Pages - Menu

ဆန်လုံးညို(Brown Rice)

ဆန်ဖြူကို ကြိတ်ခွဲလိုက်တာကြောင့် ဗီတာမင် B3 ၆၇ ရာခိုင်နှုန်း၊ ဗီတာမင် B1 ၈၀ ရာခိုင်နှုန်း၊ ဗီတာမင် B6 ၉၀ ရာခိုင်နှုန်း၊ မဂ္ဂနီဆီယမ်တစ်ဝက်၊ ဖော့စ်ဖရပ်စ် တစ်ဝက်၊ သံဓာတ် ၆၀ ရာခိုင်နှုန်းနဲ့ အမျှင်ဓာတ်အားလုံး ဆုံးရှုံးသွားခဲ့ ပါတယ်။

သံလွင်ဆီ(Olive Oil)

သံလွင်ဆီမှာ ဗီတာမင် အေ၊ ဗီတာမင် ဘီဝမ်း၊ ဘီတူး၊ ဗီတာမင်စီ၊ ဒီ၊ အီးနဲ့ ကေစတဲ့ ဗီတာမင်ဓာတ်တွေ ပါဝင်ပြီး သံဓာတ်နဲ့ အိုမီဂါ ၉ လည်း ပါဝင်ပါတယ်။

ပြောင်းဖူး(Corn)

ပြောင်းဖူးမှာ ဗီတာမင်B1 ဗီတာမင်B5 ဗီတာမင်C ဗီတာမင်B9လို့ခေါ်ဖောလိတ် .....ပြောင်းဖူး၏ ကျန်းမာရေး အာနိသင် မှာဆက်ဖတ်ပါ....

ထောပတ်သီး(Avacado)

အာဟာရများကိုဖြည့်တင်းပေးနိုင်ရုံ သာမက သဘာဝမှရသောသကြား ဓာတ်ကိုထောက်ပံ့ပေးခြင်း၊ကိုယ် အလေးချိန်ကျဆင်းစေခြင်း၊အကျိုး ပြုကိုလက်စတီရောကိုတက်စေပြီး ဆိုးကျိုးပေးသောကိုလက်စတီရော ကိုကျဆင်းစေခြင်း စသည့်အချက်များ ကိုရရှိစေနိုင်သည်ဟု သိရသည်။ယခု လေ့လာမှုတွင် ဖော်ပြထားချက်အရ လေဖြတ်ခြင်းကိုပါ ထောပတ်သီးက ကာကွယ်ပေးနိုင်

လိမ္မော်သီး(Orange)

လိမ္မော်သီး၌ ဖိုင်ဘာမျှင်၊ သံဓာတ်၊ မီးစုန်းဓာတ်၊ ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်၊ ကြေးနီဓာတ်၊ သွပ်ဓာတ်၊ ဆလမ်နီယမ်၊ ကယ်လိုရီ၊ ကယ်လဆီယမ်ဒာတ်၊ဗီတာမင်စီ တို့ပါရှိသည်

မာလကာသီး(Guava)

မာလကာသီး တစ်လုံးတွင် ဗီတာမင်စီမှာ လိမ္မော်သီး တစ်လုံး၌ ပါရှိသည့် ဗီတာမင်စီ ပမာဏထက် ငါးဆခန့် ပိုများသည်။ မာလကာသီး၌ ဗီတာမင်စီ အပြင် အေနှင့် ဘီ၊ ကယ်လ်ဆီယမ်၊ ဖော့စပရပ်စ်၊ ပိုတက်ဆီယမ်၊ သံဓာတ်၊ ဖောလစ်အက်စစ်နှင့် အမျှင်ဓာတ်တို့ ပါဝင်သည်။ အများဆုံး ပါဝင်သော ဓာတ်များမှာ ဗီတာမင်စီ ၃၀၂ မီလီဂရမ်နှင့် ဗီတာမင် အေ ၂၅၀ မီလီဂရမ်တို့ ဖြစ်ကြသည်။ မာလကာသီးကို သီတင်း တစ်ပတ်လျှင် နှစ်လုံးခန့် စားသုံး သွားပါက သွေးတိုး ကျဆင်းစေပြီး နှလုံး ကျန်းမာရေးကို အထောက်အကူ ပြုကြောင်း အမေရိကန် သုတေသန ပညာရှင်များက ပြောကြားသည်။

***

***

***

***

***

***

***

***

***

***

Showing posts with label နိုကိုဥ (Beet). Show all posts
Showing posts with label နိုကိုဥ (Beet). Show all posts

22 Sept 2013

နိုကိုဥ (Beet) ၏ ကောင်းကျိုးနှင့် ဆိုးကျိုး

ကောင်းကျိုး

ပါဝင်သော Fibre ကြောင့် မကောင်းသောအဆီ LDL ကို ကျစေပြီး ကောင်းသောအဆီ HDL ကို တက်စေသဖြင့် နှလုံးသွေးကြော ရောဂါကို ကာကွယ်ပေးသည်။ ၄င်း တွင် ပါဝင်သော betaine မှHomo-cysteine ကို ကျစေသောကြောင့် သွေးကြောကို ကျန်းမာသန်စွမ်းစေ သဖြင့်လည်း နှလုံးသွေးကြောရောဂါ ကို ကာကွယ်ပေးသည်။
၎င်း၌ ပါဝင်သော Folate မှ သန္ဓေသား၏ ကျောရိုးမကို သန်စွမ်း စေရန် ကူညီပေးသည်။ ပါဝင်သော beta cyaninnis မှ အသားကို တာ ရှည်ခံရန်သုံးသော nitrosamine ကို ချေဖျက်ပေးနိုင်သဖြင့် ကင်ဆာကို ကာကွယ်ပေးနိုင်သည်။
ပါဝင်သော betaine မှ Liver ကို ကောင်းကောင်းအလုပ်လုပ်ရန် လှုံ့ ဆော်ပေးသည်။
ပါဝင်သော vit C မှ ရင်ကျပ် ရောဂါကို ကာကွယ်ရန် ကူညီပေး သည်။ ပါဝင်သော beta carotene မှ အဆုတ်ကင်ဆာကို ကာကွယ်ပေး သည်။
ပါဝင်သောကာဗိုဟိုက်ဒြိတ်မှ စွမ်းအင်ကိုရစေသည်။ ပါဝင်သော vit A မှ အသက်ကြီး၍ အမြစ်စွမ်း အင်လျော့မှုကို ကာကွယ်ပေးသည်။
ပါဝင်သော Potassium မှ သွေးပေါင်ကို ကျစေသဖြင့် လေဖြတ် ခြင်းကို ကာကွယ်ပေးသည်။
ပါဝင်သော boron မှ Sex hormone ထုတ်လုပ်ရန် ကူညီပေး သည်။
ဝမ်းချုပ်ခြင်းကို သက်သာစေသည်။

ဆိုးကျိုး

၎င်းတွင်ပါဝင်သောoxalateသည် ကျောက်တည်တတ်သဖြင့် ကျောက်ကပ်နှင့်သည်းခြေအိတ်

 ပြဿနာရှိသူများ ရှောင်ကြည်သင့်ပါ သည်။

ကံ့ကော်
source : organic facts
Health Updates Journal
Vol.2, No.27

Twitter Delicious Facebook Digg Stumbleupon Favorites More