Pages - Menu

ဆန်လုံးညို(Brown Rice)

ဆန်ဖြူကို ကြိတ်ခွဲလိုက်တာကြောင့် ဗီတာမင် B3 ၆၇ ရာခိုင်နှုန်း၊ ဗီတာမင် B1 ၈၀ ရာခိုင်နှုန်း၊ ဗီတာမင် B6 ၉၀ ရာခိုင်နှုန်း၊ မဂ္ဂနီဆီယမ်တစ်ဝက်၊ ဖော့စ်ဖရပ်စ် တစ်ဝက်၊ သံဓာတ် ၆၀ ရာခိုင်နှုန်းနဲ့ အမျှင်ဓာတ်အားလုံး ဆုံးရှုံးသွားခဲ့ ပါတယ်။

သံလွင်ဆီ(Olive Oil)

သံလွင်ဆီမှာ ဗီတာမင် အေ၊ ဗီတာမင် ဘီဝမ်း၊ ဘီတူး၊ ဗီတာမင်စီ၊ ဒီ၊ အီးနဲ့ ကေစတဲ့ ဗီတာမင်ဓာတ်တွေ ပါဝင်ပြီး သံဓာတ်နဲ့ အိုမီဂါ ၉ လည်း ပါဝင်ပါတယ်။

ပြောင်းဖူး(Corn)

ပြောင်းဖူးမှာ ဗီတာမင်B1 ဗီတာမင်B5 ဗီတာမင်C ဗီတာမင်B9လို့ခေါ်ဖောလိတ် .....ပြောင်းဖူး၏ ကျန်းမာရေး အာနိသင် မှာဆက်ဖတ်ပါ....

ထောပတ်သီး(Avacado)

အာဟာရများကိုဖြည့်တင်းပေးနိုင်ရုံ သာမက သဘာဝမှရသောသကြား ဓာတ်ကိုထောက်ပံ့ပေးခြင်း၊ကိုယ် အလေးချိန်ကျဆင်းစေခြင်း၊အကျိုး ပြုကိုလက်စတီရောကိုတက်စေပြီး ဆိုးကျိုးပေးသောကိုလက်စတီရော ကိုကျဆင်းစေခြင်း စသည့်အချက်များ ကိုရရှိစေနိုင်သည်ဟု သိရသည်။ယခု လေ့လာမှုတွင် ဖော်ပြထားချက်အရ လေဖြတ်ခြင်းကိုပါ ထောပတ်သီးက ကာကွယ်ပေးနိုင်

လိမ္မော်သီး(Orange)

လိမ္မော်သီး၌ ဖိုင်ဘာမျှင်၊ သံဓာတ်၊ မီးစုန်းဓာတ်၊ ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်၊ ကြေးနီဓာတ်၊ သွပ်ဓာတ်၊ ဆလမ်နီယမ်၊ ကယ်လိုရီ၊ ကယ်လဆီယမ်ဒာတ်၊ဗီတာမင်စီ တို့ပါရှိသည်

မာလကာသီး(Guava)

မာလကာသီး တစ်လုံးတွင် ဗီတာမင်စီမှာ လိမ္မော်သီး တစ်လုံး၌ ပါရှိသည့် ဗီတာမင်စီ ပမာဏထက် ငါးဆခန့် ပိုများသည်။ မာလကာသီး၌ ဗီတာမင်စီ အပြင် အေနှင့် ဘီ၊ ကယ်လ်ဆီယမ်၊ ဖော့စပရပ်စ်၊ ပိုတက်ဆီယမ်၊ သံဓာတ်၊ ဖောလစ်အက်စစ်နှင့် အမျှင်ဓာတ်တို့ ပါဝင်သည်။ အများဆုံး ပါဝင်သော ဓာတ်များမှာ ဗီတာမင်စီ ၃၀၂ မီလီဂရမ်နှင့် ဗီတာမင် အေ ၂၅၀ မီလီဂရမ်တို့ ဖြစ်ကြသည်။ မာလကာသီးကို သီတင်း တစ်ပတ်လျှင် နှစ်လုံးခန့် စားသုံး သွားပါက သွေးတိုး ကျဆင်းစေပြီး နှလုံး ကျန်းမာရေးကို အထောက်အကူ ပြုကြောင်း အမေရိကန် သုတေသန ပညာရှင်များက ပြောကြားသည်။

***

***

***

***

***

***

***

***

***

***

Showing posts with label သွားရည်စာ. Show all posts
Showing posts with label သွားရည်စာ. Show all posts

15 Sept 2014

အညာပဲရေပွမွှမွှကြော်

ဒီဟင်းပွဲမျိုးကို စစ်ကိုင်းတိုင်းရွှေဘိုဖက်ကအစားများတယ်လို့ သိရပေမယ့်..တစ်ချို့ 
အညာဒေသသားတွေကတော့..သူတို့ ဆီမှာမရှိဘူးလို့ ပြောဆိုကြပါတယ်..။
ဘာပဲဖြစ်ဖြစ်..ရွှေဘိုဒေသဇာတိသူဖြစ်တဲ့အမေက..မြင်းခြံသားဖြစ်တဲ့အဖေ့
အတွက်စီစဉ်ပေးနေကျဟင်းတစ်ပွဲဆိုလည်းမမှားပါဘူး...။

ပဲရေပွပဲဆိုတာက..ပုဂံပဲဖြူ ဖြူ လိုပုံစံမျိုး လေးဖြစ်ပြီးအရောင်ကတော့မြေတောင့်ပဲ
ရောင်ဖြစ်ပါတယ်..။

ပဲ.....တစ်ခွက်( ကြိုက်နှစ်သက်ရာခွက်)
ကြက်သွန်ဖြူ ...၅ တက်
ဆီ....... ၂-၃ ဇွန်း( ထမင်းစားဇွန်း)
ဆား+ဟင်းခတ်မှုန့် ..အနည်းငယ်စီ

ပဲကိုသန့်စင်ပြီး..မြေအိုးထဲထည့်ကာ မီးအေးအေးမှာ မွှေးပြီး ရွှေနီရောင်ရအောင်
လှော်ပေးပါ။မီးမပြင်းစေဖို့ အထူးသတိထားရပါမယ်။

ပဲလှော်ချိန်ပြည့်ဝပြီဆို..လှော်တဲ့အိုးထဲမှာပဲရေထည့်ပြီး..ပြုတ်ပေးရပါမယ်..။

ပဲက၃ ပုံ ၂ပုံလောက်နှူးအိပြီဆိုရင်..ရေတွေကိုဇကာတစ်ခုနှင့်စစ်ထားပါ။

ဆီကိုအပူပေးပြီး အခွံပါရောပြီးဓါးပြားရိုက်ထားတဲ့ကြက်သွန်ဖြူ ကိုမွှေးအောင်ဆီ
သတ်ပြီး..စစ်ထားတဲ့ပဲတွေထည့်ကြော်လိုက်ရင်..အခွံတွေကွဲအက်ပြီး..
ကြွပ်ကြွပ်မွှမွှလေးဖြစ်ပေါ်လာပါမယ်..။

လိုအပ်တဲ့ဆား ၊ ဟင်းခတ်မှုန့် အရသာလေးဖြည့်စွက်ပြီးမကြာခင်အချိန်အတွင်းသုံးဆောင်ပါ
(အချိန်အနည်းငယ်ကြာပြီးအေးသွားတဲ့အခါမာဆတ်ဆတ်ဖြစ်သွားတတ်ပါတယ်)


credit ပာင်းချက်နည်းများ face book
 

ဟင်းထုတ်လုပ်နည်း

လုပ်နည်းအမျိုးမျိုးရှိကြပေမဲ့ အိမ်ကလုပ်နည်း
ဟင်းထုတ် အထုတ် ၁၀၀ အတွက်
- ကြက်သွန်ဖြူမြိတ် ၁ ကီလို
- ဆန်မှုန့်  ၅၀၀ ဂရမ် ၃ ထုတ်
- ဆား ထမင်းစားဇွန်း ၄ ဇွန်း
- ဆီ 200 ml
- ရေ ၁၈၀၀ ml
- ငှက်ပျောဖက် ပျော့ပြောင်းသွားအောင် ရေဆေး ပြီး နေလှန်း (သို့ ) မီးကင်ပြီး သန့် ရှင်းအောင် အဝတ်နဲ့ သုတ်ထားပါ
၁) ကြက်သွန်မြိတ်ကို ရေဆေးပြီး ရိတ်ရိတ် လှီးထားပါ
၂) ဆန်မှုန့် ကို ကြက်သွန်မြိတ်နဲ့ ရောပြီး ဆားပါထည့်ပြီး သမအောင်မွှေပါ
၃) ရေကို ဖြည်းဖြည်းချင်း ထည့်လိုက် မွှေလိုက် လုပ်ပါ
၎) အားလုံး သမသွားရင် ဆီထည့်ပြီးမွှေပေးပါ
၅) အားလုံးသမရင် ဖက်ထဲ ဇွန်းကြီးနဲ့  တဇွန်းဆီထည့်ပြီး ထုတ်ပါ
၆) ရေနွေး ဆူဆူမှာ မိနစ် ၂၀ နာရီဝက်ခန့်  ပေါင်းရင် သက်သတ်လွတ် ဟင်းထုတ်ရပါပြီ။

တချို့ က အသားနဲ့  ကြိုက်တော့ များသောအားဖြင့် ဝက်သားနဲ့ လုပ်ကြပါတယ်
အသားနဲ့  လုပ်ချင်ရင် ဝက်သား သုံးထပ်သား ကို ဆားဆနွင်း နယ်ပြီး ဒယ်အိုးတလုံးမှာ ဆီရယ် ရေရယ် အနေတော်ထည့်ပြီး အမြှောင်းလိုက် ပဲ ပြုတ်ကြော်လုပ်ပါတယ်
ပြီးရင် ကျက်ပြီးသား အသားကို ခပ်ပါးပါးလှီးပြီး ဟင်းထုတ်ထုတ်တဲ့အခါ တထုတ်ကို ၁ ဖတ် ၂ ဖတ် ထည့်ထုတ်ပါတယ်
အသားပြုတ်ကြော်ကထွက်တဲ့ ဆီကျန်ရေကျန်လေးကို ဆန်မှုန့် နှစ်ထဲ ရောထည့်ရင် အနံ့ လေးမွှေးပြီး အရသာလည်းကောင်းတယ် ။

သက်သတ်လွတ်မဟုတ်ရင် မှုန့် နှစ်ထဲကြက်သားမှုန့်  နဲနဲ ထည့်ရင် အရသာပိုကောင်းပါတယ်။

ဝက်သားမစားရင် ကြက်သားကို ပြုတ်ကြော်လုပ်ပြီး အသားနွှင် ထည့်ပါတယ်

ဟင်းထုတ်လုပ်တိုင်း စိတ်မှန်းနဲ့ သာချိန်တွယ်ထည့်တာမို့  လုပ်နည်းတောင်းရင် ဂွကျလို့  ဒီတခေါက်တော့ စလုပ်ကတည်းက အားလုံး အတိအကျ ချိန်တွယ်ထည့်ပြီး မှတ်ထားပါတယ်
ဘုန်းကြီးကျောင်းရဆွမ်းအတွက်ပါ အထုတ် ၁၀၀ လုပ်မှာမို့  အခု ချိန်တွယ်ထားတာက အထုတ်၁၀၀ စာဖြစ်နေပါတယ်
အိမ်မှာနဲနဲလုပ်စားဖို့ ကို မနက်ဖြန် မှိုဟင်းထုတ်လုပ်တဲ့အခါ ပြန်လည်မှတ်သားပြီးရပြန်ရေးပေးပါ့မယ်
ဒီနေ့ က သမီးကြီးအတွက် အသားနဲ့ လုပ်ပေးပြီး ကျန်လူများကတော့ သက်သတ်လွတ် သမားတွေမို့  သက်သတ်လွတ် ပါ။

ဟင်းထုတ်စားရင် မပါမဖြစ်ကတော့ ငြုတ်သီးဆီချက်ပါ
ကြက်သွန်ဖြူထောင်း ဆီချက်ချက်ပြီး ကြက်သွန်ဖြူ ရွှေရောင်သန်းရင် မီးပိတ်ပြီး ငြုတ်သီးမှုန့် ထည့်ပါတယ်
တချက် နှစ်ချက်မွှေပြီး ဆားနဲနဲထည့်တယ်
အဲလို ငြုတ်သီးဆီချက် မွှေးမွှေးစပ်စပ်လေးနဲ့ မှ ဟင်းထုတ်က ကောင်းတာ ..






ပေါင်မုန့်အသားကပ်ကြော်

ကြက်သား ၂၅သား
ပုစွန် ၁၀သား
ပုစွန်ခြောက် ၂ဇွန်း
ဆား အနည်းငယ်
သကြား ။
ငရုတ်ကောင်း ။
နံနံပင် ၅ပင်ခန့်
ကြက်သွန်ုဖြူ ၃မွှာ
ကြက်ဥ ၁လုံး
ပေါင်မုန့်

ပေါင်မုန့်ကို ဘေးသားလှီးထုတ်ပါ။
ပုစွန်ခြောက်ကို ထောင်းပါ။နံနံပင်ကို နုတ်နုတ်စင်းထားပါ။
ပုစွန်နှင့်ကြက်သားကိုလဲ နုတ်နုတ်စင်းပါ။ပြီးရင် အားလုံးရော
၍ တစ်သားတည်းဖြစ်အောင်နုတ်နုတ်စင်းပါ။(သို့)ကြိတ်စက်
ဖြင့်ကြိတ်ပါ။ကြက်သွန်ဖြူ ရောထောင်းထည့်မွှေပါ။
ကြက်ဥ ဆား သကြား ငရုတ်ကောင်း ထည့်မွှေထားပါ။
ပေါင်မုန့်ချပ်ပေါ်တွင် အသားများ ကို ကပ်၍ ၂ခြမ်း(သို့)၄ခြမ်းလှီးပါ။
ဆီများများထည့်၍ ပူလာလျှင် မီးအနေတော်ဖြင့် ၄/၅ ခု တစ်ခါ ထည့်ကြော်ပါ။
အရောင်ပြောင်း၍ ရွှေရောင် သန်းလာလျှင် ဆီစစ်ဇကာထဲစစ်ထားပါ။

ကြိုက်နှစ်သက်ရာ ဆောစ့် တစ်မျိုးမျိုးနှင့် မရိုးနေစ့် ရောမွှေ၍ စားသုံးပါနော်။

credit -  Moe Thandar Htay

26 Aug 2014

မုန့်စိမ်းပေါင်း လုပ်နည်း

ငစိန်ဆန် တစ်ပြည်ကိုရေစင်အောင်ဆေးပြီး ကြိတ်ဆုံမှာကြိတ်ပါ။
မုန့်ရည်ကို အ၀တ်အိတ်နဲ့စစ်ထားပါ။
ရေစစ်သွားတဲ့အခါ မုန့်နှစ်ကိုအလုံးလိုက် ပေါင်းပါ။
မုန့်သား အနည်းငယ် ကျက်တာနဲ့
မုန့်လုံး ကို လက်ဆုံမှာထည့်ထောင်းပါ။
မုန့်ညက် အမှုန့်တွေကို အခဲတွေမပါအောင် ဆန်ခါ ချထားပါ။
အဖြူ သား လုပ်ဖို့မုန့် အချို့ကိုချ န်ထားပြီး
ကျန်တဲ့မုန့်သားတွေကို ပေါက်စေးကျ အောင်ကြို ထားတဲ့
ထန်းညက်ရည်နဲ့ နှံ့အောင် ရောနယ်ပါ။
ထန်းညက် (၅၀)ကျ ပ်သားလောက် ကြို ရင် ရပါပြီ ။
အဖြူ သားအတွက်ချန်ထားတဲ့ မုန့်သားထဲကို
အုန်းသီးတစ်လုံးကိုညှစ်လို့ရတဲ့ အုန်းနို့ပျ စ်ပျ စ်နဲ့
သကြားနည်းနည်းရောထည့်နယ် ထားပါ။
တချို့က မုန့်အဖြူ ထဲကို ပဲလွန်းပြု တ်ပြီးထည့်ကြပါတယ်။
မုန့်စိမ်းပေါင်းအိုး(မြေအိုး) ကို အိုးရောင်းတဲ့ဆိုင်မှာ မေးဝယ်လို့ရပါတယ်။
ပေါင်းအိုးမှာ ကပ်ပြားခံပြီး ပိတ်စိမ်းပါး(အ၀တ်ဖြူ ချည်သားကျဲကျဲ ) ခင်းပါ။
ပထမဆုံး ထန်းညက်နဲ့နယ်ထားတဲ့ မုန့်သားကို ဆန်ခါချ ပြီး ခပ်ရွရွ ခင်းထည့်ပါ ။
အပေါ်မှာတစ်ထပ်အုပ်ဖို့ နည်းနည်းချန်ထားပါ။
ထန်းညက်နဲ့မုန့်သားထည့်ပြီးရင် အပေါ်ကနေ မုန့်သားအဖြူ ထည့်ပါ ။
အဖြူ သားပေါ်ကနေ ရောင်စုံဖရုံယိုအတုံးလေးတွေ သီဟိုဠ်စေ့တွေထည့်လို့ရပါတယ်။
အဖြူသားပေါ်ကနေ ချန်ထားတဲ့ ထန်းညက်နယ်ထားတဲ့မုန့်သားတစ်ထပ် ထပ်ထည့်ပါ။
ပေါင်းလို့ကျက်တဲ့အခါ ဓါးနဲ့လှီးပြီး အုန်းသီးဖြူးစားပါ။


ကော်ဖီ/လက်ဖက်ရည်နဲ့ဖြစ်စေ-
ရေနွေးကြမ်းနဲ့ဖြစ်စေ တွဲဖက်စားလို့ရတဲ့ မြန်မာ့ရိုးရာစားစရာပါ။


credit to  sumhka sengpan

မုန့်ပြားသလက် လုပ်နည်း

မုန့်ပြားသလက် လုပ်နည်းလေး တောင်းထားသူတွေအတွက်
မုန့်ဆရာကို ခေါ်ပြီး မေးမြန်းစပ်စုထားတာလေးကို တဆင့် ပြောပြပါ့မယ်ရှင်
 ပထမဆုံး ဆန်ကိုရေစိမ်ထားပြီး နူးရင် ရေသုံးလေးထပ် ဖွေးနေအောင်ဆေးပစ်လိုက်ပါ
ပြီးရင် မုန့်ကြိတ်ဆုံဆီသွားကာ မုန့်နှစ်အပ်ရပါတယ်
ရလာတဲ့မုန့်နှစ်ကို ပိတ်စထဲထည့် ကျောက်ဖိထားပြီး ရေစစ်သွားရင် သိမ်းထားလိုက်ပါ

မနက်စောစော မုန့်လုပ်စားမယ်ဆို တစ်ညကြိုလုပ်ထားလိုက်ရင် ပိုအဆင်ပြေပါတယ်။

မုန့်လုပ်တော့မယ်ဆိုမှ မုန့်နှစ်ခဲကို ရေ ဆော်ဒါ ဆား အနည်းငယ်နဲ့ မပျစ်မကျဲ ကြွက်မြီးတန်းအနေရအောင်စပ်ပါ။
နာရီဝက်ကြာလျှင် အကောင်းဆုံး အနေအထားကိုရပါပြီ။

ထိုထက်ပိုကြာလျှင်တော့ မုန့်ပွလွန်ပြီး အခုရေအတွက် ပိုထွက်ပေမယ့်
မုန့်သားကတော့ တမျိုးဖြစ်သွားမယ် အိမ်စားဆိုပါက နာရီဝက်ဆို မကပ်လွန်းမပွလွန်း အကောင်းဆုံးနုအိနေတဲ့အနေအထားလေးကို ရရှိပါလိမ့်မယ်တဲ့ရှင်။
 လိုအပ်တဲ့ ပဲ နှမ်းထောင်း နံနံပင်တို့လည်း ပြင်ဆင်ထားပါ။

ဆော်ဒါကတော့ ဆန်နို့ဆီဗူးလေးလုံးဆို မကျည်းစေ့တစ်ဝက်ခန့်ထည့်ပြီး
ဆားကတော့ အပေါ့အငံ လိုအပ်သလိုထည့်နိုင်ပါတယ်။

တချို့တွေက ဆန့်မှုန့်ကို ဝယ်ပြီး အလွယ်လုပ်ကြသလို ဆန်ကြိတ်စဉ်မှာ ဘယာပဲ အနည်းငယ်ထည့်ကြိတ်တာမျိုးလည်း.ရှိတတ်ကြတယ်တဲ့
ဒါပေမယ့်
ဆန်ကောင်းကောင်းလေးကို ကြိတ်လို့ရလာတဲ့ မုန့်နှစ်ရည်နဲ့လုပ်တဲ့ မုန့်ပြားသလက်က အကောင်းဆုံးပါတဲ့ရှင်။

credit to Lion Snow

18 Jun 2014

ဘူးသီးကြော် ပူပူလေး ကြော်စားရအောင်

  ပါဝင်ပစ္စည်းများ

ဘူးသီး – တစိတ် (၃လက်မ အရှည်များ လှီးပေးပါ) 

ရွှေလိပ်ပြာ အကြော်မှုန့် – ၁၅၀ ဂရမ်
 (သို့) ဂျုံမှုန့် – ရ၀ ဂရမ် +ကောက်ညှင်းမှုန့် – ၄၅ ဂရမ် + ဆန်မှုန့် – ၃၅ ဂရမ် 
ရေ – ၁ခွက် (၂၀၀ မီလီလီတာ)
ဆိုဒါ - လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
ဆလက်ရွက် – စည်းဝက် (ရေစင်အောင် ဆေးထားပါ)
 

 ဆော့တွင် ပါဝင်ပစ္စည်းများ

မန်းကျည်ရည် – စားပွဲတင်ဇွန်း ၃ဇွန်း (မန်းကျည်သီးများကို ရေဖြင့် စိမ်ထားပေးပါ)
ငရုတ်သီးဆော့ – စားပွဲတင်ဇွန်း ၂ဇွန်း (ငရုတ်သီးပွနီ ၅တောင့်ကို ရေအနည်းဖြင့် ရောကြိတ်ပေးပါ)
ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)
နံနံပင် – အနည်းငယ် (ပါးပါးလှီးပါ)
သကြား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
ဆား – လက်ဖက်ရည်ဇွန်း တ၀က်
 

ကြော်နည်း

၁။ အရင်ဆုံး ဇောက်ခွက် တစ်ခုထဲတွင် ရွှေလိပ်ပြာ အကြော်မှုန့်(၁၅၀ ဂရမ်)၊ ဆိုဒါ နှင့် ရေ(၁ခွက်) ၂၀၀မီလီလီတာနဲ့ ခပ် ပျစ်ပျစ်လေး သမအောင် ရောမွှေပေးပါ။

၂။ ပြီနောက် ဒယ်ထဲ ဆီများများ ထည့်ပြီ ဆီပူသည်အထိ တည်ထားပါ။

၃။ ဆီပူလာလျှင် ဗူးသီးများကို မုန့်နှစ်ခွက်ထဲ နှစ်ပြီ ဒယ်ထဲ တစ်ခုခြင်းဆီ ဖြည်းဖြည်းခြင်း ထည့်ပေးကာ ဗူးသီးများ ရွှေအိုရောင်သန်းသည်အထိ ကြော်ပေးပါ။

၎။ ဗူးသီးများ ရလျှင် ဇကာဖြင့် ပြန်ဆယ်ကာ ဆီစစ်ထားပါ။

  အချဉ်ရည်အတွက် ပါဝင်ပစ္စည်းများ 

မန်ကျဉ်းရည်၊ ငရုတ်သီးဆော့၊ ဆား၊ သကြား၊ နံနံပင် တို့ကို ခပ်ကျဲကျဲလေး ဖျော်ပေးပါ။

  ထို့နောက် ပန်းကန်ထဲတွင် ဘူးသီးကြော်၊ ဆလတ်ရွက်၊ အချဉ်ရည် တို့ဖြင့် အရသာရှိစွာ သုံးဆောင်လို့ရပါပြီ…


Credit to Wutyee Food House

ကြော်ပုံ အဆင့်ဆင့်ကို http://www.wutyeefoodhouse.com/?p=6791%2F မှာကြည့်နိုင်ပါတယ်...

26 May 2014

နို့ကျောက်ကြော လုပ်နည်း

  နို့- ၁လီတာ
ကျောက်ကြောမှုန့် - ၁ထုပ်
သကြား - ထမင်းစားဇွန်း၇ဇွန်း
နို့ကိုပွက်ပွက်ဆူအောင်တည်ပေးပါ။


သကြားနဲ့ကျောက်ကြောမှုန့်ကိုရာမွှေထားပေးပြီးနို့ပွက်ပွက်ဆူလျှင်ရောပြီး၁၀မိနစ်လောက်ကြိုပေးပါ။
 ရောကြိုလို့ပျစ်လာပြီဆိုရင်ကြိုက်နှစ်သက်ရာခွက်လေးတွေ(သို့)ဗန်းထဲထဲ့ပါ။

နောက်ဆုံးကျန်တာလေးနဲနဲကိုလိမ္မော်ရည်လေးထဲ့ပြီးကြိုလိုက်ပါတယ် ရပါပြီ။

http://mmlazp.blogspot.com/2012/05/blog-post_20.html

19 May 2014

သာခွေယိုင် လေး လုပ်စားမယ် / သာကူပြင်(အတုံး မပျက် သာကူပြင် လုပ်နည်း)


မိသားစု ၁၀ ယောက် အတွက် အ ချိုး

ကောက်ညှင်း ငချိတ် နို့ဆီဗူး ၁ဗူး
သာကူ ၅ ကျပ်သား
သကြား ၂၀ သား
ဆား နဲနဲ
အုန်းနို့ ဗူးသေး ၁ ဗူး
နို့စိမ်း နဲနဲ

ရေနို့ဆီဗူး ၅ ခွက်ကိုဆူအောင် တည်ပါဆူလျှင် ရေဆေးထားတဲ့ ကောက်ညှင်းထဲ့ပါ
ကောက်ညှင်းပွပြီး ပြစ်လာလျှင်ရေထဲ့ပြီးပြုတ်ပါ

ကောက်ညှင်း အိလာပြီဆိုရင် သကြားဆားထဲ့ပါ

ပြီးလျှင် သာကူထဲ့ပါ

သာကူ မျက်စေ့ပျောက် ပြီး မပျစ်မကျဲ အ နေအထားဆို ရပါပြီ

အုန်းနို့နဲ့ နို့စိမ်းရောထားပါ

ကောက်ညှင်းအေးပါက အုန်းနို့ဆမ်းပြီး စားသုံးနိုင်ပါပြီ




သာကူပြင်(အတုံး မပျက် သာကူပြင် လုပ်နည်းကို အောက်ပါ link မှာကြည့်နိုင်ပါတယ်)
http://htetfamily.com/2012/03/03/သာကူပြင်

28 Apr 2014

အီကြာကွေး( Chinese Cruller )

မြန်မာနိုင်ငံရောက်..နိုင်ငံခြားသားတွေရဲ.ခရီးသွားမှတ်တမ်းမှာ..အီကြာကွေး
ကို Churros လို.ဖော်ပြထားပေမယ့်..လေ့လာကြည့်တော့Churros ဆိုတာ..မုန်.ကြိုးလိမ်လိုလှိုင်းပါတဲ့မုန်.သားဖြစ်အောင်..ညှစ်စက်တစ်ခုကနေပုံစံရယူ၊ကြော်ပြီး..
Icing Sugarလို.ခေါ်တဲ့သကြားမှုန်တွေလူး၊ ချောကလက်
ရည်တွေလူးတဲ့မုန်.မျိုးဖြစ်ပါတယ်..။
အီကြာကွေးနဲ.လုံးဝမတူပါဘူး..။

ဆောင်းပါးရှင်တစ်ဦးရဲ.အမေရိကန် နိုင်ငံရဲ.တရုတ်တန်းဈေး ဆိုတဲ့ဆောင်ပါး
မှာအီကြာကွေးကို Crispy Chinese Cruller လို.ဖော်ပြထားပါတယ်။
ဒီစကားလုံးနဲ.ရှာကြည့်ရင်တော့..အီကြာကွေးဟာ တရုတ်အစားအစာဖြစ်မယ်
လို.ခန်.မှန်းနိုင်ပါတယ်..။
မူရင်းဖြစ်တည်ပုံတွေကိုတော့ဖော်ပြထားတာမတွေ.ရပါဘူး...။

ဂျုံ မှုန်. ..................၂ ခွက်(လက်ဖက်ရည်ပန်းကန်လုံး)
ရေ........................၄၀၀ မီလီ လီတာ
မုန်.ပွဆေး( yeast)....၁/၄ ဇွန်း( လက်ဖက်ရည်ဇွန်း)
သကြား..................၁ ဇွန်း (............။...........)
မုန်.ဖုတ်ဆိုဒါ............ဇွန်းဝက်(..............။..........)
ဆား......................၁ ဇွန်း (.............။..............)
ဆီသန်.သန်. ...........၁ ဇွန်း ( ထမင်းစားဇွန်း)

ဇလုံးကြီးကြီး တစ်ခုမှာ ဂျုံမှုန်. ၊ မုန်.ဖုတ်ဆိုဒါ ၊ ဆား ၊ စတာတွေကို သမအောင်မွှေပေးပါ။

မုန်.ပွဆေးကို ရေလေးနဲ.ပျော်အောင်ဖျော်ပြီးမှ..ထည့်ပါ။

ဆီထည့်ပြီး..နှံ.အောင် တစ်ခါထပ်မွှေပေးပါ။

နောက်ဆုံး ရေထည့်ပြီး..ချော မွတ်တဲ့မုန်.သားတစ်ခုရအောင်နယ်ပါ။

ဂျုံ မှုန်.ဖြူး ထားသောစားပွဲပေါ်တင်ပြီး..မုန်.သား ကို အညီအမျှ ၂ ပိုင်းခွဲကာ
ညီညာတဲ့..ထု ၊ အလျား ၊ အနံ ဖြစ်အောင်ညှိယူ ပါ။

မိမိနှစ်သက်တဲ့အရွယ်..မုန်.သား ၂ ခုစီလှီးဖြတ်ပြီး..၂ ခုထပ်ကာ ..အ၀တ်စ
(သို.) ပလပ်စတစ်အပါးစ အုပ်ပြီး.. ၄၅ မိနစ်ခန်. အချဉ်ဖောက်ထားပါ။

ထိုအချိန်မှာ အီကြာကွေးကြော်ဖို.ဆီကိုအပူပေးပါ။

ဆီပူလာပြီဆို ..၂ ခုထပ်ထားတဲ့ အလည်တည့်တည့်မှာ ထမင်းစားတူ (သို.)
ချောမွတ်တဲ့ ပွတ်လုံးငယ်ကိုအသုံးပြု ပြီး..လှိုင်းအရာလေး၂ ဖက်လုံးကိုပေး
ပြီး..မုန်.သားကို ဟိုဖက်ဒီဖက်ဆွဲဆန်.ကာ ဆီပူထဲမှာထည့်ကြော်ပါ။

ကြော်တဲ့အချိန်မှာ မုန်.သားအကျက်ညီစေဖို. ကြော်တဲ့တုတ်တံလေးနဲ.လှိမ့်ကာ..လှိမ့်ကာကြော်
ပေးရပါမယ်..။

အကျက်ညီတဲ့ရွှေအိုရောင်ရပြီဆို...၀ါးဇကာ (သို.) စတီးဇကာထဲမှာဆီစစ်ပြီး
ပူတုန်းဧည့်ခံစားသုံးရပါမယ်...။

Photo Credit ..Google Search.

17 Feb 2014

ဗူးသီးကြော်



ကျွန်တော်တို.ဇာတိ (မိုးကုတ် ) မှာဗူးသီးကြော်ရင်..ဂျူးမြစ်လေးထည့်ကြော်
တတ်ပါတယ်..အခြားဒေသတွေကလို..ဗူးသီးချောင်းကြီးကြီးရှည်ရှည်လည်း
မဟုတ်ပဲ..လက်ညှိုးလောက်ဗူးသီးချောင်း(၅) ချောင်းလောက်ကို..ဂျူးမြစ်နဲ.
ရောယှက်ပြီး..ကြော်တတ်တာကြောင့်.....

မိုးကုတ်ဗူးသီးကြော်
************

ဗူးသီးအလတ်................... ၁စိတ်
ဂျူးမြစ်..........................၁ ထုံး
ရွှေလိပ်ပြာအကြော်မှုန်. ......၁ ထုပ်
ချင်းသေးသေး..................၁ တက်(ညှက်အောင်ထောင်းပါ)
ငရုတ်ကောင်းမှုန်. ............အနည်းငယ်
ရေကြက်သီးနွေး...............လက်ဖက်ရည်၁ ပန်းကန်လုံးခန်.

ဗူးသီးနုရင်အခွံခွာစရာမလိုသလို..အတွင်းအူတိုင်တွေလည်းထုတ်ဖို.မလိုအပ်
ပါဘူး..။

အနည်းငယ်ရင့်ရင်တော့..အခွံခွါ ၊အစေ့ထုတ်ပြီး..လက်သန်းအရွယ်အချောင်း
လေးများလှီးဖြတ်ပါ။
(မှတ်ချက်..မလှီးဖြတ်ခင်ရေဆေးပါ။လှီးဖြတ်ပြီးမှရေမဆေးရ )

ဂျူးမြစ်တွေကိုလည်း...မတိုမရှည်လေးတွေဖြတ်ပြီး..သဲစင်အောင်ရေဆေးစစ်
ထားပါ

ရွှေလိပ်ပြာအကြော်မှုန်.ကို ဇလုံခပ်ကြီးကြီးထဲမှာဖောက်ထည့်ပြီး၊ ငရုတ်ကောင်းမှုန်.၊ ထောင်းထားသောချင်း၊ ပာင်းခတ်မှုန်. ၊ ရေတိုနဲ.
မပျစ်မကျဲအနေအထားရအောင်ဖျော်ပေးပါ
(ဆားမထည့်ရ။ ဆားထည့်ပါကလျင်မြန်စွာပျော့တတ်သည်)

ဗူးသီးချောင်ေးလများနှင့်ဂျူးမြစ်ထည့်ပေါင်းပြီးအပျစ်အကျဲချိန်ဆပါ။
စေးထန်းနေလျှင်ရေအနည်းငယ်ပြန်စွက်နိုင်ပြီးကျဲနေရင်တော့..အကြော်မှုန်.လေးထပ်ပေါင်းပေးပါ။

လက်ဖက်ရည်အောက်ခံပန်းကန်ပြားလေးကိုအသုံးပြုပြီးဗူးသီးချောင်း ၄-၅
ချောင်းကိုမိမိလိုအပ်သလိုပုံဖော်ပြီး..ပူနေတဲ့ဆီအိုးအတွင်းကိုလက်နဲ.အသာ
လျှောချထည့်ပါ။

ရွှေအိုရောင်ရလာရင်..ဆယ်ယူစစ်ထားပြီး၊ မန်ကျည်သီးမှည့်ရည်၊ငံပြာရည်၊
ပာင်းခတ်မှုန်.၊ ကြက်သွန်နီ၊ ပူဒီနံ၊ငရုတ်စိမ်းအကြမ်းမှုန်.တို.နှင့်စပ်ထား
သောအချဉ်ရည်လေးနှင့်တွဲဖက်သုံးဆောင်ပါ။

မှတ်ချက် ။။ ဆန်မှုန်.ကိုယ်တိုင်စပ်မယ်ဆိုရင်တော့..ဆန်မှုန်.(၂) ဆ ပဲစိမ်း
မှုန်.(၁) ဆ ရောစပ်နိုင်ပါတယ်..။

ပာင်းချက်နည်းများ
 
ဗူးသီးကြော်

ဆန်မှုန့် ၂ ဆ၊ ကောက်ညှင်းမှုန့် ၁ဆ၊

 ဆားနည်းနည်း ဆော်ဒါနည်းနည်းကို ပြစ်ပြစ်ဖျော်ပါ။ 

ဗူးသီးက အရည်ထွက်လာတတ်ပါတယ်။ 

ဗူးသီးတွေ အကုန်လုံးကို မုန့်နှစ်နဲ့ မနည်ပါဘူး။

 တစ်ခုဆီ မုန့်နှစ်ထဲကို နှစ်နှစ်ပြီး ကြော်ရပါတယ်။ 

ဆီများများနဲ့ ကြော်ရင် မုန့်ပိုရွပါတယ်တဲ့.
 

15 Feb 2014

ချိစ် ဆန်းဒ်ဝှစ်ခ်ျ ( Cheese Sandwich )



ပေါင်မုန်. .......၂ ချပ်
ချိစ်ပြား...........၁ ချပ်(သို.) ၃ချပ်
ထောပတ်........၂ ဇွန်း

Cheese Sandwich လုပ်မယ်ဆိုရင်..၃ ချပ်ကအကောင်းဆုံး( အလှဆုံး)
ဖြစ်ပေမယ့်..ပုံမှာပြထားသလို..အညွှန်းကို ၂ ချပ်စာပဲ..ဖော်ပြပါတယ်..။
ပေါင်မုန်. ၃ချပ်..အသုံးပြုလိုသူများပါဝင်ပစ္စည်းကို နောက်ထပ် ၁ဆတိုးပေးပါ။

အသင့်လှီးပြီးသားပေါင်မုန်.အချပ်ကပါး.ပါတယ်..မလှီးရသေးတဲ့ပေါင်မုန်.လုံး
ကိုဝယ်ပြီး.. ၁ လက်မ အထူလောက်လှီးပါ။

ဒယ်အိုးပြားမှာ...ထောပတ်ကိုအပူပေးပြီး...ပေါင်မုန်.ကို ရွှေအိုရောင်ရအောင်
၂ ဖက်လုံး..အိုးကင်းတိုက်ပုံစံမျိုးပြုလုပ်ပေးပါ။

ချိစ်အခဲလိုက်သုံးသူများက..ပေါင်မုန်.နဲ.အရွယ်ညီအလျား ၊အထူ ကိုပေါင်မုန်.
တစ်ဝက်စာလှီးပြီးထည့် ( သို.) Sliced Cheese သုံးပါက ချိစ်ပြား ၃ ချပ်ကို
ပေါင်မုန်. ( ၁) ချပ်ပေါ်တင်...နောက် ၁ချပ်ဖြင့် ဖုံးအုပ်ပြီး...Microwave မှာ
စက္ကန်. ( ၃၀ ) လောက်အပူပေးလိုက်ရင်..ချိစ်တွေက ညောင်စေးကျသလို
ပျော်လာပါလိမ့်မယ်...။

ပေါင်မုန်.အနားသားဖြတ်သည်ဖြစ်စေ..မဖြတ်ပဲဖြစ်စေ...တြိဂံပုံ ကန်.လန်.
ဖြတ်လှီးပြီးစားသုံးနိုင်ပါတယ်..။
ပာင်းချက်နည်းများ

လွယ်ကူရိုးရှင်းသောအနောက်တိုင်းမုန်.ပျားသလက်( Pancake )

ဂျုံနုမုန်. .................၁ ခွက် (လက်ဖက်ရည်ပန်းကန်လုံး)
နွားနို......................၁ ခွက် (.............။.................)
သကြား..................၂ ဇွန်း ( ထမင်းစားဇွန်း )
ဆား......................ပါသည်ဆိုရုံ
မုန်.ဖုတ်ဆိုဒါ ...........၁ ဇွန်း( လက်ဖက်ရည်ဇွန်း)
ထောပတ်................၂ ဇွန်း( ထမင်းစားဇွန်း)( ပျော်အောင်ဖျော်ထားရန်)
ကြက်ဥ...................၁ လုံး
ဆီသန်.သန်.............၂ ဇွန်းခန်.( မုန်.ဖုတ်ရာတွင်အသုံးပြုရန် )

ဂျုံမုန်. ၊ ဆော်ဒါမှုန်. ၊ သကြား. ၊ ဆား ၊ တို.ကိုသမသွားအောင်မွှေပေးပါ။

အခြားဇလုံတစ်ခုထဲမှာ နွားနို. ၊ ထောပတ် ၊ ကြက်ဥတို.ကို သမသွားအောင်
ခေါက်ပါ။ အရည်ပျစ်တစ်ခုအသွင်ရပြီဆိုမှ..ဂျုံမုန်.ထဲကို ပေါင်းထည့်ပြီး..
မုန်.နှစ်ရည်တစ်ခုရအောင်ခေါက်ပါ။

Non- Stick ဒယ်အိုးပြားလေးမှာ...ဆီသန်.သန်.ကို နှံ.အောင်သုတ်ပေးပြီး
ထမင်းစားဇွန်း ၂- ၃ ဇွန်းခန်.လောင်းထည့်ကာ..မုန်.ကော်ယောက်ပြားလေး
နဲ.၂ ဖက်လုံးရွှေညိုရောင်ရအောင်ဖုတ်ပေးရုံပါပဲ..။

မိမိနှစ်သက်တဲ့ ပျားရည် ၊ ချောကလက်ရည် ၊ သကြားရည် ၊ ယိုမျိုးစုံနှင့်တွဲဖက်စားသုံးနိုင်ပါသည်..။

မှတ်ချက် ။ အသင့်သုံး pancake flour အသုံးပြုရင်တော့..ဆား ၊ သကြား ၊ ဆော်ဒါမှာသုံးစရာမလိုပဲအသင့်စပ်ပြီးသားဖြစ်ပါတယ်..အညွှန်းကိုသေချာ
ဖတ်ပြီးအသုံးပြုရုံပါ။
ပာင်းချက်နည်းများ

7 Feb 2014

ကြက်သားဘာဂါ ( Simple Grilled Chicken Burger )

( ၆ ) ခုစာ
*******

ဘာဂါပေါင်မုန်. ( Burger bun ) ..... ၆ လုံး
ကြက်သား( အရေခွံမပါ၊အရိုးမပါ).....၅၀၀ ဂရမ်
ကြက်ဥ.....................................၁ လုံး
ပေါင်မုန်.ကြွပ်ကြေ( bread crumbs ) ၁/၂ ခွက် (လက်ဖက်ရည်ပန်းကန်)
ကြက်သွန်နီကြီး...........................၁ လုံး
ပန်းငရုတ်ပွ................................၁ လုံး
မှိုပြုတ်ပြီးသား.............................၁ ခွက် (လက်ဖက်ရည်ပန်းကန်လုံး)
ကြက်သွန်ဖြူ...............................၂ တက်
ငရုတ်ကောင်း.............................၁ ဇွန်း(လက်ဖက်ရည်ဇွန်း)
ခရမ်းချဉ်သီးဆော့စ်......................၂ ဇွန်း( ထမင်းစားဇွန်း)
ဆား........................................အနည်းငယ်
Old Bay seasoning powder........ ၂ ဇွန်း
( ဒါကတော့..အနောက်နိုင်ငံများသုံးအသားနယ်တဲ့အရသာမှုန်.ဖြစ်ပါတယ်)
ပါစလေ(သို.) တရုတ်နံနံ................အနည်းငယ်..။

ဖြည့်စွက်ရန်

ခရမ်းချဉ်သီးကွင်း........၁၂ ကွင်း
ကြက်သွန်နီကွင်း.........၁၂ ကွင်း
ဆလတ်ရွက်...............အနယ်းငယ်
ချိစ်ပြား......................၆ ချပ်
မေရိုးနိစ်ဆော့စ်............အနည်းငယ်

ပထမဆုံး..ဘာဂါလုပ်စားမယ်ဆိုရင်...မုန်းတိုက်မှာ..ဘာဂါပေါင်မုန်.ကိုဝယ်
ပါ ( အချို.က အပေါ်မှာနှမ်းလေးတွေနဲ.အလှဆင်ထားတတ်ပါတယ်..။

ကြက်သားကို..ကြိတ်စက်မှာ...ညှက်နေအောင်ကြိတ်ပေးပါ။

ကြက်သွန်နီ/ ဖြူ ၊ ပန်းငရုတ်ပွ ၊ မှို စတာတွေကို နုပ်နေအောင်စဉ်းပါ။

ဇလုံတစ်ခုထဲမှာ ကြက်သား၊ နုပ်နုပ်စဉ်းထားတဲ့အသီးအရွက် ၊ ကြက်ဥ ၊
ပေါင်မုန်.ကြွပ်မှုန်. ၊ ပါဝင်တဲ့အရသာတွေကို အားလုံးရောထည့်ပြီး....
သမအောင်နယ်ပါ...။

မိမိအသုံးပြုမယ့် ပေါင်မုန်.အ၀ိုင်းအရွယ်များရအောင်...ခပ်ပြားပြားဝိုင်းပါ။

ဝိုင်းပြီးပြားထားတဲ့...အသားပြားတွေကို...Grilled Pan လို.ခေါ်တဲ့ ဒယ်ပြား
(သို.) ရိုးရိုး ဒယ်ပြား မှာ ထောပတ်လေးအနည်းငယ်နဲ. ၂ ဖက်လုံး ရွှေညို
ရောင်ရအောင်ကြော်ပါ ( Grilled Pan ဆိုတာ..လိုင်းလေးတွေပါတဲ့အတွက်
ကြောင့်..သာမန်မဟုတ်ပဲ လှည့်ပြောင်းပေးရင်...အကွက်ပုံစံလေးတွေရပါတယ်)

အပြင်သားရွှေရောင်ရပေမယ့်..အတွင်းသားမကျက်သေးပါဘူး...ဒါကြောင့်..
Oven (သို.) Microwave ကိုအသုံးပြုပြီး...အသားကျက်အောင်..ထည့်ဖုတ်
ပေးရပါအုံးမယ်...။ ( Oven ဆို ၅ မိနစ် Microwave ဆို ၂ မိနစ်)

ထိုစဉ်အချိန်မှာ...ပေါင်မုန်.တွေကိုလည်း..ထောပတ်အနည်းငယ်သုတ်ထားတဲ့
Grilled Plate (or ) Grilled Pan မှာအပူပေးထားပါ...။

ဧည့်ခံစားသုံးဖို.ပြင်ဆင်ပါမယ်...။

အပူပေးထားတဲ့ ပေါင်မုန်. သား( ဖြတ်ရာ ) နေရာတွေမှာ မေရိုးနိစ်ဆော့စ်
အနည်းငယ်သုတ်လိမ်းပါ..။

ဆလတ်ရွက်ကိုအောက်ဆုံးက ခံပေးပါ..။ Oven (သို.) microwave ကထွက်
လာတဲ့အသားကိုအပူဆုံးအချိန်မှတင်ပြီး...ချိစ်ပြားကို ချက်ချင်းတင်ပါ။
(ဒါမှသာချိစ်ပြားကအနည်းငယ်ပျော့ပျောင်းလာပါမယ်..)

နောက်ဆုံး..ခရမ်းချဉ်သီးကွင်း ၊ ကြက်သွန်နီကွင်းတွေညှပ်တင်ပြီး..အပေါ်က
အုပ်တင်ရမယ့် မုန်.ကို တည့် (သို.) မိမိအလှဆင်ပြုလုပ်ထားတာကိုစားသုံးသူ
မြင်စေချင်ရင်...ခပ်စောင်းစောင်းလေးတင်ပေးပါ..။

ဒီအဆင့်မှာမိမိအဆင်ပြေသလို..အလှဆင်နိုင်ပါတယ်..။

အာလူးအချောင်းကြော်. ဂေါ်ဖီနဲ.ဥနီအမျှင်လေးတွေကို မရိုးနိစ်နဲ.ရောသုပ်
ထားတဲ့ coleslaw ဆိုတာလေးနဲ တွဲဖက်ဧည့်ခံပါ..။

ပာင်းချက်နည်းများ

2 Feb 2014

ပူရီပြုလုပ်နည်း

ဂျုံကြမ်းမှုန်.............၃ ခွက်( လက်ဖက်ရည်ပန်းကန်)
ဆား.....................၃/၄ ဇွန်း( လက်ဖက်ရည်ဇွန်း)
ရေ.......................၁ ၁/၂ ခွက်( လက်ဖက်ရည်ပန်းကန်လုံး)
ကြော်ရန်ဆီ.............၁ လီတာ

ပထမဆုံးဂျုံတွေကို ဂျုံစစ်ဇကာနဲ.စစ်ပါ။

ဇလုံတစ်ခုအတွင်းမှာ..ဂျုံ၊ ဆား တို.ကိုရောပြီး..ရေကိုအနည်းငယ်ချင်းဆီ
ထည့်ပြီးလက်သီး၊ လက်ဖနောင့်အားနဲ.ထိုးနယ်ပါ။

ဒီလိုနယ်ချိန်မှာ ဂျုံအပေါ်မူတည်တဲ့အတွက်ကြောင့်ရေကို၁ ခွက်ခွဲ ခန်.မှန်း
ပေမယ့်လိုတိုးပိုလျှော့ပြုလုပ်ပေးရပါမယ်...။

နယ်ထားတဲ့ဂျုံသားဟာပျော့ထွေးနေတာမျိုးမဟုတ်သလို..မာခဲနေတဲ့အနေအထားမျိုးလည်းမဟုတ်ပဲ..
လက်နဲ.ထိကြည့်ရင်နှုးညံ့နေတဲ့အနေအထားအမျိုးဖြစ်နေရပါမယ်...။

နယ်ပြီးရင်..၁၀ မိနစ်ခန်.ပိတ်စပါးလေးအုပ်ပြီးနှပ်ထားပါ..။

ကြက်ဥအလုံးသေးအရွယ်လောက်လေးတွေလုံးပြီး..ဆီအနည်းငယ်စွတ်ကာ
မုန်.ဒလှိမ့်တုန်း(သို.) ပုလင်းလုံးလေးနဲ.ခပ်ဝိုင်းဝိုင်းခပ်ပါးပါးလေးရအောင်
ဖွဖွလေးဖိလှိမ့်ပေးပါ ( မုန်.တစ်ခုလုံးအထူအပါးညီနေရပါမယ်..။)

စစ်ဇကာပါတဲ့ကြော်ဇွန်းလေးကိုအသုံးပြုပြီး..ဆီပူပူမှာထည့်ကာ၁၀ စက္ကန်.
လောက်လေးပဲကြော်ပေးရပါမယ်။ ကြော်စဉ်အတွင်းဇကာလေးနဲ.ဖိပေးလိုက်
မှဖောင်းပွလာပါမယ်..။ဖောင်းပွလာတာနဲ.ချက်ချင်းစစ်ယူပြီး..ပူပူလေးကိုမိမိ
နှစ်သက်ရာ အာလူး+ပဲ ဟင်းတို.ဖြင့် တွဲဖက်သုံးဆောင်ပါ။

photo credit..Google Search.

ချာပါတီပြုလုပ်နည်း

ဂျုံကြမ်းမှုန်. .......၃ ခွက်(လက်ဖက်ရည်ပန်းကန်းလုံး)
ရေ...................၁ ခွက်(...............။.................)
ထောပတ်ဆီ.......၁ဇွန်းခွဲ( ထမင်းစားဇွန်း)
ဆား.................၁ဇွန်း ( လက်ဖက်ရည်ဇွန်း)
သကြား.............၁ ဇွန်း(..............။...........)

ဂျုံတွေကို ဂျုံစစ်ဇကာနဲ.စစ်ချပါ။

မျက်နှာပြင်ညီတဲ့ စတီးစားပွဲ (သို.) သစ်သားစားပွဲပေါ်မှာ ပုံပြီး..အလယ်ဗဟို
ကိုအပေါက်ငယ်ဖောက်ပါ..

ထိုအချိုင့်ခွက်ထဲကို ထောပတ်ဆီ ၊ ဆား ထည့်ကာ ရေတစ်ဝက်ခန်.ကိုဦးစွာ
ထည့်ပြီး..နယ်ပါ..။

လက်ကျန်ရေကိုတဖြည်းဖြည်းချင်းစီထည့်ပြီးလက်ဖနောင့်အားနဲ.သမပြီးစေး
ထွေးသွားတဲ့မုန်.သားရတဲ့အထိနယ်ပေးပါ။

နယ်ပြီးရင်..၁၀ မိနစ်ခန်.ပိတ်စပါးလေးအုပ်ပြီးနှပ်ထားပါ..။

တင်းနစ်ဘောလုံးအရွယ်လောက်တွေပိုင်းဖြတ်ပြီး...မိမိနှစ်သက်သလို အ၀ိုင်း
(သို.) လေးထောင့်ပုံရအောင်မုန်.ဒလှိမ့်တုံး( သို.) ချောမွတ်တဲ့ပုလင်းနဲ.
ဖိပြားပေးပါ။

ပူနေတဲ့ မုန်.ရေပါလိုအိုးမျိုးမှာ..ထောပတ်အနည်းငယ်ကို နှံ.အောင်သုတ်လိမ်း
ပေးပြီး...မုန်.သားကိုမီးဖုတ်သကဲ့သို. ဟိုဖက်ဒီဖက်ပြုလုပ်ပေးပါ။

အနည်းဆုံး (၂-၃ ) မိနစ်လောက် ဖုတ်ပေးရပါမည်...။

30 Jan 2014

ထမနဲ ထိုးနည်း



ထမနဲ အချိုး
ဒီအချိုးဟာ ရှေးမြန်မာလူကြီးများလက်ဆင့်ကမ်းလာတဲ့အချိုးဖြစ်သလို
ဆရာမကြီးခင်ခင်ထူးရဲ.မအိမ်ကံဝတ္ထု ထဲမှာလည်းဖော်ပြထားတာတွေ.ရ
ပါတယ် ( စကားချပ် )

(၁) ကောက်ညှင်းဆန်.......(၄)ပြည်
(၂ )မြေပဲ.......................(၈၀) ကျပ်သား..
(၃)နှမ်းဆီ(သို.)မြေပဲဆီ.... (၁)ပိဿာ
(၄) နှမ်းစေ့( မဲ+အဖြူ )......(၃၂) ကျပ်သား
(၅) အုန်းသီးစိတ်..............(၂၀) ကျပ်သား..
(၆) ဆား.........................(၇) ကျပ်သား.
(၇) ချင်း..........................(၁၅) ကျပ်သား

ထမနဲ မထိုးခင် ကောက်ညှင်းဆန်တွေကိုရေဆေးပြီးအနည်းဆုံး (၃) နာရီခန်.
ကြိုတင်ရေစိမ်ထားရပါမယ်...။

မြေပဲတွေကို လှော်ပြီးအခွံတွေပြောင်စင်နေအောင်သန်.စင်ပါ ။ ၂ ခြမ်းကွဲသွား
အောင်လက်ဖနောင့်လေးနဲ ဖိလှိမ့်ထားပေးပါ။
(အလွယ်သုံးမြေပဲဆားလှော်တွေမသုံးပါနှင့် )

နှမ်းတွေကိုလည်း သန်.စင်ပြီး(လိုအပ်ပါက) လှော်ထားပါ။

အုန်းသီးတွေကို အနေတ်ာပါးပါးလှီးစိတ်ပါ ၊ ကြော်ပြီးထည့်မယ်ဆိုရင် နေပူမှာ
(၃) နာရီလောက်ဇကာနှင့်ဖြန်.လှန်းထားပါ။

ချင်းတွေကိုအခွံခွါ ရေဆေးပြီး..မျှင်မျှင်လေးတွေလှီးပါ။

ရေစိမ်ထားတဲ့ကောက်ညှင်းတွေကို ဇကာနှင့်ရေစင်အောင်စစ်ထားပါ။

ပထမဆုံး မိုးဗြဲဒယ် မှာဆီကိုအပူပေးပြီး အုန်းသီးတွေကိုရွှေအိုရောင်ရအောင်
ကြော်ပြီးဆီစစ်ထားပါ ။

ထိုဆီထဲမှာပဲ ချင်းကို ဆီသတ်ပါ ။ အနံ.မွှေးပြီးနွမ်းလာလျှင် ရေစစ်ထားတဲ့
ကောက်ညှင်းဆန်တွေထည့်ပေါင်းကာ...သစ်သားယောင်းမအရှည်နှင့်မွှေပေး
ပါ ( ကြော်ချင်ဟန်ပြု ပါ )

ဆီနဲ.တွေ.ပြီးကောက်ညှင်းတွေအကြောတင်းသွားပြီဆိုမှ...ဆားဖြင့်အရသာ
သွင်းပါ ၊

ကောက်ညှင်းဆန်အထက် ရေ လက် ၂ ဆစ်ခန်.ထည့်ပြီး..စကောကြီးကြီးများ
ကိုလက်ကိုင်ကွင်းတပ်ထားသောအဖုံးများနှင့် ဖုံးထားပါ ။

ရေမခမ်းခင်အထိတော့ (၁၀ ) မိနစ်တစ်ခါလောက်ယောင်းမနဲ.နှံ..အောင်မွှေ
ပေးရပါမယ်..။

ရေခမ်းသွားပြီဆိုရင်တော့ မီးတောက်တွေကိုလျှော့ချပြီး...ငှက်ပျောဖက်အုပ်
အဖုံး ၊ ဖုံးကာ နှပ်ပေးရပါမယ်...။

ကျွမ်းကျင်သူတစ်ဦးက စမ်းသပ်ပြီးလို.နှပ်ပြီဆိုကာမှ သစ်သားယောင်းမကိုင်
ပြီးမွှေသူ၂ဦးရဲ.ယောင်းမအရင်းကနေကိုင်ပြီးကောက်ညှင်းတွေကိုပွတ်ချေပေး
ရပါတယ်( ထိုအလယ်လူနေရာကိုထမနဲကျွမ်းကျင်သူအိုးသူကြီးများတာဝန်ယူ
တာများပါတယ် )

ထိုအချိန်မှပဲ အိုးသူကြီးညွှန်ကြားချက်အတိုင်း နှမ်း ၊ မြေပဲ ၊ အုန်းသီးကြော်(သို.) အစိမ်းများကို ထည့်ကာ သမသွားအောင်နယ်ပေးပါမှ..
ကောင်းမွန်တဲ့ ထမနဲ ကိုရရှိတာဖြစ်ပါတယ်..။

(မှတ်ချက်)ကျွန်တော့်ငယ်ဘ၀နှစ်စဉ်အိမ်မှာထမနဲ ထိုးတော့..မိုးဗြဲဒယ်ကြီး
တွေတည်ဖို. မြေကြီးကို တွင်းတူးပြီး အုတ်နီခဲများနဲ.ခနောက်ဆိုင်ပြုလုပ်ကာ
မီးဖို(ယာယီပြုလုပ်တတ်ပါတယ် )

ဒီလိုပြုလုပ်တာဟာ မီးအရှိန်ကြောင့်လူပင်ပန်းမှုကိုသက်သာစေသလို လေတိုက်နှုန်းတွေကြောင့်မီးညွန်.တွေမလှုပ်ရှားစေပဲ

ထိရောက်တဲ့အပူရှိန်ကိုရရှိစေတယ်လို.ဆိုပါတယ်

နယ်တဲ.အချိန်လည်းထိုကြွင်းမျိုးမှာပြုလုပ်လေ့ရှိပါတယ်။
အားနဲ.အင်နဲ.ပြုလုပ်( နယ်တဲ့အချိန်မှာလည်းဒယ်အိုးဖင်ငြိမ်ပြီးမွှေသူရော၊
ကြိတ်ချေသူကိုပါ သက်သာစေသလို မုန်.ကိုလည်းမိမိလိုချင်တဲ့အနေအထား
ရောက်တယ်လို. ထမနဲအိုးသူကြီးများထံမှမှတ်သားဖူးပါတယ်..။





ထမနဲထိုးနည်းကဗျာ
*************

ထမနဲ ထိုးရန်ဖို.. စာချိုးလို.မှာခဲ့မယ်...

တစ်စိတ်ဆန်သည်ကောက်ညှင်းရယ်နှင့်
တစ်ပိဿာ ဆီအမှန်သွင်းပါလို.
ချင်း( ဂျင်း) က သုံးဆယ်
မြေပဲဖြူလှော်တစ်ခွက်ကယ်နှင့်
အုန်းသီးဆန်အတူဖတ်ပါလို.
နှမ်းမပြတ်ဤနည်းနှယ်
ရေစင်ကြည်ပထည့်ရိုး
လက်နှစ်သစ်သာပ ၊ တွက်စစ်ကာချိန်ဆယ်သားရယ်နှင့်
ရောနှောကလူအများတို.ရယ်
အားသစ်လို.ထိုး ...။

( အမည်မသိ )

 
photo credit >>> Google Search
မူရင်းဓါတ်ပုံပိုင်ရှင်အားလေးစားစွာအသိအမှတ်ပြုပါကြောင်းနှင့်ကျေးဇူးအထူး
တင်ရှိပါကြောင်း
Admin ( ဟင်းချက်နည်းများ )

ပြောင်းဖူးစလုကြော်

ပြောင်းဖူး.........................၃ ဖူး
ရွှေလိပ်ပြာအကြော်မှုန်. ......၅ ဇွန်း (ထမင်းစားဇွန်း)
ကြက်သွန်နီ......................၁ လုံး ( ပါးပါးလှီး)
ဆား...............................ပါသည်ဆိုရုံ
သကြား...........................၁ ဇွန်း ( လက်ဖက်ရည်ဇွန်း )

ပြောင်းဖူးကို ဓါးထက်ထက်လေးနဲ. ၂ ခါခြစ်လှီးရုံနဲ.ကုန်သွားသည်အထိခြစ်
ပြီးလှီးပါ ။ ( ခြစ်ဇကာများနဲ.ဆိုအခွံ ၊အနှစ်ကွဲသွားတတ်ပါတယ် )

ကြက်ဥကို သမအောင်ခေါက်ပြီး..ဆား၊ သကြားအရသာသွင်းပါ။ ငရုတ်ကောင်းမှုန်.လေးလည်းအနည်းငယ်ထည့်ပေးပါ။

ရွှေလိပ်ပြာမှုန်.ကို ထည့်ပေါင်းပြီး...ရေ( ၃) ဇွန်းလောက်ထည့်ကာထပ်ပြီး
သမသွားအောင်ခေါက်ပါ။

ခြစ်လှီးထားတဲ့..ပြောင်းဖူး ၊ ကြက်သွန်နီတွေ ထည့်ပြီးရောမွှေကြည့်ပါ။ မပျစ်မ
ကျဲအနေအထားမှာ အသင့်တော်ဆုံးပါ။ လိုအပ်ပါမှ..ရေအနည်းငယ်ထပ်ဖြည့်
ပါ။
(ရေ ထည့်ရတဲ့အချိုးအစားမပြောတာက အချို.မကျွမ်းကျင်သူများဆို ပြောင်း
ဖူးခြစ် ၊ ကြက်သွန်လှီးကတည်းကရေထွက်နေတတ်ပါတယ် )

ဟင်းကော်ဇွန်း တစ်ဇွန်းစာလောက်ကို ထည့်ပြီးဆီပူပူမှာ ရွှေအိုရောင်ရအောင်
ကြော်ပါ။


ပာင်းချက်နည်းများ

28 Jan 2014

အာလူး ပူတီ၊ ချာပတီ

အာလူးဟင်းအတွက် ပါဝင်သောပစ္စည်းများ
၁။ ကြက်ပေါင် – ၂ခု (တ၀က်ပိုင်းပေးပြီ ဆား၊ ကြက်သားမှုန့်တို့ဖြင့် နုယ်ထားပေးပါ) (Optional)
၂။ အာလူး – ၇ လုံး (အတုံးသေးများ တုံးပါ)
၃။ ကြက်သွန်နီ – ၁လုံး (နှုတ်နှုတ်ဆင်း)

၎။ ကြက်သွန်ဖြူ – ၄မွှာ (နှုတ်နှုတ်ဆင်း)
၅။ ကလဝေရွက် -၂ ရွက်

၆။ သစ်ဂျပိုး – ၂ခု
၇။ ငရုတ်သီးမှုန့် – စားပွဲတင်ဇွန်း တ၀က်
၈။ ဆနွင်းမှုန့် – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
၉။ မုန့်ညှင်းစေ့ (လက်ဖက်ရည်ဇွန်း ၂ ဇွန်း)
၁၀။ ဇီယာ (လက်ဖက်ရည်ဇွန်း ၁ ဇွန်း)
၁၁။ ဆား၊ ကြက်သားမှုန့်
 အာလူးဟင်း ချက်ပြုတ်နည်း
၁။ ဒယ်ထဲ ဆီထည့်ပါ၊ ကြက်သွန်ဖြူ၊ နီကို အညှိရောင်သန်းလာသည်အထိ ဆီထိုးပါ။
၂၊ ပြီးလျှင် ငရုတ်သီးမှုန့်၊ ဆနွင်းမှုန့် ထည့်ပြီ မွှေပေးပါ။ ထို့နောက် ကြက်သားများကို ဒယ်ထဲ ထည့်ကာ ရောမွှေပေးပါ။
၃။ ပြီနောက် အားလူး၊ မုန့်ညှင်းစေ့၊ ဇီယာ၊ ကလဝေရွက်၊ သစ်ဂျပိုး ထည့်ပါ။
၎။ အရသာအတွက် ဆား(လက်ဖက်ရည်ဇွန်း ၃ဇွန်း)၊ ကြက်သားမှုန့်(လက်ဖက်ရည်ဇွန်း ၂ဇွန်း) ထည့်ပါ။
 ပူတီ၊ ချာပတီ အတွက် ပါဝင်သောပစ္စည်းများ
၁။ ဂျုံ – ၁၅၀ ဂရမ်
၂။ ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
၃။ ရေ
 ပူတီ၊ ချာပတီ လုပ်နည်း
၁။ ဂျုံ၊ ဆား၊ ရေ ကိုသမအောင်ရောနုယ်ပေးပါ။ ဂျုံဒိုးကို ပျော့သွားလျှင် ဂျုံထပ်ထည့်ပေးပါ။
၂။ ပြီးလျှင် နုယ်ထားသော ဂျုံဒိုးကို ဆီအနည်းငယ် ထည့်ကာ ၁လက်မအရွယ် အလုံးလေးများလုံးပေးပါ။
၃။ ထို့နောက် ဂျုံလုံးလေးများကို ထလိမ့်တုံးဖြစ် အပြားဖြစ်အောင် လုပ်ပေးပါ။ တလိမ့်တုံးတွင် ဂျုံများမကပ်အောင် လိမ့်လျှင် ဂျုံပြားပေါ် ဂျုံမှုန့်များ ဖြူးပေးပါ။
 ၄။ ဒယ်ထဲတွင် ဆီနည်းနည်းထည့်ကာ ဂျုံပြားများကို ထည့်ကြော်ပေးပါ။ ချာပတီများကို အသင့်စားနိုင်ပါသည်။

မှတ်ချက်။ ။ ဆီများများနှင့် ဂျုံပြားကို ကြော်ပါက ပူတီိကို ရရှိမည် ဖြစ်ပါသည်။

၅။ အရသာ ထူးကဲပြီး အိန္ဒိယအနံသင်းစေသည့် အာလူး ပူတီ၊ ချာပတီကို သုံးဆောင်နိုင်ပါပြီ။


http://www.wutyeefoodhouse.com/?p=33%2F မှ ...


26 Jan 2014

မန္တလေးပဲကပ်ကြော်

မန္တလေးပဲကပ်ကြော်ကို အိသက်အမေက မုန့်ဟင်းခါးထဲ ထည့်စားတတ်တယ်။
အိသက်ကတော့ ဒီတိုင်းလေးပဲ စားရတာကြိုက်ပါတယ်။
ချင်းနံ့သင်းသင်းလေးနဲ့ စားလို့ ကောင်းတဲ့ မန္တလေးပဲကပ်ကြော် ကြော်နည်းလေးပါနော်။

ပါဝင်ပစ္စည်းများ
............................
• ပဲကတ္တီပါ (Red Bean) - ဆန်ချိန်ခွက်၁ခွက်
(ပဲလွန်းရရင် ပဲလွန်းနဲ့လုပ်ပါ) or Red Kidney Bean Tin
• ကောက်ညင်းမှုန့် - ဆန်ခွက် တစ်ဝက်
• ဆန်မှုန့် - စားပွဲဇွန်း ၁ ဇွန်း
• ကြက်သွန်ဖြူ - ၂ မြွာ
• ဆား - အချိုဇွန်း ၁ ဇွန်း
• ကြက်သားမှုန့် - စားပွဲဇွန်း ၁ ဇွန်း
• ပျဉ်းတော်သိမ် - အနည်းငယ် (ဓားနုတ်ပေါက်ပြီး)
• ချင်း - စားပွဲဇွန်း ၃ ဇွန်း
• ဆော်ဒါ - အချိုဇွန်းတစ်ဝက်

ပြုလုပ်နည်း
...............
၁။ ပဲများကို နူးသွားအောင် ပြုတ်လိုက်ပါတယ်။
ရေအနည်းငယ်ထည့်ပြီး ပဲကို ခြေပါသည်။

၂။ ဘူးပဲကိုသုံးမယ်ဆိုရင် ပြုတ်စရာမလိုဘဲ
ရေစစ်ကာတန်းခြေနိုင်ပါတယ်။

၃။ ဆား၊ ဆော်ဒါ၊ ချင်း၊ ပျဉ်းတော်သိမ်၊ ကြက်သွန်ဖြူ
ထောင်းထားတာများ ရောမွှေ ကာ အနေတော်အပြားလေးများပြားကာ
မီးအေးအေးနှင့် ကြော်ပါ။

၎။ ကြော်နေရင်းနဲ့ကို ချင်းနံ့သင်းနေတဲ့ မန္တလေးပဲကြော်လေးရပါပြီ။
ကြိုက်နှစ်သက် ရာအချဉ်ရည်ဖြင့်သော်လည်းကောင်း၊
သူ့ချည်းသတ်သတ်သော်လည်းကောင်း စားနိုင်ပါတယ်။


Htet Family's Creation
www.htetfamily.com


 ချင်းနံ.မွှေးမန္တလေးပဲကြော်
*****************

ဘိုကိတ်ပဲ...............၂ ခွက် (လက်ဖက်ရည်ပန်းကန်လုံး)
ကောက်ညှင်းမှုန်. .....၃ ဇွန်း ( ထမင်းစား ဇွန်း)
ချင်းသေးသေး..........၁ တက်
ကြက်သွန်ဖြူ............၃ တက်
ဆား+ ဟင်းခတ်မှုန်. .အနည်းငယ်စီ

ဘိုကိတ်ပဲကို အနည်းဆုံး(၃) နာရီခန်.ရေကြိုစိမ်ပြီးနှူးအောင်ပြုတ်ပါ။
( ရေခမ်းပါစေ...မအိပြဲသွားပါစေနှင့် )

ထိုစဉ်အတွင်းချင်း+ ကြက်သွန်ဖြူကိုညှက်နေအောင်ထောင်းထားပါ။

ပဲနှူးပြီဆိုရင်တော့..ငရုတ်ဆုံမှာထည့်ပြီးမညှက်တညှက်ထောင်းပါ။

ဇလုံတစ်ခုအတွင်းမှာ ထောင်းထားသောပဲ ၊ ချင်း+ကြက်သွန်ဖြူအရော၊ ကောက်ညှင်းမှုန်. ၊ အရသာထည့်ပြီး..ရေကိုလို
အပ်သလောက်အနည်းငယ်ချင်းစီထည့်ပြီး..စေးထွေးထွေးအနေအထားမျိုး
လောက်နယ်ပါ...။

ဒိုးပြားဝိုင်းကြီးကြီးအရွယ်တွေဝိုင်းကာ ဆီပူပူမှာ ကြွပ်ကြွပ်လေးကြော်ပါ။

ပာင်းချက်နည်းများ

13 Dec 2013

ကောက်ညှင်း၊ ပဲစေ့နှင့်ငှက်ပျောပေါင်းထုပ်

ပါဝင်ပစ္စည်းများ
ကောက်ညှင်းဆန်ကောင်းကောင်း.............၂ ခွက်(လက်ဖက်ရည်ပန်းကန်)
အုန်းနို.ပျစ်ပျစ်..................................... ၂ခွက်(................။............)
ပဲထွန်( သို.) ပဲနီ....................................၁/၂ ခွက်(................။.......)
သကြား...............................................၄ ဇွန်း
ရခိုင်ငှက်ပျောသီး....................................၅ လုံး( ဒေါင်လိုက်၎ စိတ်)
ဆား....................................................၁/၂ ဇွန်း(လက်ဖက်ရည်ဇွန်း)
ငှက်ပျောဖက်( ၅'x ၈').............................. ၂၀ ရွက်
ငှက်ပျောဖက်( ၄' x ၄' ).............................၂၀ရွက်

ကောက်ညှင်းဆန် နှင့် ပဲ ကို မုန်.မပြုလုပ်ခင် ၁ ည ကြိုတင်ရေဆေးစိမ်ထားပါ

ပဲကို ရေ ၃ခွက်ထည့်ကာ ရေခမ်းနှူးသည်အထိပြုတ်ပြီးအအေးခံထားပါ။

ကောက်ညှင်းတွေကိုရေစင်အောင်စစ်ထားပါ။

ဒယ်အိုး(သို.) ဒန်အိုးတစ်လုံးမှာအုန်းနို.၊သကြားနဲ.ဆားကိုရောပြီးအပူပေးပါ။ဆူပွက်လာ
လျှင်ရေစစ်ထားသောကောက်ညှင်းများထည့်ပါ။

မီးကိုလျှော့ချပြီး..အုန်းနို.များလုံးဝစုပ်ယူပြီးသည်အထိကောက်ညှင်းကိုချက်ပါ
အချိန်(၁၅) မိနစ်ခန်.ကြာပါလိမ့်မည်။ထို.နောက်အအေးခံထားပါ။

၈လက္မဖြတ်ထားသောငှက်ပျောဖက်ကိုအောက်ကခံပြီး ၅ လက္မကိုကန်.လန်.
ဖြတ်ခင်းပါ။

ချက်ထားသောကောက်ညှင်း၁ ဇွန်း ၊ ပဲ ၁ဇွန်း(လက်ဖက်ရည်ဇွန်း)ထည့်ပြီး
ငှက်ပျောသီးစိတ်ကိုတင်ပါ။ ကောက်ညှင်း ၁ ဇွန်းနဲ.ပဲ၁ ဇွန်းကိုအပေါ်ကထပ်
အုပ်ပါ။

၅ လက်မဖက်ကိုအရင်ခေါက်ပြီး..၈ လက္မ ဖက်ကို ခေါက်ချိုးခေါက်ပါ။

ဝါးနှီးသို.တစ်ခုခုဖြင့်စည်းနှောင်ပါ...။

ထို.နောက်...၄ လက်မပတ်လည်ငှက်ပျောဖက်၂ ရွက်နှင့်ထပ်ထုပ်ပြီးဝါးနှီးဖြင့်
ထပ်မံစည်းနှောင်ပါ။

ပေါင်းအိုးမှာပေါင်းရင် (၃၀) မိနစ်( သို.) ရေမြှုပ်ရုံထည့်ထားတဲ့အိုးမှာပြုတ်ရင်
(၁၅) မိနစ်ဆို..စားသုံးဖို.အဆင်သင့်ဖြစ်ပါပြီ..။

ဖယ်ကိုခွာထုတ်ပြီး..ခြစ်ထားတဲ့အုန်းမှုန်.လေးဖြူးကာသုံးဆောင်ပါ။


 ပာင်းချက်နည်းများ fb

Twitter Delicious Facebook Digg Stumbleupon Favorites More