Pages - Menu

2 Feb 2014

ပူရီပြုလုပ်နည်း

ဂျုံကြမ်းမှုန်.............၃ ခွက်( လက်ဖက်ရည်ပန်းကန်)
ဆား.....................၃/၄ ဇွန်း( လက်ဖက်ရည်ဇွန်း)
ရေ.......................၁ ၁/၂ ခွက်( လက်ဖက်ရည်ပန်းကန်လုံး)
ကြော်ရန်ဆီ.............၁ လီတာ

ပထမဆုံးဂျုံတွေကို ဂျုံစစ်ဇကာနဲ.စစ်ပါ။

ဇလုံတစ်ခုအတွင်းမှာ..ဂျုံ၊ ဆား တို.ကိုရောပြီး..ရေကိုအနည်းငယ်ချင်းဆီ
ထည့်ပြီးလက်သီး၊ လက်ဖနောင့်အားနဲ.ထိုးနယ်ပါ။

ဒီလိုနယ်ချိန်မှာ ဂျုံအပေါ်မူတည်တဲ့အတွက်ကြောင့်ရေကို၁ ခွက်ခွဲ ခန်.မှန်း
ပေမယ့်လိုတိုးပိုလျှော့ပြုလုပ်ပေးရပါမယ်...။

နယ်ထားတဲ့ဂျုံသားဟာပျော့ထွေးနေတာမျိုးမဟုတ်သလို..မာခဲနေတဲ့အနေအထားမျိုးလည်းမဟုတ်ပဲ..
လက်နဲ.ထိကြည့်ရင်နှုးညံ့နေတဲ့အနေအထားအမျိုးဖြစ်နေရပါမယ်...။

နယ်ပြီးရင်..၁၀ မိနစ်ခန်.ပိတ်စပါးလေးအုပ်ပြီးနှပ်ထားပါ..။

ကြက်ဥအလုံးသေးအရွယ်လောက်လေးတွေလုံးပြီး..ဆီအနည်းငယ်စွတ်ကာ
မုန်.ဒလှိမ့်တုန်း(သို.) ပုလင်းလုံးလေးနဲ.ခပ်ဝိုင်းဝိုင်းခပ်ပါးပါးလေးရအောင်
ဖွဖွလေးဖိလှိမ့်ပေးပါ ( မုန်.တစ်ခုလုံးအထူအပါးညီနေရပါမယ်..။)

စစ်ဇကာပါတဲ့ကြော်ဇွန်းလေးကိုအသုံးပြုပြီး..ဆီပူပူမှာထည့်ကာ၁၀ စက္ကန်.
လောက်လေးပဲကြော်ပေးရပါမယ်။ ကြော်စဉ်အတွင်းဇကာလေးနဲ.ဖိပေးလိုက်
မှဖောင်းပွလာပါမယ်..။ဖောင်းပွလာတာနဲ.ချက်ချင်းစစ်ယူပြီး..ပူပူလေးကိုမိမိ
နှစ်သက်ရာ အာလူး+ပဲ ဟင်းတို.ဖြင့် တွဲဖက်သုံးဆောင်ပါ။

photo credit..Google Search.

Twitter Delicious Facebook Digg Stumbleupon Favorites More