လိုအပ်တဲ့ပစ္စည်းတွေကတော့
အာလူး၊ ဆိတ်သား ဒါမှမဟုတ် အသားတစ်မျိုးမျိုး တောက်တောက်စင်း၊
ကြက်သွန်ဖြူ၊နီ၊ချင်း၊ ဇီယာစေ့၊ မာဆလာ၊ တန်ပူရာမှုန့် ၊ ကြက်ဥ၊ ဆီ၊အချိုမှုန့်၊
သကြားအနည်းငယ်၊ ဆား စတာတွေပါ။
စစချင်းမှာ အာလူးတွေကို အိုးထဲထည့်၊ မီးဖိုပေါ်တင်ပြီးနူးအောင်ပြုတ်ပါ။ အာလူးပြုတ်ထားတဲ့
အချိန်မှာ အသားတွေကို မာဆလာ၊ ဆား၊ သကြား၊ အချိုမှုန့်လေးနဲ့ နယ်ပြီးနှပ်ထားပါ။ကြက်
သွန်ဖြူနီချင်းတို့ကအခွံနွှာ၊ ကြက်သွန်နီကိုမထူမပါးလေးခပ်သေးသေးလှီး၊ကြက်သွန်ဖြူနဲ့ဂျင်း
ကိုထောင်းထားပါ။ ပြီးရင်တော့ မီးဖိုပေါ် ဒယ်အိုးတင် ဆီထည့်၊ဆီပူလာပြီဆိုရင်တော့ နနွင်းမှုန့်
လေးခပ်၊ ပြီးတော့ကြက်သွန်ဖြူနီဂျင်းကထည့်၊ ဆီသတ်၊ ပြီးရင်အသားတောက်တောက်စင်းနှပ်
ထားတာကို ထည့်ပြီး မွှေ၊ဇီယာစေ့ကိုထည့်၊ပြီးတော့ အသားကိုခြောက်တဲ့အထိမီးနွေးနွေးနဲ့
ဖြေးဖြေးချင်း ဆီသတ်ပေးပါ။ တချို့ကတော့အဲ့ဒီအသားဆီသတ်ထဲမှာ မုန်လာဥနီ၊ ဂေါ်ဖီထုပ်
စတာတွေကိုပါးပါးလှီးပြီး ထည့်တတ်ပါတယ်။ အသားဆီသတ်ရပြီဆိုရင်တော့မီးပိတ်ပြီး ဒယ်အိုး
ကိုစောင်းပြီး အသားဆီသတ်ကို အအေးခံ၊ဆီစစ်ထားပါ။ ဆီများရင် အာလူးထဲ အဆာသွတ်
တဲ့အခါကျရင်ဆီတွေစိမ့်ထွက်လာပြီး အာလူးကတ်သလိတ် ပုံစံပျက်တတ်ပါတယ်။
အာလူးပြုတ်ရပြီဆိုရင်တော့ အာလူးတွေကို အအေးခံပြီးတော့အခွံနွှာပြီးတော့ထောင်းပါ။ ငရုတ်ဆုံအဆင်မပြေဘူး
ဆိုရင်တော့ အိုးတစ်ခုထဲ အာလူးတွေကို ချေထည့်၊ ပြီးတော့ ဆား၊ သကြား၊ အချိုမှုန့်လေးထည့် ပြီးတော့ ပုလင်းနဲ့
ဖိပြီးထုချေပေးပါနော်၊
ဒီလိုလုပ်ပေးတာ အချိန်ကြာလာတာနဲ့အမျှ အာလူးကစေးပိုင်လာပါလိမ့်မယ်။
ပြီးရင်တော့အာလူးတွေကို ဂျုံနယ်သလို သေချာနယ်ပြီး
လက်သီးဆုပ်ခန့်အလုံးလေးတွေရအောင်ဆုပ်ထားလိုက်ပါ။ တန်ပူရာမှုန့်ကို
ပန်းကန်ပြားတစ်ခုထဲ ထည့်ထားပါ၊ ကြက်ဥကို
သေချာခေါက်ထားပါ။အားလုံးအဆင်သင့်ဖြစ်ပြီ ဆိုရင်တော့အာလူး ဆုပ်ထဲက အာလူးကို
ဖဲ့ယူပြီးတော့ လက်ဖ၀ါးပေါ်မှာ အ၀ိုင်းပြားပြားလေးဖြစ်အောင်လုပ်၊
နှုတ်ခမ်းပါးနားတွေညီအောင်ညှိ ပြီးတော့မှ
အဲ့ဒီအ၀ိုင်းပြားလေးရဲ့အလယ်ကိုလက်လေးနဲ့ ဖိပြီး ချိုင့်အောင်လုပ်၊
ပြီးတော့ ခုနကဆီသတ်ထားတဲ့အသားလေးကို ဇွန်းလေးနဲ့ တစ်ဇွန်းထည့်ပြီး ဘေးပတ်ပတ်လည်နဲ့အပေါ်ကို
အာလူးတွေနဲ့
ပြန်ပြီးငုံလိုက်ပါနော်။ ပြီးတော့ မှ ကြက်ဥနှစ်လေးထဲစိမ်၊
ပြီးတော့မှအပေါ်ကနေ တန်ပူရာမှုန့်
လေးနဲ့ကပ်ပြီးပန်းကန်ပြားကြီးကြီးထဲတန်းစီပြီး ထည့်ထားလိုက်ပါ။
အာလူးဆုပ်လေးတွေ အကုန်အဆာသွပ်ပြီး ပြီဆိုရင်တော့
မီးဖိုပေါ်ဆီအိုးတင်၊ဆီများများထည့်၊စစချင်း မှာ
ဆီကိုဆူအောင်ထား၊ဆီဆူလာပြီဆိုရင်တော့
အာလူးဆုပ်လေးတွေထည့်၊ မီးနည်းနည်းလျော့ပြီးအကျက်ညီအောင် ဟိုဘက်ဒီဘက်လှန်ပြီး သေသေချာချာ
ကြော်ပေးပါ။ ရွှေညိုရောင် ပြောင်းလာပြီ၊ အနံ့လေးလည်း မွှေးလာပြီဆိုရင်တော့အာလူးကတ်သလိတ်ကြော် လေးမွှေးမွှေးလေး ရပါပြီ။
အချဉ်အတွက်တော့ ကျွန်မကတော့ ခရမ်းချဉ်သီးကို မီးကင်ပြီးတော့မှအနှစ်တွေကို ဇွန်းလေးနဲ့ခြစ်ယူ၊ ကြက်သွန်
ဖြူလေး ဓါးပြားရိုက်၊ဆားလေး၊ အချိုမှုန့်လေးထည့်၊ ငရုတ်သီးစိမ်းလေး မညက်တညက်ထောင်းထည့်၊ကြက်သွန်
မြိတ်လေး၊
နံနံပင်လေးထည့်ပြီး မွှေလိုက်ပါတယ်။
ခရမ်းချဉ်သီးပန်ထွေဖျော်လိုမျိုးလေးပေါ့နော်။အာလူးကတ်သလိတ်
ပူပူနွေးနွေးမွှေးမွှေးလေးနဲ့ ချဉ်ဖြုန်းဖြုန်း၊မစပ်တစပ်
အချဉ်ရည်လေးနဲ့တွဲစားလိုက်ရတာ ကောင်းလိုက်တဲ့ အရသာ
ဂရင်းတီးလေးနဲ့
တွဲသောက်လိုက်တော့ အရမ်းကောင်း၊ အခုလိုပူတဲ့အချိန်မှာတော့
ကိုလာလေးတစ်ငုံသောက်လိုက်၊ ကတ်သလိတ်လေးတစ်ကိုက်လောက်ဝါးရင်းနဲ့ပေါ့ 
http://lulucooking.blogspot.com/2007/08/blog-post_28.html