“ အဆီစားလို့ 
အသားမဖြစ်၊ အဆီစားလို့  ဘေးဖြစ် ” ဟူသော ကျန်းမာရေးသတိပေးေ ဆာင် ပုဒ်ေ
လးကို ကျန်းမာရေးလိုက်စား သူအားလုံးတိုင်း သိနေ/နားရည်ဝနေကြမယ် လို့  ယြုံ
ကည်ပါတယ်။ သို့ သော် အောက်ဖော်ပြပါအဆီ ၁၀ မျိုးကတော့ ကျန်းမာရေး ကို ကောင်း
ကျိုးပြုပေးနိုင်တာကြောင့် စားသုံးသင့်ပါကြောင်း
အကြံပြုတိုက်တွန်းလိုက်ပါရစေ။
(၁) ငါး
ဆယ်လ်မွန်၊ တူနာ၊
ငါးသေတ္တာငါး စတဲ့ ပင်လယ်ငါးများမှရရှိတဲ့ အိုမီဂါ-၃ ဖက်တီး အက်ဆ စ်တွေက
နှလုံးကိုကောင်းကျိုးပြု ကြောင့် ရက်သတ္တ ၁-ပတ်လျှင် အနည်းဆုံး၂-ကြိမ်
ငါးစားပေးရန် The American Heart Association(ခေါ်)အမေရိကန်နိုင်ငံရှိ
နှလုံးရောဂါစောင့်ရှောက်ရေး အဖွဲ့  မှ အကြံပြုထားပါတယ်။ ဒါ့ပြင်
ထိုအဆီဓာတ်က ဦးနှောက်ကိုအားဖြစ်စေလို့ ၊ သက်ကြီးရွယ်အို များအတွက်
အထူးသင့်လျော်ပါတယ်။ (ငါးထဲမှာပါရှိတဲ့ အဆီဓာတ်အာနိသင်မပြယ်စေဖို့ အတွက်
ငါးကို ကြော်မစားသင့်ပါဘူး။ ငါးပေါင်း၊ ငါးပြုတ်၊ ငါးကင်စားပေးပါ။
လိုအပ်ရင် ဆရာဝန်နှင့် တိုင်ပင်၍ ဖြည့်စွက်စာအဖြစ် ငါးကြီးဆီ သောက်ပါ)
(၂) ထောပတ်သီး
ထောပတ်သီးထဲမှာပါရှိတဲ့ အဆီဓာတ်က နှလုံးရောဂါ နှင့်
အရိုးအဆစ်ရောင်ရမ်းနာရောဂါများ အတွက် လွန်စွာဆေးဖက်ဝင်ပါ တယ်။ အကယ်၍
ထောပတ်သီးကို အခြားအစားအစာများနှင့် တွဲစားခြင်း (သို့ မဟုတ်)
ထောပတ်သီးမစားခင် နှင့် ထောပတ်သီး စားပြီးနောက် တခြားအစား အစာများကို
ချက်ချင်းဆိုသလိုစားသောက်မိတဲ့အခါမှာလည်း ကျန်းမာရေးအတွက် ဘေးမဖြစ်ေ စဘဲ၊
ထိုထောပတ်သီးရဲ့ အစွမ်းကြောင်း ၄င်းနှင့်တွဲဖက်စားသောက်မိသော အစားအစာတွေ
မှာပါရှိတဲ့ အာဟာရများကို ခန္ဓာကိုယ်က ကောင်းစွာစုပ်ယူနိုင်ပါတယ်။ ဒါကြောင့်
ထမင်းစာြး ပီးပြီးချင်း အချိုပွဲအဖြစ်
ထောပတ်သီးဖျော်ရည်သောက်ပေးသင့်ပါတယ်။
(၃) အစေ့အဆံများ
နေကြာစေ့၊ ဖရုံစေ့၊ နှမ်းစေ့၊ သစ်ကြားသီး၊ ဗာဒံစေ့၊ မြေပဲ၊ သီဟိုစေ့
ထဲမှာပါရှိတဲ့ သစ်ပင်မှ ရရှိသော သဘာဝအဆီဓာတ်က ခန္ဓာ ကိုယ်ကိုဘေးဥပါသ်
(မဖြစ်) စေတဲ့ ကိုလက်စထရော များကို ပေးစွမ်းနိုင်ပါတယ်။ တိရိစ္ဆာန်မှရရှိသော
အဆီ နှင့် နို့ မလိုင်ပြည့် နွာနို့ များဟာ ခန္ဓာ ကိုယ်ကိုဘေး(ဖြစ်)စေတဲ့
အဆီများဖြစ်ကြပါတယ်။ ဒါကြောင့် အစားအစာ နှင့် သွားရေစာ မုန့် တွေဝယ်ယူတဲ့
အခါ ၄င်းတို့ ကို ထုပ်ပိုးထားသော packing အိတ်ပေါ်မှာဖော်ပြထားတဲ့
ပါဝင်မှုပစ္စည်းများဖြစ်ကြတဲ့ သုံးစွဲသော ဆီအမျိုးအစား နှင့် ဆီပါ
ဝင်မှုပမာဏတို့ ကို သေေ သချာချာဖတ်ရှုပြီးမှ ရွေးချယ်ဝယ်ယူသင့်ပါတယ်။
(၄) သံလွင်ဆီ
သံလွင်ဆီမှာ လူသားတို့ ဘက်စုံကျန်းမာရေးအတွက် ကောင်းကျိုးပြုစေတဲ့
အဆီဓာတ်အပြ ည့် အ၀ပါရှိပါတယ်။ အချက်၊ အပြုတ်၊ အသုပ်၊ အကင် အားလုံးအတွက်
သံလွင်ဆီက အရ သာေ ရာ အာနိသင်ပါ မပြောင်းလဲစေပါဘူး။ ဒါကြောင့်
ကျန်းမာရေးအတွက် အလေ့ အကျင့်ေ ကာင်း တစ် ခုအနေဖြင့်
သံလွင်ဆီစားသုံးပေးသင့်ပါတယ်။
(၅) ဟင်းသီးဟင်းရွက်များ
အစိမ်းရောင်ရင့်ရင့် ဟင်းသီးဟင်းရွက်များဖြစ်ကြတဲ့ ဟင်းနုနယ် နှင့်
ကိုက်လံတို့ မှ ရရှိသော ဟင်းရွက်ဆီများဟာလည်း ပင်လယ် ငါးကြီးဆီတွေမှာသာ တွေ
့မြင်ရတဲ့ အိုမီဂါ-၃ ဖက်တီး အက်ဆစ်တွေကဲ့သို့ အကျိုးအာနိသင် ဖြစ်စေပါတယ်။
ဒါကြောင့် နေ့ စဉ် သုံးအစားအစာတွေ ထဲမှာ
စိမ်းရောင်ခြယ်ဟင်းရွက်တစ်ခုခုကို ထည့်စားပေးသင့်ပါတယ်။
(၆) ကြက်ဥများ
လူသားတွေအတွက် မရှိမဖြစ် ပရိုတင်းဓာတ်ကို ကြက်ဥ(အနှစ်)စားခြင်းဖြင့်
ရရှိနိုင်ပါတယ်။ အရည်အသွေးပြည့်မှီပြီး အရွယ်အ စားကြီးမားတဲ့
ကြက်ဥအနှစ်ထဲမှာ အဆီဓာတ် ၅ ဂရမ်ခ န့် ပါရှိပြီး၊ ၄င်းအဆီက အိုမီဂါ-၃
ဖက်တီးအက်ဆစ်ကဲ့သို့  အာနိသင် ဖြစ်စေနိုင်ပါတယ်။ သို့ေ သာ်
မည်သည့်အစားအစာမဆို တန်လျှင်ဆေး၊ လွန်ရင်ဘေး ဖြစ်တတ်တာကြောင့် အရွယ်ရော
က်ပြီးသူ တစ်ယောက်အဖို့  အရွယ်အစား ကြီးမားတဲ့ ကြက်ဥကို တနေ့ လျှင်
၂-လုံးထက်ပို၍ မစားသင့်ပါဘူး။
(၇) ဂုံလျှော်စေ့
အ၀ါရောင်သမ်းနေတဲ့ ဂုံလျှော်စေ့ထဲမှာ အဆီဓာတ် နှင့် အမျှင်ဓာတ် ၂
မျိုးစလုံးပါရှိနေပါတယ်။ ဂုံလျှော်စေ့ထဲမှရရှိတဲ့ အဆီ ဓာတ်က
အသားအရေကိုကောင်းကျိုးပြုပြီး၊ အမျှင်ဓာတ်ကေ တာ့ ရောင်ရမ်းနာကျင်ခြင်း
နှင့် အစာအိမ်နာရောဂါများ အတွက် ကောင်းကျိုးပြုပါတယ်။
(၈) အဖြူရောင် ပဲစေ့များ
ပဲထောပတ် နှင့် ပဲပိစပ်တို့ လို အဖြူရောင်ပဲစေ့တွေထဲမှာပါရှိတဲ့
အဆီဓာတ်ကလည်း အိုမီဂါ-၃ ဖက်တီးအက်ဆစ်ကဲ့သို့  အာနိ သင် ထက်မြက်စေတာကြောင့်
လူသားတို့ အတွက် ရုပ်ပိုင်း ဆိုင်ကိုသာမက၊ စိတ်ပိုင်းဆိုင်ရာကိုပါ
အားဖြည့်ပေးနိုင်ပါတယ်။ အထူးသဖြင့် စိတ်ကျရောဂါဖြ စ်တတ်သော
သက်ကြီးရွယ်အိုများ နှင့် စိတ်ဖိစီးမှုများသူတွေအဖို့  ၄င်းအဖြူရောင်ပဲ
နှင့် ပဲနို့ ရည် တို့ ကို များများစားသောက်ပေးသင့်ပါတယ်။
(ဆောင်းပါးရှင်…ပေါက်ပေါက်…ရေးသားမျှဝေသည်)
