Pages - Menu

ဆန်လုံးညို(Brown Rice)

ဆန်ဖြူကို ကြိတ်ခွဲလိုက်တာကြောင့် ဗီတာမင် B3 ၆၇ ရာခိုင်နှုန်း၊ ဗီတာမင် B1 ၈၀ ရာခိုင်နှုန်း၊ ဗီတာမင် B6 ၉၀ ရာခိုင်နှုန်း၊ မဂ္ဂနီဆီယမ်တစ်ဝက်၊ ဖော့စ်ဖရပ်စ် တစ်ဝက်၊ သံဓာတ် ၆၀ ရာခိုင်နှုန်းနဲ့ အမျှင်ဓာတ်အားလုံး ဆုံးရှုံးသွားခဲ့ ပါတယ်။

သံလွင်ဆီ(Olive Oil)

သံလွင်ဆီမှာ ဗီတာမင် အေ၊ ဗီတာမင် ဘီဝမ်း၊ ဘီတူး၊ ဗီတာမင်စီ၊ ဒီ၊ အီးနဲ့ ကေစတဲ့ ဗီတာမင်ဓာတ်တွေ ပါဝင်ပြီး သံဓာတ်နဲ့ အိုမီဂါ ၉ လည်း ပါဝင်ပါတယ်။

ပြောင်းဖူး(Corn)

ပြောင်းဖူးမှာ ဗီတာမင်B1 ဗီတာမင်B5 ဗီတာမင်C ဗီတာမင်B9လို့ခေါ်ဖောလိတ် .....ပြောင်းဖူး၏ ကျန်းမာရေး အာနိသင် မှာဆက်ဖတ်ပါ....

ထောပတ်သီး(Avacado)

အာဟာရများကိုဖြည့်တင်းပေးနိုင်ရုံ သာမက သဘာဝမှရသောသကြား ဓာတ်ကိုထောက်ပံ့ပေးခြင်း၊ကိုယ် အလေးချိန်ကျဆင်းစေခြင်း၊အကျိုး ပြုကိုလက်စတီရောကိုတက်စေပြီး ဆိုးကျိုးပေးသောကိုလက်စတီရော ကိုကျဆင်းစေခြင်း စသည့်အချက်များ ကိုရရှိစေနိုင်သည်ဟု သိရသည်။ယခု လေ့လာမှုတွင် ဖော်ပြထားချက်အရ လေဖြတ်ခြင်းကိုပါ ထောပတ်သီးက ကာကွယ်ပေးနိုင်

လိမ္မော်သီး(Orange)

လိမ္မော်သီး၌ ဖိုင်ဘာမျှင်၊ သံဓာတ်၊ မီးစုန်းဓာတ်၊ ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်၊ ကြေးနီဓာတ်၊ သွပ်ဓာတ်၊ ဆလမ်နီယမ်၊ ကယ်လိုရီ၊ ကယ်လဆီယမ်ဒာတ်၊ဗီတာမင်စီ တို့ပါရှိသည်

မာလကာသီး(Guava)

မာလကာသီး တစ်လုံးတွင် ဗီတာမင်စီမှာ လိမ္မော်သီး တစ်လုံး၌ ပါရှိသည့် ဗီတာမင်စီ ပမာဏထက် ငါးဆခန့် ပိုများသည်။ မာလကာသီး၌ ဗီတာမင်စီ အပြင် အေနှင့် ဘီ၊ ကယ်လ်ဆီယမ်၊ ဖော့စပရပ်စ်၊ ပိုတက်ဆီယမ်၊ သံဓာတ်၊ ဖောလစ်အက်စစ်နှင့် အမျှင်ဓာတ်တို့ ပါဝင်သည်။ အများဆုံး ပါဝင်သော ဓာတ်များမှာ ဗီတာမင်စီ ၃၀၂ မီလီဂရမ်နှင့် ဗီတာမင် အေ ၂၅၀ မီလီဂရမ်တို့ ဖြစ်ကြသည်။ မာလကာသီးကို သီတင်း တစ်ပတ်လျှင် နှစ်လုံးခန့် စားသုံး သွားပါက သွေးတိုး ကျဆင်းစေပြီး နှလုံး ကျန်းမာရေးကို အထောက်အကူ ပြုကြောင်း အမေရိကန် သုတေသန ပညာရှင်များက ပြောကြားသည်။

***

***

***

***

***

***

***

***

***

***

Showing posts with label အလှအပရေးရာ. Show all posts
Showing posts with label အလှအပရေးရာ. Show all posts

28 Jun 2014

*** နာနတ်သီးဖြင့် အသားအရေလှပအောင် ကာကွယ်မယ် ***

နာနတ်သီး က လူသားတို့ ကျန်းမာရေးကိုအထောက်အကူပြုပေးနိုင်ရုံသာမက၊ ပျိုမေတို့  အသား အရေ ကျန်းမာလှပရေးအတွက်ပါ အောက်ပါ နည်းလမ်း (၂)သွယ် တို့ ဖြင့် ကောင်းကျိုးပြုပေးနိုင် ပါသည်။

(၁) နာနတ်သီးဖြင့်အသားအရေ တွဲခြင်း/တွန့်ခြင်းကာကွယ်နည်း။

နာနတ်သီးနှင့် သံလွင်ဆီတို့ သည် *နေနှင်လ၊ ရွှေနှင့်မြ* ကဲ့သို့  အသားအရေအတွက် လွန်စွာ လိုက်ဖက် ညီသော စုံတွဲဖြစ်ပါသည်။ ဤနည်းက မျက်နှာ နှင့် လည်ပင်းတစ်ဝိုက် အရေပြားတွန့်ြ ခင်း အတွက် ကောင်းစွာထိရောက်မှု ရှိစေပါသည်။ ထိုသို့ ပြုလုပ်ရန်အတွက် လတ်ဆတ်သော နာနတ်သီးသတ္တုရည် တစ်ခွက်၊ သံလွင်ဆီ စားပွဲတင်ဇွန်း ၁-ဇွန်း နှင့် နှင်းဆီရည် (ခေါ်) Rose Water စားပွဲတင်ဇွန်း ၁-ဇွန်း တို့ လိုအပ် ပါမည်။ ရှေးဦးစွာ နာနတ် နှင့် နှင်းဆီရည်တို့ ကို သမေ အာင်ရောမွှေထားပါ။ မလိမ်းကျံခင် မျက်နှာ နှင့် လည်ပင်းတို့ ကို သန့်စင်ဆေး ကြောပေးရပါ မည်။ (မျက်နှာ ကို နို့ြ ဖင့်ေ ဆးကြောပေးနိုင်ပါက အာနိသင်ပိုထူးပါလိမ့်မည်။) ဆေးကြောပြီး ပါက သံလွင်ဆီဖြင့် မျက်နှာ နှင့် လည်ပင်းအနှံ့ ညင်သာစွာ လိမ်းပေးရပါမည်။ အရေပြားကနေ အဆီကို ကောင်းစွာ စုပ် ယူနိုင်စေ ရန်အတွက် စက်ဝိုင်းပုံစံ နှိပ်နယ်ပေး ရမှာဖြစ်ပါသည်။ အထူး သဖြင့် မျက်နှာကို လိမ်းသောအခါတွင် အရေပြားမတွဲစေရန်အတွက် လက်ဖဝါးဖြင့် အပေါ်ဘက် သို့  ပင့်တင်ပေး ရပါမည်။ ထို နော့က် နာနတ် နှင့် နှင်းဆီရည် အရောအနှောတို့ ဖြင့် လိမ်းကျံပေး ရပါမည်။ မိနစ် ၂၀ ခန့် အကြာတွင် မျက်နှာကို ရေသန့်  အေးအေးဖြင့် သစ်ပေးပါ။ ထိုနည်းအ တိုင်း တစ်ပတ် တစ်ခါ လိမ်းပေးခြင်းဖြင့် အသားအရေ တွဲခြင်း/တွန့်ခြင်း ကို ကောင်းစွာ ထိန်း ချုပ်နိုင်ပါသည်။ ( နှင်းဆီရည် (ခေါ်) Rose Water ကို အလှကုန်ဆိုင်များမှာ အလွယ်တကူ ၀ယ်ယူ ရရှိနိုင်ပါသည်)

(၂)နာနတ်သီးဖြင့်ပေါင်းတင်နည်း။

နာနတ်သီးဖြင့် မျက်နှာပေါင်းတင်ပေးခြင်းက၊ ပျက်စီးနေသော ဆဲလ်များကိုအမြန်ဆုံး ပြည် လည်ဖြည့် တင်းပေးပြီး အသားအရေနူးညံ့ စိုပြေ၀င်းလက် လာပါလိမ့်မည်။ နာနတ်သီးဖျော်ရည် စားပွဲတင်ဇွန်း ၁-ဇွန်း (သို့မဟုတ်) နာနတ်သီးမှည့်မှည့်တစ်စိတ်လိုအပ်ပါသည်။ အရည်ဆိုလျှင် မျက်နှာကို လိမ်းကျံပြီး၊ အစိတ်ဆိုပါက မျက်နှာပေါ်အသာအယာပွတ်သပ် နှိပ်နယ်ပေးရပါမည်။ ၁၀-မိနစ်ခန့် ကြာသော အခါမှာ ရေသန့် အေးအေးဖြင့် သန့် စင်ပေးရပါမည်။(နာနတ်သီး၏ သဘောသည် စေးကပ်တတ်သည်မို့ ရေဖြင့် သေသေချာချာ ဆေးကြောပေးဖို့ လိုပါမည်)။ ဤ နည်း အတိုင်း တစ်ပတ်တစ်ကြိမ်သာပြုလုပ်ပေးရုံ ဖြင့် လုံလောက်ပါသည်။ အကယ်၍ ခန္ဓာ ကိုယ် ရှိ လက်မောင်း၊ ခြေထောက်၊ ခြေသလုံး၊ နောက်ကျောဘက် နှင့် ဝမ်းဗိုက်သားနေရာတို့ ကို ပေါင်း တင်လိုပါက၊ နာနတ်သီးဖျော်ရည် စားပွဲတင်ဇွန်း ၁-ဇွန်း (သို့မဟုတ်) နာနတ်သီးမှ ည့်မှည့်တစ်စိတ်တို့ အပြင် နွားနို့ ဖန်ခွက်တစ်ဝက်ခန့်၊ ကြက်ဥ တစ်လုံး၊ သံပရာရည်/နနွင်းမှုန့်/ဂျုံမှုန့်အနည်းငယ်တို့ ရောစပ်ပေးပြီးမှ လိမ်းကျံပေးရပါမည်။ မိနစ် ၂၀ ခန့် ကြာသောအခါ တွင် ရေနွေး နွေးဖြင့် ပြန်လည် ဆေးကြောပေးခြင်းဖြင့် အသားအရည်နူးညံ့ ချောမွေ့ လာပါ လိမ့်မည်။ (အထက်ပါနည်းများအတိုင်း နာနတ်သီး အစား သင်္ဘောသီးကိုလည်း အသုံးပြုနိုင် ပါသည်)

<<စာနာထောက်ထားစွာဖြင့် ဆောင်းပါးရှင်အမည်ကို ပြောင်းလဲခြင်း/ချန်လှပ်ထားခြင်းမျိုး မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည် >>

(ဆောင်းပါးရှင်...ပေါက်ပေါက်.. .မျှဝေသည်)
မှီငြမ်း (Health benefits of Pineapples)
--
promise.pauk
(ရိုးသားမှုသည်တခါတရံ၌ရှုံးနိမ့်စေတတ်၏။သို့ သော်တစ်သက်လုံးကားလိပ်ပြာလုံစေတော့၏။)

7 Jun 2014

*** ၀က်ခြံပေါက်လို့ စိတ်ညစ်နေကြသူများအတွက် ***

ကျွန်မရဲ့ အသားအရေက အင်မတန်အဆီပြန်သလို၊ တော်တော်လေး ထိခိုက် ပျက်စီး လွယ်တဲ့ အသားအရေအမျိုးအစားထဲမှာ ပါဝင်ပါတယ်။ ၀က်ခြံလဲ ခဏခဏ ပေါက်သ လို၊ မွေးရာပါ အသားဖြူတာကြောင့်လည်း အမာရွတ်တွေ နီကျန်ရစ်ခဲ့ပါတယ်။ ဒြါေ ကာင့် အသားအရေကောင်းပြီး ၀က်ခြံမပေါက်တဲ့တွေကို ကျွန်မ အမြဲအားကျမိ တာပေါ့ရှင်။

မြန်မာ့သနပ်ခါးတုံး စစ်စစ်က မျက်နှာအသားအရေအေးတယ်..၀က်ခြံပျောက်တယ်.. အသားချောနုတယ်…လို့  ရှေးရိုးအစဉ်အလာအရ သိထားပေမယ့်…သနပ်ခါးအတုံး ကို သွေး ရမှာ ပျင်းလွန်းနဲ့ ကျွန်မ ရယ်ဒီမိတ် သနပ်ခါးဗူးတွေဘဲ ၀ယ်လိမ်းလေ့ရှိပါ တယ်။

လွန်ခဲ့တဲ့ ၅ နှစ်ကျော်လောက်ကထင်ပါတယ်( အချိန်ကာလ အတိအကျ မမှတ်မိတော့ပါ ) ရွှေပြည်နန်းသနပ်ခါး ကြော်ငြာအားကောင်းတာကြောင့် စမ်းဝယ်လိမ်းဖြစ်ပါတယ်။ အဲဒီ တုန်းကတော့ ကံ့ကော်ဝတ်ဆံ အ၀ါရောင်ဗူး ကို လိမ်းဖြစ်ပါတယ်။ အဆီပြန်တာ သက်သာလာပြီး၊ ၀က်ခြံပေါက်တာလည်း လျော့ပါးသွားပါတယ်။ အဲ..နောက်ပိုင်း အခု ပုံထဲမှာပြထားတဲ့ “အစိမ်းရောင်ဗူး” လေးကို ရွှေပြည်နန်းက ထပ်မံထုတ်လုပ်ကာ ၀က်ခြံပျောက်တယ်လို့  ကြော်ငြာထားတာတွေ့ တော့ ကျွန်မ အဲဒီအစိမ်းရောင် ဗူး ကို ပြောင်းသုံးဖြစ်ခဲ့ ပါတယ်။ ဒီနေညအထိ စွဲစွဲမြဲမြဲ လိမ်းနေပါတယ်။

အစားအသောက်မှား..အိပ်ရေးပျက်...ရာသီဥတုအပြောင်းအလဲမို့  တခါတလေ ၀က်ြ ခံပေါက်တတ်တာကလွဲလို့ …အခု ရွှေပြည်နန်းသနပ်ခါး ဗူးစိမ်း လေး လိမ်းပြီးချိန်က စ၍ ၀က်ခြံပေါက်သက်သာတဲ့အပြင်..မျက်နှာအဆီပြန် သက်သာ …နောက်ပြီး အသား လဲ ပိုစိုပြည်လာတယ်..ပြီးတော့ ၀က်ခြံ အမာရွတ်တွေလည်း သိပ်မကြာခင် ပျောက် သွား လို့  ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိလာပါတယ်။ ကျွန်မက နေ့ ဖက်ဆို သနပ်ခါး လုံးဝမ လိမ်းဘဲ ညဖက် ရေချိုးပြီးတဲ့အခါ တိုင်း တစ်နေ့ တစ်ကြိမ် ထူထူလိမ်းအိပ်လေ့ ရှိပါတယ်။ အဲ..တနင်္ဂနွေရုံးပိတ်ရက်မျိုးဆိုရင်တော့ နံက် ည (၂)ကြိမ်လိမ်းပါတယ်။

တခါတလေ ဘတ်စ်ကားစီးရင်း ကောင်မလေးတွေ မျက်နှာပေါ် ၀က်ခြံတွေ ပေါက် တာတွေ့ ရရင်..လက်တို့ ပြီး တိုးတိုးလေး အကြံပေးဖြစ်ပါတယ်..” ရွှေပြည်နန်း သနပ်ခါး အစိမ်းရောင်ဗူး” လေး လိမ်းကြည့်ပါလား…တကယ်ပျောက်တယ်.. ကိုယ်တွေ့ ပါလို့ …လေ။

ရွှေပြည်နန်း သနပ်ခါးပိုင်ရှင်ကို မသိပါ။ ကြော်ငြာပေးနေတာလဲ မဟုတ်ပါ။ ကြော်ငြာ ခလည်း မရပါ။ ကျွန်မလို ၀က်ခြံပေါက်တတ်သူများ စိတ်ချမ်းသာစေဖို့  မျှဝေအကြံပြု ခင်းဖြစ်ပါတယ်။ (ပေါက်ပေါက်…မျှဝေသည်)

13 May 2014

တကယ်ပိန်ချင်သူများအတွက်သာ

ဟောဒီမှာ တကယ်ပိန်ချင်သူများအတွက် ဆေးဝါးအကူမလိုဘဲ၊ မိမိဖာသာ အစားအသောက်ဖြင့် ၀ိတ်ချလို့ ရတဲ့ နည်းလမ်း ကောင်းရှိပါတယ်။ ဒီနည်းက ရက်သတတ္တ (၁)ပတ်အတွင်း ကိုယ်အလေးချိန် ၆ မှ ၈ ကီလိုထိ ကျစေတဲ့ နည်းလမ်းဖြစ်တယ်လို့  ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ (၄)ရက် နေ့ စွဲပါ American Health Digest မှာ ဖော်ပြထားခဲ့ပါတယ်။ www.facebook.com/health.beauty.mm ။ သို့ သော် (၇)ရက်တိတိ သူ့ အညွှန်းအတိုင်း လိုက်နာနိုင်မှသာ ကိုယ်အလေးချိန် သိသိသာသာလျော့ကျစေမှာဖြစ်လို့ ၊ တကယ်ပိန်ချင်လိုစိတ်ပြင်းပြ သူများ ကြိုးစားအားထုတ်ကြည့်စေလိုပါတယ်။
ပထမနေ့ 
-----------
တသက်တာလုံးစားသောက်လာခဲ့သမျှ ခန္ဒာကိုယ်ထဲမှာ ပုန်းအောင်းနေတဲ့ အဆိပ်အတောက်တွေကို ဖယ်ထုတ်ပေးရမှာဖြစ်လို့  ပထမနေ့ က အရေးကြီးဆုံးပါဘဲ ။ ဒါကြောင့် ရေဓာတ်ပါဝင်မှုများတဲ့ သစ်သီးဝလံများဖြစ်ကြတဲ့ ဖရဲသီး၊ စတော်ဘယ်ရီ၊ သခွား မွှေး၊ ဂရိတ်ဖရု၊ နာနတ်၊ လိမ္မော်၊ စပျစ်သီး၊ သင်္ဘောသီး၊ ပန်းသီး၊ တရုပ်ဇီးသီးကြီး စသည့် အဆင်ပြေရာ သစ်သီးတို့ ကို ဗိုက် ဆာတဲ့အခါတိုင်း ထမင်းလွတ်စားပေးရမှာဖြစ်ပါတယ်။ သောက်ရေကိုတော့ အနည်းဆုံး ဖန်ခွက် ၆-ခွက်မှ ၈-ခွက်အထိ သောက် ပေးပါ။ (ပထမနေ့ မှာ ဌက်ပျောသီး စားခွင့်မရှိပါဘူးရှင်)
ဒုတိယနေ့ 
------------
ဒီနေ့ မှာတော့ ပန်းဂေါ်ဖီစိမ်း(ခေါ်)ဘရိုကိုလီ၊ မုန်လာဥနီ၊ ပဲသီးအမျိုးမျိုး၊ သခွားသီး၊ ဂေါ်ဖီထုပ် စတဲ့ ဟင်းသီးဟင်းရွက်တွေကို အစိမ်းလိုက်(သို့ မဟုတ်)ပြုတ်၍(သို့ မဟုတ်)အပူပေးကာ ဟင်းချို/စွပ်ပြုတ်ဖြစ်ဖြစ် နှစ်သက်သလို စားနိုင်ပါတယ်။ သို့ သော် ဆီ (လုံးဝ) မထဲ့ပါနဲ့ ။ ဒုတိယရက်မှာ အာလူးကို ရှောင်နိုင်လေကောင်းလေးပါ။ အကယ်၍ အားလူးစားချင်စိတ်ရှိပါက ပြုတ်၍ နံက် စာအဖြစ်သာစားပါ။ (ပထမနေ့ အတိုင်း ရေသောက်ဖို့ မမေ့ပါနဲ့ )
တတိယနေ့ 
-------------
ဒီနေ့ အတွက် သစ်သီးဝလံ နဲ့ ဟင်းသီးဟင်းရွက်တွေကို တလှည့်စီစားလို့ ရပါပြီ။ ဒါပေမယ့် အာလူးတော့ မစားပါနဲ့ ဦး။ နံက်စာ ကို သစ်သီးဝလံစားပါ။ နေ့ လည်စာကို ဟင်းသီးဟင်းရွက်စားပါ။ ညနေပိုင်း အဆာပြေ သစ်သီးထပ်စားပြီးနောက်၊ ညစာကိုတော့ ဟင်းသီးဟင်းရွက်တွေရော သစ်သီးဝလံများပါ ၂-မျိုးရောစားနိုင်ပါတယ်။ (ပထမနေ့ အတိုင်း ရေသောက်ဖို့ မမေ့ပါနဲ့ )
စတုတ္ထနေ့ 
-----------
ဒီနေ့ ကတော့ ပျော်စရာနေ့ လေးပါဘဲ။ တနေ့ တာလုံးအတွက် ဌက်ပျောဌက်ပျောသီး ၈-လုံးအထိစားလို့ ရပြီး၊ နွားနို့ ၃-ခွက် အထိ သောက်ခွင့်ရှိပါတယ်။ နံက်စာ၊ နေ့ လည်စာနဲ့  ညစာတွေကို ဌက်ပျောသီး ၂-လုံးနဲ့ ၊ နွားနို့  ၁-ခွက် စီသောက်ပေးပါ။ညနေစာကိုတော့ အဆာပြေ ဌက်ပျော်သီး ၂လုံးလောက်စားပေးနိုင်ပါတယ်။ (ပထမနေ့ အတိုင်း ရေသောက်ဖို့ မမေ့ပါနဲ့ )
ပဉ္စမနေ့ 
---------
ဒီနေ့ မှာတော့ ခရမ်းချဉ်သီးမှည့်(အလုံးကြီးကြီး) ၁၀-လုံးနဲ့  ထမင်း ပန်းကန်လုံးသေး ၁-ခွက် စားလို့ ရပါတယ်။ ထမင်း ပန်းကန် လုံးသေး ၁-ခွက်ကို နေ့ လည်စာအဖြစ် စားပြီး၊ နံက်/နေ့ လည်/ညစာတွေအတွက် ခရမ်းချဉ်သီး ၁၀-လုံးကို အဆင်ပြေသလို စား နိုင်ပါတယ်။ ပဉ္စမနေ့ က ရေတိုးသောက်ပေးရမယ့် နေ့ ဖြစ်လို့  ယခင်သောက်ရေ ဖန်ခွက် ၈-ခွက်မှ ယခု ၁၂-ခွက်အထိ သောက် ပေးရပါမယ်။
ဆဌမနေ့ 
----------
ဒီနေ့ မှာလည်း နေ့ လည်စာကို ထမင်းပန်းကန်လုံးသေး ၁-ခွက် စားလို့ ရပါတယ်။ သို့ သော် သစ်သီးဝလံတို့ စားခွင့်မရှိပါဘူး။ ဒုတိယနေ့ ကအတိုင်း ဟင်းသီးဟင်းရွက်တွေကိုတော့ အလုံအလောက်စားပေးနိုင်ပါတယ်။ (ပဉ္စမနေ့ ပမာဏအတိုင်း ရေများများ တိုးသောက်ဖို့ မမေ့ပါနဲ့ )
သတ္တမနေ့ 
-------------
(အားတင်းထားနော် နောက်နေ့ ကစလို့ ကိုယ်ကြိုက်တာ အစားစုံ စားလို့ ရပြီလေ) ပျော်စရာနေ့ ကြီးပါ။ ဒီနေ့ မှာတော့ ထမင်း ပန်းကန်လုံးသေး ၁-ခွက်စာ အပြင်၊ ဟင်းသီးဟင်းရွက်တွေနဲ့  သစ်သီးဝလံတွေပါ စားခွင့်ရှိပါတယ်။ wမှန်ကြည့်လိုက်ပါဦး သင့် မျက်နှာအသားအရေပိုကောင်းလာပြီး ယခင်ကထက် ပိုမိုဝင်းပနေတာကိုတွေ့ ရပါလိမ့်မယ်။ ကိုယ်အလေးချိန် ချိန်ကြည့်တဲ့အခါ မှာလည်း အနည်းဆုံး ၆-ကီလိုလောက် ကျသွားတာမို့  ဒါဟာ သင့်ရဲ့  မဆုတ်မနစ် ဇွဲရှိရှိဖြင့် ကြိုးစားအားထုတ်မှု ရလာဘ်တွေ ဖြစ်ပါတယ်။
_____________________________________
ပေါက်ပေါက်

19 Nov 2013

၁၇-၁၁-၂၀၁၃ နေ့ ထုတ် ပြည်ထောင်စုနေ့ စဉ်သတင်းစာ မှာ ဖော်ပြခံရ တဲ့ဆောင်းပါးလေးပါ။ FB မှ အွန်လိုင်းမိတ်ဆွေများ အားလုံးကို မျှဝေ လိုက်ပါတယ်နော် (စေတနာများစွာဖြင့်....ပေါက်ပေါက်)
++++++++++++++++++++++
*** မျက်နှာပေါ်ကအရေးကြောင်းများကို ရိုးရှင်းလွယ်ကူစွာဖယ်ရှားနည်း ***

အသက် ၃၅နှစ်နဲ့ အထက် ရောက်လာပြီဆိုမှဖြင့် သဘာဝတရားကြီးကပေးလာတဲ့ မျက်နှာပေါ်က အရေးအကြောင်းတွေကို မလွှဲ မသွေ လက်ခံကြရမှာပါဘဲ။ အဲဒီအရေးအကြောင်းတွေကို လျော့ပါးသက်သာအောင်လုပ်ပေးနိုင်တဲ့ အလှကုန်ပစ္စည်းတွေရှိကြ သလို၊ သဘာဝနည်းနဲ့  အိမ်မှာ မိမိဖာသာပြုပြင်တဲ့ ဆေးမြီးတိုနည်းလေးတွေလည်းအများကြီးပါ။ ဒီနည်းလေးကတော့ လုပ်ရတာ အင်မတန်မှလွယ်ကူပြီး၊ အသုံးပြုရမယ့်ပစ္စည်းလေးတွေကလည်း လက်တကမ်းမှာအလွယ်တကူ ၀ယ်ယူရနိုင်လို့  ပြုလုပ်ကြည့် စေချင်ပါတယ်။

အသုံးပြုရမည့်ပစ္စည်းများ။ အဆီမထုတ်ထားတဲ့ဒိန်ချဉ်(လ္ဘက်ရည်သောက်ခွက် ၁/၄ပုံ )၊ ချေထားတဲ့ ဌက်ပျောသီးမှည့်မှည့် (လ္ဘက်ရည်သောက်ခွက် ၁-၀က်)၊ ပျားရည် (လ္ဘက်ရည်ဇွန်း ၁-ဇွန်း) တို့ ဖြစ်ပါတယ်။

အဆင့်(၁) ဌက်ပျောသီးကို အခွံနွှာပြီးနောက် အနှစ်အသားကိုကြိတ်ချေပါ(သို့ မဟုတ်)ကျေသွားအောင် ဇွန်းဖြင့်နာနာ ခေါက်ပါ။ (ဌက်ပျောသီးက မှည့်လေကောင်းလေပါ)

အဆင့်(၂) ပြီးရင် ဒိန်ချဉ်နဲ့ ပျားရည်ရောထဲ့ပြီးနောက်၊ အရောအနှောတွေ သမအောင် ဇွန်းဖြင့်နာနာနယ်ပေးပါ။

အဆင့်(၃) အဲဒီအရောအနှောတွေကို သန့် စင်တဲ့လက်ဖြင့်နှိုက်ယူကာ မျက်နှာအနှံ့ ညီနေအောင် လိမ်းပေးပါ။

အဆင့်(၄) အသားထဲစိမ့်ဝင်သွားအောင် ၁၅-မိနစ်လောက်ထားပါ။

အဆင့်(၅) ရေအေးအေးနဲ့ မျက်နှာသန့် စင်ပေးပါ။

မှတ်ချက်။ အကယ်၍ အရေးအကြောင်းအတွန့် တွေ အရမ်းများတဲ့ အသက် ၅၀ကျော်များအတွက်၊ စောစောကနည်းအတိုင်း ပြုလုပ်ပေးပြီး၊ ၁၅-မိနစ်လောက် အသားထဲစိမ့်ဝင်အောင်ထားနေစဉ်မှာ အ၀တ်ပါးပါးသန့် သန့် ကို ရေနွေးစိမ်ညှစ်ပြီးတော့ မျက်နှာပေါ်အုပ်ထားပေးနိုင်ရင် ပိုသင့်တော်ပါတယ်။ (ဆိုလိုတာကတော့ အ၀တ်မှာစွတ်ထားတဲ့ ရေနွေးငွေ့ တွေက မျက်နှာချွေး ပေါက်ကို ပွင့်စေချင်လို့ ပါ)

အမျိုးသမီးတွေသာမက၊ အမျိုးသားတွေအတွက်လည်း အကျိုးရှိစေပါတယ်။

လှသထက်ပို၍လှနိုင်ကြပါစေရှင်။

(ပေါက်ပေါက်..မျှဝေသည်)
--
promise.pauk
(ရိုးသားမှုသည်တခါတရံ၌ရှုံးနိမ့်စေတတ်၏။သို့ သော်တစ်သက်လုံးကားလိပ်ပြာလုံစေတော့၏။)

copy from promise.pauk facebook

နှုတ်ခမ်းသားတွေမည်းနေလို့  စိတ်မညစ်စေလို

19-11-2013 နေ့ ထုတ်ပြည်ထောင်စုနေ့ စဉ်သတင်းစာ (စာမျက်နှာ ၁၀) မှာ ဖော်ပြခံရတဲ့ဆောင်းပါးလေးပါ။ FB မိတ်ဆွေများ သုတရစေ ဖို့ မျှဝေလိုက်ရပါတယ်ရှင်။ (စေတနာများစွာဖြင့်....ပေါက်ပေါက်) 

 နှုတ်ခမ်းတစ်စုံရဲ့ လှပမှုဟာ အမျိုးသမီးတွေအတွက် မရှိမဖြစ်ပါ။ ဒါကြောင့်လည်း အမျိုးသမီးတိုင်းလိုလိုမှာ အနဲဆုံး နှုတ်ခမ်းဆိုး ဆေးအရောင် ၃-မျိုးလောက်ရှိတတ်ကြပြီး၊ အပြင်သွားခါနီးတိုင်း မိမိဝတ်ဆင်မယ့် အ၀တ်အစားအရောင်နဲ့  အနီစပ်ဆုံး နှုတ်ခမ်း နီဗူးလေးကို ထုတ်ဆိုးလေ့ရှိကြပါတယ်။ ဘယ်လိုပင် နှုတ်ခမ်းဆိုးဆေးအကူအညီသုံးပြီးလှပနေပါစေ မိမိရဲ့ နှုတ်ခမ်းသားအ ရောင်ကို ပန်းဆီရောင်လေးသဖွယ် သဘာဝအတိုင်းလှနေချင်တာ မိန်းကလေးတိုင်းရဲ့ ဆန္ဒပါ။ အမျိုးသားတွေလဲ ထို့ အတူပါဘဲ နှုတ်ခမ်းမည်းမည်းကြီး မဖြစ်ချင်ကြပါဘူး။

 အချို့  အမျိုးသား/အမျိုးသမီးတွေမှာ အရွယ်မတိုင်မီ နှုတ်ခမ်းသားတွေ မည်းလာတတ်ကြပါတယ်၊ အကြောင်းရင်းကတော့ ကော်ဖီ-လ္ဘက်ရည်-ဆေးလိပ် လွန်စွာသောက်သုံးခြင်းကြောင့် ကဖိန်းဓာတ်ရဲ့ ဘေးထွက်ဆိုးကျိုးများ၊ နေပူထဲအထွက်များ၍ နေ လောင်ခြင်း၊ ရေနွေး၊ ဟင်းချို ...စတဲ့အရည်ပူပူတွေကို ခွက်ပူပူထဲကနေ စုပ်ယူသောက်လေ့ရှိခြင်း၊ ခဲဓာတ်များတဲ့ နှုမ်းခမ်းဆိုး ဆေးအန္တရာယ၊် ရောဂါတစ်ခုခုကြောင့်သောက်သုံးနေရတဲ့ ပဋိဇီဝဆေးတွေရဲ့ တန်ပြန်သက်ရောက်မှု…စတာတွေကြောင့် နှုတ်ခမ်း သားကို မည်းလာစေပါတယ်။ အဲဒီအတွက် စိတ်မညစ်ကြပါနဲ့ ။

 ဟောဒီမှာ ရိုးရှင်းလွယ်ကူပြီး ငွေကုန်ကြေးကျ မများတဲ့ နည်းလမ်းကောင်းလေးတွေရှိပါတယ်။ (သကြားနဲ့ ပွတ်ပါ) နှုတ်ခမ်းမည်းမည်းတွေအတွက် သကြားက အကောင်းဆုံးဆေးပါဘဲ။ 
လ္ဘက်ရည်ဇွန်း ၃-ဇွန်းစာပမာဏရှိတဲ့ သကြားမှုန့် ဖြူဖြူလေးတွေကို ထောပတ်နဲ့ ရောပြီးနောက်၊ ရလာတဲ့အနှစ်ကို နှုတ်ခမ်းပေါ်လိမ်းပေးပါ။ ထောပတ်က နှုတ်ခမ်း သား အစိုဓာတ်ကိုထိန်းပေးသလို၊ သကြားက နှုတ်ခမ်းပေါ်ရှိ ဆဲလ်အသေတွေကို ဖယ်ရှားပေးပါတယ်။ (မုန်လာဥနီအလုံး(ခေါ်)သကြားမုန်လာ(ခေါ်)Beetroot ကိုသုံးပါ) သွေးကြည်ရောင်လို ရဲရဲနီတဲ့ သကြားမုန်လာဥတွေကအရေ ပြားပေါ်ရှိဆဲလ်အသေတွေကို ကောင်းစွာဖယ်ရှားပေးနိုင်ပြီးတော့၊
 နှုတ်ခမ်းသာမည်းခြင်းကို တဖြည်းဖြည်းလျော့ပါးသွားစေပါ တယ်။
 (သံလွင်ဆီလိမ်းပါ) အသားအရေကိုကောင်းကျိုးပြုကာ အာဟာရတန်ဖိုးမြောက်များစွာပါတဲ့ သံလွင်ဆီကို နှုတ်ခမ်းပေါ်မှာ အ စက်ကလေးတွေချပြီးတော့ နှုတ်ခမ်းသားထဲစိမ့်ဝင်အောင် ပွတ်လိမ်းပေးပါ။ (နှင်းဆီပွင့်ချပ်လေးတွေသုံးပါ) နှင်းဆီပွင့်ချပ်လေးတွေကို ထောပတ်နဲ့ ရောထောင်းပြီးတော့ ရလာတဲ့ အနှစ်တွေကို နှုတ်ခမ်းပေါ် အုံတင်ထားပေးပါ။ အဲဒီလို ရက်သတ္တ ၁-ပတ်မှာ ၂-ကြိမ်လောက် လုပ်ပေးခြင်းဖြင့် မည်းနေတဲ့နှုတ်ခမ်းသားတွေ တဖြည်းဖြည်း အရောင် ဖျော့သွားလာပါလိမ့်မယ်။် (စတော်ဘယ်ရီသီးတွေနဲ့ ပွတ်ပါ) စတော်ဘယ်ရီသီးတွေကလည်း နှုတ်ခမ်းသားမည်းခြင်းအတွက် အကောင်းဆုံး သဘာဝဆေး လေးတွေပါဘဲ။ အဲဒီအသီးမှည့်မှည့်တွေကို ရှာစောင်းလက်ပပ်ဂျယ်လီ၊ ပျားရည်တို့ နဲ့  ရောပြီး နှုတ်ခမ်းသားကိုပွတ်တိုက်ပေးပါ။ ၁၀-မိနစ်ခန့် အကြာမှာ ရေအေးဖြင့်ဆေးပါ (ရေခဲရေမဟုတ်ပါ)
 (သလဲသီးသုံးပါ)သလဲသီးကိုအစေ့ဖယ်ပြီးနောက်ရလာတဲ့အသားဖတ်လေးတွေကို ထောပတ်နဲ့ နယ်`၍၊
 နှုတ်ခမ်းသားတွေကို သုတ်လိမ်းပေးပါ။ ညအိပ်ယာဝင်ခါးနီးတိုင်းလုပ်ပေးခြင်းဖြင့် ရက်အနည်းငယ်အတွင်းမှာပင် နှုတ်ခမ်းသားလေး သိသိသာသာ ပန်းရောင် ပြောင်းလာနိုင်ပါတယ်။ (ဆားနဲ့ ပွတ်ပါ) အိမ်သုံးဆားမှုန်လေးတွေကို နွားနို့  နဲ့ ရောပြီးတော့၊ ရလာတဲ့ အနှစ်ပျစ်ပျစ်တွေကို နှုတ်ခမ်းသားပေါ် ခပ်ဖွဖွ ပွတ်တိုက်ပေးပါ။ ၁၅-မိနစ်ခန့်အကြာ ရေအေးဖြင့်ဆေးပါ (ရေခဲရေမဟုတ်ပါ) 
 (ရှားစောင်းလက်ပပ်ဂျယ်လီသုံးပါ) မည်းညစ်နေတဲ့ နှုတ်ခမ်းသားကို မူလအရောင်ပြန်ရစေဖို့ အတွက် ရှားစောင်းလက်ပပ်ဂျယ်လီ က အကောင်းဆုံးသမားတော်ဖြစ်ပါတယ်။
 အဲဒီအပင်ထဲက အနှစ်တွေကိုညှစ်ချပြီးတော့ နှုတ်ခမ်းသားပေါ်တင်ပြီး ပွတ်လိမ်း လိုက်ရုံပါဘဲ။
 (ဌက်ပျောသီးသုံးပါ) ဌက်ပျောသီးမှည့်မှည့်ကို နွားနို့ ၊ ပျားရည်တို့ ဖြင့် သမအောင်ရောနယ်ပြီးတော့ နေ့ စဉ်လိမ်းပေးပါ။ ရက် အနည်းအတွင်းမှာပင် ထူးခြားတဲ့ အာနိသင်ကို လက်တွေ့ ခံစားရပါလိမ့်မယ်။

 (ပေါက်ပေါက်…..မျှဝေသည်) -- *promise.pauk* *(ရိုးသားမှုသည်တခါတရံ၌ရှုံးနိမ့်စေတတ်၏။သို့ သော်တစ်သက်လုံးကားလိပ်ပြာလုံစေတော့၏။)*

8 Nov 2013

ဆောင်းရာသီအတွက် အသားအရေထိနသိမ်းနည်း ***

ကျွန်မတို့ အသားအရေဟာ ပူပြင်းခြောက်သွေ့ တဲ့ နွေရာသီ၊ ပူအိုက်စိုစွတ်တဲ့ မိုရာသီတွေကို အံတုလို့ လာလိုက်ကြတာ ဟော…. ချမ်းအေးတဲ့ ဆောင်းရာသီ အရောက်မှာတော့ အသားအရေတွေခြောက်သွေ့ လာပြီး၊ အချို့ ကတော့ ခြောက်သွေ့ ရုံမ က အသားတွေယားယံ ပက်ကျားအက်လာတတ်ကြပါတယ်။ ကဲ..... ဒီတနှစ်မှာတော့ အောက်ပါရိုးရှင်းလွယ်ကူတဲ့ နည်းလမ်း (၆)သွယ်ဖြင့် ဆောင်းရာသီကို ကျော်ဖြတ်ရင်း အသားအရေထိန်းသိမ်းကြည့်လိုက်ကြရအောင်။

(၁) ဗီတာမင်အီး ပါဝင်မှုပမာဏများတဲ့ မျက်နှာသစ်ဆပ်ပြာလေးတွေကို ဦးစားပေးရွေးချယ်ဝယ်ယူကြပါနော်။ သူက အသား အရေကို သန့် စင်စေရုံသာမက၊ အာဟာရလည်းဖြစ်စေတယ်လေ။ နောက်ပြီး ရက်သတ္တ ၁-ပတ် ကို တစ်ကြိမ်လောက် နွားနို့  (အစိမ်း)နဲ့ မျက်နှာသစ်ပေးလိုက်ပါဦး။ နွားနို့ က အသားအရေကို ဖြူစင်ဝင်းမွတ်ရုံသာမက၊ အစိုဓာတ်ကိုပါ ထိန်းပေးတာကြောင့် ဆောင်းရာသီမှာ အသားအရေခြောက်သွေ့ ကြမ်းတမ်းနေမှာကို စိတ်မပူရတော့ဘူးပေါ့။

(၂) ဆောင်းရာသီရဲ့ နေပူဒဏ်က နွေနေလိုပူပြင်းခြောက်သွေ့ တာမို့ ၊ နေ့ ဘက် အပြင်များများထွက်သူတွေအဖို့  ခရမ်းလွန် ရောင်ခြည်ရဲ့ ဒဏ်ကို ပိုခံစားရစမြဲပါဘဲ။ နေလောင်ဒဏ်ကို ကာကွယ်နိုင်ရန်၊ နောက်ပြီး အသားအရေကို အာဟာရပြုပြီး အစို ဓာတ် ထိန်းသိမ်းနိုင်အောင် SPF များများပါတဲ့ မျက်နှာအောက်ခံ ကရင်မ်တွေ/အောက်ခံ မိတ်ကပ်တွေကို ရွေးဝယ် တတ်ဖို့ အ ရေးကြီးပါတယ်။ အထူးသဖြင့် ကရင်မ်/မိတ်ကပ် ဗူးခွံတွေပေါ်မှာ “winter cream/winter makeup” စာသားပါတာကို ရှာဝယ်နိုင် ရင်တော့ အကောင်းဆုံးရွေးချယ်မှုပေါ့ရှင်။

(၃) ခန္ဒာကိုယ်တွင်း အပူဓာတ်ကိုလျော့ချပေးနိုင်တဲ့ ဖရဲသီး၊ စိမ်းစားဥ၊ သခွားသီး၊ ဘယ်ရီသီးတွေ စားပေးပါ။ ဗီတာမင် နဲ့ ပရို တင်းဓာတ်တွေကြွယ်ဝတဲ့ ဗာဒံစေ့၊ သစ်ကျားသီး တွေစားပေးပါ။ မုန်ညင်းစိမ်းလိုမျိုး အစိမ်းရောင် လတ်လတ်ဆတ်ဆတ် ဟင်းသီးဟင်းရွက်တွေ စားပေးပါ။ ချမ်းအေးတဲ့ ဆောင်းရာသီရောက်ရင် လူ ၁၀-ဦးမှာ ၈-ဦးခန့် ၀မ်းချုပ်တတ်တာကြောင့် “နံက် ဌက်ပျော၊ ည သင်္ဘော” ဆိုတဲ့ ဆောင်ပုဒ်အတိုင်း အိပ်ယာထ သင်္ဘောသီးမှည့်မှည့်၊ အိပ်ယာဝင်ခါနီး ဖီးကြမ်းဌက်ပျောသီး မှည့်မှည့်လေးတွေ စားပေးနိုင်ရင်တော့ အကောင်းဆုံးပေါ့ရှင်။

(၄) ဆောင်းရာသီက ချမ်းအေးပေမယ့်၊ ရေလျော့မသောက်ကြဘဲ နွေပူပူရင်ပူပူမှာ ရေသောက်သကဲ့သို့  ရေများများသောက်

 ပေးဖို့ လိုအပ်ပါတယ်။ ဒါမှ အသားအရေအစိုဓာတ် ထိန်းသိမ်းရာရောက်ပြီး အသားပက်၊ နှုတ်ခမ်းကွဲတွေ ဖြစ်မလာစေတော့ ဘူးပေါ့။ ဒါတင်မကသေးပါဘူး ခန္ဒာကိုယ်တွင်း အူ၊ကလီစာတွေ အလုပ်ကောင်းကောင်းလုပ်တော့ ဓာတ်ကြီး ၄-ပါးမှန်ပြီး ၀က်ခြံ တွေမပေါက်စေတော့ဘူးလေ။

(၅) ဆောင်းနံက်တွေမှာ ဘယ်လောက်ဘဲချမ်းနေပါစေ ရုံးနောက်မကျစေဖို့  နံက်အိပ်ယာထ ရေချိုးကြရတဲ့အခါ၊ သွေးပူလေ့ကျင့် ခဏ်းလေးလုပ်ပြီးမှ ရေချိုးတော့ သိပ်မချမ်းတော့ဘူးပေါ့။ လူအများစုက ဆောင်းရာသီရောက်မှသာ ရေနွေးနဲ့ ရေချိုးကြတာ ကြောင့် ရေနွေးသုံးလေ့မရှိသူများအဖို့  သိသိသာသာ အသားအရေခြောက်သွေ့  ပက်ကြားတွေအက်လာပြီး အသားယားလာ ပါတော့တယ်။ ဖြစ်နိုင်ရင် ရေနွေးနဲ့ (လုံးဝ) ရေမချိုးကြပါနဲ့ ။ အကယ်၍ ရေနွေးသုံးချင်ရင် မိမိအသားအရေ ခံနိုင်ရုံလောက် အပူ ကိုသာသုံးပါ။ ရေနွေးအပူဓာတ်ကြောင့် အသားအရေမစိုပြေတော့ဘဲ ညိုညစ်သွားတတ်တာကို သတိထားဦးနော်။

(၆) သိသိသာသာ အသားပက်သူများအဖို့  moisturizer ပါတဲ့ ပေါင်ဒါ (သို့ မဟုတ်) ကရင်မ်ပတ်ဖ် လေးတွေရွေး လိမ်းပေးသင့် ပါတယ်။ သူက မျက်နှာအစိုဓာတ်ကိုထိန်းသိမ်းပေးတော့ ဆောင်းရာသီမှာ အသားခြောက်တာတွေ၊ အသားအရေ တင်းရင်း တာတွေကို လျော့ပါးသက်သာစေတယ်လေ။ ထိခိုက်လွယ်တဲ့ အသားအရေပိုင်ရှင်အချို့ က moisturizer နဲ့ ဓာတ်မတည့်တတ် ပြန်ပါဘူး။ အဲဒီအခါ ညအိပ်ယာဝင်ခါနီးတိုင်း ရှားစောင်းလက်ပပ်(ဂျယ်လီ)လေး လိမ်းပေးပြီး ၁၅ မိနစ်ခန့် အကြာမှာ မျက်နှာကို ရေအေးအေး(ရေခဲရေမဟုတ်ပါ) နဲ့  သန့် စင်ပြီးမှ အိပ်ယာဝင်ကြပါနော်။

ကိုင်း….ဒါဆိုရင်ဖြင့် အထက်ပါနည်းလမ်းတွေကို လက်ကိုင်ထားရင်း “နေ့ ပူလို့ ညချမ်းတဲ့” ဒီတနှစ်ဆောင်းဥတုကို ပျော်ပျော်ကြီး စောင့်မျှော်ကြိုဆိုကြပါစို့ လားရှင်။

အလှအပ မြတ်နိုးသူတိုင်း လှသထက်ပို၍လှနိုင်ကြပါစေ။

(တင်ထက်ထက်ဇော်.....မျှဝေသည်)
(မှီငြမ်း Useful Info and Health Tips )

30 Oct 2013

တင်းတိတ် နှင့် အမည်း စက် ကင်းစင် စေဖို့

တင်းတိတ် နှင့် အမည်း စက် ကင်းစင် စေဖို့ အိမ်တွင်း မှာ ရှိတဲ့ သံပရာသီး ရယ် ပျားရည်ရယ် ရှိရုံ နဲ့ လုံလောက် ပါတယ်။ သံပရာသီး ကို ထပ်ခြမ်း ခွဲပြီး ပျားရည် သုံးလေး စက်ခန့် ထည့်ပါ။ 
သံပရာရည် နဲ့ ဆိုလည်း ဖြစ်ပါတယ်။သံပရာ သီး ခြမ်းနဲ့ ပျားရည် ထည့်ပြီး ရင် မျက်နှာပြင် တစ်ဝိုက် ပွတ် တိုက် ပေးပါ။ အဖုအပိမ့် နဲ့ ၀က်ခြံ အမည်း စက် ရှိတဲ့ နေရာ တွေ ကို ထပ်ခါ ထပ်ခါ တိုက်ပေးပါ။
 အဲဒါ ပြီးရင် ငါးမိနစ် လောက် ထားပါ။ ပြီးတော့ ရေအေးအေး လေးနဲ့ မျက်နှာ သစ် လိုက်ပါ။
 ချက်ချင်း လိုပဲ အကျိုးထူး လာတာ ကို တွေ့ရ ပါလိမ့်မယ်။ သံပရာသီး ဟာ မျက်နှာပြင် ပေါ်ရှိ အမည်းစက် တွေ ကို မှေးမှိန် သွားစေတဲ့ သတ္တိ ရှိပြီး ပျားရည် ကတော့ မျက်နှာ မှာ ရှိတဲ့ အစိုဓါတ် ကို ထိန်းထား ပေးမှာ ဖြစ်ပါ တယ် ။

Cosmetics Myanmar

29 Oct 2013

သကြားမှ ပေးသော အလှတရားများ

လူတိုင်း အလှနဲ့ပတ်သက်ရင် မျက်နှာကို ပထမ ဦးစားပေးကြပါတယ်။
ကိုယ်မျက်နှာလေး နူးညံ့ဝင်းပ ချော့မွေ့ နေစေဖို့ အတွက် သကြားရဲ့ လျှို့ဝှက်ချက်တချို့ကို မျှဝေပေးချင် ပါတယ်။

သကြားဟာ တကယ်တော့ ကာဗွန် တမျိုးပါဘဲ။ သကြားမှာ ကာဗွန်ရဲ့ သဘောအတိုင်း အညစ်အကြေး၊ အနံ့အသက်တွေ ကို စုပ်ယူ တတ်တဲ့ သဘာဝ ရှိပါတယ်။ မျက်နှာပြင်အောက်က အညစ်အကြေး၊ အနံ့အသက်တွေကို သကြားက စုပ်ယူနိုင်စွမ်းရှိပါတယ်။

လုပ်ပုံလုပ်နည်းကလေးကတော့ နေ့စဉ် ည အိပ်ရာမ၀င်မီ ၁ နာရီလောက် အလိုတိုင်း မျက်နှာကို ရေနွေး ခပ်နွေးနွေးလေးနဲ့ မျက်နှာသစ်လိုက်ပါ။ အသုံးပြုတဲ့ ဆပ်ပြာကလည်း အကြမ်းစား အပေါစားတွေတော့ မသုံးသင့်ပါဘူး။ သင့်တင့်တဲ့ မျက်နှာ သစ် ဆပ်ပြာအနုစား တမျိုးမျိုးနဲ့ သုံးတာပိုသင့်တော်ပါတယ်။

မျက်နှာသစ်ပြီး ၁၅ မိနစ်လောက် မျက်နှာက ရေကို မသုပ်ဘဲ ထားရပါမယ်။ ပြီးရင်တော့ သကြားမှုံမှုံမျိုးကို မိမိရဲ့ မျက်နှာပြင်မှာ ညင်သာစွာနဲ့ ပွတ်ပေးရပါမယ်။ တဖြည်းဖြည်းချင်း ပွတ်နေရင်းက ကိုယ်ပူချိန်ကြောင့် မျက်နှာဟာ ချွဲလာပါမယ်။

အဲဒီလို သကြားမှုံများ ပျော်သွားပြီး ချွဲလာသည်အထိ ၁၅ မိနစ်ခန့် ညင်သာစွာနဲ့ မျက်နှာ တပြင်လုံးကို ပွတ်နယ်ပေးနေပါ။ ၁၅ မိနစ်ကြာပြီးနောက်ပိုင်း သူ့ကို ဒီအတိုင်း မိနစ် ၃၀ ခန့် ထားလိုက်ပါ။ ပြီးတော့ မှ ရေနွေးနွေးလေးနဲ့ ဆေးကြောပေးလိုက်ပါ။ ပြီးမှ မျက်နှာသုပ်ပုဝါနဲ့ ရေသုပ်ပေးပါ။

ဒီလိုလုပ်ဆောင်တာကို မနက်အစောနဲ့ ညပိုင်းတွေမှာ တနေ့ ၂ ကြိမ်လည်း လုပ်နိုင်ပါတယ်။

ရက်သတ္တပတ် ၃ ပတ်ခန့်မှာ သင့်မျက်နှာဟာ သိသိသာသာ
နူးညံ့ချောမွေ့ဝင်းပလာမှာကို သင် ကိုယ်တိုင် မြင်တွေ့လာရပါမယ်။ အသားညိုသူတွေလည်း စိုပြေ၀င်းပလာတာကို သတိထားမိလာပါလိမ့် မယ်။

မျက်နှာပြင်အောက်မှာ ရှိတဲ့ ဆားဝက်ခြံ၊ တင်းတိတ်၊ အရေပြား တွန့်တာ၊ မျက်ရစ်ကျတာ၊ အသားတွဲ တာ၊ ချွေးပေါက်တွေ ကျယ်ပြီး ကြီးတာ၊ အဆီအမြဲပျံနေတတ်တာ၊ မျက်နှာပြင်ခြောက်သွေ့ပြီး မျက်နှာက တင်းတင်းရင်းရင်း မရှိဘဲ ကျနေတာမျိုး တွေကို သကြားရဲ့ ဓာတ်က ပြုပြင် စုပ်ယူသွားမှာဖြစ်ပါတယ်။

ပြင်သစ်နိုင်ငံထုတ် မဂ္ဂဇင်း တစောင်ရဲ့ အလှတရားရဲ့ လျှို့ဝှက်ချက်များ ကဏ္ဍထဲက သကြားအကြောင်း တစိပ်တပိုင်းကို ဖော်ပြပေး လိုက်တာပါ။

5 Oct 2013

ထမင်းရည်ကမိန်းကလေးတွေရဲ့အလှအပလျှိုဝှက်ချက်လား

ထမင်းချက်တဲ့အခါ ထမင်းပေါင်းအိုး တွေနဲ့သာ ချက်ကြတော့တဲ့ အခုခေတ်မှာ ထမင်းရည် လို့မေးလိုက်ရင် တော်တော်ရှာရမယ် ထင်ပါတယ်။ ထမင်းရည် ဟာဆန်ကို ချက်တဲ့အခါ ရေနည်းနည်း ပိုထည့်လို့ ထမင်းကျက်ပြီး တဲ့နောက် ထမင်းပေါ်မှာ ကျန်နေတဲ့ အရည်ကြည်လေးကို ခေါ်တာပါ။ ဒီလို ထမင်းရည် ရှားနေတဲ့အချိန်မှာ ထမင်းရည်က မိန်းကလေးတွေရဲ့ အလှအပကို အတော်လေး ကူညီနိုင်တယ်ဆိုတဲ့ အကျိုးကျေးဇူးလေးတွေ တွေ့လာတာကြောင့် အသုံးဝင်ပုံကို တင်ပြလိုက်ရပါတယ်။

၁။ ကြည်လင်သန့်စင်သော မျက်နှာရရှိအောင်

မိန်းကလေးများ မျက်နှာကို သန့်စင် ပြီးတဲ့အခါ အအေးခံထားတဲ့ ထမင်းရည်ကို ဂွမ်းစအနည်းငယ်နဲ့တို့ပြီး မျက်နှာ ပြင်အနှံ့ပွတ်ပေးရင် ထမင်းရည်က Toner အဖြစ်ဆောင်ရွက်ပေးပြီး မျက်နှာကို တင်းရင်းနေစေမှာပါ။ Inositol လို့ခေါ်တဲ့ ဗီတာမင်ဘီ ဓာတ်တစ်မျိုး ကြွယ်ဝတာကြောင့်
အိုမင်းရင့်ရော်မှု ဖြစ်စဉ်ကို နှေးစေကာ သွေးလည်ပတ်မှု ကိုလည်း ကောင်းစေပါတယ်။ မျက်နှာ ပေါ်မှာရှိတဲ့ ချွေးပေါက်တွေကို ကျဉ်းစေ ပြီး မျက်နှာကို ဝင်းပအောင်ပြုလုပ်ပေး နိုင်ပါတယ်။ ဒါ့အပြင် ရေဓာတ်ကိုထိန်း သိမ်းပေးနိုင်တဲ့ဓာတ်၊ အင်တီအောက်ဆီ ဒင့်ဓာတ်၊ ခရမ်းလွန်ရောင်ခြည်ကို စုပ်ယူ နိုင်တဲ့ဓာတ်တွေဟာ သဘာဝအရ ကြေး နီဓာတ်ကို စုပ်ယူပေးပြီး မျက်နှာပြင်မှာ မယ်လနင်တွေ စုပုံနေတာနဲ့ အသက်ကြီး လို့ဖြစ်ပေါ်တတ်တဲ့ အနီကွက်တွေမှ ကာကွယ်ပေးပါတယ်။

၂။ ဆံပင်သားအတွက်

ခေါင်းလျှော်ပြီးတဲ့အခါ အေးနေတဲ့ ထမင်းရည် အနည်းငယ်ကို ဆံသားမှာ လိမ်းပေးပြီး မိနစ်အနည်းငယ်ထားပါ။ နည်းနည်းကြာရင် ရေဆေးချလို့ ရပါ တယ်။ထမင်းရည်မှာပါဝင်တဲ့ ပရိုတင်း ဓာတ်က ဆံသားကို ဖြောင့်စင်းစေတဲ့ အပြင် ဆံလုံးကွဲအက်နေတာတွေကိုပါ ပြန်ပြည့်စေပါတယ်။ ရလဒ်ကတော့ ဆံသားဟာ ချောမွတ်ပြောင်လက်နေပြီး အိထွေးနေတာပဲ ဖြစ်ပါတယ်။

၃။ ကိုယ်ခန္ဓာ အတွက်

ထမင်းရည်မှာ ချောမွေ့နေတဲ့ သဘာဝ ရှိတာကြောင့် ခန္ဓာကိုယ်မှာ အဖုအပိမ့် ထွက်တာနဲ့ ကျိန်းစပ်စပ် ဖြစ်နေတဲ့ ဒဏ်ရာတွေ၊ နာကျင်မှု ခံစားနေရတဲ့ အ ရေပြားနေရာတွေမှာ သက်သာစေပါ တယ်။ Brussels University လေ့လာတွေရှိချက်အရ အရေပြားရောဂါရှိ သူတွေနဲ့ နာတာရှည်အရေပြားရောင် ရမ်းသူတွေမှာတစ်နေ့ကို ပုံမှန် နှစ်ကြိမ် တစ်ဆယ့်ငါးမိနစ်ခန့် ထမင်းရည်နဲ့ ဆေး ပေးတာဟာ တိုးတက်မှု ၂၀ ရာခိုင်နှုန်း ထိ ရှိလာတယ်လို့ ဆိုပါတယ်။

၎။ ကျန်းမာရေးအတွက်

ထမင်းရည်ကို သောက်ပေးတဲ့ အလေ့အကျင့်ဟာ အရင်တုန်းက ရှိပေမယ့် အခုတော့ မလုပ်ကြတော့ပါဘူး။ အမှန်တော့ ထမင်းရည်ဟာ အာဟာရပြည့်ဝပြီး ကျန်းမာရေးအတွက် အကျိုးပြုပါတယ်။ သူဟာ မရှိမဖြစ် အမိုနိုအက်စစ် ရှစ်မျိုးပါဝင်တာ ဖြစ်တဲ့အတွက် ခန္ဓာကိုယ် မှာ တစ်သျှူးနဲ့ ကြွက်သား ပြန်လည်တည် ဆောက်ရာမှာ အထောက်အပံ့ပေးပါတယ်။ နောက်ပြီး ကာဗိုဟိုက်ဒရိတ်လည်း အများအပြား ပါတာကြောင့် လိုအပ်တဲ့ စွမ်းအင်ဖြစ်ပေါ်ဖို့ ကူညီပေးနိုင်ပါတယ်။ ဝမ်းလျှောတာကိုလည်း သက်သာစေတဲ့အတွက် အစာအိမ်နဲ့ အူလမ်းကြောင်း ရောင်ရမ်းလို့ ကုသတဲ့နေရာမှာ အသုံးဝင်တယ် လို့ဆိုပါတယ်။ အယ်လ်ဇိုင်းမားရောဂါ ကိုလည်း ကာကွယ်ပေးနိုင် ပါတယ်။ ကိုယ် အပူချိန်ကျစေတဲ့အပြင် ကင်ဆာကြောင့် ဖြစ်တဲ့ သွေးဖိအားတိုးတာတွေမှလည်း ကာကွယ်ပေးနိုင်တယ်လို့ လေ့လာတွေ့ ရှိချက်တွေအရ သိရပါတယ်။ ဒါကြောင့် အလှအပအတွက်သာမက ကျန်းမာရေး အတွက်ပါ အသုံးတည့်လှတဲ့ ထမင်းရည် ကို လက်တွေ့အသုံးချနိုင်ဖို့ အကြံပေး လိုက်ရပါတယ်။

ပြုလုပ်နည်း

ထမင်းချက်တဲ့အခါ ရေအနည်းငယ် ပိုထည့်ပြီး ကျက်တဲ့အခါ ပိုနေတဲ့အရည် ကြည်လေးကို အဖုံးပါတဲ့ ကရားလေးထဲ မှာထည့်ပါ။ ရေခဲသေတ္တာထဲမှာ အအေး ခံပြီးရင်တော့သုံးလို့ရပါပြီ။

အိဖြူ(ဆေးဝါးတက္ကသိုလ်)
by Good Health
source >>>http://natureenergycares.blogspot.com/2013/10/blog-post_9012.html
shared by >>>
https://www.facebook.com/photo.php?fbid=519952131421693&set=a.379261395490768.91653.379250652158509&type=1&theater

23 Sept 2013

အရွယ်တင်နုပျိုနည်း ၅ နည်း

လေ့ကျင့်ခန်းလုပ်ပါ -
လေ့ကျင့်ခန်းသည် အရွယ်တင်နုပျိုခြင်း၏ လျို့ဝှက်ချက် ဖြစ်ပါတယ်။ အမျိုးသမီးများအတွက် ဆေးနည်းတစ်လက်ပြောပြမည်။ အ၀တ်အစားနှင့် ဖက်ရှင် catalog များ မဂ္ဂဇင်းများတွင် လှပပြီး ကိုယ်လုံပြေပြစ်သည့် အမျိုးသမီးများ၏ ဓာတ်ပုံများ ပါတတ်ပါသည်။ သူတို့ ကိုယ်လုံးတွေဟာ လေ့ကျင့်ထားလို့ရတာ။ ငါလည်း လေ့ကျင့်ရင်ရမှာပဲလို့ စိတ်သွင်းကာ လေ့ကျင့်ခန်း လုပ်သင့်သည်။
 
ရေများများသောက်ပါ
 ရေသည် ကိုယ်ခန္ဓာမှာ အဆိပ်အတောက်များကို စွန့်ပစ်ပေးသည်။
 
အိပ်ခြင်း
အိပ်ခြင်းအတွက် အခကြေးငွေ ပေးစရာမလိုပေ။ ထိုအရာကို အကျိုးရှိရှိ အသုံးချသင့်သည်။ ကိုယ်ခန္ဓာသည် အိပ်ပျော်နေပါက ကျွန်မတို့ကို နုပျိုစေသော ဟော်မုန်းများ ထုတ်လွှတ်ပါသည်။ ဟော်မုန်းတွေကို အလကားရနေမှတော့ ပိုက်ဆံပေးပြီး သွေးဆေးတွေ ဟော်မုန်းဆေးတွေ ဘာလို့ ၀ယ်နေတော့မှာလဲ။
 
များများရယ်ပါ
 ပျော်ရွှင်ပြီး ရယ်မောတတ်သူများသည် အရယ်နည်းသူများထက် နှလုံးရောဂါ အဖြစ်နည်းသည်ကို တွေ့ရပါသည်။

တရားထိုင်ပါ
သတိကပ်ပြီး တရားထိုင်ခြင်းသည် ကိုယ်ခန္ဓာကို သွေးလည်ပတ်မှုကောင်းစေပြီး သက်ရှည်ကျန်းမာစေသည်။

10 Jan 2013

အရေပြားပေါ်က အပြစ်အနာအဆာကို ကုသမှုပေးနိုင်မည့် မီးဖိုချောင်သုံး ပစ္စည်းကိုးမျိုး


မျက်နှာအသားအရေ နီမြန်းတာ၊ အစက်အပြောက်တွေ ပေါ်လာတာ၊ ဆံပင်နဲ့ အသားအရေ ကြမ်းတမ်းနေတာတွေကြောင့် စိတ်အနှောင့်အယှက် ဖြစ်နေသူတွေအတွက် အလွယ်သုံးနိုင်မယ့် နည်းလမ်းတွေကို ရေးသားလိုက်ရပါတယ်။

(၁) လက်ဖက်စိမ်း လက်ဖက်ရည်

အင်တီအောက်ဆီးဒင့် အများအပြားပါဝင်တဲ့ လက်ဖက်စိမ်း လက်ဖက်ရည်ဟာ မျက်နှာ အသားအရေ နီမြန်းမှုကို လျော့ကျစေပါတယ်။ ပြုလုပ်ရမယ့် နည်းကတော့ အေးမြနေတဲ့ လက်ဖက်စိမ်း လက်ဖက်ရည်နဲ့ မျက်နှာပြင်ပေါ်ကို ဆေးကြောသန့်စင်ပေးရမှာ ဖြစ်ပါတယ်။

(၂) ထောပတ်သီး

အကောင်းဆုံး အစိုဓာတ်ထိန်းခရင်မ်လို့ နာမည်ကြီးတဲ့ ထောပတ်သီးကို မျက်နှာပေါင်းတင်ပစ္စည်းအဖြစ် လည်းကောင်း၊ ဆံပင်ပေါင်းတင်ပစ္စည်းအဖြစ် လည်းကောင်း သုံးနိုင်ပါတယ်။ ပြုလုပ်ရမယ့် နည်းကတော့ ထောပတ်သီးအနှစ်ကို ကြေညက်တဲ့အထိ ကြိတ်ချေပြီး မျက်နှာ အရေပြားပေါ်နဲ့ ဆံပင်သားတွေပေါ်ကို လိမ်းပေးရမှာ ဖြစ်ပါတယ်။ မျက်နှာ အသားအရေနဲ့ ဆံကေသာကို စိုပြည်တောက်ပစေပါတယ်။

(၃) ဂျုံမှုန့်

ဂျုံမှုန့်မှာ ရောင်ရမ်းမှုကို လျော့ကျစေတဲ့ အာနိသင်ရှိပါတယ်။ ရေထဲကို ဂျုံမှုန့် အနည်းငယ်ထည့်ပေးပြီး မျက်နှာကို သစ်ပေးတာ ဒါမှမဟုတ် မျက်နှာကို အရည်ဖျော်ထားတဲ့ ဂျုံမှုန့်ရေနဲ့ ညင်ညင်သာသာ ပွတ်တိုက်ပေးတာ စတဲ့ နည်းတွေကို သုံးနိုင်ပါတယ်။

(၄) သင်္ဘောသီး

အရေပြား ချွေးပေါက်တွေ ကျယ်နေလို့ စိတ်ညစ်နေရင် သင်္ဘောသီးကို ပါးပါးလှီးပြီး မျက်နှာအသားအရေပေါ် ကပ်ပေးတာ ဒါမှမဟုတ် သင်္ဘောသီးအနှစ်ကို မျက်နှာပေါ် လိမ်းပေးတာတို့ကို လုပ်ဆောင်ပေးပါ။ သင်္ဘောသီးမှာပါတဲ့ ပက်ပိန်းဆိုတဲ့ အင်ဇိုင်းက မျက်နှာအသားအရေအတွက် အကောင်းဆုံး အင်ဇိုင်းတစ်မျိုး ဖြစ်ပါတယ်။

(၅) သံပရာသီး၊ ရှောက်သီး

သံပရာသီး၊ ရှောက်သီးထဲမှာပါတဲ့ အက်စစ်ဟာ ဆံပင်သားကို သဘာဝကျကျ တောက်ပစေတဲ့ အစွမ်းရှိပါတယ်။

(၆) ကြက်ဥ၊ ဘဲဥအကာ

ကြက်ဥအကာ၊ ဘဲဥအကာတွေကို မျက်နှာအရေပြားပေါ် လိမ်းပေးရင် အသားအရေကို တင်းရင်းစေပါတယ်။

(၇) သံလွင်ဆီ

သံလွင်ဆီဟာ ဆံကေသာကို စိုပြည်စေပြီး အရေပြားပေါ်က အမည်းစက်တွေကို လျော့ပါးစေပါတယ်။

(၈) သကြား

သဘာဝ ကြေးချွတ်ပစ္စည်းဖြစ်တဲ့ သကြားကို သံလွင်ဆီနဲ့ ရောပြီး နှုတ်ခမ်းသားနဲ့ ခန္ဓာကိုယ် အရေပြားမှာ ကြေးချွတ်ပစ္စည်းအဖြစ် အသုံးပြုနိုင်ပါတယ်။

(၉) ပျားရည်

ပျားရည်မှာ သဘာဝ ပိုးသတ်အာနိသင်ရှိပြီး အသားအရေကို အစိုဓာတ် ရှိနေစေပါတယ်။ ပျားရည်ဟာ မျက်နှာပြင်ပေါ်က အစက်အပြောက်တွေကို သက်သာစေပါတယ်။   

ဇွန်
Ref: Good Health
ource: http://www.yatanarpon.com.mm/cp/goodhealth/news-56439

29 Dec 2012

ခန္ဓာကိုယ်တစ်ခုလုံး လန်းဆန်း လှပသွားစေဖို့ နဲ့အရေပြားကိုပါ ကျန်းမာလှပစေဖို့နည်းလမ်းများ

ချိုမြိန်တဲ့ ရနံ့လေးတွေနဲ့ အတူ ခန္ဓာကိုယ်တစ်ခုလုံး လန်းဆန်း လှပသွားစေဖို့ သင်စားနေကျ အစား အစာတွေ ထဲကနေ ဖန်တီးနိုင်တယ်ဆို တာသင် သိပါရဲ့လား။
စိတ်ရောကိုယ်ပါ ကြည်လင်လန်းဆန်း သွားစေဖို့နဲ့ သင့်အရေပြားကိုပါ ကျန်းမာလှပစေဖို့ အထောက်အကူပြု နည်းလမ်းလေးတွေ ရှိပါတယ်။ မွေးပျံ့တဲ့ ရနံ့လေးနဲ့ အတူ တစ်နေ့တာ လုံး လန်းဆန်းလှပနေစေဖို့ လေ့လာ ကြည့်ရအောင်နော်။

လီမွန်ကိတ်ရနံ့ဖြင့် Body Scrub
အရေပြားပေါ်မှာ ကြေးချွတ်ပွတ် တိုက်ချိန်မျိုးမှာ လီမွန်ရနံ့နဲ့ ကိတ်မုန့်တစ်လုံးကို စားရသလို ခံစားနေရစေပြီး သင့်အရေပြားကို အမှန်တကယ် သန့်စင်စေကာ ပျော့ပျောင်း ချောမွေ့စေပါတယ်။
ပြုလုပ်အသုံးပြုနည်း
အညိုရောင် သကြားတစ်ခွက်၊ သံလွင်ဆီ ဒါမှမဟုတ် နေကြာဆီ ခွက်တစ်ခွက်ရဲ့ တစ်ဝက်၊ သံပရာရည် ဒါမှမဟုတ် သံပုရာအမှုန့် လက်ဖက်ရည် တစ်ဇွန်း၊ သစ်ခွရနံ့အရည် လက်ဖက်ရည် တစ်ဇွန်း စတာတွေကို ရောမွှေ လိုက်ပါ။အေးပြီး ခြောက်သွေ့တဲ့ နေရာမှာ သိမ်းထားပြီး သင့်အရေပြားပေါ်မှာ ပွတ်တိုက်ကြေး ချွတ်သန့်စင်တဲ့ ပစ္စည်း တစ်ခုအဖြစ် အသုံးပြု ပေးနိုင် ပါတယ်။

စတော်ဘယ်ရီကိတ်ရနံ့ဖြင့် ရေချိုးဆား
ချိုမြိန်တဲ့ ရနံ့ကြောင့် သင့်ကြွက်သား တွေကိုပါ သက်သောင့် သက်သာ ဖြစ်စေ ပါတယ်။ အရောင်လှလှ လေးတွေ ပေါင်း စပ်ဖန်တီးထားပြီး သင့်ရေချိုးခန်းလေး ထဲမှာ လှပနေပါစေ။
ပြုလုပ်အသုံးပြုနည်း
ဆားခွက်နှစ်ခွက် (ဆားနုနုလေး တွေကိုသုံးပါ)၊ စတော်ဘယ်ရီ အမှုန့် ထမင်းစား နှစ်ဇွန်း၊ သစ်ခွရနံ့အမှုန့် ထမင်း စားနှစ်ဇွန်းကို ရောမွှေပါ။ မွှေထားတဲ့ဆား တွေကို ခွက်တစ်ခွက်စီ ပြန်ခွဲပြီး အစားအ စာတွေထဲထည့်တဲ့ အနီရောင်မှုန့်နဲ့ အဝါ ရောင်မှုန့်ကို ခွက်တစ်ခွက်စီမှာ တစ်ဇွန်းစီ ထည့်ပြီး မွှေလိုက်ပါ။ ဖန်ပုလင်းလေးထဲ ကို တစ်ရောင်ချင်း၊ တစ်လွှာစီထည့်ပါ။ လှပတဲ့ ရေချိုးဆား လေးနဲ့ ရေချိုးလိုက်ချိန် မွှေးပျံ့တဲ့ ရနံ့လေးကြောင့် စိတ်ကိုကြည် လင်ကာ အရေပြားပေါ်က ဆဲလ်သေတွေ ကိုလည်း ဖယ်ရှား ပေးနိုင်ပါတယ်။

ထောပတ်ရနံ့ဖြင့် Body Oil
အရေပြား ခြောက်သွေ့ပြီး အရောင်မွဲ နေပါသလား။ အရေပြားကို စိုပြည်ပြီး ခြောက်သွေ့မှု ကင်းကာ ကြည်လင် သွားစေမယ့် နည်းလမ်း ရှိပါတယ်။
ပြုလုပ်အသုံးပြုနည်း
သံလွင်ဆီ ခွက်တစ်ခွက်၊ ပျားရည် လက်ဖက်ရည်တစ်ဇွန်း၊ သစ်ခွရနံ့အရည် လက်ဖက်ရည် တစ်ဇွန်း စတာတွေကိုရော မွှေလိုက်ပြီး မိုက်ခရိုဝေ့ထဲမှာ ကျိုလိုက်ပါ။ ဆူလာချိန်မှာ မွှေးပျံ့တဲ့ရနံ့ထွက် လာပါလိမ့်မယ်။ အအေးခံထားပြီး ပုလင်းလွတ် လှလှလေးထဲမှာ သိမ်းထားလိုက်ကာ ရေချိုးပြီးလို့ ရေသုတ်ပြီး ချိန်ခန္ဓာ ကိုယ်တစ်ခုလုံကို လိမ်းပေးနိုင်ပါတယ်။

ငှက်ပျောသီးရနံ့ဖြင့် Body Cream
အသားအရေကို နူးညံ့ ချောမွေ့ စေပြီး စိတ်ဖိစီးမှုတွေကို ပြေပျောက် စေနိုင်ပါတယ်။
ပြုလုပ်အသုံးပြုနည်း
အုန်းဆီတစ်ခွက်၊ ဗီတာမင်အီး လက်ဖက်ရည်တစ်ဇွန်း၊ ပြောင်းမှုန့်လက် ဖက်ရည်တစ်ဇွန်း၊ သစ်ခွရနံ့ အရည်လက် ဖက်ရည်တစ်ဇွန်း စတာတွေကို ရောမွှေ လိုက်ပါ။ မွှေချိန်မှာ အမြှုပ်တွေထတဲ့အထိ ခပ်ပြင်းပြင်းလေး မွှေလိုက်ပြီး ဖန်ပုလင်း အကြည်တစ်လုံးထဲ ထည့်ကာ အေးပြီး ခြောက်သွေ့တဲ့ နေရာမှာ သိမ်းပါ။ ခန္ဓာကိုယ်အနှံ့ အရေပြားပေါ်မှာ နှိပ်နယ် ပြီး လိမ်းပေး နိုင်ပါတယ်။    

20 Dec 2012

ဆောင်းရာသီအတွက် မျက်နှာပေါင်းတင်နည်းများ

လောကကြီးကိုအအေးဓာတ်တွေက လွှမ်းခြုံထားတဲ့ ဆောင်းအေးအေးလေးမှာ နွေးနွေးထွေးထွေးဝတ်ပြီး နေလို့ကောင်းပေမယ့် အသားအရေအတွက်တော့ မကောင်းလှဘူး။ အဆီပြန်တဲ့အသားအရေတောင် ခြောက်လာပြီး တင်းနေတတ်သေးတာ… သာမန်အသား
အရေကလည်း ခြောက်သွေ့တဲ့အသားအရေဖြစ်…. အရင်ထဲက အသားခြောက်သူတွေကလည်း အသားပတ်ရော…။ အဲ့လိုဆိုတော့ အသားအရေကို ပိုဂရုစိုက်ရတော့မှာပေါ့။ ပေါင်းတင်ရင်လည်း အရင်ပေါင်းတင်နည်းတွေကို သုံးလို့မရဘူးနော်။ အသားအရေက ပြောင်းလဲသွားတာကိုး။ အဲ့ဒီတော့ သူငယ်ချင်းတို့အတွက် အထူးရှာဖွေထားတဲ့ ဆောင်းရာသီမျက်နှာအထူးပေါင်းတင်နည်းတွေကို ရင်နှင်း ပြောပြမယ်နော်။

ထောပတ်သီး
ဆောင်းရာသီမှာ အသားအရမ်းပတ်တတ်တဲ့ ခြောက်သွေ့အသားအရေရှိသူတွေအတွက် ထောပတ်သီးနဲ့ မျက်နှာပေါင်းတင်တာ အကောင်းဆုံးပဲ။ လုပ်ရတာလည်း လွယ်တယ်နော်။ ထောပတ်သီးအသားကို ခက်ရင်းနဲ့ချေပြီး သံလွင်ဆီနည်းနည်း ရောမွှေလိုက်ပါ။ အနှစ်ပျစ်ပျစ်လေးရလာတဲ့အထိ ချေနော်။ ပြီးတော့ မျက်နှာအနှံ့လိမ်း.. နာရီဝက်နေရင် ရေဆေးချလိုက်ရုံပါပဲ။ မျက်နှာလေးက နူးညံချောမွေ့သွားလို့ ၀မ်းသာရမှာပါ။

ကြက်ဥအကာ
ဒီနည်းလေးကတော့ ချွေးပေါက်ကျယ်တွေရှိတတ်တဲ့ အဆီပြန်တဲ့အသားအရေအတွက် အရမ်းအသုံးဝင်တယ်လေ။ အမြှပ်ထွက်အောင် ခေါက်ထားတဲ့ ကြက်ဥအကာကို မျက်နှာအနှံ့လိမ်းပြီး နာရီဝက်နေရင် ရေဆေးချလိုက်ပါ။ တင်းရင်းပြီး လန်းဆန်းကြည်လင်တဲ့ မျက်နှာလေးဖြစ်အောင် ကြက်ဥအကာက အစွမ်းပြပါလိမ့်မယ်။ လေအေးတွေ၊ နှင်းမြူတွေကြောင့် အသားအရေမပျက်စီးအောင်လည်း ကာကွယ်ပေးနိုင်သေးတယ်လေ။

ဂျူံမုန့်
ဆောင်းရာသီရဲ့ အအေးဒဏ်ကို ခံနိုင်ရည်ရှိအောင်လုပ်ပေးမယ့် နည်းလေးပါပဲ။ ဂျုံမုန့်၊ ကြက်ဥအနှစ်နဲ့ ပျားရည်ကို ဆတူရောမွှေပါ။ မျက်နှာပေါ်မှာ မိနစ်၂၀ ထားပြီး ရေနွေးလေးနဲ့ ဆေးချလိုက်တဲ့အခါ နူးညံ့
စိုပြေ၀င်းပတဲ့မျက်နှာလေး ဖြစ်သွားလိမ့်မယ်နော်။

ငှက်ပျောသီး
ပေါင်းစပ်အသားအရေပိုင်ရှင်တွေ ဆောင်းရာသီမှာ မျက်နှာပေါင်းတင်ချင်ရင် ဌက်ပျော်သီးလေးကိုပဲ သတိရလိုက်ပါ။ ငှက်ပျောသီးလေးကို သေချာချေပြီး မျက်နှာအနှံ့လိမ်းပြီး နာရီဝက်နေရင် ရေဆေးချလိုက်..
အသားအရေကို နူးညံ့စေတဲ့ ချောမွေ့စေတဲ့အပြင် အာဟာရဓာတ်တွေဖြည့်ပေးတဲ့ ငှက်ပျောသီးလေးရဲ့ အံ့ဖွယ်စွမ်းပကားကို အရမ်းကျေးဇူးတင်သွားမှာ။
ဒီနည်းလမ်းတွေကို တစ်ပတ်ကို ၁ - ၂ ကြိမ်သာလုပ်သွားလိုက် ...
ဆောင်းရာသီမှာ အသားခြောက်၊ အသားပတ်တတ်တယ်ဆိုတာကိုပါ မေ့သွားလိမ့်မယ်နော်။
(ရင်နှင်းငယ်)

12 Dec 2012

ခြောက်သွေ့တက်သော အသားအရေပိုင်ရှင် များအတွက်

ခြောက်သွေ့တက်သော အသားအရေပိုင်ရှင် များအတွက် ကာကွယ်ထိန်းသိမ်းနည်းများ

ကျွန်တော် အခု တင်ပြမဲ့ Post လေးကတော့ ခြောက်သွေ့တက်သော အသားအရေ ပိုင်ရှင်များအတွက် ဘယ်လို ကိုယ့် အသားအရေကို ထိန်းသိမ်းကာကွယ်ရမယ် ဆိုတဲ့ နည်းလေးကို  ကျွန်တော် သိသလောက်ပြောပြပေးပါ့မယ်ဗျာ။အသားအရေက စိုပြေမှုမရှိဘဲ ခြောက်သွေ့ပြီး တင်းနေလို့ စိတ်ညစ်နေရတဲ့ သူငယ်ချင်းတွေအတွက် ခြောက်သွေ့တဲ့အသားအရေ အကြောင်း သိကောင်းစရာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ဘယ်သူမဆို ကိုယ့်အသားအရေအကြောင်း ကိုယ် သိချင်ကြမှာပဲလေ။ ဒါမှလည်း ဆောင်ရန် ရှောင်ရန်လေးတွေသိမှာပေါ့။ ခုတော့ ခြောက်သွေ့တဲ့အသားအရေအကြောင်းရော၊ ဆောင်ရန်၊ ရှောင်ရန်လေးတွေလည်း တခါထဲ ဖော်ပြထားတာမို့ သူငယ်ချင်းတို့က ဖတ်ပြီး လိုက်နာရုံပဲနော်။ ခု ခြောက်သွေ့တဲ့အသားအရေနဲ့ ပတ်သက်သမျှကို တူတူလေ့လာရအောင်ဗျာ။ 


ခြောက်သွေ့တဲ့အသားအရေ

- အရေပြားက အဆီထုတ်လုပ်မှုနည်းတဲ့ ခြောက်သွေ့တဲ့ အသားအရေပိုင်ရှင်တွေဟာ အစိုဓာတ်ကို မထိန်းနိုင်တော့ အရေပြားက ခြောက်သွေ့ပြီး အကွက်လေးတွေဖြစ်နေသလို ထင်နေရတယ်နော်။
- မျက်နှာသစ်ပြီးလို့ အစိုဓာတ်ထိန်းခရမ် တစ်ခုခုမလိမ်းဘူးဆိုရင် မျက်နှာကတင်းပြီး သက်တောင့်သက်သာ မရှိတော့ပါဘူး။အသားအရေဟာ စိုပြေမှုမရှိတော့ဘဲ အထူးသဖြင့် ပါးနဲ့ မျက်လုံးတ၀ိုက်မှာ ပိုဆိုးတတ်တယ်လေ။
- အဲ့ဒီနေရာတွေနဲ့ ပါးစပ်ထောင့်တွေမှာ အရေးအကြောင်းတွေကိုလည်း တွေ့ရတတ်ပါတယ်။ အရေးအကြောင်းတွေဖြစ်လွယ်တဲ့ အသားအရေပိုင်ရှင်တွေပါပဲ။
- ခြောက်သွေ့တဲ့ အသားအရေဟာ ထိခိုက်လွယ်လှပါတယ်။ ဓာတ်မတည့်မှုတွေ ဖြစ်လွယ်တာပေါ့။
- လေဒဏ်၊ Air Con ဒဏ်နဲ့ အရမ်းပူ အရမ်းအေးတဲ့ အခြေအနေတွေဟာလည်း အသားအရေကို ပိုခြောက်သွေ့စေလို့ အသားအရေဟာ အရမ်းတင်းလာတတ်တယ်။ ပြီးတော့ အသားပတ်ပြီး အဖတ်လေးတွေ ကွာနိုင်ပါတယ်။
- အသားပတ်ခြင်းဖြစ်လာပြီဆိုရင်တော့ သင့်အသားအရေဟာ အလွန်ခြောက်သွေ့ပြီး ရေဓာတ်လည်း ခမ်းခြောက်နေတယ်လို့ သတိပေးနေတာပါပဲ။
- ဒါကြောင့် သေချာဂရုစိုက်ရမယ့် အသားအရေပဲနော်။

ခြောက်သွေ့တဲ့အသားအရေကို ဖြစ်စေတဲ့အကြောင်းရင်းများ
- မျိုးရိုးလိုက်ခြင်း

- Vitamin A နှင့် Vitamin B ချို့တဲ့ခြင်း

- နေဒဏ်၊ လေဒဏ်၊ အအေးဒဏ်ခံရခြင်း

- ဓာတုပစ္စည်းများ၊ အလှကုန်ပစ္စည်းများ

- အပြင်းစားဆပ်ပြာများကို အလွန်အကျွံသုံးစွဲခြင်း

- အရေပြားရောဂါများ

- သွိုင်းရွိက်ရောဂါများ

- ဆေးအချို့

ဘယ်လိုဂရုစိုက်ရမလဲ
- ခြောက်သွေ့တဲ့အသားအရေပိုင်ရှင်တွေဟာ ရေနွေးနဲ့ မျက်နှာသစ်ခြင်း ရေချိုးခြင်းတွေကို ရှောင်ရမယ်နော်။ မျက်နှာသစ်ရင်လည်း ရေများများသုံးပြီး သစ်ပေးပါ။

- ခြောက်သွေ့တဲ့ အသားအရေဟာ ထိခိုက်လွယ်လို့ မျက်နှာကို ညင်ညင်သာသာလေး ကိုင်တွယ်ရမယ်နော်။  

- မျက်နှာသစ်တဲ့အခါမှာ ဆပ်ပြာကို လုံးဝမသုံးပါနဲ့။ မျက်နှာသစ်ဆေးတွေ ရေချိုးဆပ်ပြာတွေကို ဓာတုပစ္စည်းပါဝင်မှု နည်းတာတွေကိုပဲ ရွေးဝယ်ပါ။ သခွားသီး၊ ရှားစောင်းလက်ပတ် ကျွန်တော်တို့ မြန်မာနိုင်ငံကဆို မြန်မာ့ ရှင်မတောင်သနပ်ခါး စစ်စစ်တို့လို သဘာဝပစ္စည်းတွေနဲ့ ဖော်စပ်ထားတာတွေကတော့ ပိုကောင်းတယ်နော်။ For Dry Skin ဆိုတာတွေကို ရွေးဝယ်ဖို့ မမေ့ပါနဲ့။ Alcohol စတာတွေပါတဲ့ အပြင်းစားအလှကုန်တွေကိုတော့ ဝေးဝေးကသာ ရှောင်ပေတော့။

- သင်ရေချိုးပြီးတဲ့အခါနဲ့ မျက်နှာသစ်ပြီးတဲ့အခါ အမွေးနုတဘက်လေးနဲ့ ညင်သာစွာ သုတ်ပေးပါ။

- ပြီးရင် အစိုဓာတ်ထိန်းခရမ်ကောင်းကောင်းလေး လိမ်းပြီး နှိပ်နယ်ပေးဖို့ လိုပါတယ်။ Baby Oil ကိုလည်း သုံးလို့ရတယ်နော်။

- ညအိပ်ရာဝင်ခါနီးတိုင်း ညလိမ်းအစိုဓာတ်ထိန်းခရမ်လေး လိမ်းပြီး နှိပ်နယ်ပေးဖို့ မမေ့ပါနဲ့။အထူးသဖြင့် နို့နဲ့ ပြုလုပ်ထားတဲ့ အေးမြတဲ့ Skin Lotion တို့လို ဟာမျိုးကို ခပ်ပါးပါးလေး လိမ်းပေးသင့်ပါတယ်။

-နှုတ်ခမ်းလေးတွေ ခြောက်သွေ့ကွဲအက်နေလို့ စိတ်ညစ်မနေနဲ့တော့နော်။ Vitamin E ပါတဲ့ နူတ်ခမ်းနီအဆီလေး ဆိုးပေးရုံနဲ့ အစိုဓာတ်လေးတွေ ပြည့်ဝပြီး နူးညံ့သွားမှာပါ။ နှုတ်ခမ်းနီမဆိုးခင်မှာတော့ နှုတ်ခမ်းက ကွာလန်နေတဲ့ အရေပြားဖတ်လေးတွေကို နူးညံတဲ့ပုဝါ ၊ ဒါမှ မဟုတ် တီရှူးတို့ဖြင့် ဖြည်းဖြည်း ပွတ်တိုက်ပြီး ဖယ်ရှားပေးရမယ်နော်။

- ခန္ဓာကိုယ်အရေပြားတွေ အလွန်ခြောက်သွေ့ပြီး အသားပတ်နေတယ်ဆိုရင်လည်း Vitamin E လိမ်းဆေးလေးတွေ လိမ်းပေးနိုင်ပါတယ်။

- အသားကြမ်းတဲ့အ၀တ်တွေက အသားအရေကို ထိခိုက်စေလို့ မ၀တ်သင့်ဘူးနော်။

- အရမ်းပူတဲ့ အေးတဲ့နေရာတွေမှာ မနေပါနဲ့။ အပူချိန် ချက်ချင်းပြောင်းလဲတာတွေကို သတိပြုရှောင်ကြဉ်ပါ။ နေဒဏ်၊ လေဒဏ်ကိုလည်း ကာကွယ်ရမယ်နော်။

- နေရောင်ခြည်ဒဏ်က အရေပြားကိုခြောက်သွေ့စေရုံမက အရေးအကြောင်းများလည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် နေပူထဲမသွားခင် နေရောင်ကာလိမ်းဆေး ကောင်းကောင်းလိမ်းပါ။ ထီး၊ ဦးထုပ်၊ မျက်မှန်စတဲ့ အကာအကွယ်တွေကိုလည်း မမေ့ပါနဲ့။
- ဆေးလိပ်သောက်ခြင်းဟာလည်း အရေပြားကို ခြောက်သွေ့စေပြီး ပင်ပန်းနေတဲ့အသွင်ဖြစ်ပေါ်စေတာမို့ ဆေးလိပ်ကိုရော ဆေးလိပ်ငွေ့ကိုပါ ဝေးဝေးက ရှောင်ပါ။


အာဟာရ အကြံပြုချက်

- အသားအရေ အာဟာရပြည့်စေဖို့ အသီးအရွက်၊ အသား၊ ပဲ အစုံစားပေးဖို့တော့ အသားအရေအမျိုးအစား အားလုံးမှာ လိုတယ်နော်။

- ပဲအမျိုးမျိုးကို များများစားပေးပါ။

- အသီး၊ အရွက်တွေကိုလည်း လတ်လတ်ဆတ်ဆတ် အစိမ်းစားပေးပါ။ ရေသေချာဆေးဖို့တော့ လိုမယ်နော်။

- ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ကြက်ဥ၊ ကညွတ် တွေများများစားပေးပါ။ သင့်အသားအရေကို နူးညံ့ပြီး နုပျိုစေတဲ့ အစားအစာတွေပါပဲ။

- သခွားမွှေး၊ မုန်လာဥ၀ါနဲ့ ဆီးသီး တွေဟာ ခြောက်သွေ့တဲ့ အသားအရေအတွက် အရမ်းကောင်းတဲ့ စားစရာတွေ ပါပဲ။ Vitamin A နဲ့ C ကြောင့် အရေပြားကို နူးညံချောမွေ့စေတယ်လေ။

- Vitamin B5 ( Pantothenic acid ) ကြွယ်ဝတဲ့ ချိစ်၊ ဒိန်ချဉ်၊ အစိမ်းရောင်အသီးအရွက်များ၊ ဂျုံနဲ့လုပ်ထားတဲ့အစားစာများ၊ တဆေး စတာတွေကို စားပေးပါ။ Vit B5 ဟာအရေပြားရဲ့ အဆီထုတ်လုပ်မူအတွက် အလွန်အရေးပါလှပါတယ်။

- ရေကို နေ့စဉ် ၂ လီတာခန့် သောက်ပါ။

- ဆီကြော်နဲ့ ပတ်သတ်တဲ့ မုန့်တွေကို တတ်နိုင်သလောက်ရှောင်ပါ။

-အချိုရည်တွေနဲ့ အသင့်စားစရာတွေကိုလည်း ရှောင်ရမယ်နော်။

-အရက်နဲ့ ကော်ဖီကိုရှောင်ပါ။ ဆီးရွှင်စေလို့ ဆီးခဏခဏသွားပြီး ခန္ဓာကိုယ်ထဲက ရေတွေဆုံးရူံးနိုင်လို့ဖြစ်ပါတယ်။

အထွေထွေ အကြံပြုချက်

- Evening Primrose Oil  ပါတဲ့ဆေးတွေသောက်ပါ။ အဲမှာပါတဲ့ Gamma Linolenic acid (GLA) ကအရေပြားဆဲလ်တွေကို ကြံခိုင်သန်စွမ်းစေပြီး အစိုဓာတ်ကိုပြည့်ဝစေတယ်လေ။

- အရေပြားက ဆဲလ်တွေကို ပြန်လည်ပြုပြင်ပေးတဲ့ လုပ်ဆောင်ချက် အပြည့်အ၀လုပ်ဆောင်နိုင်ဖို့ အိပ်ရေးဝအောင် အိပ်ဖို့ လိုတယ်နော်။

- သွေးလှည့်ပတ်မှုကောင်းပြီး အရေပြားက လိုအပ်တဲ့အာဟာရတွေ ရရှိစေဖို့နဲ့ မလိုတဲ့အညစ်အကြေးတွေ သန့်စင်စေဖို့ လေ့ကျင့်ခန်းလည်း မှန်မှန်လုပ်ပေးပါ။ ကျွန်တော် ပြောချင်တာကတော့ ခန္ဓာကိုယ်ထဲမှာရှိနေတဲ့  မကောင်းတဲ့ အညစ်အကြေးတွေကို ချွေးအဖြစ် အပြင်ကို ထွက်သွားအောင်လို့ပါ။

- ခြောက်သွေ့တဲ့အသားအရေအတွက် အလွယ်ဆုံး မျက်နှာပေါင်းတင်ဆေးကတော့ ငှက်ပျောသီး ပါပဲ။ပြီးတော့ သခွားသီး၊ရှားစောင်းလက်ပတ်တို့ပေါ့။ကိုယ့် သန်ရာ ကိုယ်လုပ်လို့ရပါတယ်။ကျွန်တော်ကတော့ အလွယ်ဆုံး ငှက်ပျောသီး နဲ့ပဲ ပြောပြပါရစေဗျာ။ ငှက်ပျောသီးကို ကျေညက်အောင်ချေပြီး မျက်နှာနဲ့ လည်ပင်းအနှံ့ လိမ်းပေးပါ။ ၁၅ မိနစ် ကြာတဲ့အခါမှာ ရေကြက်အေး ခပ်နွေးနွေးလေးနဲ့ ဆေးချလိုက်ရုံပါပဲ။အရမ်းကြီး ပူလို့လဲ မရပါဘူး။ကဲ....ဘယ်လိုလဲ ကျွန်တော် ပြောတဲ့ နည်းလေးက အရမ်းလွယ်တယ် မဟုတ်လား။
ကဲ.....သူငယ်ချင်းတို့လည်း ခြောက်သွေ့တဲ့အသားအရေအကြောင်းကို တော်တော်သိသွားပြီဆိုတော့ ကိုယ့်ဘာသာ အားတဲ့အချိန်လေး လုပ်ကြည့်ပြီး စိုပြေ၀င်းမွတ်တဲ့ အသားအရေ ပိုင်ရှင်လေးတွေ ဖြစ်နိုင်ကြပါစေလို့ ကျွန်တော့ IT Bank Site က စာဖတ်ပရိတ်သတ်လေးတွေကို ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဗျာ။ကျွန်တော် ဒီ Post လေးကို Myanmar Sky Link မှ ကူးယူထားပြီး စာသားအနည်းငယ်လေးကို  ထပ်မံဖြည့်သွင်းထားပါတယ်ဗျာ။
From - (Myanmar Sky Link)

28 Nov 2012

နုပျိုစေမည့် လျှို့ဝှက်ချက် သုံးရပ်

အသားအရေ နုပျိုတင်းရင်းစေဖို့အတွက် မျိုးဗီဇကလည်း အရေးပါတဲ့အချက်
ဖြစ်ပါတယ်။  အရေးပါတဲ့ နောက်တစ်ချက် ကတော့ ဘဝနေထိုင်စားသောက်မှု ပုံစံပဲ
ဖြစ်ပါတယ်။


လျှို့ဝှက်ချက် (၁)
အရေးကြောင်း ကင်းဝေးဖို့ လျှို့ဝှက်ချက် တစ်ခုက နေရောင်ခြည်ဒဏ်ကို
တိုက်ရိုက် မထိတွေ့အောင် ရှောင်ရှားဖို့ပဲ ဖြစ်ပါတယ်။ အပြင်ထွက်တဲ့
အခါမှာ နေရောင်ကာ ခရင်မ်ကို အမြဲ လိမ်းပေးဖို့ လိုပါတယ်။ တိမ်ထူတဲ့
နေ့ရက်တွေမှာတောင် အန္တရာယ်ရှိတဲ့ ခရမ်းလွန်ရောင်ခြည်ဟာ အရေပြားထဲကို
ထိုးဖောက်ဝင်ရောက်နိုင်ပြီး အရေပြားကို ထိခိုက်စေနိုင်တာကြောင့်
အရေးကြောင်း ပါးပါးထင်တာနဲ့ ပါးရေတွန့်တာတွေကို ဖြစ်စေနိုင်ပါတယ်။
နေရောင်ကာ ခရင်မ်ကို လိမ်းတဲ့အခါမှာ မျက်နှာကိုသာမက လည်ပင်းကိုပါ
လိမ်းပေးဖို့ လိုပါတယ်။


လျှို့ဝှက်ချက် (၂)
အရွယ်တင်နုပျိုဖို့အတွက် ဒုတိယ လျှို့ဝှက်ချက်ကတော့ စီးကရက်နဲ့ အရက်ကို
ရှောင်ဖို့ပဲ ဖြစ်ပါတယ်။ နေရောင်ခြည်ဒဏ် ခံရတာက အသားအရေအတွက် အဓိက
ရန်သူဖြစ်ပြီး ဆေးလိပ်သောက်တာက အရေးကြောင်း ဖြစ်စေတဲ့ ဒုတိယ
အကြောင်းရင်းပါ။ ဆေးလိပ်သောက်တာ နှစ်ပေါင်းများစွာ ကြာလာရင်
နှုတ်ခမ်းတစ်ဝိုက်မှာ အရေးကြောင်း ထင်နိုင်ခြေ များပါတယ်။ အကြောင်းကတော့
စီးကရက်မီးခိုးဟာ ခန္ဓာကိုယ်ရဲ့ အရေပြား အသစ်ပြန်ဖြစ်တဲ့ သဘာဝ ဖြစ်စဉ်ကို
အနှောင့်အယှက်ဖြစ်စေလို့ပါ။ ဆဲလ်ဟောင်းတွေ ပျက်ပြီး ဆဲလ်သစ်တွေ
အစားထိုးတဲ့ ဖြစ်စဉ် လျော့နည်းတာကြောင့် အရေပြား ထိခိုက်ပျက်စီးရတာ
ဖြစ်ပါတယ်။ အယ်လ်ကိုဟောကလည်း အရေပြားရဲ့ အစိုဓာတ်တွေကို
ယုတ်လျော့သွားစေပြီး ရေဓာတ် ခန်းခြောက်ကာ နုပျိုတဲ့ တောက်ပမှုကို
ဖျက်ဆီးပစ်နိုင်ပါတယ်။ အစိုဓာတ်ဟာ အရေပြားဆဲလ်တွေကို တင်းရင်းစေပြီး
ကျန်းမာလှပစေပါတယ်။ တစ်နေ့မှာ ဝိုင်တစ်ဖန်ခွက် သောက်တာက အသားအရေကို
မထိခိုက်စေပေမယ့် ပုံမှန် အလွန်အမင်း သောက်နေရင် ထိခိုက်နိုင်ပါတယ်။
ဆေးလိပ်သောက်မှ၊ အရက်သောက်မှ အပန်းပြေတယ်လို့ ခံစားရရင် လေ့ကျင့်ခန်း
လုပ်တာကို အစားထိုး ဆောင်ရွက်ကြည့်လိုက်ပါ။ သင့်အသားအရေက ပိုမို
ကြည့်ကောင်းလာတာကို တွေ့ရပါလိမ့်မယ်။ အကြောင်းကတော့ လေ့ကျင့်ခန်း
လုပ်တာကြောင့် သွေးလှည့်ပတ်မှုကို ကောင်းစေပြီး အသားအရေကို
ကြည့်ကောင်းစေပါတယ်။


လျှို့ဝှက်ချက် (၃)
အသားအရေ နုပျိုတင်းရင်းစေဖို့ တတိယ လျှို့ဝှက်ချက်က သင့်ပန်းကန်ပြားပါ။
သင်စားတဲ့ အစာထဲမှာ အင်တီအောက်ဆီးဒင့် များများပါတဲ့ အစာတွေ ပါဝင်နေရင်
အသားအရေက ပိုမိုလှပ ကြည့်ကောင်းနေပါလိမ့်မယ်။ အဖြူရောင် သကြားတွေကို
လျှော့စားပြီး လတ်ဆတ်တဲ့ သစ်သီးတွေ၊ အစိမ်းရောင်နဲ့ အနီရောင်
ဟင်းသီးဟင်းရွက်တွေကို များများစားပေးပါ။ လက်ဖက်စိမ်း လက်ဖက်ရည်
ဒါမှမဟုတ် ရေကို များများသောက်ပါ။ ဒီလို စားသောက်တာက အရေပြားကို
အိုမင်းစေတဲ့ ဖရီးရယ်ဒီကယ်တွေကို တွန်းလှန်ပေးနိုင်တာကြောင့် အသားအရေမှာ
အရေးကြောင်းကင်းပြီး နုပျိုတင်းရင်းလှပစေပါတယ်

26 Nov 2012

ဆောင်းရာသီမှာ လက်တွေ ခြောက်သွေ့နေပြီလား

လက်အရေပြားတွေဟာ အရေးကြောင်း ထင်တာထက် အရောင်ခြောက်သွေ့ ညစ်နွမ်းခြင်း၊ အရေပြားပါးလွှာကာ လျော့တွဲလာခြင်းနဲ့ မညီမျှတဲ့ အတွန့်ကြောင်းတွေ ပေါ်လာခြင်းစတဲ့ အသက်ကြီးကြောင်းပြသတဲ့ လက္ခဏာရပ် တွေကို ဖော်ညွှန်းပြသနေနိုင်ပါတယ်။ ဒါဟာ အသက်ကြီးလာခြင်းနဲ့ နေဒဏ်ခံရလွန်း ခြင်းတွေကြောင့် ဖြစ်တတ်သလို ဆောင်းရာသီလို အေးမြတဲ့ရာသီမှာ အဖြစ်များတဲ့ အရေပြားခြောက်သွေ့ခြင်း ကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဒါကြောင့် လက်တွေ နူးညံ့စိုပြည်နေစေဖို့ လိုက်နာသင့်တဲ့ နည်းလမ်းတွေကို အကြံပေးလိုက်ပါတယ်။

နေ့စဉ်နေ့တိုင်း ပြုလုပ်ရန်
နေရောင်ခြည်ဒဏ်မှ ကာကွယ်နိုင်အောင် SPF ပါတဲ့ လိုးရှင်းတွေကို လိမ်းပေးရပါမယ်။ SPF 30 ဆပါတဲ့ ရှားစောင်း (Aloe Extract) နဲ့ လုပ်ထားတဲ့ လိုးရှင်းကို လိမ်းပေးပါ။ လက်ဆေးပြီးတိုင်း ထပ်မံလိမ်းနိုင်အောင် အိတ်ထဲမှာ အမြဲဆောင်ထားဖို့ လိုပါတယ်။
ညတိုင်း ပြုလုပ်ရန်
တစ်ပတ်မှာ သုံးရက်ခန့် ညအိပ်ရာဝင်ချိန်မှာ လက်တွေကို အောက်ပါနည်းသုံးနည်းနဲ့ ထိန်းသိမ်းပေးပါ။
အဆင့် (၁) ကြေးချွတ်ပါ။ ဆားအခြေခံ ကြေးချွတ်ဆပ်ပြာသုံးပြီး လက်အရေးပြားကို ပွတ်တိုက်ပေးရင် မှိန်ဖျော့တဲ့ အရေပြားကို တောက်ပြောင်သွားစေပါတယ်။ အေးမြလွန်းတဲ့ နေ့ရက်တွေမှာတော့ ကြေးမချွတ်သင့်ပါဘူး။
 ကြေးချွတ်တာများရင် အရေပြား ခြောက်သွေ့သွားနိုင်ပါတယ်။
အဆင့် (၂) အမည်းစက်တွေကို ကုသပါ။ မျက်နှာအသားအရေကို ဖြူစင်တောက်ပစေတဲ့ ခရင်မ်ဟာ လက်အရေပြားပေါ်က အမည်းစက်တွေကိုလည်း မှိန်းဖျော့သွားစေပါတယ်။
အဆင့် (၃) အသားအရေ စိုပြည်စေတဲ့ ခရင်မ်လိမ်းပါ။ ဗီတာမင် အေ၊ စီနဲ့ အီးတို့ ပါဝင်တဲ့ လက်လိမ်းခရင်မ်ကို ညအိပ်ရာမဝင်ခင် လိမ်းပေးရင် ညဘက်မှာ အရေပြား နုပျိုစိုပြည် တင်းရင်းအောင် ပြန်လည်ထိန်းသိမ်းပေးနိုင်ပါတယ်။
Ref: Good Health


မီးဖိုချောင်သုံး ပစ္စည်းများဖြင့် နည်းလမ်းတကျ အသားအရေ ထိန်းသိမ်းနည်း

အလှကုန် ပစ္စည်းအများစုဟာ ဓါတုပစ္စည်းတွေ ပါဝင်တာကြောင့် ကြာရှည်သုံးစွဲတဲ့ အခါမှာ အသားအရေကို ထိခိုက်တာမျိုး ဖြစ်ကောင်းဖြစ်စေနိုင်ပါတယ်။  ဒါကြောင့် အသားအရေပေါ်က အပြစ်အနာအဆာတွေ ကင်းဝေးစေဖို့နဲပ အသားအရေ လှပ အပြစ်ကင်းစေဖို့အတွက် မီးဖိုချောင်သုံး ပစ္စည်းတွေကို ဘယ်လို အသုံးပြုသင့်တယ်ဆိုတာ အကြံပြုချင်ပါတယ်။

မီးဖိုချောင်သုံး ပစ္စည်းများဖြင့် နည်းလမ်းတကျ အသားအရေ ထိန်းသိမ်းနည်း

 ပျားရည်

 ပျားရည်မှာ အင်တီအောက်ဆီးဒင့် ဂုဏ်သတ္တိနဲ့ ဘက်တီးရီးယား သေစေတဲ့ အာနိသင်တို့ ပါဝင်တာကြောင့် အရေပြား ပြတ်ရှရာနဲ့ မီးလောင်ဒဏ်ရာတွေအတွက် ပျားရည်ကို သုံးပြီး ရှေးကတည်းက ကုသခဲ့ပါတယ်။ အရေပြားပေါ်ကို ပျားရည်လိမ်းပေးရင် အရေပြား မျက်နှာပြင်ပေါ်မှာ အစိုဓါတ်ကို ရရှိစေကာ အစိုဓါတ်ထိန်း ပစ္စည်းအဖြစ် အသုံးဝင်ပါတယ်။ လေ့လာမှုအသစ်အရ ပျားရည်က အရေပြားဆဲလ် အသစ်ဖြစ်အောင် အားပေးနိုင်စွမ်းရှိတယ်လို့ သိရပါတယ်။

ပြုလုပ်သင့်တဲ့ နည်းကတော့ ပျားရည်တစ်ဆ၊ သံလွင်ဆီ တစ်ဆနဲ့ ဗီတာမင်အီး အဆီတစ်ဆတို့ကို ရောမွှေပြီး မျက်နှာပြင်ပေါ် ပေါင်းတင်တဲ့ အနေနဲ့ လိမ်းပေးပြီး အချိန် ၁၀ မိနစ်ခန့် ထားပေးပါ။ ပြီးရင် ရေနဲ့ စင်ကြယ်အောင် ဆေးကြောပြီး အရေပြားကို ခြောက်သွေ့အောင် ထားပေးပါ။

ပျားရည်ကို ဆံသားချောမွေ့အောင်လည်း သုံးနိုင်ပါတယ်။ ပြုလုပ်ရမယ့်နည်းကတော့ ပျားရည်ခွက် တစ်ဝက်နဲ့ သံလွင်ဆီ ခွက်ရဲ့ လေးပုံတစ်ပုံတို့ကို ရောမွှေပြီး ဆံပင်သားအနှံ့ လိမ်းပေးပါ။ ပြီးရင် ခေါင်းစွပ်စွပ်ပြီး မိနစ် ၃၀ ကြာ ထားပြီးမှ ရေနဲ့ ဆေးကြောပေးသင့်ပါတယ်။

ဂျုံမှုန့်

ဂျုံမှုန့်ဟာ အသားအရေ ချောမွေ့စေတဲ့ အာနိသင် ရှိပါတယ်။ အထူးသဖြင့် ထိခိုက်လွယ်တဲ့ အရေပြားတွေကို ဂျုံမှုန့်အသုံးပြု နိုင်ပါတယ်။ အရေပြား ခြောက်သွေ့နေရင် နူးညံ့ပျော့ပျောင်း သွားစေဖို့ ဂျုံမှုန့်ကို အသုံးပြုပါ။ ပြုလုပ်ရမယ့်နည်းကတော့ လက်ကိုင်ပဝါထဲမှာ ဂျုံမှုန့်များများ ထည့်ပြီး သားရေကွင်းနဲ့ ချည်နှောင်လိုက်ပါ။ ပြီးရင် အဲဒီလက်ကိုင်ပဝါ အထုပ်ကို နွားနို့တစ်ဇလုံထဲ စိမ်ပါ။ ဂျုံမှုန့်တွေ ပျော့ပျောင်းလာတဲ့အထိ စိမ်ပြီး မျက်နှာနဲ့ ခန္ဓာကိုယ် အရေပြားကို သပွတ်အူနဲ့ တိုက်သလို ညင်ညင်သာသာ ပွတ်တိုက်ပေးရမှာ ဖြစ်ပါတယ်။

စတော်ဘယ်ရီသီး

စတော်ဘယ်ရီသီးမှာ ချဉ်တဲ့သစ်သီးတွေမှာထက် ဗီတာမင်စီ ပိုမိုပါဝင်နေပါတယ်။ ဒါ့အပြင် စတော်ဘယ်ရီသီးမှာ ဆလီးစလစ်အက်စစ် ပါဝင်ပါတယ်။ အဲဒီ အက်စစ်ဟာ ဝက်ခြံပျောက်ဆေးတွေထဲမှာပဲ အဓိက ပါဝင်တဲ့ ကြေးချွတ်ပစ္စည်းပါ။ စတော်ဘယ်ရီသီးကို ကြေညက်တဲ့အထိ ကြိတ်ချေပြီး ပြောင်းမှုန့် လက်ဖက်စားဇွန်းတစ်ဇွန်းနဲ့ ရောမွှေကာ ပေါင်းတင်ပေးပါ။ ဝက်ခြံနဲ့ အဖုအပိမ့်တွေကို သက်သာစေပါတယ်။ ဒါပေမဲ့ သင့်မှာ ခြောက်သွေ့တဲ့ အသားအရေ ရှိရင်၊ ထိခိုက်လွယ်တဲ့ အသားအရေရှိရင်၊ ဒီနည်းကို မသုံးသင့်ပါ။

ဒိန်ချဉ်

ဒိန်ချဉ်အလွတ်မှာ လက်တစ်အက်စစ် (AHA) ပါဝင်ပါတယ်။ ဒါကြောင့် ဒိန်ချဉ်ကို လိမ်းပေးရင် အရေပြားပေါ်က အရေးကြောင်းတွေကို သိသိသာသာ လျော့ကျစေပါတယ်။ ပြုလုပ်ရမယ့် နည်းကတော့ ဒိန်ချဉ် ထမင်းစားဇွန်း နှစ်ဇွန်းကို ဂျုံမှုန့် ထမင်းစားဇွန်း တစ်ဇွန်းတို့နဲ့ ရောမွှေပြီး မျက်နှာပေါ် လိမ်းကာမျက်နှာကြေးချွတ်ဆေး အဖြစ် အသုံးပြုရမှာ ဖြစ်ပါတယ်။

လက်ဖက်အိတ်

လက်ဖက်ရည်ထဲက ကဖင်းဓါတ်ဟာ မျက်လုံးဖောင်းအစ်တာကို လျော့ကျစေပါတယ်။ နံနက်ခင်းမှာ လက်ဖက်စိမ်း လက်ဖက်အိတ် နှစ်ထုပ်ကို စိမ်ထားပြီး အေးတဲ့အထိ ဘေးကို ဖယ်ထုတ်ထားပါ။ ပြီးရင် မျက်လုံးပေါ်ကို မိနစ် အနည်းငယ်ကြာ တင်းထားလိုက်ပါ။ လက်ဖက်အိတ်ထဲက ကဖင်းဓါတ်ဟာ အရေပြားမှ တစ်ဆင့် အလွယ်တကူ စုပ်ယူနိုင်တာကြောင့် မျက်ဝန်းဖောင်းအစ်မှု လျော့ကျကာ လန်းဆန်းစေနိုင်ပါတယ်။

Ref: Good Health

 

25 Nov 2012

အလှအပ လျှို့ဝှက်ချက်များ

အမျိုးသမီးတိုင်း လိုက်နာဖို့လိုပြီး လုပ်ဆောင်ရလွယ်တဲ့ နည်းလမ်းတွေပါ။  ဒီအချက်တွေက အလှအပအတွက် အရေးပါတဲ့ လျှို့ဝှက်ချက်တွေ ဖြစ်နေတာကြောင့် ရေးသားလိုက်ပါတယ်။


(၁) နံပါတ်တစ် အသားအရေ ထိန်းသိမ်းရေး လျှို့ဝှက်ချက်

ဒီနည်းလမ်းက မျက်လုံးကို ပြင်ဆင်ခြယ်သတဲ့ အမျိုးသမီးတိုင်း သုံးသင့်တဲ့ နည်းလမ်းတစ်ခုပါ။ ညနေဘက် အပြင်ကနေ အိမ်ကို ပြန်ရောက်လာပြီဆိုရင် ဗက်ဆလင်း အလှဆီ (Vaseline) ကိုသုံးပြီး မျက်လုံးပေါ်က မိတ်ကပ်တွေကို ဖျက်သင့်ပါတယ်။ ဒီအလှဆီက မျက်လုံးကို ထိခိုက်မှုမဖြစ်စေဘဲ မျက်လုံးတစ်ဝိုက်က နူးညံ့တဲ့အရေပြားကို အကာအကွယ်တောင် ပေးနိုင်ပါသေးတယ်။ နှုတ်ခမ်းသားတွေ ကွဲအက်နေရင် ဗက်ဆလင်း အလှဆီကို လိမ်းပါ။ ပြီးရင် သွားတိုက်တံ အဟောင်းတစ်ခုနဲ့ နှုတ်ခမ်းသားတွေကို နှိပ်နယ် ပွတ်တိုက် ပေးရပါမယ်။ တစ်နေ့ကို နှစ်ကြိမ်လောက် လုပ်ပေးလိုက်ရင် နှုတ်ခမ်းသားတွေက ပိုးသားလို နူးညံ့ချောမွေ့သွားမှာပါ။

(၂) အလွယ်ကူဆုံး မျက်လုံးပြင်နည်း

လွယ်ကူမြန်ဆန်တဲ့ မျက်လုံးပြုပြင်နည်းမှာ အဆင့်လေးဆင့် ပါဝင်ပါတယ်။

အဆင့်(၁) မျက်ဝန်းတစ်ဝိုက်ကို ကွန်ဆဲလာလိမ်းပါ။ ဒါက မျက်ကွင်းညိုတာကို သက်သာစေပါတယ်။

အဆင့်(၂) မျက်ခွံပေါ်က အရေပြားကို သဘာဝအတိုင်း ကြည့်ကောင်းအောင်အိုင်းရှဲဒိုး ခပ်ပါးပါး ခြယ်ပါ။

အဆင့်(၃) ဈေးပေါတဲ့ ခဲတံအမျိုးအစား အိုင်းလိုင်နာကို မသုံးပါနဲ့။ အိုင်းလိုင်နာဘရပ်ရှ်ကို သုံးပါ။ အရောင်ရင့်တဲ့ အိုင်းရှဲဒိုးကို လိမ်းထားရင် အနက်ရောင် အိုင်းလိုင်နာကို သုံးပြီး ခြယ်ပါ။ မျက်ခွံအတွင်းထဲကို အိုင်းလိုင်နာခြယ်ရင် မျက်ဝန်းကို သေးသယောင် ဖြစ်သွားစေပါတယ်။ ဒါကြောင့် မျက်တောင်ကြားမှာပဲ အိုင်းလိုင်နာကို ဆိုးပေးပါ။

အဆင့်(၄) မက်စ်ကာရာနဲ့ မျက်တောင်ကော့ပေးတာက မျက်လုံးကို ပိုကြီးပြီး ပိုတောက်ပစေပါတယ်။ သင့်မျက်တောင်တွေက တိုပြီးဖြောင့်နေရင် မက်စ်ကာရာမသုံးခင် မျက်တောင်ကော့စက်နဲ့ အရင်ကော့ပေးပါ။

(၃) ဆံပင်ကြည့်ကောင်းအောင် ပြုပြင်နည်း

ဆံပင်ပုံက ကြည့်မကောင်းဘူးထင်ရင် ရှုပ်ပွနေတဲ့ ပုံစံမျိုးဖြစ်အောင် ဖွလိုက်ပါ။ ကပိုကယိုနဲ့ ရှုပ်ပွနေတဲ့ ဆံပင်တွေက ဆွဲဆောင်မှု အရှိဆုံးပါပဲ။ ဆံပင်ကို ရှည်လွန်း၊ တိုလွန်းတဲ့ ပုံစံတော့ မထားပါနဲ့။

(၄) လက်ကိုင်အိတ်ထဲတွင် မဖြစ်မနေ ဆောင်ထားသင့်သော အလှကုန်ပစ္စည်း

နှုတ်ခမ်းဆိုးဆေးတောင့် ဒါမှမဟုတ် နှုတ်ခမ်းဆိုးဆေး အဆီ (Lip Gloss) ဖြစ်ပါတယ်။ အမျိုးသမီး တစ်ယောက်က အသားအရေလည်း လှတယ်ဆိုရင်၊ မနက်ကတည်းက မျက်လုံးကို မက်စ်ကာရာလည်း ဆိုးထားတယ်ဆိုရင် လက်ကိုင်အိတ်ထဲမှာ ဘာမှမပါချင်နေပါစေ၊ နှုတ်ခမ်းဆိုးဆေးတောင့်နဲ့ နှုတ်ခမ်းဆိုးဆေး အဆီကိုတော့ ထည့်ထားသင့်ပါတယ်။ အစာစားလို့ နှုတ်ခမ်းနီ ပျက်သွားရင် နှုတ်ခမ်းဆိုးဆေး ပြန်ဆိုးလိုက်ရုံနဲ့ အလှပြင်ပြီးစ ပုံစံလို ဖြစ်သွားမှာပါ။

(၅) မျက်နှာပေါ်က အပြစ်အနာအဆာ ဖုံးကွယ်နည်း

ကွန်ဆဲလ်လာကို သုံးရမယ်ဆိုတာတော့ သိပြီးဖြစ်မှာပါ။ အသုံးပြုနည်းကတော့ လက်ခလယ်မှာ ဂွမ်းစတစ်စစွပ်ပြီး ကွန်ဆဲလ်လာတို့ကာ ဖုံးချင်တဲ့ အရေပြားပေါ်မှာ ထိတွေ့ပေးပါ။ နေရောင်ကာခရင်မ် လိမ်းသလို၊ ဖောင်ဒေးရှင်း မိတ်ကပ် လိမ်းသလို ပွတ်ပြီးလိမ်းရမှာ မဟုတ်ပါဘူး။

(၆) အံ့အားသင့်စရာ အကောင်းဆုံး အလှအပ လျှို့ဝှက်ချက် နှစ်ရပ်

ပထမ တစ်ချက်က အမျိုးသမီး တစ်ဦးဟာ မိတ်ကပ်လိမ်းတာ နည်းလေလေ၊ ငယ်တယ်လို့ ထင်ရလေလေပါပဲ။ ဒုတိယ တစ်ချက်ကတော့ အသားအရေကို ကောင်းကောင်းထိန်းသိမ်းတဲ့ အလေ့အထဟာ သင့်မျက်နှာကို တကယ်နုပျိုစေပါတယ်။ အသားအရေ ထိန်းသိမ်းရာမှာ နေ့စဉ် နေရောင်ကာ ခရင်မ်လိမ်းတာ၊ အင်တီအောက်ဆီးဒင့်ပါတဲ့ အစိုဓာတ်ထိန်း ခရင်မ်လိမ်းတာ၊ ညမအိပ်ခင် မိတ်ကပ်တွေကို သေချာဖျက်တာနဲ့ အရေပြား ထိခိုက်ပျက်စီးမှုကို သေချာ ကုသမှုခံယူတာတွေပဲ ဖြစ်ပါတယ်။
Ref: Good Health

ခြေဖနောင့်ကွဲခြင်းအတွက် အိမ်တွင်းဖြေရှင်းနည်း

ခြေဖနောင့်နေရာက ကွဲအက်ရတာဟာ ရာသီဥတု အပြောင်းအလဲကြောင့်ချည်းပဲ မဟုတ်ပါဘူး။  မိမိခြေထောက်ကို မိမိ ဂရုမပြုဘဲ ထားတာတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ ခြေဖနောင့်နေရာမှာ ကွဲအက်မှုတွေဟာ ခြေထောက်အချင်းချင်း ပွတ်တိုက်မိရာကနေတောင် နာကျင်မှုကို ခံစားရတဲ့အတွက် စိတ်အနှောင့်အယှက် ဖြစ်စေပါတယ်။ ခြေထောက်နဲ့ ခြေဖဝါးကို သင့်မျက်နှာအလှကို ထိန်းသိမ်းသလိုပဲ ထိန်းသိမ်းပေးသင့်ပါတယ်။ အထူးသဖြင့် ဆီးချို၊ သွေးချိုရောဂါ ရှိသူတွေဆိုရင် ပိုပြီး ဂရုစိုက်သင့်ပါတယ်။


သေချာသန့်စင်ပါ

ဘယ်ကိုပဲသွားသွား အပြင်က ပြန်လာလို့ အိပ်ရာမဝင်မီ အချိန်မှာ သင့်ခြေထောက်တွေကို ရေနွေးဇလုံထဲမှာ ထည့်စိမ်ပြီး သန့်စင်ပေးပါ။ အညစ်အကြေးတွေနဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ နွေးနေတဲ့ရေဟာ သင့်ခြေထောက်ကို သက်သောင့်သက်သာ ရှိနေစေပြီး၊ ရေဓာတ်လည်း ပြန်လည်ရရှိကာ ခြေထောက်ကွဲအက်မှုကိုလည်း သက်သာစေနိုင်ပါတယ်။

မုန်လာဥဝါသုံးပါ

ခြေထောက် ကွဲအက်တာကို မုန်လာဥဝါကို နူးနေအောင် ပြုတ်လိုက်ပြီး ကြိတ်ခြေကာ ကွဲအက်နေတဲ့ ခြေဖဝါးပေါ်မှာ နှစ်နာရီလောက် ကပ်ထားပါ။ နှစ်နာရီပြည့်ရင် ရေနွေးနဲ့ဆေးလိုက်ပြီး ခြေထောက်ကို ခြေအိတ်ဝတ်ဆင်ထားလိုက်ပါ။ နေ့စဉ်ပုံမှန် တစ်ပတ်လောက် ပြုလုပ်ပြီးချိန်မှာ သင့်ခြေထောက်ကွဲအက်မှု သက်သာလာတာကို တွေ့ရမှာဖြစ်ပြီး နောက်ပိုင်း တစ်ပတ်ကို နှစ်ကြိမ်လောက်ပုံမှန် ပြုလုပ်ပေးပါ။

ရှလကာရည်နဲ့ သံလွင်ဆီသုံးပါ

ရှလကာရည်နဲ့ သံလွင်ဆီကို ဆတူရောစပ်ပြီး ခွက်တစ်ခုထဲထည့်ကာ နေ့စဉ်အိပ်ရာမဝင်ခင် ခြေဖဝါးကို လိမ်းပေးပြီး ခြေစွပ်ဝတ်အိပ်ပါ။ ရက်အနည်းငယ် အကြာမှာ ခြေဖဝါးကွဲအက်တာတွေ သက်သာသွားပါလိမ့်မယ်။ မလိမ်းခင်အချိန်မှာ ခြေဖဝါးကို သန့်စင်ထားဖို့လည်း လိုပါတယ်။

အလှဆီသုံးပါ

သဘာဝ အလှဆီလို့ခေါ်တဲ့ အရေပြား လိမ်းဆေးဆီမျိုးပါ။ ရေဓာတ်ပါဝင်ပြီး အရေပြား ခြောက်သွေ့ကွဲအက်တာကို ကာကွယ်နိုင်ပါတယ်။ အလှဆီနဲ့ သံပရာရည်ကို ရေအနည်းငယ်နဲ့ ရောစပ်ပြီး ဇလုံထဲမှာ သင့်ခြေထောက်တွေကို ထည့်စိမ်ထားနိုင်ပါတယ်။ ဒါဟာ ခြေဖဝါးကွဲအက်တာ မဖြစ်ရုံသာမကဘဲ ခြေထောက် သန့်ရှင်းလှပမှုကိုပါ ရရှိစေပါတယ်။

အိမ်တွင်းကြေးချွတ်မှုတွေ ပြုလုပ်ပါ

ဆန်မှုန့်၊ ဂျုံမှုန့်၊ သံပရာရည်၊ နွားနို့စတာတွေကို ပေါင်းစပ်ပြီး ရေအနည်းငယ်နဲ့မွှေကာ ခြေထောက်ကို ထည့်စိမ်ထားလိုက်ပါ။ မိနစ် ၃၀ လောက်ကြာချိန်မှာ ဘရပ်ရှ်နဲ့ ပွတ်တိုက်ပေးပါ။ သဘာဝ ကြေးချွတ်နည်းပဲ ဖြစ်ပါတယ်။
Good Health

အရေးကြောင်းထင်ခြင်း ကင်းဝေးဖို့ အတွက် အလွယ်နည်းများ

အရေးကြောင်းတွေ ထင်လာတာကြောင့် စိတ်ညစ်နေသူတွေ အတွက် မီးဖိုချောင်သုံး ပစ္စည်းတွေနဲ့ မိမိဘာသာ အိမ်တွင်း ပြုပြင်နိုင်မယ့် အလွယ်နည်းတွေကို ဖော်ပြလိုက်ပါတယ်။


ကြက်ဥအကာ၊ ဘဲဥအကာ   
ကြက်ဥအကာ၊ ဘဲဥအကာမှာ ဗီတာမင်ဘီအုပ်စု ပါဝင်တာကြောင့် အရေပြားကို တင်းရင်းစေပြီး အရေးကြောင်းကို လျော့ကျစေပါတယ်။ ကြက်ဥ၊ ဘဲဥအကာ နှစ်လုံးကို မွှေပြီး မျက်နှာပြင်ပေါ် လိမ်းကာ မိနစ် ၃၀ လောက် ထားပေးပါ။ ပြီးရင် မျက်နှာကို ရေအေးနဲ့ ဆေးကြောပေးပြီး ခြောက်အောင် သုတ်လိုက်ပါ။

အုန်းဆီ
အုန်းဆီဟာ အင်တီအောက်ဆီးဒင့်အဆီ ဖြစ်တာကြောင့် မျက်နှာကို တင်းရင်း နုပျိုစေပါတယ်။ အုန်းဆီစစ်စစ်ကို ဗီတာမင်အီး အဆီအစက် အနည်းငယ်နဲ့ ရောပြီး အိပ်ရာမဝင်ခင် မျက်နှာပြင်ပေါ် လိမ်းပါ။ နံနက်ခင်းရောက်မှ ရေနဲ့ မျက်နှာသစ်ပေးပါ။

နာနတ်သီး
ရေခဲသေတ္တာထဲမှာ နာနတ်သီးစိတ်ကို ထည့်ထားပြီး မျက်နှာပေါ်ကို လိမ်းပေးပါ။ နာနတ်သီးစိတ်မှာပါတဲ့ အစွမ်းထက် အင်ဇိုင်းတွေက အရေပြားကို စိုပြည်စေပြီး ဆဲလ်သေတွေကို ကင်းစင်စေပါတယ်။ နာနတ်သီးစိတ် နှစ်စိတ်ကို အရည်ညှစ်ပြီး မျက်နှာပြင်ပေါ် လိမ်းကာ အချိန် ၁၅ မိနစ်ကြာမှ ရေနဲ့ ဆေးလိုက်ပါ။

သံပရာရည်၊ ရှောက်ရည်
 
သံပရာရည်၊ ရှောက်ရည်မှာပါတဲ့ အစွမ်းထက် ကြေးချွတ်အာနိသင်ကြောင့် အရေးကြောင်းတွေကို လျော့ပါးစေပါတယ်။ သံပရာရည်၊ ရှောက်ရည် အစက် အနည်းငယ်ကို အရေပြားပေါ် လိမ်းပေးပါ။ ဝက်ခြံဖုတွေကိုလည်း ပျောက်စေပါတယ်။

ရွှေဖရုံစေ့
 
ရွှေဖရုံစေ့မှာပါတဲ့ ဗီတာမင်အီးဟာ မျက်နှာအရေပြား တင်းရင်းစေတဲ့ ကော်လာဂျင်ကို ဖြစ်ပေါ်အောင် အားပေးကာ အရေပြားဆဲလ်တွေကို ကျန်းမာလှပစေပါတယ်။ ရွှေဖရုံစေ့ လက်တစ်ဆုပ်စာကို ကြိတ်ချေပြီး သံလွင်ဆီ လက်ဖက်စားဇွန်း တစ်ဇွန်းနဲ့ ရောမွှေကာ အသားအရေပေါ်မှာ လိမ်းပေးပါ။

Ref: Good Health

Twitter Delicious Facebook Digg Stumbleupon Favorites More