Mangosteen ဟုအမည်ရသော Garcinia နွယ်ဝင် မင်းကွတ်သီးပင်တို့ ကို
ပူနွေးစိုစွတ်သော ရာသီဥတုရှိရာ မလ္လာယုကျွန်း ဆွယ်၊ ပစိဖိတ်ကျွန်းစု၊
အာဖရိက၊ စင်္ကာပူ၊ ယိုးဒယား၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဗီယက်နမ် စသည့်အရှေ့ 
တောင်အာရှနိုင်ငံများ နှင့် သြစတြေးလျတိုက်တို့ တွင် အနှံ့ အပြားတွင်တွေ
့ရှိရသည်။ ပုံပြင်ဒဏ္ဍာရီများအရ ၀ီတိုရီယဘုရင်မကြီး သည် တိုင်းတပါးမှ လာသော
မင်းကွတ်သီးကို အလွန်ကြိုက်နှစ်သက်သဖြင့် သူမထံမင်းကွတ်သီးတစ်လုံး ဆက်သ
ခဲ့သောသူကို ဆုတော်ငွေအဖြစ် £100 ချီးမြှင့်ခဲ့ကြောင်း၊ ထိုအချိန်မှစ၍
“အသီးမှာဘုရင်မ” ဟု အမည်နာမသမုတ်ခဲ့ကြောင်း မှတ်သားရပါသည်။ ပြင်သစ်တွင်
''ဘုရားသခင်ရဲ့အာဟာရ'' ဟု ခေါ်ဆိုကြ၏။ မြန်မာပြည်၏ တနင်္သာရီတိုင်း၊
ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့ နယ်၏ ချိုင့် ဝှမ်းများနှင့်
ပင်လယ်ကမ်းရိုးတမ်းတလျှောက်ရှိ တောင်ခြေတို့၌ မင်းကွတ်ခြံကြီးများ ကို တွေ
့မြင် ရ သည်။
မှည့် သောမင်းကွတ်သီး၏ အသားမှာ နူးညံ့ချိုအေး၍အနံ့ အရသာ
နှင့် ပြီးပြည့်စုံသောကြောင့် လူကြိုက်များသော သစ်သီးဖြစ် သည်။
စိမ်းသောအသီးသည် အတန်ငယ်မဆိုသလောက် အ ချဉ် ဓာတ်ပါရှိသောကြောင့်
အိန္ဒိယနိုင်ငံ၌ အချဉ်ဟင်းလျာများ ချက် ပြုတ်ရာတွင် မကျည်း သီး အစား
မင်းကွတ်သီးကို ဟင်းခတ်အဖြစ် အသုံးပြုလေ့ရှိကြ၏။ မင်းကွတ်သီးအဆီကို ထောပတ်
ချက် လုပ်ကာ၊ သကြားလုံး နှင့် ကိတ်မုန့်  ပြုလုပ်ကြသလို၊
မင်းကွတ်သီးအဆီဖြင့် ပြုလုပ် ထားေ သာ ကိတ်မုန့် သည် ကြာကြာအထား ခံသည်။
ယခုအခါ မင်းကွတ်သီးအဆီမှ ဖေ ယာင်း တိုင်၊ ဆပ်ပြာ နှင့်
အနာကပ်ဖယောင်းကျက်ပြုလုပ်နေကြပါပြီ။ ဂါနာနိုင်ငံတွင် မင်းကွတ် သီးပင်မှ
အစူးများကို သွားကြားထိုးတံအဖြစ်လည်းကောင်း၊ တရုပ်နိုင်ငံတွင် မင်းကွတ်သီး
အခွံ ကို leather သားရေနယ် ရာတွင်လည်းကောင်း၊ ထိုင်းနိုင်ငံတွင်
မင်းကွတ်သီး၏ပင်စည်ဖြင့် လက်သမားသုံးပစ္စည်းများ ပြုလုပ်ကြသည်။
လူသားတို
့ကျန်းမာရေးကိုကောင်းကျိုးပြုစေသည့် ဓာတ်တိုးဆန့် ကျင်ပစ္စည်းများကြွယ်ဝသော
မင်းကွတ်သီးထဲတွင် ကစီနှင့် အမျှင်ဓာတ်တို့ အပြင်၊
ဗိုက်တာမင်နှင့်သတ္တုဓာတ်များလည်း အမြောက်အများပါရှိကြသည်။ အသီးသာမက အရွက်၊
ပင်စည် အခါက်၊ အမြစ်များအားလုံး လူသားတို့  ကျန်းမာရေးကို
အထောက်အကူပြုစေသဖြင့် အာရှနိုင်ငံများ တွင် ရှေးနှစ်ပေါင်း များစွာ ကတည်းက
မင်းကွတ်သီးကို ရိုးရာဆေးဝါးအဖြစ် အသုံးပြုလာခဲ့ကြသည်။
(၁) မင်းကွတ်သီးသတ္တုရည်ထဲတွင် အင်းဆက်ပိုးမွှားများကိုက်ခြင်းနှင့်ပျားတုပ်ခြင်း တို့  အ တွက် အဆိပ်ပြယ်စေသော ဂုဏ် သတ္တိပါရှိသည်။
(၂) အသားအရေပျက်စီးခြင်း၊ ခြေဖနောင့်ကွဲခြင်း နှင့်
ခြေသလုံးသားများပက်ကြားကွဲ အက်ခြင်း တို့ အတွက် မင်းကွတ်သီး အဆီ
လိမ်းပေးခြင်းဖြင့် ပျောက်ကင်းသက်သာစေနိုင်သည်။
(၃)
အရိုးနုများကိုထောက် ပံ့ပေးနိုင်ပြီး၊ အရိုးပွရောဂါ နှင့်
အရိုးပါးခြင်းတို့ ကိုလည်း ထိထိေ ရာက်ရောက် ကာကွယ်ပေး နိုင်သည်။
ပါကင်ဆန်ရောဂါ (ခေါ်) အကြောအားနဲ၍ခြေလက် တုန်ခြင်း၊
အာရုံကြောများနာကျင်ခြင်း၊ အဆစ်အမြစ်များ တောင့် တင်းကိုက်ခဲခြင်း နှင့်
ခန္ဓာကိုယ်အနှံ့ နာကျင်ကိုက်ခဲခြင်း စသောရောင်ရမ်းနာများကို သက်သာစေသည်။
(၄) လိပ်ခေါင်းရောဂါကို သက်သာပျောက်ကင်းစေနိုင်သည်။
(၅) မင်းကွတ်သီးထဲတွင် citric acid, acetic acid, polyphenol နှင့်
hydroxycitric acid (HCA)တို့  ကြွယ်ဝစွာပါရှိခြင်း ကြောင့်
ဖက်တီးအက်ဆစ်ကိုနှိမ်နင်းကာ၊ ကိုလက်စထရော ပမာဏကိုကျစေသည့်အတွက်
အ၀လွန်သူများနှင့် ကိုယ်အ လေးချိန်ပုံမှန် ထိန်းသိမ်းလိုသူများ
မှီဝဲစားသုံးသင့်ပါသည်။
(၆) ရင်ပူခြင်း၊ နှာခေါင်းသွေးလျှံခြင်း၊
ခန္ဓာကိုယ်အနှံ့ အပူဖု၊ အပူအနာများပေါက်ခြင်း၊ မီးယပ် အဖြူဆင်းခြင်း၊
မီးယပ်သွေး ဆင်းလွန်ခြင်းစသည့် အပူဓာတ်လွန်ကဲသောဝေဒနာများအတွက်
မင်းကွတ်သီးကို အပူငြိမ်းသည်းခြေဆေးအဖြစ် မှီဝဲစား သုံးနိုင်သည်။
မင်းကွတ်သီးတွင် အအေးဓာတ်ပါရှိသောကြောင့်၊ ဒူးရင်းသီးစားပြီးနောက်
မင်းကွတ်သီးကို စားပေးသင့် သည်။
(၇) ရီဝေေ၀မူးနောက်နောက်ဖြစ်ခြင်း
နှင့် မောပန်းနွမ်းနယ်မှုကိုပြေပျောက်စေပြီး၊ အား သစ်ေ လာင်းပေးနိုင်သည်။
ခန္ဓာကိုယ် တွင်း ရေဓာတ်များကုန်ခမ်းသွားခြင်းမှလည်း ကာကွယ်ပေး ပါသည်။
(၈) မင်းကွတ်သီးသည် အစာချေစံနစ်ကိုကောင်းမွန်စေပြီး၊ အူကိုကျန်းမာစေကာ ၀မ်းချုပ်ခြင်း မှလည်း ကာကွယ်ပေးပါသည်။
(၉) မိတ်၊ အင်ပျဉ်ကဲ့သို့ အရေပြားပေါ်တွင်အဖုပိမ့်အနီကွက်ထခြင်း၊
အပူလောင်ခြင်း နှင့် အေ ရပြားပေါ်ရှိ ထိခိုက်ဒဏ်ရာများ အတွက်
မင်းကွတ်သီးအနှစ်သားဖြင့် လိမ်းကျံပေးနိုင်သည်။
(၁၀)
မင်းကွတ်သီးအခွံထဲတွင် သစ်သီးများမှာတွေ့ ရခဲသည့် alpha mangostin နှင့်
gamma mangostin ဟူသော xanthones ဓါတ်၂-မျိုးပါရှိသည့်အတွက်
ဖျားနာမှုအမျိုးမျိုးတို့ အပြင်၊ ခန္ဓာ ကိုယ်တစ်ခုလုံးအတွက်
ကောင်းကျိုးပြုပေး ပါသည်။
(၁၁) ကိုယ်အပူကြီးခြင်း၊ မှက္ခရုနာ၊
ဝမ်းသွားခြင်းများအတွက် မင်းကွတ်သီးအရွက် နှင့်  အေ ခါက်ပြုတ်ရည်တို့ ကို
သောက်သုံး ပေးသင့်ပါသည်။
(၁၂) အပင်အမြစ်ပြုတ်ရည်ကို သောက်သုံးပေးခြင်းဖြင့် အမျိုးသမီးများ ဓမ္မရာသီတာစက်ဝန်း မှန်စေသည်။
(၁၃) အသီးအခွံထဲတွင် tannins ဓာတ်ပါရှိ၍့၊ အခွံကို အခြောက်လှမ်းအမှုန်
့ကြိတ်ပြီး သောက် သုံးပေးခြင်းဖြင့်၊ ၀မ်းလျော/ ၀မ်းကိုက်ရောဂါများကို
ယူပစ်သလို ပျောက်ကင်းစေပါသည်။ အခွံ ကိုတညသိပ်ရေစိမ်းထားပြီး၊
နာတာရှည်ဝမ်းသွားနေ သော ကလေး၊ လူကြီး အရွယ် ၃-ပါးမရွေး ယုံကြည်စိတ်ချစွာ
တိုက်ကျွေးနိုင်သည်။
(၁၄) စိုးရိမ်သောကပူပန်ခြင်း၊
Alzheimer(ခေါ်)အကြိုဇရာရာဂါ၊ စိတ်ကစဥ့်ကလျားဖြစ်ခြင်း၊ စိတ်ကျရောဂါ နှင့်
ခေါင်းတစ် ခြမ်းကိုက်ခြင်းဝေဒနာသည်များကို မင်းကွတ်သီး ကျွေးပေး သင့်ပါသည်။
(၁၅) မင်းကွတ်သီးထဲတွင် anti-bacteria အစွမ်းသတ္တိပါရှိခြင်းကြောင့်
ကိုယ်ခံစွမ်းအားကို တိုးတက်ကောင်းမွန်စေပြီး မှို ရောဂါပိုးများ
ကူးစက်ခြင်းမှကာကွယ်ပေးသည်။ အထူးသဖြင့် အဆုတ်နာ၊ တီဘီနာရောဂါများမှ
ဘက်တီးရီးယားပိုးမွှား တို့ ပြန့် ပွားလာမှုကို တားဆီး ဟန့် တားပေးပါသည်။
(၁၆) ဓာတ်ခွဲစမ်းသပ်ချက်အရ၊ မင်းကွတ်သီးထဲတွင် ဗိုက်တာမင်အီးထက်
ပိုမိုဆေးစွမ်းထက် လှသော Xanthones (ခေါ်) သဘ၀ဓာတ်ပေါင်း တစ်မျိုးပါရှိရာ၊
၎င်းဓာတ်ပေါင်းသည် ခန္ဓာ ကိုယ် ထဲရှိ မလိုလားအပ်သော free radical များကို
ကာကွယ် တိုက်ထုတ်ပေးနိုင်ကြောင်း၊ မင်းကွတ်သီးဖျော်ရည် ၁-အောင်စ သည်
အခြားသော သစ်သီးဖျော်ရည် ၁-အောင်စထက် free radicals များကိုစုပ်ယူနိုင်မှု
အဆ ၃၀-ခန့်  ပိုကြောင်း၊ ဗိုင်းရပ်စ်၊ ဖန်းဂတ်စ်မှို၊ ဘက်တီးရီး ယားနှ င့်
အသည်း အဆိပ်သင့်အရာများကိုကာကွယ်ပေးနိုင်ကြောင်း၊ အနာကျက်စေနိုင်သော
အစွမ်းရှိကြောင်း စင်ကာပူအမျိုး သား တက္ကသိုလ်မှ အကြံပြုထားသည်။
(၁၇)
မင်းကွတ်သီးသတ္တုရည်သည် သွေးလွှတ်ကြောများပိတ်ဆို့ ခြင်း၊ နှလုံးသွေးကြောများ
မာကျောကျစ်လစ်ခြင်း စသော နှလုံးသွေးကြောဆိုင်ရာ ရောဂါအထွေထွေကို
ထိထိရောက်ေ ရာက် ကုသပေးနိုင်စွမ်းရှိပါသည်။ သွေးထဲရှိ အဆီများ ကိုလည်း
ကျစေပါသည်။
(၁၈) သီးနှံများထဲတွင် ရှားရှားပါးပါးတွေ့ ရခဲသော Garcinone
E (ခေါ်)သဘာဝဒြပ်ပေါင်း တစ်မျိုး နှင့် Polysaccharides (ခေါ်)
ကင်ဆာဘက်တီးရီးယားများကို ဆန့်ကျင်ပေးေ သာ ဒြပ်ပေါင်းတို့ သည်
မင်းကွတ်သီးထဲတွင် ရှားရှားပါးပါး ပါရှိ ကြရှိရာ၊ ၄င်းဒြပ်ပေါင်းများ သည်
ဘေးထွက်ဆိုးကျိုးလုံးဝမရှိဘဲ ကင်ဆာရောဂါများကို ဆန့် ကျင်တိုက်ထုတ်ပေးနိုင်
သည်။ အထူးသဖြင့် ရင်သားကင်ဆာ၊ အသည်းကင်ဆာ စသည့်ကင်ဆာဆဲလ်များပြန်
့ပွားလာမှုကို ကာကွယ်ပေးသည်။
(၁၉) အခွံပြုတ်ရည် သောက်သုံးဖြင်းဖြင့်
အမျိုးသမီးများတွင် အဖြစ်များသည့် ဆီးမကြာခဏ သွားခြင်း၊ ဆီးအိတ်ရောင်ခြင်း၊
ဆီးပူ ညောင်းကျခြင်း၊ ဆီးကျောက်တည်ခြင်းနှင့် ကာလသားေ ရာ ဂါများကို
သက်သာပျောက်ကင်းစေပါသည်။ ထို အခွံ ပြုတ်ရည်ကို ကွဲရှနာများအ တွက် သွေး
တိတ်ဆေးအဖြစ်လည်းကောင်း၊ ၀ဲနှင်းခူနာများကိုလည်း လိမ်းပေးသင့်ပါသည်။
(၂၀) မလေးရှားနိုင်ငံတွင် လိင်တံထိပ်အရေပြားဖြတ်ပြီးနောက်၊
အနာအမြန်ကျက်စရေန် အတွက် မင်းကွတ်သီးအရွက်ပြုတ် ရည်၊ ဌက်ပျောသီး နှင့်
benzoin အနဲငယ်ရောကာ ဒဏ်ရာကို လိမ်းပေးလေ့ရှိသည်။
(၂၁) မျက်စေ့အတွင်းတိမ် နှင့် ရေတိမ် ဖြစ်ခြင်းမှလည်းကာကွယ်ပေးပါသည်။
(၂၂) မင်းကွတ်သီး၏ ရောင်ရမ်းမှုလျော့ကျစေသော အာနိသင်တို့ ကြောင့် တင်ပါးရိုးအာ ရုံကြော နာကျင်မှုကို သက်သာစေပါ သည်။
(၂၃) ဖက်ခွက်နာ၊ပြည်တည်နာ၊နှင့်အစာအိမ်နာ စသည့်ကိုယ်တွင်းကိုယ်ပ အနာအမျိုးမျိုးတို့ ကို သက်သာလာစေနိုင်သည်။
(၂၄) သွေးထဲရှိသကြားပမာဏကိုကျစေသောကြောင့် ဆီးချိုရောဂါသည်များ စားသုံးသင့်သည်။
(၂၅) သွေးထဲရှိသကြားပပမာဏကိုမျှခြေဖြစ်စေ၍၊ သွေးအားနဲသူများအတွက် ကောင်းကျိုးပြုပါသည်။ သွေးတိုးကျစေသည်။
(၂၆) သွား နှင့် သွားဖုံးတို့ ကို ကောင်းကျိုးပြုပါသည်။
(၂၇) မင်းကွတ်သီးသည် ဓာတ်မတည့် မှုများကို မဖြစ်ပေါ်စေဘဲ၊ ခန္ဓာကိုယ်၏ အင်္ဂါ
အဖွဲ့ အ စည်းများအတွက် ကောင်းမွန်သော အာနိသင်ရှိသောကြောင့် နေ
့စဉ်ဖြည့်စွက် စာအဖြစ် စားသုံးသင့်ကြောင်း အမေရိကန်နှင့် ကနေဒါနိုင်ငံတို
့တွင် အနှစ်၂၀ ကျော်ကြာ အတွေ့ အကြုံရှိ သည့် J. Frederic Templeman
ဟုအမည်ရသော primary care physician တစ်ဦးက အခိုင် အမာအတည်ပြုထားပါသည်။
ထိုအဆိုကို NASA Space Center မှ အထူးကုဆရာဝန် Sam Walters မှ
ထောက်ခံထားသည်။ ထို့ ပြင် မင်းကွတ်သီးသည် အမျိုးသားများကျန်းမာရေး
အတွက်အထူးသင့်တော်ကြောင်း အနှစ် ၃၀ နီးပါးအတွေ့ အကြုံရှိသည့် chiropractic
physician တစ်ဦးဖြစ်သူ Kenneth J. Finsand က အကြံပြုထားပါသည်။ Dr. James
Duke ဆိုသူကလည်း မင်းကွတ်သီးထဲတွင် Catechins (ခေါ်)
သဘာဝဓာတ်ပေါင်းတစ်မျိုးပါရှိရာ၊ ထိုဓာတ် က ဗိုက်တာမင်စီထဲတွင်ပါရှိသော
antioxidants ၏ ပမာဏထက် ၅-ဆမျှပိုကြောင်း the catalog of prominent
ethnobotanist တွင် ရေးသားဖော်ပြထားပါသည်။
(၂၈) မင်းကွတ်သီး၏
ကျန်းမာရေးအကျိုးကျေးဇူးများသည် မယုံကြည်နိုင်လောက်အောင်မျာြး ပားလှပါ သည်။
ထို့ ကြောင့် ကမ္ဘာမြေကြီးကပေးသော အာဟာရဓာတ်ပေါကြွယ်ဝသည့် မင်းကွတ်သီးကို
“သဘာဝရဲ့ အာဟာရအဖြစ်” စားသုံးကြစေ လိုပါသည်။
မှတ်ချက်။
(က)
မင်းကွတ်သီးကို နို့ ရည်၊ သကြားတို့ နှင့် တွဲဖက်မစားသင့်ပါ။ (ခ)
အခွံနွှာသောအခါ ထွက်ရှိလာသော ခရမ်းနီရောင် အရည်များသည် အ၀တ်အထည်များကို
စွန်းထင်းစေတတ် သဖြင့် အချို့ ဟိုတယ်ကြီးများတွင်
မင်းကွတ်သီးစားသုံးယူဆောင် လာမှုကို တားမြစ်ကြပါသည်။
<<စာနာထောက်ထားစွာဖြင့် ဆောင်းပါးရှင်အမည်ကို ပြောင်းလဲခြင်း/ချန်လှပ်ထားခြင်းမျိုး မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည် >>
(ဆောင်းပါးရှင်...ပေါက်ပေါက်.. .မျှဝေသည်)
ကိုးကား (World’s Healthiest Fruit, Mangosteen)
