Pages - Menu

ဆန်လုံးညို(Brown Rice)

ဆန်ဖြူကို ကြိတ်ခွဲလိုက်တာကြောင့် ဗီတာမင် B3 ၆၇ ရာခိုင်နှုန်း၊ ဗီတာမင် B1 ၈၀ ရာခိုင်နှုန်း၊ ဗီတာမင် B6 ၉၀ ရာခိုင်နှုန်း၊ မဂ္ဂနီဆီယမ်တစ်ဝက်၊ ဖော့စ်ဖရပ်စ် တစ်ဝက်၊ သံဓာတ် ၆၀ ရာခိုင်နှုန်းနဲ့ အမျှင်ဓာတ်အားလုံး ဆုံးရှုံးသွားခဲ့ ပါတယ်။

သံလွင်ဆီ(Olive Oil)

သံလွင်ဆီမှာ ဗီတာမင် အေ၊ ဗီတာမင် ဘီဝမ်း၊ ဘီတူး၊ ဗီတာမင်စီ၊ ဒီ၊ အီးနဲ့ ကေစတဲ့ ဗီတာမင်ဓာတ်တွေ ပါဝင်ပြီး သံဓာတ်နဲ့ အိုမီဂါ ၉ လည်း ပါဝင်ပါတယ်။

ပြောင်းဖူး(Corn)

ပြောင်းဖူးမှာ ဗီတာမင်B1 ဗီတာမင်B5 ဗီတာမင်C ဗီတာမင်B9လို့ခေါ်ဖောလိတ် .....ပြောင်းဖူး၏ ကျန်းမာရေး အာနိသင် မှာဆက်ဖတ်ပါ....

ထောပတ်သီး(Avacado)

အာဟာရများကိုဖြည့်တင်းပေးနိုင်ရုံ သာမက သဘာဝမှရသောသကြား ဓာတ်ကိုထောက်ပံ့ပေးခြင်း၊ကိုယ် အလေးချိန်ကျဆင်းစေခြင်း၊အကျိုး ပြုကိုလက်စတီရောကိုတက်စေပြီး ဆိုးကျိုးပေးသောကိုလက်စတီရော ကိုကျဆင်းစေခြင်း စသည့်အချက်များ ကိုရရှိစေနိုင်သည်ဟု သိရသည်။ယခု လေ့လာမှုတွင် ဖော်ပြထားချက်အရ လေဖြတ်ခြင်းကိုပါ ထောပတ်သီးက ကာကွယ်ပေးနိုင်

လိမ္မော်သီး(Orange)

လိမ္မော်သီး၌ ဖိုင်ဘာမျှင်၊ သံဓာတ်၊ မီးစုန်းဓာတ်၊ ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်၊ ကြေးနီဓာတ်၊ သွပ်ဓာတ်၊ ဆလမ်နီယမ်၊ ကယ်လိုရီ၊ ကယ်လဆီယမ်ဒာတ်၊ဗီတာမင်စီ တို့ပါရှိသည်

မာလကာသီး(Guava)

မာလကာသီး တစ်လုံးတွင် ဗီတာမင်စီမှာ လိမ္မော်သီး တစ်လုံး၌ ပါရှိသည့် ဗီတာမင်စီ ပမာဏထက် ငါးဆခန့် ပိုများသည်။ မာလကာသီး၌ ဗီတာမင်စီ အပြင် အေနှင့် ဘီ၊ ကယ်လ်ဆီယမ်၊ ဖော့စပရပ်စ်၊ ပိုတက်ဆီယမ်၊ သံဓာတ်၊ ဖောလစ်အက်စစ်နှင့် အမျှင်ဓာတ်တို့ ပါဝင်သည်။ အများဆုံး ပါဝင်သော ဓာတ်များမှာ ဗီတာမင်စီ ၃၀၂ မီလီဂရမ်နှင့် ဗီတာမင် အေ ၂၅၀ မီလီဂရမ်တို့ ဖြစ်ကြသည်။ မာလကာသီးကို သီတင်း တစ်ပတ်လျှင် နှစ်လုံးခန့် စားသုံး သွားပါက သွေးတိုး ကျဆင်းစေပြီး နှလုံး ကျန်းမာရေးကို အထောက်အကူ ပြုကြောင်း အမေရိကန် သုတေသန ပညာရှင်များက ပြောကြားသည်။

***

***

***

***

***

***

***

***

***

***

Showing posts with label အချဉ်၊အချိုသည်နည်း/Sauce. Show all posts
Showing posts with label အချဉ်၊အချိုသည်နည်း/Sauce. Show all posts

14 Nov 2014

Korea Kimchi

ကင်ချီအမျိုးအစားများစွာရှိတဲ့အထဲကမှ..အခြေခံအကျဆုံးနဲ.လူကြိုက်အများဆုံး မုန်ညှင်းထုပ်ကင်ချီ၊
အင်္ဂလိပ်လို Napa Cabbage Kimchi ၊ ကိုးရီးယားလို Pogi-Kimchi (or) Tongbacheu-Kimchi
အကြောင်းလေးလေ့လာကြည့်ရအောင်ပါ။

မုန်ညှင်းထုပ်ကင်ချီ (သို.) Pogi-Kimchi
****************************************

မုန်ညှင်းဖြူ ထုပ်............၃ ကီလို (သို့ ) ၆ ထုပ်ခန်.
ဆား.........................၁/၂ ခွက်( လက်ဖက်ရည်ပန်းကန်လုံး)

ပထမအဆင့်အနေနဲ့  မုန်ညှင်းဖြူ အောက်ခြေအမြစ်နားကိုဖြတ်ပြီး ဓါးနဲ. ၂ လက်မလောက်ထိုးခွဲ
လှီးလိုက်ပါ( တစ်ထုပ်လုံးကိုမလှီးရပါ) ။ ဟသွားတဲ့နေရာကနေလက်နှစ်ဖက်နဲ.ဆွဲဖြဲ လိုက်ပါ။
ဒါမှသာအတွင်းပိုင်းမုန်ညှင်းသားတွေနဂိုမူရင်းအတိုင်းရရှိမှာဖြစ်ပါတယ်..။

ရေများများထည့်ထားသောဇလုံမှာ ရေဖွားဖွားဖြစ်နေအောင်ဆေးပြီး အနည်းငယ်စစ်ထားပါ။

မုန်ညှင်းရွက်တစ်ခုချင်းစီကြားထဲကိုနှံ့ အောင် ဆားပက်ထည့်ပြီး ဇလုံတစ်ခုထဲမှာပဲ..၁၀ မိနစ်
၁ ကြိမ်ဟိုဖက်ဒီဖက်လှန်ပေးရပါမယ်။
(ဆားတွေအားလုံးပျံ့ နှံ့ ပြီးကင်ချီလုပ်ချိန်မှာကြွပ်စေဖို.အတွက်ဖြစ်ပါတယ်)

ထိုအချိန်မှာ potage လို.ခေါ်တဲ့ကော်ရည်ဆန်ဆန်အရည်တစ်မျိုးပြု လုပ်ရပါမယ်..။

ကောက်ညှင်းကော်ရည်အတွက်
********************************
ရေ.............၂ ခွက်
ကောက်ညှင်း မှုန် ....၂ဇွန်း(ထမင်းစားဇွန်း)
သကြားညို.....၂ ဇွန်း( ထမင်းစားဇွန်း)
( သူတို.ကတော့ Mochiko powder လို့ တိုက်ရိုက်ပြောဆိုပါတယ်)

ရေနဲကောက်ညှင်းမှုန့် ကိုရောမွှေပြီး..မီးအေးအေးမှာအနည်းငယ်ပျစ်လာအောင်ကြို ပြီးအအေးခံထားရပါမယ်...။

ထိုအရည်ကိုအအေးခံထားချိန်မှာကင်ချီအနှစ်ပြင်ဆင်ရပါမယ်..။

ကင်ချီအနှစ်အတွက်
********************

ကြက်သွန်နီနုပ်နုပ်စဉ်း.....၁ ခွက်( လက်ဖက်ရည်ပန်းကန်လုံး)
ကြက်သွန်ဖြူ ..။.............၁/၂ ခွက်(................။............)
ချင်းနုပ်နုပ်စဉ်း................၂ ဇွန်း( ထမင်းစားဇွန်း)

ထိုသုံးမျိုးကို ကြိတ်စက်မှာညှက်နေအောင်ရောကြိတ်ထားပါ။

မုန်လာဥဖြူ မီးခြစ်ဆံကဲ့သို.အမျှင်.......၂ ခွက်(လက်ဖက်ရည်ပန်းကန်လုံး)
မုန်လာဥနီ......။............................၁ခွက်(............။..................)
ကြက်သွန်မြိတ်..............................၅ ပင်( ပါးပါးလှီး(သို.) လက်၁ ဆစ်ခန်.)
ကုဆိုင်.........................................၁၀ပင်(....................။.................)
တစ်ခြားအရွက်၁ မျိုးကတော့ကျွန်တော်မမြင်ဖူးပါ
ပုစွန်ဆားရည်စိမ်..............................၂ ဇွန်း(ထမင်းစား)
အရည်ကိုသီးသန့် ညှစ်ထုတ်ပြီးအဖတ်တွေကိုနုပ်နုပ်စဉ်းပါ( ၂မျိုးလုံးထည့်ရန်လို )
ငရုတ်စပ်မှုန်.( အကြမ်းမှုန့် မဟုတ်)........ ၁ ခွက်မှ ၂ခွက်ခွဲထိ( လက်ဖက်ရည်ပန်းကန်လုံး)
မိမိအစပ်မကြိုက်ရင် ၁ ခွက် ၊ ကြိုက်ရင် ၂ခွက်ခွဲအထိ

ဒါတွေအားလုံးရပြီဆိုရင် ၊ ထောင်းထားသောအရော ၊ ပါးပါးလှီးထားသောမုန်လာဥ ၊ကြက်သွန်
မြိတ်၊ ပုစွန်ဆားရည်စိမ် ၊ ငရုပ်စပ်မှုန်. တို.အားလုံးကိုအအေးခံထားတဲ့ကော်ရည်ထဲရောပြီးနှံ.နေ
အောင်မွှေပေးရပါမယ်..။

ရောထားသောကင်ချီအနှစ်ကို ဆားပက်ထားတဲ့မုန်ညှင်းရွက်တွေကြားထဲလက်အိတ်အသုံးပြု ကာ
တစ်လွှာချင်းစီထဲနှစ်ဝင်နေအောင်သိပ်ထည့်ပြီး စဥ့်အိုး (သို.) ဖန်ပုလင်း( သို့ ) မိုက်ခရိုဝေ့ဒဏ်ခံ
နိုင်သောပလပ်စတစ်ဗူးတွေထဲသိပ်ထည့်ပေးပြီးအဖုံးလုံအောင်ဖုံးပေးပါ။

အချိန်(၁) ရက်ခွဲ ၊ (၃၆) နာရီအကြာ သာမန်အခန်းအပူချိန်မှာထားပေးထားရပါမယ်..။အချိန်ပြည့်
လို.ဖွင့်ကြည်တဲ့အခါ အရည်တွေထွက်လာမှာဖြစ်သလို အရည်မှာပူဖောင်းလေးတွေထလာပါမှ
စားသုံးနိုင်သောကင်ချီအဆင့်ကိုရောက်ပါတယ်..။

ထိုမှတဖန် ပုံမှန်ရေခဲသေတ္တာခန်းထဲပြောင်းရွှေ.ပြီး ၁ပတ်ကြာမှစားတာကပိုပြီးပြည့်စုံတဲ့ကင်ချီ
ကိုရမှာဖြစ်ပါတယ်ဆိုတဲ့အကြောင်းလေ့လာရေးသားလိုက်ရပါတယ်...။

ချစ်ခြင်းများစွာဖြင့်.....။

 credit - ဟင်းချက်နည်းများ- fb

18 Aug 2014

နှမ်းဖတ်မြေပဲဖတ် အခြောက်ချဉ်လုပ်နည်း

 မြေပဲဖတ် အကြီး အသေး ရွေးပြီရေကို တည စိမ်လိုက်တယ်။

  မနက်ကျ ပွလာပြီ ဇွန်းနဲ့ သေချာမွေကြည့် အခဲလေးတွေ မရှိတော့ယင် ထမင်းစားဇွန်းနဲ့ ဆားတဇွန်းထည့်နယ် ဖန်ပုလင်းထဲထည့် ပူတဲ့နေရာမှာ၂ ရက်လောက်ဆို ချဉ်ပြီး သုပ်စားလို့ရပါပြီ ( နေပူထဲအတွက် ပလပ်စတိတ်ဘူးတွေ မသုံးပါနဲ့ )
ပုလင်းထဲကို တဝက်ကျော်လောက်ဘဲထည့်ပါနောက် ထပ်ပွတက်လာလို့ပါ ။

  သုပ်နည်းလေး ပြထားပါတယ် အရမ်းလည်းစားလို့ကောင်းပါတယ်။

အချဉ် အသုပ် ကြိုက်တဲ့သူတွေအားလုံးလည့်း ကြိုက်ကြမယ်လို့ ထင်ပါတယ်။
 ( သုပ်တဲ့အချိန်ကြယင် ဆီကောင်းသုံးပါ Olive oil သံလွင်ဆီက အစိမ်းသုပ်တွေအတွက် ကျန်းမာရေးအတွက်လည်း အကောင်းဆုံးပါ )

credit  Nora Chen


6 Aug 2014

ငါးချဉ်၊ ပုဇွန်ချဉ် လုပ်နည်း

ပုဇွန်ကျော့ရရ.ထုတ်ရရပေါ့
ပုဇွန်ကိုခေါင်းချိုးရေဆေးးပါ.။
ပုဇွန်ထုတ်ဆိုရင်တော့အခွံခွာပါနော်။ပုဇွန်ကျော့လေးတွေဆိုရင်တော့မခွာပါနဲ့
ပြီးရင်ရေစင်စင်ဆေးပါ။ရေစစ်ထားပါ။
ဆာားအနေတော်နဲ့နယ်ပါမယ်။ပြီးရင်တညသိတ်ထားပါ။
ညထဲကဆန်ကြမ်းကိုထမင်းခပ်မာမာလေးချက်ထားပါနော်၊
မနက်ကျရင်ဆားနယ်ထားတဲ့ပုဇွန်ကိုရေနဲ့တခါလောက်ဆေးလိုက်ပါ။
ပြီးရင်ညကချက်ထားတဲ့ထမင်းနဲ့ရောနယ်ပါနော်။
ပြီးရင်ကော်ဘူးဆိုပိုကောာင်းပါတယ်။အဲ့ထဲကိုသိတ်ထည့်ပါ။

ကြပ်ကြပ်လေးသိတ်ပါ။။ပြီးရင်လုံအောင်ပိတ်ပြီးထားလိုက်ပါ။။

သုံးရက်လောက်ဆိုချဉ်ပါပြီ။

အဲ့အခါမှာအဖုံးဖွင့်ပြီးဘူးကိုဇကာလေးခံလို့မှောက်ထားလိုက်ပါ။။
အရည်တွေစစ်သွားအောင်လို့ပါ။နေ့တ၀က်လောက်မှောက်ထားလိုက်ရင်ရပါပြီ။
ပြီးရင်တော့ဖန်ပုလင်းဖြစ်ဖြစ်နှစ်သက်ရာဘူးနဲ့လှယ်ထည့်ပြီးရေခဲသေတ်တာထဲထည့်သိမ်းနိုင်ပါတယ်။။

လိုသလောက်ယူသုတ်စားပေါ့။
နံနံပင်။ပင်စိမ်း၊ရှမ်းနံနံ၊တမျိုးမျိုးနဲ့ကြက်သွန်ဖြူနီငရုပ်စိမ်းလေးနဲ့ဆီလေးဆမ်း။ပြီးသုတ်။။ထမင်းမြိန်ပါ့ရှင်။
 

ငါးဆိုရင်လဲကိုယ်လုပ်ချင်တဲ့ငါးကိုလိုသလိုတုံးဖြတ်ပြီးဒီနည်းအတိုင်းပဲလုပ်နော်။
 

ချစ်သူငယ်ချင်းအားလုံးကိုခင်မင်လေးစားတဲ့
မနီ
နော်ဝေး

18 Jun 2014

김치 ဂင်မ်ချီ Kimchi လုပ်နည်း

ပါဝင်ပစ္စည်းများကတော့ မုန်ညင်းထုတ်၊ မုန်လာဥဖြူ၊ မုန်လာဥနီ၊ ပန်းသီး၊ကိုရီးယားသစ်တော်သီး(ရနိုင်လျှင်) ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ကြက်သွန်မြိတ်၊ ကူဆိုင်(ကြက်သွန်မြိတ်ကဲ့သို့အပင်သေး)၊ ဂျင်း၊ ဂျူံမှုန့်၊ ငံပြာရည်၊ဆား၊ သကြား၊ ငရုတ်ပွခြောက်၊နှမ်း တို့လိုအပ်ပါတယ်။

ဂင်မ်ချီအဖြူလုပ်တာနဲ့တော့ ဘာမှသိပ်မကွာပါဘူး။ ငရုတ်သီးပါတာနဲ့ မပါတာဘဲရှိမယ် ကျန်တာကတော့ တူပါတယ်။

ပထမဦးဆုံး မုန်ညင်းထုတ် ၂ပိသာခန့်ကို ရေဆေးပြီး အလယ်ကနေထက်ခြမ်းခွဲပြီး ဆားနဲ့နယ်ပြီး နွမ်းသွားအောင် ဖိပေးထားပါ။

 ဂျူံမှုန်နှစ်ဆယ်သားခန့်ကို ခပ်ပစ်ပစ်ကြိုထားပြီး အအေးခံထားပါ။

ငရုတ်ပွခြောက်ကို အစေ့ထုတ်ရေစိမ်ပြီး ကြက်သွန်နီ ငါးဥ ကြက်သွန်ဖြူဥသေး သုံးဥ၊ ဂျင်းလက်တစ်ဆစ်ခန့် တိုကိုရောပြီး ညက်နေအောင်ကြိတ်ထားပါ။

မုန်လာဥဖြူ၊မုန်လာဥနီ၊ ပန်းသီး ၊ ကြက်သွန်မြိတ်၊ ကူဆိုင်တို့ကို လက်လေးသစ်ခန့် အချောင်းရှည်ရှည်လေးတွေလှီးထားပါ။

မုန်ညင်းထုတ်နွမ်းတာနဲ့ ရေအေးနဲ့ ဆေးပါ။ ပြီးရင် အရည်တွေကို ညစ်ပစ်ပါ။

အားလုံးပြီးတာနဲ့ ဇလုံခပ်ကြီးကြီးထဲကို ခုနက ကြိတ်ထားတဲ့ ငရုတ်သီးအနှစ်ကိုထည့် ဂျုံကြိုထားတာထည့် ငံပြာရည် သုံးဇွန်းထည့် သကြားတစ်ဇွန်းထည့် အရသာအပေါ့အငံကို မြည်းကြည့်ပါ။

လိုအပ်ရင်ထပ်ထည့်ပါ။ နှမ်းနည်းနည်းထည့်ပါ။ အားလုံးကို သမအောင်မွှေပြီး လှီးထားတဲ့ အသီးအရွက်တွေကိုထည့် သမအောင်လုပ်ပေးပါ။
 ပြီးတာနဲ့ မုန်ညင်းထုတ်ကို ဇလုံထဲမှာလုပ်ထားတဲ့ အဆာတွေနဲ့ နှံ့အောင်လုပ်ပြီး ဘူးထဲကိုထည့်သိပ်ပါ။

တစ်ရက်လောက်ထားလိုက်ရင် စားလို့ရပါပြီ။ ရေခဲသေတ္တာထဲမှာ ထားရင်တော့ ကြာကြာထားလို့ရပါတယ်။ အပြင်မှာထားရင်တော့ ခဏလေးနဲ့ ချဉ်ပါတယ်။

မှတ်ချက်။။ဂင်မ်ချီလုပ်တဲ့အခါဗီနီကာတို့ကိုရီးယားငရုတ်ဆီ(gochujang)တို့လုံးဝမသုံးပါဘူး။သုံးမိမှာစိုးလို့ပါ။
Thank u^^
Credit to ဆန်ဂို့ဟင်းလျာများ-Sango's Curries


အစားအသောက်များနှင့်ပတ်သက်ပြီး ရှောင်ရန်၊ ဆောင်ရန်၊ လိုက်နာရန်နှင့် ချက်နည်း၊ ပြုတ်နည်းမျိုးစုံတို့ကို အမြဲတင်ပေးနေတဲ့ ဒီ Page လေးကို Like လုပ်ထားနိုင်ကြပါတယ်။
www.facebook.com/pages/Excellent-Foods-Corner/1492951810938014

27 May 2014

စွန်ထန်ခြောက်ပြု လုပ်နည်း

စွန်ထန်ခြောက်ပြု လုပ်မယ်ဆို..မုန်ညှင်းစိမ်း ၊ မုန်လာဥဖြူ အရွက်တွေသုံးနိုင်ပေမယ့်အကောင်းဆုံးကတော့..မုန်ညှင်းစိမ်းဖြစ်ပါတယ်။

မုန်ညှင်းစိမ်း ခပ်ရင့်ရင့်တွေကို ရွေးချယ်ပြီး..အပင်လိုက်(သို.) အရွက်တစ်ခု
ချင်းစီကို( သဲစင်အောင်) ရေးဆေး ၊ ရေစစ်ထားပါ။
ထို.နောက် နေပူပူ မှာ ကြိုးတန်းလေးပေါ်တွဲလောင်းချပြီး နေပြပေးရပါမယ်။
အတော်လေးနွမ်းပြီးဆိုရင်တော့..ဆား ၊ ထမင်းရည်တို.နဲ. (မကြေအောင်)
ဂရုစိုက်နယ်ပြီး..ပုလင်းလွတ်( သို.) စဥ့်အိုးလွတ်သန်.သန်.မှာအချဉ်သိပ်ပေးပါ။

မုန်ညှင်းရွက်တွေချဉ်လာပြီဆိုရင်..အိုးထဲကထုတ် ၊
 အချဉ်ရေတွေကုန်စင်အောင်ပြန်ညှစ်ထုတ်ကာ နေပြန်လှန်းပေးပါ။

အိုးထဲမှာကျန်ခဲ့တဲ့အချဉ်ရည်တွေကို ၃ ပုံ ၁ ပုံ ကျန်အောင်ကျို ပြီးအအေးခံထားပါ။

နေလှန်းထားတဲ့မုန်ညှင်းရွက်တွေအနည်းငယ်ခြောက်တာနဲ့  ကျို ထားတဲ့အချဉ်ရည်မှာ ပြန်စိမ် ပြီး..နေပြန်လှန်းပေးပါ..။

နေလှန်းထားတဲ့ မုန်ညှင်းတွေခြောက်ပြန်ပြီဆိုရင်တော့..ပေါင်းအိုးမှာထည့်
ရေနွေးငွေ.နဲ.ပြန်ပေါင်းပေး ပါ။
(ဒီလိုပြန်ပေါင်းလိုက်မှာသာလျှင် အနံ့  ၊အရသာနဲ့  ပြည့်စုံတဲ့ စွန်ထန်ခြောက်အဖြစ်သို.ကူးပြောင်းမှာဖြစ်ပါတယ် )
ပေါင်းအိုးထဲကထုတ်တဲ့ စွန်ထန်ခြောက်တွေကို နေပူပူမှာခြောက်နေအောင်
လှန်းပြီးရင်တော့...သိုလှောင်အသုံးပြု လို.ရပါပြီ..။
 
မှတ်ချက်..ကျွန်တော်တို.ဒေသမှာ မုန်ညှင်းပေါချိန်က ဆောင်းရာသီဖြစ်တာကြောင့်..ရေဆေး ၊
 စစ်ထားတဲ့ မုန်ညှင်းတွေကို နှင်းအရိုက်ခံကြပါတယ် ။
ဒီပို.စ်အတွက်ကူညီပေးတဲ့ ငယ်သူငယ်ချင်း နီလာထွန်း ကိုကျေးဇူးအထူးတင်
ရင်း.ဒီပို.စ်နဲ.မှတ်တမ်းတင်ဂုဏ်ပြု လိုက်ပါတယ်..။

Photo Credit ...http://eatingasia.typepad.com/eatingasia/2010/04/shan-pickle-its-whats-for-dinner.html
ပာင်းချက်နည်းများ

20 May 2014

Garam Masala (သို. ) ဟင်းချက်မဆလာစပ်နည်း


တောင်းဆိုထားသူသိပ်များလို.ဒီပို.စ်လေးတင်ပေးလိုက်ပါတယ်..။

အိန္ဒိယမှာတော့..ဒါကို Garam Masala လို.ခေါ်ပါတယ်..စစ်တမ်းကောက်မှု မှာသူတို.နိုင်ငံကထုတ်တဲ့ Sun ဆိုတဲ့တံဆိပ်ကပရိတ်သတ်ထောက်ခံမှုအများ
ဆုံးရထားပါတယ်..။

သူတို.ကအမဲသားမစားတော့ ၊ဆိတ်သား ၊ ကြက်သားတွေမှာသုံးသလို အမဲသားစားသုံးသူများကတော့..အမဲသားဟင်းမှာလည်းသုံးနိုင်ပါတယ်။

ကြက်သားဟင်းမှာ ၁ ဇွန်းဆိုရင် ဆိတ်သား ၊အမဲသားများ ၂ ဆသုံးနိုင်ပါတယ်
ငါးဟင်းတွေမှာတော့လျှော့သုံးတတ်ကြပါတယ်။

Garam Masala (သို. ) ဟင်းချက်မဆလာစပ်နည်း
********************************

နံနံစေ့.............၂ ဇွန်း( ထမင်းစားဇွန်း)
ဇီယာ..............၂ ဇွန်း(........။.........)
ငရုတ်ကောင်း....၂ ဇွန်း(........။.........)
ဇီယာအမည်းစေ့. ဇွန်းဝက်( ......။.......)
ဖာလာမှုန်......... ဇွန်းဝက်(.......။.........) သို. ကြီးကြီး၎ လုံး
ချင်းအခြောက်မှုန်.. ဇွန်းဝက်(......။........)
လေးညှင်း..........ဇွန်းဝက်(............။....)
သစ်ကြပိုးခေါက်...၄x ၁ လက္မ တစ်ခု
ကရဝေးရွက်.......ဇွန်းဝက်(သို.) ၁၀ ရွက်ခန်.

ဖာလာစေ့ ၊ သစ်ကြပိုးခေါက်တွေကိုတော့..ငရုတ်ကောင်း ၊နံနံ စေ့တို.လိုအရွယ်ညီမျှအောင်ဖဲ့ခြွေပေးပါ။

ကရဝေးရွက်တွေကိုလည်း ဖဲ့ခြွေပါ။

အားလုံးကိုရောပြီး..ထူတဲ့သံဒယ်အိုး(သို.) မြေအိုးမှာရောပြီး..မီးအေးအေးမှာ
(၁၅) မိနစ်ခန်. လှော်ပေးပြီးအအေးခံထားပါ။

အေးသွားရင်မှုန်.နေအောင်ထောင်း(သို.) စက်မှာ ကြိတ်ပေးပါ။

ဒါကရိုးရိုးဟင်းချက်မဆလာပါ။

အားလုံးပြီးပြည့်စုံအောင်ပါဝင်တဲ့ ဟင်းချက်အမှုန်.ဖြစ်ဖို.ဆိုရင်အောက်ပါတို.
ကိုထည့်ပေါင်းပါ..။ All in 0ne ပေါ့..။

နနွင်းမှုန်. ........၁ ဇွန်း( ထမင်းစားဇွန်း)
ငရုတ်အစပ်မှုန်. .၂ ဇွန်း(........။........)
မုန်ညှင်းစေ့........၂ ဇွန်း(........။........)
စမုန်စပါးစေ့.......၁ ဇွန်း (........။.......)

အားလုံးရောကြိတ်ပါ။

8 May 2014

တုမ်ယမ်းဟင်းအနှစ်ပြု လုပ်နည်း

ထိုင်းတုမ်ယမ်ဟင်းရည်မှာ...တုမ်ယမ်းဟင်းအနှစ်ရှိနေခဲ့မယ် ၊ပါဝင်ပစ္စည်းလည်းပြည့်စုံနေမယ်ဆိုချက်တာက(၁၀) မိနစ်ထက်အချိန်ပိုမပေးရပါဘူး..။
ဒီတုမ်ယမ်းဟင်းအနှစ်က..ချက်တဲ့အချိန်အလွန်ရှုပ်ပေမယ့်လည်း..
ချက်ပြီးသေချာစွာသိုလှောင်ထားမယ်ဆိုရင်တော့..သုံးပေတော့ပြောရမလိုပါပဲ...။
လေလာကြည့်ရအောင်ပါ။
တုမ်ယမ်းဟင်းအနှစ်ပြု လုပ်နည်း
********************
ပါဝင်ပစ္စည်းများ
*********
ငရုတ်ခြောက်ပွတောင့်အနီ.............၁ခွက်(လက်ဖက်ရည်ပန်းကန်၊အရောင်အတွက်)
ငရုတ်ခြောက်တောင့်သေး(အစပ်)....၁ ခွက်(......။......)
ကြက်သွန်နီဥသေး(shallot)............၁၅ လုံးခန်.
ကြက်သွန်ဖြူ...............................၁၅ တက်
ပုစွန်ခြောက်မှုန်. .........................၁ခွက်(လက်ဖက်ရည်ပန်းကန်လုံး)
ပုစွန်ဆီ.....................................၁ ခွက်(................။.............)
ကြံသကာအနှစ်( palm sugar)....... ၁ /၂ခွက်(.............။............)
သကြားအညို .............................၁/၄ ခွက်(..............။...........)
မန်ကျည်းမှည့်အနှစ်တိုက်................၁ ၁/၂ ခွက်(..........။............)
ငါးငံပြာရည်.................................၁/၃ ခွက်(.............။...........)
ငါးပိ.........................................၂ ဇွန်း(ထမင်းစားဇွန်း)
ဆား.........................................၁ ဇွန်း(...........။.....)
ဆီ...........................................၁/၂ ခွက်
ပြုလုပ်ပုံ
*****
ပထမဆုံးပုစွန်အဆီပါသောခေါင်းတွေကိုကြော်ပြီးအအေးခံပါ ၊ ကြိတ်စက်(သို.)ဆုံမှာထောင်းပြီး..ပုစွန်အဆီတွေရအောင်ပြု လုပ်ပါ။
ငရုတ်ခြောက်တောင့်(၂) မျိုးကို မီးအေးအေးမှာသီးသန်.စီလှော်ပြီး( အရောင်
မမည်းသွားစေရန်သတိပြု ) အမှုန်.ဖြစ်အောင်ပြုလုပ်ပါ။
ကြက်သွန်နီ၊ ဖြူ တွေကိုမှုန်ညှက်နေအောင်စဉ်း(သို.) ကြိတ်ပါ။
အခြားပုစွန်ခြောက်မှုန်. ၊ မန်ကျည်မှည့်ရေစိမ်တာတွေကိုလည်းလိုအပ်သလို
ပြင်ဆင်ထားပါ။
အားလုံးအဆင်သင့်ဖြစ်ရင်..အိုးတစ်လုံးမှာဆီကိုအပူပေးပြီး..ဖြူ ၊ နီ ကိုဆီသတ်ပါ။
ပုစွန်ခြောက်မှုန်.၊ ငါးပိ တို.ထည့်ပြီးအနှစ်ကျအောင်ချက်ပါ။
ငရုတ်သီးလှော်မှုန်. ၊ သကြား ၊ ကြံသကာအနှစ် ၊ ငါးငံပြာရည် ၊ မန်ကျည်းအနှစ်၊ ဆား စတာတွေကိုတဆင့်ချင်းစီထည့်ပေးသွားပါ။
လုံးဝရေခမ်း ၊ ဆီပြန် ၊ အနှစ်ကျသည်အထိ ချက်ပြီး..အအေးခံပါ။
အေးသွားပြီဆိုမှ..ပုလင်းထဲထည့်ပြီးသိုလှောင်အသုံးပြု ပါ။
Photo Credit ..larahayes.com.
ပာင်းချက်နည်းများ

27 Apr 2014

နာနတ်ယို ( Pineapple Jam )

ငယ်သူချင်းတစ်ယောက်က..နာနတ်ယိုထိုးနည်းလေးတောင်းဆိုလို.ဒီနေရာက
ပဲ..အားလုံးလည်းဖတ်လို.ရအောင်ဝေမျှ လိုက်ပါတယ်...။

နာနတ်ယိုလုပ်နည်းများစွာထဲက..ကျွန်တော်တို.မြန်မာပြည်ဈေးကွက်မှာရှိနေတဲ့ ( ပြည်တွင်း) နဲ.
အနီးစပ်ဆုံးယိုပြုလုပ်နည်းကို တင်ပေးလိုက်ပါတယ်...။

နာနတ်သီး (အလတ်အရွယ်)..............၂ လုံး
သကြား........................................၂ ခွက် ( လက်ဖက်ရည်ပန်းကန်လုံး)
သံပုရာသီး...................................၁ လုံး
သစ်ကြပိုးခေါက်သေးသေး................၁ ချောင်း
ဆား...........................................ဇွန်းဝက်(လက်ဖက်ရည်ဇွန်း)

နာနတ်ယို ပြုလုပ်မယ်ဆို...နာနတ်သီးကိုအရှည်မျိုး ရွေးချယ်ဝယ်ယူသင့်ပါတယ်။

နာနတ်သီးကိုအခွံတွေပြောင်စင်အောင်ခွါထုတ်ပြီး..ဒေါင်လိုက် ၄ စိတ်ခွဲပြီး
အူတိုင်တွေကိုလှီးထုတ်ပါ။ ထိုမှတဆင့်..အတုံးငယ်များလှီးပါ။
(ဒီလိုဒေါင်လိုက်လှီးတာက..နာနတ်သီးရဲ.အမျှင်တွေကို မဆုံးရှုံးစေဘူးလို.အကြံပြု ထားပါတယ်..။

အရည် ၊ အဖတ် သီးသန်.စီထွက်တဲ့ blender ကိုအသုံးပြု ပြီးကြိတ်ပါ။

နောက်နည်းလမ်း၁ ခုကတော့...အမျှင်ခြစ်တဲ့ ခြစ်ကိုအသုံးပြုပြီး..ခြစ်ပါ။အရည်တွေညှစ်ထုတ်ပြီး..နာနတ်သီးအမျှင်တွေကို
သီးသန်.ဖယ်ထားပါ။( ဒီနည်းလမ်းမှာနာနတ်သီးကိုအတုံးငယ်ပြုလုပ်စရာမလိုပါဘူး..)

ထွက်လာတဲ့နာနတ်သီးရည် ၊ သကြား ၊ ဆား ၊ သစ်ကြပိုးခေါက်တွေကိုရောကျို ပါ ( ဒီနေရာမှာ..စောက်နက်တဲ့အိုးမျိုးကိုအသုံး
မပြုပဲ..ဗျက်ကျယ်တဲ့..Non- Stick Pan မျိုးကိုအသုံးပြုသင့်ပါတယ် )
ဝေကျ တတ်လို.ဖြစ်ပါတယ်..။

အရောင်လှချင်ရင်တော့..yellow food color အနည်းငယ်အသုံးပြုနိုင်ပါတယ်။

သံပုရာသီးရဲ.အပေါ်ခွံတွေကို ခြစ်ပြီးထည့်နိုင်သလို..အရည်ကိုလည်းညှစ်ထည့်ပေးပါ။

သကြားနဲ.နာနတ်ရည်တွေကျိုတာ..အတော်လေးစေးပျစ်လာရင်..နာနတ်သီး
အမျှင်ဖတ်တွေထည့်ပြီး...မွှေပေးရပါမယ်..။

သစ်သားယောင်းမလေးကိုအသုံးပြုပြီး..ရေခမ်း ပြီး..စေးထွေးသွားအောင်ထိ
ထိုးပြီးရင်..အအေးခံ ပြီးသုံးဆောင်နိုင်ပါတယ်..။

Photo Credit..Google Search.

ပာင်းချက်နည်းများ

17 Apr 2014

ဆူကီဆော့စ်(သို.) ဟော့ပေါ့ဆော့စ်

 ဆူကီဆော့စ်(သို.) ဟော့ပေါ့ဆော့စ်
**********************


ဒီဆော့စ်ရည်မျိုးကတော့..ဆူကီ ၊ ဟော့ပေါ့ ၊ မူကထ လို.ခေါ်တဲ့ကင်စားပြုတ်စားတဲ့အိုးမျိုးတွေအတွက်အခြေခံဆော့စ်ရည်ပါ။

နှမ်းလှော်...........................၁ ဇွန်း(ထမင်းစားဇွန်း)
ကြက်သွန်ဖြူ ......................၅ တက်
ငရုတ်ခြောက်နီ(တောင့်ရှည်).. ၁၂ တောင့်ခန်.
ပဲငံပြာရည်အကြည်(အရောင်ရင့်)..၁ဇွန်း(ထမင်းစား)
သကြား.................................၂ ဇွန်း
ဆား..................................... ၁ဇွန်း
ကြက်သွန်ဖြူ သနှပ်အဖတ်...........၁ ဇွန်း
ကြက်သွန်ဖြူ သနှပ်အရည်............၁ ဇွန်း
ငါးငံပြာရည်.............................၁ ဇွန်း
ရှလကာရည်...........................၁ ဇွန်း
သာမန်ငရုတ်ဆော့(စ်) ..............၂ ဇွန်း
ရေ......................................၂ ဇွန်း

နှမ်းလှော်မှလွဲပြီး..ကျန်တဲ့အရာတွေကို ကြိတ်စက်မှာထည့် ၊ ညှက်နေအောင်
ကြိတ်လိုက်ရုံပါ။

နှမ်းလှော်လေးတွေကိုအပေါ်ကဖြူးပြီးအလှဆင်ပါ။
 

Nam Prik Pla Sauce

 
Nam Prik Pla Sauce
**************
ဒါကတော့ထိုင်းတွေရဲ.မပါမဖြစ်အခြေခံဆော့စ်ပါ။
 ဒီဆော့စ်ကို အသီးအရွက်ကြော်တွေ၊ တန်ပူရာကြော်မျိုး စတာတွေနဲ.အဓိကတွဲစားလေ့ရှိတဲ့ရိုးရှင်းတဲ့ဆော့စ်ပါ။



ငရုတ်သီးစိမ်း( အစိမ်း +အနီ )..............၁၀ တောင့်ခန်.
ကြက်သွန်ဖြူ................................... ၃-၄ တက်ခန်.
ငါးငံပြာရည်....................................၃ ဇွန်း
သံပုရာရည်...................................၁ ဇွန်း
သကြား.......................................အနည်းငယ်
သံပုရာသီး...................................၁ ခြမ်း

ငရုတ်သီးစိမ်းတွေကိုမထူမပါးလေးလှီးသလို ၊ကြက်သွန်ဖြူ ၊ သံပုရာသီးခြမ်း
ကိုလည်းပါးပါးလေးလှီးပါ။

ငါးငံပြာရည် ၊ သံပုရာရည် ၊သကြား စတာတွေကိုပျော်ဝင်အောင်မွှေပြီး..
လှီးထားတဲ့အရာတွေကိုပေါင်းထည့်လိုက် ရုံပါ။
 

Seafood Sauce

Seafood Sauce
ဒါကတော့..ပင်လယ်စာများအတွက်အခြေခံဆော့(စ်) ပါ။ ပင်လယ်စာအကင်

များနဲ.တွဲဖက်နိုင်သလို ပြည်ကြီးငါးသုပ် ၊ ပုစွန်သုပ်စတာတွေမှာလည်းအသုံး
ပြု နိုင်ပါတယ်..။

ငရုတ်သီးစိမ်း( အနီ+ အစိမ်း).............၁၅ တောင့်ခန်.
ကြက်သွန်ဖြူ ................................. ၅ တက်
နံနံပင်အမြစ်.................................အနည်းငယ်
သံပုရာသီး...................................၁ လုံး
သံပုရာရည်..................................၁ ဇွန်း
ငါးငံပြာရည်..................................၂ ဇွန်း
သကြားရည်(အပျစ်)........................၁ဇွန်း
နံနံပင်.........................................အနည်းငယ်

ငရုတ်သီးစိမ်း ၊ကြက်သွန်ဖြူ ၊ နံနံပင်အမြစ်တွေကို....နုပ်နေအောင်စဉ်းပါ။

သံပုရာရည် ၊ သကြားရည် ၊ ငံပြာရည်တို.နဲ.ရောမွှေပေးလိုက်ရုံပါ။

နံနံပင်တွေကိုပါးပါးလှီးထည့်ပါ။

စားခါနီးမှ..သံပုရာသီးကိုအဖတ်လေးတွေပါအောင်ညှစ်ထည့်ပါ။
 

Jaew Sauce

 ဒါကတော့..ထိုင်းလို Jaew လို.ခေါ်တဲ့ဆော့(စ်) ပါ....ဒီဆော့(စ်) ကိုအသားကင်များနဲ.အများဆုံးတွဲဖက်ပါတယ်....။


Jaew Sauce
*********

Shallot လို.ခေါ်တဲ့ကြက်သွန်နီအသေးလှီးပြီး..........၁/၄ ခွက်
နံနံပင်+ရှမ်းနံနံ (ပါးပါးလှီး)..................................၁/၄ ခွက်
ပဒဲကောအခြောက်မှု န်. ....................................ဇွန်းဝက်(ထမင်းစား)
ငါးငံပြာရည်....................................................၁/၃ခွက်
သံပုရာသီး.....................................................၁ လုံး
Palm Sugar လို.ခေါ်တဲ့ကြံသကာအနှစ်(သို.) သကြား..၂ ဇွန်း(လက်ဖက်ရည်ဇွန်း)
ဆန်လှော်မှုန်. ...............................................၁ ဇွန်း(ထမင်းစား)
ငရုတ်သီးအလှော်မှုန်.(သို.) အစိမ်းမှုန်. ................၁ဇွန်း

သကြား(သို.) ကြံသကာ ၊ပဒဲကောအမှုန်. ၊ငံပြာရည် ၊ သံပုရာရည်တို.နှင့်
ဦးစွာမွှေပေးပါ ။

နောက်ဆုံးမှ..ငရုတ်သီးမှုန်. ၊ ဆန်လှော်မှုန်. ၊ နံနံပင် +ရှမ်းနံနံ ၊ ကြက်သွန်နီ
တွေထည့်ပြီးမွှေပေးပါ။

အရသာကို ချ ဉ်သော ၊ငံသောအရသာဖက်ဦးတည်အောင်လိုတိုးပိုလျှော့ပြု ပြင်ပါ။
 

27 Feb 2014

မုန်ညှင်းချဉ်( ရှမ်းချဉ်)

မုန်ညှင်းစိမ်း.........................၂ စည်း
မုန်လာဥကြီးကြီး....................၂လုံး
ဥနီ......................................၃လုံး
ဂျူးမြစ်.................................၂၀ သား
ဆား....................................၁ ဇွန်း (ထမင်းစားဇွန်း)
နနွင်းမှုန်...............................၁ ဇွန်း ( လက်ဖက်ရည်ဇွန်း)
ငရုတ်ကြမ်းအစိမ်းမှုန်................၁ ဇွန်း( ထမင်းစားဇွန်း )
ကြံသကာ...............................အနည်းငယ်

ဒီအမျိုးအမည်လောက်ရှိရင်ရိုးရှင်းတဲ့မုန်ညှင်းချဉ်အိမ်မှာလုပ်စားလို.ရပါပြီ။

ပထမဆုံးမုန်ညှင်းတွေကိုအပင်လိုက်သဲသန်.စင်အောင်ဆေးပြီးရေစစ်ထားပါ

မုန်လာဥဖြူ ၊မုန်လာဥနီ တွေကိုလည်းအခွံခွါ ပြီးမိမိနှစ်သက်သလိုပါးပါးလှီးပါ

ဂျူးမြစ်တွေကိုလည်း ၂လက်မအရွယ်လေးတွေလှီးဖြတ်ပြီး..သဲများသန်.စင်
အောင်ရေဆေးပါ..။

မုန်ညှင်းတွေကိုအပင်လိုက်၊ မုန်လာဥတွေကိုလည်း..နေပူပူမှာတစ်နေ.နေပူလှန်းပေးပါ။ ညီမျှစွာသွေ.ခြောက်ဖို.အတွက်..အထက်အောက် လှည့်ပေးရပါမယ်..။
အတန်ငယ်နွမ်းခြာက်သွားလျှင်မုန်ညှင်းတွေကိုလည်း..အရွယ်တူလှီးဖြတ်ပါ။


စတီးဇလုံလို ဇလုံခပ်ကြီးကြီးမှာ နေပူလှန်းထားသောအရာအားလုံးကိုထည့်ပြီး
ဆားကိုဖြူးထည့်ကာလက်ဖနောင့်နှင့်ညှိုးနွမ်းသွားအောင်ထိုးနယ်ပေးရပါမည်

ထို.နောက် နနွင်းမှုန်.၊ ငရုတ်ကြမ်းမှုန်.၊ ကြံသကာတို.ကိုထပ်ပါင်းထည့်ပြီး
သမအောင်ပြန်ရောနယ်ပေးရပါမည်...။

ပုလင်း၊ သို. စဥ့်အိုးများမှာသိပ်ကျပ်စွာထည့်ပြီး.ပလပ်စတစ်အုပ်ကာကြိုးတစ်ခုနှင့်စည်း
ပါ. အဖုံးအုပ်ပြီး..ပထမနေပူပူမှာတစ်ရက်လောက်အချဉ်သိပ်ထားသောအိုးကို
နေပြပေးပါ။ (၃) ရက်ကြာလောက်မှာ..မုန်ညှင်းချဉ်စားသုံးလို.ရပါပြီ။လုံလာက်စွာချဉ်ပြီဆိုရင်
တော့အအးခန်းမှာသိုလှေင်ထားနိုင်ပါသည်..။

မှတ်ချက်။ ။ မုန်ညှင်းချဉ်ပြုလုပ်ရာမှာပာင်းသီးပာင်းရွက်တွေကိုအားသုံးပြီး
နယ်သားကျမှာသာ ကြွပ်ကြွပ်လေးရရှိပါမည်..။ဆီလုံးဝထိလို.မရပါဘူး..။
ဆီထိလျှင်..ပုပ်သွားတတ်ပါသည်...။



2 Feb 2014

ရိုးရိုးလေး ရှမ်းမုန်ညင်းချဉ်

**... ရိုးရိုးလေး ရှမ်းမုန်ညင်းချဉ် လုပ်ဖို့ လိုအပ်တာလေးတွေ….
1. မုန်ညင်း – 600 g
2. ဆား – လက်ဖက်ရည်ဇွန်း ၂ ဇွန်းခွဲ
3. ထမင်းရည် နွေးနွေး (မုန်ညင်းမြှုပ်အောင် ထည့်ရပါမယ်။)
မုန်ညင်းများကို ရေဆေးပြီး အနည်းငယ်နွမ်းရုံ နေလှမ်းပေးပါ။ (အရမ်းမနွမ်းသွားပါစေနှင့်။)
ဆန် (rice cooker ခွက်တစ်ဝက်) ကို ရေ (rice cooker ၂ ခွက်) ထည့်ကာ ချက်ပြီး ၈ မိနစ်ခန့်ဆူခိုင်းထားပြီးလျှင် လိုအပ်သော ထမင်းရည်ရပါမည်။ (ထမင်းရည်ငှဲ့ မချက်သူများ အတွက်)
ပြီးလျှင် နေပူလှန်းထားသော မုန်ညင်းများကို လက်ဆစ်တစ်ဝက်အရှည်ခန့် လှီးကာ ဆားထည့်ပြီး နွမ်းသွားအောင် ခပ်ဖွဖွဆုပ်နယ်ပေးပါ။

နွမ်းသွားသောမုန်ညင်းနှင့် ထွက်လာသောအရည်များကို သန့်ပြန့်သော ပုလင်းထဲ သိပ်ထည့်ပြီး နွေးနေသော ထမင်းရည်ကို အပေါ်မှလောင်းထည့်ပေးပါ။
ပြီးနောက် လေလုံအောင်ဖုံးကာ အိမ်၏အနွေးဆုံးနေရာ (မီးဖို နှင့် နီးသောနေရာ)တွင် ၄၊၅ ရက်ခန့်ထားပါ။ ရာသီဥတု အပူ၊ အအေးပေါ် မူတည်ပြီး ရက်အတိုး၊ အလျှော့ ရှိပါတယ်။ (အမြန်ချဉ်လိုလျှင် နေတိုက်ရိုက်မပူသော အိမ်အပြင်ဖက်တွင် ထားပေးနိုင်ပါတယ်။)

၎၊၅ ရက်ကြာလျှင် ရိုးရိုးလေး ရှမ်းမုန်ညင်းချဉ် နည်းမျိုစုံဖြင့် အရသာရှိစွာ သုံးဆောင်ရန် အသင့်ဖြစ်ပါပြီ။
အနည်းငယ် စပြီး ချဉ်လာသော ဒုတိယမြောက်နေ့မှစပြီး မုန်ညင်းချဉ်အရည်များ အနည်းငယ်လျှံထွက်လာတတ်သဖြင့် ပုလင်းအောက်ဖက်တွင် ပန်းကန်တစ်ခု ခံပေးထားပါ။

Credit to Chaw Su's Food Friends

ရှမ်းငါးပေါင်း

 
ပါဝင်ပစ္စည်းများ
**********

ငါးအသား....................(၅၀) သား
ကြက်သွန်ဖြူ......................၁၅ တက်
ငရုတ်သီးစိမ်း......................၁၀ တောင့်
ရှမ်းနံနံ..............................၂ စည်း
နံနံပင်...............................၁ စည်း
မြန်မာပင်စိမ်း......................၁စည်း
ငရုတ်ကောင်းမှုန်...................အနည်းငယ်
ဆီ......................................၃ ဇွန်း( ထမင်းစားဇွန်း)
သံပုရာသီး............................၂ လုံး

ငါးအသားတွေကိုရေဆေး၊ စစ်ပြီးရင်..ဆား၊ ငရုတ်ကောင်းမှုန်.၊
သံပုရာသီး(၁) လုံးကိုအရည်ညှစ်ပြီး...(၁၀) မိနစ်ခန်.နှပ်ထားပါ။

ထိုစဉ်အတွင်း..ကြက်သွန်ဖြူ ၊ ငရုတ်သီးစိမ်း တို.ကို ခပ်နုပ်နုပ်စင်းပါ..။

နံနံပင်၊ ရှမ်းနံနံ၊ ပင်စိမ်းတို.ကိုလည်းပါးပါးလှီးပါ...။

ဇလုံတစ်ခုအတွင်းမှာ..ငါး၊ နုပ်နုပ်စဉ်းထားသောကြက်သွန်ဖြူ ငရုတ်သီးစိမ်း
၊ပါးပါးလှီးထားသောပာင်းခတ်အမွှေးအကြိုင်တို.ကို ဆီ ၊ လက်ကျန်သံပုရာသီးတို.ဖြင့်သမသွားအောင်ခပ်ဖွဖွနယ်ပါ...။

ငှက်ပျောဖက်ခင်းထားသောအိုးတစ်လုံးမှာထည့်ပြီး..အပေါ်ယံကနေငှက်ပျောဖက်လေးလုံအောင်

ထပ်ပြီးအုပ်ထားပါ။

အဖုံးကိုလုံခြုံအောင်ပိတ်ပြီးအလေးချိန်ရှိသောအရာတစ်ခုတင်ထားပါ။

အနည်းဆုံးမီးအပူချိန်မှာ...မိနစ်(၃၀) ခန်.ပေါင်းပေးရပါမယ်..။မွှေပေးစရာ
မလိုအောင်..မီးအပူချိန်နည်းဖို.ပဲလိုအပ်ပါတယ်...။

မိနစ်(၃၀) လောက်ထိုနည်းအတိုင်းပေါင်းပြီးရင်..ငှက်ပျောဖက်နံ. ၊ ပာင်းခတ်အမွှေးအကြိုင်ရနံ.သင်းနေသာရိုးရှင်းတဲ့ရှမ်းငါးပေါင်းစား
သုံးလို.ရပါပြီ...။

26 Jan 2014

မုန်လာချဉ်တည်နည်း

မုန်လာဥကို အခွံနွှာပြီး အရှည်လိုက် လှီးလိုက်ပါတယ်နော်။
 မုန်လာဥ အရိုးအရွက်တွေပါ ပါရင် ပိုကောင်းတယ်။ ဒီမှာ ကတော့ အရွက်ပါတာ သိပ်မတွေ့ဘူး။
 ရှိတော့ ရှိတယ်။ ရှားတယ်။
 ပြီးနယ်မယ့် ဇလုံထဲသို့ ထမင်း လက်တဆုပ်ထည့်၊ ဆားထည့်(ပုံမှန်ထက် ၂ ဆထည့်) ပြီးအရင်နယ်ပါ။ ဆားနည်းလွန်းရင်လဲ စားလို့မကောင်းဘူးနော့်။ မချဉ်ဘူး ဖြစ်တတ်တယ်။

 ထမင်းနဲ့ ဆားနဲ့ ရောသွားအောင် နာနာနယ်ပေးပါ။ ပြီးရင် အရှည်လိုက်လှီးထားတဲ့ မုန်လာဥကို ထည့်ပြီးနယ်ပေးပါ။
 နယ်ပြီးရင်တော့ ဗူးသန့်သန့်လေးထဲမှာထည့်ပါ။
 အရည်နဲ့လိုချင်ရင်တော့ ရေအေးအေး (ရေခဲရေ ဆို ပိုကောင်းတယ်) ထည့်ပါ။

ရာသီဥတုပူရင်တော့ ၃ ရက်ဆိုရပါပြီ။ ရာသီဥတုအေးရင်တော့ ၄ ရက်၊ ၅ ရက်လောက်ထားပေးပါ။

အချဉ်ရရင်တော့ ပိုပြီးမချဉ်သွားစေရန် ရေခဲသေတ္တာထဲထည့်ထားပေးပါ။
 စားချင်တဲ့အခါထုတ်ပြီး သုပ်စားနိုင်ပါပြီနော်။
ဗူးသန့်သန့်ထဲ လေလုံအောင်ပိတ်ထားလိုက်ပါတယ်နော်။ ၃ ရက်ကြာသောအခါ


 မန္တလေး မုန်လာချဉ်သုပ်နည်းအတိုင်း သုပ်ထားပါတယ်နော်။
 မြေပဲဆံထောင်း၊ ပဲကျက်မှုန့်၊ ပုဇွန်ခြောက်ထောင်း၊ ငံပြာရည်၊ အချိုမှုန့်၊ ငရုတ်သီးအကျတ်မှုန့်၊ ငရုတ်သီးစိမ်း၊ နံနံပင်တို့ထည့်ပြီး နယ်ထားပါတယ်နော်။

http://mogaungthu.blogspot.com/2009/07/blog-post_22.html

မုန့်ညှင်းချဉ်သည်နည်း




နယ်ပြီး ဗူးနဲ့ ဒီလိုထည့်ထားတယ်။၂ ရက်ကြာသောအခါ


လိုအပ်သောအရာ

မုန့်ညှင်းစိမ်း
ထမင်း လက်တဆုပ်
ဆား



မုန့်ညှင်းချဉ်တည်ပုံ

မုန့်ညှင်းစိမ်းကို ရေဆေးပြီး အနေတော်အပိုင်းလှီးဖြတ်ပါ။ ပြီးရင် မုန့်ညှင်းကိုရေစစ်ထားပါ။
 နယ်မယ့် ဇလုံထဲသို့ ထမင်း လက်တဆုပ်ထည့်၊ ဆားထည့်(ပုံမှန်ထက် ၂ ဆထည့်) ပြီးအရင်နယ်ပါ။ ဆားနည်းလွန်းရင်လဲ စားလို့မကောင်းပါ။ ထမင်းနဲ့ဆားရောသွားအောင်နယ်ပေးပါ။
 ပြီးရင် မုန့်ညှင်းကိုထည့်ပြီးနယ်ပေးပါ။ တချို့ကတော့ဂျင်းစိမ်းလေးကိုပါးပါးလှီးပြီးထည့်တည်တတ်ကြပါတယ်။
 ကျွန်မကတော့ သုပ်စားတဲ့အခါမှသာ ထည့်တာကိုပိုကြိုက်လို့ပါ။
 အယ်.........နယ်ပြီးရင်တော့ ဗူးသန့်သန့်လေးထဲမှာထည့်ပါ။ ရာသီဥတုပူရင်တော့ ၂ ရက်ဆိုရပါပြီ။ ရာသီဥတုအေးရင်တော့ ၃ ရက်၊ ၄ ရက်လောက်ထားပေးပါ။
အချဉ်ရရင်တော့ ပိုပြီးမချဉ်သွားစေရန် ရေခဲသေတ္တာထဲထည့်ထားပေးပါ။
 စားချင်တဲ့အခါထုတ်စားနိုင်ပါပြီ။ သုပ်စား၊ အသားနဲ့ကြော်စားလို့ရပါတယ်။ ကဲ မုန့်ညှင်းချဉ်လုပ်နည်း မလွယ်ဘူးလားလေ။


ပဲတီချဉ်လုပ်နည်း၊ မုန်လာဥအချဉ်လုပ်နည်းကလဲ ဒီနည်းအတိုင်းပါပဲနော်................


(အထူးသတိ။ ။ တချို့သူတွေရဲ့လက်တွေက လက်ပူတယ်၊ လက်အေးတယ် ဆိုပြီးရှိတတ်ကြတယ်လို့အိမ်ကအမေတို့က ပြောတယ်။ လက်ပူတဲ့သူများဒီတိုင်းတည်ရင် အချဉ်တွေက ပုပ်သွားတတ်ပါတယ်။ လက်ပူတဲ့သူများဆိုရင်တော့ အချဉ်တည်ကြရင် လက်အိတ်လေးစွတ်ပြီးတည်ပေးပါ။ ကျွန်မရဲ့လက်ကလည်း လက်ပူလား၊ လက်အေးလားလို့ မသိလို့ ပထမဆုံးအကြိမ်တည်တုံးက လက်အိတ်စွတ်ပြီးတည်ပါတယ်။ နောက်တကြိမ်မှာတော့လက်အိတ်မစွတ်ဘဲ တည်ကြည့်ပါတယ်။
 အဟီး ကံကောင်းတယ်ပြောရမယ် နှစ်ခါစလုံး အချဉ်ဖြစ်ပါတယ်။ ကျွန်မလို အချဉ်ကြိုက်သူများ လုပ်စားနိုင်ပါစေ။)
http://mogaungthu.blogspot.com

21 Nov 2013

အ၀ါရောင်ပာင်းချက်အနှစ် ( Yellow Curry Paste)

 
ငရုတ်ခြောက်အပွတောင့်...............၆ တောင့်
စပါးလင်ပါးပါးလှီး........................၂ ဇွန်း
ကြက်သွန်နီအကြွပ်ကြော်...............၃ ဇွန်း
ကြက်သွန်ဖြူကြော်.......................၃ ဇွန်း
ချင်းနုပ်နုပ်စင်း.............................၂ ဇွန်း
ပဒဲကောပါးပါးလှီး.........................၁ ဇွန်း
နံနံစေ့လှော်.................................၂ ဇွန်း
ဇီယာစေ့လှော်..............................၁ ဇွန်း
ဖာလာစေ့လှော်.............................၁ ဇွန်း
အ၀ါရာင်ပာင်းချက်မဆလာ...............၁ ဇွန်း(လက်ဖက်ရည်ဇွန်း)
နနွင်းမှုန်......................................၁ ဇွန်း(...........။...........)
စိမ်းစားငပိ....................................၁ ဇွန်း(...........။..........)
ဆား............................................၁ ဇွန်း

ပါဝင်ပစ္စည်းများအားလုံးကို စက်နဲ.ကြိတ်( သို.) ငရုတ်ဆုံမှာညှက်နေအောင်
ထောင်းပါ..။

ရေခဲအခန်းမှာသိမ်းထားနိုင်သလို...ရေခဲသေတ္တာအဆင်မပြေသူများ..ဆီ
သတ်ပြီးပုလင်းထဲထည့်သိုလှောင်ထားနိုင်ပါတယ်....။

ပာင်းချက်နည်းများ fb

2 Oct 2013

ဆော့စ်လုပ်နည်းလေးများ(Sauces Making)

ဝါသနာရှင်များ၏ တောင်းဆိုရာ

ဆော့စ်လုပ်နည်းလေးများ(Sauces Making)
'၀ါသနာရှင်များ၏ တောင်းဆိုရာ' ကဏ္ဍမှာ ဒီလအတွက်
တောင်းဆိုထားတာကတော့ ဆော့စ်လုပ်နည်းလေးပဲဖြစ်ပါတယ်။
လွယ်ကူလှတဲ့ ဆော့စ်လုပ်နည်းများကိုတော့
မစည် (Syi Lwin Food Garden)ကပဲ ဖြေကြားပေးထားပါတယ်။

ဆော့စ်လုပ်နည်းလေးတွေဟာ အင်မတန်လွယ်ကူပါတယ်။
ခရမ်းချဉ်သီးကို အခြေခံပြီး ပြုလုပ်ထားတာကြောင့်
ပါဝင်ပစ္စည်းလေးတစ်ခု ထပ်တိုးထည့် လုပ်လိုက်တာနဲ့
ဆော့စ်နောက်တစ်မျိုး ဖြစ်သွားတဲ့အတွက်
ကိုယ်လိုချင်တဲ့ဆော့စ်ကို လိုသလိုပြောင်းလဲနိုင်ပါတယ်။
ဆော့စ်ကို သိမ်းမယ်ဆိုရင်တော့ ဖန်ပုလင်းများဟာ
အကောင်းဆုံးပါ။ ဆော့စ်မထည့်ခင် ဖန်ပုလင်းကို
ရေနွေးလေးဖြင့်စိမ်ပြီး ပိုးသေအောင်လုပ်မှသာလျှင်
ထည့်ထားသောဆော့စ် ကြာရှည်ခံမှာဖြစ်ပါတယ်။
ရေခဲသေတ္တာထဲမှာ သိမ်းထားလျှင် ကြာရှည်ခံပါတယ်။

၁။ ခရမ်းချဉ်သီးဆော့စ်(Tomatoe Sauce)
•ခရမ်းချဉ်သီးအနှစ်ဘူး - ၃ ခွက်ခွဲ
(ဟင်းချက်ရင်တိုင်းတဲ့ခွက်ပါ)
(ခရမ်းချဉ်သီးကိုသုံးမယ်ဆိုရင် နူးအိအောင်ပြုတ်ပါ)
•ပျားရည် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
(သကြားနဲ့ အစားထိုးလည်းရပါတယ်)
•ရှလကာရည် - စားပွဲဇွန်း ၁၀ ဇွန်း
•ကြက်သွန်နီ - စားပွဲဇွန်း ၂ ဇွန်း
(မွမွလေးတွေ စဉ်းထားပါ)
•ကြက်သွန်ဖြူ - ၂ မြွှာ
(မွမွလေးတွေ စဉ်းထားပါ)
•ဆား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
•ငရုတ်ကောင်းမှုန့်အမည်း-လက်ဖက်ရည်ဇွန်းတစ်ဝက်
•မုန်ညင်းစေ့မှုန် - လက်ဖက်ရည်ဇွန်း တစ်ဝက်
•ငရုတ်သီးအရောင်တင်မှုန့်-လက်ဖက်ရည်ဇွန်းတစ်ဝက်
•ဟင်းခတ်အမွှေးစုံရောမှုန့် - သင့်တော်သလောက်
(မထည့်လည်းရပါတယ်)
•လေးညှင်းမှုန့် - အနည်းငယ်
•နံနံစေ့မှုန့် - အနည်းငယ်

ခရမ်းချဉ်သီးဆော့စ်ပြုလုပ်ပုံ
အားလုံးကို အိုးအကြီး ထဲထည့်ပြီး မီးမျှင်မျှင်လေးနဲ့တည်ပါ။
မကြာခဏ မွှေပေးပါ၊ ပွက်လာပြီဆိုလျှင် အအေးခံပြီး
ကြိတ်စက်ထဲ ကြေညက်တဲ့အထိ ထည့်မွှေပါ။
ပြီးလျှင် သံဆန်ခါအစိတ်နဲ့စစ်ပါ။ ရလာသောအနှစ်ကို
ပိုးသတ်ထားသောပုလင်းထဲ လောင်းထည့်ပြီး
ရေခဲသေတ္တာထဲမှာထားပြီး စားသုံးပါက လနဲ့ချီအထားခံပါတယ်။
အာလူးကြော်ကတော့ ခရမ်းချဉ်သီးဆော့စ်ရဲ့တွဲဖက်ပါ။

၂။ မန်ကျည်းနှစ်ဆော့စ် (Tamarind Sauce)
ခရမ်းချဉ်သီးဆော့စ်ထဲမှာပါဝင်သော ပစ္စည်းများ
အားလုံးအတိုင်းထည့်ပါ။ မန်ကျည်းအနှစ်ကို
စားပွဲဇွန်း ၁၀ ဇွန်းထည့်ပြီး ရှလကာရည်ကို လျှော့ထည့်ပါ။
ပျားရည်အစား သကြားသုံးပါ။ လုပ်နည်းကတော့
ခရမ်းချဉ် သီးဆော့စ်နည်းအတိုင်းပါ။ စားခါနီးဆော့စ်ထဲ
ငရုတ်သီးစိမ်းလေးညှပ်ထည့်ပြီး ပူစီနံ (သို့) နံနံပင်ဖြူးပြီး
အကြော်နဲ့တွဲစားလျှင် သိပ်ကောင်းပါတယ်။
ဘူးသီးကြော်နှင့်စားလျှင် လိုက်ဖက်ပါတယ်။

၃။ ငရုတ်သီးအစပ် ချင်းဆော့စ် (Chilli Ginger Sauce)
ခရမ်းချဉ်သီးဆော့စ်ထဲမှာပါဝင်သော ပစ္စည်းများ အားလုံးအတိုင်းထည့်ပါ။
ချင်းကို လက်နှစ်ဆစ်တစ်ပိုင်းထည့်ပြီး ငရုတ်သီးစိမ်းကို
အတောင့် ၃၀ လောက်ထည့်ပါ။ လုပ်နည်းကတော့
ခရမ်းချဉ်သီးဆော့စ်နည်း အတိုင်းပါ။ ငရုတ်သီးနဲ့ ချင်းကို
ကိုယ့်စိတ်တိုင်းကျ ချိန်ဆထည့်နိုင်ပါတယ်။
စားခါနီး ဆော့စ်ထဲ နံနံပင်လေးနဲ့ ဖြူးစားလျှင်
ဝက်သားတုတ်ထိုး၊ အသားပြုတ်များဖြင့် တွဲဖက်စားလျှင်
သိပ်လိုက်ဖက်ပါတယ်။

၎။ ငရုတ်သီးအစပ် ကြက်သွန်ဖြူဆော့စ် (Chilli Garlic Sauce)
ခရမ်းချဉ်သီးဆော့စ်ထဲမှာပါဝင်သော ပစ္စည်းများအားလုံး
အတိုင်းထည့်ပါ။ ကြက်သွန်ဖြူ ၁၀ မြွှာ အခွံခွာထည့်ပြီး
ငရုတ်သီးစိမ်းကို အတောင့် ၃၀ လောက်ထည့်ပါ။
လုပ်နည်းကတော့ ခရမ်းချဉ်သီးဆော့စ်နည်းအတိုင်းပါ။
ငရုတ်သီးနဲ့ ကြက်သွန်ဖြူကို ကိုယ့်စိတ်တိုင်းကျ
ချိန်ဆထည့်နိုင်ပါတယ်။ စားခါနီး နံနံပင်၊ ပူစီနံလေးများ
ဆော့စ်ထဲဖြူးစားလျှင် ၀က်သားတုတ်ထိုး၊ အသားပြုတ်၊
အသုပ်များနှင့် တွဲဖက်စားလျှင် သိပ်လိုက်ဖက်ပါတယ်။

၅။ စပါးလင် ဆော့စ် ( Lemon Grass Sauce)
ခရမ်းချဉ်သီးဆော့စ်ထဲမှာပါဝင်သော ပစ္စည်းများအားလုံး
အတိုင်းထည့်ပါ။ စပါးလင် ၅ /၈ ပင် အနည်းငယ်ထုပြီး ထုံးထည့်ပါ။
လုပ်နည်းကတော့ ခရမ်းချဉ်သီးဆော့စ်နည်းအတိုင်းပါ။
ငရုတ်သီးနဲ့ ကြက်သွန်ဖြူကို ကိုယ့်စိတ်တိုင်းကျ
ချိန်ဆထည့်နိုင်ပါတယ်။ အစပ်စားချင်ရင် စားခါနီး
ငရုတ်သီးစိမ်းလေးများ ဆော့စ်ထဲညှပ်ထည့်ပြီး
ကော်ပြန့်စိမ်းလိပ်လိုမျိုးနဲ့ တွဲဖက်စားလျှင် သိပ်လိုက်ဖက်ပါတယ်။

၆။ အိန္ဒိယစတိုင်လ်ဆော့စ် ( Spicy Indian Style Sauce)

ခရမ်းချဉ်သီးဆော့စ်ထဲမှာပါဝင်သော ပစ္စည်းများအားလုံး
အတိုင်းထည့်ပါ။ ကုလားမဆလာ စားပွဲဇွန်း ၃ ဇွန်းနှင့်
ငရုတ်သီးစိမ်းကို အတောင့် ၂၅ တောင့်လောက်ထည့်ပါ။
လုပ်နည်းကတော့ ခရမ်းချဉ်သီးဆော့စ်နည်း အတိုင်းပါ။
ငရုတ်သီးနဲ့ မဆလာကို ကိုယ့်စိတ်တိုင်းကျ ချိန်ဆထည့်နိုင်ပါတယ်။
စားခါနီး နံနံပင်လေးများကိုဆော့စ်ထဲဖြူးစားလျှင် ဗယာကြော်၊
စမူဆာ၊ ပဲစင်းငုံသုပ်တို့ဖြင့် တွဲဖက်စားလျှင် သိပ်လိုက်ဖက်ပါတယ်။

၇။ တရုတ်စတိုင်လ်ဆော့စ် (Chinese Style Sauce)
ခရမ်းချဉ်သီးဆော့စ်ထဲမှာပါဝင်သော ပစ္စည်းများအားလုံး
အတိုင်းထည့်ပါ။ ကြက်သွန်မြိတ် ၅ ပင် ထုံးပါ၊ ငရုတ်သီးစိမ်း
၁၀ တောင့်၊ ပဲငံပြာရည်အကြည် ခွက် တစ်ဝက်၊ ပျားရည်အစား
သကြားထည့်ပါ။ Dry Sherry ၁၅ ဇွန်းလောက်ထည့်ပါ။
လုပ်နည်းကတော့ ခရမ်းချဉ်သီးဆော့စ်နည်းအတိုင်းပါ။
ပါဝင်ပစ္စည်းများကို ကိုယ့်စိတ်တိုင်းကျ ချိန်ဆထည့်နိုင်ပါတယ်။
ဆော့စ်ထဲသို့ စားခါနီး နှမ်း၊ ကြက်သွန်မြိတ်အမျှင်လေးများလှီး
ဆော့စ်ထဲဖြူးပြီး ၀က်သားတုတ်ထိုး၊ အသားပြုတ်၊ ဖက်ထုပ်၊
ဒင်ဆမ်းတို့နဲ့ တွဲဖက်စားလျှင် သိပ်လိုက်ဖက်ပါတယ်။

 Syi Lwin Food Garden

26 Sept 2013

အမြစ်မပါတဲ့ ပဲတီပင်ပေါက် လုပ်နည်း---


လွယ်လွယ်နဲ့ ပဲတီပင်ပေါက်များများထွက်အောင် စိုက်နိုင်တဲ့နည်းဖြစ်ပါတယ်။ တစ်ပုံးမှာ ၄ ထပ် စိုက်နိုင်တဲ့နည်းဖြစ်ပါတယ်။ ပဲတီပဲ တစ်ပိသာကို ပဲတီပင်ပေါက် ၄ ပိသာရပါတယ်၊ ပဲတီပဲ တစ်ဆကို ပဲတီပင်ပေါက် ၄ ဆရပါတယ်။ ဓါတုဆေးဝါးမသုံးတဲ့အတွက် ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ ပဲတီပင်ပေါက်ဖြစ်ပါတယ်။ တစ်အိမ်ထောင်စားသုံးဖို့ လုပ်နိုင်သလို စီးပွားဖြစ်လည်းလုပ်နိုင်ပါတယ်။

လိုအပ်တဲ့ပစ္စည်းများ
1. ပဲတီပဲ
2. ပလပ်စတစ်ပုံး (သို့ ) ၀ါးခြင်းတောင်း
3. ဆန်ခါ (ပဲတီပဲ မကျနိုင်တဲ့အပေါက်ငယ် ကော်ဆန်ကာကို ဆောက်လုပ်ရေးပစ္စည်း အရောင်းဆိုင်မှာ ၀ယ်ယူနိုင်ပါတယ်။ တောမှာတော့ ၀ါးနဲ့  ရက်ယူနိုင်ပါတယ်။ )
4. ဂုံနီအိတ်။ (ရေထိမ်းထားဖို့ ဖြစ်ပါတယ်)
5. ရှော့တ်ပင် (သို့ ) မြေဖြူ (သို့ ) မီးသွေးခဲ။
6. ကပ်ကြေး
7. ဓါး

ပြုလုပ်ပုံအဆင့်ဆင့်
ပုံမှာပြထားတဲ့အတိုင်း လုပ်ဆောင်ရမှာဖြစ်ပါတယ်----

ပုံ1) ကော်ပုံး ဒါမှဟုတ် ခြင်းတောင်း တခုခုကိုသုံးနိုင်ပါတယ်။ အများနဲ့ လုပ်မယ်ဆိုရင် ဘိလပ်မြေ ပိုက်လုံးကြီးတွေကို သုံးနိုင်ပါတယ်။ ခြင်းတောင်းအကွက်ကျဲရင်တော့ အင်ဖက်နဲ့ ကာရံထားပြီး အလင်းရောင်မ၀င်အောင်လုပ်ဖို့ လိုပါလိမ့်မယ်။

ပုံ2) ပုံးအောက်ပိုင်းကို အပေါက်ဖေါက်ပါ။ရေကျလွယ်အောင်ဖြစ်ပါတယ်။ ကော်ပုံးဆိုရင် သံချောင်းမီးအပူပေးပြီးဖေါက်လို့  ရပါတယ်။ ခြင်းတောင်ဆိုရင်တော့ အပေါက်ဖေါက်စရာမလိုပါ။

ပုံ3) ဂုံနီအိတ်အစကို ကိုယ်အသုံးပြုမယ့် ပုံးအရွယ်ဖြတ်ပါ။

ပုံ4) ဂုံနီအိတ်ကို ကိုယ်အသုံးပြုမယ့် ပုံးအရွယ်ထက် အနည်းငယ်ကြီးအောင် ပုံမှာပြထားတဲ့ အတိုင်းဖြတ်ပါ။ ပဲတီပင်ပေါက် တစ်ပုံးစာအတွက် ဂုံနီအိတ်ဖြတ်စ ၆ စလိုပါတယ်။

ပုံ5) ကော်ဆန်ခါ ဖြစ်ပါတယ်။ ဆောက်လုပ်ရေးပစ္စည်းရောင်းတဲ့ဆိုင်မှာ ကိုက်နဲ့  ရောင်းပါတယ်။
ပဲတီပဲ မပေါက်ကျနိုင်တဲ့အရွယ် ဆန်ခါဖြစ်ရမယ်။ တောမှာတော့ နှီးဝါးနဲ့ ရက်လုပ်ယူလို့ ရပါတယ်။

ပုံ6) ဆန်ခါကို မိမိပြုလုပ်မယ့် ပုံးနဲ့ အရွယ်တူတိုင်းပါ။ ခြစ်ရာပေးရာမှာ အလွယ်တကူရှာလို့ ရတာနဲ့ ခြစ်ရာပေးလို့ ရပါတယ်။ ရှော့တ်ပင်၊ မြေဖြူ၊ မီးသွေးခဲ စတာတွေနဲ့ ခြစ်နိုင်ပါတယ်။

ပုံ၇) တိုင်းထားတဲ့ခြစ်ရာ အတိုင်းဖြတ်တောက်ပါ။

ပုံ၈) ပုံးနဲ့ အရွယ်တူဖြတ်ထားတဲ့ ဆန်ခါပုံဖြစ်ပါတယ်။

ပုံ9) ပုံးအောက်ပိုင်းမှာ ခဲ ဒါမှမဟုတ် အမာခံ တခုခုနဲ့ ပုံမှာ ပြထားတဲ့အတိုင်း အောက်စီထားပါ။ ပဲတီပင်အမြစ် တိုးကျနိုင်ဖို့ အတွက်ဖြစ်ပါတယ်။ အောက်ဆုံးတစ်ထပ်ပဲလိုပါတယ်။ ကျန်တဲ့အထပ်တွေအတွက် မလိုပါ။

ပုံ၁၀) ဖြတ်ထားတဲ့ ဆန်ခါ ၂ ချပ်ကို အောက်အမာခံ ပေါ်မှာ တင်ပါ။
ပုံ၁၁) အဲ့ဒီဆန်ခါ ၂ ချပ်ပေါ်မှာ ဂုံနီအိတ်ဖြတ်စ တစ်စကို တင်ပါ။ (ဂုံနီအိတ်စက ရေထိမ်းပေးဖို့ ဖြစ်ပါတယ်)

ပုံ၁၂) ဂုံနီအိတ်အစပေါ်မှာ ဆန်ကာ တစ်ချပ်ကိုတင်ပါ။ ပြီးရင် ရေစိမ်ထားတဲ့ပဲတီပဲ (ရေနွေးပူပူတစ်ခွက် ကို ရေအေး ၃ ခွက်နဲ့ ရောပြီး ပဲတီပဲကို ၈ နာရီခန့် စိမ်ပါ။) ကို ဖြန့် ထည့်ပါ။ ၂-၃ စေ့ ထပ်နေအောင် ဖြန့် ထည့်နိုင်ပါတယ်။ ပြီးရင် အဲ့ဒီပဲပေါ်မှာ ဂုံနီအိတ်စတစ်ချုပ်ထပ်တင်ပါ။ ပြီးရင် ဆန်ခါ တစ်ချပ်တင်ပြီး ရေစိမ်ပြီးသားပဲတီပဲ ကို ဖြန့် ထည့်ပါ။ အဲ့ဒီလို အဆင့်ဆင့် ၄ ထပ်အထိ လုပ်ပြီးရင် အပေါ်ဆုံးအထပ် ပဲပေါ်အထပ်ပေါ်မှာ ဂုံနီအိတ်စ ၂ ချပ်နဲ့ အုပ်ထားပါ။ ပြီးရင် အပေါ်ကနေ ရေဆွဲအောင် လောင်းပါ။ ပုံးအောက်ကနေ ရေစိတ်ကျတဲ့အထိရေလောင်းပါ။ ပြီးရင် အလင်းရောင်မ၀င်အောင် အပေါ်ကနေ တခုခုနဲ့ လုံအောင်အုပ်ထားပါ။

ပုံ13) 3 နာရီခြား တခါ ရေလောင်းပေးပါ။ နံနက်ကနေ ညနက်တဲ့အထိ လောင်းပေးပါ။ ၃ နေ့  ၂ ည (နာရီပေါင်း ၆၀ခန့် )မှာ စားသုံးနိုင်တဲ့ ပဲတီပင်ပေါက် ရပါလိမ့်မယ်။ ပဲတီပင်ပေါက်ကို ပုံးထဲကနေ တစ်ထပ်ခြင်းထုတ်ယူပါ။ ပုံထဲက အတိုင်း တစ်ထပ်ခြင်းမြင်ရမှာဖြစ်တယ်။)

ပုံ14) အနောက်ခြမ်းဖြစ်ပါတယ်။ ပဲတီပင်ပေါက် အမြစ်တွေ ဆန်ခါနဲ့ ဂုံနီအိတ်ကို ဖေါက်ထွက်နေပုံဖြစ်ပါတယ်။

ပုံ15) ပဲတီပင်ပေါက် မှာ ပဲတီအခွံတွေ မကပ်နေအောင် ရေထဲမှာ ခါချနိုင်ပါတယ်။ ပုံထဲမှာ မြင်တဲ့အတိုင်း ပဲတီပင်ပေါက်ဘက်ခြမ်းကို မှောက်ပြီး ရေထဲမှာ ခါချရင် ပဲတီအခွံတွေ ရေထဲမှာ ကျကျန်ခဲ့မှာဖြစ်ပါတယ်။

ပုံ16) ပဲတီအခွံတွေ ကျွတ်ကျကျန်ခဲ့တဲ့ပုံဖြစ်ပါတယ်။

ပုံ17) ပုံထဲက အတိုင်း ပဲတီပင်ပေါက်ကို ဓါးနဲ့ ဖြတ်ယူမယ်ဆိုရင် အမြစ်မပါတဲ့ ပဲတီပင်ပေါက်ကို အဆင်သင့်စားသုံးနိုင်မှာဖြစ်ပါတယ်။


Twitter Delicious Facebook Digg Stumbleupon Favorites More