ကန်းဇော်ပင်ဆိုတာ
နှစ်တစ်ရာကျော် ရှင်သန်နိုင်သော
အပင်ကြီးမျိုးဖြစ်ပြီး၊ အင်္ဂလိပ်လို ‘Mahua of Southern India’ (သို့ မဟုတ်)
‘Mahua Tree’ လို့ ခေါ်ကြပြီး၊ မြန်မာလို “ကန်းဇော်ပင်” လို့  အမည်
ရပါတယ်။
ကန်းဇော်သီး(အစေ့)ဟာ ကြမ်းပိုးအနံ့နှင့် ခပ်ဆင်ဆင်တူတာ ကြောင့်၊
အချို့ အရပ်ဒေသများမှာ “သစ်ကြမ်းပိုးပင်” ဟူ၍လည်းေ ကာင်း၊ အချို
့ဒေသများမှာ “တောင်မင်းဂွတ်”ဟူ၍လည်း အမျိုး မျိုးခေါ်ဆိုကြပါတယ်။
ပင်စည်အသားမှာ နီညိုရောင် သစ်မာသား အမျိုးအစားဖြစ်၍ အပင်တစ်ပင်ကို အိမ် တစ်
လုံးခန့်ဆောက် လုပ်နိုင်ပါတယ်။ ပင်စည်အပိုင်းအစများကို ဘုရား ဆင်းတုတော်
အဖြစ် ထုလုပ်ကိုးကွယ်လေ့ရှိကြ၏။ ကန်းဇော်သီး(အစေ့)ထဲမှာ ကြက်သွေးရောင်မကျ
တကျ (လိမ္မော်ရင့်ရင့်) ရောင်ခြယ် ၄.၈ ရာခိုင်နှုန်းမှ ၆.ဝ
ရာခိုင်နှုန်းအထိပါရှိ တြာေ ကာင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ
လိမ္မော်ရင့်ရောင်ဆိုးဆေးအဖြစ် သိုးမွှေး နှင့် ချည်ထည် များမှာ
အသုံးပြုနေကြပါတယ်။ ထို့ ပြင် အန္ဒိယရိုးရာ ဘာသာရေး အခမ်းအနားများ တွင်လည်း
အသီးကို လေထဲမြှောက်၍ ပူဇော်ပသလေ့ရှိကြပါတယ်။
ပေါက်ရောက်ရာဒေသ
ကန်းဇော်ပင်တို့ ကို ရေမြေတောတောင်ထူထပ်ရာ အရှေ
့တောင်အာရှနိုင်ငံများဖြစ်ြ ကတဲ့ နီပေါ၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ အင်ဒို
နီးရှား၊ အိန္ဒိယ နှင့် မလေးရှားနိုင်ငံတွေ မှာ တွေ့ ရှိရပါတယ်။(အိန္ဒိယတွင်
အပင်တစ်ပင်လျှင် ကမ်းဇော်ဆီ ပျမ်းမျှတန်ချိန် ၁၈၀,၀၀၀
ထွက်ရှိနိုင်ကြောင်း၊ အိန္ဒိယနိုင်ငံ၏ ဒေသအများအပြားတွင် စိုက်ပျိုးကြေ
ကြာင်း နှင့် မည်သည့် မြေအမျိုးအစားတွင်မဆို စိုက်ပျိုးနိုင်ကြောင်း
စိုက်ပျိုးရေးဝက်ဘ် ဆိုက်တစ်ခုဖြစ်တဲ့ www.svlele.com/mahuae.htm မှာ ဖော်ပြထားတာ ကို လေ့လာ မှတ်သား ရပါတယ်)
ကန်းဇော်ပင် နှင့် မြန်မာနိုင်ငံ
မြန်မာပြည်မှာတော့ မြေနိမ့်ချိုမ့်ဝှမ်းများ နှင့် ရွှံ့နွံပေါ၍
ရေရရှိသောဒေသဖြစ်တဲ့ တန င်္သာရီတိုင်း၊ မြိတ်ခရိုင်တို့ မှာ သဘာဝ အလျောက်
ကျယ်ကျယ်ပြန့် ပြန့် ပေါက်ရော က်လေ့ရှိပါတယ်။ ထားဝယ်မြို့နယ် နှင့်
အနီးပတ်ဝန်းကျင်ဒေသတွေမှာ ပေါ က်ေ ရာက် တဲ့ ကန်းဇော်ပင်များဟာ
ကုန်းပေါ်တွင်သာပေါက်ကြ၍ “ကုန်းကန်းဇော်” အမျိုး အစားဖြစ်ပါတယ်။
တနင်္သာရီတိုင်း ဒေသကြီးအတွင်းရှိ မြိတ်ခရိုင်နှင့် ဘုတ်ပြင်းမြို့ နယ်အနီး
ပတ်ဝန်းကျင်တ၀ိုက်တွင်ပေါက်ရောက်သော ကန်းဇော်ပင်များမှာ ရေစပ်စပ်
တွင်ပေါက်ကြ၍ “ရေကန်းဇော်” အမျိုးအစားဖြစ်ပါတယ်။ ကုန်းကန်းဇော်နှင့် ရေ
ကန်းဇော် ပင်တို့ ရဲ့  အရွက်၊ အပွင့်၊ အသီး ပုံသဏ္ဍာန်များမှာ ရေမြေအနေအထား
အရ ခြားနားမှုရှိနေသော်လည်း ၄င်းတို့ မှ ထွက်ရှိလာတဲ့ အဆီ၊ အနံ့နှင့် ဆေးဘက်
ဝင် အကျိုးအားနိသင်များကတော့ အတူတူဘဲ ဖြစ်ကြပါတယ်။
ကန်းဇော်ဆီ ထုတ်ယူပုံအဆင့်ဆင့်
ဦးစွာ ကန်းဇော်အစေ့ခွံကို လက်ထောင်းဆုံဖြင့်ထောင်း၍
ရလာတဲ့အခွံအမှုန့်တွေကို မူလကခွာထားပြီးသော အစေ့များဖြင့်ရော နှောကာ
ပေါင်းအိုးတွင်ထည့်ပေးပါ။ ထို့ေ နာက် ရေမပြည့်တပြည့်
ဖြည့်ထားတဲ့ဒန်အိုးကို မီးဖိုပေါ်တင်၍၊ စောစောက ကန်းဇော် အမှု့န်များ
ထည့်ထားတဲ့ပေါင်းအိုးကို ၄င်းဒန်အိုး အပေါ်မှထပ်၍ တင်ပေးပါ။ ပေါင်းအိုး
အဖုံးလုံစေရန်အတွက် ပေါင်းအိုးဝမှာ ငှက်ပျောဖက် အစိမ်းခံ၍ ထိုအပေါ်မှ
ပန်းကန်ြ ပာြး ဖင့် အုပ်ပေးရပါမယ်။ နာရီဝက်ခန့် ကြာတဲ့အခါမှာတော့
ပေါင်းအိုးအဖုံးကိုဖွင့်ပြီး ၀ါးချွန်ငယ်ဖြင့် ပေါင်းအိုးအ၀ကနေ
ထိုးဖွပေးရမှာဖြစ်ပါတယ်။ ဤနည်းအတိုင်း ၁၅-မိ နစ်ကြာ တစ်ကြိမ်နှုန်းဖြင့်
၎-ကြိမ်လောက် ထိုးဖွပြီးနောက်မှာတော့ ကန်းဇော်မှုန့်တွေ
ကျက်သလောက်ရှိလာပါပြီ။ ထိုအမှုန့် တွေကို လက်ချောင်း နဲ့ ပွတ်ဖျစ်ကြည့်လို့ 
ဆီ ထွက်လာရင် ကန်းဇော်မှုန့် တွေကျက်နေပြီမို့ အဆီညှစ်ယူနိုင်ပါပြီ။ ပေါင်း
အိုး ထဲ က ကန်းဇော်မှုန့်တွေကို ကရွတ်(ခေါ်)၀ါးနှီးဖြင့် ရက်လုပ်ထားတဲ့
အိတ်ထဲသို့ သုံးပုံနှ စ် ပုံခန့် ထည့်ပြီး ဆီညှစ်ယူရ ပါမယ်။
ထွက်လာတဲ့ကန်းဇော်ဆီများကို ဇလုံတစ်ခုမှာခံ ယူပြီး၊ နေပူပူမှာ
၁-ရက်လှမ်းတဲ့အခါ ရေတွေအငွေ့ပျံသွားတာကြောင့် ကန်းဇော် ဆီ စစ် စစ်ကို
ရရှိနိုင်မှာဖြစ်ပါတယ်။ ကန်းဇော်ဆီတွေကို ဖန်ပုလင်းထဲထည့်၍ ရင်ကန်း
အဆို့ဖြင့် ပိတ်ဆို့ထားရပါမယ်။ ကန်းဇော်ဆီတွေက ပုလင်းထဲမှာ တဖြည်းဖြည်း
အနည်ထိုင်လာပြီး ငါးဆယ်ကျပ်သားဝင် ပုလင်းတစ်လုံးလျှင် တစ်လက်မမျှ အနည်
ရရှိတတ်ပါတယ်။ ၄င်းအနည်များကို “ကန်းဇော်ချေး”လို့  ခေါ်ပါတယ်။ ကန်းဇော်ဆီ၏
အရောင်မှာ ဆီအုန်းဆီကြမ်း အရောင်နှင့်ခပ်ဆင်ဆင်တူပါတယ်။
ကန်းဇော်ဆီစစ်စစ်ကို နှစ်ကာလရှည်ကြာစွာ ထားသော်လည်း မူလအရောင်အဆင်း၊ အနံ့၊
အရသာနှင့် ဆေးဖက်ဝင်အာနိသင်များ(လုံးဝ)မပြောင်းလဲနိုင်ပါဘူး။ (လက်ေ ထာင်း
ဆုံဖြင့် အမှုန့်ထောင်းယူထားတဲ့ ကန်းဇော်ဆီ ဟာ အမှုန့်ကြိတ်စက်ဖြင့် ထုတ်
လုပ်ရယူတဲ့ ကန်းဇော်ဆီထက် ဆေးစွမ်းအာနိသင် ပိုမိုထက်မြက်ပါတယ်)
ကန်းဇော်ဆီ နှင့် ကျန်းမာရေးအစွမ်း
(၁) ကန်းဇော်ဆီနှင့် ကန်းဇော်စေ့မှ ထုတ်သော Watery Extracts များကို
ကြွက်ဖြူ များ နှင့် အဆိပ်ရှိမရှိ စမ်းသပ်တိုက်ကျွေး ရာမှာ၊ ကြွက်ဖြူများ
သေဆုံးခြင်းမရှိသည် ကို လေ့လာတွေ့ရှိရကြောင်း၊ တနင်္သာရီတိုင်းမှာ
အမျိုးသမီးတစ်ယောက် သားအိမ် ကင်ဆာဖြစ်၍ ခွဲခါနီးမှာ ကင်ဆာပြန့်နေလို့
မခွဲရဘဲ ပြန်ပိတ်ခဲ့ရပေမယ့်၊ ကန်းဇော်ဆီ ကိုသုံးကြည့်ရာ ရောဂါပါပျောက်ပြီး
ကလေး လည်းပြန်မွေးလို့ရသွားတဲ့ သာဓကရှိေ ကြာင်း၊ ထို့ကြောင့်
ကန်းဇော်စေ့နှင့် ကန်းဇော်ဆီ စစ်စစ်ကိုသာရရှိခဲ့လျှင် မီးယပ်ေ ရာဂါ
အမျိုးမျိုး၊ သားအိမ်ကင်ဆာ နဲ့  ရင်သားကင်ဆာတွေအတွက် စိတ်ချလက် ချေ သာက်
သုံးနိုင်ပါကြောင်း မြိတ်ခရိုင်၊ တိုင်းရင်းဆေး ပညာဦးစီးဌာနမှ အကြံပြု
ထားပါ တယ်။
(၂) ဆီပုလင်းအောက်ခြေမှာ ထိုင်နေတဲ့
အနည်အနှစ်(ကန်းဇော်ချေး)များကို အပူေ လာင်ခြင်း၊ နားအူခြင်း၊ နားအတွင်း အနာ
ဖြစ်ခြင်း၊ နာတာရှည်လူနာများ အိပ်ရာအ ပူလောင်နာဖြစ်ပေါ်၍
အရေပြားနီမြန်းခြင်း၊ ပြည်စု/ပြည်တည်၊ အနာဟောင်း/ အနာ ဆွေး၊ အနာစိမ်း၊
သွေးစုနာ(အိုင်းနာများ)၊ အပူလောင်မီးလောင်ဒဏ်ရာများ၊
အကြိတ်အဖုအမျိုးမျိုးအပြင် အနာ့ပချုပ်၊ အသား တွင်းသွေးပုတ်၊ ပြည်ပုတ်
အနာများကို တစ်နေ့ (၃)ကြိမ်အထိ အနာပတ်လည်မှာ လိမ်းပေးပြီးနောက်၊
ဂွမ်း/ပတ်တီးစများဖြင့် စည်းအုံပေးခြင်းဖြင့်
ပူစပ်နာကျင်ခြင်း(လုံးဝ)မရှိဘဲ ပြည်ပေါက်ကာ အမာရွတ်မကျ န်ေ တာ့ဘဲ
သက်သာပျောက်ကင်းစေပါတယ်။
(၃) အသီးရဲ့ အရသာမှာ ချို၊ ဆိမ့်၊
ခါးနေတာကြောင့် အချို့ နိုင်ငံများတွင် အရေပြားေ ကာင်းေ စသော
ဆေးအရက်(၀ိုင်)အဖြစ် ဖော်စပ် သောက်သုံးကြပါတယ်။
(၄)
အဆစ်အမြစ်ကိုက်ခဲခြင်း၊ အဆစ်ရောင်နှင့် ကိုယ်လက်ညောင်းညာခြင်းများအ တွက်
ကန်းဇော်ဆီဖြင့် တစ်နေ့ ၂-ကြိမ်မှ ၃-ကြိမ်ထိ မှန်မှန်လိမ်းပေးပါ။
(၅)
လေထိုးလေအောင့်၊ ဗိုက်နာဗိုက်အောင့်ရောဂါအတွက် ကန်းဇော်ဆီနှင့် ပျားရည်
ဆတူရော၍ နံက်/ည တစ်နေ့  ၂-ကြိမ်ကျ လ္ဘက်ရည်ဇွန်း တစ်ဇွန်းစာ သောက်ပေးပါ။
(၆) နှလုံး/သည်းခြေအားနည်းခြင်း၊ နာတာရှည် အဆုတ်ရောဂါ၊ အဆုတ်ပြွန်ေ ရာင်
ရမ်ြး ခင်း၊ ပန်းနာရင်ကျပ်၊ အစာမကြေပျို့ အန်ခြင်း၊
ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ ၀မ်း ကိုက်ခြင်းများအတွက် တစ်နေ့  ၂-ကြိမ် မှ
၃-ကြိမ်ထိ ဟင်းစားဇွန်း တစ်ဇွန်းစာ သော က်သုံးပါ။
(၇) ချောင်းဆိုးသွေးပါရောဂါအတွက် နံက်စောစောပိုင်းမှာ ကန်းဇော်ဆီ နှင့် ထမင်း ပူပူ ရောနယ်ပြီးစားပေးပါ။
(၈) ၀မ်းဗိုက်အတွင်းရှိ အူများနှင့် အစာအိမ်တို့မှာ ဖြစ်တတ်တဲ့
အနာရောဂါများ၊ ပန်း နာရင်ကြပ်၊ ဂရင်ဂျီနာ၊ လိပ်ခေါင်း၊ ဒူလာ၊ စအိုနာ၊
ဖျားနာရောဂါတို့ အတွက် ကန်းေ ဇာ် ဆီ လိမ်းပေးခြင်း(သို
့မဟုတ်)သောက်ပေးခြင်းတို့ဖြင့် ရောဂါပျောက် ကင်းစေ ပါတယ်။
(၉)
ထိခိုက်/ပွန်းပဲ့/ရှနာနှင့်ခွဲစိတ်ကုသဒဏ်ရာများ၊ အပူလောင်ခြင်း၊ အင်ပြင်၊
အသား အရည်ခမ်းခြောက်၊ လေဖြတ်ခြင်း နဲ့ ထုံကျင်ကိုက်ခဲသည့် ရောဂါများအတွက်
ကန်းေ ဇ်ာဆီကို လိမ်းဆေးအဖြစ်အသုံးပြုနိုင်ပါတယ်။
မှတ်ချက်။
ဆီထွက်သီးနှံတစ်မျိုးဖြစ်သော ကန်းဇော်သီးနှင့် ကန်းဇော်ဆီများဟာ အလွန်ဆေး
ဖက် ၀င်တာကြောင့် ပြည်တွင်းမှာ သုံးစွဲ သူပိုမိုများပြားလာတဲ့အပြင်၊
ကိုရီးယားနိုင်ငံမှ လည်း လာရောက်ဝယ်ယူခြင်းကြောင့် ကန်းဇော်စေ့နှင့်
ကန်းဇော်ဆီများ ဈေးေ ကာင်း လျက်ရှိနေပါကြောင်း တနင်္သာရီတိုင်းဒေသကြီး၊
မြိတ်ခရိုင်မှ ဒေသခံတစ်ဦး ကဆိုပါတယ်။ ထိုကဲ့သို့  သုံးစွဲမှုများပြား
လာခြင်းနှင့်အတူ ဈေးကွက်အတွင်း ကမ်းဇော် ဆီအရောအနှောတွေ၊
အတုတွေများပြားလာခြင်း (သို့ မဟုတ်) ကြိတ်ဖတ်(ခေါ်) ကန်းေ
ဇ်ာချေးအနှစ်တွေကို ပြန်ပေါင်းပြီးအဆီထုတ်လုပ်ခြင်းကြောင့် အာနိသင်ပျက်ပြ
ယ်လာသဖြင့် သတိပြုဝယ်ယူသင့်ပါ ကြောင်း မြိတ်ခရိုင်၊ တိုင်းရင်းဆေးပညာ
ဦးစီး ဌာနမှ သတိပေးထားပါတယ်။
ဆောင်းပါးရှင်…ပေါက်ပေါက်..မျှဝေသည်။

