Pages - Menu

ဆန်လုံးညို(Brown Rice)

ဆန်ဖြူကို ကြိတ်ခွဲလိုက်တာကြောင့် ဗီတာမင် B3 ၆၇ ရာခိုင်နှုန်း၊ ဗီတာမင် B1 ၈၀ ရာခိုင်နှုန်း၊ ဗီတာမင် B6 ၉၀ ရာခိုင်နှုန်း၊ မဂ္ဂနီဆီယမ်တစ်ဝက်၊ ဖော့စ်ဖရပ်စ် တစ်ဝက်၊ သံဓာတ် ၆၀ ရာခိုင်နှုန်းနဲ့ အမျှင်ဓာတ်အားလုံး ဆုံးရှုံးသွားခဲ့ ပါတယ်။

သံလွင်ဆီ(Olive Oil)

သံလွင်ဆီမှာ ဗီတာမင် အေ၊ ဗီတာမင် ဘီဝမ်း၊ ဘီတူး၊ ဗီတာမင်စီ၊ ဒီ၊ အီးနဲ့ ကေစတဲ့ ဗီတာမင်ဓာတ်တွေ ပါဝင်ပြီး သံဓာတ်နဲ့ အိုမီဂါ ၉ လည်း ပါဝင်ပါတယ်။

ပြောင်းဖူး(Corn)

ပြောင်းဖူးမှာ ဗီတာမင်B1 ဗီတာမင်B5 ဗီတာမင်C ဗီတာမင်B9လို့ခေါ်ဖောလိတ် .....ပြောင်းဖူး၏ ကျန်းမာရေး အာနိသင် မှာဆက်ဖတ်ပါ....

ထောပတ်သီး(Avacado)

အာဟာရများကိုဖြည့်တင်းပေးနိုင်ရုံ သာမက သဘာဝမှရသောသကြား ဓာတ်ကိုထောက်ပံ့ပေးခြင်း၊ကိုယ် အလေးချိန်ကျဆင်းစေခြင်း၊အကျိုး ပြုကိုလက်စတီရောကိုတက်စေပြီး ဆိုးကျိုးပေးသောကိုလက်စတီရော ကိုကျဆင်းစေခြင်း စသည့်အချက်များ ကိုရရှိစေနိုင်သည်ဟု သိရသည်။ယခု လေ့လာမှုတွင် ဖော်ပြထားချက်အရ လေဖြတ်ခြင်းကိုပါ ထောပတ်သီးက ကာကွယ်ပေးနိုင်

လိမ္မော်သီး(Orange)

လိမ္မော်သီး၌ ဖိုင်ဘာမျှင်၊ သံဓာတ်၊ မီးစုန်းဓာတ်၊ ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်၊ ကြေးနီဓာတ်၊ သွပ်ဓာတ်၊ ဆလမ်နီယမ်၊ ကယ်လိုရီ၊ ကယ်လဆီယမ်ဒာတ်၊ဗီတာမင်စီ တို့ပါရှိသည်

မာလကာသီး(Guava)

မာလကာသီး တစ်လုံးတွင် ဗီတာမင်စီမှာ လိမ္မော်သီး တစ်လုံး၌ ပါရှိသည့် ဗီတာမင်စီ ပမာဏထက် ငါးဆခန့် ပိုများသည်။ မာလကာသီး၌ ဗီတာမင်စီ အပြင် အေနှင့် ဘီ၊ ကယ်လ်ဆီယမ်၊ ဖော့စပရပ်စ်၊ ပိုတက်ဆီယမ်၊ သံဓာတ်၊ ဖောလစ်အက်စစ်နှင့် အမျှင်ဓာတ်တို့ ပါဝင်သည်။ အများဆုံး ပါဝင်သော ဓာတ်များမှာ ဗီတာမင်စီ ၃၀၂ မီလီဂရမ်နှင့် ဗီတာမင် အေ ၂၅၀ မီလီဂရမ်တို့ ဖြစ်ကြသည်။ မာလကာသီးကို သီတင်း တစ်ပတ်လျှင် နှစ်လုံးခန့် စားသုံး သွားပါက သွေးတိုး ကျဆင်းစေပြီး နှလုံး ကျန်းမာရေးကို အထောက်အကူ ပြုကြောင်း အမေရိကန် သုတေသန ပညာရှင်များက ပြောကြားသည်။

***

***

***

***

***

***

***

***

***

***

Showing posts with label ခရမ်းချဉ်သီး. Show all posts
Showing posts with label ခရမ်းချဉ်သီး. Show all posts

26 Jan 2014

ခရမ်းချဉ်သီး

ခရမ်းချဉ်သီးဟာ ကမ္ဘာတစ်ဝန်းမှာ စိုက်ပျိုးထုတ်လုပ်
စားသုံးမှုပမာဏအများဆုံး ဟင်းသီးဖြစ်ပါတယ်။
ခရမ်းချဉ်သီးရဲ့ဇာတိဟာ မက္ကစီကိုနိုင်ငံဖြစ်ပြီး အမေရိကတိုက်ကို
စပိန်တွေ ကိုလိုနီပြုခဲ့တဲ့နောက်ပိုင်းမှာ ဥရောပနှင့် ကမ္ဘာအရပ်ရပ်ကို
ပျံ့နှံ့သွားတယ်လို့ဆိုပါတယ်။ လူတွေစားသုံးနိုင်တဲ့ အခြားအပင်တွေ၊
အသီးတွေလိုပဲ အလေ့ကျပေါက်နေတဲ့ ခရမ်းချဉ်သီးပင်အရိုင်းတွေကို
လူတွေက မျိုးယူပြီး စိုက်ပျိုးစားသုံးခဲ့ကြတာပါ။
ဘယ်ခေတ်ဘယ်ကာလကတည်းက စတင်စိုက်ပျိုးစားသုံးခဲ့ကြတယ်ဆိုတာ
တိတိကျကျတော့ မပြောနိုင်ပါဘူး။ ခရစ်တော်မပေါ်မီ
နှစ်ပေါင်း ၅၀၀ (BC 500) လောက်ကတည်းက မက္ကစီကိုမှာ
ခရမ်းချဉ်သီးစိုက်ပျိုးခဲ့တဲ့ အထောက်အထားတွေ တွေ့ရပါတယ်။
စပိန်တွေနှင့်အတူ မက္ကစီကိုမှ ခရမ်းချဉ်သီးမျိုးတွေ ဥရောပကို
ရောက်လာတာဟာ အေဒီ ၁၄၉၀ နှင့် ၁၅၂၀ ခုနှစ်ကြားမှာ
ဖြစ်နိုင်ပါတယ်။ ဥရောပစာပေတွေထဲမှာ ခရမ်းချဉ်သီးအကြောင်း
ရေးထားတာကို ၁၅၄၄ ခုနှစ်မှာ အစောဆုံးတွေ့ရပါတယ်။
Pietro Andrea Mattioli ဆိုသူ အီတလီလူမျိုး ရုက္ခဗေဒပညာရှင်က
ခရမ်းချဉ်သီးကို မှည့်သွားရင် ကြက်သွေးရောင်နီသွားတဲ့၊
ဒါမှမဟုတ် ရွှေရောင်ဝင်းဝါသွားတဲ့ ခရမ်းသီး (Eggplant)အသစ်တစ်မျိုးလို့
သရုပ်ဖော် ရေးသားခဲ့ခြင်း ဖြစ်ပါတယ်။

အမေရိကတိုက် အလယ်ပိုင်းဒေသကို စပိန်တွေ ကိုလိုနီပြုပြီးတဲ့နောက်မှာ
ခရမ်းချဉ်သီးဟာ ကရစ်ဗီယံ Caribbean တစ်ဝိုက် ပျံ့နှံ့သွားသလို
ပစိဖိတ်သမုဒ္ဒရာထဲက ဖိလစ်ပိုင်ကျွန်းစုကို ကိုလိုနီ ပြုပြီးတဲ့နောက်မှာလည်း
စပိန်တို့နှင့်အတူ ခရမ်းချဉ်သီးတွေ ရောက်လာရာက အရှေ့အာရှ၊
အရှေ့တောင်အာရှဒေသနှင့် အာရှတစ်တိုက်လုံး ပျံ့နှံ့သွားတယ်လို့ ဆိုပါတယ်။

ခုဆိုရင် ခရမ်းချဉ်သီးကို ကမ္ဘာတစ်ဝန်း နိုင်ငံတိုင်းလိုလိုမှာ
စိုက်ပျိုးစားသုံးလျက်ရှိပါတယ်။ ရာသီဥတုပြင်းတဲ့ ဒေသတွေမှာပင်
ဖန်လုံအိမ်တွေထဲထည့်ပြီး စိုက်ပျိုးကြတာရှိပါတယ်။ ၂၀၁၁ ခုနှစ်အတွင်း
ကမ္ဘာတစ်ဝန်းခရမ်းချဉ်သီး စိုက်ပျိုးထုတ်လုပ်မှုအများဆုံး ၁၀ နိုင်ငံကို
အများအနည်း အစီအစဉ်အလိုက် ပုံပါ ဇယား (၁) မှာ တွေ့နိုင်ပါတယ်။

ခရမ်းချဉ်သီးကို မချက်မပြုတ်ဘဲ အစိမ်းလိုက် နှစ်နှစ်ခြိုက်ခြိုက် စားတတ်သူတွေ
အများအပြား ရှိပါတယ်။ အနံ့ကလေးသင်းနေအောင် မီးဖုတ်ပြီး သုတ်စားမယ်
ဆိုရင်လည်း ခရမ်းချဉ်သီးသုပ်ဟာ ထမင်းမြိန်စေတဲ့ ဟင်းတစ်ခွက်ဖြစ်ပါတယ်။

လူမျိုးအသီးသီးတို့ဟာ မိမိတို့ရိုးရာဓလေ့အတိုင်း ချက်ပြုတ်စားသောက်တဲ့
ဟင်းလျာတွေမှာ ခရမ်းချဉ်သီးကို အသုံးပြုပုံတွေက စုံလင်လှပါတယ်။
ချက်ပြုတ်ကြော်လှော်စားရတဲ့ ဟင်းလျာအမျိုးမျိုးမှာရော၊
ချက်ပြုတ်စရာမလိုတဲ့ ဟင်းသီးဟင်းရွက်သုပ်လို အစားအစာတွေမှာပါ
ထည့်သွင်းတတ်ကြပါတယ်။ ခရမ်းချဉ်သီးဆော့စ် (Tomato Sauce)ဆိုတာလည်း
ကမ္ဘာအနှံ့ လူကြိုက်အလွန်များတဲ့ အစာမျိုးဖြစ်ပါတယ်။

ခရမ်းချဉ်သီးပေါ်ချိန်မှာ လတ်လတ်ဆတ်ဆတ်အသီးတွေကို
ဖျော်ရည်အဖြစ် အရသာရှိရှိ သုံးဆောင်နိုင်သလို၊ ဆယ့်နှစ်ရာသီ
အချိန်မရွေး သောက်သုံးနိုင်အောင် စီမံထားတဲ့ ခရမ်းချဉ်သီးစည်သွတ်ဖျော်ရည်
ဘူးတွေလည်း ရှိပါတယ်။

ခရမ်းချဉ်သီး၏ အာဟာရ
...................................
ခရမ်းချဉ်သီးမှည့် ၁၀၀ ဂရမ်မှာပါဝင်တဲ့ အာဟာရဓာတ်အမျိုးမျိုးကို
အောက်မှာ ဇယားနဲ့ဖော်ပြထားပါတယ်။ ၁၀၀ ဂရမ်ဟာ သုံးအောင်စခွဲခန့်
သို့မဟုတ် မြန်မာအလေးချိန် ခြောက်ကျပ်တစ်မတ်သားခန့် ရှိပါတယ်။

ဇယား (၂)

ရုက္ခဗေဒသဘောအရ ခရမ်းချဉ်သီးဟာ သစ်သီး (Fruit)တစ်မျိုးဖြစ်ပေမယ့်
ချက်ရေးပြုတ်ရာကိစ္စ (Culinary Purposes) တွေမှာ အသုံးဝင်ပုံအရ ခရမ်းချဉ်သီးဟာ
ဟင်းသီးဟင်းရွက် (Vegetables) အုပ်စုထဲမှာ အကျုံးဝင်တဲ့
ဟင်းသီးတစ်မျိုးသာဖြစ်ပါတယ်။ ပညာရှင်တွေ ဘယ်လိုပဲ သတ်မှတ်သတ်မှတ်၊
ခရမ်းချဉ်သီးဟာ စားသုံးသူတွေကို အာဟာရဖြစ်စေ၊ ကျန်းမာစေတဲ့
အစာမျိုးဖြစ်တယ်ဆိုတာ သိထားဖို့ ပိုပြီးအရေးကြီးမယ် ထင်ပါတယ်။
ခရမ်းချဉ်သီးမှာပါတဲ့ အာဟာရဓာတ် အမြောက်အများထဲက
ဘေတာကယ်ရိုတင်း (Betacarotene) နှင့် ဗီတာမင်စီ (Vitamin C) ဆိုတဲ့
ဗီတာမင်နှစ်မျိုးနှင့် ပိုတက်စီယမ် (Potassium)ဆိုတဲ့ သတ္တုအာဟာရဓာတ်
အကြောင်းကို သေသေချာချာ သိထားသင့်ပါတယ်။

အာဟာရအမျိုးမျိုးကြွယ်ဝပြီး ကျန်းမာရေးအတွက်အလွန်ကောင်းတဲ့
ခရမ်းချဉ်သီးကို Eating Well (စားကြမယ်ဟေ့ ကောင်းကောင်း)မဂ္ဂဇင်းက
၁၉၉၇ ခုနှစ်အတွက် စံပြဟင်းသီး (Vegetable Of The Year) အဖြစ်
သတ်မှတ်ခဲ့ပါတယ်။ ခရမ်းချဉ်သီးဟာ ဗီတာမင်အေ၊ ဗီတာမင်စီ၊ ပိုတက်စီယမ်
အစရှိတဲ့အာဟာရတွေအပြင်၊ လိုင်ကိုပင်း (Lycopene) ဆိုတဲ့ ဓာတ်ပေါင်းကြောင့်
သိပ္ပံ ပညာရှင်တွေရဲ့ အာရုံစိုက်ခြင်းကို ခံခဲ့ရပါတယ်။

ဘေတာကယ်ရိုတင်း (Beta Carotene)
.....................................................
မမှည့်မီက အစိမ်းရောင်ရှိတဲ့ ခရမ်းချဉ်သီးဟာ မှည့်လာတဲ့အခါ
အ၀ါရောင်မျိုးက ရွှေလိုဝင်းလာသလို အနီရောင်မျိုးကလည်း
ကြက်သွေးလိုနီလာပါတယ်။ ဟင်းသီးဟင်းရွက် သစ်သီးဝလံတွေကို
အစိမ်းရောင်၊ အ၀ါရောင်၊ အနီရောင်ဖြစ်စေတဲ့ ကယ်ရိုတင်း (Carotene) လို့ခေါ်တဲ့
ဓာတ်ပေါင်းတွေရှိပါတယ်။

ကယ်ရိုတင်း အမျိုးပေါင်းများစွာရှိတဲ့အနက် အာဟာရနှင့် ဆက်စပ်ပြီး
လူသိအများဆုံးက ဘေတာကယ်
ရိုတင်းဖြစ်ပါတယ်။ သရက်သီးမှည့်၊ သင်္ဘောသီးမှည့်
တွေ ၀ါနေတာ၊ ရွှေဝါကန်စွန်းဥ၊ ရွှေဖရုံသီး၊ မုန်လာဥ၀ါတို့
အ၀ါရောင်ဖြစ်နေတာ၊ ကင်းပုံရွက်၊ ဟင်းနု နယ်ရွက်စတဲ့
အရွက်တွေစိမ်းနေတာ ဘေတာကယ်ရိုတင်းရဲ့ လက်ချက်ပါပါတယ်။
ဘေတာကယ်ရိုတင်းဟာ ခန္ဓာကိုယ်ထဲမှာ ဗီတာမင်အေအဖြစ်
ပြောင်းသွားတာကြောင့် ဗီတာမင်အေလောင်းလျာ (Pro-vitamin A) လို့
သိထားကြပါတယ်။ ဗီတာမင်အေချို့တဲ့မှုကြောင့် မျက်စိမှာ ကြက်မျက်သင့်ရောဂါ၊
အပြင်တိမ်ရောဂါတွေ မဖြစ်အောင်၊ ကိုယ်ခံစွမ်းအားကောင်းအောင်
ဗီတာမင်အေ ကြွယ်ဝတဲ့ အသည်း၊ နို့၊ ဥ စတဲ့အစားအစာတွေအပြင်
ဘေတာကယ်ရိုတင်းကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက် သစ်သီးဝလံတွေ
များများစားဖို့ ပညာရှင်တွေက တိုက်တွန်းကြပါတယ်။ ဗီတာမင်အေ
အာနိသင်နဲ့ပတ်သက်လို့ ပြောမယ်ဆိုရင် အသည်း၊ နို့၊ ဥ စတဲ့
အစားအစာတွေထဲက ဗီတာမင်အေက ဟင်းသီးဟင်းရွက်၊
သစ်သီးဝလံတွေထဲက ဘေတာကယ်ရိုတင်းထက်
သာတယ်လို့ဆိုနိုင်ပေမယ့် ဘေတာကယ်ရိုတင်းရဲ့
ထူးခြားတဲ့အရည်အသွေးတစ်ခုက ခန္ဓာကိုယ်ရုပ်ကလာပ်စည်းတွေကို
အောက်စီဂျင်ဓာတ်တိုးပျက်စီးခြင်းအန္တရာယ်မှ ကာကွယ်ပေးနိုင်တဲ့
အင်တီအောက်စီဒင့် (Anti-oxidant) အာနိသင်ရှိခြင်းဖြစ်ပါတယ်။
ဒါကြောင့် သက်ကြီးရွယ်အိုတွေအတွက် ဟင်းသီးဟင်းရွက်
သစ်သီးဝလံတွေကရတဲ့ ဘေတာကယ်ရိုတင်းဟာ အသည်း၊ နို့၊
ဥ စတဲ့အစား အစာတွေကရတဲ့ ဗီတာမင်အေထက် ပိုပြီးသင့်လျော်တယ်လို့
အာဟာရပညာရှင်တွေက ပြောကြပါတယ်။

ခရမ်းချဉ်သီးမှာပါတဲ့ ဗီတာမင်စီအကြောင်းကိုတော့ လူသိများပါတယ်။
သွား၊ သွားဖုံးနှင့် အရိုးတွေကို ကျန်းမာကြံ့ခိုင်စေတယ်၊ အနာနှင့်
ဒဏ်ရာတွေကို မြန်မြန်ကျက်စေတယ်၊ ရောဂါခုခံစွမ်းအားကို
ကောင်းစေတယ်၊ အင်တီအောက်စီဒင့်အာနိသင်ရှိတဲ့
ဗီတာမင်တစ်မျိုးဖြစ်တယ်ဆိုတာတွေ ဖြစ်ပါတယ်။

ခရမ်းချဉ်သီးဟာ ပိုတက်စီယမ်အကြွယ်ဝဆုံး အသီးတစ်မျိုးဖြစ်တယ်ဆိုတာ
မမေ့သင့်ပါဘူး။ ပိုတက်စီယမ်ဟာ ဟင်းသီးဟင်းရွက် သစ်သီးဝလံတွေမှာ
ပါတယ်ဆိုတာ လူအတော်များများ သိကြပေမယ့် တကယ်တမ်း
အားကိုးရလောက်အောင် များများစားစားပါတဲ့ အသီးတွေက ငှက်ပျောသီး၊
ထောပတ်သီးနှင့် ခရမ်းချဉ်သီးတို့သာဖြစ်ပါတယ်။ အခြားအသီးတွေမှာ
ဒီလောက်များများ မပါပါဘူး။ ဆိုဒီယမ်မှာ သွေးပေါင်တက်စေတဲ့
အာနိသင်ရှိတာကို လူအများသိကြပေမယ့် ပိုတက်စီယမ်က သွေးပေါင်ကို
ထိန်းနိုင်တယ်ဆိုတာ လူသိနည်းပါတယ်။ ပိုတက်စီယမ်ကြွယ်ဝတဲ့
ဟင်းသီးဟင်းရွက် သစ်သီးဝလံတွေ များများစားသုံးခြင်းဟာ
အရိုးတွေထဲက ထုံးဓာတ်ဆုံးရှုံးမှုကို နည်းစေတဲ့အတွက် အရိုးတွေ
ကြံ့ခိုင်ပြီး အရိုးပါးအရိုးပွရောဂါကြောင့် အရိုးကျိုးခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။

လိုင်ကိုပင်း(Lycopene)
...................................
ခရမ်းချဉ်သီးမှာပါတဲ့ လိုင်ကိုပင်း (Lycopene)ဟာ ကယ်ရိုတင်းတွေနှင့်
သဘောချင်းတူတဲ့ ကယ်ရော့တင်နွိုက် (Carotenoid) ဓာတ်ပေါင်းတစ်မျိုးဖြစ်ပါတယ်။
လူပေါင်း ၄၇၀၀၀ မကပါဝင်တဲ့ သုတေသနတစ်ခုအရ ခရမ်းချဉ်သီး သို့မဟုတ်
ခရမ်းချဉ်သီးနှင့်ပြုလုပ်တဲ့ အစားအစာတွေကို ရက်သတ္တတစ်ပတ်မှာ
၁၀ ကြိမ်ထက်မနည်း စားသုံးသူအမျိုးသားတွေဟာ ဆီးကျိတ် (Prostate)ကင်ဆာ
ဖြစ်နိုင်တဲ့အန္တရာယ် တစ်ဝက်လောက် လျော့သွားနိုင်တယ်လို့ သိရပါတယ်။
ဒါဟာ လိုင်ကိုပင်းရဲ့ အင်တီအောက်စီဒင့် အာနိသင်ကြောင့် ဖြစ်နိုင်ပါတယ်။
လိုင်ကိုပင်းဟာ လူရဲ့အရေပြားကို နေရောင်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်ရဲ့ဒဏ်မှ
ကာကွယ်ပေးနိုင်တယ်လို့လည်း သိရပါတယ်။ မန်ချက်စတာနှင့်
နယူးကာဆယ်တက္ကသိုလ်တွေမှာ ပြုလုပ်ခဲ့တဲ့ သုတေသနတွေအရ
လိုင်ကိုပင်းဟာ အရေပြားကို နေလောင်ခြင်းမှ ကာကွယ်ပေးနိုင်ပြီး
အရေပြားကို နုမွတ်ချောမွေ့စေတယ်ဆိုတာ တွေ့ရပါတယ်။
ခရမ်းချဉ်သီး စားသုံးမှုဟာ ရင်သားကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ၊
အရေပြားကင်ဆာ၊ ဆီးအိမ်ကင်ဆာတို့ကိုလည်း ကာကွယ်ပေးနိုင်တယ်လို့
ပြောသူတွေလည်းရှိပါတယ်။ ခုခါမှာ ရိုးရိုးခရမ်းချဉ်သီးထက်
ဗီတာမင်စီနှစ်ဆပိုများတဲ့ အမျိုးအစား (Doublerich)၊ ဗီတာမင်အေ
အဆ ၄၀ ပါဝင်တဲ့အမျိုးအစား (97L97)၊ အင်တီအောက်စီဒင့်အာနိသင်ရှိတဲ့
Anthocyanin ဓာတ်ပေါင်း အလွန်ကြွယ်ဝတဲ့ အပြာရောင်
ခရမ်းချဉ်သီးအမျိုးအစား၊ လိုင်ကိုပင်း ၂ ဆမှ ၄ ဆထိ
ပိုများတဲ့အမျိုးအစားတွေ ပေါ်ပေါက်နေပြီလို့ သိရပါတယ်။

ခရမ်းချဉ်သီးစားရာမှာ သတိထားစရာ
...................................................
ခရမ်းချဉ်သီးဟာ Nightshade Family ဆိုတဲ့ အပင် မိသားစုမျိုးနွယ်မှာ
ပါဝင်ပါတယ်။ Nightshade မိသားစုထဲမှာ ခရမ်းသီး၊ အာလူးနှင့်
ငရုတ်သီးတို့လည်း ပါဝင်ပါတယ်။ Nightshade မိသားစုဝင်
အခြားဟင်းသီးတွေဖြစ်တဲ့ ခရမ်းသီး၊ အာလူးတို့လိုပဲ ခရမ်းချဉ်သီးရဲ့
အရွက်၊ ပင်စည်နှင့် မမှည့်သေးတဲ့အသီးတွေမှာ အဆိပ်သင့် (Toxic) ဖြစ်နိုင်တဲ့
Solanine ဆိုတဲ့ အယ်လ်ကာလွိုက် (Alkaloid) ဓာတ်ပေါင်းတစ်မျိုး ပါဝင်ပါတယ်။
အာလူးမှာလောက်တော့ မများပါဘူး။ ခရမ်းချဉ်သီးမှာ ဥပဒ်ပေးနိုင်တဲ့
Tomatine ဆိုတဲ့ အယ်လ်ကာလွိုက် ဓာတ်ပေါင်းတစ်မျိုး အနည်းအကျဉ်း
ပါဝင်နေပါတယ်။ အယ်လ်ကာလွိုက် ဓာတ်ပေါင်းတွေဟာ
တော်ရုံသင့်ရုံ စားမိလို့ ဥပဒ်မဖြစ်နိုင်ပေမယ့် အလွန်အကျွံစားမိရင်
အန္တရာယ်ရှိနိုင်ပါတယ်။ ခရမ်းချဉ်ပင်ရဲ့အရွက်ကို လက်ဖက်ခြောက်လိုခပ်ပြီး
သောက်နေတဲ့အတွက် လူသေဆုံးဖူးတယ်ဆိုတဲ့ မှတ်တမ်းရှိပါတယ်။
ခရမ်းချဉ်သီး၊ ခရမ်းချဉ်ပင်တို့ကို အများအပြားစားမိတဲ့ ခွေးတွေမှာလည်း
ဥပဒ်ဖြစ်နိုင်တာကို တွေ့ရပါတယ်။

ခရမ်းချဉ်သီးကို လတ်လတ်ဆတ်ဆတ်မစားဘဲ ရက်ကြာမြင့်စွာထားရင်
အထဲမှာ အပင်ပေါက်နေနိုင်ပါတယ်။ ခရမ်းချဉ်စေ့လေးတွေဟာ
ခရမ်းချဉ်သီးရဲ့ အတွင်းပိုင်းမှာရှိနေပြီး အမှည့်လွန် ပျော့ရွဲလာတော့မှ
အပင်ပေါက်တတ်ပါတယ်။ ခရမ်းချဉ်သီးအစေ့ကပေါက်လာတဲ့
အပင်ပေါက်ကလေးတွေဟာ စားရင် အဆိပ်သင့်နိုင်ပါတယ်။
အပင်ပေါက်ကလေးတွေနှင့် အစေ့တွေကို မစားသင့်ပါဘူး။
အဲဒါတွေကိုဖယ်ပစ်ပြီး ကျန်တဲ့အသားကို စားမယ်ဆိုရင် စားလို့ရပါတယ်။
အနံ့အရသာတော့ ကောင်းမှာမဟုတ်ပါဘူး။ အနံ့အရသာလည်းမကောင်း၊
ဥပဒ်လည်းဖြစ်နိုင်တာမို့ အဲဒီအသီးမျိုးကို လွှင့်ပစ်လိုက်တာ အကောင်းဆုံးပါပဲ။

ခရမ်းချဉ်သီးနှင့် ကူးစက်ရောဂါ
...........................................
ဝမ်းနှင့်ပတ်သက်တဲ့ ကူးစက်ရောဂါတွေထဲမှာ Salmonella ဆိုတဲ့
ဗက်တီးရီးယားတွေကြောင့်ဖြစ်တဲ့ ရောဂါတွေဟာ ထင်ရှားပါတယ်။
လူသိများတဲ့ တိုက်ဖိုက် (Typhoid) ခေါ် အူရောင်ငန်းဖျားရောဂါဟာ
Salmonella ကြောင့်ဖြစ်တဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။
အစာအဆိပ်သင့်ခြင်းကိုဖြစ်စေတဲ့ Salmonella တွေလည်းရှိပါတယ်။
Salmonella ကြောင့် လူအမြောက်အများမှာ ၀မ်းပျက်ဝမ်းလျှောရောဂါ
ဖြစ်ရတာမျိုးလည်းရှိပါတယ်။ Salmonellosis လို့ခေါ်ပါတယ်။
Salmonellosis အခြေအနေအချို့ဟာ ခရမ်းချဉ်သီးစားသုံးမှုနှင့်
နှီးနွယ်ပတ်သက်နေတာ တွေ့ရပါတယ်။ မသန့်ရှင်းတဲ့ ခရမ်းချဉ်သီးတွေက
Salmonella ဗက်တီးရီးယားတွေကို သယ်ဆောင်ထားလို့ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ ပြည်နယ် ၁၈ ခုမှာ ၂၀၀၆ ခုနှစ်အတွင်း
Salmonella ဗက်တီးရီးယားကြောင့် လူ ၁၇၂ ယောက်
ဝမ်းပျက်ဝမ်းလျှောဖြစ်ခဲ့တာဟာ ခရမ်းချဉ်သီးစားသုံးမှုနှင့်
ပတ်သက်ခဲ့နိုင်ပါတယ်လို့ ကူးစက်ရောဂါ ကာကွယ်ထိန်းသိမ်းရေး
ဗဟိုဌာန U.S. Centers for Disease Control and Prevention (CDC) က
၃၀-၁၀-၂၀၀၆ နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ ၁၉၉၀ ပြည့်နှစ်နောက်ပိုင်း
အမေရိကန်ပြည်ထောင်စုမှာဖြစ်ခဲ့တဲ့ Salmonellosis ကူးစက်ရောဂါ
တွေထဲမှာ ၉ ခုဟာ ခရမ်းချဉ်သီးစားသုံးမှုနှင့် ပတ်သက်ခဲ့တယ်လို့
ဆိုပါတယ်။ ၂၀၀၈ ခုနှစ်ကလည်း Salmonellosis ကူးစက်ရောဂါကြောင့်
အမေရိကန်ပြည် တစ်ဝန်းသာမက ကနေဒါနိုင်ငံက ဒေသအချို့မှာပါ
စူပါမတ်ကက်တွေနှင့် စားသောက်ဆိုင်တွေက ခရမ်းချဉ်သီးတွေကို
ဖျက်ဆီးပစ်ခဲ့ရပါတယ်။
...........................
ဒေါက်တာလှကြည်

23 Dec 2013

အမျိုးသမီးများအတွက် အထက်မြက်ဆုံး သက်စောင့်ဆေး

အမျိုးသမီးများ၏ အသက်ကို အဓိက ခြိမ်းခြောက်လေ့ရှိသည့် ရင်သားကင်ဆာရောဂါ ဖြစ်နိုင်ခြေကို ခရမ်းချဉ်သီးဖျော်ရည် ပုံမှန်မှီဝဲခြင်းဖြင့် သိသိသာသာ လျှော့ချနိုင်ကြောင်း ပညာရှင်များက ဆိုသည်။

ခရမ်းချဉ်သီးသည် အမျိုးသမီးများအတွက် အမှန်တကယ် အာနိသင် ထက်မြက်သည့် သက်စောင့်ဆေးဝါး တစ်မျိုးဟု သုတေသီများက ညွှန်းဆိုလိုက်သည်။ အမျိုးသမီးများ၏ အသက်ကို အဓိက ခြိမ်းခြောက်လေ့ရှိသည့် ရင်သားကင်ဆာရောဂါ ဖြစ်နိုင်ခြေကို ခရမ်းချဉ်သီးဖျော်ရည် ပုံမှန်မှီဝဲခြင်းဖြင့် သိသိသာသာ လျှော့ချနိုင်ကြောင်း ပညာရှင်များက ဆိုသည်။ သုတေသီများသည် အသက်(၅၅)နှစ်အထက် အမျိုးသမီးကြီး (၇၀)တို့၏ ဟော်မုန်းဓာတ် အခြေအနေကို တိုင်းတာကာ စမ်းသပ်မှုများ ပြုလုပ်လာခဲ့ခြင်း ဖြစ်သည်။ ခရမ်းချဉ်သီး ဖျော်ရည်ကို တစ်နေ့လျှင် တစ်ခွက်နှုန်းမျှ ပုံမှန် သောက်သုံးပေးခြင်းသည် ရင်သားကင်ဆာ ကင်းဝေးစေမည့် အကောင်းဆုံး ကြိုတင်ကာကွယ်နည်းတစ်ခုဟု သိရှိရသည်။

အမေရိကန်မှ သုတေသီများက "ခရမ်းချဉ်သီး ဖျော်ရည်ချည်းပဲ သောက်ရမယ်လို့ မဆိုလိုပါဘူး။ ခရမ်းချဉ်သီးကို ပုံစံအမျိုးမျိုးနဲ့ စားသုံးတာ၊ ခရမ်းချဉ်သီး ပါဝင်တဲ့ တခြား အစားအသောက်တွေ စားသုံးတာကလည်း တူညီတဲ့ အကျိုးသက်ရောက်မှုမျိုး ရှိပါတယ်။ ရင်သားကင်ဆာနဲ့ ပတ်သက်ပြီး ခရမ်းချဉ်သီးရဲ့ အကျိုးအာနိသင်တွေကတော့ ရှင်းလင်းခိုင်မာလွန်းတဲ့ တွေ့ရှိချက်တွေလို့ ဆိုနိုင်ပါတယ်"ဟု ထောက်ခံ ပြောဆိုခဲ့သည်။ ပုံမှန်အားဖြင့် တစ်နေ့လျှင် တစ်ခွက်မျှ သောက်သုံးပေးခြင်းဖြင့် ဖူလုံသော Lycopene ပမာဏကို ရရှိစေမည် ဖြစ်သည်။ ယင်းသည် ရင်သားကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချပေးသည့် ဟိုမုန်းဖွဲ့စည်းမှုတွင် အကျိုးဖြစ်ထွန်းသည့် ဓာတ်တစ်မျိုး ဖြစ်သည်။

Lycopeneသည် ခရမ်းချဉ်သီးတွင် ပေါကြွယ်ဝစွာ ပါဝင်လေ့ရှိသည်။ ယခင်သုတေသန ရလဒ်များက ယင်းဓာတ်ပစ္စည်းသည် အမျိုးသားများတွင် ဆီးကြိတ်ကင်ဆာ မဖြစ်နိုင်အောင် ကာကွယ်ပေးကြောင်းလည်း ညွှန်ပြနေခဲ့သည်။ နယူးဂျာစီရှိ ရတ်ဂျာစ် တက္ကသိုလ်မှ ပညာရှင်များက အမျိုးသမီးကြီး (၇၀)တို့၏ ဟိုမုန်းများကို တိုင်းတာခဲ့သည်။ စမ်းသပ်မှုတွင် ပါဝင်သူ အားလုံးသည် ကိုယ်အလေးချိန် လွန်ကဲသူများ၊ သို့မဟုတ် ရင်သားကင်ဆာ ဝေဒနာရှင်များနှင့် ဆွေမျိုးတော်စပ်သူများဖြစ်ကြသည်။ ယင်းအခြေအနေများသည် ကင်ဆာဖြစ်နိုင်ခြေကို မြင့်မားစေသည်။

Lycopene ကြွယ်ဝသော ခရမ်းချဉ်သီး ဖျော်ရည်များကို ပုံမှန်သောက်သုံးသည့်အခါ Adiponectin ဟော်မုန်း ပိုမိုဖွံ့ဖြိုးလာသည်ကို တွေ့ရသည်။ ယင်းဟော်မုန်းသည် ပိန်သွယ်သော အမျိုးသမီးများတွင် ပိုမိုများပြားပြီး ရင်သားကင်ဆာ ဖြစ်နိုင်ခြေကို ဟန့်တားနိုင်သည့် သဘာဝရှိသည်။ နေ့စဉ်ပုံမှန် ခရမ်းချဉ်သီးဖျော်ရည် သောက်သည့်အခါ (၁၀)ပတ်အကြာတွင် စမ်းသပ်မှု၌ ပါဝင်သူ အားလုံး၏ Lycopene ပမာဏသည် ယခင်ထက် ပျမ်းမျှ(၉)ရာခိုင်နှုန်းဝန်းကျင် တိုးပွားလာသည်ကို တွေ့ရသည်။ သုတေသီ တစ်ဦးဖြစ်သူ အဒါနာလာနော့စ်က "ဒီတွေ့ရှိချက်ဟာ အဝလွန်မှုနဲ့ ရင်သားကင်ဆာ ကာကွယ်မှုတွေမှာ အရေးကြီးတဲ့ အဖြေတစ်ခု ဖြစ်နိုင်ပါတယ်။ အမျိုးသမီးတွေ အနေနဲ့ ခရမ်းချဉ်သီးနဲ့ ဆက်နွယ်တဲ့ အစားအသောက်တွေကို များများစားပေးတဲ့အခါ ကျန်းမာရေးအတွက် လျော်ကန်သင့်တင့်တဲ့ ကိုယ်အလေးချိန်မျိုး ထိန်းညှိထားနိုင်သလို ရင်သားကင်ဆာ ဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးနိုင်တဲ့ ကောင်းကျိုးမျိုး ရရှိပါလိမ့်မယ်"ဟု ရှင်းလင်းပြောဆိုသွားသည်။

Aye Chan Mon# Credit To: Planet Myanmar Network> ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

23 Sept 2013

သွေးကြောရောဂါများ ကာကွယ်တဲ့ ခရမ်းချဉ်သီး

သွေးကြောရောဂါများ ကာကွယ်တဲ့ခရမ်းချဉ်သီးဂျပန် သုတေသီ များက သွေးကြော ရောဂါများ ဖြစ်ပွားခြင်း ကို ကာကွယ် နိုင်တဲ့ အာဟာရ ဓာတ်များ ခရမ်းချဉ်သီး ထဲတွင် ပါဝင်ကြောင်း တွေ့ရှိခဲ့ကြ သည်။
9-oxo-octade cadienoic အမည် ရှိ ပစ္စည်းတစ်မျိုးဟာ သွေးတွင်း အဆီဓာတ် ကမောက်ကမဖြစ်ခြင်းကို ကာကွယ်ပေးပြီး သွေးတွင်း၌ပုံမမှန် အဆီများ ဖြစ်ပေါ်မလာအောင် ကာကွယ်ပေးခြင်းဖြစ်သည်။
 ထို့ပြင် အဆီအက် စစ်တိုးခြင်းကို အားပေးပြီး အသည်းအတွင်းအဆီများ ဖြိုခွဲခြင်း လုပ်ငန်းကို ပုံမှန် အတိုင်း ဖြစ်စေသည်။

မောင်
Ref: Natural Health, Feb 2011.
By Health Digest


18 Sept 2013

ခရမ်းချဉ်သီး စားသူသည် ဆီးကျိတ် ကင်ဆာလျော့ချပေးနိုင်

တစ်ပတ် အတွင်း ခရမ်းချဉ်သီး ခုနစ်ကြိမ် စားသုံးသူ သည် ဆီးကျိတ် ကင်ဆာ ဖြစ်နှုန်းကို ၅၀ ရာခိုင်နှုန်း အထိ လျော့ချ စေနိုင်ပြီး ဆယ်ကြိမ်အထက်စား သူများဖြစ်ပါက ဆီးကျိတ်ကင်ဆာမှ လွတ် ကင်းနိုင်သည်ဟု သုတေသီတချို့က ဆိုသည်။

ခရမ်းချဉ်သီးတွင် ပေါပေါများများ ပါဝင်သည့် လိုင်ကော်ပင်းဓာတ် (Lycopene) သည် ကင်ဆာရောဂါများကို ကာကွယ်တိုက်ဖျက်ရာတွင် အားပြင်း သော ဓာတ်တိုးဆန့်ကျင်ပစ္စည်း Antioxidant ဖြစ်သောကြောင့် ခန္ဓာကိုယ်ရှိ ဆဲလ်များကို ကင်ဆာမကူးစက်အောင်နှင့် မပြောင်းလဲ မပျံ့နှံ့အောင်ကာကွယ်ပေး သည်ဟုဆိုသည်။ Antioxidant သည် အထူးသဖြင့် ဆီးကျိတ်ကင်ဆာ၊ ဆီးအိမ် ကင်ဆာ၊ သားအိမ်ကင်ဆာနှင့် ကင်ဆာ ဖြစ်မည့် အမြုတေများကို တားဆီးပယ် ဖျက်ပေးနိုင်သည်။

Lycopene ဓာတ်သည် Heart Attack နှလုံးရပ်ဆိုင်းခြင်းကို ကာကွယ် တားဆီးပေးနိုင်ပြီး အူမကြီးကင်ဆာနှင့် လေဖြတ်ခြင်းကိုလည်း တားဆီးနိုင်သည် ဟုဆိုကြသည်။Lutein နှင့် Zeaxanthin ဓာတ်များပါဝင်ခြင်းကြောင့် မျက်စိ အမြင်ကို ကောင်းမွန်ကြည်လင်စေနိုင် ကြောင်း သုတေသီများက ပြောသည်။

ခရမ်းချဉ်သီးတွင် ဗီတာမင်ဘီဓာတ်၊ ဗီတာမင်စီ၊ မကောင်းသော LDL အဆီ ဓာတ်များကို ဖယ်ရှားပေးနိုင်သော HDL ကောင်းသောကိုလက်စထရောဓာတ်၊ ကျန်းမာရေးနှင့် ခန္ဓာကိုယ်တည်ဆောက် ရေးတွင် အရေးပါသော ဆိုဒီယမ်နှင့် ပိုတက်ဆီယမ်ဓာတ်၊ သွေးနီဥထုတ်ပေးရာ တွင် မရှိမဖြစ်လိုအပ်သော ဖိုလစ်အက် ဆစ်ဓာတ်က ကလေးငယ်များ ကြီးထွား ဖွံ့ဖြိုးစေရန် မီးယပ်သွေးဆုံးပြီး အမျိုးသမီး များ အရိုးပါးခြင်း၊ အရိုးဆက်ခြင်းမှ ကာ ကွယ်ပေးနိုင်သည့် ကယ်လ်ဆီယမ်ဓာတ်၊ အမျိုးသမီးများ အထူးလိုအပ်သည့် သံ ဓာတ်၊ သက်ကြီးရွယ်အိုနှင့် နှလုံးခုန်မမှန် သူများအတွက် လိုအပ်သည့် မဂ္ဂနီစီယမ် ဓာတ်များလည်း ပါဝင်ကြောင်း သိရသည်။ ထို့ကြောင့် ခရမ်းချဉ်သီးကို အစိမ်း စားခြင်း၊ ချက်ပြုတ်စားခြင်း၊ ခရမ်းချဉ်သီး ဆော့စ်ပြုလုပ်စားခြင်းဖြင့် အာဟာရမျိုးစုံ ရရှိနိုင်မည်ဖြစ်သည်။


Health Care

14 Nov 2012

ခရမ်းချဉ်သီးက လေဖြတ်နိုင်ခြေကို လျှော့ချနိုင်

ခရမ်းချဉ်သီးက လေဖြတ်နိုင်ခြေကို လျှော့ချနိုင်ခရမ်းချဉ်သီးဟာ လေဖြတ်နိုင်ခြေကို လျှော့ချနိုင်ကြောင်း
 လေ့လာမှု အသစ်အရ တွေ့ရှိခဲ့တာကို အာရုံကြောဆိုင်ရာ ဂျာနယ်မှာ ဖော်ပြထား ပါတယ်။

 ခရမ်းချဉ်သီးမှာလိုင်ကိုပင်းခေါ်တဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေ များစွာပါဝင်ပါတယ်။


လေ့လာမှုအရ သွေးအတွင်း လိုင်ကိုပင်းပမာဏ များစွာရရှိသူတွေဟာ လိုင်ကိုပင်းပမာဏ နည်းစွာရရှိသူတွေထက် လေဖြတ်နိုင်ခြေ၅၅ရာခိုင်နှုန်း လျော့နည်းကြောင်း တွေ့ရှိခဲ့ပါတယ်။
 လေ့လာသူတွေက ဖင်လန်နိုင်ငံမှ အသက် ၄၆ နှစ် နဲ့ ၆၅ နှစ်ကြား အမျိုးသားပေါင်း ၁၀၃၁ ယောက်ကို ၁၂ နှစ်ကြာအောင် လေ့လာခဲ့ရာမှာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
 တခြားဓာတ်တိုး ဆန့်ကျင်ပစ္စည်းတွေဖြစ်တဲ့ အယ်လ်ဖာကယ်ရိုတင်း၊ ဘီတာကယ်ရိုတင်း၊ အယ်လ်ဖာတိုကိုဖီရောနဲ့ ရက်တီနောတွေကိုလည်း လေ့လာမှုပြုခဲ့ပေမယ့် သူတို့တွေ ဟာ လေဖြတ်နိုင်ခြေနဲ့ ဆက်စပ်မှုမရှိကြောင်း တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

By Good Health 
***************************************************

သွေးကြောရောဂါများ ကာကွယ်တဲ့ ခရမ်းချဉ်သီး

 သွေးကြောရောဂါများ ကာကွယ်တဲ့ခရမ်းချဉ်သီးဂျပန် သုတေသီ များက သွေးကြော ရောဂါများ ဖြစ်ပွားခြင်း ကို ကာကွယ် နိုင်တဲ့ အာဟာရ ဓာတ်များ ခရမ်းချဉ်သီး ထဲတွင် ပါဝင်ကြောင်း တွေ့ရှိခဲ့ကြ သည်။
9-oxo-octade cadienoic အမည် ရှိ ပစ္စည်းတစ်မျိုးဟာ သွေးတွင်း အဆီဓာတ် ကမောက်ကမဖြစ်ခြင်းကို ကာကွယ်ပေးပြီး သွေးတွင်း၌ပုံမမှန် အဆီများ ဖြစ်ပေါ်မလာအောင် ကာကွယ်ပေးခြင်းဖြစ်သည်။
 ထို့ပြင် အဆီအက် စစ်တိုးခြင်းကို အားပေးပြီး အသည်းအတွင်းအဆီများ ဖြိုခွဲခြင်း လုပ်ငန်းကို ပုံမှန် အတိုင်း ဖြစ်စေသည်။

Ref: Natural Health,

အာနိသင် ထက်တဲ့ ခရမ်းချဉ် သီး


ခရမ်းချဉ်သီးအသုံးဝင်ပုံ
ခရမ်းချဉ်သီးမှာ ဗီတာမင်စီ၊ အမျှင်ဓာတ်၊ ဖောလိတ်ဓာတ်၊ ဗီတာမင်ဘီနဲ့ ပိုတက်စီယမ် သတ္တုဓာတ်တွေ ပါရှိပါတယ်။ ဒီလို အာဟာရဓာတ်တွေ ပါရှိတဲ့အပြင် လူကိုလည်း မဝစေပါဘူး။ ခရမ်းချဉ်သီး တစ်လုံး

မှာ ကယ်လိုရီ ၇၂ ကီလိုဂျူးလောက်သာ ပါရှိတာကြောင့်ပါ။

Antioxidant ပါရှိမှု
ခရမ်းချဉ်သီးမှာ Lycopene လို့ခေါ်တဲ့ ရောဂါ တိုက်ဖျက်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း (Antioxidant) ပါရှိပြီး ကင်ဆာရောဂါကို ကာကွယ် ပေးနိုင်တယ်လို့ ဆိုပါတယ်။ Lycopene ဓာတ်က ခရမ်းချဉ်သီးကို အနီရောင် ဖြစ်စေတဲ့ ဓာတ်ပါ။ ခရမ်းချဉ်သီး အရောင်ရင့်လေ Lycopene ဓာတ်များလေပါပဲ။

ရောဂါတိုက်ဖျက်မှု

ဆီးအိတ်ကင်ဆာ

လေ့လာချက်တွေအရ ခရမ်းချဉ်သီးကနေ Lycopene ဓာတ် အများဆုံး ရရှိတဲ့ အမျိုးသားတွေဟာ ဆီးအိတ်ကင်ဆာရောဂါ ဖြစ်နိုင်ခြေ လျော့နည်းတာကို တွေ့ရပါတယ်။ ခရမ်းချဉ်သီးဆော့စ် ပါရှိတဲ့ အစာ ဒါမှမဟုတ် ခရမ်းချဉ်သီးကို တစ်ပတ် နှစ်ကြိမ်လောက် စားပေးရုံနဲ့တင် ဆီးအိတ် ကင်ဆာ ဖြစ်နိုင်ခြေ ၂၅ ရာခိုင်နှုန်းထိ လျော့ကျနိုင်တာကို တွေ့ရပါတယ်။

နှလုံးရောဂါ

ခရမ်းချဉ်သီးများများစားသူတွေဟာဆီးအိတ်ကင်ဆာ ရောဂါလိုပဲ နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်နိုင်ခြေ
လျော့နည်းတာကို လေ့လာရပါတယ်။ ဒါ့အပြင် Lycopene ဓာတ်တွေဟာ အဆုတ်၊ သားအိမ်ခေါင်းနဲ့ အူလမ်းကြောင်း ကင်ဆာရောဂါတွေ ဖြစ်နိုင်ခြေ လျော့နည်း စေတာကိုပါ တွေ့ရပါတယ်။

မျက်စိကျန်းမာရေး

လူ့မျက်လုံး တစ်သျှူးကြွက်သားတွေမှာ တွေ့ရတဲ့ Lycopene ဓာတ်များတာက အသက်အရွယ်ကြောင့် ဖြစ်ရတဲ့ မျက်စိတိမ်နဲ့ တခြားမျက်စိရောဂါတွေကို ကာကွယ်ပေးနိုင်တာကို လေ့လာရပါတယ်။

နေရောင်ကာကွယ်မှု

နေရောင်ခြည်အောက်မှာ ခရမ်းချဉ်သီး ရင့်မှည့်လာရတဲ့အခါ လောင်ကျွမ်း မသွားအောင် Lycopene ဓာတ်က ကာကွယ်ပေးရသလို လူတွေကိုလည်း နေရောင်ခြည်ဒဏ်မှ ကာကွယ်ပေးပါတယ်။

ခရမ်းချဉ်သီးဝယ်ရာတွင်
ချက်ချင်း ချက်ပြုတ် စားသောက်ဖို့ ခရမ်းချဉ်သီး ဝယ်မယ်ဆိုရင် အနီရောင်ရဲရဲကို ရွေးဝယ်ပါ။ အနီရဲလေလေ Lycopene ဓာတ်များလေလေမို့ပါ။ ပျော့တဲ့နေရာ မရှိဘဲ ခပ်တင်းတင်းလေး ဖြစ်နေတဲ့ အလုံးကို ရွေးဝယ်ပါ။ အရောင်ဖျော့တဲ့ ခရမ်းချဉ်သီးတွေဟာ အခန်းတွင်း အပူချိန်မှာ ထားတဲ့အခါသုံးရက်ကနေ တစ်ပတ်အတွင်း ရင့်မှည့် လာတတ်ပါတယ်။ ခရမ်းချဉ်သီး တောင်းလိုက် ဝယ်မယ်ဆိုရင်လည်း တောင်းကို သေချာ ကြည့်ကာ မှည့်လွန်ပြီး ပျော့၊ ပြဲ၊ ကွဲနေတဲ့ အလုံးတွေ ပါမပါ စစ်ပါ။

ခရမ်းချဉ်သီး သိုလှောင်ခြင်း

ခရမ်းချဉ်သီးမှည့်ပါက ရေခဲသေတ္တာထဲမှာ လေးရက်လောက် အထားခံပါတယ်။ စားခါနီး တစ်နာရီလောက် အလိုမှာ ရေခဲသေတ္တာထဲက ထုတ်ပေးပါ။ မမှည့်သေးတဲ့ ခရမ်းချဉ်သီးကို ရေခဲသေတ္တာထဲ မထည့်မိ ပါစေနဲ့။ နေရောင်ခြည် တိုက်ရိုက်မကျတဲ့ အခန်းတွင်း အပူချိန်မှာ ထားပေးပါ။ တဖြည်းဖြည်းနဲ့ မှည့်လာပြီး အရသာ ကောင်းလာ ပါလိမ့်မယ်။ တကယ်တော့ ခရမ်းချဉ်သီးကို ဟင်းသီးဟင်းရွက် အုပ်စုထဲက မဟုတ်ဘဲ သစ်သီးအုပ်စုထဲမှာ ရူပဗေဒနည်းအရ အမျိုးအစား သတ်မှတ်ထားပါတယ်။ ရှေးခေတ်က ခရမ်းချဉ်သီးကို အဆိပ်ရှိအသီးလို့ သတ်မှတ် ထားကြပါတယ်။ ခရမ်းချဉ်သီးကို တောင်အမေရိကတိုက်ကနေ စတင်တွေ့ရှိခဲ့တာပါ။

ဒေါက်တာနုမြတ်
source >>> http://www.facebook.com/nangmy.nangmy

ခရမ်းချဉ်သီးစားသုံးခြင်းရဲအကျိုးကျေးဇူး


ကျန်းမာရေးရာ

ခရမ်းချဉ်သီးကို ဆေးလိပ်သောက်တဲ့သူတွေ အမြဲစားသုံးပေးသင့်ပါတယ်။ ခရမ်းချဉ်သီးဟာ ဆေးလိပ်ကြောင့် ဖြစ်ရတဲ့ ကိုယ်တွင်းဆုံးရှုံးမှုများ၊ ဘေးဘယာများကို နည်းပါးပျောက်ကင်းအောင် စွမ်းဆောင်ပေးပါတယ်။ ခရမ်းချဉ်သီးထဲက ခလိုရိုဂျင်နင် (Chrologenic) နဲ့ ကူမာအစ် (Coumaric) အက်ဆစ်ဟာ အဆုတ်ကို ထိခိုက်ပျက်စီးမယ့် ဘေးကနေ ကာကွယ်ပေးပါတယ်။

ဒါ့အပြင် ခရမ်းချဉ်သီးမှာ ခရိုမီယမ် သတ္တုဓာတ်တွေ အများအပြား ပါဝင်တာမို့ ဆီးချို မဖြစ်အောင် ထိန်းညှိပေးပါတယ်။ ခရမ်းချဉ်သီးထဲက ဗီတာမင်အေဓာတ်ကြောင့် မျက်လုံးအမြင်အာရုံကိုလည်း တိုးတက် ကောင်းမွန်စေပါတယ်။ မျက်လုံးအရောင် မကြည်တာကအစ ညဘက်အမြင် အာရုံအားနည်းတာတွေကိုပါ ပိုပြီး တိုးတက် ကောင်းမွန်လာစေပါတယ်။

ခရမ်းချဉ်သီးထဲက ဗီတာမင်ဘီနဲ့ ပိုတက်စီယမ်ဓာတ်ဟာ သွေးပေါင်ချိန်နဲ့ ကိုလက်စထရော အနေအထားကို ထိန်းညှိပေးပါတယ်။ ဒါကြောင့် နှလုံးရုတ်တရက်လေရိုက်ခြင်း၊ လေဖြတ်ခြင်းများ ကိုလည်း ကာကွယ်ပေးပါတယ်။ ခရမ်းချဉ်သီးဟာ ကင်ဆာရောဂါ အတော်များများကို နှိမ်နှင်းနိုင်စွမ်း ရှိပါတယ်။

လေ့လာတွေ့ရှိချက် ၇၂ ခုအရ ခရမ်းချဉ်သီးကို အစိမ်းလိုက်၊ ချက်ပြုတ်ပြီးစားတဲ့သူရော၊ ခရမ်းချဉ်သီးနဲ့ ပြုလုပ်ထားတဲ့စားသောက်ကုန်များကို စားသုံးတဲ့သူတွေဟာ ကင်ဆာ ရောဂါတွေနဲ့ ပတ်သက်ပြီး အတော်လေးကို နှိမ်နှင်းကာကွယ်နိုင်စွမ်းရှိကြတာကို တွေ့ရှိရပါတယ်။ အဲဒီ့ကင်ဆာရောဂါကို ကာကွယ်နိုင်တဲ့ အစွမ်းဟာ ခရမ်းချဉ်သီးထဲက Lycopene ဓာတ်ပေါ်မူတည်နေပါတယ်။ အဲဒီ့ဓာတ်ဟာ ခရမ်းချဉ်သီးကို နီရဲအောင် လုပ်ပေးတဲ့ဓာတ်ပဲဖြစ်ပါတယ်။

အစာအိမ်ကင်ဆာဆဲလ်တွေကို သတ်ပစ်နိုင်ပါတယ်။ အထူးသဖြင့် ခရမ်းချဉ်သီးကို အစိမ်းထက်ချက်ပြုတ်ပြီး စားသုံးတာဟာ Lycopene ဓာတ်တွေ ပိုပြီး ထုတ်လုပ်ပေးတာကို တွေ့ရှိရပါတယ်။ လိုင်ကိုပိန်းဟာ ကင်ဆာရောဂါတွေကို သာမက အရည်ပြားအတွက် အန္တရာယ်ရှိစေတဲ့ရောင်ခြည်တွေကိုလည်း ကာကွယ်ပေးထားပါတယ်။ နောက်ပြီး ယောက်ျားလေးမျိုးဆက် ပြန့်ပွားခြင်းကို အထောက်အပံ့ ပေးပါတယ်။ သိသိသာသာ အစွမ်းပြတဲ့အချက်ကတော့ အဆုတ်နဲ့ အစာအိမ်ဘေးကင်းကျန်းမာစေဖို့ ကောင်းကောင်း အထောက်အကူ ပြုပေးပါတယ်။


ကိုယ်အလေးချိန်လျော့ကျစေဖို့ အတွက် စားသင့်တဲ့ အစားအသောက်တွေကို သုတေသီတွေက လေ့လာ ဖော်ထုတ်ခဲ့ကြပေမယ့်. . တကယ်တမ်းမှာတော့ ထိထိရောက်ရောက် အသုံးဝင်တဲ့ အစားအသောက်ဆိုတာ ရှားပါတယ်. . . ဒါပေမယ့် . . . အဲဒီအစားအစာတွေထဲမှာ ခရမ်းချဉ်သီး စားပေးတာက ကိုယ်ခန္ဓာသွယ်လျဖို့ အတွက် တကယ်ကို ထိရောက် အသုံးဝင်ပါတယ်. .

* ခရမ်းချဉ်သီးဟာ ဗိုက်ပြည့်စေပြီး သရေစာ စားချင်စိတ်ကို ချိုးနှိမ်ပေးပါတယ်..

* ခရမ်းချဉ်သီးမှာ အစာ စားချင်စိတ် ဖြစ်စေတဲ့ ဟော်မုန်းကို ပြောင်းလဲစေတဲ့ ဒြပ်ပေါင်းတွေ ပါဝင်နေပါတယ်.

* အသက် ၁၈ နှစ်နှင့် ၃၅ နှစ်ကြား အမျိုးသမီးတွေကို လေ့လာမှုအရ ခရမ်းချဉ်သီး ညှပ်ထားတဲ့ ပေါင်မုန့်စားသူတွေဟာ. . . ခရမ်းချဉ်သီး မပါတဲ့ ပေါင်မုန့်စားသူတွေထက် စိတ်ကျေနပ်မှု ပိုရကာ နောက်ထပ် အစာစားချင်စိတ်လျော့နည်းသွားကြောင်း လေ့လာ တွေ့ရှိရပါတယ်.

* တခြား လေ့လာ မှုတစ်ခုအရ ခရမ်းချဉ်သီးမျာ အစာ စားချင်စိတ်ကို ထိန်းချုပ်ထားတဲ့ ဟော်မုန်း Ghrelin ပမာဏာကို ပြောင်းလဲစေတဲ့ အာနိသင်ပါဝင်ကြောင်း သိရပါတယ်. . .

* ခရမ်းချဉ်သီးမှာ ပါဝင်တဲ့ လိုင်ကိုပင်းဓာတ်ကလည်း ကင်ဆာလျော့ကျစေခြင်း ၊ မျိုးပွား နိုင်စွမ်းအားကောင်းခြင်း စတဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေရရှိစေပါတယ်.

* ခရမ်းချဉ်သီးမှာ ဗီတာမင်စီ ပေါကြွယ်ဝစွာ ပါဝင်တာကြောင့် အနာကျက်နှုန်း မြန်စေခြင်းနှင့် ခန္ဓာကိုယ်မှာ သံဓာတ်စုပ်ယူအားကောင်း ခြင်း စတဲ့ အကျိုးကျေးဇူးတွေကိုလည်း ရရှိစေပါတယ်. .

ဒါကြောင့် ခရမ်းချဉ်သီးကို ကိုယ်ခန္ဓာ သွယ်လျလှပစေဖို့အတွက် စားပေးပါက တခြား ကျန်းမာရေး အကျိုးရလာဒ်ကောင်းတွေကိုပါ. . ရရှိနိုင်မှာ ဖြစ်ပါတယ်. .


တစ်ပတ် အတွင်း ခရမ်းချဉ်သီး ခုနစ်ကြိမ် စားသုံးသူ သည် ဆီးကျိတ် ကင်ဆာ ဖြစ်နှုန်းကို ၅၀ ရာခိုင်နှုန်း အထိ လျော့ချ စေနိုင်ပြီး ဆယ်ကြိမ်အထက်စား သူများဖြစ်ပါက ဆီးကျိတ်ကင်ဆာမှ လွတ် ကင်းနိုင်သည်ဟု သုတေသီတချို့က ဆိုသည်။ ခရမ်းချဉ်သီးတွင် ပေါပေါများများ ပါဝင်သည့် လိုင်ကော်ပင်းဓာတ် (Lycopene) သည် ကင်ဆာရောဂါများကို ကာကွယ်တိုက်ဖျက်ရာတွင် အားပြင်း သော ဓာတ်တိုးဆန့်ကျင်ပစ္စည်း Antioxidant ဖြစ်သောကြောင့် ခန္ဓာကိုယ်ရှိ ဆဲလ်များကို ကင်ဆာမကူးစက်အောင်နှင့် မပြောင်းလဲ မပျံ့နှံ့အောင်ကာကွယ်ပေး သည်ဟုဆိုသည်။

 Antioxidant သည် အထူးသဖြင့် ဆီးကျိတ်ကင်ဆာ၊ ဆီးအိမ် ကင်ဆာ၊ သားအိမ်ကင်ဆာနှင့် ကင်ဆာ ဖြစ်မည့် အမြုတေများကို တားဆီးပယ် ဖျက်ပေးနိုင်သည်။

Lycopene ဓာတ်သည် Heart Attack နှလုံးရပ်ဆိုင်းခြင်းကို ကာကွယ် တားဆီးပေးနိုင်ပြီး အူမကြီးကင်ဆာနှင့် လေဖြတ်ခြင်းကိုလည်း တားဆီးနိုင်သည် ဟုဆိုကြသည်။Lutein နှင့် Zeaxanthin ဓာတ်များပါဝင်ခြင်းကြောင့် မျက်စိ အမြင်ကို ကောင်းမွန်ကြည်လင်စေနိုင် ကြောင်း သုတေသီများက ပြောသည်။

 ခရမ်းချဉ်သီးတွင် ဗီတာမင်ဘီဓာတ်၊ ဗီတာမင်စီ၊ မကောင်းသော LDL အဆီ ဓာတ်များကို ဖယ်ရှားပေးနိုင်သော HDL ကောင်းသောကိုလက်စထရောဓာတ်၊ ကျန်းမာရေးနှင့် ခန္ဓာကိုယ်တည်ဆောက် ရေးတွင် အရေးပါသော ဆိုဒီယမ်နှင့် ပိုတက်ဆီယမ်ဓာတ်၊ သွေးနီဥထုတ်ပေးရာ တွင် မရှိမဖြစ်လိုအပ်သော ဖိုလစ်အက် ဆစ်ဓာတ်က ကလေးငယ်များ ကြီးထွား ဖွံ့ဖြိုးစေရန် မီးယပ်သွေးဆုံးပြီး အမျိုးသမီး များ အရိုးပါးခြင်း၊ အရိုးဆက်ခြင်းမှ ကာ ကွယ်ပေးနိုင်သည့် ကယ်လ်ဆီယမ်ဓာတ်၊ အမျိုးသမီးများ အထူးလိုအပ်သည့် သံ ဓာတ်၊ သက်ကြီးရွယ်အိုနှင့် နှလုံးခုန်မမှန် သူများအတွက် လိုအပ်သည့် မဂ္ဂနီစီယမ် ဓာတ်များလည်း ပါဝင်ကြောင်း သိရသည်။

ထို့ကြောင့် ခရမ်းချဉ်သီးကို အစိမ်း စားခြင်း၊ ချက်ပြုတ်စားခြင်း၊ ခရမ်းချဉ်သီး ဆော့စ်ပြုလုပ်စားခြင်းဖြင့် အာဟာရမျိုးစုံ ရရှိနိုင်မည်ဖြစ်သည်။        

Group Mail
  

ခရမ်းချဉ်သီး၏ အံ့အားသင့်ဖွယ်ရာ ကျန်းမာရေး စွမ်းပကား


ခရမ်းချဉ်သီးက အရည်ရွှမ်းပြီး အရသာရှိပါတယ်။ ခရမ်းချဉ်သီးက လူတွေအတွက် အကျိုးရှိတယ်လို့လည်း လူတိုင်း သိကြပါတယ်။  အနီရောင် ခရမ်းချဉ်သီး အမှည့်တစ်ခွက်စာ ပမာဏမှာ ဗီတာမင် အေ၊ စီ၊ ကေ၊ ဖောလိတ်နဲ့ ပိုတက်စီယမ်ဓာတ် များစွာ ပါဝင်နေပါတယ်။ 
ခရမ်းချဉ်သီးမှာ ဆိုဒီယမ်၊ ပြည့်ဝဆီ၊ ကိုလက်စထရောဓာတ်နဲ့ ကယ်လိုရီ ပါဝင်မှုက လျော့နည်းနေပါတယ်။ ဒါ့အပြင်
ကျန်းမာရေး ကောင်းမွန်ဖို့အတွက် လိုအပ်တဲ့ သိုင်ယာမင်၊ နိုင်ယာစင်၊ ဗီတာမင် B6 ၊ မဂ္ဂနီဆီယမ်၊ ဖော့စ်ဖရပ်စ်နဲ့ ကြေးနီတို့ ပါဝင်နေပါတယ်။ ခရမ်းချဉ်သီးမှာ အမျှင်ဓာတ် များစွာ ပါဝင်တဲ့အပြင် ရေဓာတ်လည်း အပြည့်အဝ ပါဝင်တာကြောင့် ဗိုက်ပြည့်စေတဲ့ အစာဖြစ်ပါတယ်။ ဒီလို အာဟာရဓာတ်တွေ ပြည့်ဝနေတဲ့ ခရမ်းချဉ်သီးမှာ အံ့အားသင့်ဖွယ်ရာ အကျိုးကျေးဇူးတွေ ရှိနေပါတယ်။

အသားအရေ ကျန်းမာလှပ

ခရမ်းချဉ်သီးဟာ အသားအရေက ကြည့်ကောင်းစေပါတယ်။ အကြောင်းကတော့ ခရမ်းချဉ်သီးမှာပါတဲ့ ဘီတာ ကယ်ရိုတင်းဓာတ်ဟာ အသားအရေကို ခရမ်းလွန်ရောင်ခြည်ကြောင့် ထိခိုက်မှု မဖြစ်အောင် ကာကွယ်ပေးနိုင်လို့ပါ။ ခရမ်းချဉ်သီးမှာပါတဲ့ လိုင်ကိုပင်းဓာတ်ဟာ အရေပြားကို ခရမ်းလွန်ရောင်ခြည်ကြောင့် ထိခိုက်မှု ဖြစ်နိုင်ခြေမှာ လျော့ကျစေပြီး အရေးကြောင်း ဖြစ်တာနဲ့ ပါးရေတွန့်တာတို့ကို လျော့ပါးစေပါတယ်။

အရိုးအဆစ် သန်မာ

ခရမ်းချဉ်သီးမှာပါတဲ့ ဗီတာမင်ကေနဲ့ ကယ်လ်စီယမ်တို့ဟာ အရိုးတွေက သန်စွမ်းစေပြီး ပြန်လည် ပြုပြင်ပေးနိုင်စွမ်း ရှိပါတယ်။ လိုင်ကိုပင်းဟာ အရိုးထုက အားကောင်းစေတဲ့အတွက် အရိုးပါးရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

ကင်ဆာကို တွန်းလှန်

ခရမ်းချဉ်သီးဟာ ကင်ဆာကို တွန်းလှန်ပေးတဲ့ သဘာဝ အာဟာရပါ။ ခရမ်းချဉ်သီးမှာပါတဲ့ လိုင်ကိုပင်းဓာတ်ဟာ ဆီးကျိတ်၊ သားအိမ်ခေါင်း၊ ခံတွင်း၊ လည်ချောင်း၊ အစာရေမျိုပြွန်၊ အစာအိမ်၊ အူမကြီး၊ အစာဟောင်းအိမ်၊ မမျိုးဥအိမ်နဲ့ ဆီးကျိတ်အပါအဝင် ကင်ဆာဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။ ခရမ်းချဉ်သီးမှာပါတဲ့ အင်တီအောက်ဆီးဒင့် ဗီတာမင်အေနဲ့ စီတွေက ဆဲလ်ထိခိုက်မှု ဖြစ်စေနိုင်တဲ့ ဖရီးရယ်ဒီကယ်တွေကို တိုက်ခိုက်ပေးတာကြောင့်ပါ။

သွေးတွင်း သကြားဓာတ်ကို ထိန်းချုပ်

ခရမ်းချဉ်သီးဟာ သွေးတွင်း သကြားဓာတ်ကို ဟန်ချက်ညီအောင် ထိန်းထားနိုင်စွမ်း ရှိပါတယ်။ ခရမ်းချဉ်သီးမှာ ခရိုမီယမ်ပမာဏ များစွာ ပါဝင်တာကြောင့် သွေးတွင်း သကြားဓာတ်ကို ဟန်ချက်ညီအောင် ထိန်းချုပ်ပေးနေတာပါ။

အမြင်အာရုံကို ကောင်းမွန်စေ

ခရမ်းချဉ်သီးမှာ ဗီတာမင်အေ ပါဝင်တာကြောင့် အမြင်အာရုံကို ကောင်းမွန်စေရုံ သာမက ညဘက်မှာ မျက်စိမမြင်တာကိုလည်း ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။ ခရမ်းချဉ်သီးဟာ အသက်ကြီးချိန်မှာ ဖြစ်တတ်တဲ့ မက်ကူလာ ယိုယွင်းပျက်စီးမှု ဖြစ်နှုန်းကို လျော့ကျပေးနိုင်တယ်လို့ လတ်တလော လေ့လာမှုအရ သိရပါတယ်။

ဆံပင်သား ကျန်းမာသန်စွမ်း

ခရမ်းချဉ်သီးမှာပါတဲ့ ဗီတာမင်အေဟာ ဆံပင်သားကို သန်စွမ်းတောက်ပစေပါတယ်။ ဆံပင်ပါးတာကို ထူထဲ မလာစေနိုင်ပေမယ့် သင့်ဆံပင်သားကို အခုထက်ပိုပြီး ကြည့်ကောင်းစေပါတယ်။

ဆီးကျောက်တည်ခြင်းနှင့် သည်းခြေကျောက်တည်ခြင်း မဖြစ်အောင်ကာကွယ်

ခရမ်းချဉ်သီးဟာ ဆီးကျောက်တည်တာနဲ့ သည်းခြေကျောက်တည်တာ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ လေ့လာမှု တချို့အရ အစေ့မပါတဲ့ ခရမ်းချဉ်သီးတွေကို စားတဲ့သူတွေမှာ ဆီးကျောက်တည်တာနဲ့ သည်းခြေ ကျောက်တည်တာဖြစ်နှုန်း ပိုနည်းတာကို တွေ့ရပါတယ်။

နာတာရှည် နာကျင်မှုကို လျှော့ချ

ခရမ်းချဉ်သီးဟာ နာတာရှည် နာကျင်မှုကို လျော့ကျစေနိုင်ပါတယ်။ ခရမ်းချဉ်သီးမှာ ဘိုင်အိုဖလေဗိုးနွိုက်နဲ့ ကာရိုတီးနွိုက်တို့ မြင့်မားစွာ ပါဝင်တာကြောင့် ရောင်ရမ်းမှုကို လျော့ကျစေတဲ့ အာနိသင် ရှိနေပါတယ်။ နာတာရှည် ရောင်ရမ်းမှုနဲ့ နာတာရှည် နာကျင်မှုက ဆက်စပ်နေတာကြောင့် နာကျင်မှု သက်သာစေတဲ့ ဆေးတွေက ရောင်ရမ်းမှုပါ လျော့ကျအောင် ထုတ်လုပ်ထားတာပါ။

ကိုယ်အလေးချိန်ကို ထိန်းချုပ်

ခရမ်းချဉ်သီးဟာ ကိုယ်အလေးချိန်ကို လျော့ကျစေနိုင်ပါတယ်။ သင့်အနေနဲ့ ကိုယ်အလေးချိန် များနေလို့ လျှော့ချနေတယ်ဆိုရင် နေ့စဉ် စားသောက်တဲ့ အစာထဲမှာ ခရမ်းချဉ်သီးများများ ထည့်သွင်း စားသောက်သင့်ပါတယ်။ သရေစာ အနေနဲ့ ခရမ်းချဉ်သီးသုပ်၊ ခရမ်းချဉ်သီး ဆင်းဒ်ဝှစ်ခ်ျတို့ကို စားပါ။ ခရမ်းချဉ်သီးမှာ ရေဓာတ်နဲ့ အမျှင်ဓာတ်များစွာ ပါဝင်တာကြောင့် ကယ်လိုရီနဲ့ အဆီပိုတွေ အများကြီး မရရှိစေဘဲ ဗိုက်ပြည့်စေပါတယ်။
Good Health

12 Nov 2012

ခရမ်းချဉ်သီးနဲ့ အလှအပ

ပါးနုသွေး၊ နီမြန်းစေချင်ရင်
  တချို့ပျိုလေးတွေရဲ့ ပါးလေးတွေဟာ နီးမြန်းပြီး နှင်းဆီရောင် သမ်းနေတတ်ပါတယ်။ ဒီလိုမျိုး ဖြစ်ချင်ရင် ခရမ်းချဉ်သီးကို များများစားပေးပါ။ ပါးပြင်ကို ပန်းနုရောင် သမ်းရုံမျှမက အသားရည်ကို ရွှန်းစိုဝင်းလဲ့စေပါတယ်။ ခရမ်းချဉ်သီးကို ဒီအတိုင်း စားပေးရင် ပါးပြင် ပန်းနုရောင်သန်းရုံမျှမက မျက်လုံး၊ သွား၊ အရည်ပြားတွေပါ ကောင်းမွန်စေပါတယ်။

မျက်နှာသန့်စင်စေချင်ရင်
  အိပ်ရာမဝင်ခင်နဲ့ အိပ်ရာထပြီး ဆယ်ငါးမိနစ်၊ စုစုပေါင်း တစ်နေ့ကို မိနစ် ၃၀ လောက် အချိန်ပေးရင် ရပါပြီ။ အိပ်ရာမဝင်ခင်မှာ မျက်နှာကို ခရမ်းချဉ်သီးတစ်ဝက်နဲ့ (တစ်လုံးကို လှီးပြီး) မျက်နှာကို ပွတ်သပ်ပေးပါ။ လည်ပင်းတစ်ဝိုက်နေရာတွေကိုပါ ပွတ်ပေးပါ။ ပြီးရင်တော့ ဆယ်ငါးမိနစ်ခန့်ထားပြီး ရေနဲ့ ပြန်ဆေးပေးပါ။ မနက်တစ်ကြိမ်၊ ညတစ်ကြိမ် လုပ်ပေးပါ။ မျက်နှာကို သန့်စင်ဝင်းပစေပါတယ်။

အဆီပြန်သော အသားအရေအတွက်

  ပျားရည်နဲ့ ခရမ်းချဉ်သီးဟာ အဆီပြန်တဲ့ အသားအရည်အတွက် အရမ်းကို ဆေးဖက်ဝင်တဲ့ ပစ္စည်းများပဲ ဖြစ်ပါတယ်။ ပျားရည်တစ်ဇွန်း(လက်ဖက်ရည်ဇွန်း) နဲ့ ခရမ်းချဉ်သီး အလတ်စား အရွယ်တစ်လုံးကို ယူပြီးရောစပ်ချေနှယ်ပေးပါ။ ပြီးရင် အဲဒီ့ ပျားရည်ရော ခရမ်းချဉ်သီးရည်ကို မျက်လုံးကလွဲပြီး မျက်နှာအပြင် အနှံ့လိမ်းပေးပါ။ လိမ်းပြီး အသားထဲ စိမ့်ဝင်သွားအောင် ၁၅ မိနစ်ခန့် စောင့်ဆိုင်းပေးပါ။ ၁၅ မိနစ်ပြည့်မှ ရေနဲ့ ပြန်ဆေးပေးပါ။ နှစ်ပတ်လောက် လုပ်ကြည့်တာနဲ့ သိသာလာပါလိမ့်မယ်။ ဒါပေမယ့် ခရမ်းချဉ်သီးနဲ့ ဓာတ်မတည့်တဲ့ သူများအနေနဲ့တော့ မသုံးပါနဲ့။

ရေနွေးပူလောင်ခြင်းနှင့် ဝက်ခြံ
 

 ရေနွေးပူလောင်လို့ ဘေးနားမှာတစ်ခုခုနဲ့ သက်သာအောင် လုပ်စရာပစ္စည်း၊ ဆေးဝါးမရှိရင် ခရမ်းချဉ်သီးနဲ့ အုပ်ထားပေးပါ။ အပူသက်သာစေပါတယ်။ အမြန်ဆုံး သက်သာ ပျောက်ကင်း စေပါတယ်။ ဝက်ခြံကိုလည်း ပြေလျော့စေပါတယ်။

ဆံပင်အနံ့ဆိုးခြင်း

 တစ်ခါတစ်လေ ကိုယ့်ခေါင်းက ဆံပင်ရဲ့ အနံ့ဟာ ဆိုးရွားနေတတ်ပါတယ်။ အဲဒီလို အခါမျိုးမှာ ခရမ်းချဉ်သီးအရည်နဲ့ ခေါင်းကို လိမ်းပြီး မိနစ်ငါးဆယ်လောက်ထားပြီး ရေနဲ့ ပြန်လျှော်လိုက်ရင် အနံ့အသက်လည်း ကင်းပြီး ဒက်တွေပါ ပျောက်ကင်းသွားစေပါတယ်။ နောက်ပြီး ဗီတာမင်အေ ပါဝင်တာမို့ ဆံသားကို တောက်ပြောက်သန်မာစေပါတယ်။

 popo20.10.2012
 
မှီငြမ်းလိပ်စာများ>>>www.yoyarlay.com/(or)www.myanmarinternetforum.com/(or)//www.apytz.org/


Twitter Delicious Facebook Digg Stumbleupon Favorites More