဆွဲ။ ၈၀၀ ရာစုနှစ်လောက်တွင် ဂျပန်ဘုန်းတော်ကြီးများ၊ တရုပ်ပြည်မှာ သာ သနာပြုပြန်လာပြီးနောက် တရုပ် ခေါက်ဆွဲကို ပြန်လည်ဆန်းသစ်ထားတဲ့ Udon ခေါက်ဆွဲ လို့ ဆို ပါတယ်။ ခေါက်ဆွဲအသားမှာအတန်ငယ်ထူပြီး အဖြူရောင် အလုံး တုတ်တုတ်လေးမို့ စားရတာ အားပါးတရရှိလှပါတယ်။ ပေါင်မုန့် လုပ်တဲ့ဂျုံမှုန့် ဖြင့်ပြုလုပ်ထားတဲ့ခေါက်ဆွဲ မို့ လို့ လဲ၊ အြ ခား ခေါက်ဆွဲအမျိုးအစားတွေထက် တာရှည်ခံပါတယ်။ အိုဆာကာမြို့  အပါအ၀င်၊ ဂျပန်နိုင်ငံရဲ့  အနောက်ဘက် ဒေသတွေမှာ တွင်ကျယ်စွာ စားကြပါတယ်။ ခေါက်ဆွဲခြောက်အဖြစ်လဲ ထုတ် လုပ်ကြပြီး၊ အပူရောအအေးပါ ၂-မျိုးစားနိုင်ပါတယ်။ ဒီခေါက်ဆွဲ ပြုတ်ကို ကြက်သားဖြင့်သာ ချက်ပြုတ်လေ့ရှိပြီး၊ shimeji (ခါ်) မှိုဖြူ၊ Miso (ခေါ်) ပဲငပိ၊ မုန်လာဥနီ၊ ပဲသီးတို့ ကိုအသုံးပြု ပါတယ်။ အနံ့ အရသာအတွက် scallions (ခေါ်) ကြက်သွန်နီ တစ်မျိုးကို ပါးပါးလှီးပြီး အပေါ်က ဖြူးစားလေ့ရှိပါတယ်။

(၄)Ramen ခေါက်ဆွဲ။ ၁၉ ရာစုနှစ် Meiji မင်းဆက်လက်ထပ် မှာ စတင်ခေတ်စားလာတဲ့ေ ခါက်ဆွဲပါ။ တရုပ်ရိုးရာ La Mian ခေါက်ဆွဲကို ပြန်လည်ဆန်းသစ်ကာ၊ Ramen ခေါက်ဆွဲ ဟု အမည်ပေးထားခြင်းဖြစ်ပါတယ်။ ဂျပန်မှာတော့ ဒီခေါက်ဆွဲကို “တရုပ် ခေါက်ဆွဲ” (၀ါ) “Dragon Noodle” လို့  အလွယ်ခေါ်ကြပါတယ်။ ကယ်လိုရီအပြည့်အ၀ပါရှိကာ၊ ဈေးနှုန်းလဲသက်သာပြီး၊ အစို/အခြောက် ၂ မျိုးစလုံး သုံးနိုင် တဲ့အတွက် ဒုတိယကမ္ဘာစစ်ကာလအတွင်း ဒီသေးသေးမျှင်မျှ င်ခပ်လုံးလုံးဂျုံခေါက်ဆွဲကိုဘဲ အားထားရခဲ့ကြရတာပါ။ ခေါက်ဆွဲ ကြော်/ခေါက်ဆွဲပြုတ်အဖြစ် စွယ်စုံသုံးနိုင်ပြီး၊ ဂျပန်နိုင်ငံရဲ့ ဟင်းလျာ အမျိုးမျိုးတို့ မှာ အသုံးပြုလေ့ရှိကြပါတယ်။ ယနေ့ ဂျပ န်သာမက၊ နိုင်ငံတကာရှိ ဂျပန်စားသောက်ဆိုင်များတွင် Shiitake Chicken Ramen မီနူး ကို ၀ယ်လိုအားကောင်းနေပါတယ်။ ကြက်ရင်ပုံသား၊ မြှစ်၊ shiittake မှိုမဲ၊ Kelp (ခေါ်) ရေမှော်ပြား အြေ ခာက်၊ ကြက်ဥ တိုြ့ဖင့် ချက်ပြုတ်ထားပြီး၊ scallions (ခေါ်) ကြက်သွန်နီ တစ်မျိုးကို ပါးပါး လှီးကာ သုံးဆောင်ကြပါတယ်။

(၅)Konnyaku ခေါက်ဆွဲ။ ဒီခေါက်ဆွဲကိုတော့ အာရှတိုက်မှာသာစားလေ့ရှိပြီး၊ အနောက်နိုင်ငံ များမှာတွေ့ ရခဲပါတယ်။ မျောက်ဥပင်မျိုးနွယ်ဝင် konnyaku ပင်ရဲ့ အမြစ်မှ လုပ်ထားတဲ့ေ ခါက် ဆွဲဖြစ်လို့ ၊ ကယ်လိုရီ ၀%၊ ရေဓာတ် ၉၇% နဲ့  အမျှင်ဓာတ် ၃% ပါရှိတဲ့အတွက်ကြောင့် ခန္ဓာ ကိုယ် အလေးချိန်လျော့လိုသူများ အတွက်အထူးသင့်တော်တဲ့ခေါက်ဆွဲလေးပါဘဲ။ konnyaku ပင်အမြစ်ကိုပြုတ်ပြီး၊ ချေကာ သစ်သားစည်ထဲလောင်းထဲ့ပြီး၊ ထောင့်မှန်စတုဂံပုံ မီးခိုရောင်ေ ခါက်ဆွဲတုံးလေးပါ။ အအေးခံ လိုက်တဲ့အခါမှာတော့ အလွန်နူးညံ့စေးကပ်သွားပါတယ်။ ဒီခေါက် ဆွဲရဲ့မူလသဘာဝက မည်သည့်ရနံ့ မျှ မရှိသော်လဲ၊ အနံ့ အရ သာတို့ ထဲ့လိုက်တဲ့အခါမှာတော့ အရသာထူးလှပါတယ်။ တို့ ဟူး၊ dashi ၊ mange (ခေါ်) အခေါက်တု၊ ကန်စွန်းဥ၊ ကြာရိုး၊ မုန်လာ ဥနီ ၊ စာကေးအရက်အနဲငယ်တို့ ဖြင့် ချက်ပြုတ်ထားသော Buddhist Soup လို့ အမည်ရတဲ့  သက် သက်လွတ်ခေါက်ဆွဲ ဟင်းလျာ ကို ဂျပန်နိုင်ငံရဲ့  ဘာသာရေးနေ့ တွေမှာ အထွတ်အမြတ် စားလေ့ရှိပါတယ်။

(၆) Shirataki ခေါက်ဆွဲ။ : konnyaku ခေါက်ဆွဲကို အဖြူရောင်အဖြစ်ပြုပြင်ပြောင်းလဲလိုက်တဲ့ အခါမှာတော့ shirataki ခေါက်ဆွဲ ဖြစ်လာပါတယ်။ အလင်းရောင်ဖော က် ခေါက်ဆွဲဖြစ် ကာ ခေါက် ဆွဲအသားမှာထူပြီး၊ ရာဘာလိုပျော့အိအိ ဖြစ်ပါတယ်။ အစို/ အခြောက် ၂ မျိုးလုံးရနိုင်ပြီး၊ အသုပ်၊ ဟင်းချို စတဲ့ ဂျပန်ဟင်းလျာအမျိုးမျိုးးတို့ မှာ အသုံးပြုလေ့ရှိပါတယ်။

( ဆက်လက်၍ အပိုင်း-၂ တွင် ဖတ်ရှုပေးကြပါရန်။ ကျေးဇူးတင်ပါသည် )

<<စာနာထောက်ထားစွာဖြင့် ဆောင်းပါးရှင်အမည်ကို ပြောင်းလဲခြင်း/ချန်လှပ်ထားခြင်းမျိုး မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည် >>
(ဆောင်းပါးရှင်…ပေါက်ပေါက်…မျှဝေသည်)

26 May 2014

ကော်ရည်ခေါက်ဆွဲ ချက်နည်း

ကော်ရည်ခေါက်ဆွဲ လုပ်တော့မယ်ဆိုလျှင် ဂျုံခေါက်ဆွဲခြောက် ၊ ကြက်သား ၊ မှိုခြောက် ၊ ပန်းခြောက် ၊Sausage(ကြိုက်လို့တမင်ထည့်တာပါ၊ သာမန်အားဖြင့်မထည့်စားတတ်ကြပါဘူး ) ၊ ကော်မှုန့် ၊ ဘဲဥ ၊ ကန်စွန်းရွက် ၊ ပဲငံပြာရည် ၊ ဆား ၊ သကြား နဲ့ ရေတို့ အဓိက လိုအပ်ပါတယ် ။ ငရုပ်ကောင်း ၊ ကြက်သွန်ကြော်နဲ့ ငပိထောင်းလည်း လိုအပ်ပါသေးတယ် ။
 ပထမဆုံး ဂျုံခေါက်ဆွဲခြောက်ကို ပျော့အိလာစေဖို့ ပွက်ပွက်ဆူနေတဲ့ ရေထဲ ခဏနှစ်ထားပေးရပါမယ် ။ ကိုယ်ကြိုက်တဲ့ အနေထား အပျော့မာကိုကြည့်ပြီး ခေါက်ဆွဲကို ပြန်ဆယ်ထားကာ … ရေအေးထဲ နှစ်ပြီး ခဏ အအေးခံရပါမယ် ။
 ကျွန်မကတော့ ရေအေးနဲ့ အအေးခံတဲ့အပြင် ၊ ရေအေးထဲက ဆယ်ပြီးသား ခေါက်ဆွဲကို စကာထဲထည့်ပြီး …ရေခဲတုံးတွေပါ ခေါက်ဆွဲပေါ်တင်ပြီး … အအေးခံထားလိုက်ပါတယ် …. ။အဲ့လိုမှ အအေးမခံလျှင် ၊ ခေါက်ဆွဲတွေလုံးထွေးပြီး ကပ်ကုန်နိုင်တာကြောင့်ပါ ။

ပြီးတာနဲ့ ဟင်းရည်အတွက် ကြက်သားကို …ပဲငံပြာရည် ၊  ဆား ၊ သကြားနယ်ပြီး … နူးနေအောင် ပြုတ်ပေးရပါမယ် ။ ကြက်သားနူးပြီဆိုလျှင် အသားတွေကို ဆယ်ပြီး အတုံးသေးလေးတွေဖြစ်အောင် နုတ်နုတ်စင်းပေးရပါမယ် ။

ပွက်ပွက်ဆူနေတဲ့ကြက်ပြုတ်ရည်ထဲကိုစင်းထားတဲ့အသားတုံးတွေပြန်ထည့် ပြီးလျှင်
 ကော်မှုန့်ကို ရေနဲ့ ဖျော်ပြီး လိုသလောက်ထည့်ရပါမယ် ။
 အဲ့ဒီနောက် မှိုခြောက် ၊ ပန်းခြောက်နဲ့ ၊ sausage တွေကိုလည်း လိုသလောက် ထည့်ပေးရပါမယ် … 

၊ ပြီးတာနဲ့ ကြက်ဥ နှစ်လုံးကို အကာရော ၊ အနှစ်ပါရောမွှေထားတဲ့ အရည်ကို ….ပွက်ပွက်ဆူနေတဲ့ ဟင်းအိုးထဲ ဇွန်း တစ်ဇွန်း နဲ့ .. ဖြည်းဖြည်း ချင်း လောင်းထည့်ပေးရပါမယ် ။ ဒါမှသာ ပွက်ပွက်ဆူနေတဲ့ အိုးထဲ ကျလာတဲ့ ဘဲဥအရည်က အမျှင်လေးတွေ ဖြစ်စေမှာပါ ။

ဆား ၊ သကြား လိုသလောက်ထည့်ပြီးတာနဲ့ … ငရုပ်ကောင်းလေးနည်းနည်း ဖြူးထည့်ပေးရပါမယ် ။

 ငရုပ်ကောင်းနံ့ လေးမွှေးလာတာနဲ့ ဟင်းရည်အိုးကို မီးပိတ်ပြီး ကန်စွန်းရွက်တွေကို အပေါ်က ဖြန့်ထည့် ၊ အဖုံး ပြန်အုပ်ထားရပါမယ် ။(တစ်ချို့က ငရုပ်ကောင်းကို ပန်းကန်ထဲရောက်မှ လိုသလိုလည်း ထည့်စားတတ်ကြတယ်) ။

  ဟင်းအိုးမီးပိတ်ပြီးမှ ၊ ကန်စွန်းရွက်ကို နောက်ဆုံးမှ ထည့်တာ ၊ စိမ်းနေအောင်လို့ပါ ကန်စွန်းရွက် နွမ်းသွားလျှင် စားချင်စရာမကောင်းတော့လို့ပါ ။

သုံးမိနစ်လောက်ကြာတာနဲ့ ဟင်းရည်အိုး အပူရှိန်ကြောင့် ကန်စွန်းရွက်လည်း စားလို့ ရတဲ့ အနေထား ရောက်ပါပြီ ။
  ဒါဆိုလျှင် ကော်ရည်ခေါက်ဆွဲ အတွက် ဟင်းရည်ချက်လို့ ပြီးပါပြီ ။

 ကော်ရည်ခေါက်ဆွဲနဲ့တွဲဖက်စားရတဲ့ ငပိထောင်းလေးအကြောင်းလည်း နည်းနည်း ပွားပါဦးမယ် … ။ ငပိထောင်းလုပ်ဖို့ ၊ မျှင် ငပိ ၊ ကြက်သွန်ဖြူ ၊ ငရုပ်သီးစိမ်း ၊သံပုရာသီး ၊  ငရုပ်သီးမှုန့် နည်းနည်းနဲ့ … ၊ အသားမှုန့် နည်းနည်း လိုပါတယ် ။

ပထမဆုံး မျှင် ငပိကို ကင်ရပါမယ် ။ ကင်တဲ့ နေရာမှာ တူးနေအောင်မကင်ပဲ ၊ မျက်နှာပြင် နီရဲပြီး ၊ ငပိနံ့ လေးထွက်လာလျှင်ရပါပြီ။  ပြီးတာနဲ့ကြက်သွန်ဖြူနဲ့ငရုပ်သီးစိမ်းကို ကြေညက်နေအောင်
 ထောင်းထားရပါမယ် ။ ငရုတ်သီးစိမ်းကိုတော့ မထောင်ခင် အရင်ဆုံး အညှောင့်ချွေပြီး ၊ ဒယ်အိုး အပူထဲ ထည့်လှော်ပေးရပါမယ် ။ လှော်နေတုန်း မီးအရှိန်နဲ့ ငရုတ်သီးက ထပေါက်ပြီး စင်တတ်တဲ့အတွက် မျက်စိထဲမ၀င်အောင် သတိတော့ထားလှော်ရမှာပါ ။ အဲ့ဒီငရုပ်သီးနဲ့ ကြက်သွန်ဖြူကို လိုသလောက်ရောပြီးထောင်းရပါမယ် ။ ကြေညက်လာတာနဲ့ငပိကိုပါ ထပ်ပေါင်းထည့်ထောင်းပေးရပါမယ်  ( ငပိထောင်းပိုပြီးစားလို့ကောင်းဖို့ ပုစွန်ခြောက်လေး နည်းနည်းပါထည့်ထောင်းလျှင် ပိုကောင်းပါတယ် )

  ငရုပ်သီးအကျက်မှုန် နဲ့ ၊ အသားမှုန့်တို့ကိုပါ ရောထောင်းပြီးပြီဆိုလျှင် ၊ ငပိထောင်းလည်း စားဖို့ အသင့်အနေထားရောက်ပါပြီ ။ သံပုရာသီးကိုတော့ စားခါနီးမှ ငပိထောင်း အပေါ်ကနေ အရည်ညှစ်ပြီး တွဲစားပေးရမှာပါ ။ အဲ့လိုမှ မဟုတ်လျှင် သံပုရာရည်က ချဉ်အရသာထက် ၊ ခါးဖန့်ဖန့် အရသာ ဘက်ကို ပြောင်း သွားနိုင်လို့ပါပဲ ။ လတ်ဆတ်တဲ့ သံပုရာနံ့ လည်း မမွှေးတော့တာကြောင့်ပါ ။ အားလုံးလည်းပြင်ဆင်ပြီးလို့  စားဖို့ အသင့်အနေထားရောက်ပြီဆိုတော့ …. ၊ အအေးခံပြီးရေစစ်ထားတဲ့ ခေါက်ဆွဲကို အလျှင်ထည့်ရပါမယ် ၊ ပြီးတာနဲ့ ချက်ထားတဲ့ ကော်ရည်ကိုလောင်းထည့်ပြီး ၊ အပေါ်က ကြက်သွန်ဆီချက်လေး ဖြူးပေးလိုက်လျှင် အိုကေပြီပေါ့နော် ။


8 May 2014

ထိုင်းတုမ်ယမ်းချဉ်စပ်ခေါက်ဆွဲပြုတ်

ထိုင်းတုမ်ယမ်းနဲ့ပက်သက်ပြီး..ဆက်စပ်ဟင်းပွဲလို.ခေါ်ရမယ့်ထိုင်းတုမ်ယမ်း
ချဉ်စပ်ခေါက်ဆွဲပါ။ဒီခေါက်ဆွဲကိုအချို.ကွေ.ယိုဆိုင်တွေမှာရင်..သာမန်ပုံစံမျိုး
ရနိုင်ပေမယ့်..မွမ်းမံရင်..မွမ်းမံသလို..အချို.ဆိုင်တွေမှာဈေးကြီးပေးရတတ်ပါတယ်။

ဆိုင်မှာ တစ်ပွဲစာမှာလို.သူတို.ချက်ပြုတ်ပြင်ဆင်ပေးပုံလေးအတိုင်း
ရေသားတင်ပြပေးပါမယ်...။ကျွန်တော်ဟိုတယ်လ် မှာ..ဧည်.သည်မှာရင်ဒီလိုပဲပြင်ဆင်ပေးရပါတယ်..။

ထိုင်းတုမ်ယမ်းချဉ်စပ်ခေါက်ဆွဲပြုတ်
**********************

ကြက်ပြုတ်ရည်...............၂ ခွက်( လက်ဖက်ရည်ပန်းကန်လုံး)
အုန်းနို..........................ခွက်ဝက်( ............။..............)
ခေါက်ဆွဲ......................တစ်ပွဲစာ ( ၁၀၀ ဂရမ်ခန်.)
( ဂျုံ ၊ ဆန်ပြား၊ ဆန်ခေါက်ဆွဲအသေး မိမိနှစ်သက်ရာသုံးနိုင်)
ပုစွန်(သို.) ပင်လယ်စာ
ဖက်ထုပ်ပြုတ်
ဖက်ထုပ်ကြော်
အသားကင်( ကြက်သား(သို.) ၀က်သား)
လုချင်းအသားလုံး(သို.) မိမိနှစ်သက်ရာဖြည့်စွက်
ပင်အပ်မှို (သို.) ကောက်ရိုးမှို
ခရမ်းချဉ်သီး၊ တောရှောက်ခါးရွက် ၊ နံနံပင် ၊ ငရုတ်တောင့်နီ၊ပဒဲကော၊ စပါးလင်
ပဲပင်ပေါက်(သို.) အရွက်စိမ်းတစ်မျိုး

ပထမဆုံး..အိုးငယ်တစ်လုံးမှာကြက်ပြုတ်ရည်ကိုအပူပေးပါ။
(ကြက်ပြုတ်ရည်ထဲမှာ..မုန်လာဥဖြူ ဖတ် ၊ တရုတ်နံနံစတာလေးတွေပါဝင်နေ
ပါမယ်)

စပါးလင် ၊ ပဒဲကော၊တောရှောက်ခါးရွက် ၃-၄ ဖတ်စီကိုထည့်ပြီး ၃ မိနစ်ခန်.ပြုတ်ကာ ဖယ်ထုတ်
လိုက်ပါ( အနံ.၊အရသာယူပြီးဖြစ်တဲ့အတွက်ခေါက်ဆွဲပြင်ဆင်ချိန်မှာအမြင်မလှ
တော့ပါဘူး..)

တုမ်ယမ်းအနှစ် ၊ သကြား ၊ ငါးငံပြာရည် ၊ သံပုရာရည်တို.နှင့်အရသာသွင်းပါ။

ပုစွန်(သို.) ပင်လယ်စာထည့်ပါ။ လုချင်းအသားပြုတ်လုံး(သို.) မိမိနှစ်သက်ရာဖြည့်စွက်ပါ။ အုန်းနို.ထည့်ပေါင်းပါ။

ဒီဟင်းရည်ကိုခတ္တအပူပေးထားစဉ်.....
ပြုတ်ဇကာတစ်ခုမှာ အရွက်၊ ခေါက်ဆွဲကိုပြုတ်ပေးပါ။ ဖက်ထုပ်ပြုတ်ကိုလည်း
သီးသန်.ပြုတ်ပါ။

ခေါက်ဆွဲကို ပြင်ဆင်မယ့်ပန်းကန်ထဲထည့် ၊ ချ ဉ်စပ်ဟင်းရည်လောင်းချကာ
အပေါ်ယံကနေ..ဖက်ထုပ်ပြုတ် ၊ ဖက်ထုပ်ကြော် ၊ အသားကင်ပါးပါးလှီး ၊
ထည့်ကာ ခရမ်းချဉ်သီး ၊ တောက်ရှောက်ခါးရွက် ၊နံနံပင်တို.နဲ.အလှဆင်ပေး
လိုက်ပါ။
ပာင်းချက်နည်းများ

22 Apr 2014

ထိုင်းစတိုင် မု န့် တီချဉ်စပ်

  မုန့် တီက မြန်မာမုန့် တီခြောက်မကြိုက်လို့  ဗီယက်နမ်မုန့် တီခြောက်ကိုသုံးပါတယ်၊ 
မုန့် တီခြောက်ကို နာရီဝက်လောက်ကြိုစိမ်ပြီးမှ ရေပွက်ပွက်ထဲကို ထည့်ပြုပ်ရင် ပိုကောင်းပိုမြန်ပါတယ်။

 ကြက်သွန်ဖြူ ၊ 
 ငရုပ်သီးစိမ်း ၊
 မြန်မာဆေးထန်းလျက်ခဲ ၊
 မျှင်ငပိနည်းနည်း ၊ 
ဟင်းခတ်မှုန့် ကို အရင် မညက်တညက်ရောထောင်းပါတယ်။
 ပြီးမှ သံပုရာစိမ်းရည်ညှစ်၊
 မြေပဲလှော် ကြိုက်နှစ်သက်သလောက်၊ 
ခရမ်းချဉ်သီး ၊
 အဆင်သင့် ရှိရင် ပဲတောင့် ရှည် ၊
 ကန်စွန်းရိုးနီ၊
 ကြိုက်တတ်ရင် ပုဇွန်ခြောက် ငရုတ်ဆုံထဲထပ်ရောပါ ( မထောင်းပဲ အားနဲ့ မွေ့ ပေးပါ) 

အစာတွေအားလုံးက ညက်ရင်စားလို့ မကောင်းပါဘူး ပြီးမှ သံပုရာနည်းနည်း မုန့် တီထည့်ပြီး စားလို့ ရပါပြီ။
 ရေနွေးလေး လက်ဖက်ခြောက်ကြိုခပ်ထားဖို့ မမေ့ နဲ့ ဦးနော် ။


 ထန်းလျှက်ခဲထည့် ရတာကတော့  ငရုပ်စိမ်းကြောင့်  ဗိုက်မနာအောင်ပါ။
 ဖြေဆေးသဘောနဲ့ ပါ။ ချဉ်စပ်ပေမယ့်  လုံးဝ ဗိုက်မနာစေရပါဘူးရှင်။ အာမခံနဲ့ ပါ ။
အချဉ် ကြိုက် အစပ်ကြိုက်တတ်တဲ့  ကျမ အတွက် အဆင်ပြေတဲ့  formula. လေးပါ။ ကျေးဇူးတင်ပါတယ်ရှင်။
Moon Aung

3 Dec 2013

မားမားခေါက်ဆွဲထုပ်ကြော်

အချို.တွေက Instant Noodle ကိုသိပ်နှစ်သက်ကြပါတယ်..ကျွန်တော်လည်း
တစ်ခါတရံစားလေ့ရှိပါတယ်...။ဒီလိုလေးနည်းလေးနဲ.စားမယ်ဆို အန္တရာယ်
သိပ်ပြီးမများလှပါဘူး...။ကျွန်တော် Breakfast စားလေ့ရှိတဲ့နည်းလေးပါ။

မားမားခေါက်ဆွဲထုပ်ကြော်
*****************

Instant Noodle..............၂ ထုပ်
ကြက်ဥ..........................၁ လုံး
မိမိနှစ်သက်ရာအသီးအရွက်...အနည်းငယ်
ခရမ်းချဉ်သီး.....................၁ လုံး( ၄ စိတ်)
ကြက်သွန်မြိတ်+ နံနံပင်.......အနည်းငယ်

ရေနွေးဆူဆူမှာ ခေါက်ဆွဲတွေကိုပြုတ်ပြီး(ခပ်မာမာအနေအထားမှာ)
ရေစစ်ချလိုက်ပါ။

ကြော်မယ့်ပါဝင်ပစ္စည်းတွေကိုအရံသင့်ပြင်ဆင်ထားပါ။

ဒယ်အိုးတစ်လုံးမှာဆီအနည်းငယ်ကိုအပူပေးပြီး..ကြက်ဥကိုမွှေကြော်ပေးပါ။

မိမိနှစ်သက်တဲ့ အသီးအရွက်အနည်းငယ်ထည့်ပါ။

ခေါက်ဆွဲထုပ်ထဲကအရသာမှုန်.အပြင်ပဲငံပြာရည်လေးနဲ.သကြားအနည်းငယ်
ထပ်ဖြည့်ပေးပါ...။

ခရမ်းချဉ်သီးတွေထည့်ပြီးတာနဲ. ခေါက်ဆွဲတွေကိုချက်ချင်းဆိုသလိုထည့်ပါ။

နှံ.သွားအောင် ၄- ၅ ချက်လောက်မွှေပြီးရင်ကြက်သွန်မြိတ်+နံနံပင်လေးခပ်ပြီးငရုတ်ကောင်းမှုန်.
လေးဖြူးကာသုံးဆောင်ပါ။

24 Nov 2013

နန်းကြီးသုပ်

နန်းကြီးမုန်.ဖတ်................၁ပိဿာ
ကြက်ရင်ပုံသား.................၃၀ ကျပ်သား
ကြက်သွန်နီ......................၃ လုံး
ကြက်သွန်ဖြူ.....................၁၀ တက်
ခရမ်းချဉ်သီး......................၂ လုံး
သံပုရာသီး........................၃ လုံး
ငရုတ်သီးအလှော်မှုန်. .........အနည်းငယ်
ငါးငံပြာရည်+ ပာင်းခတ်မှုန်. ..လိုအပ်သလို
ပဲမှုန်.အကျက်....................(........။......)
ဆီ...................................၁ ခွက်( လက်ဖက်ရည်ပန်းကန်လုံး)

တွဲဖက်ရန်

ကြက်သွန်နီ+ ဂေါ်ဖီထုပ်.............ပါးပါးလှီး
နံနံပင်+ ကြက်သွန်မြိတ်..............ပါးပါးလှီး
မုန်.အကြွပ်ကြော်

ကြက်သွန်နီ ၂ လုံးကို နုပ်နုပ်စဉ်းပြီးဆီသတ်ပါ...ကြက်သါန်အနည်းငယ်နွမ်း
လျှင်နနွင်းမှုန်.အနည်းငယ်နဲ.အရောင်တင်မှုန်.လေးထည့်ပေါင်းပါ။

ခရမ်းချဉ်သီးတွေထည့်ပေါင်းပြီးအနှစ်ကျအောင်ချက်ပါ။ နောက်ဆုံးခပ်သေး
သေးတုံးထားတဲ့ ကြက်သားတွေ.ထည့်ပြီးရင်ဆား၊ ပာင်းခတ်မှုန်.အနည်းငယ်ဖြင့်အရသာသွင်းပါ။

ကျန်တဲ့ကြက်သွန်နီနဲ.ထောင်းထားတဲ့ကြက်သွန်ဖြူ၂ မျိုးပေါင်းပြီးဆီချက်
ချက်ပါ။

ဒီလိုလေးပြင်ဆင်ပြီးရင်...၃ ယောက်စာဖြစ် ၅ယောက်စာဖြစ်စေ...မုန်.ဖတ်
နဲ.ပါဝင်ပစ္စည်းတွေကို သင့်တင့်အောင်ထည့်ပြီးရောနယ်ပါ။

အပေါ်ကနေပါးပါးလှီးထားတဲ့ကြက်သွန်နီ+ ဂေါ်ဖီ ၊ ကြက်သွန်မြိတ်+နံနံပင်
မုန်.အကြွပ်ကြော်လေးဖြူးပြီး..ပာင်းခါးတစ်မျိုးမျိုးနဲ.တွဲဖက်သုံးဆောင်ပါ။

  
ပာင်းချက်နည်းများ fb

30 Mar 2013

ရခိုင်မုန့်တီ (၁၀ ယောက်စာ)

မုန့်တီဟင်းရည်တွင် ပါဝင်ပစ္စည်းများ
------------------------------------
၁။ ငါးရွှေ - ၃၀ ကျပ်သား (၄၈၀ ဂရမ်)
၂။ ငါးပိ - စားပွဲဇွန်း ၂ဇွန်း
၃။ ကြက်သွန်ဖြူ - ၁၀ မြွှာ (မညက်တညက် ထောင်းပါ)
၎။ ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း ၂ဇွန်းခွဲ
၅။ ကြက်သွန်နီ - ၄ဥ (၄စိတ်စိတ်ပါ)
၆။ ရေ - ၁၀ခွက် (နျြေကမနာနညအခွက်)
၇။ ဆား - စားပွဲဇွန်း ၂ဇွန်းခွဲ
၈။ ခနောကြက်သားမှုန့် - လက်ဖက်ရည်းဇွန်း ၂ဇွန်း
၉။ ပတဲကော - ၂ပင် (မညက်တညက် ထောင်းပြီး ချည်ထားပါ)

ပြင်ဆင်ရန် ပါဝင်ပစ္စည်းများ
----------------------------
၁။ မုန့်ဟင်းခါးဖတ် - ၈၀ကျပ်သား (၁၂၈၀ ဂရမ်)
၂။ ပဲကြော် - ၁၅ခု
၃။ ငရုတ်သီးစိမ်း - ၃၀ ဂရမ် (၂ ကျပ်သား)
(ရေနွေးဖြင့်ပြုတ်ပြီး ထောင်းပေးကာ ငရုတ်သီးပြုတ်ရည် ၁ဇွန်းခန့်ထည့်ပါ)
၎။ မန်ကျည်းရည် - ခွက်တစ်ဝက်
၅။ ကြက်သွန်နီ - ၅ ဥ (ပါးပါးလှီးပါ)
၆။ နံနံပင် - လက်တစ်ဆုပ်စာ (ပါးပါးလှီးပါ)
၇။ ငါးဖယ် - ၂၀ကျပ်သား (၃၂၀ ဂရမ်)
၈။ ငါးငံပြာရည် - လိုအပ်သလောက်

ပြင်ဆင်နည်း
--------------
၁။ အရင်ဆုံး ဒယ်အိုးတစ်ခုထဲ ငရုတ်သီးစိမ်းအညှာ
ချွေထည့်ပြီး ၂မိနစ်ခန့် ပြုတ်ပေးပါ။

၂။ ပြီးမှ ပြုတ်ထားသော ငရုတ်သီးစိမ်းများကို မညက်
တညက်ထောင်းပေးပြီးခွက်တစ်ခုထဲတွင်ထည့်
ထားပါ။

၃။ ငါးဖယ်ကို (ဆား-လက်ဖက်ရည်ဇွန်း ၁ဇွန်း၊ ခနော
ကြက်သားမှုန့်-လက်ဖက်ရည်ဇွန်း၁ဇွန်း၊ ငရုတ်သီး
မှုန့် -လက်ဖက်ရည်ဇွန်း ၁ဇွန်း) တို့ဖြင့် သမအောင်
နယ်ပြီး ငါးဖယ်ကို အပြားလေးများလုပ်ပေးပါ။

၎။ ပြီးနောက် ဒယ်အိုးထဲ ဆီများများထည့်ပြီး ငါးဖယ်
အညိုရောင်သမ်းသည်အထိ ကြော်ပေးပါ။

၅။ ထို့နောက် ကြော်ထားသော ငါးဖယ်ကို ပါးပါးလှီးပေး
ကာ ပန်းကန်တစ်ခုထဲ ဖယ်ထားပါ။

မုန့်တီဟင်းရည် ချက်နည်း
----------------------------
၁။ အရင်ဆုံး ငါးရွှေများ ရေမြုပ်ရုံထည်ပြီး ၃-၄မိနစ်ခန့် ပြုတ်ပေးပါ။

၂။ ပြီးလျှင် ငါးကို အရိုးများမပါအောင် အသားနွှင်ပေးပြီး သတ်သတ်ဖယ်ထားပါ။ ငါးပြုတ်ရည်ကို သိမ်းထားပေးပါ။
မုန့်တီ ဟင်းရည်စချက်လို့ရပါပြီ။

၃။ ဒယ်အိုးကြီးထဲသို့ မုန့်တီဟင်းရည်အတွက်
ပါဝင်သည့်(ရေ-၁၀ခွက်၊ ငါးပြုတ်ရည်၊ ငါးပိ၊ ကြက်သွန်ဖြူ၊
ပတဲကော၊ ဆား၊ ခနောကြက်သားမှုန့် ) တို့ကို တည်ထားပါ။

၎။ မုန့်တီဟင်းရည် ပွက်ပွက်ဆူလာလျှင်
အသားနွှင်ထားသော ငါး၊ ငရုတ်ကောင်းမှုန့်များကို ဖြူးပေးပါ။

၅။ နောက်ဆုံးမှ ကြက်သွန်နီ ၄ စိတ်စိတ်ထားသည်များကို
ထည့်ပြီး ၁မိနစ်ခန့်တည်ကာ မီးပိတ်လိုက်ပါ။

၆။ မုန့်တီဟင်းရည်ရပြီဆိုလျှင် ပန်းကန်တစ်ခုထဲ
မုန့်ဖတ်၊ ငါးဖယ်၊ ပဲကြော်၊ ကြက်သွန်နီ တို့ကိုထည့်ပြီး အပေါ်မှ
မုန့်ဟင်းရည်(ယောက်ချို ၁ဇွန်း)ကို လောင်းထည့်လိုက်ပါ။

၇။ အပေါ်မှ နံနံပင်ဖြူးပြီး အရသာအတွက် ငါးငံပြာရည်၊
ငရုတ်သီးစိမ်း၊ မန်ကျည်းရည်တို့ကို ထည့်ကာ ရခိုင်မုန့်တီကို
စိတ်ကြိုက် သုံးဆောင်နိုင်ပါပြီ။

utyeefoodhouse

24 Mar 2013

Oyster ခေါက်ဆွဲကြော်

တရုတ်ရိုးရာအရ မွေးနေ့တွေမှာ စားလေ့ရှိကြတဲ့ ဒီခေါက်ဆွဲကို သက်ရှည်ခေါက်ဆွဲလို့လည်း
အသိများကြပါတယ်။ အသက်ရှည်အောင်ဆိုတဲ့ ရိုးရာအယူအဆနဲ့ အမျှင်သိပ်မပြတ်လွယ်တဲ့ခေါက်ဆွဲကို
စားကြတာပါ။

 ကြည့်လိုက်ရင် စာကလေးခွေနဲ့ ခပ်ဆင်ဆင်တူပြီးပြုတ်ပြီးတော့မှ သာမန်ခေါက်ဆွဲနဲ့တူသွားတာပါ
Long life Noodle / Ee Fu Noodl ရယ်လို့လည်း စင်ကာပူမှာ ခေါ်ကြပါတယ်။ ဒါကခေါက်ဆွဲရဲ့နာမည်ပေါ့။
အဲဒီ Ee Fu ခေါက်ဆွဲကိုမှ ကြော်နည်းပေါင်းမျိုးစုံရှိပါတယ်။
ကျွန်မကတော့ Oyster လေးတွေနဲ့ တစ်မျိုးကြော်ပြပေးထားပါတယ်

ပါဝင်ပစ္စည်းများ
-------------------
၁။ Ee Fu Noodle (သို့) ကြက်ဥခေါက်ဆွဲ - ၁၀၀ ဂရမ်(၆ ကျပ်ခွဲသား)
၂။ ကြက်သား -လက်တစ်ဆုပ်စာ(နုပ်နုပ်စဉ်း)
၃။ ငရုတ်သီးအနီ - အနည်းငယ်(နုပ်နုပ်စဉ်း)
၎။ မုန်လာဥနီ - အနည်းငယ်
၅။ ကိုက်လန် - လက်တစ်ဆုပ်စာ
၆။ ကြက်ဥ - ၁ လုံး(ခလောက်ထားပါ)
၇။ ကြက်သွန်ဖြူ -၁ မြွှာ (ဓားပြားရိုက်)

ကြော်နည်း
-------------
(၁) ဆီ စားပွဲဇွန်း ၁ ဇွန်းကို အပူပေးပြီး ကြက်သွန်ဖြူထည့်ကာ နွမ်းအောင်ကြော်ပါ။
နောက် မုန်လာဥနီ၊ ငရုတ်သီး၊ ကိုက်လန်ထည့်ပြီး
၁ မိနစ်ခန့်ကြော်ပေးပါ။

(၂) ပြီးရင် ကြက်သားထည့်၊ Oyster ထည့်ပြီး
၁ မိနစ်ထပ်ကြော်ပေးပါ။

(၃) နောက်ဆုံးမှ ခေါက်ဆွဲထည့်
ပဲငံပြာရည် စားပွဲဇွန်း ၂ ဇွန်း၊
သကြားလက်ဖက်ရည် ဇွန်းထက်ဝက်၊
ကြက်သားမှုန့် လက်ဖက်ရည်၁ ဇွန်းထည့်ကြော်ပါ။

(၄) ၃ မိနစ်လောက်ကြော်ပြီးရင် ခေါက်ဆွဲတွေကို
ဘေးတွန်းထားပြီး ကြက်ဥကိုထည့်ကြော်ပါ။
ကြက်ဥကျက်ရင် ရောမွှေပြီး စားရန်အသင့်ဖြစ်ပါပြီ။

ပဲကြာဆံကြော်

 ကာဆံကြော်လို့ ဆိုလိုက်ရင် ဆန်ကြာဆံကြော်ကိုပဲ မြင်ယောင်ကြတာများပါတယ်။
ကျွန်မလည်း အရင်တုန်းက ပဲကြာဆံဆိုရင် ကြာဆံချက်လုပ်သောက်တာလောက်ပဲ
သိထားတာပါ။ အလွန်ဆုံးပဲကြာဆံသုပ်လောက်ပေါ့။
နောက်မှ ပဲကြာဆံကြော်နည်းတစ်မျိုးရလာတာနဲ့ စမ်းကြည့်လိုက်တာအရသာကောင်းလွန်းတာမို့
အသိနောက်ကျလေခြင်းတောင် ဖြစ်သွားပါတယ်။ လုပ်ရတာလည်းလွယ်တာမို့ ခဏခဏလုပ်စားဖြစ်တဲ့ ပဲကြာဆံကြော်ကို Food Magazine စာဖတ်သူများအတွက်ပြန်ပြီး မျှဝေပေးလိုက် ပါတယ်. . .။

ပါဝင်ပစ္စည်းများ
-------------------
ပဲကြာဆံ - ၈၀ ဂရမ်(၅ကျပ်သား)
မှိုခြောက်- အနည်းငယ်
ကြက်သား -အနည်းငယ်(နုပ်နုပ်စဉ်း)
ပုစွန် -၆ ကောင်(အခွံခွာ၊ ကျောခွဲ၊ ရေဆေး)
ကြက်သွန်နီဥသေး - ၁လုံး (နုပ်နုပ်စဉ်း)
ကြက်သွန်ဖြူ - ၂ မြွှာ (နုပ်နုပ်စဉ်း)
ပဲပင်ပေါက် - လက်တစ်ဆုပ်စာ
ငရုတ်သီးအနီပွတောင့် -၁တောင့်(နုပ်နုပ်စဉ်း)
မုန်လာဥနီ- အနည်းငယ်(နုပ်နုပ်စဉ်း)

ကြော်နည်း
--------------
၁။ ပဲကြာဆံ၊ မှိုခြောက်များကို ရေစိမ်ထားပါ။

၂။ ဆီစားပွဲဇွန်း ၁ ဇွန်းကို ပူအောင်တည်ပြီး
ကြက်သွန်ဖြူ၊ နီများကို ဆီသတ်ပါ။

၃။ ပြီးရင် ကြက်သားထည့်ပြီး
အရောင်ပြောင်းအောင်ကြော်ပါ။

၎။ နောက် မှို၊ ငရုတ်သီး၊ မုန်လာဥနီ နဲ့
ပုစွန်ထည့်ပြီး ၁ မိနစ်ခန့်ကြော်ပါ။

၅။ နောက်ဆုံးမှ ပဲပင်ပေါက် နဲ့ ပဲကြာဆံထည့်ပါ။

၆။ ပဲငံပြာရည် စားပွဲဇွန်း ၁ ဇွန်းခွဲ၊
သကြား လက်ဖက်ရည်ဇွန်း၁ ဇွန်းနဲ့
ပဲငံပြာရည် အနောက် လက်ဖက်ရည်ဇွန်း တစ်ဝက်၊
ကြက်သားမှုန့် (သို့)အဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်ပြီး သမအောင်မွှေကြော်ပေးပါ။
ရေ တရုတ်ပန်းကန်လုံး ၁ လုံးနီးပါးလည်းထည့်ပေးပါ။

၇။ ဒယ်အိုးချခါနီးမှကြက်သွန်မြိတ်ဖြူးလိုက်ပါ။
ဒါဆိုရင်တော့ အရသာရှိသော ပဲကြာဆံ အသင့်ဖြစ်ပါပြီ။

Evy Foodlover


ပဲ ကြာဇံ သုတ်


ပဲ ကြာ ဇံ သုတ်ရန် လို အပ်တဲ့ပစ္စည်းများ
 
ပဲကြာဇံ အခြောက် အထုပ်ကြီး တဝက်
ကြက်သွန်နီ ဥ နှစ် လုံး
ပုဇွန် ၃၀၀ဂရမ်(ပုဇွန် ကို ခေါင်းဖြုတ် သန့်အောင် လုပ်ပြီး အခွံ နဲ့ အိုးထဲမှာလျော်ထားပါမည်
ကြက်သွန်မိတ် ၃ပင်
ငရုတ်သီး စိမ်း ၄ ၅ ထောင့်
သံပုရာသီး တဝက်
ငံပြာရည် အနည်းငယ်
သကြား အနည်းငယ်
Chili garlic sauce အနည်းငယ်

ပုံပါအတိုင်း ပုဇွန် လျော်ပြီးသာများကို အခွံခွာထားပါ ကြက်သွန်မိတ် ကြက်သွန်တို့ ကို လှီးထားပါ။

ကြာဇံ ကို ... ရေစိမ်ထားပါ။
 ပျော့လာ သည်အထိ ပျော့လာလျင် မီးဖို ပေါ်တွင် တင် လိုက်ပြီး စားလို့ ရတဲ့  အထိ တည်လိုက်ပါ။

ပြီး လျင် .. ဇကာနဲ့ စစ်ပါ
 အကြာကြီးမစစ်ပါနဲ့ ရေ နဲနဲကျန်လျင် သုတ်လို့ ပိုကောင်းလို့ ပါ။
 
 ကြာဇံ ရလျင် ပုဇွန် ကြက်သွန် သံပုရာသီး အသားမှုန့်  သကြား ငံပြာရည် 
chili garlic sauce တို့ နဲ့ နယ် ပြီး ရင် စားကောင်းတဲ့ ပဲ ကြာဇံ သုတ်လေး ရပါပြီ။

ကုန်းဘောင်ကြီး ခေါက်ဆွဲကြော်

ခေါက်ဆွဲကြော်နောက်တစ်မျိုးကတော့ ကုန်းဘောင်ကြီးခေါက်ဆွဲကြော်ပါ။
ကုန်းဘောင်ကြီးကြော်ကို ခေါက်ဆွဲနဲ့ တွဲစပ်ထားလို့ အရသာတစ်မျိုးထူးပါတယ်။
ငရုတ်ပွတောင့်လှော်နံ့မွှေးမွှေးလေးကလည်းခေါက်ဆွဲကြော်ရဲ့အရသာကို
ပိုပြီးကောင်းအောင်ဖြည့်စွက်သလိုပါပဲ။


ပါဝင်ပစ္စည်းများ (တစ်ပွဲစာ)
--------------------------------
၁။ ကြက်ဥခေါက်ဆွဲ - ၁၀၀ ဂရမ်(၆ကျပ်ခွဲသား)
၂။ ကြက်သား - လက်တစ်ဆုပ်စာ(နုပ်နုပ်စဉ်း)
၃။ ငရုတ်သီးခြောက် - ၃တောင့်
၎။ ချင်း - တစ်ပြား(ရှည်ရှည်လှီးထား)
၅။ ကြက်သွန်ဖြူ - ၁မြွှာ(ဓားပြားရိုက်)
၆။ မုန်လာဥနီ - အနည်းငယ်(နုပ်နုပ်စဉ်း)
၇။ ကြက်သားအဆီ - စားပွဲဇွန်း၁ဇွန်း+ရေ ၁၈၀
မီလီလီတာ(တရုတ်ပန်းကန်လုံး၁လုံးခန့်)
၈။ ပဲငံပြာရည် - စားပွဲဇွန်း၁ဇွန်း
၉။ ပဲငံပြာရည်အနောက် - လက်ဖက်ရည်ဇွန်း၁ဇွန်း
၁၀။ သကြား - လက်ဖက်ရည်ဇွန်းတစ်ဝက်
၁၁။ ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း၂ဇွန်း
၁၂။ ဆီ - စားပွဲဇွန်း၁ဇွန်း
၁၃။ ကြက်ဥ - တစ်လုံး(ခလောက်ထားပါ)

ကြော်နည်း
---------------
၁။ ပထမဆုံးကြက်ဥကြော်ပြီး ခပ်ထားလိုက်ပါ။

၂။ နောက်ဆီစားပွဲဇွန်း ၁ ဇွန်းကို အပူပေးပြီး
ချင်း၊ ကြက်သွန်ဖြူကြော် ထည့်ကြော်ပါ။
တစ်ဆက်တည်းမှာပဲ ငရုတ်သီးကိုလည်း ထည့်ကြော်ပေးပါ။

၃။ ပြီးရင် ကြက်သားနဲ့ မုန်လာဥနီထည့်ပြီး
၂မိနစ်လောက်ကြော်ပေးပါ။

၎။ ထို့နောက် ခေါက်ဆွဲထည့်ပြီး ၁ မိနစ်ကြော်ပါ။
နောက်ဆုံးမှ ကြက်သားရည်ထည့်၊
ပဲဆီ၊ ပဲငံပြာရည်၊သကြား၊ ကြက်သားမှုန့်ထည့်ကြော်ပါ။

၅။ ရေခန်းခါနီး ပြောင်းဖူးမှုန့်ကို
ရေ လက်ဖက်ရည်ဇွန်းတစ်ဇွန်း ထည့်ဖျော်၍
လောင်းထည့်ပေးပြီး နောက် ၁ မိနစ်ခန့်နေရင်
မီးဖိုပေါ်မှ ချကာသုံးဆောင်ပါ။

Evy Foodlover

23 Mar 2013

မုန့်ဟင်းခါး

မုန့်ဟင်းခါးချက်ပြုတ်ပုံအဆင့်ဆင့်ကိုပထမဦးစွာအစီရင်ခံတင်ပြလိုပါတယ်။
မုန့်ဟင်းခါးချက်မယ်ဆိုရင်တော့ မုန့်အချိန်တစ်ဆယ်မှာ -
•ငါးခူ(သို့)ငါးကျည်း (၃)ပိဿာ၊
•ငံပြာရည်အချိုတစ်ပိဿာ၊
•ကုလားပဲခြမ်း(၅၀)ကျပ်သား၊
•ကြက်သွန်နီ (၃)ပိဿာ၊
•ကြက်သွန်ဖြူ
•အစိတ်သား၊ဆီတစ်ပိဿာ၊
•ဆန်လှော်မှုန့်(၇၀)ကျပ်သား၊
•စပါးလင်(၁၅)ချောင်း၊
•ချင်း(၁၅)ကျပ်သား၊
•ငရုတ်သီးအစိမ်းမှုန့်(၁၀)ကျပ်သား၊
•ငရုတ်သီးအပွ (၂)ကျပ်ခွဲသား၊
•ငရုတ်သီးအလှော်မှုန့်(၁၅)ကျပ်သား၊
•ငရုတ်ကောင်း(၂)ကျပ်ခွဲသား၊
•ငှက်ပျောအူတစ်ပိုင်း၊
•ဘဲဥ(၂၅)လုံး၊
•နံနံပင်(၅၀)ကျပ်သား၊
• ရှောက်သီး(၅)လုံး၊
•နနွင်း၊
• ဆားအနည်းငယ်နဲ့
• မြေပဲ(၇၅) ကျပ်သား လိုအပ်ပါတယ်။

ပထမဆုံးငါးကို ရေစင်အောင်ဆေး၊ဆူးတောင်ဖြတ်၊ ဗိုက်ဖောက်ပြီး ငရုတ်သီးပွအတောင့်၊ ငံပြာရည်၊ ချင်းတို့ရဲ့ ရေမြုပ်အောင်ထည့်ပြီးပြုတ်ရပါမယ်။

 ငါးကျက်လာရင် ဆယ်ယူကာအအေးခံပြီးအရိုးထွင်ရပါမယ်။
အရိုးတွေကိုထောင်းပြီး ရေစစ်ရပါမယ်။

 ငါးရိုးတွေထောင်းတဲ့အခါ ငါးနဲ့အတူပြုတ်ထားတဲ့ငရုတ်သီးတောင့်အပွတွေကိုပါ ရောထောင်းရပါမယ်။
ဘဲဥကိုပြုတ်ပြီး အအေးခံကာ အခွံချွတ်ထားရပါမယ်။

 ကြက်သွန်နီတစ်ပိဿာကိုပါးပါးလှီးပြီးကြွပ်နေအောင်ကြော်ထားရပါမယ်။
 မြေပဲကိုလှော်အခွံချွတ်ပြီး ညက်အောင်ထောင်းထားရပါမယ်။
 ကြက်သွန်ဖြူ၊ချင်းနဲ့စပါးလင်တို့ကို ညက်အောင်ထောင်းထားရပါမယ်၊
အဲဒီနောက် အရိုးထွင်ထားတဲ့ငါးများကိုငရုတ်သီး အရောင်တင်မှုန့်၊အမွှေးအကြိုင်များနဲ့ ဆီသတ်ရပါမယ်။ 


ကုလားပဲတွေကို ပြုတ်၊ ဆန်ခါနဲ့တိုက်ချပြီး ငါးပြုတ်အိုးထဲမှာပဲ ရေ၊ဆန်လှော်မှုန့်နဲ့ မြေပဲမှုန့်တို့ကို ရေဖျော်ကာ မီးဖိုပေါ်တည်ရပါမယ်။
အဲဒီငါးပြုတ်အိုးထဲကို ငါးအရိုးတွေထောင်းပြီး ရေစစ်ထားတဲ့အချိုရည်တွေကိုပါ ထည့်ပြုတ်ရပါမယ်။
အဆက်မပြတ်မွှေပေးရင် ပွက်ပွက်ဆူလာတဲ့အခါ ပါးပါးလှီးထားတဲ့ငှက်ပျောအူနဲ့ အခွံခွာထားတဲ့ကြက်သွန်ဥများကိုထည့်ရပါမယ်။
ရေကျလာတဲ့အခါငါးဆီသတ်ကို လောင်းထည့်ရပါမယ်။


မွှေးနံ့လှိုင်လာပြီဆိုရင်တော့မှ ပါးပါးလှီးထားတဲ့ဘဲဥများထည့်ရပါမယ်။
နောက်ဆုံး မုန့်ဟင်းခါးဟင်းရည်ကိုအပေါ့၊ အငန်မြည်းပြီး အနေတော်ဖြစ်ပြီဆိုရင်တော့ ငရုတ်ကောင်းခတ်ပြီး ကြော်ထားတဲ့ကြက်သွန်ကြော်များကိုအုပ်လို့မီးကိုလျှော့ကာ အဖုံးအုပ်ထားရပါမယ်။ ဒီအခါမှာတော့အနံ့အရသာပြည့်စုံကောင်းမွန်လှတဲ့မုန့်ဟင်းခါးဟင်းရည် တစ်အိုးကို ရရှိနိုင်ကြပြီဖြစ်ပါတယ်။

မုန့်ဟင်းခါးထဲမှာ နံနံပင်၊ငရုတ်သီးမှုန့်တို့အပြင်အချဉ်ကြိုက်တတ်ရင်ရှောက်သီးလေးပါညှစ်ပြီအရသာရှိရှိသုံးဆောင်နိုင်ကြ

ပါတယ်။ ဒါ့အပြင် ဘူးသီးကြော်၊ ပဲခြမ်းကြော်၊မန္တလေးပဲကြော်၊ ငါးဖယ်ကြော်၊ ဘဲဥ၊ အီကြာကွေး စတဲ့ အကြော်များနဲ့လည်း တွဲဖက်သုံးဆောင်နိုင်ကြပါတယ်။
အချို့ဒေသတွေမှာတော့ငါးသလောက်ဥ၊ ငါးချဉ်၊ ပုစွန်ချဉ် တို့ကိုထည့်စားလေ့ရှိကြပါတယ်။

မုန့်ဟင်းခါးမှာ ငါး၊ ပဲ၊ ဆီ၊ ဆန်၊နံနံပင်၊ ရှောက်သီး၊ပဲသီးနဲ့အကြော်များပါဝင်တဲ့အတွက်အာဟာရပြည့်ဝစွာ ပါဝင်တာတွေ့ရပါတယ်။

မုန့်ဟင်းခါးမှာ ပါဝင်တဲ့ အာဟာရဓာတ်တွေကတော့ အင်အားဓာတ်၊ကစီဓာတ်၊ ကာဗိုဟိုက်ဒရိတ်နဲ့ ကယ်လစီယမ်တို့ ပါဝင်ပါတယ်။


• ဆန်းဆန်းဦး(မြန်မာ့အသံ)

21 Mar 2013

Martarbak ကြက်ဥခေါက်ဆွဲကြော်


ပါဝင်ပစ္စည်းများ
-----------------
၁။ ကြက်ဥ - ၂လုံး
၂။ ကြက်ဥခေါက်ဆွဲ - ၅၀ ဂရမ် (၃ ကျပ်သား)
(ရေနွေးဖြင့် ၅မိနစ်ခန့်ပြုတ်ပေး၍ ရေအေးပြန်စိမ်ပြီး
ဆန်ခါဖြင့် စစ်ထားပါ)
၃။ ခရမ်းချဉ်သီး - ၁လုံး (အစေ့ထုတ် ပါးပါးလှီးထားပါ)
၎။ ကြက်သွန်မြိတ် - ၁စည်း (ပါးပါးလှီးပါ)
၅။ ဆား - လက်ဖက်ရည်ဇွန်း ၁ဇွန်းခွဲ
၆။ ခနောကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
၇။ သကြား - လက်ဖက်ရည်ဇွန်း ၂ဇွန်း
၈။ ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်

ချက်ပြုတ်နည်းများ
---------------------
၁။ ခွက်တစ်ခုထဲတွင် (ကြက်ဥ၊ ခေါက်ဆွဲ၊
ခရမ်းချဉ်သီး၊ ကြက်သွန်မြိတ်၊ ဆား၊ ခနောကြက်သားမှုန့်၊
သကြား၊ ငရုတ်ကောင်းမှုန့်) တို့ကို ထည့်ပြီး ရောမွှေလိုက်ပါ။

၂။ ပြီးလျှင် ဒယ်အိုးထဲသို့ ဆီ(စားပွဲဇွန်း ၃ဇွန်း) ထည့်ပြီး ဆီပူလာလျှင် ရောမွှေထားသော ကြက်ဥခေါက်ဆွဲများကို လောင်းထည့်လိုက်ပါ။

၃။ တစ်ဖက်ကျက်သွားလျှင် နောက်တစ်ဖက်သို့ လှန်ပြီး အညိုရောင်သမ်းသည်အထိကြော်ပေးပါ။

၎။ ကြက်ဥခေါက်ဆွဲကြော်ရပြီဆိုလျှင်
ကတ်ကြေးဖြင့် ၈ပိုင်းပိုင်းလိုက်ပြီး အပေါ်မှ ကြက်သွန်မြိတ်လေးများ ဖြူးပေးပါ။

၅။ ထိုင်း ငရုတ်သီးအချိုဆော့စ်ဖြင့် တွဲဖက်ကာ ကြက်ဥ ခေါက်ဆွဲကြော်ကို အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။

နန်းကြီးသုပ်(၄ ယောက်စာ)

မနက်စာနှင့် အဆာပြေလုပ်စားနိုင်ဖို့ နန်းကြီးသုပ်လေးပါ။
အိမ်မှာ မိသားစုနှင့်တူတူ သုပ်စားမယ်ဆိုရင် အချိန်တိုအတွင်းမှာပဲ သုပ်စားနိုင်ပါတယ်။
 နန်းကြီးသုပ်ကို မုန့်ကြွပ်၊
ငါးဖယ်၊ ဟင်းချိုတို့ဖြင့်တွဲဖက်သုံးဆော
င်နိုင်သည် . . . ။
ပါဝင်ပစ္စည်းများ
-----------------
၁။ နန်းကြီး ခေါက်ဆွဲ - ၁၀ကျပ်သား
၂။ ကြက်သား - ၂၀ကျပ်သား
၃။ ကြက်ဥ - ၃လုံး
(ကျက်အောင်ပြုတ်ပြီး အခွံနွှာ ပါးပါးလှီးထားပါ)
၎။ ကြက်သွန်ဖြူ - ၂မြွှာ (နုပ်နုပ်စဉ်းပါ)
၅။ ကြက်သွန်နီ - ၁လုံး (နုပ်နုပ်စဉ်းပါ)
၆။ ကြက်သွန်နီ - ၃လုံး (ပါးပါးလှီးပါ) တွဲစားရန်
၇။ ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း၂ဇွန်း
၈။ နနွင်းမှုန့် - လက်ဖက်ရည်ဇွန်းတစ်က်
၉။ ဆား
၁၀။ ခနော ကြက်သားမှုန့်
၁၁။ ပဲမှုန့် (အကျက်မှုန့်) - စားပွဲဇွန်း ၆ဇွန်း
၁၂။ သံပရာသီး - ၂လုံး (စိတ်ထားပေးပါ)
၁၃။ နံနံပင် - စည်းက် (ပါးပါးလှီးပါ)
၁၄။ ငါးငံပြာရည်

ချက်ပြုတ်နည်း
-----------------
၁။ အရင်ဆုံး ကြက်သားကို ဆား(လက်ဖက်ရည်ဇွန်း တစ်ဝက်) ဖြင့် နယ်ပြီး အသားနွှင်ရန် ဒယ်အိုးထဲ ရေထည့်ပြီးပြုတ်ပေးပါ။

၂။ ပြီးနောက် ပြုတ်ပြီးသား ကြက်သားကို
အရှည်လိုက်အသားနွှင်ပေးပါ။

၃။ ဒယ်အိုးထဲသို့ ဆီ(စားပွဲဇွန်း ၅ဇွန်း) ထည့်ပြီး
ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ကို ဆီသတ်ပေးပါ။
ထို့နောက် ငရုတ်သီးမှုန့်၊ နနွင်းမှုန့် ထည့်ပြီး ဆီသတ်ပါ။

၎။ ပြီးမှ ကြက်သား၊ ကြက်ပြုတ်ရည်(ခွက်တစ်ဝက်)၊
ဆား၊ ခနောကြက်သားမှုန့်တို့ထည့်ပြီး
၂မိနစ်ခန့် တည်ထားပေးပြီး မီးပိတ်လိုက်ပါ။

၅။ နန်းကြီးသုပ်လို့ရပါပြီ။ နန်းကြီးတစ်ပွဲစာပြင်ရန်
ဇောက်ပန်းကန်တစ်ခုထဲမှာ နန်းကြီးခေါက်ဆွဲ (လက်တစ်ဆုပ်စာ)၊ ကြက်သွန်နီ(စားပွဲဇွန်း ၁ဇွန်း)၊ ပဲမှုန့်(ကြိုက်နှစ်သက်
သလောက်)၊ ကြက်သားဟင်း၊ ငါးငံပြာရည်(လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ ကြက်ဥ၊ သံပရာသီး ၂စိတ်၊ နံနံပင် တို့ကိုထည့်ပြီး သမအောင် ရောမွှေပေးပါ။

၆။ အရသာရှိသော နန်းကြီးသုပ်ကို
ကြက်ရိုးပြုတ်ဟင်းချိုပူပူလေးဖြ
င့် တွဲဖက်သုံးဆောင်နိုင်ပါပြီ။

4 Feb 2013

မန္တလေး မှာခိုတောင်မုန့် တီ

မန္တလေးမှာခိုတောင်မုန့် တီဆိုတာကနံနက်ခင်းဈေးထဲမှာနဲ၊့နေ့ လည်အစာပြေရောင်းတဲ့
 ခေါင်းရွက်ဈေးသည်တွေရောင်းကြတာမျိုးပါ။

တကယ်တမ်း ခိုတောင်မုန့် တီဆိုတာ အဲလိုပဲလားတော့ မသိပါဘူး။ မန္တလေးက ရောင်းတဲ့  ခိုတောင်မုန့် တီ ဆိုတာကတော့ မုန့် တီသုတ်ကို အသားမပါဘဲသုတ်တာမျိုးပါဘဲ။

 Recipe နဲနဲတော့ပြောင်း သွားတာပေါ့နော်။

 မုန့် တီဖတ် ကိုအဆင်သင့် ပန်းကန်ထဲ ထည့်ထားပါတယ်။
ပဲသီးလေးတွေပါးပါးလေးတွေလှီးထားတယ်။ ဂေါ်ဖီထုတ်ပါးပါးလေးတွေလည်းပါ ပါတယ်။
ပဲပင်ပေါက်ရေနွေးဖျော လေးတွေပါတယ်။ ကြက်သွန်ဖြူဆီချက် ချက်ထားတယ်။

 ငရုတ်သီး ဆီချက် လည်းရှိမှ ဖြစ်ဦးမှာ။ နောက်ပြီးတော့  ပဲမှုန့် ၊ငံပြာရည် တို့ လည်းလိုပါတယ်။

မန္တလေးဘယာကြော် (မတ်ပဲကြော်) အတွက် ကတော့ Ready made ကိုသုံးပြီး အညွှန်းအတိုင်းကြော်ရတော့မှာပါပဲ။
ပြီးရင် ပန်းကန်တစ်ခုထဲမှာ မုန့် တီဖတ်၊ ပဲသီး၊ ဂေါ်ဖီထုတ်၊ မတ်ပဲကြော် ၊ ပဲမှုန့် ၊ငံပြာရည်၊ ငရုတ်သီးမှုန့် (အစပ်ကြိုက်တတ်ရင်)၊ နောက်ပြီး ဆီချက် (၂) မျိုးလုံးထည့်ပြီး နယ်ပါတယ်။

ခိုတောင်မုန့် တီ ကပဲမှုန့် များများနဲ့  စီးစီးလေးသုတ်မှစားကောင်းပါတယ်။ 

အချဉ်အတွက်ကတော့သံပုရာသီး ကိုပဲသုံးပါတယ်။

 ဆိုင်တွေမှာ ခိုတောင်မုန့့်တီ နဲ့ တွဲဖက်စားသုံးရန်အတွက်ဟင်းရည် ကတော့ ပိတ်စွယ်ကို ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ဂျင်း၊ ငပိ၊ ငရုတ်ကောင်း နဲ့ ပြုလုပ်ထားတဲ့ ဟင်းရည်ဖြစ်ပါတယ်။ 

တစ်ချို့ ကဟင်းရည်ထဲမှာ ငါးဖယ်ကိုသေးသေးလေးတွေလုံးပြီးထည့် တယ်။ 

အသုတ်ထဲ ငါးဖယ်ထည့်ပေးပါဆို ဟင်းရည်ထဲက ငါးဖယ်ပြုတ်ထည့်သုတ်ပေးတယ်။
ခုတော့ ပိတ်စွယ်လည်းမရှိ၊ ငါးဖယ် လည်းမရှိတော့ ဟင်းရည်မလုပ်တော့ပါဘူး။


ဂေါ်ဖီထုတ်ဟင်းရည်နဲ့ ဆိုရင်လည်း လိုက်ပါတယ်။

 ကြက်သွန်နီ ပါးပါးလေးတွေလှီးပြီးသံပုရာသီးနဲ့ အချဉ် လုပ်ပါတယ်။ စားလို့ ရပါပြီနော်…
 ( စုဘူးအိမ်)

ရခိုင်မုန့် တီ( အာပူလျှာပူ)


အာပူလျှာပူ လုပ်စားဖို့ ငါးရွှေကို ဆား၊ ငံပြာရည် နယ်ပြီး ငါးပိအနည်းငယ်ထည့်ပြီး ပြုတ်ပါတယ်။
ပြုတ်ရည်ထဲကို ပဒဲကော လက်တစ်ဆစ်လောက် ထောင်းထည့်ပါတယ်။ ကြက်သွန်ဖြူလေးကို မညက်တညက်လေး ထောင်းထည့်ပါတယ်။ ငါးပြုတ်ရပြီိဆို ငါးကို အအေးခံပြီး အသားထွင်ပါတယ်။
တစ်ဝက်ကို ငါးပြုတ်ရည်ထဲကို ပြန်ထည့်ပြီး တစ်ဝက်ကို အသုတ်သုတ်ဖို့အတွက် ဒယ်အိုးထဲမှာ ဆီနည်းနည်းထည့်ပြီး ခြောက်အောင်လှော်ထားပါတယ်။

ဟင်းရည်ပွက်ရင် အပေါ့အငန်လေး ဖြည့်စွက်ကာ ငရုတ်ကောင်း နိုင်နိုင်ခပ်ပါတယ်။

ငရုတ်သီးစိမ်းတောင့်ကိုလည်း ဟင်းရည်အိုးထဲထည့်ပြုတ်ပါတယ်။
ပြီးမှ ဆယ်ယူ ညက်အောင်ထောင်းပြီး ရေနွေးလေးထည့်ပြီး ငရုတ်သီးရည်လုပ်ထားပါတယ်။
ငါးပိ မီးကင်ပြီး ထောင်းထားပါသေးတယ်။
မန်ကျီးသီးမှည့်ကို လည်း ရေနွေးနွေးလေးနဲ့စိမ်ပြီး အနှစ်ယူထားပါတယ်။
နံနံပင်၊ ပဲသီး ပါးပါးလှီးထားပါတယ်။

ပန်းကန်ထဲကို မုန့်ဖတ်လေးထည့်၊ ဟင်းရည်လေး ထည့်ပြီး ချဉ်ငန်စပ်လေး စားလို့ရပါပြီနော်။

အသုတ် ကိုလည်း ဆီလုံးဝမပါဘဲ ငါးလှော်၊ ကြက်သွန်နီ ပါးပါးလှီး၊ မန်ကျီးရည်၊ ငံပြာရည်၊ ငါးပိထောင်း၊ ငရုတ်သီးရည်တို့နှင့် သုတ်ပါတယ်။


ငါးဖယ်ကြော်၊ ပဲကပ်ကြော် စသည်ဖြင့် တွဲဖက်စားသုံးနိုင်ပါတယ်။

ကျွန်မကတော့ နေပူမိုးရွာ အမြဲစားတဲ့ အစားအစာလေးပါ။

စုဘူးအိမ်

7 Dec 2012

အညာခေါက်ဆွဲချက်နည်း

ချက်ပြုတ်နည်း

ကြက်သား အရိုးအသားထဲကို ဂျင်း၊ကြက်သွန်ဖြူထောင်းပြီး အရေညှစ်ပါ။
ငံပြာရည်ထည့်၍ ဆုပ်နယ်ပါ။
 (ကြက်အဖီသားကို အတုံးကြီးကြီး ပြုတ်လျှင် ပိုကောင်းပါသည်)


ရေထည့်ပြီး ကြက်သား အသားနူးသည်အထိပြုတ်ပါ။
 ကြက်သား အသားနူးသည့်အခါ အိုးထဲမှဆယ်ယူ၍ အသားနွှင်ပါ။
အရိုးကို ဆက်ပြုတ်ထားပါ။


ပဲမှုန့် အစိမ်းမှုန့်  ကို ရေရော၍ လက်ဖြင့် ဖျော်ပါ။
 ပြီးလျှင် ပွက်ပွက်ဆူနေသော ကြက်သားအိုးထဲသို့  ပဲမှုန့်် ဖျော်ရည်ကို လောင်းချပြီး ပဲမှုန့်် မခဲသွားအောင် မကြာခဏ မွှေပေးပါ။

ခေါက်ဆွဲကို ပြုတ်ထားပါ။
 ကျွန်မတို့  အညာမှာတော့ ပလာတာနှင့်လဲ စားသုံးလေ့ရှိပါသည်။

ဟင်းရည်အိုးပြန်ဆူပွက်လာလျှင် ငံပြာရည်၊ဆား အပေါ့အငံ လိုသလောက်ထည့်ပါ။
 ဂေါ်ဖီကို ခပ်ကြမ်းကြမ်းလှီး၊ ကြက်သွန်နီ နုတ်နုတ်လှီး၊ နံနံပင်နုတ်နုတ်လှီးထားပါ။ ကြက်သွန်ဖြူဆီချက်လေးချက်ပါ

ဟင်းရည်ကျလျှင် အသင့်စားသုံးနိုင်ပါပြိင်္။
ခေါက်ဆွဲ၊ လှီးထားသည့် ဂေါ်ဖီ၊ ကြက်သွန်နီ၊ နံနံပင်၊ မျှင်ထားသည့်ကြက်သားနှင့် ဟင်းရည်ရောသုံးစားသုံးလိုက်လျှင် အရသာထူးကဲသည့် အညာခေါက်ဆွဲ တပွဲဖြစ်ပေသည်။ အချဉ်ကြိုက်သူများက သံပုရာသီးညှစ်၊ ငရုတ်သီးမှုန်းထည့်၍ ခပ်ပြင်းပြင်းစားသုံးကြသလို

တို့ ဟူးကြော်၊ မပဲကြော်နှင့်လဲ အလွန်လိုက်ဘက်ပါသည်။
 အမှတ်တမဲ့ဆိုလျှင်အုန်းနို့ ခေါက်ဆွဲနဲ့  ခပ်ဆင်ဆင်တူသလိုရှိပေမယ့် အရသာချင်းက အတော်ကွာပါသည်။


(လေနုအေး blog မှကောက်နုတ်တင်ပြချက်)

ရှမ်းခေါက်ဆွဲချက်နည်း

ရှမ်းခေါက်ဆွဲသည် ရှမ်းရိုးရာ အစားအစာတစ်မျိုးဖြစ်သည်။ ရှမ်းခေါက်ဆွဲတွင် ခေါက်ဆွဲဖတ်ကို မူတည်၍ အမျိုးအစားကွဲပြားသည်။ ဆန်စီး၊ ဆန်ဖွယ်(ရေစိမ်)၊ တို့ဟူးပျော့ ဟူ၍ကွဲပြားပြီး အသုပ်၊ အရည်ဖျော်ဟူ၍ ကြိုက်နှစ်သက်သလို သုံးဆောင်ကြသည်။ ရှမ်းခေါက်ဆွဲကို ကြက်သား၊ ၀က်သားနှင့် သားသတ်လွတ် အမျိုးမျိုး ပြုလုပ်စားသုံးကြသည်။

သားသတ်လွတ် ရှမ်းခေါက်ဆွဲ ပြုလုပ်နည်း
ပါဝင်သော ပစ္စည်းများမှာ ဆန်ခေါက်ဆွဲ (Kway Teow)၊ ပဲငပိ (Chilli bean sauce)၊ ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ ပဲပြားနှင့် ကြက်သွန်ဖြူဆီတို့ ဖြစ်သည်။

ကြက်သွန်ဖြူဆီ လုပ်ရန် ဆီပူတွင် ကြက်သွန်ဖြူ လှီးပြီးသား များကို ထည်.ကြော်၍ ကြက်သွန်ဖြူဆီချက် လုပ်ပါ။ ကြက်သွန်ဖြူ ရွှေဝါရောင် သန်းလာလျှင် မီးဖိုမှ ချပြီး ဆီထဲသို့ Black Pepper အမူန့် အနည်းငယ်ထည့်ထားပါ။



ခေါက်ဆွဲ အနှစ်ချက်နည်း

ဆီပူလာလျှင် လှီးထာတဲ. ကြက်သွန်နီ ကိုကြော်ပါ။ ကြက်သွန် နွမ်းသွားလျှင် ခရမ်းချဉ်သီး ထည့်ကြော်ပါ။ ပဲငပိ စတီဇွန်း ၂ဇွန်းလောက်၊ ဆား၊ အချိုမူန့်ထည့်ပြီး ရေအနည်းငယ် ရော၍ ခဏအဖုံးအုပ်ထားပါ။ ခရမ်းချဉ်သီး ကြေသွားလျှင် လှီးထားသော ပဲပြား အတုံးလေးများကို ရောလိုက်ပါ။ဆီပြန်လာလျှင်ရပ
ါသည်။


ခေါက်ဆွဲ ပြင်နည်း

ခေါက်ဆွဲ ကို တစ်ပွဲစာ ထည့်ပါ။ ဆား၊ အချိုမုန့်၊ ပဲငပြာရည်(ကြာညို့)အနည်းငယ် ထည့်ပါ။ ကြက်သွန်ဖြူဆီ ထည့်ပါ။ ခေါက်ဆွဲအနှစ် ထည့်ပါ။ နောက်ဆုံးတွင် ထောင်းထားသော မြေပဲဆံ ဖြူးပြီး နယ်စားနိုင်ပါသည်။ မုန့်ညှင်းချဉ် ထည့်၍ စားသုံးနိုင်ပါသည်။

Twitter Delicious Facebook Digg Stumbleupon Favorites More