Pages - Menu

ဆန်လုံးညို(Brown Rice)

ဆန်ဖြူကို ကြိတ်ခွဲလိုက်တာကြောင့် ဗီတာမင် B3 ၆၇ ရာခိုင်နှုန်း၊ ဗီတာမင် B1 ၈၀ ရာခိုင်နှုန်း၊ ဗီတာမင် B6 ၉၀ ရာခိုင်နှုန်း၊ မဂ္ဂနီဆီယမ်တစ်ဝက်၊ ဖော့စ်ဖရပ်စ် တစ်ဝက်၊ သံဓာတ် ၆၀ ရာခိုင်နှုန်းနဲ့ အမျှင်ဓာတ်အားလုံး ဆုံးရှုံးသွားခဲ့ ပါတယ်။

သံလွင်ဆီ(Olive Oil)

သံလွင်ဆီမှာ ဗီတာမင် အေ၊ ဗီတာမင် ဘီဝမ်း၊ ဘီတူး၊ ဗီတာမင်စီ၊ ဒီ၊ အီးနဲ့ ကေစတဲ့ ဗီတာမင်ဓာတ်တွေ ပါဝင်ပြီး သံဓာတ်နဲ့ အိုမီဂါ ၉ လည်း ပါဝင်ပါတယ်။

ပြောင်းဖူး(Corn)

ပြောင်းဖူးမှာ ဗီတာမင်B1 ဗီတာမင်B5 ဗီတာမင်C ဗီတာမင်B9လို့ခေါ်ဖောလိတ် .....ပြောင်းဖူး၏ ကျန်းမာရေး အာနိသင် မှာဆက်ဖတ်ပါ....

ထောပတ်သီး(Avacado)

အာဟာရများကိုဖြည့်တင်းပေးနိုင်ရုံ သာမက သဘာဝမှရသောသကြား ဓာတ်ကိုထောက်ပံ့ပေးခြင်း၊ကိုယ် အလေးချိန်ကျဆင်းစေခြင်း၊အကျိုး ပြုကိုလက်စတီရောကိုတက်စေပြီး ဆိုးကျိုးပေးသောကိုလက်စတီရော ကိုကျဆင်းစေခြင်း စသည့်အချက်များ ကိုရရှိစေနိုင်သည်ဟု သိရသည်။ယခု လေ့လာမှုတွင် ဖော်ပြထားချက်အရ လေဖြတ်ခြင်းကိုပါ ထောပတ်သီးက ကာကွယ်ပေးနိုင်

လိမ္မော်သီး(Orange)

လိမ္မော်သီး၌ ဖိုင်ဘာမျှင်၊ သံဓာတ်၊ မီးစုန်းဓာတ်၊ ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်၊ ကြေးနီဓာတ်၊ သွပ်ဓာတ်၊ ဆလမ်နီယမ်၊ ကယ်လိုရီ၊ ကယ်လဆီယမ်ဒာတ်၊ဗီတာမင်စီ တို့ပါရှိသည်

မာလကာသီး(Guava)

မာလကာသီး တစ်လုံးတွင် ဗီတာမင်စီမှာ လိမ္မော်သီး တစ်လုံး၌ ပါရှိသည့် ဗီတာမင်စီ ပမာဏထက် ငါးဆခန့် ပိုများသည်။ မာလကာသီး၌ ဗီတာမင်စီ အပြင် အေနှင့် ဘီ၊ ကယ်လ်ဆီယမ်၊ ဖော့စပရပ်စ်၊ ပိုတက်ဆီယမ်၊ သံဓာတ်၊ ဖောလစ်အက်စစ်နှင့် အမျှင်ဓာတ်တို့ ပါဝင်သည်။ အများဆုံး ပါဝင်သော ဓာတ်များမှာ ဗီတာမင်စီ ၃၀၂ မီလီဂရမ်နှင့် ဗီတာမင် အေ ၂၅၀ မီလီဂရမ်တို့ ဖြစ်ကြသည်။ မာလကာသီးကို သီတင်း တစ်ပတ်လျှင် နှစ်လုံးခန့် စားသုံး သွားပါက သွေးတိုး ကျဆင်းစေပြီး နှလုံး ကျန်းမာရေးကို အထောက်အကူ ပြုကြောင်း အမေရိကန် သုတေသန ပညာရှင်များက ပြောကြားသည်။

***

***

***

***

***

***

***

***

***

***

Showing posts with label ကြက်ဟင်းခါးပင်/သီး. Show all posts
Showing posts with label ကြက်ဟင်းခါးပင်/သီး. Show all posts

7 Sept 2014

ကြက်ဟင်းခါးသီးအကြောင်းသိကောင်းစရာ

ကြက်ဟင်းခါးသီးဆိုသည့်အတိုင်း နာမည်နှင့်လိုက်ဖက်အောင် သူ၏အရသာမှာ အတော် အ တန် ခါးတာကို စားဖူးသူတိုင်း သိကြမှာပါ။ ကြက်ဟင်းခါးပင်တို့ ဟာ ခြောက်သွေ့စိုစွတ်ေ သာ ရာသီဥတုကိုကြိုက်နှစ်သက်တဲ့အတွက်ကြောင့် အရှေ တော့င် အာရှနိုင်ငံ၏ ဟင်းသီး ဟင်းရွက် အဖြစ် လူသိများပါတယ်။ တောင်အမေရိကတိုက်တွင်လဲ တွေ့ ရတတ်ပါတယ်။ ကြက်ဟင်းခါး ပင်၏ အလွန်သေးငယ်သော ပင်စည်များက နွယ်ပင်နှာမောင်းများဖြင့် တွားသွား၍ ပေါက်ေ ရာက်ရှင်သန်ကြပြီး၊ နွယ်တက်ရန် စင်ခံ၍စိုက်ပျိုးပေးပါက၊ ကောင်းစွာဖြစ်ထွန်း၏။
သဘာဝအလျောက် အသီး၏အပြင်ဘက်တွင် အဖုအထစ်များဖြင့် ရုပ်ဆိုးသည် ဟု ဆိုနိုင်ပါ သည်။ ထိုအဖုအထစ်များ စိပ်လျှင်အရသာမှာ ပိုခါး၍၊ အဖုအထစ်ကျဲပါက အခါးသက်သာပါ သည်။ ယေဘုယျ အားဖြင့် ကြက်ဟင်းခါးသီးအမျိုးအစား(၂)မျိုးရှိပါသည်။ (၁)၂၀-စင်တီမီတာထိ ရှည်လျားသော အရှည်သီးမျိုးသည် အစိမ်းရောင် ဖျာ့ကာ၊ အရသာမှာအခါးလျော့ပါသည်။ (၂) နောက်တစ်မျိုးမှာ ၁၀-စင်တီမီတာ ခန့် သာရှည်ပြီး အစိမ်းပုပ်ရောင် ဖြစ်ကာ အောက်ခြေတွင် ဘဲဥပုံသဏ္ဍာန်ရှိပါသည်။ ထိုအသေးမျိုးသည် အကြီးမျိုးထက် အရသာ ပိုခါးပါသည်။
ကြက်ဟင်းခါးသီးတို့ သည် မှည့်သွားသောအခါ ၀ါလိမ္မော်ရောင်ပြောင်းသွားပြီး၊ အခါးဓာတ်လဲ ပိုလာပါတတ်လို့  အသီးမမှည့်ခင် အပင်မှခူးဆွတ်ပေးရပါမယ်။ ကြက်ဟင်းခါးသီးထဲတွင် အချွန် အတက်များဖြင့် အတန်ငယ်မာကျောသော အဖြူရောင် အစေ့များပါရှိပါတယ်။ ဘူးသီးစေ့ နှင့် ခပ်ဆင်ဆင်တူပါသည်။ အသီးမှည့်သွားတဲ့အခါ၊ အထဲတွင်ရှိသော အစေ့သည် အနီရောင် သို့  ပြောင်းသွားကြပါတယ်။ အခါး ဓာတ်ပြေပျောက်စေရန်အတွက် မချက်ပြုတ်မီ လိုအပ်သည့် ပုံစံလှီးဖြတ်ပြီး၊ ဆားရည်ထဲတွင် နာရီဝက် ခန့် ကြိုတင်၍ စိမ်ပေးထားရပါမယ်။ ကြက်ဟင်းခါးသီး ကို ပုစွန်ခြာက်မှုန့်  ဖြင့်ကြော်စားသြသလို၊ မြေပဲထောင်းဖြင့်လည်း သက်သက်လွတ် ကြော် စားနိုင် ပါသည်။ ၀က်သားနုပ်နုပ်စင်းကာ ကြက်ဟင်းခါးသီးအစာသွပ်အဖြစ် နှပ်စား၍ေ သာ် လည်းကောင်း၊ ရေလုံပြုတ် (သို့  မဟုတ်)မီးအုံ၍သော်လည်းကောင်း ငပိရည်အတို့ အမြုံ့  အဖြစ် စားနိုင်ပါတယ်။ ထိုအရသာခါးခါးလေးကဘဲ ခံတွင်းမြိန်စေပါတယ်။

*** ကြက်ဟင်းခါးသီးနှင့်ကျန်းမာရေး ***
ကြက်ဟင်းခါးသီးသည် လူသားတို့အတွက် သဘာဝတရားကပေးအပ်နှင်းသည့် ဆေးဘက်ဝင် အသီးဖြစ်ပါသည်။ ရိုးရာကုထုံး များတွင် “ အမျိုးသားတို့ အတွက်ဆေးကောင်းတစ်လက် ” ဟု လည်း အဆိုရှိလေ၏။ ကြက်ဟင်းခါးသီးထဲတွင် ကယ်လိုရီပါဝင်မှု အလွန် နဲပါးသော်လဲဘဲ၊ တန်ဘိုးကြီးမားတဲ့ အာဟာရဓာတ်များမြောက်များစွာပါရှိကြပါတယ်။

 လူသားတို့ အတွက် မရှိ မဖြစ် လိုအပ်တဲ့ ဗီတာမင်နှင့်သတ္တုဓာတ်များဖြစ်ကြသော Vitamin A, B1, B2, B3, Vitamin C, Iron, Calcium, Phosphorous, Copper, Potassium, Manganese တို့ စုဝေးရာ အရင်းအမြစ်လဲဖြစ်ပါတယ်။ အမျှင်ဓာတ်ကြွယ်ဝစွာ ပါရှိတဲ့အ့ပြင်၊ Insulin ဓာတ်ပေါင်း တစ်မျိုးဖြစ်တဲ့ Polypeptide P ဓာတ်လဲ ပါရှိပါသည်။ ကြက်ဟင်းခါးသီးထဲတွင်ပါရှိသော....
• Beta-Carotene သည် ပန်းဂေါ်ဖီစိမ်းတွင် ပါရှိမှုထက်(၂)ဆ ပိုပါရှိ၏။
• Calcium သည် ဟင်းနုနယ်တွင် ပါရှိမှုထက် (၂)ဆ ပိုပါရှိ၏။
• Potassium သည် ဌက်ပျောသီးတွင် ပါရှိမှုထက် (၂)ဆ ပိုပါရှိ၏။

(၁) သွေးကိုသန့် စင်စေပါတယ်။ သွေးအဆိပ်တက်၍ အသားများယားယံသောအခါများတွင် ကြက် ဟင်းခါးသီးသတ္တုရည် နှင့် သံပုရာရည်တို့ ကို ဆတူရောကာ ရေဆာတိုင်းသောက်သုံးပေး သင့်ပါတယ်။

(၂) ကာလ၀မ်းရောဂါဖြစ်သောအခါ၊ ကြက်ဟင်းခါးပင်၏အရွက် သတ္တုရည် (၂)ဇွန်း၊ ကြက်သွန်နီ သတ္တုရည်(၂)ဇွန်း၊ သံပုရာရည် (၁)ဇွန်း တို့ ရောစပ်၍ ရောဂါမပျောက်မချင်းသောက်သုံးပေးနို င် ပါတယ်။

(၃) ကြက်ဟင်းခါးသီးထဲတွင် insulin ဓာတ်အပြည့်အ၀ပါရှိသောကြောင့် သွေးနှင့်ဆီးထဲရှိ ဂလူးကို့ စ် ပမာဏကို ချပေးပါတယ်။ အခါးကြောက်သော သွေးချိုရောဂါဝေဒနာရှင်များသည် နံက်တိုင်း ကြက်ဟင်းခါးသီးသတ္တုရည်ကို ပျားရည် (သို့ မဟုတ်) မုန်လာဥနီ (သို့ မဟုတ်) ပန်း သီးဖျော်ရည်တို့ ဖြင့် ရောစပ်၍ သောက်ပေးသင့်ပါတယ်။ ဆီးချိုရောဂါဝေဒနာသည် များသည် နံက်တိုင်း ကြက်ဟင်းခါးသီး သတ္တုရည်ကို ပန်းသီးစိမ်းဖျော်ရည်ဖြင့် သောက်သုံးပေးခြင်းဖြင့် အကျိုးကျေးဇူးများစွာ ရရှိစေမှာ အမှန်ပါ။

(၄) ကြက်ဟင်းခါးသီးကိုမှန်မှန်စာေးပးခြင်းဖြင့် ခွန်အားကိုတိုးပွားစေပြီး၊ သက်လုံကိုလဲကော င်းစေ ပါတယ်။

(၅) ဟင်းသီးဟင်းရွက်ထဲတွင်ပါရှိသော သဘာဝဓာတ်တစ်မျိုးဖြစ်တဲ့ အမျှင်ဓာတ်တို့ ပေါကြွယ် ၀စွာ ပါရှိခြင်းကြောင့် ၀မ်းချုပ် ခြင်းမှ ကာကွယ်ပေးပါတယ်။ ရိုးရားပရဆေးများတွင်ကြက်ဟင်းခါး သီးကို ၀မ်းနှုတ်ဆေးအဖြစ် ဖော်စပ်လေ့ရှိကြတာပါ။

(၆) ကြက်ဟင်းခါးသီးသည် အစာချေရည်ထွက်ရှိမှုကိုအားပေး၏။ ထို့ ကြောင့် ရင်ပြည့်ရင်ကယ် သူ များနှင့် အစာမကျေသော သူများ စားသုံးပေးသင့်ပါတယ်။

(ရ) Beta-carotene ဓာတ်မြင့်မားစွာပါရှိသောကြောင့် အမြင်အာရုံကိုတိုးတက်ကောင်းမွန်စေ ပါတယ်။

(၈) ကြက်ဟင်းခါးသီးသတ္တုရည်ဟာ အရက်သေစာမူးယစ်ထုံထိုင်းမှုကို ဖြေလျော့ပေးနိုင်စွမ်းရှိ သည့်ပြင်၊ အသည်းကိုလဲ သန့်  စင်ပေးတာကြောင့် အရက်နာကျသူများ ကို ကောင်းကျိုးပြု ပါတယ်။

(၉) လိပ်ခေါင်းသွေးကျလူနာများသည် ကြက်ဟင်းခါးသီးသတ္တုရည်ကို ထောပတ်နှင့်ရောဖျော် ကာ နံက် အိပ်ယာထ တိုင်း ၁-လ တိတိ မှန်မှန်သောက်ပေးပါက အကျိုးထူးများစွာကို ခံစား ရမှာ်ပါ။ ဒါ့အပြင် ကြက်ဟင်းခါးပင်ရဲ့ အမြစ်ကို ကြေညက်အောင် ထောင်းထုပြီး လိပ်ခေါင်းသွေး ကျနာပေါ်သို့ အုံပေးပါက၊ အနာကျက်စေပါတယ်။

(၁၀) အသားအရည်များကြမ်းတမ်းကာ အနီပိန့် များထွက်လာခြင်း၊ အင်ပြင်ထခြင်း၊ မှိုရောဂါ တမျိုးကြောင့် ပွေး၊ နှင်းခူနာများ ဖြစ်ပေါ်ခြင်း၊ မျက်နှာပေါ်တွင် အမည်းကွက်များပေါ်ခြင်း၊ ၀က်ခြံေ ပါ က်ခြင်းများအတွက် ကြက်ဟင်းခါးသီးက များစွာကောင်းကျိုး ပြုပါတယ်။

(၁၁) အသားဝါရောဂါသည်များလည်း စားသုံးပေးသင့်ပါတယ်။

(၁၂) ကြက်ဟင်းခါးသီးသည် ခန္ဓာကိုယ်ထဲရှိ ပိုလျှံသော ကယ်လိုရီများကို လောင်ကျွမ်းစေပြီး၊ ၀မ်းဗိုက်မှ အဆီပိုများကိုလဲကျစေ တာကြောင့် ခန္ဓာကိုယ်အလေးချိန် ပုံမှန်ထိန်းလိုသူများအနြေ ဖင့် ကြက် ဟင်း ခါးသီး သတ္တုရည်ကိုမှန်မှန်သောက်သုံးပေးသင့် ပါတယ်။

(၁၃) ဆေးသုတေသနပြုချက်များအရ ကြက်ဟင်းခါးသီးသည် ရောဂါများကိုပြီးစေနိုင်သည့်အစွမ်း သတ္တများရှိခြင်းကြောင့် ကင်ဆာရောဂါ ဝေဒနာသည်များ အားထားသင့်သော ဆေးတစ်ခွက်ြ ဖစ်ြေ ကာင်း အတည်ပြုထောက်ခံထားကြပါတယ်။ ထို့ ပြင် HIV ပိုးကို တိုက်ထုတ်နိုင်သည်ဟု ဆို၏။

(၁၄) ချောင်းဆိုးရင်ကျပ်နာများ၊ ပန်းနာရောဂါများ နှင့် လည်ချောင်းနာ/အာသီးရောင်နာ သူများ သည် ပျားရည် ၁၀-စက် ထဲသို့  ကြက်ဟင်းခါးသီးသတ္တုရည် ၁-ဆ၊ ရေ ၄-ဆ ရော၍ သောက် သုံးေ ပးခြင်းဖြင့် အသက်ရှုလမ်းကြောင်းပြသနာများကို လျှင်မြန်စွာ ပြေပျောက်စေနိုင်ပါတယ်။
< သတိပြုရန် >
ကြက်ဟင်းခါးသီသည် ၀မ်းသက်စေသောကြောင့်၊ ၀မ်းသွားနေသောသူများ နှင့် ကိုယ်ဝန်ေ ဆာင်သည်များ အထူးရှောင်ရှား ရပါမည်။
++++++++++++++++++++++++++++++++++++
ကျွန်မတို့ နေထိုင်ရာ ဒီကမ္ဘာမြေကြီးပေါ်တွင် လူသားတို့ အတွက် ဆေးဘက်ဝင်စေသော ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများစွာ ကို သဘာဝတရားကြီးက အဆင်သင့် ဖန်တီးပေးထားပါတယ်။ သဘာဝတရားကြီးက ဖန်တီးပေးထားတဲ့ ထိုအရသာခါးခါး ကပင် လူသားတို့ ကျန်းမာရေးကိုများစွာ အထောက်အကူပေးတာကြောင့် ဘေးထွက်ဆိုးကျိုးနဲလှသည့်
ကြက်ဟင်းခါးသီးကို အလေ့အကျင့်လုပ်၍ စားသုံးပေးကြပါရန် တိုက်တွန်းလိုက်ရပါသည်။


(ဆောင်းပါးရှင်…ပေါက်ပေါက်..မျှဝေသည်)
Ref : encyclopedia<Health Benefits of Bitter gourd>

2 Oct 2013

ကြက်ဟင်းခါး ပင်

Item Name ------- Bitter Gourd (ကြက်ဟင်းခါး)
Category ---------- Raw Material
Botany Term ------ Momordica charantia Linn
Species Family ---- Cucurbitaceae

မြန်မာနိုင်ငံ နေရာ အနှံ့အပြား၌ စိုက်ပျိုးသည်။ သဘာဝ အလျောက် ပေါက်ရောက်သော ကြက်ဟင်းခါးငယ်မျိုးလည်း ရှိသည်။စိုက်ပျိုးပင် ဖြစ်သည်။အစေ့ကို တိုက်ရိုက်ချ၍ စိုက်ပျိုးနိုင်သည်။

စိုက်ချိန်မှာ မိုးဦးတွင် တန်ခူးမှ နယုန် ၊ မိုးနှောင်းတွင် သီတင်းကျွတ်မှ တန်ဆောင်မုန်းဖြစ်သည်။ စိုက်ခင်းမြေအား ကောင်းစွာပြုပြင်ပြီး မြေဆွေးနှင့် နွားချေးရော၍ ချပေးကာ တစ်ပင်နှင့် တစ်ပင် ၂ ပေ ၊ တစ်တန်းနှင် တစ်တန်း ၃ ပေ ခြား၍ စင်ခံပေးရမည်။ ခြံစည်းရိုးများတွင်လည်း စိုက်နိုင်သည်။

စိုက်ကျင်းတစ်ကျင်းလျှင် ၃ စေ့မှ ၅ စေ့အထိ ချပြီး စိုက်နိုင်သည် ။ မြန်မာနိုင်ငံ အလယ်ပိုင်း တွင်မူ လယ်ကွင်းများ၌ တစ်ကျင်းနှင့် တစ်ကျင်း ၄ ပေ ခွာ၍ စိုက်ကြသည်။

ပေါင်းလိုက်ခြင်း ၊ မြေဆွခြင်း လုပ်ငန်းများကို လိုအပ်သလို ပြုလုပ်ပေးရမည်။ ခ၀ဲ ၊ သခွားကဲ့သို့ အညွန့် များကို ဆိတ်ပစ်နိုင်လျှင် အသီးများသည်။

စိုက်ပြီး ရက်ပေါင်း ၇၅ မှ ၉၀ ရက်အတွင်း အသီး သီးသဖြင့် ခူးယူသုံးစွဲနိုင်သည်။

►အသုံးဝင်ပုံ

အရွက် ၊ အသီး ။

►အာနိသင်

မြန်မာဆေးကျမ်း များ အလိုအရ ခါး၏ ၊ စပ်ရှားရှားရှိ၏ ။ အေး၏ ၊ ကြေကျက်လွယ်၏ ၊ ၀မ်းကို သက်စေ၏ ၊ ပိုးကို နိုင်၏ ၊ ဆာလောင်ခြင်းကို ဖြစ်စေတတ်၏ ၊ သည်းခြေသလိပ်ကို နိုင်၏ ။ မျက်စိရောဂါ ၊ ယောနိ၌ ဖြစ်သောရောဂါများ ၊ သွေးအားနည်းခြင်း ၊ ဆီးနှင့် စပ်သောရောဂါများကို ပျောက်စေသည်။

►အရွက်အသုံးပြုပုံ

၁။ ကြက်ဟင်းခါးရွက်ကို ဆား၊ ထန်းလျက်ထည့်၍ ၃ ခွက် တစ်ခွက်တင် ကျိုသောက်က တုန်ဖျား ၊ ချမ်းဖျား ပျောက်၏ ။

၂။ အရွက်ကြိတ်ညှစ်ရည်ကို သောက်လျှင် အူတွင်းရှိ ရောဂါပိုးများကို သေကြေပျက်စီး၏ ။

၃။ ကြက်ဟင်းခါးရွက်ရည်ကို ဖန်ခါးသီးနှင့် သွေးသောက်သော် အသည်းရောင်၍ အသားဝါသောရောဂါ ပျောက်ကင်း၏။

၎။ မူးမော်ခြင်းလည်း ပျောက်ရန်လည်းကောင်း ၊ညှော်ခံဆေးအဖြစ်လည်းကောင်း ၊ ကြက်ဟင်းခါးရွက်ကိုချေ၍ ရှူပေးရ၏။

၅။ အဖျားကို နိုင်သော သတ္တိရှိသဖြင့် အရွက်ကို ကြိတ်၍ ရသော အရည်ကို တိုက်ပေးခြင်းဖြင့် သွေးလွန်တုပ်ကွေးရောဂါပျောက်၏။

၆။ ခွေးရူးကိုက်သောနေရာများတွင် အရွက်ကိုကြိတ်၍ အုံပေးခြင်း၊ အရည်ညှစ်ထည့်ပေးခြင်း ၊ သောက်ပေးခြင်းဖြင့် ပျောက်ကင်း၏။

►အသီးအသုံးပြုပုံ

၁။ ကြက်ဟင်းခါးသီးအခြောက်ကို ကျောက်ပျဉ်တွင် သွေးလူးသော် လည်ချောင်းရောင်သောရောဂါ ပျောက်ကင်း၏ ။

၂။ ကြက်ဟင်းခါးသီးရည်ကို ဆီနှင့် ရောသောက်က ကာလ၀မ်းရောဂါ ပျောက်ကင်း ၏ ။ ၎င်းအရည်တွင် ပျားရည် အနည်းငယ် ရောသောက်လျှင် ရေဖျဉ်းရောဂါ ပျောက်ကင်း၏။

၃။ အသီးနုအရည်ကို မီးပေါ်၌ နွေး၍ လိမ်းပေးလျှင် အဆစ်ရောင်ရောဂါ ပျောက်၏ ။

မြန်မာ့ဆေးဖက်ဝင်အပင်များ
source>>https://www.facebook.com/myanmarherbal

13 Sept 2013

ဆေးဖက်ဝင် ကြက်ဟင်းခါးသီး

ဆေးဖက်ဝင် ကြက်ဟင်းခါးသီးကြက်ဟင်းခါးသီး ၏ဆေးစွမ်း ကြက်သွန်ဖြူ ထက်ပုံမှာကား- (၁) ဆီး ချိုသွေးချိုရောဂါကို တားဆီး ကာကွယ်ပေးခြင်း၊ (၂) ကင်ဆာရောဂါများကို တားဆီး ကာကွယ်ပေးခြင်း၊ (၃) အစာအိမ် အားကောင်းစေပြီး အစာကြေ လွယ်စေခြင်း၊ (၄) ဒူးနာ၊ ခါးနာ၊ ခြေထောက်နာ၊ လေရောဂါ ကာကွယ် ကုသရာတွင် ဆေးစွမ်းထက်မြက်ခြင်း၊ (၅) အသား အရေချောမောလှပ တင့် တယ်ပြေပြစ်စေခြင်း၊စိုပြည်စေခြင်း စသည် တို့ဖြစ်ပါသည်။

အထူးရှောင်ကျဉ်ရန်မှာ ကြက်ဟင်းခါးသီးကို လွန်လွန်ကျွံကျွံ စားသုံးခြင်း မပြုကြရပါ။ ကယ်လ်စီယမ်စုပ်ယူမှုအားကို ထိခိုက်တတ်၏။ တစ်ခါစားလျှင် ၈၀ ဂရမ်မှ ၁၀ဝ ဂရမ်အထိသာ စားသုံးမှီဝဲသင့်ပါသည်။ ပူအိုက်သောနွေ ရာသီတွင် စားသုံးပေးပါ။ရေငတ်ပြေစေသည်။ အပူရှပ်ခြင်း ကိုကာ ကွယ်ပေးသည်။

ကေတီအောင်သိန်း (ရန်ကုန်တက္ကသိုလ်)
By Health Digest

ကြက်ဟင်းခါးသီးအရည်ကပန်ကရိယကင်ဆာ ဖြစ်ပွားမှုကိုကာကွယ်ပေးနိုင်

ကော်လိုရာဒို ကင်ဆာ လေ့လာရေး တက္ကသိုလ်မှ လေ့လာမှု တစ်ခုအရ ကြက်ဟင်းခါးသီး အရည်က ပန်ကရိယင်ဆာ ဆဲလ်များအား သေဆုံး သွားစေနိုင်ကြောင်း သိရသည်။
လွန်ခဲ့သော သုံးနှစ်ခန့် ကလည်း လေ့လာသူများက ကြက်ဟင်းခါးသီး ထွက်ကုန်များက ရင်သား ကင်ဆာအပေါ် ကောင်းကျိုး သက်ရောက်ပုံများအား ပြသခဲ့သည်။ 
ယခုလေ့လာမှုအား ကော်လိုရာဒို တက္ကသိုလ်မှ ကင်ဆာ ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဌာန နှင့် Skaggs ဆေးဝါးကျွမ်းကျင်မှု သိပ္ပံမှ ပါမောက္ခ Rajesh Agerwal က လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ 
ထို့ပြင် ကြက်ဟင်းခါးသီးအား အိန္ဒိယနှင့် တရုတ် ရိုးရာ ဆေးကျမ်းများ၌ အမျိုးအစား (၂) ဆီးချို ကုသရာ၌ အသုံးပြုခဲ့သည်မှာ ရာစုနှစ်ပေါင်း များစွာ ကြာပြီဖြစ်သည်။ Agarwal က ကြက်ဟင်းခါးသီးက ပန်ကရိယ ကင်ဆာဆဲလ်များ၏ လုပ်ငန်း ဆောင်တာကို ပြောင်းလဲ သွားစေရုံသာမက ကင်ဆာဆဲလ်များ စွမ်းအင်ရရှိမှု နည်းစေသော အင်ဇိုင်း တစ်မျိုးကို လှုံ့ဆော်ပေးသည့် အပြင် ပန်ကရိယ ဆဲလ်များမှ အင်ဆူလင် ထုတ်မှုအားလည်း မှန်ကန်စေသည်။
 ကြွက်များတွင် စမ်းသပ်ခဲ့ရာ ကြက်ဟင်းခါးသီး အရည်တိုက်ကျွေး ထားသော ကြွက်များတွင် ပန်ကရိယကင်ဆာဖြစ်ပွား နိုင်ချေ ၆၀%ခန့် ပိုနည်းကြောင်း သိရသည်။

အပိန်လေး
credit to; Health Updates Journal

ကြက်ဟင်းခါးသီးနှင့်ကျန်းမာရေး

ကျွန်မတို့ စားသုံးနေတဲ့ ဟင်းလျာထဲမှာ ပါဝင်တဲ့ ကြက်ဟင်းခါးသီးဟာ ဆေးဖက်ဝင်ပါတယ် ဆိုတာ စားသုံးသူတော်တော်များ များ သိကြပါတယ်. . ဘယ်လိုရောဂါမျိုးတွေအတွက် ဆေးဖက်ဝင်တယ်ဆိုတာကို လေ့လာကြည့်တဲ့ အခါမှာ
ကြက်ဟင်းခါးသီးဟာ အဓိကအားဖြင့် ရောဂါကြီးသုံးခုကို ကာကွယ်ကုသရာမှာ အထောက်အကူပြုပါတယ်..

၁။ ဆီးချို သွေးချိုရောဂါ
၂။ HIV ရောဂါ
၃။ ခုခံအားစနစ်နှင့် ပက်သက်သော ရောဂါများ (Immunological Diseases) များကို ကုသရာမှာ ထိရောက်တဲ့ အစားအစာတစ်ခု ဖြစ်ပါတယ်. .

ဆီးချို၊သွေးချိုရောဂါအတွက် ကြက်ဟင်းခါးသီးမှာ ပါတဲ့ အခါးဓာတ်နဲ့ အဖန်ဓာတ်တွေဟာ သွေးထဲမှာရှိတဲ့ Glucose သကြားဓာတ်ကို ကျစေနိုင်တဲ့ သတ္တိရှိပါတယ်. . Glucose တွေဟာ သွေးထဲကို အများကြီးရောက်မလာလို့ ဆီးချိုသွေးချို ဝေဒနာတွေအတွက် အကျိုးရှိပါတယ်. ဒါကြောင့် ဆီးချို၊သွေးချိုသမားတွေဟာ ကြက်ဟင်းခါသီးကိုစားရင် များစွာာ အကျိုးရှိပါတယ်. . .

ကြက်ဟင်းခါးသီးကို ဆေးဖက်ဝင်အောင်စားရင် အစိမ်းအတိုင်း ပါးပါးလှီးပြီး တို့စရာလို လုပ်စားမှသာ ရမှာ ဖြစ်ပါတယ်. .အပူပေးရင်လည်း ခဏတဖြုတ် အစိမ်းကြော် ကြော်သလိုမျိုး လုပ်မှ အာနိသင်ရမှာဖြစ်ပါတယ်. .

ဆီးချိုရောဂါဝေဒနာရှင်တွေက စားမယ်ဆိုရင်တော့ တစ်နေ့ကို ကြက်ဟင်းခါးသီး အနေတော် တစ်လုံးရဲ့ ¼ လောက် စားရင် လုံလောက်ပါတယ်.

HIV လူနာများကို Traditional Medicine အနေနဲ့ ကုသတဲ့ အခါမှာ ကြက်ဟင်းခါးသီးကို အဓိကအသုံးပြုနိုင်ပါတယ် ကြက်ဟင်းခါးသီးထဲမှာ ပါတဲ့ MAP 30 ဟာ HIV-1 ဗိုင်းရပ်စ်များကို မ၀င်နိုင်အောင် ဟန့်တားနိုင်တဲ့ အပြင် ကူးဆက်ပြီးသား ဆဲလ်တွေမှာရှိတဲ့ ဗိုင်းရပ်စ်ပိုးပွားများ မှုကိုပါ ဟန့်တားနိုင်စွမ်းရှိပါတယ်.

ကြက်ဟင်းခါးသီးကို စားတဲ့ အခါမှာ အကြောတွေ တက်စေပတယ်. . ကြက်ဟင်းခါးသီးရဲ့ အစေ့နဲ့ အစေ့ညာတိုင်တွေကို ဖယ်ပြီး အသားချည်းပဲ စားရင်တော့ တက်တာ Blood Pressure တက်တာမျိုး မဖြစ်နိုင်ပါ. . ကိုယ်ဝန်ဆောင်တွေကတော့ကြက်ဟင်းခါးသီးကို လုံးဝမစားသင့်ပါဘူး နည်းနည်းစားရင် ပြသာနာမရှိပေမယ့် များများစားရင် ကိုယ်ဝန်ပျက်ကျတတ်ပါတယ်. . .

လူတိုင်းရဲ့ ခန္ဓာကိုယ်မှာ Immune System လို့ခေါ်တဲ့ ခုခံအားစနစ်ရှိပါတယ်. . . အပြင်ကနေ ခန္ဓာကိုယ်ကို ဒုက္ခပေးတဲ့ ပစ္စည်းတွေရှိပါတယ်. . .ခုခံအားနဲက ပတ်သက်တဲ့ ရောဂါတွေလျော့ပါးစေဖို့လည်း ကြက်ဟင်းခါးသီးကို စားသုံးသင့်ပါတယ်..

ဒေါက်တာခင်မောင်လွင်

10 Dec 2012

ကြက်ဟင်းခါးသီး၏ အာနိသင်များ

ကြက်ဟင်းခါးသီးရဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို အာရှ တိုင်းပြည်တွေမှာ ရှေးနှစ်ပေါင်း များစွာကတည်းက သိရှိကာ အသုံးပြုခဲ့ကြပါတယ်။  ကြက်ဟင်းခါးသီးမှာ လူ့ခန္ဓာကိုယ်အတွက် အကျိုးပြုနိုင်တဲ့ မရှိမဖြစ် အာဟာရဓာတ် အပြည့်အဝ ပါဝင်ပါတယ်။ သံဓာတ်၊ ကယ်လ်စီယမ်၊ ပိုတက်စီယမ်၊ ဘီတာကယ်ရိုတင်း၊ ဗီတာမင် B1၊ B2၊ B3 နဲ့ စီတို့ ပါဝင်ပါတယ်။ အဆီနဲ့ ကိုလက်စထရော ပါဝင်မှု မရှိပါဘူး။ ဒီလို အာဟာရဓာတ်တွေ ပါဝင်နေတဲ့ ကြက်ဟင်းခါးသီးကို အသင့်အတင့် စားပေးရင် အောက်ပါ အကျိုးကျေးဇူးတွေကို ရရှိနိုင်ပါတယ်။


၁) ကြက်ဟင်းခါးသီးဟာ အရေပြားရောဂါတွေ၊ အရေပြားပိုးဝင်တဲ့ ပြဿနာ၊ နှင်းခူနဲ့ အရေပြား အနာတွေကို ကုသရေးမှာ အထောက်အကူ ပြုပါတယ်။

၂) ကြက်ဟင်းခါးသီးမှာ ဗိုင်းရပ်စ်ဆန့်ကျင်တဲ့ ဂုဏ်သတ္တိရှိပြိး ရေယုန်ဗိုင်းရပ်စ်ကို ကုသရာမှာ အသုံးပြုနိုင်ပါတယ်။

၃) ကြက်ဟင်းခါးသီးရဲ့ တိကျတဲ့ အကျိုးကျေးဇူးတစ်ခုက ဆိုးရီးယေးစစ်ရောဂါကို ကုသနိုင်တာ ဖြစ်ပါတယ်။

၎) အစာမကြေတာ၊ လိပ်ခေါင်းဖြစ်တာတွေ ဖြစ်ခဲ့ရင် ကြက်ဟင်းခါးသီးက သက်သာစေပါတယ်။ သူ့မှာ ရောင်ရမ်းမှု လျော့ကျစေတဲ့ အာနိသင်ရှိလို့ပါ။

၅) ကြက်ဟင်းခါးသီးမှာ အဆိပ်တွေကို ချေဖျက်ပေးပြီး သန့်စင်ပေးနိုင်တဲ့ အစွမ်းသတ္တိ ရှိပါတယ်။

၆) သွေးဖိအား၊ သွေးတွင်း သကြားဓာတ်နဲ့ ခန္ဓာကိုယ်အပူချိန်ကို လျော့ကျစေပါတယ်။

၇) ကြက်ဟင်းခါးသီးစားရင် HIV လူနာတွေမှာ HIV ဆေးရဲ့ ဘေးထွက်ဆိုးကျိုးကို လျော့ကျစေတယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။

၈) ကြက်ဟင်းခါးသီးကို စားပေးပါက ကင်ဆာဝေဒနာရှင်တွေမှာ ကင်ဆာဆဲလ်တွေရဲ့ လုပ်ငန်းဆောင်တာကို ကောင်းမွန်စေတယ်လို့ ယုံကြည်ကြပါတယ်။

၉) ကြက်ဟင်းခါးသီးရဲ့ အရေးပါတဲ့ အကျိုးကျေးဇူးတစ်ခုက ဆီးချိုသွေးချိုရောဂါ ကုသရေးမှာ အသုံးဝင်တာပဲ ဖြစ်ပါတယ်။ ဆီးချိုသွေးချိုရောဂါ ရှိသူတွေဟာ သွေးထဲက သကြားဓာတ်ကို စွမ်းအင်အဖြစ် သုံးနိုင်စွမ်း မရှိပါ။ ကြက်ဟင်းခါးသီးဟာ သွေးထဲက ဂလူးကို့စ်အဆင့်ကို လျော့ကျအောင် ကူညီပေးနိုင်ပါတယ်။ ဒါကြောင့် ဆီးချိုရှိသူတွေ စားသင့်တဲ့ အာဟာရလို့ ဆိုကြတာပါ။

၁၀) ကြက်ဟင်းခါးသီးကို သွေးသန့်စင်စေတဲ့ အရာ၊ လိင်ဆန္ဒ အားကောင်းစေတဲ့အရာ၊ ကိုယ်ခံစွမ်းအား စနစ်ကို မြင့်တက်စေတဲ့အရာနဲ့ ခန္ဓာကိုယ်တွင်းရှိ ဟော်မုန်းတွေကို ဟန်ချက်ညီစေတဲ့အရာအဖြစ် တင်စားကြပါတယ်။ အင်တီအောက်ဆီးဒင့်လည်း အများအပြား ပါဝင်တာကြောင့် ရောဂါဖြစ်စေတဲ့ ဖရီးရယ်ဒီကယ်တွေကို တွန်းလှန်ပေးပါတယ်။

ကြယ်စင်
By Good Health

ကြက်ဟင်းခါးသီးကပေးတဲ့ သူမတူတဲ့ အစွမ်းများ

စားသုံးနေတဲ့ ဟင်းလျာထဲမှာ ပါဝင်တဲ့ ကြက်ဟင်းခါးသီးဟာ ဆေးဖက်ဝင်ပါတယ် ဆိုတာ စားသုံးသူတော်တော်များ များ သိကြပါတယ်. . ဘယ်လိုရောဂါမျိုးတွေအတွက် ဆေးဖက်ဝင်တယ်ဆိုတာကို လေ့လာကြည့်တဲ့ အခါမှာ

ကြက်ဟင်းခါးသီးဟာ အဓိကအားဖြင့် ရောဂါကြီးသုံးခုကို ကာကွယ်ကုသရာမှာ အထောက်အကူပြုပါတယ်..
ကြက်ဟင်းခါးသီးကပေးတဲ့ သူမတူတဲ့ အစွမ်းများ ကတော့

၁။ ဆီးချို သွေးချိုရောဂါ
၂။ HIV ရောဂါ
၃။ ခုခံအားစနစ်နှင့် ပက်သက်သော ရောဂါများ (Immunological Diseases) များကို ကုသရာမှာ ထိရောက်တဲ့ အစားအစာတစ်ခု ဖြစ်ပါတယ်. .

ဆီးချို၊သွေးချိုရောဂါအတွက် ကြက်ဟင်းခါးသီးမှာ ပါတဲ့ အခါးဓာတ်နဲ့ အဖန်ဓာတ်တွေဟာ သွေးထဲမှာရှိတဲ့ Glucose သကြားဓာတ်ကို ကျစေနိုင်တဲ့ သတ္တိရှိပါတယ်. . Glucose တွေဟာ သွေးထဲကို အများကြီးရောက်မလာလို့ ဆီးချိုသွေးချို ဝေဒနာတွေအတွက် အကျိုးရှိပါတယ်. ဒါကြောင့် ဆီးချို၊သွေးချိုသမားတွေဟာ ကြက်ဟင်းခါသီးကိုစားရင် များစွာာ အကျိုးရှိပါတယ်. . .

ကြက်ဟင်းခါးသီးကို ဆေးဖက်ဝင်အောင်စားရင် အစိမ်းအတိုင်း ပါးပါးလှီးပြီး တို့စရာလို လုပ်စားမှသာ ရမှာ ဖြစ်ပါတယ်. .အပူပေးရင်လည်း ခဏတဖြုတ် အစိမ်းကြော် ကြော်သလိုမျိုး လုပ်မှ အာနိသင်ရမှာဖြစ်ပါတယ်. .

ဆီးချိုရောဂါဝေဒနာရှင်တွေက စားမယ်ဆိုရင်တော့ တစ်နေ့ကို ကြက်ဟင်းခါးသီး အနေတော် တစ်လုံးရဲ့ လေးပုံတစ်ပုံ လောက် စားရင် လုံလောက်ပါတယ်.

HIV လူနာများကို Traditional Medicine အနေနဲ့ ကုသတဲ့ အခါမှာ ကြက်ဟင်းခါးသီးကို အဓိကအသုံးပြုနိုင်ပါတယ် ကြက်ဟင်းခါးသီးထဲမှာ ပါတဲ့ MAP 30 ဟာ HIV-1 ဗိုင်းရပ်စ်များကို မ၀င်နိုင်အောင် ဟန့်တားနိုင်တဲ့ အပြင် ကူးဆက်ပြီးသား ဆဲလ်တွေမှာရှိတဲ့ ဗိုင်းရပ်စ်ပိုးပွားများ မှုကိုပါ ဟန့်တားနိုင်စွမ်းရှိပါတယ်.


ကြက်ဟင်းခါးသီးကို စားတဲ့ အခါမှာ အကြောတွေ တက်စေပတယ်. . ကြက်ဟင်းခါးသီးရဲ့ အစေ့နဲ့ အစေ့ညာတိုင်တွေကို ဖယ်ပြီး အသားချည်းပဲ စားရင်တော့ တက်တာ Blood Pressure တက်တာမျိုး မဖြစ်နိုင်ပါ. . ကိုယ်ဝန်ဆောင်တွေကတော့ကြက်ဟင်းခါးသီးကို လုံးဝမစားသင့်ပါဘူး နည်းနည်းစားရင် ပြသာနာမရှိပေမယ့် များများစားရင် ကိုယ်ဝန်ပျက်ကျတတ်ပါတယ်. . .

လူတိုင်းရဲ့ ခန္ဓာကိုယ်မှာ Immune System လို့ခေါ်တဲ့ ခုခံအားစနစ်ရှိပါတယ်. . . အပြင်ကနေ ခန္ဓာကိုယ်ကို ဒုက္ခပေးတဲ့ ပစ္စည်းတွေရှိပါတယ်. . .ခုခံအားနဲက ပတ်သက်တဲ့ ရောဂါတွေလျော့ပါးစေဖို့လည်း ကြက်ဟင်းခါးသီးကို စားသုံးသင့်ပါတယ်. . . .
                                                        

  http://www.facebook.com/koko.mg.528

ကြက်ဟင်းခါးပင်၏ ကျန်းမာရေးစွမ်းပကား

ကြက်ဟင်းခါးသီး၏ စွမ်းပကားခါးသက်သက် အရသာရှိတဲ့ ကြက်ဟင်းခါးသီးဟာ အပူပိုင်း စိုစွတ်တဲ့ရာသီမှာ ပေါက်လေ့ရှိပြီး အဓိကအားဖြင့် အာရှတိုင်းပြည်တွေနဲ့ တောင်အမေရိကတွေမှာ တွေ့ရပါတယ်။ အရသာက ခါးသက်တယ်ဆိုပေမယ့် ကြက်ဟင်းခါးသီးမှာ ကျန်းမာရေး အကျိုးကျေးဇူးများစွာ ရှိပါတယ်။ 


အာဟာရတန်ဖိုး
ကြက်ဟင်းခါးသီးမှာ ကယ်လိုရီပါ ဝင်မှု အလွန်လျော့နည်းပါတယ်။ ဒါပေမဲ့ တန်ဖိုးရှိတဲ့ အာဟာရဓာတ်တွေ အများ အပြား ပါဝင်ပါတယ်။ ဗီတာမင် B1 ၊ B2 နဲ့ B3၊ ဗီတာမင် စီ၊ မဂ္ဂနီဆီယမ်၊ ဖော လစ်အက်စစ်၊ ဇင့်(သွပ်)၊ ဖော့စ်ဖရပ်စ်၊ မဂ္ဂနိစ်နဲ့ အမျှင်ဓာတ်တို့ ကောင်းစွာ ပါ ဝင်နေပါတယ်။ သံဓာတ်ပါဝင်မှု များပြီး ဘီတာကယ်ရိုတင်းပါဝင်မှုဟာ ပန်းဂေါ်ဖီ စိမ်းထက် နှစ်ဆ၊ ကယ်လ်စီယမ် ပါဝင် မှုက ဟင်းနုနယ်ရွက်ထက် နှစ်ဆနဲ့ ပို တက်စီယမ်ပါဝင်မှုက ငှက်ပျောသီးထက် နှစ်ဆ အသီးသီး ပါဝင်နေပါတယ်။ ကြက် ဟင်းခါးသီးမှာ သွေးတွင်း သကြားဓာတ် ကို ကျစေတဲ့ အာနိသင်ရှိသလို Polypeptide P လို့ခေါ်တဲ့ အင်ဆူလင်လို ဒြပ် ပေါင်းတစ်မျိုးလည်း ပါဝင်တာကြောင့် ဆီး ချိုရောဂါရှိသူတချို့အတွက် ကောင်းကျိုး ရှိကြောင်း လေ့လာသူတွေက ဆိုပါတယ်။


ကျန်းမာရေး အကျိုးကျေးဇူးများ

(၁) သွေးပြဿနာများ ကြက်ဟင်းခါးသီးအရည်ဟာ သွေး ဆိပ်သင့်တာကြောင့်ဖြစ်တဲ့ အနာနဲ့ ယား ယံမှုတွေကို ကုသရာမှာ အလွန်အကျိုး ကျေးဇူးများပါတယ်။ လတ်ဆတ်တဲ့ ကြက် ဟင်းခါးသီးအရည်ကို သံပရာရည်နဲ့ ရောကာ အစာမရှိချိန် ဖြည်းဖြည်းချင်း ငုံပြီး နေ့စဉ်သောက်ပေးရင် ၄-၆လ အ ကြာမှာ သိသာတဲ့ တိုးတက်မှုကို တွေ့ရပါ တယ်။


(၂) ကာလဝမ်းးရောဂါ ကာလဝမ်းရောဂါ အစောပိုင်းအ ဆင့်မှာ ကြိတ်ခြေထားတဲ့ ကြက်ဟင်းခါး ရွက် လက်ဖက်စားဇွန်း နှစ်ဇွန်းနဲ့ ကြက် သွန်နီအရည် လက်ဖက်စားဇွန်း နှစ်ဇွန်း၊ သံပရာရည် လက်ဖက်စားဇွန်း တစ်ဇွန်း တို့ကို ဆတူရောပြီး နေ့စဉ် သောက်ပေး ပါ။


(၃) ဆီးးချိုရောဂါ ကြက်ဟင်းခါးသီးမှာ ပါတဲ့ အပင် ထွက်အင်ဆူလင်ဟာ ဆီးနဲ့ သွေးထဲက သကြားဓာတ်ကို လျော့ကျစေတဲ့ အကျိုး ကျေးဇူး ရှိပါတယ်။ ကြက်ဟင်းခါးသီးဟာ သွေးတွင်း အင်ဆူလင်အဆင့်ကို တိုးစေ တာမျိုး မရှိဘဲ ဂလူးကို့စ်ခံနိုင်ရည်ရှိမှုကို သိသိသာသာ ကောင်းမွန်စေတာ ဖြစ်ပါ တယ်။


(၄) စွမ်းအင် ကြက်ဟင်းခါးသီး အရည်ကို ပုံမှန် သောက်ပေးတာကြောင့် စွမ်းအင်နဲ့ သက် လုံကို ကောင်းမွန်စေပါတယ်။ နှစ်နှစ် ခြိုက်ခြိုက် အိပ်မောကျစေပါတယ်။


(၅) မျက်စိပြဿနာများ ကြက်ဟင်းခါးသီးမှာ ဘီတာကယ်ရို တင်းနဲ့ တခြားအာနိသင်တွေ ပါဝင်မှု မြင့် မားတာကြောင့် မျက်စိပြဿနာတွေကို ကင်းဝေးစေပြီး အမြင်အာရုံကို တိုးတက် ကောင်းမွန်စေပါတယ်။


(၆) အရက်နာကျခြင်း ကြက်ဟင်းခါးသီးအရည်ဟာ အ ရက်နာကျတဲ့ ဝေဒနာကို ကုသရာမှာ ကောင်းကျိုး ရှိပါတယ်။ အရက်သောက် တာကြောင့်ဖြစ်တဲ့ အသည်းဝေဒနာ တွေကို ပြုပြင်ပေးပြီး အသည်းကို သန့် စင်စေပါတယ်။


(၇) ကိုယ်ခံစွမ်းအား ကောင်းမွန်ခြင်း ကြက်ဟင်းခါးသီးအရည်ဟာ ကိုယ် ခံစွမ်းအားစနစ်ကို ကောင်းမွန်အောင် တည်ဆောက်ပေးပြီး ခန္ဓာကိုယ်ရဲ့ ရောဂါ တွန်းလှန်နိုင်စွမ်းကို ကောင်းမွန်စေပါတယ်။


(၈) လိပ်ခေါင်း ကြက်ဟင်းခါးရွက်ကရတဲ့ အရည် လက်ဖက်စားဇွန်း သုံးဇွန်းကို ထောပတ်၊ နို့ တစ်ဖန်ခွက်နဲ့ ရောကာ နံနက်တိုင်း အစာမရှိချိန်မှာ သောက်ပေးရင် တစ်လအကြာမှာ သက်သာသွားပါလိမ့်မယ်။ လိပ်ခေါင်းက နာကျင်နေရင် ကြက်ဟင်းခါးပင်ရဲ့ အမြစ်ကို စေးပျစ်အောင် ကြိတ်ပြီး လိပ်ခေါင်းပေါ်မှာ အုပ်ပေးပါ။


(၉) ဆိုးရီးယေးစစ်အရေပြားအနာ ကြက်ဟင်းခါးရွက်အရည်ကို ပုံမှန် သောက်ပေးရင် ဆိုးရီးယေးစစ်နဲ့ တခြား ဖန်းဂပ်စ်မှိုစွဲတဲ့ အရေပြားအနာတွေကို သက်သာစေပါတယ်။


(၁၀) အသက်ရှူလမ်းကြောင်း ပြဿနာများ လတ်ဆတ်တဲ့ ကြက်ဟင်းခါးသီး အရည် နှစ်အောင်စနဲ့ ရေရောထားတဲ့ ပျားရည်တစ်ခွက်ကို ရောသောက်ပေးရင် ပန်းနာရင်ကျပ်၊ လေပြွန်ရောင်တာ စတဲ့ အသက်ရှူလမ်းကြောင်း ဝေဒနာတွေကို သက်သာစေပါတယ်။ သတိပြုရန် ဆီးချိုကုသဆေးသောက်နေတဲ့ ဆီးချိုရောဂါရှိသူတွေအနေနဲ့ ကြက်ဟင်းခါးအရည် မသောက်ခင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ ကိုယ်ဝန်ဆောင်တွေအနေနဲ့ ကြက်ဟင်းခါးသီးကို အလွန်အမင်း စားသောက်တာမျိုး ရှောင်သင့်ပါတယ်။

Ref>>>Good Health

Twitter Delicious Facebook Digg Stumbleupon Favorites More