Pages - Menu

ဆန်လုံးညို(Brown Rice)

ဆန်ဖြူကို ကြိတ်ခွဲလိုက်တာကြောင့် ဗီတာမင် B3 ၆၇ ရာခိုင်နှုန်း၊ ဗီတာမင် B1 ၈၀ ရာခိုင်နှုန်း၊ ဗီတာမင် B6 ၉၀ ရာခိုင်နှုန်း၊ မဂ္ဂနီဆီယမ်တစ်ဝက်၊ ဖော့စ်ဖရပ်စ် တစ်ဝက်၊ သံဓာတ် ၆၀ ရာခိုင်နှုန်းနဲ့ အမျှင်ဓာတ်အားလုံး ဆုံးရှုံးသွားခဲ့ ပါတယ်။

သံလွင်ဆီ(Olive Oil)

သံလွင်ဆီမှာ ဗီတာမင် အေ၊ ဗီတာမင် ဘီဝမ်း၊ ဘီတူး၊ ဗီတာမင်စီ၊ ဒီ၊ အီးနဲ့ ကေစတဲ့ ဗီတာမင်ဓာတ်တွေ ပါဝင်ပြီး သံဓာတ်နဲ့ အိုမီဂါ ၉ လည်း ပါဝင်ပါတယ်။

ပြောင်းဖူး(Corn)

ပြောင်းဖူးမှာ ဗီတာမင်B1 ဗီတာမင်B5 ဗီတာမင်C ဗီတာမင်B9လို့ခေါ်ဖောလိတ် .....ပြောင်းဖူး၏ ကျန်းမာရေး အာနိသင် မှာဆက်ဖတ်ပါ....

ထောပတ်သီး(Avacado)

အာဟာရများကိုဖြည့်တင်းပေးနိုင်ရုံ သာမက သဘာဝမှရသောသကြား ဓာတ်ကိုထောက်ပံ့ပေးခြင်း၊ကိုယ် အလေးချိန်ကျဆင်းစေခြင်း၊အကျိုး ပြုကိုလက်စတီရောကိုတက်စေပြီး ဆိုးကျိုးပေးသောကိုလက်စတီရော ကိုကျဆင်းစေခြင်း စသည့်အချက်များ ကိုရရှိစေနိုင်သည်ဟု သိရသည်။ယခု လေ့လာမှုတွင် ဖော်ပြထားချက်အရ လေဖြတ်ခြင်းကိုပါ ထောပတ်သီးက ကာကွယ်ပေးနိုင်

လိမ္မော်သီး(Orange)

လိမ္မော်သီး၌ ဖိုင်ဘာမျှင်၊ သံဓာတ်၊ မီးစုန်းဓာတ်၊ ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်၊ ကြေးနီဓာတ်၊ သွပ်ဓာတ်၊ ဆလမ်နီယမ်၊ ကယ်လိုရီ၊ ကယ်လဆီယမ်ဒာတ်၊ဗီတာမင်စီ တို့ပါရှိသည်

မာလကာသီး(Guava)

မာလကာသီး တစ်လုံးတွင် ဗီတာမင်စီမှာ လိမ္မော်သီး တစ်လုံး၌ ပါရှိသည့် ဗီတာမင်စီ ပမာဏထက် ငါးဆခန့် ပိုများသည်။ မာလကာသီး၌ ဗီတာမင်စီ အပြင် အေနှင့် ဘီ၊ ကယ်လ်ဆီယမ်၊ ဖော့စပရပ်စ်၊ ပိုတက်ဆီယမ်၊ သံဓာတ်၊ ဖောလစ်အက်စစ်နှင့် အမျှင်ဓာတ်တို့ ပါဝင်သည်။ အများဆုံး ပါဝင်သော ဓာတ်များမှာ ဗီတာမင်စီ ၃၀၂ မီလီဂရမ်နှင့် ဗီတာမင် အေ ၂၅၀ မီလီဂရမ်တို့ ဖြစ်ကြသည်။ မာလကာသီးကို သီတင်း တစ်ပတ်လျှင် နှစ်လုံးခန့် စားသုံး သွားပါက သွေးတိုး ကျဆင်းစေပြီး နှလုံး ကျန်းမာရေးကို အထောက်အကူ ပြုကြောင်း အမေရိကန် သုတေသန ပညာရှင်များက ပြောကြားသည်။

***

***

***

***

***

***

***

***

***

***

Showing posts with label သောက်သုံးရေ. Show all posts
Showing posts with label သောက်သုံးရေ. Show all posts

27 Aug 2014

ရေနွေးဖြူမှရရှိနိုင်မည့် အကျိုးကျေးဇူးများ

ရေအသက်တစ်မနက် ဆိုသည့်အတိုင်း လူသားတို့ အတွက် သောက်ရေဟာမရှိမဖြစ်အရာပေမို့ ၊ အရွယ်ရောက်ပြီးသူတစ် ယောက်ဟာ သောက်ရေသန့် ကို နေ့ စဉ် ၇-ခွက်မှ ၈-ခွက်အထိ သော က်ေ ပး သင့်ကြောင်း ကျန်းမာရေးသုတေသီများက မိန့် ဆို ထားကြပါတယ်။ ဆက်လက်ြ ပီးေ ရနွေးဖြူ(သို့ မဟုတ်)ရေကျက်အေးလေးတွေက လူသားတို့ ဘက်စုံကျန်းမာရေးအပြင် အသား အရေ နှင့် ဆံပင်တို့ အတွက် ကောင်းကျိုးပြုပုံကို ကျန်းမာရေးသုတေသီများက အောက်ပါအတိုင်း အကြံပေးထားကြပါတယ်။

၁။ ရေနွေးဖြု နှင့် ဘက်စုံကျန်းမာရေး

(အဆိပ်အတောက် ပြေစေပါတယ်) ရေနွေးသောက်လိုက်တဲ့အခါမှာ ခန္ဓာကိုယ်အပူချိန်ဟာ မြင့် တက် လြာ ပီး ကိုယ်တွင်းမှ အဆိပ် အတောက်တွေက ချွေးစေးအဖြစ် ထွက်ရှိလာပါတယ်။ ဒြါေ ကာင့် နံက်စောစော ၁-ကြိမ်၊ ညအိပ်ယာဝင်ခါနီး ၁-ကြိမ် ရေနွေးဖြူ သောက်ခြင်းဖြင့် တစ်နေ့ ၂-ြ ကိမ် အဆိပ်အတောက်တွေထုတ်ပေးသင့်ပါတယ်။ ရေနွေးဆူဆူထဲကို သံပုရာရည်ညှစ်၍ ပျား ရည် အနည်းငယ်ထဲ့သောက်ပေးခြင်းက ပိုမိုထိရောက်မှုဖြစ်စေပါတယ်။

(အူများကို ကောင်းစွာအလုပ်လုပ်စေပါတယ်) ၀မ်းချုပ်သူများအတွက် သတင်းကောင်းလေးပါ။ မကြာခဏ၀မ်းချုပ်တတ်သူများ အဖို့  အစာမစားခင် ရေနွေးပူပူတစ်ခွက် သောက်ပေးခြင်းဖြင့် အစာအိမ် နှင့် အူသိမ်၊ အူမများကို ထိုရေနွေးပူက လှုံ့ ဆော်ပေး တာကြောင့် အူလမ်းကြောင်း ပိတ် ဆို့ မှု မရှိစေတော့ဘဲ သက်သက်သာသာဖြင့် ၀မ်းသွားစေနိုင်ပါတယ်။

(အစာကျေညက် လွယ်ပါတယ်) ထမင်းစားနေစဉ် နှင့် စားပြီးနောက်မှာ သောက်ရေအေးသော က်ခြင်းက အဆာမကျေနိုင်ပါဘူး။ ဒါ့ပြင် ထိုထမင်းထဲရှိ ကစီဓာတ်နှင့် ဟင်းလျာများမှပါလာတဲ့ ဟင်းအဆီအနှစ်များဟာ သောက်ရေအေးဖြင့်ဓာတ်ပြုကာ အူ အတွင်းနံရံတွေပေါ်မှာ အဆီအနှစ် တင်ကျန်ရစ်ပြီး၊ အချိန်ကြာလာတာနဲ့ အမျှ အူကင်ဆာလာနိုင်ပါတယ်။ သို့ သော် ရေနွေးပူပူ ကို အစားထိုးသောက်ပေးခြင်းက အစာကျေညက်လွယ်တဲ့အပြင် အူကင်ဆာဖြစ်လာမှာလည်း မစိုးရိမ်ရတော့ပါဘူး။

(ကိုယ်အလေးချိန်ကျစေပါတယ်) ရေနွေးသောက်ခြင်းက ကိုယ်အလေးချိန်ကျခြင်းနှင့်ဆက်စပ်မှု ရှိတ ယ်ဆို ရင် သင်အံ့သြသွားလေ မလား။ ရေနွေးပူပူသောက်ပြီးနောက် ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မ လည်ပတ်မှုဖြစ်စဉ် တိုးတက်လာပြီး၊ အရေပြားအောက်မှာရှိတဲ့ အဆီပို တစ်ရှုးတွေ ကို ဖြိုခွဲပ စ် နိုင်ပါတယ်။

(အအေးမိဝေဒနာအမျိုးမျိုးကို ပျောက်ကင်းစေပါတယ်) ရေနွေးပူပူသောက်လိုက်တဲ့အခါ၊ ချွဲသလိပ် များကို ငြိမ်ကျသွားစေ တာ ကြောင့် အသက်ရှုလမ်းကြောင်း ပွင့်သွားပါတယ်။ ဒါကြောင့် အအေး မိ၍ နှာစေး၊ ချောင်းဆိုး၊ လည်ချောင်းယား၊ လည်ချောင်း နာခြင်းများအတွက် ရေနွေးပူပူက အေ ကာင်းဆုံးဆေးတစ်ခွက်ပါဘဲ။

(သွေးကောင်းစွာ လည်ပတ်စီးဆင်းကာ အာရုံခံအင်္ဂါများပွင့်သွားစေပါတယ်) ရေနွေးပူပူက ခန္ဓာ ကိုယ် ကို ဘေးဥပါသ်ဖြစ်စေတဲ့ သွေးကြောထဲရှိ ကိုလက်ထစရောများကိုပါချပေးနိုင် တာကြော င့် သွေးကြောများပွင့်ကာ အာရုံကြောစံနစ်များလည်းတိုးတက် ကောင်းမွန်လာပါတယ်။

(ခြေထောက်သွေးကျ၍ နာကျင်ကိုက်ခဲပါက ရေနွေးစိမ်ပေးနိုင်သလို၊ အမျိုးသမီးများ ဓမ္မာလာစဉ် ဗိုက် အောင့်ခြင်းအတွက် ရေနွေးပူသောက်၍သော်လည်းကောင်း၊ ရေနွေးအိတ်(သို့ မဟုတ်)ရေနွေးပုလင်းဖြင့် ဗိုက်ကိုကပ်ပေး၍ သော်လည်းကောင်း သက်သာပျောက်ကင်းနိုင်ပါတယ်)

၂။ ရေနွေးဖြူ နှင့် အသားအရေကျန်းမာရေး

(လှချင်ရင် ရေနွေးဖြူ ၁-ခွက်နေ့ စဉ်သောက်ပါ) အထက်မှာဖော်ပြသွားခဲ့တဲ့အတိုင်း ရေနွေးပူ ပူသောက်လိုက်တဲ့အခါ၊ ချွေးစေးနှင့် အတူ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်များပါသွား တာကြောင့် အသားအရေကို ကြည်လင်စေပါတယ်။

(အသားအရေအတွက် ရေနွေးစိမ်ချိုးပါ) မိမိခံသာရုံ ရေနွေးဖြင့်စိမ်၍ ရေချိုးပေးခြင်း က သွေး လည် ပတ်မှုအားကောင်းစေကာ ချွေးပေါက်များပွင့်လာပြီး အသားအရေစင်ကြယ်စေပါတယ်။ အ သားအရေမှိုစွဲသူများအတွက်လည်း ရေနွေးချိုးပေးခြင်းဖြင့် ချမ်း သာမှု ရစေနိုင်ပါလိမ့မယ်။ မျ က်နှာေ ပ်ါမှာ မကြာခဏ၀က်ခြံထွက်သူများအဖို့  မိမိခံသာရုံ ရေနွေးနွေးဖြင့် မျက်နှာသစ်ပေးပါ (သို့ မ ဟုတ်) မိမိခံသာရုံလောက် ရေနွေးငွေ့ ဖြင့် မျက်နှာပေါင်းတင်ပါ။

၃။ ရေနွေးဖြူ နှင့် ဆံပင်ကျန်းမာရေး

(ဆံသားကို အားဖြည့်ပေးနိုင်ပါတယ်) ရေနွေးပူပူ သောက်လိုက်တဲ့အခါ၊ ခေါင်းချွေးထွက်သွား ကာ သွေးလည်ပတ်မှုအားကောင်း လာပါတယ်။

 ထိုဖြစ်စဉ်က ဦးရေပြားပေါက်လေးတွေပွင့်သွားပြီး အောက်စီဂျင်ကိုပိုမိုစုပ်ယူနိုင်တာကြောင့် ဆံပင်အမြစ်ကို ခိုင်မာ လာ စေပါတယ်။


ေ     ဆောင်းပါးရှင်…ပေါက်ပေါက်..မျှဝေသည်

12 Apr 2014

နံနက်အိပ်ယာထ၊ ရေသောက်ခြင်း၏ ကျန်းမာရေး

နံနက်အိပ်ယာထ ချက်ချင်း ရေများများ သောက်ရင် ကျန်းမာရေးကောင်းတယ်
ဂျပန်နိုင်ငံမှာ အခု ခေတ်စားနေတဲ့ အလေ့အထ ဖြစ်ပါတယ်။ ပညာရှင်တွေ လက်တွေ့စမ်းသပ်ပြီး အတည်ပြုထားတဲ့ နည်းပါ။ ဒီလို နံနက်စောစော အိပ်ယာထထချင်း ရေသောက်ပေးခြင်းအားဖြင့်
(၁) ခေါင်းကိုက်ခြင်း
(၂)ခန္ဓာကိုယ် ယားယံခြင်း
(၃) နှလုံးကောင်း
(၄) နှလုံးခုန်မြန်ခြင်း
(၅) အ၀လွန်ခြင်း
(၆) ပန်းနာ
(၇) တီဘီ
(၈) အသည်းရောဂါ
(၉) ဆီးရောဂါ
(၁၀) ကင်ဆာ
(၁၁) နား၊ နှာခေါင်း၊ လည်ချောင်း
(၁၂) မျက်စေ့ရောဂါအားလုံး
အစရှိတဲ့ ရောဂါတွေကို ကုသနိုင်ပါတယ် ။

 ဒါကို ဂျပန်ဆေးပညာရှင်တွေက အာမခံခဲ့တာ ဖြစ်ပါတယ်။
 

လုပ်ဆောင်ရမယ့် နည်းလမ်း
(၁) နံနက်အိပ်ယာထ သွားမတိုက်ခင် (၁၆၀)မီလီ ရေ(၄)ခွက် သောက်ပါ။


(၂) ခံတွင်းနဲ့ သွားကို သန့်ရှင်းပါ။ (၄၅ မိနှစ်အတွင်း အစာ၊ ရေ မစား မသောက်ရ)


(၃) ၄၅ မိနစ် ကြာပြီးနောက် ပုံမှန်အတိုင်း စားနိုင် သောက်နိုင်သည်။


(၄) နံနက်စာ၊ နေ့လည်စာ၊ ညစာ စားသုံးပြီး ၂ နာရီအတွင်း ဘာမှမစားနဲ့၊ ဘာမှ မသောက်နဲ့။


(၅) ရေ ၄ ခွက် မသောက်နိုင်သေးတဲ့ သက်ကြီးရွယ်အိုတွေအတွက် သောက်နိုင်သလောက် စပြီး သောက်သွား၊ နောက်မှ ဖြည်းဖြည်းချင်း တိုးသောက်ပါ။


(၆) ဒီအတိုင်း နေ့စဉ်လုပ်ဆောင်သွားရင် ကင်ဆာကို ကာကွယ်နိုင်ပြီး အသက်ရှည်ကျန်းမာစေမှ ဖြစ်ပါတယ်။


၁၀ ရက်အတွင်း အစာအိမ်ရောဂါ ရှိရင် ပျောက်မယ်။

ရက်(၃၀) (တစ်လမှာ) သွေးအားမြင့်တာ လျော့သွားပါလိမ့်မယ်။


ရက် (၉၀)မှာ တီဘီရောဂါကို ထိန်းနိုင်ခဲ့တယ်။

၁၈၀ ရက်ကြာရင် ကင်ဆာကို ထိန်းနိုင်လိမ့်မယ်။

ယုံကြည်စွာ လုပ်ကြည့်ပါ။ အကျိုးထူးပါလိမ့်မယ်။

4 Feb 2014

အစာ မရှိသော အစာအိမ် အတွက် ရေသောက်ပေးပါ

မနက်အိပ်ရာ နိုးထပြီး ချိန်တွင် ချက်ချင်း ရေသောက်ခြင်းသည် ဂျပန်နိုင်ငံရှိ ပြည်သူ များစွာ အတွက် နေ့စဉ် ပြုမူ လုပ်ဆောင် နေတဲ့ အရေးပါသော ကျန်းမာရေး လုပ်ဆောင်မှုလေး ဖြစ်တယ်လို့ သိရ ပါတယ်။

ထို့အပြင် သိပ္ပံပညာရှင်များ သုတေသန ပြုချက်အရ ၎င်းဟာ အလွန် အရေးပါပြီး ကောင်းကျိုး များစွာ ဖြစ်စေတယ် ဆိုတာကိုလည်း တွေ့ရှိ ခဲ့ပါတယ်။ နံနက်ခင်း ရေသောက် ပေးခြင်း အားဖြင့် သင့်ရဲ့ တစ်ညတာ ပင်ပန်း တစ်ကြီး လှုပ်ရှား ခဲ့ရတဲ့ အစာအိမ် အတွက် များစွာ အကျိုးရှိစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် တစ်နေ့တာ အတွက် အဆင် မပြေမှုများ၊ စိတ်သောကများ အတွက်ပါ ရေရဲ့ အစွမ်းကြောင့် လန်းဆန်း သွားစေ နိုင်ပါတယ်။

ဒါကို ဂျပန် ဆေးပညာရှင် တွေက ၉၆ ပါး ရောဂါနှင့် များစွာသော အောက်ဖော်ပြပါ ရောဂါများ အတွက် အလွန်ပင် အစွမ်းထက်တဲ့ နည်းလမ်း တစ်ခု ဖြစ်ကြောင်း တွေ့ရှိ ခဲ့တာပါ။

ခေါင်းကိုက်ခြင်း၊ ခန္ဓာကိုယ် ပင်ပန်း နွမ်းနယ်ခြင်း၊ အဆစ်မြစ် ရောင်ရောဂါ ဖြစ်ခြင်း၊ နှလုံးတုန်ခြင်း၊ ဝက်ရူးပြန် ရောဂါ ဖြစ်ခြင်း၊ အသဲ အဆီဖုံးခြင်း၊ လည်ချောင်းနာ ဖြစ်ခြင်း၊ ပန်းနာရင်ကျပ် ဖြစ်ခြင်း၊ တီဘီ၊ ဦးနှောက် အမြှေးရောင်ရောဂါ၊ ကျောက်ကပ်ရောဂါ၊ ဝမ်းလျှော ဝမ်းပျက်ခြင်း၊ လိပ်ခေါင်းရောဂါ၊ ဝမ်းချုပ်ခြင်း၊ မျက်စိနာခြင်း၊ ကင်ဆာနှင့် ရောဂါ များစွာ အတွက် ရေကို နည်းလမ်း တကျ နံနက်တိုင်း သောက်သုံးခြင်း အားဖြင့် ရောဂါ များစွာကို ကြိုတင် ကာကွယ်ပြီး ဖြစ်မှာပါ။

လုပ်ဆောင်ရမယ့် နည်းလမ်းကတော့ -

၁။ မနက် အိပ်ရာထပြီး သွားမတိုက်ခင် ၁၆၀ မီလီမီတာရှိ ဖန်ခွက်ဖြင့် ရေ ၄ ခွက် သောက်ပါ။

၂။ ထို့နောက် သွားတိုက်၊ မျက်နှာ သစ်ပြီးပါက ၄၅ မိနစ်အတွင်း မည်သည့် အရာမှ စားခြင်း၊ သောက်ခြင်း မပြုပါနှင့်။ ၄၅ မိနစ် ပြည့်ပြီးမှ ပုံမှန်အတိုင်း စားသုံးပါ။

၃။ နံနက်စာ စားပြီး ၁၅ မိနစ်အတွင်း၊ နေ့လည်စာနှင့် ညစာစားပြီး ၂ နာရီအတွင်း အခြား အရာများ စားသောက်ခြင်း ရှောင်ပါ။

၃။ ညစာစားပြီး ၁ နာရီခွဲ အတွင်း ဒါမှမဟုတ် ၂ နာရီအတွင်း အိပ်စက်ခြင်း မပြုပါနှင့်။

အထက်ပါ လုပ်ဆောင်မှု တွေကို သင့်ရဲ့တစ်နေ့တာ အတွက် ပုံမှန် လုပ်ဆောင် သွားပါက ဖျားနာခြင်း ကင်းဝေးပြီး ကျန်းမာတဲ့ ဘဝကို ပိုင်ဆိုင် နိုင်မှာ ဖြစ်ပါတယ်။

ဒီအရာတွေကို လူတိုင်းရဲ့ဘဝမှာ ပြုလုပ် နိုင်ပါတယ် ..
မြ၀တီ

20 Dec 2013

~ ရေ (လုံးဝ) မသောက်သင့်ဆုံးအချိန်~

ဘယ်အချိန်များက ရေသောက်ရန်အသင့်တော်ဆုံး အချိန်များဖြစ်ပါသလဲ?
(ရေခဲရေနဲ့ ရေနွေးတွေကို မဆိုလိုပါ။ ရိုးရိုးသောက်ရေသန့်ကိုသာသောက်ပါ)


(၁) တညတာလုံးငြိမ်သက်နေတဲ့ ခန္ဒာကိုယ်တွင်း ကလီစာများကို ပြန်လည်တက်ကြွလာအောင် လှုံ့ဆော်ပေးဖို့ နံနက်အိပ်ယာ ထတာနဲ့ သောက်ရေ ၂-ခွက် သောက်ပေးရပါမယ်။

(၂) အစာကြေညက်စေဖို့ ထမင်းမစားခင် နာရီဝက်ကြိုတင်၍ ရေ ၁- ခွက် သောက်ပေးရပါမယ်။

(၃) သွေးခုန်နှုန်းမှန်စေရန်နဲ့ သွေးကျစေဖို့ ရေမချိုးခင် ရေ ၁-ခွက် သောက်ပေးရပါမယ်။

(၄) လေဖြတ်/နှလုံးရောဂါတွေ မဖြစ်အောင် ညမအိပ်ခင် ရေ ၁-ခွက် သောက်ပေးရပါမယ်။

(၅)အိပ်ပျော်နေစဉ် ခြေသလုံးကြွက်သားတွေ ကြွက်တက်ခြင်း မဖြစ်ရလေအောင် ညဘက်တရေးနိုးတဲ့အခါ ရေထသောက်ပေးပါ။

- ရေ(လုံးဝ) မသောက်သင့်ဆုံးအချိန်က ဘယ်အချိန်ဖြစ်ပါသလဲ ?
အမေရိကန် ကျန်းမာရေးသုတေသီတွေရဲ့ စစ်တမ်းများအရ ကမ္ဘာပေါ်မှာ တရုပ်နဲ့ ဂျပန်လူမျိုးတွေမှာ အူကင်ဆာရောဂါဖိစီးခံရမှု အနည်းဆုံး ဖြစ်ကြပါတယ်တဲ့။

အကြောင်းရင်းကတော့ ထိုလူမျိုးတွေက ထမင်းစားနေစဉ်မှာ ရေခဲရေ/ ရိုးရိုးရေအေး မသောက်ကြဘဲ၊ ရေနွေးဖြူ(သို့မဟုတ်)လ္ဘက်ရည်ကြမ်း ပူပူကိုသာ သောက်သုံးလေ့ရှိလို့ပါဘဲ။

အထူးသဖြင့် ထမင်းစားရင်း ရေခဲရေ အေးအေးသောက်တဲ့အခါ ဟင်းလျာထဲမှာပါရှိတဲ့အဆီအနှစ်တွေက(ဥပမာပြရရင် ရေခဲရေနဲ့ တွေ့တဲ့အခါ ဟင်းအဆီတွေက) အစာအိမ်နဲ့ အူလမ်းကြောင်းမှာ ရွံ့စေးအနယ်အနှစ်များသဖွယ် ခဲပျစ်သွားတတ်ကြပြီး၊ အစာကောင်းစွာ မချက်ပြုတ်နိုင်တော့ဘဲ အူကင်ဆာဖြစ်လာစေပါတယ်။
ဒါ့ပြင် ထမင်းဟင်း ပူပူစားရင်း ရေခဲရေအေးအေးသောက်လိုက်တဲ့ အခါများမှာလည်း၊ အပူအအေး တပြိုင်နက်တည်း တွေ့ လိုက်တာကြောင့် အစာအိမ်ကို ကသိကအောက်ဖြစ်စေပါတယ်။ အပူအအေး တန်ပြန်သက်ရောက်မှုက အစာအိမ် အက်ဆစ်ထွက်ရှိမှုကို ကမောက်ကမ ဖြစ်လာပြီး ဗိုက်နာဗိုက်အောင့်စေပါတော့တယ်။

ဒါကြောင့် ထမင်းစားနေစဉ်မှာ ရေခဲရေ/သောက်ရေအေးတို့ဖြင့် မျှောမချဘဲ ဟင်းချိုပူပူ(သို့မဟုတ်)ရေနွေးဖြူ(သို့မဟုတ်)ရေနွေးကြမ်းတို့ဖြင့်သာ ထမင်းလုပ် မနင်အောင်မျှောချကြပါရန်နှင့် ထမင်းစားပြီး အနည်းဆုံး နာရီဝက်ကျော်ကြာမှသာ သောက်ရေအေးသောက်ကြပါရန် အမေရိကန်ရှိ ကျမ္မာရေးသုတေသီများက Daily Health Tips (ခေါ်) အင်တာနက်သတင်းမှာ အကြံပေးဖော်ပြသွားခဲ့ပါတယ်။

သို့ပါ၍ ဤကျန်းမာရေးဆောင်းပါးကို ဖတ်ရှုပြီးနောက်၊ မိမိကိုယ်ကို ဆင်ခြင်ကြပြီး၊ မိသားစု/ဆွေမျိုး/မိတ်ဆွေများအားလုံးကိုလည်း ကျန်းမာရေးအသိပေး မျှဝေပေးခြင်းဖြင့် လူ ၁၀-ယောက်မှာ အနည်းဆုံး၁-ယောက်ကို အသက်ကို ကင်တင်နိုင်မှာ ဖြစ်ပါကြောင်း အသိပေးနှိုးဆော်လိုက်ရပါတယ်။

( ဆောင်းပါးရှင် အမည် ပေါက်ပေါက်
promise,pauk )
(မိတ်ဆွေများ ကျမ္မာသုတရစေဖို့ မျှဝေလိုက်ရပါတယ်)

22 Oct 2013

ရေဆိုးထဲက စောင့်နေတဲ့ ရောဂါ

သင် ဟာ ရေဆိုးထဲမှာ အလုပ်လုပ် နေရမယ်။ ဒါမှမဟုတ် သင်နေထိုင်ရာ သင် အလုပ်လုပ်ရာ ပတ်ဝန်းကျင်မှာ ရေဆိုးတွေ၊ ရေမြောင်းတွေ၊ ရေအိုင်တွေကို ဖြတ်သန်း နေရပြီ ဆိုရင် သတိထား ရပြီပေါ့။

ဖျားရင် ၊ ခြေသလုံး ကြွက်သားတွေ နာရင်၊ သင့်ကို သင့် သူငယ်ချင်းက မျက်လုံးတွေ ဝါနေတယ်လို့ ပြောလာရင်၊ ဆီးနည်း လာရင် Leptospirosis ဆိုတဲ့ ရောဂါ ဖြစ်နေတာ ဖြစ်ကောင်း ဖြစ်မယ်။

ဒီရောဂါဟာ Leptospires ခေါ်တဲ့ spiralchetes အနွယ်ဝင် ရောဂါပိုး တစ်မျိုးကြောင့် ဖြစ်ရတာပါ။ ဒီ ရောဂါပိုးဟာ ကျနော်တို့ ပတ်ဝန်းကျင် က တိရိစ္ဆာန် တွေ (အရိုင်းပဲ ဖြစ်ဖြစ်၊ အယဉ်ပဲ ဖြစ်ဖြစ်) ရဲ့ ကျောက်ကပ်မှာ ရောဂါ ဖြစ်ပွားခြင်း မရှိပဲ ပေါက်ပွားပြီး ဆီးထဲ ကနေ ပါလာ နိုင်တယ်။ အဲဒီ တိရိစ္ဆာန် ကျင်ငယ်ရေတွေ ပါတဲ့ ရေတွေ နဲ့ ထိမိတဲ့ လူတွေကို ရောဂါ ဝင်ရောက် ဖြစ်ပွား စေနိုင်တယ်။

အနာတို့ ပေါက်ပြဲ ဒဏ်ရာတို့ ရှိရင် ပိုပြီး ကူးစက် နိုင်တယ်။ ဆိုးတဲ့ တစ်ချက် ကတော့ အရေပြား ကိုလည်း ဖောက်ပြီး ဝင်နိုင်တယ်။ ရောဂါပိုး ပါတဲ့ ရေနဲ့ ထိနေရတဲ့ အချိန်ကြာလေ ရောဂါ ဖြစ်ဖို့ များလေပဲ။

ရောဂါပိုး စဝင်ပြီး ၁ ပတ်ကနေ ၂ ပါတ်ကြာရင် ရောဂါ စဖြစ်တယ်။

ရောဂါ ဖြစ်ပွားပုံ လက္ခဏာအရ လေးမျိုး တွေ့နိုင်တယ်။

1) Bacteraemic leptospirosis

ဒါက သွေးထဲမှာ ရောဂါပိုး ရှိလို့ စဖြစ်တာပါ။ bacteraemia ဆိုတာ သွေးထဲမှာ ဘက်တီးရီးယား ရောက်နေပြီလို့ ပြောတာပါ။ များသော အားဖြင့် အဖျားကြီးမယ်။ အားနည်းမယ်။ ကြွက်သားတွေ နာမယ်။ တစ်ခါတစ်လေ အန်မယ်။ ဝမ်းသွားမယ်။ မျက်လုံးတွေဟာ ရောင်ပြီး နီနေမယ်။ တစ်ပါတ်လောက် ကြာတဲ့ အခါကျတော့ အောက်ပါ ရောဂါ လက္ခဏာ နောက် တစ်မျိုးမျိုးကို ကူးသွားပါတယ်။

2) Aseptic meningitis

အဓိကအားဖြင့် L. canicola ကြောင့် ဖြစ်ပြီး ဗိုင်းရပ်စ် ကြောင့် ဖြစ်တဲ့ ဦးနှောက် အမြှေးပါးရောင် ရောဂါနဲ့ ခွဲခြားဖို့ ခက်ခဲ ပါတယ်။ မျက်လုံး နီနေ တတ်တာက လွဲလို့ တခြား လက္ခဏာ ရပ်တွေမှာ အတူတူ နီးပါးဖြစ်တာ တွေ့ရတယ်။ သွေးစစ် ကြည့်ရင် သွေးဖြူဥ တက်နေမယ်၊ အသည်း လုပ်ငန်းတွေ ပျက်နေမယ်၊ ဆီးထဲမှာ အသားဓါတ် ပါတာ တွေ တွေ့နိုင်ပါတယ်။

3) Icteric leptospirosis (Weil's disease)

ဒါကတော့ အသက် အန္တရာယ်ကို ခြိမ်းခြောက် နိုင်ပြီး အဖျားကြီးတာ၊ သွေးခြေဥတာ၊ သွေးယိုတာ၊ မျက်လုံးဝါတာ၊ ကျောက်ကပ် ပျက်စီးတာ တွေ တွေ့ရ ပါတယ်။ မျက်လုံး နီတာလည်း တွေ့နိုင်ပါတယ်။ ကိုယ်ခန္ဓာမှာ အနီကွက်တွေ ထွက်နိုင်တယ်။ သွေး ယိုစီးတာကို နှာခေါင်း သွေးကျတာ၊ သွေးအန်တာ၊ ကတ္တရာ ဝမ်းမည်း သွားတာ တို့ အနေနဲ့ တွေ့ရသလို ကိုယ်ခန္ဓာ အတွင်းပိုင်း သွေးယိုတာလည်း ဖြစ်နိုင်တယ်။ ဒါဟာ သွေးခဲစေတဲ့ platelet နည်းခြင်း thrombocytopenia ကြောင့် ဖြစ်ရတာ ဖြစ်ပါတယ်။

မျက်လုံး ဝါခြင်းဟာ သိသာနိုင်ပြီး အသည်းလည်း ကြီးနိုင်ပါတယ်။

ကျောက်ကပ် ပျက်စီးခြင်း ကြောင့် ဆီးနည်း သွားမယ်၊ ဆီးထဲမှာ အသားဓါတ် ပါလာမယ်၊ ဆီးလုံးဝ မသွားတာ ဖြစ်နိုင် ပါတယ်။

Weil's disease ဟာ နှလုံးကြွက်သား ရောင်တာ၊ ဦးနှောက်ရောင်တာ၊ ဦးနှောက် အမြှေးပါးရောင်တာ တွေနဲ့ တွဲပြီး ဖြစ်နိုင်ပါတယ်။

4) Pulmonary Syndrome

ဒီလက္ခဏာစုမှာ ချောင်းဆိုးသွေးပါတာ၊ ရင်ဘတ် ဓါတ်မှန်မှာ patchy opacities တွေ့တာ၊ အသက်ရှူ မကောင်းတာ တွေနဲ့ တွေ့ရပြီး တခါ တလေ အသက် အန္တရာယ်ကို ခြိမ်းခြောက် နိုင်ပါတယ်။

ဒီရောဂါက ဆေးရုံတက် ကုသရမယ့် ရောဂါ အမျိုးအစား ဖြစ်ပါတယ်။ ဒီလက္ခဏာတွေထဲက တစ်ခုခု တွေ့နေရရင် ဆေးရုံကို ပြသပြီး ကုသမှု ခံယူရပါမယ်။

ကျနော် တွေ့ဖူးသလောက် leptospirosis လူနာ တွေမှာ မျက်လုံးဝါတာ၊ မျက်လုံးအိမ် နာတာ (eyeball tenderness)၊ ခြေသလုံး ကြွက်သား နာတာ(calf muscle tenderness) အဓိက အနေနဲ့ တွေ့ရပါတယ်။

အဓိက ကတော့ မိလ္လာ လုပ်သားတွေ၊ လယ်သမားတွေ၊ စစ်သား တွေမှာ အဖြစ်များ နိုင်ပါတယ်။ မိုးရာသီ ရေတက် နေရင်တော့ အဲဒီရေတွေထဲက ဖြတ်သန်း သွားရသူ မည်သူမဆို ဖြစ်နိုင် ပါတယ်။

ပိုးမွေးတာ၊ leptospiral antibody ခေါ်တဲ့ ပဋိဇီဝ ပစ္စည်းကို စစ်တာ၊ ဒီအင်အေကို ရှာတာ (Polymerase Chain Reaction- PCR) နည်းတွေနဲ့ ရောဂါကို အတည်ပြု နိုင်ပါတယ်။

ရောဂါ ဖြစ်ပွားဖို့ အခွင့်အလမ်း ရှိတဲ့ လူတွေအနေနဲ့ ဆရာဝန်ကို တိုင်ပင်ပြီး doxycycline 200mg ကို အပတ်စဉ် သောက်ရင် ရောဂါကို ကာကွယ် နိုင်ပါတယ်။

Reference : Davidson's Principle of Medicine 19th Edition
public health in myanmar

10 Dec 2012

ခန္ဓာကိုယ်အတွက် ရေဘယ်လောက် လိုအပ်သလဲ

ခန္ဓာကိုယ်အတွက် ရေဓာတ်လိုအပ်မှုဟာ ခန္ဓာကိုယ် အနေအထားနဲ့ အသက်အရွယ်ပေါ် မူတည်ပါတယ်။ လူတစ်ယောက် အတွက် တနေ့ကို ရေ ခြောက်ခွက်ကနေ ၁၃ ခွက်အထိ လိုအပ်ပါတယ်။


အမျိုးသားနှင့် အမျိုးသမီးများအတွက်

အမျိုးသားတွေမှာ တစ်နေ့ကို ရေရှစ်ခွက်ကနေ ၁၃ ခွက်အထိ လိုအပ်ပြီး အမျိုးသမီးတွေမှာတော့ ခြောက်ခွက်ကနေ ကိုးခွက်အထိ လိုအပ်ပါတယ်။ သင့်ပတ်ဝန်းကျင်ရဲ့ အပူအအေးနဲ့ သင်လှုပ်ရှားရတဲ့ လုပ်ငန်းဆောင်တာပေါ်မှာ မူတည်ပြီး အနည်းငယ် ပိုလိုအပ်တာမျိုးတွေတော့ ရှိတတ်ပါတယ်။

လေ့ကျင့်ခန်း မလုပ်ခင်

လေ့ကျင့်ခန်း မပြုလုပ်ခင် နှစ်နာရီနဲ့ လေးနာရီ အလိုမှာ ရေကို အဝ သောက်ပေးသင့်ပါတယ်။ ဒါမှ သင့်ခန္ဓာကိုယ်က ရေဓာတ်ကို အပြည့်အဝ စုပ်ယူနိုင်မှာပါ။ သင်ဟာ ဆီးသွားတာကို ထိန်းထားနိုင်သူဆိုရင် လေ့ကျင့်ခန်း မပြုလုပ်မီ နှစ်နာရီအလိုမှာ ရေအဝသောက်ပါ။

လေ့ကျင့်ခန်း ပြုလုပ်နေစဉ်မှာ

လေ့ကျင့်ခန်း ပြုလုပ်နေလို့ ၁၅-၂၀ လောက်ကြာချိန်မှာ ရေကို ခွက်တစ်ခွက်ရဲ့ တစ်ဝက်စာလောက်သာ သောက်ပေး သင့်ပါတယ်။ ရေကို တဝကြီး သောက်မပစ်လိုက်ပါနဲ့။

လေ့ကျင့်ခန်းပြုလုပ်ပြီးချိန်

လေ့ကျင့်ခန်း ပြုလုပ်သူတွေဟာ လေ့ကျင့်ခန်း မလုပ်ခင်မှာ သူတို့ရဲ့ ခန္ဓာကိုယ် အလေးချိန်ကို ချိန်ထားလေ့ ရှိကြပါတယ်။ လေ့ကျင့်ခန်း ပြုလုပ်ပြီးလို့ ပြန်ချိန်ကြည့်ချိန်မှာတော့ သင့်ခန္ဓာကိုယ် အလေးအချိန်ရဲ့ တစ်ပေါင်လောက်က လျော့နည်း နေတတ်ပါတယ်။ ဒါဟာ သင့်ခန္ဓာကိုယ်က အဆီတွေ လောင်ကျွမ်းသွားတာ မဟုတ်ဘဲ ချွေးထွက်တာကြောင့် ခန္ဓာကိုယ်က ရေဓာတ်တွေ ကုန်သွားတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်း ပြုလုပ်ပြီးလို့ တစ်နာရီလောက် အကြာမှာ ရေတဝ ထပ်ပြီး သောက်ပေးရမှာပါ။

ရေဓာတ်ဆုံးရှုံးခြင်း လက္ခဏာများ

ခန္ဓာကိုယ်က ရေဓာတ်ကို လိုတာထက်ပိုပြီး ဆုံးရှုံးနေပြီ ဆိုရင်တော့ အောက်ပါ လက္ခဏာတွေ ပြလာတတ်ပါတယ်။
- ခေါင်းကိုက်တာမျိုး
- ရေဆာ၊ ရေငတ်တာမျိုး
- နှုတ်ခမ်းတွေ ခြောက်သွေ့နေတာမျိုး
- ကြွက်သားတွေ နာကျင်နေတာမျိုး
- ပင်ပန်းနွမ်းနယ် နေတာမျိုး
- မူးဝေအော့အန် ချင်တာမျိုးတွေ ခံစားရတတ်ပါတယ်။
သဲသဲ
Ref: Good Health

2 Dec 2012

ရေသောက်ခြင်းရဲ့ အကျိုးကျေးဇူး

'အစာမရှိချိန် ရေသောက်ခြင်း"
ဂျပန်နိုင်ငံမှာ ဒီကနေ့ တွင်ကျယ်နေတဲ့နည်းတစ်ခုပဲဖြစ်ပါတယ်။
သူ့နည်းကတော့ နံနက်တိုင်း အိပ်ရာကနိုးတာနဲ့ ရေများများ သောက်ဖို့ ပါပဲ။ ဗိုက်ထဲမှာ ဘာအစာ ဘာအရည်မှ မရှိချိန်ပေါ့ဗျာ။ ဒီနည်းက ဘယ်လောက်တောင် တန်ဖိုး များသလဲဆိုတာကို သိပ္ပံနည်းကျ စမ်းသပ်မှု များကနေ သိခဲ့ရတာပါ။ နာတာရှည် ရောဂါ တွေ၊ အပြင်းစား ရောဂါတွေနဲ့ ခေတ်ပေါ် ရောဂါတွေ၊ အိုဗျာ တော်တော်များပါရဲ့။ ဒီရေ ကုထုံးနဲ့ ကုသမယ် ဆိုရင် ပျောက်ကင်းနိုင်ကြောင်း ဂျပန် ဆေးပညာ အသင်း တစ်ခုက ရာနှုန်းပြည့် ထောက်ခံ တင်ပြထားပါတယ်။ ဟောဒီ ရောဂါတွေပေါ့ဗျာ။

ခေါင်းကိုက်ခြင်း၊ ခန္ဓာကိုယ် ကိုက်ခဲခြင်း၊ နှလုံးသွေးကြော စံနစ် အဆစ်မြစ် ရောင်ခြင်း။ နှလုံးခုန်နှုန်းမြန်ခြင်း၊ ၀က်ရူးပြန်ခြင်း၊ အ၀လွန်ခြင်း၊ လေပြွန်ပွ၍ ပန်းနာ ရင်ကျပ်ခြင်း၊ အဆုတ် ဦးနှောက် အမြှေးပါး ရောင်ရမ်းခြင်း၊ ကျောက်ကပ်နှင့် ဆီးရောဂါများ၊ ပျို့အန်ခြင်း၊ အစာအိမ်နာခြင်း၊ ၀မ်းပျက်ခြင်း၊ လိပ်ခေါင်းရောဂါ၊ ဆီးချိုရောဂါ၊ ၀မ်းချုပ်ခြင်း၊ မျက်စိရောဂါ များ၊ သားအိမ်ရောဂါ၊ ကင်ဆာနှင့် ဓမ္မတာသွေး ဆိုင်ရာ ဝေဒနာများ၊ နား၊ နှာခေါင်းနှင့်၊ လည်ချောင်း ဆိုင်ရာ ရောဂါတွေပေါ့။၊

'ကုထုံးဆိုင်ရာနည်းစနစ်များ"
နံနက် အိပ်ရာမှ နိုးနိုးခြင်း သွားမတိုက်မီ၊ (၁၆၀)မီလီလီတာ ရှိတဲ့ ရေဖန်ခွက် (၄) ခွက် (၆၄၀ မီလီလီတာ) သောက်ရပါမယ်။
(၁လီတာ ရေသန့်ဘူးရဲ့ ၁၁ပုံပုံ ၊၆ပုံခွဲ ပမာဏ ခန့်) ပြီးရင်တော့ ထုံစံအတိုင်း ကိုယ်လက်သန့်စင် မျက်နှာသစ် သွားတိုက် လုပ်ရမှာပေါ့ဗျာ။
 ဒါပေမယ့် ရေ(၄) ခွက် သောက်ပြီး (၄၅)မိနစ် အတွင်း မှာတော့ မည့်သည့် အစာ၊ မည်သည့် အရည်မှ မစားသုံး ရသေးဘူးဗျ။
(၄၅)မိနစ် ကျော်သွားရင်တော့ ပုံမှန်အတိုင်း နံနက်စာ စားသောက်နိုင်ပါတယ်။
နံနက်၊ နေ့လည်နှင့် ညစာ စားပြီး (၁၅)မိနစ်မှ နောက် (၂) နာရီ အတွင်းမှာ ဘာမှ ဆက်မစားဖို့ မသောက်ဖို့လည်း လိုပါတယ်။
ရေ (၄) ဖန်ခွက်ကို တစ်ခါတည်း သောက်ဘို့ ခက်ခဲတဲ့ သူတွေ အတွက်တော့ ရသ လောက် စသောက်ပြီး (၄) ဖန်ခွက် ပြည့်တဲ့ အထိ တဖြည်းဖြည်း တိုးသောက်သွား ရမှာ ပေါ့ဗျာ။

ဒီနည်း စံနစ်လေးအတိုင်း လိုက်နာဆောင်ရွက် သွားမယ်ဆိုရင် အနာရောဂါတွေဟာ လျော့နည်း ပပျောက် သွားမှာဖြစ်ပြီး ကိုယ်ရော စိတ်ပါ ကျန်းမာ ပျော်ရွှင်လာမှာ ဖြစ် ပါတယ်။
ဒီကုထုံးအရ အောက်မှာ ဖော်ပြထားတဲ့ဇယားပါရက်များအတွင်း ရောဂါများလျော့ပါးသွားတာ၊
 ပျောက်ကင်းသွားတာ။
 ဒါမှမဟုတ် ထိန်းချုပ်လို့ ရလာတယ် ဆိုတာကို စာဖတ်သူများ လိုက်နာကြည့်ပါက လက်တွေ့ ခံစား ရမှာဖြစ်ပါတယ်။

ရောဂါအမည် သွေးတိုး အစာအိမ် ဆီးချို ၀မ်းချုပ် ကင်ဆာ အဆုတ်
ရက်ပေါင်း ၃၀ရက် ၁၀ရက် ၃၀ရက် ၁၀ရက် ၁၈၀ရက် ၉၀ရက်
သတိထားရမယ့် အချက်ကတော့ အဆစ် အမြစ်ရောင် ရောဂါရှင်များ အနေဖြင့် ပထမ တစ်ပတ်မှာ (၃) ရက်မျှသာ အထက်ပါ ကုထုံး နည်းအား လိုက်နာရန်နှင့် ဒုတိယပတ်မှ စ၍ ရောဂါ ပျောက်ကင်းသည် အထိကိုတော့ နေ့စဉ် လိုက်နာရမှာ ဖြစ်ပါတယ်။

'ကောင်ကျိုး နှင့် ဘေးထွက်ဆိုးကျိုး"
ဆိုးကျိုးကတော့သုည၊ ကောင်းကျိုးကတော့ အနန္တပါ။ ဒီရေ သောက် ကုထုံးနည်း စံနစ်မှာ အခြား ဘေးထွက် ဆိုးကျိုး အနေနဲ့ ဘာမှ မရှိပါဘူး။ အစမှာ ဆီးသွားတဲ့ အကြိမ် အနည်းငယ် ပိုလာနိုင်တာပဲ ရှိပါတယ်။ ဆိုးကျိုး လုံးဝ မရှိတဲ့ ကောင်းကျိုးတွေချည်းပ။ဲ ပေးတဲ့ ငွေကြေးလည်း တစ်ပြားတစ်ချပ်မှ မကုန်ဘဲ ဒီနည်းစနစ် ကောင်းလေးကို မိမိရဲ့ သက်တမ်းတစ်လျှောက် လူနေမှု ဘ၀ အတွင်းမှာ နေ့စဉ် ဂရုပြု ဆောင်ရွက်သွားဘို့ မသင့် ပေဘူးလား? စာဖတ်သူ အပေါ်င်းတို့ခင်ဗျား။

 F/W Mail - မူရင်းရေးသားသူအမည်မသိပါ

25 Nov 2012

ရေခဲရေ သို့မဟုတ် အဆိပ် သောက်နေကြသူများ

လွန်ခဲ့သော ရက်ပိုင်းက မန္တလေးမြို့ ကျုံးနံဘေးတွင် ညနေဖက် အပြေးလေ့ကျင့်နေသူ တစ်ဦးကို သတ်မှတ်ထားသော နေရာ ပန်းဝင်လာချိန်တွင် ရေခဲစိမ် ရေသန့်ဘူး ပေးလိုက်ရာ တစ်ရှိန်ထိုး မော့ချလိုက်ပြီ
းနောက် သတိလစ်လဲကျပြီး ပါးစပ်မှ အမြှုပ်များ ထွက်လာသဖြင့် ပြင်ပ ဆေးရုံတစ်ခုသို့ ပို့လိုက်ရသည်ဟု သိရပါသည်။

နေပူထဲမှ ပြန်လာပြီး အိမ်ရောက်သည်နှင့် ရေခဲသေတ္တာထဲမှ ရေအေးအေး တစ်ပုလင်း ထုတ်ယူပြီး အားရပါးရ သောက်ချလေ့ရှိသူ တစ်ဦးသည် လွန်ခဲ့သော ရက်ပိုင်းက မျက်စိများ နီရဲလာပြီး ခေါင်းကိုက်လာသဖြင့် ပြင်ပ ဆေးခန်းတစ်ခုတွင် သွေးချိန်ကြည့်ရာ အပေါ်သွေး 200 mm Hg တက်နေသဖြင့် ဦးနှောက်သွေးကြော ပေါက်နိုင်သောကြောင့် ဆရာဝန်က ဆေးရုံ တက်ခိုင်းလိုက်ရသည်ဟု သိရသည်။

ရာသီဥတု ပူပြင်းသဖြင့် ပြင်ပသို့ လုံးဝမထွက်ဘဲ အိမ်ထဲမှာနေရင်း ရေခဲရေကို Water Cooler စက်မှယူပြီး တစ်စွက်စွက်နဲ့ သောက်လေ့ရှိသော မိသားစုတစ်စု ရှိသည်။ သူတို့တစ်အိမ်လုံး မိတ်အိုင်းခေါ် မိတ်ဖု အပြင်လိုက် ထွက်ပြီး နီရဲနေသည်ကို တွေ့ရသည်။ ၂ နှစ် ၃ နှစ် အရွယ်ကလေးများမှာ ရေခဲရေ သောက်ပြီး ခေါင်းတွင် အပူဖုကြီးများ ထွက်ပြီး အချို့အဖုကြီးများမှာ ပြည်တည်ပြီး အနာကဲ့သို့ ဖြစ်နေသည်။

ရေခဲရေကို လေဖြင့် မှုတ်ပေးနေသည့် ပန်ကာ တစ်မျိုး Air Cooler ဝယ်ပြီး အသုံးပြုနေသူများမှာ မျက်နှာများ ရောင်အမ်းခြင်း၊ အရေပြားထူပြီး ယားနာများ ထွက်ခြင်းတို့ ဖြစ်ကြောင်း သတိထားမိလာသဖြင့် လေမှုတ်ပန်ကာထဲသို့ ရေခဲရေမထည့်ဝံ့ကြတော့ဘဲ သာမာန် ရိုးရိုးရေကိုသာ ထည့်သုံးစွဲနေရကြောင်း သုံးစွဲသူ မိတ်ဆွေတစ်ဦးက ပြောပြသဖြင့် သိရလေသည်။


ရေခဲချောင်း ရေခဲထုပ် အစားများသည့် ကလေးများမှာ အပူကန်ခြင်း၊ မျက်နှာနှင့် မျက်ခွံများပေါ်တွင် မိတ်ဖုကြီးများနှင့် အနာဖုများ ထွက်ခြင်း၊ အစာမကြေခြင်း၊ အာသီးရောင်ခြင်းများအပြင် အချို့မှာ ရေခဲမသန့်သဖြင့် ဝမ်းကိုက်ခြင်း၊ ဝမ်းလျှောခြင်းများ ဖြစ်ကြောင်း သိရသည်။


လျှာနှင့် အာခေါင်များတွင် အနာခွက် ချိုင့်ငယ်လေးများ ပေါက်ပြီး အစပ် မစားနိုင်သူများ ဆေးခန်းလာပြသည်ကို တွေ့ရဖူးသည်။ လျှာဘေးမှာ အနာဖုလေး ထွက်လာသောအခါ သွားဖုံး၊ အံသွားတို့နှင့် ပွတ်တိုက်မိပြီး အနာ ဖြစ်လာသည်။ ထိုအနာမှာ အစက်ကလေးမှ ကျယ်ပြန့်သွားသောအခါ ချိုင့်ခွက်ကဲ့သို့ ဖြစ်သည်။အစာနှင့် အချဉ်အစပ်တို့ ထိတွေ့လျှင် မခံနိုင်ဖြစ်သည်။ စိတ်ပင်ပန်းသူ၊ သောကများသူ၊ စာမေးပွဲနီးချိန် ကျောင်းသား၊ ကျောင်းသူများတွင် ဤပါးစပ်နာများ တွေ့ရသဖြင့် ဆရာဝန်ကြီးများက Stress Ulcer ဟု ခေါ်ကြသည်။


တိုင်းရင်းဆေးနှင့် ရိုးရာဆေးပညာ အယူအဆ ရှုထောင့်မှ ကြည့်လျှင် ထိုအနာများသည် အပူကန်အနာများ ဖြစ်သည်။ ဝမ်းထဲမှ အစာအိမ်ထဲမှ အပူများ အထက်သို့ ကန်တက်ပြီး ခံတွင်းနှင့် လျှာအာခေါင်၊ သွားဖုံးတို့တွင် အနာစက်များ ထွက်လာခြင်း ဖြစ်သည်။


မိတ်ဆွေတစ်ဦးက သူ၏ လျှာနှင့်သွားဖုံးတွင် မကြာခဏ အပူကန်နာများ ထွက်ပြီး မစားနိုင်၊ မသောက်နိုင် ဖြစ်ရကြောင်း ပြောသည်။ ထိုသူ၏ အလေ့အကျင့်ကို ကြည့်သောအခါ ထမင်းစားလျှင် ရေခဲရေပုလင်းနှင့် ရေခွက်ကို ဘေးမှာ ချထားသည်။ ထမင်းစားပြီးလျှင် ရေခဲရေနှစ်ခွက်ခန့် အဝသောက်ချသည်။ဤအကျင့်ကြောင့် သူ့လျှာမှာ အပူကန်နာများ မပြတ် ထွက်နေခြင်း ဖြစ်နိုင်သည်။


ထမင်းစားပြီး ရေခဲမုန့် စားကြသူများကို စားသောက်ဆိုင်ကြီးများတွင် တွေ့ရဖူးသည်။ အချို့ဆိုင်က စားသောက်သူများကို ကုန်ကျငွေ Bill ရှင်းချိန်တွင် အချိုပွဲအဖြစ် ရေခဲမုန့်ခွက်များ လာချပေးသည်။ အချို့အလှူများတွင်လည်း ထမင်းသို့မဟုတ် ဒံပေါက်၊ ကြက်ဆီထမင်း စသည် ကျွေးမွေးဧည့်ခံပြီးနောက် အချိုပွဲဝိုင်းသို့ ထပ်မံကြွရောက်ရန် ဖိတ်ခေါ်ပြီး အချိုပွဲများနှင့် ရေခဲမုန့် ကျွေးသည်ကို တွေ့ရဖူးသည်။ ရေခဲမုန့်အပြင် ရေခဲရေပါ, ပါသည့် အလှူများလည်း တွေ့ဖူးသည်။


အီဆိမ့်သော အစာများ တစ်ဝစားပြီးချိန်တွင် ရေခဲမုန့်၊ ရေခဲရေ သောက်ခြင်းမှာ အစာအိမ်မှ မီးဖိုကြီးကို ငြိမ်းပစ်သည်နှင့် အလားသဏ္ဍန် တူလေသည်။ လူ၏ အစာအိမ်တွင် ဝမ်းမီးဟုခေါ်သော အစာချေသည့်မီး ရှိသည်။ ပါစကတေဇောဓာတ် ဟုလည်း ခေါ်ဆိုနိုင်လေသည်။ ထိုဓာတ်အားကောင်းမှ ဝမ်းမီးတောက်မည်။ ဝမ်းမီးတောက်မှသာ အစာကြေမည်။ အစာကြေမှသာ ဝမ်းမှန်မည်။ ဝမ်းမှန်မှသာ အကြောအချဉ်များ ပေါ့ပါးပြီး နေထိုင်ကောင်းမည်။ ကျန်းမာမည်။ ထိုင်းမှိုင်းခြင်း၊ နောက်ကြောတက်ခြင်း၊ ဇက်ထိုးခြင်းတို့မှာ ဝမ်းချုပ်သူများတွင် ဖြစ်လေ့ရှိသော ရောဂါများ ဖြစ်သည်။ အစာကြေလျှင် ဝမ်းမှန်လျှင် ညောင်းကိုက်၊ ဇက်ကြောတက် ဝေဒနာများ မဖြစ်နိုင်ပါ။


ထိုကဲ့သို့ အစာကြေကျက်စေရန် တောက်နေသော ဝမ်းမီးကို ရေခဲရေ သောက်ချလိုက်သောအခါ ငြိမ်းလိုက်သည်နှင့် သဏ္ဍာန်တူလေသည်။ မီးပုံကြီးကို ရေနှင့်လောင်းချလိုက်သောအခါ ဝုန်းကနဲ အခိုးအငွေ့များနှင့် ပြာပူများ အထက်သို့ ပျံ့လွင့်တက်သွားသည်ကို မြင်ကြည့်နိုင်ပေသည်။ ထိုအခိုးအငွေ့များသည် အစာအိမ်မှ အထက်သို့ တက်လျှင် လည်ချောင်း တစ်လျှောက်နှင့် အာခေါင်၊ လျှာ၊ သွားဖုံး စသည်တို့ကို ရောက်မည် ဖြစ်သည်။


စာရေးသူကိုယ်တိုင် နေပူပြင်းပြီး မနေနိုင်၊ မထိုင်နိုင်ဖြစ်အောင် ပူပြင်းသည့် ကာလက ဆေးခန်းမှ အိမ်ပြန်ရောက်သည်လျှင် သမီးများသောက်သည့် ရေခဲရေပုလင်းကို ယူပြီး သောက်မိသည်။ အသိတရား ရှိသော်လည်း ပူလွန်း၍ မနေနိုင်။ အလွန်အရသာ ရှိပါသည်။ ပူပြီး မောနေသည့်အချိန် ရေခဲရေ အေးအေးလေးကို ကိုင်းဖန်ခွက်ကြီး တစ်ခွက် အပြည့်မော့ချလိုက်ရသည့် အရသာမှာ ကောင်းလှသည်။ ထိုကဲ့သို့ တစ်ပါတ်ခန့် ရေခဲရေကို သောက်ပြီးနောက် စာရေးသူ၏ လျှာဘေးတွင် အပူဖုတစ်ခု ထွက်လာသည်။ ထို့နောက် အဖုကြီးလာပြီး အနာဖြစ်လာသည်။ စကားပြောသည့်အခါ သွားနှင့် ပွတ်မိပြီး စကားမပြောနိုင်၊ အစားမစားနိုင်အောင် ဖြစ်ရသည်။ ရေခဲရေ၏ အကျိုးပင် ဖြစ်သည်။


ရေခဲရေသည် အစာအိမ်မှ ဝမ်းမီးအားကို နည်းသွားစေသဖြင့် အစာမကြေသမျှသည် အစာဟောင်းအိမ်မှာ သွားစုပြီး စမျဉ်းဟုခေါ်သော ဝမ်းအမာအကျစ်ခဲများ ဖြစ်ရသည်။ ဝမ်းကိုခက်ခဲစွာ သွားရသည်။ အပူနှင့်အအေးသည် ဆန့်ကျင်ဘက် ဝိရောဓိဖြစ်သည်။ ရှင်းပြနေစရာ မလိုအောင် ထင်ရှားသော ဓာတ်သဘော ဖြစ်သည်။ အစာအိမ်အတွင်းတွင် အပူဓာတ် ရှိသည်။ ထိုအပူသည်ပင် သက်စောင့်ဓာတ် ဖြစ်သည်။ အစာအိမ်မှ အပူသည် အာခံတွင်းသို့ တက်သည်။ အာခံတွင်းတွင် ငုံထားလျှင် ပူနွေးလာသည်။


ဘုရားရှင် လက်ထက်က အဇာတသတ် မင်းသား ငယ်စဉ်က လက်မတွင် ခူနာပေါက်သည်။ အနာ ပြည်ကိုက်သက်သာစေရန် ဖခင် ဗိမ္မိသာရမင်းကြီးက အာခံတွင်းတွင် ငုံထားပေးသည်။ အာငွေ့ကြောင့် အနာပြည် ပေါက်သွားသည်ကို သားနိုးမည်စိုး၍ မျိုချလိုက်သည်။ အာခံတွင်း အငွေ့၏ အစွမ်းကား အနာကိုပင် ပြည်ပေါက်စေသည်။


ဆရာဝန်တို့သည် လူနာ၏ ကိုယ်အပူချိန်ကို ပြဒါးတိုင် ငုံထားခိုင်းပြီး တစ်မိနစ် ကြာသောအခါ မှတ်သားရသည်။ ၉၈.၄ ဒီဂရီဖာရင်ဟိုက် ဆိုလျှင် ပုံမှန်ဖြစ်သည်။ ကိုယ်တွင်းအပူချိန် တက်လာလျှင် အဖျားရှိသည်ဟု သတ်မှတ်သည်။ ပြဒါးချိန် ၁၀၀ ဒီဂရီဖာရင်ဟိုက်မှ ၁၀၃ ဒီဂရီ ဖာရင်ဟိုက်အထိ ခံနိုင်ရည်ရှိသော်လည်း ထို့ထက် အပူကြီးလျှင် သတိလစ်ခြင်း၊ တက်ခြင်းအထိ ဖြစ်နိုင်သည်။ ၁၀၇ ဒီဂရီဖာရင်ဟိုက်တွင် အူပေါက်ပြီး အသက်ဆုံးရှုံးနိုင်သည်။ ထိုကဲ့သို့ အပူကြီးနေသူများကို ပြင်ပမှ ရေအေးဖတ် တင်ခြင်း၊ ရေခဲရေဖြင့် ရေပတ်တိုက်ခြင်း ပြုလုပ်၍ ရသော်လည်း ပါးစပ်ထဲသို့ ရေခဲရေ မတိုက်ရပေ။ အစာအိမ်သွေးကြော ပေါက်ခြင်း၊ အူပေါက်ခြင်း၊ သတိလစ်ပြီး တက်ခြင်း၊ ဦးနှောက်သွေးကြော ပေါက်ခြင်းတို့ ဖြစ်နိုင်သည်။


တလောက အလွန်အပူကြီးချိန်တွင် မိတ်ဆွေ ဆရာဝန်တစ်ဦးက ဘီယာဆိုင် တစ်ဆိုင်သို့ ခေါ်သွားပြီး ဘီယာတိုက်သည်။ အလွန်ပူသည့် အချိန်တွင် ဘီယာသောက်ခြင်းသည် အလွန်ကောင်းသည်ဟု ပြောသည်။ သဲကန္တာရတွင် လမ်းပျောက်နေသူ တစ်ဦးသည် ဘီယာသံဘူးငယ် နှစ်ဘူးဖြင့် အသက် ဆက်ခဲ့ရဖူးသည်ဟု သူစာထဲတွင် ဖတ်ခဲ့ရဖူးကြောင်း ပြောပြသည်။


ပညာရှိ သတိဖြစ်ခဲဟု ပြောရမည်လား၊ သတိမမူ ဂူမမြင်ဟု ပြောရမည်လား။ အပူဒဏ် ကာကွယ်ရန် အကြောင်းပြချက်ဖြင့် ညနေတိုင်း ဘီယာသွားသောက်ကြပြီး ၃၊ ၄ ရက်အကြာတွင် စာရေးသူတွင် လည်ချောင်းနာပြီး အသံဝင်သွားသည်။ လည်ချောင်းနာသည်မှာ အစာပင် မျိုမချနိုင် ဖြစ်သည်။ သောက်ခါစရက်က ဆီးရွှင်ခဲ့သော ဘီယာသည် နောက်ပိုင်းရက်များတွင် ဆီးပူဆီးအောင့် ဖြစ်လာသည်။ စာရေးသူကို ဘီယာသောက် ခေါ်ခဲ့သူ ဆရာဝန် သူငယ်ချင်းမှာ ခြေထောက် မထောက်နိုင်၊ ယခင်ကရှိသော Gout ရောဂါ ပြန်ထလာပြီး ခြေမဆစ်ကြီး ရောင်လာသဖြင့်၊ ဤကား ဘီယာသောက်ခြင်း၏ အကျိုးပင် ဖြစ်တော့သည်။


နွေထနောင်း၊ ဆောင်းမန်ကျည်း ဟူသော စကားရှိသည်။ ရှေးက ဗမာကြီးများသည် နွေနေပူပြင်းချိန်တွင် ထနောင်းပင် အရိပ်ကောင်းကောင်းတွင် ရေနွေးကြမ်းအိုးနှင့် အညာထန်းလျက်ခဲလေး စားပြီး အပူငြိမ်းခဲ့ကြသည်။ ရေနွေးကြမ်းသည် အဖန်ရည်ဟု ခေါ်ပြီး ဝမ်းထဲကို ရောက်လျှင် အပူကို ငြိမ်းစေသည်။ လေကိုလည်း ကြေစေသည်။ အစာအိမ်နှင့်လည်း သင့်သည်ဟု ဆိုသည်။ ရှေးကလူကြီးများ အဆိုအရ နွေရာသီတွင် ထနောင်းရွက်၊ ထနောင်းဖူး သုပ်စားလျှင် ဝမ်းလျှော၊ ဝမ်းပျက် ကာကွယ်သည်။ အပူငြိမ်းသည်။ ကျောက်၊ ဝက်သက် ရောဂါများပင် ကာကွယ်သည်ဟု ဆိုသည်။


ယခုခေတ်တွင် ရေနွေးကြမ်းဝိုင်း ဓလေ့များသည် ပျောက်ကွယ်သလောက် ဖြစ်နေပြီ။ အလှူများတွင် ရေနွေးကြမ်းအိုးနှင့် ရေသန့်ဘူးများကိုသာ နေရာတိုင်း တွေ့နေရလေပြီ။ လူ၏အသက်သည် ဝမ်းမီး ဖြစ်သည်။ ဝမ်းမီး အားမကောင်းလျှင် ရောဂါအမျိုးမျိုး ရနိုင်သည်။ အစာမကြေရောဂါနှင့် ဆီးချိုရောဂါ၊ ကိုယ်တွင် အဆီတက်သော ရောဂါ၊ ကျောက်ကပ် ရောဂါတို့သည် ရေခဲရေ အသောက်များသူတို့တွင် ဖြစ်ကြောင်း တွေ့ရသည်။


ရေခဲရေကို နေ့စဉ် သောက်သုံးသူများသည် ခန္ဓာကိုယ်တွင်းမှ ဝမ်းမီးကို ငြိမ်းနေသူများ ဖြစ်သည်။ မီးငြိမ်းသော မီးဖိုဖြင့် ချက်သော အစာသည် မကြေကျက်နိုင်သည်ကို သတိပြုမိဖို့ လိုသည်။ လွန်ကဲခြင်းသည် မည်သည့်အခါမျှ မကောင်း၊ နောက်ဆက်တွဲ ဆိုးကျိုး ရှိနိုင်သည်။

မြေသောက် ရေအိုးတွင် ထည့်ထားသော ရေအေးသည် သာမန်ရေအေး ဖြစ်သည်။ လူကို ဒုက္ခမပေးနိုင်။ ထိုရေကိုပင် အပူထဲမှ ပြန်လာလျှင် ချက်ခြင်း မသောက်သင့်။ ချွေးသိပ်ပြီးမှ သောက်ရမည်ဟု ရှေးလူကြီးများက ဆိုသည်။ရေခဲသေတ္တာထဲမှ ထွက်လာသော ပုလင်းများ၊ Water Cooler မှ ကျလာသော ရေတို့သည် သဘာဝ လွန်ကဲသော ရေပျက် ဖြစ်သည်။ ခန္ဓာကိုယ်မှ လက်ခံနိုင်သော အအေးဓာတ် လွန်ကဲသဖြင့် တုန့်ပြန်ခြင်း၊ လက်မခံဘဲ ကန်ထုတ်ခြင်း၊တွန်းလှန်ခြင်းတို့ကို ခံရမည် ဖြစ်သည်။

ရေခဲရေကို အစဉ်သဖြင့် သောက်နေသူများကို လေ့လာကြည့်သောအခါ ခေတ္တသာ ရေငတ်ပြေပြီး ပြန်ပူလာခြင်း၊ မကြာခဏ ရေငတ်ခြင်း၊ အာခေါင်ခြောက်ခြင်း၊ အာသီးရောင်ခြင်း၊ သွားနာခြင်း၊ သွားဖုံးကြွခြင်း၊ လျှာအရသာ မတွေ့ခြင်း၊ လည်ချောင်းပူခြင်း၊ နာခြင်း၊ အစာရေမျိုပြွန် ရောင်ခြင်း၊ အစာအိမ် ရောင်ခြင်း၊ အစာမကြေခြင်း၊ ဖျားလျှင် အလွယ်တကူ အူရောင်ခြင်း၊ အသည်းရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ လိပ်ခေါင်းရောဂါ ရခြင်း၊ တစ်ကိုယ်လုံး ညောင်းကိုက်ပြီးနောက် ကြောတက်ခြင်း၊ နုံးခွေခြင်း၊ မျက်စိ အမြင်မကြည်လင်ခြင်း၊ ရေချိုးပြီးလျှင် မျက်စိများနီရဲခြင်း၊ ဦးခေါင်းနောက်စေ့မှ ခေါင်းကိုက်ခြင်း၊ ဆံပင်ကျွတ်ခြင်း၊ ဦးခေါင်းပူခြင်း၊ ခန္ဓာကိုယ်တွင် ယားနာများထွက်ခြင်း၊ အပူဖုများ ထွက်ခြင်းတို့ကို မလွဲမသွေ ဖြစ်နိုင်လေသည်။


နိဂုံးအားဖြင့် အကြံပြုလိုသည်မှာ-


၁။ မြေအိုး၊ သဘာဝရေအိုးမှ အေးသောရေကိုသာ သောက်ပါ။

၂။ ဖြစ်နိုင်လျှင် ကြိုချက်ထားပြီးသော ရေကို အအေးခံပြီး ရေကျက်အေး သောက်ပါ။ ၃။ ရေနွေးကြမ်း သို့မဟုတ် အဖန်ရည်ကို ထမင်းစားပြီးတိုင်း သောက်ပါ။
၎။ နံနက်အိပ်ယာထ ရေမချိုးမီ၊ ညအိပ်ယာဝင်ချိန်တို့တွင် ရေတစ်ခွက် သောက်သော အကျင့်ကို ကျင့်ပါ။
၅။ ရေခဲရေ၊ အလွန်အေးအောင် ပြုလုပ်ထားသော ရေကို ရှောင်ပါ။
၆။ ထမင်းစားနေစဉ်နှင့် ထမင်းစားပြီး ရေခဲရေ တစ်ဆက်တည်း သောက်လျှင် အစာအိမ်ကို ဒုက္ခရောက်စေပါသည်။
၇။ ရေခဲရေကို တစ်စွတ်စွတ် သောက်ခြင်းသည် အဆိပ်သောက်ခြင်းနှင့် တူသဖြင့် ထိုအကျင့်ကို ဖျောက်ပစ်ပါ။
၈။ ရေကြောင့် အသက်ရှည်စေနိုင်သည်။ ရေခဲရေကြောင့် အသက်တိုစေနိုင်သည်ကို အထူးသတိပြုပါ။

ကြည်လွင်မြင့်(မုဒြာ)
Source>> http://www.facebook.com/zaw.zawu

ရေကို အရသာရှိရှိ သောက်သုံးနိုင်ရန် . . .

ရေသောက်တာဟာ ဆော်ဒါပါတဲ့ အချိုရည်တွေ သောက်တာထက်ပိုပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့အပြင် ကုန်ကျစရိတ်လည်း သက်သာနိုင်ပေမယ့် ရေဟာ အရသာ မရှိတာကြောင့် လူတွေ ရေများများ မသောက်ချင်တတ်ကြပါဘူး။ မိမိအိမ်မှာပဲ ရေကို
အရသာရှိရှိ သောက်နိုင်အောင် ပြုလုပ်နိုင်တဲ့ နည်းလမ်းတွေ ဖော်ပြပေးလိုက် ပါတယ်။

၁။ ဘယ်ရီသီး
 

စတော်ဘယ်ရီသီးမှာ ပါဝင်တဲ့ မွှေးကြိုင်တဲ့ အနံ့ကို ရေကစုပ်ယူနိုင်ပါတယ်။
သင်သောက်မယ့်ရေထဲကို စတော်ဘယ်ရီသီးကို ထက်ခြမ်းခွဲပြီး ခြေထည့်ပါ။

၂။ ဆား

ဈေးထဲမှာရောင်းတဲ့ ဓာတ်ဆားရည်နဲ့ အားဖြည့်အချိုရည်တွေမှာ စားပွဲတင်ဆားဟာ အဓိကပါဝင်ပါတယ်။
သောက်ရေထဲမှာ ဆားအနည်းငယ်ထည့်သောက်ရင် ခန္ဓာကိုယ်က ရေဓာတ်ကို မြန်မြန်စုပ်ယူနိုင်ပါတယ်။

လေ့ကျင့်ခန်းလုပ်သူတွေဟာ ချွေးမှတစ်ဆင့် ဆားဓာတ်တွေ ထွက်သွားတာမို့ လေ့ကျင့်ခန်းလုပ်သူတွေအတွက်အသင့်တော်ဆုံးပါ။

၃။ ဝိုင်

ဝိုင်တစ်ဆကို ရေဆယ်ဆနဲ့ ရောစပ်ပြီးသောက်ရင် အနံ့အရသာရှိတဲ့ အရည်ဖြစ်သွားပါတယ်။

၎။ အချဉ်အရသာရှိသော အသီး

သံပုရာသီးကိုအရည်ညှစ်ပြီး ရေခဲခဲတဲ့ခွက်ထဲအနည်းငယ်ထည့်ကာ ရေခဲထားပါ။အဲဒီရေခဲကို

 ရေနဲ့စိမ်သောက်ရင် ဗီတာမင် C လည်း ရရှိမယ့်အပြင် အနံ့အရသာနဲ့ပါ ပြည့်စုံသွားပါမယ်။

၅။ ပူဒီနာ၊ နံနံပင်


ပူဒီနာ၊ နံနံပင် အစရှိတဲ့ ဟင်းခတ်အမွှေးအကြိုင်တွေကို အနည်းငယ်ကြိတ်ပြီး ရေထဲထည့်သောက်ပါ။

၆။ ချင်း (ဂျင်း)

ချင်းဖက်အနည်းငယ်ကို ရေနွေးပူပူထဲ ထည့်ပြီး သောက်ပါ။

အေးတဲ့ရာသီမှာ လည်းချောင်းရှင်းစေပြီး အပူဓာတ်လည်း ရရှိနိုင်ပါတယ်။

၇။ ရှလကာရည်

ရှလကာရည်ကို ရေထဲထည့် သောက်တာဟာလည်း သံပုရာသီး ထည့်သောက်သလိုမျိုး ဗီတာမင် C ရရှိတဲ့အပြင်အနံ့အရသာလည်း ပြည့်စုံသွားနိုင်ပါတယ်။

၈။ သခွားသီး


သခွားသီးကိုစိတ်ပြီး ရေထဲစိမ်သောက်ရင် လန်းဆန်းတဲ့ အရသာရရှိပြီး သခွားသီးနံ့လေးလည်း သင်းစေနိုင်ပါတယ်။
 
Ref: Good Health

စိတ်ဖိစီးမှု လျော့ကျစေသည့် ရေ

သိပ္ပံပညာရဲ့ လတ်တလော လေ့လာမှုတွေအရ လူတွေဟာ ရေနဲ့ထိတွေ့လိုက်တဲ့အခါမှာ  ခန္ဓာကိုယ်ရဲ့ ဓာတ်ဖွဲ့စည်းပုံနဲ့ အာရုံကြောတွေအပေါ် သက်ရောက်မှု ရှိသွားပြီး စိတ်ဖိစီးမှု လျော့ကျတာ၊ စိတ်ခံစားမှု ကောင်းမွန်တာနဲ့ စိတ်တို ဒေါသထွက်မှု လျော့ပါးတာ အစရှိတဲ့ အကျိုးအာနိသင်တွေကို ရရှိစေတယ်လို့ သိရပါတယ်။

ရေကူးပါ
ရေကူးတာက အပြေးသမားတွေမှာလိုပဲ အဆစ်တွေအပေါ် ဒဏ်သက်ရောက်မှု မရှိဘဲ စိတ်ခံစားမှု ကောင်းစေတဲ့ အန်ဒေါ်ဖင်ဟော်မုန်း ထွက်ရှိစေပါတယ်။ ရေကူးကန်ထဲမှာ လှေလှော်တာကတောင် စိတ်ခံစားမှုကို ကောင်းမွန်စေပါတယ်။ အင်ဒီးယားနား တက္ကသိုလ်ရဲ့ ပါမောက္ခဂျက်က ပြင်းပြင်းထန်ထန် အားကစား မလုပ်နိုင်သူတွေအနေနဲ့ အေးအေးဆေးဆေး ရေကူးတာက အန်ဒေါ်ဖင်ဟော်မှုန်း ထွက်လာစေပြီး စိတ်ကြည်နူး နှစ်သိမ့်မှုကို ခံစားရစေကြောင်း ရှင်းပြထားပါတယ်။ ရေကန်ထဲမှာ ကလေးတွေနဲ့အတူ ကစားရင်း ကလေးတွေကို ရေပက်ဖျန်း ပေးတာကလည်း နာဗ့်ကြောစနစ်ကို ကောင်းမွန်တဲ့ သက်ရောက်မှု ဖြစ်စေပါတယ်။ တကယ်လို့ ရေကူးကန်ကို မသွားနိုင်ဘူးဆိုရင် ရေစိမ်ကန်ထဲမှာ စိမ်ချိုးတာကလည်း စိတ်ဖိစီးမှုကို လျော့ပါးစေပါတယ်။

ရေစိမ်ချိုးပါ

ရေချိုးတာက စိတ်နဲ့ခန္ဓာကို လန်းဆန်းသွားစေတယ်ဆိုတာ သင်သိပြီးဖြစ်မှာပါ။ လတ်တလော လေ့လာမှုအရ ရေရဲ့အပူချိန်က အေးချင်အေး၊ နွေးချင်နွေး နေပါစေ၊ ရေထဲကို စိမ်ချိုးတာက ကျန်းမာနေတဲ့ လူတွေအတွက် ကောင်းကျိုးတွေ အများကြီး ရှိတယ်လို့ သိရပါတယ်။ ရေစိမ်ချိုးချိန် ၂၄ မိနစ် ကြာပြီးချိန်မှာ လူရဲ့ဗဟိုအာရုံကြော စနစ်ဟာ အနားရကာ အာရုံစူးစိုက်အား ပိုကောင်းလာပါတယ်။ စိတ်ဓာတ်ကျတာနဲ့ ပူပင်သောက ဟူသမျှကိုလည်း လျော့သွားစေပါတယ်။ ခြေထောက်ကို ရေစိမ်တာကလည်း ညမှာ ကောင်းကောင်း အိပ်မောကျစေပါတယ်။ Physiology Anthropology ရဲ့ လေ့လာမှုအရ ဒူးအထိ ခြေထောက်တွေကို မိနစ် ၂၀ လောက် ကြက်သီးနွေးရေထဲ စိမ်တဲ့သူ ဒါမှမဟုတ် ရေချိုးတဲ့သူတွေက ကောင်းကောင်း အိပ်မောကျစေပြီး မလုပ်တဲ့သူတွေထက် အိပ်စက်မှု အရည်အသွေးလည်း ကောင်းမွန်တာကို တွေ့ရပါတယ်။ ကြက်သီးနွေးရေထဲ စိမ်ဖို့ အချိန် မပေးနိုင်ရင်တောင် ခြေချင်းဝတ်တွေပေါ်ကို ကြက်သီးနွေးရေ  လောင်းချပေးပါ။ အချိန် ၃၀ စက္ကန့်လောက် လုပ်ပေးရုံနဲ့ အပန်းပြေမှုကို ခံစားရမှာပါ။

ရေသောက်ပါ
ရေကိုနည်းနည်းပဲ သောက်တာက စိတ်ခံစားမှုနဲ့ ခန္ဓာကိုယ်အပေါ် မကောင်းတဲ့ သက်ရောက်မှုကို ဖြစ်စေနိုင်ပါတယ်။ ရေဆာနေပြီဆိုရင် ရေဓာတ် ခန်းခြောက်တဲ့ အဆင့်ကို ရောက်နေပါပြီ။ ရေဓာတ် ခန်းခြောက်ပြီ ဆိုတာနဲ့ ပိုပြီး ပင်ပန်းလာတယ်။ အာရုံစူးစိုက်ဖို့ ပိုခက်လာပါတယ်။ ၂၀၀၁ လေ့လာမှု တစ်ရပ်အရ ညဥ့်လယ်မှ နံနက် ၁၁ နာရီအထိ ရေနဲ့အစာ လုံးဝမကျွေးဘဲ ထားတဲ့အခါ ကိုယ့်ကိုယ်ကိုယ် နှိုးဆော်နိုင်တဲ့ တက်ကြွဖျတ်လတ်မှု ပျောက်ဆုံးသွားတာကို တွေ့ရပါတယ်။ ရေမသောက်ဘဲ အချိန် ၁၃ နာရီလောက် ကြာသွားရင် အာရုံစူးစိုက်နိုင်စွမ်းနဲ့ တက်ကြွမှုတို့ လျော့ကျသွားပြီး ခေါင်းကိုက်ဝေဒနာ ခံစားရတတ်ပါတယ်။ သင်ဘယ်လောက် ရေသောက်သင့်တယ်ဆိုတဲ့ အချက်က သင့်ခန္ဓာကိုယ် အလေးချိန်၊ လှုပ်ရှားမှုအဆင့်၊ လေရဲ့ အပူချိန်နဲ့ စိုထိုင်းဆတို့အပေါ် မူတည်နေပါတယ်။ အစာစားပြီးတိုင်း ရေတစ်ဖန်ခွက် သောက်ပါ။ လေ့ကျင့်ခန်း မလုပ်ခင်နဲ့ လုပ်ပြီးချိန်မှာလည်း ရေတစ်ဖန်ခွက်စီ သောက်ပေးပါလို့ ဒေါက်တာဘော်ဒလေက အကြံပြုထားပါတယ်။

ရေပက်ဖျန်းပါ
စိတ်ဖိစီးမှု ကင်းအောင် ပက်ဖျန်းရတဲ့ စပရေးကို လိုချင်ရင် ရေတံခွန်ဆီကို သွားပါ။ ရေတံခွန်ရဲ့ အခြေရှိ လေထဲမှာ စိတ်ဓာတ်ကျတာကို သက်သာစေတဲ့ မော်လီကျူး အမှုန်တွေ ပါဝင်နေပါတယ်။ ဝက်စ်လီရန် တက္ကသိုလ်ရဲ့ လေ့လာမှုအရ ၁၅-၃၀ မိနစ်လောက် ရေနဲ့ပက်ဖျန်း ပေးတာက စိတ်ဓာတ်ကျတာကို သက်သာစေတယ်လို့ သိရပါတယ်။ ဒါဟာ ဦးနှောက်ထဲမှာ စိတ်ခံစားမှု ကောင်းစေတဲ့ ဆီရိုတိုနင် ပမာဏကို တိုးစေလို့ပါ။ ဒါကြောင့် ရေတံခွန်နားကို သွားတဲ့အခါ အသက်ပြင်းပြင်း ရှူသွင်းရှူသွင်း လုပ်ပေးပါ။ ဒါမှမဟုတ် ရေပန်းနဲ့ ရေချိုးလိုက်ပါ။ ငါးမိနစ်လောက် ရေပန်းနဲ့ ရေချိုးပေးတာက ပူပင်သောကတွေကို သိသိသာသာ လျော့ကျသွားစေတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

ရေသံကို နားဆင်ပါ
ကမ်းခြေမှာ နေတဲ့ရက်တွေမှာ သွေးဖိအားတွေ တည်ငြိမ်နေတယ်လို့ မထင်ဘူးလား။ ရေသံက စိတ်ကို အေးချမ်း တည်ငြိမ်စေပါတယ်။ အလာဘားမား ဆေးရုံသုတေသီတွေက ပင်လယ်ရေသံဟာ ကြားရသူ လူနာတွေကို သုံးညခန့် ကောင်းကောင်း အိပ်ပျော်စေတယ်လို့ ဆိုပါတယ်။ အကြောင်းကတော့ ပင်လယ်ရေလှိုင်းသံနဲ့ လှိုင်းပုတ်သံတွေဟာ စိတ်ကို အေးချမ်းစေတာကြောင့်ပါ။ ဦးနှောက်ဟာ လှိုင်းသံ၊ ရေသံတွေအပေါ် ကောင်းတဲ့ တုံ့ပြန်မှု ပေးနိုင်လို့ ဖြစ်ပါတယ်။

ဇွန် Ref:By Good Health Originally
Source: http://www.yatanarpon.com.mm/cp/goodhealth/news-46907
source >>> http://www.facebook.com/notes/health-articles/စိတ်ဖိစီးမှု-လျော့ကျစေသည့်-ရေ/208606519270866

ဒါတွေသိမှတော့ ရေဘဲသောက် ရတော့မှာပေါ့

၁ ။     ။ရေသည် ကျောက်ကပ်တွင် ကျောက်တည်ခြင်းအားတားဆီးနိုင်ပါသည်။ 
 ကျောက်ကပ်တွင် ကျောက်တည်ရခြင်း၏အဓိကအကြောင်းရင်းမှာခန္ဓာကိုယ်တွင်
 ရေဓာတ်နည်းပါးသောကြောင့် ဖြစ်ပါသည်။ ရေသောက်များပါက ဆီးတွင် အနယ်ထိုင်နှုန်း နည်းသွားသည်။ ထို့ကြောင့် ကျောက်ကပ်တွင် ကျောက်တည်ဝေဒနာသည်များပါမက ရောဂါ မဖြစ်ပွားလိုသူများပါ တစ်နေ့ကို ရေ ၁၂ ဖန်ခွက်လောက် အနည်းဆုံးသောက်သင့်ပါသည်။
၂။    ။ရေသည် ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကို ကုသပေးနိုင်ပါသည်။ ရေများများသောက်လေလေ ဆီးများများသွာလေလေဖြစ်ပါသည်။ ဆီးခဏခဏသွားနေပါက ဆီအိမ်အတွင်းရှိ bacteria ပိုးများ ဆီးနှင့်အတူပါသွားသောကြောင့် မြန်မြန်သက်သာနိုင်ပါသည်။ 


၃။    ။ရေသည် ၀မ်းလျောသည့်အခါတွင် ဆုံးရှုံးသွားသော ရေဓာတ်ကို ပြန်လည်ဖြည့်တင်းရာတွင် အထောက်အကူပြုပါသည်။ သို့သော် ရိုးရိုးရေထက် ဓာတ်ဆားရည်က ပိုမိုထိရောက်ပါသည်။ 


၎။    ။ရေသည် အဖျားကို လျော့ချရာတွင် အထောက်အကူပြုပါသည်။ ကိုယ်အပူချိန်တက်လျင် ရေဓာတ်ဆုံးရှုံးမှု ပိုမိုများပြားပါသည်။ ရေများများသောက်ပါက ကိုယ်အပူချိန်ကျသည့်အပြင် ဆီးများများသွားသောကြောင့်လည်း ကိုယ်ပူကျ ပိုမြန်ပါသည်။ 


၅။    ။ရေများများသောက်ပါက တုတ်ကွေးမိသောအခါ သို့မဟုတ် နှာစေးချောင်းဆိုးဖြစ်သောအခါ အထောက်အကူပြုပါသည်။ ရေဓာတ်များပါက လည်ခေါင်းအတွင်းရှိ သလိပ်များ ပိုမိုကျဲသွားပြီး ဟတ်ထုတ်ရာတွင် လွယ်ကူစေပါသည်။ ထို့အတူ နှာခေါင်းပိတ်ခြင်းကိုလည်း သက်သာစေပါသည်။ 


၆။    ။ရေသည် အစာစားနောက်ကျသောကြောင့် ဖြစ်ပေါ်လာသည့် ရင်ပူခြင်း (acid ကြောင့် ဗိုက်အောင့်ခြင်း) ကိုသက်သာစေပါသည်။ ရေ ၂ ခွက်နှင့် ငှက်ပျောသီး တစ်လုံးသည် Antacid တစ်လုံးကဲ့သို့ စွမ်းဆောင်နိုင်ပါသည်။ 


၇။    ။ရေများများသောက်ပါက ၀မ်းချုပ်ခြင်းကို ကာကွယ်ပေးနိုင်ပါသည်။ ရေသောက်နည်းပါက မစင်တုံးများသည် ပိုမိုမာကျောသွားပြီး ၀မ်းချုပ်စေပါသည်။ ထို့ကြောင့် ၀မ်းချုပ်၍ မရသည့် လိပ်ခေါင်းနှင့် စအိုဝကွဲနာ ဝေဒနာသည်များအတွက် ရေသည် ဆေးတစ်ခွက်ပင် ဖြစ်ပါသည်။ 


၈။    ။ရေသည် လူကို လန်းဆန်းတက်ကြွ စေပါသည်။ ရေဓာတ်နည်းပါးလာပါက သွေးသည် အလိုလို စေးပျစ်လာတတ်သည်။ ထိုအခါ ဦးနှောက်သို့ သွေးစီးနှုန်း နည်းသွားပြီး ခေါင်းနောက်ခြင်းနှင့် ပင်ပန်းခြင်းတို့ကို ခံစားရနိုင်ပါသည်။ 


၉။    ။အစာမစားမီ ရေသောက်လေ့ရှိပါက ဗိုက်ပိုတင်းပြီး အစာသိပ်မစားဖြစ်တော့ချေ။ ထို့ကြောင့် ကိုယ်အလေးချိန်လျှော့ရာတွင် ရေသည် အရေးကြီးပါသည်။ 


၁၀။   ။ရေသည် အရေပြားနှင့် အသားအရေကို စိုစွတ်အေးမြစေပါသည်။ အသားအရေကိုလည်း လှပစေပါသည်။


ရေကို သောက်သင့်သည့် အချိန် နှင့် ပမာဏ


 
+နံနက်အိပ်ယာထထချင်းတွင် ရေ ၂ ဖန်ခွက်သောက်ပါ။ ကိုယ်အတွင်းရှိ ကလီစာများအား နိုးရာတွင် အဆင်ပြေပါသည်။


+အစာမစားမီ မိနစ် ၃၀ ခန့်အလိုတွင် ရေ တစ်ဖန်ခွက်သောက်ပါ။ အစာကြေလွယ်သည်။+ရေမချိုးမီ မိနစ် ၃၀ ခန့်အလိုတွင် ရေ တစ်ဖန်ခွက် သောက်ပါ။ သွေးပေါင်ချိန်ကျစေပါသည်။

+မအိပ်မီ ရေ တစ်ဖန်ခွက်သောက်ပါ။ လေဖြတ်ခြင်းနှင့် နှလုံးရောဂါကြောင့် လေဖြတ်ခြင်းတို့ကို လျော့နည်းစေပါသည်။   


     + အိပ်ယာနိုးနိုးချင်း ရေသောက်ပါ။

 +တစ်နေ့ကို အနည်းဆုံး ရေဖန်ခွက် ၈ ခွက်မှ ၁၂ ခွက် အထိသောက်ပါ။


 +ရေကို နည်းနည်း ဖြင့် ခဏခဏ သောက်ခြင်းက တစ်ခါတည်း အများကြီးသောက်ခြင်းထက် ပိုမို အကျိုးရှိပါသည်။


 +ရေငတ်မှ ရေသောက်ခြင်းကို ရှောင်ကြဉ်ပါ။ အထူးသဖြင့် အသက်ကြီးသူများတွင် ခန္ဓာကိုယ်အတွက် ရေဓာတ်နည်းပါးနေသည်ကို အာရုံခံစွမ်းအား နည်းသွားပါသည်။


 +ရေသောက်ရာတွင် ရိုးရိုးရေကိုသာသောက်ပါ။ အအေး၊ ကော်ဖီ၊ ဘီယာ နှင့် အရက်သောက်ခြင်းများ ရှောင်ကြဉ်ပါ။ အဆိုပါ အရေများသောက်ပါက ရေဓာတ်ဆုံးရှုံးမှု ပိုမို များပြားသွားပါလိမ့်မည်။ 


+ကလေးများကို ရေများများသောက်ရန် ကျင့်ပေးပါ။ မိမိကိုယ်တိုင် စံပြအဖြစ်လုပ်ပြပါ။ +ကစားပြီး လေ့ကျင့်ခန်းများလုပ်ပြီးပါက ရေပိုသောက်ပါ။ 


+ဖျားနာပြီး ကိုယ်ပူနေပါက ရေပိုသောက်ပါ။ ရေဓာတ်ဆုံး
ရှုံးမှု များသောကြောင့် ဖြစ်ပါသည်။ 

+ကိုယ်ဝန်ဆောင်သည်များအနေဖြင့် ရေပိုသောက်ပါ။ ပုံမှန်သောက်နေကျထက် ၃-၄ ခွက်ခန့် ပိုသောက်သင့်သည်။

 ကျန်းမာရေးနဲ့ ညီညွတ်ဖို့ ဆိုရင်တော့ ရေကို စနစ်တကျ သောက်တတ်ဖို့လိုပါတယ်။ သောက်သင့်သည့် အချိန်တွင် သောက်သင့်သည့် ပမာဏကို သောက်သုံးပါက ခန္ဓာကိုယ်ကို အထိရောက်ဆုံး အကျိုးပြုနိုင်မှာ ဖြစ်ပါတယ်။
          ( လေ့လာဖတ်မိသလောက်ရေအကြောင်းလေးများ သူငယ်ချင်းတို့သိရအောင်ပါ)

ရေသောက်ခြင်းနှင့် ကျန်းမာရေး အကျိုးရှိမှု

ရေဓါတ် လိုအပ်နေသော အချိန်များတွင် ရေသောက်သုံး ပေးခြင်းဖြင့် ခန္ဓာကိုယ်ကို ပိုမို
အကျိုးရှိစေပါတယ်။ မနက်စောစော အိပ်ယာ ထထချင်းမှာ ရေနှစ်ခွက်လောက် ဆင့်သောက် ပေးခြင်းဖြင့် အတွင်း ကလီဇာတွေကို နိုးထ စေပါတယ်။ ရေမချိုးခင် ရေတခွက် သောက်ပေးခြင်းဟာ သွေးပေါင်ချိန်ကို ကျဆင်း စေပါတယ်။ အိပ်ယာ မဝင်ခင်မှာ ရေတစ်ခွက် သောက်ပေးခြင်းဖြင့် လေသင်တုန်း ဖြတ်ခြင်း၊ နှလုံး ရုတ်တရက် ဖောက်ခြင်း စတာတွေကို ကာကွယ် ပေးနိုင်ပါတယ်။

လူ့ခန္ဓာကိုယ်ဟာ ရေပမာဏ များစွာနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်း တစ်ခု ဖြစ်ပါတယ်။ ဦးနှောက်မှာ ၇၄%၊ သွေးမှာ ၈၃%၊ ကြွက်သားမှာ ၇၅%၊ အရိုးမှာ ၂၂% စသည်ဖြင့် အသီးသီး ရေ ပါဝင်ဖွဲ့စည်းနေပါတယ်။ ရေဟာ ရောဂါ ကုသနိုင်တဲ့  စွမ်းအားပြင်းတဲ့ အရာတစ်ခုလို့ ကျွမ်းကျင်သူတွေက ဆိုထား ပါတယ်။
ရေသောက်ခြင်းဖြင့်ကျောက်ကပ်ကျောက်တည်ခြင်းကိုကာကွယ် ပေးနိုင်ပါတယ်။ ကျောက်ကပ် ကျောက်
တည်ခြင်းဟာ အများအားဖြင့် ရေ လုံလုံ လောက်လောက် မသောက်လို့ ဖြစ်ရတဲ့ ရောဂါ တစ်ခုပါ။ ရေဟာ ဆီးတွင်းမှာရှိတဲ့ ကျောက်တည် စေနိုင်တဲ့ အရာတွေကို ပျော်ဝင် သယ်ဆောင် သွားပေးတာကြောင့် တစ်နေ့ကို ရေ ၁၂ ဖန်ခွက်လောက် သောက်ပေးခြင်းဖြင့် ကျောက်ကပ် ကျောက်တည်ခြင်းကို ကာကွယ် ပေးနိုင်ပါတယ်။
ရေသောက်ခြင်းဖြင့်ဆီးလမ်းကြောင်းရောဂါကူးစက်မှုကိုသက်သာ စေနိုင်ပါတယ်။ ရေများများ သောက်လေ ဆီးများများ သွားလေ ဖြစ်တာကြောင့် ဆီးအိမ်ထဲမှာရှိတဲ့ မကောင်းတဲ့ ပိုးတွေကို ထွက်သွား စေပါတယ်။
ဝမ်းလျှော ဝေဒနာသည်တွေ အတွက် ရေသောက်ခြင်းဖြင့် ရေဓါတ် ကုန်ဆုံးမှုကို တားဆီး ပေးနိုင်ပါတယ်။ ဝမ်းပျက်ဝမ်းလျှောရောဂါအတွက်ရှေးဦး သူနာပြုအနေနဲ့ အိမ်တွင်းဖြစ် ရေဓါတ် ပြန်ဖြည့်နိုင်တဲ့ ဖျော်ရည်ကို ကိုယ့်ဖာသာကိုယ် ပြုလုပ်လို့ ရပါတယ်။ ရေ တစ်ဖန်ခွက်ကို သကြား လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ ဆား လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံနဲ့ ရောစပ်ပြီး ဝင်သလောက် သောက်ပေးပါ။ ဒါဟာ ဆေးရုံက ပေးတဲ့ ဂလူးဂိုစ့်ရည်နဲ့ အတူတူပါပဲ။

ရေဟာ အဖျားကိုလည်း ကျစေပါတယ်။ ရေသောက်ပြီး ဆီးသွားပေးခြင်းဖြင့် အပူတွေဟာ ဆီးတွေမှာ ပါသွားပြီး ကိုယ်ပူချိန်ကို ကျဆင်း စေပါတယ်။ ဖျားနေတဲ့ အချိန်မှာ ရေပိုသောက်ပေးခြင်းဖြင့် အဖျား မြန်မြန် သက်သာ ပျောက်ကင်းနိုင်မှာ ဖြစ်ပါတယ်။

ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်းနဲ့ အသက်ရှု လမ်းကြောင်း ကူးစက်ရောဂါ တွေကိုလည်း သက်သာ စေပါတယ်။ ရေဟာ ချွဲ၊ သလိပ်တွေကို ကျဲစေတာကြောင့် ဖြစ်ပါတယ်။
ရင်ပူနာ၊ လေပူနာ ကိုလည်း သက်သာ စေပါတယ်။ ရေ ၃ ငုံလောက် မိနစ် နှစ်ဆယ်ခြား တစ်ခါ သောက်ပေးခြင်းဖြင့် အစာအိမ်တွင်း အက်ဆစ်ဓါတ်ကို လျှော့ချ ပေးရာမှာ အထောက်အကူ ပြုတာကြောင့် ဖြစ်ပါတယ်။

ဝမ်းချုပ်ခြင်းကို မဖြစ်စေပါဘူး။ ရေသောက် နည်းခြင်းဖြင့် အစာဟောင်းကို မာခဲသွားစေကာ၊ ဝမ်းချုပ်ခြင်းဖြင့် အူသိမ် အူမတွင် ရောဂါ ဖြစ်ခြင်းအထိ ဖြစ်စေ နိုင်ပါတယ်။ ဒါကြောင့် အသီးအရွက် များများစား၊ ရေများများ သောက်ပေးခြင်းဖြင့် အစာဟောင်းကို အချိန်မှန် စွန့်နိုင်ပါစေ။
ရေဟာ စွမ်းအင်ကို ပြည့်နေစေပြီး နိုးကြား တက်ကြွမှုကို ပေးနိုင်ပါတယ်။ ရေဓါတ် မလုံလောက်ရင် သွေးဟာ ပျစ်လာပါတယ်။ သွေးပျစ် လာတာကြောင့် သွေးလည်ပတ်မှု လုပ်ငန်း ခက်ခဲ လာပါတယ်။ ဒါကြောင့် ဦးနှောက်ဟာ မတက်ကြွတော့ပဲ ရှုပ်ထွေးခြင်း၊ ပင်ပန်း နွမ်းလျခြင်း စတာတွေကို ခံစားရ လာပါတော့တယ်။ ရေသောက် ပေးခြင်းဖြင့် မိုင်ဂရင်း ခေါင်းကိုက် ရောဂါ ကိုတောင် သက်သာ စေနိုင်တယ်လို့ လေ့လာမှု တချို့က ဆိုထားပါတယ်။
ကိုယ်အလေးချိန် လျှော့ချ ချင်ရင်လည်း ရေသောက်ပါ။ အစာ မစားခင် ရေဝအောင် သောက်ပေးခြင်းဖြင့် အစာ စားတဲ့ ပမာဏကို လျော့သွားစေပါ။ ရေမှာ ကယ်လိုရီဓါတ် လုံးဝ မပါဝင်တာကြောင့် ကိုယ်တွင်း အဆီဖြစ်ပေါ်မှု မရှိစေပါဘူး။
ရေသောက် ပေးခြင်းဖြင့် အသားအရေ ပျော့ပြောင်းပြီး ဝင်းလက် စေနိုင်ပါတယ်။ ရေဓါတ် မလုံလောက်တဲ့ လူတစ်ယောက်ဟာ မျက်တွင်း ချိုင့်မယ်၊ ပါးရေ တွန့်မယ် စတာတွေကို ပိုင်ဆိုင် နေရမှာပါ။

ရေသောက် ချိန်များနှင့် အကျိုးရှိမှုများ

၁။ အိပ်ယာ ထထချင်း ရေသောက်ပါ။ အိပ်နေတဲ့ အချိန်အတွင်းမှာ ခန္ဓာကိုယ်က ရေဓါတ် ဆုံးရှုံး နေပါတယ်။ ဒါကြောင့် မအိပ်ခင် ရေသောက်၊ အိပ်ယာထ ရေသောက်ပေးပါ။ မနက် နိုးထလာတဲ့ အချိန်မှာ ပုံမှန်အားဖြင့် ရေဆာနေ တတ်ပါတယ်။ မနက်ခင်း နိုးနိုးချင်းမှာ ရေသောက်ပေးခြင်းဖြင့် တညလုံး စုဆောင်းထားတဲ့ ကိုယ်တွင်း အဆိပ်အတောက်တွေကို ထုတ်ပစ်ရာလည်း ရောက်ပါတယ်။

၂။ တနေ့ကို ရေ ၈ ခွက်ကနေ ၁၂ ခွက်ကြား သောက်ပေးပါ။ ပေါင် ၁၂ဝ ရှိတဲ့ လူတစ်ယောက်ဟာ တနေ့ ရေ ၈ ခွက်သောက်ဖို့ လိုအပ်ပြီး ပေါင် ၁၉ဝ ရှိတဲ့ လူတယောက်ဟာ ၁၂ ခွက်သောက်ဖို့ လိုအပ် ပါတယ်။ ဆီးအရောင်ကို အမြဲတမ်း စောင့်ကြည့်ပေးပါ။ ဆီးအရောင်ဟာ အရောင်ဖျော့ ဖြစ်သင့်ပါတယ်။ ဒါပေမယ့် တနေ့ကို အလွန်ဆုံး ရေ ၁၆ ခွက်ထက် ပိုမသောက်သင့် ပါဖူးလို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

၃။ တနေကုန် ရေတစပ်စပ် သောက်ပေးပါ။ တခါတည်း ရေနှစ်ဖန်ခွက်ေ သာက်ပေးခြင်းထက် ရေနည်းနည်းစီကို ခဏခဏ သောက်ပေးခြင်းဟာ ပိုပြီးကောင်းတဲ့နည်း ဖြစ်ပါတယ်။ နှလုံးရောဂါ ရှိသူတွေအဖို့ နှလုံးဖိအားကို ကျဆင်း စေပါတယ်။ သာမန် လူတွေအဖို့ ခန္ဓာကိုယ်က ရေဓါတ်ကို ပိုမို စုပ်ယူ နိုင်စေပါတယ်။

၎။ ရေဆာမှ ရေသောက်တာမျိုး မလုပ်ပါနဲ့။ ရေဆာ နေပြီလို့ ခံစားလိုက်ရတဲ့ အချိန်မှာ လူတစ်ယောက်ဟာ လိုအပ်တဲ့ ကိုယ်တွင်းရေပမာ  ၂ ခွက်အောက် လျော့နည်းနေပါပြီ။ သက်ကြီးပိုင်းတွေက ကိုယ်တွင်း ရေလိုအပ်မှုကို ပိုပြီး ခံစားသိရှိမှု နည်းပါး ကြပါတယ်။

၅။ အအေး၊ အရက်၊ ကော်ဖီ စတာတွေ မသောက်ပါနဲ့ ရေပဲသောက်ပါ။ လက်ဖက်ရည်၊ ဆော်ဒါ၊ ကော်ဖီ စတာတွေဟာ ရေဓါတ် ပိုမိုကုန်ခမ်း စေနိုင်တယ်လို့ ကျွမ်းကျင်သူ တချို့က ဆိုပါတယ်။ အရက်သောက်ခြင်းဟာ ဆီးကို ပိုမို သွားစေတာကြောင့် ရေဓါတ် ကုန်ဆုံးမှုကို ဆိုးဝါးစွာ ဖြစ်စေပါတယ်။

၆။ ကလေး သူငယ်တွေကိုလည်း ရေသောက်တတ်အောင် လေ့ကျင့်ပေးပါ။ ကလေးတွေ အတွက် ရှေ့ဆောင် လမ်းပြအနေနဲ့ ရေတူတူ သောက်ပေးပါ။ ကျောင်းကို ရေဘူးကြီးကြီး ထည့်ပေးလိုက်ပါ။

၇။ ပူပြင်းတဲ့ အချိန်အခါမှာ ရေပိုသောက်ပါ။

၈။ လေ့ကျင့်ခန်း လုပ်နေတဲ့အချိန်မှာ ရေဓါတ် ပိုမို ကုန်ခမ်းသွားတာကြောင့် ရေပိုသောက်ပါ။ လေ့ကျင့်ခန်း လုပ်ချိန် နာရီဝက်နဲ့ တစ်နာရီကြားဆိုရင် ရေ ၅ဝဝ မီလီလီတာ ပိုသောက်ပါ။ ငှက်ပျောသီး စားပေးခြင်းဟာလည်း ကောင်းတဲ့ လုပ်ရပ် တစ်ခုပါ။

၉။ ဖျားနာနေရင် ရေပိုသောက်ပါ။ ခန္ဓာကိုယ်ဟာ ဗိုင်းရပ်စ် ကူးစက်မှုကနေ ပြန်လည် ကောင်းမွန်လာစေဖို့ အတွက် ရေဓါတ်ကို ပိုမို လိုအပ်နေတဲ့ အချိန် ဖြစ်တဲ့အတွက် သောက်ချင်စိတ် မရှိပေမယ့်လည်း သောက်ပါ။ ရေဓါတ် မလုံလောက်ရင် ဝေဒနာ တာရှည်သွားမှာ ဖြစ်ပါတယ်။

၁ဝ။ ကိုယ်ဝန် ဆောင်ချိန်မှာလည်း ရေပိုသောက် ပေးပါ။ ကိုယ်ဝန် ဆောင်ချိန်၊ နို့တိုက်ချိန် စတဲ့ အချိန်တွေမှာ ရေဓါတ် လုံလုံ လောက်လောက် ရှိနေစေဖို့အတွက် ရေသောက်ဖို့ လိုအပ် နေပါတယ်။ ကိုယ်ဝန်သည် တစ်ဦးဟာ တနေ့ကို ရေ ၁ဝ ခွက်လောက် သောက်သင့်ပြီး၊ နို့တိုက်မိခင် တစ်ဦးဟာ တစ်နေ့ကို ရေ ၁၃ ခွက်လောက် သောက်သင့် ပါတယ်လို့ ကျွမ်းကျင် သူများက ဆိုပါတယ်။ (ဖန်းဇက်)


http://www.khitlunge.net.mm/HealthBeauty/Healthbeauty

ရေဓာတ်ခန်းခြောက်ခြင်းနှင့် ဆက်စပ်နေသော ကျန်းမာရေး ဝေဒနာများ

သင့်ခန္ဓာကိုယ်က ရေဓာတ်ခန်းခြောက်တာကြောင့် အောက်ပါ ဝေဒနာတွေ ဖြစ်တတ်ပါတယ်။

ရိုးဆစ်ကိုက်ခဲနာကျင်ခြင်း-
 ရေဓာတ်ခန်းခြောက်တာကြောင့် ပထမဆုံး တွေ့ရတဲ့ လက္ခဏာတွေထဲက တစ်ခု ဖြစ်ပါတယ်။ ဒီလို ကိုက်ခဲတာကြောင့် အဆစ်တွေကိုလည်း နာကျင် ကိုက်ခဲစေနိုင်ပါတယ်။ ရေဓာတ် အလုံအလောက် ရှိမှသာ ခန္ဓာကိုယ်ထဲက အဆိပ်နဲ့ စွန့်ပစ်ပစ္စည်းတွေကို စွန့်ထုတ်နိုင်မှာ ဖြစ်ပါတယ်။ စွန့်ပစ်ပစ္စည်းတွေက ခန္ဓာကိုယ်ထဲမှာ စုပုံနေရင် ဦးနှောက်ဟာ နာကျင်မှုကို အချက်ပြလေ့ ရှိပါတယ်။ ဒါကြောင့် အရိုး၊ အဆစ်နဲ့ ကြွက်သားတွေ ကိုက်ခဲနာကျင်ရတာ ဖြစ်ပါတယ်။

ဆီးချိုသွေးချိုရောဂါ-
 ရေဓာတ် ခန်းခြောက်တာက အသက်ကြီးသူတွေမှာ ဆီးချိုသွေးချိုရောဂါ ဖြစ်တာနဲ့ ဆက်စပ်မှု ရှိပါတယ်။ ဦးနှောက်က သူရဲ့ လုပ်ငန်းဆောင်တာတွေကို ဆောင်ရွက်ဖို့ ရေနဲ့ ဂလူးကို့စ်ကို လိုအပ်ပါတယ်။ တကယ်လို့ ရေကို အလုံအလောက်မရရင် သွေးတွင်း သကြားဓာတ်က မြင့်တက်နေပါလိမ့်မယ်။

ရင်ကျပ်ပန်းနာရောဂါ-
 ပုံမှန် အသက်ရှူတာကြောင့် အဆုတ်ဟာ အရည်ဓာတ် ဆုံးရှုံးနေပါတယ်။ ခန္ဓာကိုယ်က ရေကို အလုံအလောက် မရတဲ့အခါ ဟစ်စတာမင်းဓာတ်တွေ ထုတ်တာကြောင့် အဆုတ်မှာ လေပြွန်ကျဉ်းတာကို ဖြစ်စေနိုင်ပါတယ်။

ရင်ဘတ်အောင့်ခြင်း-
 ရင်ဘတ်အောင့်တာကလည်း ရေဓာတ်ခန်းခြောက်တဲ့ ပထမဆုံးလက္ခဏာတစ်ရပ် ဖြစ်နိုင်ပါတယ်။ တာရှည် ရေဓာတ်ခမ်းခြောက်မှုဖြစ်ရင် ခန္ဓာကိုယ်ထဲမှာ အက်စစ်ဓာတ် စုပုံလာကာ သွေးကြောဆဲလ်တွေကို တိုက်စားပစ်တာကြောင့် ရင်ဘတ်အောင့်တာကို ဖြစ်စေနိုင်ပါတယ်။

ရင်ပူခြင်း -
အစာအိမ်နဲ့ အူလမ်းကြောင်း အပေါ်ပိုင်း မသက်မသာဖြစ်ရတဲ့ ခံစားချက်တစ်မျိုးပါ။ ရင်ပူတာဟာ တာရှည် ရေဓာတ်ခန်းခြောက်တာနဲ့ ဆက်စပ်မှု ရှိပါတယ်။

သွေးတွင်း ကိုလက်စထရောများခြင်း-
 သွေးတွင်းကိုလက်စထရောပမာဏ များရတာကလည်း ရေဓာတ်ခမ်းခြောက်မှုရဲ့ နောက်လက္ခဏာ တစ်ရပ်ပါ။ သွေးတွင်းကိုလက်စထရော အဆင့်ဟာ ဆဲလ်တွေရဲ့ ရေဓာတ်ဆုံးရှုံးမှု ဖြစ်စဉ်ကို ကာကွယ်ဖို့ ကောင်းကောင်း အလုပ် လုပ်ပေးပါတယ်။

သွေးတိုးခြင်း-
ခန္ဓာကိုယ်ထဲမှာ ရေဓာတ်လျော့နည်းတဲ့အခါ ခန္ဓာကိုယ်တစ်လျှောက် သွေးကြောတွေက လိုအပ်တဲ့ ရေဓာတ်ကို မရတာကြောင့် ကျဉ်းသွားပါတယ်။ ချွေးထွက်တဲ့အခါ အရေပြားမှတစ်ဆင့်နဲ့ အသက်ရှူထုတ်ရာမှတစ်ဆင့် ရေဓာတ် ဆုံးရှုံးရတတ်ပါတယ်။

ခေါင်းတစ်ခြမ်း ကိုက်ခြင်း-
 ခေါင်းတစ်ခြမ်းကိုက်တာဟာ သွေးကြောတွေက ရေဓာတ်မရှိတာကြောင့် ထိခိုက်ချိန်မှာဖြစ်တဲ့ လက္ခဏာ တစ်ရပ်ပါ။ ရေကို အလုံအလောက် သောက်တာက သွေးကြော ရောင်ရမ်းမှုကို လျော့ကျစေပြီး ခေါင်းကိုက်တာကို သက်သာစေပါတယ်။

ခါးနာခြင်း-
 ကျောရိုးအပြားထဲက ရေတွေက ခန္ဓာကိုယ်အပေါ်ပိုင်းရဲ့ ၇၅ ရာခိုင်နှုန်းကျော်ကို ထောက်ပံ့ပြီး ခါးနဲ့ လည်ပင်းတွေရဲ့ လှုပ်ရှားမှုအတွက် လိုအပ်တဲ့ ချောဆီကို ဖြစ်စေပါတယ်။ ရေဓာတ်ခန်းခြောက်တာက ခါးနာတာနဲ့ အဆစ်ရောင်တာကို ဖြစ်စေနိုင်ပါတယ်။

အူမကြီးရောင်ရမ်းခြင်း-
အူမကြီးဟာ စွန့်ထုတ်ပစ္စည်းတွေထဲက ရေစက်အနည်းငယ်ပဲကို စစ်ချရတဲ့အခါ  နာကျင်မှုကို ဖြစ်စေတာကြောင့် အူမကြီးရောင်ရမ်းမှုဟာ ရေဓာတ်ခန်းခြောက်တာနဲ့ ဆက်စပ်နေတာ ဖြစ်ပါတယ်။ 
Ref: Good Health

ရေ၏ ထူးခြားအံ့ဖွယ်ခုနစ်သွယ်

လုံလောက်တဲ့ရေကို သောက်သုံးဖြစ်ရဲ့လား။ ယေဘုယျအားဖြင့် အာဟာရ ပညာရှင်တွေက ရေနဲ့ ပတ်သက်ပြီး “8 x 8 rule” ကိုချမှတ် ထားပါတယ်။ တစ်နေ့မှာ ရေရှစ်အောင်စ ပါတဲ့ ဖန်ခွက် ရှစ်ခွက်ပြည့်အောင် သောက်ပေးရပါမယ်တဲ့။ အားကစားလုပ်ရင် ဒါမှမဟုတ် ချွေးထွက်တာ များရင်တော့ ရေကို ပိုသောက်ပေးဖို့ လိုအပ်ပြီး တခြားဖျော်ရည်တွေ သောက်ရင် ရေကိုလျှော့သောက် ပေးနိုင်ပါတယ်။ ရေသောက်တဲ့အတွက် ရရှိနိုင်တဲ့ အကျိုးအာနိသင်ကတော့ ခုနစ်မျိုးရှိပါတယ်။

၁။ သွယ်လျစေခြင်း

ကိုယ်အလေးချိန် လျော့ကျလိုပါသလား။ အစာမစားခင် ရေတစ်ဖန်ခွက် သောက်လိုက်ပါ။ ရေသောက်လိုက်တဲ့ အခါ ဗိုက်ပြည့်တဲ့ ခံစားချက်ရသွားပြီး ကယ်လိုရီများတဲ့ အစားအစာ တွေကို စားချင်စိတ်လျော့နည်း သွားပါတယ်။ ဒါ့အပြင် ရေသောက်တာက ဇီဝရုပ် ဖြစ်ပျက်မှု အားကောင်းစေတဲ့ အတွက် အပိုကယ်လိုရီတွေကို လောင်ကျွမ်း သွားစေပါတယ်။

၂။ စွမ်းအင်တိုးစေခြင်း

ပင်ပန်းနွမ်းနယ်ကာ အားအင်ကုန်ခန်းသလို ခံစား နေရရင် ရေတစ်ဖန်ခွက် သောက်လိုက် ပါ။ ရေဓာတ် ခန်းခြောက် ခြင်းကြောင့် သင်ဟာ နုံးချည့်ပြီး ပင်ပန်းနေတတ်ပါတယ်။ ရေဟာ ခန္ဓာကိုယ်ထဲက ဆဲလ်တွေဆီ အောက်ဆီဂျင်နဲ့ တခြားမရှိမဖြစ် အာဟာရတွေ ပို့ဆောင်ပေး နိုင်အောင် ကူညီပေးပါတယ်။ ရေဓာတ်ပြည့်ဝ နေရင် သင့်နှလုံးဟာ ခန္ဓာကိုယ် တစ်လျှောက် သွေးပို့ပေးဖို့ ပင်ပင်ပန်းပန်း အလုပ်လုပ်စရာ မလိုတော့ပါဘူး။

၃။ စိတ်ဖိစီးမှု လျော့ကျစေခြင်း

ဦးနှောက် တစ်သျှူးတွေရဲ့ ၈၅ ရာခိုင်နှုန်းက ရေတွေ ဖြစ်ပါတယ်။ ရေဓာတ်ခန်းခြောက် နေရင် သင့်ခန္ဓာကိုယ်ရော စိတ်နှလုံးပါ ဖိစီးနွမ်းနယ်နေတတ်ပါတယ်။ စိတ်ဖိစီးမှုအဆင့် လျော့ကျဖို့အတွက် အလုပ်စားပွဲမှာ ရေပုလင်းထားရှိပြီး မကြာခဏ သောက်ပါ။
၎။ ဆီးကျောက်တည်မှု နည်းစေခြင်း
ရေကို လုံလုံလောက်လောက် မသောက်တဲ့ သူတွေမှာ ဆီးကျောက်တည်တဲ့နှုန်း မြင့်တက် လာပါတယ်။ ရေဟာ ဆီးကျောက်ဖြစ်လာစေမယ့် ဆားနဲ့ သတ္တုဓာတ်တွေကို ပျော်သွားစေတာကြောင့် ရေသောက်များတဲ့သူတွေမှာ ဆီးကျောက်တည်နှုန်း နည်းရတာပါ။

၅။ ကြွက်သား သန်မာစေခြင်း

ရေသောက်တာဟာ ကြွက်တက်ခြင်း မဖြစ်အောင် ကာကွယ် ပေးပြီး ခန္ဓာကိုယ်က အဆစ်တွေကို လုပ်ဆောင် အားကောင်း စေပါတယ်။ ရေဓာတ်ပြည့်ဝနေရင် ခန္ဓာကိုယ်ကြွက်သားနဲ့ အရိုးအဆစ်တွေကို ကြာကြာ ပြုလုပ်နိုင်ပါတယ်။

၆။ အရေပြား တင်းရင်းစေခြင်း

ရေဓာတ်ခန်းခြောက် နေချိန်မှာ အရေးကြောင်းတွေ သိသာနေ တတ်ပါတယ်။ ရေဆိုတာ သဘာဝ အရေပြား တင်းရင်း စေတဲ့အရာပါ။ ရေသောက်တာ ကြောင့် အရေပြားဆဲလ်တွေ အစိုဓာတ် ရစေပြီး တင်းရင်းပြည့်ဖြိုး စေပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်ထဲက အဆိပ်အတောက် တွေ ထွက်သွားစေပြီး သွေးလှည့်ပတ်မှု အားကောင်းကာ မျက်နှာ အသားအရေ ကြည်လင်တောက်ပ စေပါတယ်။

၇။ အစာကြေညက်စေခြင်း

အမျှင်ဓာတ်လိုပဲ ရေဟာ အစာကြေညက် စေပါတယ်။ ရေဟာ မကောင်းတဲ့ အရာတွေကို ပျော်စေပြီး အစာခြေ လမ်းကြောင်းက တစ်ဆင့် ချောချောမွေ့မွေ့ ထွက်ရှိနိုင်အောင် ကူညီပေးတတ်ပါတယ်။ ရေဓာတ်ခန်းခြောက် နေရင် ခန္ဓာကိုယ်က ရေအားလုံး စုပ်ယူကာ စွန့်ပစ်ပစ္စည်းတွေ ထွက်ရှိဖို့ ခက်ခဲသွားစေပါတယ်။
Ref: Good Health

19 Nov 2012

ရေသောက်ရန် အကောင်းဆုံး အချိန်

ရေဟာ လူ့ကျန်းမာရေးအတွက် အထောက်အကူပြုမှန်း၊ အဓိကလိုအပ်မှန်း သိကြပေမယ့် အချိန်မှန်၊ ပမာဏ မှန်မှန် သောက်သုံးမှသာ ထိထိရောက်ရောက် ကောင်း
ကျိုးပေးတာ ဖြစ်ပါတယ်။ ဒါကြောင့် ရေသောက်ရန် အကောင်းဆုံး အချိန်များကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။

၁။ မနက် အိပ်ယာထချိန်
ဖန်ခွက် တစ်ခွက် သို့မဟုတ် ၂ ခွက် စာ ရေသောက်သုံးခြင်း ဖြင့် သွေးလည် ပတ်မှုကို မြင့်တင်ပေးခြင်း၊ သွေး စေးပျစ်မှု လျော့ချပေးခြင်း၊ ကိုယ်တွင်း အူလမ်းကြောင်းများ သန့်ရှင်း၍ ပိုမို သန်မာစေခြင်း တို့ကို ဖြစ်စေပါတယ်။

၂။ အစားမစားမှီ
အစားမစားမှီ မိနစ် ၃၀ လောက်မှာ ရေဖန်ခွက် တစ်ခွက် သောက်သုံး သင့်တယ်လို့ ဆိုပါတယ်။ ယင်းသို့သောက်သုံးခြင်းဖြင့် အစာချေ စနစ်ကို ပိုမို အသက်ဝင်စေပြီး အာဟာရများအား ပိုမိုဆုပ်ယူပေးနိုင်မှာ ဖြစ်ပါတယ်။

၃။ အစားစားပြီး
အမှန်တော့ အစားစားပြီးချင်း ရေသောက်ခြင်းကို ဆေးပညာရှင်များက အားမပေးပါဘူး။ အစားစားပြီး တစ်နာရီခွဲ အတွင်း ရေသောက်ရင် ယင်းရေဟာ မိမိရဲ့  အစာချေစနစ်ကို အနှောက့်အယှက်ပေးနိုင် လို့ ဖြစ်ပါ တယ်။

၎။ ညနေအချိန်
ညနေ ၂ နာရီ ကနေ ၃ နာရီကြားမှာ ရေ ၁ခွက် သို့မဟုတ်၂ ခွက်လောက် သောက်သင့်တယ် လို့ ဆိုပါတယ်။ တစ်မနက်လုံး လူပင်ပန်း သမျှ၊ စိတ်ပင်ပန်းသမျှကို ယင်းအချိန် ရေသောက်ခြင်းဖြင့် ပြန် လည်လန်း ဆန်းစေပါတယ်။

၅။ ညအိပ်ယာဝင်ခါနီး
ည အိပ်ယာဝင်ခါနီးဆိုတာ မအိပ်ခင် တစ်နာရီ ဖြစ်ပါတယ်။ ညအိပ်တဲ့ခါ ကိုယ်တွင်းမှာ အစာချက်လုပ်ငန်းနဲ့ အခြားသော လုပ်ဆောင်ချက်များ အတွက် ရေလိုအပ်ပါတယ်။ ဒါကြောင့် အိပ်ယာမ၀င်ခင် ရေသောက်နိုင် သလောက် အတန်သင့် သောက်ထားခြင်းဖြင့် အစာချေစနစ်ရော၊ ကိုယ်တွင်း လုပ်ဆောင်ချက်ကိုရော ပုံမှန်အတိုင်း ကျန်းမာစွာ လည်ပတ်စေ မှာ ဖြစ်ပါတယ်။

ချွင်းချက်
 ရာသီဥတုပူအိုက်တဲ့အခါ ချွေးအထွက် လွန်တဲ့အတွက်၊ ချွေး အထွက် များတဲ့အတွက် တစ်ခါတစ်လေကျ ရင် ရေအရမ်းဆာတတ်ပါတယ်။ အဲ့ဒီအချိန်ကျ ဘာမှ သတ်မှတ်မနေတော့ပဲ ရေအငတ်ပြေ ဖို့အတွက် သောက်သုံးဖို့ လိုအပ်ပါတယ်။ ရေဆာနေတုန်း အချိုရည်သောက်သုံးခြင်းထက် ရေသောက်သုံးခြင်းကသာ ကျန်းမာရေး အတွက် ပိုမို သင့်လျော်ကောင်းမွန်းပါတယ်။

အထက်အပါအတိုင်း စနစ်မှန်၊ ပမာဏ မှန် ရေသောက်သုံးမယ် ဆိုရင် လူ့ကျန်းမာရေးအတွက် များစွာ အကျိုးထူးစေမှာ ဖြစ်ပါတယ်။
 Ref: medic facts
http://www.innewsmyanmar.com/2012/11/blog-post_4561.html

Twitter Delicious Facebook Digg Stumbleupon Favorites More