မီးဖိုချောင်မှာမရှိမဖြစ်ထားလေ့ရှိကြတဲ့
ရှလကာရည်ကဟင်းချက်ဖို့အပြင် ဘယ်နေရာတွေမှာ အသုံးတည့်သလဲဆို တာ
သိထားနိုင်ဖို့ ပြောပြပေးချင်ပါတယ်။ ကျောနာကျောအောင့်ဖြစ် ပြီဆိုရင်
ရေချိုးဇလုံထဲမှာ ရေနွေးနဲ့ ရှလကာရည်လက်ဖက်ရည်ပန်းကန်လုံးနှစ်လုံးစာကို ရောစပ်ပြီး နာရီဝက်လောက်စိမ်ပေးရင် သက်သာနိုင်သလို ကြွက်သားတွေ တောင့်တင်းနာကျင်တာကိုလည်း သက်သာစေနိုင်ပါတယ်။
ခေါင်းကိုက်တာသက်သာဖို့ဆိုရင်လည်း ရေနွေးနွေနဲ့ ရှလကာရည်ကို
လက်ဖက်ရည်ပန်းကန်လုံးထဲမှာ တစ်ဝက်စီအချိုးကျရောစပ်ပြီး နားထင်ကို
ဖိကပ်သုတ်လိမ်းပေးနိုင်သလို လာဗင်ဒါရနံ့ ရှလကာရည်သုံးပြီးတော့လည်း
ရနံ့ကုထုံးအနေနဲ့ လုပ်ဆောင်နိုင်ပါတယ်။ ခြေထောက်ကြွက်တက်တာ၊
အဆစ်လွဲတာတွေဖြစ်ရင်လည်း အ၀တ်စနုနုတစ်ခုကို ရှလကာရည် ဒါမှမဟုတ်
အပူပေးထားတဲ့ ရှလကာရည်စိမ်ပြီး မိနစ် ၂၀ လောက် ညင်သာစွာ
ဖိကပ်ပေးနိုင်ပါတယ်။
ချောင်းဆိုးရင်လည်း ခေါင်းအုံးမှာ
ပန်းသီးရှာလကာရည်ဖျန်းပြီးအိပ်ရင် ညဘက်ချောင်းဆိုးတာကို သက်သာစေပါတယ်။
နောက်ပြီး အသက်ရှူကျပ်တာ၊ နှာပိတ်တာတွေဖြစ်ရင်လည်း ရှလကာရည်ကို
ပန်းကန်ထဲထံထည့်ပြီး ခပ်ပြင်းပြင်းရှူပေးရင် သက်သာပျောက်ကင်းစေပါတယ်။
လည်ချောင်းနာပြီဆိုရင်လည်း ရေနဲ့ ရှလကာရည်အနည်းငယ်ရော စပ်ပြီး
ပလုတ်ကျင်းပေးနိုင်ပါသေးတယ်။
ပျားတုပ်တာ၊
ပိုးကောင်ကိုက်တာခံရပြီဆိုရင် ပြောင်းဖူးမှုန့်နဲ့ ရှလကာရည်ကို
ခပ်ပျစ်ပျစ်ဖျော်ပြီး အကောင်ကိုက်ခံရတဲ့ နေရာကို သုတ်လိမ်းပေးနိုင်ပါတယ်။
အသားအရေနေလောင်ဒဏ်ခံရရင်လည်း အရေပြားပေါ်ကို ရှလကာရည်ပက်ဖျန်းပြီး
အသာပွတ်ပေးရင် သက်သာပျောက်ကင်းနိုင်ပါတယ်။
ဒီတော့ ရှလကာရည်ရဲ့
ဘက်စုံအသုံးတည့်ပုံကို အိမ်ရှင်မတွေသိထားပြီဖြစ်တဲ့အတွက်
အိမ်တွင်းဆေးဝါးအဖြစ် သုံးနိုင်ဖို့ ဆောင်ထားလိုက်ကြရအောင်ပါ။
Credit - Myawady Health
