Pages - Menu

ဆန်လုံးညို(Brown Rice)

ဆန်ဖြူကို ကြိတ်ခွဲလိုက်တာကြောင့် ဗီတာမင် B3 ၆၇ ရာခိုင်နှုန်း၊ ဗီတာမင် B1 ၈၀ ရာခိုင်နှုန်း၊ ဗီတာမင် B6 ၉၀ ရာခိုင်နှုန်း၊ မဂ္ဂနီဆီယမ်တစ်ဝက်၊ ဖော့စ်ဖရပ်စ် တစ်ဝက်၊ သံဓာတ် ၆၀ ရာခိုင်နှုန်းနဲ့ အမျှင်ဓာတ်အားလုံး ဆုံးရှုံးသွားခဲ့ ပါတယ်။

သံလွင်ဆီ(Olive Oil)

သံလွင်ဆီမှာ ဗီတာမင် အေ၊ ဗီတာမင် ဘီဝမ်း၊ ဘီတူး၊ ဗီတာမင်စီ၊ ဒီ၊ အီးနဲ့ ကေစတဲ့ ဗီတာမင်ဓာတ်တွေ ပါဝင်ပြီး သံဓာတ်နဲ့ အိုမီဂါ ၉ လည်း ပါဝင်ပါတယ်။

ပြောင်းဖူး(Corn)

ပြောင်းဖူးမှာ ဗီတာမင်B1 ဗီတာမင်B5 ဗီတာမင်C ဗီတာမင်B9လို့ခေါ်ဖောလိတ် .....ပြောင်းဖူး၏ ကျန်းမာရေး အာနိသင် မှာဆက်ဖတ်ပါ....

ထောပတ်သီး(Avacado)

အာဟာရများကိုဖြည့်တင်းပေးနိုင်ရုံ သာမက သဘာဝမှရသောသကြား ဓာတ်ကိုထောက်ပံ့ပေးခြင်း၊ကိုယ် အလေးချိန်ကျဆင်းစေခြင်း၊အကျိုး ပြုကိုလက်စတီရောကိုတက်စေပြီး ဆိုးကျိုးပေးသောကိုလက်စတီရော ကိုကျဆင်းစေခြင်း စသည့်အချက်များ ကိုရရှိစေနိုင်သည်ဟု သိရသည်။ယခု လေ့လာမှုတွင် ဖော်ပြထားချက်အရ လေဖြတ်ခြင်းကိုပါ ထောပတ်သီးက ကာကွယ်ပေးနိုင်

လိမ္မော်သီး(Orange)

လိမ္မော်သီး၌ ဖိုင်ဘာမျှင်၊ သံဓာတ်၊ မီးစုန်းဓာတ်၊ ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်၊ ကြေးနီဓာတ်၊ သွပ်ဓာတ်၊ ဆလမ်နီယမ်၊ ကယ်လိုရီ၊ ကယ်လဆီယမ်ဒာတ်၊ဗီတာမင်စီ တို့ပါရှိသည်

မာလကာသီး(Guava)

မာလကာသီး တစ်လုံးတွင် ဗီတာမင်စီမှာ လိမ္မော်သီး တစ်လုံး၌ ပါရှိသည့် ဗီတာမင်စီ ပမာဏထက် ငါးဆခန့် ပိုများသည်။ မာလကာသီး၌ ဗီတာမင်စီ အပြင် အေနှင့် ဘီ၊ ကယ်လ်ဆီယမ်၊ ဖော့စပရပ်စ်၊ ပိုတက်ဆီယမ်၊ သံဓာတ်၊ ဖောလစ်အက်စစ်နှင့် အမျှင်ဓာတ်တို့ ပါဝင်သည်။ အများဆုံး ပါဝင်သော ဓာတ်များမှာ ဗီတာမင်စီ ၃၀၂ မီလီဂရမ်နှင့် ဗီတာမင် အေ ၂၅၀ မီလီဂရမ်တို့ ဖြစ်ကြသည်။ မာလကာသီးကို သီတင်း တစ်ပတ်လျှင် နှစ်လုံးခန့် စားသုံး သွားပါက သွေးတိုး ကျဆင်းစေပြီး နှလုံး ကျန်းမာရေးကို အထောက်အကူ ပြုကြောင်း အမေရိကန် သုတေသန ပညာရှင်များက ပြောကြားသည်။

***

***

***

***

***

***

***

***

***

***

Showing posts with label မာလကာသီး. Show all posts
Showing posts with label မာလကာသီး. Show all posts

13 Jul 2014

မာလကာသီးအကြောင်းသိကောင်းစရာ

Psidium Guajava ဟု သိပ္ပံအမည်ရသော မာလကာပင်တို့ ကို မြန်မာပြည်တွင် နေရာ့အနှံ့ အပြား ဆိုသ လို ပေါပေါများများ တွေ့  မြင်ကြရပြီး၊ မာလကာသီးကိုမစားဖူးသေးတဲ့သူတော့၊ မရှိလောက်ဘူး ဟုထင်ပါသည်။ အမျိုးအစားပေါ်မူတည်၍ မာလကာသီး၏ အတွင်း ပိုင်း အသားသည် အဖြူေ ရာင် (အူဖြူသီး) နှင့် ပန်းရင့်ရောင်(၀ါ)ကြက်သွေးပျော့ ရောင်(အူနီသီး) ဟူ၍ ၂ မျိုး ရှိပါတယ်။ လတ် ဆတ်ေ သာ အသီး၏ အသားမှာချို၍ကျွတ်ဆတ်ကာ ရနံ့ လဲမွှေးပါတယ်။ အသီးမှည့်သွားသောအခါ၊ အတွင်း ထဲရှိအသားမှာ ပျော့အိကာ ပိုချိုပြီး၊ ပိုလဲမွှေး လာပါသည်။ အသီးထဲတွင် အလွန်မာသော အစေ့လေး များ စွာပါရှိပြီး၊ ကျေညက် အောင်ဝါးစားပေးရပါသည်။ အပေါ်ယံ အခွံသည် အစိမ်းဖျော့/ရင့် ရောင် နှင့် စိမ်းဝါရောင် တို့ ဖြစ်ခါ၊ ထိုအခွံကိုလဲ စားလို့ ရပါ သည်။ မာလာကာသီးများကို သူ့ ချည်းဘဲ သက်သက် အဆာပြေ၊ အချိုပွဲအဖြစ်စားလေ့ရှိပြီး၊ အခွံနွှာရေခဲစိမ်ကာ၊ ဆား၊ နွယ်ချို မှုန့် တို့ ဖြင့်လူးနယ်စားကြ ပါသည်။ မြန်မာပြည်တွင် “မာလကာ” ဟူသော နာမ်အတိတ်ကို အဓိပ္ပါယ်ယူကာ ကျန်းမာရေး ကောင်း မွန်ေ စရန်အတွက် မာလကာပင်အညွန့် လေးများကို ဘုရားပန်းအိုးတင်၍ အဆောင်လက်ဖွဲ့ သိမ်း ထားကြ သလို၊ မာလကာသီးဖြင့် ဘုရား၊ သံဃာတော်များကို သစ်သီး ဆွမ်းကပ်လှူ လေ့ရှိကြပါသည်။

< မာလကာသီး နှင့် မာလကာရွက်တို့ ၏ကျန်းမာရေး >
မာလကာသီးသည် လူသားတို့ ကျန်းမာရေးကို အထောက်အကူပြုစေသော အာဟာရဓာတ် များဖြင့်ြ ပည့်နှက်နေသည်ကို သင် သိပါသလား? ဥရောပ နှင့် အာရှတိုက်များတွင် “ မာလကာသီးကို တစ်ကြိမ် သာဖမ်းဆုပ်စား၊ ဆရာဝန်ကို တစ်နှစ်လုံး ရှောင်ရှား” ဟု ဆိုရိုးစကားရှိကြပါသည်။ အသီးသာမက၊ အရွက်၊ အစေ့နှင့် အခွံတို့ ကလဲ အလွန်ဆေးဘက် ၀င်ပါသည်။ မာလကာသီးထဲတွင် ဘေးဥပါ သ်ဖြစ်ေ စသော ကိုလက်စထရော နှင့် ဆိုဒီယမ် တို့ လုံးဝမပါရှိသည့်ပြင်၊ ကယ်လိုရီနှင့် အဆီ ဓာတ် အနဲငယ်သာပါရှိပြီး၊ အမျှင်ဓာတ်လဲကြွယ်ဝသောကြောင့် ကျန်းမာရေးကိုများစွာ အထောက်အကူဖြစ်ေ စပါသည်။ လိမ္မော် သီးထဲတွင်ပါရှိသော ဗီတာမင်စ်ီထက် ၅-ဆ ပိုမိုပါဝင်သောကြောင့် မာလာကာသီး သည် ဗီတာမင်စီတို့ စုဝေးရာ အရင်းအမြစ် ဖြစ်ပါသည်။ ၁၀၀-ဂရမ် အလေးချိန်ရှိသော မာလာကာသီး ထဲတွင် ဗီတာမင်အေ ၂၅၀ I.U၊ ဗီတာမင်ဘီ (ခေါ်) သီအာမင် ၀.၇ မီလီဂရမ်၊ နီအာစင် ၁.၂ မီလီဂရမ်၊ ဗီတာမင်စီ ၃၀၂ မီလီဂရမ်၊ ကယ်လ်စီယမ် ၃၀ မီလီဂရမ်၊ ဖော့စဖရက် ၂၉ မီလီဂရမ်၊ ကစီဓာတ် ၁၇.၁ ဂရမ်၊ ပရိုတင်း ၁ ဂရမ် နှင့် ကယ်လိုရီ ၇၀ ခန့်  ပါရှိပါသည်။

(၁) ဆီးချိုရောဂါ။ မာလကာသီးကို အိန္ဒိယနိုင်ငံ ရှိ The University of Allahabad တွင် ဆေးသုေ တသ နပြုစ မ်းသပ်ခဲ့ရာ၊ မာလကာသီး ၏ အခွံသည် သွေးထဲရှိ သကြားပမာဏကို မြင့်တက်စေနိုင်ေ သ်ာလဲ၊ အသီးအတွင်းထဲရှိအသားနှင့် အစေ့တို့ က သွေးထဲရှိ ဂလူးကို့ စ် ပမာဏကို ချပေးနိုင်စွမ်းရှိ သည်ဟုဆိုပါသည်။ ထို့ ကြောင့် ဆီးချိုရောဂါဝေဒနာသည်များသည် မာလကာ သီးကို အခွံဖယ်စားေ ပးခြင်းဖြင့် ကောင်းကျိုးပြုစေပါသည်။ ၂၀၁၀ ခုနှစ်တွင် မာလကာရွက်ကို တိုကျိုမြို့ ရှိ The Yakult Central Institute for Microbiological Research တွင် ဆေးသုသေသနာပြုလုပ်ခဲ့ရာ၊ မာလကာ ရွက် ကို ရေနွေးကြမ်းဖြင့် လက်ဖက် ခြောက်လိုခတ်သောက်ပေးခြင်းဖြင့် အင်ဆူလင်ပမာဏ ပြောင်း လဲခြင်းမရှိဘဲ၊ သွေးထဲရှိ alpha-glucosidase အင်ဇိုင်းများကို ထိထိရောက်ရောက် ဟန့် တားေ ပး သောေ ကြာင့် ဆီးချိုရောဂါ ဝေဒနာသည်များ ယုံကြည်စိတ်ချစွာ သောက် သုံးသင့်ကြောင်း အကြံ ပုထားပါသည်။

(၂) ၀မ်းလျော/၀မ်းကိုက်ခြင်း။ မာလာကာသီးထဲတွင် အစာချေစံနစ်ကိုတိုးတက်ကောင်းမွန်စေသော ဗိုက်တာမင်စီ၊ ကယ်ရို တီနွိုက်စ် နှင့် ပိုတက်စီယမ်တို့  ပါရှိသည့်ပြင်၊ အူကလီစာတစ်ရှုးများကို ကောင်း ကျိုးပြုသည့် astringents ဓာတ်ပေါင်းစုတို့ အ မြောက်အများ ပါရှိခြင်းကြောင့်၊ အူထဲရှိ မကောင်းသော ဘက်တီးရီးယားပိုးမွှားများကို သေစေနိုင်ခြင်း၊ အလွန်သေးငယ်သော ရောဂါ ပိုးမွှားများကြီးထွား လာမှု ကိုတားမြစ်ပေးနိုင်ခြင်း၊ အူထဲရှိ ပိုလျှံသောအချွဲအကျိများကို ဖယ်ရှားသန့် စင်ပေးနိုင်ခြင်း စသည့် အစွမ်းသတ္တိများကြောင့် ၀မ်းလျောဝမ်းပျက်ရောဂါ၊ ၀မ်းကိုက်ရောဂါ၊ အစာအိမ်နှင့် အူယောင်တင်းခြင်း တို့ ကို ကောင်း စွာကုသပေးနိုင်ပါသည်။ မာလကာရွက်ကို ရေနွေးကြမ်းခတ်သောက်ပေးခြင်းဖြင့်၊ အူကိုအဆိပ်အတောက် ဖြစ်စေသည့် ပိုးမွှား များကို ဟန့် တားကာကွယ်ပေးသောကြောင့် ကာလ၀ မ်းေ ရာဂါမဖြစ်စေပါ။ အော်ဂလီဆန်ပျို့ အန် ခြင်းများကိုလဲ သက်သာစေ ပါသည်။

(၃) ရောင်ရမ်းနာများ။ မာလကာပင်ထဲတွင် ရောင်ရမ်းနာအမျိုးမျိုးတို့ ကို ကုသပေးနိုင်သော ဓာတု ဓာတ်ပေါင်းစုတို့  မြင့်မား စွာပါရှိခြင်းကြောင့် မာလကာရွက်ပြုတ်ရည်ကို သောက်၍ပျောက် ကင်းနိုင် သလို၊ ခြေလက်ရောင်ရမ်းကိုက်ခဲခြင်းများ အတွက်လဲ အရွက် ကိုထောင်း၍ အုံပေးနိုင်ပါသည်။ အ ဆစ် အမြစ်ရောင်ကိုင်းနာကျင်သောအခါ မာလကာရွက်ကိုထောင်းထု၍ ခပ်ထူထူအုံပြီး ဆေးစည်း ထားခြင်းဖြင့် ချမ်းသာရာ ရနိုင်ပါသည်။

(၄) အအေးမိချောင်းဆိုးခြင်း။ မာလကာသီး၊ ဖျော်ရည် နှင့် မာလကာရွက်ပြုတ်ရည်တို့ တွင်ပါရှိသော ဗီတာမင်စီနှင့် သဘာဝ အဖန် ဓာတ်တို့ က အအေးမိ၍ ချောင်းတဟွတ်ဟွတ်ဆိုးခြင်း၊ ချွဲပါခြင်း၊ အ ဆုတ် ထဲပိုးဝင်ခြင်း၊ လည်ချောင်း/အဆုတ်စသည့် အသက်ရှု လမ်းကြောင်းဆိုင်ရာ ပိတ်ဆို့ မှု ဝေဒနာ အမျိုးမျိုးတို့ ကို သက်သာပျောက်ကင်းစေနိုင်ပါသည်။ အထူးသဖြင့် အိန္ဒိယ နိုင်ငံတွင် အဆိုပါ ရော ဂါများ အတွက် ရိုးရာကုထုံးအဖြစ် တွင်ကျယ်စွာ ကုသပျောက်ကင်းလျှက်ရှိပါသည်။

(၅) ၀မ်းချုပ်ခြင်း။ မာလကာသီးထဲတွင် အမျှင်ဓာတ်အမြောက်အများပါရှိခြင်းကြောင့် ၀မ်းချုပ်ခြင်းမှကာ ကွယ်ေ ပးနိုင်ပါသည်။ လူတစ် ယောက်၏ တနေ့ တာလိုအပ်သော အမျှင်ဓာတ်ကို မာလကာသီးအ လတ် စားတစ်လုံးထဲမှ ၃၆% ရရှိနိုင်ပါသည်။ မာလကာစေ့ကလဲ အူထဲရှိအရည်ဓာတ်ကို ထိန်းသိမ်းေ ပးကာ၊ ၀မ်းပျော့စေနိုင်ပါသည်။

(၆) သွေးတိုးရောဂါ။ မာလကာသီးသည် သွေးထဲရှိကိုလက်စထရောကိုချကာ၊ သွေးခဲခြင်းမှလည်း ကာကွယ်ပေးသည့်အတွက်၊ သွေးမတိုး စေနိုင်ပါ။ ထို့ ပြင် အမျှင်နှင့် သဘာဝ hypoglycemic တို့ ကြွယ်ဝစွာ ပါရှိခြင်းကြောင့်လည်း သွေးဖိအားကို ကျစေနိုင်ပါသည်။ ပိုတက်စီယမ်ကသွေးကျေ စရန်အထောက်အကူပေးပါသည်။ လူတစ်ယောက်၏ တနေ့ တာ ပိုတက်စီယမ် လိုအပ်ချက် ၂၀%ကို မာလာ ကာသီးကြီးကြီး တစ်လုံးမှရရှိနိုင်ပါသည်။ ထို့ ကြောင့် မာလကာသီင်္း စားပေးခြင်းဖြင့် သွေး တိုးေ ရာဂါ ကိုသက်သာစေနိုင်သလို၊ သွေးတိုးနဲ့  ဆက်စပ်သော နှလုံးသွေးကြောရောဂါများနှင့်ေ လဖြတ်ခြင်းတို့ ကိုလဲ မဖြစ်လာစေနိုင်ပါ။

(၇) ကင်ဆာရောဂါအမျိုးမျိုး။ မာလကာသီး၏ အသားထက် အခွံထဲတွင်ပါရှိသော ဓာတ်တိုးဆန့် ကျင် ပစ္စည်းများက ပိုမိုဆေး စွမ်းထက်မြက်သည်ဟု ဆိုပါသည်။ အထူးသဖြင့် မာလကာသီး(အူနီသီး) အခွံထဲတွင်ပါရှိသော ဓာတ်တိုးဆန့် ကျင် တစ်မျိုးဖြစ်သည့် lycopene သည် ခန္ဓာ ကိုယ်ထဲရှိ မလိုလား အပ်သော “free radicals” များကို တိုက်ထုတ်ပေးပြီး၊ အမျိုးသားများ ဆီးကျိတ် ကင်ဆာ နှင့် အမျိုးသ မီး များ ရင်သားကင်ဆာအကျိတ်ကြီးထွားလာမှုတို့ ကို တားမြစ်ပေးပါသည်။ ထို lycopene သည် သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်ခြေအလားအလာကို ၅၀%ထိလျော့နိုင်ကြောင်း အရီဇိုးနားတက္ကသိုလ် မှ သုတေသီများ က အကြံပြုထားကြပါသည်။ ထို့ ပြင် မာလကာရွက်ထဲတွင် ဓာတ်တိုးဆန့် ကျင် ပစ္စည်း များ မြင့်မာစွာပါရှိခြင်းကြောင့် လက်ဘက်ရည်ကြမ်း သောက်ပေးခြင်း ဖြင့် အမျိုးသားများ သုက်ရည်ထွက်ရှိမှုအားကောင်းပြီး၊မျိုးအောင်စေနိုင်ပါသည်။

(၈) သွားနှင့်ခံတွင်းရောဂါအမျိုးမျိုး။ မာလကာရွက်ထဲတွင် ပါရှိသော Guaijaverin (ခေါ်) flavanoid ဓာတ်ပေါင်းက သွားပိုး ရောဂါ ဖြစ်စေသည့် ဘက်တီးရီးယားများကြီးထွားခြင်းကို ဟန့် တားကာ ကွယ်ေ ပးနိုင်ပါသည်။ လည်ချောင်းနာခြင်း၊ လည်မျို နှင့် အာသီးရောင် ခြင်း၊ သွားကိုက်ခြင်း၊ သွားဖုံး နာခြင်း စသည့်ခံတွင်းရောဂါအမျိုးအမျိုးတို့ အတွက် မာလကာရွက်ပြုတ်ရည် နွေးနွေးဖြင့် အာလုပ် ကျင်း ပေးနိုင် ပါသည်။ ထို့ ပြင် astringents (ခေါ်) တစ်ရှုးများကိုကျုံ့ ကာသွေးတိတ်စေေ သာ ဆေးစွ မ်း သတ္တိ ပါရှိသည့်အတွက် ဗီတာမင်စီချို့  တဲ့ခြင်းကြောင့် ဖြစ်တတ်သော သွားဖုံးရောင်ကိုင်း၍သွေးယို စီခြင်းကို လဲ ကောင်းစွာကု သပေးနိုင်စွမ်းရှိပါသည်။

(၉) ကိုယ်အလေးချိန်။ အမျှင်ဓာတ်ပေါများကာ၊ ကိုလက်စထရောလုံးဝမပါဘဲ၊ ၀မ်းမှန်စေသည့် အစာ ကြမ်းတစ်မျိုးဖြစ်သော မာလကာသီး က ခန္ဓာကိုယ်အလေးချိန် ပုံမှန်ထိန်းလိုသူများအတွက် အားကိုးေ လာက်ပါပေ၏။ မွှေး၍ချိုဖန်အရသာက အဆာပြေစေပြီး၊ နောက်ထပ် အစာစား ချင်စိတ်ကိုလဲ ချိုးနှိမ်ေ ပးပါသည်။

(၁၀) အရေပြားပြသနာများ။ နိုင်ဂျီးရီးယား ရှိ Federal University of Technology တွင် လေ့လာစမ်း သပ်ချက်များအရ၊ မာလကာ ရွက်တွင် ဗက်တီးရီး ယား ပိုးမွှားများကိုသေစေနိုင်သည့် အစွမ်းသတ္တိပါ ရှိနေခြင်းကြောင့်၊ (က) ခွဲစိပ်ထားသောဒဏ် ရာများကို ပိုးမ၀င်စေ ရန်၊ (ခ) အရေပြားပေါ်ရှိ ကူးစက် ယား နာများကိုပိုးသေစေရန်နှင့် (ဂ) အသားအရေပေါ်တွင် ပွန်းပဲ့ရှနာထိ ခိုက်မှုဖြစ်ပွားပါက သွေး တိတ် ပြီး အနာမြန်မြန်ကျက်စေရန်...စသည်တို့ အတွက်၊ မာလကာရွက်ကို ရေစင်စင်ဆေးကာ ကျိတ်ေ ချပြီးအုံပေးနိုင်ပါသည်။ ထို့  ပြင် သွေးဆိပ်တက်၍ခန္ဓာကိုယ်ယားယံခြင်းအတွက် မာလကာ ရွက်ကိုရေစိမ်ပြီး ချိုးပေးရပါသည်။ ဦးရေပြားပေါ်တွင် ဒက် ပေါက်ခြင်းနှင့် ဆံပင်သား များခြော က်သွေ့ ခြင်းတို့ အတွက် မာလကာရွက် သတ္တုရည်ဖြင့် လိမ်းကျံပေးနိုင်ပါသည်။ မာလကာ ရွက်ထဲ တွင် ဗီတာမင်အေ ပါရှိခြင်းကြောင့်လည်း ဆံသားရင်းမြစ်များကို သန်မာအောင် စွမ်းဆောင်ပေးနို င်ပါသည်။ ကျန်းမာ သန့် ရှင်းသော ခန္ဓာကိုယ် အသား အရေကို ပိုင်ဆိုင်လိုပါသလား။ လွယ်လွယ်ေ လးပါ။ မာလကာရွက်နုများနှင့် အမှည့်မလွန် လတ်ဆတ်သောမလာကာသီးတို့ ကို ရြော ပုတ် ၍၊ နေ့ စဉ်ရေချိုးပေးခြင်းဖြင့် သင့်အသားအရေပေါ်ရှိ အဆိပ်အတောက် များကို ဖယ်ရှားပေးပြီး၊ စိုပြည်လှပလာပါလိမ့်မည်။

(၁၁) အထွေထွေရောဂါများ။ အိပ်မပျော်၍ ခေါင်းမကြည်လင်ခြင်းနှင့် ခေါင်း မူး၊ ခေါင်းကိုက်ခြင်း ဝေဒ နာများအတွက် မာလာကာရွက်ကို ရေဆေးပြီး လက် ဖြင့်ပွတ်ချေကာ နမ်းရှိုက်ပေးရုံမျှဖြင့် ဝေဒနာများ ယူပစ်သလို ပျောက်ကင်းစေနိုင်ပါသည်။ ဗီတာမင်စီ ကြွယ်ဝသည့် အတွက် မာလကာသီးကို မှန်မှ န်စားပေးခြင်းဖြင့် ခန္ဓာကိုယ်ခုခံအားစံနစ်ကို မြှင့်တင်ပေးပါသည်။ တိုင်းရင်း ဆေးဝါးကုထုံးများတွင် ၀က်ရူးပြန်ဝေဒနာရှင်များကို မာလကာရွက်ပြုတ်ရည်ဖြင့် ရေချိုးစေပါသည်။ နှာစေးချောင်းဆိုး၊ ပန်း နာရင်ကျပ် နှင့် အဆုတ် ရောဂါဝေဒနာရှင်များသည် မာလာကာရွက်ပြုတ်ရည်ကို သောက် သုံးခြင်းဖြင့် သက်သာ လာစေနိုင်ပါသည်။

< မာလကာသီးဖြင့် မိမိအိမ်တွင် Lotion ပြုလုပ်နည်း >

မာလကာသီး Lotion ကို လိမ်းလိုက်သောအခါ၊ အသီးထဲတွင်ပါရှိသော ဗီတာမင် အေ နှင့်စီ များက အသားထဲသို့  စိမ့်ဝင်သွား ပြီး၊ အစိုဓာတ်ထိန်းပေးကာ၊ အရေးအကြောင်းများမရှိတော့ဘဲ၊ မျက်နှာ အသားအရေကို ချောမွေ့ ဝင်းမွတ် လာစေပါသည်။ အဆီများပြီး ၀က်ခြံပေါက်သော အသားအရည် ပိုင်ရှင်များလဲ ယုံကြည်စိတ်ချစွာလမ်းနိုင်ပါသည်။ အလှကုန် ဈေးကွက်တွင် မာလကာသီးဖြင့် ပြုလုပ်ေ သာ အလှပြင်ပစ္စည်းများသည် ဈေးနှုန်းမြင့်မားကြပါသည်။ သို့ သော် စိတ်မပူပါနှင့်။ ကုန်ကျစရိတ် နဲနဲ နှင့်အာနိသင်ရှိသော မာလကာသီး Lotion ကို မိမိအိမ်တွင် အောက်ပါအတိုင်း လွယ်လင့် တကြူ ပုလုပ်နိုင်ပါသည်။
အဆင့်(၁)။ ရှေးဦးစွာ မာလကာ သီး ၂-လုံး ကိုအခွံနွှာ၍ကြိတ်စက်ထဲထဲ့ပြီး၊ အစေ့ များကျေသွားသည် အထိ ၂-မိနစ် လောက် ကြိတ်ထားပါ။
အဆင့်(၂)။ အပူခံခွက်တစ်ခုထဲသို့  ပျားရည် ၄-ဇွန်းထဲ့၍ microwave ထဲတွင် အပူရှိန်ပြင်းပြင်းဖြင့် ပျားရည် ပျော်သွား သည်အထိ ၁၀-စက္ကန့် လော က် အပူပေးပါ။
အဆင့်(၃)။ထို့ နောက် ပျားရည်ထဲသို့ သံလွင်ဆီ ၄-ဇွန်းထဲ့၍ ရောသမ မွှေပေးပါ။
အဆင့်(၄) ထိုအရောအနှောများထဲသို့ ကြိတ်ထား သော မာလကာသီး အနှစ်ရည်များအားလုံးလောင်း ထဲ့ပြီး၊ တ ပြည်းညီဖြစ်သွားအောင် မပြတ်မွှေပေးပါ။
အဆင့်(၅)။၎င်းတို့  ကိုmicrowave ထဲထဲ့၍ အငွေ့ ပျံသွားသည်ထိ ၃၀-စက္ကန့်  လောက် အပူပေးပါ။ သိပ်မအေးခင် အဖုံးလုံသော ဗူးတစ်ဗူး ထဲ့ သို့  ပြောင်းထဲ့လိုက်ပြီး၊ အဖုံးကိုလုံအောင် ပိတ်ထားရပါ မည်။
အဆင့်(၆)။ အေးသွားသောအခါမှာ ထို Lotion ဗူးကို ရေခဲသေတ္တာထဲ သိမ်းထား ပါ။ ယခုပြု လုပ်ေ သာ Lotion ထဲတွင် တာ ရှည် အထားခံရန်ဖြည့်စွက်ဓာတုပစ္စည်းများလုံးဝ မပါရှိသည့်အတွက်၊ အခန်း အပူချိန်မှာ ထားရင် အာနိသင် ပြယ်စေပါသည်။ အချိန် ၂-လကျော်ပြုလုပ်ထားသော Lotion ကိုမ သုံးသင့်ပါ။

သတိပြုရန်။(က) မာလကာသီးသည် သွေးချုပ်စေတတ်သောကြောင့်၊ ရာသီသွေးအဆင်းလွန်သူများ မှန်မှန်မှီဝဲ စားသုံးပေးသင့်ပါသည်။ သို့ သော် ပုံမှန်ဓမ္မတာလာသူများ နှင့် ဓမ္မတာမမှန်သူများအဖို့  ရာသီလာစဉ် မာလကာသီးလုံးဝမစားသင့်ပါ။ (ခ) မာလကာ သီးအခွံ သည် အနည်းငယ်ဖန်၍၊ အ ခွံနွှာ စားကြပါသည်။ လူအချို့ ကလည်း အစေ့ကအူအတက်ပေါက် စေနိုင်သည် ဟု ထင်မှတ်မှားနေကြ ပါသည်။ တကယ်တော့ မာလကာသီး၏ အသားထက်၊ အခွံနှင့် အစေ့တို့ က ကျန်းမာရေးကို ပိုမို အကျိုးပြုစေသော အစိပ်အပိုင်းများ ဖြစ်ကြပါသည်။ ထို့ ကြောင့် အခွံနှင့်စေ့တို့ ကိုပါ ညက်ညက်ဝါး၍ စားပေးသင့်ပါသည်။

မှတ်ချက်။ (က) မာလကာသီးသေးသေးကျစ်ကျစ်တို့ သည် အဖန်ဓာတ်အလွန်မျာြး ပီး၊ ချောင်းဆိုးသ လိပ် ပွစေတတ်သဖြင့် ထို အသီး မျိုးကို ရှောင်ကြဉ်ပါ။ (ခ) အပေါ်ယံအခွံပြောင်တင်းပြီး၊ အပြစ်အ နာဆာကင်းသော အသီးတို့ ကိုသာ ရွေးချယ်ဝယ်ယူပါ။ (ဂ) မာလ ကာသီးတို့ သည် ခူးဆွတ်ပြီး သည့်ေ နာက် တဖြည့်းဖြည်းမှည့်လာတတ်သည့်သဘောရှိသည့်အတွက်၊ အခန်းအပူချိန်မှာ ထားပေး သင့် ပါသည်။ ၄င်းတို့ သည် အပူဓာတ်စာ အသီးဖြစ်လို့ ၊ ရေခဲသေတ္တာထဲတွင် သိမ်းဆည်း မထား သင့်ပါ။
++++++++++++++++++++++++++++++++++++
သင်ကံကောင်းပါသည်။ အဘယ်ကြောင့်ဆိုသော် သဘာဝတရားကြီးက၊ ဟင်းသီးဟင်းရွက် သစ်သီး ၀လံရောင်စုံတို့  ဖြင့် လူသား တို့  ကျန်းမာရေးကို တစ်ဘက်တစ်လမ်းမှ အထောက်အကူပေးထားပါ သည်။ ကိုယ်တွင်းကိုယ်ပ ၂-ဌာန အတွက် သဘာဝဆေးစွမ်းတို့  စုဝေးရာ၊ စိမ်းရောင်ခြယ်မာလ ကာ သီး ၏အစွမ်းကို အထက်ပါအတိုင်းတွေ့ မြင်ကြရပါပြီ။ ဈေးနှုန်းချိုသာပြီး၊ ပေါပေါများများ ရရှိနိုင်သော မာလကာသီးကို လက်လွတ်မခံသင့်ပါကြောင်း လက်တို့ ၍ ပြောလိုက်ရပါသည်။

<<စာနာထောက်ထားစွာဖြင့် ဆောင်းပါးရှင်အမည်ကို ပြောင်းလဲခြင်း/ချန်လှပ်ထားခြင်းမျိုး မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည် >>

(ဆောင်းပါးရှင်…ပေါက်ပေါက်…မျှဝေသည်)
--
promise.pauk
(ရိုးသားမှုသည်တခါတရံ၌ရှုံးနိမ့်စေတတ်၏။သို့ သော်တစ်သက်လုံးကားလိပ်ပြာလုံစေတော့၏။)

8 Dec 2013

မာလကာသီးဖြင့် မိမိအိမ်တွင် Lotion ပြုလုပ်နည်း

မာလကာသီး Lotion ကို လိမ်းလိုက်သောအခါ၊ အသီးထဲတွင်ပါရှိသော ဗီတာမင် အေ နှင့်စီ များက အသားထဲသို့  စိမ့်ဝင်သွား ပြီး၊ အစိုဓာတ်ထိန်းပေးကာ၊ အရေးအကြောင်းများ မ ရှိတော့ဘဲ၊ မျက်နှာအသားအရေကို ချောမွေ့ ဝင်းမွတ် လာစေပါသည်။ အဆီများပြီး ၀က်ခြံပေါက်သော အသားအရည်ပိုင်ရှင်များလဲ ယုံကြည်စိတ်ချစွာလမ်းနိုင်ပါသည်။

အလှကုန် ဈေးကွက်တွင် မာလကာသီးဖြင့် ပြုလုပ်သော အလှပြင်ပစ္စည်းများသည်
ဈေးနှုန်းမြင့်မားကြပါသည်။ သို့ သော် စိတ်မပူပါနှင့်။ ကုန်ကျစရိတ် နဲနဲ နှင့် အာနိသင် ရှိသော မာလကာသီး Lotion ကို မိမိအိမ်တွင် အောက်ပါအတိုင်း လွယ်လင့် တကူပြု လုပ်နိုင်ပါသည်။

အဆင့်(၁)။
ရှေးဦးစွာ မာလကာ သီး ၂-လုံး ကိုအခွံနွှာ၍ကြိတ်စက်ထဲထဲ့ပြီး၊ အစေ့ များကျေ သွား သည်အထိ ၂-မိနစ် လောက် ကြိတ်ထားပါ။
အဆင့်(၂)။
အပူခံခွက်တစ်ခုထဲသို့  ပျားရည် ၄-ဇွန်းထဲ့၍ microwave ထဲတွင် အပူရှိန်ပြင်းပြင်းဖြင့် ပျားရည် ပျော်သွား သည်အထိ ၁၀-စက္ကန့် လောက် အပူပေးပါ။
အဆင့်(၃)။
ထို့ နောက် ပျားရည်ထဲသို့ သံလွင်ဆီ ၄-ဇွန်းထဲ့၍ ရောသမ မွှေပေးပါ။
အဆင့်(၄)။
ထိုအရောအနှောများထဲသို့ ကြိတ်ထား သော မာလကာသီး အနှစ်ရည်များ အား လုံးလောင်းထဲ့ပြီး၊ တ ပြည်းညီဖြစ်သွားအောင် မပြတ်မွှေပေးပါ။
အဆင့်(၅)။
၎င်းတို့  ကိုmicrowave ထဲထဲ့၍ အငွေ့ ပျံသွားသည်ထိ ၃၀-စက္ကန့်  လောက် အပူပေးပါ။ သိပ်မအေးခင် အဖုံးလုံသော ဗူးတစ်ဗူးထဲ့သို့  ပြောင်းထဲ့လိုက်ပြီး၊ အဖုံးကိုလုံအောင် ပိတ် ထားရပါမည်။
အဆင့်(၆)။
အေးသွားသောအခါမှာ ထို Lotion ဗူးကို ရေခဲသေတ္တာထဲ သိမ်းထား ပါ။ ယခုပြုလုပ်သော Lotion ထဲတွင် တာ ရှည် အထားခံရန်ဖြည့်စွက်ဓာတုပစ္စည်းများလုံးဝ မပါရှိသည့်အတွက်၊ အခန်းအပူချိန်မှာ ထားရင် အာနိသင် ပြယ်စေပါသည်။ အချိန် ၂-လကျော်ပြုလုပ်ထားသော Lotion ကိုမသုံးသင့်ပါ။

(ပေါက်ပါက်..........မျှဝေသည်)

19 Sept 2013

မာလကာသီး၏အကျိုးကျေးဇူးများ



ကျန်းမာရေးနှင့်အလှအပအတွက် အထောက်အကူပြုသော မာလကာသီး၏အကျိုးကျေးဇူးများ
==============================
မာလကာသီးဟာ မြန်မာလူမျိုးများ နှစ်ခြိုက်စားသုံးကြတဲ့ သစ်သီးတစ်မျိုး ဖြစ်ပေမယ့် မာလကာသီးနဲ့ အလှပြင်တာ ကတော့ ရှားပါလိမ့်မယ်။ မာလကာသီးဟာ ပျိုမေများအတွက် ကရိကထိများကာ ကမကထ စီစဉ်ဝယ်ယူရမယ့် သစ်သီး တစ်မျိုး မဟုတ်တဲ့ အပြင် ဈေးလည်းချို အလွယ်လည်း ဝယ်ယူနိုင်တဲ့ အပြင် အလှအပအတွက်ပါ ထည့်သွင်း အသုံးပြု နိုင်တာမို့ မာလကာသီးနဲ့ အလှအပ ရေးရာ အဖြစ် ဖော်ပြလိုက် ရပါတယ်။

မာလကာသီးဟာ ဗီတာမင်စီ ပေါကြွယ်ဝတဲ့ သစ်သီးတစ်မျိုး ဖြစ်ပြီး ရောဂါအတော် များများနဲ့ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကို ထိန်းပေးထား နိုင်စွမ်းရှိတဲ့ သတ္ထုဓာတ်များ ပါဝင်တဲ့ သစ်သီးလည်း ဖြစ်ပါတယ်။ မာလကာသီး အရွက်နဲ့ အခေါက်တို့မှာ ရောဂါပိုးမွှားတွေ တုံ့ပြန်တိုက်ဖျက် ပေးနိုင်တဲ့ သဘာဝပစ္စည်းတွေ ပါဝင်ပါတယ်။
ဒါ့အပြင် မာလကာသီးဟာ သွေးအားနည်းခြင်းကို ကာကွယ်ပေးခြင်း၊ နှုတ်ခမ်း ရောင်ယမ်းခြင်း၊ သွားဖုံး သွေးယိုခြင်းစတဲ့ ရောဂါတွေကိုလည်း ပျောက်ကင်း စေနိုင်တဲ့ သတ္တိ ရှိပါတယ်။ သွေးလည်ပတ် စီးဆင်းမှုကိုလည်း ကောင်းမွန်စေပြီး ကူးစက်ရောဂါ အတော်များများကိုလည်း ကာကွယ် ပေးပါတယ်။ အစာအိမ်ရောဂါ၊ သွေးဝမ်းပါရောဂါနဲ့ ဆီးချိုရောဂါ တို့ကိုလည်း သက်သာ ပျောက်ကင်းစေတဲ့ သစ်သီးတစ်မျိုး ဖြစ်ပါတယ်။

ဆီးချိုနဲ့ မာလကာ

ဆီးချိုရောဂါရှင်များ အတွက် မာလကာသီး (မမှည့်တမှည့်) တစ်လုံးကိုယူပါ။ လေးစိတ်ခွဲစိတ်ကာ ရေ ၁ လီတာခန့်ဖြင့် ထည့်ပြုတ်ပေးပါ။ ဆူပွက်လာမှ ဇကာဖြင့် စစ်ချကာ ယင်းရေအား တစ်နေ့ ၂ ကြိမ်ခန့် သောက်သုံးပေးပါ။ မနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် သောက်သုံး ပေးရမည် ဖြစ်သည်။

ဝမ်းဗိုက်အောင့်နေခြင်း အတွက်

မာလကာရွက် ငါးရွက်ခန့်နှင့် အမြစ်တစ်ခု၊ အခေါက်နှင့်ပင်စည် အစိတ်အပိုင်း တချို့တို့ကို ယူပါ။ ရေ ၁ လီတာခွဲဖြင့် ထည့်ပြုတ်ပေးပါ။ ဆူပွက်လာမှချကာ တစ်နေ့ ၂ ကြိမ် သောက်သုံး ပေးရမည် ဖြစ်သည်။

ဆီးလွယ်ခြင်း


ညဘက်ဆီးလွယ်တဲ့ သူတွေ အတွက် ထထအိမ်သာ ပြေးနေရတဲ့ ဒုက္ခဟာ မလွယ်ပါဘူး။ ကြုံဖူးမှ ကိုယ်ချင်းစာ နိုင်ပါလိမ့်မယ်။ ယင်းအတွက် ဖြေဆေးတစ်မျိုး ကတော့ မာလကာသီး အရွက် လက်တစ်ဆုပ်စာခန့်ကို ယူပါ။ လတ်လတ်ဆတ်ဆတ် အရွက်များ ဖြစ်ရပါမည်။ ယင်းအရွက်တို့အား ထောင်းထားသည့် ဆန်မှုန့်တို့ဖြင့် ရောစပ်ပေးပါ။ ပြီးသော် ရေ ၂ခွက်ခွဲခန့်ဖြင့် ပြုတ်ပေးရပါမည်။ ရေတစ်ခွက်စာ ကျန်ရှိတော့သည့် အချိန်ကျမှ ချကာရေစစ်ဖြင့် စစ်ကာ ပုလင်းတစ်လုံးထဲတွင် သိမ်းထားရပါမည်။ ယင်းအရည်အား သုံးနာရီခြားတစ်ခါ တစ်ဇွန်းစီသောက်သုံး ပေးရပါမည်။

အရေပြားနာကျင် ကိုက်ခဲနေခြင်း အတွက်

မာလကာသီး အရွက်လက်ဆစ်ဆုပ်စာ (လတ်လတ်ဆတ်ဆတ်)ခန့်ကိုယူကာ လက်ဝါးဖြင့် ချေနှယ်ကာ ရောင်ရမ်းကိုက်ခဲ နာကျင်နေသော နေရာသို့ လိမ်းကျံပေးနိုင်ပါသည်။

မာလကာသီးနဲ့ အလှအပ အကျိုးကျေးဇူးများ

မာလကာသီးဟာ အရေပြား အလှအပအတွက် ပေးစွမ်းနိုင်တဲ့ သစ်သီးတစ်မျိုးပဲ ဖြစ်ပါတယ်။ မာလကာသီးနဲ့ မျက်နှာပေါင်းတင်တဲ့ နည်းရှိပါတယ်။

လိုအပ်သည့် ပစ္စည်းများနှင့် ပြုလုပ်ပုံ

ရင့်မှည့်သည့် မာလကာသီး တစ်လုံးရှာပါ။ မာလကာသီးအခွံအား မခွာပစ်လိုက်ပါနဲ့။ ယင်းမာလကာသီးအား နှစ်ခြမ်းခွဲပါ။ အစေ့တွေကို ထုတ်ပစ်ပါ။ အစိတ်လေးများအဖြစ် ထပ်မံခွဲစိတ်ပေးပါ။ မာလကာသီး အရွက်(နူးနူးညံ့ညံ့) နှစ်ရွက်၊ သုံးရွက်ခန့် ထပ်ယူပါ။ အဆင့် (၄) ရှိ မာလကာသီး အစိတ်လေးများနှင့် မာလကာသီး အရွက်တို့ ပေါင်းပြီး ဖျော်စက်ဖြင့် မွှေပစ်ပါ။ ရရှိလာသည့် အရည်များထဲမှ တစ်ဇွန်းခန့် (ဟင်းချိုသောက်ဇွန်း) အား ပန်းကန်ခွက် တစ်လုံးထဲတွင် ထည့်ပါ။
ကျန်ရှိသည့် အရည်များထဲသို့ နို့မှုန့် ၂ ဇွန်းခန့် ထပ်မံရောပေးပါ။ သမအောင် မွှေပေးပါ။ ပြုလုပ်အသုံးပြုမည့် ပျိုမေများ အနေဖြင့် အဆီပြန်သည့် အသားအရေ ပိုင်ရှင်မျိုးဖြစ်ပါက ဆား ၂ ဇွန်းခန့် ထပ်မံရောပေးပါ။ ရောနှောရရှိလာသည့် ယင်းအရည်များအား မျက်နှာ ပေါင်းတင် အဖြစ် အသုံးပြုပေးပါ။

ရရှိလာမည့်အကျိုးကျေးဇူးမျာ
မျက်နှာပြင်ပေါ်ရှိ ဝက်ခြံများအတွက် အထူးကောင်းမွန်စေသည်။ မာလကာသီးဖြင့် နောက်ထပ်ပေါင်းတင်နည်း တစ်မျိုးရှိသေးသည်။ ယင်းနည်းအား အသုံးမပြုခင် မျက်နှာကို Cleanser ဖြင့် စင်ကြယ်စွာ ဆေးကြောထားရသည်။ Cleanser အစား လိမ္မော်သီးဖြင့် အစားထိုး အသုံးပြုနိုင်သေးသည်။ နည်းမှာ လတ်ဆတ်သန့်ရှင်းသည့် လိမ္မော်သီး တစ်လုံးအား အဝိုင်းပုံစံ နှစ်ခြမ်းခွဲစိတ်ကာ မျက်နှာပြင်အား စက်ဝိုင်းပုံစံ (နာရီလက်တံ လှည့်ပတ်သည့် အတိုင်း) ဖြင့် ပွတ်သပ် လိမ်းကျံပေးခြင်းပင် ဖြစ်သည်။

မျက်နှာအား လိမ်းကျံပေးပြီးသွားပါက အဝတ်စတစ်ခုအား ရေစွတ်လျက် သန့်စင်ပေးရမည် ဖြစ်သည်။ မျက်နှာဆေးကြောပြီးသော် မာလကာသီးအရည် (အစေ့ထုတ်ကာ ဖျော်စက်ဖြင့် ဖျော်ထားသည့် အရည်) အား ခွက်တစ်ခွက်ထဲတွင် ထည့်ထားပါ။ ပြီးမှ မာလကာသီး အရည်အနှစ်အား လက်ဖြင့် အနည်းငယ်ယူကာ မျက်နှာပြင်အား လိမ်းကျံပေးပါ။ လိမ်းကျံရာတွင် လက်ချောင်း ကလေးများဖြင့် နှိပ်နယ်လိမ်းကျံ ပေးရမည်။ ထို့ပြင် စက်ဝိုင်းပုံစံ လှည့်ပတ်နှိပ်နယ်ပေးရန်လည်း မမေ့ပါနှင့်။

ယင်းမှသာ မျက်နှာပြင်အောက်ရှိ သွေးကြောများ သွေးလည်ပတ် စီးဆင်းမှု ကောင်းကာ အရေပြားသည် အစွမ်းအာနိသင် စုတ်ယူနိုင်မှု ပိုလာကာ အကျိုးအာနိသင်အား ထိထိ ရောက်ရောက် ခံစားရရှိမည် ဖြစ်သည်။ မျက်နှာပြင် တစ်ခုလုံး နှံ့စပ်အောင် လိမ်းကျံ နှိပ်နှယ်ပေးပါ။ ခန့်မှန်းခြေ အားဖြင့် ၁၀ မိနစ်ခန့် လိမ်းကျံနှိပ်နယ် ပေးရန်လိုအပ်သည်။ ပြီးမှ မျက်နှာအား ရေစိုအဝတ်စဖြင့် သန့်စင်ပေးပါ။ သန့်စင်ပြီးသွားပါက မျက်နှာအား မာလကာသီး အရည်ဖြင့် ထပ်မံပြီး ထူထူပိန်းပိန်းလေး လိမ်းကျံပြီးသော် ၁၀-၁၅ မိနစ်ခန့် စောင့်ဆိုင်ပေးပါ။

ရရှိလာမည့် အကျိုးကျေးဇူးများမှာမျက်နှာအား သန့်ရှင်းသထက် သန့်ရှင်းစင်ကြယ်လာစေခြင်း၊ မျက်နှာ အသားအရေအား နီမြန်းရွှန်းစိုလာစေခြင်း၊ ဝက်ခြံ၊ တင်းတိပ်တို့ ဖယ်ရှား ရှင်းလင်းပေးခြင်း စသည့် အကျိုး ကျေးဇူးများ ခံစားရမည် ဖြစ်သည်။

 ကျန်းမာရေးစာတိုများစုစည်းမှု ( FB )

မာလကာအသီးနှင့်အရွက်အသုံးဝင်ပုံ


အလှအပရေးရာ မာလကာ အသီးနှင့်အရွက်အသုံးဝင်ပုံ
(၁) မာလကာသီးကို တဝက်လှီးပြီး အစေ့များဖယ်၍ ဖျော်ရည်စက်နှင့် ကြိတ်ပါ။ အုတ်ဂျုံ လက်ဖက်ရည်ဇွန်း (၂)ဇွန်းနှင့်ရော၍ ပျစ်သွားအောင် လုပ်ပါ။ ချွေး ပေါက်များကျယ်ခြင်းမှ ကာကွယ် နိုင်သည့်မျက်နှာဖုံးမျိုးရရှိစေရန် မာလကာရွက် ၂/၃ ရွက်ကို ရော၍ကြိတ်ပါ။ အုတ်ဂျုံ မလွယ်ကူ ပါက အလားတူနို့မှုန်ကို ထည့်ပြီး မျက်နှာဖုံး (mask) ပြုလုပ်ပေးပါ။ ဝက်ခြံနှင့် အမည်းစက်များကို ပျောက်ကင်းစေနိုင်သည်။

(၂) မာလကာသီးကြိတ်ထားသော အနှစ်ကို လိမ္မော်သီး လတ်လတ်ဆတ် ဆတ်နှင့်ရောပြီး (၁၀) မိနစ်ခန့်ထား ပြီးမှ မျက်နှာသစ်ပါ။ လိမ်းရာတွင် မျက်နှာတပြင် လုံးပျံ့နှံ့ပါစေ။ ဤသို့ မျက်နှာပေါင်းခြင်းက နုပျိုစေပြီး အရေးအကြောင်းများကို သက်သာ စေသည်။

(၃)မာလကာရွက်(၂)ရွက်ကို ကြိတ် ပြီး နို့လက်ဖက်ရည်ဇွန်း (၂)ဇွန်း စာဖြင့် ပျစ်သွားအောင် ပြုလုပ်ပါ။ မျက်နှာ ၊ လည်ပင်းတို့ကို လိမ်းပြီး (၁၅) မိနစ် ခန့်ထားပြီးမှ ရေဆေးပါ။

(၄) အသားတင်းပြီးချော စေရန် မာလကာသီးကြိတ်ရည်ကို ငှက်ပျော သီး၊ ရေအနည်းငယ်နှင့် လိမ်းပေးပါ။

(၅) မုန်လာဥနီ၊ မာလကာရွက်(၁) ရွက်ကိုရော၍ ရေအနည်းငယ်ထည့် ပြီးလိမ်းပေးပါ။ နူးညံ့ချောမွတ်သော အသားအရေ ကို ရရှိပြီး မျက်နှာပြင်ရှိ အသားမညီဘဲ ဖြစ်ပေါ်နေသည့် အမည်းကွက် များကို တဖြည်းဖြည်း လျော့ပါးသွားစေသည်။
ဒေါန
Health Updates Journal
Vol.2, No.33

30 Dec 2012

မာလကာသီး စားသုံးခြင်းသည် သွေးတိုးရောဂါ ဖြစ်ပွားမှုနည်းစေ

မာလကာသီး တစ်လုံးတွင် ဗီတာမင်စီမှာ လိမ္မော်သီး တစ်လုံး၌ ပါရှိသည့် ဗီတာမင်စီ ပမာဏထက် ငါးဆခန့် ပိုများသည်။ မာလကာသီး၌ ဗီတာမင်စီ အပြင် အေနှင့် ဘီ၊ ကယ်လ်ဆီယမ်၊ ဖော့စပရပ်စ်၊ ပိုတက်ဆီယမ်၊ သံဓာတ်၊ ဖောလစ်အက်စစ်နှင့် အမျှင်ဓာတ်တို့ ပါဝင်သည်။
အများဆုံး ပါဝင်သော ဓာတ်များမှာ ဗီတာမင်စီ ၃၀၂ မီလီဂရမ်နှင့် ဗီတာမင် အေ ၂၅၀ မီလီဂရမ်တို့ ဖြစ်ကြသည်။ မာလကာသီးကို သီတင်း တစ်ပတ်လျှင် နှစ်လုံးခန့် စားသုံး သွားပါက သွေးတိုး ကျဆင်းစေပြီး နှလုံး ကျန်းမာရေးကို အထောက်အကူ ပြုကြောင်း အမေရိကန် သုတေသန ပညာရှင်များက ပြောကြားသည်။

မာလကာသီး ပုံမှန်စားသုံးသူများကို လေ့လာခဲ့ရာ နှလုံးရောဂါ ဖြစ်ပွားမှု နည်းပြီး သွေးနှင့် ပတ်သက်သော ရောဂါများလည်း အဖြစ်နည်းကြောင်း ၎င်းတို့မှ ဆက်လက် ပြောကြား ခဲ့သည်။

အေးချမ်းမွန်မှ မြ၀တီသတင်း တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။

Twitter Delicious Facebook Digg Stumbleupon Favorites More