Pages - Menu

ဆန်လုံးညို(Brown Rice)

ဆန်ဖြူကို ကြိတ်ခွဲလိုက်တာကြောင့် ဗီတာမင် B3 ၆၇ ရာခိုင်နှုန်း၊ ဗီတာမင် B1 ၈၀ ရာခိုင်နှုန်း၊ ဗီတာမင် B6 ၉၀ ရာခိုင်နှုန်း၊ မဂ္ဂနီဆီယမ်တစ်ဝက်၊ ဖော့စ်ဖရပ်စ် တစ်ဝက်၊ သံဓာတ် ၆၀ ရာခိုင်နှုန်းနဲ့ အမျှင်ဓာတ်အားလုံး ဆုံးရှုံးသွားခဲ့ ပါတယ်။

သံလွင်ဆီ(Olive Oil)

သံလွင်ဆီမှာ ဗီတာမင် အေ၊ ဗီတာမင် ဘီဝမ်း၊ ဘီတူး၊ ဗီတာမင်စီ၊ ဒီ၊ အီးနဲ့ ကေစတဲ့ ဗီတာမင်ဓာတ်တွေ ပါဝင်ပြီး သံဓာတ်နဲ့ အိုမီဂါ ၉ လည်း ပါဝင်ပါတယ်။

ပြောင်းဖူး(Corn)

ပြောင်းဖူးမှာ ဗီတာမင်B1 ဗီတာမင်B5 ဗီတာမင်C ဗီတာမင်B9လို့ခေါ်ဖောလိတ် .....ပြောင်းဖူး၏ ကျန်းမာရေး အာနိသင် မှာဆက်ဖတ်ပါ....

ထောပတ်သီး(Avacado)

အာဟာရများကိုဖြည့်တင်းပေးနိုင်ရုံ သာမက သဘာဝမှရသောသကြား ဓာတ်ကိုထောက်ပံ့ပေးခြင်း၊ကိုယ် အလေးချိန်ကျဆင်းစေခြင်း၊အကျိုး ပြုကိုလက်စတီရောကိုတက်စေပြီး ဆိုးကျိုးပေးသောကိုလက်စတီရော ကိုကျဆင်းစေခြင်း စသည့်အချက်များ ကိုရရှိစေနိုင်သည်ဟု သိရသည်။ယခု လေ့လာမှုတွင် ဖော်ပြထားချက်အရ လေဖြတ်ခြင်းကိုပါ ထောပတ်သီးက ကာကွယ်ပေးနိုင်

လိမ္မော်သီး(Orange)

လိမ္မော်သီး၌ ဖိုင်ဘာမျှင်၊ သံဓာတ်၊ မီးစုန်းဓာတ်၊ ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်၊ ကြေးနီဓာတ်၊ သွပ်ဓာတ်၊ ဆလမ်နီယမ်၊ ကယ်လိုရီ၊ ကယ်လဆီယမ်ဒာတ်၊ဗီတာမင်စီ တို့ပါရှိသည်

မာလကာသီး(Guava)

မာလကာသီး တစ်လုံးတွင် ဗီတာမင်စီမှာ လိမ္မော်သီး တစ်လုံး၌ ပါရှိသည့် ဗီတာမင်စီ ပမာဏထက် ငါးဆခန့် ပိုများသည်။ မာလကာသီး၌ ဗီတာမင်စီ အပြင် အေနှင့် ဘီ၊ ကယ်လ်ဆီယမ်၊ ဖော့စပရပ်စ်၊ ပိုတက်ဆီယမ်၊ သံဓာတ်၊ ဖောလစ်အက်စစ်နှင့် အမျှင်ဓာတ်တို့ ပါဝင်သည်။ အများဆုံး ပါဝင်သော ဓာတ်များမှာ ဗီတာမင်စီ ၃၀၂ မီလီဂရမ်နှင့် ဗီတာမင် အေ ၂၅၀ မီလီဂရမ်တို့ ဖြစ်ကြသည်။ မာလကာသီးကို သီတင်း တစ်ပတ်လျှင် နှစ်လုံးခန့် စားသုံး သွားပါက သွေးတိုး ကျဆင်းစေပြီး နှလုံး ကျန်းမာရေးကို အထောက်အကူ ပြုကြောင်း အမေရိကန် သုတေသန ပညာရှင်များက ပြောကြားသည်။

***

***

***

***

***

***

***

***

***

***

Showing posts with label ဟင်းရည်သောက်. Show all posts
Showing posts with label ဟင်းရည်သောက်. Show all posts

27 May 2014

စွန်ထန်ဟင်းရည်

စွန်ထန်ဟင်းရည်ဆိုရင်..အမြန်ရနိုင်တဲ့မရှိသုံးဟင်းရည်လို.ပဲသတ်မှတ်ကြပါ
လိမ့်မယ်...။
ဒါပေမယ့်လည်း..စွန်ထန်ခြောက်ထဲကိုငရုတ်သီးစိမ်း ၊ကြက်သွန်
ဖြူ ဓါးပြားရိုက်ထည့် ၊အရသာထည့်တဲ့သာမန်ဟင်းရည်ထက်ပိုချင်ရင်တော့..
ဒီချက်နည်းလေးကိုစမ်းသပ်ကြည့်ဖို.အကြံပေးပါရစေ..။

စွန်ထန်ဟင်းရည်
***********

ကြက်ရိုး................၂၅ ကျပ်သားခန်.
စွန်ထန်ခြောက်.......၅ ကျပ်သား
ကြက်သွန်ဖြူ ..........၃ တက်
ငရုတ်သီးစိမ်း..........၃ တောင့်
ချင်းသေးသေး.........၁ တက်
ခရမ်းချဉ်သီးသေးသေး..၁ လုံး
ကြက်သွန်မြိတ်+ နံနံပင်

ကြက်ရိုးတွေကိုသန်.စင်ပြီး..ချင်းသေးသေးတစ်ခုဓါးပြားရိုက်ထည့်ကာပြုတ်
ထားပါ( ဟင်းရည်ကြည်လင်စေရန် အမြှုပ်နှင့်အညစ်အကြေးတွေကိုခပ်ထုတ်
ပစ်ပါ)

ခရမ်းချဉ်သီးကိုလေးစိတ်လှီးပြီး..ချင်း ၊ ကြက်သွန်ဖြူ ၊ ငရုတ်သီးစိမ်းတွေကိုဓါး
ပြားရိုက်ထားပါ။

ဒယ်အိုးတစ်လုံးမှာ ဆီအနည်းငယ်ကို အပူပေးပြီး..ဓါးပြားရိုက်ထားတဲ့အရာတွေအားလုံးကိုရောပြီးဆီသတ်ပေးပါ။

အနည်းငယ်မွှေးလာလျှင် စွန်ထန်ခြောက်တွေကိုထည့်ပေါင်းပြီးဆီသတ်ပါ။
(စွန်ထန်ခြောက်ထည့်တဲ့အချိန်မှာမီးကိုလျှော့ချထားပါ )

ဒီလို စွန်ထန်ခြောက်ကိုဆီသတ်ခြင်းကမွှေးရနံ.တိုးပွားသလိုအရသာကိုလည်း
ပိုမိုထူးခြားစေပါတယ်..။

လေးစိတ်ခွဲထားတဲ့ခရမ်းချဉ်သီးတွေပေါင်းထည့်ပြီးပြီးချင်း..ကြက်ရိုးပြုတ်ရည်ကိုလောင်းထည့်ပါ။ ဆား၊ ဟင်းခတ်မှုန်.(သို.) ကြက်သားမှုန်.တို.နှင့်အရသာ
သွင်းပြီးတစ်ပွက်ဆူပုံစံမှာမီးလျော့ချ ထားပါ။

ကြက်သွန်မြိတ်+ နံနံပင်တွေခပ်ပြီး ပူပူလေးသုံးဆောင်နိုင်ပါသည်။
ဝက်ခေါက်ကြော်တွေထည့်စိမ်ပြီးလည်းစားသုံးနိုင်ပါတယ်..။

ပာင်းချက်နည်းများ

8 May 2014

ကြက်သားနှင့်ချဉ်စော်ခါးသီးဟင်းရည်

ကြက်သားရင်ပုံ(သို.) ပေါင်သား ...........၁ ခြမ်း
ချဉ်စော်ခါးသီး...................................၁ခြမ်း
ချင်းသေးသေး...................................၁ တက်
ကြက်သွန်ဖြူ ....................................၃ တက်
ခရမ်းချဉ်သီး.....................................၁ လုံး
ငရုတ်သီးစိမ်းတောင့်...........................၃ တောင့်
နနံပင်+ရှမ်းနံနံ.................................အနည်းငယ်စီ
ဆား+ ဟင်းခတ်မှုန်. + ကြက်သားမှုန်. ...လိုအပ်သလို

ကြက်သားကိုအနေတော်တုံးလေးတွေတုံးပြီး...ချင်းသေးသေးကိုဓါးပြားရိုက်
ထည့်ကာပြုတ်ပါ။

ထွက်လာသောအမြှုပ်နှင့်အညစ်အကြေးတွေကိုခပ်ထုတ်ပါ(ဟင်းရည်ကြည်
စေရန်)

ကြက်သားတစ်ဝက်ကျက်လောက်နှူးပြီဆိုရင်..ချင်းပြားကိုဖယ်ထုတ်ပြီး.ချဉ်
စော်ခါးသီးကို ခပ်ကြမ်းကြမ်းလှီးထည့်ပါ။ လတ်ဆတ်သောချဉ်စော်ခါးသီးမရ
ပါကအခြောက်ကိုအသုံးပြုနိုင်ပါသည်( ဟင်းရည်အနည်းငယ်ညို ရောင်သန်းပါ
မည်)

ဆား၊ ဟင်းခတ်မှုန်. ၊ ကြက်သားမှုန်.တို.နှင့်အရသာသွင်းပါ။

နောက်ဆုံးဓါးပြာရိုက်ထားတဲ့ကြက်သွန်ဖြူ ၊ငရုတ်သီးစိမ်း ၊ လေးစိတ်(သို.) အကွင်းလိုက်လှီးထားသောခရမ်းချဉ်သီး ထည့်ကာ နံနံပင် + ရှမ်းနံနံလေး
ထည့်ကာ သုံးဆောင်ပါ။

မျတ်ချက်။ စွန်တန်ခြောက်နဲ.လည်းအစားထိုးချက်နိုင်ပါတယ်..။
ပာင်းချက်နည်းများ

7 May 2014

ငါးဟင်းချဉ်ချဉ်စပ်စပ်လေး

လိုအပ်တဲ့ပစ္စည်းတွေက
 ငါး၊
 မုန်ညင်းချဉ် (ကြံမဆိုင်)
ပထမဦးဆုံး အရိုးနည်းတဲ့ငါးတစ်မျိုးမျိုးကို အနေတော်အတုံးတုံးပြီး ဆား၊ ငံပြာရည်၊ ဆန်အရက်၊ ကြက်သားမှုန့်တွေနဲ့ ရောနယ်နှပ်ထားလိုက်တယ်။
 ဆန်အရက်ထည့်တော့ ငါးညှီနံ့သိပ်မရဘူးပေါ့...


ပြီးရင် ငါးထဲထည့်ချက်မယ့်
မုန်ညင်းချဉ် (ကြံမဆိုင်)ကို အနေတော်လှီးတယ်၊
ကြက်သွန်ဖြူ ဓားပြားရိုက်၊
ဂျင်းပါးပါးလှီး၊
ငရုတ်သီးခြောက် တိုတိုလှီးတယ်၊ ငရုတ်သီးအခြောက်မရှိရင် ငရုတ်သီးစိမ်းလည်းရတယ်။
ပြီးရင် ငရုတ်ကောင်းအစေ့လိုတယ်။
ပြီးရင် ဆီအိုးတည်၊ ဆီနည်းနည်းထည့်ပြီး ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ်သီးခြောက်၊ ငရုတ်ကောင်းစေ့တွေကို အိုးအပူခဏပေးလိုက်တယ်၊ မုန်ညင်းချဉ်ထည့်တယ်။
 ခဏကြော်တယ်၊ ပြီးရင် ရေထည့်ပြီး မုန်ညင်းချဉ်ကို သူ့အချဉ်ရည်ထွက်တဲ့အထိ တည်ထားလိုက်တယ်။

နောက်ဆုံးမှာ နှပ်ထားတဲ့ ငါးတွေထည့်လိုက်တယ်၊ ရေလိုရင် ရေထပ်ထည့်တယ်၊ ဆားလိုရင် ဆားထပ်ထည့်တယ်။ အိုးချခါနီးမှာ ကြက်သွန်မြိတ်ဖြစ်ဖြစ် နံနံပင်ဖြစ်ဖြစ် ခပ်လိုက်မယ်။ ချဉ်ချဉ်စပ်စပ် ငါးဟင်းတစ်ခွက်ရတယ်။

2 May 2014

မန်ကျည်းရွက်နှင့်သီးရွက်စုံပြုတ်

ယာစောင့်တဲအဘိုးအိုဧ။်နတ်သုဒ္စါ (သို.) မန်ကျည်းရွက်နှင့်သီးရွက်စုံပြုတ်
*********************************************

မန်ကျည်းရွက်.......လက်တစ်ဆုပ်
ခရမ်းသီး.............၁ လုံး (မထူမပါးစိတ်)
ပဲတောင့်ရှည်........၁၀တောင့်(၂လက်မအရှည်)
ဗူးသီး.................၁စိတ်(မထူမပါးစိတ်)
ရုံးပတီသီး............၅ တောင့်( ၁လက်မအရှည် )
ကြက်သွန်နီ.........၁ခြမ်း
ခရမ်းချဉ်သီး........၁ လုံး
လယ်ပုစွန်လုံး...... ၂ကောင်
ငါးပိ..................အနည်းငယ်

မြေအိုးတစ်လုံးမှာ ရေ ၄ ပုံ ၁ ပုံခန်.ထည့်ပြီး ကြက်သွန်နီ ၊ ခရမ်းချဉ်သီး ၊
ငါးပိနှင့် လယ်ပုစွန်လုံးတို.ကို ထည့်ပြီးတစ်ပွက်ဆူအောင်ပြုတ်ပါ။

ရေဆူလာပြီဆို အရံသင့်လှီးထားတဲ့ ဗူးသီး၊ ခရမ်းသီး ၊ ပဲတောင့်ရှည်၊ ရုံးပတီ
သီး တွေထည့်ပါ။

ဆား၊ ဟင်းခတ်မှုန်.နဲ.အရသာသွင်းပါ။

အတန်ငယ်နှူးလာပြီဆိုရင်..မန်ကျည်းရွက်တွေထည့်ပြုတ်ပြီး..ဟင်းရည်ကျပြီ
ဆိုပါက..စားသုံးနိုင်ပါပြီ...။
ပာင်းချက်နည်းများ

17 Apr 2014

ဒန်.သလွန်ရွက်နဲ.ဖရုံနုဟင်းချို

 
ဒန်.သလွန်ရွက်နဲ.ဖရုံနုဟင်းချို
*******************



ရေ........................၁ လီတာခွဲ
ပုစွန်ခြောက်............၁ ဇွန်း( ထမင်းစားဇွန်း)
ကြက်သွန်ဖြူ...........၂ တက်
ဒန်.သလွန်ရွက်........၂ စည်း
ဖရုနုနု....................၃ လုံး( ၆-၈ စိတ်)
ဆား......................၂ ဇွန်း( လက်ဖက်ရည်ဇွန်း)
ဟင်းခတ်မှုန်. ..........၁ ဇွန်း(.............။.........)
ငရုတ်ကောင်းမှုန်.......သင့်ရုံ

ကြက်သွန်ဖြူနဲ.ပုစွန်ခြောက်ကိုခပ်ကြမ်းကြမ်းလေးထောင်းပြီး..ချက်မယ့်အိုး
ထဲမှာ ရေနဲ.အတူစတင်အပူပေးပါ (အဖုံးပိတ်ထားပါ )

ဒန်.သလွန်ရွက်ကိုမသင်ခင်..အခက်လိုက်ရေစင်စင်ဆေးပါ( သင်ပြီးမှဆေးရင်
အနည်းအများဆုံးရှုံးတတ်ပါသည်)

ရေဆူလာပြီဆိုဆား၊ ဟင်းခတ်မှုန်.တို.နှင့်အရသာသွင်းကာ...ဖရုံးသီးနုနုလေး
များထည့်ပေါင်းပါ။ (အဖုံးပိတ်ထားပါ )

စားသုံးတော့မယ်ဆိုမှ..ဒန်.သလွန်ရွက်ကိုခပ်ပြီးငရုတ်ကောင်းမှုန်.လေးဖြူး
ပေးပါ ( ကြိုတင်ထည့် (သို.) ထည့်ပြီးအဖုံးပိတ်ထားမယ်ဆိုရင်..အရွက်တွေ
ဝါသွားလို.ကြည့်မကောင်းတော့ပါဘူး..)
 

လယ်တောပာင်း..

အချိုးအစားတော့..အတိအကျမရှိ...
ရရာအားလုံးရောတဲ့..လယ်တောပာင်းလိုဆိုပါတယ်။
မြေအိုးတစ်လုံးမှာ..

ကြက်သွန်နီ၊ 

ခရမ်းချဉ်သီးတစ်ခြမ်းလောက်စီနဲ့..
ကြက်သွန်ဖြူ၊
 ငရုတ်ကြမ်းမှုန်. ကိုရေအနည်းငယ်နဲ.ဆူအောင်တည်ပါတယ်...ပြီးရင်တော့..
ငါး၊ ဖား၊ လယ်၊ ပုစွန်လုံး၊ ပုစွန်ဆိတ်လေးတွေ..ထည့်ပြီးတစ်ပွက်ဆူအောင်ပြန်တည်ပါသတဲ့.....

ပြီးရင်ဖြင့်..ခရမ်းသီးလို၊မှိုတို.လို.အနည်းငယ်မာတာတွေကို..ထပ်ပေါင်းထည့်...


နောက်ဆုံးမှာမှ...ခွေးတောက်၊ ဆူးပုတ်၊ မှိုနတို ၊ လယ်ကန်စွန်း၊ ငရုတ်သီးစိမ်းတောင့်လေး
တွေရောမွှေပြီး..ချက်စားကြတာ
ဖြင့်..

ငယ်ရွယ်သူတွေအတွက်...ပျော်စရာကောင်း..
အလုပ်ပင်ပန်းဒဏ်တွေကြောင့်..အုံဖွဲ.လုယက်စားလိုက်ကြတာ..ချက်တဲ့မြေအိုးတောင်
ကွဲပါသတဲ့....။

ပာင်းချက်နည်းများ

27 Feb 2014

ပဲကြီးနုနှင့်ဖရုံရွက်ဟင်းချို

ပဲကြီးနု.................၁ ဗူး( နို.ဆီဗူး)
ကြက်သွန်နီ...........၁ လုံး
ကြက်သွန်ဖြူ..........၃ တက်
ချင်းသေးသေး.........၁ တက်
ခရမ်းချဉ်သီး...........၁ လုံး
ဆား+ ဟင်းခတ်မှုန်...အနည်းငယ်စီ
ဆီ.....................၂ ဇွန်း( ထမင်းစားဇွန်း)
ဖရုံညွှန်.နုနု( သင်ပြီး)..လက်တစ်ဆုပ်စာ(သို.) ဆူးပုတ်

ပဲကြီးနုနုတွေကိုအခွံခွါပြီး..ရေဆေး၊ စစ်ထားပါ။

ကြက်သွန်ဖြူ ၊နီ ၊ ချင်းတွေကိုညှက်နေအောင်ထောင်းပါ။

ခရမ်းချဉ်သီးကိုပါးပါးလှီးထားပါ။

ရေဆေးထားတဲ့..ပဲ ၊ထောင်းထားတဲ့ကြက်သွန်အရော..၊ခရမ်းချဉ်သီးတွေကို
အိုးတစ်လုံးမှာနနွင်းမှုန်.အနည်းငယ်နှင့်အတူရောနယ်ပြီး..ဆီလောင်းကာ..
အဖုံးပိတ်ပြီး..နှူးအိအောင်နှပ်ချက်..ချက်ပေးပါ။

နှူးလာပြီဆိုမှ..ဆား ၊ ဟင်းခတ်မှုန်.တို.နှင့်အရသာသွင်းပါ။

ခပ်ဖွဖွလေး..နှံ.အောင်မွှေပေးပြီးပြီဆိုမှ....ရေ (၂) လီတာခန်.လောင်းထည့်ပါ။

တစ်ပွက်ဆူပြီဆိုတာနဲ...သင်ပြီးရေဆေးထားတဲ့..ဖရုံညွှန်.နုနု (သို.) ဆူးပုတ်
(သို.) မိမိကြိုက်နှစ်သက်တဲ့အစိမ်းရောင်ရှိအရွက်လေးတွေခပ်ပြီးသုံးဆောင်ပါ။

25 Jan 2014

သီးစုံအချဉ်ရည်

မုန်ညှင်းစိမ်း.......... ၁ စည်း
မုန်လာဥဖြူ..........၂ လုံး
ဗူးသီး..................၁ စိတ်
ခရမ်းသီး..............၂ လုံး
ဂျူးမြစ်.................အနည်းငယ်
ပဲတောင့်ရှည်......... ၁၀ တောင့်
ရုံးပတီသီး............ ၅ တောင့်

ဒီလောက်အသီးအရွက်ဆိုရင်သီးစုံဖြစ်ပါပြီ..မိမိနှစ်သက်တဲ့အရာများထပ်
ပေါင်းနိုင်ပါတယ်..။

ကြက်သွန်နီ...........၁ လုံး ( ပါးပါးလှီး)
ကြက်သွန်ဖြူ.........၃ တက်
ခရမ်းချဉ်သီး..........၂ လုံး
ငါးခေါင်း(သို.) ငါး....အနည်းငယ်
ငါးငံပြာရည်........... ၃- ၄ ဇွန်းခန်.
သကြား................၁ ဇွန်း ( ထမင်းစား)
ဟင်းခတ်မှုန်. ........အနည်းငယ်
မကျည်းမှည့်..........၂ ဇွန်းခန်.

ဟင်းသီးဟင်းရွက်တွေအားလုံးကို မိမိနှစ်သက်သလောက်အရွယ်လေးတွေ
လှီးဖြတ်ရေဆေးသန်.စင်ထားပါ။

ကြက်သွန်နီ ၊ ကြက်သွန်ဖြူထောင်း ၊ ခရမ်းချဉ်သီးတွေကိုအောက်ဆုံးကထည့်ပြီး ငါးခေါင်း(သို.) ငါးအသားထည့်ကာ...နနွင်းမှုန်.ပါသည်ဆိုရုံလေးနဲ.အရသာအားလုံးဖြည့်စွက်ပါ။

ဟင်းသီးဟင်းရွက်တွေလည်းလည်းထည့်ပြီး..အဖုံး ဖုံးကာ မီးအေးအေး
မှာစတင်အပူပေးပါ..။ ဟင်းသီးဟင်းရွက်တွေနှူး အိလောက်ပြီဆိုမှ..တစ်ချက်
လောက်မွှေပေးပြီး..ရေကိုအနည်းငယ်ချင်းစီဖြည့်ပါ။

နှစ်ကြိမ်လောက်ဆူပွက်ပြီးပြီဆိုမှ..မန်ကျည်းရည်လေးကိုရေဖျော်ပြီးထည့်ပါ။

မီးအေးအေးမှာတစ်ပွက်ဆူပုံစံဖြင့် ဟင်းရည်ကျအောင်ချက်ပေးပါမှ..သီးစုံအချဉ်ဟင်းက စားလို.မြိန်စေပါတယ်။

နောက်ဆုံး..နံနံပင် (သို.) ရှမ်းနံနံလေးများဖြည့်စွက်လိုက်ရင်..ပြီးပြည့်စုံပါပြီ။


ဟင်းချက်နည်းများ
 မြန်မာ့ရောင်စဉ်

18 Jan 2014

ထမင်းမစားမီ ဟင်းရည် တစ်ခွက် သောက်ဖို့ မမေ့ပါနှင့်

ထမင်းမစားမီ ဟင်းရည်ပူပူ အရင်သောက် ခြင်းဖြင့် ခန္ဓာကိုယ် ဝိတ်အား ထိန်းသိမ်း ပေးသည်။

အမေရိကန် ပညာရှင်များက ခန္ဓာကိုယ် ဝဖြိုးသူ အယောက် (၁ဝဝဝ) ဖြင့် လေ့လာဆန်းစစ် ရာတွင် ထမင်းမစားမီ ဟင်းရည်ပူ သောက်သူသည် စားသောထမင်း နပ်တိုင်းတွင် ကယ်လိုရီ ၅၅ကတ် လျှော့နည်းစေသည်။


 သာမန်အားဖြင့် ထမင်းစား မြန်သူသည် အဝလွယ်သည်။
 အကြောင်းမှာ ဦးနှောက် အတွင်းရှိ (အာသာ) ချဉ်ခြင်းအကန့်မှ "စားဝပြီ" ဆိုသည့် သတင်းရဖို့ အချိန်အနည်းငယ် ယူရသည်။ 
ထိုအချိန် ယူနေစဉ် အတွင်းတွင် အစားမြန်သောသူက ပိုလွန်သော အစားများ စားသုံးပြီး ဖြစ်သည်။ အကယ်၍ ထမင်းမစားမီ ဟင်းရည် တစ်ခွက် သောက်ခြင်းဖြင့် ထမင်းအစား နည်းစေပြီး ဝခြင်းမှ ကာကွယ် ပေးနိုင်သည်။

ရိုးရာလေး ကျန်းမာရေး

17 Oct 2013

သီးစုံချဉ်ရည်ဟင်း

ပါဝင်ပစ္စည်းများ
• အသီးစုံ - ကြိုက်နှစ်သက်ရာ
• ဘူးသီး - ၁ ခြမ်း
• ခရမ်းသီး - ၁ လုံး
• ရုံးပတီသီး - ၄/၅ တောင့်
• မုန်လာဥဖြူ - ၁ လုံး
• ဒန့်သလွန်သီး - ၂ တောင့်
• အာလူး - ၂ လုံး
• ခရမ်းချဉ်သီး - ၁ လုံး
• နံနံပင်
• ကြက်သွန်ဖြူ - ၃ မြွှာ
• ကြက်သွန်နီ - ၁ လုံး(ပါးပါးလှီး)
• ငါးရံ့ခြောက် - ၅၀ ဂရမ်
• မန်ကျည်းသီးအနှစ်ရည် - ၅၀ မီလီမီတာ
• ငံပြာရည် - စားပွဲဇွန်း ၅ ဇွန်း
• ဆား - စားပွဲဇွန်း ၁ ဇွန်း
• ကြက်သားမှုန့် - စားပွဲဇွန်း ၁ ဇွန်း
• မဆလာ - စားပွဲဇွန်း ၁ ဇွန်း
• ဆီ - ၃ ဇွန်း

ချက်ပြုတ်နည်း
.....................
၁။ ပထမဆုံး အသီးအနှံများကို ကြိုက်နှစ်သက်ရာပုံစံအတိုင်
လှီးဖြတ်ပြီး ရေစင်စင်ဆေးထားပါ။ ငါးခြောက်ကို ဓားပြားရိုက်ပေးပါ။
ကြက်သွန်နီပါးပါးလှီးနဲ့ အဖြူကို ဓားပြားရိုက်ထားပါ။

၂။ ဘဲဥ (သို့) ကြက်ဥကိုပြုတ်ပြီး အခွံခွါကာ ဆီပူတွင် ၁ မိနစ်ခန့်
လှိမ့်ကြော်ပေးထားပါ။

၃။ ဆီပူအိုးထဲတွင် ကြက်သွန်များကို ဆီသတ်ပေးပါ။

၎။ နနွင်း အချိုဇွန်းတစ်ဝက်၊ အရောင်တင်မှုန့် အချိုဇွန်း ၁ ဇွန်းထည့်ပြီး
ရောမွှေပေးပါ။

၅။ ကြက်သွန်ကျက်ပြီဆိုရင် ငါးခြောက်ထည့်ပြီး အရင်ဆုံး
အာလူးထည့်ပြီးမွှေပါတယ်။ အာလူးက အကျက်နှေးလို့ သူ့ကို
အရင်ဆုံးထည့်ပါတယ်။

၆။ (၃) မိနစ်ခန့်အကြာမှာ ခရမ်းချဉ်သီး၊ ရုံးပတီသီးတွေကလွဲရင်
ကျန်တာတွေ အကုန်ထည့်လုံးပါတယ်။ ဆား၊ ကြက်သားမှုန့်၊
ငံပြာရည်တို့ထည့်ပါ။ လုံးနေရင်း အသီးတွေက
အရောင်အနည်းငယ်စီ ပြောင်းလာပါမယ်။ ခရမ်းချဉ်သီး၊
ရေ ၁ လီတာအရင်ထည့် အဖုံးအုပ်ပြီး ပွက်လာပါစေ။
ရေပွက်ရင် မန်ကျည်းရေထည့် ရုံးပတီသီးထည့်နိုင်ပါပြီ။
ကျန်တဲ့ ရေ ၁ လီတာကိုထပ်ထည့်ပြီး တစ်ခါ ရေပွက်လာရင်
မီးပိတ်ပြီး ဘဲဥထည့် နံနံပင်ဖြူး၊ မဆလာခပ်ကာ အရသာရှိရှိ
သုံးဆောင်နိုင်ပါပြီ။

Htet Family's Creation

www.htetfamily.com

19 Sept 2013

ကြက်သွန်မြိတ်နှင့် ကြက်သားဖရုံသီးဟင်းချို

Spring Onion Chicken and Pumpkin Soup
လွယ်ကူလျင်မြန်ပြီး အရည်သောက်စားလို့ရသလို အသားနဲ့
အသီးအရွက်များ ပါဝင်တာကြောင့် ပရိုတင်းနဲ့ ဗီတာမင်ဓာတ်လည်း
ဟင်းတစ်ပွဲထဲစားရုံနဲ့ ရရှိနိုင်တာကြောင့် အချိန်မရသူတွေအတွက်
အထူးဖန်တီးပေးလိုက်ပါတယ်နော်။

ပါဝင်ပစ္စည်းများ
.....................
• ကြက် - ၁ ခြမ်း ( အတုံးလေးများ တုံးထားပါ)
• ဖရုံသီး - ၁ ခြမ်း (အနေတော် အတုံးလေးများတုံးထားပါ)
• ကြက်သွန်ဖြူ - ၂ မြွှာ (အခွံခွာပြီး ဓားပြားရိုက်ထားပါ)
• ငရုတ်ကောင်းမှုန့်အမည်း - အနည်းငယ်
• ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း (မထည့်လည်းရပါတယ်)
• ကြက်သွန်မြိတ် - ၃ ပင် (သေးသေးလေးတွေဖြတ်ထားပါ)
• ကြက်ရိုးပြုတ်ရည် - ၁ ခွက် (ဟင်းချက်ရင်းတိုင်းသောခွက်)

ပြုလုပ်နည်း
................
၁။ အိုးသေးလေးထဲသို့ ကြက်ရိုးပြုတ်ရည်၊ ကြက်သွန်ဖြူ၊
ငရုတ်ကောင်းမှုန့်နဲ့ ကြက်သားများထည့်ပြီး ရေဆူအောင်တည်ပါ။

၂။ ပွက်ပွက်ဆူလာပြီး အရည်အနည်းငယ်ခန်းလာလျှင်
ဖရုံသီးတုံးလေးများထည့်ပြီး ရေအနည်းငယ်ထပ်ဖြည့်ပြီး ဆူအောင်တည်ပါ။
အားလုံးနူးအိလာတော့မှ ကြက်သွန်မြိတ်ကိုထည့်ပြီး မီးပိတ်ပါ။
မီးအပူချိန်လေးနဲ့ မီးဖိုပေါ်မှာပဲထားပါ။

၃။ ဆားမြည်း လိုတာထပ်ဖြည့်ပြီး အသင့်စားသုံးလို့ရပါပြီ။
ပူပူနွေးနွေးလေး စားသုံးသင့်ပါသည်။

Syi Lwin Foods Garden

www.syilwinfoodsgarden.blogspot.com

12 Aug 2013

ပြောင်းဖူးဟင်းရည်

• ငါး - ၁ ကောင် (ကင်ပြီးသား)
• ကြက်သွန်ဖြူ - ငါးတက်
• ပြောင်းဖူး - ၁ ဖူး
• ဆား - အနည်းငယ်
• အရသာမှုန့် - အနည်းငယ်
• ငရုတ်ကောင်းမှုန့် - အနည်းငယ်

6 Aug 2013

ပိန်းဥအချဉ်ဟင်း

၁။ ပိန်းဥ (ခရမ်းရောင်) - ၁ လုံး
၂။ ချဉ်ပေါင်ရွက် - တစ်စည်း
၃။ ငါးခူ - ငါးကျပ်သား
၎။ ဆား၊ နနွင်း - အနေတော်
၅။ ကြက်သွန်ဖြူ - ၅ တက်
၆။ ကြက်သွန်နီ - တစ်ခြမ်း
၇။ ခရမ်းချဉ်သီး - ၁ လုံး
၈။ ဆီ - စတီးဇွန်း ၁ ဇွန်း
၉။ ရေ - နို့ဆီဘူး ၃ လုံး
၁၀။ ငါးပိစိမ်းစား - ကွမ်းသီးလုံးလောက်
၁၁။ ဆား၊ အရသာမှုန့် - အနေတော်
၁၂။ နံနံပင် - တစ်စည်း

ရှမ်းပိန်းဥ ခရမ်းရောင်တစ်လုံး၊ အခွံခွာအနေတော်တုံး၊ တစ်ရေပြုတ်ပါမယ်၊
ချဉ်ပေါင်ရွက်တစ်စည်း အရွက်သင်ပြီးရေစင်စင် ဆေးမယ်၊

 ငါးခူ ငါးကျပ်သားတစ်ကောင် အနေတော်တုံးပြီး ဆား၊ နနွင်းနယ်၊ ကြက်သွန်ဖြူငါးတက်၊ ကြက်သွန်နီ
တစ်ခြမ်း၊ ခရမ်းချဉ်သီးတစ်လုံး၊ ဆီ စတီးဇွန်းတစ်ဇွန်းနဲ့ လုံးချက်မယ်၊

 ငါးကျက်ရင်ပြုတ်ထားတဲ့ ပိန်းဥ၊ ချဉ်ပေါင်ရွက် ထပ်ထည့်လုံးမယ်၊
 အားလုံးကျက်ရင် ရေနို့ဆီဘူး သုံးဘူးနဲ့အတူ ငါးပိစိမ်းစားကွမ်းသီးလုံးလောက်ကိုပါ ထပ်ထည့်မယ်၊
 ပွက်ပွက်ဆူစေပြီး ငါးပိစိမ်းနံ့ပျောက်ရင် ဆား၊ အရသာအနေတော်ဖြစ်အောင်ထည့်ပြီး နံနံပင်
တစ်စည်းအုပ်ပြီးရင် ပိန်းဥအချဉ်ဟင်းရပါပြီ။

• နန်းစန်းစန်းအေး (အဓိပတိ-ဖြူး)

ကရင်တာလပေါ့ဟင်းချို

ကရင်လိုတော့ တာ့လ့ဘော့လို့ခေါ်တဲ့ တာလပေါ့ဟင်းချိုပါ။
တာလပေါ့ဟင်းချိုမှာ ဟင်းရွက်၊ ငါး၊ မျှစ်တို့ကို အဓိကထည့်ချက်ပါတယ်။
ထို့ပြင် ငါးတစ်မျိုးထဲ မဟုတ်ဘဲ ပုစွန်နဲ့ တခြားပင်လယ်စာတွေလည်း ထည့်ချက်လို့ရပါတယ်။ ဟင်းရွက်ကို တောထဲမှာရှာတွေ့တဲ့ အရွက်ကို ထည့်ချက်လေ့ရှိတာမို့ မိမိကြိုက်နှစ်သက်ရာအရွက်ကို ထည့်ချက်နိုင်ပါတယ်။
ဝတ်ရည်အိမ်သားတွေကတညင်းသီးကြိုက်တာမို့တာလပေါ့ဟင်းချိုထဲမှာတညင်းသီးပါထည့်ချက်ထားပါတယ်။ အရသာကောင်းပြီး ထမင်းမြိန်စေမယ့် တာလပေါ့ဟင်းချိုကို ခုပဲ ချက်ရအောင်…

ပါဝင်ပစ္စည်းများ
• ငါးခူ (သို့) ငါးရံ့ - ၁၅ကျပ်သား
• ဆန် - ခွက်ဝက်
• မျှစ် - ၁၀ကျပ်သား
(ရေဖြင့်ပြုတ်ပြီး အရှည်လှီးထားပါ)
• တညှင်းသီး - ၁၀လုံး
(ပြုတ်ပြီး အရှည်လှီးထားပါ)
• ငရုတ်သီးစိမ်း - ၄တောင့် (ထောင်းထားပါ)
• ငါးပိ - စားပွဲဇွန်း ၁ဇွန်း
• ငါးငံပြာရည် - စားပွဲဇွန်း ၂ဇွန်း
• ဆား - လက်ဖက်ရည်ဇွန်း ၁ဇွန်း
• ပင်စိမ်း - ၁၀ ရွက် (ပါးပါလှီးပါ)
• စပါးလင် - ၂ခု (ဓားပြားရိုက်ပြီး တစ်ခုကို
ချည်ထားပါ၊ နောက်တစ်ခုကို ပါးပါးလှီးပါ)
• ကြိုက်နှစ်သက်ရာအရွက် - ၁လက်မအရွယ်
(ကင်ပွန်းရွက်(သို့)ဘူးညွှန့်) ပိုင်းဖြတ်ထားပါ

ပြင်ဆင်နည်း
၁။ အရင်ဆုံး ဆန်ကို ဒယ်အိုးထဲထည့်ပြီး အနီရောင်သမ်းလာသည်အထိ လှော်ပေးပါ။

၂။ ပြီးနောက် ဆန်လှော်ကို မညက်တညက် ထောင်းပေးထားပါ။

၃။ ဒယ်အိုးထဲ ရေ(၅ခွက်)ထည့်ပြီးဆူလာလျှင်ငါးခူ၊စပါးလင်(ချည်ထားသော)ထည့်ပြီးကျက်သည်အထိ

 ပြုတ်ပေးပါ။

၎။ ငါးပြုတ်ရည်ကို သိမ်းထားပေးပါ။ ပြီးနောက် ငါးကို အသားနွှင်ပေးထားပါ။

ချက်ပြုတ်နည်း
၁။ ဒယ်အိုးကြီးထဲ ငါးပြုတ်ရည်၊ ရေ(၃ခွက်) ထည့်ပြီး ပွက်ပွက်ဆူအောင် တည်ထားပါ။

၂။ ပွက်ပွက်ဆူလာလျှင် အသားနွှင်ထားသောငါး၊ မျှစ်၊ တညှင်းသီး၊
ငါးပိတို့ကိုထည့်ပြီး ၁မိနစ်ခန့် ထပ်တည်ထားပါ။

၃။ ပြီးမှ ဆန့်လှော်မှုန့်၊ ငရုတ်သီးစိမ်းတို့ကို ထည့်ပေးပါ။

၎။ အရသာအတွက် ဆား၊ ငံပြာရည်တို့ကို ထည့်ပြီး အရသာအနေတော်လျှင်
ပင်စိမ်းအုပ်ပေးပါ။

၅။ နောက်ဆုံးမှ မိမိကြိုက်နှစ်သက်ရာအရွက်ကိုထည့်ပြီး ၁မိစန်ခန့်
ထပ်တည်ပြီး မီးပိတ်လိုက်ပါ။

၆။ အရသာကောင်းမွန်သော ကရင်တာလပေါ့ဟင်းချိုကို သုံးဆာင်နိုင်ပါပြီ။

Wutyee Food House

အမဲသားလုံးဟင်းချို

ဂေါက်သီးအရွယ် အမဲသားလုံးများကို မုန်ညင်း၊ မှိုတို့ဖြင့်
ရောချက်ထားတာမို့ အရသာက ပြောဖွယ်ရာမရှိပါဘူး။
နှမ်းဆီနဲ့ ငရုတ်ကောင်းရနံ့လည်း သင်းနေတာမို့
ခုပဲချက်ကြည့်ရအောင် . . . ။

အမဲသားလုံး ပါဝင်သောပစ္စည်းများ
............................................
• အမဲသား - ၃၀၀ ဂရမ်
• ကြက်သွန်ဖြူ - ၃ခု (နုပ်နုပ်စဉ်းပါ)
• ချင်း - လက်ဖက်ရည်ဇွန်းတစ်ဝက် (နုပ်နုပ်စဉ်းပါ)
• ကြက်သွန်မြိတ် - ၁ခု (နုပ်နုပ်စဉ်းပါ)
• ဆန်ဝိုင် - စားပွဲဇွန်း ၁ဇွန်း
• ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
• ပဲငံပြာရည် (အကြည်) - စားပွဲဇွန်း ၂ဇွန်း
• နှမ်းဆီ - စားပွဲဇွန်း ၁ဇွန်း
• ကြက်ဥ - စားပွဲဇွန်း ၁ဇွန်း (ခလောက်ပါ)
• ကော်မှုန့် - စားပွဲဇွန်း ၁ဇွန်း
• ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်

ဟင်းချို အတွက်ပါဝင်သောပစ္စည်းများ
.................................................
• အမဲသားလုံး
• တရုတ်မုန်ညင်း - တစ်ဝက် (အရှည်လှီးပါ)
• မှိုခြောက်ပွင့်(အမဲ) - ၆ခု
(ရေနွေးဖြင့် ၂မိနစ်ခန့်ပြုတ်ပြီး အညှာများလှီးထားပေးပါ)
• ပဲငံပြာရည် (အကြည်) - စားပွဲဇွန်း ၂ဇွန်း
• ကော်မှုန့် - စားပွဲဇွန်း ၁ဇွန်း
• ကြက်သွန်မြိတ် - ၁စည်း (အ၀ိုင်းလေးများ လှီးပါ)
• ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း ၃ပုံ ၁ပုံ
• ဆား - လက်ဖက်ရည်ဇွန်း ၁ဇွန်း
• ခနော ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း ၁ဇွန်း
• ဆီ - စားပွဲဇွန်း ၂ဇွန်း

အမဲသားလုံး ချက်ပြုတ်နည်း
....................................
၁။ အမဲသားလုံးအတွက် ပါဝင်သောပစ္စည်း
(အမဲသား၊ ကြက်သွန်ဖြူ၊ ချင်း၊ ကြက်သွန်မြိတ်၊ ဆား၊
ပဲငံပြာရည်၊ နှမ်းဆီ၊ ကြက်ဥ၊ ကော်မှုန့်၊ ငရုတ်ကောင်းမှုန့်)
အားလုံးကို သမအောင် ရောနယ်လိုက်ပါ။

၂။ ပြီးလျှင် ဂေါက်သီးအရွယ် အမဲသားများကို
အလုံးလေးများလုံးလိုက်ပါ။

၃။ ထို့နောက် ဒယ်ပြားထဲ ဆီအနည်းငယ်ထည့်၍
အမဲသားလုံးများကို နီညိုရောင်သမ်းလာသည်အထိ
ကြော်ပေးပါ။

ဟင်းချို ချက်နည်း
...........................
၁။ ဒယ်အိုးထဲသို့ ရေ(သို့) ဟင်းရွက်ပြုတ်ရည် ၅ ခွက်၊
ဆီ ထည့်ပြီး ဆူလာအောင်တည်ထားပါ။

၂။ ဆူလာလျှင် ဒယ်အိုးအတွင်းသို့ ကြော်ထားသော
အမဲသားလုံးများ၊ မှိုခြောက်၊ တရုတ်မုန်ညင်းများကို
ထည့်လိုက်ပါ။

၃။ အရသာအတွက် ပဲငံပြာရည်၊ ဆား၊ ကြက်သားမှုန့်
ထည့်ရောမွှေလိုက်ပါ။

၅။ အရသာအပေါ့အငန် အနေတော်သွားလျှင်
ကြက်သွန်မြိတ်များ၊ ငရုတ်ကောင်းမှုန့်များကို
အပေါ်မှ ဖြူးပေးလိုက်ပါ။

၆။ ငရုတ်ကောင်းနံ့လေးသင်းနေသည်
အမဲသားလုံးများကို စားသုံးနိုင်ပါပြီ။


Wutyee Food House


22 Jul 2013

ပိန်းဥဟင်းချို

ပိန်းဥကိုအခွံနွှာ ရေစင်အောင်ဆေးပြီးချက်မည့် အိုးထဲသို့ထည့် ပါ။
 ပြီးလျှင် ကြက်သွန်နီတစ်လုံး၊ကြက်သွန်ဖြူ ငါးမွှာလောက် မညက်တညက်ထောင်းပြီး ထည့် ပါ။ ဆနွင်းအနည်းငယ်၊ ဆား၊ငပိ၊ဆီ အနည်းငယ်စီ၊ပုစွန်ခြောက် ( သို့) ပုစွန် ကြိုက်နှစ်သက်ရာ ထည့် ပြီး ရောမွှေပါ။
 ပြီးလျှင်မီးဖိုပေါ်တွင် တည်ထားပါ။
ကြက်သွန်အနံ့များပျောက်ပြီး အနည်းငယ်ဆူလာလျှင် ရေအသင့် အတင့်ထည့်ပါ။
ပိန်းဥများနူးလျှင် ကျက်ပါပြီ။ အပေါ့အငံမြည်းကြည့်ပြီး ပင်စိမ်းလေး အုပ်ပါ။
မွှေးပြီးအရသာရှိတဲ့ ပိန်းဥဟင်းချိုလေး သုံးဆောင်လို့ရပါပြီရှင်။

24 Mar 2013

စပါးလင်သင်းမွှေး ငါးရံ့ခြောက်ရိုး ပဲနီလေးဟင်းချို

ပါဝင်ပစ္စည်းများ
---------------
၁။ ပဲနီလေး - ခွက် တစ်ဝက်
၂။ ကြက်သွန်နီ -၁ လုံး(နုပ်နုပ်လေးလှီး)
၃။ ကြက်သွန်ဖြူ - ၃ မြွှာ(နုပ်နုပ်လေးလှီး)
၎။ ငါးရံ့ကျောရိုး - ၂ ချောင်း (နှစ်ပိုင်း ပိုင်း)
၅။ စပါးလင် - ၁ ပင် (အပင်ကိုထု ပြီး အထုံး ထုံး)
၆။ ဆား - နည်းနည်း
၇။ ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း ၁ဇွန်း (အချို ကြိုက်သူများတွက်)
၈။ အသီးအရွက် ဆီ - စားပွဲဇွန်း၂ ဇွန်း
၉။ ငံပြာရည် - စားပွဲဇွန်း၁ဇွန်း
၁၀။ နနွင်းမှုန့် - စားပွဲဇွန်းတစ်ဝက်
၁၁။ ရေ - ၂ခွက်ခွဲ

ချက်ပြုတ်နည်း
---------------
၁။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ ကို နုပ်နုပ်လေးလှီးပါ။

၂။ စပါးလင်ကို အပင်အရှည်အတိုင်း အထုံးလေးထုံးပေးပါ။
မထုံးခင် နည်းနည်းထုပေးပါ။အနံ့ပိုမွှေးပြီးအရသာ ပိုထူးကဲပါသည်။

၃။ အိုးထဲကို ဆီထည့်ပါ။ ဆီဆူလျှင် လှီးထားသော ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ စပါးလင်ထုံး၊ နနွင်းမှုန့် တို့ကို အရင်ဆီသတ်ပါ။

၎။ ဆီသတ်တာမွှေးလာလျှင် ငါးရံ့ရိုးကိုထည့်ပြီး ခဏနေရင်
ပဲနီလေးပဲကို ထည့်မွှေပေးပါ။ အိုးမကပ်အောင် မွှေပေးပါ။

၅။ ပဲနီလေးပဲ ပျော့ပျောင်းပြီး အရောင်ပြောင်းလာရင်
ငံပြာရည်၊ ဆား၊ (အချို ကြိုက်သူများအတွက်
ကြက်သားမှုန့်) ထည့်ပေးပါ။

၆။ ရေကိုဖြည်းဖြည်းချင်းထည့်ပြီး ရေဆူအောင်ထားပါ။
ဆူလာလျှင် အရသာမြည်းပြီးစားသုံးလို့ရပါပြီ။

၇။ အလိုက်ဖက်ဆုံးကတော့ ငါးပိထောင်းနဲ့တို့စရာ၊
မေ့မရပါသော ကြက်သားငါးပိချက်နဲ့သာ အတူ
စားသုံးမယ်ဆိုရင် ထမရအောင်ကို စွဲငင်အားများသော
ထမင်းပွဲလေးဖြစ်မှာပါ။

Syi Foodsgarden

15 Mar 2013

ကြက်သားမျှစ်ချဉ်ဟင်းချို

ကြက်သားမျှစ်ချဉ်ဟင်းချို
(Chicken Soup With Bamboo Shoots)
* * * * * * * * * * * * * * * * * * *
ကြက်သားမျှစ်ချဉ်ဟင်းချိုက
ဝက်သားနဲ့မျှစ်ချဉ်ဟင်းကို ကြိုက်ကြလို့
ချယ်ရီချက်ပြခြင်းဖြစ်ပါတယ်။
ဝက်သားနဲ့ မျှစ်ချဉ်လိုပဲ ချဉ်စပ် အရသာလေးနဲ့
စားကောင်းတဲ့ ဟင်းချိုတစ်မျိုးပါ။

ပါဝင်ပစ္စည်းများ
---------------
၁။ နံနံပင်အရိုး - ၃ ပင် (နုပ်နုပ်စဉ်း)
၂။ ငရုတ်ကောင်း - လက်ဖက်ရည်ဇွန်း ၁ ၀က်
၃။ ကြက်သွန်ဖြူ - ၂ ဥ (နုပ်နုပ်စဉ်း)
၎။ ရေ - တရုတ်ပန်းကန်လုံး ၃ လုံး
၅။ ကြက်ရင်ပုံ - ၃ ကျပ်ခွဲသား (အတုံးလေးများ)
၆။ မျှစ်ချဉ် (အဖြူ၊ အ၀ါ) - ၁ တုံးခွဲ (အတုံးလေးများ)
၇။ ကြက်သွန်မြိတ် - ၁ ပင် (နုပ်နုပ်စဉ်း)
၈။ ငံပြာရည် - စားပွဲဇွန်း ၁ ဇွန်း
၉။ ဆား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၁၀။ ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
၁၁။ သကြား - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
၁၂။ ငရုတ်သီး - ၂ တောင့်(နုပ်နုပ်စဉ်း)

ပြင်ဆင်ချက်ပြုတ်နည်း
------------------------
၁။ ဟင်းချိုအိုးထဲတွင်ရေဆူအောင်တည်ထားပါ။
နံနံပင်အရိုး၊ ငရုတ်ကောင်း၊ ငရုတ်သီးနှင့် ကြက်သွန်ဖြူတို့ကို ထည့်ပါ။

၂။ ကြက်သားနှင့် မျှစ်ချဉ်ကို ထည့်ပါ။
ကြက်သားများကျက်လျှင် ဆား၊ သကြား၊
ငံပြာရည်နှင့် ကြက်သားမှုန့်တို့ကိုထည့်ပါ။

၃။ ကြက်သွန်မြိတ်လေးများ ဖြူးပေးလိုက်ပါ။

၎။ ချဉ်စပ်အရသာ ကြက်သားမျှစ်ချဉ်ဟင်းချိုရရှိပါပြီ။

• ချယ်ရီ(Spicy Forest)

20 Dec 2012

မုန်လာဥ ချဉ်ရည်ဟင်း

မုန်လာဥဖြူ .... တဥ 
ဆီ .. ထမင်းစားဇွန်း ၂ ဇွန်းထည့် အပူပေး ....
ဆီပူပီ ဆိုတာနဲ့ နှုတ်နှုတ်စင်းထားသော ကြက်သွန်ဖြူ၊ ကြက်သွန်နီ ထည့် ... 
စိတ်ထားသော မုန်လာဥဖြူများထည့်၊ 
ငါးငံပြာရည်အချို ထည့်၊ နံနံပင် ပါးပါးလှီးထည့်၊ ငရုတ်သီးစိမ်း ပါးပါးလှီးထည့်၊ 
စိမ်းစားငပိ လက်ဘက်ရည် ဇွန်း တကော်စာ ရေ အနည်းငယ်နှင့် ဖျော်ထားတာ ထည့်မွှေ ...
ရေ ၃ ခွက်လောက် ထည့်ပီး ... 
ပွက် ပွက်ဆူနေအောင် .. မုန်လာဥဖြူများ နူးလာပီး ဟင်းရည်အိုး ကျတဲ့ အထိ တည်ပေးရင် သောက်လို့ ကောင်းတဲ့ ချဉ်ရည်ဟင်းတခွက်ပါ။
ဆီမသတ်ပဲ တခါတည်း လုံးချက် လည်း စားကောင်းတာပဲ။ 
ရန်ကုန်မှာ နေတုန်းက မနေ့က ကျန်တဲ့ ငါးဟင်းတွေထဲက ငါး အသားဖတ်များနှင့် အနှစ်ကို ယူ၊ ဆီကို အများကြီး မယူဘူး။ စိတ်ထားတဲ့ မုန်လာဥဖြူတွေ နဲ့ အိုးထဲမှာ လုံးချက်ပီး ပါးပါးလှီးထားတဲ့ နံနံပင်၊ ငရုတ်သီးစိမ်းပါ ထည့်မွှေ၊ ငံပြာရည်လေး ဖျန်း၊ ဟင်းရည်အိုး ပွက်ပွက် ဆူလာမှ မန်းကျည်းမှည့်ရည်လေး ထည့်၊ အပေါ့ အငံ မြည်းပီး ဟင်းရည် ကျအောင် တည်ထားလိုက်ရင် ရပါပီ

ဘူးသီး မျှစ် ချည်ရည်ဟင်း


နှုတ်နှုတ်စင်းထားသော ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီး ရှစ်စိတ်ခြမ်း ကို ဆနွင်းမှုန့်၊ ငရုတ်သီး အစိမ်းမှုန့် နဲ့ အိုးထဲမှာ မီးအပူပေးပီး မွှေထားလိုက်ပါ။
(( ဆနွင်းမှုန့် ထည့်တာက ငပိ စိမ်းစား … ရေဖျော်ထည့်တဲ့အခါ ငပိ အနံ မထွက်အောင်လို့ဖြစ်ပါတယ်။
ငရုတ်သီး အစိမ်းမှုန့် (သို့) ငရုတ်သီး အရောင်တင်မှုန့် ကတော့ ဟင်းရည် အရောင်လှအောင်ပါ။ )) 
ခရမ်းချဉ်သီးများ ကြေသွားမှ ဘူးသီးစိတ်၊ မျှစ်ကို ထည့်မွှေပေးလိုက်ပါ။ 
ငပိ ဇွန်း တ၀က်စာကို ရေလေး အနည်းငယ်နဲ့ ဖျော်ထားတာ ထည့်မွှေပါ။
ငံပြာရည် အချို ၃ ဇွန်းလောက် ထည့်ပါ။
ရေ ထည့်ပါ။
ငရုတ်သီးစိမ်း ကို အညှာခြွေပီး ၅တောင့်လောက်ထည့်ပါ။
နံနံပင်ကို အရိုးကော အရွက်ကော ပါးပါးလှီးပီး ထည့်ပါ။
ဆား၊ ဟင်းခတ်မှုန့် ထည့်။
ဘူးသီးများ၊ မျှစ်များ နူးလာခါနီးမှ မန်းကျည်းမှည့်ရည် ထည့်ပါ။
မိသားစု အားလုံး ကြိုက်တဲ့ ဘူးသီး မျှစ် ချဉ်ရည်ဟင်းပါ။ သူ့ အရသာက ဘူးသီးရဲ့ ချိုတဲ့ အရသာ နှင့်အတူ ခရမ်းချဉ်သီး၊ မန်းကျည်းမှည့်ရဲ့ အချဉ်အရသာရယ်၊ မျှစ် အပါအ၀င် … နံနံပင်အနံလေး မွှေးမွှေး လေးနဲ့ သောက်လို့ ပိုကောင်းပါတယ်။
ငရုတ်သီးစိမ်းက ထက်ခြမ်းခွဲပီးထည့်ချက်ရင် ချဉ်ရည်စပ်စပ် မို့ သောက်လို့ ပိုကောင်းတယ်။

Twitter Delicious Facebook Digg Stumbleupon Favorites More