Pages - Menu

ဆန်လုံးညို(Brown Rice)

ဆန်ဖြူကို ကြိတ်ခွဲလိုက်တာကြောင့် ဗီတာမင် B3 ၆၇ ရာခိုင်နှုန်း၊ ဗီတာမင် B1 ၈၀ ရာခိုင်နှုန်း၊ ဗီတာမင် B6 ၉၀ ရာခိုင်နှုန်း၊ မဂ္ဂနီဆီယမ်တစ်ဝက်၊ ဖော့စ်ဖရပ်စ် တစ်ဝက်၊ သံဓာတ် ၆၀ ရာခိုင်နှုန်းနဲ့ အမျှင်ဓာတ်အားလုံး ဆုံးရှုံးသွားခဲ့ ပါတယ်။

သံလွင်ဆီ(Olive Oil)

သံလွင်ဆီမှာ ဗီတာမင် အေ၊ ဗီတာမင် ဘီဝမ်း၊ ဘီတူး၊ ဗီတာမင်စီ၊ ဒီ၊ အီးနဲ့ ကေစတဲ့ ဗီတာမင်ဓာတ်တွေ ပါဝင်ပြီး သံဓာတ်နဲ့ အိုမီဂါ ၉ လည်း ပါဝင်ပါတယ်။

ပြောင်းဖူး(Corn)

ပြောင်းဖူးမှာ ဗီတာမင်B1 ဗီတာမင်B5 ဗီတာမင်C ဗီတာမင်B9လို့ခေါ်ဖောလိတ် .....ပြောင်းဖူး၏ ကျန်းမာရေး အာနိသင် မှာဆက်ဖတ်ပါ....

ထောပတ်သီး(Avacado)

အာဟာရများကိုဖြည့်တင်းပေးနိုင်ရုံ သာမက သဘာဝမှရသောသကြား ဓာတ်ကိုထောက်ပံ့ပေးခြင်း၊ကိုယ် အလေးချိန်ကျဆင်းစေခြင်း၊အကျိုး ပြုကိုလက်စတီရောကိုတက်စေပြီး ဆိုးကျိုးပေးသောကိုလက်စတီရော ကိုကျဆင်းစေခြင်း စသည့်အချက်များ ကိုရရှိစေနိုင်သည်ဟု သိရသည်။ယခု လေ့လာမှုတွင် ဖော်ပြထားချက်အရ လေဖြတ်ခြင်းကိုပါ ထောပတ်သီးက ကာကွယ်ပေးနိုင်

လိမ္မော်သီး(Orange)

လိမ္မော်သီး၌ ဖိုင်ဘာမျှင်၊ သံဓာတ်၊ မီးစုန်းဓာတ်၊ ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်၊ ကြေးနီဓာတ်၊ သွပ်ဓာတ်၊ ဆလမ်နီယမ်၊ ကယ်လိုရီ၊ ကယ်လဆီယမ်ဒာတ်၊ဗီတာမင်စီ တို့ပါရှိသည်

မာလကာသီး(Guava)

မာလကာသီး တစ်လုံးတွင် ဗီတာမင်စီမှာ လိမ္မော်သီး တစ်လုံး၌ ပါရှိသည့် ဗီတာမင်စီ ပမာဏထက် ငါးဆခန့် ပိုများသည်။ မာလကာသီး၌ ဗီတာမင်စီ အပြင် အေနှင့် ဘီ၊ ကယ်လ်ဆီယမ်၊ ဖော့စပရပ်စ်၊ ပိုတက်ဆီယမ်၊ သံဓာတ်၊ ဖောလစ်အက်စစ်နှင့် အမျှင်ဓာတ်တို့ ပါဝင်သည်။ အများဆုံး ပါဝင်သော ဓာတ်များမှာ ဗီတာမင်စီ ၃၀၂ မီလီဂရမ်နှင့် ဗီတာမင် အေ ၂၅၀ မီလီဂရမ်တို့ ဖြစ်ကြသည်။ မာလကာသီးကို သီတင်း တစ်ပတ်လျှင် နှစ်လုံးခန့် စားသုံး သွားပါက သွေးတိုး ကျဆင်းစေပြီး နှလုံး ကျန်းမာရေးကို အထောက်အကူ ပြုကြောင်း အမေရိကန် သုတေသန ပညာရှင်များက ပြောကြားသည်။

***

***

***

***

***

***

***

***

***

***

Showing posts with label ဒူးရင်းသြဇာ. Show all posts
Showing posts with label ဒူးရင်းသြဇာ. Show all posts

28 Nov 2013

ကင်ဆာဆဲလ်တွေကိုသေစေတဲ့ ဒူးရင်းသြဇာရွက်

28-11-2013 နေ့ ထုတ် ရန်ကုန်တိုင်းမ်(The Yangon Times) အပတ်စဉ်သတင်းစာ (စာမျက်နှာ ၃၀) မှာ ဖော်ပြခံရ တဲ့ဆောင်း ပါးလေးပါ။
FB မှ စာဖတ်မိတ်ဆွေများ ကျမ္မာသုတရစေဖို့ မျှဝေလိုက်ရပါတယ်ရှင်။ (စေတနာများစွာဖြင့်.....ပေါက်ပေါက်)
ကင်ဆာဆဲလ်တွေကိုသေစေတဲ့ ဒူးရင်းသြဇာရွက်

 *** ၂၀၁၃ခုနှစ်၊ သြဂုတ်လ (၁၃)ရက်နေ့ မှာ Healthy Foods and Herbal Medicines (ခေါ်)အင်တာနက်ကျမ္မာရေးသတင်းကဏ္ဍ တွင် ဒူးရင်းသြဇာရဲ့ ဆေးစွမ်းထက်မြက်ပုံကို အောက်ပါအတိုင်းဖော်ပြသွားခဲ့ပါတယ်။ 

ကမ္ဘာပေါ်မှာ စားစရာသစ်သီးဝလံများအမျိုးအစားစုံလင်လှသလို၊ ဆေးဘက်ဝင်သစ်သီးများလည်းရှိကြရာ၊ ၄င်းတို့ အနက်မှ ထူး ထူးခြားခြား ဒူးရင်းသြဇာပင်ရဲ့  ဆေးစွမ်းထက်မြက်ပုံကို မျှဝေလိုက်ပါရစေ။ Guyabano(ခေါ်)soursop လို့ အမည်ရတဲ့ ဒူးရင်း သြဇာပင်တို့  ပေါက်ရောက်ရာဇစ်မြစ်မှာ ဖိလစ်ပိုင်နဲ့  တောင်အမေရိကတိုက်ရှိ အပူပိုင်းဒေသများဖြစ်ပါတယ်။ အသီး၊ အရွက်၊ ပင်စည်အခေါက်၊ အပင်မြစ်၊ အစေ့ စတဲ့အပင်တစ်ပင်လုံးဆေးဘက်ဝင်တယ်လို့ ဆိုပါတယ်။
 အစိမ်းရောင်အသီးရဲ့  အပေါ်ယံအခွံ တွေမှာ ဓာတ်ပုံမှာဖော်ပြထားတဲ့အတိုင်း အဖုအထစ်တွေနဲ့  ကြမ်းတမ်းသော်လဲ၊ မှည့်လာတဲ့အခါ အနံ့ က စတော်ဘယ်ရီလိုလို/ နာနတ်သီးလိုလို ရောထားတဲ့ ရနံ့ လေးပါ။ အသီးထဲရှိ အဖြူရောင်အနှစ်သားများက အရသာချဉ်ပြုံးပြုံးလေးဖြစ်ပါတယ်။ 

 ၁၉၇၆ ခုနှစ်တွင် အမေရိကန်နိုင်ငံရှိ National Cancer Institute မှ ဆေးသုတေသီများ၏ အကြိမ် ၂၀ ကျော်မျှ အဖန်ဖန်အခါခါ လက်တွေ့ စမ်းသပ်ချက်များအရ၊ ဒူးရင်းသြဇာပင်ရဲ့ အရွက်က ကင်ဆာရောဂါဖြစ်စေတဲ့ malignant ဆဲလ်များကို သေကျေဖျက် ဆီးပေးပါတယ်တဲ့။ the Journal of Natural Products(ခေါ်)ဆေးဂျာနယ်တစ်ခုမှာ ဖော်ပြထားတာကတော့ ဒူးရင်းသြဇာ ရွက်ပြုတ်ရည်က Adriamycin လို့ ခေါ်တဲ့ကင်ဆာရောဂါခီမိုဆေးထက် အဆပေါင်း ၁၀၀၀၀(တစ်သောင်း)တိတိ ပို၍ဆေးစွမ်း ထက်မြက်ပါတယ်တဲ့။ ကင်ဆာဝေဒနာသည်တွေကို ခီမိုဆေးသွင်းတဲ့အခါ၊ မကောင်းတဲ့ကင်ဆာဆဲလ်များသာမက၊ ကောင်းတဲ့ ဆဲလ်တွေကိုပါ တပြိုင်တည်းသတ်ပစ်တာဖြစ်ပါတယ်။ 

သို့ သော် ဒူးရင်းသြဇာအရွက်ပြုတ်ရည်ရဲ့ အာနိသင်ကတော့ မကောင်းတဲ့ ကင်ဆာဆဲလ်တမျိုးတည်းကိုသာ ရွေးသတ်ပေးပါတယ်တဲ့။
 အထူးသဖြင့် ဦးနှောက်ကင်ဆာ၊ ပန်ကရိယကင်ဆာ၊ အမျိုးသားများ ဆီးကြိတ်ကင်ဆာ တို့ ကို ပိုမိုအကျိုးသက်ရောက်စေပါတယ်လို့ ဆိုပါတယ်။
 ဆေးဖော်စပ်နည်းက အင်မတန်လွယ်ပါတယ်။ မရင့်လွန်း/မနုလွန်းတဲ့ လတ်လတ်ဆတ်ဆတ် ဒူးရင်းသြဇာရွက် ၄၀ နဲ့  ရေသန့်  ၁-လီတာ ဘဲလိုအပ်ပါတယ်။(အရွက်ထဲက အာနိသင်တွေမပျက်အောင် ဖြစ်နိုင်ရင် လတ်လတ်ဆတ်ဆတ် အရွက်ကိုသာသုံးပါ။
 အရွက်များတာရှည်ခံအောင် သိမ်းဆည်းသိုလှောင်လိုပါက အရွက်ကို နေပူမှာအခြောက်မခံပါနဲ့ ။ သူ့ အလိုလို လေဖြင့်ခြောက် သွားပါစေ) ဦးစွာ ရေကိုဆူတောင်တည်ပါ။ ရေဆူတာနဲ့ တပြိုင်နက်တည်း အရွက်ထဲ့ပါ။ အဖုံးမဖုံးပါနဲ့ ။ အရွက်ရွှေညိုရောင် ပြောင်းတဲ့အထိ မိနစ် ၂၀ လောက် မီးဖိုပေါ်ဆက်တည်ပေးပါ။

 ပြီးရင် အအေးခံပေးပါ။ ထိုဒူးရင်းသြဇာ ရွက်ပြုတ်ရည်ကို ၁-ဖန် ခွက်စီဖြင့် နံက်-နေ့ -ညစာ မစားခင် နာရီဝက်ခန့် အလိုမှာ သောက်ပေးရမှာပါ။ တစ်နေ့  ၃-ကြိမ် (စုစုပေါင်း ၃-ခွက်) သောက်ပေး ပါ။ (နံက်ပိုင်းသောက်ပြီးနောက်၊ နေ့ လည် နဲ့ ည သောက်ရန် ကျန်နေတဲ့ ၂-ခွက်စာကို ရေခဲသေတ္တာထဲ သိမ်းထားနိုင်ပါတယ်။ သို့ သော် ရေခဲသေတ္တာထဲ အချိန် ၈ နာရီထက်ပိုပြီး သိမ်းမထားပါနဲ့ ။ ဆေးအာနိသင်ပျက်ပြယ်သွားပါတယ်) ဤနည်းအတိုင်း ရက် ၃၀ တိတိ သောက်ပေးရမှာဖြစ်ပါတယ်။
 ဖော်ပြပါ ဆေးညွှန်းပမာဏအတိုင်းသာ သောက်သင့်ပြီး ရောဂါပျောက်ချင်လွန်းလို့  ပိုမသောက်ပါနဲ့ တဲ့။ ထိုရွက်ပြုတ်ရည်သောက်တဲ့အခါမှာလည်း သူ့ ချည်းသက်သက်သောက်ပါ။ အခြား ဆေးဝါး(သို့ မဟုတ်) အစားအစာ(သို့ မဟုတ်)အရသာကောင်းစေရန်သကြား၊ဆား တို့ ရောစပ်၍မသောက်ပါနဲ့ ။
 National Cancer Institute မှ ဆေးသုတေသီများက-
 (၁) အထက်ပါဆေးညွှန်းတိုင်း ၁-တိတိသောက်ပြီးနောက်မှာ ကင်ဆာဆဲလ်အခြေအနေကို ဆရာဝန်ဖြင့် စစ်ဆေးကြည့်ပါ။
 (၂) အကယ်၍ ကင်ဆာလက္ခဏာအခြေအနေမထူးခြားသေးပါက၊ ရွက်ပြုတ်ဆေးရည် သောက်တာကို ၁၀-ရက်(ခဏ)ရပ်ထား ပြီး၊ ၁၀-ရက်ပြည့်တဲ့နောက်နေ့ မှာ ပုံမှန် တနေ့  ၃-ကြိမ်ကျ ၁-လတိတိ ထပ်သောက်ပါ။
 (၃) ဒုတိယအကြိမ် ၁လတိတိ ထပ်သောက်ပြီးနောက် ကင်ဆာဆဲလ်အခြေအနေကို ဆရာဝန်ဖြင့် စစ်ဆေးကြည့်ပါဦး။ ကင်ဆာ ဝေဒနာသိသိသာသာလျော့ပါးသွားပါက၊ ဆေးသောက်တာရပ်မပစ်ဘဲ ကင်ဆာဆဲလ်လုံးဝမကျန်တော့တဲ့အထိ ဆက်သောက် ပေးပါ။ ++++++++++++++++++++++++++++++++++ 
အရွက်ပြုတ်ရည်က အထက်ဖော်ပြပါ ကင်ဆာဆဲလ်များကို တိုက်ဖျက်ပေးနိုင်သလို၊ ဗီတာမင်နဲ့ သတ္တုဓာတ်တို့ ကြွယ်ဝစွာ ပါရှိသော ဒူးရင်းသြဇာသီးစားခြင်းဖြင့် ဆီးချို၊ အရိုးအဆစ်မြစ်ရောင်ရမ်းနာများ၊ ခါးနာခြင်း၊ ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ ခေါင်းတစ် ခြမ်းကိုက်ခြင်း၊ သွေးအားနည်းရောဂါ၊ ၀မ်းချုပ်ခြင်း၊ ခြေဖနောင့်ကွဲခြင်း၊ တို့ ကို သက်သာစေတဲ့အပြင်၊ ကိုယ်ခံစွမ်းအားတိုးပွားရုံ သာမက၊ အရိုးကိုလည်း ကျန်းမာကြံ့ခိုင်စေတယ်လို့ ဖော်ပြထားပါတယ်။
 (ပေါက်ပေါက်… မျှဝေသည်)
 (ကိုးကား။ Healthy Foods and Herbal Medicines (Guyabano @ soursop)) promise.pauk (ရိုးသားမှုသည်တခါတရံ၌ရှုံးနိမ့်စေတတ်၏။သို့ သော်တစ်သက်လုံးကားလိပ်ပြာလုံစေတော့၏။)

30 Oct 2013

ဒူးရင်းသီးစားပြီး Coca-Cola မ သောက်ပါနှင့်

ဒူးရင်းသီးစားပြီး Coca-Cola သောက်ခြင်းသည် မြွေဟောက်တစ်ကောင် သင့်ကိုပေါက်သည့်အဆိပ်ထက် ဆိုးသည့် အဆိပ်သင့်မှုမျိုးရှိခြင်းကို သင်သိပါသလား။

အသက် ၂၈နှစ်အရွယ် တရုတ် Tourist တစ်ယောက် ဒူးရင်းသီးပေါ်ချိန်မှာ ဘန်ကောက်သို့ သွားလည်မိချိန်မှာ သူကဒူးရင်းသီးကလည်းကြိုက်တော့ အများကြီးစားမိပြီးတဲ့အချိန်မှာ Coca-Cola သောက် လိုက်သည့်အခါ သွေးစောင့်တက်ပြီး နှလုံးရပ်ပြီးသေသွားပါတယ်တဲ့။
ဘန်ကောက်မှာတောင် ကြေငြာထားပါတယ်တဲ့ ဒူးရင်းသီး အတော်များများ စားပြီးရင် ၈ နာရီအတွင်း Cola နှင့် ဘီယာမသောက်ရဘူးဆိုတာကိုပါပဲ
ကဲ သိပြီးသားသူတွေရော မသိသေးတဲ့ သူတွေရော ဖတ်ရူမှတ်သားထားကြပါနော်။

မနုဿ ဘာသာပြန်ဆိုခြင်းဖြစ်ပါသည်။

23 Sept 2013

ကင်ဆာရောဂါအတွက် ဒူးရင်းသြဇာ

ကင်ဆာ နှင့် ဒူးရင်းသြဇာ
ကျွန်မတို့ရုံးနှစ်ပတ်လည်အစည်းဝေးအတွက် နိုင်ငံအသီးသီးကတက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေ ထဲမှာ တစ်ယောက်ကျွန်မတွေ့တော့ တော်တော်အံ့အားသင့်သွားတယ်။ ဒီနှစ်စမှာဘဲ ဆေးစစ်တဲ့အခါ ကင်ဆာလို့ အဖြေ ထွက်ပြီး ကျွန်မတို့တစ်တွေ စိတ်မကောင်းဖြစ်နေခဲ့တာပါ။ အခုပြန်တွေ့တော့ လန်းဆန်းကျမ်းမာ တက်ကြွ နေတော့ စကားစမြည်ပြောရင်းနဲ့ ဆေးနည်းလေး တစ်ခုရလာတာကို ဝေမျှခြင်လို့ပါ။


အခုတစ်လော ကင်ဆာ ဆိုတာနဲ့ လူတွေကလန့်နေကြပါပီ။ ခီမိုသွင်းရတာနဲ့ မိသားစုဝင်တွေ စိတ်ပင်ပန်း ကြတာနဲ့ ရုတ်တရက် သေဆုံးသွားတာ နဲ့ ဒါကြောင့် ကျွန်မတို့ရုံးက အန်တီဆိုရင် သူ့ကင်ဆာဖြစ်တာ သူများကို မသိစေချင်ဘူး၊ သူများတွေသူ့ကိုသေလူလို့ ကြည့်နေတဲ့အကြည့်တွေမခံနိုင်ဘူးဆိုပီးရင်ဖွင့်ရှာပါတယ်။ ကျွန်မ ရဲ့ အချစ်ဆုံး ကြီးကြီး လဲ ကင်ဆာနဲ့ဆုံးသွားသလို အမလိုခင်မင်ပြီးချစ်ရတဲ့ ရှေ့နေမမ တစ်ယောက်လဲ ကင်ဆာနဲ့ ဘ၀ဆုံးသွားရရှာပါတယ်။ အထူးသဖြင့် ကျွန်မတို့မိသားစုနဲ့ နှစ်အိမ်တစ်အိမ်လိုဖြစ်နေတဲ့ မိုးကောင်းက အန်တီနဲ့အန်ကယ်လဲ ကင်ဆာနဲ့ဘဲဆုံးပါးသွားကြတယ်။

အရင်ကတော့ ပန်းခါး ဆိုတာအရမ်းကို နာမည်ကြီးတယ်။ ပန်းပင် အခြောက်လေးတွေကို ရေနွေးကြမ်းလို လုပ်သောက်ရတာပါ၊ အရမ်းကိုခါးတော့ ကျွန်မတောင်စမ်းသောက်ကြည့်ပီးတွန့်သွားတာနဲ့ မသောက် ဖြစ်တော့ပါဘူး။ ခီမိုသွင်းထားတဲ့လူနာတွေဆို ခံတွင်းထဲဘာထည့်ထည့်အရသာမရှိတော့ဘူး။ အရမ်းလဲ သနားဖို့ ကောင်းပါတယ်။ ကင်ဆာရောဂါဖြစ်နေသူများအတွက်သတင်းကောင်းပါ။ အရသာလဲ မဆိုးတဲ့ ဘဘာဝ အသီးပင်ရဲ့ အရွက်ကိုပြုတ်သောက်ရုံတင်နဲ့ ကင်ဆာရောဂါကို ပျောက်ကင်းသက် သာစေတာ ကျွန်မမျက်စိရှေ့မှာတင် ၄ ယောက်လောက်တွေ့ခဲ့လို့ ရဲရဲကြီးမျှဝေလိုက်ပါတယ်။

ဆေးပညာအကြောင်းအစုံလင်နားမလည်ပေမယ့် ခီမိုသွင်းတာ ကင်ဆာ cell အကောင်းရောအဆိုးပါသတ်ပစ် တာဖြစ်ပီး ဒီဒူးရင်းသြဇာအရွက်ပြုတ်ရည်ရဲ့ အာနိသင်ကတော့ ကင်ဆာ ဆဲလ် ချည်းသတ်သတ်ကိုသာ သတ်ပစ် တယ်လို့ ရှင်းပြပါတယ်။

ကျွန်မညီမလေးကျောင်းက ပရော်ဖက်ဆာကတော့ လူတိုင်းတော့ ပျောက်နိုင်မှာမဟုတ်ဘူး၊ တစ်ယောက်နဲ့ တစ်ယောက် ကင်ဆာဖြစ်ပုံအမျိုးစားခြင်းမတူသလို ခန္တာကိုယ်က တုံ့ပြန်ပုံခြင်းလဲမတူနိုင်ပါဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် ကျွန်မအကြံပေးခြင်တာကတော့ အနည်းနဲ့အများ ပျောက်သွားသည်ဖြစ်စေ သက်သာသွားသည် ဖြစ်စေ အန္တရယ်မရှိတာမို့ စမ်းသောက်ကြည့်ကြဖို့တိုက်တွန်းပါရစေ။ ကိုယ်နဲ့သိတဲ့ မိတ်ဆွေ သူငယ်ချင်း ဆွေမျိုးသားခြင်း များမှာလဲ ကင်ဆာရောဂါရှိတဲ့သူများရှိရင် ထပ်ဆင့် ဝေဌပေးကြပါ နော်။

Source>>>http://www.facebook.com/groups/200529316668654/

Twitter Delicious Facebook Digg Stumbleupon Favorites More