Pages - Menu

ဆန်လုံးညို(Brown Rice)

ဆန်ဖြူကို ကြိတ်ခွဲလိုက်တာကြောင့် ဗီတာမင် B3 ၆၇ ရာခိုင်နှုန်း၊ ဗီတာမင် B1 ၈၀ ရာခိုင်နှုန်း၊ ဗီတာမင် B6 ၉၀ ရာခိုင်နှုန်း၊ မဂ္ဂနီဆီယမ်တစ်ဝက်၊ ဖော့စ်ဖရပ်စ် တစ်ဝက်၊ သံဓာတ် ၆၀ ရာခိုင်နှုန်းနဲ့ အမျှင်ဓာတ်အားလုံး ဆုံးရှုံးသွားခဲ့ ပါတယ်။

သံလွင်ဆီ(Olive Oil)

သံလွင်ဆီမှာ ဗီတာမင် အေ၊ ဗီတာမင် ဘီဝမ်း၊ ဘီတူး၊ ဗီတာမင်စီ၊ ဒီ၊ အီးနဲ့ ကေစတဲ့ ဗီတာမင်ဓာတ်တွေ ပါဝင်ပြီး သံဓာတ်နဲ့ အိုမီဂါ ၉ လည်း ပါဝင်ပါတယ်။

ပြောင်းဖူး(Corn)

ပြောင်းဖူးမှာ ဗီတာမင်B1 ဗီတာမင်B5 ဗီတာမင်C ဗီတာမင်B9လို့ခေါ်ဖောလိတ် .....ပြောင်းဖူး၏ ကျန်းမာရေး အာနိသင် မှာဆက်ဖတ်ပါ....

ထောပတ်သီး(Avacado)

အာဟာရများကိုဖြည့်တင်းပေးနိုင်ရုံ သာမက သဘာဝမှရသောသကြား ဓာတ်ကိုထောက်ပံ့ပေးခြင်း၊ကိုယ် အလေးချိန်ကျဆင်းစေခြင်း၊အကျိုး ပြုကိုလက်စတီရောကိုတက်စေပြီး ဆိုးကျိုးပေးသောကိုလက်စတီရော ကိုကျဆင်းစေခြင်း စသည့်အချက်များ ကိုရရှိစေနိုင်သည်ဟု သိရသည်။ယခု လေ့လာမှုတွင် ဖော်ပြထားချက်အရ လေဖြတ်ခြင်းကိုပါ ထောပတ်သီးက ကာကွယ်ပေးနိုင်

လိမ္မော်သီး(Orange)

လိမ္မော်သီး၌ ဖိုင်ဘာမျှင်၊ သံဓာတ်၊ မီးစုန်းဓာတ်၊ ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်၊ ကြေးနီဓာတ်၊ သွပ်ဓာတ်၊ ဆလမ်နီယမ်၊ ကယ်လိုရီ၊ ကယ်လဆီယမ်ဒာတ်၊ဗီတာမင်စီ တို့ပါရှိသည်

မာလကာသီး(Guava)

မာလကာသီး တစ်လုံးတွင် ဗီတာမင်စီမှာ လိမ္မော်သီး တစ်လုံး၌ ပါရှိသည့် ဗီတာမင်စီ ပမာဏထက် ငါးဆခန့် ပိုများသည်။ မာလကာသီး၌ ဗီတာမင်စီ အပြင် အေနှင့် ဘီ၊ ကယ်လ်ဆီယမ်၊ ဖော့စပရပ်စ်၊ ပိုတက်ဆီယမ်၊ သံဓာတ်၊ ဖောလစ်အက်စစ်နှင့် အမျှင်ဓာတ်တို့ ပါဝင်သည်။ အများဆုံး ပါဝင်သော ဓာတ်များမှာ ဗီတာမင်စီ ၃၀၂ မီလီဂရမ်နှင့် ဗီတာမင် အေ ၂၅၀ မီလီဂရမ်တို့ ဖြစ်ကြသည်။ မာလကာသီးကို သီတင်း တစ်ပတ်လျှင် နှစ်လုံးခန့် စားသုံး သွားပါက သွေးတိုး ကျဆင်းစေပြီး နှလုံး ကျန်းမာရေးကို အထောက်အကူ ပြုကြောင်း အမေရိကန် သုတေသန ပညာရှင်များက ပြောကြားသည်။

***

***

***

***

***

***

***

***

***

***

Showing posts with label အိမ်ထောင်မှုသုခ. Show all posts
Showing posts with label အိမ်ထောင်မှုသုခ. Show all posts

11 Mar 2015

*** ကြင်စဦးဇနီးမောင်နှံများ မှတ်သားလိုက်နာဖွယ် ***

နှစ်ကိုယ်တူချစ်ရည်မျှ၍ဘဲဖြစ်ဖြစ်၊ မိဖဘိုးဘွားများ
ဆန္ဒကိုမလွန်ဆန်နိုင်၍ဘဲဖြစ်ဖြစ် အိမ်ထောင်ကျပြီဆိုပါစို့ ။ မင်္ဂလာရက်မြတ်
မှသည် ရတုအဆက်ဆက်တိုင်အောင် “ ဒီလင် ဒီမယား
အိုအောင်မင်းအောင်ပေါင်းရပါစေ” လို့ လူကြီးသူမတွေက ဘယ်လိုပင်
ဝိုင်းဝန်းဆုတောင်းပေးကြပါစေ…ကာယကံရှင်ဇနီးမောင်နှံရဲ
့အပြန်အလှန်တာဝန်ယူသိတတ်မှုကသာ ပဓာဏကျလှပါတယ်။ ကြင်စဦးကာလမှာ အမှတ်မထင်
လက်လွတ်စပယ် ပြုမူ-ပြောဆို-ဆက်ဆံလိုက်ခြင်းက တစ်ဖက်သားကို စိတ်ဒဏ်ရာရစေကာ
အိမ်ထောင်သက်တလျှောက်လုံး အဖုအထစ်လေးတွေ ဖြစ်လာစေနိုင်တာကြောင့် အောက်ပါ
နည်းလမ်းကောင်းများဖြင့် ကြိုးစား ကျင့်ကြံစေလိုပါတယ်။
 (၁) ကလေး(အစ)/လူကြီး(အဆုံး) လူသားတိုင်းချီးမွှမ်းခံရတာကို
နှစ်ခြိုက်သူများပေမို့ ၊ သူ(အိမ်ထောင်ဖက်)က ပြုလုပ်နိုင်ခဲ့တဲ့
အောင်မြင်မှုတစ်ခုခုအတွက် ပိုပိုသာသာလေး ချီးမွမ်းစကားပြောပေးလိုက်ပါ။

(၂) အကယ်၍ သင်က သင့်အိမ်ထောင်ဖက်ထက် တော်တော်လေး အသက်ကြီးနေပါစေ “ငါသိ
ငါတတ် ဆရာကြီးလေသံ” မျိုးနဲ့  ဘယ်တော့မှ မပြောမိပါစေနဲ့ ။

(၃) “လင်နဲ့ မယား လျှာနဲ့ သွား” ဆိုသလို အမြင်မတူလို့ 
ခွန်းကြီးခွန်းငယ် စကားများကြပြီဆိုပါစို့ ။ “စကားနည်း ရန်စဲ” ဆိုတဲ့
အတိုင်း နှုတ်မကျွံမိရစေအောင် စကားကိုကုန်အောင်မပြောဘဲ
အစားကိုကုန်အောင်စားပြီး၊ အိပ်ရေး၀၀သာအိပ်ပစ်လိုက်ပါ။
ဘေးထိုင်ဘုပြောနေတာမျိုးကို (လုံးဝ) မလုပ်မိပါစေနဲ့ ။

(၄) အပြန်အလှန်နားလည်အောင် ကြိုးစားနေတဲ့ ကြင်စဦးကာလမှာ၊
အပေးအယူမမျှခင် ဘယ်လိုအကြောင်းအရာကို၊ ဘယ်လို
အခြေအနေမျိုးမှာဘဲဖြစ်ဖြစ်၊ ဘယ်လိုစကားမျိုးတွေဘဲပြောပြော၊
မိမိပြောဆိုတဲ့ စကားအဓိပ္ပါယ်ဟာ လောဘ-ဒေါသ-အတ္တ -မာန ကင်းပြီး
“ချစ်ခင်ရင်းနှီးမှု” ကို ပြတဲ့ အသုံးအနှုန်းမျိုးကိုသာ ရွေးချယ်တတ်ပါစေ။

(၅) အကယ်၍ မိမိဘက်ကအမှားတစ်ခုခုလုပ်မိပါက၊ သူ (အိမ်ထောင်ဖက်)ကို
“မှားသွားတယ်… ဆောရီးနော်.. တောင်းပန်ပါ တယ်” လို့  ပြောဆိုရတဲ့အခါ၊ သူ
့ကို မိမိမျက်စေ့နဲ့  သေသေချာချာကြည့်ပြီး (လိုအပ်ရင်လက်ကလေးကိုကိုင်၍)
လှိုက်လှိုက် လှဲလှဲ ပြောပေးပါ။

(၆) သူ(အိမ်ထောင်ဖက်)က ၄င်းရဲ့ စိတ်ကူးယဉ်အိပ်မက်ကို ရင်ဖွင့်လာတဲ့အခါ
ပြက်ရယ်မပြုမိပါစေနဲ့ ။ “အနာဂတ်အတွက် ပစ္စု ပ္ပန်မှာ အိပ်မက်တစ်ခုခုတော့
ရှိကိုရှိသင့်တာပေါ့ ” လို့  အားပေးနှစ်သိမ့်လိုက်ပါ။

(၇) အရာရာတိုင်းမှာ ငါနဲ့ အမြင်ချင်း ထပ်တူကျနေရမယ်လို
့မျှော်လင်မထားပါနဲ့ ။ အပြန်အလှန် နားလည်မှုနဲ့  ခွင်လွှတ်တတ်ပါမှ
အောင်မြင်ပျော်ရွှင်တဲ့ မိသားစုဘ၀ကို ဖန်တီးနိုင်မှာပါ။
 (ဒီနည်းက ၁၀၀% မလွယ်ကူပေမယ့် ဖြည်းဖြည်းချင်း ကျင့်ယူရမှာပါဘဲ)

(၈) အပေးအယူမမျှလို့  စကားစစ်ထိုးကြပြီဆိုပါစို့ ။ “အချစ်” “အသက်”
ချစ်စနိုးအခေါ်အဝေါ်တွေပျောက်ကာ “နင်-ငါ-မင်း-ခင်ဗျား-ကျုပ်” (သို့ မဟုတ်)
အမည်နာမတွေ တပ်ပြီးမခေါ်မိပါစေနှင့်။ (တစိမ်းဆန်သွားစေပါတယ်)

(၉) သူ့ ဆွေမျိုး၊ ငါ့ဆွေမျိုးရယ်လို့  ခွဲခြားပြီး မမြင်မိအောင်
ကြိုးစားကျင့်ကြံပါ။

(၁၀) အမြင်မတူတာလေးတွေကို ညှိနှိုင်းရာမှာ၊ သူ (အိမ်ထောင်ဖက်)က
နားဝင်လာအောင် စကားကိုဖြည်းဖြည်းပြောရင်း၊ သူ က မိမိအမြင်ကို လက် ခံ/မခံ
မျက်လုံး-ဦးနှောက်တို့ ဖြင့် အကဲခတ်တတ်ပါစေ။ (သင်ပြောတာကို
လက်ခံတဲ့ပုံပေါ်ရင် ရှေ့ ဆက်ပြော ပါ၊ လက်ခံနိုင်ပုံမပေါ်ရင်တော့ ဒီနေ့ အဖို
့အဲဒီစကားကိုတခန်းရပ်ပြီး နောက်အလျဉ်းသင့်တဲ့အခါမှထပ်ပြောပါ)

(၁၁) အထူးသဖြင့် အမျိုးသမီးတို့ သဘာဝအရ သိချင်စိတ်အားကြီးတာကြောင့်
ခရေစေ့တွင်းမေးခွန်းထုတ်လေ့ရှိပါတယ်။ အဲဒီ လိုအခါမျိုးမှာ
အမျိုးသားအနေဖြင့် “မင်းစပ်စုလှချည်လားကွာ၊ အရာရာမင်းသိဖို့ မလိုဘူးလေ”
လို့  မာမာထန်ထန်ပြန်မပြောဘဲ “မေးခွန်းတွေကလဲ များလှချည်လားကွာ” လို
့အတတ်နိုင်ဆုံး ပြုံး၍ ခပ်ပေါ့ပေါ့ဖြေပါ။

(၁၂) ဆွေမျိုး-အသိုင်းအ၀ိုင်း-မိတ်ဆွေတွေရှေ့ မှာ တဦးပေါ်တဦးအနိုင်ယူတဲ့
အပြုအမူမျိုးကိုရှောင်ပြီး၊ ဖေးဖေးမမ နဲ့  ပွဲထုတ် တတ်ပါစေ။(ဒီနည်းက
သင့်အိမ်ထောင်ဖက်က သင့်ကို “နှစ်ကိုယ့်တစ်စိတ်”အဖြစ် နှလုံးသားထဲထိအောင်
ယုံကြည်မှုဖြစ်စေနိုင်ပါ တယ်)

(၁၃) ပြဿနာ သေးသေးလေးကို ရိုးမယ်ဖွဲ့ ပြီး မြည်တွန်တောက်တီး ဇာချဲ
့မနေပါနဲ့ ။ “ကျောပူသာခံလိုက်မယ်၊ နားပူတော့ မခံချင်ကြဘူး” လေ။

(၁၄) အကယ်၍ မိမိဘက်က အမှားတစ်ခုလုပ်မိခဲ့တယ်ဆိုပါစို့ ၊ သိသိချင်းမှာဘဲ
အဲဒီအမှားကို (အမြန်ဆုံး) ပြန်လည်ပြုပြင်နိုင် အောင်ကြိုးစားပါ။

(၁၅) သူ(အိမ်ထောင်ဖက်)ဆီက ဖုန်းခေါ်ဆိုလာတဲ့အခါ၊ ဘယ်လောက်ပဲ အလုပ်များလို
့စိတ်ရှုပ်ထွေးနေပါစေ အတတ်နိုင်ဆုံး နှုတ်ခမ်းတစ်စုံကိုပြုံးပြီး
ဖုန်းဖြေဆိုလိုက်ပါ။ သင့်ရဲ့ သာယာနာပျော်ဖွယ် တုန့် ပြန်မှုက သူ့ ကို
ဟတ်(heart) ထိသွားစေပါတယ်။

(၁၆) မိမိတစ်ယောက်တည်းရှိနေချိန်မှာ တစ်နေ့ လျှင် ၁၀-
မိနစ်လောက်အချိန်ပေးပြီးတော့၊ “ ငါ ဒီနေ့ အဖို့ သူ့ ကို စိတ်အနှောင့်
အယှက်ဖြစ်စေတာမျိုး လုပ်ခဲ့မိလား ” စသည်ဖြင့်
မိမိကိုယ်ကိုဝေဖန်သုံးသပ်ပါ။
အထက်ပါ နည်းလမ်းများစွာဖြင့်ကျင့်ကြံရင်း၊ ရွှေရောင်လွှမ်းတဲ့နေ့ သစ်ဆီသို
့ လျှောက်လှမ်းကြည့်ပါလို့ တိုက်တွန်းလိုက်ပါရစေ။

(ကိုးကား Americak Daily Health Tips on 5th Dec ’13)





(ဆောင်းပါးရှင်…ပေါက်ပေါက်...ရေးသားမျှဝေသည်)
*promise.pauk*

ချစ်တင်းနှောခြင်းအတွက် ကျမ္မာရေးဆုလာဘ်

ကိုယ်လှုပ်ရှားမှုနည်းပြီးကျန်းမာရေးပြသနာတွေရှိလာနိုင်တဲ့သူတွေအတွက်ကာမစပ်ယှက်တာကို
 ဆေးဝါးတစ်ခုသဖွယ် အသုံး ပြုဖို့ဗြိတိန်အမျိုးသားကျန်းမာရေးဌာနမှ ညွှန်ကြားထားကြောင်း၊ ထိုညွှန်ကြားချက်ကို ဆရာဝန်တွေဆီ ပေးပို့ခဲ့တာဖြစ်ပြီး တစ်နေ့ ကို မိနစ်၃၀ကိုယ်လက်လှုပ်ရှားဖို့လိုပေမယ့် အဲလိုမလုပ်နိုင်သူတွေဟာ ကာမစပ်ယှက်တာကို
စိတ်ပါလက်ပါလုပ်ဖို့ လိုအပ် ကြောင်း the Academy of Medical Royal Colleges မှ တာဝန်ရှိသူတစ်ဦးက၂၀၁၅ခုနှစ် နှစ်ဦးပိုင်းမှာdailymail.co.uk (ခေါ်) အင်တာနက်သတင်းလွှာမှာ ဖော်ပြထားပါတယ်။

ချစ်တင်းနှောခြင်းအတွက် အောက်ဖော်ပြပါကျန်းမာရေးအကျိုးကျေးဇူးများကိုရရှိစေမည်ဖြစ်ပါကြောင်းကိုလည်း အင်တာနက်သတင်းလွှာတစ်ခုဖြစ်သော International Health Digest မှာ ဖော်ပြ ထားပါတယ်။

 (၁) ခေါင်းကိုက်ခြင်းကို သက်သာစေပါတယ်။
ွှ The University of Münster မှ အာရုံကြောရောဂါရှာဖွေရေးသုတေသီများက
ခေါင်းတခြမ်းကိုက် ဝေဒနာသည် အမျိုးသား၊အမျိုး သမီး အယောက် ၁၀၀၀ဖြင့်လေ့လာမှုများပြုခဲ့ရာ၊ ထို လူနာ၏ ၆၀ ရာခိုင်နှုန်းခန့် က ဖို-မ ဆက်ဆံပြီးနောက် ခေါင်းကိုက်ဝေဒနာ သိသိသာသာ သက်သာလာတယ်လို့ ဆိုပါတယ်။

(၂) နှစ်ခြိုက်စွာအိပ်ပျော်စေပါတယ်။
The BermanCenter(ခေါ်)အမျိုးသမီးများလိင်ပိုင်းဆိုင်ရာကျမ္မာရေးစင်တာမှ
ဒါရိုက်တာ တစ်ဦးဖြစ်သူ Ms.Laura Berman က အမျိုးသမီးများ အိပ်ယာမ၀င်ခင်လိင်ကိစ္စပြီးမြောက်ခြင်းက စိတ်ဖိစီးမှုများပြေလျော့ကာတခဏအတွင်း အိပ်ပျော်သွားစေတယ် လို့ ဆိုပါတယ်။

(၃) ကယ်လိုရီလောင်မြိုက်စေပါတယ်။ကိုယ်အလေးချိန်ကျလိုသူများအတွက် သတင်းကောင်းလေးပါ။ မိနစ်၃၀ကြာ ချစ်တင်း ခင်းက ၁၄၄ ကယ်လိုရီ လောင်မြိုက် စေပြီး၊ မကြာခဏပွေ့ ဖက်နမ်းရှုံ
့ခြင်းက ၆၈ ကယ်လိုရီ လောင်မြိုက်စေကြောင်း Women's Dayဂျာနယ်တစ်စောင်တွင် ဖော်ပြ ထားပါတယ်။

(၄) နှလုံးကျမ္မာစေပါတယ်ချစ်တင်းနှောခြင်းက ကိုယ်အလေးချိန်ကျစေခြင်း၊စိတ်ဖိစီးမှုများပြေပျောက်ပြီး ညဘက်အိပ်မောကျ ခြင်းစသည့်အကျိုးကျေးဇူးများရစေ၍ နှလုံးကိုတစ်ဖက်တစ်လမ်းမှအားပြည့်စေတဲ့
အတွက် နှလုံးကျမ္မာရေးကိုအထောက်အကူ ဖြစ်စေပါတယ်။

(၅) ကြွက်သားများသန်မာစေပါတယ်နှလုံးကြွက်သားများကိုကောင်းကျိုးပြုကာ သက်လုံကောင်းစေရုံသာမက၊ ဖို-မ ဆက်ဆံခြင်းအနေအထားအရ ကြွက်သားများ အားစိုက်ထုတ်ရခြင်းကြောင့် ကြွက်သားများသန်မာစေပါတယ်။

(၆) နာကျင်မှုဝေဒနာများသက်သာစေပါတယ်။ ချစ်တင်းနှောချိန်မှာ oxytocin ဟော်မုန်းထွက်ရှိပါတယ်။
နာကျင်မှုသက်သာစေရန် ဦးနှောက်မှထုတ်ပေးသည့် ထိုဟော်မုန်း ကြောင့်ခန္ဓာကိုယ်ရှိ နာကျင်မှုဝေဒနာများကိုလျော့ပါးသွားပါတယ်။

(၇) ကိုယ်ခံစွမ်းအားတိုးတက်မြင့်မားလာစေပါတယ်

The University of Pennsylvania မှ ဆေးသိပ္ပံပညာရှင်များက အနည်းဆုံးရက်သတ္တ ၁-ပတ်လျှင် ၁-ကြိမ် ချစ်တင်းနှောခြင်းက ကိုယ်ခံစွမ်းအားကို၃၀ရာခိုင်နှုန်းမျှ တိုးတက်ကောင်းမွန်လာစေတာကြောင့် အအေးမိ၊ တုပ်ကွေးစသည့်ရာသီကူးစက်ဖျားများ မဖြစ်စေနိုင်ဘူးလို့ ဆိုပါတယ်။

လိင်စိတ်ကိုအားပေးတဲ့အစားအစာများမှာ-

(၁) တရုပ်နံနံပင်ထဲတွင်ပါရှိသော androsterone ဓာတ်ကကျားဟိုမုန်းထွက်ရှိမှုကို လွန်စွာအားပေးတဲ့အတွက်အမျိုးသားများညအိပ်ယာမ၀င်ခင်တရုပ်နံနံပင်ကိုအစိမ်းလိုက်
ဝါးစားပေးသင့်ပါတယ်။

 (၂)ဂုံးကောင်/ကမာကောင်ထဲရှိ သဘာဝ ဇင့်ဓာတ်နှင့် dopamine ဟိုမုန်းတို့ က
လိင်စိတ်ကို သုံးဆမျှတိုးပွားလာစေကာ၊ အမျိုးသားများသုက်ရည်ထုတ်ပေးသော
ဆဲလ်များကိုအ ထောက်အပံ့ပေးသဖြင့် သားသမီးယူရန်အစီအစဉ်ရှိသော
ဖခင်လောင်းများ ဂုံးကောင်/ကမာကောင်ကို မဖြစ်မနေ စားပေးသင့် ပါတယ်။
(အကယ်၍ ကရုကမာကောင်မကြိုက်သူများအနေဖြင့် ၄င်းနှင့်အစွမ်းသတ္တိတူသောသော
ရွှေဖရုံစေ့လှော်ကို စား ပေး နိုင်ပါတယ်။)

(၃) ဌက်ပျောသီးထဲတွင်ပါရှိသော bromelain အင်ဇိုင်း နှင့် ဗီတာမင်များက ကျားခွန်းအားကို ပြည့်ဝစေလို့ 
  နေ့ တိုင်း ဌက်ပျောသီးစားပေးပါ။

(၄) ရှေးမက္ကဆီကိုတိုင်းရင်းသားများကထောပတ်သီးကို "testicle tree"(၀ါ)သုက်ရည်ထွက် စေတဲ့အပင် ဟုမှည့်ခေါ်ကာ ဖို-မ ခွန်အားတိုးဆေးအဖြစ် စားသုံးလာခဲ့ကြပါတယ်။

(၅) ဗာဒံစေ့ထဲမှာပါတဲ့ ဖက်ဆီးအက်ဆစ် များဟာ ကျားဟိုမုန်း ထုတ်ပေးနိုင်စွမ်းရှိလို့ ၊
ဗာဒံစေ့အစိမ်းကိုအစိမ်းလိုက်(အချိ/အငံမရောဘဲ)၀ါးစားပါ။

 (၆) သဖန်းသီး၊သရက် သီး၊ မက်မုံသီးနှင့်စတော်ဘယ်ရီသီးများကဖို-မစွမ်းအားတိုးမြှင့်ပေးလို့  ၄င်းသစ်သီး ၄-မျိုးကိုရောစား၍သော်လည်းကောင်း၊တမျိုးချင်းသီးသန့် စား၍သော်လည်းကောင်းအဆင်ပြေသလို
စားပေးနိုင်ပါတယ်။

 (၇) ကြက်ဥထဲမှာပါတဲ့  ဗီတာမင် B5 နှင့် B6တို့ က စိတ်ဖိစီးမှုပြေပျောက်စေပြီး၊ ဟိုမုန်းပမာဏကိုတိုးပွားလာစေပါတယ်။
ကြက်ဥကိုအစိမ်းသောက်ခြင်းက ကျား-မ သဘာဝ စွမ်းရည် ကို
ပိုမိုတိုးပွားလာစေပါတယ်။ ငါးဥများကလည်း ကြက်ဥလိုအစွမ်းသတ္တိပါရှိကြပါတယ်။

(၈) ကြက်သွန်ဖြူထဲရှိ allicin ဓာတ်က ကျား-မလိင်အင်္ဂါထဲရှိ သွေးများကို လျှင်မြန်စွာစီးဆင်းလည်ပတ်စေလို့ ရာဂစိတ်ကြွစေပါတယ်။

(၉) အနက်ရောင် ချောကလက်ထဲမှာပါတဲ့ phenylethylamine
ဓာတ်ပေါင်းစုက ချစ်စိတ်ကိုတိုးပွားစေလို့ ၊ ချစ်တင်းနှောအားဖြည့်ဆေးအဖြစ်မှီဝဲစားသုံးသင့်ပါ တယ်။

(၁၀) မြန်မာ့တိုင်းရင်းဆေးကျမ်းများမှာမြင်းခွာရွက်ကို ၆လ တိတိစားပေးပါက၊ ခွန်အားဗလကြီး၍ လူပျို
လိုဖြစ်စေကြောင်းညွှန်းဆိုထားပါတယ်။
 အိန္ဒိယနိုင်ငံArunaဘုရင်မင်းမြတ်ဟာနေ့ စဉ်မြင်းခွာရွက်စားလို့ သက်လုံကောင်းပြီးမိဘုရားမောင်းမမိသံ
အယောက်၅၀အတွက်လိင်ကိစ္စကိုစွမ်းဆောင်နိုင်ကြောင်းအိန္ဒိယရာဇ၀င်သမိုင်းတွင်ဖော်ပြထားပါတယ်။
 မြင်းခွာရွက်ဟာလိင်စိတ်ကြွစေသောအစွမ်းရှိလို့ ၊ ၁၉၆၆ ခုနှစ် ထိုင်းနိုင်ငံဆေးအဘိဓာန်မှာ
လိင်စိတ်ကိုအားပေးတဲ့ သဘာဝ ဆေး(၀ါ)Youth Vitamin X ဟုမှတ်တမ်းတင်ထားပါတယ်။

(၁၁) ကီဝီသီးကလည်း ချစ်တင်းနှောစေတဲ့အားဖြည့်ဆေးပါဘဲ။

 (၁၂) ဖောလစ်အက်ဆစ်ကြွယ်ဝသော ဟင်းနုနယ်ကို
စားပေးခြင်းဖြင့် လိင်စိတ်ဆန္ဒကိုတိုးမြင့်ပေးကာ၊ မျိုးအောင်စေပါတယ်။

(၁၃)ဟင်နရီ-၇ ဘုရင်နှင့်ရှေးအာရှဘုရင်မင်းမြတ်များလက်ထပ်ကတည်းကပင်
မောင်းမမိဿံစွမ်းဆောင်းရည် အားကောင်း ဆေးအဖြစ် ဂျင်းပြုတ်ရည်ကိုမှီဝဲလာခဲ့ကြပါတယ်။
 ထို့ ပြင် ၂၁ ရာစု ဆေးသုတေသီများကလည်း ဂျင်းဟာ
ကာမစိတ်ဆန္ဒကို လှုံ့ ဆော်ပေးတဲ့ အိမ်တွင်းသမားတော်လို့ ဆိုကြပါတယ်။

 (၁၄)ဖာလာစေ့ထဲတွင်အမြောက်အများပါရှိသောCineole ဓာတ်ကရာဂစိတ်ကို လှုံ့ဆော်ပေးနိုင်စွမ်းရှိလို့ 
အိန္ဒိယနိုင်ငံမှာ ကာမရာဂဆေးအဖြစ် ဖာလာစေ့ရေနွေးကြမ်းလ္ဘက်ရည်ကို သောက်သုံး လေ့ရှိကြပါတယ်။

(၁၅)အီတလီနိုင်ငံမှာ ရှေးပဝေသဏီကတည်းကစ၍ ပင်စိမ်းပင်များကို ဟိုမုန်းအားတိုးဆေးအဖြစ် အသုံးပြု လာခဲ့ကြပါတယ်။

(၁၆) ရွှေဖရုံစေ့ထဲမှာဇင့်ဓာတ်မြင့်မားစွာပါရှိသည့်အပြင် ဗီတာမင်နှင့် သတ္တုဓာတ်တို့ 
အလုံအလောက်ပါရှိ လို့ ကပ္ပါယ်အိတ်တွင် ဖြစ်ပေါ်သည့်အဖိုလိင်ဟော်မုန်းထုတ်လုပ်မှုကို အားပေးခြင်းကြောင့်အမျိုးသားများညအိပ်ယာဝင်ခါနီး တိုင်း ရွှေဖရုံစေ့လှော်စားပေးသင့်ပါတယ်။

(၁၇) နောက်ဆုံးပေါ်လေ့လာစမ်းသပ်မှုများအရ၊စပျစ်ဝိုင်တစ်ခွက်ပုံမှန်မှီဝဲလေ့ရှိ သောအမျိုးသမီးများဟာ
လိင်စိတ်ဆန္ဒတက်ကြွလေ့ရှိပြီး၊အလုံးစုံပြီးမြောက်အောင်မြင်ပါတယ်တဲ့။

 (၁၈) ဖရဲသီးမှာပါတဲ့ citrulline(ခေါ်)အမိုင်နိုအက်ဆစ်ဟာ သွေးလွှတ်ကြောများကိုပြေလျော့ကာ၊
သွေးလည်ပတ်စီးဆင်းမှုကို တိုးပွားစေလို့ အမျိုး သားများ ကျားခွန်အားကောင်းစေပါတယ်။

 (၁၉) ပန်းဂေါ်ဖီစိမ်းမှာပါတဲ့ဗီတာမင်ဓာတ်ပေါင်းစုများဟာ မ-သဘာဝခွန်အား ဖြစ်စေ ၍ အမျိုးသမီးများ
ညစာဟင်းလျာအဖြစ်စားသုံးပေးသင့်ပါတယ်။

 (၂၀) The University of Hawaii မှလေ့လာစမ်းသပ်မှုများအရ၊ ဂျင်စင်းမှီဝဲသူအမျိုးသမီးများဟာ တလအတွင်းမှာပင်လိင်စွမ်းဆောင်ရည် ၆၈ ရာခိုင်နှုန်းမျှ တိုးတက်လာကြောင်း၊ သို့ သော်
ဓာတုပစ္စည်း/သကြားတို့ ဖြင့် ဖန်တီးထားသော ဂျင်စင်းအတုကတော့
ကျမ္မာရေးကိုအကျိုးယုတ်စေကြောင်း အကြံပြု ထားပါ တယ်။

(၂၁) အ၀ါရောင်ကုံကုမံ(၀တ်ဆံ)ဟာ အစာအိမ်ရောဂါများအတွက် ဆေးဘက်ဝင်ရုံသာမက
လိင်စွမ်းဆောင်မှုကို အား ပေးလို့  ရေနွေးပူပူမှာ ၁၅-မိနစ်ခန့်စိမ်သောက်ပေးနိုင်ပါတယ်။

 (၂၂) ဆလတ်ရွက်မှာလိင်စိတ်ဟိုမုန်းကိုနှိုးဆော်ပေးနိုင်သော အစွမ်းပါရှိလို့  ညစာစား တဲ့အခါ
ဆလတ်ရွက် ၁-ဇလုံစာ ထဲ့စားပေးပါ။

 (၂၃) ကညွတ်ပင်ရဲ့  ပုံသဏ္ဍာန်ကအထီးလိင်အင်္ဂါနှင့် ခပ်ဆင်ဆင်တူ၍၊ ပြင်သစ် ဘာသာစကားအရ ကညွတ်ကို asperge (၀ါ)ကျားလိင်အင်္ဂါ ဟုခေါ်ပါတယ်။
သဘာဝ ကျားခွန်အား ပြည့်စေလို့ အမျိုးသားများ အားတိုးဆေးအဖြစ်မှီဝဲသင့်ပါတယ်။
 ဒါ့ပြင်မီးဖွားပြီးစအမျိုးသမီးများ ကညွတ်ပင်အမြစ်ပြုတ် စားခြင်း (သို့ )ကညွတ်
နှင့် နွားနို့ တို့ ရော၍ နို့ ထမင်းချက်စား ခြင့်ဖြင့် သွေးသန့်ကာမခွန်အားအမြန် ပြည့်စေပါတယ်။


(ဆောင်းပါးရှင်…ပေါက်ပေါက်...ရေးသားမျှဝေသည်)
promise.pauk

7 Nov 2014

အမျိုးသားသန္ဓေအောင်ခြင်းကို ထိခိုက်စေမည့်အကြောင်းများ

အမျိုးသားတွေရဲ့  အသက်ရှင်နေစဉ်ကာလအတွင်း ကျားအင်္ဂါဇာတ်က သုက်သွေးတွေထုတ်ပေးနိုင်တဲ့စွမ်းရည်ကို အစကနဦး တည်းကပင် သဘာဝအလျောက်ပြဌာန်းထားပြီးသား ဖြစ်ပါတယ်။ တချို့ မှာ မွေးရာပါအင်္ဂါဇာတ်ရောဂါအမျိုးမျိုး (ဥပမာ သုက် ရည်ပြွန်၊ ဝှေးစေ့၊ ကပ္ပါယ်အိတ် ရောဂါပြဿနာ) တို့ ကြောင့် မည်သို့ ပင် ခွဲစိပ်ပြုပြင်၍ ပဋိဇီဝဆေးဝါးမှီဝဲပါသော်လည်း ဘ၀ တစ်သက်တာအတွက် ဖခင်ဖြစ်ခွင့်မရှိနိုင်ပါဘူး။ တချို့ ကတော့ မွေးရာပါ ကျားစွမ်းဆောင်ရည် ချို့ ယွင်းချက်မရှိသော်လဲ၊ အနေ အထိုင် စားသောက်မှု အမူအကျင့်များ မှားယွင်းမှုကြောင့် ကျားစွမ်းဆောင်ရည်ပျက်စီးသွားကာ သန္ဓေမအောင်ခြင်းပြဿနာ နှင့် ကြုံတွေ့ လာရပါတယ်။ အောက်ပါ အကြောင်းရင်းများကို လေ့လာမှတ်သား၍ သတိပြုဆင်ခြင်သင့်ပါတယ်။
(၁) အရက် အလွန်အကျုးသောက်ခြင်း
၄၈ နာရီအတွင်းမှာ အရက်ရှစ်ပုလင်းထက် ပိုသောက်မိပါက သုက်သွေးထုတ်လုပ်မှုမှာ အဆိပ်သင့်စေပါတယ်။ ဘီယာထဲရှိ အပင်မှရသော အက်စထရိုဂျင်ဟာ အမျိုးသမီးဟိုမုန်းတွေကို ဟန်ဆောင်အတုအပလုပ်နိုင်ပြီး၊ အမျိုးသားတွေမှာတော့ သန္ဓေ မအောင်နိုင်စေတော့ပါဘူး။ ဒါကြောင့် အမျိုးသား အမျိုးသမီးအားလုံးအတွက် ကောင်းကျိုးမပြုတဲ့ အရက်သေစာများကို လွန် ကဲစွာသောက်သုံးခြင်းမှ ရှောင်ကျဉ်ပါ။

(၂) ကော်ဖီ
လေ့လာ စမ်းစစ်ချက်များအရ၊ ကော်ဖီက အမျိုးသမီးတွေရဲ့  သန္ဓေအောင်မြင်မှုကို လျော့နည်းစေသော်လဲဘဲ၊ အမျိုးသားတွေ ရဲ့ သုက်သွေးထုတ်လုပ်မှုကိုတော့ လှုံ့ ဆော်ပေးနိုင်တယ်လို့ ဆိုထားပါတယ်။ သို့ သော် ဘက်စုံကျန်းမာရေး ကောင်းမွန်စေဖို့  အတွက်၊ အရွယ်ရောက်ပြီးသူ အမျိုးသားတိုင်းဟာ တစ်နေ့ လျှင် ကော်ဖီ ၃-ခွက်ထက် ပို၍မသောက်သင့်ပါဘူး။ ကဖိန်းဓာတ် ပါသော ကိုလာအချိုရည်များဟာလည်း ထိုနည်း၎င်းဘဲ ဖြစ်ပါတယ်။

(၃) ဆေးလိပ်သောက်ခြင်း
ဆေးလိပ်သောက်ခြင်းဟာ (က) သုက်ကောင်ရဲ့ အမြှေး(ခေါ်)အပေါ်ယံအလွှာ မင်ဘရိန်းကိုဖျက်ဆီးပစ်ပါတယ် (ခ) အမမျိုးဥ ဆီ သို့  အရောက်ရွေ့ လျာနိုင်တဲ့ စွမ်းရည်ကိုလည်း ဖျက်ဆီးပစ်ပါတယ် (ဂ) ကျန်းမာတဲ့ သုက်သွေးထုတ်လုပ်မှုအတွက် လွန်စွာ အရေးပါတဲ့ ဗီတာမင်စီကိုလည်း ထိခိုက်ဆုံးရှုံးစေပါတယ်။

(၄) ရေပူချိုးခြင်း
ရေပူထဲမှာ စိမ်၍ ချိုးခြင်းက ကျန်းမာတဲ့သုက်သွေးထုတ်လုပ်မှုကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ရေပူထဲမှာ အကြာကြီးထိုင်၍ စိမ်ချိုးခြင်းမျိုးမှ ရှောင်ကျဉ်ပါ။ ကွန်ပြူတာလပ်ပ်တော့ပ်(lap top) ကို ပေါင်ပေါ်တင်၍ အသုံးပြုခြင်းကလည်း အချိန်ကြာ လာတာနဲ့ အမျှ ပေါင်နှင့် လိင်အင်္ဂါများကို အပူဟပ်စေတာကြောင့် အမျိုးသားများသန္ဓေမအောင်ခြင်း နှင့် ဆက်စပ်မှုရှိနေလို့  အထူး သတိပြုသင့်ပါတယ်။

(၅) တင်းကျပ်တဲ့ အတွင်းခံအ၀တ်အစားများ
တင်းကျပ်တဲ့ အတွင်းခံဘောင်းဘီများ နှင့် ချွေးအောင်း အပူလောင်စေတတ်တဲ့ နိုင်လွန်ဘောင်းဘီမျိုးတွေကို မ၀တ်ပါနှင့်။ ဝှေး စေ့ဟာ ခန္ဓာကိုယ်ဗဟိုချက် အပူချိန်ထက်ပိုပြီး အေးနေဖို့ လိုအပ်ပါတယ်။ ဒါ့ပြင် ကပ်ပယ်အိတ်အရည်ခွံဟာ သိပ်ပါးပြီး၊ ထပ် ဆင့်ထုတ်ပေးတဲ့ အစိပ်အပိုင်းဟာလည်း အပြင်ဖက်မှာရှိနေတာကြောင့် အင်္ဂါဇာတ်ကို အပူလောင်စေတတ်ပါတယ်။

(၆) အချိန်ကြာကြာ ထိုင်ခြင်း
ဥပမာ ကားကြာကြာမောင်းနှင်ခြင်း၊ စားပွဲခုံမှာ အချိန်အကြာကြီးထိုင်ခြင်း၊ လှုပ်ရှာမှုနည်း၍ အညောင်းထိုင်ခြင်းတို့ ကလည်း အမျိုးသားများ သန္ဓေအောင်နိုင်မှု စွမ်းရည်ကို အဟန့် အတားဖြစ်စေပါတယ်။ ဒါကြောင့် ရက်သတ္တ ၁-ပတ်မှာ အနည်းဆုံး ၄-ကြိမ်ခန့်  စက်ဘီးစီး၊ လမ်းသွက်သွက်လျှောက်၊ အပြေး စတဲ့ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းတွေ လုပ်ပေးခြင်းအားဖြင့် သွေးလည် ပတ်မှုကောင်းလာစေပြီး ကျန်းမာတဲ့ သုက်သွေးထုတ်လုပ်မှုကို အထောက်အပံ့ဖြစ်စေနိုင်ပါတယ်။

(၇) စိတ်ဖိစီးမှုများခြင်း
စိတ်ဖိစီးမှုများလာတဲ့အခါမှာ ခန္ဓာကိုယ်က ကော်တီဆောဟိုမုန်းတွေ အလိုအလျောက်စိမ့်ထွက်လာပါတယ်။ ၄င်းဟိုမုန်းတွေက သုက်သွေးထုတ်လုပ်မှုကို အဟန့် အတားဖြစ်စေပါတယ်။

(၈) ပြည့်ဝဆီတွေ စားသုံးခြင်း
ဝက်ဆီ၊ အမဲဆီ၊ ကြက်ဘဲ အရေခွံ စတဲ့ တရိစ္ဆာန်မှထွက်ရှိတဲ့ အဆီများ နှင့် ထပ်ခါထပ်ခါပြန်ကြော်ထားတဲ့ အဆီများကို စား သုံးပြီးနောက်၊ ခန္ဓာကိုယ်ထဲရောက်သွားတဲ့အခါ ၄င်းအဆီများက ခဲဆိပ်သတ္တုတွေအဖြစ် ဓာတ်ပြောင်းလဲသွားပြီး သန္ဓေသားအောင် ခြင်းကို ကြီးစွာသော အနှောင့်အယှက်ဖြစ်စေပါတော့တယ်။

(၉) သင့်လျော်တဲ့အစားအစာများ မှီဝဲခြင်း
အထက်ပါ သွားလာနေထိုင်စားသောက်မှုပုံစံ မှားယွင်းခြင်း၏ နောက်ဆက်တွဲပြဿနာအဖြစ် သုက်သွေးရဲ့  ဒီအင်န်အေ(DNA) ကို ပျက်စီးစေနိုင်ပါတယ်။ ထိုပြဿနာမှ ကြိုတင်ကာကွယ်ထားတဲ့အနေဖြင့် အမျိုးသားကျန်းမာရေးအတွက် သင့်လျော်တဲ့အစား အစာတွေကို စားပေးသင့်ပါတယ်။ (က) သွပ်ဓာတ်ကြွယ်ဝတဲ့ အစားအစာများဖြစ်ကြသော အဆီမပါတဲ့ အနီရာင်အသား၊ ဂျုံကြမ်း၊ ပုစွန်ထုပ်၊ သစ်သီး သစ်ဥ သစ်ဖု၊ အစေ့အဆံ နှင့် မြေပဲများ (ခ) ဖောလစ်အက်ဆစ်ကြွယ်ဝတဲ့ အစားအစာ များဖြစ်ကြသော အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ၊ (ဂ) ဓာတ်တိုးဆန့် ကျင်ပစ္စည်းတစ်မျိုးဖြစ်သော ဆီလီနီယမ် ဓာတ်ကြွယ် ၀တဲ့ အစားအစာများဖြစ်ကြတဲ့ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ စပျစ်သီးများ (ဃ) ပရိုတင်းဓာတ်ကြွယ်ဝတဲ့ ကြက်ဥ အနှစ် တို့ ကို စားသုံးပါ။ (င) ဖော်ပြပါ အစားအစာများအပြင် လိုအပ်ပါက ဆရာဝန်နှင့် တိုင်ပင်၍ ဗီတာမင်စီ၊ ဗီတာမင်ဒီ နှင့် ဗီတာမင်အီး ဆေးဝါးတို့ ကို ဖြည့်စွက်စာအဖြစ် သောက်ပါ။

(ဆောင်းပါးရှင်…ပေါက်ပေါက်..ရေးသားမျှဝေသည်)

28 Jul 2014

ကိုယ်ဝန်ရစေဖို့ အကူအညီဖြစ်စေမည့်နည်းလမ်းကောင်းများ။

( ၁ ) အဟာရရှိပြီးကျန်းမာစွာနေထိုင်ခြင်း
--------------------
အဟာရရှိမည့် အစားအစာများကိုရွေးချယ်စားသောက်ခြင်းဟာ ကိုယ်ဝန်ရစေဖို့ အခွင့်အရေးကို အလျှင်အမြန်တိုးတက်စေမည့်နည်းတစ်နည်းဖြစ်ပါတယ်။ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ပေးခြင်းနှင့် ကျန်းမာစွာစားသောက်ခြင်းတွေဟာ သင့်ကိုယ်ခန္ဓာအားအကောင်းစုံပုံစံ ရစေပြီး ကိုယ်ဝန်ရစေရန် အထောက်အကူပြုပါလိမ့်မယ်။ မျိုးအောင်ဖို့ အတွက်ကိုအထောက်အကူပြုစေဖို့ သင်ဟာသန့်ရှင်းလက်ဆပ်တဲ့အသီးအနှံတွေ၊ အရောင်ပေါင်းစုံတဲ့မတူညီတဲ့ဟင်းသီးဟင်းရွက်တွေကိုစားသုံးရပါမယ်။
ဘယ်ရီသီးအမျိုးမျိုး၊ ငရုတ်ပွအနီရောင်၊ ခရမ်းချဉ်သီး၊ အစိမ်းရောင်အရွက်များစသည်ဖြင့် အဟာရပြည့်ဝစာများကို မကြိုက်သော်လည်းစားသုံးသင့်ပါတယ်။
ထို အတူ ဇင့်ဓါတ်ကြွယ်ဝသောကမာကောင်ကဲ့သို့သောအစားအစာများ၊
ဖော်လစ်( Folic )ကြွယ်ဝသော အစားအစားများ ဖြစ်တဲ့ထောပါတ်သီး၊ Broccoli ၊ ဟင်းနုနယ်ရွက်ကဲ့သိုသောအစာများကိုလည်း စားသုံးသင့်ပါတယ်။
အဟာရဖြစ်စေမည့် အသီးများ၊ အသားများ ဟာ သင့်ကို အမေတစ်ယောက်ဖြစ်လာစေဖို့ အထောက်အကူဖြစ်စေမှာပါ။ ဒီလို အစားအသောက်ပုံစံသုံးမျိုးကို ပုံမှန်တစ်နေ့တာအတွင်းပါဝင်အောင်စားသုံးပေးခြင်းဖြင့် သင့်လိုအင်ဆန္ဒများပြည့်ဝလာပါလိမ့်မယ်။
သင့်၏အမျိုးသားကိုလည်း သုတ်ပိုးကို ကျန်းမာသန်စွမ်းစေမည့် ဗိုက်တာမင် စီ၊ အီး ဓါတ်ပါသော ဖြည့်စွက်အစာများကို စားသောက်ဖို့ တိုက်တွန်းပါ။ ထို့အတူ အမျိုးသားများအနေဖြင့်ပူအိုက်စေသည့်အတွင်းခံဘောင်းဘီများဝတ်ခြင်းဟာ သုတ်ပိုးထုတ်လုပ်မှူကိုထိခိုက်စေနိုင်သောကြောင့်ပွသောအတွင်းခံများကိုသာဝတ်ဆင်သင့်ပါတယ်။
( ၂ ) ဗိုက်တာမင်ဆေးများဖြည့်စွက်ပါ။
--------------------------------
လိုအပ်သောဗိုက်တာမင်ဆေးဝါးများလည်းဖြည့်စွက်သာက်သုံးနိုင်ပါတယ်။ အလွန်အကျွံ မဖြစ်စေရန်ကိုတော့သတိပြုပါ။
Vitamin E
Zinc
Copper
Panthothenic acid
Potassium
Vitamin A
Vitamin C
Vitamin D
Thiamin B6
Riboflavin
Niacin
အကောင်းဆုံးကတော့အစားအသောက်များမှ ထိုဓါတ်များကိုရှာဖွေပါ။
( ၃ ) မှန်ကန်တဲ့ကိုယ်အလေးချိန်။
----------------------
ကိုယ်ဝန်ဆောင်ဖို့အကောင်းဆုံးကိုယ်ခန္ဓာဖြစ်စေရန် ဂရုပြုပါ။ပိန်လွန်းခြင်း ၀လွန်းခြင်းတွေဟာလည်း သင့်၏ကလေးရနိုင်ခြေကိုလျှော့နည်းစေပါတယ်။ ထို့အတွက်ကြောင့်ကလေးယူရန်ဆုံးဖြတ်ထားပါက မိမိကိုယ်ခန္ဓာကျန်းမာသောကိုယ်အလေးချိန်ဖြစ်စေရန်ကြိုးစားတည်ဆောက်ပါ။ အမြန်အလေးချိန်လျှော့ကျစေနိုင်သောဆေးများ၊နည်းလမ်းများကို တော့အသုံးမပြုသင့်ပါဘူး။
ထို့အတူသင့်အမျိုးသားလည်းထိုနည်းအတိုင်းကျန်းမာသန်စွမ်းစေရန်နေထိုင်ဖို့တိုက်တွန်းရပါမယ်။
( ၄ ) အရက်၊ဆေးလိပ်ဖြတ်ပါ။
---------------------------
ကိုယ်ခန္ဓာအားဆိုးကျိုးဖြစ်စေပြီး ကိုယ်တွင်းအင်္ဂါများတွင်အဆိပ်အတောက်များကျန်ရစ်စေမည့် ဆေးလိပ်အရက်၊မူးရစ်ဆေးဝါးများကို သင်ကော သင်၏အမျိုးသားပါလုံးဝဖြတ်တောက်ရပါမယ်။ ဒါတွေဟာ သင်တို့၂ဦးစလုံးအတွက် မျိုးအောင်နိုင်ခြေကိုများစွာကျဆင်းစေလို့ပဲဖြစ်ပါတယ်။
အရက်ဟာလည်းအမျိုးသား၏သုတ်ပိုးအရည်အသွေးကိုများစွာထိခိုက်စေပါတယ်။
( ၅ )Caffeine
-------------
Caffeineဓါတ်ဟာ အမျိုးသမီးများ၏မျိုးဆက်ပွားခြင်းကို ဘယ်လိုမှကောင်းကျိုးမဖြစ်စေပါဘူး၊caffeineဓါတ်များသော ကော်ဖီ၊ချောက်ကလက်အစရှိသည့်အရည်
များကို တစ်နေ့ ၄ခွက်ထက်ပိုမိုသောက်သုံးပါက အမျိုးသမီးများ မျိုးအောင်နိုင်ခြေကို ၂၆%ကျဆင်းစေပါတယ်။
( ၆ ) ပုံမှန်လိင်ဆက်ဆံခြင်းကိုပြုလုပ်ပါ။
------------------------------------
အကောင်းဆုံးအကြံပြုချက်ကတော့ တစ်ပါတ်လျှင် ၂ကြိမ်၃ကြိမ်ဖြင့် အပါတ်တိုင်းပြုလုပ်ခြင်းဖြင့် သင့်အား ကလေးရစေဖို အခွင့်အလမ်းပိုများလာစေပါလိမ့်မည်။ လိင်ဆက်ဆံပြီးပါကလည်း ချက်ခြင်းထပြီးရေချိုးခြင်းမျိုးထက် ၁၀မိနစ် ၁၅မိနစ်ခန့် လှဲလှောင်းနေပေးပါ။တစ်ချို့တွေကတော့ ခြေ၂ချောင်းကိုလေထဲတွင်မြှောက်ထားလျှင်ပိုကောင်းသည်
ဟုဆိုကြသော်ငြားလည်း တကယ်တန်းတော့ မလိုအပ်ပါဘူး။ တင်ပါးအောက်တွင် ခေါင်းအုံးကဲ့သို့သောမြင့်တက်လာစေမည့် ပစ္စည်းတစ်ခု ခံထားလျှင်လည်းအဆင်ပြေနိုင်ပါတယ်။ အမျိုးသားများ၏ သုတ်ပိုးများဟာ ၇ ရက်လာက်ကူးခတ်အသက်ရှင်နိုင်တာကြောင့်နေတိုင်းကလေးရစေရန်အတွက်တော့ကြိုးစားဖို့မလိုအပ်ပါဘူး။ ကျန်းမာသော သုတ်ပိုးများရရှိစေဖို့ကို သာကြိုးစားကြစေလိုပါတယ်။
ိကိုယ်ဝန်ရစေဖို့ လိင်ဆက်ဆံရန်အကောင်းဆုံးပုံစံများကိုတော့အမြင်မတင့်တယ်ဖြစ်မည်ဆိုးသဖြင့် မဖော်ပြတော့ပဲ လိုအပ်သူများအနေဖြင့်အောက်ပါ လင့်မှ သွားရောက်ကြည့်ရူ့ နိုင်ပါတယ်။
http://www.sofeminine.co.uk/pregnancy/sex-positions-for-getting-pregnant-d41614.html
( ၇ ) ရာသီစက်ဝန်းကို နားလည်သိရှိခြင်း
-----------------------------
အမျိုးသမီးများအနေ့ဖြင့် ပုံမှန်၂၈ ရက် ရာသီစက်ဝန်း အတွက် ရာသီပေါ်ချိန်အစရက်မှ ( ၁၄ ) ရက်မြောက်နေ့တွင်မျိုးဥကြွေလေ့ရှိပါတယ်။ ထိုရက်တွေမှာ လိင်ဆက်ဆံခြင်းဟာ ကိုယ်ဝန်ရစေမဲ့အကောင်းဆုံးနည်းလမ်းပါ။ အမျိုးသားသုတ်ပိုးဟာ အမျိုးသမီး၏ကိုယ်အတွင်း ၇ ရက်လောက် အသက်ရှင်နိုင်ပြီး အမျိုးသမီး ၏ မျိုးဥများကတော့ ၁၂နာရီမှ ၂၄နာရီအတွင်းသာအသက်ရှင်နိုင်ကြတာပါ။ ထို့အတွက်ကြောင်း သင်တို့နှစ်ဦးအနေနှင့် အကောင်းဆုံးအချိန်မှာ အကောင်းဆုံးကြိုးစားခြင်းဖြင့်လည်း ကလေးရစေဖို့ အခွင့်အလမ်းများ ဖြစ်ပေါစေပါလိမ့်မယ်။ထို့ကြောင့် အမျိုးသမီးတိုင်းမတူညီနိုင်တဲ့မိမိရက်တွေကို နားလည်တွက်ချက်နိုင်အောင်လုပ်ခြင်းဟာအရေးကြီးဆုံးပါပဲ။
( ၈ ) ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ပါ။
----------------------
လူအများစု ကျွမ်းကျင်တဲ့ပညာရှင်တွေနဲ့ဆွေးနွေးဖို့ အရမ်းနောင့်နှေးနေတတ်ပါတယ်။ နီးစပ်ရာဆေးမှီးတိုများနဲ့ကုသတာတွေ၊စမ်းတ၀ါးဝါးလုပ်နေတာတွေကိုအချိန်ကိုကြာစေသလို၊ မှားယွင်းတဲ့ကုသမှူတွေကလည်းသင့်အားဘေးဖြစ်စေနိုင်ပါတယ်။ဒါမဖြစ်သင့်ပါဘူး။ အထူးကုများနှင့်ပြပါ။ မိမိအခက်အခဲတွေကိုပွင့်လင်းစွာပြောပြပါ။ ဆွေးနွေးပါ။ အကူညီတောင်းပါ။ ဒါဟာမိမိဘာဖြစ်နေလည်းဆိုတာသိပ္ပံနည်းကျကျတိကျစွာသိနိုင်မဲ့နည်းတစ်ခုတည်းသောနည်းလမ်းပါ။ ဒါမှလည်း သင်၏အားနည်းချက်လား၊ သင့်အမျိုးသား၏အားနည်းချက်လားဆိုသည်ကိုသိရှိပြီးအမြန်ဆုံးအကောင်းဆုံးသောနည်းလမ်းများဖြင့် ကိုယ်ဝန်ဆောင်နိုင်စေရန် အခွင့်အလမ်းများပေါ်ပေါက်လာနိုင်မှာဖြစ်ပါတယ်။ တစ်ဖက်ဖက်မှဖြစ်စေ ၂ဦးလုံးမှဖြစ်စေ ချို့ယွင်းချက်ရှိသူများအနေနဲ့ကတော့အထူးကုဆရာဝန်နဲ့များနှင့်ကုသမှသာ အောင်မြင်နိုင်ဖို့ နီးစပ်မှာပါ။
( ၉ ) စိတ်ဖိစီးမှုလျှော့ပါ။
-------------------------
စိတ်ဖိစီးမှူဟာကိုယ်ဝန်လိုချင်သောမိဘများဖြစ်တတ်သောအရာပါ။ ကလေးရအောင်ကြိုးစားရင်း ထိုစိတ်ဖိစီးမှူကြောင့်ပဲ ကလေးရစေဖို့ အဟန့်အတားဖြစ်စေပါတယ်။ ထို့အတွက် ၂ဦးစလုံး စိတ်ဖိစီးမှူကိုလျှော့ချနိုင်အောင်ကြိုးစားပါ။ ပေါ့ပါးတဲ့လေ့ကျင့်ခန်းတွေ တရားထိုင်ခြင်း၊ ယောဂကျင့်ခြင်းများပြုလုပ်ခြင်းဖြင့်လည်း စိတ်ဖိစီးမှူတွေကိုလျှော့ချပေးနိုင်ပါလိမ့်မယ်။ ဒါဟာ ၂ဦးစလုံးလုပ်ရမဲ့အရာပါ။
( ၁၀ )အချိန်ယူပါ။
------------------
ကိုယ်ဝန်ရဖို့ လွယ်ကူသူတွေမဟုတ်တဲ့အတွက် ချက်ခြင်းကြီးဖြစ်လာဖို့ဆိုတာကတော့ မဖြစ်နိုင်ပါဘူး။ ထို့ အတွက်အချိန်ယူပြီးနေထိုင်ပါ။ ဆရာဝန်နဲ့ ပုံမှန်မဟုတ်တောင်အခွင့်သင့်သလိုပြသပြီးကုသမှူခံယူပါ။ ထို့အတွက်ကြောင့်လည်းအမျိုးသမီးများအနေဖြင့် ကိုယ်ဝန်ဆောင်ရန်အကောင်းဆုံးအချိန်ဖြစ်တဲ့၁၈နှစ်မှ ၂၅နှစ်အတွင်း အိမ်ထောင်ပြုပြီးပါက ကလေးယူသင့်သည်။ အသက် ၃၅နှစ်အောက်တွေအတွက်ကတော့ အခက်ခဲမရှိသေးပေမယ့် အသက် ၃၅နှစ်ကျော်လာပါကမျိုးဥအောင်ဖို့အတွက် ခက်ခဲလာနိုင်ပြီး ကိုယ်ဝန်ဆောင်နိုင်ဖို့ ရာခိုင်နူံန်းလည်း သူများနှင့်ယှဉ်လျှင်နည်းပါးလာပါလိမ့်မည်။
မိခင်လောင်းများဘ၀ကိုအမြန်ဆုံးပိုင်ဆိုင်နိုင်ကြပါစေ။

source : sofeminine.co.uk ၊ webmd.com ၊ parents.com ၊
အထက်ဖော်ပြပါနည်းလမ်းများကတော့ ကလေးလိုချင်ကြတဲ့မိဘတွေအတွက်ရည်ရွယ်ပြီး HAPPY MOM မိသားစုမှ စုစည်းတင်ပြထားခြင်းဖြစ်ပြီး ကလေးသူငယ်များပိုင်ဆိုင်နိုင်စေဖို့ ၁၀၀ % သေချာစေမည့်နည်းလမ်းများမဟုတ်ပဲ ကျန်းမာပြီး ၂ဦးလုံး မျိုးပွားနိုင်သော အရည်အသွေးရှိသည့် အိမ်ထောင်ရှင်များအတွက် အထောက်အကူဖြစ်စေမည့်နည်းလမ်းများသာဖြစ်ပါတယ်။

23 Jul 2014

အိမ်ထောင်သည်အမျိုးသားများ စားသုံးသင့်သော အကောင်းဆုံး အစားအသောက်များ

( ၁ ) ကမာကောင်
( ၂ ) ဟင်းနုနယ်ရွက် နှင့် အစိမ်းရောင်အရွက်များ
( ၃ ) လဖ္ဘက်ရည်ကြမ်း ( ဂရင်းတီး၊ ရိုးရိုးလဖ္ဘက်ခြောက် )
( ၄ ) မက်မွန်သီး
( ၅ ) ကြက်ဥ
( ၆ ) ငှက်ပျော်သီး
( ၇ ) အနီရောင် ၀ိုင် နှင့် အသားများ
( ၈ ) နွားနို့ 
( ၉ ) အဆီကြွယ်ဝသောငါးအမျိုးမျိုး ( အိုမီဂါ-3 ပါဝင်မှုများသောငါးများကပိုကောင်းမွန်ပါသည် )
( ၁၀ ) ဂျုံနှင့်ဂျုံ ထွက်အစားအစာများ
( ၁၁ ) အမဲရောင်ချောကလက်
( ၁၂ ) ကညွှတ်
( ၁၃ ) ဘယ်ရီသီးအမျိုးမျိုး
( ၁၄ ) ချယ်ရီသီး
( ၁၅ ) ပရိုတိန်းဓါတ်ပါသော ပဲအမျိုးမျိုး

အမျိုးသားများ ကျန်မာရေးအတွက်ပုံမှန်စားသုံးသင့်သောအစားအသောက်များ၊
---------------------------------
( ၁ ) အနီရောင်၊ အ၀ါရောင်ရှိသောအသီးများ
( ၂ ) ငရုတ်ပွများ ( အနီရောင်၊အ၀ါရောင်ရှိသော အချိုငရုတ်သီးများလည်းစားသုံးနိုင်ပါသည် )
( ၃ ) ကြက်သွန်ဖြူ
( ၄ ) အစိမ်းရောင်မုန်လာထုပ် ( Broccoli )
( ၅ ) လဖ္ဘက်ရည်ကြမ်း ( ဂရင်းတီး၊ ရိုးရိုးလဖ္ဘက်ခြောက် )
( ၆ ) နို့ နှင့်နို့ ထွက်ပစ္စည်းများ
( ၇ ) ထောပါတ်သီး
( ၈ ) အမဲသား
( ၉ ) ခရမ်းချဉ်သီး
( ၁၀ ) အနီရောင် ၀ိုင်
( ၁၁ ) မြေပဲဆံ
( ၁၂ ) အဆီကြွယ်ဝသောငါးအမျိုးမျိုး ( အိုမီဂါ-3 ပါဝင်မှုများသောငါးများကပိုကောင်းမွန်ပါသည် )
( ၁၃ ) ဂျုံနှင့်ဂျုံ ထွက်အစားအစာများ
( ၁၄ ) ပဲပုပ်စေ့
( ၁၅ ) ဖရုံစေ့
( ၁၆ ) အုန်းရေ
( ၁၇ ) ငှက်ပျောသီး
( ၁၈ ) ဘယ်ရီသီးအမျိုးမျိုး
( ၁၉ ) ချယ်ရီသီး
( ၂၀ ) ပရိုတိန်းဓါတ်ပါသော ပဲအမျိုးမျိုး
( ၂၁ ) သလဲသီး
( ၂၂ ) သစ်ကြံ့ ပိုးခေါက်
( ၂၃ ) ဆပ် ( ကျိုချက်စားသောက်ရသော ကောက်ညှင်းကဲသို့သောအစေ့များ )

source : menshealth.com

15 Jun 2014

အိမ်ထောင် သည်များ အစားသင့် ဆုံး သစ်သီး ငါးမျိုး

အိမ်ထောင် သည်များ အစားသင့် ဆုံး သစ်သီး ငါးမျိုး အိမ်ထောင်ရေး မှာ သာယာ ကြည်နူးဖွယ် ရာ အဆင်ပြေ တဲ့ ဘဝမျိုး ရရှိအောင် အောက်ပါ သစ်သီး ငါးမျိုးကို စားပေးသင့်ပါတယ်။

(၁) သလဲသီး

အိမ်ထောင်သည်တွေ အစားသင့်ဆုံး သစ်သီး တွေထဲမှာ သလဲသီးကလည်း ပါဝင်နေပါတယ်။ လေ့ လာမှုတစ်ခုအရ သလဲသီးဟာ သွေးတိုးကို ကျစေ ပြီး နှလုံးရောဂါအန္တရာယ်ကိုလည်း လျော့ကျစေတယ် လို့ သိရပါတယ်။ သလဲသီးဖျော်ရည်ကို သောက်တာ က ဆန္ဒအားကိုကောင်းစေတယ်လို့ သိပ္ပံပညာရှင် တွေက ဆိုပါတယ်။ အကြောင်းကတော့ သလဲသီး စားတဲ့အခါ ခန္ဓာကိုယ်ထဲမှ နိုင်ထရစ်အောက်ဆိုက် ထွက်အောင် ကူညီပေးတာကြောင့် သွေးကြောတွေ ကို ကျယ်စေပြီး သွေးလှည့်ပတ်မှုကို ကောင်းစေလို့ ဖြစ်ပါတယ်။ သလဲသီးကို ဖျော်ရည်အဖြစ်ဖျော်ပြီး အေးခဲအောင် ပြုလုပ်ကာ သောက်နိုင်ပါတယ်။

(၂) သဖန်းသီး

သဖန်းသီးတွေက အမျိုးသားရော အမျိုးသမီး မှာပါ လိင်စိတ်အားကောင်းစေတဲ့ သစ်သီးပါ။ အကြောင်းကတော့ သဖန်းသီးမှာ အမိုင်နိုအက်စစ် ပါဝင်မှု မြင့်မားလို့ပါပဲ။ အမိုင်နိုအက်စစ်ဟာ ပုံမှနှ်နထ လုပ်ငန်းဆောင်တာတွေမှာ ပါဝင်ပြီး ခန္ဓာကိုယ် ထဲမှာ နိုက်ထရစ်အောက်ဆိုက်အဆင့်ကို တိုးစေပါ တယ်။ သဖန်းသီးဟာ အာရုံခံစားမှုနဲ့ စိတ်ခံစားမှုကို ကောင်းမွန်စေတဲ့အတွက် အိမ်ထောင်ရေးမှာ အဆင် ပြေရတာဖြစ်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

(၃) ထောပတ်သီး

ထောပတ်သီးဟာ အိမ်ထောင်သည်တွေ စားသင့် တဲ့ သစသ်ီး ပါ။ အကြောင်း ကတော့  ထောပတသ်ီး မှာ ဖောလစ်အက်စစ် မြင့်မားစွာပါဝင်တာကြောင့် ပရိုတင်းဓာတ်တွေကို ချေဖျက်ကာ စွမ်းအင်အထွက် တိုးစေပါတယ်။ ထောပတ်သီးမှာ ဗီတာမင် B ၆ လည်း ကောင်း ကောင်းပါဝင်တာကြောင့် စိတ်ဖိစီးမှုကို တွန်းလှန်နိုင် ပြီး တိုးလာတဲ့စွမ်းအင်ဟာ ကျားဟော်မုန်းတက်စတို စတီရုန်းကို အထွက်တိုးစေပါတယ်။ ထောပတ်သီးမှာ ပိုတက်စီယမ်ပါဝင်မှုလည်း မြင့်မားတာကြောင့် အိမ် ထောင်သည်အမျိုးသမီးတွေ စားသင့်တာဖြစ်ပါတယ်။

(၄) ငှက်ပျောသီး

တစ်နေ့တာကိုစတင်တဲ့ နံနက်ခင်းမှာ ငှက်ပျော သီးကို စားပေးပါ။ ငှက်ပျောသီးမှာပါဝင်တဲ့ ဘရိုမီလိန်း အင်ဇိုင်းဟာ အိမ်ထောင်သည်တွေရဲ့ စိတ်ဆန္ဒကို တိုးမြင့်စေပါတယ်။ ငှက်ပျောသီးဟာ ပိုတက်စီယမ် ပါဝင်မှု အမြင့်မားဆုံးသစ်သီးထဲမှာ တစ်မျိုးအပါ အဝင်ဖြစ်ပြီး ဗီတာမင်ဘီပါဝင်တာကြောင့် စွမ်းအင် အဆင့်ကို တိုးမြင့်စေပါတယ်။

(၅) စွန်ပလွံသီး

စွမ်းအင်လျော့ကျမှုနဲ့ လိင်စိတ်ဆုံးရှုံးမှုတို့ကို တွန်းလှန်နိုင်ဖို့ စွန်ပလွံသီးကို စားပေးနိုင်ပါတယ်။ အမိုင်နိုအက်စစ် ပါဝင်တဲ့အတွက် ပင်ပန်းနွမ်းနယ်မှုကို ပြေပျောက်စေပြီး စွမ်းအင်ကို တိုးစေနိုင်ပါတယ်။

credit - Good Health

12 Apr 2014

အချစ်အတွက် တယ်လီဖုန်း

အဲဒီလူနာဆောင်ထဲ ကျွန်မရောက်သွားတဲ့နေ့ကစပြီး ကျွန်မနဲ့မျက်နှာချင်းဆိုင်ကုတင်ကလင်မယားဟာ အသံတိုးတိုး တိုးတိုးနဲ့ ရန်ဖြစ်ငြင်းခုန်နေတာကို ကျွန်မတွေ့ခဲ့ရတယ်။
မယားဖြစ်သူက ပြန်ချင်တယ်၊ လင်ဖြစ်သူက ဆက်နေမယ်။

နပ်စ်မရဲ့ပြောချက်အရ အဲဒီကုတင်ကအမျိုးသမီးဟာ ဦးနှောက်အကြိတ်ပေါက်ရောဂါဖြစ်နေတယ်လို့ သိရတယ်။ ကင်ဆာဖြစ်နိုင်ချေ ပိုများတယ်လို့ ဆိုပါတယ်။

သူတို့လင်မယားရဲ့ ပြတ်တောက်ပြတ်တောက်ငြင်းခုန်ရန်ဖြစ်တဲ့စကားသံထဲကနေ တောရွာတစ်ရွာနေ လယ်သမားမိသားစုတစ်စုရဲ့ပုံရိပ်က ကျွန်မမျက်စိရှေ့မှာ
ဖြည်းဖြည်းချင်း ကြည်ကြည်လင်လင်ဖြစ်လာခဲ့ပါတယ်။ အမျိုးသမီးက ၄၆နှစ်ပါ။ ကလေးနှစ်ယောက်ရှိပြီး သမီးဖြစ်သူက မနှစ်ကတက္ကသိုလ်ဝင်တန်းအောင်ထားတယ်၊ သားဖြစ်သူက အထက်တန်းတက်နေတယ်။ လယ် ၁၂ဧကရှိတယ်၊ ဝက်၆ကောင်နဲ့ နွားတစ်ကောင်ရှိတယ်။ ဒါဟာ သူတို့တစ်မိသားစုလုံးရဲ့ ပိုင်ဆိုင်သမျှဖြစ်ပါတယ်။

ဆေးရုံဝရံတာမှာ ကတ်ထည့်ပြီးဆက်လို့ရတဲ့ တယ်လီဖုန်းတစ်လုံးရှိပါတယ်။ ကျွန်မတို့လူနာခန်းနဲ့ သိပ်မဝေးတဲ့နေရာမှာရှိပါတယ်။ လက်ကိုင်ဖုန်းတွေပေါများလာတဲ့အတွက်
အဲဒီကတ်ထည့်တဲ့ဖုန်းကို လူတွေသိပ်မသုံးကြတော့ပါဘူး။ ဆေးရုံအောက်ထပ်မှာ ဖုန်းကတ်ရောင်းတဲ့ဆိုင်ရှိပါတယ်။ ညနေရောက်တိုင်း လူနာရှင်အမျိုးသားဟာ အဲဒီတယ်လီဖုန်းနဲ့ ရွာက နေအိမ်ဆီဖုန်းဆက်တတ်ပါတယ်။

အမျိုးသားဖုန်းပြောတဲ့အသံက အရမ်းကျယ်ပါတယ်။ အခန်းတံခါးကို သူတကူးတကပိတ်ခဲ့တယ်ဆိုရင်တောင် အခန်းထဲကနေ သူ့အသံကို ပီပီသသကြားရပါတယ်။

နေ့တိုင်းဖုန်းပြောတဲ့အခါတိုင်း အမျိုးသားက သူ့သားကို နွားစာကျွေးပြီးပြီလား၊ ဝက်စာကျွေးပြီးပြီလား၊ ခြံဝင်းတွေခတ်ထားရဲ့လား၊ နောက်နေ့မနက်ကျောင်းတက်ရမှာမို့
ညဥ့်နက်တဲ့အထိ စာမကြည့်နဲ့လို့ မေးလိုက် မှာလိုက်လုပ်တတ်ပါတယ်။ နောက်ဆုံးမှာ ပြောနေကျစကားတစ်ခွန်းဖြစ်တဲ့ "နင်တို့အမေ ဘာရောဂါထွေထွေထူးထူးမှမဖြစ်ဘူး၊ ၃,၄ရက်နေရင် ငါတို့ပြန်ခဲ့မယ်"ဆိုတဲ့စကားနဲ့ သူအဆုံးသတ်ပါတယ်။

ဆေးရုံရောက်ပြီး ၄ရက်မြောက်နေ့မှာ အမျိုးသမီးရဲ့ဦးခေါင်းကိုခွဲစိတ်ဖို့ ဆေးရုံကပြင်ဆင်ပါတော့တယ်။ ခွဲစိတ်မယ့်မနက်မှာ အမျိုးသမီးရဲ့ကုတင်ရှေ့မှာ ယောက်ျားတစ်ယောက်နဲ့မိန်းမတစ်ယောက် ရောက်လာခဲ့ပါတယ်။ ကြည့်ရတာ သူ့အစ်ကိုနဲ့ ညီမဖြစ်ပုံရတယ်။ အမျိုးသမီးက ညီမရဲ့လက်ကိုဆုပ်ကိုင်ထားတယ်ဆိုပေမယ့် သူ့မျက်လုံးက သူ့ယောက်ျားရဲ့မျက်နှာကနေကို မခွာခဲ့ပါဘူး။

မေ့ဆေးပေးခါနီးမှာ အမျိုးသမီးက အမျိုးသားရဲ့လက်မောင်းကိုဖမ်းဆွဲပြီး "ယောက်ျား.. တကယ်လို့ ခွဲစိတ်ကုတင်ပေါ်ကနေ ငါဆင်းမလာနိုင်ခဲ့တော့ရင် ငါ့ကို အိမ်နောက်က တောအုပ်ထဲမှာမြှုပ်ပေးရင် ရပြီ။ တခြားဘာမှလုပ်စရာမလိုဘူး.. ပိုက်ဆံအကုန်ခံနေစရာ မလိုဘူးနော်၊ ဒီတစ်ခေါက်တော့ ငါ့စကားကို ရှင်နားထောင်ပေးနော်" လို့ အသံတုန်တုန်နဲ့ ပြောတယ်။ မျက်ရည်တွေ သူ့ပါးပြင်ပေါ် ဝေါခနဲကျလာပါတယ်။

"အင်း.. ဒါကို နင်မပူပါနဲ့"လို့ အမျိုးသားက ဆိုတယ်။

လင်းလက်တဲ့အရည်တချို့ အမျိုးသမီးရဲ့သွေးကြောထဲ ဝင်ရောက်သွားတာနဲ့ အမျိုးသမီးရဲ့မျက်ခွံတွေ ပျော့အိကျလာပါတယ်။ အမျိုးသားရဲ့မျက်နှာပေါ်က ကြွက်သားတွေ တောင့်တင်းလာပါတယ်။

နပ်စ်က အမျိုးသမီးကို တွန်းသွားတယ်၊ အမျိုးသားနဲ့ ကျန်တဲ့၂ယောက်လည်း လိုက်သွားတယ်။

တအောင့်နေတော့ အမျိုးသားကို အမျိုးသမီးရဲ့အစ်ကိုကဆွဲပြီး ပြန်လာတယ်။ အမျိုးသား ထိုင်လိုက်တယ်၊ ပြီးတော့ ပြန်ထရပ်တယ်၊ ပြန်ထိုင်တယ်၊ လက်တစ်ဖက်က ကုတင်ခေါင်းထောင့်စွန်းကို တင်းတင်းဆုပ်ကိုင်ထားတယ်။

"အစ်ကို... မြအေးရဲ့ခွဲစိတ်မှုအောင်မြင်နိုင်ပါတယ်နော်" အမျိုးသားက အမျိုးသမီးရဲ့အစ်ကိုကို စူးစိုက်ကြည့်ပြီး မေးတယ်။ သူ့မျက်နှာပေါ်မှာ အကူအညီမဲ့တဲ့ကလေးငယ်တစ်ယောက်ရဲ့အရိပ်တွေ ထင်ဟပ်နေပါတယ်။

"ဆရာဝန်က ဘာမှမဖြစ်ဘူးလို့ပြောရင် ဘာမှမဖြစ်ဘူးပေါ့.. စိတ်ချစမ်းပါ" အစ်ကိုက အမျိုးသားကိုနှစ်သိမ့်လိုက်တယ်။

မိနစ်၂ဝအကြာမှာ အမျိုးသားက အခန်းအပြင်ဖက်ထွက်သွားတယ်။ တအောင့်နေတော့ အမျိုးသမီးရဲ့အစ်ကိုက ဆွဲခေါ်လာပြန်တယ်။ အဲဒီလို ထသွားလိုက် ပြန်ဆွဲခေါ်လာလိုက်နဲ့ ၅ခေါက် ၆ခေါက်လောက်လုပ်ပြီးချိန်မှာ လူတွေဝန်းရံတွန်းလာတဲ့ အမျိုးသမီးရဲ့လူနာတင်ကုတင်က အခန်းထဲရောက်လာခဲ့ပါတယ်။

အမျိုးသမီးရဲ့ခေါင်းမှာ ပတ်တီးဖြူဖြူစည်းထားတယ်။ မျက်နှာက ဖျော့တော့ဖြူရော်နေတယ်။ မျက်လုံးက သာသာလေးမှိတ်ထားတယ်။ အိပ်ပျော်နေတဲ့အတိုင်းပါပဲ။

အမျိုးသမီးကို အပြေးအလွှားနေရာချပြီးတဲ့နောက် အမျိုးသားက အပြင်ကိုထွက်သွားပါတယ်။ တခဏလောက်နေတော့ လက်ထဲမှာ အထုပ်တစ်ထုပ်ဆွဲလာပါတယ်။ ခါတိုင်းဆိုရင် မန်ထို ၃လုံးနဲ့ တစ်နပ်ဖြေရှင်းလိုက်တတ်တဲ့အမျိုးသားက ဒီတစ်ခေါက်မှာတော့ ပေါက်စီတွေအများကြီး ဝယ်ပြန်လာပါတယ်။

အမျိုးသမီးရဲ့ အစ်ကိုနဲ့ညီမကို များများစားပါလို့ဧည့်ခံပြီး သူက ပေါက်စီနှစ်လုံးကို ရေနွေးတစ်ခွက်နဲ့မျောချလိုက်ပါတယ်။

အဲဒီညနေမှာ အမျိုးသားဟာ မေ့သွားလို့ပဲလား၊ တခြားအကြောင်းကြောင့်ပဲလား မပြောတတ်ဘူး.. အိမ်ကို သူဖုန်းမဆက်ခဲ့ပါဘူး။

အဲဒီညမှာ လူနာအခန်းက မီးထိန်ထိန်လင်းနေခဲ့ပါတယ်။ ညသန်းခေါင်မှာ ကျွန်မအပေါ့ထသွားတော့ အမျိုးသားဟာ အမျိုးသမီးရဲ့ကုတင်ခေါင်းရင်းမှာထိုင်ပြီး
ကျောက်ရုပ်တစ်ရုပ်လို တုတ်တုတ်မှမလှုပ်ဘဲ အမျိုးသမီးရဲ့မျက်နှာကိုပဲ စိုက်ကြည့်နေတာကို တွေ့ခဲ့ရတယ်။

နောက်တစ်နေ့ နေ့လယ်မှာ အမျိုးသမီးနိုးလာပါတယ်။ စကားပြောလို့ မရသေးပေမယ့် အမျိုးသားကိုပြုံးပြီးကြည့်နေပါတယ်။ အမျိုးသားက ဝမ်းသာအားရလက်နှစ်ဖက်ကို ပွတ်သပ်နေပါတယ်။ ပြီးတော့ ဆေးရုံအောက်ပြေးဆင်းပြီး ချိုချဉ်တွေဝယ်လာပါတယ်။ အဲဒီချိုချဉ်တွေကို ဆရာဝန်နားနေခန်းဆီသွားပေးလိုက်၊ နပ်စ်နားနေခန်းဆီသွားပေးလိုက်၊ ပြီးတော့ ကျွန်မနဲ့ ဘေးကကုတင်တွေကို လိုက်ဝေပါတော့တယ်။

အမျိုးသမီးရဲ့အခြေအနေက ကြည့်ရတာတော်တော်ကောင်းပါတယ်။ အောက်ဆီဂျင်ဖုံးဖြုတ်လိုက်တဲ့နေ့မှာပဲ အိမ်ပြန်မယ်လို့ သူစပူဆာပါတော့တယ်။ အမျိုးသားက ကလေးငယ်တစ်ယောက်ကို ချော့နေသလိုမျိုး အမျိုးသမီးကို မပြတ်ချော့နေပါတယ်။ သူမြင်ဖူးသမျှ၊ ကြားဖူးသမျှအသစ်အဆန်းတွေနဲ့ အမျိုးသမီးကိုပြောပြနေပါတယ်။

အရာအားလုံး အရင်အတိုင်းပဲ ပြန်ဖြစ်သွားပါတယ်။ ညနေရောက်တိုင်း အမျိုးသားက ဝရံတာနားက ကတ်ထည့်တယ်လီဖုန်းဆီသွားပြီး ရွာအိမ်ဆီဖုန်းဆက်ပါတော့တယ်။ သားဖြစ်သူကို မရပ်မနား ဟိုမှာဒီမှာလုပ်ပါတယ်။ သူ့အသံက ကျယ်မြဲကျယ်လျက်ပါပဲ။ မှာနေကျစကားကလည်း အဲဒီစကားတွေပါပဲ။ အပ်ကြောင်းထပ်မကပြောနေတဲ့ စကားတွေကို ကျွန်မတောင်အလွတ်ရနေပါပြီ။

တစ်ညနေမှာ ရေချိုးခန်းကနေ ကျွန်မထွက်လာတော့ အမျိုးသားကို တယ်လီဖုန်းဘေးမှာ တွေ့လိုက်ရပြန်ပါတယ်။ သူ့အသံအကျယ်ကြီးနဲ့ "နွားကို တစ်နေ့အစာတစ်ခါပဲ ကျွေးရင်ရပြီ။ ဆောင်းတွင်းမှာ အလုပ်မခိုင်းတော့ နွားကဗိုက်နည်းနည်းဆာလည်း ကိစ္စမရှိဘူး။ ဝက်ကိုတော့ အစာကောင်းကောင်းကျွေးနော်.. အလေးချိန်ပြည့်တာနဲ့ ငါတို့ဈေးကောင်းရအောင် ရောင်းလို့ရတယ်။ နင့်တို့အမေ သက်သာလာတာမြန်တယ်။ ဆရာဝန်က နောက် ၃,၄ရက်နေရင် ဆေးရုံဆင်းလို့ရပြီပြောတယ်" လို့ အော်နေပြန်ပါတယ်။

အမျိုးသားက သူပြောလိုရာကို ပြောနေပါတယ်။ ကျွန်မက သူ့ကို မျက်တောင်မခတ်ကြည့်နေမိပါတယ်။ ကြည့်နေရင်းနဲ့ ကျွန်မတအံတသြ သတိထားမိလိုက်တာက
တယ်လီဖုန်းမှာ ကတ်ထိုးထည့်မထားဘူးဆိုတာပါပဲ။

ဖုန်းချပြီး အမျိုးသားခေါင်းထောင်လာချိန်မှာ တအံ့တသြဖြစ်နေတဲ့ ကျွန်မကို သူမြင်သွားပါတယ်။ ကျွန်မက ဖုန်းကိုလက်ညှိုးထိုးပြမှ ဖုန်းထဲ သူဖုန်းကတ်ထိုးထည့်မထားဘူးဆိုတာကို အမျိုးသားက သိသွားသလိုပါပဲ။

"ရှူး....." အမျိုးသားက ချက်ချင်းပဲ လက်ညှိုးကို သူ့နှုတ်ခမ်းပေါ်တင်လိုက်ပါတယ်။ ကျွန်မကို အသံမထွက်နဲ့လို့ ပြလိုက်တာပါ။

"ကိုအုံးမောင်.. ဒီတစ်ခေါက်တော့ အိမ်က ဝက်နဲ့နွားကို စိတ်မပူတော့ဘူးလား" လို့ ကျွန်မအသံတိုးတိုးနဲ့ မေးလိုက်ပါတယ်။

"ခွဲစိတ်ခအတွက် ဝက်နဲ့နွားကို အစောကြီးကတည်းက သူ့အစ်ကိုရောင်းလိုက်ပြီ.."လို့ အသံနိမ့်နိမ့်နဲ့ သူဖြေတော့ ကျွန်မက လျှာလေးထစ်ပြီး လူနာခန်းဖက်ဆီ လက်ညှိုးထိုးပြမိလိုက်တယ်။

အဲဒီတခဏမှာ အရာအားလုံးကို ကျွန်မသဘောပေါက်သွားပါတယ်။ အမျိုးသားဆက်တဲ့ဖုန်းက အိမ်ကသားတွေဆီဆက်တဲ့ဖုန်းမဟုတ်ခဲ့ပါဘူး... လူနာကုတင်ပေါ်က သူ့အမျိုးသမီးကို "ဆက်"ပေးတဲ့ ဖုန်းပါ။ ကျွန်မရဲ့နှလုံးသား တဆတ်ဆတ်တုန်လှုပ်နေပါတယ်.. သူ့အတွက်၊ သူ့အမျိုးသမီးအတွက်.. သူတို့ရဲ့အချစ်အတွက် ကျွန်မနှလုံးသား ခုန်နေခဲ့ပါတယ်။

လောကမှာ လူကို ဒီလိုခံစားသက်ဝင်စေတဲ့ အချစ်စစ်ဆိုတာ ရှိနေသေးပါလား၊ ရိုမန်တစ်ဆန်တဲ့နှင်းဆီပန်းတွေ၊ ကမ္ဘာရှည်တည်မယ့် ကတိသစ္စာတွေမရှိခဲ့ပေမယ့်
သူတို့ရဲ့အချစ်ဟာ အချိန်နေ့လရက်တွေဖြည်းဖြည်းချင်းစုပုံပြီး သင့်မြတ်သင့်လျော်တဲ့၊ နွေးထွေးတဲ့၊ သက်ဆုံးတိုင်အတူတကွရှိနေမယ့် မှတ်တိုင်တစ်ခုကို စိုက်ထူခဲ့ပြီးဖြစ်ပါတယ်။ နူးညံ့သိမ်မွေ့ပြီးလေးနက်တဲ့ အကြင်နာမေတ္တာတွေဟာ တစ်ဦးအပေါ်တစ်ဦး နေ့ရက်တိုင်းမှာသက်ဝင်ရင်း လူ့လောကမှာ အလှဆုံးအမွှေးဆုံး အချစ်ပန်းကို သူတို့ပွင့်လန်းစေခဲ့ပြီဖြစ်ပါတယ်။ အဲဒီအချစ်ပန်းက သာမန်ရိုးစင်းပေမယ့် လူတိုင်းရဲ့ ရိုးတွင်းချဉ်ဆီအထိ သင်းပျံမွှေးကြိုင်စေခဲ့ပါတယ်။

မူရင်းရေးသားသူ -- Zhu Sha (朱 砂)
မူရင်း-- ၂ဝဝ၇ ခုနှစ် အမှတ်စဉ် ၁၅ Readers မဂ္ဂဇင်းမှစာတစ်ပုဒ်ကို ဆီလျော်အောင် ဘာသာပြန်ပါတယ်။

နိုင်းနိုင်းစနေ (April. 12. 2014)

ပျော်ရွင်သောအိမ်ထောင်ရေး။

>ယောက်ျားဖြစ်သူက အိမ်ကိုအရက်မူးပြီးပြန်လာတယ်။
 ပြီးတော့ ထမင်းစားတယ်၊ အန်တယ်၊ ပန်ကန်ခွက်ယောက်တွေကိုလည်း ခွဲတယ်၊ နောက်ဆုံး အမူးလွန်ပြီး လဲကျသွားတယ်။

>ဇနီးဖြစ်သူက ယောက်ျားဘယ်လောက်ဆိုးဆိုးပြန်မပြောဘဲ ယောက်ျားကိုလက်တွဲပြီးအိပ်ယာအထိ

တွဲခေါ်သွားတယ်။ ပြီးတော့ အားလုံးကို သန့် ရှင်းအောင်လုပ်တယ်။ နောက်နေ့ ယောက်ျားဖြစ်သူက အိပ်ယာထတယ်။ သူကတွေးထားတယ်၊ မိန်းမကတော့ ငါ့ကို စိတ်ဆိုးနေတော့မှာပဲလို့ ။

>ယောက်ျားဖြစ်သူက ချစ်ဇနီးနဲ့ ရန်မဖြစ်ရပါစေနဲ့လို့ဆုတောင်းလိုက်တယ်။ ပြီးတော့ စားပွဲပေါ်မှာ စာရွက်တစ်ရွက်စာရေးထားခဲ့တာကိုတွေ့ လိုက်တယ်။


>ချစ်ယောက်ျားရေ- ယောက်ျားအနှစ်သက်ဆုံး မနက်စာ စားပွဲပေါ်မှာအဆင့်သင့်ပြင်ထားခဲ့ပါတယ်။ ချစ်ဇနီးကတော့ ကုန်စုံဆိုင်ကိုအစောာကြီး ၀ယ်စရာလေးရှိလို့သွားပါပြီ။ ယောက်ျားဆီအမြန်ပြန်လာပါမယ်။ ချစ်ယောက်ျား၊ ယောက်ျားကို ချစ်တယ်။


>ယောက်ျားဖြစ်သူက အံ့အားသင့်ပြီး သားဖြစ်သူကိုမေးလိုက်တယ်။ သားရေ- ညက အဖေဘာဖြစ်ခဲ့တုန်းကွ။ သားဖြစ်သူက- ညကအမေက အဖေကိုအိပ်ယာပေါ်တွဲခေါ်တယ်၊ ဖိနပ်၊ ရှပ်အင်္ကျီကိုချွတ်၊ သေချာစောင်ခြုံပေးတယ်၊ ပြီးတော့ အဖေကပြောတယ်အမေကို- ဟေ့ မိန်းမ ငါ့ကို တစ်ယောက်ထဲထားခဲ့၊ မင်းသွားချင်တဲ့ဆီသွား။ 


မင်းတို့မိန်းမတွေဘာဖြစ်တယ်ညာဖြစ်တယ်စသည်ဖြင့်ပြောလိုက်ပါတယ် တဲ့။

>အရက်မူးလို့ပဲပြောပြော၊ဒေါသထွက်လို့ပဲပြောပြော-အချစ်ကိုခံစားကြည့်ပါ၊ အချစ်စစ်ဆိုတာ နှလုံးသားတစ်ခုထဲဆုံးဖြတ်ရမှာမဟုတ်ဘူး၊ သင့်ဦးနှောက်ပါဆုံးဖြတ်ထားတယ်ဆိုလျှင် ပိုခိုင်မြဲပါတယ်။ ပိုကောင်းတာက-ယောက်ျားကလည်း မိန်းမအပေါ်မှာ လေးလေးစားစားဆက်ဆံကြမယ်၊ မိန်းမကလည်း ယောက်ျားကိုလေးလေးစားစားဆက်ဆံကြမယ်ဆိုလျှင်ပျော်ရွင်တဲ့

အိမ်ထောင်ရေးတခုဖြစ်သွားနိုင်ပါတယ်။

အရှင်ဇောတိပါလ(ပါရမီဗိမာန်)
ပျော်ရွှင်သော အိမ်ထောင်ရေးဘ၀ကို ပိုင်ဆိုင်နိုင်ကြပါစေ။

25 Feb 2014

လင်မယားဆိုတာ

တစ်ခါတော့ လင်မယားနှစ်ယောက်ဟာ အိမ်ထောင်သက် ၁၁ နှစ်ကြာတော့မှ ကလေးတစ်ယောက်ရသတဲ့။ အဲဒိကလေးကို ဖအေရော မအေရော အရမ်းချစ်တာပေါ့။ အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်သတဲ့။ ကလေးလေး အသက် ၂နှစ်လောက်ရောက်လာရော တစ်နေ့တော့ အဖေကသူသောက်လက်စဆေးသောက်ပြီးတော့ ဆေးဘူးကိုမပိတ်တော့ဘဲ ရုံးနောက်ကျနေပြီဆိုပြီးတော့ သူ့မိန်းမကို ဆေးဘူးပိတ်လိုက်တော့ ဆိုပြီးတော့ ပြောခဲ့သတဲ့။

သူ့မိန်းမကလဲမီးဖိုချောင်ထဲမှာအလုပ်များနေပြီးတော့ နောက်မှထွက်ပိတ်မယ်ဆိုပြီးတော့ လုပ်လက်စအလုပ်တွေ ဆက်လုပ်နေတယ်။ အဲဒီအချိန်မှာပဲ ကလေးလေးဟာ ဆေးဘူးကို မှောက်ချပြိးတော့ ဆော့ကစားတယ်။ ပြီးတော့ အရောင်စုံတဲ့ ဆေးလေးတွေကို သောက်ချလိုက်ပါတယ်။ တစ်ဘူးလုံးလိုလိုပါပဲ။ တကယ်တော့ အဲဒီဆေးတွေဟာ အရမ်းပြင်းတဲ့ ပဋိဇီဝ ဆေးတွေပါ။ လူကြီးတွေတောင်မှ နဲနဲပဲသောက်ရတဲ့ ဆေးတွေပါ။ သူ့အမေက ကလေးကို တွေ့တွေ့ချင်း ဆေးရုံကိုပို့တာပေါ့ သိပ်မကြာပါဘူးကလေးဟာ ဆေးလွန်တဲ့ ဝေဒနာကြောင့် သေဆုံးသွားပါတယ်။

အမေခမြာ ကလေးသေတာက တစ်ဖက် သူ့ယောက်ျားကို ဘယ်လိုမျက်နှာပြရမလဲ ဆိုတာကတစ်ဖက်ပေါ့။ သူ့ယောက်ျားများ ပြန်လာရင် သူ့ကို သတ်မလားပဲ စိုးရိမ်နေတာပေါ့။ သိပ်မကြာဘူး သူ့ယောက်ျားရောက်လာတယ်။ ကလေးသေကိုကြည့်လိုက် သူ့မိန်းမကို ကြည့်လိုက်နဲ့ နောက်တော့ သူ့မိန်းမကို ဖက်လိုက်တယ်။ " သိပ်မငိုပါနဲ့ကွာ တိတ်တိတ် " လို့ပြောတယ်။ သူ့မိန်းမလဲ အရမ်းအံ့သြသွားတယ်။ သူ့ကို ဘာကြောင့် မဆူမပူတာလဲပေါ့။သူတို့နှစ်ယောက်ရဲ့အဖြစ်ကိုဆရာဝန်တစ်ယောက်ကမြင်သွားတယ်။

အဲဒီလင်မယားအပြန်မှာ ယောက်ျားဖြစ်သူကို ခေါ်ပြီးတော့ " ခင်ဗျားဗျာ သွေးအေးလှချည်လား ကိုယ့်ကလေးသေတာတောင် " လို့ပြောသတဲ့။ထိုယောက်ျားက

"ဆရာရယ် တကယ်တမ်းမှားတာက ကျုပ်။ ကျွန်တော် ဒီဆေးဘူးလေးကို ပိတ်လိုက်ရင် တစ်မိနစ်မကြာပေမယ့် ကျွန်တော်သူ့ကို သွားခိုင်းခဲ့မိတယ်။

သူက အမေလေ၊ သားသမီးတစ်ယောက်သေဆုံးရင် အမေတွေ ပိုစိတ်ထိခိုက်မယ်ဆိုတာ ကျွန်တော်နားလည်တယ်။ ကျွန်တော်တောင် ဒီလောက်စိတ်ထိခိုက်နေရင် သူ့ရင်ထဲမှာ ဘယ်လိုများနေမလဲ ၊ ကျွန်တော်သူ့ကိုအပြစ်တင်လိုက်ရင်သူ့ကိုပိုပြီးတော့ နှိပ်စက်ရာကျမှပေါ့ဗျာ"

ဆရာဝန်လဲ ဘာမှမပြောတော့ဘူး။ လင်မယားနှစ်ယောက်လဲ ပြန်သွားကြတယ်။ တစ်ယောက်ပုခုံးတစ်ယောက် ဖက်ရင်းနဲ့ပေါ့။

မောင်စိုင်း(kanaung)

28 Jan 2014

ချစ်သူကိုနမ်းခြင်းဟာ ကျန်းမာရေးကိုအထောက်အကူပြုတယ်

ချစ်သူကိုနမ်းခြင်းဟာ ကျန်းမာရေးကို အထောက်အကူပြုတယ်ဆိုတာ ကိုရော သိပါသလား။သင့်မှာ ချစ်သူရှိပါသလား။ နောက်ပြီး ချစ်သူကိုရော မြတ်မြတ်နိုးနိုး နမ်းခဲ့ဖူးပါသလား။ ပြီးတော့ ချစ်သူကိုနမ်းခြင်းဟာ ကျန်းမာရေးကို အထောက်အကူပြုတယ်ဆိုတာ ကိုရော သိပါသလား။ ကဲ … စိတ်ဝင်စားတယ်ဆိုရင် အောက်မှာရေးထားတဲ့ အနမ်းနဲ့ ကျန်းမာရေး ဘယ်နည်းဘယ်ပုံ ဆက်စပ်နေတယ်ဆိုတာကို ဆက်ပြီး ဖတ်ကြည့်ပေါ့နော်။ တကယ်တော့ လူတစ်ယောက်နဲ့တစ်ယောက် နမ်းတယ်ဆိုတာ ခံစားချက်အရရော၊ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေအရပါ ချစ်ခင်နှစ်လိုခြင်းဆိုတဲ့ သက်ရောက်မှုကို ဖွင့်ဆိုတာ ဖြစ်ပါတယ်။ လူတစ်ယောက်ကို နမ်းပြီဆိုရင် နမ်းတဲ့လူက အနမ်းခံရတဲ့သူကို ချစ်ပါတယ်ဆိုတဲ့ အဓိပ္ပါယ်ပဲပေါ့။ ကဲ … ဒါဆို အနမ်းနဲ့ပတ်သတ်တဲ့ Definitionလေးတစ်ခုလောက် ထုတ်ကြည့်ရအောင်။

သင်ကရော ဘယ်လိုမျိုး ဖွင့်ဆိုမှာလဲ။ အနောက်တိုင်းယုံကြည်မှုအရတော့ နမ်းတယ်ဆိုတာ “နှစ်လိုဖွယ် ခံစားဆက်ယှက်မှုကို ပါးစပ်ကမပြောဘဲ နှုတ်ခမ်းချင်း ထိတွေ့ပူးကပ်ပြီး ဖော်ပြတဲ့ ချစ်ခြင်းရဲ့သင်္ကေတ” လို့ ဖော်ပြထားပါတယ်။ နောက်ပြီးတော့ တစ်ယောက်ကိုတစ်ယောက် မြတ်မြတ်နိုးနိုး နမ်းရှုံ့ကြတဲ့
စုံတွဲတွေတိုင်း ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အချက်(၇)ခုကို အလိုလိုရရှိနိုင်တယ်တဲ့။ အဲဒီ(၇)ချက်က ဘာတွေလဲဆိုတော့ 
၁။ တစ်ယောက်ကိုတစ်ယောက် နမ်းနေကြတဲ့အခါ ချစ်သူစုံတွဲ နှစ်ယောက်လုံးရဲ့ သွေးကြောတွေဟာ ပြန့်ကားသွားပြီး သွေးခုန်နှုန်းကိုလည်း မြန်လာစေပါတယ်။ ဒါ့ကြောင့် သွေးကြောတွေထဲမှာ ပိတ်ဆို့နေတဲ့ အဆီတွေကိုချေဖျက်ပစ်ပြီး သွေးထဲမှာရှိတဲ့ ကိုလက်စထရော ပမာဏကိုလည်း ကျဆင်းစေပါတယ်။
၂။ နမ်းနေတဲ့အချိန်မှာ စုံတွဲနှစ်ယောက်လုံးရဲ့ မျက်နှာပေါ်မှာရှိတဲ့ ကြွက်သားမျှင် အခု(၃၀)လောက်ကို လှုပ်ရှားလာအောင် ဦးနှောက်က လှုံ့ဆော်ပေးပါသတဲ့။ ဒါကြောင့်လဲ မျက်နှာမှာရှိတဲ့ အရေပြားတွေမှာ ပိတ်ဆို့နေတဲ့ အညစ်အကြေးတွေကို ဖယ်ရှားသန့်စင်စေပြီး မျက်နှာတစ်ပြင်လုံး ပိုမိုချောမွေ့လာစေပါတယ်။ နောက်ပြီးတော့ မျက်နှာပေါ်မှာ ယှက်ဖြာနေတဲ့ ဆံချည်မျှင် သွေးလွှတ်ကြောတွေရဲ့ သွေးစီးဆင်းမှုကို ပိုပြီးကောင်းလာစေပါတယ်။

၃။ နောက်တစ်ခုကတော့ ၀တဲ့သူတွေ စိတ်ဝင်စားမယ့် ကိစ္စပါပဲ။ (၅)စက္ကန့်ကြာအောင် တစ်ခါနမ်းတိုင်း ကိုယ်တွင်းမှာ သိုလှောင်ထားတဲ့ အဆီပမာဏ (၁၂)ကီလိုရီ လောင်ကျွမ်းစေတယ်ဆိုပဲ။ ဒါကြောင့် ၀ိတ်ကျချင်ရင် ရည်းစားကို များများနမ်းကြပါ။
၎။ နောက်တစ်ခုကတော့ စိတ်နဲ့ဆိုင်ပါတယ်။ နမ်းခြင်းဟာ စိတ်ထဲမှာရှိနေတဲ့ ဖိစီးမှုတွေ၊ အားငယ်မှုတွေကို ချေဖျက်ပေးပြီး စိတ်ခွန်အား နိမ့်ကျခြင်း ဖြစ်ပေါ်လာအောင် လှုံ့ဆော်ပေးတဲ့ ဟိုမုန်းဓာတ်တစ်မျိုး ဦးနှောက်က ထုတ်ပေးတာကိုလည်း တားဆီးပေးပါတယ်။ နောက်ပြီး ယုံကြည်မှု ပျောက်ဆုံးနေတဲ့ သူတွေတောင် ချစ်သူရဲ့အနမ်းကြောင့် ကိုယ့်ကိုယ်ကို အကြီးမြတ်ဆုံး သူရဲကောင်းကြီးတွေလို့ ထင်မှတ်လာတတ်တယ်လို့ သုတေသီတွေက အတည်ပြုထားပါတယ်။ ဒါကြောင့် ချစ်သူရဲ့အနမ်းဟာ အကောင်းဆုံးသော စိတ်ပိုင်းဆိုင်ရာ ကုထုံးတစ်ခုပါပဲ။
 ၅။ ပြီးတော့ အနမ်းဆိုတာ သဘာဝ ရောဂါကာကွယ်ဆေး တစ်မျိုးပါပဲတဲ့။ ဆေးပညာ သဘောအရ လူတစ်ဦးဆီမှာရှိနေတတ်ကြတဲ့ သဘာဝကိုယ်ခံစွမ်းအားတွေဟာ မတူညီကြပါဘူး။ ဒါပေမယ့် ချစ်သူနှစ်ဦး နမ်းကြတဲ့အခါ သူတို့တစ်ယောက်ချင်းစီမှာရှိတဲ့ ကိုယ်ခံပဋိဇီဝ စွမ်းအားတွေဟာ တံတွေးကနေတဆင့် ပေါင်းစပ်သွားပါတယ်။ အဲဒီကနေတဆင့် ကိုယ့်ချစ်သူမှာရှိပြီး ကိုယ့်ဆီမှာမရှိတဲ့ ရောဂါကာကွယ်မှု စွမ်းအင်တွေ ကိုယ့်ခန္ဓာကိုယ်ထဲ ပေါင်းစပ်ရောက်ရှိလာနိုင်ခြေဟာ ရာခိုင်နှုန်း(၈၀)ထိ ရှိတယ်ဆိုပဲ။ ဒီဖြစ်စဉ်ကို “အနမ်းဖြင့် ရောဂါကာကွယ်နည်း”လို့ စိတ်ပညာရှင်တွေက နာမည်ပေးထားပါတယ်။
 ၆။ နောက်ပြီး အနမ်းဟာ လူရဲ့ဦးနှောက် စွမ်းဆောင်ရည် တိုးတက်လာအောင် စနစ်တကျ နှိုးဆွပေးပါတယ်။ဘယ်လိုအချိန်မျိ
ုးမှာ သိသာလဲဆိုရင် ကိုယ့်ချစ်သူကို ပထမဆုံးအကြိမ် နမ်းဖူးတဲ့အခါ ပေါ်ပေါက်လာတတ်တဲ့ ရှိန်းကနဲ၊ ဖိန်းကနဲ ခံစားမှုမျိုးမှာ ထင်ထင်ရှားရှား တွေ့နိုင်ပါတယ်တဲ့။ အဲဒီအခိုက်အတန့်မှာ လူတစ်ယောက်ရဲ့ဦးနှောက်အရည်အသွေးဟာ ထိပ်ဆုံးအဆင့်ထိ တက်နေပြီးတော့ ကိုယ်ရည်ကိုယ်သွေးကလည်း အမြင့်မားဆုံးဖြစ်နေတတ်တယ်လို့ ဆိုပါတယ်။
 ၇။ နောက်ဆုံးတစ်ခုကတော့ သင်ကိုယ်တိုင်ပဲ စမ်းကြည့်ပြီးမှ ယုံပါတော့။ အဲဒါက ဘာလဲဆိုတော့ … ချစ်သူကိုနမ်းရတာ ရင်ခုန်ကြည်နူးစရာ ကောင်းတယ်တဲ့။ နောက်ပြီး ပျော်စရာလဲ ကောင်းပါတယ်တဲ့။ ဘယ်လိုလဲ။
မူရင်းရေးသူကိုမသိပါ 
From Group mail
 

အနမ်း

၁) ၃၇ % သောအမျိုးသားတွေဟာ နမ်းနေတဲ့အချိန်မှာ မျက်လုံးတွေပိတ်ထားလေ့ရှိပြိး
 ၉၇ % သောအမျိုးသမီးတွေကလည်း နမ်းနေစဉ်မျက်လုံးပိတ်ထားတတ်ကြပါတယ်...
 
၂) ၁ မိနစ်လောက် နမ်းလိုက်ခြင်းအားဖြင့် ၂၆ ကယ်လိုရီလောက် လောင်ကျွမ်းနိုင်ပါတယ်...


၃) သုတေသနပြုချက်များအရ လူနှစ်ယောက် နမ်းနေတဲ့အချိန်မှာ ခန္ဓာကိုယ်မှာရှိတဲ့ ကြွက်သားအကုန်လုံးနီးပါးကို အသုံးပြုတတ်ကြပါတယ်...

၎) သင်နဲ့ ဆံပင်အရောင်တူတဲ့ သူနဲ့ နမ်းမယ်ဆိုရင် ချစ်စိတ်တွေပိုပြီးပြင်းပြလာနိုင်ပါတယ်....

၅) ကျွန်တော်တို့ရဲ့ သက်တမ်းတစ်လျှောက်မှာ အနမ်းပေါင်း ၂၅၀၀၀ အထိ လက်ခံရရှိနိုင်ပါတယ်... အဲ့ဒီအနမ်းတွေထဲမှာ ပါးလေးကို ဖွဖွနမ်းလိုက်တာကနေစပြီး ခြေနှစ်ဖက်ညွှတ်ခွေသွားအောင် အားပါးတရနမ်းလိုက်တာမျိုးအထိ ပါဝင်ပါတယ်....

၆) ကျွန်တော်တို့ရဲ့ ဦးနှောက်ထဲမှာ အမှောင်ထဲက တခြားနှုတ်ခမ်းတစ်စုံကို အလိုလိုရှာဖွေနိုင်တဲ့ အာရုံကြောစနစ်တွေပါဝင်ပါတယ်....

၇) အနမ်းတစ်ခုဟာ နာကျင်မှုကို သက်သာစေတဲ့နေရာမှာ မော်ဖင်းထက် ဆယ်ဆ ပိုထိရောက်ပါတယ်... ဘာကြောင့်လဲဆိုတော့ အနမ်းဟာ ခန္ဓာကိုယ်ရဲ့ နာကျင်မှုပပျောက်စေတဲ့ ဓာတ်တွေကို နှိုးဆွပေးနိုင်လို့ပါပဲ... ဒါကြောင့် မိခင်တွေဟာ သူတို့ရဲ့ ကလေးငယ်လေးတွေ ဒဏ်ရာအနာတရဖြစ်လာရင် အနမ်းလေးနဲ့ နှစ်သိမ့်ပေးတာဟာ ထိရောက်တဲ့ လုပ်ဆောင်ချက်တစ်ရပ်ဖြစ်နေရခြင်း ဖြစ်ပါတယ်....

၈) ရှေးအီဂျစ်လူမျိုးတွေဟာ သူတို့ရဲ့ နှာခေါင်းတွေကို အသုံးပြုပြီးနမ်းကြပါတယ်.... နှုတ်ခမ်းနဲ့ မနမ်းကြပါဘူး....

၉) လူတစ်ယောက်ဟာ ပျမ်းမျှအားဖြင့် သူတို့သက်တမ်းတစ်လျှောက်လုံးမှာ နမ်းဖို့အတွက် ၁၄ ရက်လောက် အချိန်တွေသုံးကြရပါတယ်...

၁၀) အကြာဆုံးအနမ်းဟာ ၁၉၈၄ ခုနှစ်က ချီကာဂိုမြို့မှာဖြစ်ခဲ့ပြီး ၁၇ ရက်နဲ့ ၁၀ နာရီခွဲ ကြာခဲ့ပါတယ်... ရုပ်ရှင်ကားထဲက အကြာဆုံးအနမ်းဟာ ၁၉၄၀ ခုနှစ်က You're in the Army Now ဆိုတဲ့ ဇာတ်ကားမှာ Jane Wyman နဲ့ Reg Toomey တို့ နမ်းခဲ့ပြီး ၁၈၅ စက္ကန့်ကြာ ရင်ချင်းအပ်ပြီး နမ်းခဲ့ကြတာဖြစ်ပါတယ်...

၁၁) အလယ်ခေတ် (အေဒီ ၁၁၀၀-၁၄၀၀ ခန့်) ရဲ့ အီတလီနိုင်ငံမှာ နမ်းနေတာကို တွေ့မြင်တဲ့ စုံတွဲတွေဟာ အတင်းလက်ထပ်ပေးစားခြင်းခံခဲ့ရပါတယ်...

၁၂) ရုပ်ရှင်ဇာတ်ကားတွေထဲက အကြော်ကြားဆုံးအနမ်းဟာ Gone With the Wind ဇာတ်ကားထဲက Clark Gable နဲ့ Vivien Leigh တို့ရဲ့ အနမ်းဖြစ်ပါတယ်... တကယ်တော့ Gable ရဲ့ သွားတုနဲ့ ဝီစကီနံ့ထွက်တဲ့လေတွေကြောင့် Leigh ကို တုန်ခါနေတဲ့အထိ မသက်မသာဖြစ်စေခဲ့ပါတယ်....

၁၃) အနမ်းပေးခြင်းဟာ အလှအပကုထုံးတစ်ရပ်လည်းဖြစ်ပါတယ်... နမ်းခြင်းဖြင့် သင့်ရဲ့ မျက်လုံးတွေကို တောက်ပစေပြီး သင့်အရေပြားကို ဝင်းမွတ်စေပါတယ်...

၁၄) အနမ်းခံရတာများတဲ့ ကလေးတွေဟာ နောက်ပိုင်းမှာ ပိုပြီးကြင်နာတတ်တဲ့သူတွေဖြစ်လာကြပါတယ်....

နှိုင်းရင့်နွေ

26 Jan 2014

တစ်ဦးကိုတစ်ဦး ပွေ့ဖက်ခြင်းသည် .... ပိုကျန်းမာစေနိုင်

တစ်ဦးကိုတစ်ဦး ပွေ့ဖက်ခြင်းသည် စိတ်ချမ်းသာ ကိုယ်ချမ်းသာ ဖြစ်စေကာ လူကိုပါ ပိုကျန်းမာစေနိုင်

တစ်ဦးကို တစ်ဦး ပွေ့ဖက်ခြင်း၊ နှစ်သိမ့်ခြင်းနှင့် အားပေးခြင်းများ သည်စိတ်အား ကိုဖြစ်စေကာ အကျိုး ဆက်အဖြစ် စိတ်ဖိစီးမှုများ၊ စိတ်အားငယ်မှုများ လျော့နည်းပြီး ကိုယ် ခံစွမ်းအား
ပိုကောင်းလာ၍ ကူးစက် ရောဂါများမှအစ နာတာရှည် ရောဂါ များဖြစ်သော နှလုံးရောဂါ၊ ကင်ဆာ ရောဂါများအထိ အကာအကွယ် ပေးနိုင်ကြောင်း လေ့လာမှု စစ်တမ်း တစ်ရပ် အရ သိရသည်။

တစ်နေ့ကို ဆယ်စက္ကန့်လောက် ဖြစ်စေ ပွေ့ဖက်ရုံဖြင့် သွေးဖိအားကို ကျဆင်းစေပြီး၊ ထိုသို့ ပွေ့ဖက်ပြီး နောက်တွင် လူကို သက်သောင့်သက် သာကြည်မြချမ်း မြေ့နေစေသော အောက်စီတိုစင် ဟော်မုန်းများဦး နှောက်မှ ထွက်ရှိနှုန်းများ လာပြီး လူက ကိုယ်စိတ် ပေါ့ပါးချမ်းမြနေမည် ဖြစ်သည်။

 တစ်ချိန်တည်း မှာပင်လူ ကိုစိတ်ဖိစီး မှုဖြစ်စေသော ကော်တီ ဇုန်းဓာတ်များကား သွေးထဲတွင် နည်းပါး သွားမည်ဖြစ်သည်။

တစ်ဦးနဲ့တစ်ဦး ပွေ့ဖက်ခြင်း ဟာလူရဲ့ဇီဝဓာတု လုပ်ငန်းတွေ ပိုအားကောင်းလာ အောင်အားပေးနိုင် စွမ်းရှိတာကို လေ့လာတွေ့ရှိရပါ တယ်” ဟု လေ့လာမှု စစ်တမ်းကို ဦးဆောင် ပြုလုပ်ခဲ့သော ဒေါက်တာ ဂျန်အက် စတွန် ကပြောသည်။

 လေ့လာ မှုစစ်တမ်းကို Comprehensive Psychology ဂျာနယ်တွင် ထည့်သွင်း ဖော်ပြထားခြင်းဖြစ်သည်။

လူ၏ခန္ဓာကိုယ် အရေပြား တွင်ထိတွေ့မှုကို အာရုံခံသော ပါဆီနီယန် ကော်ပါဆယ်လ် ဟုခေါ်သည့် အလွန် သေးငယ်သော ဥပုံသဏ္ဍာန် ဖောင်းကြွ အိတ်လေး များပါဝင်သည်။ ထိုအိတ်လေး များသည် အာရုံကြော စနစ်မှတစ်ဆင့် ဦးနှောက်နှင့်ချိတ် ဆက်ထားသည်။ ဦးနှောက် အတွင်း အောက်စီ တိုစင် ဟော်မုန်း ထုတ်ပေးရာ နေရာနှင့်လည်း ဗေးဂတ်စ်နာ့ဗ် ကြောများမှတစ်ဆင့် ထိုဖောင်းကြွ အိတ်လေးများသည် ဆက်သွယ်မှု ရှိနေကြောင်း တွေ့ထားသည်။

 ထိုဖောင်း ကြွအိတ် လေးများသည် ကျောရိုး ဗဟိုအာရုံကြောမမှ တစ်ဆင့်လည်း နှလုံးနှင့် ဆက်သွယ်မှု ရှိ နေပြန်ကြောင်း တွေ့ရသည်။

သို့ဖြစ်ရာ တစ်ဦးနှင့်တစ်ဦး ပွေ့ဖက်လိုက်သည့်အခါ အရေပြားရှိ ပါဆီနီယန် ကော်ပါဆယ်လ် ဖောင်းကြွ အိတ်လေးများက အထိအတွေ့ကို အာရုံခံမိပြီး လှုပ်ရှား တက်ကြွ လာကာ ဦးနှောက်အတွင်းရှိ အောက် စီတိုစင် ဟော်မုန်းထုတ်ပေးရာ နေရာကို လှုံ့ဆော်မှုပြုသည်။ ထိုအခါ လူကို ကြည်မြချမ်း မြေ့နေစေသော အောက်စီတိုစင် ဟော်မုန်းများ ပိုမို ထွက်လာပြီး လူက သက်သောင့် သက်သာ ဖြစ်လာသလို၊ နှလုံးနှင့် လည်း ဆက်သွယ်မှု ရှိသဖြင့် နှလုံး ကိုလည်းအား ဖြစ်စေမည်ဖြစ်သည်။ စိတ်ချမ်းမြေ့လာခြင်း အကျိုးဆက် အဖြစ် လူသည် ကိုယ်ခံအားပို ကောင်းလာကာ ကျန်းမာသော ခန္ဓာကိုယ်ကို ပိုင်ဆိုင် လာမည်ဖြစ်သည်။


မြ၀တီ

22 Jan 2014

အချစ်ကို မငြင်းဆန်နဲ့

မိန်းမဖြစ်သူက မီးဖိုထဲ ထမင်းဟင်းချက်နေတယ်။ ယောက်ျားဖြစ်သူက ဧည့်ခန်းမှာ ကျွန်တော်နဲ့ စစ်တုရင် ကစားနေတယ်။

"ခဏဝင်လာခဲ့ပါ..." မိန်းမ လှမ်းအော်တယ်။ အသံကျယ်ပေမယ့် နွေးထွေးသိမ်မွေ့တယ်။
ယောက်ျား ချက်ချင်းထသွားတယ်။

မီးဖိုနဲ့ဧည့်ခန်းက ခြေလမ်းသုံးလေးလှမ်းသာ လှမ်းရတယ်ဆိုပေမယ့် သူအပြေးလေးသွားတယ်။

မီးဖိုကထွက်လာတဲ့ ယောက်ျားရဲ့လက်ထဲမှာ ခရမ်းချဉ်သီးတစ်ခြမ်းပါလာတယ်။ ခရမ်းချဉ်သီးကို တစ်ကိုက်ကိုက်ရင်း "ဒီတစ်ခါ ဘယ်သူ့အလှည့်လဲ" လို့ ကျွန်တော့်ကို သူမေးတယ်။
"မင်း ခရမ်းချဉ်သီး ကြိုက်တယ်လား?"

"သိပ်မကြိုက်ဘူး.." ခရမ်းချဉ်သီး တစ်ကိုက်ကိုက်ရင်း မီးဖိုဖက်ကြည့်ပြီး သူပြန်ဖြေတယ်။

"သူဘာလို့ မင်းကို ခေါ်တာလဲ? ပြီးတော့ ဘာလို့ ခရမ်းချဉ်သီးပေးလိုက်တာလဲ"

"ငါ ကြိုက်တယ်လို့ သူထင်လို့" သူက ဆက်ပြောတယ်။
"မင်္ဂလာဆောင်စက ငါတို့ အရမ်းကြပ်တည်းတယ်။ ငါကလည်း မလည်မဝယ်ဆိုတော့... အိမ်မှာ ဟင်းချက်တိုင်း သူက ငါ့ပါးစပ်ထဲ ခရမ်းချဉ်သီး တစ်ဖတ် ထိုးထိုးထည့်ပေးတတ်တယ်။ အဲဒီတုန်းက ခရမ်းချဉ်သီးကို ငါကြိုက်တယ်။ ဒါပေမယ့် ခု သိပ်မကြိုက်တော့ဘူး"
"မင်းမကြိုက်ကြောင်း သူ့ကို ဘာလို့ မပြောပြတာလဲ?"

"ဘာလို့ ပြောရမှာလဲ? တကယ်လို့ သူကျွေးတဲ့ ခရမ်းချဉ်သီးကို ငါမကြိုက်မှန်း သူသိသွားရင် သူစိတ်မချမ်းသာဖြစ်မှာပေါ့"
အဲဒီ စစ်တုရင်ကစားပွဲမှာ သူနိုင်သွားတယ်။ မီးဖိုဖက် သူလှည့်ပြီး အသံကျယ်ကြီးနဲ့ "မိန်းမရေ.. ငါ နိုင်ပြီဟ.. နင်ကျွေးတဲ့ ခရမ်းချဉ်သီးကိုစားပြီး ငါ အားတွေတိုးလာတယ်။ အတွေးတွေ သွက်လာတယ်" လို့ အော်ပြောတယ်။

အချစ်က လှစ်ဟပြသဖို့လိုတယ်။ လူနှစ်ယောက် ပေါင်းသင်းတာ ကြာလာတာနဲ့အမျှ တစ်ယောက်ကိုတစ်ယောက် ချစ်ကြောင်း၊ ဂရုစိုက်ကြောင်း ထုတ်ဖော်ပြသမှုတွေဟာ အသေးအမွှားကိစ္စတစ်ခုလိုဖြစ်ပြီး လျစ်လျူရှူမိတတ်တယ်။

ရေနွေးတစ်ခွက်ထည့်ပေးတာ၊ စောင်ခေါက်ပေးတာ၊ နောက်ပြောင်ကျီစယ်တာကအစ အစာတစ်ခု ပါးစပ်ထဲ ခွံ့ထည့်ပေးတာကအဆုံး ဒါဟာ အချစ်ရဲ့အရိပ်အယောင်ကို လှစ်ဟပြတာဖြစ်တယ်။ ဂရုစိုက်၊ အလေးထားတာကို ထုတ်ဖော်ပြတာဖြစ်တယ်။
ရေနွေးက အပူလောင်တတ်တယ်၊ စောင်က ခေါက်စရာမလိုဘဲ ခေါက်တယ်၊ နောက်ပြောင်တဲ့စကားတွေက နည်းနည်းကြမ်းတယ်၊ အစားက စားမကောင်းဘူးဆိုပေမယ့် မငြင်းဆန်လိုက်ပါနဲ့ ..... သင်ငြင်းဆန်တာဟာ အပြုအမူတစ်ခုကို ငြင်းဆန်တာမဟုတ်ဘဲ အချစ်တစ်ခု၊ ဂရုစိုက်မှုတစ်ခုကို ငြင်းဆန်တာ ဖြစ်သွားတတ်လို့ပါပဲ။

မူရင်းလင့် -- http://www.duwenzhang.com/wenzhang/aiqingwenzhang/20100708/150090.html

နိုင်းနိုင်းစနေ

27 Nov 2013

နောင်တမရှိသောဘဝ (မနက်ဖြန်ဆိုတာ မသေချာ)

ဒီနေ့က သူမတို့ရဲ့မင်္ဂလာနှစ်ပတ်လည်နေ့ပါ။ သူမကတော့ ခင်ပွန်းသည် ဖြစ်သူ သောမတ်စ် အိမ်ပြန်အလာကို စောင့်နေပါတယ်။ မင်္ဂလာနှစ်ပတ်လည်နေ့ကို အတူဆင်နွှဲဖို့ အတွက်ပေါ့။
လက်ထပ်ပြီးနောက်ပိုင်းမှာ အရာရာဟာ ပြောင်းလဲလို့လာခဲ့ပါတယ်။

 ဘာမဟုတ်တဲ့ ကိစ္စလေးတွေအတွက်နဲ့ နှစ်ယောက်သား ခဏခဏ စကားများကြပါတယ်။ လက်ထပ်ပြီးနောက်ပိုင်း နှစ်ယောက်သားဆက်ဆံရေးက တဖြည်းဖြည်း စိမ်းကားလာခဲ့ပါတယ်။
အခုလည်း သူမတို့ရဲ့နှစ်ပတ်လည်နေ့ကို ခင်ပွန်းသည်များ မေ့နေမလား ဆိုတဲ့ အတွေးနဲ့ သောမတ်စ် ပြန်အလာကို သူမစောင့်နေခဲ့တာပါ။


ခဏကြာတော့ အိမ်ရှေ့က တံခါးခေါက်သံ ကြားရပါတယ်။ သွားဖွင့်ကြည့်တော့ ခင်ပွန်းဖြစ်သူ သောမတ်စ်ပါ။ လက်ထဲမှာ ပန်းစည်းကို ကိုင်ထားပြီး တစ်ကိုယ်လုံးလည်း မိုးရေတွေနဲ့ ရွှဲစိုလို့ နေပါတယ်။ သောမတ်စ်ပုံကို ကြည့်ရတာ လင်မယားနှစ်ယောက်ကြားမှာ အဆင်မပြေမှုတွေ ရှိနေစေဦးတော့ ဒီနေ့ကိုတော့ ချွင်းချက်အဖြစ် သတ်မှတ်ထားပုံပါပဲ။
နောက်တော့ သူမတို့ နှစ်ယောက်သား ရှေးဟောင်းနှောင်းဖြစ်လေးတွေ ပြန်ပြောကြတယ်။ 

ရန်ဖြစ်တဲ့ အကြောင်းတွေကောပေါ့။ ပြီးတော့ ရှန်ပိန်သောက်ကြတယ်။
 ဂီတသံ ရွရွလေးဖွင့်ထားကြတယ်။ အပြင်ဘက်မှာလည်း မိုးတွေရွာနေတယ်။ တကယ့်ကို ပြီးပြည့်စုံတဲ့ နှစ်ပတ်လည်လေးပါပဲ။ ဒီလို အခိုက်အတန့်မျိုးဟာ လက်ထပ်ပြီးကတည်းက သူတို့နှစ်ယောက်ဆီမှာ အတော်ကြာအောင် ပျောက်ဆုံးနေခဲ့တာပါ။ အခုလိုနေ့ရက်မျိုးတွေ နေ့တိုင်းပိုင်ဆိုင်နိုင်ဖို့ သူမကိုယ်တိုင်လည်း စိတ်အားထက်သန်နေပါတယ်။
အဲဒီအချိန်မှာပဲ အိမ်ပေါ်ထပ် အိပ်ခန်းထဲက ဖုန်းသံမြည်လာပါတယ်။ သူမလည်း ဖုန်းကို သွားနားထောင်ပါတယ်။ ဖုန်းထဲကပြောနေတာ ယောက်ျားတစ်ယောက်ရဲ့ အသံပါ။
"ဟုတ်ကဲ့ ခင်ဗျာ၊ ကျွန်တော်က ရဲစခန်းကပါ၊ ဒါ မစ္စတာသောမတ်စ်ရဲ့ ဖုန်းနံပါတ်လား ခင်ဗျ"
"အော်၊ ဟုတ် ဟုတ်ပါတယ်ရှင့်"
"စိတ်မကောင်းပါဘူး ခင်ဗျာ၊ ကားအက်စီးဒင့် တစ်ခုဖြစ်ပြီး၊ အမျိုးသားဖြစ်သူ သေဆုံးသွားပါတယ်။ အခု သေဆုံးသူဆီကပါလာတဲ့ ပိုက်ဆံအိတ်ထဲက နံပါတ်ကို ဆက်လိုက်တာပါခင်ဗျ၊ ပိုက်ဆံအိတ်ထဲက တွေ့ရှိတဲ့ အချက်အလက်တွေအရ သေဆုံးသူဟာ မစ္စတာသောမတ်စ်ဖြစ်တယ်လို့ ယူဆရပါတယ်ခင်ဗျ။

 အမကြီး အနေနဲ့ ကျွန်တော်တို့ဆီကို လာပြီး သေဆုံးသူကို အတည်ပြုပေးဖို့ လိုပါတယ်"
သူမ အသက်ရှူဖို့ မေ့နေပါတယ်၊ နှလုံးသားတစ်ခုလုံး ဗျောင်းဆန်နေပါတယ်။
"ဒါပေမယ့် ကျမ ယောက်ျားက ကျမနဲ့ အတူရှိနေတယ်ရှင့်"
"စိတ်မကောင်းပါဘူး ခင်ဗျာ၊ ယာဉ်မတော်တဆမှုက နေ့လည် ၂ နာရီလောက်မှာ ဖြစ်သွားတာပါ"
သူမအနေနဲ့ အသိစိတ်ကို မနည်းထိန်းထားရပါတယ်။
"ဘာတွေဖြစ်ကုန်တာပါလိမ့်"
သူမ အိမ်အောက်ထပ်ကို ပြေးဆင်းသွားလိုက်ပါတယ်။ အောက်ထပ်မှာ ဘယ်သူမှ မရှိပါဘူး။
ဒါဆို ခုနလေးကမှ သူမ ပြောဆို မြင်တွေ့နေတဲ့ သူမခင်ပွန်း သောမတ်စ်က ဘယ်ရောက်သွားတာလဲ။ ဝိညာဉ်အဖြစ်နဲ့ သူမဆီလာခဲ့တာလား။ သောမတ်စ် ယာဉ်မတော်တဆမှုနဲ့ တကယ်သေဆုံးသွားပြီလား။ တမလွန်ကို မသွားခင် သူချစ်တဲ့ သူမဆီကို လာနှုတ်ဆက်သွားတာလား။
သူမ နောက်အခန်းတစ်ခန်းထဲကို ပြေးဝင်ရှာပါတယ်။ တိတ်ဆိတ်လို့သာ နေပါတယ်။

 "သောမတ်စ် တကယ်မရှိခဲ့တာပဲ"
သူမ ကြမ်းပြင်ပေါ်ထိုင်ချလိုက်ပါတယ်။ နောင်တကြီးစွာရနေပါတယ်။

 ရှိနေစဉ်တုန်းက ဘာမဟုတ်တဲ့ ကိစ္စလေးတွေနဲ့ နေ့စဉ် စကားများနေခဲ့တာတွေ အတွက်ပေါ့။
 ဖြစ်နိုင်ရင် အချိန်တွေကို နောက်ပြန်ရွှေ့လိုက်ချင်နေပါတယ်။ ခင်ပွန်းဖြစ်သူနဲ့အတူ ကြည်နူးစရာ နေ့သစ်တွေကို ပြန်တည်ဆောက်ချင်နေပါတယ်။
 အခုတော့ အရာအားလုံးနောက်ကျသွားခဲ့ပါပြီ။
အဲဒီအချိန်မှာပဲ ရေချိုးခန်းထဲက အသံတစ်သံထွက်လာပြီး၊ တံခါးပွင့်လာပါတယ်။

 ပြီးတော့ ခင်ပွန်းဖြစ်သူ သောမတ်စ် ထွက်လာပါတယ်။
"မိန်းမရေ၊ မင်းကို ကိုယ်ပြောဖို့ တစ်ခုမေ့နေလို့၊ ဒီနေ့ မနက်တုန်းက ကိုယ့်ပိုက်ဆံအိတ် အခိုးခံလိုက်ရတယ်ကွ"
ဘဝဆိုတာ သင့်ကို အမြဲတမ်း အခွင့်အရေး နှစ်ခါမပေးနိုင်ပါဘူး။ ကိုယ့်ရဲ့ အမှားတွေနဲ့ အတူ ရှင်သန်ရင်း တိုတောင်းလှတဲ့ဘဝကို အဓိပ္ပာယ်မဲ့ အချိန်မဖြုန်းမိပါစေနဲ့။
အခုပဲ တို့တွေရဲ့ အမှားတွေကို အချိန်မှီ ပြင်လိုက်ကြရအောင်ပါ။
မနက်ဖြန်ဆိုတာကို ဘယ်သူမှ အာမမခံနိုင်ပါ။
နောင်တ မရှိသော ဘဝကို ရရှိပိုင်ဆိုင်နိုင်ကြပါစေ။
~~~~~~~~~~
အင်္ဂလိပ်မူရင်းအား Sarlar8 မှ မြန်မာမှုပြုသည်
<< Pho Shann >>
ဆာလာအိတ်

6 Nov 2013

အမျိုးသားများ၏မျိုးပွားမှုစွမ်းရည်အတွက်အကောင်းဆုံးသဘာဝဆေးဝါး

သုတေသီများ၏ အဆိုအရ မုန်လာဥနီနှင့် အချို့သော လိမ္မော်ရောင်ရှိသည့် သစ်သီးသစ်ဥများသည် အမျိုးသားများ၏ မျိုးပွားမှုစွမ်းရည်ကို မြှင့်တင်ပေးနိုင်ကြောင်း သိရှိရသည်။

အမျိုးသားများ၏ မျိုးပွားမှုစွမ်းရည်အတွက် အကောင်းဆုံး သဘာဝဆေးဝါး
ပေါက်တီးပေါက်ရှာ တွေးကြည့်မည်ဆိုလျှင် ယုန်များ သားပေါက်နှုန်း အလွန်ကောင်းခြင်းက ယခုသုတေသန ရလဒ်ကို ထောက်ခံပေးနေသည်ဟု ယူဆရပေမည်။ သုတေသီများ၏ အဆိုအရ မုန်လာဥနီနှင့် အချို့သော လိမ္မော်ရောင်ရှိသည့် သစ်သီးသစ်ဥများသည် အမျိုးသားများ၏ မျိုးပွားမှုစွမ်းရည်ကို မြှင့်တင်ပေးနိုင်ကြောင်း သိရှိရသည်။ အထူးသဖြင့် မုန်လာဥနီသည် အမျိုးသား တစ်ဦး၏ သုက်သွေးကို အကျန်းမာဆုံး၊ အသန်စွမ်းဆုံး စွမ်းအင်မျိုး ဖြစ်တည်လာအောင် ကူညီပေးလေ့ရှိကြောင်း လည်း ပညာရှင်များက ထောက်ခံခဲ့သည်။ အမျိုးသားများ၏ သုက်သွေးကို ကျန်းမာသန်စွမ်းအောင် မြှင့်တင်ပေးနိုင်သည့် ဓာတ်ကူ အစားအစာများတွင် မုန်လာဥနီသည် ထိပ်ဆုံးတန်းမှ ပထမချိတ်လိမ့်မည်ဟု ဟားဗက် တက္ကသိုလ်မှ ပညာရှင်များက ယုံကြည်ထားကြသည်။

ယခုသုတေသန ရလဒ်သည် သုက်ပိုးအရေအတွက် တိုးပွားမှုကို ဦးတည်ခြင်း မရှိဘဲ အမျိုးသား တစ်ဦး၏ သုက်ပိုးတစ်ကောင်ချင်းစီ၏ ကျန်းမာကြံ့ခိုင်မှု အစွမ်းကို အဓိက လေ့လာထားခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် သုက်ပိုးများက အမျိုးသမီး မျိုးဥထံ ဦးတည်ကူးခတ်နိုင်သည့် အင်အားမျိုး တိုးပွားခြင်း ရှိမရှိကို ဇောက်ချ သုတေသနပြုခြင်း ဖြစ်သည်။ အမေရိကန် အမျိုးသား (၂၀၀)၏ နေထိုင်စားသောက်မှု ပုံစံများကို အသေးစိတ် မေးမြန်းပြီးနောက် ပညာရှင်များက ၎င်းတို့ထံမှ သုက်နမူနာများကို ရယူခဲ့ကြသည်။

ထိုအခါ အဝါရောင်၊ လိမ္မော်ရေင် သစ်သီးသစ်ဥများ အများအပြား စားလေ့ရှိသည့် အမျိုးသားများ၏ သုက်ပိုးများက သိသိသာသာနိုးကြား တက်ကြွနေသည်ကို တွေ့ရှိခဲ့သည်။ အထူးသဖြင့် မုန်လာဥနီကို ကြိုက်နှစ်သက်သူ၊ မုန်လာဥနီ ဖျော်ရည်ကို ပုံမှန်သောက်လေ့ရှိသူများ၏ သုက်ပိုးများကို ပိုမို၍ အားကောင်းလာတတ်ကြောင်း ဖော်ထုတ် တွေ့ရှိခဲ့သည်။ မုန်လာဥနီနှင့် အချို့သော လိမ္မော်ရောင် သစ်သီးသစ်ဥများသည် ကျန်းမာရေးကို အထောက်အကူပြုသည့် Antioxidantများ ကြွယ်ဝစွာ သိုလှောင်ထားသည်။ ယင်းတို့အနက် Beta-Caoteneများ ပါဝင်ပြီး Antioxidant ဗီတာမင်Aကို ပံ့ပိုးပေးသည်။

ရလဒ်အားဖြင့် မျိုးပွားမှုနှင့် ဆက်နွယ်သည့် ဆဲလ်များနှင့် DNAများ၊ ဇီဝကမ္မအလွှာများကို ပျက်စီးစေတတ်သည့် ဓာတ်ပြုမှုများကို သိသာစွာ တိုက်စား လျော့နည်းသွားစေသည်။ ထို့ကြောင့်လည်း သုက်ပိုးများကို ဟန့်တား ပိတ်ဆို့မည့် အတားအဆီးမျိုး နည်းပါးသွားခြင်း ဖြစ်သည်။ မုန်လာဥနီ ပမာဏ အနည်းငယ်ကို တစ်ခါတစ်ရံ စားလေ့ရှိသူများသည် ပင်လျှင် သုက်ပိုးသန်စွမ်းမှုသည် သာမန်ထက် (၆.၅)ရာခိုင်နှုန်းမှ (၈)ရာခိုင်နှုန်းထိ မြင့်မားတတ်ပြီး များများစားလျှင် ပိုမို၍ အာနိသင် ရှိနိုင်ကြောင်း ယခုသုတေသန ရလဒ်က ညွှန်ပြလျှက်ရှိသည်။

အခြားစစ်တမ်းများအရ ငါးများနှင့် အချို့သော အင်များတွင် တွေ့ရှိရသည့် Omega-3 အဆီအက်ဆစ်သည်လည်း အမျိုးသားများ၏ သုက်သွေး ကျန်းမာရေးကို ကောင်းကျိုးပြုကြောင်း သိရသည်။ မုန်လာဥနီသည် မျက်စိကျန်းမာရေးအတွက် သင့်တော်ကြောင်းလည်း ပညာရှင်များက ယူဆထားသည်။
Satday Mg Mg  Facebook မှ
 

31 Oct 2013

အသက်ကြီးမှ အိမ်ထောင်ကျလို့ သားသမီး မရနိုင် တော့ဘူးလား

အမျိုးသမီးတွေ ၄၀ နှစ်ဝန်းကျင် ရောက် လာတဲ့ အချိန်ကို သွေးမဆုံးခင် အစောပိုင်း အချိန်တွေလို့ ဆိုလိုပါတယ်။

ဒီအချိန်မှာ အမျိုးသမီး တစ်ယောက်ရဲ့ သားဥတွေ ကလည်း အသက်ကြီးလာပြီး သားဥကြွေရာမှာ ကူညီပေးနေတဲ့ အီစထရိုဂျင်ဟော်မုန်း ပမာဏကလည်း စတင်ပြီး နည်းစပြုလာပါပြီ။

ဓမ္မတာ သွေးဆင်းတဲ့ ဖြစ်စဉ်ကလည်း အရင်လို ပုံမှန် မဟုတ်တော့ဘဲ ရက်စောတာ၊ နောက်ကျတာ၊ ရာသီသွေးနည်းတာ၊ များတာတွေ ကြုံတွေ့လာရ ပါတယ်။

ဒါ့အပြင် တစ်ကိုယ်လုံးပူတာ၊ အေးတာတွေလည်း ခံစားရနိုင်ပါတယ်။ ဒီလိုလက္ခဏာရပ်တွေ ဖြစ်ပေါ်နေတာကြောင့် သင်ကကိုယ်ဝန် မဆောင်နိုင်တော့ဘူး၊ ကလေးမရနိုင်တော့ဘူး လို့တော့ မယူဆလိုက်ပါနဲ့။ သင်ကလေး ရနိုင် ပါသေးတယ်လို့ Dr.Greene က ပြောပါတယ်။ သွေးမဆုံးမီ အစောဆုံး လက္ခဏာတွေ ပြနေချိန်မှာ သင့်အနေနဲ့ သားသမီးလိုချင်သေးရင် သင့်မှာ ကြိုးစားဖို့ အခွင့်အရေးတွေ ရှိနေပါသေးတယ်။ သင့်အနေနဲ့ ကြိုးစားကြည့်လို့မှ မအောင်မြင်ခဲ့ရင်တော့ သားဖွားမီးယပ် အထူးကုဆရာဝန်နဲ့ တိုင်ပင် ဆွေးနွေးပြီး တိတိကျကျ လိုက်နာဖို့ လိုပါတယ်။ သင်ရဲ့ ဓမ္မတာလာတဲ့ ဖြစ်စဉ်တွေကို ဆရာဝန်က မေးမြန်းတဲ့အခါ တိတိကျကျ ပြောပြပါ။

သားဥဖြစ်ပေါ်အောင် အားပေးတဲ့ FSH ဟော်မုန်းပမာဏကို စစ်ဆေးပါမယ်။ အီစထရိုဂျင် ဟော်မုန်းနဲ့ ပရိုဂျက် စထရုန်းဟော်မုန်း ပမာဏတွေကို စစ်ဆေးပါမယ် (ဓမ္မတာလာပြီး နှစ်ရက်မြောက်(သို့) သုံးရက်မြောက်နေ့မှာ စစ်ရင် ပိုမိုတိကျတဲ့အဖြေကို ရနိုင်ပါတယ်။) ဆီးချိုသွေးချိုရောဂါ၊ သိုင်းရွိုက်ဟော်မုန်း လျော့နည်းတဲ့ ရောဂါတွေ ရှိ၊ မရှိ စစ်ဆေးပါမယ်။ သင်ရဲ့ သားဥကြွေရာနဲ့ သားမွေးလမ်း တစ်လျှောက် အလုံး၊ အကျိတ်၊ အဖုတွေရှိ၊ မရှိ စစ်ဆေးပါမယ်။ သင့်မှာ ကလေးမရနိုင်အောင် ပြောပလောက်တဲ့ အချက်ရှာမတွေ့ခဲ့ရင်တော့ သင့်အမျိုးသားရဲ့ သုက်ပိုးအရေအတွက်ကို စစ်ပါမယ်။ သင်လည်း သွေးဆုံးချိန် မရောက်သေးဘူး။ သင့်အမျိုးသားရဲ့ သုက်ကောင် အရေအတွက်ကလည်း ပုံမှန် ဖြစ်နေရင် တော့ ဆရာဝန်က သင့်ကို ကုသမှုတွေ စတင်ပါလိမ့်မယ်။ စစ်ဆေးမှုတွေရဲ့ အဖြေပေါ် မူတည်ပြီး တစ်ဦးနဲ့တစ်ဦး ကုသမှုခံယူရတဲ့ အပိုင်းတွေ မတူညီနိုင်ပါ။


မြ၀တီ

ကိုယ်ဝန်ရစေခြင်း၏ အဓိက သော့ချက်

သန္ဓေတည်ရန် အကောင်းဆုံး အခါတော်ပေး (သို့မဟုတ်)
American Pregnancy Association (APA) ၏ Ovulation Calculator
(ကိုယ်ဝန်ရစေခြင်း၏ အဓိက သော့ချက်)



သုတ်ပိုးသည် မမျိုးပွားအဖွဲ့အစည်းအတွင်း တွင် ၅ ရက်အထိသာ အသက်ရှင်နိုင်သည်။ အကယ်၍ သန္ဓေမအောင်ဖြစ်ပါက မမျိုးဥ
သည်လည်း မျိုးဥကြွေပြီးနာရီအနည်းငယ်မှ အလွန်ဆုံး
တစ်ရက်ခန့်သာ အသက်ရှင်နိုင်သည်။

ထို့ကြောင့် မမျိုးဥမကြွေမီ ၅ ရက် မှစ၍ တစ်နေ့တစ်ကြိမ် လိင်ဆက်ဆံခြင်းသည်သာလျှင် သန္ဓေတည်ရန် အကောင်းဆုံးသော အချိန်ဖြစ်သည်။

မူရင်းသုတေသနပညာရှင်က ဆက်ဆံရမည့် (၆)ရက် မတိုင်မှီတွင်
(၅)ရက်ခန့် သုတ်ရည်စွန့်ထုတ်ခြင်းမပြုရန် အကြံပြုထားသည်။

မမျိုးဥကြွေချိန်အား ခန့်မှန်းခြင်း

ပုံမှန်အားဖြင့် မျိုးဥကြွေချိန်ကို ခန့်မှန်းရန် ခက်ခဲတတ်သည်။
သို့သော် American Pregnancy Association (APA)
က ကိုယ်ဝန်ရရှိစေနိုင်မည့် အကောင်းဆုံးသော ခန့်မှန်း ရက်သတ္တပတ်ကို တွက်ချက်ပြထားသည်။ ၄င်းတွက်ပြထားသော ရက်သတ္တပတ်အတွင်း ဆက်ဆံပါက ကိုယ်ဝန်ရရှိစေနိုင်ရန် များစွာ
အထောက်အကူပြုမည် ဖြစ်သည်။

လိင်ဆက်ဆံရမည့်ရက်အားတွက်ချက်ရန်အတွက်
(၁) အောက်ပါလင့်အား ၀င်ရောက်ရန်
http://americanpregnancy.org/gettingpregnant/ovulationcalendar.html?menstrual=04%2F04%2F2013&cycle=30ovul_calc

(၂) အသုံးပြုပုံ
Ovulation Calculator အောက်တွင် ဖြည့်စွက်ရမည့် အကွက် နှစ်ခု ပါရှိပါသည်။

ပထမအကွက်မှာ (First Day of Last Menstrual Period) ရာသီသွေးစပေါ်သောနေ့ ဖြစ်သည်။ ထိုအကွက်အား ပွိုက်တာ ထောက်လိုက်ပါက ပြက္ခဒိန်တစ်ခုထွက်ကျလာမည်။
၎င်းပြက္ခဒိန်တွင် မိမိ၏ ရာသီသွေး စပေါ်ခဲ့သောရက်ကို ကလစ်ရပါမည်။

ဒုတိယအကွက်မှာ (Average Length Of the cycle) ရာသီသွေးဆင်းစက်ဝန်းတစ်ခု၏ ပုံမှန်ကြာမြင့်ချိန် ဖြစ်သည်။

ရာသီသွေးစပေါ်သည့် ပထမရက်မှ နောက်တစ်ကြိမ် ရာသီသွေးပြန်ပေါ်သည့် ပထမရက်အထိ ကြာသည့်ရက်ပေါင်း) အား ဖြည့်စွက်ရန်

(၃) နှစ်ကွက်စလုံးဖြည့်ပြီးပါ က သူ့အောက်တွင်ရှိသော Calculate (တွက်ချက်ပါ) အစိမ်း ကွက်ကို နှိပ်ရမည်။

ထိုအခါ ပြက္ခဒိန် တစ်ခု ပြန်ချပေးမည်ဖြစ်သည်။

၎င်းပြက္ခဒိန်တွင်

ကြတ်ချေခတ် အနီရောင်အမှတ်အသားမှာ
မိမိ၏ ရာသီသွေးဆင်းသော ပထမရက် ကို ပြထားခြင်းဖြစ်သည်။

အစိမ်းရောင် အလုံး '' O '' များ ပြထားသည့် အကွက်များမှာ
လိင်ဆက်ဆံရမည့် ရက်သတ္တပတ်ဖြစ်သည်။ ၄င်း ရက်သတ္တပတ်များမှာ မမျိုးဥကြွေမည့် ရက်ကို ခန့်မှန်းပေးထားခြင်းဖြစ်သည်။

ဒေါက်တာခင်နိုင်ဦး

မှတ်ချက်။ ။ Ovulation Calculator အား အသုံးပြုလိုသူများ (သို့မဟုတ်) စိတ်ဝင်စားမှုရှိ၍ တွက်ချက်လိုသူများ အသုံးပြုရန် အခက်အခဲရှိပါက
(၁) ရာသီသွေး စပေါ်ခဲ့သောရက် လ ခုနှစ်
(၂) ရာသီသွေးဆင်းစက်ဝန်းတစ်ခု၏ ပုံမှန်ကြာမြင့်ချိန်
(ရာသီသွေးစပေါ်သည့် ပထမရက်မှ နောက်တစ်ကြိမ် ရာသီသွေးပြန်ပေါ်သည့် ပထမရက်အထိ ကြာသည့်ရက်ပေါင်း) အား Comment တွင် ရေးချပေးသွားပါ။
မျိုးဥကြွေမည့်ခန့်မှန်းရက်အား ပြန်လည်တွက်ချက်ပေးသွားပါမည်။


https://www.facebook.com/photo.php?fbid=559652390721913&set=a.554962924524193.1073741828.554509527902866&type=1&relevant_count=1

လိင်ဆက်ဆံ(စက်ယှက်)နေချိန်သေဆုံးကြ

နှစ်စဉ် လူ(၅)သောင်းခန့်လိင်ဆက်ဆံ(စက်ယှက်)နေချိန်သေဆုံးကြ

U.S. Society of Cardiology ၏ စာရင်းများအရ နှစ်စဉ် လူ(၅)သောင်းခန့် အမျိုးသမီးများဖြင့် လိင်ဆက်ဆံ(စက်ယှက်)ချိန်တွင် သေဆုံးခဲ့ကြကြောင်း
လေ့လာ ချက်များအရ တွေ့ရှိရကြောင်း သိရသည်။

မိမိ၏တရားဝင်ဇနီးမယား ဖြင့် သာယာမူပြု (စက်ယှက်)နေချိန်သေဆုံး
မူမှာ ၉၀% ရှိ၊ အခြားသော အမျိုးသမီး( ပြည်တန်ဆာ) နှင့်လိင်ဆက်ဆံချိန်
သေဆုံးမှူမှာ ၇၅ % ရှိကြောင်း သုသေတနပြု အထူးလေ့လာခဲ့သူများမှ
ထောက်ပြပြောဆိုခဲ့သည်။

အများဆုံး သေဆုံးမူ၏ ဆက်စပ်မူတွေကို လေ့လာ ကြည့်ချက်များအရ
ပင်ကိုကျန်းမာရေးအားနည်းသူ၊ သွေးတိုးရှိခြင်း ၊ အ၀လွန်ခြင်း ၊ ဆီးချို
ဓါတ်များခြင်း စသည်တို့ကို တွေရသည်။

ထို့ကြောင့် အာရုံကြောများကို ပိုမိ လှူပ်ရှားစေသော ပြုမူဆောင်ရွက်ချက်
များ၊ခံစားမူ ရသအဆုံးရောက်ချိန်ကို ဆိုးကျိုးဖြစ်စေနိုင်သော အရက်သေစာ သုံးဆောင်မူများကို အဆိုပါ ရက်များအတောတွင် ရှောင်ရှားသင့်ကြောင်း အကြံပေးထားပါတယ်။

စိတ်ဝင်စားဖွယ် သမိုင်းမှတ်တမ်း အချက်များအရ လိင်မူပြုစဉ်သေဆုံးခဲ့
ကြသောသူများမှာ ။ ။ Genghis Khan, the emperor Charlemagne, philosopher Avicenna and Pope Leo VII, artist Raphael and Archbishop of Paris တို့ဖြစ်သည်။

Hau Sian Siam (MM Social Sky)
ref:style.news.am

Ovulation home test မျိုးဥ ထွက်-မထွက် စမ်းနည်း

ဆရာ Rapid LH Test Strip အကြောင်း စမ်းသပ်နည်းလေး ရှင်းပြပါအုံးဆရာ။ လေးစားစွာဖြင့်။

• Ovulation test အမျိုးသမီးမှာ မျိုးဥ ထွက်-မထွက်စမ်းနည်းဖြစ်တယ်။ ကိုယ်ဝန်ရနိုင်ဘို့ အတွက် လိုအပ်တယ်။
• Luteinizing hormone (LH) ဟော်မုန်းကို ဦးနှောက်အောက်ခြမှာရှိတဲ့ (ပစ်ကျူထရီ ဂလင်း) ကနေ ထုတ်ပေးတာ ဖြစ်တယ်။
• ယောက်ျားတွေမှာ အဲဒီ ဟော်မုန်းကနေ ကျားဟော်မုန်းခေါ်တဲ့ Testosterone (တက်စတိုစတီရုန်း) ထွက်လာစေအောင် အားပေးတယ်။
• အမျိုးသမီးတွေမှာ ရာသီလလယ်ရက်မှာ ဒီဟော်မုန်းက တက်လာတယ်။ မျိုးဥထွက်လာတော့မယ်။
• Ovulation prediction test kits စမ်းသပ်ကိရိယတစုံထဲမှာ စမ်းသပ်ချောင်းလေး ၅ ခုကနေ ၇ ခုအထိပါတယ်။
• ဘယ်ရက်မှာ စမ်းရမလဲဆိုတာ အမျိုးသမီးရဲ့ ရာသီလကိုသိရမယ်။ ဥပမာ ၂၈ ရက်မှာတခါလာသူအတွက် အရင်လက ရာသီစလာတဲ့နေ့ကနေတွက်ရင် ၁၁ ရက်မြောက်နေ့ကနေစရမယ်။ ၁၁၊ ၁၂၊ ၁၃၊ ၁၄၊ ၁၅ ရက်တွေမှာ စမ်းသင့်တယ်။
• ဆီးကို စမ်းရမဲ့အကွက်လေးမှာထည့်လိုက်ရင် အရောင်ပြောင်းလာမယ်။ အဲလို အပေါင်းပြတယ်ဆိုရင် အဲဒီ အမျိုးသမီးဟာ နောက် ၂၄ ကနေ ၆ နာရီအတွင်း မျိုးဥ ထွက်ပါမယ်။ တယောက်နဲ့တယောက် မတူတာတော့ ရှိမယ်။
• ဆီးထဲမှာ (LH) ဟော်မုန်းက တက်လာတယ်ဆိုရင် အပေါင်းပြပါမယ်။ မျိုးဥအိမ်ကနေ မျိုးဥထွက်တယ်လို့ မှတ်ယူနိုင်တယ်။
• ဆီးမစမ်းခင်မှာ ရေ-အရည် အများကြီးမသောက်သင့်ပါ။ တခြားဆေးတွေလဲ မသောက်ဘဲနေဘို့လိုနိုင်တယ်။
• Estrogens, Progesterone, Testosterone ခေါ်တဲ့ ဟော်မုန်းဆေးတွေဖြစ်တယ်။ ကိုယ်ဝန်တားဆေးထဲမှာ ပါတယ်။
• Clomiphene citrate (Clomid) မျိုးဥထွက်ဘို့ပေးတဲ့ဆေးဆိုရင် LH levels ကိုပိုများစေတယ်။ စမ်းသပ်မှုမှာ သေချာစေအောင် ဒီဆေးမျိုးကို မစမ်းခင် ၃ ရက်စောပြီး မသောက်ဘဲနေသင့်တယ်။
• မျဉ်း ၂ ကြောင်းရှိမယ်။ Test line စမ်းသပ်လိုင်းက Reference line မီရမဲ့လိုင်းတက် နဲနဲမှန်တယ်။
• Positive result အပေါင်းပြတယ်ဆိုတာ LH surge ဟော်မုန်းတက်လာလို့ခေါ်တယ်။
• False positive results မှားပြီး အပေါင်းပြတာ ရှားတယ်။
• LH urine tests မျိုးဥအတွက် ဟော်မုန်းတက်လာမှု စမ်းသပ်နည်းဟာ Home fertility monitors မျိုးပွါးနိုင်စွမ်း စောင့်ကြည်ခြင်းနည်းနဲ့ မတူပါ။
• Fertility monitors ဆိုတာ Digital handheld devices လက်ကိုင် ဒစ်ဂျစ်တယ်လ်ကိရိယာဖြစ်တယ်။
• Ovulation မျိုးဥထွက်မှာကို တံတွေးထဲက Electrolyte levels ဓါတ်ဆားအနည်းအများ၊ ဆီးထဲက ဟော်မုန်း အနည်းအများနဲ့ ကိုယ်အပူချိန်တွေကို စောင့်ကြည်နည်းဖြစ်တယ်။

LH blood test သွေးစမ်းနည်းလဲရှိတယ်။ အရွယ်ရောက် အမျိုးသမီးတယောက်မှာ ပုံမှန် 5 to 25 IU/L (6 and 30 U/L) ရှိတယ်။ ယောက်ျားတွေပုံမှန် = 7 and 24 U/L ရှိရမယ်။ 2 mIU/ml ထက်နည်းနေရင် Hypogonadotropic hypogonadism ရောဂါရှိနေမယ်။

LH တွေ ပုံမှန်ထက် များနေတာဟာ ဒါတွေကနေဖြစ်စေတယ်။
• Anorchia ယောက်ျားအစိမရှိသူ၊
• Hypogonadism ရောဂါ၊
• Klinefelter syndrome ရောဂါ၊
• Menopause သွေးဆုံးပြီးချိန်၊
• Ovarian failure မျိုးဥအိမ်အလုပ်မလုပ်ခြင်း၊
• Polycystic ovary disease မျိုးဥအိမ်အကျိတ်များရောဂါ၊
• Precocious puberty အသက်ငယ်လွန်းပြီး အရွယ်ရောက်သူ၊
• Turner syndrome ရောဂါ၊

LH တွေ ပုံမှန်ထက် နည်းနေတာဟာ ဒါတွေကနေဖြစ်စေတယ်။
• Anovulatory bleeding မျိုးဥမထွက်ဘဲ ရာသီသာဆင်းသူ၊
• Infertility ကလေးမရနိုင်သူ၊
• Multiple endocrine neoplasia (MEN) (အင်ဒိုခရိုင်မ်) ရောဂါ၊
• Ovarian cysts မျိုးဥအိမ်အကျိတ်။

LH test ကို တတိယနေ့မှာစမ်းတယ်။ FSH test နဲ့ Estradiol test တွေပါတွဲလုပ်တယ်။ ကိုယ်ဝန်တားဆေး၊ ကိုယ်ဝန် ကြောင့် နည်းနေမယ်။ မျိုးဥထွက်ဆေးကြောင်း များနေမယ်။ FSH ပါနည်းနေမယ်။ LH levels နဲ့ FSH levels တွေကို အချိုးချတယ်။ အချိုး ၁ ဆိုတာ ပုံမှန်ဖြစ်တယ်။ ဆတူလောက်ရှိနေတာကိုဆိုလိုတယ်။ Polycystic ovarian disease (PCOD) မျိုးဥအိမ်မှာ အကျိတ်လေးတွေရှိနေသူဆိုရင် ပြောင်းပြန်အချိုးရှိတယ်။ LH level များနေပြီး FSH level ပုံမှန်ရှိမယ်။ ၂ ဒါမှမဟုတ် ၂ ထက်ပိုနေမယ်။

ဒီဟော်မုန်းတက်လာတာမို့ မျိုးဥထွက်သူဟာ ကိုယ်ဝန်ရချင်ရင် အဲဒီရက်တွေမှာ အကာအကွယ်နည်း တခုမှမသုံးဘဲ အတူနေရမယ်။ တလနဲ့ မရသေးရင် နေယက်လ၊ နောက်လတွေမှာ ဆက်စမ်းပါ။ လတွေကြာလို့မှ မရသေးရင် နည်းလမ်းသစ်ကို ကြံဆရပါမယ်။

• ၃ဝ% သော အမျိုးသမီးတွေက အဲဒီ လလယ်ရက် အတိအကျမှာ မျိုးဥထွက်တယ်။
• ၆ဝ% က လလယ်ရက်ထက် ၁ ရက်စောထွက်တယ်။
• အားလုံးကို ခြုံလိုက်ရင် ၇၈%က လလယ်ရက်ထက် ၂ ရက်စောထွက်တယ်။
• ၈ ရက်မြောက်နေ့ကနေ ၁၉ ရက်အတွင်းဟာ ကိုယ်ဝန် အရနိုင်ဆုံးရက်တွေ ဖြစ်တယ်။
• ၈ ရက်မြောက်ကနေ ၁၉ ရက်မြောက်အတွင်း “မဆက်ဆံသူ” တွေထဲက ၄့၇% ကိုယ်ဝန်ရကြတယ်။
• ၈ ရက်မြောက်ကနေ ၁၉ ရက်မြောက်အတွင်း “ဆက်ဆံသူ” တွေထဲက (ကွန်ဒွမ်) နည်း၊ သုတ်ရည် အပြင်ထုတ်နည်း သုံးသူတွေမှာ ၅့၆% ကိုယ်ဝန် ရကြတယ်။
• ၈ ရက်မြောက်ကနေ ၁၉ ရက်မြောက်အတွင်း ဘာအကာအကွယ်မှ မသုံးသူတွေထဲက ၁၁့၉% ကိုယ်ဝန် ရကြတယ်။
• မျိုးဥထွက်ရက်အတိမှာ ဆက်ဆံသူတွေ ၈-၁ဝ% ကိုယ်ဝန်ရကြတယ်။
• မျိုးဥမထွက်ခင် ၅ ရက် အလိုမှာ ဆက်ဆံသူတွေ ၄% ကိုယ်ဝန်ရကြတယ်။
• မျိုးဥမထွက်ခင် ၄ ရက်အလိုမှာ ဆက်ဆံသူတွေ ၁၅% ကိုယ်ဝန်ရကြတယ်။
• မျိုးဥမထွက်ခင် ၂ ရက်အလိုမှာ ဆက်ဆံသူတွေ ၂၅-၂၈% ကိုယ်ဝန်ရကြတယ်။

အသက် (၁၆) နှစ်ကတဲက ရာသီလာလို့ တအားနာတာအတွက် ဆေးစစ်ဘို့လိုပါမယ်။ မျိုးဥအိမ်နဲ့ သားအိမ်တွေကို လက်နဲ့ စမ်းသပ်တာအပြင် (အာလ်ထွာဆောင်း) ရိုက်ဘို့ လိုနိုင်တယ်။ နာတာနဲ့ ကိုယ်ဝန်မရသေးတာဟာ အကြောင်း တခုတည်းကနေ ဖြစ်နေနိုင်တယ်။ စမ်းသပ်တာလုပ်ပြီးလို့ ရောဂါနာမည်သိရရင် ထပ်မေးနိုင်ပါတယ်။ ခင်ပွန်းကို စစ်-မစစ် မသိပါ။

အမျိုးသမီးတွေ အရွယ်ရောက်ကတည်းက သွေးဆုံးတဲ့ အရွယ်အထိ မျိုးဥကခု လတိုင်း ထွက်တယ်။ ကိုယ်ဝန်ရနိုင်-မရနိုင်ဆိုတာ ဒီမျိုးဥ ထွက်-မထွက်အပေါ် အများကြီး မူတည်တယ်။ ကိုယ်ဝန်မရအောင် တားနည်းတခုဖြစ်တဲ့ ရက်တွက်ပြီး အတူနေနည်းကလဲ ဒီရက်ကို သိမှ စိတ်ချနိုင်တယ်။ အပျိုလေးတွေ အပျိုကြီးတွေ ဖြစ်အုံးတော့ မိန်းမဆိုရင် မိန်းမပီသမှ ကောင်းတယ် မဟုတ်ပါလား။

လစဉ် မျိုးဥထွက်-မထွက် စမ်းသပ်တဲ့ ကရိယာကို Ovulation Predictor Kits လို့ခေါ်တယ်။ ထွက်ပြီး ၂၄ နာရီအထိ ခံတယ်။ လအလယ်မှာ မျိုးဥထွက်ဘို့ Luteinizing hormone (LH) ဟော်မုန်းနဲနဲ ပိုထွက် လာရတယ်။ Ovulation Tests ဆိုတာက ဒါ ဖြစ်-မဖြစ် စမ်းရတာပါ။

• ကိုယ်ဝန် ရှိ-မရှိ စမ်းတဲ့ hCG pregnancy test နဲ့ မတူပါ။ ကိုယ်ဝန်ကို စမ်းရင် မနက်ခင်းသွားတဲ့ ဆီးကို စမ်းတာ ကောင်းပေမဲ့ မျိုးဥထွက်တာ စမ်းရင်တော့ နေ့ ၂ နာရီလောက် သွားတဲ့ဆီးက အကောင်းဆုံးဖြစ်တယ်။ မနက် ၁ဝ နာရီ နောက်ပိုင်းသွားတဲ့ဆီးလဲ ရပါတယ်။
• နေ့ဆက် စမ်းရတာမို့ အချိန်တူမှာ စမ်းပါ။
• ဆီးစမ်းမဲ့အချိန် မတိုင်ခင် ၂ နာရီလောက်မှာ ရေ-အရည် လျော့သောက်ပါ။
• ကိုယ့်ရာသီခွင်ကိုသိပါ။ ရာသီသွေးစဆင်းတဲ့ ပဌမနေ့ကနေ နောက်တလအတွက် ဆင်းမဲ့နေ့ မတိုင်ခင်ရက်အထိ ဖြစ်တယ်။
• စမ်းသပ်မဲ့လ မတိုင်ခင် လအနည်းငယ်အတွင်းက ရာသီခွင်ကို မှတ်ပါ။ ဘယ်ရက်မှာ မျိုးဥ ထွက်နိုင်တယ် ဆိုတာ ခန့်မှန့်နိုင်မယ်။
• LH surge ဟော်မုန်း တက်လာချိန်နောက် ၁၂-၄၈ (ပျမ်းမျှ ၃၆) နာရီအတွင်းမှာ မျိုးဥထွက်ပါမယ်။
• ကလေးရချင်သူများဆိုရင် LH surge ဟော်မုန်း တက်တဲ့ရက်ကနေ ၃ ရက်အတွင်း အတူနေသင့်ကြတယ်။
• ကိုယ်ဝန်ကို စမ်းတဲ့အခါ မျဉ်းကြောင်းက ခပ်မှုံမှုံပေါ်နေတာကိုလဲ အပေါင်းလက္ခဏာလို့ သတ်မှတ်နိုင်ပေမဲ့ မျိုးဥ စမ်းတာမှာတော့ မှုံနေတာကို အနုတ်လက္ခဏာလို့ သတ်မှတ်တယ်။
• Basal Body Temperature (BBT) ဆိုတဲ့ အကြမ်းဖျဉ်းနည်း တခုရှိတယ်။ မနက်အိပ်ရာထ ကိုယ်ပူချိန် တိုင်းနည်းကလဲ LH surge ဟော်မုန်းများလာတာကို သိနိုင်တာ ဖြစ်တယ်။ သိပ်မတိကျဘူး။
• Clomid ဆိုတဲ့ Fertility drug ကလေးရဘို့ပေးတဲ့ဆေး Clomiphene citrate သောက်နေပြီး၊ မျိုးဥထွက်တာကို ရက်သိပ်စောပြီး စမ်းရင် False positives မမှန်တဲ့ အပေါင်းလက္ခဏာ ပြတတ်တယ်။
• ခန့်မှန်းရက်ထက် ၂ ရက်စောပြီး နေ့တိုင်း စမ်းသင့်တယ်။ ရာသီလာပြီး ၁၃ ရက်ကနေ ၂ဝ ရက်အတွင်း ဖြစ်ဘို့ များတယ်။ ၁၁ ရက်ကစစမ်းပြီး ၂ဝ ရက်နောက်ဆို မစမ်းပါနဲ့တော့။ နောက်တလကြမှ ပြန်စမ်းပါ။
• တလမှာ ၅ ရက်စမ်းသူ ၈ဝ% နဲ့ ၁ဝ ရက်ကြာစမ်းသူ ၉၅% မှန်နိုင်တယ်။
• အပေါင်းလက္ခဏာ ပြတာနဲ့ ဆက်စမ်းစရာ မလိုပါ။
• ဒီစမ်းသပ်ကရိယာဟာ ၉၉% စိတ်ချရတယ်။
• Cassettes အမျိုးအစားက Strips ထက်ကောင်းတယ်။
• အိန္ဒိယမှာ ၅ ခုပါ Cassette ကို ၁၄၅ဝ ရူးပီးပေးရတယ်။ ဆေးဘူးတခုထဲမှာ Cassette တခု၊ Pipette တခုနဲ့ အထားခံအောင် စမ်းရာမှာမလိုအပ်တဲ့ Desiccant ဆိုတာပါတယ်။
• ၃ မိနစ်နဲ့ အဖြေထွက်တယ်။

Dr. တင့်ဆွေ
၁၃-၂-၂ဝ၁၁

သဘာဝအတိုင်း ကိုယ်ဝန်ရရှိနိုင်သည့် နည်းလမ်းများ

ဝါကျွတ်ကာလ ရောက်ပြီမို့ မင်္ဂလာ ဆောင်မယ့်သူတွေ ဝမ်းသာနေကြ သလို အကြောင်းကြောင့် ကလေး မရနိုင်တဲ့သူ တွေဟာလည်း စိတ်မချမ်းမသာ ဖြစ်နေကြရမှာ အမှန်ပါပဲ။ ကလေးရရှိဖို့အတွက်လည်း ဖန်ပြွန် သန္ဓေသားနည်း အပါအဝင် နည်းမျိုးစုံနဲ့ ကြိုးစား နေတယ်လို့ သိရပါတယ်။ ဖန်ပြွန် သန္ဓေသားနည်းနဲ့ ကလေး ရရှိအောင် မပြုလုပ်ခင်မှာ သဘာဝအတိုင်း ကလေးရရှိဖို့ ကြိုးစား နိုင်အောင် နည်းလမ်း ကောင်းလေး တွေကို ဖော်ပြ ပေးလိုက်ပါတယ်။ ကလေး လိုချင်တဲ့ ဇနီးမောင်နှံ နှစ်ဦးဟာ အတူတူ နေကြပေမယ့် တစ်နှစ်အတွင်း ကလေး မရရှိနိုင်ခဲ့ရင် မျိုးမအောင်ဘူးလို့ သတ်မှတ်ပါတယ်။ အနောက်နိုင်ငံတွေမှာ ရှိတဲ့ လူဦးရေရဲ့ ၁၅ ရာခိုင်နှုန်းဟာ မျိုးမအောင်ဘူးလို့ သိရပါတယ်။ သဘာဝ နည်းအတိုင်း ကိုယ်ဝန် ရရှိနိုင်ဖို့ လင်မယား နှစ်ဦး စလုံးမှာ တာဝန်ရှိပြီး အောက်ပါ အချက်တွေနဲ့ ကိုက်ညီဖို့ လိုပါတယ်။

(က) ကျန်းမာရေးစစ်ဆေးမှုပြုလုပ်ခြင်း
ကလေး ရရှိနိုင်ဖို့ မိမိမှာ ရှိတဲ့ ရောဂါရဲ့ အခြေအနေ တွေနဲ့ မိမိ အသုံးပြုနေတဲ့ ဆေးဝါး တွေပေါ်မှာ နားလည်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ဆရာဝန်နဲ့ သေသေချာချာ စစ်ဆေးမှု ပြုလုပ် ရပါမယ်။

(ခ) မမျိုးဥကြွေချိန်ကို သိရှိခြင်း

သဘာဝ နည်းလမ်းအတိုင်း ကိုယ်ဝန်ရရှိနိုင်ဖို့ အမျိုးသမီး တစ်ယောက် အနေနဲ့ ဓမ္မတာ စက်ဝန်း အကြောင်းကို နားလည်ပြီး မျိုးဥကြွေတဲ့ အချိန်ကို သိရှိဖို့ အလွန် အရေးကြီးပါတယ်။ မမျိုးဥ ကြွေတာဟာ ပုံမှန်အားဖြင့် ဓမ္မတာ စတင် ပေါ်ပေါက်တဲ့ ပထမနေ့ရက်မှ ရေတွက် မယ်ဆိုရင် ၁၄ရက် မြောက်နေ့မှာ ဖြစ်လေ့ရှိတာမို့ ဇနီးမောင်နှံ အနေနဲ့ ဓမ္မတာ စတင် ပေါ်ပေါက်တဲ့နေ့မှ ရေတွက်ရင် ၁၂ ရက်နေ့မှ ၁၅ ရက်နေ့ကြားမှာ လိင် ဆက်ဆံမှု ပြုလုပ်ရင် သဘာဝအတိုင်း ကလေးရရှိဖို့ အခွင့်အလမ်း ပိုများပါတယ်။ အမျိုးသမီးတွေရဲ့ ဓမ္မတာစက် ဝန်းဟာ တစ်ယောက်နဲ့ တစ်ယောက် ကွဲပြားခြားနား တတ်တာမို့ မမျိုးဥကြွေချိန်ကို တိတိကျကျ တွက်ချက်နိုင်ဖို့ မမျိုးဥ ကြွေချိန်မှာ ဖြစ်ပေါ်တတ်တဲ့ အောက်ပါ လက္ခဏာ တွေကိုလည်း သိထား သင့်ပါတယ်။

၁။ ပြက္ခဒိန်မှာ မိမိဓမ္မတာ စတင်လာတဲ့ နေ့ရက်ကို မှတ်သားထားပါ။ ဒီလို ပြုလုပ်တာကြောင့် ကလေး ရရှိနိုင်ဖို့ လိင် ဆက်ဆံမှု ပြုလုပ်သင့်တဲ့ အကောင်းဆုံး ရက်ကို ရွေးချယ် နိုင်မှာပါ။
၂။ မိန်းမကိုယ်မှ ဆင်းလာတဲ့ အဖြူရည်ကို စစ်ဆေးပါ။ မမျိုးဥကြွေချိန်မှာ အဖြူရည်ဟာ ပျစ်ချွဲချွဲ မဟုတ်ဘဲ အကြည်ရောင် ဖြစ်နေပြီး ပုံမှန်ထက် အဖြူ ပိုဆင်း တတ်ပါတယ်။
၃။ မိန်းမကိုယ် အတွင်းကို စမ်းသပ် ကြည့်ပါ။ 

 မမျိုးဥကြွေချိန်မှာ သားအိမ် ခေါင်းဝဟာ ပုံမှန်ထက် ပိုပျော့ ပျောင်းပြီး ကျယ်နေတတ်ပါတယ်။
၎။ ဝမ်းဗိုက် အောက်ပိုင်းမှာ ရုတ်တရက် စူးပြီး အောင့်တတ်ပါတယ်။ ဝမ်းဗိုက်မှာ စူးပြီး နာကျင်တာ ဒါမှမဟုတ် ဘောင်းဘီမှာ သွေးအနည်းငယ် စွန်းနေတာဟာ မမျိုးဥကြွေတဲ့ လက္ခဏာပါ။
၅။ ခေါင်းကိုက်တာ၊ လေပွတာ၊ ရင်သား နာကျင်တာ တွေဟာလည်း မမျိုးဥ ကြွေတဲ့ လက္ခဏာ တွေပါ။

(ဂ) Sex အရည်အသွေး ကောင်းမွန်ခြင်း
Sex အရည်အသွေး ကောင်းမွန် တာဟာလည်း ကိုယ်ဝန်ရနိုင်တဲ့ အခွင့်အရေး ပိုများပါတယ်။ Sex နဲ့လုပ်နေစဉ်မှာ မိန်းမကိုယ်မှ ချောဆီ ဆင်းလာတာဟာလည်း ကလေးရနိုင်ဖို့ အခြေအနေ ပိုများပါတယ်။ ရောက်အောင် ကူးခပ်ဖို့ အကူအညီ ပေးနိုင်လို့ပါ။ ဒါကြောင့် စိတ်ကျေနပ်မှု ရအောင် အချိန်ပေးပြီး Sex ကိစ္စ ပြုလုပ် ရပါမယ်။ ဒါ့အပြင် ကမ္ဘာမြေကြီးရဲ့ ဆွဲငင်အားကို နားလည်ရပါမယ်။ လိင်ဆက်ဆံမှုဟာ ကမ္ဘာ မြေကြီးရဲ့ ဆွဲငင်အား ပြောင်းပြန် အနေအထား (ဥပမာ အမျိုးသမီးက အပေါ်ရောက်နေတာမျိုး) မပြုလုပ် ရပါဘူး။ အမျိုး သမီးက အိပ်လျက် အနေအထားဖြစ်ပြီး တင်ပါးအောက်မှာ ခေါင်းအုံး ခုထားတာဟာ သုက်ပိုးတွေ ခန္ဓာကိုယ်ထဲ ဝင်ရောက် နိုင်တဲ့ အကောင်းဆုံး အနေအထားပါ။

(ဃ) Sex လုပ်အပြီး ခန္ဓာကိုယ် အနေအထား မှန်ကန်အောင် နေခြင်း
သားအိမ်ထဲမှာ ရောက်နှင့်ပြီးသား သုက်ပိုးတွေ အပြင်ကို ပြန်မထွက်သွားဖို့ Sex လုပ်အပြီးမှာ ခန္ဓာကိုယ်ရဲ့ အနေအထား မှန်ကန်ဖို့ဟာလည်း အရေးကြီး ပါတယ်။ လိင်ဆက်ဆံမှု ပြုလုပ်ပြီးပြီးချင်း အိပ်ရာထဲမှာ လဲလျောင်းနေပါ။ ပြုလုပ်ပြီး မိနစ် ၃၀ အတွင်း အိမ်သာကို မသွားဖို့လည်း အရေးကြီး ပါတယ်။

(င) ကပ်ပယ်အိတ်ကို အေးအောင်ထားခြင်း
ကလေးရနိုင်ဖို့ အမျိုးသား အနေနဲ့လည်း မိမိရဲ့ သုက်ပိုး အရေအတွက်နဲ့ အရည်အသွေး ကောင်းမွန်ဖို့ လိုအပ်ပါ တယ်။အတွင်းခံ ဘောင်းဘီ ကျပ်ကျပ် ဝတ်မယ့်အစား လေဝင် လေထွက် ကောင်းမွန်နိုင်တဲ့ Boxerဘောင်းဘီ တွေကို ဝတ်ပေးတာကြောင့် သုက်ပိုးတွေ ပျက်စီးမှု မရှိနိုင်အောင် ကာကွယ်နိုင်ပါတယ်။ အဲဒီ ဘောင်းဘီ တွေဟာ ကပ်ပယ်အိတ် အတွင်း အပူချိန် လွန်ကဲမှု မဖြစ်အောင် ကာကွယ်နိုင်တဲ့ အတွက် သုက်ပိုးတွေ မပျက်စီးနိုင်လို့ပါ။ ဒါ့အပြင် သုက်ပိုး အရေအတွက် ပုံမှန်ထွက်ရှိအောင် အမျိုးသား တစ်ယောက်အနေနဲ့ သုံးရက်တစ်ကြိမ် သုက်လွှတ် သင့်ပါတယ်။

(စ) ကျန်းမာရေးနှင့် ညီညွတ်သော ဘဝ နေထိုင်မှုရှိခြင်း
အမျိုးသားနဲ့ အမျိုးသမီး နှစ်ဦးစလုံး အတွက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဘဝ နေထိုင်မှု ပုံစံရရှိတာဟာလည်း ကလေး ရရှိဖို့ အခွင့်အလမ်း ပိုများပါတယ်။ ဆေးလိပ် ဖြတ်ပါ။ အရက် မသောက်ပါနဲ့။ အပြည့်အဝ အနားယူပါ။ သကြား၊ ဂျုံဖြူနဲ့ ပြုလုပ်ထားတဲ့ အစားအစာ၊ အချိုရည်၊ ကဖင်း၊ အယ်လ်ကိုဟော၊ ထပ်ပြန်ကြော် ဆီတွေနဲ့ ပြုလုပ်ထားတဲ့ အစားအစာ၊ အချိုမှုန့်၊ ဆိုးဆေးနဲ့ ဆေးသကြားတွေကို ရှောင်ရပါမယ်။ ဒါ့အပြင် ပဲပိစပ်ထုတ် ကုန်တွေဟာ ဟော်မုန်းညီညွတ်မှုကို အနှောင့်အယှက်ပေးပြီး သိုင်းရွိုက် အကျိတ်ရဲ့ လုပ်ငန်း ဆောင်တာကို ချိုးနှိမ်တတ် တာကြောင့် များများ မစားသင့်ပါဘူး။ မျိုးရိုး ဗီဇပြုပြင်ထားတဲ့ အစားအစာတွေ ကိုလည်း ရှောင်သင့် ပါတယ်။ သင်စားတဲ့ အစားအစာတွေဟာ အာဟာရတန်ဖိုး မြင့်မားသင့်ပါတယ်။ ကယ်လိုရီပါဝင်မှု များပြီး အာဟာရ တန်ဖိုးနည်းတဲ့ အစားအစာတွေဟာ ကလေးရလိုသူတွေနဲ့ မသင့်တော်လှပါဘူး။ တချို့ လူတွေက ကလေးရဖို့အတွက် တိရစ္ဆာန်မှ ရရှိတဲ့ အဆီနဲ့ ကိုလက်စထရောများတဲ့ အစာတွေကို ရှောင်ခိုင်း တတ်ကြပါတယ်။ အမှန်မှာတော့ ကိုလက်စထရော အသင့်အတင့်ဟာ ခန္ဓာကိုယ်မှ အဆီတွေကို ချေဖျက်ဖို့နဲ့ လိင်ဟော်မုန်း ထုတ်လုပ်ဖို့ အပါအဝင် ခန္ဓာကိုယ်လုပ်ငန်းဆောင်တာ အများစုအတွက် လိုအပ်ပါတယ်။

(ဆ) စိတ်ဖိစီးမှုနည်းသော ဘဝကို ရရှိခြင်း
ကလေးရရှိနိုင်ဖို့ နောက်ဆုံးအချက် အနေနဲ့ စိတ်ဖိစီးမှု နည်းပါးတဲ့ ဘဝကို ရရှိဖို့ပါပဲ။ စိတ်ဖိစီးမှုနဲ့ ကိုယ်ဝန် ရရှိတာဟာ သိပ္ပံနည်းကျ ဆက်စပ်မှုမရှိပေမယ့် စိတ်ဖိစီးမှုကြောင့် ခန္ဓာကိုယ်တွင်းက စနစ်တွေ အားနည်း သွားတဲ့အတွက် ခန္ဓာကိုယ် လုပ်ငန်းတွေလည်း လျော့ကျ သွားပါတယ်။ စိတ်ဖိစီးမှုကြောင့် ဟော်မုန်း တွေကို ထိန်းချုပ်ထားတဲ့ ဦးနှောက် အစိတ်အပိုင်းကို ထိခိုက် နိုင်ပါတယ်။ အမျိုးသမီးတွေမှာ မမျိုးဥ ထွက်ရှိလာဖို့နဲ့ အမျိုးသားတွေရဲ့ တက်စတိုစတီရုန်း အဆင့်အတွက် ဟော်မုန်းတွေကို ဦးနှောက်မှ ထိန်း ချုပ်ထားပါတယ်။ စိတ်ဖိစီးမှု များလွန်းနေရင် ဓမ္မတာ စက်ဝန်း အတွင်း မမျိုးဥကြွေချိန် နောက်ကျတာ၊ ဒါမှမဟုတ် မမျိုးဥ လုံးဝ မကြွေတာတွေ ဖြစ်တတ်ပါတယ်။ Stress Induced Anovulation လို့ ခေါ်ပါတယ်။
မြ၀တီသတင်းဌာနမှကူးယူဖော်ပြသည်။

Twitter Delicious Facebook Digg Stumbleupon Favorites More