ကန်စွန်းဥတွင် ပရိုတင်းများ၊ အမျှင်ဓါတ်များ၊
သွေးကြော ထောက်ပံ့ အာနိသင် ရှိသော ဘီတာကယ်ရိုတင်း၊ သွေးပေါင် ထိန်းပေးသော
ပိုတက်ဆီယမ်၊ ဓါတ်တိုး ဆန့်ကျင် အာနိသင်ရှိသော ဗိုက်တာမင်စီနှင့် ဗိုက်တာမင်အီးတို့ ပါဝင်သည်။
ကန်စွန်းဥသည် အာလူးနှင့် မျိုးနွယ်တူ ဖြစ်သော်လည်း အာလူးနှင့် မတူသည့်
အချက်မှာ ကန်းစွန်းဥကြောင့် သွေးတွင်း အချိုဓါတ် မြင့်တက်ခြင်း မရှိပေ။
ကန်စွန်းဥ ခပ်ကြီးကြီး တစ်လုံးတွင် (၁၁၇) ကယ်လိုရီသာ ပါသည်။
ကန်စွန်းဥကို ရေစင်အောင် ဆေး၍ မိုက်ကရိုဝေ့ဗ် မီးဖိုထဲတွင် (၈)မိနစ်ခန့်
အပူပေးထားပါ။ ထို့နောက် သံလွင်ဆီ အနည်းငယ်နှင့် နယ်ပါ။ ကန်စွန်းဥကို
အစိတ်များ စိတ်ပြီး အစိတ်တိုင်းကို သံလွင်ဆီနယ်၍ အပူချိန် ၄၅၀ ဒီဂရီတွင်
ထားပါ။ ထို့နောက် သံလွင်ဆီရော ထားသော ကန်စွန်းဥ အစိတ်များကို အရသာ
ပြည့်ဝစွာ စားသုံးနိုင်မည် ဖြစ်ပါသည်။
ကန်စွန်းဥ အရသာရှိစွာ
စားသုံးနိုင်ရန် နောက်တစ်နည်းမှာ ကန်စွန်းဥကို အစိတ်များ စိတ်၍
သံလွင်ဆီသုံး ဇွန်းနှင့်ရောပြီး စတီးဗန်းပေါ်၌ နူးလာသည် အထိ မိနစ်(၂၀) ခန့်
မီးဖုတ်ပါ။
၎င်းတို့ထက် ပို၍အရိုးရှင်းဆုံး နည်းမှာ ကန်စွန်းဥကို ရေလုံပြုတ်ပြီး သံလွင်ဆီနှင့် နယ်စား နိုင်ပါသည်။
ဇော်ကို
Source:RD
Health Updates Journal