Pages - Menu

ဆန်လုံးညို(Brown Rice)

ဆန်ဖြူကို ကြိတ်ခွဲလိုက်တာကြောင့် ဗီတာမင် B3 ၆၇ ရာခိုင်နှုန်း၊ ဗီတာမင် B1 ၈၀ ရာခိုင်နှုန်း၊ ဗီတာမင် B6 ၉၀ ရာခိုင်နှုန်း၊ မဂ္ဂနီဆီယမ်တစ်ဝက်၊ ဖော့စ်ဖရပ်စ် တစ်ဝက်၊ သံဓာတ် ၆၀ ရာခိုင်နှုန်းနဲ့ အမျှင်ဓာတ်အားလုံး ဆုံးရှုံးသွားခဲ့ ပါတယ်။

သံလွင်ဆီ(Olive Oil)

သံလွင်ဆီမှာ ဗီတာမင် အေ၊ ဗီတာမင် ဘီဝမ်း၊ ဘီတူး၊ ဗီတာမင်စီ၊ ဒီ၊ အီးနဲ့ ကေစတဲ့ ဗီတာမင်ဓာတ်တွေ ပါဝင်ပြီး သံဓာတ်နဲ့ အိုမီဂါ ၉ လည်း ပါဝင်ပါတယ်။

ပြောင်းဖူး(Corn)

ပြောင်းဖူးမှာ ဗီတာမင်B1 ဗီတာမင်B5 ဗီတာမင်C ဗီတာမင်B9လို့ခေါ်ဖောလိတ် .....ပြောင်းဖူး၏ ကျန်းမာရေး အာနိသင် မှာဆက်ဖတ်ပါ....

ထောပတ်သီး(Avacado)

အာဟာရများကိုဖြည့်တင်းပေးနိုင်ရုံ သာမက သဘာဝမှရသောသကြား ဓာတ်ကိုထောက်ပံ့ပေးခြင်း၊ကိုယ် အလေးချိန်ကျဆင်းစေခြင်း၊အကျိုး ပြုကိုလက်စတီရောကိုတက်စေပြီး ဆိုးကျိုးပေးသောကိုလက်စတီရော ကိုကျဆင်းစေခြင်း စသည့်အချက်များ ကိုရရှိစေနိုင်သည်ဟု သိရသည်။ယခု လေ့လာမှုတွင် ဖော်ပြထားချက်အရ လေဖြတ်ခြင်းကိုပါ ထောပတ်သီးက ကာကွယ်ပေးနိုင်

လိမ္မော်သီး(Orange)

လိမ္မော်သီး၌ ဖိုင်ဘာမျှင်၊ သံဓာတ်၊ မီးစုန်းဓာတ်၊ ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်၊ ကြေးနီဓာတ်၊ သွပ်ဓာတ်၊ ဆလမ်နီယမ်၊ ကယ်လိုရီ၊ ကယ်လဆီယမ်ဒာတ်၊ဗီတာမင်စီ တို့ပါရှိသည်

မာလကာသီး(Guava)

မာလကာသီး တစ်လုံးတွင် ဗီတာမင်စီမှာ လိမ္မော်သီး တစ်လုံး၌ ပါရှိသည့် ဗီတာမင်စီ ပမာဏထက် ငါးဆခန့် ပိုများသည်။ မာလကာသီး၌ ဗီတာမင်စီ အပြင် အေနှင့် ဘီ၊ ကယ်လ်ဆီယမ်၊ ဖော့စပရပ်စ်၊ ပိုတက်ဆီယမ်၊ သံဓာတ်၊ ဖောလစ်အက်စစ်နှင့် အမျှင်ဓာတ်တို့ ပါဝင်သည်။ အများဆုံး ပါဝင်သော ဓာတ်များမှာ ဗီတာမင်စီ ၃၀၂ မီလီဂရမ်နှင့် ဗီတာမင် အေ ၂၅၀ မီလီဂရမ်တို့ ဖြစ်ကြသည်။ မာလကာသီးကို သီတင်း တစ်ပတ်လျှင် နှစ်လုံးခန့် စားသုံး သွားပါက သွေးတိုး ကျဆင်းစေပြီး နှလုံး ကျန်းမာရေးကို အထောက်အကူ ပြုကြောင်း အမေရိကန် သုတေသန ပညာရှင်များက ပြောကြားသည်။

***

***

***

***

***

***

***

***

***

***

Showing posts with label ဖရဲသီး. Show all posts
Showing posts with label ဖရဲသီး. Show all posts

17 Jun 2014

လေကျင့်ခဏ်းပြင်းပြင်းလုပ်ပြီးနောက် ကြွက်သားများနာကျင်မှု ကို ပြေပျောက်စေ မယ့် ဖရဲသီးစိပ်လေးများ

တာဝေးအပြေးသမားတွေ နဲ့  အလေးမသမားတွေ လေ့ကျင့်ခဏ်းပြင်းပြင်း လုပ်ပြီးနောက် တနေ့ ရောက်တဲ့အခါ တကိုယ်လုံးရိုက် ထားခံရသလို၊ နုံးချိနာကျင်စွာခံစားရလေ့ရှိပါတယ်။ အဲဒီနာကျင်မှုတွေကို ပြေပျောက်စေမယ့် အကောင်းဆုံးသစ်သီးကတော့ အနီရောင် ဖရဲသီး စိပ်လေးတွေဖြစ်တယ်လို့  အမေရိကန်ထုတ် Journal of Agricultural and Food Chemistry မှာ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလက ဖော်ပြခဲ့ပါတယ်။

ဒီစမ်းသပ်ချက်ကို တာဝေးစက်ဘီးစီးသူ အမျိုးသား ၇ ဦးနဲ့  ၃-ရက် တိတိ စမ်းသပ်ခဲ့ခြင်းဖြစ်ပါ တယ်။ ပထမ ၂-ရက်မှာ တာဝေး စက်ဘီးမစီးခင် တနာရီကြိုတင်ပြီးတော့ ဖရဲသီးဖျော်ရည်ေ သာက်စေခဲ့ပါတယ်။ တတိယမြောက်နေ့ မှာတော့ placebo drink (ခေါ်)အရက်ပျော့နဲ့  နာ နတ်သီးစိပ်ရောဖျော်ထားတဲ့ ဖျော်ရည်သောက်စေခဲ့ပါတယ်။ (အဲဒီ အယ်လ်ကိုဟောလ် ပါဝင်မှု နည်းတဲ့  placebo drink ဖျော်ရည်က ကြွက်သားတွေနာကျင်မှုကိုသက်သာစေ တဲ့ ဆေး ရည် အဖြစ် ယနေ့ အမေရိကန်မှာ အားကစား သမားတွေ/Gym အားကစားလေ့ကျင့်ခန်းမေ တွမှာ ရေပန်းစားအကြိုက်တွေ့ နေကြပါတယ်)

စမ်းသပ်မှုရဲ့ ရလာဘ်အဖြေကတော့၊ placebo drink သောက်ပြီးနောက်တနေ့ မှာ ကြွက် သားတွေနာကျင်ကိုက်ခဲ နေသေးပေ မယ့်၊ ဖရဲသီးဖျော်ရည်သောက်ပြီး နောက်နေ့ တွေမှာတော့ နာကျင်ကိုက်ခဲမှုတွေ သိသိသာသာ လျော့နည်းသွားတယ်လို့  အဲဒီ အမျိုးသား ၇-ဦးစလုံးက အဖြေတူညီစွာ ထွက်ရှိလာပါတယ်။

ဘာကြောင့်ပါလဲ? ဖရဲသီးထဲမှာပါတဲ့ L-citrulline လို ခေါ့်တဲ့ အမိုင်နိုအက်ဆစ်တ မျိုးကြောင့် ပါဘဲ။ အဲဒီ အက်ဆစ်အစွမ်းက ခန္ဓာ ကိုယ်ကြီးတခုလုံးအနှံ့  ကြွက်သားတွေထဲ ကို အောက်စီ ဂျင်အရောက် ပို့ ဆောင်ပေးတာကြောင့်၊ နာကျင်မှုဝေဒနာတွေကို အချိန် တိုအတွင်းမှာပင် အလိုအလျောက် ကုသပေးနိုင်ခြင်းကြောင့် ဖြစ်ပါတယ်လို့ the Technical University of Cartagena မှ အစားအစာဗေဒ ပညာရှင် လက်ထောက်ပရော်ဖက်ဆာဖြစ်သူ ဒေါက်တာ Encarna Aguayo က ဆိုပါတယ်။

"အားကစားပြင်းပြင်း လုပ်သူတွေတင်မကပါဘူး၊ ကာယအားကိုးပြီး စီးပွားရှာနေကြရတဲ့ ကုန် ထမ်း သမားတွေ၊ နေပူစပ်ခါးသွားလာ လှုပ်ရှားနေရတဲ့ ခေါင်းရွက်ဖြတ်ထိုးဈေးသည်တွေပါ ဖရဲသီးများများစားသင့်ပါတယ်။ ကြွက်သားတွေ မနာကျင်စေတဲ့ အပြင် အပူရှပ်-ဖျားနာတာေ တွပါ မဖြစ်တော့ဘူးပေါ့ဗျာ၊ အဲ.. အမောပြေ ရေငတ်လည်းပြေစေတော့ သက်လုံကောင်းေ စတာပေါ့" လို့  ဒေါက်တာ Encarna Aguayo က ထပ်လောင်းအကြံပြုထားပါတယ်။

<<စာနာထောက်ထားစွာဖြင့် ဆောင်းပါးရှင်အမည်ကို ပြောင်းလဲခြင်း/ချန်လှပ်ထားခြင်းမျိုး မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည် >>

(ဆောင်းပါးရှင်...ပေါက်ပေါက်.. .မျှဝေသည်)
(ကိုးကား…Women's Health on 9th Dec '13)
--
promise.pauk
(ရိုးသားမှုသည်တခါတရံ၌ရှုံးနိမ့်စေတတ်၏။သို့ သော်တစ်သက်လုံးကားလိပ်ပြာလုံစေတော့၏။)

14 Oct 2013

ဖရဲသီး ဖျော်ရည် အစွမ်း

  အားကစား လုပ်ပြီးချိန်တွင် ခံစားရသည့် ကြွက်သားတောင့်တင်း နာကျင်မှု သက်သာစေရန်

ဖရဲသီး ဖျော်ရည်သောက်ပါဟု လေ့လာမှု အသစ်က တိုက်တွန်းလိုက်သည်။

      ဖရဲသီးတွင် ပါဝင်သည့် အမိုင်နိုအက်ဆစ် L - citrulline သည် အားကစားသမားများ၏ နာကျင်မှု

ခံစားရချိန်ကို လျော့ကျစေပြီး သက်လုံကောင်းမွန်စေခြင်းကြောင့် ဖြစ်ကြောင်း လေ့လာသူတို့က ယုံကြည်

ကြသည်။


     နွေရာသီတွင် ရေပန်းစားသည့် ဖရဲသီးဖျော်ရည်ကို အားကစားသမားများ နှစ်ခြိုက်စွာ သောက်သုံး

လေ့ရှိသည်။ စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာ ဂျာနယ် မှတ်တမ်းတစ်ခု၌ ဖရဲသီးတွင် အက်တီအောက်ဆီးဒင့်

ဂုဏ်သတ္တိရှိပြီး ကြွက်သားတွင် ပရိုတင်းဓာတ် ပြည့်ဝစေရန်နှင့် အားကစားသမားများ သက်လုံကောင်း

စေရန် အားပေးကြောင်း ဖေါ်ပြပြီး ဖြစ်သည်။

    သို့ရာတွင် ဖရဲသီးတွင်  L - citrulline ပါဝင်သဖြင့် ကြွက်သားတောင့်တင်း နာကျင်မှု သက်သာ

စေကြောင်းကိုမူ ယခု ပထမဆုံးအကြိမ် တွေ့ရှိခြင်း ဖြစ်သည်။

        လေ့ကျင့်ခန်း မလုပ်မီ တစ်နာရီအလိုတွင် L - citrulline မပါသော ဖျော်ရည်နှင့် L - citrulline

ပါသည့် ဖျော်ရည်တို့အား တိုက်ကျွေးခဲ့ရာ L - citrulline ပါသည့် ဖျော်ရည် သောက်သူတို့သည်

ကြွက်သားတောင့်တင်း နာကျင်မှု သိသိသာသာ သက်သာလျော့ပါးမှု ရှိကြောင်း လေ့လာ တွေ့ရှိ

ရသည်။

    အကြောင်းမှာ L - citrulline သည် လက်တစ်အက်ဆစ် ဖယ်ရှားမှု ဖြစ်စဉ်ကို မြန်ဆန်စေ၍ ဖြစ်

ကြောင်း လက်တစ် အက်ဆစ် စုပုံခြင်းသည် ကြွက်သား ပူစပ်ပူလောင် ဖြစ်ခြင်းနှင့် နာကျင်မှုကို

 ဖြစ်စေကြောင်း သိရသည်။

          ထို့ပြင် ဖရဲသီးကို ပုံမှန်စားလျှင် ကိုယ်အလေးချိန် မြင့်တက်မှုကို ထိန်းချုပ်နှိုင်ကြောင်းနှင့်

 သွေးကြော တွင်း၌ အဆီခဲ စုပုံမှုကို လျော့နည်းစေနိုင်ကြောင်း ကိုလည်း တွေ့ရှိရကြောင်း လေ့လာ

သူတို့က ရှင်းပြထားသည်။


ZKO

Ref: ပြည်မြန်မာ ဂျာနယ် ( ၂၂ . ၈ . ၂၀၁၃ )

30 Sept 2013

ဖရဲသီးကပေးတဲ့ ကျန်းမာရေး နှင့် အလှအပ အကျိုးအမျိုးမျိုး

ဖရဲသီးဟာ ရာသီပေါ် အသီးအနှံဖြစ်ပြီး မြန်မာပြည်သူပြည်သားတွေ အများဆုံး စားသုံးကြတဲ့ သွားရည်စာတစ်မျိုး ဖြစ်ပါတယ်။ မာတ်တွိန်းကတောင် ဖရဲသီးကို စားတဲ့သူဟာ နတ်သားတွေ ဘာစားတယ် ဆိုတာ သိလာလိမ့်မယ်ဆိုပြီး ဖရဲသီးဂုဏ်ကို ချီးမြောက်ခဲ့ပါတယ်။ ဖရဲသီးဟာ နတ်သားတွေ စားသုံးတဲ့သစ်သီးဖြစ်ရုံမက နတ်သမီးလေးဖြစ်အောင်ပါ ဘယ်လို စားသုံးသင့်တယ်ဆိုတဲ့အကြောင်းကို တင်ဆက်စရာ သစ်သီးအလှအဖြစ် ဖော်ပြလိုက်ရပါတယ်။

 မှတ်ဉာဏ်ကောင်းစေတယ် 

မြင်းခွာရွက်မှ မှတ်ဉာဏ်ကောင်းတာ မဟုတ်ဘူးနော်။ ဖရဲသီးဟာလည်း လူကို မှတ်ဉာဏ်ကောင်း စေတယ်။ ဖရဲသီးအစေ့ကို အခွံခွာပြီး လေး၊ ငါးလုံးလောက် မနက် ဘာမှမစားရသေးခင် စားပေးပါ။ ကျောင်းသူ ကျောင်းသားတွေ စားသုံးပေးသင့်ပါတယ်။ မှတ်ဉာဏ်ကောင်းစေပါတယ်။ ဖရဲသီးအစေ့မှာ ပရိုတင်း၊ အက်မီနိုအက်ဆစ်၊ ဗီတာမင်ဘီ၊ သံဓာတ်၊ ဇင့်ဓာတ်နဲ့ တခြားဓာတ်တွေ ပါဝင်ပါတယ်။ ဒါ့အပြင် ညဘက်အိပ်မပျော်ခြင်း၊ လွယ်ကူစွာ အိပ်မရခြင်း၊ ခဏ ခဏ သတိမေ့လျော့ခြင်းများအတွက် ဖရဲသီးဟာ အကောင်းဆုံး မှတ်ဉာဏ်တိုးဆေးပဲ ဖြစ်ပါတယ်။

ဝမ်းချုပ်တာကာကွယ် 

ဖရဲသီးကို နေ့လယ်စာနဲ့ ညစာစားပြီးအချိန် စားသုံးပေးရင် ဝမ်းချုပ်ခြင်းမှ ကာကွယ် ပေးပါတယ်။ ဖျားနေရင် ဖရဲသီးကို ဒီအတိုင်းသော်လည်းကောင်း၊ အရည်သော် လည်းကောင်း သောက်သုံးပေးပါ။ ချောင်းခြောက်ဆိုးနေရင် ဆားခပ်ပြီး သောက်ပေးပါ။

ခေါင်းကိုက်၊ ကျောက်ကပ် 

ခေါင်းကိုက်နေရင် ဖရဲသီးဖျော်ရည်ကို မနက်ပိုင်း ဘာမှမစားရသေးခင် သောက်ပေးပါ။ သကြားတစ်ဇွန်း (လက်ဖက်ရည်ဇွန်း) နဲ့ ခပ်ပြီး သောက်ပေးပါ။ ဖရဲသီးကို အရည်ပဲဖြစ်ဖြစ်၊ ဒီအတိုင်းပဲဖြစ်ဖြစ် စားသုံးပေးပါက ကျောက်ကပ်ကို သန့်စင်စေပါတယ်။ ဂျိုးတွေကျစေ ပါတယ်။ ကွမ်းစားလို့ ကျောက်ကပ်မှာ ထုံးတွေတည်နေတာတွေ ကျစေပါတယ်။

သွေးတိုးအတွက်

သွေးတိုးသမားတွေအတွက် ဖရဲသီးအစေ့ကို ဖျော်ရည်လုပ်ပြီး သောက်ပေးရပါမယ်။ ဖရဲသီးအစေ့ကို နေလှန်းပြီး တစ်ရက်ထားပါ။ ပြီးရင် လက်ဖက်ရည်ဇွန်း (၂)ဇွန်းစာ အစေ့တွေကိုယူပြီး ရေနွေးနဲ့ တစ်နာရီလောက် ပြုတ်ပေးပါ။ သုံးပုံတစ်ပုံကျန်မှ အရည်နဲ့စစ်ပြီး အဲဒီ့အရည်ကို မနက်တိုင်း ဘာအစာမှ မစားရသေးခင် သောက်သုံးပေး ရပါမယ်။ ကျန်တဲ့ နေ့ခင်းဘက်အချိန်တွေ သောက်ရင်လည်း ရပါတယ်။ မနက်ပိုင်း ဘာအစာမှ မစားရသေးခင် သောက်တာဟာ အကောင်းဆုံး အကျိုးသက်ရောက်မှု ရှိစေပါတယ်။

ဖရဲသီး Diet လုပ်နည်း 

ဖရဲသီးဟာ ဝိတ်ကျစေတဲ့ သစ်သီးတစ်မျိုး ဖြစ်ပါတယ်။ ဖရဲသီးတစ်ခွက်မှာ ကယ်လိုရီ ၄၆ ရှိပါတယ်။ ဖရဲသီးဖျော်ရည်ကို များများသောက်ပြီး ရေများများသောက်ပေးရင် သိသိသာသာ ဝိတ်ကျလာစေပါတယ်။ တခြား ဘေးထွက်ဆိုးကျိုးများ မရှိတဲ့အတွက် စိတ်ချလက်ချ စားသုံးနိုင်ပါတယ်။ ဖရဲသီးကို ဘယ်လောက်စားသုံးပေးရမလဲဆိုတော့ ကိုယ်ဘယ်လောက် ဝိတ်မြန်မြန်ချချင်တယ်ဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ သာမန်အား ဖြင့်တော့ ကယ်လိုရီ ၁၅၀ စားသုံးပေးရမှာ ဖြစ်ပါတယ်။ ဖရဲသီးကို မနက်စာ မစားခင် အချိန်၊ နေ့လယ်စာမစားခင် တစ်ခွက်နဲ့ ညနေစာမစားခင် တစ်ခွက် သောက်ပေးပါ။ သွားရည်စာအဖြစ်လည်း စားသုံးပေးပါ။ ဖရဲသီးထဲမှာပါတဲ့ သကြားဓာတ်ဟာ ဘေးဘယာမဖြစ်စေပါဘူး။

အကောင်းဆုံး Toner 

ဖရဲသီးဟာ သဘာဝအကောင်းဆုံး Toner တစ်ခုပဲဖြစ်ပါတယ်။ ဖရဲသီးအရည်ကို ပျားရည်နဲ့ရောပြီး ခြောက်သွေ့တဲ့ အသားအရေပိုင်ရှင်တွေအတွက် လိမ်းပေးနိုင်ပါတယ်။ အဆီပြန်တဲ့အသားအရေအတွက် ဖရဲသီးအရည်နဲ့တင် လိမ်းပေးနိုင်ပါတယ်။ သဘာဝ Toner ဖြစ်ပြီး မျက်နှာအရေပြားအတွက်လည်း လိမ်းပေးနိုင်ပါသေးတယ်။ လိမ်းမည် ဆိုပါက အရင်ဆုံး ပိတ်ဖြူသန့်တစ်စအပေါ် ဖရဲသီးအရည်ဆွတ်ပြီး မျက်နှာကို လိမ်းပေးပါ။ လည်ပင်းနေရာတွေကိုပါ လိမ်းပေးရမှာ ဖြစ်ပါတယ်။ အသားအရေကို တင်းရင်းစေတယ်။ စိုပြည်စေပါတယ်။ ဗီတာမင်စီ၊ ဗီတာမင်အေတို့ ပါဝင်တဲ့အတွက် အသားအရေကို တောက်ပရွှန်းလဲ့စေပါတယ်။ အရေပြားပေါ်က ပျက်စီးနေတဲ့ဆဲလ်တွေကို ပြုပြင်ပေးပြီး အသစ်ပြန်လည် ဖြည့်ဆည်းပေးပါတယ်။

ဖရဲသီးနဲ့ မျက်နှာပေါင်းတင်မယ် 

ဖရဲသီးကို ညှစ်ပြီး အဖတ်ကို မျက်နှာနဲ့ လည်ပင်းနေရာတွေကို လိမ်းပေးပါ။ ၁၅ မိနစ်လောက်ထားပြီး မျက်နှာကို ပြန်ဆေးပေးပါ။ ဒါက ရိုးရိုးနည်းဖြစ်ပါတယ်။ မျက်နှာမှာ နေလောင်ဒဏ်တွေ၊ နေပူထဲ ခဏ ခဏသွားရတဲ့ မျက်နှာမည်းညစ်နေတဲ့သူဆိုရင်တော့ ဖရဲသီးနဲ့ သခွားသီးကို အချိုးကျညှစ်ပြီး အဖတ်နဲ့လိမ်းပေးရမှာ ဖြစ်ပါတယ်။ မိနစ် ၂၀ လောက်ထားပြီးမှ ရေနဲ့ပြန်ဆေးပေးပါ။ သာမန်အသားအရေအတွက် ဖရဲသီး ပေါင်းတင် နည်းဟာ အရေပြားကို နူးညံ့ရွှန်းစိုလာစေပြီး နေလောင်ဒဏ် အသားအရေများအတွက် မည်းညစ်နေတာတွေ ပျောက်ကင်းပြီး ရှင်းသန့်လာစေပါတယ်။

နွေဦးအစားအစာ 

ပူအိုက်တဲ့ရာသီမှာ စားသုံးသင့်တဲ့ အသီးတစ်မျိုးပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဖရဲသီးမှာ ရေဓာတ်အများကြီး ပါပါတယ်။ ၉၂ ရာခိုင်နှုန်း ပါဝင်ပါတယ်။ ရေကိုဒီအတိုင်းကြီး သောက်တာထက် ဖရဲသီးကို စားပေးတာဟာ အရသာလည်းရှိ၊ ရေငတ်လည်းပြေပါတယ်။ ကိုယ်အတွင်းရှိ အဆိပ်ဖြစ်စေမယ့် အရာတွေကို ရှင်းပေးပါတယ်။

ပုရိသတို့စားသုံးသင့်တဲ့ ဖရဲသီး 

ဖရဲသီးဟာ ယောက်ျားကာမအားတိုးစေတယ်လို့ သိပ္ပံပညာရှင်များစွာက သက်သေထူနိုင်ခဲ့ ကြပါတယ်။ ယောက်ျားအယောက် ၅၀ ကို လေ့လာဆန်းစစ်တဲ့အခါမှာ ကာမအား သိသိသာသာ တိုးလာကြောင်း တွေ့ရှိရပါတယ်။ ဖရဲသီးမှာ Citrulline ဓာတ်တွေ အများကြီးရှိပါတယ်။ လေ့လာတွေ့ရှိချက်များအရ လုံလောက်တဲ့ Crtrulline ရရှိရန် ဖရဲသီးခြောက်စိတ် (သို့) ခုနှစ်စိတ်ကို နေ့စဉ်စားသုံးပေးရန် လိုအပ်ကြောင်း သိရှိရပါတယ်။
Ref: 8 Days Journal

shared by >>>http://natureenergycare.blogspot.com/2012/10/blog-post_2103.html#more

15 Nov 2012

ဖရဲသီးတိုနာပြုလုပ်နည်းများ

 (၁) ဖရဲသီးအရည် ထမင်းစားဇွန်း ၂-၃ ဇွန်း၊ ဘရန်ဒီဝီစကီ ထမင်းစားဇွန်း တစ်ဇွန်း၊ ဆေးဖက်ဝင် သစ်ခေါက်ရည် ထမင်စားဇွန်း နှစ်ဇွန်း၊ ရေသန့်ထမင်းစားဇွန်း နှစ်ဇွန်း၊ အားလုံးကို စုပေါင်းပြီးမွှေပါ။ မျက်နှာကို အရင်ဆုံးသန့်စင်ထားပါ။ အဲဒီနောက် ရလာတဲ့ ဖရဲသီးတိုနာကို ဂွမ်းစနဲ့ တို့ယူပြီး မျက်နှာပေါ် ညင်သာစွာ ပွတ်လိမ်းပေးပါ။ မိနစ်အနည်းငယ်လောက်ထားပြီး ကြက်သီးနွေးရေနဲ့ မျက်နှာသစ်ပေးပါ။

(၂)ဖရဲသီးTonerရဲ့ပါဝင်ပစ္စည်းတွေအားလုံးကိုစုဖို့အခက်အခဲရှိတယ်ဆိုရင်တော့ ဆေးဖက်ဝင်သစ်ခေါက်ရည် လက်ဖက်ရည်ဇွန်း နှစ်ဇွန်းနဲ့ ရေသန့်အနည်းငယ်ရှိရုံနဲ့လည်း ပြုလုပ်နိုင်ပါတယ်။ ဖရဲသီးစိတ်လေးတွေကို အစေ့မဖယ်ဘဲ မွှေစက်ထဲမှာ သစ်ခေါက်ရည်နဲ့ ရေရောပြီးမွှေပါ။ ဖရဲစေ့မှာ Omega-6 နဲ့ Omega-9 မရှိမဖြစ် အဆီဓာတ်တွေပါဝင်ပြီး အဲဒီအဆီဓာတ်တွေက အရေပြားရဲ့အတွင်းပိုင်းထိ အလွယ်တကူ ထိုးဖောက် ဝင်ရောက်နိုင်ပါတယ်။



(၃) သင့်မျက်နှာက အဆီပြန်တတ်ရင်တော့ ဖရဲသီးအရည်အနည်းငယ်၊ ဘရန်ဒီဝီစကီနဲ့ ရေ ထမင်းစားဇွန်း နှစ်ဇွန်းစီ ထည့်မွှေပြီး မျက်နှာပေါ် သုတ်လိမ်းပေးပါ။ မျက်နှာပေါ်က အဆီတွေကို ဖယ်ရှားပေးပါတယ်။

(၄) ဖရဲသီးအရည်တစ်မျိုးတည်းကို မျက်နှာပေါ် တိုက်ရိုက် သုတ်လိမ်းနိုင်ပါသေးတယ်။ ဖရဲသီးအရည်ကို ဂွမ်းစနဲ့ မျက်နှာပေါ်မှာ သုတ်လိမ်းပြီး ခြောက်အောင် ခဏထားပါ။ ပြီးနောက် မျက်နှာသစ်ပါ။

(၅) ဖရဲသီးအရည်ကို သံပရာရည် အနည်းငယ်နဲ့ရောပြီးလည်း မျက်နှာပေါ် ဂွမ်းစ အသုံးပြုကာ သုတ်လိမ်းနိုင်ပါတယ်။ ခဏထားပြီး ခြောက်သွားပါက သင်လက်ခံနိုင်ရုံ ရေနွေးနွေးနဲ့ ဆေးကြောပေးပါ။

(၆) ဖရဲသီးအတွင်းသားကို ကြိတ်ခြေပြီးရလာတဲ့ အဖတ်တွေကို သင့်မျက်နှာနဲ့ လည်ပင်းတစ်လျှောက် ကပ်ပေးပါ။ ၁၅ မိနစ်လောက်ထားပြီး မျက်နှာသန့်စင်ပေးပါ။ သင့်အသားအရေကို အေးမြစေကာ၊ ကြည်လင်သန့်ရှင်းစေပြီး အရွယ်တင် နုပျိုစေပါတယ်။



(၇) သင့်မျက်နှာမှာ နေလောင်ဒဏ်ရာတွေပါ ရှိနေရင်တော့ ဖရဲသီးအတွင်းသားနဲ့ သခွားသီးအတွင်းသားတွေကိုဆတူရောပြီး ကြိတ်ခြေပါ။ ရလာတဲ့ အရောအနှောအဖတ်တွေကို မျက်နှာပေါ်သုတ်လိမ်းပြီး မိနစ် ၂၀ လောက်ထားပါ။ အဲဒီနောက် ရေနဲ့သန့်စင် ဆေးကြောပါ။ နေလောင်ဒဏ်ရာတွေကို သက်သာစေပြီး အသားအရေ ဖြူဝင်းလှပစေပါတယ်။ ဖုန်တွေနဲ့ မျက်နှာကထွက်တဲ့ အဆီတွေရောပြီး ချွေးပေါက်ပိတ်တာကိုလည်း ကောင်းမွန်စေပါတယ်။
(၈) နောက်ဆုံးတစ်နည်းကတော့ ဖရဲသီး၊ ငှက်ပျောသီး၊သဘောင်္သီးနဲ့ကုံကုမံရွက်တွေကု ရောနှောပြီး ရလာတဲ့အရောအနှော အဖတ်တွေကို လိမ်းပေးပါ။ အဲဒီနောက် မျက်နှာပေါ်ကို ပျားရည်သုတ်လိမ်းပြီး နာရီဝက်ကြာတဲ့အခါ မျက်နှာသန့်စင်ပေးပါ။ သန့်စင်ထားတဲ့ မျက်နှာပေါ်မှာ ဂျုံမှုန့်ကို စက်ဝိုင်းပုံသဏ္ဌာန် နှိပ်နယ်ပြီး သုတ်လိမ်းပေးပါ။
 အဟဲ အသားအရည်လေးတွေလှပစေဖို့ ဆေးနည်းလေး ပေးချင်ပါတယ်။ ဒါ့ကြောင့် Good Health ဂျာနယ်မှာ အလင်း(ဆေးဝါး)ရေးထားတာတွေ့လို့ သူငယ်ချင်းတို့ အတွက်ကောက်နူတ်ပြီး မျှဝေပေးလိုက်ပါတယ်နော်...

 natureenergycare



Twitter Delicious Facebook Digg Stumbleupon Favorites More