Pages - Menu

ဆန်လုံးညို(Brown Rice)

ဆန်ဖြူကို ကြိတ်ခွဲလိုက်တာကြောင့် ဗီတာမင် B3 ၆၇ ရာခိုင်နှုန်း၊ ဗီတာမင် B1 ၈၀ ရာခိုင်နှုန်း၊ ဗီတာမင် B6 ၉၀ ရာခိုင်နှုန်း၊ မဂ္ဂနီဆီယမ်တစ်ဝက်၊ ဖော့စ်ဖရပ်စ် တစ်ဝက်၊ သံဓာတ် ၆၀ ရာခိုင်နှုန်းနဲ့ အမျှင်ဓာတ်အားလုံး ဆုံးရှုံးသွားခဲ့ ပါတယ်။

သံလွင်ဆီ(Olive Oil)

သံလွင်ဆီမှာ ဗီတာမင် အေ၊ ဗီတာမင် ဘီဝမ်း၊ ဘီတူး၊ ဗီတာမင်စီ၊ ဒီ၊ အီးနဲ့ ကေစတဲ့ ဗီတာမင်ဓာတ်တွေ ပါဝင်ပြီး သံဓာတ်နဲ့ အိုမီဂါ ၉ လည်း ပါဝင်ပါတယ်။

ပြောင်းဖူး(Corn)

ပြောင်းဖူးမှာ ဗီတာမင်B1 ဗီတာမင်B5 ဗီတာမင်C ဗီတာမင်B9လို့ခေါ်ဖောလိတ် .....ပြောင်းဖူး၏ ကျန်းမာရေး အာနိသင် မှာဆက်ဖတ်ပါ....

ထောပတ်သီး(Avacado)

အာဟာရများကိုဖြည့်တင်းပေးနိုင်ရုံ သာမက သဘာဝမှရသောသကြား ဓာတ်ကိုထောက်ပံ့ပေးခြင်း၊ကိုယ် အလေးချိန်ကျဆင်းစေခြင်း၊အကျိုး ပြုကိုလက်စတီရောကိုတက်စေပြီး ဆိုးကျိုးပေးသောကိုလက်စတီရော ကိုကျဆင်းစေခြင်း စသည့်အချက်များ ကိုရရှိစေနိုင်သည်ဟု သိရသည်။ယခု လေ့လာမှုတွင် ဖော်ပြထားချက်အရ လေဖြတ်ခြင်းကိုပါ ထောပတ်သီးက ကာကွယ်ပေးနိုင်

လိမ္မော်သီး(Orange)

လိမ္မော်သီး၌ ဖိုင်ဘာမျှင်၊ သံဓာတ်၊ မီးစုန်းဓာတ်၊ ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်၊ ကြေးနီဓာတ်၊ သွပ်ဓာတ်၊ ဆလမ်နီယမ်၊ ကယ်လိုရီ၊ ကယ်လဆီယမ်ဒာတ်၊ဗီတာမင်စီ တို့ပါရှိသည်

မာလကာသီး(Guava)

မာလကာသီး တစ်လုံးတွင် ဗီတာမင်စီမှာ လိမ္မော်သီး တစ်လုံး၌ ပါရှိသည့် ဗီတာမင်စီ ပမာဏထက် ငါးဆခန့် ပိုများသည်။ မာလကာသီး၌ ဗီတာမင်စီ အပြင် အေနှင့် ဘီ၊ ကယ်လ်ဆီယမ်၊ ဖော့စပရပ်စ်၊ ပိုတက်ဆီယမ်၊ သံဓာတ်၊ ဖောလစ်အက်စစ်နှင့် အမျှင်ဓာတ်တို့ ပါဝင်သည်။ အများဆုံး ပါဝင်သော ဓာတ်များမှာ ဗီတာမင်စီ ၃၀၂ မီလီဂရမ်နှင့် ဗီတာမင် အေ ၂၅၀ မီလီဂရမ်တို့ ဖြစ်ကြသည်။ မာလကာသီးကို သီတင်း တစ်ပတ်လျှင် နှစ်လုံးခန့် စားသုံး သွားပါက သွေးတိုး ကျဆင်းစေပြီး နှလုံး ကျန်းမာရေးကို အထောက်အကူ ပြုကြောင်း အမေရိကန် သုတေသန ပညာရှင်များက ပြောကြားသည်။

***

***

***

***

***

***

***

***

***

***

Showing posts with label အရံဟင်း. Show all posts
Showing posts with label အရံဟင်း. Show all posts

26 May 2014

အာလူးကတ်သလိတ်

လိုအပ်တဲ့ပစ္စည်းတွေကတော့ 
အာလူး၊ ဆိတ်သား ဒါမှမဟုတ် အသားတစ်မျိုးမျိုး တောက်တောက်စင်း၊
ကြက်သွန်ဖြူ၊နီ၊ချင်း၊ ဇီယာစေ့၊ မာဆလာ၊ တန်ပူရာမှုန့် ၊ ကြက်ဥ၊ ဆီ၊အချိုမှုန့်၊ 

သကြားအနည်းငယ်၊ ဆား စတာတွေပါ။

စစချင်းမှာ အာလူးတွေကို အိုးထဲထည့်၊ မီးဖိုပေါ်တင်ပြီးနူးအောင်ပြုတ်ပါ။ အာလူးပြုတ်ထားတဲ့
အချိန်မှာ အသားတွေကို မာဆလာ၊ ဆား၊ သကြား၊ အချိုမှုန့်လေးနဲ့ နယ်ပြီးနှပ်ထားပါ။ကြက်
သွန်ဖြူနီချင်းတို့ကအခွံနွှာ၊ ကြက်သွန်နီကိုမထူမပါးလေးခပ်သေးသေးလှီး၊ကြက်သွန်ဖြူနဲ့ဂျင်း
ကိုထောင်းထားပါ။ ပြီးရင်တော့ မီးဖိုပေါ် ဒယ်အိုးတင် ဆီထည့်၊ဆီပူလာပြီဆိုရင်တော့ နနွင်းမှုန့်
လေးခပ်၊ ပြီးတော့ကြက်သွန်ဖြူနီဂျင်းကထည့်၊ ဆီသတ်၊ ပြီးရင်အသားတောက်တောက်စင်းနှပ်
ထားတာကို ထည့်ပြီး မွှေ၊ဇီယာစေ့ကိုထည့်၊ပြီးတော့ အသားကိုခြောက်တဲ့အထိမီးနွေးနွေးနဲ့
ဖြေးဖြေးချင်း ဆီသတ်ပေးပါ။ တချို့ကတော့အဲ့ဒီအသားဆီသတ်ထဲမှာ မုန်လာဥနီ၊ ဂေါ်ဖီထုပ်
စတာတွေကိုပါးပါးလှီးပြီး ထည့်တတ်ပါတယ်။ အသားဆီသတ်ရပြီဆိုရင်တော့မီးပိတ်ပြီး ဒယ်အိုး
ကိုစောင်းပြီး အသားဆီသတ်ကို အအေးခံ၊ဆီစစ်ထားပါ။ ဆီများရင် အာလူးထဲ အဆာသွတ်
တဲ့အခါကျရင်ဆီတွေစိမ့်ထွက်လာပြီး အာလူးကတ်သလိတ် ပုံစံပျက်တတ်ပါတယ်။


အာလူးပြုတ်ရပြီဆိုရင်တော့ အာလူးတွေကို အအေးခံပြီးတော့အခွံနွှာပြီးတော့ထောင်းပါ။ ငရုတ်ဆုံအဆင်မပြေဘူး
ဆိုရင်တော့ အိုးတစ်ခုထဲ အာလူးတွေကို ချေထည့်၊ ပြီးတော့ ဆား၊ သကြား၊ အချိုမှုန့်လေးထည့် ပြီးတော့ ပုလင်းနဲ့
ဖိပြီးထုချေပေးပါနော်၊ ဒီလိုလုပ်ပေးတာ အချိန်ကြာလာတာနဲ့အမျှ အာလူးကစေးပိုင်လာပါလိမ့်မယ်။ ပြီးရင်တော့အာလူးတွေကို ဂျုံနယ်သလို သေချာနယ်ပြီး လက်သီးဆုပ်ခန့်အလုံးလေးတွေရအောင်ဆုပ်ထားလိုက်ပါ။ တန်ပူရာမှုန့်ကို ပန်းကန်ပြားတစ်ခုထဲ ထည့်ထားပါ၊ ကြက်ဥကို သေချာခေါက်ထားပါ။အားလုံးအဆင်သင့်ဖြစ်ပြီ ဆိုရင်တော့အာလူး ဆုပ်ထဲက အာလူးကို ဖဲ့ယူပြီးတော့ လက်ဖ၀ါးပေါ်မှာ အ၀ိုင်းပြားပြားလေးဖြစ်အောင်လုပ်၊ နှုတ်ခမ်းပါးနားတွေညီအောင်ညှိ ပြီးတော့မှ အဲ့ဒီအ၀ိုင်းပြားလေးရဲ့အလယ်ကိုလက်လေးနဲ့ ဖိပြီး ချိုင့်အောင်လုပ်၊
ပြီးတော့ ခုနကဆီသတ်ထားတဲ့အသားလေးကို ဇွန်းလေးနဲ့ တစ်ဇွန်းထည့်ပြီး ဘေးပတ်ပတ်လည်နဲ့အပေါ်ကို
အာလူးတွေနဲ့ ပြန်ပြီးငုံလိုက်ပါနော်။ ပြီးတော့ မှ ကြက်ဥနှစ်လေးထဲစိမ်၊ ပြီးတော့မှအပေါ်ကနေ တန်ပူရာမှုန့် လေးနဲ့ကပ်ပြီးပန်းကန်ပြားကြီးကြီးထဲတန်းစီပြီး ထည့်ထားလိုက်ပါ။ အာလူးဆုပ်လေးတွေ အကုန်အဆာသွပ်ပြီး ပြီဆိုရင်တော့ မီးဖိုပေါ်ဆီအိုးတင်၊ဆီများများထည့်၊စစချင်း မှာ ဆီကိုဆူအောင်ထား၊ဆီဆူလာပြီဆိုရင်တော့
အာလူးဆုပ်လေးတွေထည့်၊ မီးနည်းနည်းလျော့ပြီးအကျက်ညီအောင် ဟိုဘက်ဒီဘက်လှန်ပြီး သေသေချာချာ
ကြော်ပေးပါ။ ရွှေညိုရောင် ပြောင်းလာပြီ၊ အနံ့လေးလည်း မွှေးလာပြီဆိုရင်တော့အာလူးကတ်သလိတ်ကြော် လေးမွှေးမွှေးလေး ရပါပြီ။

အချဉ်အတွက်တော့ ကျွန်မကတော့ ခရမ်းချဉ်သီးကို မီးကင်ပြီးတော့မှအနှစ်တွေကို ဇွန်းလေးနဲ့ခြစ်ယူ၊ ကြက်သွန်
ဖြူလေး ဓါးပြားရိုက်၊ဆားလေး၊ အချိုမှုန့်လေးထည့်၊ ငရုတ်သီးစိမ်းလေး မညက်တညက်ထောင်းထည့်၊ကြက်သွန်
မြိတ်လေး၊ နံနံပင်လေးထည့်ပြီး မွှေလိုက်ပါတယ်။ ခရမ်းချဉ်သီးပန်ထွေဖျော်လိုမျိုးလေးပေါ့နော်။အာလူးကတ်သလိတ် ပူပူနွေးနွေးမွှေးမွှေးလေးနဲ့ ချဉ်ဖြုန်းဖြုန်း၊မစပ်တစပ် အချဉ်ရည်လေးနဲ့တွဲစားလိုက်ရတာ ကောင်းလိုက်တဲ့ အရသာ
ဂရင်းတီးလေးနဲ့ တွဲသောက်လိုက်တော့ အရမ်းကောင်း၊ အခုလိုပူတဲ့အချိန်မှာတော့ ကိုလာလေးတစ်ငုံသောက်လိုက်၊ ကတ်သလိတ်လေးတစ်ကိုက်လောက်ဝါးရင်းနဲ့ပေါ့ 

http://lulucooking.blogspot.com/2007/08/blog-post_28.html

20 May 2014

ခရမ်းချ ဉ်သီးငါးပိပန်ထွေဖျော်

ငါးပိ...............၁ ဇွန်း( ထမင်းစားဇွန်း)
ခရမ်းချ ဉ်သီး....၃ လုံး( ကြီးကြီး၊ မှည့်မှည့် )
ငရုတ်သီးစိမ်း....၁၅ တောင့်ခန်.
ကြက်သွန်ဖြူ .....၇ တက်

ခရမ်းချဉ်သီးကို ဇကာခံပြီးမီးဖိုပေါ်ကင်(သို.) ရေအနည်းငယ်နဲ.နှူးအောင်ပြုတ်
ပါ( မီးဖုတ်ခြင်းကပိုမွှေးပါသည်)

ရေအေးစိမ် ၊အအေးခံကာ ၊အခွံတွေနွှာထားပါ။

ကြက်သွန်ဖြူ ၊ ငရုတ်သီးစိမ်းကိုရောပြီးလှော်ပါ။

ငါးပိကို ဇွန်းပြားလေးမှာကပ်ပြီးမီးကင်ပါ။

ရောလှော်ထားသောငရုတ်သီး၊ကြက်သွန်ဖြူ အရောကိုစတင်ပြီးညှက်အောင်
ထောင်းပါ။

မီးဖုတ်ထားသောငါးပိကိုရောထည့်ကြိတ်ချေ ပေးပါ။ နှံ.သွားပြီဆိုရင် ပြုတ်ထား
သော (သို.) မီးကင်ထားသော ခရမ်းချဉ်သီးတွေ ထည့်ကာဖိချေ ပေးပါ။

ဆား+ ဟင်းခတ်မှုန်.တို.နှင့်အရသာသွင်းပါ။

ကြက်သွန်မြိတ်+နံနံပင်ပါးပါးလှီးကာ( နှစ်သက်ရင်) ဖြူးပေးနိုင်ပါတယ်..။
ပာင်းချက်နည်းများ

2 May 2014

လက်ပံပွင့်ငရုတ်သီးထောင်း

လက်ပံပွင့်အခြောက်.................၁၅ ပွင့်ခန်.
ငရုတ်သီးခြောက်တောင့်............၂၀ တောင့်
ကြက်သွန်ဖြူ ...........................၅ တက်
မန်ကျည်သီးမှည့်.......................အနည်းငယ်
ဆား+ဟင်းခတ်မှုန်. .................လိုအပ်သလို


လက်ပံပွင့်ကို (၁) နာရီလောက်ကြိုတင်ရေစိမ်ထားပြီး.မန်ကျည်းမှည့်အနှစ်နဲ.
နှူးအောင်ပြုတ်ပါ။(သို.)သီးစုံအချဉ်ဟင်းမျိုးထဲမှာလက်ပံပွင့်ကိုထည့်ချက်ထား
ကာဆယ်ယူပြီးတော့လည်းအသုံးပြု နိုင်ပါတယ်။

ငရုတ်သီးခြောက်တောင့်ကိုလည်းလှော်ထားပါ။

လက်ပံပွင့်တွေသိပ်ရှည်လျားနေရင်တစ်ဝက်လောက်ဖြတ်ပြီးငရုတ်သီးခြောက် ကြက်သွန်ဖြူ တို.နဲ.ရောပြီးထောင်းပါ။

ငရုတ်သီးနဲ.ကြက်သွန်ဖြူ တွေညှက်နေပေမယ့် လက်ပံပွင့်တွေညှက်နေစရာမလိုပါဘူး။

ဆား+ ဟင်းခတ်မှုန်.တို.နဲ.အရသာသွင်းပါ။

 စေးထွေးထွေးလေးနဲ.အလွန်စားကောင်းတဲ့လက်ပံပွင့်ငရုတ်သီးထောင်းပါ။
ပာင်းချက်နည်းများ

17 Apr 2014

ငံပြာရည်ချက်

 ငံပြာရည်ချက်နဲ.ငံပြာရည်ကြော်မကွဲသေးတဲ့သူတွေလည်းရှိမှာပါ....
ငံပြာရည်ကြော်ဆိုတာကတော့..ဘာလချောင်အစိုကြော်ပုံစံမျိုးဖြစ်ပါတယ်..။ 
ငံပြာရည်ချက်ဆိုတာကတော့...ငံပြာရည်ကို..ငပိရည်ကဲ့သို.ချက်ခြင်းတစ်မျိုး ဖြစ်ပါမယ်...။



ငံပြာရည်ချက်
*********

ပုစွန်ငံပြာရည်ကောင်းကောင်း...............၃၀မီလီ.လီတာ
ပုစွန်ခြောက်.....................................၂ ဇွန်း(ထမင်းစားဇွန်း)
ကြက်သွန်နီ.....................................၂ လုံး( နုပ်နုပ်စဉ်း)
ကြက်သွန်ဖြူ....................................၇ တက်( နုပ်နုပ်စဉ်း)
ငရုတ်သီးကြမ်းမှုန်. ...........................(၁) ဇွန်း (ထမင်းစားဇွန်း)
ငရုတ်သီးလှော်မှုန်. ............................၁ဇွန်း (..............။.......)
ဆီ..................................................၁ ဇွန်း (............။........)

မီးငွေ.ငွေ.လေးရှိတဲ့အပူချိန်ကိုအသုံးပြုဖို.သတိထားပါ...။

ဒယ်အိုးတစ်လုံးမှာ..ဆီနှင့်အတူကြက်သွန်နီကိုပထမဆုံးဆီသတ်ပါ..ကြက်
သွန်နီတစ်ဝက်လောက်ကျက်ပြီဆိုရင်..နနွင်းမှုန်.အနည်းငယ်( ပါသည်ဆိုရုံလေး)နှင့်
အဖြူကိုပါထည့်ပေါင်းဆီသတ်ပါ...။

ကြက်သွန်နီ ၊ဖြူရွှေရောင်ရလာပြီဆိုရင်..ထောင်းထားတဲ့ပုစွန်ခြောက်တွေကို
ထည့်ပေါင်းဆီသတ်ပါ....ပုစွန်ခြောက်တွေအနည်းငယ်မွှေးလာပြီဆိုရင်တော့..
ငရုတ်ကြမ်းစိမ်းမှုန်.ကိုထည့်ပေါင်းပါ...ထို.နောက်ငရုတ်သီးလှော်မှုန်.ကိုလည်းထည့်ပေါင်းပြီး..
ံပြာရည်လောင်းထည့်ပါ...ရေ ၁၅ မီလီလောက်ကိုလည်းထည့်ပေါင်းပါ..။

ပာင်းခတ်မှုန်.နှင့်အရသာသွင်းပြီးတစ်ပွက်ဆူလျှင်..သုံးဆောင်ပါ..။

အလိုက်ဖက်ဆုံးတို.စရာကတော့..ဂေါ်ဖီထုပ်ထုပ်အစိမ်းနဲ.တခြားပြုတ်ထားတဲ့ပာင်းသီးပာင်းရွက်များပါပဲ....။
 

ငါးပိရည်

 ငါးပိရည်ကို..အချို.ကကျိုလိုက်တယ်..ပြီးတော့စစ်ထုတ်..ငရုတ်သီးလှော်မှုန်.
လောင်းချလိုက်တယ်...Admin ကတော့မနှစ်သက်ပါဘူး..ကောင်းကောင်းနဲ.စနစ်တကျ နည်းလမ်းလေးကိုသဘောကျပါတယ်..။


ငါးပိရည်
******

ငါးပိရည်ကောင်းကာင်း.................(၂၀) ကျပ်သား
ကြက်သွန်နီ...............................(၂) လုံး
ကြက်သွန်ဖြူ.............................( ၁၀) တက်
ပုစွန်ခြောက်..............................၂ ဇွန်း (ထမင်းစားဇွန်း)
ငရုတ်သီးစိမ်း.............................(၁၀) တောင့်
ငရုတ်သီးခြောက်တောင့်................(၁၀) တောင့်ခန်.
ခရမ်းချဉ်သီး..............................(၁) လုံး

ငရုတ်သီးခြောက်တောင့်တွေကိုမီးအေးအေးနဲ.လှော်ပြီးမညက်တညက်လေး
ထောင်းထားပါ..။

ငါးပိရည်ကို..ရေအနည်းငယ်၊ နနွင်းမှုန်.အနည်းငယ်တို.နဲ.ကျသွားအောင်ကျို
ပြီး..စစ်ယူထားပါ..။

ကြက်သွန်နီ၊ ခရမ်းချဉ်သီးတွေကိုမီးဖုတ် ၊အအေးခံထားပါ။

ကြက်သွန်ဖြူ ငရုတ်သီးစိမ်း၊ ပုစွန်ခြောက်တွေကိုမီးအေးအေးနဲ.လှော်ပြီးထောင်းပါ..။ကြက်သွန်နီ၊ ခရမ်းချဉ်သီးမီးဖုတ်တွေကိုလည်း..ကြိတ်ချေထည့်ပါ..။

ထောင်းထားတဲ့..အရောကိုဇလုံတစ်ခုအတွင်းခပ်ထုတ်ပြီးစစ်ထားသောငါးပိ
ရည်ကိုလောင်းချပါ..။ပာင်းခတ်မှုန်.အနည်းငယ်နဲ.အရသာသွင်းပြီး..လှော်
ထောင်းထားသောငရုတ်ကြမ်းမှုန်.များထည့်ပေါင်းပြီး..မိမိနှစ်သက်ရာ
တို.စရာနှင့်တွဲဖက်သုံးဆောင်ပါ..။
 

ခရမ်းချဉ်သီးငရုတ်သီးချက်

ဒါကငါးပိမပါပဲ..ငရုတ်သီးခြောက်နဲ.ခရမ်းချဉ်သီးကို..အလွတ်ချက်တာပေါ့..
ကျွန်တော်တို.မိသားစုအကြိုက်ဆုံး..အရံပာင်းလျာလဲဖြစ်ပါတယ်...။


ခရမ်းချဉ်သီးငရုတ်သီးချက်
*****************

ကြက်သွန်နီ........................၂ လုံး
ကြက်သွန်ဖြူ.......................၇တက်
ခရမ်းချဉ်သီး........................ ၁၀လုံး
ငရုတ်သီးခြောက်တောင့်.......... ၂၀ တောင့်ခန်.
ဆီ......................................၃ ဇွန်း

ငရုတ်သီးခြောက်တောင့်တွေကိုအညှာခြွေပြီးရေနွေးစိမ်ထားပါ။

အနည်းငယ်ပွလာလျှင်ကြက်သွန်နီ၊ ဖြူ.၊ ငရုတ်သီးခြောက်တောင့်များကိ
ရောပြီးညှက်အောင်ထောင်းပါ။

ခရမ်းချဉ်သီးတွေကိုလည်းနုပ်နုပ်စင်းပါ။

ဒယ်အိုးတစ်လုံးမှာ..ဆီ၊ နနွင်းမှုန်.အနည်းငယ်၊ အရောင်တင်၊ ထောင်းထား
သောအရော၊ ခရမ်းချဉ်သီး၊ ဆား၊ အချိုမှုန်.ထည့်ပြီးရေအနည်းငယ်ဝိုက်ကာ
မီးအေးအေးမှာ...ဆီပြန်အောင်ချက်ပါ။

ဆီမပြန်ခင်..အဖုံးမဖွင့်ပါနှင့်..။ငရုတ်သီးစိမ်းနံ.ရသွားတတ်သလို...ဆားကိုနိုင်
အောင်ခတ်ပေးမှသာလျှင်အရသာရှိတဲ့..ခရမ်းချဉ်သီးငရုတ်သီးချက်ကိုရရှိမှာဖြစ်ပါတယ်..။

မိမိနှစ်သက်ရာတို.စရာနဲ.တွဲဖက်သုံးဆောင်ပါ.။
 

15 Feb 2014

ရှုးရှဲ ငါး ၊ ငါးပိရည်ချက်...

ပါဝင်ပစ္စည်းတွေကတော့....

(၁) ငါးကြင်းဖြူခုတ်သား.......(၃၀)ကျပ်သား..
(၂) ငါးငပိရည်....................(၁၀)ကျပ်သား...
(၃) ကြက်သွန်နီ..................(၃) လုံး.....
(၄) ကြက်သွန်ဖြူ.................(၁၀)တက်
(၅) ငရုတ်သီးစိမ်း.................မိမိနှစ်သက်သလို..
(၆) ငရုတ်သီးလှော်မှုန်. ........အနည်းငယ်..
ကဲ..ဒါဆို..ချက်လို.ရပါပြီ....တခြားပာင်းခတ်မှုန်.တွေကိုတော့မပြော
တော့ပါဘူး...ချက်ရင်း...ပြောပေးသွားတော့မယ်....။

ဈေးဝယ်ပြန်လာပြီဆိုတာနဲ.ငါးကိုရေဆေးသန်.စင်ပြီး...ဆားများများလေးနဲ.
နယ်သိပ်ထားလိုက်ပါ.။(ငါးအသားတွေတင်းသွားစေရန်)

တစ်ချိန်တည်းမှာပဲ..ငါးပိရည်ကိုနနွင်းမှုန်.အနည်းငယ်နဲ.မီးအေးအေးမှကျ
နေအောင်ကျိုပေးပါ...။ပြီးရင်ဇကာတစ်ခုနဲ.စစ်ယူထားပါ။

ပြီးရင်တော့..အခွံခွါထားတဲ့ကြက်သွန်ဖြူနဲ. ငရုတ်သီးစိမ်းတို.ကိုမီးအေးအေးမှာမွှေးနေအောင်လှော်ပေးပါ...။

ခရမ်းချဉ်သီးနဲ.ကြက်သွန်နီကိုလည်း..မီးဖုတ်ပေးပါ...။
လှော်ထားတဲ့ကြက်သွန်ဖြူ၊ငရုတ်သီးစိမ်းနဲ.မီးဖုတ်ထားတဲ့ကြက်သွန်နီတွေကိုရောထောင်းပေးထားပါ.။

ခရမ်းချဉ်သီးကိုတော့..အခွံခွါပြီး..ခပ်ကြမ်းကြမ်း
လေးစဉ်းထားလိုက်ပါ...။ဆားနယ်ထားတဲ့ငါးအသားတွေကိုရေပြန်ဆေးပြီးစစ်ထားပါ..။

ပူနေတဲ့ဒယ်အိုးတစ်လုံးမှာဆီအနည်းငယ်( ပါတယ်ဆိုရုံလေး)ထည့်ပြီး..ဆီပူလာလျှင်
ရောထောင်းထားတဲ့အရောကိုနနွင်းမှုန်.အနည်းငယ်နဲ.ဆီသတ်ပေးပါ....။

မွှေးလာပြီဆိုရင်..ငရုတ်သီးလှော်မှုန်.အနည်းငယ်ကိုထပ်ပေါင်းထည့်လိုက်ပါ.
ပြီးတော့မှ...ခပ်ကြမ်းကြမ်းစဉ်းထားတဲ့ခရမ်းချဉ်သီးကိုဖြည့်စွက်ပါ...။

ခရမ်းချဉ်သီးကအရည်တွေကုန်သည်အထိ...ချက်ပေးပြီးရင်..ငါးတွေထည့်
ပေါင်းပေးလိုက်ပါ..။

ခေတ္တခဏအဖုံး..ဖုံးပြီးချက်ပေးလို.ငါးတွေတစ်ဝက်ကျက်လောက်ရပြီဆိုရင်..
စစ်ယူထားတဲ့ငါးပိရည်တွေလောင်းထည့်ပြီး..ပာင်းခတ်မှုန်.အနည်းငယ်ဖြည့်
စွက်က်ပါ။

(၁၀)မိနစ်လောက်ကြာသည်အထိမီးအေးအေးနဲ.ချက်ပါ...။
မွှေတဲ့အခါ..ငါးအတုံးလေးတွေမကျေအောင်ဂရုတစိုက်မွှေပေးရပါမယ်...။
ပြီးရင်...နံနံပင်လေး...အုပ်လိုက်ပါကအရသာရှိပြီးမွှေးပျံ.လှတဲ့..
ရှုးရှဲ..ငါး.ငါးပိရည်ပာင်းတစ်ခွက်..သုံးဆောင်လို.ရပါပြီ။
ပာင်းချက်နည်းများ

19 Jan 2014

ကရင်(မ်)အရသာနဲ့ အာလူးကတ်သလိတ် အချိုပွဲ








အာလူးကတ်သလိတ် ဆိုတာ အလွန်စားလို့ကောင်းတဲ့ အချိုပွဲတစ်ပွဲဖြစ်ပြီး ပြုလုပ်ရလွယ်ကူသလို ကုန်ကျစရိတ်လည်း သက်သာပါတယ်။ အခုဖော်ပြပေးမယ့် အချိုပွဲကတော့ နူးညံ့ပြီး ကရမ်အရသာပါတဲ့ အာလူးကတ်သလိတ်ကို ဘယ်လိုပြုလုပ်ရတယ်ဆိုတဲ့ လုပ်နည်းအဆင့်ဆင့်လေးပါ။

ပါဝင်တဲ့ ပစ္စည်းများကတော့

(၁) အနေတော်အရွယ် အာလူး (၄) – (၅)လုံး

(၂) နွားနို့ တစ်ဖန်ခွက် (သို့မဟုတ်) တစ်ဝက် (ကရင်မ်များများလိုပါက နို့များများထည့်ပါ)

(၃) ထောပတ် စားပွဲတင်ဇွန်း (၃)ဇွန်း (သို့မဟုတ်) (၄)ဇွန်း

(၄) ဆားအနည်းငယ်

ပြုလုပ်နည်းအဆင့်ဆင့် -

(၁) အာလူးကို ရေစင်အောင်ဆေးပြီး အခွံခွာပါ။

(၂) အာလူးပြုတ်ရာတွင် မြန်မြန်နူးစေရန်အတွက် သင့်တင့်ရုံ အတုံးလေးတွေ တုံးပါ။

(၃) အာလူးကို (၁၅)မိနစ်ခန့်ပြုတ်ပြီးလျှင် ခက်ရင်းဖြင့်ထိုးဆွကြည့်ပါ။ အလွယ်တကူ ကွဲနိုင်ပြီဆိုရင် မီးပိတ်လိုက်ပါ။

(၄) အာလူးပြုတ်နေစဉ်အတွင်း နွားနို့ကို နွေးနေအောင် အပူပေးထားပါ။ ထောပတ်အနည်းငယ်ကိုလည်း ရေခဲသေတ္တာထဲမှ ထုတ်ထားပါ။

(၅) အာလူးပြုတ်ရေများကို သွန်ထုတ်လိုက်ပြီး အိုးကို မီးဖိုပေါ် ပြန်တင်ထားပါ။

(၆) ပြီးလျှင် ထောပတ်အနည်းငယ်ထည့်ပြီး အာလူးများကို ကြေညက်နေစေရန် ချေမွပေးပါ။ ဒီအဆင့်လုပ်နေစဉ်အတွင်း အာလူးမအေးသွားစေရန် လိုအပ်ပါက မီးအနည်းဆုံးလျော့၍ အပူပေးထားနိုင်ပါတယ်။

(၇) ထောပတ်နဲ့ အာလူးသမသွားပြီဆိုရင် အပူပေးထားတဲ့ နွားနို့ကိုပါ ထပ်ထည့်ပြီး အာလူး စေးသထက် စေးလာအောင် ဆက်လက်မွှေပေးပါ။ လိုချင်တဲ့ အနေအထားရောက်ပြီဆိုရင်တော့ အရသာ ရှိစေရန် ဆားအနည်းငယ်ထည့်ပြီး သမအောင် ထပ်မွှေပါ။

ပြီးရင်တော့ အခုလိုမျိုး ဆလပ်ရွက်လေး ဖြန့်ခင်းပြီး နှစ်သက်ရာ အမွှေးရွက်လေးတွေနဲ့ အလှဆင် စားသုံးနိုင်ပါတယ်။ ဒီအချိုပွဲက လူနှစ်ယောက်စာအတွက် ကောင်းကောင်းလုံလောက်ပါတယ်။

Ref:wikihow
Trend Myanmar

3 Dec 2013

ကင်ပွန်းချဉ်ရွက်ငရုတ်သီးထောင်း

ကင်ပွန်းချဉ်ရွက်ငရုတ်သီးထောင်း
*********************
ကင်ပွန်းချဉ်....................၁ စည်း
ကြက်သွန်နီ.....................၁လုံး
ကြက်သွန်ဖြူ....................၃ တက်
ငရုတ်ခြောက်တောင့်...........၅ တောင့်
ဆား+ ပာင်းခတ်မှုန်. ..........အနည်းငယ်စီ
ပဲဆီသန်.သန်. .................၂ ဇွန်း( ထမင်းစားဇွန်း)

ကင်ပွန်းချဉ်တွေကိုနုတဲ့အပိုင်းတွေခြွေယူပြီးရေဆေး၊စစ်ထားကာဆူနေတဲ့
ရေနွေးမှာ ၃ မိနစ်ခန်.ပြုတ်ပြီးအချဉ်ရည်တွေကို စစ်ထုတ်လိုက်ပါ။

ငရုတ်ခြောက်တောင့်နဲ.ကြက်သွန်ဖြူကိုဦးစွာညှက်နေအောင်ထာင်းပါ။

ဆားနဲ.ပာင်းခတ်မှုန်.ကိုလည်းထည့်ပြီးထောင်းပါ။

ကြက်သွန်နီတွေကိုခပ်ကြမ်းကြမ်းလှီးထည့်ပြီး...ငရုတ်ကျည်ပွေ.ဖြင့်ပွတ်
ချေပေးပါ။

နောက်ဆုံးပြုတ်ထားတဲ့ကင်ပွန်းချဉ်ရွက်တွေကိုထည့်ပြီးသမသွားအောင်
ထပ်မံပွတ်ချေပေးပါ။

ဆီစိမ်းသန်.သန်.လေးလောင်းပြီး..ပဲပာင်းရည်၊ ပာင်းချိုရည်တို.နှင့်တွဲဖက်
သုံးဆောင်ပါ။
ပာင်းချက်နည်းများ fb

17 Oct 2013

ခရမ်းသီးထောင်း


ပါဝင်ပစ္စည်းတွေက...

၁။ ခရမ်းသီးအစိမ်းရောင်အရှည်မျိုး..။
၂။ ငရုတ်ပွတောင့်ရှည်..။(ဒီနေရာမှာ..bell pepper လိုငရုတ်ပွမျိုးမပာုတ်ပါဘူး..လက်ညှိုး၊လက်မအရွယ်ငရုတ်ပွတောင့်ရှည်ပါ..သူကစိမ်းဝါရောင်ရှိပြီး...သိပ်မစပ်ပဲအနံ.မွှေးတာပါ)။
၃။ ကြက်သွန်ဖြူ..။
ခရမ်းသီးတွေကို..မီးအေးအေးနဲ့..အကျက်ညီအောင်လှည့်ကင်ပေးရပါမယ်ပြီးရင်အခွံတွေကိုပြောင်စင်အောင်သန်.စင်ထားပါ။
ငရုတ်ပွတောင့်ရှည်နဲ.ကြက်သွန်ဖြူကိုလည်းကင်တဲ့တုတ်ချောင်းလေးမှာထိုးပြီးမီးကင်ပေးပါ..။
ငရုတ်ဆုံမှာ..ကင်ထားတဲ့ကြက်သွန်ဖြူနဲ.ငရုတ်သီးကိုညှက်အောင်အရင်ထောင်းပါ...ပြီးမှ..အခွံနွှာထားတဲ့ခရမ်းသီးတွေကိုထည့်ပြီးကြိတ်ချေပေးရပါမယ်...။နောက်ဆုံးမှ..ဆား၊အချိုမှုန်.၊ကြက်သားမှုန်.အနည်းငယ်ကိုအရသာပိုအောင်ဖြည့်စွက်ပေးလိုက်ပြီး..မိမိနှစ်သက်ရာတို.စရာများနဲ.တွဲဖက်သုံးဆောင်လို.ရပါပြီ...။အလိုက်ဖက်ဆုံးကတော့..ကောက်ညှင်းပေါင်း၊ဘဲဥပြုတ်၊
ဝက်ခေါက်ကြော်တို.နဲ.တွဲဖက်စေတာပါ....။

မှတ်ချက်..။ငါးကြိုက်တတ်သူများငါးခူကိုမီးကင်ပြီး..ရောပေါင်းထောင်းနိုင်ပါတယ်..။

ပာင်းချက်နည်းများ

Twitter Delicious Facebook Digg Stumbleupon Favorites More