မြင်းခွာရွက်ပင်လေးများ ပေါက်ရောက်ရာဇစ်မြစ်ဟာ
အိန္ဒိယနိုင်ငံဖြစ်တာကြောင့် သူ့ ရဲ့ အမည်ကို Indian Pennywort လို
့ခေါ်ပါတယ်။ အရွက်ဟာ မြင်းခွါပုံသဏ္ဍာန်နှင့်ဆင်တူလို့  မြန်မာပြည်မှာတော့
“မြင်းခွာရွက်” ဟူ၍ အလွယ်ခေါ်ကြပါ တယ်။
မြင်းခွာရွက်တို့ ကို
မြင်းခွာရွက်ရိုးရိုး၊ အညာမြင်းခွာ၊ ကုလားမြင်းခွာ၊ ဆေးမြင်းခွာဟူ၍
မြန်မာ့ပြည်အနှံ့ အပြား တွင် တွေ့ မြင်နိုင်ပြီး အမျိုးအစားအားလုံး
ဆေးဖက်ဝင်ကြပါတယ်။ မြင်းခွာရွက်ရိုးရိုး နှင့် အညာမြင်းခွာတို့ မှာ အရွယ်အ
စားပုံစံဆင်တူပြီး၊ ကုလားမြင်းခွာ၏အရွက်မှာ အမွှေးရှိကာ၊ ဆေးမြင်းခွာကတော့
အရွယ်အစားအလွန်သေးငယ်ပါတယ်။ မြင်းခွာရွက်ရိုးရိုးကို ဟင်းချို၊ ဟင်းခါး၊
အသုပ်စသည်ဖြင့် နှုတ်မြိန်အရံဟင်းလျာအဖြစ် စားသုံးလေ့ရှိကြသလို၊ ရေစင်စင်
ဆေးကာ ငပိရည်အတို့ အမြှုပ်အဖြစ် အစိမ်းလိုက်ဝါးစားကြပါတယ်။ သူရဲ့ 
မဆိုသလောက်ဖန်ခါးတဲ့ အရသာလေးက ခံတွင်းရှင်းပြီး နှုတ်မြိန်စေပါတယ်။
ဟင်းလျာအဖြစ်စားသုံးလေ့ရှိတဲ့ မြင်းခွာရွက်ရိုးရိုးဟာ နှလုံး
သွေးကြောရောဂါ၊ ဦးနှောက် နှင့်အာရုံကြောရောဂါ၊ အသီး ရောင်ဖျားနာခြင်း၊
နှင်းခူယားနာအဖုအပိမ့်များ၊ မျက်စိရေတိမ် ရောဂါ၊ သွေးတိုးရောဂါ၊
ဆီးရောဂါအမျိုးမျိုး၊ သွေးမ သန့် ခြင်း၊ အဆစ်အမြစ်ကိုက်ခဲရောင်ရမ်းခြင်း၊
ဖောရောင်ခြင်း၊ ရင်သားကင်ဆာ စတဲ့ရောဂါတို့ အတွက် ဆေးဖက်ဝင် ပါတယ်။ ဒါ့ပြင်
နာတာရှည်ဖျားနာပြီးနောက် မြင်းခွာရွက်လက်တစ်ဆုပ်စာပမာဏကို အမြစ်ပါဆွဲနှုတ်၍
ရေစင်စင်ဆေး ပြီး နွားနို့  ၂၅ ကျပ်သားဖြင့်
သုံးခွက်တခွက်တင်ကြိုသောက်ခြင်းဖြင့် ချက်ချင်းအားပြည့်လာစေသလို၊
ခံတွင်းလိုက်စေမှာ ဖြစ်ပါတယ်။
ဈေးနှုန်းချိုသာပြီး
အလွယ်တကူဝယ်ယူရရှိနိုင်ခြင်းကလည်း မြင်းခွာရွက်၏ အားသာချက်တခုလို
့ဆိုနိုင်ပါတယ်။
သက် ရှည်ကျန်းမာ ဆေးဖက်ဝင်မြင်းခွားရွက်သုပ်
လုပ်စားနည်းလေးကို မျှဝေလိုက်ပါရစေ။
မိသားစု ၅ ဦးစာ တနပ်စာဟင်း လျာ
အသုပ်တစ်ပွဲ ပြင်ဆင်ဖို့ အတွက် ပါဝင်ရမည့် ပစ္စည်းများမှာ-
(၁) မြင်းခွာရွက်
သုံးစီး
(၂) ကြက်သွန်နီ ငါးလုံး
(၃) ကြက်သွန်ဖြူ အမွှာကြီး ၂ မွှာ
(၄)
ဂေါ်ဖီထုပ် တစ်စိပ်
(၅) သံပုရာသီး တစ်လုံး
(၆) ဟင်းခတ်မှုန့် သင့်ရုံ
(၇)
ခရမ်းချဉ် သီး နှစ်လုံး
(၈) အခွံချွတ်၍ မညက်တညက်ထောင်းထားတဲ့
လက်တစ်ဆုပ်ပမာဏရှိတဲ့ မြေပဲဆံလှော်
(၉) ပဲဆီဖြင့် ချက်ထားသော ဆီချက်
(၁၀)
ငရုပ်သီးစိမ်း ဆယ်တောင့်
(၁၁) အရောအနှောမပါ အငံမပါသော အကောင်းစား ပုစွန်
ခြောက်မှုန့်  စတီးဇွန်းနှစ်ဇွန်းတို့  လိုအပ်ပါတယ်။
မြင်းခွာရွက်သုပ် ပြုလုပ်ပုံနည်းမှာ-
(၁) မြင်းခွာရွက်ပင်
ပဉ္စငါးပါးစလုံး(အရွက် ပင်စည် အမြစ်အားလုံး)ကို ရေစင်စင်ဆေး ပြီး
အနေတော်ပါးပါးလှီးဖြတ်ထားပါ
(၂) ကြက်သွန်ဥနီ နှစ်လုံး နှင့် ကြက်သွန်ဖြူ
အမြွှာကြီး ၂ မွှာကို ဆီချက် ချက်ထား ပါ
(၃) ကြက်သွန်နီဥ သုံးလုံး၊
ဂေါ်ဖီထုပ်၊ ခရမ်းချဉ်သီး၊ ငရုပ်သီးစိမ်းတို့ ကို ပါးပါးလှီးဖြတ်ထားပါ
(၄)
ပြီးရင် ပါးပါးလှီး ဖြတ်ထားသော မြင်းခွက်ရွက်ထဲကို ကြက်သွန်နီ၊ ဂေါ်ဖီ၊
ခရမ်းချဉ်သီး၊ ငရုပ်သီးစိမ်းတို့ ထဲ့ပါ
(၅) ထို နော့က် ဟင်းခတ် မှုန့် ၊
ပုစွန်ခြောက်မှုန့် ၊ မြေပဲဆံထောင်းအမှုန့် ၊ ဆီချက်ချက်ထားတဲ့ ဆီတို့ ကို
ရောကာ သမအောင်နယ်၍ ချိုငန်အရ သာကိုမြည်းကာ လိုသလိုထပ်ဖြည့်ပါ
(၆)
ချဉ်စပ်အရသာလေးဖြစ်စေဖို့  သံပုရာရည်ညှစ်ပါ
(၇) အရသာ စိတ်ကြိုက်
ဖြစ်ပြီဆိုရင် ပန်းကန်ပြားတစ်ချပ်ပေါ်ကို မြင်းခွက်ရွက်သုပ်ပြောင်းထဲ့၍
အပေါ်ကနေ ဆီချက်အဖတ်လေးတွေကို ဖြန့်  ၍ဖြူးပေးပါ။
ဆေးဖက်ဝင်မြင်းခွာရွက်သုပ်ရပါပြီ။
အစပ်မကြိုက်သူများက
ငရုပ်သီးစိမ်းလျော့ထဲ့နိုင်သလို၊ သက်သက်လွတ်သမားများအတွက် ပုစွန်ခြောက်မှုန်
့မထဲ့ လည်းအရသာရှိနေမှာပါ။ သွားအခေါင်းပေါက်ပြဿနာရှိသူများအတွက်
မြေပဲဆံထောင်းကို မသုံးလိုပါက၊ ပဲမှုန့် လှော် (အကျက်)ကို
အစားထိုးသုံးနိုင်ပါတယ်။
သတိပြုရန်။ (က) မြင်းခွာရွက် နှင့်
သခွားသီး တို့ တွဲဖက်မစားသင်ပါဘူး၊ အော့အန်တတ်လို့ ပါ (ခ) မြင်းခွာရွက်ပင်၏
သဘောသဘာဝဟာ မြေကြီးနှင့်ကပ်ကာ တွားသွားပေါက်လေ့ရှိသဖြင့်
ရောဂါပိုးအမျိုးမျိုးနှင့် ထိတွေ့ညစ်ညမ်းစေနိုင် တာကြောင့်
ရေစင်စင်ဆေးပြီးမှသာ စားသုံးသင့်ပါတယ်
(ဂ) တချို
့ကိုယ်ဝန်ဆောင်အမျိုးသမီးများက မြင်းခွာရွက်နှင့် ဓာတ်မတည့်သဖြင့်
သားပျက်သားလျောဖြစ်စေနိုင်၍ အထူးသတိပြုပါ။
(ဃ) မြင်းခွာရွက်ဟာ
ကျန်းမာရေးကိုအကျိုးပြု စေတာမှန်သော်လဲ၊ လိုအပ်သည်ထက်ပိုစားပါက၊
မူးဝေတတ်ပါတယ်။
(ဆောင်းပါးရှင်…ပေါက်ပေါက်…ရေးသားမျှဝေသည်)
