Pages - Menu

ဆန်လုံးညို(Brown Rice)

ဆန်ဖြူကို ကြိတ်ခွဲလိုက်တာကြောင့် ဗီတာမင် B3 ၆၇ ရာခိုင်နှုန်း၊ ဗီတာမင် B1 ၈၀ ရာခိုင်နှုန်း၊ ဗီတာမင် B6 ၉၀ ရာခိုင်နှုန်း၊ မဂ္ဂနီဆီယမ်တစ်ဝက်၊ ဖော့စ်ဖရပ်စ် တစ်ဝက်၊ သံဓာတ် ၆၀ ရာခိုင်နှုန်းနဲ့ အမျှင်ဓာတ်အားလုံး ဆုံးရှုံးသွားခဲ့ ပါတယ်။

သံလွင်ဆီ(Olive Oil)

သံလွင်ဆီမှာ ဗီတာမင် အေ၊ ဗီတာမင် ဘီဝမ်း၊ ဘီတူး၊ ဗီတာမင်စီ၊ ဒီ၊ အီးနဲ့ ကေစတဲ့ ဗီတာမင်ဓာတ်တွေ ပါဝင်ပြီး သံဓာတ်နဲ့ အိုမီဂါ ၉ လည်း ပါဝင်ပါတယ်။

ပြောင်းဖူး(Corn)

ပြောင်းဖူးမှာ ဗီတာမင်B1 ဗီတာမင်B5 ဗီတာမင်C ဗီတာမင်B9လို့ခေါ်ဖောလိတ် .....ပြောင်းဖူး၏ ကျန်းမာရေး အာနိသင် မှာဆက်ဖတ်ပါ....

ထောပတ်သီး(Avacado)

အာဟာရများကိုဖြည့်တင်းပေးနိုင်ရုံ သာမက သဘာဝမှရသောသကြား ဓာတ်ကိုထောက်ပံ့ပေးခြင်း၊ကိုယ် အလေးချိန်ကျဆင်းစေခြင်း၊အကျိုး ပြုကိုလက်စတီရောကိုတက်စေပြီး ဆိုးကျိုးပေးသောကိုလက်စတီရော ကိုကျဆင်းစေခြင်း စသည့်အချက်များ ကိုရရှိစေနိုင်သည်ဟု သိရသည်။ယခု လေ့လာမှုတွင် ဖော်ပြထားချက်အရ လေဖြတ်ခြင်းကိုပါ ထောပတ်သီးက ကာကွယ်ပေးနိုင်

လိမ္မော်သီး(Orange)

လိမ္မော်သီး၌ ဖိုင်ဘာမျှင်၊ သံဓာတ်၊ မီးစုန်းဓာတ်၊ ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်၊ ကြေးနီဓာတ်၊ သွပ်ဓာတ်၊ ဆလမ်နီယမ်၊ ကယ်လိုရီ၊ ကယ်လဆီယမ်ဒာတ်၊ဗီတာမင်စီ တို့ပါရှိသည်

မာလကာသီး(Guava)

မာလကာသီး တစ်လုံးတွင် ဗီတာမင်စီမှာ လိမ္မော်သီး တစ်လုံး၌ ပါရှိသည့် ဗီတာမင်စီ ပမာဏထက် ငါးဆခန့် ပိုများသည်။ မာလကာသီး၌ ဗီတာမင်စီ အပြင် အေနှင့် ဘီ၊ ကယ်လ်ဆီယမ်၊ ဖော့စပရပ်စ်၊ ပိုတက်ဆီယမ်၊ သံဓာတ်၊ ဖောလစ်အက်စစ်နှင့် အမျှင်ဓာတ်တို့ ပါဝင်သည်။ အများဆုံး ပါဝင်သော ဓာတ်များမှာ ဗီတာမင်စီ ၃၀၂ မီလီဂရမ်နှင့် ဗီတာမင် အေ ၂၅၀ မီလီဂရမ်တို့ ဖြစ်ကြသည်။ မာလကာသီးကို သီတင်း တစ်ပတ်လျှင် နှစ်လုံးခန့် စားသုံး သွားပါက သွေးတိုး ကျဆင်းစေပြီး နှလုံး ကျန်းမာရေးကို အထောက်အကူ ပြုကြောင်း အမေရိကန် သုတေသန ပညာရှင်များက ပြောကြားသည်။

***

***

***

***

***

***

***

***

***

***

Showing posts with label ပူစီနံ. Show all posts
Showing posts with label ပူစီနံ. Show all posts

23 Apr 2014

ပူစီနံရွက်၏ ဆေးဘက်ဝင်ပုံ .... ပူဒီနံ(၁၀) မျိုး

(၁) အသက်ရှု လမ်းကြောင်း ပိုးဝင်တဲ့အခါ ပူစီနံရွက်ကို ရှုပေးရင် သက်သာစေနိုင်ပါတယ်။
 နောက်တစ်နည်းကတော့၎င်းအရွက်ကို ရေနွေးထဲမှာထည့်ပြီး သောက်ပါက
 သွေးမပေါ်ချိန်မှာ ဖြစ်တတ်သော နာကျင်မူကို သက်သာစေနိုင်စွမ်း ရှိပါတယ်။

(၂) အစာအိမ်ရောင်ရမ်းခြင်း၊ ပါးစပ်တွင် အနာပေါက်ခြင်း ၊ သွားဖုံနာခြင်း ၊ သွားဖုံတွင် ပြည်တည်ခြင်းနှင့် သွေးထွက်ခြင်းစတာတွေ အတွက် ပူစီနံကို ခြေပြီး အရေကို သောက်သုံးပေးလိုက်ပါ။


(၃) အစာချေဖျက်မူကို အထောက်အကူပြုစေပြီး ခုခံအားကို မြှင့်တင်ပေးတဲ့ အပြင် အိုးမင်းရင့်ရော်မူကိုလည်း အပြည့်အဝ ကာကွယ်ပေးနိုင်ပါတယ်။


ကျော်လင်းနိုင်
ကျန်းမာရေးနှင့် အလှအပ သတင်းများ


အသုံးများသောပူဒီနံ(၁၀) မျိုး
 ပာင်းချက်နည်းများ FB

6 May 2013

ပူစီနံရွက်ကလေးရဲ့ ကျန်းမာရေးအာနိသင်


ပူစီနံရွက်ဟာ ပရုတ်အုပ်စုဝင်အပင်တစ်မျိုးဖြစ်ပြီး အနံ့သင်းပျံ့မှု၊ နွေးထွေးစေမှုနဲ့ အနည်းငယ်ခါးသက် တဲ့အရသာရှိပါတယ်။ အခြားဟင်း ချက်စရာ အရွက်တွေနဲ့မတူတာက ပူစီနံကို ဟင်းခတ်အမွှေးအကြိုင် အပြင် ဆေးအဖြစ်လည်း အသုံးပြုလို့ ရပါတယ်။

၁။ ဘက်တီးရီးယားနဲ့ မှိုပိုးတွေကို သေစေပါတယ်။နောက်ပြီး ကပ်ပါးပိုး ကြောင့်ဖြစ်တဲ့ ယောနိရောင်ရမ်းခြင်း၊ ပါးစပ်အနာပေါက်ခြင်းတွေကို သက် သာစေပါတယ်။

၂။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်တဲ့အတွက် အိုမင်းရင့်ရော်ခြင်း ကနေ ကာကွယ်ပေးပါတယ်။

၃။ ဗီတာမင်အေ၊ သံဓာတ်နဲ့ မက်ဂနီ ဆီယမ်တွေကြွယ်ဝစွာ ပါဝင်တဲ့အ တွက် ခုခံအားစနစ်ကို မြှင့်တင်ပေးနိုင် ပါတယ်။

၎။ ဗီတာမင်စီဓာတ် ပါဝင်မှုများတဲ့ အတွက် သွားဖုံးနာခြင်း၊ သွေးထွက် ခြင်း၊ သွားဖုံးပြည်တည်ခြင်းတွေမှာ ပူစီနံကိုချေထားတဲ့အရည်ကို သောက်သုံးပေးသင့်ပါတယ်။

၅။ အစာချေဖျက်ခြင်းကို အားပေးပြီး အစာအိမ်ရောင်ခြင်း၊ နာခြင်းတွေကို ကာကွယ်ပေးနိုင်တဲ့ thymolနဲ့ carvacol ဓာတ်တွေပါဝင်နေပါ တယ်။

၆။ အသက်ရှူလမ်းကြောင်း ပိုးဝင် ခြင်းမှာ ပူစီနံရွက်ကိုရှူပေးရင် သက် သာနိုင်ပြီး ရေနွေးနွေးမှာ ပူစီနံရွက် ကိုထည့်ပြီး သောက်သုံးပေးရင်သွေး မပေါ်ခင်ဖြစ်တတ်တဲ့ နာကျင်မှုကို သက်သာစေပါတယ်။

သက်နှင်း
Ref: Eurekalert

Twitter Delicious Facebook Digg Stumbleupon Favorites More