ကမ္ဘာပေါ်ရှိ လ္ဘက်ရည်အသောက်ဆုံးနိုင်ငံများထဲတွင် တူရကီ လဲ ပါဝင်ပါသည်။
တူရကီလူမျိုးတို့ သည် လ္ဘက်ရည် ထဲတွင် နွားနို့ နှင့် သကြား လုံးဝမသုံးကြပါ။
'semover' (ခေါ်) လ္ဘက်ရည်အချိုခြောက်ပြင်းပြင်းကို နှပ်၍၊ ကျူးလစ်ပန်း ပုံ
ဖန်ခွက်ထဲ စစ်ချကာ၊ လ္ဘက်ရည် တစ်ငုံသောက်ခါနီးမှ သကြားတုံးလေးကို
လျှာအောက်တွင်စုပ်၍ သောက်ကြပါ သည်။
သူတို့ သည် ခရီးသွားသောအခါမှာတောင်
လ္ဘက်ရည်အိုးကို ကားနောက်ခန်းထဲတွင် တပါတည်းယူဆောင်ကြ သဖြင့် လ္ဘက်ရည်
အပေါ်စွဲလန်းမှု အတိုင်းအတာကို ခန့် မှန်းနိုင်ပါသည်။
တူရကီ
အိမ်ရှင်မများကလည်း သမီး မိန်းကလေးများကို လ္ဘက်ရည်နှပ်နည်း ကြပ်ကြပ်မတ်မတ်
သွန်သင်ပေးကြပါသည်။
ယခုအခါ တူရကီ နိုင်ငံတွင် လီမွန်၊ သံပရာ၊ သရက်၊
မက်မွန်သီး နှင့် ဘယ်ရီးသီးရနံ့ ပါသော Lipton နှင့် Nestea တံဆိပ် iced
tea များကို summer drink အဖြစ် နှစ်ခြိုက်စွာသောက်ကြပါသည်။
(ဆောင်းပါးရှင်…ပေါက်ပေါက်...ရေးသားမျှဝေသည်)