Pages - Menu

24 Dec 2013

ဆေးဝါး ဖြစ်စေသော ကီဝီသီး (Kiwi Fruit)

ဆေးဝါး ဖြစ်စေသော ကီဝီသီး (Kiwi Fruit)

အစိမ်းရောင် ကီဝီသီးဟာ သေးငယ်ပေမဲ့ အကျိုးများတဲ့ အသီးဖြစ်တယ် လို့ဆိုပါတယ်.

 ပိုတက် ဆီယမ်၊ မဂ္ဂနီစီယမ်၊ ဗီတာမင်အီးနဲ့ အမျှင်ဓာတ်တွေ ကြွယ်ဝစွာ ပါရှိတဲ့အပြင် ဗီတာမင်စီမှာ လိမ္မော်သီး ထက်ပင် ၂ဆ ပိုမို ပါဝင်မှု များပြားပါတယ်..

 ကီဝီသီးဟာ အသက်ရှူ အင်္ဂါအဖွဲ့ အစည်းကို အားကောင်း စေတဲ့ အတွက် ပန်းနာရင်ကြပ် ရောဂါရှိသူများ စားသုံး သင့်တဲ့ အသီး ဖြစ်ပါတယ်..

 သွေးထဲမှ အဆီများ ပိတ်ဆို့ခြင်းကို လျော့ချ ပေးနိုင်စွမ်း ရှိပါတယ်.. 

ပိုတက်စီယမ်၊ မဂ္ဂနီစီယမ်၊ ကော့ပါး စသည့် သတ္တုဓာတ်များ ကြွယ်ဝစွာ ပါရှိခြင်းကြောင့် သွေးအားနည်း ရောဂါ ဖြစ်ပွားခြင်း ကိုလည်း ကာကွယ်ပေးနိုင် စွမ်းရှိပြီး ခန္ဓာကိုယ် အတွင်း စီးဆင်း နေသော သွေးအပြစ် အကျဲကို ထိန်းညှိ ပေးနိုင်စွမ်း ရှိကြောင်း သိရပါတယ်..

 ခန္ဓာကိုယ်အတွင်း ဇီဝရုပ် ဖြစ်ပျက်ခြင်းနဲ့ အာရုံကြော အဖွဲ့အစည်း များကို အားကောင်း စေနိုင်တယ်လို့ သိရပါတယ်။
copy from ပြည်မြန်မာ fb

Twitter Delicious Facebook Digg Stumbleupon Favorites More