Pages - Menu

26 Jan 2014

ကင်ဆာရောဂါ ကာကွယ်နိုင်အောင် ဂေါ်ဖီထုပ်စားပါ

ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီနဲ့ ဘရိုကိုလီ (အစိမ်းရောင် ပန်းဂေါ်ဖီ) လိုမျိုး Cruciferous အမျိုးအစားဝင် ဟင်းသီး ဟင်းရွက်တွေကို အနည်းဆုံး တစ်ပတ် တစ်ကြိမ် စားတာကြောင့် ကင်ဆာ ဖြစ်နိုင်ခြေကို ဖြတ်တောက် နိုင်ကြောင်း သုတေသီ တွေက ဆိုပါတယ်။

 ယခင် လေ့လာမှု အရလည်း ဘရိုကိုလီ၊ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်၊ဂေါ်ဖီလုံး၊ ကန်စွန်းရွက်နဲ့ မုန်လာဥလိုမျိုး Cruciferous အမျိုးအစား ဟင်းသီး ဟင်းရွက်တွေ စားတာကြောင့် ကင်ဆာ ဆဲလ်တွေကို သတ်ပစ် နိုင်ပြီး ဆေးဝါး အသစ်တွေ ထုတ်လုပ် နိုင်မယ်လို့ မျှော်လင့် ထားပါတယ်။ 

 အထူးသဖြင့် ဘရိုကိုလီမှာ ပါဝင်တဲ့ ဆာဖိုရက်ဖိန်းဟာ ဆီးကျိတ် ကင်ဆာ ဆဲလ်တွေကို ဖျက်ဆီး ပစ်နိုင်တယ်လို့ တွေ့ရှိ ခဲ့ပါတယ်။ 

ယခု လေ့လာမှု အရ Cruciferous အမျိုးအစား ဟင်းသီး ဟင်းရွက်ကို အနည်းဆုံး တစ်ပတ် တစ်ကြိမ် စားသူတွေဟာ မစား သူတွေထက် ခံတွင်း ကင်ဆာ ဖြစ်နိုင်ခြေ ၁၇ရာခိုင်နှုန်း၊ အစာမျိုးပြန် ကင်ဆာ ဖြစ်နိုင်ခြေ ၂၈ ရာခိုင်နှုန်း၊ အူမကြီးနဲ့ သားမြတ် ကင်ဆာ ဖြစ်နိုင်ခြေ ၁၇ ရာခိုင်နှုန်းနဲ့ ကျောက်ကပ် ကင်ဆာ ဖြစ်နိုင်ခြေ ၃၂ရာခိုင်နှုန်း လျှော့ချ နိုင်ကြောင်း တွေ့ရှိ ခဲ့ပါတယ်။

Twitter Delicious Facebook Digg Stumbleupon Favorites More