Pages - Menu

ဆန်လုံးညို(Brown Rice)

ဆန်ဖြူကို ကြိတ်ခွဲလိုက်တာကြောင့် ဗီတာမင် B3 ၆၇ ရာခိုင်နှုန်း၊ ဗီတာမင် B1 ၈၀ ရာခိုင်နှုန်း၊ ဗီတာမင် B6 ၉၀ ရာခိုင်နှုန်း၊ မဂ္ဂနီဆီယမ်တစ်ဝက်၊ ဖော့စ်ဖရပ်စ် တစ်ဝက်၊ သံဓာတ် ၆၀ ရာခိုင်နှုန်းနဲ့ အမျှင်ဓာတ်အားလုံး ဆုံးရှုံးသွားခဲ့ ပါတယ်။

သံလွင်ဆီ(Olive Oil)

သံလွင်ဆီမှာ ဗီတာမင် အေ၊ ဗီတာမင် ဘီဝမ်း၊ ဘီတူး၊ ဗီတာမင်စီ၊ ဒီ၊ အီးနဲ့ ကေစတဲ့ ဗီတာမင်ဓာတ်တွေ ပါဝင်ပြီး သံဓာတ်နဲ့ အိုမီဂါ ၉ လည်း ပါဝင်ပါတယ်။

ပြောင်းဖူး(Corn)

ပြောင်းဖူးမှာ ဗီတာမင်B1 ဗီတာမင်B5 ဗီတာမင်C ဗီတာမင်B9လို့ခေါ်ဖောလိတ် .....ပြောင်းဖူး၏ ကျန်းမာရေး အာနိသင် မှာဆက်ဖတ်ပါ....

ထောပတ်သီး(Avacado)

အာဟာရများကိုဖြည့်တင်းပေးနိုင်ရုံ သာမက သဘာဝမှရသောသကြား ဓာတ်ကိုထောက်ပံ့ပေးခြင်း၊ကိုယ် အလေးချိန်ကျဆင်းစေခြင်း၊အကျိုး ပြုကိုလက်စတီရောကိုတက်စေပြီး ဆိုးကျိုးပေးသောကိုလက်စတီရော ကိုကျဆင်းစေခြင်း စသည့်အချက်များ ကိုရရှိစေနိုင်သည်ဟု သိရသည်။ယခု လေ့လာမှုတွင် ဖော်ပြထားချက်အရ လေဖြတ်ခြင်းကိုပါ ထောပတ်သီးက ကာကွယ်ပေးနိုင်

လိမ္မော်သီး(Orange)

လိမ္မော်သီး၌ ဖိုင်ဘာမျှင်၊ သံဓာတ်၊ မီးစုန်းဓာတ်၊ ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်၊ ကြေးနီဓာတ်၊ သွပ်ဓာတ်၊ ဆလမ်နီယမ်၊ ကယ်လိုရီ၊ ကယ်လဆီယမ်ဒာတ်၊ဗီတာမင်စီ တို့ပါရှိသည်

မာလကာသီး(Guava)

မာလကာသီး တစ်လုံးတွင် ဗီတာမင်စီမှာ လိမ္မော်သီး တစ်လုံး၌ ပါရှိသည့် ဗီတာမင်စီ ပမာဏထက် ငါးဆခန့် ပိုများသည်။ မာလကာသီး၌ ဗီတာမင်စီ အပြင် အေနှင့် ဘီ၊ ကယ်လ်ဆီယမ်၊ ဖော့စပရပ်စ်၊ ပိုတက်ဆီယမ်၊ သံဓာတ်၊ ဖောလစ်အက်စစ်နှင့် အမျှင်ဓာတ်တို့ ပါဝင်သည်။ အများဆုံး ပါဝင်သော ဓာတ်များမှာ ဗီတာမင်စီ ၃၀၂ မီလီဂရမ်နှင့် ဗီတာမင် အေ ၂၅၀ မီလီဂရမ်တို့ ဖြစ်ကြသည်။ မာလကာသီးကို သီတင်း တစ်ပတ်လျှင် နှစ်လုံးခန့် စားသုံး သွားပါက သွေးတိုး ကျဆင်းစေပြီး နှလုံး ကျန်းမာရေးကို အထောက်အကူ ပြုကြောင်း အမေရိကန် သုတေသန ပညာရှင်များက ပြောကြားသည်။

***

***

***

***

***

***

***

***

***

***

Showing posts with label အဆီပိုများချခြင်း. Show all posts
Showing posts with label အဆီပိုများချခြင်း. Show all posts

28 Oct 2014

ဘာကြောင့် ဝရတာလဲ လို့ သင်သိချင်ပါသလား

ဝရတဲ့အကြောင်းရင်းကို တိုတိုရှင်းရှင်းပြရရင်တော့ အစာကို အလွန်အမင်းစားခြင်းနဲ့ ကိုယ်လက်လှုပ်ရှားမှု မလုံလောက်ခြင်းတို့ကြောင့်ပဲ ဖြစ်ပါတယ်။ ကိုယ်အလေးချိန် ကျဖို့ဆိုရင်တော့ ကိုယ်လက်လှုပ်ရှားမှု များများလုပ်ပြီး အစားအသောက်လျှော့စားကာ ကယ်လိုရီပမာဏ လျှော့ချဖို့လိုပါတယ်။
ဒီလိုပြောတော့ လွယ်ပေမယ့် လက်တွေ့မှာ လိုက်နာဖို့ကျတော့ ခက်လှပါတယ်။ ဒီနေ့ခေတ်အလုပ်တွေဟာ အထိုင်များပြီး လှုပ်ရှားမှုနည်းတဲ့ အလုပ်တွေဖြစ်လာတာကြောင့်နဲ့ အစားအသောက် စားသောက်တဲ့ အလေ့အထကြောင့် ဖြစ်ပါတယ်။
အစားအသောက်စားတဲ့နေရာမှာ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံများများ၊ ထမင်း အသင့်အတင့်နဲ့ အသား၊ ငါး အသင့်အတင့်ကိုပဲ စားသင့်တာဖြစ်ပေမယ့် ဝတဲ့သူ အများစုဟာ ထမင်းအများအပြား၊ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံနည်းနည်းကိုပဲ စားလေ့ရှိတာကြောင့်ပါ။ ဒါ့အပြင် အလုပ်လုပ်ချိန်ပိုရဖို့အတွက် အစာကိုခပ်မြန်မြန် စားသောက်တဲ့အကျင့်ကလည်း အစာကို ပိုမိုစားဖြစ်စေတဲ့အချက်ပါပဲ။
ဒီနေ့ခေတ်မှာ အားကစားလုပ်ဖို့ အချိန်မပေးနိုင်ဘူးဆိုတဲ့ အကြောင်းပြချက်ကြောင့်လည်း ဝစေပါတယ်။
အားကစားခန်းမ (Gym) သွားပြီး အားကစားကို တကူးတကမလုပ်နိုင်ရင်တောင် အိမ်မှာပဲ ရေမချိုးခင် လမ်းလျှောက်တာ၊ ထိုင်ထ လုပ်တာ၊ ဒိုက်ထိုးတာ စတဲ့အားကစားတွေကို အချိန်ရသလောက် ပြုလုပ်ပေးနိုင်ပါတယ်။ နံနက်တိုင်း သွားမတိုက်ရမနေနိုင်တဲ့ အကျင့်တစ်ရပ်လိုဖြစ်နေအောင် ကိုယ်လက်လှုပ်ရှားမှုကို ဆောင်ရွက်ပေးသင့်ပါတယ်။
ကိုယ်ရဲ့ဘဝနေထိုင်မှု ဟန်ပန်တချို့ကိုပြောင်းလဲလိုက်မယ်ဆိုရင်တော့ ဝရတဲ့ အကြောင်းရင်းအတွက် စိတ်ညစ်နေစရာ လိုမှာ မဟုတ်တော့ပါဘူး။

Good Health

ကိုယ်အလေးချိန်တိုးလာပြီးနောက်ပိုင်းမှာ ဒါတွေ မလုပ်သင့်ပါ

သင်အရင်ထက် ၀ိတ်တက်လာတဲ့အခါ ဘယ်လိုအချက်တွေကို သတိထားပြီး ရှောင်ကြဉ်ပြုမူသင့်သလဲဆိုတာ အရေးပါလာပါပြီ။ ထပ်ပြီးဝိတ်မတက်ဖို့ ထိန်းထားရမယ့်အပိုင်းကလည်း အရေးကြီးတာမို့ လုပ်နေကျအပြုအမူတွေထဲက တစ်ချို့ကို သတိထားပြီး မပြုလုပ်မိအောင် ရှောင်ပါ။

၁။နေ့လည်စာ၊ မနက်စာ မစားဘဲ နေတာမျိုးတွေ မလုပ်ပါနဲ့။
မနက်စာ မစားပဲနေလိုက်တာ၊ နေ့လည်စာ မစားပဲ ကျော်လိုက်တာမျိုးတွေဟာ သင့်ကို ရေရှည်အတွက် အဆင်ပြေစေမှာ မဟုတ်ပါဘူး။ တစ်ရက်နှစ်အတွက် ၀ိတ်ကျသွားရင်တောင် ခဏပါပဲ။ ဒါ့အပြင် သင်သတိထားရမယ့်အရာက ဆက်တိုက်စားနေတာမျိုးကိုလည်း မလုပ်ဖြစ်အောင် ရှောင်ပါ။ တစ်ခါစားပြီဆိုရင် ဘာစားသင့်သလဲ၊ ငါ ဒါကိုစားလိုက်ရင် နောက်ထပ်တစ်နာရီလောက်ဆို တစ်ခုခုထပ်စားချင်မှာလား ဆိုတာ တွေးပါ။

၂။ကိုယ့်ဘာသာကိုယ် စိတ်ဒုက္ခပေးတာမျိုးတွေ မဖြစ်ပါစေနဲ့။
မှန်ရှေ့ ခဏခဏရပ်ကြည့်ပြီး ငါဖက်တီးကြီးဖြစ်နေပြီ၊ ငါအရမ်းဝနေပြီ ဆိုတဲ့ ဆိုက်ကိုတွေ မ၀င်ပါစေနဲ့။ ဒါ့အပြင် ဖြစ်ချင်ရာဖြစ်ဆိုပြီး ကိုယ့်ဘော်ဒီနဲ့ မလိုက်ဖက်တဲ့ အ၀တ်အစားမျိုးတွေလည်း မ၀တ်ပါနဲ့။ တကယ့်တော့ ဖြစ်လာတာကို လက်ခံရင်း ငါဘယ်လိုလုပ်ရင် အဆင်ပြေနိုင်မလဲ၊ ဘာတွေလုပ်သင့်သလဲ၊ ဘယ်လိုမျိုးတွေ ၀တ်သင့်သလဲဆိုတာကို ပိုစဉ်းစားရမယ့် အချိန်ပါ။ အပြစ်တင်ရမယ့် အချိန်မဟုတ်ပါဘူး။

၃။အ၀တ်အစားအသစ်တွေ ဆက်တိုက်မ၀ယ်ပါနဲ့။
ခုချိန်မှာ သင်လိုချင်နေတဲ့ skinny ဂျင်းက သင်နဲ့အဆင်ပြေချင်မှ ပြောမှာပါ။ ကိုယ်လိုချင်တာတွေက ကိုယ်နဲ့အဆင်မပြေလို့ ၀ယ်ထားပြီးမှ အဲ့ဒါတွေဝတ်ရအောင် ၀ိတ်ချမယ်ဆိုပြီး လုပ်တာမျိုးတွေဟာ သင့်အတွက် ပိုစိတ်ပင်ပန်းစေပါတယ်။ ဒီတော့ ၀ိတ်ချနေစဉ်အချိန်ကာလအတွင်း ရှော့ပင်တွေထွက်ပြီး အ၀တ်အစားတွေ အများအပြား ၀ယ်ထားတာမျိုး မလုပ်ပါနဲ့။
၎။ကျန်းမာရေးနဲ့အညီ ၀ိတ်ချပါ။
ဝိတ်တက်လာပြီဆိုရင် ကျန်းမာရေးနဲ့ညီညွတ်စွာ ၀ိတ်ချဖို့စဉ်းစားရတော့မှာပါ။ လေ့ကျင့်ခန်းလုပ်ရင်လုပ်၊ အစားအသောက်နဲ့တွဲပြီး ချရင်ချ၊ အဓိကကတော့ သင့်ရဲ့စိတ်ဖိစီးမှုတွေကိုလည်း လျော့နည်းသွားအောင် လုပ်ကိုလုပ်ရမှာဖြစ်ပါတယ်။ ၀ိတ်ကျအောင် လုပ်တဲ့အခါမှာလည်း သာမာန်အားဖြင့်တော့ လူတစ်ယောက်ဟာ တစ်ပတ်ကို တစ်ပေါင် ဒါမှမဟုတ် နှစ်ပေါင်ထက်ပိုပြီး ၀ိတ်မချသင့်ပါဘူး။ ဒါဟာ ကျန်းမာရေးနဲ့ မညီညွတ်လို့ပါ။ ၀ိတ်ချတယ်ဆိုရာမှာလည်း ရေသောက်တာကစလို့ သင့်မှာဟော်မုန်းအနေအထား ဘယ်လောက်ရှိတယ်ဆိုတာကအစ အရေးကြီးနေပါတယ်။ တစ်ပတ်မှာ တစ်ခါဝိတ်ချနိုင်အောင်ကြိုးစားပါ။ နည်းစနစ်အတိုင်း စိတ်ရှည်ရှည်မှန်မှန်သွားပါ။ ဘယ်နှစ်ပေါင်ဆိုပြီး အတင်းကြီး မလုပ်ပါနဲ့။ အစားအစာနဲ့ ၀ိတ်ချမယ်ဆို၇င်လည်း မြန်မြန်ကျအောင် ဆေးသောက်ပြီးချတာ၊ အစားအစာကို မစားသလောက်ကို လျှော့ချတာမျိုးတွေ မလုပ်ပါနဲ့။

၅။လေ့ကျင့်ခန်းကို အလွန်အကျွံမလုပ်ပါနဲ့။
ဝိတ်ချဖို့အတွက် လေ့ကျင့်ခန်းလုပ်ပြီဆိုရင်တော့ ဖြေးဖြေးနဲ့မှန်မှန်လေး သွားပါ။ ၀ိတ်မြန်မြန်ကျအောင် နေ့ရောညပါ လေ့ကျင့်ခန်းလုပ်တာမျိုးက ကောင်းကျိုးထက် ဆိုးကျိုးဖြစ်စေပါလိမ့်မယ်။ နောက်တစ်ချက်က လေ့ကျင့်ခန်းလုပ်တဲ့အခါ ဗိုက်ဆာပြီး ပိုစားဖြစ်တာမျိုးဖြစ်ရင်တော့ ၀ိတ်ပိုတက်ဖို့သာ ရှိပါတယ်။ လေ့ကျင့်ခန်းမှန်မှန်လေးလုပ်လို့ ၀ိတ်ကျလာပြီဆို၇င်တော့ သင့်ရဲ့အောင်မြင်မှုကို ခံစားပါ။ ဖြစ်နိုင်ရင် လေ့ကျင့်ခန်းလေးမှန်မှန်လုပ်တဲ့ အကျင့်ကိုမွေးမြူပါ။

Credit -  Myawady Health

25 Aug 2014

အစာလဲစားမယ် ၀ိတ်လဲကျမယ်

အချိန်အတိအကျ လိုက်နာဖို့ဆိုတာ မလွယ်ချင်တဲ့ ကိစ္စပါပဲ။ ဒါပေမယ့် သင့်ရဲ့ အစာအိမ်ကတောင် အခုဘယ်အချိန်ရှိနေပြီဆိုတာ သိနေတယ်ဆိုရင် အံ့သြသွားမှာပေါ့။ ဘယ်အချိန်မှာ စားမယ်ဆိုတာနဲ့ အကြောတွေက ဘယ်လိုတုံ့ပြန်မယ်ဆိုတာကို သိချင်ရင် အချိန်ကိုတော့ ခြေရာခံမှ ရပါမယ်။

ဥပမာ- သွေးပြန်ကြောတွေဟာ နေ့ဘက်မှာ ခံစားမှုအားနည်းတဲ့အတွက် သင်များများ စားနိုင်ပြီး ညဘက်ဆိုရင်တော့ ဒါနဲ့ပြောင်းပြန်ဖြစ်သွားပြီး နည်းနည်းပဲ စားရပါမယ်။ ညဘက်မှာ သင့်ရဲ့အကြောတွေဟာ အာရုံခံမှုအားကောင်းနေတဲ့အတွက် သင့်ကိုပိုဝစေပါတယ်။
ဒါကြောင့် သင့်ရဲ့အလေးချိန်ကို ထိန်းချုပ်နိုင်ဖို့အတွက် ဘယ်အချိန်မှာ ဘာစားရမယ် ဆိုတာကို ပြောပြပေးချင်ပါတယ်။

(၁) နေ့တစ်နေ့ကို ပရိုတိန်းဓါတ်နဲ့စတင်ပါ။
ပရိုတိန်းဓါတ်ပါဝင်မှု မြင့်မားတဲ့ ကြက်ဥ ၊ နွားနို့တွေကို မနက်စာအဖြစ် စားလိုက်တဲ့အခါ မနက်ပိုင်းမှာ ဗိုက်ဆာနေမှာမဟုတ်တော့ဘဲ နေ့လည်စာစားချိန်မှာတောင် အနည်းငယ် လျော့စားဖြစ်ပါလိမ့်မယ်။ ရလဒ်ကတော့ သင့်ရဲ့ခါးတ၀ိုက်ကိုပါ သေးသွယ်စေနိုင်ပါတယ်။

(၂)  ၃ နာရီမတိုင်ခင် နေ့လည်စာစားပါ
မပြီးဆုံးနိုင်တဲ့ စာရွက်စာတမ်းတွေနဲ့ အစည်းအဝေးတွေက သင့်ရဲ့ နေ့လည်စာကို (၅)နာရီထိ သယ်ဆောင်သွားတဲ့အခါ သင်အပြစ်တင်မိပါလိမ့်မယ်။ Internationall Journal of Obesity ရဲ့လေ့လာချက်အရ နေ့လည်စာဟာ နေ့တစ်နေ့ရဲ့ အကြီးဆုံးအစားအစာ ဖြစ်သင့်ပြီး သုံးနာရီကိုမကျော်သင့်ပါဘူး။ ဒါမှသာ သင့်ခန္ဓာကိုယ်အလေးချိန် လျော့ချရာမှ အထောက်အကူ ပေးမှာ ဖြစ်ပါတယ်။

(၃) ပရိုတိန်းဓါတ် လုံလောက်အောင် စားပါ
ပျှမ်းမျှအားဖြင့် အရွယ်ရောက်ပြီးသူတွေဟာ တနေ့ကို ပရိုတိန်း ၅၀-၆၀ ဂရမ်လောက် လိုအပ်ပါတယ်။ ဒီတော့ မနက်စာမှာ လုံလောက်တဲ့ ပရိုတိန်းဓါတ် မပြည့်ဝထားဘူးဆိုပါစို့။ သင့်ရဲ့ ကြွက်သားကြီးထွားမှုကို နှေးကွေးစေပြီး ဆာလောင်မှုဖြစ်စေပါတယ်။ ပရိုတိန်းဓါတ် ပြည့်ဝမှာသာ အလွန်အကျွံစားသုံးမှုကို လျော့ချပေးနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် မွန်းလွဲပိုင်းအချိန်မှာ (ဒါမှမဟုတ်) နေ့လည်စာစားချိန်မှာ ပရိုတိန်းဓါတ် ပြည့်ဝတာတစ်ခုခု သွားစားလိုက်ပါ။

(၄) စားချိန်ကို နည်းပါးအောင် သတ်မှတ်ပါ
နေ့လည်စာ (သို့) ညစာစားပွဲမှာ ကြာကြာထိုင်လေ များများစားမိလေပါပဲ။ ဒါကြောင့် သင်စားလို့ ပြီးလောက်မယ့်အချိန်ကို သေချာသတ်မှတ်ပြီး အဲဒီအချိန်ထက်ကျော်တာနဲ့ စားပွဲက ထပါ။ စားစရာတွေကို ထုပ်ပိုးပြီး ရေခဲသေတ္တာထဲ အလျင်အမြန်ပြန်ထည့်ပါ။ ဒါမှသာ ညစာကို လိုတာထက်ပိုပြီး မစားမိမှာ ဖြစ်ပါတယ်။

Ref:mensxp
Credit to Trend Myanmar

အမေရိကန် နိုင်ငံသား အချို့၏ ခန္ဓာကိုယ်သွယ်လျသော အလေ့အထ ၆ မျိုး

အမေရိကန် လူမျိုး အများစုဟာ ကိုယ်အလေးချိန်များပြီး ထွားကျိုင်းကြပါတယ်။ ဒါပေမယ့် ကော်လိုရာဒို လူမျိုးတွေကတော့ ခန္ဓာကိုယ် သွယ်လျလှပတာကြောင့် သူတို့တွေရဲ့ အတုယူဖွယ်ရာ အလေ့အထတွေကို ရေးသားလိုက်ရပါတယ်။ 

နေ့တိုင်း တက်ကြွစွာ သွားလာလှုပ်ရှားခြင်း
သူတို့တွေဟာ အခြားသူတွေထက် နေ့စဉ် ခြေလှမ်းတစ်ထောင် ပိုလှမ်းလေ့ရှိတယ်လို့ လေ့လာမှု တစ်ခုအရ သိရပါတယ်။ အ၀လွန်တာက နေ့စဉ်လျှောက်လှမ်းတဲ့ ခြေလှမ်းအရေအတွက်နဲ့လည်း ဆက်စပ်ပါတယ်။ ပုံမှန်လှုပ်ရှားမှု မရှိရင် ကိုယ်တွင်း ဇီဝကမ္မ ဖြစ်စဉ်က နှေးကွေးလေးလံလာပြီး ပျော့ပျောင်း သန်စွမ်းမှု မရှိတော့ပါဘူး။ ဒီနည်းအားဖြင့် မလွဲမရှောင်သာ ကိုယ်အလေးချိန်တက်လာတတ်ပါတယ်။
အတုယူပါ –
 ခွေးနဲ့ လမ်းလျှောက်တာ၊ မိတ်ဆွေ သူငယ်ချင်းတွေနဲ့ တောင်တက်တာ၊ အားကစားခန်းမမှာ လေ့ကျင့်တာစတဲ့ လှုပ်ရှားမှုကို တစ်နေ့တာ လု့ပ်မယ့် စာရင်းမှာ မဖြစ်မနေ ထည့်သွင်းလုပ်ဆောင်ပါ။

စစ်မှန်သော အစာများကို စားခြင်း
ကော်လိုရာဒိုလူမျိုးတွေက အစားအသောက်နဲ့ ပတ်သတ်ပြီးလည်း ရွေးချယ်စားသောက်ပါတယ်။ သူတို့ဟာ ပြုပြင်ထားတဲ့ အစာတွေကို စားတာနည်းပြီး သဘာဝအပင်ထွက် အစားအသောက်တွေကို လတ်လတ်ဆတ်ဆတ် ရယူစားသောက်လေ့ရှိပါတယ်။ အထူးသဖြင့် အိမ်မှာ ချက်ပြုတ်စားသောက်ကြပါတယ်။
အတုယူပါ-
စားသောက်ဆိုင်မှာ စားသောက်မယ်ဆိုရင် လတ်ဆတ်ပြီး အရသာရှိတဲ့ အစားအသောက်ကို တတ်နိုင်သမျှ ရွေးချယ်ပါ။ ကာဗိုဟိုက်ဒရိတ်ကောင်းတဲ့ အဆီ၊ ပရိုတင်း၊ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ ပါဝင်တဲ့ အစာမျိုး ဖြစ်ရဲ့လားလို့ စဉ်းစားကာ ရွေးချယ် စားသုံးပါ။

ကျန်းမာရေးနဲ့ ညီညွတ်သော ပတ်ဝန်းကျင် ဖန်တီးခြင်း
ကော်လိုရာဒိုဟာ အလှပဆုံး ရှခင်းတွေနဲ့ ပြင်ပပတ်ဝန်းကျင်ကို ဖန်တီးထားပါတယ်။ ကော်လိုရာဒို လူမျိုးအများစုက နံနက်တိုင်း သာယာလှပတဲ့ ပတ်ဝန်းကျင်မှာ လမ်းလျှောက်ပြီး လေကောင်းလေသန့် ရှူရှိုက်တဲ့ အလေ့အထကောင်းတွေ ရှိကြပါတယ်။
အတုယူပါ –
 သင့်ပတ်ဝန်းကျင်မှာ အဆီပိုမရှိဘဲ ကျစ်လျစ်သန်စွမ်းတဲ့ သူတွေရှိနေရင် သင့်အနေနဲ့လည်း ပိုကျန်းမာလာပါလိမ့်မယ်။

သင့်ရည်ရွယ်ချက်ကို အကောင်အထည်ဖော်ခြင်း
ကော်လိုရာဒို လူမျိုးတွေဟာ အမြဲတတ်ကြွလှုပ်ရှားတာကြောင့် စွမ်းအင်နဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှု တိုးပွားပြီး မိသားစုအတွက် အကောင်းဆုံး အောင်မြင်မှု ရရှိအောင် စွမ်းဆောင်နိုင်ပါတယ်။ လူ့သက်တမ်းစေ့ နေနိုင်ပြီး မိသားစုနဲ့ တိုင်းပြည်အတွက် တာဝန်ထမ်းဆောင် နိုင်ဖို့ ကျန်းမာရေးကို ဦးစားပေးလေ့ ရှိပါတယ်။
အတုယူပါ –
 ကိုယ့်ကိုကိုယ် ပြန်မေးကြည့်ပါ။ သင့်ဘ၀အတွက် အရေးပါတဲ့ အရာက ဘာလဲ။ ကျန်းမာဖို့လား။ အောင်မြင်ဖို့လား။ ပျော်ရွင်ဖို့လား။ ဘ၀ရည်မှန်းချက်ဆီ အရောက်သွားရာမှာ ကျန်းမာရေး မကောင်းရင် ဘာမှ အရာရောက်မှာ မဟုတ်ပါဘူး။ ကျန်းမာရေးအတွက် ရည်မှန်းချက် ပန်းတိုင်ချမှတ်ပြီး နေထိုင်ပါ။

စိတ်ဓါတ်ခိုင်မာခြင်း
သူတို့တွေက တစ်ချိန်လုံး ပျော်ရွှင်နေတာ မဟုတ်ပေမယ့် ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့သဘာဝ ရှိကြပါတယ်။ သူတို့မှာ အကောင်းမြင်တဲ့ စိတ်ထားရှိလို့ပါ။ အပြုသဘောဆောင်တဲ့ စိတ်ထားကြောင့် ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်ပြီး အလုပ်မှာ စွမ်းဆောင် နိုင်စွမ်းကောင်းကာ စိတ်ဓါတ်ကျနှုန်း လျော့ကျပါတယ်။
အတုယူပါ –
 အမြဲတမ်း အကောင်းတွေနဲ့ချည်း မတွေ့နိုင်ပါဘူး။ အဆိုးနဲ့ အကောင်းကြုံတွေ့တဲ့အခါ အကောင်းမြင် စိတ်နဲ့ အကောင်းဆုံး ဖြေရှင်းပါ။

ပျော်ရွင်စွာ နေထိုင်ခြင်း
ကော်လိုရာဒို လူမျိုးတွေက ကိုယ်အလေးချိန် လျော့ချပြီး ကျန်းကျန်းမာမာ နေထိုင်လေ့ရှိကြပါတယ်။ ကိုယ်အလေးချိန် လျော့ချရာမှာ အောင်မြင်ဖို့ ပူပင်သောကတွေကို မေ့ပစ်လေ့ရှိပါတယ်။
အတုယူပါ –
 ပူပင်စိတ်များတာကြောင့် လူအများစုဟာ အစားအသောက်တွေကို လိုတာထက် ပိုစားမိတတ်ပါတယ်။ ဒါကြောင့် ပူပင်သောကတွေကို တတ်နိုင်သလောက် လျော့ချပါ။

Credit to ဇွန်ခိုင်ဦး (ဆေးဝါး)

အဆီကျပြီး သွယ်လျ လှပနေဖို့

 အဆီကျပြီး သွယ်လျ လှပနေဖို့အတွက် နည်းလမ်းမျိုးစုံ သုံးကာ အဆီချလေ့ ရှိပါတယ်။ အဲဒီထဲက ထူးခြားတဲ့ အဆီချနည်း အချို့ ကို ရွေးချယ် ဖော်ပြ လိုက်ရပါတယ်။ 
မက်ဒေါနား၏ အဆီချနည်း
နာမည်ကျော် ပေါ့ပ်ဘုရင်မ မက်ဒေါနားဟာ လေနဲ့ အဆီချနည်း ဆိုတဲ့ နည်းလမ်းကို အသုံးပြုပါတယ်။ သူ့ရဲ့ နည်းလမ်းကတော့ အစားအသောက်တွေကို အမှန်တကယ် မစားဘဲ အဲဒီ အစားအသောက်က ထွက်လာတဲ့ အငွေ့ကိုပဲ ရှူရှိုက်တဲ့နည်း ဖြစ်ပါတယ် ။ ပြင်သစ်မှာ အသုံးပြုခဲ့တဲ့ နည်းလမ်းဖြစ်ပြီး ထိရောက်မှု ရှိတယ်လို့ ဆိုပါတယ်။
ဘီယွန်စေး၏ အဆီချနည်း
ထိပ်တန်း အဆိုတော် တစ်ဦးဖြစ်တဲ့ ဘီယွန်စေးဟာ သူ့ရဲ့ ခန္ဓာကိုယ် အလေးချိန် လျင်လျင်မြန်မြန် လျော့ကျဖို့ အတွက် အဖတ်လုံးဝ မစားတဲ့ နည်းလမ်းကို အသုံးပြုပါတယ်။ သူဟာ ၁၄ ရက်လုံးလုံး သံပရာရည်၊ သကြားရည်၊ ငရုတ်ကောင်းမှုန့် နဲ့ ရေကိုပဲ သောက်သုံးပြီး နေခဲ့တာကြောင့် ပေါင် ၂ဝ လောက် မြန်မြန်ဆန်ဆန် ကျသွားခဲ့ပါတယ်။ ဒီနည်းလမ်းဟာ ခန္ဓာကိုယ် ကိုလည်း သန့်စင်စေတယ်လို့ ဆိုပါတယ်။
ရီစီဝစ်သာစပွန်း၏ အဆီချနည်း
ဝစ်သာစပွန်းဟာ ကလေးစားတဲ့ အစားအစာတွေ ကိုပဲ ဓာတ်စာအဖြစ် စားသုံးတယ်လို့ ဆိုပါတယ်။ သူဟာ ပုံမှန် အစားအသောက်တွေ နေရာမှာ ကလေး သူငယ်တွေကို ကျွေးတဲ့ အာဟာရမှုန့်လို အစားအသောက်တွေကို ပြောင်းလဲ စားသောက်ပါတယ်။ ပမာဏကလည်း နည်းပါတယ်။ ဒီအစားအစာ တွေဟာ ခန္ဓာကိုယ် အတွက် လိုအပ်တဲ့ အာဟာရ ဓာတ်တွေသာ ပါဝင်ပြီး အပို ထပ်ဆောင်း ပစ္စည်းတွေ မပါဘူးလို့ ဆိုပါတယ်။
မီဂန်ဖောက်စ်၏ အဆီချနည်း
မင်းသမီး မီဂန်ဖောက်စ် ကတော့ အစာ စားခါနီးတိုင်းမှာ ပန်းသီးဖျော်ရည်နဲ့ ရှာလကာရည် ပေါင်းထားတဲ့ အရည်တစ်မျိုးကို ပုံမှန် သောက်သုံးလေ့ ရှိပါတယ်။ ဒါဟာ ခန္ဓာကိုယ်အတွက် အကြီးအကျယ် မသိသာ စေပေမယ့် အစာ စားချင်တဲ့ စိတ်ကို အပြောင်းအလဲ ဖြစ်အောင် လုပ်ပေး နိုင်တယ်လို့ သိရပါတယ်။
နီကိုးကစ်မန်း၏ အဆီချနည်း
မင်းသမီး နီကိုးကစ်မန်း ကတော့ အဆီချနေတဲ့ အချိန်မှာ ကျက်ကျက် ပြုတ်ထား တဲ့ ကြက်ဥတွေကို စားပါသတဲ့။ သူဟာ အဲဒီလို အချိန်မှာ တခြား အစားအသောက် ဘာမှ မစားဘဲ မနက်စာ ကြက်ဥတစ်လုံး၊ နေ့လယ်စာ ကြက်ဥနှစ်လုံး၊ ညစာ ကြက်ဥသုံးလုံး စားတယ် လို့ ပြောခဲ့ဖူးပါတယ်။

Credit to ကိုဇင်

14 Aug 2014

အဆီပိုတွေလောင်ကျွမ်းစေမည့် အစားအစာများ

ယနေ့ ကမ္ဘာမှာလူနေမှုပုံစံတိုးတက်မြင့်မားလာတဲ့အလျှောက် နေထိုင်စားသောက်မှုများ ပုံစံြေ ပာင်း လဲလာကြရာ၊ အရွယ် ၃-ပါး ကျား/မ မရွေး ခန္ဓာကိုယ်မှာအဆီပိုတွေစုလာကြပါတယ်။ အဆီကျစေဖို့ အထိရောက်ဆုံးနဲ့ အလွယ်ကူဆုံးနည်းက အစားအစာ နဲ့ ထိန်းခြင်းဖြစ်တာမို
့အောက်ပါ ရိုးရှင်းလွယ်ကူတဲ့ သဘာဝကုထုံးများဖြင့် အဆီပိုတွေလောင်ကျွမ်းနိုင်ကြပါစေကြောင်း။

(၁) ကွေကာအုတ်(အကြမ်း)ကို နို့  နှင့် အချိုလျော့ထည့်၍ နံက်စာအာဟာရအဖြစ်မှီဝဲပါ။ အရသာ မရှိသော်လဲ ပါဝင်တဲ့အမျှင် ဓာတ်များက အဆာပြေစေပြီး၊ ကိုလက်စထရောပမာဏကို မျှတေ အာင်ထိန်းပေးပါတယ်။ (အညိုရောင်ကွေကာ အုတ် အကြမ်း တွေကို City Mart ဆိုင်တိုင်းမှာ အလွယ်တကူ ၀ယ်ယူရရှိနိုင်ပါတယ်)

(၂) ကြက်ဥဟာ ပရိုတင်းဓာတ်ကြွယ်ဝပြီး၊ ကယ်လိုရီပါဝင်မှုနဲတာကြောင့် ကျမ္မာရေးအတွက် အကောင်းဆုံး အစားအစာဖြစ်ပါ တယ်။ ဒါ့ပြင် ကြွက်သားတွေကို ကောင်းစွာတည်ေ ဆာက် နိုင်အောင်၊ ခန္ဓာကိုယ်အတွက် ကောင်းမွန်တဲ့ကိုလက်စထရောတွေ ဖွံ့ ဖြိုးအောင် အထောက် အပံ့ပေးပါတယ်။

(၃) ပန်းသီးထဲမှာ အစွမ်းထက်မြက်ဓာတ်တိုးဆန့် ကျင်ပစ္စည်း အမြောက်အများပါရှိပါ တယ်။ အထူးသဖြင့် ပန်းသီးထဲမှာပါတဲ့ သဘာဝ Pectin ဓာတ်က ခန္ဓာကိုယ်ထဲရှိမလိုလားအပ်သော အဆီဆဲလ်များကို လျော့ပါးသွားစေပါတယ်။

(၄) ငရုပ်သီးစိမ်း စပ်စပ်စားပေးပါ။ ငရုပ်သီးစိမ်းထဲမှာပါရှိတဲ့ မွှန်စပ်စေတဲ့ Capsaicin အစွမ်းက ခန္ဓာကိုယ်ထဲရှိ အကျိုးပြုဆဲလ် များကို ကြီးထွားအောင်ကူညီပေးကာ၊ ကယ်လိုရီများကို လျှင်မြန် စွာလောင်မြိုက်စေပါတယ်။ ထို့ ပြင် နှလုံးခုန်မြန်စေပြီး၊ သွေး ကြောထဲမှအဆီများ ကျစေပါတယ်။

(၅) ကြက်သွန်ဖြူထဲမှာပါရှိတဲ့ Allicin ဓာတ်တွေက ဘက်တီးရီးယားများကို တိုက်ထုတ်ပေး ကာ အဆီကျစေတဲ့အပြင် မကောင်း တဲ့ ကိုလက်စထရောတွေကိုလည်း ဖယ်ရှားသုတ်သက်ပေး ပါတယ်။

(၆) အဆီလောင်ကျွမ်းစေဖို့ အတွက် သက်တမ်း ၁-နှစ်ရှိတဲ့ သဘာဝပျားရည်စစ်စစ်က တန်ဖိုးရှိ တဲ့ဆေးပါဘဲ။ နံက်အိပ်ယာထ တိုင်းပျားရည်ကို ရေနွေးဖြင့် ဖျော်သောက်ပါ(သို့ မဟုတ်)ညအိပ် ယာဝင် ခါနီး သောက်ရေအေးဖြင့်သောက်ပါ (ရေခဲရေမဟုတ်ပါ)

(၇) ရေနွေးကြမ်းက ခန္ဓာကိုယ်အလေးချိန်တက်မလာအောင် ထိန်းသိမ်းပေးသလို၊ အဆီကျ အသားကျစ်လစ်စေနိုင်လို့  လ္ဘက် ခြောက်ကျကျ ရေနွေးကြမ်းကို အနည်းဆုံး တနေ့  ၂-ခွက် ပုံမှန်သောက်ပေးပါ။

(၈) ဂျုံမြက်(ခေါ်)Wheat Grass ဖျော်ရည်သောက်ပါ။ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို တိုးတက်ေ ကာင်းမွန်စေတဲ့အပြင်၊ အဆီကျ စေပါတယ်(အသင့်သောက် Wheat Grass ဖျော်ရည်ဗူးများကို City Mart ဆိုင်တိုင်းမှာ အလွယ်တကူဝယ်ယူရရှိနိုင်ပါတယ်)

(၉) ခရမ်းချဉ်သီးက အဆီမြန်မြန်ကျစေတဲ့အပြင်၊ ကင်ဆာရောဂါတွေကိုတိုက်ထုတ်ပေးတြာေ ကာင့် နေ့ စဉ် ခရမ်းချဉ်သီး မှီဝဲ စားသုံးပါ။ (ကိုင်းခရမ်းချဉ်သီး မဟုတ်ပါ)

(၁၀) အမဲရောင်ချောကလက်စားပါ။ ချောကလက်ထဲမှာပါတဲ့ Flavonoids ဓာတ်ပေါင်းစုများ က သွေး ထဲ ရှိ ကိုလက်စထရော ပ မာဏကိုကျစေပါတယ်။ ထို့ ပြင် သွေးထဲရှိ serotonin ဓာတ်ကို အားကောင်စေပြီး၊ အဆီများလောင်ကျွမ်းစေပါတယ်။

(၁၁) နံက်အိပ်ယာထ သံပုရာသီးကိုထက်ခြမ်းခြမ်းပြီး အလုံးလိုက်ရေနွေးစိမ်သောက်ပါ။ အချိန်တိုအတွင်း အဆီများကျစေပါ တယ်။ (သွေးပေါင်ကျသူများ မသောက်သင့်ပါဘူး)

(၁၂) ချဉ်စော်ခါးသီးကို ရေနွေးစိမ်၍သောက်ခြင်းကလည်း သိသိသာသာအဆီကျစေပါတယ်။ ဆီးအောင့် ဆီးချုပ်သူများ အ တွက်လည်း ကောင်းကျိုးပြုပါတယ်။

(၁၃) ဂျင်းက ကြွက်သားများအတွက် သွေးလည်ပတ်မှုကောင်းမွန်စေကာ၊ ကယ်လိုရီလော င်မြိုက်ေ စပါတယ်။

(၁၄) အဆီလုံးဝမပါသော နွားနို့ (သို့ မဟုတ်) ဒိန်ချဉ် ၁-ခွက် နေ့ စဉ်သောက်ပါ။ ပဲနို့် ရည်က လည်း အဆီမတက်လာစေပါဘူး။

(၁၅) မြေပဲနဲ့ လုပ်ထားတဲ့ ထောပတ်က အမျိုးသား/အမျိုးသမီးတို့ အတွက် testosterone ဟိုမုန်းကို တိုးပွားစေပါတဲ့အပြင်၊ ကြွက်သားများ ကောင်းစွာတည်ဆောက်ပေးကာ၊ အဆီလောင် ကျွမ်းစေပါတယ်။

(၁၆) ဆယ်လ်မွန်၊ တူနာ စသော အဆီများတဲ့ ပင်လယ်ငါးစားပေးခြင်းဖြင့် ခန္ဓာကိုယ်မှ အဆီ များေ လာင်ကျွမ်းစေနိုင်ပါတယ်။

(၁၇) အစိမ်းရောင် သစ်သီးဝလံ နှင့် ဟင်းရွက်များဖြစ်ကြတဲ့ ထောပတ်သီး၊ ပန်းဂေါ်ဖီစိမ်း၊ ဟင်းနုနယ်ရွက်၊ ကိုက်လန် တွေက ခန္ဓာကိုယ်မှ မလိုလားအပ်သော free radicals ကိုတိုက် ထုတ်ပေးကာ၊ ကြွက်သားများ ကောင်းစွာတည်ဆောက်စေပြီး၊ အဆီ ကျစေပါတယ်။

(၁၈) ဆန်လုံးညို နဲ့ ဗာဒံစေ့ တို့ က (လုံးဝ) အဆီမတက်စေပါဘူး။

(၁၉) ပဲညွန့် ရွက်အမျိုးမျိုးစားပေးပါ။ အစာကျေညက်စေတဲ့အပြင် အဆီလောင်မြိုက်ေ အာင် အထောက်အကူဖြစ်စေပါတယ်။

(၂၀) ကြိတ်မှန်ရွက်စားပါ။ ညအိပ်ယာဝင်ခါနီး အဆီပိုရှိသောနေရာများကို ကြိတ်မှန်ရွက် သတ္တုရည် ပွတ်လိမ်းပါ။ ဇွဲရှိရှိဖြင့် ၆-လ ခန့်လိမ်းပေးခြင်းဖြင့် အဆီများလျော့ကျသွားပါလိမ့်မယ်။

(၂၁) အဆီမပါတဲ့ မြန်မာကြက်သား(တောကြက်သား)/ကြက်ဆင်သား/အမဲမိုးခိုသားတို့ 
က အသားကျစ်လစ်စေပြီး ခန္ဓာကိုယ်မှ အဆီများကိုကျစေပါတယ်။ (ကြက်အရေခွံမစားရ)

(၂၂) အဆီပိုများတဲ့ ခန္ဓာကိုယ်ပိုင်ရှင်များ ပင်လယ်စာ ကမာကောင်ကို မကြာခဏစားပေးပါ။

(၂၃) လ္ဘက်ရည်ဇွန်း ၏ ၄ပုံ ၁ပုံ စာမျှ ပမာဏရှိသော သစ်ကြပိုးခေါက်မှုန့် ကို ရေနွေးဖြူဖြင့် နေ့  စဉ်ေ သာက်ပေးနိုင်ပါတယ်။

(၂၄) နံက်စာ စားပြီးနောက် အချို နှင့် နို့ နည်းနည်းသာပါသော ကော်ဖီ ၁-ခွက်ကို သောက်ပေြး ခင်းဖြင့်၊ မိနစ် ၂၀ အကြာမှာ သိ သိသာသာ အဆီလောင်မြိုက်သွားပါတယ်။

(၂၅) သံလွင်ဆီ တစ်မျိုးတည်းသာစားခြင်းက၊ ရက်သတ္တ ၁၆-ပတ်အကြာမှာ အဆီပိုများ သိသိ သာသာ ကျဆင်းသွားစေပါတယ်။

(၂၆) ပုလင်းတစ်ထဲမှာ ရိုးရိုးသကြား သုံးဇွန်း (ဟင်းစားဇွန်း) နှင့် ရှောက်ရွက်အကြမ်း ကိုးရွက် ထည့်ြ ပီးနောက် ရေကျက်အေးများ ပုလင်းထဲသို့ အပြည့်ထည့်၍ ပုလင်းလုံအောင်ဖုံးကာ နေပူ ထဲမှာ ကိုးရက်တိတိလှန်းပေးပါ။ ကိုးရက်ပြည့်သောနေ့ တွင် ထို ရှောက်ရွက်ဆေးရည် ပုလင်း ကိုလှုပ်၍ လက်ဖက်ရည်အကြမ်းပန်းကန်တစ်ဝက်ခန့်  နံနက်တစ်ကြိမ် ညတစ်ကြိမ် နေ့ စဉ်
မှန်မှန် သောက်သုံးပေးပါ။ ရက်သတ္တတ် ၇-ပတ်ခန့်  အကြာမှာ အဆီပို ဗိုက်ရွဲမှုများကျပြီး အသားအရေစစ်သွားပါလိမ့်မယ်။ (ဆေးပတ် လည်စေဖို့ အတွက် ဥပမာ အိုဗာတင်းပုလင်း လွတ်မျာြး ဖင့် ဖော်ပြပါနည်းအတိုင်း လုံလုံလောက်လောက် ဆေးရည်ဖော်စပ်ပါ)

<<စာနာထောက်ထားစွာဖြင့် ဆောင်းပါးရှင်အမည်ကို ပြောင်းလဲခြင်း/ချန်လှပ်ထားခြင်း မျိုး မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည် >>
(ဆောင်းပါးရှင်…ပေါက်ပေါက်..မျှဝေသည်)

21 Jul 2014

ခန္ဓာကိုယ်တွင်း အဆီလောင်မြိုက်စေမည့် အစားအစာ (၁၀) မျိုး

ဗိုက်ခေါက် အဆီပျဉ်တွေချဖို့ အတွက် gym ဆော့ကြသော်လဲ၊ အထိရောက်ဆုံး နှင့် အလွယ်ကူ ဆုံး နည်းကတော့ အဆီဆဲလ် တွေကို ဖြိုခွင်းပေးနိုင်သော ကျန်းမာရေးနှင့် ညီညွတ်တဲ့ အစား အစာများကို စားသောက်ခြင်းဘဲ ဖြစ်ပါတယ်။

(၁) ကွေကာအုတ်(အကြမ်း)

ကွေကာအုတ်(အကြမ်း) တွေက အရသာမရှိသော်လဲ၊ ဆာလောင်မွတ်သိပ်မှုကိုပြေပျောက်စေ တဲ့အပြင် ကျန်းမာရေးနှင့် ညီညွတ် စေတာကြောင့် နံက်စာ အာဟာရအဖြစ် မှီဝဲသင့်ပါတယ်။ ၄င်းထဲမှာ ပါရှိတဲ့ အမျှင်ဓာတ်များက ခန္ဓာကိုယ်ကိုဆိုးကျိုးပေးတဲ့ LDL ကိုလက်စထရောကို ထိရောက်စွာ ထိန်းညှိပေးပါတယ်။ ကွေကာအုတ်(အကြမ်း) များကို City Mart ဆိုင်တွေမှာ အလွယ်တကူ ၀ယ်ယူရရှိနိုင်ပါတယ်။

(၂) ကြက်ဥ

ကြက်ဥဟာ ပရိုတင်းစုဝေရာအရင်းအမြစ်ဖြစ်တဲ့အပြင်၊ ကယ်လိုရီပါဝင်မှုနည်းပါးတာကြောင့် ကျန်းမာရေးကို လွန်စွာကောင်း ကျိုးပြုပါတယ်။ ဒါ့ပြင် ကြွက်သားများကို ကျစ်လစ်စွာတည်ဆော က်ေ စပြီး၊ ခန္ဓာကိုယ်ကို ကောင်းကျိုးပြုတဲ့ HDL ကိုလက်စထ ရောကို ပွားများစေပါတယ်။

(၃) ပန်းသီး

ပန်းသီးထဲမှာ ခန္ဓာကိုယ်အကျိုးပြု ဓာတ်တိုးဆန့် ကျင်ပစ္စည်းများအပြင်၊ အခြား အားဖြည့်ပစ္စည်း များ လည်း ကြွယ်ဝစွာပါရှိနေပါ တယ်။ အထူးသဖြင့် ပန်းသီးထဲရှိ Pectin ဓာတ်က မလိုလားအပ် တဲ့အဆီတွေကို လျော့ချပေးပါတယ်။

(၄) ငရုပ်သီးစိမ်း

ငရုပ်သီးစိမ်းထဲမှာ ပါရှိတဲ့ Capsaicin ဓာတ်က ခန္ဓာကိုယ်တွင်းရှိ အကျိုးပြုဆဲလ်များကို ဖွံ့ ဖြိုးတိုး တက်စေနိုင်သလို၊ မလိုလား အပ်တဲ့ ကယ်လိုရီများကိုတော့ အချိန်တိုအတွင်းမှာ လောင်မြိုက်ေ ပးနိုင်ပါတယ်။

(၅) ကြက်သွန်ဖြူ

ကြက်သွန်ဖြူထဲမှာ ကူးစက်ရောဂါ ဘက်တီးရီးယားပိုးမွှားတွေကိုသေစေနိုင်တဲ့ Allicin(ခေါ်) အစွမ်း ထက်ပိုး သတ်ဆေး ပါရှိနေပါ တယ်။ ကြက်သွတ်ဖြူက အဆီပိုတွေကိုလျော့ကျစေတဲ့အြ ပင်၊ မေ ကာင်းေ သာ ကိုလက်စထရောများကိုပါ ဖယ်ရှားပေးနိုင်ပါ တယ်။

(၆) ပျားရည်

ပျားရည်အဟောင်း(တစ်နှစ်ကျော်ပျားရည်) က အဆီပိုတွေကို ဖယ်ရှားပေးနိုင်တဲ့ အကောင်းဆုံးေ ဆး စွမ်း တစ်ခွက်ဖြစ်ပါတယ်။ နံက်အိပ်ယာထတိုင်း လ္ဘက်ရည်ဇွန်း ၁-ဇွန်းစာပမာဏရှိတဲ့ ပျား ရည်ကို ရေနွေးဖြူဖြင့် သောက်ပေးသင့်ပါတယ်။

(၇) ရေနွေးကြမ်း

လ္ဘက်ခြောက်ရေနွေးကြမ်းက ကိုယ်အလေးချိန်ကျစေတဲ့ အကောင်းဆုံး ဖျော်ရည်တစ်မျိုးပါ။ ကျန်း မာနုပျိုစေသော ခန္ဓာကိုယ် အကျိုးပြု ဓာတ်တိုးဆန့် ကျင်ပစ္စည်းများပါရှိတဲ့အပြင်၊ ကိုယ်အလေးချိန် ကို လည်း ထိန်း ညှိပေးနိုင်တာကြောင့် ရေနွေးကြမ်းကို အနည်းဆုံး တစ်နေ့  ၂-ခွက် သော က်ပေးသင့်ပါတယ်။

(၈) ဂျုံမြက်

Wheat Grass(ခေါ်)ဂျုံမြက်များဟာ ဇီဝကမ္မဖြစ်စဉ်ကို တိုးတက်ကောင်းမွန်စေတဲ့အပြင်၊ အဆီ ပိုတွေကိုပါ လျော့ချပေးနိုင်ပါ တယ်။ အသင့်သောက် Wheat Grass ဖျော်ရည်ဗူးများကို City Mart ဆိုင်းတွေမှာ အလွယ်တကူ ၀ယ်ယူရရှိနိုင်ပါတယ်။

(၉) ခရမ်းချဉ်သီး

အဆီပိုတွေကို အချိန်တိုတွင်းမှာ လောင်မြိုက်စေဖို့ အတွက် ခရမ်းချဉ်သီးကို ဓာတ်စာအဖြစ် မှီဝဲ အားကိုးထိုက်ပါတယ်။ ဒါ့ပြင် ခရမ်းချဉ်သီးက ကင်ဆာရောဂါတော်တော်များကို ကာကွယ်ပေးနိုင် တာကြောင့် ဟင်းချက်၍ တစ်မျိုး၊ ဖျော်ရည်လို တဖုံ သောက် သုံးသင့်ပါတယ်။ (ဂေါက်ရောဂါ ရှိသူများက ခရမ်းချဉ်သီးအစေ့ကို ဖယ်၍စားပေးပါ)

(၁၀) အနက်ရောင် ချောကလက်

ချောကလက်(အနက်ရောင်)ထဲမှာပါတဲ့ Flavonoids ဓာတ်ပေါင်းစုက သွေးထဲရှိ ကိုလက်စထေ ရာကို လျော့ချပေးနိုင်ပါတယ်။ အနက်ရောင်ချောကလက်က ဦးနှောက် ပင်ပန်းနွမ်းနယ်မှုတွေကို သက်သာစေကာ စိတ်ကိုကြည်လင် လန်းဆန်းသွားစေတဲ့ အပြင်၊ အဆီပိုတွေ ကိုပါ လောင်မြိုက်စေပါတယ်။

<<စာနာထောက်ထားစွာဖြင့် ဆောင်းပါးရှင်အမည်ကို ပြောင်းလဲခြင်း/ချန်လှပ်ထားခြင်းမျိုး မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည် >>
(ဆောင်းပါးရှင်…ပေါက်ပေါက်…မျှဝေသည်)
promise.pauk
(ရိုးသားမှုသည်တခါတရံ၌ရှုံးနိမ့်စေတတ်၏။သို့ သော်တစ်သက်လုံးကားလိပ်ပြာလုံစေတော့၏။)


 အဆီကျလှပစေမည့် အစားအစာ ၁၀ မျိုး
( ၁ ) အုတ်ဂျုံ (Oats)
အုတ်ဂျုံ (Oats)ဟာအရသာ ကောင်းမွန်ရုံမကပဲ အစာစားချင်စိတ်ကို လျှော့ကျစေပါတယ်။ အုတ်ဂျုံ (Oats)တွင် အမျှင်ဓါတ်များစွာပါဝင်ပြီး
Cholesterol levels (ကိုလက်စထရော) တည်ငြိမ်စေပါတယ်။ သွေးထဲတွင် ကိုလက်စထော စုပ်ယူမှုကို ဟန့်တားပေးပါတယ်။ နှလုံးရောဂါလည်းကာကွယ်ပေးပါတယ် ။ အုတ်ဂျုံ (Oats) မှာ အမျှင်ဓာတ် ပါဝင်မှု ရာခိုင်နှုန်း မြင့်မားခြင်း၊ ဗိုက်တာမင် B (အထူးသဖြင့် B-1)၊ E တို့ များစွာ ပါဝင်လျက် ရှိပါတယ်။ အမျှင်ဓာတ်များစွာ ပါဝင်ခြင်းကြောင့် ဂလူးကို့စ် စုတ်ယူနိုင်မှုကို နှေးကွေးစေပါတယ်။ သွေးထဲရှိ သကြားပါဝင်မှု ပမာဏကို တည်ငြိမ်စေပါတယ်။

( ၂ ) ဥများ
ဥများမှာ အသားဓါတ်များစွာပါဝင်ပါတယ်။ ဥများကိုစားသုံးခြင်းဖြင့် ကြွက်သားများတည်ဆောက်မှုကို ကောင်းမွန်စေပြီး ကောင်သော ကိုလက်စထရော များကို ဖြစ်ပေါစေပါသည်။

( ၃ ) ပန်းသီး
ပန်းသီမှာ အလွန်ပြည့်ဝတဲ့ Antioxidants နှင့် အခြား ဖြည့်စွက်အဟာရများစွာပါဝင်ပါတယ်။ ပန်းသီးဟာ သွေးထဲရှိ မကောင်းတဲ့ အဆီဓာတ်ကို ခန္ဓာကိုယ်တွင်းမှ စွန့်ထုတ်ပေးနိုင်ရုံသာမက သူ့မှာပါဝင်တဲ့ ပက်တင်(Pectin)ဆိုတဲ့ ဓာတ်ကြောင့် အဆိပ်အတောက်ဖြစ်စေတဲ့ ဓာတ်တွေနဲ့ အစာတွေကို လျှော့ကျစေတဲ့ အာနိသင်လည်းရှိပါတယ်။ဒါကြောင့် အဆိပ်ဖြစ်စေတဲ့ ဓာတုပစ္စည်းတွေကို ကိုင်တွယ်အလုပ်လုပ်ရသူတွေ ဆေးလိပ်သောက်သူတွေကို ပန်းသီးမှန်မှန်စားသုံးသင့်ပါတယ်။
ပန်းသီးကိုပါးပါးလှီး ရေသုံးဆနဲ့ ထည့်ပြီးဆူအောင်တည် ပြီးရင်နွေးအောင်ထားပြီးသောက်ပါက ကျောက်ကပ်နဲ့ ဆီးအိမ်မှာတည်တဲ့ ကျောက်ကိုလည်း ကျေစေပါတယ်။ပန်းသီးစားသုံးခြင်းဖြင့် သွေးအားနည်းရောဂါ

 သွေးတိုးရောဂါ နှလုံးရောဂါ အူရောင်ခြင်းတို့ကို သက်သာပျောက်ကင်းစေပါတယ်။ ပန်းသီးကို အခွံမနွှာပဲစားရင် ချောင်းဆိုး ပန်းနာ ရင်ကျပ်ပါ ပျောက်စေပါတယ်။

( ၄ ) အစိမ်းရောင်ငရုတ်သီးများ
အစိမ်းရောင်ငရုတ်သီးများ တွင် Capsaicin ဟုခေါ်သော ဓါတ်တစ်မျိုးပါရှိပြီး ထိုဓါတ်ဟာ ကိုယ်ခန္ဓာကြီးထွားစေတဲ့ ဆဲလ်လေးများကို ကြီးထွားသန်မာစေပြီး မကောင်းသော ကိုလက်စထော များကို လျှင်မြန်စွာပျက်စီးစေပါသည်။ Caspsaicin နဲ့ ဆက်စပ်နေတဲ့ ဒြပ်ပေါင်းတွေဟာ ဝမ်းဗိုက် အဆီလျော့ကျအောင် ကူညီပေးပါတယ်။ ငရုတ်သီးပါဝင်တဲ့ နေ့လယ်စာ စားသူတွေမှာ သွေးတွင်းသကြားဓာတ်ကို ထိန်းပေးတဲ့ ဟော်မုန်း (Insulin) မြင့်တက်စေပြီး အစာဆာလောင်စိတ်များတဲ့ ဟော်မုန်း (Ghrelin)ကျဆင်းစေပါတယ်။ ငရုတ်သီးတွင်ပါသော Capsaicinသည် ဆီးကျိတ်ကင်ဆာရောဂါသာမက၊ အခြားကင်ဆာရောဂါများအတွက်လည်း သက်သာပျောက်ကင်းစေသော အာနိသင်များပါဝင်ပါတယ်။ ပူစပ်တဲ့ အရသာရှိတဲ့ Capsaicin ဟာနာကျင်မှု သက်သာစေတာကြောင့် ကြွက်သား နာကျင်ခြင်း၊အသား နာကျင်ခြင်း နဲ့ အဆစ်ရောင် ရောဂါတွေ သက်သာ စေပါတယ်။

( ၅ ) ကြက်သွန်ဖြူ
ကြက်သွန်ဖြူ မှန်မှန် စားသုံးပေးရင် ကိုလက်စထရော စုစုပေါင်းပမာဏကို ကျစေသလို ဆိုးကျိုးများစွာ ပေးနိုင်မယ့် ထရွိုင်ဂလစ်စရွိုက် (Triglyceride) ကိုလက်စထရော အမျိုးအစားကို စားသုံးမှု အနည်းအများ အလိုက် ၅ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ကြောင်း တွေ့ရပါတယ်။ နှလုံးသွေးကြောပိတ်ရောဂါ၊ လေဖြတ်လေဖျန်း

 ရောဂါများ၊ ကင်ဆာရောဂါများ စတဲ့ ရောဂါ အတော်များများကို သွယ်ဝိုက်ကာကွယ် တားဆီးပေးပါတယ်။ ထိုအတူကြက်သွန်ဖြူ စားခြင်းဟာ ကိုယ်ခံအားကိုကောင်းစေသလို၊ သွေးတိုးရောဂါကိုလည်းလျှော့ချပေးပါတယ်။

( ၆ ) ပျားရည်
ပျားရည်ဟာ အဆီကို ကျစေတဲ့ အကောင်းဆုံးအစားအစာတစ်ခုပါ။ ပျားရည်ထဲသို့ ရေပူပူလေးရောကာ မနက်တိုင်းသောက်သုံးပေးခြင်းဖြင့် အဆီများကို အလျှင်အမြန်လောင်ကျွမ်းစေနိုင်ပါတယ်။ ပျားရည်ဟာလူတွေရဲ့ ခန္ဓာကိုယ် ကို ခွန်အားနဲ့ စွမ်း အင်တွေကို တိုးပွားစေပါတယ် ။ ဒါကြောင့် ပျားရည်ကို စွမ်းဆောင်ရည်မြင့်မားစေဖို့ အပြင် ကြွက်သားများညောင်းညာခြင်း ၊ မောပမ်းနွမ်းနယ်ခြင်းတွေကိုလည်းသက်သာစေပါတယ်။ ပျားရည်ရဲ့
ဓါတ်တိုးဆန့်ကျင်ဂုဏ်သတ္တိနဲ့ ဘတ်တီးရီးယားပိုးမွှားတွေကို သတ်နိုင် တဲ့အစွမ်းက အစာအိမ်နဲ့အူလမ်းကြောင်းကို တိုးတက်ကောင်းမွန်စေပြီး သင့်ကိုကျန်းမာပျော် ရွင်စေနိုင် ပါတယ်။

( ရ ) လက်ဖက်စိမ်း( Green Tea )
Green Tea ဟာ ကိုယ်ခန္ဓာအဆီကျစေဖို့ အလွန်ကောင်းမွန်ပါတယ်။ Green Tea တစ်နေ့၂ခွက်သောက်သုံးပေးခြင်းဖြင့် အလွန်ကောင်းမွန်သောအကျိုးကိုခံစားရစေမှာပါ။ ပုံမှန်ထက် ကိုယ်အလေးချိန်များနေသူ ဒါမှမဟုတ် အဝလွန်နေသူတွေ သူဟာ လက်ဖက်စိမ်းလက်ဖက်ရည်ကို ပုံမှန် သောက်ပေးပါက ကိုယ်အလေးချိန် သုံးပေါင်၊ ဗိုက်အဆီ ခုနစ်ရာခိုင်နှုန်း ပိုမိုလောင်ကျွမ်းစေနိုင်ကြောင်းသိရှိရပါတယ်။Green Tea ဟာ ကင်ဆာကို ကာကွယ်နိုင်ခြင်း၊ လေဖြတ်နိုင်ခြေ လျော့နည်းခြင်းစသည့် အာနိသင်ရှိပါတယ်။ Green Tea သောက်ခြင်းဖြင့်လည်း ဦးနှောက်ကို ပိုမို အားကောင်းစေပါတယ်။

( ၈ ) ဂျုံမြက်နု ( Wheat Grass )
Wheat Grass ကိုစားသုံးခြင်းဖြင့် မိမိခန္ဓာကိုယ် ဇီဝဖြစ်စဉ်ပြောင်းလည်းမှုကို တိုးတက်စေပြီး အဆီကို ပိုကျစေပါတယ်။ Wheat Grass သည် လူသားတို့အား ကျန်းမာသန်စွမ်းအသက်ရှည်စေရန်နှင့် စိတ်ကြည်လင်လန်းဆန်းစွာ ဘဝရည်မှန်းချက်များကို အကောင်အထည် ဖော်ဆောင်နိုင်ရန် အာမခံချက်ပေးနိုင်သောအပင်တစ်မျိုး ဖြစ်ပါသည်။

( ၉ ) ခရမ်းချဉ်သီး
ခရမ်းချဉ်သီး ဟာလည်း အဆီကမြန်မြန်ကျစေသောအသီးတစ်မျိုးဖြစ်ပါတယ်။ ခရမ်းချဉ်သီးနေတိုင်းပုံမှန်စားသုံးပေးခြင်းဖြင့် အဆီကျစေသလို ကင်ဆာရောဂါကို ကာကွယ်ပေးပါတယ်။ ခရမ်းချဉ်သီးဟာ အရေပြားအတွက် အသားခြောက်ခြင်း၊ အသားပက်ခြင်းတို့ကို နည်းစေပြီး အစိုဓါတ်ကို ထိမ်းထားပေးသဖြင့် လှပသောအသားအရေကိုလည်း ပိုင်ဆိုင်စေနိုင်ပါတယ်။

( ၁၀ ) အမည်းရောင်ချောကလက်စစ်စစ်
Dark Chocolateကိုစားခြင်းဖြင့်လည်း အဆီကိုကျစေနိုင်ပါတယ်။Dark Chocolate မှာအဆီပါဝင်ပေမယ့်လည်း ထိုအဆီများဟာလူ့ခန္ဓာကိုယ်အား မ၀စေပါဘူး။ Dark Chocolate ကိုစားသုံးခြင်းဖြင့် သွေးထဲတွင် Serotonin ဟုခေါ်သောဓါတ်များတိုးပွားစေပြီး အဆီကိုကျစေတာပါ။ ထို့ အတူ Dark Chocolateကိုစားခြင်းဖြင့်လည်း သွေးဖိအားကိုလျှော့ ကျစေနိုင်ပါတယ်။ Dark Chocolate သည် Flavonoids ဓာတ်များပါဝင်ပြီး သင်၏သွေးကြော များ ကိုပျော့ပြောင်း စေပြီး မာကြော သောသွေး ကြောများကြောင့် ဖြစ်ပွားရသော သွေးဖိအားမြင့်မား မှုကို လျော့ချပေးသည်။  


 https://www.facebook.com/redhotcompany

23 Jan 2014

~အ၀လွန်သူများ၊ ဗိုက်ခေါက်ထူပြီး လာသောအမျိုးသမီးများအတွက်~

ပထမဦးစွာ ရှောက်ရွက်ကြမ်းများကို ရှာထားပါ...
ပုလင်းတစ်လုံးစီတွင် ရိုးရိုးသကြား သုံးဇွန်း(ဟင်းစားဇွန်း) စီထည့် ရပါမည်။ ပုလင်းများတစ်လုံးစီတွင် ရှောက်၉ရွက် စီထည့်ပေးပါ။ေ၇ကျက်အေးများ ပုလင်းထဲသို့ အပြည့် ထည့်ပြီး အဆို့ပိတ်လျက် နေပူတွင် ကိုးရက်လှန်းပေးပါ။

ကိုးရက်စေ့လျှင် ဆေးဝါးအဖြစ် သုံးနိုင်ပြီ။ နံနက် တစ်ကြိမ်၊ ညတစ်ကြိမ် အဆိုပါေ၇ှာက်၇ွက် ဆေးရည်ပုလင်းကို လှုပ်ပြီး လက်ဖက်ရည် အကြမ်းပန်းကန် တစ်ဝက်ခန့်ကို မှန်မှန် သောက်သုံးသွား ပေးပါ။

တစ်လနှစ်လ ရှိသောအခါ အမျိုးသမီးများ ခါးသေးရင်ချီပြီး အဆီပို ဗိုက်ရွှဲမှုများကျသွား၍အသားအရေစစ်သွားပါမည်။အဆီကျဓာတ်စာဆေးများစားခြင်းထက်စိတ်ချ

ရသောရိုးရာဆေးနည်း ဖြစ်ပါသည်။ မှန်မှန် သောက်သုံးခြင်းဖြင့် အသည်းအဆီဖုံးခြင်းနှင့် နှလုံးအဆီ ပိတ်ခြင်းတို့မှလည်း သက်သာပျောက်ကင်း စေပါသည်။

လစဉ် မြန်မာ လဆန်း တစ်ရက်နေ့၌ ရှောက်ရွက်နှစ်ရွက်၊ သုံးရွက် ကိုရှာပြီးစားဖြစ်အောင်စားထားရန်အမှာရှိသည်။ထို့သို့စားပေးခြင်းဖြင့် လေရောဂါများမ၀င်ရောက်နိုင်၊

 လေထိုး၊ လေအောင့်၊ လေငန်းရောဂါများ မ၀င်ရောက်နိုင်။

လေငန်းရောဂါရှင်များ ရှောက်ရွက်၊ ငရုတ်ကောင်းနှင့် ကြက်သွန်ဖြူတို့ဖြင့်ဟင်းခါးချက်ကာ နေ့စဉ် သောက်သုံး ပေးခြင်းဖြင့် လေငန်းရောဂါမှ သက်သာ ပျောက်ကင်းစေသည်။

credit>>>Health.articles

22 Oct 2013

ရေနွေးကြမ်း သောက်ပြီး ဗိုက်မှာပိုနေတဲ့ အဆီတွေ လျှော့ကြစို့

ရေနွေးကြမ်းမှာ antioxidants တွေပါဝင်တာကြောင့် ၀ိတ်လျှော့တဲ့အခါမှာ အထောက်အပံ့ပေးပါတယ်။
အဓိကတော့ ဗိုက်မှာ ပိုနေတဲ့ အဆီတွေ လျှော့ကျစေတာပါပဲ။ ရေနွေးထဲကို လက်ဖက်ခြောက်ခတ်ပြီ ရေနွေးကြမ်းကို ၁နေ့ ၃ခွက် ပုံမှန် သောက်ပေးခြင်းဖြင့် ဗိုက်မှာ ပိုနေတဲ့ အဆီတွေကို လျှော့ချပေးတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ရှေးကတည်းက ရေနွေးခြမ်းသောက်တဲ့ အလေ့အကျင့်ကို ပြုလုပ်လာကြတာဟာ အကျိုးရှိလို့ပါပဲ။ ဒါပေမယ့် ဗိုက်အဆီတွေကို အမြန်ဆုံး ဖယ်ရှားချင်တယ်ဆိုရင်တော့ ရေနွေးခြမ်း တနေ့ ၃ခွက်အပြင် ပုံမှန်လေ့ကျင့်ခန်းလေးပါ အပိုဆောင်းပြီ လုပ်ပေးဖို့ လိုပါတယ်။

ပုံမှန်လေ့ကျင့်ခန်း လုပ်တာကလည်း ကျန်းမာရေးအတွက်လည်း အများကြီး အထောက်အကူ ပြုစေပါတယ်။ ထို့ပြင် ရေနွေးကြမ်း သောက်ခြင်းဖြင့် တခြား အကျိုးကျေးဇူးတွေ အများကြီး ရှိပါတယ်။
ထိုထဲကမှ အကျိုးကျေးဇူး (၆)ချက် ကို ကောက်နှုတ် ဖော်ပြ ပေးထားတာပါ။

ရေနွေးကြမ်း သောက်ခြင်းဖြင့် ရရှိသည့် အကျိုးကျေးဇူး (၆)ချက်

၁။ အဆီကျခြင်း
၂။ သွေးတိုးခြင်းမှ လျှော့ကျနိုင်ခြင်း
၃။ အသားအရေး လှပပြီ အရွယ်တင်စေခြင်း
၎။ ကင်ဆာဖြစ်ခြင်းမှာ ကာကွယ်ပေးနိုင်ခြင်း
၅။ နှလုံးရောဂါဖြစ်ခြင်းမှ လျှော့ကျစေခြင်း
၆။ သွားကျန်းမာရေးအတွက် အထောက်အကူပြုခြင်း

ဒီလောက်ဆိုရင် ရေနွေကြမ်း ပုံမှန်သောက်ပေးဖို့အတွက် အများကြီး တိုက်တွန်းဖို့ပင် မလိုတော့ဘူးလို့ ထင်ပါတယ်။ သွယ်လျတဲ့ ခန္ဒာကိုယ်ဖြစ်ဖို့ ရေနွေးကြမ်း တနေ့ ၃ခွက် မသောက်နိုင်ရင်တောင် ၁ခွက်လောက် ပုံမှန်သောက်ပေးရင်တောင် အကျိုးကျေးဇူး အများကြီး ရှိပါတယ် ဆိုတဲ့အကြောင်း ပြောချင်ပါတယ်။

Reference : Internet
ဘာသာပြန် : Wutyee Food House

10 Oct 2013

ပျိုမေ တို့ အတွက် ခါးသေးစေမည့်နည်းလမ်းများ

စားသမျှ စောင့်ကြည့်ပါ

အစာစားတဲ့ အခါမှာ စည်းကမ်းတော့  ထားဖို့ လိုပါတယ်။ အစားအသောက် ရွေးချယ်ရာမှာ မှန်ကန် ကောင်းမွန်တဲ့ အစားအသောက်တွေကို ရွေးစားသင့်ပါတယ်။ ဆီကြော်စာ၊ အခန်း အပူချိန်မှာ ခဲသွားတဲ့ အဆီပါတဲ့ အသားတွေကို မစားပါနဲ့။ အမျှင်ဓာတ် ပါဝင်တဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေကို စားတာက ဇီဝရုပ် ဖြစ်ပျက်မှုကို ကောင်းစေပြီး ဝမ်းဗိုက် ပတ်လည်က အဆီတွေကို လျော့ကျစေပါတယ်။ တစ်နေ့တာလုံး အစာကို နည်းနည်းနဲ့ မကြာခဏ စားတာက ဇီဝရုပ် ဖြစ်ပျက်မှုကို ကောင်းစေတာကြောင့် အချိန် နှစ်နာရီ-သုံးနာရီ ကြာတိုင်း အစာစားပေးပါ။


အမျိုးသမီးတွေက ဝမ်းဗိုက် ချပ်ရပ်ဖို့နဲ့ ခါးသေးဖို့ အတွက် နည်းလမ်း အမျိုးမျိုးနဲ့ ကြိုးစားတတ်ကြပါတယ်။ ဒါပေမဲ့ ခါးသေးချင်တဲ့ အမျိုးသမီးတွေ လုပ်နေကြ အမှားတစ်ခုက အဝတ်အစားဝတ်လို့ အဆင်မပြေတဲ့ အချိန်မှာပဲ ခါးသေးချင်တတ်ပြီး ကျန်တဲ့ အချိန်တွေမှာတော့ ခါးသေးအောင် အားမထုတ်တတ်ကြပါဘူး။

ခါးလှည့်ကွင်း သုံးပါ

ခါးလှည့်ကွင်းကို သုံးပြီး လေ့ကျင့်ခန်းလုပ်တာက ခါးနဲ့ ဝမ်းဗိုက်က အဆီတွေကို လျော့ပါးစေပါတယ်။ ရေကူးတာကလည်း ခန္ဓာကိုယ် တစ်ခုလုံးက ကြွက်သားတွေကို သန်စွမ်း ကြံ့ခိုင်စေတဲ့ လေ့ကျင့်ခန်းပါ။ ကခုန်တဲ့ လှုပ်ရှားမှုကလည်း ခန္ဓာကိုယ် တစ်ခုလုံးမှာ ရှိတဲ့ အဆီတွေကို လျော့ကျစေပါတယ်။

ရေဓာတ် ဖြည့်တင်းပါ

ရေသောက်တာက ခန္ဓာကိုယ်ထဲက အဆိပ်တွေကို ဖယ်ရှားပေးနိုင်တဲ့အပြင် ဇီဝရုပ် ဖြစ်ပျက်မှုကို ကောင်းမွန်စေပါတယ်။ ဒါကြောင့် ရေသောက်များတာကြောင့် ခန္ဓာကိုယ်မှာရှိတဲ့ အဆီရာခိုင်နှုန်းကို လျော့ကျစေပြီး အစာကြေစေပါတယ်။ ဒါ့အပြင် ရေကို များများသောက်တာကြောင့် ခန္ဓာကိုယ်က ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို ကောင်းကောင်း စုပ်ယူနိုင်စေပါတယ်။ အရက်နဲ့ အချိုရည်အစား သစ်သီးဖျော်ရည်တွေကို သောက်ပါ။ ကော်ဖီအစား သံပရာရည်ကို ရွေးပါ။

လေ့ကျင့်ခန်း လုပ်ပါ

ခါးသေးသွယ်စေမယ့် အဓိက လေ့ကျင့်ခန်းက ထိုင်ထ လေ့ကျင့်ခန်း၊ ယောဂ လေ့ကျင့်ခန်း၊ အိပ်ထမတင် လေ့ကျင့်ခန်း စတာတွေ ဖြစ်ပါတယ်။ လေ့ကျင့်ခန်းလုပ်တာက သင့်ဘဝတစ်လျှောက်လုံး ကျန်းမာနေစေဖို့အတွက် ပုံမှန် လုပ်ပေးသင့်တဲ့ အလေ့အထတစ်ရပ် ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းတွေအပြင် နောက်ထပ် လုပ်သင့်တဲ့ လေ့ကျင့်ခန်းကတော့ အလေးမတဲ့ လေ့ကျင့်ခန်းပဲ ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းတွေက ဝမ်းဗိုက် ကြွက်သားတွေကိုပါ သန်စွမ်းစေပါတယ်။

စိတ်အား မြှင့်တင်ပါ

လေ့ကျင့်ခန်းလုပ်ဖြစ်စေဖို့ အားကစား ဝတ်စုံအသစ်တွေကို ဝယ်တာ၊ ခါးအလှ ပေါ်လွင်စေမယ့် ဝတ်စုံတွေ ဝယ်တာတွေကို လုပ်ဆောင်ပါ။ ဒီလို လုပ်ဆောင်တာကြောင့် ခါးသေး သွယ်လျအောင် ကြိုးစားချင်စိတ် အပြည့်အဝ ရှိလာပါလိမ့်မယ်။Reader's comment: "  အစာစားတဲ့ အခါမှာ စည်းကမ်းတော့ ထားဖို့ လိုပါတယ်။ အစားအသောက် ရွေးချယ်ရာမှာ မှန်ကန် ကောင်းမွန်တဲ့ အစားအသောက်တွေကို ရွေးစားသင့်ပါတယ်။ ဆီကြော်စာ၊ အခန်း အပူချိန်မှာ ခဲသွားတဲ့ အဆီပါတဲ့ အသားတွေကို မစားပါနဲ့။ အမျှင်ဓာတ် ပါဝင်တဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေကို စားတာက ဇီဝရုပ် ဖြစ်ပျက်မှုကို ကောင်းစေပြီး ဝမ်းဗိုက် ပတ်လည်က အဆီတွေကို လျော့ကျစေပါတယ်။

တစ်နေ့တာလုံး အစာကို နည်းနည်းနဲ့ မကြာခဏ စားတာက ဇီဝရုပ် ဖြစ်ပျက်မှုကို ကောင်းစေတာကြောင့် အချိန် နှစ်နာရီ-သုံးနာရီ ကြာတိုင်း အစာစားပေးပါ။ အမျိုးသမီးတွေက ဝမ်းဗိုက် ချပ်ရပ်ဖို့နဲ့ ခါးသေးဖို့ အတွက် နည်းလမ်း အမျိုးမျိုးနဲ့ ကြိုးစားတတ်ကြပါတယ်။ ဒါပေမဲ့ ခါးသေးချင်တဲ့ အမျိုးသမီးတွေ လုပ်နေကြ အမှားတစ်ခုက အဝတ်အစားဝတ်လို့ အဆင်မပြေတဲ့ အချိန်မှာပဲ ခါးသေးချင်တတ်ပြီး ကျန်တဲ့ အချိန်တွေမှာတော့ ခါးသေးအောင် အားမထုတ်တတ်ကြပါဘူး။"

                                                                                                 ကြယ်စင်
                                                                                                 Good Health (ပြန်လည် ဝေမျှခြင်း)

8 Oct 2013

ဝမ်းဗိုက်အဆီစုခြင်းကို ကာကွယ်ရန်

(၁)အသည်းကို ၀န်ပိစေသောအစားအစာများ၊ အစာချေဖျက်မှုကို လျော့ချပေးသောအစားအစာများ စားသုံးမှုကို ချင့်ချိန်ရပါမည်။ သကြားဓာတ် ၊ သဘာဝနှင့်ဆန့်ကျင်သော အချိုဓာတ်ပါသည့်အစားအစာများ၊ ကဖိန်း၊ အဆီကို ဖြစ်သောအစားအစာများ၊ ဆိုဒါတို့ကို ရှောင်ရပါမည်။

(၂)အိုမီဂါ(၃)အက်ဆစ်ကို စားသုံးပါ ။ ငါးဆီ (၆)ဂရမ်စားပေးခြင်း၊ ဆယ်လ်မွန်၊၊ ငါးကွန်းရှပ်တို့ကို တစ်ပတ်လျှင် (၂)ကြိမ်ရအောင် စားပါ။ ဗီတာမင်ဘီ၊ ကယ်လ်ဆီယမ်နှင့် အင်တီအောက်ဆီးဒင့်ပါသောအစာများကို စားပါ။

(၃)သံပရာ၊ရှောက်ရေကို ရေနွေးနှင့် နေ့စဉ်သောက်ပါ။ နေ့စဉ်သောက်ပါ ဟုဆိုသော်လည်း မိမိ၏အစာအိမ်မှ ခံနိုင်စွမ်းအားပေါ် မူတည်ပြီး ချင့်ချိန် သောက်ပါ။ ယင်းတို့က အသည်းကို လန်းဆန်းအားတိုးစေပြီး အဆီများကို ပျော်စေသည်။ ရေကို လုံလောက်စွာသောက်ရန်မှာ အဓိက အချက်ဖြစ်သည်။ သို့မှသာ ကျောက်ကပ်က အသည်း၏အဆီလောင်ကျွမ်းမှုစနစ်ကို ထောက်ကူနိုင်မည်။ ဤသို့ဖြင့် ၀မ်းဗိုက်အဆီ စုခြင်းကို လျော့ချနိုင်သည်။

(၄)ငြုတ်သီး၊ ဂျင်းစသည်တို့က ကိုယ်တွင်းအစာချေဖျက်မှုကို ဖြစ်ပေါ်စေသည်။ အလားတူ သစ်ဂျပိုးခေါက်၊ လေးညှင်း၊ ဖာလာစေ့တို့ စားသုံးခြင်းသည်လည်း သွေး တွင်းသကြားဓာတ်ကို ထိန်းညှိပေး သည်။

ထူး
credit to >>Health Updates Journal No. 86

25 Sept 2013

ကိုယ်အလေးချိန် ထိန်းသိမ်းသူများ မဖြစ်မနေစားသင့်သော သစ်သီးလေးမျိုး

ကိုယ်အလေးချိန် ထိန်းသိမ်းသူများ မဖြစ်မနေ စားသင့်သော သစ်သီးလေးမျိုးအောက်ပါ သစ်သီး လေးမျိုးကို ကိုယ်အလေးချိန် လျှော့ချ နေသူတွေ မဖြစ်မနေ စားသင့် ပါတယ်။

ပန်းသီး

ပန်းသီးစားတဲ့ အခါ မခွံမနွှာဘဲ စားပါလို့ ပညာရှင်တွေက အကြံပြုထား ပါတယ်။ ပန်းသီးအခွံမှာ အဆီကျစေတဲ့ Unolic အက်စစ် ပါဝင်တာကြောင့် ကိုယ်အလေးချိန် လျှော့ချနေသူတွေ ကို အထောက်အကူဖြစ် စေပါတယ်။ Unolic အက်စစ်ကကြွက် သားတွေကို သန်မာစေပြီး ကယ်လိုရီတွေကို လောင်ကျွမ်းစေ ပါတယ်။

လိမ္မော်သီး

လေ့လာမှုအရ လိမ္မော်သီးမှာ အဆီကို လောင်ကျွမ်းစေတ ဓာတ်တွေ ပါဝင်ပြီးကိုယ်အလေးချိန် ကျဆင်းစေဖို့ အထောက်အ ကူပေးတာကို တွေ့ရပါတယ်။

ဘလူးဘယ်ရီးသီး

လတ်တလော လေ့လာမှု အရ ဘလူးဘယ်ရီသီးက အဆီတွေကို လောင်ကျွမ်းစေတဲ့အပြင် အဆီတွေ သိုလှောင်မှုကိုလည်း တားဆီးပေးပါတယ်။ အထူးသဖြင့် ဝမ်းဗိုက်က အဆီတွေကို လျှော့နည်းစေပါတယ်။

သစ်တော်သီး

သစ်တော်သီးမှာ အင်တီအောက်ဆီးဒင့်တွေဖြစ်တဲ့ ဖလေ ဗိုနွိုက်နဲ့ ကက်တီချင်တွေ ပါဝင်တာကြောင့် အမျိုးသမီးတွေ ကိုယ်အလေးချိန် ထိန်းသိမ်းဖို့ စားသင့် ပါတယ်။ 

ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)

 By Good Health
ရွှင်လန်းချမ်းမြေ့ကြပါစေ။ အားလုံးကို လေးစားလျက်။
ချောလေး

6 Mar 2013

ဝမ်းဗိုက်အဆီလျော့ကျစေပြီး လှပစေရန်

ဝမ်းဗိုက်မှာ အဆီတွေစုပြီး ဗိုက်ပူနေလို့ စိတ်ညစ်နေသူတွေအတွက် ဗိုက်ပူတာ လျော့ကျအောင် လုပ်နိုင်မယ့် အလွယ်နည်းတွေကို ဖော်ပြလိုက်ပါတယ်။
 (၁) လေ့ကျင့်ခန်း လုပ်ပါ လေ့ကျင့်ခန်း အားလုံးဟာ ကိုယ်အလေးချိန် လျော့ကျစေပါတယ်။ လေ့ကျင့်ခန်း လုပ်တဲ့အခါ ဝမ်းဗိုက်အဆီကျအောင် စွမ်းအားမြင့် လေ့ကျင့်ခန်းကိုလုပ်ဖို့ လိုအပ်ပါတယ်။ လေ့လာမှုအရ အမျိုးသမီးအုပ်စု သုံးခုကို တစ်ပတ်မှာ ငါးကြိမ်ခန့် မတူညီတဲ့ လေ့ကျင့်ခန်းတွေကို လုပ်စေခဲ့ရာ ကယ်လိုရီ လောင်ကျွမ်းပုံချင်း တူပေမယ့် စွမ်းအားမြင့် လေ့ကျင့်ခန်းကို လုပ်ဆောင်တဲ့ အုပ်စုတစ်ခုရှိ အမျိုးသမီးတွေကသာ ဝမ်းဗိုက်အဆီ လျော့ကျမှုရှိခဲ့တာကို တွေ့ရပါတယ်။ စွမ်းအားမြှင့် လေ့ကျင့်ခန်းတွေမှာ အိပ်ထမတင် လေ့ကျင့်ခန်း၊ ခါးလှည့် လေ့ကျင့်ခန်းစတဲ့ လေ့ကျင့်ခန်း အမျိုးအစားတွေ ပါဝင်နေပါတယ်။ 

(၂) ဗိုက်ကို တုန်ခါအောင် လုပ်ပါ ဗိုက်ကို တုန်ခါစေတဲ့စက်နဲ့ အဆီချပေးတာက ထိုင်-ထ လေ့ကျင့်ခန်း လုပ်သလို ခြောက်လအတွင်းမှာ ဝမ်းဗိုက်အဆီကို သိသိသာသာ လျော့ကျစေတာကိုတွေ့ရပါတယ်။ 

(၃) ညနေခင်းတွင် အလင်းရောင်ကို လျှော့ချပါ စိတ်ဖိစီးမှု ဟော်မုန်း ကော်တီဆော အဆင့်မြင့်တက်မှု ရှိတာက ဝမ်းဗိုက်အဆီတိုးတာနဲ့ ဆက်စပ်မှု ရှိပါတယ်။ ညဘက်မှာ ကော်တီဆော ဟော်မုန်းအဆင့် လျော့ကျအောင် အိပ်ရာမဝင်ခင် တစ်နာရီအလိုမှာ လျှပ်စစ်ပစ္စည်းတွေကို ပိတ်ပြီး အနားယူပေးဖို့ လိုပါတယ်။ ကွန်ပျူတာကို ညဉ့်နက်တဲ့အထိ အသုံးပြုတာကို ရှောင်သင့်ပါတယ်။ ဒါဆိုရင် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျပါလိမ့်မယ်။

 (၄) စောစော အိပ်ရာဝင်ပါ တစ်ညမှာ ၅-၆ နာရီခန့်ပဲ အိပ်တဲ့သူတွေက တစ်ညမှာ ၇-၈ နာရီလောက် အိပ်တဲ့သူတွေထက် ခါးနဲ့ ဗိုက်နေရာတစ်ဝိုက်မှာ အဆီတက်ပြီး ဝနိုင်ခြေ ၆၀ ရာခိုင်နှုန်း ပိုများကြောင်း လေ့လာ တွေ့ရှိရပါတယ်။ “အိပ်ရေးပျက်တာက ဆာလောင်မှု တိုးစေတဲ့ Ghrelin ဟော်မုန်းကို အထွက်တိုးစေပြီး ဆာလောင်မှုကို ဟန့်တားပေးတဲ့ Leptin ဟော်မုန်းကို လျော့ကျစေလို့ ဖြစ်တယ်” လို့ အိပ်စက်မှုဆိုင်ရာ ပညာရှင် ဒေါက်တာ စတန်လေက ဆိုပါတယ်။ လူတွေက ပင်ပန်းနွမ်းနယ်တဲ့အခါ သကြားပါတဲ့ ကာဗိုဟိုက်ဒရိတ်အစာကို များများ စားမိတာကြောင့် ဗိုက်ပူလာရတာ ဖြစ်ပါတယ်။

 (၅) ရှလကာရည် သောက်ပါ တစ်နေ့မှာ ရှလကာရည် ထမင်းစားဇွန်း နှစ်ဇွန်းသောက်တဲ့ အဝလွန်သူတွေက အချဉ်ရှောင်တဲ့ တခြားသူတွေထက်ဗိုက်ပူတာ ငါးရာခိုင်နှုန်း လျော့ကျမှု ရှိစေတယ်လို့ ဂျပန်သုတေသီတွေက လေ့လာတွေ့ရှိခဲ့ပါတယ်။ ရှလကာရည်မှာ အဓိက ပါဝင်တဲ့ Acetic Acid ဟာ ခန္ဓာကိုယ်အဆီတွေ လောင်ကျွမ်းအောင် လှုံ့ဆော်မှုပေးတာကြောင့် ဖြစ်တယ်လို့ သုတေသီတွေက ဆိုပါတယ်။ ပြုလုပ်ရမယ့် နည်းကတော့ အစာမစားခင်မှာ ရေနွေးတစ်ဖန်ခွက်ထဲကို ရှလကာရည် ထမင်းစားဇွန်း တစ်ဇွန်း ထည့်ပြီး သောက်သုံးရမှာ ဖြစ်ပါတယ်။

 (၆) ဒိန်ချဉ်စားပါ နေ့စဉ် ကယ်လိုရီကို ထိန်းချုပ်ပြီး စားနေတဲ့သူတွေဟာ ဒိန်ချဉ်မှ ကယ်လ်စီယမ် ၁၁၀၀ မီလီဂရမ်လောက် ရနေရင် ဝမ်းဗိုက်အဆီ ၈၁ ရာခိုင်နှုန်း လျော့ကျမှု ရှိတာကို တင်နက်ဆီး တက္ကသိုလ်မှ လေ့လာ တွေ့ရှိရပါတယ်။ ကယ်လ်စီယမ်ဟာ အဆီကို လောင်ကျွမ်းစေလို့ ဖြစ်တယ်လို့ ယုံကြည်ကြပါတယ်။ တခြားအစာတွေ အနေနဲ့ အခွံချွတ်မထားတဲ့ ကောက်နှံစာ (ဥပမာ- ဆန်လုံးညို၊ ခေါက်ဆွဲညို) နဲ့ မပြည့်ဝဆီ(အခွံမာတဲ့ အစေ့အဆန်၊ ထောပတ်သီး၊ ငါး) စတာတွေကိုလည်း စားပေးရမှာ ဖြစ်ပါတယ်။

 (၇) စိတ်ဖိစီးမှုကို အနိုင်ယူပါ စိတ်ဖိစီးမှုဟာ ဝမ်းဗိုက်မှာ အဆီပိုတွေ စုနေတာနဲ့ အကြီးအကျယ် ဆက်စပ်မှုရှိပါတယ်။ အကြောင်းကတော့ စိတ်ဖိစီးမှုများနေချိန်မှာ အဒရီနယ်ဂလင်းမှ ကော်တီဆော အလွန်အမင်း ထွက်လာလို့ပါ။ ကော်တီဆော အထွက်များတာက အင်ဆူလင် ထွက်နှုန်းတိုးစေပြီး အဆီတွေ စုနေစေပါတယ်။

 (၈) ဗီတာမင်ဒီကို ရယူပါ နေ့စဉ် နံနက်တိုင်း အိမ်အပြင်မှာ ၁၅ မိနစ်လောက်နေပြီး နေခြည်နုနုမှ ဗီတာမင်ဒီရအောင် ယူပါ။ ဗီတာမင်ဒီဟာ အဆီတွေကို ချေဖျက်ပေးနိုင်တဲ့ အရာဖြစ်ပါတယ်။ ဗီတာမင်ဒီ မလုံလောက်တာကြောင့် အဝလွန်တာကို ဖြစ်စေနိုင်ပါတယ်။ 

(၉) ဆေးလိပ်သောက်တတ်လျှင် ဆေးလိပ်ဖြတ်ပါ ဆေးလိပ်သောက်တာဟာ ဗိုက်ပူစေတယ်လို့ နယ်သာလန် ဆေးစင်တာမှ သုတေသီတွေက ဆိုပါတယ်။ အကြောင်းရင်းကို တိတိကျကျ မသိကြသေးပေမယ့် ဆေးလိပ်သောက်တာဟာ ခန္ဓာကိုယ်ထဲမှာ အီစထရိုဂျင် ဟော်မုန်းရဲ့ လုပ်ဆောင်မှုကို လျော့ကျစေပြီး ကျားဟော်မုန်းရဲ့ လွှမ်းမိုးမှုကို တိုးစေတာကြောင့် ဗိုက်ပူတာ ဖြစ်နိုင်တယ်လို့ သုတေသီတွေက ယူဆထားပါတယ်။
 Ref:Mg Mandalay စာကြည့်ခန်း

15 Dec 2012

ပေါင် အဆီချ လေ့ကျင့်ခန်း Thigh Fat Exercise

ပေါင် အဆီချ လေ့ကျင့်ခန်း Thigh Fat Exercise


သွယ်လျ လှပသော ပေါင်ကို ပိုင်ဆိုင်ချင်သော ရွှေမြန်မာ မလေးများ အတွက် နေ့စဉ်ပြုလုပ်သင့်တဲ့ အခြေခံ အကျဆုံး ပေါင်ကျလေ့ကျင့်ခန်း (၅) မျိုးကို ဖော်ပြလိုက်ပါတယ်……..
၁) Squat
၂) Side Lunge
၃) Heel Drops with Leg Extension
၎) Ski Jumps
၅) Leg Lift

၁)Squat

ခြေနှစ်ဖက်ကို လက်တစ်ထွာ အကွာ (သို့) ကိုယ့် ခြေတစ်ဖ၀ါးစာ အကွာ ရပ်ပါ။
ဒူးကို ကွေးပါ။ တင်သည် ကြမ်းပြင်နှင့် မျဉ်းပြိုင် ဖြစ်သည်အထိ ပုံတွင်ပြထားသည့်အတိုင်း ကွေးပါ။ ကွေးနေစဉ် အောက်ခြေ ခြေဖ၀ါးများ မရွေ့ အောင် အနည်းဆုံး ၁၀ စက္ကန့်ကြာ အောင်ထိန်းထားပါ။
ထို့နောက် မူလပုံစံသို့ ပြန်ရပ်ပါ။ ထိုကဲ့သို့ ၈ ခါအနည်းဆုံး နေ့စဉ် လုပ်ပါ။

၂) Side Lunge

ခြေနှစ်ဖက်ကို လက်တစ်ထွာ အကွာ (သို့) ကိုယ့် ခြေတစ်ဖ၀ါးစာ အကွာ ရပ်ပါ။
ထို့နောက် ညာဖက်ခြေထောက်ကို ရှေ့သို့ ကွေးပြီး ဘယ်ဖက်ခြေထောက်ကို ဘေးသို့ (၄၅ ဒီဂရီ) ပုံတွင်ပြထားသည့်အတိုင်း ဆန့်ထုတ်ပါ။ အနည်းဆုံး ၈ ခါ လုပ်ပါ။
တစ်ဖန် ဘယ်ဖက်ခြေထောက်ကို လည်း ထိုနည်း အတိုင်း အနည်းဆုံး ၈ ခါလုပ်ပါ။

၃) Heel Drops with Leg Extension

လှေကားထစ် (သို့) ပလက်ဖောင်း ပေါ်သို့ ဘယ်ဘက် ရှေ့ခြေဖမိုးဖြင့် ရပ် ပါ။ ခြေဖနောင့်ကို အလွတ်ထားပါ။ ညာဘက်ခြေထောက်ကို ပုံတွင်ပြထားသည့်အတိုင်း လေထဲမှာ အလွတ်ထားပါ။
ထို့နောက် ရပ်ထားသောဘယ်ဘက်ခြေထောက်မှ ခြေဖမိုးကို အရှေ့သို့ကွေးချခြင်း၊ တစ်ဖန် လွတ်နေသော ခြေဖနောင့် ဘက်သို့ပြန်ကွေးခြင်း ဖြင့် ခြေဖ၀ါး မှ သည် ခြေထောက်တစ်ချောင်းလုံး ရဲ့ အကြောကို ဖြေပါ ။ အနည်းဆုံး ၈ ခါလုပ်ပါ။
တစ်ဖန် ညာဘက်ခြေထောက်ကို ထိုနည်းတူ အနည်းဆုံး ၈ခါလုပ်ပါ။
ုံ
၎) Ski Jumps

Ski Jumps က ကျွန်မတို့ တစ်ယောက်ကြိုးခုန် ခြင်း ၊ ဖန်ခုန်ခြင်းနဲ့ တူပါတယ်။ ကြိုးလွတ် သို့ ကြိုးဖြင့် အပေါ်အောက် (သို့ )ဘေးတိုက် ခုန်သွားလို့ရပါတယ်။ အနည်းဆုံး ၃၀ စက္ကန့်ခုန်ပါ။

၅) Leg Lift

ပုံတွင်ပြထားသည့်အတိုင်း ခနွာ ကိုယ်ကို ဘေးစောင်းလဲ ပြီး လက်မောင်းထောက်ထားပါ။
ထို့နောက် အပေါ်ရောက်နေသော ခြေတစ်ချောင်းလုံး ကို ပုံတွင်ပြထားသည့်အတိုင်း မပါ။ ပြန်ချပါ။ အနည်းဆုံး ၈ ခါလုပ်ပါ။
နောက် တစ်ဖက် ကို လည်း ထိုနည်းတူလုပ်ဖို့မမေ့ပါနှင့်၊
ပေါင် သွယ်လျချင်သော ပျိုမေတို့ ၈ခါ၊ စက္ကန့်သုံးဆယ် စသဖြင့် အနည်းဆုံး စံချိန်မှ စတင်ပြီး နေ့စဉ် စံချိန်တိုးသွားနိုင်ပါတယ်။
ဒီပို့စ်ကို ရေးဖို့ တောင်းဆိုတဲ့ ရွှေBeauty မှ စုစံ နှင့် စုစု တို့ကိုလည်း အထူးကျေးဇူးတင်ပါတယ်။
ကဗျာ။

တင်အဆီကျ လေ့ကျင့်ခန်း Hip Exercise

တင်အဆီကျ လေ့ကျင့်ခန်း Hip Exercise

တင်မှ အဆီများကို ဖယ်ရှားပေးပြီး တင်ကို လှပအောင် ပုံသွင်းပေးသွားနိုင်တဲ့ နေ့စဉ်ပြုလုပ်နိုင်သော တင်လေ့ကျင့်ခန်း (၄) မျိုးကို ရှာဖွေတင်ဆက်လိုက်ပါတယ်။ (ဒီတစ်ခေါက် ပုံရှာရအလွန် ခက်ခဲတာကြောင့် ပုံညီညွှတ်မှုမရှိခြင်းအတွက် သည်းခံပြီးဖတ်ပေးဖို့ မေတ္တာရပ်ခံပါတယ်။)
၁. Side Lunge Slide
၂. Front one legged squat
၃. Chair squat
၎. Bullfrog
၁. Side Lunge Slide

ဒီလေ့ကျင့်ခန်း က တင် အလယ်ပိုင်း ကြွက်သား ကို ပုံသွင်းတဲ့ လေ့ကျင့်ခန်းဖြစ်ပါတယ်။
၁)ခြေဖ၀ါးနှစ်ဖက်ကို ကိုယ့်တင်အကွာအဝေးအတိုင်း ခြားရပ်ပါ။ လက်ကို ခါးပေါ်တင်ထားပါ။
၂)ထို့နောက် ပုံတွင်ပြထားသည့်အတိုင်း ခြေတစ်ဖက်ကို ဒူးကွေးပြီး ခြေတစ်ဖက်ကို  ဘေးဖက်သို့ လျှောထုတ်ပါ။
၃)ထိုအနေအထားကို ခဏကြာထိန်းထားပြီးလျှင် နဂိုအနေအထား ပြန်ရပ်ပါ။
ထိုကဲ့ သို့ အခြားခြေတစ်ဖက် ကို ပြောင်းလုပ်ပါ။ အနည်းဆုံး (၈) ခါ ပြုလုပ်နိုင်ပါတယ်။
၂. Front one legged squat

၁)ခြေဖ၀ါးနှစ်ဖက်ကို ကိုယ့်တင်အကွာအဝေးအတိုင်း ခြားရပ်ပါ။ လက်ကို ရှေ့သို့ တန်းပါ။
၂)ဘယ်ခြေ ကို အရှေ့သို့ ပထမပုံတွင်ပြထားသည့်အတိုင်း မတင်ပါ။
၃)ထို့နောက် ဒုတိယပုံ တတိယပုံတို့ ကဲ့သို့ ဘယ်ခြေဖနောင့် ကြမ်းပြင် ထိသည်အထိ ထောက်ထားသော ညာခြေကို ကွေးချပါ။
၎)ပြီးလျှင် ဖြည်းဖြည်းချင်း မတ်တပ်အနေအထားသို့ ပြန်ထပါ။
ထိုကဲ့သို့ ညာခြေကို ပြောင်းလုပ်ပါ။ အနည်းဆုံး (၄)ခါ ပြုလုပ်နိုင်ပါသည်။
၃. Chair squat

၁)ထိုင်ခုံ အရှေ့မှာ ခြေဖ၀ါးနှစ်ဖက်ကို ကိုယ့်တင်အကွာအဝေးအတိုင်း ခြားရပ်ပါ။ လက်ကို ရှေ့သို့ တန်းပါ။
၂)ဒူးကို ဖြည်းဖြည်းချင်း  ထိုင်ခုံနှင့် တင် ထိခါနီးထိ ကွေးပါ။ ဆန့်ထားသော လက်မှ ကိုယ်ကိုမလဲသွားအောင် ထိန်းသွားပါလိမ့်မယ်။
၃)ထို နေအထားတိုင်း ၃ စက္ကန့် နေပြီး ဖြည်းဖြည်း ချင်းပြန်ထပါ။
ဒီလေ့ကျင့်ခန်းကို တော့ ၁၄ ခါအနည်းဆုံးပြုလုပ်ရမှာပါ။
၎. Bullfrog
ဖားထိုင် လေ့ကျင့်ခန်းလို့ လူသိများပါတယ်။
၁) ခြေဖ၀ါးနှစ်ဖက်ကို ကိုယ့်တင်အကွာအဝေးအတိုင်း ခြားရပ်ပါ။
၂)တင်ကို ပထမပုံတွင်ပြထားသည့်အတိုင်း ထိုင်နိုင်သလောက် ကြမ်းပြင်နှင့်အနီးဆုံးဖြစ်သည် ထိ ၃ စက္ကန့်မျှထိုင်ပါ။
၃)ထို့နောက် ကိုယ်ကို ဒုတိယပုံအတိုင်း ပြန်ဆန့်ထုတ်ပါ။
ထိုကဲ့သို့ အနည်းဆုံး (၈) ခါ ပြုလုပ်ရမှာဖြစ်ပါတယ်။
ဒီပို့စ်ကို ရေးဖို့ တောင်းဆိုတဲ့  မီးမီးနဲ့ သူလေး ကို လည်း အထူးကျေးဇူးတင်ပါတယ်။
လေ့ကျင့်ခန်းလုပ်ပြီးရင်လည်း တိုင်းတာမှု အလေ့အကျင့်လေးထားပြီး တစ်ပတ်တစ်ခါ တိုးတက်မှုကို တိုင်းယူကြည့်ကြပါ နော်။
ရွှေမြန်မာမလေးများ ကျန်းမာအလှတိုးနိုင်ကြပါစေ။
ကဗျာ။

အခြေခံ Belly Dance

Belly dance ကခြင်းဟာ တစ်ကိုယ်လုံး က အဆီတွေကိုကျစေတဲ့ အပြင် လက်မောင်း ၊ ခါး၊ တင်၊ ဗိုက်၊ ခြေသလုံးတို့ ကို အချိုးကျ ကျစ်လျစ် လှပစေတဲ့အတွက် ပျိုမေတိုင်း ကသင့်တဲ့ အက တစ်ခုဖြစ်ပါတယ်။
ကိုယ်အနေအထားမမှန်သော ပျိုမေများ အတွက်လည်း ကိုယ်အနေဟန်အထား ပြုပြင်ပေးသွားနိုင်ပါတယ်။
မည်သည့် ဂီတနှင့်မဆို ကလို့လည်းရပါတယ်။
Nena နဲ့ Vena တို့က တစ်ဆင့်ချင်းဖြည်းဖြည်းချင်း သင်သွားမှာမို့ video ကို buffering လုပ်ထားပြီး Nena နဲ့ Vena တို့နဲ့ အတူ လိုက်ကကြည့်ကြရအောင်။

အပိုင်း(၁) မှ ( ၄ )

http://www.youtube.com/watch?v=XOMtF6irGNg

ဝမ်းဗိုက်ချပ်ရပ် သွားစေမည့် ၅မိနစ် လေ့ကျင့်ခန်းများ

ဝမ်းဗိုက်နေရာမှာ ချပ်ရပ်မှု ရှိနေစေပြီး ခါးနေရာက အဆီပိုတွေကို ကျစေမယ့် လေ့ကျင့်ခန်း ပြုလုပ်နည်းတွေကို ဖော်ပြ ပေးလိုက်ပါတယ်။  လေ့ကျင့်ခန်း စတင်နိုင်ဖို့ သက်သောင့်သက်သာ ဖြစ်စေမယ့် အဝတ်အစား တစ်စုံ လိုအပ်ပါတယ်။ လေ့ကျင့်ခန်း တစ်မျိုးကို တစ်မိနစ်စီ လေ့ကျင့်ရမှာ ဖြစ်ပြီး လေ့ကျင့်ခန်း တစ်ခုလုံးပြီးချိန်မှာ ငါးမိနစ်ကြာမှာ ဖြစ်ပါတယ်။ တစ်နေ့ကို သုံးကြိမ်တစ်ပတ်မှာ လေးခါလောက် လေ့ကျင့်ပေးပါ။

လေ့ကျင့်ခန်း (၁)

(A) ခါးနေရာကို ဒဏ်မဖြစ်စေဖို့ ကြမ်းပြင်က မာကျောမနေစေရပါဘူး။ ကြမ်းပြင်မှာ ပက်လက်လှန် အိပ်နေပြီး လက်နှစ်ဖက်ကို ဆန့်တန်းကာ လက်ဖဝါးချင်း ချိတ်ထားလိုက်ပြီး ခြေထောက်တွေကို မျက်နှာကြက်ဆီကို ဆန့်တန်းထားလိုက်ပါ။ ခန္ဓာကိုယ်ရဲ့ ခြေထောက် မြှင့်တင်ထားမှုဟာ ၉၀ ဒီဂရီ ဖြစ်နေရပါမယ်။

(B) နောက်ကျောက ကြမ်းပြင်မှာ ကပ်နေရာကနေ လက်နှစ်ဖက်ကို အရှိန်ယူပြီး ပေါင်နှစ်ခုကြားကို ဦးတည်လိုက်ပါ။ ဒီအချိန်မှာ ခြေထောက်နှစ်ဖက်ကိုလည်း ၄၅ ဒီဂရီလောက်စီ ခွာလိုက်ပါ။ စိတ်ထဲကနေ တစ်၊ နှစ်၊ သုံး ရေတွက်ပြီး (A) ပုံစံအတိုင်း ပြန်စကာ တစ်မိနစ် လေ့ကျင့်ပေးပါ။ လေ့ကျင့်မှုမှာ ဝမ်းဗိုက်နေရာသာ မကဘဲ ပေါင်တံအတွင်းပိုင်းကိုပါ အထောက်အကူ ပြုစေပါတယ်။

လေ့ကျင့်ခန်း (၂)

(A) ကြမ်းပြင်ပေါ်မှာ ခြေဆင်းထိုင်နေပြီး လက်နှစ်ဖက်ကို နောက်ပြန် ခေါင်းပေါ်မှာ ချိတ်ထားလိုက်ပါ။ ခြေထောက်နှစ်ချောင်းက ဒူးတွေကို ကွေးလိုက်ပြီး တင်ပါးနေရာနဲ့ ထိန်းကာ ထိုင်နေလိုက်ပါ။ ခါးနေရာနားကို ဆန့်တန်းထားပြီး ရှေ့တည့်တည့်ကို ကြည့်နေပါ။

(B) ဆန့်တန်းထားတဲ့ ခြေထောက်ကို တစ်ချောင်းချင်းစီ စက်ဘီးနင်းတဲ့ ပုံစံမျိုးကွေးလိုက်၊ ခန္ဓာကိုယ်ကိုပါ ယိမ်းလိုက်၊ ဘယ်ညာ ပြောင်းကာ တစ်မိနစ် ပြုလုပ်လေ့ကျင့်ပေးပါ။ ဒီလေ့ကျင့်မှုဟာ သင့်တင်ပါးနေရာ အတွက်ပါ အကျိုးသက်ရောက်မှု ရှိစေပါတယ်။

လေ့ကျင့်ခန်း (၃)

(A) ကြမ်းပြင်ပေါ်မှာ ပက်လက် အနေအထားနေပြီး လက်နှစ်ဖက်ကို ဘေးတစ်ဖက်စီမှာ ချထားကာ ခြေထောက်ချောင်းဖက်ကို ၉၀ ဒီဂရီ ကွေးရင်း ထောင်ထားလိုက်ပါ။

(B) မြှင့်တင်ထားတဲ့ ခြေထောက်နှစ်ဖက်ကို လက်ဖဝါးနှစ်ဖက်ရဲ့ ထောက်အားသုံးပြီး မြှင့်တင်လိုက်၊ ကြမ်းပြင်ကို ပြန်ထိလိုက် တစ်မိနစ် လေ့ကျင့်ပေးပါ။ ခါးနေရာနားကနေ မြှင့်တင်ရမှာ ဖြစ်တာကြောင့် ခါးနေရာက အဆီတွေကိုပါ လောင်ကျွမ်းစေပါတယ်။


လေ့ကျင့်ခန်း (၄)
(A) ကြမ်းပြင်ပေါ်မှာ ပက်လက်နေပြီး လက်နှစ်ဖက်ကို ကြမ်းပြင်ပေါ်မှာ ချထားပါ။ ခြေထောက်နှစ်ဖက်က ၄၅ ဒီဂရီလောက် ထောင်ထားပြီး ခြေထောက် ဘယ်ညာခြေလှမ်းနေသလို စက္ကန့် ၃၀ လောက် လေ့ကျင့်ပေးပါ။

(B) စက္ကန့် ၃၀ ပြီးချိန်မှာ ခြေထောက်နှစ်ဖက်ကို သင့်ဦးခေါင်းနားဆီကို ကွေးချရမှာပါ။ သင်တတ်နိုင်မယ်ဆိုရင် ခြေနှစ်ချောင်းကို ကြမ်းပြင်နဲ့အပြိုင် ဖြစ်တဲ့အထိ ကွေးချကာ စက္ကန့် ၃၀ လောက်နေပါ။ ခြေထောက်တွေ ကွေးနေချိန်မှာ သင့်ဦးခေါင်းနဲ့ နောက်ကျောက ကြမ်းပြင်နဲ့ ထိနေပါ။

လေ့ကျင့်ခန်း (၅)

(A) လက်တံတောင် နှစ်ဖက်နဲ့ ခြေချောင်းထိပ်လေးတွေကို ကြမ်းပြင်မှာ ထောက်ထားပြီး ခန္ဓာကိုယ်က ကြမ်းပြင်နဲ့ အပြိုင်ဖြစ်နေအောင် ဝမ်းလျားမှောက် အနေအထားနေပါ။

(B) ဝမ်းလျှားမှောက်ထားတဲ့ အနေအထားကနေ ခန္ဓာကိုယ်ကို တစောင်း အနေအထားကို ပြောင်းလိုက်ပြီး လက်တစ်ဖက်က မျက်နှာကြက်ဆီကို မြှင့်တင်လိုက်ပါ။ ဆန့်ကျင်ဘက်ပုံစံ ဘယ်ညာပြောင်းကာ တစ်မိနစ် လေ့ကျင့်ပေးပါ။

သဲသဲRef:  Good Health Originally posted  on http://www.yatanarpon.com.mm/sb/goodhealth/news-56753

7 Dec 2012

မေတို့အတွက်ဗိုက်ချပ်စေမည့် ၁၀ မိနစ်စာ လေ့ကျင့်ခန်း



အားကစားအတွက် အချိန်မပေးနိုင်တဲ့ပျိုမေများ အတွက် တစ်နေ့ဆယ်မိနစ်စာ အချိန်ပေးရုံနဲ့ ဗိုက်သား သိသိသာသာ ကျစ်လစ်လှပစေမှာပါ။ ဒီလေ့ကျင့်ခန်းလေးကို Good Housekeeping (Digital Edition) မှ ထုတ်နှုတ်ဖော်ပြထားတာဖြစ်ပါတယ်။

 ဒီလေ့ကျင့်ခန်းရဲ့ အနှစ်သာရကတော့ ဗိုက်မှာရှိတဲ့ DeepTransverse Abdominalis ကြွက်သားကို ကျစ်လစ်စေတာဖြစ်ပါတယ်။ ခေါင်းအုံးတစ်လုံးကို ခေါင်းအောက်မှာထား၊ စာအုပ်တစ်အုပ်ကို ဗိုက်ပေါ်တင်၊ ဗိုက်ကိုကျောနဲ့ကပ်တဲ့အထိ လေကိုတဝကြီးရှူထုတ်လိုက်တဲ့အခါမှ
ာ စာအုပ် နစ်ဝင်သွားတဲ့နေရာဟာ DeepTransverse muscle ရှိတဲ့နေရာ ဖြစ်ပါတယ်။ ကစားနည်း အသေးစိတ်ကို ကြည့်ကြရအောင်နော်။

လေ့ကျင့်ခန်း (၁)
ကြမ်းပြင်ဆီသို့ မျက်နှာမူ၍ ကိုယ်ကို ဆန့်တန်း ထားပါ။ ကိုယ်ရဲ့ အလေးချိန်သည် တံတောင်နှင့် ခြေဖျားပေါ်တွင်ရှိပါစေ။ ထိုအနေအထားကို စက္ကန့် ၁၀ မှ ၂၀ အထိ ထိန်းထားပေး ရမှာဖြစ်ပါတယ်။



လေ့ကျင့်ခန်း (၂)
(A) လူကို ဘေးဆောင်းအနေအထားနှင့် ဆန့်ထားပြီး ဘယ်ခြေကျင်းကို ညာခြေကျင်းပေါ်သို့ ချိတ်ပါ။ ကိုယ်ကို ညာလက်ဖြင့် ထောက် ထားပြီး ဘယ်ဘက် လက်ကို ဦးခေါင်းအနောက်တွင်ထားပါ။









(B) ဝမ်းဗိုက်ကြွက်သားကို သုံး၍ ဘယ်တံတောင်ကို ကြမ်းပြင်နှင့် မျင်းပြိုင်အနေအထားသို့ ရောက်အောင် ဆွဲယူပါ။


တစ်ဘက်ကို ၆ ကြိမ်စီ ပြုလုပ်ပေးရမှာဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၃)

(A) ပထမဆုံး ကြမ်းပြင်ပေါ်သို့ ခြေဖဝါးချ၍ထိုင်ပါ။ ထို့နောက် ဗိုက်ကြွက်သားကို သုံး၍ ခြေကိုကြမ်းပြင်နဲ့ လွတ်တဲ့ အနေအထားသို့ မတင်လိုက်ပါ။ ခါးဆန့်နေပါစေ။


(B) ကိုယ်အပေါ်ပိုင်းကို တစ်ဖက်သို့လှည့်ယူပြီး လက်နှစ်ဘက်ကို ကြမ်းပြင်နှင့်ထိပါ။
ဘက်မပြောင်းခင် ၈ ကြိမ်မှ၁၀ ကြိမ်ပြုလုပ်ပေးရပါမယ်။



လေ့ကျင့်ခန်း (၎
 
(A) ကိုယ်ကို ကြမ်းပြင်ပေါ်သို့လှဲလျက်၊ ဒူးကို ရင်ဘတ်နှင့်ထိအောင် ကွေးပြီး ခြေထောက်မပြေ စေရန် လက်ဖြင့်ထိန်းထားပါ။

(B) အသက်ရှူ၊ ဗိုက်ကိုရှပ်၍ ထိုင်ရက်အနေအထားသို့ ရောက်အောင် ဆွဲထူပါ။ ကိုယ်အလေးချိန်ဟာ၊ မြီးညောင်ရိုးနေရာမှာရှိပါစေ။


ဒီအတိုင်း ၅ ကြိမ်မှ ၁၀ ကြိမ်ပြုလုပ်ပေးပါ ။

လေ့ကျင့်ခန်း (၅)

(A) ပက်လက်အနေအထားနှင့် ဒူးကိုကွေးပြီး လက်နှစ်ဘက်ကို ခေါင်း အောက်တွင်ထားပါ။


(B) ညာခြေကို ဆန့်ရင်း ကိုယ်အပေါ်ပိုင်းကို ဘယ်ဘက် ဒူးဆီသို့လှည့်ပါ။ ဘက့်ပြောင်း၍ ဘယ်ခြေကိုဆန့် ညာဒူးဆီသို့လှည့်ပါ။


တစ်ဖက် ကို ၁၀ကြိမ်စီ ပြုလုပ်ပေးရမှာဖြစ်ပါတယ်။

** အထက်မှာဖော်ပြထားတဲ့ လေ့ကျင့်ခန်း (၁) မှ (၆) ကို ဆယ်မိနစ်အတွင်း (၂) ခေါက်ပြည့်အောင် ဆက်တိုက်ပြုလုပ်ပေးရမှာပါ။ တစ်ပတ်ကို ၃ကြိမ်ပဲပြုလုပ်ပေးရမှာမို့၊ နေ့တိုင်းလုပ်ဖို့ အဆင်မပြေတဲ့ ပျိုမေတွေအတွက်လည်း အသုံးဝင်လိမ့်မယ် ထင်ပါတယ်။

http://shwebeauty.com/?p=2790

2 Dec 2012

ကိုယ်တွင်း အဆီပိုများကို ဖယ်ရှားနိုင်သော နည်းလမ်းများ

သင့်ခန္ဓာကိုယ်ရဲ့ အဆီပိုတွေကိုလောင်ကျွမ်းစေပြီး ကိုယ်တွင်းအဆီပိုတွေကို ဖယ်ရှားပေးနိုင်ဖို့ အောက်ပါနည်းလမ်းတွေကို လိုက်နာကျင့်သုံးလိုက်ပါ။

(၁) သစ်ကြံပိုးခေါက် ထည့်ချက်ပါ

ဟင်းခတ် အမွှေးအကြိုင်အဖြစ် အသုံးပြုတတ်ကြတဲ့ သစ်ကြံပိုးခေါက်မှာ အဆီလောင်ကျွမ်းစေတဲ့ အာနိသင် ရှိပါတယ်။ အစာစားပြီးတဲ့အခါ ခန္ဓာကိုယ်အတွက် ပိုလျှံနေတဲ့ သကြားဓာတ်တွေကို အဆီအဖြစ် သိုလှောင်မှုကို သစ်ကြံပိုးခေါက်က တားဆီးပါတယ်။ သစ်ကြံပိုးခေါက်က ကိုယ်အလေးချိန် မတက်စေဘဲ အချိုဓာတ်ကို ရရှိစေပါတယ်။ သစ်ကြံပိုးခေါက် အပါအဝင် ဟင်းခတ်အမွှေးအကြိုင် အများစုက အရသာအတွက်ထည့်တဲ့ အဆီ၊ ထောပတ်နဲ့ ဆားတွေထက် ကိုယ်အလေးချိန် လျှော့ချနိုင်တဲ့ အာနိသင်ရှိပါတယ်။

(၂) ကုလားပဲ စားပါ

ကုလားပဲမှာ အမျှင်ဓာတ်၊ ပရိုတင်းဓာတ်နဲ့ အဆီကို လောင်ကျွမ်းစေတဲ့ ကစီဓာတ်တွေ ပါဝင်ပါတယ်။ ကုလားပဲခွက် တစ်ခွက်စာကနေ ၁၂၀-၁၄၀ ကယ်လိုရီ ရရှိပြီး ဆာလောင်မှုမရှိဘဲ ကျေနပ်မှုကို ဖြစ်စေပါတယ်။ လေ့လာမှုတွေအရ ကုလားပဲစားသုံးတာက ခါးသေးသွယ်ပြီး ကိုယ်အလေးချိန် လျော့ကျစေတယ်လို့ တွေ့ရပါတယ်။

(၃) မနက်စာ ကြက်ဥစားပါ

စိန့်လူးဝစ်တက္ကသိုလ်ရဲ့ လေ့လာမှုအရ ကာဗိုဟိုက်ဒရိတ်နဲ့ ပမာဏတူတဲ့ ကြက်ဥကို စားသုံးတာက ကိုယ်အလေးချိန် လျှော့ချနိုင်တာကို တွေ့ရပါတယ်။ နောက်ထပ်တွေ့ရှိချက်တွေအရ မနက်စာမှာ ကြက်ဥစားပေးတာက တစ်နေ့တာအတွက် ကယ်လိုရီစားသုံးမှုကို လျော့နည်းစေတယ်လို့ ဆိုပါတယ်။

(၄) မှိုထည့်ချက်ပါ

မှိုထဲမှာ အမိုင်နိုအက်စစ်တစ်မျိုးဖြစ်တဲ့ ဂလူတမိတ်ပါဝင်ပြီး အရသာ ကောင်းမွန်တာကြောင့် အနည်းငယ်စားရုံနဲ့ စိတ်ကျေနပ်မှု ရစေပါတယ်။

(၅) သရေစာအဖြစ် အစေ့အဆန်များကို စားပါ

အစေ့အဆန်တွေမှာ အမျှင်ဓာတ်၊ ပရိုတင်းနဲ့ ကျန်းမာရေးနဲ့ ညီညွတ်စေတဲ့ အဆီတွေ ပါဝင်တာကြောင့် ဆာလောင်မှုကို လျော့နည်းစေပါတယ်။ အစေ့အဆန်တွေမှာ ခန္ဓာကိုယ်မှ အဆီပိုတွေကို လောင်ကျွမ်းစေနိုင်တဲ့ အာနိသင်ရှိပြီး ပြည့်အင့်မှုကို ဖြစ်စေပါတယ်။

(၆) ပုစွန်ဆိတ် စားပါ

ပုစွန်ဆိတ်လေးအောင်စ စားသုံးပါက ခန္ဓာကိုယ်မှ ပရိုတင်းလိုအပ်ချက်ရဲ့လေးပုံ သုံးပုံကို ရရှိနိုင်ပါတယ်။ လေ့လာမှုတစ်ခုမှာ မိန်းကလေးတွေဟာ ကယ်လိုရီ ၃၀ ရာခိုင်နှုန်းကို ပရိုတင်းကနေ ရယူပြီး ကြွက်သားတည်ဆောက်မှုနဲ့ ဇီဝဖြစ်ပျက်မှုကို လုပ်ဆောင်ပါတယ်။ တိုဟူး၊ ဒိန်ချဉ်၊ ကြက်သား၊ အဆီဖယ်ထားတဲ့ အမဲသား၊ ဝက်သားနဲ့ ငါးတွေကနေလည်း ပရိုတင်းကို ရရှိနိုင်ပါတယ်။

(၇) လက်ဖက်စိမ်းရည် သောက်ပါ

တစ်နေ့ကို လက်ဖက်စိမ်းရည် လေးခွက်သောက်ပေးပါက နှစ်ပတ်အတွင်း ကိုယ်အလေးချိန် ရှစ်ပေါင်ကျဆင်းစေတယ်လို့ အမေရိကန် အာဟာရဆိုင်ရာ ဆေးပညာဂျာနယ်မှာ ဖော်ပြပါရှိပါတယ်။

(၈) ကောက်နှံတစ်ခုလုံး ပါဝင်စာစားပြီး သကြားဓာတ်ကို ထိန်းပါ

ကောက်နှံတစ်ခုလုံး ပါဝင်စာကလည်း သင့်ခန္ဓာကိုယ်အတွင်းရှိ အဆီပိုတွေကို လောင်ကျွမ်းစေနိုင်ပါတယ်။ အမျှင်ဓာတ်များစွာ ပါဝင်တာကြောင့် အစာကို တဖြည်းဖြည်းချင်း ချေဖျက်ရလို့ သွေးတွင်းသကြားဓာတ်ကို တည်ငြိမ်အောင် ထိန်းထားနိုင်ပါတယ်။ သကြားဓာတ် ထိန်းထားနိုင်တာက ခါးပတ်လည်မှာ အဆီသိုလှောင်မှုကို လျော့နည်းစေပြီး ဝမ်းဗိုက်ကို ချပ်ရပ်စေပါတယ်။

(၉) ငရုတ်သီး ထည့်ချက်ထားသော ဟင်းကိုစားပါ

ငရုတ်သီးကို ဟင်းထဲမှာ ထည့်ချက်စားလေ့ ရှိကြပါတယ်။ တစ်နေ့ကို ငရုတ်သီးထည့်ချက်တဲ့ ဟင်းတစ်မျိုးစားပေးပါက ဇီဝဖြစ်ပျက်မှုကို ၂၅ ရာခိုင်နှုန်း ပိုမိုကောင်းစေတယ်လို့ လေ့လာမှုတစ်ခုမှာ တွေ့ရပါတယ်။

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

Ref: Good Health

ဗိုက်ပူနေပါက လိုက်နာသင့်သော နည်းလမ်းများ

ဗိုက်ပူနေပါက လိုက်နာသင့်သော နည်းလမ်းများ

ဗိုက်ပူတာကြောင့် အဝတ်အစား ဝတ်ဆင်ရာမှာ စမတ်ကျနမှု မရှိသလို ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။  ဒါကြောင့် ဗိုက်ပူနေပြီဆိုရင် လိုက်နာသင့်တဲ့ နည်းလမ်းတွေကို အကြံပြုလိုက်ပါတယ်။

(၁) ကျန်းမာရေးနှင့် ညီညွတ်သော ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ

သင့်ခန္ဓာကိုယ်က စံသတ်မှတ်ထားတဲ့ ကိုယ်အလေးချိန်ထက် များနေရင် အပိုကိုယ်အလေးချိန်တွေ လျော့ကျစေဖို့ လုပ်ဆောင်ရပါတော့မယ်။ အဲဒီလိုဖြစ်ဖို့ဆိုရင် သင်စားတဲ့ ပမာဏထက် ကယ်လိုရီပိုမို လောင်ကျွမ်းအောင် လုပ်ဆောင်ပေးပါ။ ဝမ်းဗိုက်ကြွက်သားတွေ သန်စွမ်းအောင် အိပ်ထမတင် လေ့ကျင့်ခန်း၊ အလေးမတဲ့ လေ့ကျင့်ခန်း၊ ထိုင်ထလေ့ကျင့်ခန်း စတဲ့ လေ့ကျင့်ခန်းတွေ လုပ်တာက အကောင်းဆုံးနည်းပါ။ ဒါက ကိုယ်အလေးချိန် ကျစေတဲ့အပြင် ဝမ်းဗိုက်ကို ချပ်ရပ်စေပါတယ်။

(၂) အမျှင်ဓာတ်များများ စားပါ

အမျှင်ဓာတ်များများပါတဲ့ အစာကိုစားတာကြောင့် လေပွ၊ လေထတာမျိုးမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ အမျှင်ဓာတ်ပါတဲ့ ကောက်နှံတစ်ခုလုံးနဲ့ လုပ်တဲ့ အစာတွေက ဗိုက်မြန်မြန် ပြည့်စေပြီး ဟင်းသီးဟင်းရွက်တွေက ကယ်လိုရီပါဝင်မှု နည်းပါးပါတယ်။

(၃) ဆားလျှော့စားပါ

လူအများစုဟာ ဆိုဒီယမ်ကို လိုအပ်တာထက် နှစ်ဆပိုစားနေကြတယ်လို့ ကျွမ်းကျင်သူတွေက အကြံပြုထားပါတယ်။ ဆားအများကြီး စားတာကြောင့် သွေးတိုးစေနိုင်သလို လေပွစေနိုင်ပါတယ်။ ဆားပါဝင်မှုများတဲ့ အဓိက ရန်သူက တာရှည်ခံအောင် ပြုပြင်ထားတဲ့ အစာတွေပါ။ ဒီအစာတွေ မစားခင် အာဟာရတန်ဖိုးကို အရင်ဖတ်ကြည့်ပါဦး။ ဗိုက်သားချပ်ရပ်ဖို့အတွက် အကောင်းဆုံးက လတ်ဆတ်တဲ့ ပါဝင်ပစ္စည်းတွေကို သုံးပြီး အိမ်မှာ မိမိဘာသာ ချက်ပြုတ်ပြင်ဆင်ပြီး စားတာပဲ ဖြစ်ပါတယ်။ ရေများများသောက်တာက ဆိုဒီယမ်ပမာဏကို လျော့ကျစေပါတယ်။

(၄) အစာကို နည်းနည်းနှင့် မကြာခဏစားပါ

ညစာကို များများစားတာကြောင့် ဗိုက်ပူနေတယ်ဆိုရင် နည်းနည်းနဲ့ မကြာခဏစားတဲ့ အလေ့အထကို ပြောင်းလဲကြည့်ပါ။ နေ့စဉ် အချိန် ၃-၄ နာရီကြာတိုင်း အစာနည်းနည်း စားပေးပါ။ ဒါဆိုရင် ဗိုက်ဆာတာနဲ့ အစာကို စားသင့်တာထက် ပိုစားမိတာမျိုး ဖြစ်နိုင်ခြေ နည်းသွားပါလိမ့်မယ်။

(၅) ဆရာဝန်နှင့် တွေ့ဆုံဆွေးနွေးပါ

ကိုယ်အလေးချိန် လျော့ကျပေမယ့် ခါးအတိုင်းအတာက လျော့ကျမှုမရှိဘူးဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဖို့ လိုပါတယ်။                         

By Good Health
ဖေ့စ် ဘွတ်ပေါ်မှ ကြယ်စင် ရေးသားထားတာလေးကို မျှဝေလိုက်တာပါ

Twitter Delicious Facebook Digg Stumbleupon Favorites More