Pages - Menu

ဆန်လုံးညို(Brown Rice)

ဆန်ဖြူကို ကြိတ်ခွဲလိုက်တာကြောင့် ဗီတာမင် B3 ၆၇ ရာခိုင်နှုန်း၊ ဗီတာမင် B1 ၈၀ ရာခိုင်နှုန်း၊ ဗီတာမင် B6 ၉၀ ရာခိုင်နှုန်း၊ မဂ္ဂနီဆီယမ်တစ်ဝက်၊ ဖော့စ်ဖရပ်စ် တစ်ဝက်၊ သံဓာတ် ၆၀ ရာခိုင်နှုန်းနဲ့ အမျှင်ဓာတ်အားလုံး ဆုံးရှုံးသွားခဲ့ ပါတယ်။

သံလွင်ဆီ(Olive Oil)

သံလွင်ဆီမှာ ဗီတာမင် အေ၊ ဗီတာမင် ဘီဝမ်း၊ ဘီတူး၊ ဗီတာမင်စီ၊ ဒီ၊ အီးနဲ့ ကေစတဲ့ ဗီတာမင်ဓာတ်တွေ ပါဝင်ပြီး သံဓာတ်နဲ့ အိုမီဂါ ၉ လည်း ပါဝင်ပါတယ်။

ပြောင်းဖူး(Corn)

ပြောင်းဖူးမှာ ဗီတာမင်B1 ဗီတာမင်B5 ဗီတာမင်C ဗီတာမင်B9လို့ခေါ်ဖောလိတ် .....ပြောင်းဖူး၏ ကျန်းမာရေး အာနိသင် မှာဆက်ဖတ်ပါ....

ထောပတ်သီး(Avacado)

အာဟာရများကိုဖြည့်တင်းပေးနိုင်ရုံ သာမက သဘာဝမှရသောသကြား ဓာတ်ကိုထောက်ပံ့ပေးခြင်း၊ကိုယ် အလေးချိန်ကျဆင်းစေခြင်း၊အကျိုး ပြုကိုလက်စတီရောကိုတက်စေပြီး ဆိုးကျိုးပေးသောကိုလက်စတီရော ကိုကျဆင်းစေခြင်း စသည့်အချက်များ ကိုရရှိစေနိုင်သည်ဟု သိရသည်။ယခု လေ့လာမှုတွင် ဖော်ပြထားချက်အရ လေဖြတ်ခြင်းကိုပါ ထောပတ်သီးက ကာကွယ်ပေးနိုင်

လိမ္မော်သီး(Orange)

လိမ္မော်သီး၌ ဖိုင်ဘာမျှင်၊ သံဓာတ်၊ မီးစုန်းဓာတ်၊ ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်၊ ကြေးနီဓာတ်၊ သွပ်ဓာတ်၊ ဆလမ်နီယမ်၊ ကယ်လိုရီ၊ ကယ်လဆီယမ်ဒာတ်၊ဗီတာမင်စီ တို့ပါရှိသည်

မာလကာသီး(Guava)

မာလကာသီး တစ်လုံးတွင် ဗီတာမင်စီမှာ လိမ္မော်သီး တစ်လုံး၌ ပါရှိသည့် ဗီတာမင်စီ ပမာဏထက် ငါးဆခန့် ပိုများသည်။ မာလကာသီး၌ ဗီတာမင်စီ အပြင် အေနှင့် ဘီ၊ ကယ်လ်ဆီယမ်၊ ဖော့စပရပ်စ်၊ ပိုတက်ဆီယမ်၊ သံဓာတ်၊ ဖောလစ်အက်စစ်နှင့် အမျှင်ဓာတ်တို့ ပါဝင်သည်။ အများဆုံး ပါဝင်သော ဓာတ်များမှာ ဗီတာမင်စီ ၃၀၂ မီလီဂရမ်နှင့် ဗီတာမင် အေ ၂၅၀ မီလီဂရမ်တို့ ဖြစ်ကြသည်။ မာလကာသီးကို သီတင်း တစ်ပတ်လျှင် နှစ်လုံးခန့် စားသုံး သွားပါက သွေးတိုး ကျဆင်းစေပြီး နှလုံး ကျန်းမာရေးကို အထောက်အကူ ပြုကြောင်း အမေရိကန် သုတေသန ပညာရှင်များက ပြောကြားသည်။

***

***

***

***

***

***

***

***

***

***

Showing posts with label ထမင်း. Show all posts
Showing posts with label ထမင်း. Show all posts

27 Apr 2014

ငါးထမင်းနယ်

ရှမ်းဆန်.............( ၄) ခွက် (ဆန်ချင်ခွက်)
ငါးရံ. ................၂၀ ကျပ်သား
အာလူးကြီးကြီး.....၃ လုံး
ခရမ်းချဉ်သီးမှည့်မှည့်..၃၀ ကျပ်သားခန်.
ရှမ်းပဲပုတ်ပြား...........၃ ချပ်

ဆန်ကို...ပေါင်းအိုးမှာ..ပုံမှန်ထက်..အနည်းငယ်လေးအိအောင်ချက်ပြီးအအေးခံထားပါ..။

ငါးကိုဆား၊နနွင်းအနည်းငယ်၊ကြက်သွန်ဖြူ၂တက်လောက်ဓါးပြားရိုက်ထည့်ကာပြုတ်ပြီး..
အအေးခံထားပါ။ အေးပြီဆိုရင်..အရေခွံတွေဖယ်ပြီး..အသားသီးသန်.နွှင်ထားပါ..။

ခရမ်းချဉ်သီးကို နနွင်းမှုန်. ၊ အရောင်တင်အနည်းငယ်ထည့်ပြုတ်ပြီး..အခွံတွေ
ဖယ်ထုတ်ကယယအနှစ်တိုက်ပုံစံချေထားပါ။

အာလူး ကိုပြုတ်ပြီး..ပါးပါးလှီးထားသလို ၊ ရှမ်းပဲပုတ်ကိုကြွပ်အောင်ကင်ပြီးမှုန်.
နေအောင်ထောင်းပါ။

တွဲဖက်စားသုံးရန်အတွက် မြေပဲကြော် ၊ ငရုတ်ခြောက်တောင့်ကြော် ၊ ကြက်
သွန်ဖြူ ဆီချက်တွေပြင်ဆင်ထားပါ။

နောက်ထပ်တွဲဖက်စားသုံးရန် ၊ နံနံပင် ၊ ဂျူးမြစ် ၊ ဆလတ်ရွက်တွေကိုရေဆေးသန်.စင်ပါ။

အအေးခံထားတဲ့ထမင်းကို ဇလုံကြီးကြီးထဲမှာထည့် ပြီး ၊ ငါးပြုတ် ၊ ခရမ်းချဉ်သီးအနှစ် ၊ ပဲပုတ်ထောင်း ၊ အာလူးပြုတ်တွေကို ရောထည့်ကာ ဆား၊

ဟင်းခတ်မှုန်.တို.ထည့်ပြီး..လက်ဖနှောင့်နဲ.ထိုးပြီးနှံ.အောင်နယ်ပေးပါ။

ထမင်းလက်တစ်ဆုပ်စာခန်.ကို..ခပ်လုံးလုံးပုံစံလေးလုံးပြီးမှအနည်းငယ်ဖိပြားပေးပါ။

ကြက်သွန်ဖြူ ဆီချက်လေးဆမ်းပြီး.မြေပဲကြော် ၊ ငရုတ်ခြောက်တောင့်ကြော် ၊
ဂျူးမြစ် ၊ နံနံပင် ၊ ဆလတ်ရွက်လေးတွေနဲ.တွဲဖက်သုံးဆောင်နိုင်ပါတယ်။

ပာင်းချက်နည်းများ

7 Feb 2014

ပြည်(အင်းမ) ထမင်းသုပ်

 
ထမင်း
မုန်.ဟင်းခါးဖတ်
မြေပြန်.တိုဟူး
သဘောင်္သီးစိမ်း
ကြက်သွန်နီကြော်
ကြက်သွန်ဖြူဆီချက်
မြေပဲထောင်း
ပဲမှုန်.အကျက်
ငရုတ်သီးအလှော်မှုန်.
မန်ကျည်းမှည့်ရည်
ငံပြာရည် ၊ အရသာမှုန်.
ရှောက်ရွက်ပါးပါးလှီး...

ထမင်းကိုခပ်မာမာလေးချက်ပြီးအအေးခံထားပါ။

သဘောင်္သီးတွေကို စိန်ခလုတ်အသေးမျိုးနဲ.အမျှင်သေးရအောင်ခြစ်ပါ။

မြေပြန်.တိုဟူးတွေကိုပါးပါးလှီးပါ။

ကြက်သွန်နီကို ရွှေအိုရောင်ကြွပ်ကြွပ်ကြော်ပြီးဆယ်ယူစစ်ထားပါ။

ကြက်သွန်ဖြူကို နနွင်းအရောင်တင်မှုန်.တို.နှင့်ဆီချက်သတ်ထားပါ။

ထမင်းထဲကို ငံပြာရည် ၊ အရသာမှုန်. ၊ ကြက်သွန်ဖြူ ဆီချက် ၊ မန်ကျည်းမှည့်
ရည် ၊မြေပဲထောင်း.၊ပဲကျက်မှုန်.၊ငရုတ်လှော်မှုန်.
တို.နဲ.အရင်စနယ်ပြီး...နယ်ရင်းမှ..
သင်္ဘောသီးခြစ် ၊ မုန်.ဖတ် ၊ တိုဟူး၊ ရှောက်ရွက်တို.ထည့်ပြီးသမအောင်ခပ်ဖွ
ဖွလေးနယ်ပါ..။

နောက်ဆုံးမှကြက်သွန်နီကြော်လေးတွေထည့်ပြီးသုံးဆောင်ပါ။

(ကျွမ်းကျင်သူကတော့အားလုံးတစ်ခါတည်းထည့်ပြီး..နယ်လိုက်တာပါပဲ...။)

မူရင်းသင်ကြားပေးသူကို အထူးဂါဝရပြုကျေးဇူးတင်ရှိပါကြောင်း..ဒီပေ့ခ်ျကနေ
အသိအမှတ်ပြုလိုက်ပါတယ်...။


ပာင်းချက်နည်းများ

30 Jan 2014

ကြက်ထမင်းပေါင်း

 
ပါဝင်ပစ္စည်းများ
**********

ကြက်သား....... အနည်းငယ်
ငုံးဥ
ဂေါ်ဖီထုပ်........
မုန်ညှင်းဖြူ.......
ပန်းဂေါ်ဖီဖြူ /စိမ်း...
မျှစ်ချို.......
ကောက်ရိုးမှို / ကြွက်နားရွက်မှို
ဘိုစားပဲ / ရွှေပဲသီး
ပြောင်းဖူးသေးသေး ( baby corn )
မုန်လာဥနီ........

ဒီလောက်ဆိုထမင်းပေါင်းလုပ်ဖို.ပြည့်စုံပါပြီ....။

ဟင်းသီးဟင်းရွက်တွေကို အနေတော်လောက်လေးတွေလှီးဖြတ်ပြီး..
ရေနွေးဆူဆူမှာ ရေနွေးဖျော ပြီးရေအေးလောင်းအအေးခံထားပါ..။

ဒယ်အိုးတစ်လုံးမှာ ဆီအနည်းငယ်ကိုအပူပေးပြီးနှမ်းဆီရှိရင်လည်း..၃-၎
စက်လောက်ထည့်ပါ..။

ကြက်သွန်ဖြူ ၃ တက်လောက်ကိုဓါးပြားရိုက်ထည့်ကြော်ပြီး..ကြက်သားပါးပါးလှီးကိုထည့်ပါ။

ကြက်သားကြော်နေစဉ်..လေးစိတ်ခွဲခရမ်းချဉ်သီးလည်းထည့်ပါ..။

ရေနွေးဖျောထားတဲ့ ဟင်းသီး/ ရွက် တွေထည့်ပြီးကြော်ပါ။
ပြုတ်ပြီးအခွံခွါထားတဲ့ ငုံးဥလေးတွေလည်းထည့်ပါ။

ကြက်ပြုတ်ရည်(သို.)ရေ လက်ဖက်ရည်ပန်းကန်(၁)လုံးစာလောက်ထည့်ပြီး..ပဲငံပြာရည်အကြည် ၊ ဆား၊ သကြား ၊ ဟင်းခတ်မှုန်. ၊ခရုဆီတို.နှင့်အရသာသွင်းပါ။

ချိုတဲ့အရသာမှာသကြားဖက်ကိုဦးစားပေးပါ။

နောက်ဆုံးငရုတ်ကောင်းမှုန်.လေးဖြူးကာ..ရေဖျော်ထားတဲ့ ကော်မှုန်.(သို.)
ပြောင်းမှုန်.လေးဖြင့်..မပျစ်မကျဲလေး ဆွဲကာ ထမင်းပူပူ အနည်းငယ်ပေါ်
လောင်းချ လိုက်ရင် မြန်မာပြည်ကရောင်းတဲ့ ထမင်းပေါင်း ရပါပြီ...။

မိမိနှစ်သက်ရာအချဉ်လေးနှင့်တွဲဖက်သုံးဆောင်ပါ..။


ပာင်းချက်နည်းများ

24 Jan 2014

ငါးနှင့် သီးစုံထောပတ်ထမင်းချက်

ငါးနှင့် သီးစုံထောပတ်ထမင်းချက်
(Fish and Mix Begetable Rice)
.........................................................
ခါတိုင်း မြင်နေ တွေ့နေကျ အဆီအ၀င်းဝင်း နဲ့ ထောပတ်ထမင်းမျိုးတော့
မဟုတ်ပါဘူး။ အားလုံး ကျန်းမာရေးနဲ့ညီညွတ်စွာ စားသုံးနိုင်အောင်
ပြန်လည်ဆန်းသစ်ထားပါတယ်။ ငါးအသားကိုနွှင်ပြီး ဆန်နဲ့ မုန်လာဥနီ၊
ပဲစိမ်းနဲ့ ပြောင်းဖူး အရသာလေးနဲ့ မအီမစိမ့်အောင် ဖန်တီးတီထွင်လိုက်ပါတယ်။
မစည်ကတော့ မိုက်ကရိုဝေ့နဲ့ပဲ အလွယ်တကူချက်ပါတယ်။
ထမင်းပေါင်းအိုးနဲ့လည်း ချက်လို့ရပါတယ်။

ငါးပြုတ်ရန် ပါဝင်ပစ္စည်းများ
......................................
• ငါး - ၃၀ ကျပ်သား
(အနေတော်ကွင်းထားပါ။ အရိုးမများသောငါးကိုသုံးပါ)
• ကြက်သွန်ဖြူ - ၃ မြွှာ (ဓားပြားရိုက်ထားပါ)
• စပါးလင် - ၁ချောင်း (ထုပြီး အထုံးထုံးထားပါ)
• ငရုတ်ကောင်းစေ့ - အနည်းငယ် (အမည်း)
• ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ
• ငံပြာရည် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• ရေ - ငါးတုံးမြုတ်ရုံသုံးပါ

ပြုလုပ်နည်း
..................
၁။ အိုးထဲ ပစ္စည်းများအားလုံးထည့်ပြီး ပြုတ်ပါ။ အိုးအဖုံးဖုံးထားပြီး
ပြုတ်လျှင် ပိုကောင်းပါတယ်။ ရေအနည်းငယ် ခန်းတဲ့အထိတည်ပါ။
ရေခန်းသွားလျှင် မီးဖိုပေါ်မှချပါ။

၂။ ငါးတုံးလေးများ ပန်းကန်ထဲဆယ်ထည့်ပြီး အအေးခံပါ။
အေးလျှင် အရိုးနွှင်ထားပါ။

ထမင်းချက်ရန် ပါဝင်ပစ္စည်းများ
..........................................
• ဆန် - ၂ ခွက် (မုန့်လုပ်ရန်တိုင်းသောခွက်)
• ရေ - ၂ ခွက်ခွဲ (မုန့်လုပ်ရန်တိုင်းသောခွက်)
• အသီးစုံရော - ခွက်တစ်ဝက် (မုန့်လုပ်ရန်တိုင်းသောခွက်)
• ထောပတ် - ထမင်းစားဇွန်း ၂ ဇွန်း
(Supermarket မှာရောင်းသော Butter သုံးပါ)
• ငါးအသား - ပြုတ်ပြီးသား အရိုးနွှင်ထားသော ငါးအသားများ အကုန်ထည့်ပါ
• စပါးလင် - လက်ဖက်ရည်ဇွန်း တစ်ဝက် (အရည်)

ပြုလုပ်နည်း
................
၁။ မိုက်ကရိုဝေ့နဲ့ချက်မယ့် ထမင်းပေါင်းအိုးထဲကို ပါဝင်ပစ္စည်းများ
အားလုံးထည့်ပြီး မိနစ် ၃၀ -၄၅ မိနစ်လောက်တည်ပေးပါ။

၂။ ၂၅ မိနစ်လောက်ဆို မိုက်ကရိုဝေ့ကို ခဏရပ်ပြီး မွှေပေးပါ။
ပြီးလျှင် ၁၀ မိနစ်လောက်ပြန်တည်ပါ။

၃။ အနံ့မွှေးပြီး ထမင်းကော ဟင်းသီးစုံပါ နူးအိလာလျှင် ရပါပြီ။
ပူပူလေး ငရုတ်သီးအညာထောင်း၊ ကြက်သားဟင်း၊ ဆိတ်သားဟင်း၊
ငါးဟင်းတို့ဖြင့် အတူတွဲစားလျှင် လိုက်ဖက်ပါတယ်။

မှတ်ချက် - ထောပတ်ကို လိုသလောက် အလျှော့အတင်းလုပ်လို့ရပါတယ်။
(မိုက်ကရိုဝေ့အတွက် ပေါင်းအိုးဆိုတာ သက်သက်ရှိပါတယ်)

Syi Lwin Foods Garden
www.syilwinfoodsgarden.blogspot.com

23 Jan 2014

ကြက်ဆီထမင်း


ထိုင်းစတိုင် ကြက်ဆီထမင်းလေးပါ။ ထိုင်းစတိုင် အရသာစစ်စစ်နဲ့ ကြက်ဆီထမင်းက ရန်ကုန်မှာစားနေကျ ကြက်ဆီထမင်းနဲ့တော့ အရသာမတူသာ အမှန်ပါ။ ဒါပေမယ့် စားလို့လည်းကောင်းပြီ လုပ်ရတာလည်း မခက်ပဲ လွယ်လွယ်ကူကူပင် လုပ်စားနိုင်သည်မို့ ကြက်ဆီထမင်းကို ခုပဲ လုပ်လိုက်ကြရအောင်…
ကြက်ဆီထမင်း ပါဝင်ပစ္စည်းများ
  • ကြက်ရင်ဗုံသား(သို့)ကြက်ပေါင်ရင်သား ♦ ၆၀၀ ဂရမ် (၄ခု)
  • ရိုးရိုးဆန်                                                    ♦ နို့ဆီခွက် ၃ခွက်
  • ဆား                                                            ♦ လက်ဖက်ရည်ဇွန်း တ၀က်
  • ပဲငံပြာရည် အနောက်                                 ♦ လက်ဖက်ရည်ဇွန်း တ၀က်

  • နံနံပင်                                                          ♦ ၁စည်း (ရေဆေးထား အမြီဖြတ်ပါ)
  • သခွာသီး                                                     ♦ ၁လုံး (အခွံနွှာ အ၀ိုင်းလှီးပါ)
  • ရေ                                                               ♦ ရခွက်
  • ဂျင်း                                                             ♦ ၆ပြား (ပါးပါးလှီးပြီသား)
  • ကြက်သွန်ဖြူ                                              ♦ ရခု (နှုတ်နှုတ်စဉ်းပေးပါ)

ဆော့တွင် ပါဝင်ပစ္စည်းများ
  • ပဲငံပြာရည် အကြည်      ♦ စားပွဲတင်ဇွန်း ၃ဇွန်း
  • ပဲငံပြာရည် အနောက်    ♦ လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ပဲငပိ အနှစ်                     ♦ စားပွဲတင်ဇွန်း ၃ဇွန်းစာ
  • သကြား                          ♦ စားပွဲတင်ဇွန်း ၁ဇွန်းခွဲ
  • ဗီနီကာ                           ♦ စားပွဲတင်ဇွန်း ၁ဇွန်းခွဲ
  • ဂျင်း                                ♦ စားပွဲတင်ဇွန်း ၂ဇွန်း (နှုတ်နှုတ်စဉ်းထားပါ)
  • ငရုတ်သီးနီ(သို့)စိမ်း      ♦ ၅ခု (ပါးပါးလှီးပါ)

ဆော့ပြုလုပ်နည်း
၁။ ဆော့လုပ်ရန် ခွက်တစ်ခုထဲသို့ (ပဲငံပြာရည် အကြည်၊ အနောက်၊ ပဲငပိ၊ သကြား၊ ဗီနီကာ၊ ဂျင်း၊ ငရုတ်သီးစိမ်း) တို့ကို သမအောင် ရောမွှေလိုက်ပါ။
၂။ သကြားအရေပျော်ရန် မီးနည်းနည်းဖြင့် အပူပေးပြီ ခွက်တစ်ခုထဲ ဆော့ရည် ပြန်ထည့်ထားပေးပါ။

ပြင်ဆင်နည်း
၁။ အရင်ဆုံး ဒယ်ထဲ ကြက်အရေခွံများထည့်ကာ အညှိရောင်သန်းလာအထိ ကြော်ပေးပါ။
မှတ်ချက် ။ ။ ရိုးရိုးဆီနဲ့ ကြက်သွန်ဖြူဆီချက် ချက်လျှင်လည်း ရသည်။ ၀တ်ရည်က ပိုကောင်းအောင် ကြက်အရေခွံသီးသန့် ၀ယ်ထားပြီ ကြော်ခြင်းဖြစ်သည်။

၂။ ပြီလျှင် ကြော်ထားတဲ့ ကြက်အရေခွံများကို ဖယ်ကာ ထိုကြက်ဆီများဖြင့် ကြက်သွန်ဖြူဆီချက် လုပ်ပေးပါ။


 ကြက်ဆီထမင်းချက်နည်း
၃။ ထို့နောက် ကြက်ရင်ဗုံကို ရေဖြင့် သန့်စင်အောင် ဆေးပြီ အခြောက်ပြန်ခံထားပါ။

၎။ ပြီနောက် ဒယ်အိုးတစ်ခုထဲသို့ ရေ(ရခွက်)ထည့်ကာ ဆူအောင်အထိ တည်ထားပေးပါ။
၅။ ပြီမှ ဆူလာလျှင် ကြက်ရင်ဗုံ၊ ဆား(စားပွဲတင်ဇွန်း ၁ဇွန်း)ထည့်ကာ မီးနည်းနည်းဖြင့် အဖုံးအုပ်၍ နူအိအောင် ၄၅မိနစ်ခန့် တည်ထားပေးပါ။
၆။ ရေမျက်နှာပြင်ပေါ် ကြက်အရေခွံမှ ထွက်လာသော ကြက်ဆီများကို ယောက်ဇွန်းဖြင့် ခပ်ပြီ ခွက်တစ်ခုထဲ ထည့်ထားပေးပါ။

ရ။ ထို့ကြက်ဆီရည် ၄ခွက်ခွဲကို အခန်းအပူချိန်နှင့် အအေးခံထားပါ။

၈။ အအေးခံပြီလျှင် ကြက်ဆီထမင်း စချက်ရန် ဆန်(၃လုံး) ရေဆေးပြီသား၊ ကြက်သွန်ဖြူဆီချက်၊ ဂျင်း(၆ပြား)၊ ကြက်ဆီရည်(၄ခွက်ခွဲ)၊ ပဲငံပြာရည်အနောက်(လက်ဖက်ရည်ဇွန်း တ၀က်)၊ ဆား(လက်ဖက်ရည်ဇွန်း ၃ဇွန်း) တို့ ထမင်းအိုးထဲထည့်ရာ ရောမွှေလိုက်ပြီ ရိုးရိုးထမင်းချက်သလို ချက်ပေးပါ။


၉။ ထမင်းချက်နေစဉ်အတွင်း ပြုတ်ထားသော ကြက်သားများကို အရှည်လိုက်ပိုးလှီးပေးထားပါ။

၁၀။ ကြက်ဆီထမင်း ကျက်ပြီဆိုလျှင် ကြက်သား၊ သခွာသီး၊ နံနံပင်၊ ဆော့ရည်တို့ဖြင့် တွဲဖက်သုံးဆောင်နိုင်ပါပြီ…

မှတ်ချက် ။       ။ ကျန်ကြက်ပြုတ်ရည်များကို ဆား၊ ငရုတ်ကောင်းမှုန့် အနည်းငယ်ခပ်ပြီ ဟင်းချိုအဖြစ်တွဲဖက် သုံးဆောင်နိုင်ပါသည်..
 http://www.wutyeefoodhouse.com/?p=3203#comment-11093

ဆန်လုံးညှိ၊ ဟင်းရွက်စုံ ထမင်းကြော်

ဆန်လုံးညှိ၊ ဟင်းရွက်စုံ ထမင်းကြော် ချက်နည်းပါ။ ဆန်လုံးညှိမှာ ရိုးရိုး ဆန်ဖြူထက် ဗီတာမင် ဘီ၊ သံဓာတ် တွေ ပိုပြီ ပါဝင်တဲ့အပြင် ဆီချိုရောဂါရှိသူတွေအတွက် အလွန် သင့်လျော်ပါတယ်။ ဆန်လုံးညှိက ဖွယ်ပြီ ကစီဓာတ်နည်းတာမို့ ၀ိတ်ချချင်သူတွေ စားမယ်ဆိုလည်း သင့်လျော်ပါတယ်။ ဆန်လုံးညှိကို ဒီအတိုင်း ထမင်းချက်သလို၊ ချက်စားနိုင်ပြီ။ ဆန်လုံးညှိက ဆန်ကြမ်းဆိုပေမယ့် ဆန်လုံးညှိကို ထမင်းကြော် အနေနဲ့ အရမ်းစားကောင်းတာမို့ ခုပဲ တူတူချက်ကြည့်ရအောင်…
ပါဝင်ပစ္စည်းများ
  • ဆန်လုံးညှိ (ချက်ပြီသား) – ၂ခွက်စာ (ရိုးရိုးထမင်းချက်သလို Rice cooker နဲ့ချက်ပေးပါ)
  • သံလွင်ဆီ – စားပွဲတင်ဇွန်း ၂ဇွန်း

  • ကြက်ဥ – ၂လုံး (ခလောက်ထားပေးပါ)
  • ကြက်သွန်နီ – ၁ဥ (နှုတ်နှုတ်စဉ်းပါ)
  • ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)
  • ပန်းကော်ဖီ(အစိမ်း) – ၁ခု (အတုံး လတ်များတုံးပါ)
  • မုန်လာဥနီ – ၁ခု (ပါးပါးလှီးပါ)
  • ဘော်ကျိတ် ပုဇွန် – ၁၀ကျပ်သား (အခွံနွှာပေးထားပါ)
  • ပဲငံပြာရည် – စားပွဲတင်ဇွန်း ၂ဇွန်း
  • ဆား – လက်ဖက်ရည်ဇွန်း တ၀က်
  • ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
     ချက်ပြုတ်နည်း
    ၁။ အရင်ဆုံး ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၁ဇွန်း) ထည့်ပြီ ဆီပူလာလျှင် ကြက်ဥ နှင့် ဆား(လက်ဖက်ရည်ဇွန်း တ၀က်) တို့ကို ရောမွှေပြီ လောင်းထည့်ပြီ ရွှေရောင်သန်းလာလျှင် တဖက်လှန်ပေးပြီ ကျက်လျှင် မီးပိတ်လိုက်ပါ။
    ၂။ ထို့နောက် ကြော်ထားသော ကြက်ဥကို လိပ်ပြီ အ၀ိုင်း ပါးပါး လှီးပေးပါ။
    ၃။ ပြီနောက် ဒယ်ထဲ သံလွင်ဆီ(စားပွဲတင်ဇွန်း ၂ဇွန်း) ထည့်ပြီ ဆီပူလာလျှင် ကြက်သွန်ဖြူ၊ ကြက်သွန်နီ ဆီသပ်ပေးပါ။
    ၄။ ပြီမှ ပုဇွန်၊ ပန်းဂေါ်ဖီစိမ်း၊ မုန်လာဥနီ တို့ကို ၂မိနစ်ခန့် သမအောင် ရောမွှေပေးပါ။
     ၃။ ထို့နောက် ဒယ်ထဲ ဆန်လုံးညှိ၊ ကြက်ဥ၊ ပဲငံပြာရည်(အကြည်)၊ ဆား၊ ငရုတ်ကောင်းမှုန့်တို့ကို ရောထည့်ပြီ သမအောင် ၂မိနစ်ခန့် ရောမွှေလိုက်ပါ။
    ၄။ အရသာရှိသော ဆန်လုံးညှိ၊ ဟင်းရွက်စုံ ထမင်းကြော်ကို ပူပူနွေးနွေး သုံးဆောင်လို့ရပါပြီ…

    http://www.wutyeefoodhouse.com/?p=6825

30 Aug 2013

နွားနို့ခဲထမင်း

သက်သတ်လွတ် ထမင်းပွဲနောက်တစ်မျိုးကတော့ နွားနို့ခဲထမင်းပါ။
ဆိမ့်ဆိမ့်လေးနဲ့ စားလို့အရသာရှိတာမို့ သက်သတ်လွတ်သမားတွေ
အကြိုက်တွေ့မှာပါ။

ပါဝင်ပစ္စည်းများ
....................
• ဆန် - တစ်ခွက်ခွဲ (Rice Cooker မှာပါသောခွက်)
• ပဲစေ့အစိမ်း - အနည်းငယ်
• နို့ခဲ - အနည်းငယ် (ခပ်သေးသေးစိတ်ထားပါ)
• ဆီ - စားပွဲဇွန်း ၂ ဇွန်း
• ကြက်သွန်နီ - ၁ ဥ (သေးသေးလှီးထားပါ)
• နံနံပင် - အနည်းငယ်
• မုန်ညင်းစေ့ - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• ဆား - သင့်ရုံ

ချက်ပြုတ်နည်း
....................
၁။ ဆီကို အပူပေးပြီး မုန်ညင်းစေ့များထည့်ကြော်ပါ

၂။ ကြက်သွန်များကိုလည်း ထည့်ပေးပြီး ကြက်သွန်နူးလာလျှင်
ပဲစေ့၊ ဆန်၊ ဆားနှင့် ရေ (ဆန်တစ်ခွက် ရေတစ်ခွက်ခွဲ အချိုးနှင့်ထည့်ပါ)
များကိုထည့်ပေးပြီး ထမင်းကျက်သည်အထိ တည်ပေးပါ။

၃။ ထမင်းချက်နေစဉ် နွားနို့ခဲကို ဆီပါရုံမျှဖြင့် အိုးပူတိုက်ပေးပါ။

၎။ ထမင်းကျက်ပါက နွားနို့ခဲနှင့် နံနံပင်ကို ရောမွှေပေးလိုက်ရင်
စားရန်အသင့်ဖြစ်ပါပြီ။

...................
Evy's Kitchen

ပုန်းရည်ကြီးထမင်းကြော်

ပုန်းရည်ကြီးထမင်းကြော် (၃ ယောက်စာ)
.....................................................
မြန်မာအကြိုက် ပုန်းရည်ကြီးကို အသုပ်ပုံစံကနေခွဲထွက်ပြီး
ထမင်းကြော်အနေနဲ့ အရသာရှိရှိ စားနိုင်ဖို့အတွက်ပါ
ကြော်ကြည့်ရအောင်။
(15 မိနစ် / 1300 Ks)

ပါဝင်ပစ္စည်းများ
.....................
• ထမင်းချက်ပြီးသား - ထမင်းစားပန်းကန်လုံး ၃ လုံး
• ပုန်းရည်ကြီး - စားပွဲဇွန်း ၅ ဇွန်း
• ကြက်ဥ - ၃ လုံး (ခေါက်ထားပါ)
• ဆား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• ငရုတ်ကောင်းအမည်း - အနည်းငယ် (အလှဆင်ရန်)
• ခရမ်းချဉ်သီး - ၁ လုံး (ပါးပါးလှီးထားပါ)
• သခွားသီး - ၁ လုံး (အရှည်လိုက်ပါးပါးလှီးထားပါ)
• ကြက်သွန်မြိတ် - ၂ ပင် (လှီးထားပါ)
• ဆီ - စားပွဲဇွန်း ၃ ဇွန်း
• ကြက်သွန်ဖြူ - ၃ တက် (စဉ်းထားပါ)

ချက်ပြုတ်ပုံ
..................
၁။ အကြော်ဒယ်အိုးတွင် ဆီအပူပေးပြီး ကြက်ဥခေါက်ပြီးသားကို
ကြေပြီးခြောက်လာသည်အထိ မွှေကြော်ပေးပါ။ ကြက်သွန်ဖြူထည့်ပါ။
၂။ ပုန်းရည်ကြီးထည့်ပြီး ဆီသတ်ပါ။
၃။ ဆီအရောင်တက်လာလျှင် ထမင်းထည့်ပြီး မွှေကြော်ပေးပါ။
၎။ ဆားကို ချိန်ဆထည့်ပေးပြီး ငရုတ်ကောင်းအမည်း ထည့်မွှေပေးပါ။
၅။ အားလုံးပြီးမှ ပန်းကန်လုံးအတွင်း ပုံစံရိုက် ထမင်းစားပန်းကန်တွင်
ခရမ်းချဉ်သီး၊ သခွားသီးတို့နှင့် အလှဆင်ပြင်ဆင်ပြီး အပေါ်မှ
ကြက်သွန်မြိတ်နဲ့ ငရုတ်ကောင်းဖြူးပေးပါ။

.............
သစ်ထူး

6 Jun 2013

European ထမင်းကြော်

ပါဝင်ပစ္စည်း
.................
၁။ ဆီ - စားပွဲဇွန်း ၁ ဇွန်း
၂။ ထောပတ် - စားပွဲဇွန်း ၂ ဇွန်း
၃။ ကြက်သွန်ဖြူ - စားပွဲဇွန်း ၁ ဇွန်း
၎။ မုန်လာဥနီ - ၁ လုံး (အတုံးသေးသေးတုံးပါ)
၅။ ပဲသီးစိမ်း - ၅ ဂရမ်
၆။ ပုစွန် - ၄ ကောင်( အတုံးသေးသေးတုံးပါ)
၇။ နကမသ ကြက်အူချောင်း - ၁ ချောင်း
၈။ ကြက်ဥ - ၁ လုံး
၉။ ထမင်း - ၁ ပွဲ
၁၀။ ကြက်သားမှုန့် - စားပွဲဇွန်း ၂ ဇွန်း

ပြုလုပ်ပုံ
...........
ပထမဦးစွာ ထမင်းတစ်ပွဲစာကို ကြက်သားမှုန့် တစ်ဝက်နှင့် နယ်ထားပါ။


 ပြီးလျှင် ပုစွန်ကို ဆီမွှေး၊ ကျန် ကြက်သားမှုန့်တို့နှင့် နယ်ထားပါ။

 ကြက်ဥချောင်းကို အတုံးသေးသေးလေးတွေ တုံးထားပါ။ 

ထို့နောက် ဒယ်အိုးထဲတွင် ဆီနှင့် ထောပတ်ထည့်ပါ။


ပြီးနောက် ကြက်သွန်ဖြူ (နုပ်နုပ်စဉ်း) ကို ဆီသတ်ပြီး အသားပါ ထည့်ဆီသတ်ပါ။


 မုန်လာဥနီနှင့် ပဲသီးစိမ်း ထည့်ကြော်ပါ။ အနံ့မွှေးလာရင် ထမင်းထည့်ကြော်ပါ။ 

ကြက်ဥတစ်လုံးခေါက်ပြီး ဖြန့်ထည့်လိုက်ပါ။ ခဏထားပြီး ရောမွှေကြော်လိုက်ပါ။
ငရုတ်ကောင်းမှုန့်နည်းနည်း ထည့်ဖြူးပါ။ 


ပြီးရင်တော့ အရသာရှိသော
European ထမင်းကြော်ကို သုံးဆောင်နိုင်ပါပြီ။
ထမင်းကြော်ကို ကြက်သား၊ ၀က်သားတို့နှင့်လည်း ကြော်၍ ရပါသည်။

• ဦးညီညီ(Feel Myanmar)

24 Mar 2013

ထမင်းပေါင်း

ထမင်းပေါင်း ကို မကြာခဏ ပေါင်းစားဖြစ်ပါတယ်။ လွယ်လည်းလွယ်ပါတယ်။ စားလို့လည်းအလွန်ကောင်းပြီး လုပ်ရလွယ်လွန်းလို့ အိမ်မှာ ခဏ ခဏ ပေါင်းစားဖြစ်ပါတယ်။
ဟင်းသီးဟင်းရွက်တွေအများကြီးပါလို့ကျန်းမာရေးအတွက်လည်း အလွန်သင့်တော်ပါတယ်။

 ကြည့်ရအောင် . . . ။

ပါဝင်ပစ္စည်းများ( ၅ပွဲစာ)
---------------------------
၁။ ကြက်သား - ၂၀၀ ဂရမ် (၁၃ကျပ်သားခန့်)
၂။ ပုစွန်ကျား - ၁၅ကောင်
၃။ ကြက်အသည်း - ၁၀၀ ဂရမ် (၆ကျပ်သား)
၎။ ငါးဖယ်လုံး - ၅၀ ဂရမ် (၃ကျပ်သားခန့်)
၅။ ပဲပြား - ၅၀ ဂရမ် (၃ကျပ်သားခန့်)

ဟင်းသီးဟင်းရွက်များ(ကြိုက်နှစ်သက်ရာ)
-------------------------------------------
၁။ မုန်လာဥနီ - ၁၀ကျပ်သား
၂။ ပြောင်းဖူးအသေး - ၁၀ကျပ်သား
၃။ ဗိုလ်စားပဲ - ၁၀ကျပ်သား
၎။ မှို- ၅ကျပ်သား
၅။ ပန်းဂေါ်ဖီ- ၁၀ကျပ်သား
၆။ ဘရိုကိုလီ- ၁၀ကျပ်သား
၇။ ငုံးဥ - ၁၂လုံး ( ပြုတ်ထား)
၈။ မျှစ် - ၁၀ကျပ်သား(ပါးပါးလှီး)
၉။ ခရမ်းချဉ်သီး - ၂လုံး (အစိတ်လေးများစိတ်ထား)
၁၀။ ကြက်သွန်ဖြူ - ၂မြွာ(ဓားပြားရိုက်)
၁၁။ ကြက်သွန်နီ - ၁လုံး(ပါးပါး)

အရည်ပြုလုပ်ရန်
------------------
၁။ ဆား - လက်ဖက်ရည်ဇွန်း၂ ဇွန်း
၂။ ကြက်သားမှုန့် -စားပွဲဇွန်း ၃ဇွန်း
၃။ ခရုဆီ - စားပွဲဇွန်း ၂ဇွန်း
၎။ ပဲငံပြာရည်အကြည် - စားပွဲဇွန်း ၁ဇွန်း
၅။ ဟင်းချက်ဝိုင် - စားပွဲဇွန်း ၂ဇွန်း
၆။ တရုတ်မဆလာ - လက်ဖက်ရည်ဇွန်း ၁ဇွန်း
၇။ သကြား -စားပွဲဇွန်း ၂ဇွန်း
၈။ ကော်မှုန့်-စားပွဲဇွန်း ၃ဇွန်း

ထမင်းပေါင်းနည်း
-------------------
၁။ စစချင်း ကြက်သား၊ ကြက်သည်းတို့ကို
ဆားအနည်းငယ် ဖြင့်နယ်ပြီး
ရေစပ်စပ်ထည့်ပြီး(ရေနည်းနည်း) ပြုတ်ကာ
ကျက်ရင် ဆီပူထိုးပေးပါ။ ကြွပ်သွားအောင်မကြော်ဘဲ
အပေါ်ယံ ရဲရုံသာ ၁မိနစ်ခန့်ဆီပူထိုးတာကိုဆိုလိုပါတယ်။ ပုစွန်ကိုလည်း အဲဒီလိုပဲ ရဲရုံလေးကြော်ထားပါတယ်။
ငါးဖယ်လုံးများကတော့ Ready Madeမို့ ပါးပါးလှီးပေးထားပါ။

၂။ အရည်ပြုလုပ်ရန်အတွက်ပါဝင်ပစ္စည်းများကို
ရေနွေးနွေး ၁လီတာဖြင့်ဖျော်ထားလိုက်ပါတယ်။

၃။ ဆီကို ဒယ်အိုးထဲတွင် ပါလေကာ ထည့်ကာ
ကြက်သွန်နီ၊ ဖြူ တို့ထည့်ကြော်ကာ ရွှေဝါရောင်သမ်းလာရင်
မီးပြင်းပြင်းဖြင့် အသီးအရွက်များထည့်ကြော်ပါ။

၎။ အသားများ၊ ငုံးဥများရောပါ။ ဖျော်ထားသော အရည်များကိုထည့်ရောပြီး ဟင်းသီးဟင်းရွက်လေးများနူးကာ အရည်ပျစ်လာရင် တရုတ်မဆလာဖြူးလိုက်ပါ။

၅။ ထမင်းပူပူပေါ်တွင် အရည်များများဆမ်းကာ
အသီးအရွက်ကြော်များ အသားများဖြူးကာ
ပူပူလေးစားသုံးနိုင်ပါပြီ။


8 Dec 2012

ထမင်းကြော်

ကျွန်မတို့နံနက်ခင်း အဆာပြေစာအတွက် ထမင်းကြော်လေး ကြော်စားကြရအောင်နော်။
 ထမင်းကြော်ကို ပဲပြုတ်နဲ့ ကြော်တတ်သလို အသား၊ အသီးအနှံလေးတွေနဲ့လည်း ကြော်တတ်ပါတယ်နော်။ ဒီနေ့တော့ အသားရယ်၊ အသီးအနှံရယ်နဲ့ ထမင်းကြော် ကြော်ကြရအောင်နော်။

ထမင်းကြော်ဖို့အတွက် လိုအပ်တာကတော့
ချက်ပြီးသား ထမင်း၊ ကြက်သား၊ ဘိုစားပဲ၊ မုန်လာဥနီ၊ ကြက်သွန်နီ၊ ကြက်သွန်မြိတ်၊ ပဲငံပြာရည်အကြည်၊ သကြား၊ ဆား၊ ဟင်းခတ်မှုန့်၊ တရုတ်မဆလာ၊ ကြက်ဥတစ်လုံးနဲ့ ဆီတို့ပါနော်။

ထမင်းကို အတုံးလိုက်ဖြစ်မနေဘဲ ပွပွလေးဖြစ်အောင် မွထားပေးပါနော်။

 ကြက်သားကို ရေစင်အောင်ဆေး ပါးပါးလေးတွေလှီးပြီး ဆား၊ သကြား၊ ပဲငံပြာရည်အကြည်၊ ဟင်းခတ်မှုန့်တို့နဲ့ နယ်ပေးထားပါ။

မုန်လာဥနီကို အခွံနွှာ၊ ရေစင်အောင်ဆေးပြီး သေးသေးနုတ်နုတ်လေးတွေဖြစ်အောင် လှီးပေးထားပါ။

ဘိုစားပဲကိုလည်း ရေစင်အောင်ဆေးပြီး ပါးပါးလေးတွေဖြစ်အောင် လှီးပေးထားပါနော်။

 ကြက်သွန်နီကို အခွံနွှာ၊ ရေဆေးပြီး မထူမပါးလေး လှီးပေးထားပါနော်။

ကြက်သွန်မြိတ်ကိုလည်း ရေဆေး၊ ရေစင်အောင်ခါပြီးတော့ ခပ်ပါးပါးလေးလှီးပေးထားပါနော်။

ကြက်ဥကိုလည်း ဆားလေးနည်းနည်း တရုတ်မာဆလာလေးနည်းနည်းနဲ့ သေသေချာချာ ခေါက်ပေးထားပါနော်။

အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ မီးဖိုပေါ် ဒယ်အိုးတင်၊ ဒယ်အိုးပူလာရင် ဆီထည့်၊ ဆီပူလာပြီဆိုတာနဲ့ ကြက်သွန်နီကိုထည့်ပြီး ဆီသတ်ပါ။

 ကြက်သွန်နီစိမ်းနံ့ပျောက်ပြီး နွမ်းလာပြီဆိုတာနဲ့ ကြက်သားကိုထည့်ပြီး ဆီသတ်ပါ။

 ကြက်သားနူးလောက်ပြီဆိုရင် လှီးထားတဲ့ မုန်လာဥနီကိုထည့်ပြီး ကြော်ပေးပါ။

မုန်လာဥနီ ကျက်ခါနီးလောက်မှာ လှီးထားတဲ့ ဘိုစားပဲကိုထည့်ပြီး ခပ်မြန်မြန်လေးကြော်ပေးပါ။

တဆက်တည်းဆိုသလို ခေါက်ထားတဲ့ ကြက်ဥကိုလည်း ထည့်ကြော်ပေးပါ။

 ကြက်ဥကျက်တာနဲ့ တပြိုင်နက် ထမင်းကိုထည့်ပြီး အသီးအနှံအသားတွေနဲ့ ထမင်းကို နှံ့အောင် မွှေပေးပါ။

 မီးပြင်းပြင်းလေးနဲ့ ခပ်မြန်မြန်လေးမွှေပြီး ကြော်ပေးပါ။

ထမင်းသားလေးတွေ ခပ်တောင့်တောင့်ဖြစ်လာတာနဲ့ အပေါ့အငံကိုမြည်းပါ။

အရသာ စိတ်ကြိုက်ဖြစ်ပြီဆိုတာနဲ့ ပါးပါးလှီးထားတဲ့ ကြက်သွန်မြိတ်လေးတွေကိုအုပ်ပြီး နည်းနည်းမွှေပေးလိုက်ပါနော်။

 အဲ့ဒါဆိုရင်တော့ အနံ့အရသာနဲ့ ပြည့်စုံတဲ့ ထမင်းကြော် ပူပူလေးရပါပြီနော်။

အချဉ်ကိုတော့ မိမိနှစ်သက်မယ့် သခွါးသီး ဒါမှမဟုတ် ကြက်သွန်နီလေးကို လှီး၊ ပြီးတော့ အချဉ်စိမ်ထားတဲ့

ငရုတ်သီးတောင့်လေးထည့်၊ ပြီးတော့ chito ငရုတ်ဆီလေးဆမ်းပြီး အချဉ်ပွဲပြင်နိုင်ပါတယ်။


Twitter Delicious Facebook Digg Stumbleupon Favorites More