Pages - Menu

ဆန်လုံးညို(Brown Rice)

ဆန်ဖြူကို ကြိတ်ခွဲလိုက်တာကြောင့် ဗီတာမင် B3 ၆၇ ရာခိုင်နှုန်း၊ ဗီတာမင် B1 ၈၀ ရာခိုင်နှုန်း၊ ဗီတာမင် B6 ၉၀ ရာခိုင်နှုန်း၊ မဂ္ဂနီဆီယမ်တစ်ဝက်၊ ဖော့စ်ဖရပ်စ် တစ်ဝက်၊ သံဓာတ် ၆၀ ရာခိုင်နှုန်းနဲ့ အမျှင်ဓာတ်အားလုံး ဆုံးရှုံးသွားခဲ့ ပါတယ်။

သံလွင်ဆီ(Olive Oil)

သံလွင်ဆီမှာ ဗီတာမင် အေ၊ ဗီတာမင် ဘီဝမ်း၊ ဘီတူး၊ ဗီတာမင်စီ၊ ဒီ၊ အီးနဲ့ ကေစတဲ့ ဗီတာမင်ဓာတ်တွေ ပါဝင်ပြီး သံဓာတ်နဲ့ အိုမီဂါ ၉ လည်း ပါဝင်ပါတယ်။

ပြောင်းဖူး(Corn)

ပြောင်းဖူးမှာ ဗီတာမင်B1 ဗီတာမင်B5 ဗီတာမင်C ဗီတာမင်B9လို့ခေါ်ဖောလိတ် .....ပြောင်းဖူး၏ ကျန်းမာရေး အာနိသင် မှာဆက်ဖတ်ပါ....

ထောပတ်သီး(Avacado)

အာဟာရများကိုဖြည့်တင်းပေးနိုင်ရုံ သာမက သဘာဝမှရသောသကြား ဓာတ်ကိုထောက်ပံ့ပေးခြင်း၊ကိုယ် အလေးချိန်ကျဆင်းစေခြင်း၊အကျိုး ပြုကိုလက်စတီရောကိုတက်စေပြီး ဆိုးကျိုးပေးသောကိုလက်စတီရော ကိုကျဆင်းစေခြင်း စသည့်အချက်များ ကိုရရှိစေနိုင်သည်ဟု သိရသည်။ယခု လေ့လာမှုတွင် ဖော်ပြထားချက်အရ လေဖြတ်ခြင်းကိုပါ ထောပတ်သီးက ကာကွယ်ပေးနိုင်

လိမ္မော်သီး(Orange)

လိမ္မော်သီး၌ ဖိုင်ဘာမျှင်၊ သံဓာတ်၊ မီးစုန်းဓာတ်၊ ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်၊ ကြေးနီဓာတ်၊ သွပ်ဓာတ်၊ ဆလမ်နီယမ်၊ ကယ်လိုရီ၊ ကယ်လဆီယမ်ဒာတ်၊ဗီတာမင်စီ တို့ပါရှိသည်

မာလကာသီး(Guava)

မာလကာသီး တစ်လုံးတွင် ဗီတာမင်စီမှာ လိမ္မော်သီး တစ်လုံး၌ ပါရှိသည့် ဗီတာမင်စီ ပမာဏထက် ငါးဆခန့် ပိုများသည်။ မာလကာသီး၌ ဗီတာမင်စီ အပြင် အေနှင့် ဘီ၊ ကယ်လ်ဆီယမ်၊ ဖော့စပရပ်စ်၊ ပိုတက်ဆီယမ်၊ သံဓာတ်၊ ဖောလစ်အက်စစ်နှင့် အမျှင်ဓာတ်တို့ ပါဝင်သည်။ အများဆုံး ပါဝင်သော ဓာတ်များမှာ ဗီတာမင်စီ ၃၀၂ မီလီဂရမ်နှင့် ဗီတာမင် အေ ၂၅၀ မီလီဂရမ်တို့ ဖြစ်ကြသည်။ မာလကာသီးကို သီတင်း တစ်ပတ်လျှင် နှစ်လုံးခန့် စားသုံး သွားပါက သွေးတိုး ကျဆင်းစေပြီး နှလုံး ကျန်းမာရေးကို အထောက်အကူ ပြုကြောင်း အမေရိကန် သုတေသန ပညာရှင်များက ပြောကြားသည်။

***

***

***

***

***

***

***

***

***

***

Showing posts with label အမွှေးအကြိုင်. Show all posts
Showing posts with label အမွှေးအကြိုင်. Show all posts

30 Sept 2013

ဟင်းခတ်အမွှေးအကြိုင်များ၏ ကျန်းမာရေးအစွမ်းများ

ဟင်းခတ်အမွှေးအကြိုင်တွေ အသုံးပြုတာကြောင့် ဟင်းရဲ့အရသာကောင်းမွန်ပြီး ဟင်းအပြင်အဆင် လှပရုံသာမက သင့်အတွက် ကျန်းမာရေးကောင်းစေတဲ့ ဗီတာမင်၊ သတ္တုဓာတ်နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပါ ရရှိနိုင်ပါတယ်။ Phytochemicals နဲ့ antioxidant တွေလည်း ပါဝင်တဲ့အတွက် ကင်ဆာရောဂါနဲ့ နှလုံးရောဂါဖြစ်နိုင်ခြေတွေကို လျှော့ချပေးပါတယ်။ ဟင်းခတ်အမွှေးအကြိုင် အလိုက်ပါဝင်တဲ့ အာဟာရဓာတ်တွေကို ဖော်ပြပေးလိုက်ပါတယ်။

 ဆီသတ်ရွက်
 ဗီတာမင် A နဲ့ B၊ သံဓာတ်၊ ကယ်လ်စီယမ်နဲ့ ဖော့စ်ဖရပ်စ်တွေများစွာ ပါဝင်ပါတယ်။
ပင်စိမ်းရွက်
 ကယ်လ်စီယမ်၊ ဗီတာမင် A နဲ့ ဗီတာမင် C များစွာပါဝင်ပါတယ်။ ပင်စိမ်းရွက်မှာ ပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်သတ္တိတွေဟာ ပန်းသီး၊ လိမ္မောသီးနဲ့ ဘလူးဘယ်ရီသီးထက် ပိုမို အစွမ်းထက်ပါတယ်။

 ချင်း
ချင်းဟာ ဘက်တီးရီးယားကို တွန်းလှန်နိုင်ပါတယ်။ ရောင်ရမ်းမှုကို လျှော့ချနိုင်တဲ့အစွမ်းနဲ့ ဓာတ်တိုးဆန့်ကျင်တဲ့ အစွမ်းတွေ ရှိပါတယ်။ ချင်းဟာ ခေါင်းတစ်ခြမ်းကိုက်ရောဂါ ရနိုင်တဲ့ ဦးနှောက်သွေးကြောတွင်း ရောင်ရမ်းမှုဖြစ်စေတဲ့ Prostagladin ရဲ့ အကျိုးသက်ရောက်မှုကို ပိတ်ပင်ပေးပါတယ်။ ဒါကြောင့် migraine (ခေါင်းတစ်ခြမ်းကိုက်ဝေဒနာ) စတင်ခံစားရတာနဲ့ ချင်းဖျော်ရည်တစ်ခွက် သောက်လိုက်ရင် ဝေဒနာသက်သာ သွားနိုင်ပါတယ်။


နနွင်း

နနွင်းမှာ ဘက်တီးရီးယားကို တွန်းလှန်နိုင်တဲ့ ဂုဏ်သတ္တိ၊ ရောင်ရမ်းမှုကို တွန်းလှန်နိုင်တဲ့ ဂုဏ်သတ္တိနဲ့ ဓာတ်တိုးဆန့်ကျင့်နိုင်တဲ့ အစွမ်းသတ္တိတွေ ပါရှိပါတယ်။ အဆစ်ရောင်ရမ်းမှုကိုလည်း ပိတ်ပင်နိုင်တဲ့အတွက် အဆစ်ရောင်ရောဂါရှိသူတွေအတွက် အသုံးဝင်ပါတယ်။

ကြက်သွန်ဖြူ

မဂ္ဂနီးစ်၊ ဗီတာမင် B6 နဲ့ ဗီတာမင် C များစွာ ပါဝင်ပါတယ်။ ကြက်သွန်ဖြူမှာပါဝင်တဲ့ အနံ့ထွက်စေတဲ့ allicin ဒြပ်ပေါင်းဟာ ဘက်တီးရီးယားနဲ့ မှိုပိုးတွေ အပါအဝင် ပိုးမွှားတွေကို သေစေနိုင်တဲ့ အစွမ်းသတ္တိပါရှိသည်။ အအေးမိရောဂါနဲ့ တုပ်ကွေးရောဂါရှိသူတွေ စားသင့်ပါတယ်။

ပူစီနံ
ဗီတာမင် A နဲ့ ဗီတာမင် C တွေများစွာပါဝင်ပြီး ဓာတ်တိုးဆန့်ကျင့်ပစ္စည်းအဖြစ် ကင်ဆာကိုတွန်းလှန်နိုင်တဲ့ ပစ္စည်းအဖြစ် အသုံးဝင်ပါတယ်။ အမျှင်ဓာတ်နဲ့ ကယ်လ်စီယမ်တွေလည်း များစွာပါဝင်ပါတယ်။

နံနံပင်
နံနံပင်မှာ ဗီတာမင် A, B, C နဲ့ သံဓာတ်၊ ကယ်လ်စီယမ်ဓာတ်တွေအပြင် ဓာတ်တိုးဆန့်ကျင်စွမ်းအားတွေအတွက် Phytochemicals တွေ များစွာ ပါဝင်ပါတယ်။ ဝမ်းဗိုက်မကောင်းသူများအတွက် အထူးကောင်းမွန်ပါတယ်။

ကြက်သွန်မြိတ်

နံနံပင်နဲ့ အာဟာရပါဝင်မှု တူညီတဲ့အပြင် ကျန်းမာရေးအစွမ်းသတ္တိလည်း တူညီပါတယ်။ ကြက်သွန်နီ မိသားစုဝင်ဖြစ်တဲ့အတွက် မှိုပိုးကို တွန်းလှန်နိုင်တဲ့ ဆာလဖာဒြပ်ပေါင်းတွေ ပါဝင်ပါတယ်။
Ref: Good Health

source>>>http://natureenergycare.blogspot.com/2012/11/blog-post_5986.html#more

22 Sept 2013

ကျန်းမာရေးအတွက်ဟင်းခတ်အမွှေးအကြိုင်သုံးပါ

သင့်ကျန်းမာရေး ကောင်းမွန်အောင် ဟင်းခတ်အမွှေးအကြိုင် သုံးကြစို့

ဂျော်ဂျီယာ တက္ကသိုလ်မှ သုတေသန ပြုလုပ်ချက်အရ ဟင်းခတ်အမွှေးအကြိုင်တွေဟာ သင့်ကျန်းမာရေးအတွက် အလွန်အသုံးဝင်ကြောင်း သိရပါတယ်။ ဟင်းခတ်အမွှေးအကြိုင်ကို အများကြီး အသုံးပြုစရာ မလိုအပ်ပါဘူး။ ဟင်းတွေအပေါ် အနည်းငယ် ခတ်လိုက်တာနဲ့ ကျန်းမာရေးအတွက် ကြီးမားတဲ့ အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဟင်းခတ်အမွှေးအကြိုင်မှာ ပါဝင်တဲ့ လူ့ခန္ဓာကိုယ်အတွက် အကျိုးရှိ ဒြပ်ပေါင်းတွေဟာ သိပ်သည်းမှု ပြင်းအားများစွာ (Concentrated) ပါဝင်နေလို့ပါ။ သင့်ကျန်းမာရေးအတွက် ဟင်းခတ်အမွှေးအကြိုင်တွေ ဘယ်လို အကျိုးပြုနိုင်တယ်ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

လေးညှင်းပွင့်အသုံးပြုပြီး ကျန်းမာအောင်နေပါ

လေးညှင်းပွင့်မှာ Eugenol တွေ အများကြီး ပါဝင်ပါတယ်။ Eugenol ဟာ မှိုပိုးနဲ့ ဘက်တီးရီးယား ပိုးမွှားတွေကို သုတ်သင်နိုင်ပြီး ရောင်ရမ်းမှု လျော့ကျစေတဲ့ ဂုဏ်သတ္တိလည်းရှိတာမို့ သင့်ကို ဖျားနာခြင်း မဖြစ်ခင်မှာဘဲ ရောဂါပိုးမွှားတွေကို သေစေနိုင်ပါတယ်။ ဒါ့အပြင် သွေးခဲမှု မဖြစ်အောင်လည်း ကာကွယ်နိုင်ပြီး သွေးတွင်းမကောင်းတဲ့ ကိုလက်စထရောအဆင့်တွေ ကျဆင်းစေကာ ကောင်းတဲ့ ကိုလက်စရော အဆင့်တွေ မြင့်တက်စေ နိုင်ပါတယ်။

သစ်ကြံပိုးခေါက် အသုံးပြုပြီး ဆီးချိုရောဂါ၊ နှလုံးရောဂါနဲ့ လေဖြတ်တာကို ကာကွယ်ပါ

USDA က ပြုလုပ်တဲ့ နောက်ဆုံး သုတေသန ပြုလုပ်ချက်အရ သစ်ကြံပိုးခေါက်မှုန့်ကို နေ့စဉ် ထမင်းစားဇွန်း တစ်ဇွန်း အသုံးပြုသူတွေဟာ သွေးတွင်းသကြားအဆင့် ကျဆင်းနိုင်တာ၊ သဘာဝ အင်ဆူလင်ထုတ်လုပ်မှုကို ထိန်းချုပ်နိုင်တာနဲ့ ဆီးချိုမဖြစ်အောင် ကာကွယ်နိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် သွေးအတွင်း မကောင်းတဲ့ ကိုလက်စထရော အဆင့်မြင့်တက်မှုကို ၂၆ ရာခိုင်နှုန်းထိ လျှော့ချနိုင်ပြီး သွေးကြောအတွင်းရှိနေတဲ့ တခြားအဆီတွေကိုလည်း လျှော့ချကာ သွေးကြောတွင်း သွေးခဲမှု မဖြစ်အောင် ကာကွယ်နိုင်တယ်လို့ ဆိုပါတယ်။ သစ်ကြံပိုးခေါက်ရဲ့ လျှို့ဝှက်ချက်က သူ့မှာ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေ မျိုးစုံပါဝင်လို့ပါ။ ထမင်းစားဇွန်း တစ်ဇွန်းစာ သစ်ကြံပိုးခေါက်မှာ ပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေဟာ သလဲသီး ဖျော်ရည်တစ်ခွက် ဒါမှ မဟုတ် ဘလူးဘယ်ရီသီး ခွက်တစ်ဝက်စာ ပမာဏနဲ့ တူညီပါတယ်လို့ သုတေသန ပြုသူတွေက ဆိုပါတယ်။

ပင်စိမ်းရွက် (Sage) အသုံးပြုပြီး အယ်လ်ဇိုင်းမားရောဂါကို ကာကွယ်ပါ

လေ့လာမှု အသစ်တွေအရ ပင်စိမ်းရွက်ဟာ ဦးနှောက်စွမ်းအားကောင်းစေပြီး မှတ်ဉာဏ်မကျဆင်းအောင် ကာကွယ်နိုင်ကာ အယ်လ်ဇိုင်းမားနဲ့ သူငယ်ပြန်ရောဂါ (Dementia) ဖြစ်နိုင်ခြေနည်းအောင် လျှော့ချနိုင်တယ်လို့ ဆိုပါတယ်။ ပင်စိမ်းရွက်မှာ ပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေဟာ မှတ်ဉာဏ်မေ့လျော့တာကို ကာကွယ်ပြီး တက်ကြွမှု ရှိစေတဲ့ အာရုံကြော ဆက်သွယ်မှုကို (neurotrasmitter) ချိုးဖျက်နိုင်တဲ့ အင်ဇိုင်းတွေ ထုတ်လုပ်မှုကို နှေးကွေးစေနိုင်တာကြောင့်ပါလို့ သုတေသီတွေက ဆိုပါတယ်။

ငရုတ်သီးမှုန့် အသုံးပြုပြီး ဆာလောင်မှု လျော့အောင်လုပ်ပါ

အစာစားတာ လွန်ကဲမှုမဖြစ်အောင် သင်စားတဲ့အစာထဲ ငရုတ်သီးမှုန့် (chili pepper) ထည့်စားပါ။ Capsaicin ပါဝင်တဲ့ ငရုတ်သီးမှုန့် ပါဝင်တဲ့ဟင်းနဲ့ ထမင်းစားတာကြောင့် အစာစားချင်စိတ်ကို ချိုးနှိမ်တဲ့ GLP အဆင့်တွေ မြင့်တက်သွားပြီး အစာစားချင်စိတ်ကို လှုံ့ဆော်တဲ့ ghrelin အဆင့်တွေ ကျဆင်းသွားတာကြောင့် ဆာလောင်မှုတွေ လျော့ကျ သွားပါတယ်။

T i p s !

Purdue တက္ကသိုလ်မှ သုတေသန ပြုလုပ်ချက်အရ ငရုတ်သီးမှုန့်ဟာ သင်ရဲ့ ဇီဝရုပ်ဖြစ်ပျက်မှုကို လှုံ့ဆော်နိုင်တာကြောင့် ဝမ်းဗိုက်အဆီကို ပျော်ဝင် စေနိုင်ကြောင်း တွေ့ရှိခဲ့ပါတယ်။

ခရမ်းချဉ်သီးအနှစ် အသုံးပြုပြီး ကင်ဆာရောဂါကို ကာကွယ်ပါ

ခရမ်းချဉ်သီးမှာ ပါဝင်တဲ့ အစွမ်းထက် ဓာတ်တိုး ဆန့်ကျင်ပစ္စည်း Lycopene ဟာ ကင်ဆာမှအစပြုပြီး နှလုံးရောဂါအထိ ရောဂါအမျိုးမျိုးရဲ့ ဖြစ်နိုင်ခြေကို လျှော့ချနိုင်ပါတယ်။ ခရမ်းချဉ်သီးအနှစ်မှာ ပါဝင်တဲ့ Lycopene ပမာဏဟာ ရိုးရိုးခရမ်းချဉ်သီးမှာ ပါဝင်တာထက် သုံးဆပိုများပါတယ်။ ခရမ်းချဉ်သီးကို အဆီနဲ့ရောပြီး ချက်ထားရင် သင့်ခန္ဓာကိုယ်က Lycopene ကို စုပ်ယူမှု အကောင်းဆုံးမို့ပါ။

ဇာတိပ္ဖိုလ်သီး အသုံးပြုပြီး စိုးရိမ်စိတ်ကို လျှော့ချပါ

ဇာတိပ္ဖိုလ်သီးကို စားသုံးတာကြောင့် စိတ်ဖိစီးမှုတွေ လျော့သွားပြီး အိပ်စက်မှု ကောင်းမွန်စေနိုင်ပါတယ်။ ဇာတိပ္ဖိုလ်သီးမှာ ပါဝင်တဲ့ Phenylpropanoids ခေါ်တဲ့ ဒြပ်ပေါင်းဟာ အာရုံကြောစနစ်ကို အေးချမ်းစေပြီး ညသန်းခေါင် တစ်ရေးနိုးခြင်း မဖြစ်အောင် ကာကွယ်နိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။ ဒါ့အပြင် ဇာတိပ္ဖိုလ်သီးမှာ စိတ်ဖိစီးမှုကို လျှော့ချနိုင်တဲ့ ဗီတာမင် C နဲ့ ကယ်လ်စီယမ်တွေလည်း များစွာပါဝင်တယ်လို့ ဆိုပါတယ်။ ဇာတိပ္ဖိုလ်သီးကို စားရမှာ ခက်ခဲနေရင် Pumpkin pie (ရွှေပုစွန် ကိတ်မုန့်ဆိုင်မှာ ရောင်းတတ်ပါတယ်) ဝယ်စားပါ။ ကန်စွန်းဥ Sauce လုပ်ရာမှာ အသုံးပြုနိုင်သလို နွားနို့ပူပူထဲမှာလည်း အမှုန့်ကြိတ်ပြီး ထည့်သောက်လို့ရပါတယ်။

ဒေါက်တာ ခင်မိုးမိုး
BY GOOD HEALTH

Twitter Delicious Facebook Digg Stumbleupon Favorites More