>ယောက်ျားဖြစ်သူက အိမ်ကိုအရက်မူးပြီးပြန်လာတယ်။
ပြီးတော့
ထမင်းစားတယ်၊ အန်တယ်၊ ပန်ကန်ခွက်ယောက်တွေကိုလည်း ခွဲတယ်၊ နောက်ဆုံး
အမူးလွန်ပြီး လဲကျသွားတယ်။
>ဇနီးဖြစ်သူက ယောက်ျားဘယ်လောက်ဆိုးဆိုးပြန်မပြောဘဲ
ယောက်ျားကိုလက်တွဲပြီးအိပ်ယာအထိ
တွဲခေါ်သွားတယ်။ ပြီးတော့ အားလုံးကို သန်
့ရှင်းအောင်လုပ်တယ်။ နောက်နေ့ ယောက်ျားဖြစ်သူက အိပ်ယာထတယ်။ သူကတွေးထားတယ်၊
မိန်းမကတော့ ငါ့ကို စိတ်ဆိုးနေတော့မှာပဲလို့ ။
>ယောက်ျားဖြစ်သူက
ချစ်ဇနီးနဲ့ ရန်မဖြစ်ရပါစေနဲ့လို့ဆုတောင်းလိုက်တယ်။ ပြီးတော့ စားပွဲပေါ်မှာ
စာရွက်တစ်ရွက်စာရေးထားခဲ့တာကိုတွေ့ လိုက်တယ်။
>ချစ်ယောက်ျားရေ-
ယောက်ျားအနှစ်သက်ဆုံး မနက်စာ စားပွဲပေါ်မှာအဆင့်သင့်ပြင်ထားခဲ့ပါတယ်။
ချစ်ဇနီးကတော့ ကုန်စုံဆိုင်ကိုအစောာကြီး ၀ယ်စရာလေးရှိလို့သွားပါပြီ။
ယောက်ျားဆီအမြန်ပြန်လာပါမယ်။ ချစ်ယောက်ျား၊ ယောက်ျားကို ချစ်တယ်။
>ယောက်ျားဖြစ်သူက အံ့အားသင့်ပြီး သားဖြစ်သူကိုမေးလိုက်တယ်။ သားရေ- ညက
အဖေဘာဖြစ်ခဲ့တုန်းကွ။ သားဖြစ်သူက- ညကအမေက အဖေကိုအိပ်ယာပေါ်တွဲခေါ်တယ်၊ ဖိနပ်၊
ရှပ်အင်္ကျီကိုချွတ်၊ သေချာစောင်ခြုံပေးတယ်၊ ပြီးတော့ အဖေကပြောတယ်အမေကို-
ဟေ့ မိန်းမ ငါ့ကို တစ်ယောက်ထဲထားခဲ့၊ မင်းသွားချင်တဲ့ဆီသွား။
မင်းတို့မိန်းမတွေဘာဖြစ်တယ်ညာဖြစ်တယ်စသည်ဖြင့်ပြောလိုက်ပါတယ် တဲ့။
>အရက်မူးလို့ပဲပြောပြော၊ဒေါသထွက်လို့ပဲပြောပြော-အချစ်ကိုခံစားကြည့်ပါ၊
အချစ်စစ်ဆိုတာ နှလုံးသားတစ်ခုထဲဆုံးဖြတ်ရမှာမဟုတ်ဘူး၊
သင့်ဦးနှောက်ပါဆုံးဖြတ်ထားတယ်ဆိုလျှင် ပိုခိုင်မြဲပါတယ်။
ပိုကောင်းတာက-ယောက်ျားကလည်း မိန်းမအပေါ်မှာ လေးလေးစားစားဆက်ဆံကြမယ်၊
မိန်းမကလည်း
ယောက်ျားကိုလေးလေးစားစားဆက်ဆံကြမယ်ဆိုလျှင်ပျော်ရွင်တဲ့
အိမ်ထောင်ရေးတခုဖြစ်သွားနိုင်ပါတယ်။
အရှင်ဇောတိပါလ(ပါရမီဗိမာန်)
ပျော်ရွှင်သော အိမ်ထောင်ရေးဘ၀ကို ပိုင်ဆိုင်နိုင်ကြပါစေ။