Pages - Menu

ဆန်လုံးညို(Brown Rice)

ဆန်ဖြူကို ကြိတ်ခွဲလိုက်တာကြောင့် ဗီတာမင် B3 ၆၇ ရာခိုင်နှုန်း၊ ဗီတာမင် B1 ၈၀ ရာခိုင်နှုန်း၊ ဗီတာမင် B6 ၉၀ ရာခိုင်နှုန်း၊ မဂ္ဂနီဆီယမ်တစ်ဝက်၊ ဖော့စ်ဖရပ်စ် တစ်ဝက်၊ သံဓာတ် ၆၀ ရာခိုင်နှုန်းနဲ့ အမျှင်ဓာတ်အားလုံး ဆုံးရှုံးသွားခဲ့ ပါတယ်။

သံလွင်ဆီ(Olive Oil)

သံလွင်ဆီမှာ ဗီတာမင် အေ၊ ဗီတာမင် ဘီဝမ်း၊ ဘီတူး၊ ဗီတာမင်စီ၊ ဒီ၊ အီးနဲ့ ကေစတဲ့ ဗီတာမင်ဓာတ်တွေ ပါဝင်ပြီး သံဓာတ်နဲ့ အိုမီဂါ ၉ လည်း ပါဝင်ပါတယ်။

ပြောင်းဖူး(Corn)

ပြောင်းဖူးမှာ ဗီတာမင်B1 ဗီတာမင်B5 ဗီတာမင်C ဗီတာမင်B9လို့ခေါ်ဖောလိတ် .....ပြောင်းဖူး၏ ကျန်းမာရေး အာနိသင် မှာဆက်ဖတ်ပါ....

ထောပတ်သီး(Avacado)

အာဟာရများကိုဖြည့်တင်းပေးနိုင်ရုံ သာမက သဘာဝမှရသောသကြား ဓာတ်ကိုထောက်ပံ့ပေးခြင်း၊ကိုယ် အလေးချိန်ကျဆင်းစေခြင်း၊အကျိုး ပြုကိုလက်စတီရောကိုတက်စေပြီး ဆိုးကျိုးပေးသောကိုလက်စတီရော ကိုကျဆင်းစေခြင်း စသည့်အချက်များ ကိုရရှိစေနိုင်သည်ဟု သိရသည်။ယခု လေ့လာမှုတွင် ဖော်ပြထားချက်အရ လေဖြတ်ခြင်းကိုပါ ထောပတ်သီးက ကာကွယ်ပေးနိုင်

လိမ္မော်သီး(Orange)

လိမ္မော်သီး၌ ဖိုင်ဘာမျှင်၊ သံဓာတ်၊ မီးစုန်းဓာတ်၊ ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်၊ ကြေးနီဓာတ်၊ သွပ်ဓာတ်၊ ဆလမ်နီယမ်၊ ကယ်လိုရီ၊ ကယ်လဆီယမ်ဒာတ်၊ဗီတာမင်စီ တို့ပါရှိသည်

မာလကာသီး(Guava)

မာလကာသီး တစ်လုံးတွင် ဗီတာမင်စီမှာ လိမ္မော်သီး တစ်လုံး၌ ပါရှိသည့် ဗီတာမင်စီ ပမာဏထက် ငါးဆခန့် ပိုများသည်။ မာလကာသီး၌ ဗီတာမင်စီ အပြင် အေနှင့် ဘီ၊ ကယ်လ်ဆီယမ်၊ ဖော့စပရပ်စ်၊ ပိုတက်ဆီယမ်၊ သံဓာတ်၊ ဖောလစ်အက်စစ်နှင့် အမျှင်ဓာတ်တို့ ပါဝင်သည်။ အများဆုံး ပါဝင်သော ဓာတ်များမှာ ဗီတာမင်စီ ၃၀၂ မီလီဂရမ်နှင့် ဗီတာမင် အေ ၂၅၀ မီလီဂရမ်တို့ ဖြစ်ကြသည်။ မာလကာသီးကို သီတင်း တစ်ပတ်လျှင် နှစ်လုံးခန့် စားသုံး သွားပါက သွေးတိုး ကျဆင်းစေပြီး နှလုံး ကျန်းမာရေးကို အထောက်အကူ ပြုကြောင်း အမေရိကန် သုတေသန ပညာရှင်များက ပြောကြားသည်။

***

***

***

***

***

***

***

***

***

***

Showing posts with label ပဒဲကော. Show all posts
Showing posts with label ပဒဲကော. Show all posts

5 Feb 2014

ပတဲကောကြီးပင်


 
မြန်မာ့ဆေးဖက်ဝင် ပတဲကောကြီးပင်
 Item Name --------- Greater Galangal (ပတဲကောကြီးပင်)
Category ------------ Raw Material
Botany Term -------- Alpinia galangal Willd A, conchigera Griff
Species Family ----- Zingiberaceae

မြန်မာ နိုင်ငံ အနှံ့ အပြား တွင် သဘာဝ အလျောက် ပေါက်ရောက်သည်။သဘာဝ ပေါက်ပင် ဖြစ်သည်။

♥ အပင်

အမြဲစိမ်း အပင်ငယ် မျိုးဖြစ်သည်။ အမြင့် ၅-၈ ပေ အထိ မြင့်သည်။ရွက်ယောင် ပင်စည် ဖြစ်ပြီး ထောင်မတ်၍ ပေါက်သည်။ ပင်စည် လုံးမာ ၍ ချောမွေ့ သည်။ 

♥ အရွက်

ပင်စည် လုံး အား ပတ်၍ ရွက်လွှဲ ထွက်သည်။အလျား ၁-၂ ပေ အထိ ရှိ၏။ ရွက်ပြား ကျဉ်း၏။ ရွက်ရင်းဝိုင်း သို့မဟုတ် သွယ်ပြီး ရွက်ထိပ်သို့ ချွန်သွယ် သွားသည်။ဂုံမင်း ရွက်နှင့် တူသည်။ရွက်ညှာ တိုသည်။ရွက်လယ်ကြော ထင်ရှား၍ မြောင်းပါသည်။ အရွက် မျက်နှာပြင် နှစ်ဖက်လုံး ချောမွေ့ပြီး ရွက်နားညီသည်။ 


♥ အပွင့်

သေးငယ်ပြီး အဖြူ ရောင်တွင် နီညို စင်းကလေး များ ရှိသည်။ 

♥ အမြစ်ဥ

ဥပုံသဏ္ဌာန် ဖြစ်ပြီး နနွင်း တက်နှင့် တူသည်။ အမြှေး ဖတ်များဖြင့် ဖုံးအုပ်ထားသည်။ မြစ်မြွှာ နည်းသည်။


► အသုံးဝင်ပုံ

ဥတက်။

♥ အာနိသင်

မြန်မာ ဆေးကျမ်း များ အလိုအရ ပတဲကော မြစ်သည် ပူ ၊ စပ်၊ ခါး သော အရသာ ရှိ၏။ ပူ၍ ထက်မြက်သော ဂုဏ်သတ္တိ ရှိ၏။ သွေး ၊ သလိပ်ကို ကြေစေ၍ အဆိပ် ကို လည်းကောင်း ၊ ရောင်ရမ်း သော အနာ ကို လည်းကောင်း နိုင်သော သတ္တိ ရှိ၏။ ၀မ်းမီးကို တောက်စေသည်။ နှလုံး ကို အကျိုး ပြုသည်။ နှုတ်ကို မြိန်စေသည်။

► ဥတက်အသုံးပြုပုံ

၁။ပတဲကောကြီး ကို ၀မ်းကိုက် ရောဂါ၊ သွေးဝမ်းကျ ရောဂါ၊ ပန်းနာရောဂါ၊ နှလုံး ရောဂါ ပျောက် ဆေးများ အဖြစ် ဖော်စပ် အသုံးပြု၏။
၂။ဆီးခဲလျှင် ပတဲကော ကို ဆန်ဆေးရည် နှင့် သွေးသောက်က ဆီးရွှင်စေ၏။
၃။ပတဲကောကြီး မြစ်ကို ချင်းစိမ်းအရည်၊ ပျားရည်နှင့် လျက်ပေးက ချောင်းဆိုး ရောဂါ ပျောက်၏။
၎။ပတဲကောကြီး နှင့် စမုန်ဖြူ၊ ဆားမီးဖုတ် တို့ကို အမှုန့် ပြု၍ အနည်းငယ်မျှ လျက်ပေး သော် ရင်နာ၊ ၀မ်းနာ ပျောက်၏။
၅။ဆီးအိမ်တွင် ဆီးရှိလျက် ဆီးအောင့် ဆီးချုပ်နေမူ ပတဲကောကြီး မြစ်ကို ရေနှင့် သွေးသောက် သော် ပျောက်၏။
၆။အဖျား ရောဂါ များ အတွက် အဖျားကို နိုင်စေ သော ငန်းဆေးနှင့် ပတဲကောကြီး ပြုတ်ရည် တိုက်ပါက လျင်မြန်စွာ ပျောက်ကင်း၏။
၇။ပတဲကောကြီး၊ ချင်းခြောက်၊ သိန္ဓောဆား တို့ကို ဆတူ စပ်၍ အမှုန့်ပြု သောက်သော် အစာ မကြေ ရောဂါ ပျောက်ကင်း၏။

မြန်မာ့ဆေးဖက်ဝင်အပင်များ
http://myanmarherbal.blogspot.com/2013/12/blog-post_2898.html#more

21 Nov 2013

ပဒဲကော ( Galangal )

ပဒဲကော ဆိုရင်..အရင်က မြန်မာ့ဆေးဖော်စပ်ရာမှာသာအသုံးပြုကြပြီး..
ပာင်းချက်နည်းတွေမှာ..သုံးလေ့မရှိတာကြောင့်..ကျွန်တော်တို.အနေနဲ.
စိမ်းသလိုဖြစ်နေပါတယ်...။

ဒါပေမယ့်..နိုင်ငံတကာပာင်းပွဲတွေပျံ.နှံ.လာခြင်းနှင့်အညီ..ပဒဲကောပာာ
တောင်အာရှနိုင်ငံတွေရဲ.မရှိမဖြစ်ပာင်းခတ်အမွှေးအကြိုင်တစ်မျိုးဆိုတာထိ
တွေ.ခွင့်ရလာပါတယ်...။

ပဒဲကောရဲ.ရုက္ခဗေဒအမည်ကတော့..Zingiberaceae ဖြစ်ပြီး..Rhizome လို.
ခေါ်တဲ့မြေအောက်လျှောက်ပင်စည်ပွားအမျိုးအစားဖြစ်ပါတယ်...Blue Ginger လို.လဲခေါ်ကြပါတယ်..။

ပဒဲကောပာာ..ချင်း ရွှေပန်းငွေပန်းတို.ရဲ.မိခင်အုပ်စုမှာပါဝင်ပြီး..သူ.အဖူးအ
ပွင့်ကပုလဲခိုင်လိုပုံစံမျိုးမှာ..ဆင်စွယ်ရောင်အဖူးအပွင့်လေးတွေများစွာပါရှိ
တတ်ပါတယ်..။

ပဒဲကောကို....ထိုင်း၊ အင်ဒိုနီးရှား၊ လာအို တို.မှာပာင်းခတ်အမွှေးအကြိုင်အဖြစ်အများဆုံးအသုံးပြုကြ
ပြီး...ဗီယက်နမ်ပာင်းပွဲတစ်ချို.မှာလည်းအသုံးပြုတတ်ကြပါတယ်..။

ချစ်ခြင်းများစွာဖြင့်.....။

Admin -
ပာင်းချက်နည်းများ - fb

8 Oct 2013

ပတဲကောပင်

ဆေးဖက်ဝင်ပတဲကောပင်-
===============
ပုံသဏ္ဍာန်
----------
အစိမ်းရင့်ရောင် အရွက်ရှည်များဖြစ်သည်၊ အရွက်၏ အလျားရှည်သည်။
ရိုးတံမတ်ပြီး အခေါင်းပွ ပုံသဏ္ဍာန်ထင်ရသော်လည်းအခေါင်းပွကြီးကါး
မဟုတ်ချေ ၊အ၀ါရောင်အဖူးများပွင့်တတ်သည်။အရသာမှာပူခါးဖြစ်သည်
အမြစ်ကိုပို၍ဆေးအသုံးများကြောင်းသိခဲ့ရသည်။တစ်ချို့အပင်မှာလူတစ
ရပ်လောက်အထိမြင့်တတ်သည်ဟုဆိုပါသည်။မြန်မာနိုင်ငံအောက်ပိုင်းရှိ
ဒေသများ၌အဓိကပေါက်ရောက်တတ်သည်ဟုမှတ်သားရပေသည်။
အသုံးဝင်ပုံ
-----------
အော့အန်ရောဂါများ၊အစာမကြေရောဂါများ၊နောက်ကြောတက်ရောဂါများ
အတွက်ဆေးဖက်ဝင်ကြောင်း၊ရေချိုးမှား ၊အစားမှား ၊အအေးပတ်ရောဂါ
များအတွက်အလွန်ကောင်းကြောင်းသိရသည်။
အသုံးပြုပုံ
-----------
အပင်၏အမြစ်ကိုနေလှန်းပြီးကျောက်ပျဉ်တွင်သွေး၍ရေအေးနှင့်သောက်
ရသည်။ကော်ဖီဇွန်း(၂)ဇွန်းခန့်ကိုတစ်ကြိမ်သောက်ရ၍တစ်နေ့နှစ်ကြိမ
သောက်နိုင်သည်။

(အလူမီနီယံ(ပြည်)၏စေတနာကိုထပ်ဆင့်ပွားသည်)(၉-၁၀-၂၀၁၃)

5 Oct 2013

ပတဲကောလေးပင်


မြန်မာ့ဆေးဖက်ဝင် ပတဲကောလေးပင်
Item Name -------- Lesser Galangal (ပတဲကောလေး)
Category ----------- Raw Material
Botany Term ------- Alpinia offiicnarum Hance
Species Family ----- Zingiberaceae

မြန်မာ နိုင်ငံ အနှံ့အပြား တွင် ပေါက်ရောက်သည်။ သဘာဝ အလျောက် အလေ့ကျ ပေါက်သည်။

အပင်

ပင်ပျော့ ပင်ငယ် မျိုး ဖြစ်၏။ ရွက်ယောင် ပင်စည် ဖြစ်သည်။ အမြင့် ၃ ပေ မှ ၄ ပေ ထိ မြင့်သည်။

အရွက်

ပင်စည် ရိုးတံ အား ပတ်၍ ရွက်လွှဲ ထွက်သည်။ရှည်မျော မျော လှံစွပ်ပုံ ဖြစ်၍ အဖျား ချွန်သည်။အရင်း အနည်းငယ် ၀ိုင်းသည်။ရွက်ပြား သားရေ ကဲ့သို့ ပျဉ်းတွဲ နေသည်။ရွက်လယ်ကြော ထင်ရှားသည်။ ရွက်နား ညီသည်။ ပတဲကောကြီး ရွက်နှင့် တူသည်။ သို့သော် အနည်းငယ် သေးသည်။

အပွင့်

ထိပ်ထွက် ပန်းခိုင် ဖြစ်သည်။ အပွင့် စိမ်းဝါရောင် ရှိသည်။အညှာ တစ်ခုတွင် ၂ ပွင့်မှ ၃ ပွင့် ရှိသည်။ပွင့်ခံရွက် ထင်ရှားပြီး အညိုရောင် ရှိသည်။

အသီး

အစိမ်းရောင် ရှိသည်။ အနည်းငယ် လုံးဝိုင်းသည်။အခွံ ပါးပြီး တွန့်ရှုံ့နေ သည်။ရင့်မှည့် သည့်အခါ အညိုရောင် ရှိသည်။

အမြစ်

ဥသဏ္ဌာန် ဖြစ်ပြီး နနွင်းတက် နှင့် ဆင်ဆင် တူသည်။ အမြှေးဖတ် များဖြင့် ဖုံးအုပ်ထားသည်။ မြစ်မြွှာ နည်းသည်။

► အသုံးဝင်ပုံ

အမြစ်ဥ။

အာနိသင်

မြန်မာ ဆေးကျမ်း များအလို အရ ပတဲကောလေး သည် ပတဲကောကြီး ကဲ့သို့ အနံ့ အရသာ မထက် မပြင်းပေ။ဥမြစ် အရင်း သည် ခါးစပ်၏။ ပူ၏။ နှုတ်မြိန် စေ၏။ ၀မ်းမီး တောက်၏။

► အမြစ်ဥအသုံးပြုပုံ

၁။ပတဲကောလေး မြစ်ဥ ကို ပြုတ်၍ သောက်သော် ဆီးလွန် ရောဂါ ပျောက်ကင်း၏။
၂။ယင်းကို ဆီနှင့် ချက်၍ လိမ်းနယ် ပေးသော် အကြောတက်ခြင်း၊ လေးလံ ခြင်း ရောဂါ ပျောက်ကင်း၏။
၃။ကလေးများ စကား ပြောချိန် တန်လျက် မပြောခြင်း၊ မပီသခြင်း တို့အတွက် အမြစ်ကို သွေး၍ လျှာပွတ်ပေး ခြင်း၊အနည်းငယ် ခွံ့ပေးခြင်း ပြုပါက လျင်စွာ စကား ပြောစေ၏။

မြန်မာ့ဆေးဖက်ဝင်အပင်များ
photo by google search

♥မည်သူမဆိုလွတ်လပ်စွာကူးယူဖေါ်ပြနိုင်ပါသည်။♥
♥ကျန်းမာရေးဗဟုသုတတိုးပွါးစေရန် Like,share, ,Credit ပေးခြင်းဖြင့်လည်းကူညီနိုင်ပါသည်။♥
source >>>http://myanmarherbal.blogspot.com/2013/10/blog-post_5055.html

Twitter Delicious Facebook Digg Stumbleupon Favorites More