Pages - Menu

ဆန်လုံးညို(Brown Rice)

ဆန်ဖြူကို ကြိတ်ခွဲလိုက်တာကြောင့် ဗီတာမင် B3 ၆၇ ရာခိုင်နှုန်း၊ ဗီတာမင် B1 ၈၀ ရာခိုင်နှုန်း၊ ဗီတာမင် B6 ၉၀ ရာခိုင်နှုန်း၊ မဂ္ဂနီဆီယမ်တစ်ဝက်၊ ဖော့စ်ဖရပ်စ် တစ်ဝက်၊ သံဓာတ် ၆၀ ရာခိုင်နှုန်းနဲ့ အမျှင်ဓာတ်အားလုံး ဆုံးရှုံးသွားခဲ့ ပါတယ်။

သံလွင်ဆီ(Olive Oil)

သံလွင်ဆီမှာ ဗီတာမင် အေ၊ ဗီတာမင် ဘီဝမ်း၊ ဘီတူး၊ ဗီတာမင်စီ၊ ဒီ၊ အီးနဲ့ ကေစတဲ့ ဗီတာမင်ဓာတ်တွေ ပါဝင်ပြီး သံဓာတ်နဲ့ အိုမီဂါ ၉ လည်း ပါဝင်ပါတယ်။

ပြောင်းဖူး(Corn)

ပြောင်းဖူးမှာ ဗီတာမင်B1 ဗီတာမင်B5 ဗီတာမင်C ဗီတာမင်B9လို့ခေါ်ဖောလိတ် .....ပြောင်းဖူး၏ ကျန်းမာရေး အာနိသင် မှာဆက်ဖတ်ပါ....

ထောပတ်သီး(Avacado)

အာဟာရများကိုဖြည့်တင်းပေးနိုင်ရုံ သာမက သဘာဝမှရသောသကြား ဓာတ်ကိုထောက်ပံ့ပေးခြင်း၊ကိုယ် အလေးချိန်ကျဆင်းစေခြင်း၊အကျိုး ပြုကိုလက်စတီရောကိုတက်စေပြီး ဆိုးကျိုးပေးသောကိုလက်စတီရော ကိုကျဆင်းစေခြင်း စသည့်အချက်များ ကိုရရှိစေနိုင်သည်ဟု သိရသည်။ယခု လေ့လာမှုတွင် ဖော်ပြထားချက်အရ လေဖြတ်ခြင်းကိုပါ ထောပတ်သီးက ကာကွယ်ပေးနိုင်

လိမ္မော်သီး(Orange)

လိမ္မော်သီး၌ ဖိုင်ဘာမျှင်၊ သံဓာတ်၊ မီးစုန်းဓာတ်၊ ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်၊ ကြေးနီဓာတ်၊ သွပ်ဓာတ်၊ ဆလမ်နီယမ်၊ ကယ်လိုရီ၊ ကယ်လဆီယမ်ဒာတ်၊ဗီတာမင်စီ တို့ပါရှိသည်

မာလကာသီး(Guava)

မာလကာသီး တစ်လုံးတွင် ဗီတာမင်စီမှာ လိမ္မော်သီး တစ်လုံး၌ ပါရှိသည့် ဗီတာမင်စီ ပမာဏထက် ငါးဆခန့် ပိုများသည်။ မာလကာသီး၌ ဗီတာမင်စီ အပြင် အေနှင့် ဘီ၊ ကယ်လ်ဆီယမ်၊ ဖော့စပရပ်စ်၊ ပိုတက်ဆီယမ်၊ သံဓာတ်၊ ဖောလစ်အက်စစ်နှင့် အမျှင်ဓာတ်တို့ ပါဝင်သည်။ အများဆုံး ပါဝင်သော ဓာတ်များမှာ ဗီတာမင်စီ ၃၀၂ မီလီဂရမ်နှင့် ဗီတာမင် အေ ၂၅၀ မီလီဂရမ်တို့ ဖြစ်ကြသည်။ မာလကာသီးကို သီတင်း တစ်ပတ်လျှင် နှစ်လုံးခန့် စားသုံး သွားပါက သွေးတိုး ကျဆင်းစေပြီး နှလုံး ကျန်းမာရေးကို အထောက်အကူ ပြုကြောင်း အမေရိကန် သုတေသန ပညာရှင်များက ပြောကြားသည်။

***

***

***

***

***

***

***

***

***

***

Showing posts with label သလည်းသီး/ရည်. Show all posts
Showing posts with label သလည်းသီး/ရည်. Show all posts

24 Dec 2013

တလည်းသီးဟာ ဘာတွေအတွက် ကောင်းသလဲ/တလည်းသီး၏ ကျန်းမာရေး အကျိုးကျေးဇူးများ

တလည်းသီးဟာ ဘာတွေအတွက် ကောင်းသလဲသဘာဝ၏ ဆေးကောင်း တစ်လက်လို့ ဆိုရလောက်တဲ့ တလည်းသီးဟာ လူတွေအတွက် ကျန်းမာရေး အကျိုးကျေးဇူးတွေ များစွာ ရရှိနိုင်ပါတယ်။
 ဖျော်ရည်အဖြစ်လည်း သောက်သုံးနိုင်တယ်လို့ သိရပါတယ်။
(၁) တလည်းသီးဟာ အခြားသော အသီးများထက် ခွံအားဖြစ်နိုင်ပါတယ်။
(၂) သွေးတိုးရောဂါနှင့် ကိုလက်စရောဓာတ်ကို ညှိပေးပါတယ်။
(၃) အရိုးပျော့ ရောဂါအတွက်လည်း ကောင်းမွန်ပါတယ်။
(၄) သွားများကိုလည်း သန်မာစေပါတယ်။
(၅) ဆီးချိုရောဂါ အတွက်လည်း ကောင်းမွန်ပါတယ်။
(၆) အမြင်အာရုံကိုလည်း ကြည်လင်စေပါတယ်။
(၇) ဟင်းချက်ရာတွင်လည်း ထည့်ပြီး ချက်နိုင်တယ်လို့ သိရပါတယ်။
 

 ကျာ်လင်းနိုင် (ရိုးရာလေး)


တလည်းသီး၏ ကျန်းမာရေး အကျိုးကျေးဇူးများ

(၁) ရင်သားကင်ဆာရောဂါကို ကာကွယ်ပေးနိုင်ခြင်း

တလည်းသီးကို မှီဝဲပေးမယ် ဆိုရင် ရင်သားကင်ဆာဖြစ်စေမယ့် ဆဲလ်များကို တိုက်ဖျက် ပေးနိုင်ပါတယ်။ အထူးသဖြင့်ကတော့ အမျိုးသမီးများ စားသင့် ပါတယ်။

(၂) အဆုတ်ကင်ဆာအတွက် ကောင်းမွန်ခြင်း

လေ့လာမူတွေအရ တလည်သီးမှာ ပါဝင်သော ဓာတ်သဘာဝများဟာ
အဆုတ်ကင် ဆာဖြစ်နိုင်ခြေကို လျော့ချနိုင်ပေးကြောင့် သိရပါတယ်။

(၃) အမျိုးသားလိင် ကင်ဆာအတွက် ကောင်းမွန်ခြင်း

အမျိုးသားများလည်း စားသင့်တဲ့ အသီးတစ်ခု ဖြစ်ပါတယ်။ တလည်းသီးဟာ လိင်ပိုင်း ဆိုင်ရာမှာ ဖြစ်စေတဲ့ ကင်ဆာအတွက်လည်း ကောင်းမွန်စေပါတယ်။

(၄) ကိုလက်စရောဓာတ်ကို သိသိသာသာ လျော့ချပေးနိုင်ခြင်း

အဝလွန်သူများ စားပေးသင့်ပါတယ်။ တလည်သီးဟာ ကိုလက်စရောဓာတ်ကို သိသိသာသာ လျော့ချပေးနိုင်ပါတယ်။

(၅) သွေးဖိအားကို ကျဆင်းစေခြင်း

လေ့လာမူတွေအရ တလည်သီးကို ဖျော်ရည်လုပ်ပြီး တစ်နေ့တစ်ခွက်
သောက်သူများဟာ သွေးဖိအားကို ကျဆင်းစေနိုင် ပါတယ်။

Ref - enhancegeneralknowledge
ကျော်လင်းနိုင် (ရိုးရာလေး)

6 Oct 2013

တလည်းသီး (သလဲသီး) ဖျော်ရည်၏ ကျန်းမာရေးအကျိုးထူး (၁၁) ချက်



၁) ရင်သားကင်ဆာကိုတိုက်ဖျက်ခြင်း
အစ္စရေးနိုင်ငံက သုတေသနပြုလုပ်ချက်အရ တလည်းသီးဖျော်ရည်ဟာ ရင်သားကင်ဆာဆဲလ်တွေကို ဖျက်ဆီးပြီး ကျန်းမာတဲ့ဆဲလ်တွေကိုသာ ဆက်လက်ရှင်သန်စေတယ်လို့သက်သေပြထားပါတယ်… ရင်သားကင်ဆာဆဲလ်တွေ ပေါက်ဖွားဖြစ်ပေါ်လာတာကိုလည်း တားဆီးပေးနိုင်ပါတယ်…

၂) အဆုတ်ကင်ဆာကာကွယ်ပေးခြင်း

ကြွက်တွေကို သုတေသနပြုလုပ်ချက်တွေအရ တလည်းသီးဖျော်ရည်ဟာ အဆုတ်ကင်ဆာဆဲလ်တွေရဲ့ဖွံ့ဖြိုးမှုကို ကန့်သတ်တားမြစ်ပေးတယ်လို့ သက်သေပြနိုင်ခဲ့ပါတယ်…

၃) သုတ်ရည်ဂလင်း(ပရိုစတိတ်)ကင်
ဆာဖြစ်ပွားမှုကို နှေးကွေးစေခြင်း
စမ်းသပ်ချက်တွေအရ ကြွက်တွေရဲ့ သုတ်ရည်ဂလင်းကင်ဆာဖွံ့ဖြိုးကြီးထွားမှုကို နှေးကွေးစေတယ်လို့ သိရပါတယ်…

၎) PSA (Prostate Specific Antigen) level ကို တည်ငြိမ်စေခြင်း
သုတ်ရည်ဂလင်းကင်ဆာကုသခံနေတဲ့ အမျိုးသား 50 ဦးကို လေ့လာချက်တစ်ခုအရ တစ်နေ့ကို တလည်းသီးဖျော်ရည် ၈ အောင်စသောက်ခြင်းဟာ PSA Level ကို တည်ငြိမ်စေတယ်လို့သိရပါတယ်.. ဒါကြောင့်တခြားကုသမှုတွေ မလိုအပ်အောင်ပြုလုပ်ပေးနိုင်တယ်လို့ ဆိုနိုင်ပါတယ်… (PSA level ကို သုတ်ရည်ဂလင်းကင်ဆာနဲ့ သုတ်ရည်ဂလင်းဆိုင်ရာတခြားရောဂါတွေကို ထောက်လှမ်းနိုင်ဖို့အသုံးပြုပါတယ်

 
၅) မွေးကင်းစကလေးရဲ့ဦးနှောက်ကို ကာကွယ်ပေးနိုင်ခြင်း
လေ့လာချက်တွေအရ တလည်းသီးဖျော်ရည်ကို မိခင်သောက်သုံးခြင်းဟာ မွေးကင်းစကလေးတွေ ဒဏ်ရာရပြီးနောက်ပိုင်း ဦးနှောက်ထိခိုက်မှုကို ကာကွယ်ပေးနိုင်ပါတယ်...

၆) အရိုးအဆစ်ရောင်ရမ်းနာကိုကာကွယ်ပေးခြင်း
လေ့လာချက်အများအပြားက တလည်းသီးဖျော်ရည်ဟာ အရိုးနုတွေရဲ့ ယိုယွင်းပျက်စီးခြင်းကို ကာကွယ်ပေးနိုင်တယ်လို့ ဆိုထားပါတယ်…

၇) သွေးလွှတ်ကြောများကိုကာကွယ်ခြင်း
တလည်းသီးဖျော်ရည်ဟာ သွေးလွှတ်ကြောထဲ ချေး(ချိုး)ကပ်ခြင်းက ကာကွယ်ပေးသလို အရင်ကကပ်နေတဲ့ ချေးတွေချိုးတွေကိုလည်း ဖြိုခွဲပေးပါတယ်…

၈) အယ်လ်ဇိုင်းမားရောဂါကာကွယ်ြ
ခင်း
တလည်းသီးဖျော်ရည်ဟာ အယ်လ်ဇိုင်းမားရောဂါကို အဖြစ်နှေးစေပါတယ်… လေ့လာချက်တစ်ခုမှာ အယ်လ်ဇိုင်းမားရောဂါထည့်သွင်းထားတဲ့ ကြွက်တွေကို တလည်းသီးဖျော်ရည်တိုက်လိုက်ပါတယ်.. ဒီကြွက်တွေဟာ ဖျော်ရည်မတိုက်ထားတဲ့ ကြွက်တွေထက် စိတ်ပိုင်းဆိုင်ရာအလုပ်တွေကို ပိုပြီးကောင်းကောင်းမွန်မွန်လုပ်နိုင်ကြပါတယ်…

၉) ကိုလက်စထရောလျှော့ချပေးခြင်
တလည်းသီးဖျော်ရည်ဟာ မကောင်းတဲ့ကိုလက်စထရော (LDL) တွေကိုလျှော့ချပေးပြီး ကောင်းတဲ့ကိုလက်စထရော (HDL) တွေကို တိုးမြင့်စေပါတယ်…

၁၀) သွေးဖိအားလျှော့ကျစေခြင်း
လေ့လာမှုတစ်ခုမှာ သက်သေပြနေတာကတော့ တစ်နေ့ကို တလည်းသီးဖျော်ရည် 1.7 အောင်စသောက်ခြင်းဟာ သွေးဖိအားကို ၅ ရာခိုင်နှုန်းလောက်လျှော့ချပေးနိုင်ပါတယ်…

၁၁) သွားကိုကာကွယ်ခြင်း
သုတေသနပြုလုပ်ချက်တွေမှာ တလည်းသီးဖျော်ရည်သောက်ခြင်းဟာ သွားချေး(ချိုး)ကပ်ခြင်းကိုကာကွယ်တဲ့ သဘာဝနည်းလမ်းအဖြစ်အကြံပြုထားကြပါတယ်…


Ref: General knowledge

 နှိုင်းရင့်နွေမှတင်ဆက်သည်...
https://www.facebook.com/hnaingyintnway

တလည်းသီးဖျော်ရည်တစ်ခွက်သောက်ခြင်းဖြင့် ချစ်စိတ်ကို မြှင့်တင်နိုင်


အိမ်ထောင်မှုသုခ အပြည့်အ၀ မရရှိဘူးဆိုရင် တလည်းသီးဖျော်ရည် တစ်ခွက်ကို သောက်လိုက်ပါလို့ ကျွမ်းကျင်သူတွေက အကြံပြုထားပါတယ်။
တလည်းသီးဖျော်ရည်ဟာ အိမ်ထောင်ရှင်တွေအတွက် စိတ်ဆန္ဒကို လှုံဆော်ပေးနိုင်တဲ့ နံပါတ်တစ်ဖျော်ရည်ဖြစ်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။
 တလည်းသီးဖျော်ရည်ဟာ အိမ်ထောင်ရှင်စုံတွဲတွေကိုပိုပြီး ချစ်ချစ်ခင်ခင်နေနိုင်စေကြောင်း လေ့လာမှုအရ သိရပါတယ်။
အကြောင်းကတော့ တလည်းသီးဖျော်ရည်မှာ အင်တီအောက်ဆီးဒင့်ဂုဏ်သတ္တိ အပြည့်ပါဝင်တဲ့အပြင် တလည်းသီးရနံ့နဲ့ အရသာကြောင့် ဖြစ်ပါတယ်။ 
တလည်းသီးဖျော်ရည်နှာ ပါဝင်တဲ့ ဗီတာမင်စီက တစ်နေ့တာ လိုအပ်တဲ့ပမာဏရဲ့ ၁၆% နဲ့ ဗီတာမင် B3 ၊ ပိုတက်စီယမ်၊ သဘာဝဖီနောနဲ့ ဖေလးဗိုနွိုက်တို့လည်းပါဝင်နေပါတယ်။
 တလည်းသီးမှာအမျှင်ဓာတ်ပါဝင်မှုလည်း မြင့်မားတာကြောင့်တလည်းသီးဟာ နှလုံးရောဂါဖြစ်နိုင်ချေကို
 လျော့ကျစေပြီး သွားချေးဖတ်မဖြစ်အောင်လည်း ကာကွယ်ပေးတယ်လို့ သိရပါတယ်။

Good Health ( ZKO )
 http://www.luckymyotaw.com/2013/09/blog-post_5843.html

30 Dec 2012

ဆေးစွမ်းထက်သော သလည်းသီး

မြန်မာနိုင်ငံမှာဆိုရင် ရှမ်းပြည်နဲ့ မြန်မာပြည် အောက်ပိုင်း ဒေသအချို့ မှာ စိုက်ပျိုး အောင်မြင်တဲ့ အသီးတစ်မျိုး ဖြစ်ပါတယ်။ သလည်းသီးလို့ ခေါ်ပြီး ဥရောပ၊ အာဖရိ၊ အမေရိကန်၊ အာရှ အစရှိသဖြင့် နေရာစုံမှာ ဒေသစုံ မှာ ပေါက်တတ်တဲ့ အပင် ဖြစ်ပါတယ်။

သလည်းသီးဟာ သဘာဝအလျောက်ကို ဆေးဖက်ဝင်နေတဲ့ အသီး ဖြစ် ပါတယ်။ vitamins C,K, folate, thiamin, dietary fiber, antioxidants အစရှိတဲ့ ဆေးဖက်ဝင် အာဟာရဓာတ် များစွာ ပါဝင်ပြီ အဓိက တိုက် ဖျက်ပေးတဲ့ ရောဂါ ကတော့ ကင်ဆာ ဖြစ်ပါတယ်။ အူမကြီး ကင်ဆာ၊ ရင်သား ကင်ဆာ၊ အမျိုးသား ဆီးလမ်းကြောင်းပိတ် အကြိတ်ကင်ဆာ တို့ကို တိုက်ဖျက်ပေးတာ ဖြစ်ပါတယ်။

ပြီးတော့ အယ်လ်ဇိုင်းမားတို့လို ဦးနှောက်တဲ့ သက်ဆိုင်တဲ့ ရောဂါများကို လည်း မဖြစ်အောင် ကာကွယ်ပေးပါတယ်။ အရိုးအဆစ်ရောင်နာ ရောဂါ ရှိသူများအတွက်လည်း ဝေဒနာ သက်သာစေပါတယ်။ ဒါကြေင့် သလည်းသီးဟာ မှီဝဲ စားသုံးသင့်တဲ့ အသီးတစ်မျိုး ဖြစ်တယ် လို့ ဆေးပညာရှင်များက ထောက်ခံထားကြောင်း သိရပါတယ်။
--
Ref: medic-facts
International news for myanmar

http://www.innewsmyanmar.com/2012/12/blog-post_8559.html

Twitter Delicious Facebook Digg Stumbleupon Favorites More