Pages - Menu

ဆန်လုံးညို(Brown Rice)

ဆန်ဖြူကို ကြိတ်ခွဲလိုက်တာကြောင့် ဗီတာမင် B3 ၆၇ ရာခိုင်နှုန်း၊ ဗီတာမင် B1 ၈၀ ရာခိုင်နှုန်း၊ ဗီတာမင် B6 ၉၀ ရာခိုင်နှုန်း၊ မဂ္ဂနီဆီယမ်တစ်ဝက်၊ ဖော့စ်ဖရပ်စ် တစ်ဝက်၊ သံဓာတ် ၆၀ ရာခိုင်နှုန်းနဲ့ အမျှင်ဓာတ်အားလုံး ဆုံးရှုံးသွားခဲ့ ပါတယ်။

သံလွင်ဆီ(Olive Oil)

သံလွင်ဆီမှာ ဗီတာမင် အေ၊ ဗီတာမင် ဘီဝမ်း၊ ဘီတူး၊ ဗီတာမင်စီ၊ ဒီ၊ အီးနဲ့ ကေစတဲ့ ဗီတာမင်ဓာတ်တွေ ပါဝင်ပြီး သံဓာတ်နဲ့ အိုမီဂါ ၉ လည်း ပါဝင်ပါတယ်။

ပြောင်းဖူး(Corn)

ပြောင်းဖူးမှာ ဗီတာမင်B1 ဗီတာမင်B5 ဗီတာမင်C ဗီတာမင်B9လို့ခေါ်ဖောလိတ် .....ပြောင်းဖူး၏ ကျန်းမာရေး အာနိသင် မှာဆက်ဖတ်ပါ....

ထောပတ်သီး(Avacado)

အာဟာရများကိုဖြည့်တင်းပေးနိုင်ရုံ သာမက သဘာဝမှရသောသကြား ဓာတ်ကိုထောက်ပံ့ပေးခြင်း၊ကိုယ် အလေးချိန်ကျဆင်းစေခြင်း၊အကျိုး ပြုကိုလက်စတီရောကိုတက်စေပြီး ဆိုးကျိုးပေးသောကိုလက်စတီရော ကိုကျဆင်းစေခြင်း စသည့်အချက်များ ကိုရရှိစေနိုင်သည်ဟု သိရသည်။ယခု လေ့လာမှုတွင် ဖော်ပြထားချက်အရ လေဖြတ်ခြင်းကိုပါ ထောပတ်သီးက ကာကွယ်ပေးနိုင်

လိမ္မော်သီး(Orange)

လိမ္မော်သီး၌ ဖိုင်ဘာမျှင်၊ သံဓာတ်၊ မီးစုန်းဓာတ်၊ ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်၊ ကြေးနီဓာတ်၊ သွပ်ဓာတ်၊ ဆလမ်နီယမ်၊ ကယ်လိုရီ၊ ကယ်လဆီယမ်ဒာတ်၊ဗီတာမင်စီ တို့ပါရှိသည်

မာလကာသီး(Guava)

မာလကာသီး တစ်လုံးတွင် ဗီတာမင်စီမှာ လိမ္မော်သီး တစ်လုံး၌ ပါရှိသည့် ဗီတာမင်စီ ပမာဏထက် ငါးဆခန့် ပိုများသည်။ မာလကာသီး၌ ဗီတာမင်စီ အပြင် အေနှင့် ဘီ၊ ကယ်လ်ဆီယမ်၊ ဖော့စပရပ်စ်၊ ပိုတက်ဆီယမ်၊ သံဓာတ်၊ ဖောလစ်အက်စစ်နှင့် အမျှင်ဓာတ်တို့ ပါဝင်သည်။ အများဆုံး ပါဝင်သော ဓာတ်များမှာ ဗီတာမင်စီ ၃၀၂ မီလီဂရမ်နှင့် ဗီတာမင် အေ ၂၅၀ မီလီဂရမ်တို့ ဖြစ်ကြသည်။ မာလကာသီးကို သီတင်း တစ်ပတ်လျှင် နှစ်လုံးခန့် စားသုံး သွားပါက သွေးတိုး ကျဆင်းစေပြီး နှလုံး ကျန်းမာရေးကို အထောက်အကူ ပြုကြောင်း အမေရိကန် သုတေသန ပညာရှင်များက ပြောကြားသည်။

***

***

***

***

***

***

***

***

***

***

Showing posts with label ဂေါ်ဖီထုပ် (မုန်လာထုပ်). Show all posts
Showing posts with label ဂေါ်ဖီထုပ် (မုန်လာထုပ်). Show all posts

26 Jan 2014

ကင်ဆာရောဂါ ကာကွယ်နိုင်အောင် ဂေါ်ဖီထုပ်စားပါ

ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီနဲ့ ဘရိုကိုလီ (အစိမ်းရောင် ပန်းဂေါ်ဖီ) လိုမျိုး Cruciferous အမျိုးအစားဝင် ဟင်းသီး ဟင်းရွက်တွေကို အနည်းဆုံး တစ်ပတ် တစ်ကြိမ် စားတာကြောင့် ကင်ဆာ ဖြစ်နိုင်ခြေကို ဖြတ်တောက် နိုင်ကြောင်း သုတေသီ တွေက ဆိုပါတယ်။

 ယခင် လေ့လာမှု အရလည်း ဘရိုကိုလီ၊ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်၊ဂေါ်ဖီလုံး၊ ကန်စွန်းရွက်နဲ့ မုန်လာဥလိုမျိုး Cruciferous အမျိုးအစား ဟင်းသီး ဟင်းရွက်တွေ စားတာကြောင့် ကင်ဆာ ဆဲလ်တွေကို သတ်ပစ် နိုင်ပြီး ဆေးဝါး အသစ်တွေ ထုတ်လုပ် နိုင်မယ်လို့ မျှော်လင့် ထားပါတယ်။ 

 အထူးသဖြင့် ဘရိုကိုလီမှာ ပါဝင်တဲ့ ဆာဖိုရက်ဖိန်းဟာ ဆီးကျိတ် ကင်ဆာ ဆဲလ်တွေကို ဖျက်ဆီး ပစ်နိုင်တယ်လို့ တွေ့ရှိ ခဲ့ပါတယ်။ 

ယခု လေ့လာမှု အရ Cruciferous အမျိုးအစား ဟင်းသီး ဟင်းရွက်ကို အနည်းဆုံး တစ်ပတ် တစ်ကြိမ် စားသူတွေဟာ မစား သူတွေထက် ခံတွင်း ကင်ဆာ ဖြစ်နိုင်ခြေ ၁၇ရာခိုင်နှုန်း၊ အစာမျိုးပြန် ကင်ဆာ ဖြစ်နိုင်ခြေ ၂၈ ရာခိုင်နှုန်း၊ အူမကြီးနဲ့ သားမြတ် ကင်ဆာ ဖြစ်နိုင်ခြေ ၁၇ ရာခိုင်နှုန်းနဲ့ ကျောက်ကပ် ကင်ဆာ ဖြစ်နိုင်ခြေ ၃၂ရာခိုင်နှုန်း လျှော့ချ နိုင်ကြောင်း တွေ့ရှိ ခဲ့ပါတယ်။

12 Nov 2012

ဂေါ်ဖီထုပ် (မုန်လာထုပ်) မှရသော ကျန်းမာရေး အကျိုးကျေးဇူး

ဂေါ်ဖီထုပ် (မုန်လာထုပ်) (Cabbage) မှ ရတဲ့ ကျန်းမာရေးအကျိုးကျေးဇူး များစွာ ရှိပါတယ်။
- ခန္ဓာကိုယ်တွင်း နေရာအများစုက အညစ်အကြေးတွေကို သန့်ရှင်း ပေးပါ တယ်။ ကိုယ်တွင်း ဗိုင်းရက်တွေကို နှိမ်နှင်းပေး တဲ့ ပိုးသတ်ဆေး တစ်မျိုး လည်း ဖြစ်ပါတယ်။


- ဝမ်းပုံမှန် မသွားသူများ စားသုံးသင့်ပြီး သွေးဖိအားများသူ များလည်း မှီဝဲသင့်တဲ့ ဟင်းအမယ်တစ်မျိုး ဖြစ်ပါတယ်။

- အဆီချ ပရိုဂရမ်မှာ ထည့်သွင်း စားသုံးသင့်တဲ့ အရွက် ဖြစ်ပါ တယ်။ ဂေါ်ဖီထုတ်က အဆီကျပြီး ပိန်စေတတယ်လို့ ဆိုပါတယ်။

- ပန်းနာ၊ ရင်ကြပ်၊ ချောင်းဆိုး၊ အအေးမိ၊ တုပ်ကွေး အစရှိတဲ့ အသက်ရှု လမ်းကြောင်းနဲ့ ပက်သက်တဲ့ ရောဂါအားလုံးကိုလည်း ပျောက်ကင်းစေ ပါတယ်။

- ချွေးထွက်များပြီး ရောဂါခဏခဏဖြစ်နေသူများလည်း ဂေါ်ဖီထုပ် မှီဝဲ သင့်ပါတယ်။

- ဗိုက်တာမင် A, B, C, E အစရှိတဲ့ ဓာတ်များ ပါဝင်ပါတယ်။

- ကယ်လ်ဆီယံ၊ ကလိုရင်း၊ အိုင်အိုဒင်း၊ အိုင်းရွန်း၊ မဂ္ဂနီဆီယမ်၊ ဖော့စဖောရက်စ်၊ ပိုတက်ဆီယမ်၊ ဆာလဖာ အစရှိတဲ့ သံဓာတ်/ Minerals များလည်း ပါဝင်တဲ့အတွက် ဂေါ်ဖီထုတ်/မုန်လာထုပ် ဟာ ပုံမှန် မှီဝဲ စားသုံးသင့်တဲ့ အစားအစာ ဖြစ်တယ်လို့ ဆေးပညာရှင်များက တိုက်တွန်း ထားပါတယ်။
---
Ref: medicfact

http://innewsmyanmar.blogspot.com/2012/10/blog-post_9818.html

By International News for Myanmar

ဂေါ်ဖီထုပ်၏ ကျန်းမာရေး အကျိုးကျေးဇူးများ

ဂေါ်ဖီထုပ်ကို တစ်နှစ်ပတ်လုံး ဝယ်ယူရရှိနိုင်ပြီး စွမ်းအင်မြင့်မားတဲ့ ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်းဓာတ်၊ သကြား၊ အမျှင်ဓာတ်၊ အဆီ၊ သိုင်ယာမင်း၊ နိုင်ယာစင်၊ ရိုင်ဘိုဖလေဗင်၊ ပန်တိုသီးနစ်အက်စစ်၊  ဗီတာမင် စီ၊ ကေ၊ B6 ၊ ဖောလိတ်၊ ကယ်လ်စီယမ်၊ သံဓာတ်၊ မဂ္ဂနီဆီယမ်၊ ဖော့စ်ဖရပ်စ်နဲ့ ဇင့် (သွပ်) ဓာတ်တို့ ပါဝင်ပါတယ်။ ဂေါ်ဖီထုပ်ကို အစိမ်းလိုက် စားလေ့ရှိသလို၊ အချဉ်တည်ပြီး၊ ဟင်းချက်ပြီး၊ စွပ်ပြုတ်လုပ်ပြီး၊ ကြော်ပြီးစားလေ့ ရှိကြပါတယ်။ အရသာရှိတဲ့ ဂေါ်ဖီထုပ်မှာ အောက်ပါကျန်းမာရေး အကျိုးကျေးဇူးတွေ ပါဝင်ပါတယ်။

(၁) မကောင်းတဲ့ ကိုလက်စထရောကို သိသိသာသာ လျော့ကျစေပါတယ်

ဂေါ်ဖီထုပ်ဟာ သွေးတွင်း မကောင်းတဲ့ ကိုလက်စထရော လျော့ကျစေရေးမှာ အလွန်ထိရောက်မှု ရှိပါတယ်။ ဂေါ်ဖီထုပ်ဟာ အစာခြေစနစ်ရှိ သည်းခြေအက်စစ်တွေနဲ့ ပေါင်းပြီး ခန္ဓာကိုယ်အပြင်သို့ ကိုလက်စထရောကို ထွက်သွားစေလို့ပါ။ ဂေါ်ဖီထုပ်ကို အစိမ်းလိုက် စားရင် ဒါမှမဟုတ် သုပ်စားရင် ပိုမို အာနိသင်ရှိပါတယ်။ အစိမ်းလိုက် မစားချင်ရင် အနည်းငယ်ပြုတ်ပြီး ဆားနဲ့ ငရုတ်ကောင်းမှုန့်ဖြူးပြီး စားပေးပါ။ ဂေါ်ဖီထုပ်မှာ အမျှင်ဓာတ်များစွာ ပါဝင်တာကြောင့် အစာခြေစနစ်ကို ကျန်းမာစေပါတယ်။

(၂) ရောင်ရမ်းမှုကို လျော့ကျစေပါတယ်

ဂေါ်ဖီထုပ်မှာပါတဲ့ ရောင်ရမ်းမှုကျစေတဲ့ အာဟာရဓာတ်တွေက ခန္ဓာကိုယ်ရဲ့ ကျန်းမာရေး အခြေအနေကို ကောင်းမွန်အောင် လှုံ့ဆော် ကူညီနိုင်ပါတယ်။ ကိုယ်တွင်း ရောင်ရမ်းမှုဖြစ်ရင် ရောဂါဝေဒနာမျိုးစုံ ဖြစ်နိုင်ခြေ ရှိပါတယ်။ ရောင်ရမ်းမှုကျစေတဲ့ အာဟာရဓာတ်တွေပါတဲ့ ဂေါ်ဖီထုပ်ကို သုံးရက်ကြာတိုင်း အနည်းဆုံး တစ်ကြိမ်စားပေးရင် ရောင်ရမ်းမှုကို လျော့ကျစေပါတယ်။ ဒါပေမဲ့ ဂေါ်ဖီထုပ်ကို အကြာကြီး ချက်ပြုတ်တာမျိုး မလုပ်ပါနဲ့။ ဂေါ်ဖီထုပ်မှာပါတဲ့ ပရိုတင်းနဲ့ အာဟာရဓာတ်တွေ အားလုံး ဆုံးရှုံးသွားနိုင်လို့ပါ။ ကိုယ်တွင်းမှာ ရောင်ရမ်းမှု ကျစေတဲ့ အာဟာရဓာတ်တွေ မရှိရင် နာတာရှည် ရောင်ရမ်းမှုဖြစ်ပြီး ကင်ဆာရောဂါ အမျိုးမျိုးကို ဖြစ်စေနိုင်ပါတယ်။

(၃) ကင်ဆာရောဂါ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်

ဂေါ်ဖီထုပ်မှာ များများပါဝင်တဲ့ အင်တီအောက်ဆီးဒင့် ဓာတ်တွေက ကင်ဆာရောဂါ အမျိုးမျိုးရဲ့ အန္တရာယ်မှ ကာကွယ်ပေးနိုင်ကြောင်း လေ့လာမှု အမျိုးမျိုးက သက်သေပြခဲ့ပါတယ်။ ဂေါ်ဖီထုပ်မှာ ကင်ဆာကို တွန်းလှန်ပေးနိုင်တဲ့ ဂလူကိုစီးနိုးလိတ်ဆိုတဲ့ ဓာတ်ပါဝင်တာကြောင့် အိုက်ဆိုသိုင်ယိုဆိုင်ယာနိတ်ဆိုတဲ့ ဓာတ်ပေါင်းအဖြစ် ကူးပြောင်းကာ ကင်ဆာဆဲလ်တွေကို တွန်းလှန်ပေးတာနဲ့ ဖျက်ဆီးတာတွေကို လုပ်ဆောင်ပေးပါတယ်။ ဒါကြောင့် ဂေါ်ဖီထုပ်ကို အရင်ကတည်းက ကင်ဆာတွန်းလှန်ပေးတဲ့ အစာအဖြစ် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

(၄) အစာခြေစနစ်ကို ကျန်းမာစေပြီး အစာအိမ်အနာကို ကျက်စေပါတယ်

ဂေါ်ဖီထုပ်မှာပါတဲ့ အမျှင်ဓာတ်တွေဟာ အစာခြေစနစ် ကျန်းမာအောင် ထိန်းသိမ်းပေးနိုင်ရုံ သာမက အစာအိမ် အနာတွေကို ကျက်စေတယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။ ဂေါ်ဖီထုပ်မှာ ပရိုတင်းဓာတ်၊ သတ္တုဓာတ်နဲ့ ဗီတာမင်ဓာတ်တို့ များစွာ ပါဝင်တာကြောင့် အစာအိမ်နဲ့ အူလမ်းကြောင်း ဝေဒနာတွေကို သက်သာစေပါတယ်။ ဂေါ်ဖီထုပ်မှာပါတဲ့ အမိုင်နိုအက်စစ်နဲ့ ဂလူတာမင်း တို့ကလည်း အူတွေကို ကျန်းမာစေပြီး ကိုယ်တွင်းက ဘက်တီးရီးယားတွေ ထုတ်လုပ်မှုကို မျှတအောင် ကူညီနိုင်ပါတယ်။ ဒါကြောင့် အစာကြေညက်ကာ ရောဂါဝေဒနာတွေရဲ့ ဖြစ်နိုင်ခြေကို လျော့ကျစေနိုင်ပါတယ်။

(၅) စွမ်းအင်ကို တိုးစေပါတယ်

ဂေါ်ဖီထုပ်မှာ စွမ်းအင်အဆင့် မြင့်မားစွာ ပါဝင်တာကြောင့် တက်ကြွစေပြီး လန်းဆန်း နေစေပါတယ်။ ဂေါ်ဖီထုပ်မှာပါတဲ့ ဗီတာမင် ဘီ ဟာ စွမ်းအင်မြင့်မားစွာ ထုတ်ပေးနိုင်ပါတယ်။ ဂေါ်ဖီထုပ်က များများစားရင် လေထစေနိုင်တဲ့အတွက် အသင့်အတင့်ပဲ စားသင့်ပါတယ်။

(၆) အရေပြား အိုမင်းမှု မဖြစ်အောင် ကာကွယ်ပေးပါတယ်

ဂေါ်ဖီထုပ်မှာ ဘီတာကယ်ရိုတင်းလို အိုမင်းမှု တားဆီးပေးတဲ့ ဒြပ်ပေါင်းတွေများစွာ ပါဝင်သလို အင်တီအောက်ဆီးဒင့်ဖြစ်တဲ့ ဗီတာမင်စီလည်း များစွာပါဝင်ပါတယ်။ ဒါကြောင့် အရေပြားဆဲလ်တွေ ထိခိုက်မှု မဖြစ်အောင် ပြန်လည် ပြုပြင်ပေးနိုင်ပြီး အရေပြား တောက်ပကြည်လင်စေကာ အရေပြား အိုမင်းမှုမဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ ဒါကြောင့် နုပျိုလှပစေဖို့ ဂေါ်ဖီထုပ်ကို မှန်မှန်စားပေးသင့်ပါတယ်။

 ကြယ်စင်
Ref: Good Health
Source>> http://news.yatanarpon.com.mm/news/review-63971
 http://www.facebook.com/notes/health-articles/

Twitter Delicious Facebook Digg Stumbleupon Favorites More