Tuesday, September 24, 2013
Taunzalat
ကြက်မောက်သီးပင်မှ
လူသားတို့ အတွက် အာဟာရပြုပေးနိုင်ပုံကို Institute of Medicine က ယခုလို
အကြံပြုထားပါသည်။ ကြက်မောက်သီးသာမက၊ အရွက်၊ အသီးခွံ၊ အစေ့၊ ပင်စည် နှင့်
အမြစ် တို့ လဲဆေးဘက်ဝင်ကြပါသည်။ ပင်စည်ထဲတွင် saponin, tannin, iron,
pectin နှင့် flavonoids တို့ ပါရှိကြပြီး၊ အစေ့ထဲတွင် polifenol နှင့်
fat တို့ ပါရှိပါသည်။
၁၀၀ ဂရမ်ရှိသော ကြက်မောက်သီး တစ်ခွက်စာ ပမာဏတွင်၊
လူသားတို့ ကျန်းမာရေးအတွက်ခွန်အားဖြစ်စေသော ပရိုတင်း ၁.၀ ဂရမ်၊ ကဆီဓာတ်
၃၁.၃ ဂရမ်၊ အမျှင်ဓာတ် ၁.၄ ဂရမ်၊ သီအာမင် ၀.၀၁ ဂရမ်။ ဗိုက်တာမင်စီ ၇.၎
မီလီဂရမ်၊ ဆိုဒီယမ် ၁၆.၅ ဂရမ်၊ ပိုတက်စီယမ် ၆၃.၀ ဂရမ်၊ ကယ်လ်စီယမ် ၃၃.ဝ
မီလီဂရမ်၊ ဗိုက်တာမင်အေ ၄.၅ IU နှင့် သံဓာတ် ၀.၅ မီလီ ဂရမ် တို
့ပါရှိပါသည်။
ပြည့်ဝဆီနှင့် ကိုလက်စထရောတို့ လုံးဝမပါရှိကြပါ။
ကြက်မောက်သီးတွင် သကြားဓာတ်၊ အထူးသဖြင့် ဖရက်တို့စ် နှင့် ဆူးခရို့စ်တို့
များစွာပါဝင်ပြီး၊ ကယ်လိုရီပါဝင်မှု နည်းပါသည်။ ထို့ ကြောင့် ယခုလို
အာဟာရတန်ဘိုးများစွာ ပါဝင်သည့် ကြက်မောက်သီးကို စားပေးခြင်းဖြင့် အောက်ပါ
ကျန်းမာရေးစွမ်းပကားများကို ရရှိစေနိုင်မည် ဖြစ်ပါသည်။
1. ကြက်မောက်သီးကို မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံများတွင်
ရိုးရာဆေးစွမ်းတစ်လက်အဖြစ် ရှေးနှစ်ရာပေါင်းများစွာ ကတည်း ကပင်
ဆီးချိုရောဂါ၊ သွေးတိုးရောဂါနှင့် တခြားနာမကျန်းဖြစ်မှုများစွာကို ကုသရာတွင်
အသုံးပြုခဲ့ကြပါသည်။
2.
ကြက်မောက်သီးတွင် ဗီတာမင်စီနှင့် ဘီတာကယ်ရိုတင်းတို့အပြင်၊ ဖလေဗိုနွိုက်
(ခေါ်) အပင်မှထွက်ရှိသော ဓာတ်တိုးဆန့် ကျင် ပစ္စည်းလည်း
ပေါများစွာပါရှိကြောင်း၊ ထိုဖလေဗိုနွိုက်သည် သွေးအတွင်းမကောင်းသော
ကိုလက်စထရောများကို လျော့ကျစေခြင်း၊
ကင်ဆာရောဂါများဆန့်ကျင်တိုက်ထုတ်ပေးခြင်း၊ ရောင်ရမ်းမှုတို့ ကို
လျော့ကျစေခြင်း .. စသည်ဖြင့် ဆေးစွမ်းထက်မြက်ကြောင်း ထိုင်း နိုင်ငံရှိ
Chiang Mai University မှ စမ်းသပ်ဖော်ထုတ်ခဲ့ပါသည်။ ထိုအစွမ်းတို့ ကြောင့်
ယခုအခါ ကြက်မောက်သီး Extract ကို ဆေးဝါးထုတ်လုပ်လျှက်ရိပါသည်။
3. ကြက်မောက်သီးအခွံထဲတွင် Gallic အက်ဆစ်တစ်မျိုးပါဝင်ပြီး၊ ထိုအက်ဆစ်က
ခန္ဓာကိုယ်ထဲတွင်ဖရီးရယ်ဒီကယ် များကြောင့် ထိခိုက်မှုတွေမဖြစ်လာအောင်
ကာကွယ်ပေးပါသည်။
4.
ကြက်မောက်သီးထဲတွင် ဗီတာမင်စီ များစွာပါဝင်ပါသည်။ ကြက်မောက်သီး ၁၂
လုံးထဲတွင် အက်စ်ကောဘစ်အက်စစ် (Ascorbic Acid) ၇၅-၉၀ မီလီဂရမ်ပါဝင်ပြီး၊
လူတစ်ယောက်၏ တစ်နေ့တာ လိုအပ်သော ဗီတာမင်စီထက် နှစ်ဆကျော် ရှိပါသည်။
ဗီတာမင်စီသည် ခန္ဓာကိုယ်ဆဲလ်များကို ဖရီးရယ်ဒီကယ်ကြောင့် ထိခိုက်မှုမှ
ကာကွယ်ပေးနိုင်ပြီး၊ သံဓာတ်စုပ်ယူနိုင်အောင်လည်း ကူညီပေးပါသည်။
5. ကြက်မောက်သီးထဲတွင် သွေးနီဥနှင့် သွေးဖြူဥများပြုလုပ်ရာတွင် လိုအပ်သော ကြေးနီဓာတ် အသင့်အတင့် ပါရှိပါသည်။
6.
သွေးတိုးရောဂါ ဝေဒနာသည်များသည် တစ်နေ့ လျှင် ကြက်မောက်သီး ၈-လုံးမှ
၁၀-လုံးခန့် စားပေးသင့်ပါသည်။ အစေ့ထဲတွင် hypoglycemic
ဓာတ်ပါရှိခြင်းကြောင့် သွေးထဲရှိသကြားပမာဏကိုကျဆင်းစေပါသည်။
7.
ကြက်မောက်သီးက လူတစ်ဦးလျှင် တစ်နေ့ တာလိုအပ်သော သံဓာတ်ပမာဏ၏ ၁၃.၈%
ကျော်ကို ထောက်ပံ့ပေးနိုင်ပါသည်။ ထို့ ကြောင့် သံဓာတ်အရင်းအမြစ်တို
့စုဝေးရာ ကြက်မောက်သီးကိုစားသုံးခြင်းဖြင့် ခန္ဓာကိုယ်အတွက်လိုအပ်သော
အောက်ဆီဂျင် ပမာဏကို ဖြည့်စွက်ပေးနိုင်ပြီး၊ မူးဝေခြင်း၊
နုံးချည့်ပင်ပန်းခြင်း၊ ဖျော့တော့နွမ်းနယ်ခြင်းစသည့်
သံဓာတ်အားနဲခြင်းကြောင့် ဖြစ်တတ် သော သွေးအားနည်းရောဂါ တို့ ကို
ကာကွယ်ပေးနိုင်ပါသည်။
8.
ကြက်မောက်သီး တစ်ခွက်စာ ပမာဏကို စားသုံးသောအခါ၊ တစ်နေ့တာ လိုအပ်သည့်
ဖော့စ်ဖရပ်စ် ၄.၃% ကို ရရှိစေသည့် အတွက်၊ ကျောက်ကပ်ကို
ကောင်းစွာအလုပ်လုပ်နိုင်အောင် ထောက်ပံ့ပေးပါသည်။
ကျောက်ကပ်ကိုလည်းသန်
့စင်စေပါသည်။
9. ကယ်လ်စီယမ်ဓာတ် ပါရှိခြင်းကြောင့် သွားနှင့်အရိုးများကိုခိုင်ခန့် စေပါသည်။
10.
ကြက်မောက်သီးကို စားပေးခြင်းဖြင့် အူလမ်းကြောင်းရှိ ကပ်ပါးကောင်များကို
သေစေနိုင်သည့်ပြင် ၊ ၀မ်းလျှော/၀မ်းပျက်ခြင်း ဝေဒနာတို့  ကိုလည်း
သက်သာစေကြောင်း The Online Culinary School website မှ
အကြံပြုထောက်ခံထားပါသည်။
11.
ကြက်မောက်သီးအစေ့ကို သူ့ ချည်းဘဲ အစိမ်းလိုက်ဝါးစားနိုင်သလို၊
ကြိတ်ချေပြီးအခြားအစားအစာတို့ နဲ့  တွဲဘက်စားပေးခြင်း ဖြင့်
ခန္ဓာကိုယ်အဆီများကို ထိထိရောက်ရောက် ချပေးနိုင်ပါသည်။ ထို့ ပြင်
အသားအရည်ကိုကျန်းမာစေပြီး အထူးသဖြင့် မျက်နှာ အသားအရည်ကို နူးညံ့ချောမွေ
့စေပါသည်။ (လူအချို့ ကတော့ ကြက်မောက်သီးအစေ့နှင့် မွေးရာပါ
ဓာတ်မတည့်မှုများရှိတတ်သဖြင့် သတိပြု၍ စားသုံးသင့်ပါသည်)
12. ကြက်မောက်ပင်အရွက်ကိုထောင်းထု၍ အနာအုံဆေး အဖြစ်လည်ကောင်း၊
အသားအရေခြောက်သွေ့ ခြင်းအတွက် lotion အဖြစ်လည်းကောင်း အသုံးပြုနိုင်ပါသည်။
ခေါင်းကိုက်သောအခါတွင် ကြက်မောက်ပင်အရွက်ကို နားထင်ပတ်လည်တွင်
ထောင်းအုံပေးခြင်းဖြင့်လဲ ဝေဒနာများ သက်သာလာစေနိုင်ပါသည်။ ထို့ ပြင်
ကြက်မောက်သီးအရွက်ကိုသန့် စင်အောင်ဆေးကြောပြီး၊ ရေအနဲငယ်ထဲ့၍ ကြိတ်ချေပါ။
ထိုအနှစ်ကို အ၀တ်သန့် သန့် ဖြင့် ထုပ်ကာညှစ်ပြီးရလာသည့် အရွက်သတ္တုရည်ကို
ဦးရေးပြားအနှံ့  မှန်မှန်လိမ်းပေးခြင်းဖြင့်
ဆံပင်သားများသန်စွမ်းနက်မှောင်လာစေပါမည်။
ဆံပင်ဆိုးဆေးအဖြစ်လည်းအသုံးပြုနိုင်ပါသည်။
13. ကြက်မောက်သီးအခွံကို ခပ်ပါးပါးလှီးပြီး၊ ရေ ၃-ခွက်တစ်ခွက်တင်ကြို၍
အအေးခံကာ တစ်နေ့ ၂-ကြိမ်သောက်သုံးပေးခြင်းဖြင့် ၀မ်းကိုက်ရောဂါ ကို
ပျောက်ကင်းစေနိုင်ပါသည်။
14.
ကြက်မောက်သီးအစေ့ ၅-လုံးကိုလှော်၍ ကျိတ်ချေပါ။ ပြီးရင်
ရေအေးအေးတစ်ခွက်ဖြင့် ထိုနည်းအတိုင်း တစ်နေ့ ၂-ကြိမ် သောက်သုံးပေးပါက၊
ဆီးချိုရောဂါ ကို သက်သာလာစေနိုင်ပါသည်။
15.
ကြက်မောက်သီးအခွံခြောက် ၁၅-ဂရမ် ခန့် ကို ရေ ၃-ခွက်စာပမာဏဖြင့်ရော၍
၁၅-မိနစ်လောက် ဆူအောင်တည်ပါ။ အအေးခံပြီးနောက် ထိုပြုတ်ရေကို တစ်နေ့ 
၃-ကြိမ် သောက်ပေးခြင်းဖြင့် ဖျားနာရောဂါများ ယူပစ်သလို
ပျောက်ကင်းစေနိုင်ပါသည်။
16. ကြက်မောက်သီး ၅-လုံးစာ ပမာဏထဲတွင် လူတစ်ယောက်၏ တစ်နေ့ တာ လိုအပ်သော ဗိုက်တာမင်စီ ကို အပြည့်အ၀ရရှိနိုင် ပါသည်။
17. ကြက်မောက်ပင် ပင်စည်သားကိုပြုတ်၍ မှက္ခရုနာ များကို လိမ်းကျံပေးခြင်းဖြင့် ပျောက်ကင်းသက်သာစေနိုင်ပါသည်။
18. ကြက်မောက်ပင်၏ အမြစ်ကိုပြုတ်၍ သန်ချဆေးအဖြစ် သောက်သုံးနိုင်ပါသည်။
19. ယနေ့ မလေးရှာနိုင်ငံ၏ ပရဆေးဆိုင်များတွင်
ကြက်မောက်သီးအခွံခြောက်များကို ဖျားနာခြင်းဝေဒနာအမျိုးမျိုး တို့  ကိုကုသ
ရန်အတွက် ဖောဖောသီသီ ရောင်းချလျှက်ရှိကြပါသည်။
ကြက်မောက်သီးသည် စပျစ်သီးထက်အရည်ရွှမ်းပြီး၊ လိုင်ချီးသီးအရသာနှင့်လဲ
ခပ်ဆင်ဆင်တူပါသည်။ ရာသီစာ သီးနှံဖြစ်သောကြောင့် ယခုလို
မိုးဦးကာလတွင်သာရရှိနိုင်သည့် ဆေးဘက်ဝင်ကြက်မောက်သီးများကို
ကျန်းမာရေးလိုက်စားသူ မိတ်ဆွေများအားလုံး အချိန်မှီအပြေးကလေး
ဝယ်ယူစားသောက်စေလိုပါကြောင်း........။
မှတ်ချက်။
(၁) ကြက်မောက်သီးကိုင်ကြည့်သည့်အခါ မပျော့ဘဲ တင်းနေသောအသီးကိုသာရွေးချယ်ဝယ်ယူပါ။
(၂) လတ်လတ်ဆတ်ဆတ် စားသုံးနိုင်ရန်အတွက် အသီးအခွံပေါ်ရှိအမွှေးဆူးလေးများ အတန်ငယ်မာသည်ကို ရွေးဝယ်ပါ။
(၃) ကွဲနေသော အသီးတို့ ကို ရှောင်ကြဉ်ပါ။
(၄)
ရေခဲသေတ္တာထဲတွင် ရက်သတ္တ ၁-ပတ်မျှခံစေရန်အတွက်
ကြက်မောက်သီးကိုပလပ်စတစ်အိတ်ဖြင့်လုံခြုံစွာသိမ်းဆည်းထားပါ။
(အသီးကိုအခွံခွာပြီးဖန်ဗူးထဲထဲ့သိမ်းခြင်းကလည်း
တာရှည်အထားခံနိုင်ပါလိမ့်မည်)
ဘာသာပြန်သူ (ပေါက်ပေါက်)
မှီငြမ်း (World's healthiest fruit – Rambutan)