Pages - Menu

ဆန်လုံးညို(Brown Rice)

ဆန်ဖြူကို ကြိတ်ခွဲလိုက်တာကြောင့် ဗီတာမင် B3 ၆၇ ရာခိုင်နှုန်း၊ ဗီတာမင် B1 ၈၀ ရာခိုင်နှုန်း၊ ဗီတာမင် B6 ၉၀ ရာခိုင်နှုန်း၊ မဂ္ဂနီဆီယမ်တစ်ဝက်၊ ဖော့စ်ဖရပ်စ် တစ်ဝက်၊ သံဓာတ် ၆၀ ရာခိုင်နှုန်းနဲ့ အမျှင်ဓာတ်အားလုံး ဆုံးရှုံးသွားခဲ့ ပါတယ်။

သံလွင်ဆီ(Olive Oil)

သံလွင်ဆီမှာ ဗီတာမင် အေ၊ ဗီတာမင် ဘီဝမ်း၊ ဘီတူး၊ ဗီတာမင်စီ၊ ဒီ၊ အီးနဲ့ ကေစတဲ့ ဗီတာမင်ဓာတ်တွေ ပါဝင်ပြီး သံဓာတ်နဲ့ အိုမီဂါ ၉ လည်း ပါဝင်ပါတယ်။

ပြောင်းဖူး(Corn)

ပြောင်းဖူးမှာ ဗီတာမင်B1 ဗီတာမင်B5 ဗီတာမင်C ဗီတာမင်B9လို့ခေါ်ဖောလိတ် .....ပြောင်းဖူး၏ ကျန်းမာရေး အာနိသင် မှာဆက်ဖတ်ပါ....

ထောပတ်သီး(Avacado)

အာဟာရများကိုဖြည့်တင်းပေးနိုင်ရုံ သာမက သဘာဝမှရသောသကြား ဓာတ်ကိုထောက်ပံ့ပေးခြင်း၊ကိုယ် အလေးချိန်ကျဆင်းစေခြင်း၊အကျိုး ပြုကိုလက်စတီရောကိုတက်စေပြီး ဆိုးကျိုးပေးသောကိုလက်စတီရော ကိုကျဆင်းစေခြင်း စသည့်အချက်များ ကိုရရှိစေနိုင်သည်ဟု သိရသည်။ယခု လေ့လာမှုတွင် ဖော်ပြထားချက်အရ လေဖြတ်ခြင်းကိုပါ ထောပတ်သီးက ကာကွယ်ပေးနိုင်

လိမ္မော်သီး(Orange)

လိမ္မော်သီး၌ ဖိုင်ဘာမျှင်၊ သံဓာတ်၊ မီးစုန်းဓာတ်၊ ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်၊ ကြေးနီဓာတ်၊ သွပ်ဓာတ်၊ ဆလမ်နီယမ်၊ ကယ်လိုရီ၊ ကယ်လဆီယမ်ဒာတ်၊ဗီတာမင်စီ တို့ပါရှိသည်

မာလကာသီး(Guava)

မာလကာသီး တစ်လုံးတွင် ဗီတာမင်စီမှာ လိမ္မော်သီး တစ်လုံး၌ ပါရှိသည့် ဗီတာမင်စီ ပမာဏထက် ငါးဆခန့် ပိုများသည်။ မာလကာသီး၌ ဗီတာမင်စီ အပြင် အေနှင့် ဘီ၊ ကယ်လ်ဆီယမ်၊ ဖော့စပရပ်စ်၊ ပိုတက်ဆီယမ်၊ သံဓာတ်၊ ဖောလစ်အက်စစ်နှင့် အမျှင်ဓာတ်တို့ ပါဝင်သည်။ အများဆုံး ပါဝင်သော ဓာတ်များမှာ ဗီတာမင်စီ ၃၀၂ မီလီဂရမ်နှင့် ဗီတာမင် အေ ၂၅၀ မီလီဂရမ်တို့ ဖြစ်ကြသည်။ မာလကာသီးကို သီတင်း တစ်ပတ်လျှင် နှစ်လုံးခန့် စားသုံး သွားပါက သွေးတိုး ကျဆင်းစေပြီး နှလုံး ကျန်းမာရေးကို အထောက်အကူ ပြုကြောင်း အမေရိကန် သုတေသန ပညာရှင်များက ပြောကြားသည်။

***

***

***

***

***

***

***

***

***

***

Showing posts with label ဆီအမျိုးမျိုး. Show all posts
Showing posts with label ဆီအမျိုးမျိုး. Show all posts

28 Oct 2014

ကျန်းမာရေးအတွက် စားသုံးသင့်သော အဆီလေးများ

“ အဆီစားလို့  အသားမဖြစ်၊ အဆီစားလို့  ဘေးဖြစ် ” ဟူသော ကျန်းမာရေးသတိပေးေ ဆာင် ပုဒ်ေ လးကို ကျန်းမာရေးလိုက်စား သူအားလုံးတိုင်း သိနေ/နားရည်ဝနေကြမယ် လို့  ယြုံ ကည်ပါတယ်။ သို့ သော် အောက်ဖော်ပြပါအဆီ ၁၀ မျိုးကတော့ ကျန်းမာရေး ကို ကောင်း ကျိုးပြုပေးနိုင်တာကြောင့် စားသုံးသင့်ပါကြောင်း အကြံပြုတိုက်တွန်းလိုက်ပါရစေ။

(၁) ငါး
ဆယ်လ်မွန်၊ တူနာ၊ ငါးသေတ္တာငါး စတဲ့ ပင်လယ်ငါးများမှရရှိတဲ့ အိုမီဂါ-၃ ဖက်တီး အက်ဆ စ်တွေက နှလုံးကိုကောင်းကျိုးပြု ကြောင့် ရက်သတ္တ ၁-ပတ်လျှင် အနည်းဆုံး၂-ကြိမ် ငါးစားပေးရန် The American Heart Association(ခေါ်)အမေရိကန်နိုင်ငံရှိ နှလုံးရောဂါစောင့်ရှောက်ရေး အဖွဲ့  မှ အကြံပြုထားပါတယ်။ ဒါ့ပြင် ထိုအဆီဓာတ်က ဦးနှောက်ကိုအားဖြစ်စေလို့ ၊ သက်ကြီးရွယ်အို များအတွက် အထူးသင့်လျော်ပါတယ်။ (ငါးထဲမှာပါရှိတဲ့ အဆီဓာတ်အာနိသင်မပြယ်စေဖို့ အတွက် ငါးကို ကြော်မစားသင့်ပါဘူး။ ငါးပေါင်း၊ ငါးပြုတ်၊ ငါးကင်စားပေးပါ။ လိုအပ်ရင် ဆရာဝန်နှင့် တိုင်ပင်၍ ဖြည့်စွက်စာအဖြစ် ငါးကြီးဆီ သောက်ပါ)

(၂) ထောပတ်သီး
ထောပတ်သီးထဲမှာပါရှိတဲ့ အဆီဓာတ်က နှလုံးရောဂါ နှင့် အရိုးအဆစ်ရောင်ရမ်းနာရောဂါများ အတွက် လွန်စွာဆေးဖက်ဝင်ပါ တယ်။ အကယ်၍ ထောပတ်သီးကို အခြားအစားအစာများနှင့် တွဲစားခြင်း (သို့ မဟုတ်) ထောပတ်သီးမစားခင် နှင့် ထောပတ်သီး စားပြီးနောက် တခြားအစား အစာများကို ချက်ချင်းဆိုသလိုစားသောက်မိတဲ့အခါမှာလည်း ကျန်းမာရေးအတွက် ဘေးမဖြစ်ေ စဘဲ၊ ထိုထောပတ်သီးရဲ့ အစွမ်းကြောင်း ၄င်းနှင့်တွဲဖက်စားသောက်မိသော အစားအစာတွေ မှာပါရှိတဲ့ အာဟာရများကို ခန္ဓာကိုယ်က ကောင်းစွာစုပ်ယူနိုင်ပါတယ်။ ဒါကြောင့် ထမင်းစာြး ပီးပြီးချင်း အချိုပွဲအဖြစ် ထောပတ်သီးဖျော်ရည်သောက်ပေးသင့်ပါတယ်။

(၃) အစေ့အဆံများ
နေကြာစေ့၊ ဖရုံစေ့၊ နှမ်းစေ့၊ သစ်ကြားသီး၊ ဗာဒံစေ့၊ မြေပဲ၊ သီဟိုစေ့ ထဲမှာပါရှိတဲ့ သစ်ပင်မှ ရရှိသော သဘာဝအဆီဓာတ်က ခန္ဓာ ကိုယ်ကိုဘေးဥပါသ် (မဖြစ်) စေတဲ့ ကိုလက်စထရော များကို ပေးစွမ်းနိုင်ပါတယ်။ တိရိစ္ဆာန်မှရရှိသော အဆီ နှင့် နို့ မလိုင်ပြည့် နွာနို့ များဟာ ခန္ဓာ ကိုယ်ကိုဘေး(ဖြစ်)စေတဲ့ အဆီများဖြစ်ကြပါတယ်။ ဒါကြောင့် အစားအစာ နှင့် သွားရေစာ မုန့် တွေဝယ်ယူတဲ့ အခါ ၄င်းတို့ ကို ထုပ်ပိုးထားသော packing အိတ်ပေါ်မှာဖော်ပြထားတဲ့ ပါဝင်မှုပစ္စည်းများဖြစ်ကြတဲ့ သုံးစွဲသော ဆီအမျိုးအစား နှင့် ဆီပါ ၀င်မှုပမာဏတို့ ကို သေေ သချာချာဖတ်ရှုပြီးမှ ရွေးချယ်ဝယ်ယူသင့်ပါတယ်။

(၄) သံလွင်ဆီ
သံလွင်ဆီမှာ လူသားတို့ ဘက်စုံကျန်းမာရေးအတွက် ကောင်းကျိုးပြုစေတဲ့ အဆီဓာတ်အပြ ည့် အ၀ပါရှိပါတယ်။ အချက်၊ အပြုတ်၊ အသုပ်၊ အကင် အားလုံးအတွက် သံလွင်ဆီက အရ သာေ ရာ အာနိသင်ပါ မပြောင်းလဲစေပါဘူး။ ဒါကြောင့် ကျန်းမာရေးအတွက် အလေ့ အကျင့်ေ ကာင်း တစ် ခုအနေဖြင့် သံလွင်ဆီစားသုံးပေးသင့်ပါတယ်။

(၅) ဟင်းသီးဟင်းရွက်များ
အစိမ်းရောင်ရင့်ရင့် ဟင်းသီးဟင်းရွက်များဖြစ်ကြတဲ့ ဟင်းနုနယ် နှင့် ကိုက်လံတို့ မှ ရရှိသော ဟင်းရွက်ဆီများဟာလည်း ပင်လယ် ငါးကြီးဆီတွေမှာသာ တွေ့ မြင်ရတဲ့ အိုမီဂါ-၃ ဖက်တီး အက်ဆစ်တွေကဲ့သို့ အကျိုးအာနိသင် ဖြစ်စေပါတယ်။ ဒါကြောင့် နေ့ စဉ် သုံးအစားအစာတွေ ထဲမှာ စိမ်းရောင်ခြယ်ဟင်းရွက်တစ်ခုခုကို ထည့်စားပေးသင့်ပါတယ်။

(၆) ကြက်ဥများ
လူသားတွေအတွက် မရှိမဖြစ် ပရိုတင်းဓာတ်ကို ကြက်ဥ(အနှစ်)စားခြင်းဖြင့် ရရှိနိုင်ပါတယ်။ အရည်အသွေးပြည့်မှီပြီး အရွယ်အ စားကြီးမားတဲ့ ကြက်ဥအနှစ်ထဲမှာ အဆီဓာတ် ၅ ဂရမ်ခ န့် ပါရှိပြီး၊ ၄င်းအဆီက အိုမီဂါ-၃ ဖက်တီးအက်ဆစ်ကဲ့သို့  အာနိသင် ဖြစ်စေနိုင်ပါတယ်။ သို့ေ သာ် မည်သည့်အစားအစာမဆို တန်လျှင်ဆေး၊ လွန်ရင်ဘေး ဖြစ်တတ်တာကြောင့် အရွယ်ရော က်ပြီးသူ တစ်ယောက်အဖို့  အရွယ်အစား ကြီးမားတဲ့ ကြက်ဥကို တနေ့ လျှင် ၂-လုံးထက်ပို၍ မစားသင့်ပါဘူး။

(၇) ဂုံလျှော်စေ့
အ၀ါရောင်သမ်းနေတဲ့ ဂုံလျှော်စေ့ထဲမှာ အဆီဓာတ် နှင့် အမျှင်ဓာတ် ၂ မျိုးစလုံးပါရှိနေပါတယ်။ ဂုံလျှော်စေ့ထဲမှရရှိတဲ့ အဆီ ဓာတ်က အသားအရေကိုကောင်းကျိုးပြုပြီး၊ အမျှင်ဓာတ်ကေ တာ့ ရောင်ရမ်းနာကျင်ခြင်း နှင့် အစာအိမ်နာရောဂါများ အတွက် ကောင်းကျိုးပြုပါတယ်။

(၈) အဖြူရောင် ပဲစေ့များ
ပဲထောပတ် နှင့် ပဲပိစပ်တို့ လို အဖြူရောင်ပဲစေ့တွေထဲမှာပါရှိတဲ့ အဆီဓာတ်ကလည်း အိုမီဂါ-၃ ဖက်တီးအက်ဆစ်ကဲ့သို့  အာနိ သင် ထက်မြက်စေတာကြောင့် လူသားတို့ အတွက် ရုပ်ပိုင်း ဆိုင်ကိုသာမက၊ စိတ်ပိုင်းဆိုင်ရာကိုပါ အားဖြည့်ပေးနိုင်ပါတယ်။ အထူးသဖြင့် စိတ်ကျရောဂါဖြ စ်တတ်သော သက်ကြီးရွယ်အိုများ နှင့် စိတ်ဖိစီးမှုများသူတွေအဖို့  ၄င်းအဖြူရောင်ပဲ နှင့် ပဲနို့ ရည် တို့ ကို များများစားသောက်ပေးသင့်ပါတယ်။

(ဆောင်းပါးရှင်…ပေါက်ပေါက်…ရေးသားမျှဝေသည်)

24 Aug 2014

ကန်းဇော်ဆီ နှင့် ကျန်းမာရေးအစွမ်း

ကန်းဇော်ပင်ဆိုတာ

  နှစ်တစ်ရာကျော် ရှင်သန်နိုင်သော အပင်ကြီးမျိုးဖြစ်ပြီး၊ အင်္ဂလိပ်လို ‘Mahua of Southern India’ (သို့ မဟုတ်) ‘Mahua Tree’ လို့ ခေါ်ကြပြီး၊ မြန်မာလို “ကန်းဇော်ပင်” လို့  အမည် ရပါတယ်။
 ကန်းဇော်သီး(အစေ့)ဟာ ကြမ်းပိုးအနံ့နှင့် ခပ်ဆင်ဆင်တူတာ ကြောင့်၊ အချို့ အရပ်ဒေသများမှာ “သစ်ကြမ်းပိုးပင်” ဟူ၍လည်းေ ကာင်း၊ အချို့ ဒေသများမှာ “တောင်မင်းဂွတ်”ဟူ၍လည်း အမျိုး မျိုးခေါ်ဆိုကြပါတယ်။ ပင်စည်အသားမှာ နီညိုရောင် သစ်မာသား အမျိုးအစားဖြစ်၍ အပင်တစ်ပင်ကို အိမ် တစ် လုံးခန့်ဆောက် လုပ်နိုင်ပါတယ်။ ပင်စည်အပိုင်းအစများကို ဘုရား ဆင်းတုတော် အဖြစ် ထုလုပ်ကိုးကွယ်လေ့ရှိကြ၏။ ကန်းဇော်သီး(အစေ့)ထဲမှာ ကြက်သွေးရောင်မကျ တကျ (လိမ္မော်ရင့်ရင့်) ရောင်ခြယ် ၄.၈ ရာခိုင်နှုန်းမှ ၆.၀ ရာခိုင်နှုန်းအထိပါရှိ တြာေ ကာင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ လိမ္မော်ရင့်ရောင်ဆိုးဆေးအဖြစ် သိုးမွှေး နှင့် ချည်ထည် များမှာ အသုံးပြုနေကြပါတယ်။ ထို့ ပြင် အန္ဒိယရိုးရာ ဘာသာရေး အခမ်းအနားများ တွင်လည်း အသီးကို လေထဲမြှောက်၍ ပူဇော်ပသလေ့ရှိကြပါတယ်။

ပေါက်ရောက်ရာဒေသ
ကန်းဇော်ပင်တို့ ကို ရေမြေတောတောင်ထူထပ်ရာ အရှေ့ တောင်အာရှနိုင်ငံများဖြစ်ြ ကတဲ့ နီပေါ၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ အင်ဒို နီးရှား၊ အိန္ဒိယ နှင့် မလေးရှားနိုင်ငံတွေ မှာ တွေ့ ရှိရပါတယ်။(အိန္ဒိယတွင် အပင်တစ်ပင်လျှင် ကမ်းဇော်ဆီ ပျမ်းမျှတန်ချိန် ၁၈၀,၀၀၀ ထွက်ရှိနိုင်ကြောင်း၊ အိန္ဒိယနိုင်ငံ၏ ဒေသအများအပြားတွင် စိုက်ပျိုးကြေ ကြာင်း နှင့် မည်သည့် မြေအမျိုးအစားတွင်မဆို စိုက်ပျိုးနိုင်ကြောင်း စိုက်ပျိုးရေးဝက်ဘ် ဆိုက်တစ်ခုဖြစ်တဲ့ www.svlele.com/mahuae.htm မှာ ဖော်ပြထားတာ ကို လေ့လာ မှတ်သား ရပါတယ်)

ကန်းဇော်ပင် နှင့် မြန်မာနိုင်ငံ
 မြန်မာပြည်မှာတော့ မြေနိမ့်ချိုမ့်ဝှမ်းများ နှင့် ရွှံ့နွံပေါ၍ ရေရရှိသောဒေသဖြစ်တဲ့ တန င်္သာရီတိုင်း၊ မြိတ်ခရိုင်တို့ မှာ သဘာဝ အလျောက် ကျယ်ကျယ်ပြန့် ပြန့် ပေါက်ရော က်လေ့ရှိပါတယ်။ ထားဝယ်မြို့နယ် နှင့် အနီးပတ်ဝန်းကျင်ဒေသတွေမှာ ပေါ က်ေ ရာက် တဲ့ ကန်းဇော်ပင်များဟာ ကုန်းပေါ်တွင်သာပေါက်ကြ၍ “ကုန်းကန်းဇော်” အမျိုး အစားဖြစ်ပါတယ်။ တနင်္သာရီတိုင်း ဒေသကြီးအတွင်းရှိ မြိတ်ခရိုင်နှင့် ဘုတ်ပြင်းမြို့ နယ်အနီး ပတ်ဝန်းကျင်တ၀ိုက်တွင်ပေါက်ရောက်သော ကန်းဇော်ပင်များမှာ ရေစပ်စပ် တွင်ပေါက်ကြ၍ “ရေကန်းဇော်” အမျိုးအစားဖြစ်ပါတယ်။ ကုန်းကန်းဇော်နှင့် ရေ ကန်းဇော် ပင်တို့ ရဲ့  အရွက်၊ အပွင့်၊ အသီး ပုံသဏ္ဍာန်များမှာ ရေမြေအနေအထား အရ ခြားနားမှုရှိနေသော်လည်း ၄င်းတို့ မှ ထွက်ရှိလာတဲ့ အဆီ၊ အနံ့နှင့် ဆေးဘက် ၀င် အကျိုးအားနိသင်များကတော့ အတူတူဘဲ ဖြစ်ကြပါတယ်။

ကန်းဇော်ဆီ ထုတ်ယူပုံအဆင့်ဆင့်
 ဦးစွာ ကန်းဇော်အစေ့ခွံကို လက်ထောင်းဆုံဖြင့်ထောင်း၍ ရလာတဲ့အခွံအမှုန့်တွေကို မူလကခွာထားပြီးသော အစေ့များဖြင့်ရော နှောကာ ပေါင်းအိုးတွင်ထည့်ပေးပါ။ ထို့ေ နာက် ရေမပြည့်တပြည့် ဖြည့်ထားတဲ့ဒန်အိုးကို မီးဖိုပေါ်တင်၍၊ စောစောက ကန်းဇော် အမှု့န်များ ထည့်ထားတဲ့ပေါင်းအိုးကို ၄င်းဒန်အိုး အပေါ်မှထပ်၍ တင်ပေးပါ။ ပေါင်းအိုး အဖုံးလုံစေရန်အတွက် ပေါင်းအိုးဝမှာ ငှက်ပျောဖက် အစိမ်းခံ၍ ထိုအပေါ်မှ ပန်းကန်ြ ပာြး ဖင့် အုပ်ပေးရပါမယ်။ နာရီဝက်ခန့် ကြာတဲ့အခါမှာတော့ ပေါင်းအိုးအဖုံးကိုဖွင့်ပြီး ၀ါးချွန်ငယ်ဖြင့် ပေါင်းအိုးအ၀ကနေ ထိုးဖွပေးရမှာဖြစ်ပါတယ်။ ဤနည်းအတိုင်း ၁၅-မိ နစ်ကြာ တစ်ကြိမ်နှုန်းဖြင့် ၄-ကြိမ်လောက် ထိုးဖွပြီးနောက်မှာတော့ ကန်းဇော်မှုန့်တွေ ကျက်သလောက်ရှိလာပါပြီ။ ထိုအမှုန့် တွေကို လက်ချောင်း နဲ့ ပွတ်ဖျစ်ကြည့်လို့  ဆီ ထွက်လာရင် ကန်းဇော်မှုန့် တွေကျက်နေပြီမို့ အဆီညှစ်ယူနိုင်ပါပြီ။ ပေါင်း အိုး ထဲ က ကန်းဇော်မှုန့်တွေကို ကရွတ်(ခေါ်)၀ါးနှီးဖြင့် ရက်လုပ်ထားတဲ့ အိတ်ထဲသို့ သုံးပုံနှ စ် ပုံခန့် ထည့်ပြီး ဆီညှစ်ယူရ ပါမယ်။ ထွက်လာတဲ့ကန်းဇော်ဆီများကို ဇလုံတစ်ခုမှာခံ ယူပြီး၊ နေပူပူမှာ ၁-ရက်လှမ်းတဲ့အခါ ရေတွေအငွေ့ပျံသွားတာကြောင့် ကန်းဇော် ဆီ စစ် စစ်ကို ရရှိနိုင်မှာဖြစ်ပါတယ်။ ကန်းဇော်ဆီတွေကို ဖန်ပုလင်းထဲထည့်၍ ရင်ကန်း အဆို့ဖြင့် ပိတ်ဆို့ထားရပါမယ်။ ကန်းဇော်ဆီတွေက ပုလင်းထဲမှာ တဖြည်းဖြည်း အနည်ထိုင်လာပြီး ငါးဆယ်ကျပ်သားဝင် ပုလင်းတစ်လုံးလျှင် တစ်လက်မမျှ အနည် ရရှိတတ်ပါတယ်။ ၄င်းအနည်များကို “ကန်းဇော်ချေး”လို့  ခေါ်ပါတယ်။ ကန်းဇော်ဆီ၏ အရောင်မှာ ဆီအုန်းဆီကြမ်း အရောင်နှင့်ခပ်ဆင်ဆင်တူပါတယ်။ ကန်းဇော်ဆီစစ်စစ်ကို နှစ်ကာလရှည်ကြာစွာ ထားသော်လည်း မူလအရောင်အဆင်း၊ အနံ့၊ အရသာနှင့် ဆေးဖက်ဝင်အာနိသင်များ(လုံးဝ)မပြောင်းလဲနိုင်ပါဘူး။ (လက်ေ ထာင်း ဆုံဖြင့် အမှုန့်ထောင်းယူထားတဲ့ ကန်းဇော်ဆီ ဟာ အမှုန့်ကြိတ်စက်ဖြင့် ထုတ် လုပ်ရယူတဲ့ ကန်းဇော်ဆီထက် ဆေးစွမ်းအာနိသင် ပိုမိုထက်မြက်ပါတယ်)

ကန်းဇော်ဆီ နှင့် ကျန်းမာရေးအစွမ်း

  (၁) ကန်းဇော်ဆီနှင့် ကန်းဇော်စေ့မှ ထုတ်သော Watery Extracts များကို ကြွက်ဖြူ များ နှင့် အဆိပ်ရှိမရှိ စမ်းသပ်တိုက်ကျွေး ရာမှာ၊ ကြွက်ဖြူများ သေဆုံးခြင်းမရှိသည် ကို လေ့လာတွေ့ရှိရကြောင်း၊ တနင်္သာရီတိုင်းမှာ အမျိုးသမီးတစ်ယောက် သားအိမ် ကင်ဆာဖြစ်၍ ခွဲခါနီးမှာ ကင်ဆာပြန့်နေလို့ မခွဲရဘဲ ပြန်ပိတ်ခဲ့ရပေမယ့်၊ ကန်းဇော်ဆီ ကိုသုံးကြည့်ရာ ရောဂါပါပျောက်ပြီး ကလေး လည်းပြန်မွေးလို့ရသွားတဲ့ သာဓကရှိေ ကြာင်း၊ ထို့ကြောင့် ကန်းဇော်စေ့နှင့် ကန်းဇော်ဆီ စစ်စစ်ကိုသာရရှိခဲ့လျှင် မီးယပ်ေ ရာဂါ အမျိုးမျိုး၊ သားအိမ်ကင်ဆာ နဲ့  ရင်သားကင်ဆာတွေအတွက် စိတ်ချလက် ချေ သာက် သုံးနိုင်ပါကြောင်း မြိတ်ခရိုင်၊ တိုင်းရင်းဆေး ပညာဦးစီးဌာနမှ အကြံပြု ထားပါ တယ်။

(၂) ဆီပုလင်းအောက်ခြေမှာ ထိုင်နေတဲ့ အနည်အနှစ်(ကန်းဇော်ချေး)များကို အပူေ လာင်ခြင်း၊ နားအူခြင်း၊ နားအတွင်း အနာ ဖြစ်ခြင်း၊ နာတာရှည်လူနာများ အိပ်ရာအ ပူလောင်နာဖြစ်ပေါ်၍ အရေပြားနီမြန်းခြင်း၊ ပြည်စု/ပြည်တည်၊ အနာဟောင်း/ အနာ ဆွေး၊ အနာစိမ်း၊ သွေးစုနာ(အိုင်းနာများ)၊ အပူလောင်မီးလောင်ဒဏ်ရာများ၊ အကြိတ်အဖုအမျိုးမျိုးအပြင် အနာ့ပချုပ်၊ အသား တွင်းသွေးပုတ်၊ ပြည်ပုတ် အနာများကို တစ်နေ့ (၃)ကြိမ်အထိ အနာပတ်လည်မှာ လိမ်းပေးပြီးနောက်၊ ဂွမ်း/ပတ်တီးစများဖြင့် စည်းအုံပေးခြင်းဖြင့် ပူစပ်နာကျင်ခြင်း(လုံးဝ)မရှိဘဲ ပြည်ပေါက်ကာ အမာရွတ်မကျ န်ေ တာ့ဘဲ သက်သာပျောက်ကင်းစေပါတယ်။

(၃) အသီးရဲ့ အရသာမှာ ချို၊ ဆိမ့်၊ ခါးနေတာကြောင့် အချို့ နိုင်ငံများတွင် အရေပြားေ ကာင်းေ စသော ဆေးအရက်(၀ိုင်)အဖြစ် ဖော်စပ် သောက်သုံးကြပါတယ်။

(၄) အဆစ်အမြစ်ကိုက်ခဲခြင်း၊ အဆစ်ရောင်နှင့် ကိုယ်လက်ညောင်းညာခြင်းများအ တွက် ကန်းဇော်ဆီဖြင့် တစ်နေ့ ၂-ကြိမ်မှ ၃-ကြိမ်ထိ မှန်မှန်လိမ်းပေးပါ။

(၅) လေထိုးလေအောင့်၊ ဗိုက်နာဗိုက်အောင့်ရောဂါအတွက် ကန်းဇော်ဆီနှင့် ပျားရည် ဆတူရော၍ နံက်/ည တစ်နေ့  ၂-ကြိမ်ကျ လ္ဘက်ရည်ဇွန်း တစ်ဇွန်းစာ သောက်ပေးပါ။

(၆) နှလုံး/သည်းခြေအားနည်းခြင်း၊ နာတာရှည် အဆုတ်ရောဂါ၊ အဆုတ်ပြွန်ေ ရာင် ရမ်ြး ခင်း၊ ပန်းနာရင်ကျပ်၊ အစာမကြေပျို့ အန်ခြင်း၊ ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ ၀မ်း ကိုက်ခြင်းများအတွက် တစ်နေ့  ၂-ကြိမ် မှ ၃-ကြိမ်ထိ ဟင်းစားဇွန်း တစ်ဇွန်းစာ သော က်သုံးပါ။

(၇) ချောင်းဆိုးသွေးပါရောဂါအတွက် နံက်စောစောပိုင်းမှာ ကန်းဇော်ဆီ နှင့် ထမင်း ပူပူ ရောနယ်ပြီးစားပေးပါ။

(၈) ၀မ်းဗိုက်အတွင်းရှိ အူများနှင့် အစာအိမ်တို့မှာ ဖြစ်တတ်တဲ့ အနာရောဂါများ၊ ပန်း နာရင်ကြပ်၊ ဂရင်ဂျီနာ၊ လိပ်ခေါင်း၊ ဒူလာ၊ စအိုနာ၊ ဖျားနာရောဂါတို့ အတွက် ကန်းေ ဇာ် ဆီ လိမ်းပေးခြင်း(သို့ မဟုတ်)သောက်ပေးခြင်းတို့ဖြင့် ရောဂါပျောက် ကင်းစေ ပါတယ်။

(၉) ထိခိုက်/ပွန်းပဲ့/ရှနာနှင့်ခွဲစိတ်ကုသဒဏ်ရာများ၊ အပူလောင်ခြင်း၊ အင်ပြင်၊ အသား အရည်ခမ်းခြောက်၊ လေဖြတ်ခြင်း နဲ့ ထုံကျင်ကိုက်ခဲသည့် ရောဂါများအတွက် ကန်းေ ဇ်ာဆီကို လိမ်းဆေးအဖြစ်အသုံးပြုနိုင်ပါတယ်။

မှတ်ချက်။
ဆီထွက်သီးနှံတစ်မျိုးဖြစ်သော ကန်းဇော်သီးနှင့် ကန်းဇော်ဆီများဟာ အလွန်ဆေး ဖက် ၀င်တာကြောင့် ပြည်တွင်းမှာ သုံးစွဲ သူပိုမိုများပြားလာတဲ့အပြင်၊ ကိုရီးယားနိုင်ငံမှ လည်း လာရောက်ဝယ်ယူခြင်းကြောင့် ကန်းဇော်စေ့နှင့် ကန်းဇော်ဆီများ ဈေးေ ကာင်း လျက်ရှိနေပါကြောင်း တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်မှ ဒေသခံတစ်ဦး ကဆိုပါတယ်။ ထိုကဲ့သို့  သုံးစွဲမှုများပြား လာခြင်းနှင့်အတူ ဈေးကွက်အတွင်း ကမ်းဇော် ဆီအရောအနှောတွေ၊ အတုတွေများပြားလာခြင်း (သို့ မဟုတ်) ကြိတ်ဖတ်(ခေါ်) ကန်းေ ဇ်ာချေးအနှစ်တွေကို ပြန်ပေါင်းပြီးအဆီထုတ်လုပ်ခြင်းကြောင့် အာနိသင်ပျက်ပြ ယ်လာသဖြင့် သတိပြုဝယ်ယူသင့်ပါ ကြောင်း မြိတ်ခရိုင်၊ တိုင်းရင်းဆေးပညာ ဦးစီး ဌာနမှ သတိပေးထားပါတယ်။

ဆောင်းပါးရှင်…ပေါက်ပေါက်..မျှဝေသည်။

21 Jul 2014

အုန်းဆီလေးရဲ့  လှို့ ဝှက်ချက်

အုန်းဆီက ဆံပင်နက်မှောင်ပြောင်လက်၊ ဆံသားချော၊ ဆံပင်သန်စေတယ်၊ ဦးရေပြားအေးမြေ စပြီးဗောက်ပျောက်စေတယ်၊ ဦး ရေပြားပေါ်ဆီလိမ်း၍ နှိပ်နယ်ပေးခြင်းဖြင့် ချက်ချင်းဆိုသလို ပေါ့ပါးလန်းဆန်းလာပြီး ခေါင်းကိုက်ပျောက်စေတယ်၊ နား သန့် စေတယ်၊ တံခါးပတ္တာတွေ
တကျွီကျွီအသံမြည်တဲ့အခါ(သို့ မဟုတ်)သော့ခလောက်တွေ ဖွင့်မရတဲ့အခါ အုန်းဆီထဲ့ လိုက် တာ နဲ့  ကောင်းသွားတယ်.. စသည်ဖြင့် အုန်းဆီရဲ့ အသုံးဝင်ပုံကို သိထားကြပြီးဖြစ်မှာပါ။ သို့ သော် အုန်းဆီရဲ့  အခြား အသုံး တည့်နည်းလမ်းကောင်းလေးတွေကို အောက်ပါ အတိုင်း လက်တို့ ၍ ပြောပြလိုက်ပါရစေ။

(၁) နံက်အိပ်ယာထ သွားမတိုက်ခင် ပါးစပ်တစ်ဝိုက်ကို မိနစ် ၂၀-ခန့် ကြို၍ အုန်းဆီလိမ်းပေြး ခင်းက ခန္ဓာကိုယ် အဆိပ်အ တောက် ပြေစေပါတယ်။ ခေါင်းကိုက်ခြင်းကို သက်သာစေရုံ သာမက၊ သွာများဖြူကိုလည်း ဖြူဖွေးစေနိုင်ပါတယ်။

(၂) အ၀တ်လျှော်၊ ပန်းကန်ဆေး စသဖြင့် မကြာခဏရေကိုင်ရတာကြောင့် လက်သည်း ပန်း ကုန်း(ခေါ်)လက်သည်းအရင်းရှိ အခွံ မာနေရာမှာ အရေပြားလန်၍ နာကျင်ခြင်းနှင့် အရေတွန့်ြ ခင်းများအတွက် တစ်နေ့ ၂-ကြိမ် အုန်းဆီလိမ်းပေးရုံမျှဖြင့် သက်သာ ပျောက်ကင်းစေပါတယ်။

(၃) အုန်းဆီက ဦးရေပြားအစိုဓာတ်ကို ထိန်းပေးနိုင်တာကြောင့် ဆံပင်၂-ခွဖြစ်ခြင်းနှင့် ဆံသား ကြမ်း၍ မွဲခြောက်ခြောက် ဆံပင် များကို ကောင်းကျိုးဖြစ်စေပါတယ်။

(၄) အသားအရေ ပက်ကြားအက်လေ့ရှိသူများနှင့် အရေပြားကြမ်းထော်သူများအတွက် အုန်းဆီ ကို လိုးရှင်းအဖြစ် ခပ်ပါးပါးလိမ်း ပေးနိုင်ပါတယ်။

(၅) နှာရည်ကျ၍ နှာတရှုပ်ရှုပ်ဖြစ်နေသူများအဖို့ ၊ အုန်းဆီရှုပေးပါ(သို့ မဟုတ်) နှာခေါင်းပေါက် ထဲကို အုန်းဆီ နဲနဲဆွတ်လိမ်းပေးပါ။

(၆) နှုတ်ခမ်းသား ခြောက်သွေ့ ကွဲအက်လေ့ရှိသူများအတွက် ညအိပ်ယာဝင်ခါနီးမှာ နှုတ်ခမ်း၂- လွှာပေါ်ကို အုန်းဆီလိမ်း၍အိပ်ပါ။

(၇) အုန်းဆီက မျက်နှာပေါ်ရှိ မိတ်ကပ် နှင့် mascara တွေကို ကုန်စင်အောင်ဖျက်ပေး နိုင် စွမ်းရှိပါယ်။ (သို့ သော် မျက်စိထဲ သို့  ဆီမ၀င်အောင် သတိပြု၍ သုံးစွဲပါ)

(၈) အမျိုးသားတွေ မုတ်ဆိတ်မွှေးရိတ်တဲ့အခါ ထိခိုက်ရှနာခြင်းမှကာကွယ်ရန်အတွက် မုတ် ဆိတ်မွှေးရိတ်မည့် ပါး၊ မေးစေ့ စတဲ့ နေရာတ၀ိုက်ကို အုန်းဆီကြိုလိမ်းထားနိုင်ပါတယ်။ ဒါ့ပြင် Razor(ဓါး)ပေါ်မှ အမွှေးတွေကိုအလွယ်တကူ သုတ်သက်ဖယ်ရှားနိုင် ပါတယ်။

(၉) အုန်းဆီက မျက်နှာပေါ်ကအရေးကြောင်းဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်တာကြောင့် အရေ အကြာင်းဖြစ်ပေါ်လေ့ရှိတဲ့ နေရာများ ဖြစ်ကြသော မျက်ဝန်းနှင့် နှုတ်ခမ်းတ၀ိုက်ပေါ်ကို အုန်းဆီ လိမ်းပေးနိုင်ပါတယ်။ မျက်ကွင်းညိုသူများလည်း လိမ်းပေးသင့်ပါတယ်။ (သို့ သော် ဆီများပိုလျှံ၍
မျက်လုံးထဲစိမ့်မ၀င်စေဖို့ အတွက် သင့်ရုံသာသုံးစွဲပါ)

(၁၀) မျက်နှာပေါ်ရှိ ၀က်ခြံအမာရွတ်တွေကြောင့် အသားအရေ ပွစိစိဖြစ်နေသူများက မျက်နှာေ ပ်ါအုန်းဆီလိမ်းပြီးနောက်၊ ၁၅-မိနစ်ခန့် အကြာမှာ ရေခပ်နွေးနွေးဖြင့်မျက်နှာ သစ်ပေးပါ။ ဒီနည်းက အုန်းဆီဖြင့်အသားအရေပေါင်းတင်နည်းဖြစ်တာကြောင့် မျက်နှာကို နူးညံ့ေ ချာမွတ်စေနိုင်ပါတယ်။

(၁၁) အုန်းဆီက မွှေးညှင်းပေါက်ဆဲလ်တွေကို အားဖြစ်စေကာ အမွှေးသန်စေတဲ့အတွက်
မျက်ခုံးမွှေးကောင်းချင်သူများက အုန်းဆီ လိမ်းပေးနိုင်ပါတယ်။ (သို့ သော် မျက်စိထဲ သို့  ဆီမ၀င်အောင် သတိပြု၍ သုံးစွဲပါ)

(၁၂) အုန်းဆီက အသားအရေနေလောင်ခြင်းကို သက်သာစေနိုင်တဲ့အတွက်၊ ဥပမာ နွေရာ သီမှာ အပန်းဖြေကမ်းခြေ လမ်း လျှောက်သူများအနေဖြင့် နေပူထဲမထွက်ခင် ခြေလက်များ ကို အုန်းဆီကြို၍လိမ်းထားပါ။

<<စာနာထောက်ထားစွာဖြင့် ဆောင်းပါးရှင်အမည်ကို ပြောင်းလဲခြင်း/ချန်လှပ်ထားခြင်းမျိုး မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည် >>
(ဆောင်းပါးရှင်…ပေါက်ပေါက်…မျှဝေသည်)
promise.pauk
(ရိုးသားမှုသည်တခါတရံ၌ရှုံးနိမ့်စေတတ်၏။သို့ သော်တစ်သက်လုံးကားလိပ်ပြာလုံစေတော့၏။)

25 Feb 2014

သံလွင်ဆီ၏အာဟာရနှင့် ကျန်းမာရေး အကျိုးကျေးဇူးများ

သံလွင်ဆီသံလွင်ဆီဆိုတာ သံလွင်သီးကနေရရှိတဲ့ အဆီဖြစ်ပြီး သံလွင်သီးကို Olea europaea ; မျိုးရိုး Oleaceae လို့ မှတ် သားနိုင်ပါတယ် ။ သံလွင်ဆီကို ယေဘူယျအားဖြင့် ချက်ပြုတ်ခြင်း အလှအပရေးရာ ၊ ဆေးဝါးထုတ်လုပ်ခြင်း ၊ ဆပ်ပြာ နဲ့ လောင်စာဆီတွေ အဖြစ်လည်းအ သုံးပြုနိုင်ပါတယ် ။ ကမ္ဘာတ၀ှမ်းလုံးမှာ သံလွင်ဆီကို အသုံးပြုကြပြီး အထူး သဖြင့် မြေထဲပင်လယ်အနီးတ၀ိုက် ဒေသတွေမှာ အသုံးများကြပါတယ် ။

သံလွင်ဆီမှာဘာတွေပါလဲ ?
သံလွင်ဆီမှာ အဓိကအားဖြင့် ရောနှောနေတဲ့ triglyceride အစုအဝေးတွေဖြစ်တဲ့ oleic acid , palmitic acid နဲ့ တခြား fatty acids တွေနဲ့ ဖွဲ့စည်းထားပါ့တယ် ။ ဒါ့အပြင် squalene 0.7 % နဲ့sterols အနည်းငယ် လည်းပါဝင် ပါတယ် ။ သံလွင်ဆီက ပါဝင်ဖွဲ့စည်းမှုဟာ နေရာဒေသ ၊ စိုက်ပျိုး ရိတ်သိမ်းချိန် ၊ အဆီထုတ်ယူမှု နည်း နဲ့ ရာသီ ဥတုတွေအပေါ်မူတည်ပါတယ် ။ သံလွင်ဆီမှာ သဘာဝ ထုတ်ကုန်တွေဖြစ်တဲ့ ဓါတ်တိုးဆန့်ကျင် ပစ္စည်း တွေပါဝင်ပြီး အချောမသတ်ရသေးတဲ့ အဆီ extra-virgin unprocessed olive oil ဟာ သူ့ရဲ့ ခါးသက် တဲ့ အရသာရယ် စူးရှတဲ့ အရသာရယ်ဟာ tyrosl , hydroxytyrosol , oleocanthal နဲ့ oleuropein စတဲ့ ဓါတ်တွေ ပါဝင်တဲ့အတွက်ဖြစ်ပါတယ် ။ 

အာဟာရနှင့် ကျန်းမာရေး အကျိုးကျေးဇူးများ
လေ့လာစမ်းသပ်မှုတွေအရ အစားအသောက်ထဲမှာ monunsaturated fats တွေ များများစားစား ပါဝင်နေခြင်းဟာ နှလုံးသွေးကြောကျဉ်းနဲ့ နှလုံးသွေးကြော အဆီဖုံးရောဂါတွေ ကို လျော့ ကျစေ တယ် လို့ သိရပါ တယ် ။ ဒါဟာ အရေးကြီးပါတယ် ။ ဘာလို့လဲဆိုတော့ သံလွင်ဆီမှာ monounsaturated fats တွေအများ အပြားပါ ၀င်နေပြီး အထူးသဖြင့် oleic acid ပဲဖြစ်ပါတယ် ။ US မှာဆိုရင် သံလွင်ဆီထုတ် ကုန်တွေမှာ ထုတ် လုပ်သူတွေက အောက်ပါတိုင်း ကျန်းမာရေး အကြောင်းတွေရေးထားလေ့ရှိတယ် ။

- သံလွင်ဆီ ၂၃ ဂရမ် နေ့ စဉ်ပေးခြင်းဇြင့် နှလုံးသွေးကြော အဆီဖုံးနှင့် နှလုံးသွေးကြော ကျဉ်းရောဂါအားလျော့ နည်းစေနိုင် ပါတယ် ။ ဒါဟာ သံလွင်ဆီမှာပါတဲ့ monounsaturated fats ကြောင့်ဖြစ်ပါတယ် ။ ဒီလို ကောင်း ကျိုးတွေကို ရရှိဖို့အတွက် သံလွင်ဆီဟာ saturated fat တွေနေရာမှာ အစားထိုးနိုင်ပြီး သင်တစ်နေ့တာ စားသောက် တဲ့ကယ်လီရီ အရေအတွက်ကိုလည်း မများစေပါဘူး ။

ဒီလို ဆုံးဖြတ်ချက်ကို ၂၀၀၄ ခုနှစ် နိုဝင်ဘာ ၁ရက်နေ့မှာ FDA ကကြေငြာခဲ့ပြီး ဒီလို အလားတူ စာတမ်းမျိုးကို omega-3 fatty acids တွေပါဝင်တဲ့ မက်မွန်စေ့နဲ့ ဘန်လျှောင်ပင်စေ့တို့မှာလည်း ကြော်ငြာဖို့ ခွင့်ပြုခဲ့ပါတယ် ။

သံလွင်ဆီဟာ နှလုံးကျန်းမာရေးကို အလွန်အထောက်အကူပြုကြောင်း စမ်းသပ်မှုတွေအများကြီးရှိခဲ့ပါတယ် ။ အထူး သဖြင့် ကိုလက်စထရော ကိုပုံမှန် လည်ပတ်စေပြီး LDL cholesterol ကို ဓါတ်တိုးစေပါတယ် ။ ဒါ့အပြင် သံလွင် ဆီမှာ အရောင်ကျစေတယ် ၊ သွေးခဲတာကို ဆန့်ကျင်ခြင်း ၊ သွေးတိုးရောဂါကို သက်သာစေခြင်း နဲ့ သွေးကြောကျယ်စေခြင်းစတဲ့ စွမ်းရည်တွေရှိပါတယ် ။

အချို့သောလေ့လာမှုတွေအရ သံလွင်ဆီရဲ့ Phenolic ပါဝင်မှုဟာ နှလုံးကိုကာကွယ်ပေးနိုင်တဲ့ အစွမ်းသတ္တိရှိ တယ်လို့ ဆိုပါတယ် ။ သံလွင်ဆီကို ရေရှည်သာအသုံးပြုမယ်ဆိုရင် သွေးလွှတ်ကြောနံရံတွေရဲ့ ကျုံ့နိုင်ဆန့် နိုင်စွမ်း အားကို များစေပြီး သွေးကြောတွေရဲ့ stress ကိုနည်းစေပါတယ် ။ ဒါကြောင့် နှလုံး တိုက်ခိုက်ခံရ မှုနဲ့ လေဖြတ်ခြင်း ကိုလည်း ကာကွယ်ပေးနိုင်ပြန်ပါတယ် ။ 

အရေပြားနဲ့ သံလွင်ဆီ
သံလွင်ဆီရဲ့ ကောင်းကျိုးတွေအရ သံလွင်ဆီကို လိမ်းဆေးအလှဆီအနေနဲ့လည်း ထုတ်လုပ်လာကြပါပြီ ။ အထူးသဖြင့် Extra virgin olive oil ဟာ အရေပြားကို moisturizing စွမ်းရည်ပေးပြီးခြောက်သွေ့တဲ့ အရေပြား ပိုင်ရှင်တွေအတွက် သင့်လျှော်ပါတယ် ။ ဒါ့အပြင် OCM ဆိုတာဟာ Oil cleansing method ဖြစ်ပြီး မျက်နှာကို extra virgin olive oil , castor oil နဲ့တခြားနံသာဆီတွေ ပေါင်းပြီး သန့်စင်စေတဲ့ နည်းတစ်မျိုးလည်းဖြစ်ပါတယ် ။ နားအတွင်းပိုင်းသန့်စင်ဖို့ကို လည်းတစ်ချို့ အသုံးပြုကြပါသေးတယ် ။ သံလွင်ဆီကို မျက်နှာနဲ့ တခြားခန္ဓာကိုယ် က အမွှေးတွေဖယ်ရှားသုတ်သင်ဖို့အတွက် shaving oil အနေနဲ့လည်းအသုံးပြုနိုင်ပါသေးတယ် ။
စမ်းသပ်မှုတွေ အရ သံလွင်ဆီလိမ်းပေးခြင်းဖြင့် သံလွင်ဆီနဲ့ UVB rays တွေထိတွေ့ရင် ကျူမာနဲ့ အရေပြားကင်ဆာတွေကို ကာကွယ်ပေးနိုင်တဲ့အစွမ်းလည်း ရှိနေပြန်ပါတယ် ။

သံလွင်ဆီဟာ အလာ့ဂျစ် ဓါတ်မတည့်မှုတွေမဖြစ်စေနိုင်ပါဘူး ။ သံလွင်ဆီမှာ ၀မ်းပျော့စေတဲ့ laxative စွမ်းရည် ရှိပြီး ဒါကြောင့် သူ့ကို stool softener အဖြစ်သုံးနိုင်ပါတယ် ။ ဒါ့အပြင် အူတွေကျုံ့တာ ကိုလည်း တား ဆီးပေးနိုင်ပါတယ် ။ သံလွင်ဆီမှာပါတဲ့ Oleocanthal ဟာ cyclooxygenase (COX) အင်ဇိုင်းကို တား ဆီးပေး တဲ့ Non-selective inhibitor လည်းဖြစ်ပါတယ် ။ အကိုက်အခဲပျောက်ဆေးထဲက
 ibuprofen နဲ့သွားဆင် ပါတယ် ။


သံလွင်ဆီရဲ့ ကောင်းကျိုးတော်တော်များဟာ ထပ်ပြီး ရှာဖွေရရင်တော့ ပြောကုန်နိုင်မယ်မထင်ပါဘူး ။ ဒါကြောင့် အစွမ်း ထက် သံလွင်ဆီရဲ့ ကောင်းကျိုးကို ဖော်ပြပေးရင်း ဒီတင်ပဲရပ်နားပါရစေ ။

သက်တန့်ချို
Ref : wikipedia
photo copy from google search 
originally posted by thettantcho

18 Jan 2014

သံလွင်ဆီက ဆာလောင်မှုကို သက်သာ စေနိုင်ကြောင်း လေ့လာ တွေရ

သံလွင်ဆီသည် ဆာလောင်မှုကို ပြေပျောက် စေနိုင်ကြောင်း လေ့လာ တွေ့ရှိချက် အသစ်တစ်ခုတွင် ဖော်ပြထားသည်။

မျက်မှောက်ခေတ်တွင် အဆီလျှော့ ထားသော အစားအစာများကို လူကြိုက်များလျက် ရှိပြီး လူသားတို့သည် ကိုယ်ခန္ဓာ အလေးချိန်ကို လျှော့ချရန် အတွက် အစာကြေလွယ်သော အစားအစာ များကို အတော်အသင့်သာ ရွေးချယ် စားသောက် လာသည်ကို တွေ့ရသည်။

သို့သော် ၎င်းအစားအစာ တို့သည် ခန္ဓာကိုယ် အတွက် အကျိုး သက်ရောက်မှု ရှိ၊မရှိ ဆိုသည်မှာ အငြင်းပွားဖွယ် ကိစ္စရပ် ဖြစ်သည်။ ယင်းအစားအစာ တို့၌ ကယ်လိုရီ ပါဝင်မှု ပမာဏ နည်းပါးသည်မှာအမှန်ပင်ဖြစ်သည်။

ပါမောက္ခ ပီတာရှီဘာလီ ဦးဆောင်သော ဂျာမနီ နိုင်ငံမှ Technische Universitat Manchen အဖွဲ့နှင့် ပါမောက္ခ ဗီရိုနီခါဆိုမိုက ဦးဆောင်သော ဗီယင်နာ တက္ကသိုလ်မှ အဖွဲ့တို့ ပူးပေါင်း၍ စားသုံးရန် သင့်လျော်သော အဆီများကို လေ့လာ ခဲ့ကြသည်။၎င်းတို့အနက် သံလွင်ဆီသည် ဆာလောင်မှုကို ဖြေဖျောက်ရာတွင် အထိရောက်ဆုံး ဖြစ်ကြောင်း၊သံလွင်ဆီတွင် သွေးထဲ၌ ဆာလောင်မှုကို သက်သာစေသည့် ဟော်မုန်း serotonin ဒြပ်ပါဝင်မှု ပိုမိုများပြားကြောင်း ၊

သံလွင်ဆီ ဒိန်ချဉ်သည် အလေးချိန် လျှော့ချရာတွင် အသုံးဝင်သည့် ဖြည့်စွက်စာ ဖြစ်သည်ကို တွေ့ရှိ ခဲ့ရသည်ဟု ရှီဘာလီက ဆိုသည်။

ထို့အပြင် လေ့လာမှုတွင် ပါဝင် ခဲ့သူများသည် အဆိုပါ သုံးလတာ ကာလအတွင်း ကိုယ်အလေးချိန် တက်လာခြင်း၊ အဆီများ နေခြင်းတို့ ဖြစ်ပွားခဲ့ခြင်း မရှိကြောင်း သုတေသီများက တွေ့ရှိခဲ့သည်။

17 Nov 2013

နေကြာဆီ

နေကြာဆီမှာ သင့်ခန္ဓာကိုယ် ကျန်းမာသန်စွမ်းရေး အတွက် အကျိုးကျေးဇူး အများ အပြား ပါဝင်ပါတယ်။ လူအများစုဟာ နေကြာဆီရဲ့ သဘာဝ အကျိုးကျေးဇူး တွေကို သတိမမူ တတ်ကြပါဘူး။ ဟင်းလျာချက်ပြုတ် ရာမှာ ရေပန်းစားတဲ့ ဆီ မဟုတ်ပေမယ့် နေကြာဆီဟာ သဘာဝ အရသာကို ပေးစွမ်းနိုင်ရုံ သာမက အောက်ပါ ကျန်းမာရေး အကျိုး ကျေးဇူးတွေ ကိုလည်း ရရှိစေနိုင် ပါတယ်။
(၁) နှလုံး ကျန်းမာရေးကို ကောင်းမွန်စေခြင်း

နေကြာဆီဟာ နှလုံးသွေးကြော ကျဉ်းရောဂါဖြစ်နိုင်ခြေကို လျော့ကျစေ သလို နှလုံးရောဂါထတာ (Heart Attack) ဖြစ်နှုန်းကိုလည်း လျော့ကျစေပါ တယ်။
(၂) သဘာဝစွမ်းအင် ရရှိခြင်း
 နေကြာဆီဟာ သဘာဝစွမ်းအင် အ များအပြား ပေးနိုင်ပါတယ်။ နေ့လယ်စာ အဖြစ် စားတဲ့ ဟင်းရွက်သုပ်ထဲမှာ နေ ကြာဆီအနည်းငယ်ထည့်စားတာကြောင့် အလုပ်နဲ့ ကျောင်းမှာ သဘာဝအတိုင်း စွမ်းအင်ပြည့်ဝနေစေပါတယ်။
(၃) မွေးကင်းစ ကလေးငယ်များတွင် ပိုးဝင် ကူးစက်နှုန်း လျော့ကျခြင်း
မွေးကင်းစအရွယ် ပေါင်မပြည့်တဲ့ ကလေးတွေနဲ့ လမစေ့ကလေးတွေမှာ နေကြာဆီ စားသုံးတာကြောင့် ကူးစက်ပိုး ဝင်နိုင်ခြေကို လျော့ကျစေပါတယ်။ ပေါင် မပြည့်၊ လမစေ့တဲ့ ကလေးတွေဟာ အ ရေပြားနဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ မဖွံ့ဖြိုးသေးတဲ့အတွက် ကူးစက်ပိုးဝင်နိုင် ခြေ များပါတယ်။ နေကြာဆီ စားတာ ကြောင့် ပိုးဝင်ကူးစက်မှုကို ကာကွယ်ပေး နိုင်စွမ်း ရှိပါတယ်။
(၄) အင်တီအောက်ဆီးဒင့် ဂုဏ်သတ္တိရှိခြင်း
နေကြာဆီဟာ ကင်ဆာဖြစ်စေနိုင် တဲ့ ဖရီးရယ်ဒီကယ်တွေကို ချေဖျက်ပေး နိုင်စွမ်း ရှိပါတယ်။ အကြောင်းကတော့ နေကြာဆီထဲမှာ ဗီတာမင်အီး ဒါမှမဟုတ် တိုကိုဖီရောတို့ ပါဝင်တဲ့အတွက် ဖြစ်ပါ တယ်။ ဖရီးရယ်ဒီကယ်ဟာ ကိုယ်ခံစွမ်း အားစနစ်ကို ထိခိုက်စေနိုင်ပါတယ်။
(၅) သဘာဝ အင်တီအောက်ဆီးဒင့် ဂုဏ်သတ္တိရှိခြင်း
 နေကြာဆီမှာ ဗီတာမင်အီး ပါဝင် မှု မြင့်မားတာကြောင့် သဘာဝအင်တီ အောက်ဆီးဒင့်ဂုဏ်သတåိရှိပါတယ်။
(၆) သဘာဝ အစိုဓာတ် ထိန်းနိုင်စွမ်းရှိခြင်း
နေကြာဆီထဲမှာပါတဲ့ ဗီတာမင်အီး ဟာ အသားအရေအတွက် အစိုဓာတ် ထိန်းခရင်မ်လို အသုံးဝင်ပြီး အသားအ ရေ ဆဲလ်တွေမှာ ရေဓာတ် ထိန်းသိမ်းနိုင် စွမ်းကို ကောင်းမွန်စေပါတယ်။
(၇) အဆစ်ရောင်နာ မဖြစ်စေရန် ကာကွယ်ခြင်း
အဆစ်ရောင်နာရောဂါနဲ့ ပတ်သက် ပြီး စိုးရိမ်တယ်ဆိုရင် နေကြာဆီဟာ အ ဆစ်ရောင်နာရောဂါမဖြစ်အောင် ကာ ကွယ်နိုင်ပါတယ်။ နေကြာဆီကို မှန်မှန် မှီဝဲတာကြောင့် ရူမတွိုက်အဆစ်ရောင်နာ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
(၈) ပန်းနာရင်ကျပ် ရောဂါနှင့် အူမကြီး ကင်ဆာ မဖြစ်စေရန် ကာကွယ်ခြင်း
ရူမတွိုက် အဆစ်ရောင်နာမဖြစ် အောင် ကာကွယ်နိုင်တဲ့အပြင် နေကြာ ဆီဟာ ပန်းနာရင်ကျပ်ရောဂါနဲ့ အူမကြီး ကင်ဆာမဖြစ်အောင်လည်း ကာကွယ် ပေးနိုင်ပါတယ်။ နေကြာဆီကို သင်စား မယ့်ဟင်းလျာထဲ ပုံမှန်ထည့်ချက်တာ ကြောင့် အူမကြီးကင်ဆာကြောင့် ထိခိုက် မှုမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
(၉) နာ့ဗ်ကြောစနစ် ကျန်းမာစေရန် အားပေးခြင်း
 နေကြာဆီမှာပါဝင်တဲ့ ဗီတာမင်ဘီ ဟာ နာ့ဗ်ကြောစနစ် ကျန်းမာရေး၊ အ စာခြေစနစ်ကောင်းမွန်ရေးတို့အတွက် သင့်တော်သလို စွမ်းအင်ထုတ်လုပ်မှုမှာ လည်း အရေးပါပါတယ်။
(၁၀) သွေးတွင်း ကိုလက်စထရော အဆင့် လျော့ကျစေခြင်း
နေကြာဆီမှာပါတဲ့ လက်ဆီသင်ဟာ သွေးတွင်းကိုလက်စထရောအဆင့်ကို လျော့နည်းအောင် ကူညီပေးပါတယ်။ လက်ဆီသင်ဟာ နာ့ဗ်ကြောနဲ့ ဆဲလ်လိုင် နင်တွေမှာ ကပ်ငြိပြီး အဆီနဲ့ ကိုလက်စ ထရောတွေကို ဆဲလ်တွေနဲ့ ကပ်ငြိမှု မဖြစ်အောင် ကာကွယ်ပေးပါတယ်။ (၁၁) အခြား ကင်ဆာရောဂါများကို ကာကွယ်ပေးခြင်း
နေကြာဆီမှာ တွေ့ရတဲ့ ကာရိုတီး နွိုက်ဟာ သားအိမ်၊ အဆုတ်နဲ့ အရေပြား ကင်ဆာတွေ မဖြစ်အောင် ကာကွယ်ပေး သလို အတွင်းတိမ်ရောဂါ မဖြစ်အောင် လည်း ကာကွယ်ပေးပါတယ်။
(၁၂) နှလုံးပြဿနာများကို လျော့ကျစေခြင်း
ဟင်းလျာထဲမှာ နေကြာဆီထည့် စားတာကြောင့် ဆီလီနီယမ်ဓာတ်ကို ရရှိ စေပါတယ်။ သွေးထဲမှာ ဆီလီနီယမ် ဓာတ်မြင့်မားလေလေ၊ အဆုတ်နဲ့ အရေ ပြားကင်ဆာဖြစ်နိုင်ခြေ လျော့ကျလေ လေဖြစ်ပါတယ်။ ဒါ့အပြင် နှလုံးပြဿနာ တွေနဲ့ အသည်းထိခိုက်မှု ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။
(၁၃) ခန္ဓာကိုယ်ကို ပြန်လည်ပြုပြင် ပေးခြင်း
နေကြာဆီမှာ ပါတဲ့ ပရိုတင်းဓာတ် ဟာ တစ်သျှူးတွေ တည်ဆောက်ပြုပြင် ရေးနဲ့ ဟော်မုန်းနဲ့ အင်ဇိုင်းထုတ်လုပ်ရေး မှာ ပါဝင်လုပ်ဆောင်ပါတယ်။ နေကြာ ဆီမှာ ပရိုတင်းဓာတ်ကိုလည်း တွေ့ရတဲ့ အတွက် ခန္ဓာကိုယ်ပြန်လည်ပြုပြင်ရေးအ တွက် အရေးပါပါတယ်။
(၁၄) ကိန်းမာသော ကိုယ်ခံစွမ်းအား စနစ်ကို ထိန်းသိမ်းပေးခြင်း
နေကြာဆီရဲက တခြား အကျိုးကျေး ဇူးကတော့ ဇင့် (သွပ်) ပါဝင်တာပဲဖြစ်ပါ တယ်။ ဇင့်ဓာတ်ဟာ ကိုယ်ခံစွမ်းအားစ နစ်ကို ကျန်းမာစေတဲ့အတွက် အနာ ကျက်စေနိုင်ပါတယ်။ ဇင့်(သွပ်)ဓာတ်ဟာ အနံ့နဲ့ အရသာခံအာရုံကိုလည်း ကောင်း မွန်အောင် ထိန်းသိမ်းပေးနိုင်ပါတယ်။
(၁၅) ဆဲလ်သစ်များ ဖြစ်ပေါ်စေရန် ကူညီခြင်း
နေကြာဆီမှာ ပါဝင်တဲ့ ဖောလစ် အက်စစ်ဟာ ခန္ဓာကိုယ် ကနေ ဆဲလ်သစ် တွေ ထွက်ရှိစေဖို့ ကူညီပေး ပါတယ်။

ကြယ်စင်
Good Health
http://yoyarlay.com/health/therapy/38741-2013-11-16-10-02-14

14 Nov 2013

မုန်ညင်းဆီနှင့်ကျန်းမာရေး

1. မုန်ညင်းဆီနှင့် ခန္ဓာကိုယ်အနှံ့ ကိုနှိပ်နယ်ပေးပါက၊ ခန္ဓာကိုယ်ထဲရှိအဆိပ်အတောက်များနှင့် ပိုလျှံသောရေများသည် ချွေးအဖြစ် ထွက်ရှိလာအောင် မုန်ညင်းဆီကလှုံ့ ဆော်ပေးနိုင်စွမ်းရှိပါသည် ။ ခန္ဓာကိုယ်အပူချိန်ကိုလဲ ထိန်းညှိပေးပါသည်။

2. အသားအရည်ခြောက်သွေ့ ခြင်းနှင့်နေလောင်ဒဏ်ရာများအတွက်၊ မုန်ညင်းဆီကိုအလှဆီအဖြစ်လိမ်းပေးနိုင်ပါသည်။

3. မုန်ညင်းဆီဖြင့်ဦးရေပြားကိုနှိပ်နယ်ပေးခြင်းဖြင့်ဆံပင်ကျွတ်ခြင်းကိုကာကွယ်ပေးပြီး၊ ဆံပင်များကို လဲသန်စွမ်းနက်မှောင်စေပါသည် 

4. ရိုးရာကုထုံးနည်းများတွင် သွေးတိုးရောဂါနှင့်နှလုံးရောဂါများအတွက်၊ မုန်ညင်းဆီကိုသောက်သုံးကြပါ သည်။

5. နားထင်တွင်မုန်ညင်းဆီဖြင့်အ သာအယာနှိပ်နယ်ပေးပါက၊ ခေါင်းကိုက်ဝေဒနာများကို ယူပစ်သလိုပျောက်ကင်းစေပြီး၊  ပေါ့ပါး လန်းဆန်း လာစေပါသည်။

6. မုန်ညင်းစေ့နှင့်မုန်ညင်းဆီ တို့ ကိုစားသုံးပေးခြင်းဖြင့် သွေးဆုံးကိုင်ဝေဒနာများကို သက်သာစေပါသည်။ ထို့ ပြင်အစာချေစံနစ်ကို တိုးတက်ကောင်းမွန်စေပြီး၊ နှုတ်မြိန်စေပါသည်။

7. နို့ စို့ ရွယ်ကလေးငယ်များရင်ပြည့်ရင်ကယ်မဖြစ်စေရန်အတွက်၊ ၀မ်းဗိုက်နှင့် ရင်တဘ်တို့ ကို မုန်ညင်းဆီဖြင့် အသာအယာ ပွတ်နယ်လိမ်းကျံပေးနိုင်ပါသ ည်။

(ခြွင်းချက်)

မုန်ညင်းစိမ်းသည် ကျောက်ကပ်နှင့်ဆီးအိမ်တို့ ကို ကောင်းကျိုးပြုပါသည်။ သို့ သော် မုန်ညင်းစိမ်းထဲတွင် Oxalate ဓာတ်ပါရှိသောကြောင့် ဆီးလမ်းကြောင်းတွင် ကျောက်တည်သောဝေဒနာရှင်များစားသုံးရန်မသင့်ပါ။

ထို့ ပြင် မုန်ညင်းစိမ်းထဲတွင် goitrogens ဓာတ်တစ်မျိုးပါရှိရာ၊ ထိုဓာတ်သည် သိုင်းရွိုက်ဟိုမုန်းထုတ်လု ပ်ခြင်းကို အဟန့် အတားဖြစ်စေသောကြောင့် သိုင်းရွိုက် ဝေဒနာသည်များလဲ မုန်ညင်းစိမ်းစားသုံးခြင်းကိုရှောင်ရှားသင့်ပါသည်။

မည်သို့ ပင်ဆိုစေကာမူ လူသားတို့ ကျန်းမာရေးအတွက် အားသာချက်များသော မုန်ညင်းစိမ်း ကို အစာလဲဆေး၊ ဆေးလဲအစာ အဖြစ် စားသုံးပေးကြပါရန် တိုက်တွန်းလိုက်ရပါသည်။

ဘာသာပြန်သူ (ပေါက်ပေါက်)
ရည်ညွှန်း။ encyclopedia Health Benefits of Green Mustard
Source>>>http://natureenergycares.blogspot.com/2013/08/blog-post_8338.html#more

12 Nov 2013

မြေပဲဆီ၏ ကျန်းမာရေး အကျိုးကျေးဇူးများ

မြေပဲကို လှော်တာ၊ ကြော်တာ၊ ပြုတ်တာ၊ ဟင်းချက်တာ စတဲ့ နည်းအမျိုးမျိုး ပြုလုပ်ပြီး စားသုံးနိုင်တဲ့အပြင် မြေပဲကနေ ဆီထုတ်ပြီးလည်း ဟင်းချက်ဆီအဖြစ် အသုံးပြုလေ့ ရှိကြပါတယ်။ မြေပဲဆီက အဝါရောင်ရှိပြီး အနံ့သင်းပျံ့ကာ ချိုမြိန်တဲ့ အရသာကို ပေးစွမ်းနိုင်ပါတယ်။ မြေပဲဆီမှာ စွမ်းအင်အများအပြား ပါဝင်ပါတယ်။ မြေပဲဆီ ၁၀၀ ဂရမ်ဟာ ၈၈၄ ကယ်လိုရီ ပါဝင်ပါတယ်။ မြေပဲဆီမှာ ပါဝင်တဲ့ အဆီဓာတ်တွေက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အချိုးအစား ရှိပါတယ်။

ကျန်းမာရေး အကျိုးကျေးဇူးများ

(၁) မြေပဲဆီဟာ ပြည့်ဝဆီ ပါဝင်မှု နည်းပြီး ကိုလက်စထရော ကင်းဝေးပါတယ်။ မရှိမဖြစ် ဖက်တီးအက်စစ် (Essential Fatty Acid) ပါဝင်တဲ့အတွက် ကျန်းမာရေးနဲ့ အညီညွတ်ဆုံး ဟင်းချက်ဆီ တစ်မျိုးထဲမှာ ပါဝင်နေပါတယ်။

(၂) ဟင်းသီးဟင်းရွက်ဆီ ဖြစ်တာကြောင့် နှလုံးရောဂါ ဖြစ်နှုန်းကို လျော့ကျစေပါတယ်။ အပင်ထွက် စတီရော ပါဝင်မှုကြောင့် အူလမ်းကြောင်းထဲ ကိုလက်စထရော စုပ်ယူမှုကို ဟန့်တားပေးကာ ကိုလက်စရော ပမာဏကို ၁၀-၁၅ ရာခိုင်နှုန်း လျော့ကျစေနိုင်ပါတယ်။

(၃) မြေပဲဆီမှာ ကယ်လိုရီ ပါဝင်မှု မြင့်မားပါတယ်။ ဒါပေမဲ့ မိုနိုမပြည့်ဝဆီ ပါဝင်တာကြောင့် မကောင်းတဲ့ ကိုလက်စထရောကို လျော့ကျစေပြီး ကောင်းတဲ့ ကိုလက်စထရောကို တိုးစေပါတယ်။ လေ့လာမှုအရ မိုနိုမပြည့်ဝဆီပါဝင်တဲ့ မြေထဲပင်လယ်ဒေသအစာတွေဟာ နှလုံးသွေးကြောကျဉ်း ရောဂါနဲ့ လေဖြတ်ဝေဒနာ မဖြစ်အောင် ကာကွယ်ပေးတယ်လို့ သိရပါတယ်။

(၄) မြေပဲဆီမှာ အင်တီအောက်ဆီးဒင့် ရက်စ်ဗာရထရော ပါဝင်တာကြောင့် ကင်ဆာ၊ နှလုံးရောဂါ၊ နာ့ဗ်ကြော ထိခိုက်မှုရောဂါ၊ အယ်လ်ဇိုင်းမား ရောဂါနဲ့ ဗိုင်းရပ်စ်/ဖန်းဂပ်စ် ပိုးဝင်တာတို့ မဖြစ်အောင် ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။

(၅) လေ့လာမှုတွေအရ မြေပဲဆီမှာ ပါဝင်တဲ့ ရက်စ်ဗာရထရောဟာ သွေးကြောထဲက မော်လီကျူး ဖြစ်စဉ်ကို ပြောင်းလဲပေးတဲ့အတွက် လေဖြတ်ဝေဒနာ

 ဖြစ်နိုင်ခြေကို လျော့ကျစေတယ်လို့ သိရပါတယ်။ သွေးကြောကျဉ်းစေတဲ့ ဟော်မုန်းရဲ့ လုပ်ဆောင်မှုကို ကျစေပြီး သွေးကြောကျယ်စေတဲ့ နိုက်ထရစ်အောက်ဆိုက် ထုတ်လုပ်မှုကို တိုးစေလို့ ဖြစ်ပါတယ်။

(၆) မြေပဲဆီမှာ အင်တီအောက်ဆီးဒင့် ဗီတာမင်အီး အလုံအလောက် ပါဝင်ပါတယ်။ ဗီတာမင်အီးဟာ အစွမ်းထက် အဆီပျော် အင်တီအောက်ဆီးဒင့် တစ်မျိုး ဖြစ်ပြီး အန္တရာယ်ရှိတဲ့ ဖရီးရယ်ဒီကယ်ကြောင့် ထိခိုက်မှုကို တွန်းလှန်ပေးကာ ဆဲလ်အမြှေးပါး ခိုင်ခံ့မှုနဲ့ အရေပြားတင်းအား ကောင်းမွန်မှုတို့ကို ထိန်းသိမ်းပေးပါတယ်။

(၇) မြေပဲဆီက ဟင်းသီးဟင်းရွက် အရင်းအမြစ် ဖြစ်တာကြောင့် အပူချိန် မြင့်မြင့်ပေးပြီး ချက်ပြုတ် ကြော်လှော်နိုင်ပါတယ်။

ကြယ်စင်
BY GOOD HEALTH

6 Nov 2013

Cooking Oils စားသုံးဆီ

မြန်မာပြည်ထဲမှာနေကြတဲ့ မြန်မာနိုင်သားတွေအတွက် စားသုံးဆီတွေကို သုတေသနလုပ်ထားတာ လိုက်ရှာပေမဲ့ ပြည်တွင်းထဲက လုပ်တာကို လက်လှမ်းမမီသေးလို့ နိုင်ငံတကာမှာ လုပ်ထားတာလေးကိုသာ တင်ပြပါရစေ။

စားသုံးဆီတွေထဲမှာ အရောင်လှအောင် ဓါတုဆိုးဆေးတွေထည့်တဲ့သတင်း ကနေ့မနက် (ဘီဘီစီ) မှာတွေ့လို့ မျှဝေလိုက်သေးပါတယ်။ ဓါတုဆေးက ဘေးဖြစ်စေနိုင်တယ်။ စားသုံးဆီ ကောင်း-မကောင်းဆိုတာ အနံ့အသက်နဲ့ အရောင်ကြည့်ပြီး ပြောမရပါ။

 ဆီထဲမှာပါတဲ့ Total Fat (g) အဆီ (စုစုပေါင်း)၊ Saturated Fat (g) ပြည့်ဝဆီ ဘယ်လောက်လဲနဲ့ Calories (ကလိုရီ) ဘယ်လောက်ရစေသလဲဆိုတဲ့ အချက် (၃) ချက်ကိုကြည့်ရပါတယ်။

မြန်မာပြည်မှာ စားသုံးနေကြတဲ့ စားအုန်းဆီကနေ ပြည့်ဝဆီ အများကြီးရစေတယ်။ ပြည့်ဝဆီ နည်းတာက ကျန်းမာရေးအရ ကောင်းတယ်။ အုန်းသီးကနေထုတ်တဲ့ဆီက ၃ မျိုး ရှိတယ်။

ဆီအမျိုးအစား၊ (ကလိုရီ)၊ အဆီ (စုစုပေါင်း)၊ ပြည့်ဝဆီ၊
- Coconut oil (ကလိုရီ) ၁၁၇၊ အဆီ (စုစုပေါင်း) ၁၃့၆၊ ပြည့်ဝဆီ ၁၁့၈၊ ပြည့်ဝဆီ အများဆုံး၊
- Palm kernel oil ၁၁၆၊ ၁၄၊ ၁၁၊ ပြည့်ဝဆီ အများဆုံး၊
- Palm oil        ၁၂ဝ၊ ၁၃့၆၊ ၆့၇၊ Palm oil ၁၂ဝ၊ ၁၃့၆၊ ၆့၇၊ ပြည့်ဝဆီများတယ်၊

မြန်မာတွေအသုံးများတဲ့ တခြားဆီတွေ
- Flaxseed oil ပန်းနှမ်းဆီ  ၁၂ဝ၊ ၁၃့၆၊ ၁့၃၊  ပြည့်ဝဆီအနည်းဆုံး၊
- Sunflower oil နေကြာဆီ ၁၂ဝ၊ ၁၃့၆၊ ၁့၈၊ ပြည့်ဝဆီနည်းတယ်၊
- Sesame oil နှမ်းဆီ     ၁၂ဝ၊ ၁၃့၆၊ ၁့၉၊    ပြည့်ဝဆီနည်းတယ်၊
- Soybean oil ပဲပုပ်ဆီ   ၁၂ဝ၊ ၁၃့၆၊ ၂၊       ပြည့်ဝဆီနည်းတယ်၊
- Peanut oil မြေပဲဆီ      ၁၁၉၊ ၁၃့၅၊ ၂့၃၊   ပြည့်ဝဆီနည်းမပါ၊
- Cottonseed oil ဝါစေ့ဆီ ၁၁၉၊ ၁၄၊ ၃၊        ပြည့်ဝဆီမနည်းပါ၊

မြန်မာတွေအသုံးနည်းတဲ့ဆီတွေ
- Vegetable oil   အသီးအနှံဆီ ၁၂၄၊ ၁၄၊့ ၉၊    ပြည့်ဝဆီအနည်းဆုံး၊
- Almond oil     မက်မွန်ဆီ ၁၁၉၊ ၁၄၊ ၁၊       ပြည့်ဝဆီအနည်းဆုံး၊
- Grapeseed oil စပျစ်စေ့ဆီ ၁၂ဝ၊ ၁၃့၆၊ ၁့၃၊ ပြည့်ဝဆီအနည်းဆုံး၊
- Hemp seed oil ဆေးခြောက်စေ့ဆီ ၁၂၆၊ ၁၄၊ ၁့၅၊ ပြည့်ဝဆီနည်းတယ်၊
- Walnut oil        သစ်ကြားသီးဆီ ၁၂ဝ၊ ၁၄၊ ၁့၅၊    ပြည့်ဝဆီနည်းတယ်၊
- Avocado oil     ထောပတ်သီးဆီ ၁၂၄၊ ၁၄၊ ၁့၆၊   ပြည့်ဝဆီနည်းတယ်၊
- Olive oil          သံလွင်ဆီ ၁၁၉၊ ၁၃့၅၊ ၁့၉၊       ပြည့်ဝဆီနည်းတယ်၊
- Corn oil           ပြောင်းဆီ ၁၂ဝ၊ ၁၄၊ ၂၊             ပြည့်ဝဆီနည်းတယ်၊
- Smart Balance Margarine မာဂျရင်း ၈ဝ၊ ၉၊ ၂့၅၊ ပြည့်ဝဆီမနည်းပါ၊
- Butter            ထောပတ်    ၁ဝ၂၊ ၁၁့၅၊ ၇့၃၊    ပြည့်ဝဆီများတယ်၊

Cholesterol in Cooking Oils စားသုံးဆီထဲမှာ (ကိုလက်စထော)

  ဘယ်လောက်များသလဲကလဲ ကျန်းမာရေးအတွက် အလွန် အရေးကြီးတယ်။
 များလေ မကောင်းလေ။ ယူနစ်အဖြစ် parts per million (ppm) နဲ့တွက်ပါတယ်။
- Soybean ပဲပုပ်ဆီ      (26 ppm)
- Canola  ပန်းနှမ်းဆီ     (53 ppm)
- Corn   ပြောင်းဆီ        (57 ppm)
- Sunflower နေကြာဆီ (26 ppm)
- Safflower ပန်းစေ့ဆီ  (7 ppm)
- Peanu  မြေပဲဆီ       (54 ppm)
- Palm  စားအုန်းဆီ      (16 ppm)
- Coconut  စားအုန်းဆီ (15 ppm)
- Palm kernel စားအုန်းဆီ (25 ppm)

ဒေါက်တာတင့်ဆွေ

Cholesterolအကြောင်း သိကောင်းစရာဟောပြောပွဲကို ကျင်းပခဲ့


Cholesterol ရောဂါဟာ ခန္ဓာကိုယ်ရဲ့မကောင်းတဲ့အဆီတွေဖြစ်ပါ တယ်။
 Cholesterol  မြင့်မားနေသူ ဟာ နှလုံး၊ သွေးတိုးရောဂါတွေအထိ ဖြစ်လာနိုင်ပြီး နောက်ဆုံးမှာ အသက် ဆုံးရှုံးနိုင်သည်အထိ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် စောစောသိပြီးကုသမယ်ဆို ရင် ဘေးအန္တရာယ်မဖြစ်နိုင်ပါဘူး။

Cholesterol ဟာGall Stone ထဲရှိ  အဆီခဲတစ်မျိုးဖြစ်ပြီး နှစ်ပေါင်း(၂၄၄) နှစ်ရှိခဲ့ပြီး ဖြစ်ပါတယ်။

Michel Eugine Cheve-rewဓာတုဗေဒပညာရှင်က Cholest-erine ဟု အမည်ပေးထား တယ်လို့ သိရပါတယ်။

 လူတွေကCholesterol များရင်ကြက်ဥအနှစ်၊ ဘဲဥအနှစ်ကို စားရမှာ ကြောက်နေကြပါတယ်။

Cholesterol မပါတဲ့ ပဲပုပ် ဆီကိုဈေးကြီးပေးဝယ်ပြီး ဝယ်စားနေ သူတွေ ရှိပါတယ်။

 ဂလူးကို့စ်စားလိုက် လျှင် ဂလူးကို့စ်တွေအချင်းချင်း သွေးထဲ မှာစုစုပေါင်း Cholesterolပမာဏနှင့် LDL Cholesterolပမာဏဖြစ်ပြီး၊ လူ တစ်ယောက်ဟာ တစ်နေ့လျှင် Cholesterol 300 မီလီဂရမ်ထိ စားနိုင် ကြောင်းသိရသည်။

ကြက်ဥအနှစ်၊ မစားတာမှန် တယ်မဆိုနိုင်ပါ။ အစာရှာစားတဲ့ကြက်မတွေရဲ့ဥတွေဟာကျန်းမာရေးအတွက်  ကောင်းတဲ့Omega-3 အက်စစ်ပိုးများ တယ်။
 ကြက်ဥတစ်လုံးမှာပါတဲ့အဆီပ မာဏဟာ(၅ဂ)ရမ်လောက်သာရှိပြီး၊  အလွန်အကျိုးပြုတဲ့ Cholesterolသည် ခန္ဓာကိုယ်အတွက် အလွန်အသုံး ဝင်ပါတယ်... ဟု ပါမောက္ခဒေါက်တာ ဦးလှကြည်မှ ပြောကြားခဲ့သည်။

http://myanmarnewsweek.com/?p=7308
******************************

http://www.ygnnews.com/2014/03/cholesterol.html


High Cholesterol Food


 Low Cholesterol Food

26 Sept 2013

ဆေးဖက်ဝင်သောဇီဇ၀ါပန်းဆီ

ဇီဇ၀ါပန်းအဆီသည် အကြော အခြင်များကို ပြေလျော့စေသည်။


သို့ဖြစ်၍ စိတ်ဓာတ်ကျခြင်း၊ စိတ် မကျန်းမာခြင်းကြောင့်ဖြစ်ပေါ်တတ်သော စိတ်ဖိစီးမှု၊အားအင်ကုန်ခမ်း၍ ၀န်ပိနေခြင်း၊ စိုးရိမ်ကြောင့်ကျမှုများ၊ အာရုံကြောစနစ်များ ချွတ်ယွင်းမှုကို ကုသရာ၌ အသုံးပြုသည်။

ထိုမျှမက အိပ်မပျော်သော ဝေဒနာခံစားနေရသူများကို ကုသ ရာ၌လည်း အကျိုးဖြစ်စေသည်။

အထက်ပါဝေဒနာများ ခံစားနေရ မည်ဆိုပါက မိမိမအိပ်မီ ဇီဇ၀ါပန်း အဆီအစက်အနည်းငယ်ကို ရေချိုး ကန်တွင် ထည့်ပြီး (၁၅-၂၀)မိနစ် ခန္ဓာကိုယ်ကို စိမ်ပေးပါ။


ဤပန်းရနံ့ဆီကို အနာတရ ဖြစ်ပြီး သွေးထွက်သည့်အခါတွင် လိမ်းပေးပါက သွေးကိုတိတ်ပြီး ပိုး သတ်ဆေးအနေနှင့်အသုံးပြုနိုင် သည်။

ယင်းကို ရေနွေးအနည်းငယ် နှင့်ရောပြီး အနာပေါ်ကို လိမ်းပေး ပါက အနာလည်း ကျက်လွယ်သည်။

အကြောလွဲခြင်း ၊ ရောင် ရမ်းခြင်း၊ အကြောဆွဲခြင်းတို့၌လည်း အသုံးပြုနိုင်ပြီး ကြက်သားများ တောင့်တင်းမှုကို ပြေလျော့စေသည်။

အဆစ်များ ရောင်ခြင်း၊ နာကျင်ခြင်း ကိုလည်း လိမ်းပေးနိုင်သည်။ ယင်းကို လိမ်းပေးလျှင်  သွေးလည်ပတ်မှုကို ကောင်းစေသ ဖြင့် တစ်ပတ်လျှင် (၂)ကြိမ် လိမ်းပြီး နှိပ်နယ်ပေးပါက သွေးပုံမှန်လည် ပတ်စီးဆင်းနိုင် သည်။

ခန္ဓာကိုယ်ကို ဒုက္ခပေးတတ် သောအဆိပ်အတောက်များကိုလည်း ပယ်ရှားပေးနိုင်သော အစွမ်းသတ္တိ ရှိသဖြင့် မကြာမကြာ လိမ်းပေးနိုင် ပါက ပို၍ထိရောက်စေသည်။

ဒေါန
credit to >>Health Updates Journal Vol.2, No.37

21 Sept 2013

လူတိုင်းသိထားသင့်တဲ့ စားအုန်းဆီ(Ediable oil)အကြောင်း

နေ့စဉ် ကြော်လှော်ချက်ပြုတ်သော မီးဖိုချောင်တို့၌ ဆီသည်များသောအားဖြင့် ပါလေရာ စားသောက်ကုန်တစ်မျိုး ဖြစ်ကောင်းဖြစ်နိုင် ပါသည်။ အမျိုးအမည်ပေါင်းများစွာသော အပင် တို့၏ ဆီထွက်နိုင်သော အစိတ်အပိုင်းမှန်သမျှ အဆီဓာတ်ကိုထုတ်ယူနိုင်ပါသည်။ သို့သော် လက်တွေ့တွင် ဆီကို အစေ့၊ အဆံမှ ထုတ်ယူစားသုံး လေ့ရှိသည်။ အသီးအရွက်အဆီနှင့် ဆီများ (Vegetable fats and Oils) တိုင်းကို စားသုံး၍ ရချင်မှရသည်။


သို့သော်ငြားလည်း အဆိုပါဆီအချို့ ကို စက်ဆီ၊ သင်္ဘောဆေး၊ အလှကုန်၊ ဆေးဝါးနှင့် အခြားသော စက်မှုလုပ်ငန်းများတွင် သုံးနိုင် ကြသည်။ လူတိုင်းအပင်မှ အဆီထုတ်တတ်ခဲ့ ကြောင်း သက်သေသာဓကအဖြစ် လွန်ခဲ့သော နှစ်ပေါင်း ၄၀၀၀မှ ရှေးဟောင်းပစ္စည်းများ တူးဖော် တွေ့ရှိခြင်းဖြင့် သိနိုင်ခဲ့ပါသည်။

ထို့ပြင် စားသုံး သောဆီများအဖြစ် ဖွဲနုဆီ၊ ပဲပုပ်ဆီ၊ အုန်းဆီ၊ မုန်ညှင်းဆီ၊ သံလွင်ဆီ၊ ပြောင်းဆီ၊ နေကြာဆီ၊ ၀ါစေ့ဆီ၊ စားအုန်းဆီ၊ နှမ်းဆီနှင့် မြေပဲဆီစသည် တို့ကို အမျိုးအမည်ခွဲခြားနိုင်ပါသည်။ သို့သော် အမျိုးမျိုးအဖုံဖုံ အသုံးတည့်လှသောဆီများကို အုပ်စု ခွဲခြားကြည့်လျှင်မူ အဆီများတွင် (က) အသီးအနှံမှ ရသော စားသုံးဆီအမျိုးမျိုး၊ (နှမ်းဆီ၊ မြေပဲဆီ၊ စားအုန်းဆီ၊ ဖွဲနုဆီ၊ နေကြာဆီ၊ ပန်းနှမ်းဆီ၊ မုန်ညှင်း ဆီစသည်များ.....)နှင့် (ခ) တိရစ္ဆာန်မှရသော အဆီများ (ထောပတ်ဆီ၊ အမဲဆီ၊ ၀က်ဆီ၊ ငါးဆီ၊ စသည်များ....)ဟူ၍ရှိကြောင်း သိနိုင်ပါသည်။ ထို့ကြောင့် အဆီနှင့်ဆီ (fats & oils) ကို အသုံးချရန် အတွက် အမျိုးမျိုးအဖုံဖုံ သုတေသနပြုလာကြရာ ဆပ်ပြာ၊ အသားအရေထိန်းဆေး၊ ဖယောင်းတိုင်၊ ရေမွှေး၊ အခြားတစ်ကိုယ်ရေသုံးပစ္စည်းများကဲ့သို့ အလှကုန်ဆေးဝါး၊ လူသုံးကုန်ပစ္စည်းများနှင့် လောင်စာ(fuel) တွင်ပါမကျန် ပါဝင်ပစ္စည်းဖြစ်လာ ခဲ့သည်။

လူခန္ဓာကိုယ်အတွက်အင်အားကို အဆီ ဓာတ် (fats)၊ ကစီဓာတ် (Carbohydrates)နှင့် ပရိုတိန်းဓာတ် (Proteins)တို့မှ ရရှိပါသည်။ ယင်းတွင် အဆီဓာတ်ကို တိရစ္ဆာန်ထွက် အစားအစာများနှင့် ဆီထွက်သီးနှံများမှ ရရှိသည်။ အဆီဓာတ်သည် ကစီဓာတ်နှင့် ပရိုတိန်းဓာတ်များထက် ကယ်လိုရီကို ပိုမိုပေးပါသည်။ အဘယ်ကြောင့်ဆိုသော် အဆီ ဓာတ်တစ်ဂရမ်စားသုံးပါက (၉) ကယ်လိုရီ ရသော် လည်း ကစီဓာတ်နှင့် ပရိုတိန်းဓာတ်ကို တစ်ဂရမ်စီ စားသုံးလျှင် (၄) ကယ်လိုရီသာရနိုင်ပါသည်။

အချို့သောအဆီများတွင် ပျော်ဝင်နေသော ဗီတာမင် များကို အူမှစုပ်ယူနိုင်ရေးအတွက်ဆီကို စားသုံးရန် လိုအပ်ကြောင်းလည်း ဆိုကြ၏။
စားသုံးဆီများကို ပြည့်ဝအဆီ (Saturated Oil) နှင့် ပြည့်ဝမဟုတ်သောအဆီ (Unstaurated Oil) ဟူ၍ ခွဲခြားနိုင်သည်။ တစ်ဖန် ပြည့်ဝမဟုတ်သော အဆီကို ပေါင်းစုအဆီ (Poly Unsaturated Oil) နှင့် တစ်မယ်တည်းအဆီ (Mono Unsaturated Oil) ဟူ၍ နှစ်မျိုးထပ်မံခွဲခြားထားပြန်သည်။

ပြည့်ဝအဆီတွင် တိရစ္ဆာန်မှရသောအဆီ၊ ထောပတ်၊ အုန်းဆီနှင့် စားအုန်းဆီတို့ပါဝင်ပြီး စားသုံး၍လွန်ကဲလျှင် ကျန်းမာရေးကို ထိခိုက်နိုင်သည်။ စားသုံးရန် သင့်တော်သော အဆီဖြစ်သည့် ပြည့်ဝမဟုတ်သော အဆီ (Unsaturated Oil) အမျိုးအစားပေါင်းစုံအဆီ (Poly Unsaturated Oil) ဆိုသည်မှာလည်း ပြောင်းဖူး ဆီ၊ ပဲပိစပ်ဆီ၊ နေကြာဆီ၊ နှမ်းဆီစသည်တို့ဖြစ် သောကြောင့် စားသုံးနေကြမြဲပင်ဖြစ်သည်။ ဤတွင် ပြည့်ဝမဟုတ်သောအဆီအမျိုးအစားဝင် တစ်မယ် တည်းအဆီ (Mono Unsaturated Oil) ဖြစ်သော သံလွင်ဆီနှင့် မြေပဲဆီတို့မှာ လူတို့စားသုံးရန် အသင့် တော်ဆုံးဆီများဖြစ်ကြောင်း ကျန်းမာရေးပညာရှင် များက ညွှန်ပြကြသည်။

သို့ဖြစ်လျှင် စားအုန်းဆီ သည် ပဲဆီထက်ပြည့်ဝအဆီ ပါဝင်နှုန်းနှစ်ဆ ကျော်မြင့်မားသောကြောင့် သာမန်အိမ်ထောင်စု များနှင့် ရောင်းတန်းဝင် စားသောက်ကုန်ဆိုင်များ တွင် ချင့်ချိန်သုံးစွဲကြရန် လိုသည်။

သို့သော် စားအုန်းဆီသည် စားသောက် ကုန်အမှတ်တံဆိပ်မှ ထည့်သွင်းပစ္စည်းအမယ် စာရင်းတွင် ထည့်သွင်းခြင်း၊ စားအုန်းဆီစားသုံးမှု မြင့်တက်များပြားလာခြင်း၊ လူဦးရေများများနှင့် စားသောက်ကုန်အချို့တွင် စားအုန်းဆီ၏သြဇာ သက်ရောက်နေမှုကြောင့် ကျန်းမာရေးကိုစိုးရိမ်သောလူများက ယင်းဆီကို ဖိအားပေးလာကြသည်။ တစ်ဖန် ပြည့်ဝအဆီ (Saturated Oil) အားလုံးလိုလိုသည် ကိုလက်စထရောဆိုးကျိုးကိုမပေးကြောင်းလည်း စမ်းသပ်တွေ့ရှိကြသည်။ ယင်းတွင် လူကို ကောင်းကျိုးပေးသော ကိုလက်စထရော (H.D.L) နှင့်ဆိုးကျိုးပေးသော ကိုလက်စထရော (L.D.L) ဟူ၍ရှိ ရာ စားအုန်းဆီစားသုံးမှုသည် အခြားပြည့်ဝ အဆီများ ဖြစ်သည့် အုန်းဆီ၊ နို့၊ တိရစ္ဆာန်အဆီများ နှင့် နှိုင်းယှဉ်လျှင် သွေးထဲမှကိုလက်စထရော နည်းပါးပါသည်ဟု စမ်းသပ်မှုအစီရင်ခံစာအချို့က ဖော်ပြကြပြန်သည်။ ထို့ပြင် စားအုန်းဆီတွင် ပါဝင် သည့် ပါမစ်တစ်အက်ဆစ် (Palmitic Acid) က အခြား ပြည့်ဝအဆီများနှင့်မတူဘဲ ကိုလက်စထရောအဆင့် ကိုမျှစေသည်ဟူ၍လည်း ဆိုကြ၏။ 

ဆီစားသုံးမှုတွင် ပြည့်ဝအဆီ (Saturated fat)သည် ကျန်းမာရေး အတွက် မသင့်လျော်ကြောင်း၊ ပုံပြောင်းအဆီ (Trans fat) သည် လူကိုအန္တရာယ်ပေးတတ်ကြောင်း၊ ပြည့်ဝ မဟုတ်သောအဆီ (Unsaturated fat) ကို စားသုံး သင့်၍ တစ်မယ်တည်းအဆီ (Mono Unsaturated Oil) ကိုသာ ဦးစားပေး၍စားသုံးသင့်ကြောင်း ဓာတ်ခွဲ ပညာရှင်များက တွေ့ရှိခဲ့ကြသော်လည်း သဘော ထားကွဲလွဲမှုအနည်းငယ်ရှိခဲ့သည်။ အချို့က ချက်ပြုတ်ကြော်လှော်ရာတွင် ဆီသည် မရှိမဖြစ် လိုအပ်သည်ဟု ဆိုကြသော်လည်း အချို့က ဆီကို ရှောင်ကြဉ်သင့်သည်ဟု သဘောထားခဲ့ကြသည်။

F.D.A အဖွဲ့အစည်းကမူ အဆီစားသုံးလျှင် ကယ်လိုရီ နည်းနည်း (သို့) ပါဝင်မှု ၃၀% သာ စားသုံးသင့် သည်ဟု ထောက်ခံချက်ပေးကြသည်။ အခြား အာဟာရဓာတ်ပညာရှင်များက ညွှန်းရာတွင် လူ တစ်ယောက်အနေဖြင့် အဆီကရသည့် ကယ်လိုရီကို ၁၀% ထက်မပိုသင့်ဟု ဆိုကြပြန်သည်။ သို့ဖြင့် ဆီ စားသုံးမှုလွန်ကဲလျှင် အသည်းအဆီဖုံးခြင်း၊ နှလုံး သွေးကြောကျဉ်းခြင်း၊ နှလုံးရောဂါနှင့် ကင်ဆာ ရောဂါကိုအားပေးခြင်းဟူသော ဆိုးကျိုးများကို ရနိုင်ကြောင်း ကျန်းမာရေးအသိ များရှိခဲ့ကြသည်။
လူတို့အတွက် နေ့စဉ်အာဟာရဓာတ် လိုအပ်ချက်တွင် ဆီသည်လည်း တစ်ခုအပါအ၀င် ဖြစ်ပါသည်။

သို့သော် ဆီစားသုံးမှုများပြားပါက ကျန်းမာရေးကိုထိခိုက်နိုင်ပြီး အသည်းအဆီဖုံးခြင်း၊ နှလုံးသွေးကြောကျဉ်းခြင်း၊ နှလုံးရောဂါနှင့် ကင်ဆာရောဂါကိုအားပေးခြင်း စသည့်ဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်သဖြင့် “တန်ဆေး၊ လွန်ဘေး”ဆိုသည့် မြန်မာ စကားပုံအတိုင်း ချင့်ချိန်စားသုံးကြရန် လိုအပ် ပါကြောင်း တင်ပြအပ်ပါသည်။
Ref>>http://myanmarfoodindustry-directory.com/oil.aspx

13 Sept 2013

အုန်းဆီ၏ အကျိုးကျေးဇူး

အုန်းဆီဟာ အမျိုးမျိုးသော ဘက်တီးရီးယားများ၊ ဗိုင်းရပ်စ်ပိုးမွှားများ၊ ယားနာများကို ပျောက်ကင်းစေနိုင်ပြီး ဝမ်းချုပ်ခြင်းမှလည်း ကင်းဝေးစေပါတယ်။

  ကျောရိုးမကြီးကင်ဆာ၊ အနောက်တိုင်းက အမျိုးသမီးတွေအဖြစ်များတဲ့ ရင်သား ကင်ဆာနဲ့ တခြားသော ကင်ဆာ အမျိုးအစားတို့ကိုလည်း ကာကွယ်ပေး ပါတယ်။

အုန်းဆီဆိုတာ မြန်မာလူမျိုးတိုင်း ရင်းနှီးကျွမ်းဝင်တဲ့ အဆီတစ်မျိုးဖြစ်ပါတယ်။ များသောအားဖြင့် အုန်းဆီကို ခေါင်းလိမ်းဆီအဖြစ်နဲ့သာ အသုံးများကြပါတယ်။ တချို့သော ပျိုမေများကတော့ အုန်းဆီကိုကြိုက်နှစ်သက်ခြင်းမရှိကြပါဘူး။ ခေတ်ပေါ် Hair Coat စတဲ့ကေသာသုံးအလှကုန် နိုင်ငံခြားမိတ် ပစ္စည်းများကိုသာ စွဲလမ်းအားပေး တတ်ကြပါတယ်။ 


ဒီဆောင်းပါးလေးဟာ အုန်းဆီပရိုမိုးရှင်း မဟုတ်ကြောင်း အာမဘန္တေခံရင်း ရွှေမျက်လွှာကို တစ်ချက်မျှ ဝင့်ပေးပါလို့ မေတ္တာရပ်ခံရင်း………။

အုန်းဆီ အမျိုးအစား
အုန်းဆီကို ဘယ်လိုသုံးလဲဆိုတာနဲ့ပတ်သက်ပြီး ကမ္ဘာ့ဟောင်း (၁၉ ရာစုမတိုင်မီ) နဲ့ ကမ္ဘာသစ်ကို ခွဲခြားလိုက်မယ်ဆိုရင် ဘိုးတော်ဘုရား လက်ထက်တုန်းက အုန်းဆီကို မြန်မာတွေဟာ ကေသာအတွက် အဓိကထားအသုံးပြုခဲ့ကြပါတယ်။ ကျန်းမာရေးအတွက် ထိပ်ကပ်နာပေါက်တာတို့မှာ အသုံးပြုကြပါတယ်။


တခြားနိုင်ငံတွေမှာတော့ အလှအပအတွက်သာမက ထိပ်ပြောင်ခြင်း၊ ပွန်းပဲ့ခြင်း၊ မီးလောင်ဒဏ်ရာ၊ ပန်းနာ၊ အအေးမိဖျားနာ၊ ချောင်းဆိုးခြင်း၊ နားကိုက်ခြင်း၊ ဖျားနာခြင်း စတဲ့နေရာတွေအတွက် အသုံးပြုကြပါတယ်။ ခေတ်သစ်မှာတော့ ယားနာ၊ ရေယုန်၊ ဝက်သက်၊ ဒက်နဲ့ အရိုးပွရောဂါတွေမှာပါ အသုံးပြုနိုင်တဲ့အထိ ထွန်းကား တိုးတက် ခဲ့ပါတယ်။ ကျောက်ကပ်နဲ့ အသည်းရောဂါတွေအတွက်လည်း ကာကွယ်ပေးပါတယ်။ အုန်းဆီမှာ Lauricacid ပေါတယ်။


ဒီအက်ဆစ်ကို မိခင်နို့မှာလည်း တွေ့ရှိနိုင်တယ်။ မွေးကင်းစကလေးငယ်ရဲ့ ကိုယ်တွင်း အင်္ဂါများကို သန်မာကြံ့ခိုင်စေတယ်။ ခန္ဓာကိုယ်က အလွယ်တကူ ချေဖျက်နိုင်တဲ့ ဖက်တီး အက်ဆစ် ပါဝင်တဲ့အတွက် အားအင်အဖြစ် အလွယ်တကူ ပြောင်းလဲနိုင်တယ်။ ဘက်တီးရီးယားတွေကို သေစေနိုင်တဲ့ သတ္တိထူးရှိတယ်။

 တစ်ခါတစ်လေမှာ တစ်ကိုယ်လုံး အေးစက်ပြီး ချမ်းစိမ့်စိမ့် ဖြစ်နေလေ့ရှိပါတယ်။
အဲ့ဒီလိုအခါမျိုးမှာ မီးလှုံမယ့်အစား အုန်းဆီလေးကိုသာ စမ်းသုံးကြည့်ပါလို့ အကြံပြု ချင်ပါတယ်။ အုန်းဆီဟာ ကိုယ်တွင်းအပူချိန် (သွေးဖိအား) ကို ကောင်းမွန်စေပြီး အုန်းဆီထဲမှာပါရှိတဲ့ ဖက်တီး အက်ဆစ်တွေကို လောင်ကျွမ်းစေတဲ့အတွက် ကိုယ်တွင်း အင်္ဂါများကို တိုးတက်ကောင်းမွန်စေပါတယ်။


ခံတွင်း ကျန်းမာရေး
အုန်းဆီဟာ ခံတွင်းရှိ အနံ့အသက်ဆိုးများကို ဖယ်ရှားပေးပြီး သွားပျက်စီးခြင်း၊ သွားဖုံးရောဂါများအတွက်လည်း ကာကွယ်ပေးပါတယ်။ သွားကို အုန်းဆီနဲ့ ရောပြီး တိုက်ပေးပါက ခံတွင်းအနံ့ ကောင်းမွန်ပြီး သွားတွေ ကျန်းမာသန်မာလာစေမှာ ဖြစ်ပါတယ်။


ဟင်းသီးဟင်းရွက် ဆီများထက် ပိုထူး

အုန်းဆီဟာ တခြားသော ဟင်းသီး ဟင်းရွက်ဆီများထက် ပိုပြီး ထူးခြားများပြားတဲ့ သတ္တိတွေ ရှိပါတယ်။ အမျိုးမျိုးသော ဘတ်တီးရီးယားများ၊ ဗိုင်းရပ်စ်ပိုးမွှားများ၊ ယားနာများကို သေစေနိုင်ပြီး ဝမ်းချုပ်ခြင်းမှလည်း ကင်းဝေးစေပါတယ်။ ကျောရိုးမကြီး ကင်ဆာ၊ အနောက်တိုင်းက အမျိုးသမီးတွေ အဖြစ်များတဲ့ ရင်သားကင်ဆာနဲ့ တခြားသော ကင်ဆာ အမျိုးအစားတို့ကိုလည်း ကာကွယ်ပေးပါတယ်။


ကေသာကို အကျိုးပြု
အုန်းဆီဟာ ကေသာတွင်းမှာ ရှိတဲ့ ပရိုတင်းဓာတ်တွေကို ပိတ်ဆို့ထားနိုင်တဲ့အတွက် ကေသာတွင်း ပရိုတင်းဓာတ် ဆုံးရှုံးမှု မဖြစ်တော့ပါဘူး။ ပိုးသားလေးလို ရွှန်းစိုသန်စွမ်း တောက်ပြောင်စေပြီး ဒက်ပေါက်ခြင်းမှလည်း ကင်းဝေးစေပါတယ်။


အရေပြား
အုန်းဆီဟာ အသားရေကိုလည်း ရွှန်းစိုစေပြီး ဝက်ခြံကိုလည်း အမြန်ဆုံး ကုသပေးနိုင် ပါတယ်။ အရေပြားထဲကို ဖောက်ဝင်နိုင်စွမ်းရှိပြီး အညစ်အကြေးတွေကို ဖယ်ရှားသန့်စင် ပေးနိုင်ပါတယ်။ ဝက်ခြံအတွက် အုန်းဆီပါးပါးလေးကို မနက်တိုင်း လိမ်းပေးပါ။ ပထမမှာ ဝက်ခြံဟာ ပိုပြီးဆိုးရွားလာတဲ့ ပုံစံရှိလာနိုင်ပါတယ်။ မကြောက်ပါနဲ့။
မကြာခင် လျော့ပါး ပျောက်ကွယ်သွားမှာ ဖြစ်ပါတယ်။ ဆက်တိုက်လေးသာ အသုံးပြု ပေးပါ။ 


အုန်းဆီကို အရေပြားအတွက် ပုံမှန်အသုံးပြုပေးမယ် ဆိုရင် အရေးပြားအတွက် ပြဿနာတွေဟာ နောက်နောင်ဖြစ်ပေါ်လာမှာ မဟုတ်တော့ပါဘူး။ တောင်ပစိဖိတ်ကျွန်းက ကျွန်းသား၊ ကျွန်းသူတွေဟာ အုန်းဆီကို နေ့စဉ်ပုံမှန် အသုံးပြုကြပါတယ်။

နေရောင်ထဲ အပြင်မသွားခင် အုန်းဆီလိမ်းပြီးမှ သွားလေ့ရှိကြပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အုန်းဆီဟာ အကောင်းဆုံး နေရောင်ကာခရင်မ် တစ်မျိုးပဲ ဖြစ်ပါတယ်။ 

 အုန်းဆီကို နေလောင်ဒဏ် အသားရေများအတွက်လည်း အသုံးပြုနိုင်ပါသေးတယ်။

 အမာရွတ်၊ မှဲ့ခြောက်များ၊ ကြွက်နို့များကိုလည်း အုန်းဆီဟာ ဖယ်ရှားနိုင်ပါတယ်။ အုန်းဆီကို အပူပေးပြီး နွေးတေးတေး အဆင့်မှာ လိမ်းပေးရမှာ ဖြစ်ပါတယ်။ ပူနွေးတဲ့ အုန်းဆီ အနေအထားကို အရေပြားဟာ ကောင်းစွာ စုပ်ယူနိုင်မှာ ဖြစ်ပြီး အဲဒီ့လိမ်ထားတဲ့ နေရာကို ပတ်တီးနဲ့ ထပ်ပြီး စည်းပေးရမှာ ဖြစ်ပါတယ်။

ဆောင်းဦးရွက်ကြွေ ကွဲမျက်ခြေ
ဟေမာန်ဆောင်းရဲ့ တံခါးပေါက်ကို ရောက်လာတဲ့အခါ ပျိုတို့ရဲ့ ခြေဖဝါးဟာ ဘယ်အမာခံ မျက်နှာပြင်မှ မနင်းရဘဲ ကွဲအက်ပြတ်ရွေ့လာပါတယ်။ အဲဒီ့လို အခါမျိုးမှာ အုန်းဆီနဲ့ ခြေဖနောင့်ကို လိမ်းပေးလိုက်ပါ။ ခြေဖဝါးကွဲတာ အပြင် ခြေထောက်မှာ ယားနာတွေ ပေါက်ရင်လည်း အုန်းဆီကို အသုံးပြုနိုင်ပါသေးတယ်။


ဝိတ်ကျစေ

အုန်းဆီဟာ ဝိတ်ကျစေမယ်ဆိုရင် ပျိုတို့ မျက်ခုံးလေးတော့ နည်းနည်း ပင့်ချင်မယ် ထင်တယ်။ ဒီလိုရှိပါတယ်။ အုန်းဆီဟာ ကိုယ်တွင်း ဇီဝကမ္မဖြစ်စဉ်တွေကို ကောင်းမွန် ဖြောင့်ဖြူးသွက်လက်စေတာမို့ ကိုယ်တွင်းရှိ အဆီပိုများကို ဖယ်ရှားပေးသွားပြီး အားအင်ကြွက်သား အဖြစ်သို့ ဖန်တီးလိုက်ပါတယ်။ ဒီလိုနဲ့ ကိုယ်အလေးချိန်တိုးခြင်းမှ တစ်ခါတည်း ကာကွယ်ပေးပြီးသား ဖြစ်သွားပါတော့တယ်။


အဆုံးသတ်ပြောရရင် တစ်ချို့ ပျိုမေတွေ မျက်နှာလွဲခဲပစ်၊ မျက်စောင်းထိုးလုပ်ထားတဲ့ အုန်းဆီဟာ ဆားရောဂါ၊ အေအိုင်ဒီအက်စ် ရောဂါများကိုပါ ပျောက်ကင်းနိုင်တဲ့ သတ္တိရှိကြောင်း တချို့သုတေသန ပညာရှင်တွေက ပြောကြားထားပါတယ်။

19 Feb 2013

မုန်ညင်းဆီ

Chinese Mustard (မုန်ညင်းဖြူ) အသုံးဝင်သော အစိတ်အပိုင်း

( မုန်ညင်းစေ့ ၊ မုန်ညင်းဆီ။ )

အကျိုး အာနိသင် -

အာနိသင် —မြန်မာ ဆေးကျမ်းများ အလိုအရ မုန်ညင်းသည် စပ်ခါးသော အရသာ ရှိ၍ ပူသော သတ္တိ ရှိ၏။ ထက်မြက်၏ ၊ ၀မ်းမီးကို တောက်စေ၏ ၊ သလိပ်တို့ကို ကင်းငြိမ်း စေ၏။ သွေးအန်။ သွေးကျ ၊ နူနာ ၊ ယားယံခြင်းကို ပျောက်ကင်း စေ၏ ။

အသုံးပြုပုံ (သုံးစွဲနည်း) -

အစေ့

၁ ။မုန်ညင်းဖြူ စေ့ကို ကွမ်းစားဂမုန်း နှင့်သွေးပြီး လိမ်းသော် အဆစ်ရောင်ခြင်း ပျောက်၏။

အဆီ

 

၁။မုန်ညင်းဆီ အနည်းငယ်ကို အအေးလွန်၍ ကိုက်သော နားနာကို ခတ်ပေးပါက ပျောက်ကင်း၏။

၂ ။ မုန်ညင်းဆီ ၊ မရိုးရွက် ရည်၊ နနွင်းတက် ၎င်းသုံးမျိုးကို ရောချက်၍ ဆီကျန်လျှင် စစ်ယူပြီး ပွေးနာ ၊ ယားနာများ ကို လူးပေးပါက ပျောက်ကင်းသည်။

၃ ။ မုန်ညင်းဆီကို ပရုတ်နှင့် ချက်၍ ကလေးများ ဗိုက်နာခြင်း ၊ အဆုတ် အအေး မိခြင်း ၊ နှာစေး ချောင်းဆိုး ခြင်းများ အတွက် လိမ်းဆေး သို့မဟုတ် အုပ်ဆေး အဖြစ် အသုံးပြု ရ၏။

၎ ။ ဘေလုံးရောဂါ ၊ သွေးဖျဉ်း ရောဂါ ၊ မြင်းသရိုက် ရောဂါ ၊ လေထိုး လေအောင့် ရောဂါများ အတွက် မုန်ညင်းဆီကို အနည်းငယ် သောက်ပေးခြင်း ၊ ရောဂါ ဖြစ်ရာ နေရာတွင် ပွတ်၍ လိမ်းပေးခြင်း ဖြင့် ပျောက်ကင်း၏။

၅။ ထိပ်ကပ်နာ ရှိသူများ ညအိပ်ရာ ၀င်ချိန် နှာခေါင်း တွင်းသို့ မုန်ညင်းဆီ အနည်းငယ် ထည့်ပေးက ပျောက်၏။

၆ ။ ကလေးများ မက္ခရုနာ ပေါက်လျှင် မုန်ညင်းဆီဖြင့် သုံးခါမျှ လိမ်းပေးရုံနှင့် မက္ခရု များ ကြွေကျ ပျောက်ကင်း၏။

၇ ။ ခေါင်းကိုက် ခေါင်းအုံလျှင် ဦးခေါင်းတွင် မုန်ညင်းဆီ ထည့်လိမ်း ပေးခြင်းဖြင့် ပျောက်ကင်း၏။

၈ ။ ဇက်ကြောတက် ၊ မျက်ရိုး ကိုက်သည့် နေရာများတွင် မုန်ညင်းဆီ လိမ်းပေးကလည်း ပျောက်ကင်း၏။

၉ ။ အထုံ အကျဉ် ၊ အချိအနဲ့ ၊ အကြောဆွဲ ၊ လက်ကပ် ခြေကပ် ဖြစ်လျှင် မုန်ညင်းဆီ တစ်ဆ ၊ နှမ်းဆီ တစ်ဆကို တောင်ဆိတ်ဆီ သို့မဟုတ် တောဆိတ် ဆီနှင့် ဖျော်၍ ပွတ်လိမ်းပေးက ပျောက်၏။

၁၀ ။ လည်ပင်းကြီး ရောဂါ အတွက် မုန်ညင်းဆီ တစ်ဆ ၊ နှမ်းဆီ တစ်ဆကို စပါးကြီး သည်းခြေနှင့် ဖျော်၍ လည်ပင်းတွင် စုတ်နှင့် ထိုးပြီး ပဉ္စကာနီသီး သို့မဟုတ် ဖရဲသီးကို အခြောက်လှန်း သွေးလိမ်းက ပျောက်၏။

၁၁။ အနာပျက် ၊ အနာဆွေး များတွင် မုန်ညင်းဆီ လိမ်းက ပျောက်၏။

၁၂ ။ မုတ္တကျ သူများ မုန်ညင်းဆီ ဖြင့် နှိပ်နယ်လိမ်း ပေးက ပျောက်၏။

၁၃ ။ လူကောင်းများ ကိုယ်တွင် လိမ်း၍ အိပ်ပါက ၀ဲနာ ၊ ယားနာ ၊ နူနာ ၊ လေနာ များမှ ကင်းဝေး စေ၏။


http://on.fb.me/UWRK0Q

အေးချမ်းမွန်မှ laminmaung တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

1 Dec 2012

အစွမ်းထက် သံလွင်ဆီနှင့် ကြက်သွန်ဖြူ

 

အစွမ်းထက် သံလွင်ဆီနှင့် ကြက်သွန်ဖြူ( Garlic and Olive Oil)

သံလွင်ဆီနှင့် ကြက်သွန်ဖြူကိုတွဲဖက်ပြီး ရရှိလာတဲ့ အကျိုးကျေးဇူးတွေကို ဖော်ပြပေးပါမယ်။ ကျွမ်းကျင်တဲ့ပါရဂူကြီးတွေကသံလွင်ဆီကို ကြက်သွန်ဖြူနဲ့တွဲဖက်ပြီး အသုံးပြုတဲ့အခါ ကင်ဆာရောဂါ၊ နှလုံးရောဂါနှင့် အသက်အန္တရာယ် ဟူသမျှကို တွန်းလှန်ကာကွယ်ရာမှာအဆ(၃)ရှိပြီးကောင်းမွန်တာကို တွေ့ရပါတယ်လို့ ဆိုပါတယ်။ သူတို့ နှစ်မျိုးပေါင်းစပ်မှု အစွမ်းဟာ အိုဟိုင်းခြင်းဆိုတဲ့ဇရာရဲ့သွင်ပြင်တွေကို ပြေပျောက်စေရုံသာမက ကိုယ်ခန္ဒာမှာ ပိုနေသောမလိုအပ်တဲ့ အဆီတွေကို လျော့ချပေးရာမှာလည်းအစွမ်းထက်လှပါတယ်။ ကြက်သွန်ဖြူနဲ့ သံလွင်ဆီပေါင်းစပ်သုံးစွဲတဲ့အခါ ပျောက်ကင်းနိုင်တဲ့ ရောဂါတွေကို
ဖော်ပြပေးလိုက်ပါတယ်။
 
၁။ အဆစ်အမြစ်ရောင်ရောဂါ
အဆစ်အမြစ်ရောင်ရောဂါကြောင့် ဖြစ်ပေါ်တတ်သော ကိုက်ခဲတဲ့ ဝေဒနာကို သံလွင်ဆီ စားပွဲဇွန်း(၁)ဇွန်း၊
ထုခြေထားတဲ့ ကြက်သွန်ဖြူဇွန်းတစ်ဝက်၊ ရေနွေးတစ်ဖန်ခွက်မှာ ရောစွက်ဖျော်သောက်ပါ။ နံနက်၊ ည နှစ်ကြိမ်သောက်ရင်ကိုက်ခဲခြင်းပျောက်စေပါသည်။ဒါ့အပြင်ကြက်သွန်ဖြူအမှုန့်ကိုသံလွင်ဆီနဲ့ ရောစပ်ပြီး ကိုက်ခဲတဲ့နေရာ၊ အဆစ်အမြစ်တွေကို လိမ်းပေးပါ။ မိနစ်ပိုင်းအတွင်းကိုက်ခဲတာမှန်သမျှသက်သာသွားစေပါတယ်။ ဆွစ်ဇာလန်တက္ကသိုလ် တစ်ခုမှာ
အဆစ်အမြစ်ကိုက် ဝေဒနာရှင်(၄၀၀) ကို နံနက်တိုင်း သံလွင်ဆီ စားပွဲတင်ဇွန်းတစ်ဇွန်းနဲ့ ကြက်သွန်ဖြူရည် ဇွန်းလေးပုံတစ်ပုံရောစပ်၍ တိုက်သည့်အခါ ရက်သတ္တနှစ်ပတ်အတွင်း လူနာများဟာ အကိုက်အခဲက သိသိသာသာ သက်သာသွားပြီး ပုံမှန်လှုပ်ရှားမှုများကို ပြုလုပ်နိုင်ခဲ့ကြောင်း တွေ့ကြရပါတယ်။

၂။ ဆီးအိမ်ရောင်ခြင်း
ဆီးအိမ်မှာ ဘက်တီးရီးယားပိုးရောက်ပြီး ဆီးကျဉ်တဲ့ ဝေဒနာဖြစ်ရင် သံလွင်ဆီ စားပွဲဇွန်း(၁)ဇွန်း၊ ကြက်သွန်ဖြူရည်(၁)ဇွန်း၊ ရေနွေးတစ်ဖန်ခွက်မှာ ရောစပ်သောက်ပါ။
အစားမစားမှီတစ်နေ့(၃)ကြိမ်သောက်ပေးရင် ဘက်တီးရီးယားပိုး
တွေဆီးအိမ်မှာ ကင်းရှင်းသွားပါလိမ့်မည်။

၃။ ကင်ဆာရောဂါ
နောက်ဆုံးလေ့လာစမ်းသပ်မှုများအရ ကင်ဆာရောဂါဟာ သံလွင်ဆီကြက်သွန်ဖြူ ပေါင်းစပ်သုံးစွဲခြင်းဖြင့်
ပျောက်ကင်းမှုနှုန်းပိုများကြောင်းသိရှိကြရပါတယ်။အရိုး၊ရင်သားနဲ့အစာအိမ်ကင်ဆာ ဖြစ်နေသူ(၄၀)ကျော်
ကိုသံလွင်ဆီနဲ့ကြက်သွန်ဖြူရောစပ်သောက်သုံးစေခဲ့ပါတယ်။ကင်ဆာဆေးကြီးသာအားကိုးသောက်နေ သူတွေထက် နှစ်ဆပိုပြီး
ပျောက်ကင်းတာ တွေ့ကြရပါတယ်။ တိုကျိုဆေးတက္ကသိုလ်က ဒေါက်တာ ဆာချီအိုနီမာတာက လူနာတွေကိုသံလွင်ဆီဇွန်းကြီးတစ်ဇွန်းနှင့် ကြက်သွန်ဖြူကို အရည်ညှစ်ထားသောအရည်ဇွန်း သုံးပုံတစ်ပုံရောစပ်ပြီး တစ်နေ့ (၃)ကြိမ် တစ်လတိတိသောက်သုံးစေခဲ့တယ်လို့ ဆိုပါတယ်။ ကြက်သွန်ဖြူကို ရှာလကာရည်(သို့မဟုတ်)သံလွင်ဆီနဲ့ တွဲဖက်ပြီး ဟင်းသီးဟင်းရွက်
တို့စရာသဘောမျိုးနဲ့ ရောစပ်စားသုံးခြင်းကို တစ်နေ့တစ်ကြိမ်ပြုလုပ်ပေးလျှင် ခြေဖ၀ါးကျိန်း၊ နာကျင်တဲ့ဝေဒနာ သက်သာရာရောက်စေကြောင်း သိရပါတယ်။

၎။ အဆီများခြင်း
ကိုလက်စထရောဓါတ် သွေးထဲမှာ များတဲ့အခါ ရေနွေး(၁၆)အောင်စထဲမှာ သံလွင်ဆီနှစ်ဇွန်း၊ ကြက်သွန်ဖြူ
အမှုန့်ပြုလုပ်ပြီး(၃)ဇွန်းရောစပ်ပြီး ရေနွေးကြမ်းသောက်သလို မကြာခဏသောက်ပေးပါ။ အဆီကျသွားစေပါလိမ့်မယ်။စပိန်နိုင်ငံ ဘာစီလိုနာမှာ လေ့လာစမ်းသပ်တဲ့အခါ သံလွင်ဆီကြက်သွန်ဖြူရည်ကို သောက်သုံးပြီး(၃)နာရီအတွင်းမှာပင်မူလကရှိတဲ့ကိုလက်စထရောရဲ့ (၁၅)ရာခိုင်နှုန်း လျော့ကျသွားတာ တွေ့ကြရပါတယ်။ သုတေသီ အလီဂျာဒရိုရဲ့လေ့လာမှုမှာလည်း သံလွင်ဆီချည်း သက်သက်မှီဝဲပေးရုံဖြင့် ကိုလက်စထရော ကျဆင်းသွားတယ်လို့ဖော်ပြထားပါတယ်။

၅။ အအေးမိခြင်း
မိမိရဲ့ ကိုယ်ခံအားနည်းတဲ့အခါ အအေးမိ၊ နှာစေး၊ ချောင်းဆိုး၊ လည်ချောင်းနာ စတဲ့ဝေဒနာတွေဆင့်ကဲ
ဝင်လာတတ်ပါတယ်။ သံလွင်ဆီတစ်ဇွန်း၊ ကြက်သွန်ဖြူမှုန့်ဇွန်း လေးပုံတစ်ပုံရောသောက်ပေးရင် နာရီပိုင်းအတွင်း အအေးမိ
ခြင်း သက်သာသွားနိုင်သလို လည်ချောင်းနာ၊ နှာရည်ယိုတာတွေလည်း ကောင်းသွားနိုင်ပါတယ်။

၆။ ပင်ပန်းနွမ်းနယ်ခြင်း
ကိုယ်ပင်ပန်းနွမ်းနယ်မှု ခံစားရတိုင်း ရေနွေးတစ်ခွက်ထဲမှာ သံလွင်ဆီဇွန်းတစ်ဝက်ရောစပ်မွှေနှောက်ပြီး
ကြက်သွန်ဖြူမှုန့် အနည်းငယ်ဖြူးပြီးသောက်ပေးပါ၊စိတ်ကြည်လင်ပြီးလန်းဆန်းဖျတ်လတ်လာပါလိမ့်မယ်။ ဒေါက်တာ
အယ်ဖွန်ဆိုရဲ့ အဆိုအရ သံလွင်ဖျော်ရည်ရဲ့ အစွမ်းကို ချက်ချင်းမသိရပေးမယ့်တစ်ရက်၊ နှစ်ရက်ကြာတဲ့အခါသိလာကြောင်း ဖော်ပြထားပါတယ်။

၇။ နားလေးခြင်း
သံလွင်ဆီ-ကြက်သွန်ဖြူကို နေ့စဉ်စားသုံးပေးရင် နားအတွင်းရောဂါကို သက်သာစေတဲ့အပြင် အကြားအာရုံကိုပိုပြီးကောင်းစေပါတယ်။

၈။ နှလုံးရောဂါ
သံလွင်ဆီနဲ့ ကြက်သွန်ဖြူကို အလျဉ်းသင့်တိုင်း ထမင်းစားတဲ့အခါ ထည့်စားပေးရင် နှလုံးရောဂါ အမျိုးမျိုးဖြစ်ခြင်းကကာကွယ်ပေးနိုင်တဲ့အပြင် နှလုံးသွေးကြောတွေမှာ အဆီဖုံးပြီး သွေကြောပိတ်ခြင်းကပါ သက်သာစေနိုင်ပါတယ်။ တစ်ချို့က
သံလွင်ဆီနဲ့ ကြက်သွန်ဖြူကို ဆားနည်းနည်းထည့်ပြီးစားသုံးခြင်းဖြင့် သွေးကြောတွေအဆီဖုံးပြီး မာကြောခြင်းက ကာကွယ်နိုင်ပါတယ်လို့ ဖော်ပြကြပါတယ်။

၉။ သွေးတိုးရောဂါ
သံလွင်-ကြက်သွန်ဖြူကို (၂)ချိုး၊ (၁)ချိုးရောစပ်ပြီး တစ်လကြာသောက်သုံးပေးတဲ့ အခါ သွေးတိုးရောဂါနဲ့ သွေးတိုးနဲ့
ယှဉ်တဲ့ ဝေဒနာတွေ သက်သာသွားကြောင်း အီတလီကလေ့လာမှုများက ဖော်ပြထားပါတယ်။

၁၀။ ကိုယ်ခံအားနည်းခြင်း
အစွမ်းထက်သံလွင်ဆီ-ကြက်သွန်ဖြူကို မှန်မှန်မှီဝဲပေးရင် ခုခံအားအဖွဲ့ရဲ့လုပ်ဆောင်ချက် (၃)ဆတိုးလာစေကြောင်းသိရပါတယ်။ ဆေးသုတေသနပြုမှုများကလည်း သံလွင်ဆီ-ကြက်သွန်ဖြူဟာ သွေးဖြူဥရဲ့ လုပ်ဆောင်ချက်ကို အားပေးပြီးရောဂါပိုးတွေကို ခုခံတိုက်ဖျက်ရာမှာ ကူညီပေးကြောင်းဖော်ပြထားပါတယ်

၁၁။ ကာမအားနည်းခြင်း
ဂျာမန်သုတေသီတွေရဲ့ တွေ့ရှိချက်အရ သံလွင်ဆီ ကြက်သွန်ဖြူမှာ ထူးခြားတဲ့ အာနိသင်တွေရှိကြောင်း
သိရပါတယ်။ ဟိုးရှေးကတည်းက သံလွင်ဆီဟာ ကာမအားနည်းခြင်းကို လုံးဝ ပြန်လည်ကောင်းမွန်လာစေတယ်လို့ယုံကြည်ကြပါတယ်။

၁၂။ အစာမကြေခြင်း
တစ်အောင်စ၀င်ဖန်ပုလင်းနဲ့ သံလွင်ဆီတ၀က်၊ ကြက်သွန်ဖြူဥကြီး(၅)လုံးခန့် တပတ်ကြာစိမ်ထားပါ။ အဲဒီအရည်ကိုအစာမကြေ၊ လေပွ၊ဗိုက်အောင့်တဲ့အခါတိုင်းလက်ဖက်ရည်ဇွန်း(၂)ဇွန်းစာ သောက်ပေးပါ။
 လေငြိမ်ပြီးအစာကြေစေပါတယ်။

၁၃။ အသက်ရှည်ဆေး
သံလွင်ဆီနဲ့ ကြက်သွန်ဖြူကို အအေးဖြစ်စေ၊ အပူဖြစ်စေ ပြုလုပ်ပြီး နေ့စဉ်မှီဝဲပေးရင် အသက်ရှည်ရှည် အနာရောဂါကင်းကင်း နေနိုင်သွားပါလိမ့်မယ်။ ကြက်သွန်ဖြူဥလေးလုံးနဲ့ သံလွင်ဆီတစ်ဇွန်းကို လက်ဖက်ရည်တစ်ခွက်စာထဲမှာ ထည့်ပြီး(၅)မိနစ်ကြာတည်ထားပြီး အပူကြိုက်ရင် မီးဖိုပေါ်က ချချခြင်း သောက်သုံးပါ။ အအေးကြိုက်ရင်လည်း အအေးခံထားပြီးမှသောက်သုံးနိုင်ပါတယ်။

၁၄။ အရေပြားနာ
အရေပြားနာဖြစ်တဲ့အခါ သံလွင်ဆီ(၃)ဇွန်းစာနဲ့ ကြက်သွန်ဖြူဆီ(၁)ဇွန်းစာရောမွှေပြီး အရေပြားပေါ်မှာ လိမ်းပေးပါ။ဝက်ခြံပေါက်ရင်လည်း လူးပေးလို့ ရပါတယ်။ ညစဉ်လိမ်းအိပ်ရင် အရေပြားနာကင်းရှင်းပြီး၊ အသားအရည် စိုပြေလှပလာပါလိမ့်မယ်။

၁၅။ ကြွက်သားနာခြင်း
အလုပ်ပင်ပန်းပြီး ကြွက်သားတွေ နာကျိင်ကိုက်ခဲတဲ့အခါ သံလွင်ဆီနဲ့ ကြက်သွန်ဖြူ ရောစပ်ပြီး လိမ်းပေးရင်အကိုက်အခဲက ချက်ချင်းသက်သာစေနိုင်ပါတယ်။ အားကစားသမားတွေအပြင်အထန်လှုပ်ရှားပြီးတိုင်း နာကျင်နေတဲ့အခါသံလွင်ဆီနဲ့ ကြက်သွန်ဖြူမှုန့်က သက်သာမှုပေးပါတယ်။

၁၆။ ကိုယ်အလေးချိန်ကျခြင်း
ကိုယ်ခန္ဓာမှာ မလိုအပ်ပဲ ပိုနေတဲ့အဆီခဲ၊ အဆီစုတွေကို သံလွင်ဆီ-ကြက်သွန်ဖြူနဲ့ လျှော့ပြစ်နိုင်ကြောင်း
သိရပါတယ်။အဆီနဲ့ရွှဲနေတဲ့ဝမ်းဗိုက်ပူတွေကိုလည်းယူပြစ်လိုက်သလို ပျောက်ကင်းသွားစေနိုင်တာကလည်း သံလွင်ဆီ(၂)ဆ၊ ကြက်သွန်ဖြူရည် (၁)ဆ ရောစပ်ထားတဲ့ ကော့တေးရည်ပါပဲ။

ဒေါက်တာအောင်နိုင်
ဒေါက်တာဖြူဖြူဝင်း
Ref>>>http://api.ning.com

30 Nov 2012

သံလွင်ဆီ၏ အသုံးဝင်ပုံ ခုနှစ်မျိုး

သံလွင်ဆီဟာတခြားဆီတွေထက်ကျန်းမာရေးနဲ့ညီညွတ်တာကြောင့်သံလွင်ဆီစားတဲ့သူတွေက ယေဘုယျအားဖြင့် အသက်ရှည် ကျန်းမာကြတာကို တွေ့ရပါတယ်။
 သံလွင်ဆီမှာ ဗီတာမင် အေ၊ ဗီတာမင် ဘီဝမ်း၊ ဘီတူး၊ ဗီတာမင်စီ၊ ဒီ၊ အီးနဲ့ ကေစတဲ့ ဗီတာမင်ဓာတ်တွေ ပါဝင်ပြီး သံဓာတ်နဲ့ အိုမီဂါ ၉ လည်း ပါဝင်ပါတယ်။
 ဒါကြောင့် သံလွင်ဆီဟာ ကင်ဆာကို ကာကွယ်နိုင်ပြီး အယ်လ်ဇိုင်းမား ရောဂါ ရှိသူတွေမှာ ဝေဒနာ သက်သာစေတဲ့ အာနိသင်လည်း ရှိပါတယ်။ ဒါ့အပြင် သံလွင်ဆီဟာ အောက်ပါ အခြေအနေတွေမှာလည်း အသုံးဝင်မှု ရှိပါတယ်။


(၁) ချက်ပြုတ်ခြင်း
 
ဟင်းလျာတွေ ချက်ပြုတ်ရာမှာ တခြားဟင်းချက်ဆီအစား ဒါမှမဟုတ် ထောပတ်အစား အသုံးပြုပေးရင် ကျန်းမာရေးအတွက် ကောင်းကျိုးတွေ အများကြီး ရှိပါတယ်။

(၂) အသားအရေ
 
ရေချိုးပြီးတဲ့အခါ ခန္ဓာကိုယ်ကို သံလွင်ဆီနဲ့ ညင်ညင်သာသာ လိမ်းပေးပါက အစိုဓာတ်ထိန်းတဲ့ အာနိသင်ကို ရရှိစေပါတယ်။ မျက်နှာသစ်ပြီးချိန်မှာ မျက်နှာကို လိမ်းပေးပါ။ အမွေးရိတ်ရာမှာ ဒါမှမဟုတ် မျက်ဝန်းအပါအဝင် မျက်နှာပေါ်က မိတ်ကပ်တွေ ဖျက်ရာမှာ သံလွင်ဆီက အသုံးဝင်ပါတယ်။

(၃) ဆံပင်သား၊ လက်သည်းခြေသည်း
 
ဆံပင်သားပေါ် သံလွင်ဆီ လိမ်းပေးရင် ဆံပင်သား ထိခိုက်ပျက်စီးတာ၊ ဖွာတာ၊ ကျိုးပဲ့တာ စတာတွေကို သက်သာစေပါတယ်။ ခေါင်းမလျှော်ခင်မှာ ညကတည်းက သံလွင်ဆီကို တစ်ခေါင်းလုံးအနှံ့ လိမ်းပေးပါ။ နောက်တစ်နေ့ နံနက်ခေါင်းလျှော်ပြီးချိန်မှာ ဆံပင်သား နူးညံ့ တောက်ပြောင်ပြီး သန်စွမ်းကျန်းမာ နေပါလိမ့်မယ်။ ဒါမှမဟုတ် သံလွင်ဆီ ထည့်သွင်း ပြုလုပ်ထားတဲ့ ခေါင်းလျှော်ရည်ကို သုံးပြီး ခေါင်းလျှော်ပါ။ သံလွင်ဆီကို ဆံပင်သားနဲ့ ဦးရေပြားပေါ် လိမ်းပေးတဲ့အခါ ကွန်ဒီရှင်နာလို အာနိသင် ပေးနိုင်ရုံသာမက ဗောက်ပျောက်စေတဲ့ အစွမ်းလည်း ရှိပါတယ်။ ဒါကြောင့် သံလွင်ဆီပါတဲ့ ခေါင်းလျှော်ရည်ကို သုံးသင့်သလို ခေါင်းလျှော်ပြီးချိန်မှာလည်း သံလွင်ဆီနဲ့ရေကို ဆတူရောပြီး ဆံပင်သားပေါ် လိမ်းပေးသင့်ပါတယ်။ ဒီလိုလုပ်ပေးတာကြောင့် ဆံပင်သားက ပိုတောက်ပြောင်သန်စွမ်းကာ လှပကြည့်ကောင်း နေပါလိမ့်မယ်။ လက်သည်း၊ ခြေသည်းတွေကို သံလွင်ဆီ လိမ်းပေးပါက သဘာဝကျကျ ကြည်လင် တောက်ပစေပါတယ်။

(၄) ချောင်းဆိုးခြင်းနှင့် လည်ချောင်းနာခြင်း

သံလွင်ဆီ ထမင်းစားဇွန်း တစ်ဇွန်း စားပေးပါက ချောင်းခြောက်ဆိုးတာနဲ့ လည်ချောင်းနာတာတို့ကို သက်သာစေပါတယ်။

(၅) ဟင်းချက်အိုးများ

သံလွင်ဆီဟာ ဟင်းချက်အိုးတွေ အစင်းထင်တာ၊ ပွန်းပဲ့တာတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။

(၆) နှုတ်ခမ်းဆိုးဆေး

သံလွင်ဆီဟာ ခြောက်သွေ့ကွဲအက်နေတဲ့ နှုတ်ခမ်းသားတွေအတွက် အကောင်းဆုံး နှုတ်ခမ်းဆိုးဆေး ဖြစ်ပါတယ်။ အေးမြတဲ့ ရာသီမှာ လက်လိမ်းလိုးရှင်းအဖြစ် အသုံးပြုနိုင်ပါတယ်။

(၇) ရေချိုးဆီ

ရေထဲကို သံလွင်ဆီ အစက်အနည်းငယ် ထည့်ပြီး ရေချိုးပေးပါ။ အသားအရေက သိသိသာသာ တောက်ပြောင် လာပါလိမ့်မယ်။

Tip!
- သံလွင်ဆီဟာ သွေးဖိအားကို လျော့ကျစေပါတယ်။
- ကင်ဆာရောဂါ တချို့ရဲ့ ကြီးထွားမှုကို တားဆီးပေးနိုင်ပါတယ်။
- ဆီးချိုသွေးချို ဖြစ်နိုင်ခြေ များသူတွေအတွက် သင့်တော်ပါတယ်။
- ပန်းနာရင်ကျပ်ရောဂါနဲ့ အဆစ်ရောင်နာ ရောဂါပြင်းအားကို လျော့ကျစေပါတယ်။
- ကိုယ်အလေးချိန် လျော့ကျအောင် ထိန်းထားနိုင်ပါတယ်။
Ref>>http://yingjunyang.blogspot.com/2012/07/blog-post_16.html#more

“ကျန်းမာရေးအတွက်ကောင်းတဲ့ သံလွင်ဆီ”

သံလွင်ဆီ (Olive Oil) က သွေးတွင်းရှိ ကိုလက်စထရောလ် “ဆိုး” ပမာဏကို လျော့ကျ စေနိုင်တဲ့အတွက် နှလုံး ကျန်းမာရေး အတွက် ကောင်းမွန်ကြောင်း သိထားပြီး ဖြစ်တယ်။

ယခုအခါ အမေရိကန်ပြည်ထောင်စု ဖီလာဒယ်လ်ဖီးယားက သုတေသီတို့ ပြုလုပ် တဲ့ လေ့လာမှုတစ်ရပ်က သံလွင်ဆီ ထဲမှာ ဒြပ်ပေါင်းတစ်မျိုးက စတီးရွိုက်မဟုတ်တဲ့ အရောင်ကျဆေးများ (non-steroidal anti-inflammatory drugs, NSAIDs) (ဥပမာအားဖြင့် အက်စ်ပရင်နှင့် ibuprofen) လို အရောင်ကျစေတဲ့ အာနိသင်ရှိကြောင်း ပြသခဲ့သည်။

ဒါ့အပြင် အဲဒီဆေးတွေလို ဘေးထွက်ဆိုးကျိုးများ ဒါမှမဟုတ် အစာအိမ်ကို ဒုက္ခပေးခြင်း များ မရှိဘူး။ ဒီလိုပြောလိုက်လို့ သံလွင်ဆီထိုးပေးလိုက်ရင် သင့်ခေါင်းကိုက်ဝေဒနာကို ပျောက်ကင်းစေမယ့် သဘောလား။ “ibuprofen ဆေးပြား ၂ခုစာ အာနိသင်ရရှိဖို့ သင့် အနေနှင့် သံလွင်ဆီ 500ml ကို သောက်ရမယ်။ ဒါကို ကျွန်တော် မထောက်ခံပါဘူး” လို့ လေ့လာမှုမှာ ပူးတွဲညွှန်ကြားသူ ဒေါက်တာ ပေါလ်ဘရက်စလင်က ပြောပါတယ်။

သို့ပေမယ့် အကြောရောဂါများ၊ ကင်ဆာအမျိုးအစား အချို့နှင့် သက်ကြီးအရွယ် ဦးနှောက် ယိုယွင်းခြင်းများ (dementias) ကဲ့သို့သော ရောဂါရှိသူများတွင် ရောဂါလက္ခဏာတစ်ရပ် အဖြစ် ရောင်ရမ်းခြင်း ခံစားရသူများ သံလွင်ဆီကြွယ်ဝတဲ့အစားအစာများကို စားပါက ဝေဒနာများကို သက်သာစေနိုင်မှာဖြစ်ပါတယ်။
Ref : Health Digest

သံလွင်ဆီ၏ ဆေးဘက်ဝင်အာနိသင်များ

ကမ္ဘာတ၀န်းမှာ သံလွင်ဆီကို မိခင်သဘာဝကြီးကပေးတဲ့ အစွမ်းထက်တဲ့ ဆေးလက်နက်အဖြစ် လူသိများခဲ့တာ ကြာပါပြီ။ ရောဂါအမျိုးမျိုးနဲ့ တိုက်ခိုက်ရာမှာ ဖြစ်စေ၊ အသက်အရွယ်အိုမင်းခြင်းကို ကာကွယ်ရာမှာ ဖြစ်စေ သံလွင်ဆီရဲ့ အာနိသင်ဟာ
သူမတူအောင် ထူးခြားလှပါတယ်။ သံလွင်ဆီရဲ့ ဆေးဖက်ဝင်အာနိသင်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။


အာဟာရဓါတ်ကြွယ်ဝတဲ့အတွက် အားအင်ချို့တဲ့သည့် ကလေးငယ်များ၊ သက်ကြီးရွယ်အိုများနဲ့ နာလံထစလူနာများကို အားဖြည့်ဆေးအဖြစ် တိုက်ကျွေးနိုင်ပါတယ်။

သံလွင်ဆီကို မှန်မှန်လိမ်းပေးရင် အသားအရေ နူးညံ့ပျော့ပျောင်းစေပါတယ်။ ခရုသင်းရောဂါ ဖြစ်ပွားတဲ့နေရာကို သန့်ရှင်း လတ်ဆတ်သောဂျုံမှုန့်နှင့် ရောစပ်လိမ်းကျံပေးပါက အံ့သြလောက်အောင် ပျောက်ကင်း သက်သာစေပါတယ်။

အအေးမိခြင်း၊ ကိုယ်လက်လေးလံညောင်းညာကိုက်ခဲခြင်းနှင့် ရင်ကြပ်၊ ပန်းနာရောဂါများအတွက် အာနိသင်ထက်မြက်တဲ့ ရင်လူးဆေးတစ်လက်လည်းဖြစ်ပါတယ်။

သွားနာ၊ သွားကိုက်၊ သွားပိုးစား၊ သွားဖုံးနာ စတဲ့ သွားနဲ့ခံတွင်းရောဂါများအတွက် ထိရောက်တဲ့ ထည့်ဆေးအဖြစ်လည်း အသုံးပြုနိုင်ပါတယ်။

ကင်းမလက်မည်း၊ ကင်းမြီးကောက်၊ ကင်းခြေများ စတဲ့ ကင်းအမျိုးမျိုးကိုက်ခဲ့လျှင် သံလွင်ဆီကို ကင်းဆိပ်ဖြေဆေးအဖြစ် သုံးနိုင်ပါတယ်။

ဝမ်းမီးကိုတောက်စေတဲ့အတွက် သူချည်းသက်သက်ဆိုလျှင် အကောင်းဆုံးအစာကြေဆေးနှင့် နှုတ်မြိန်ဆေးတစ်လက်လည်း ဖြစ်ပါတယ်။

ဝမ်းမီးအပူအပုပ်အချွဲများကို ဖယ်ရှားခြင်း၊ ၀မ်းမှန်စေခြင်း စတဲ့အာနိသင်များကြောင့် အစာအိမ်ရောဂါ၊ အူသိမ်အူရောင်ရောဂါ များကို ကုသပျောက်ကင်းနိုင်ပါတယ်။

အမျိုးသားသုံးအားဆေးအဖြစ်လည်းကောင်း၊ တိုင်းရင်းလိမ်းဆေးများဖြစ်တဲ့ ဒဏ်ကျေလိမ်းဆေး၊ အကြောဖြေလိမ်းဆေးများ ဖော်စပ်ရာမှာလည်းကောင်း အစွမ်းထက်သော ဆေးအမည်အဖြစ် အသုံးပြုနိုင်ပါတယ်။

သင့်ဆံကေသာအား လိမ်းပေးခြင်းဖြင့် ဦးခေါင်းအား အေးမြစေပြီး ဆံပင်ကို နက်မှောင်သန်စွမ်းစေ၍ ဆံပင်ကျွတ်ခြင်း၊ ဆံပင်နှစ်ခွဖြစ်ခြင်း၊ ဆံပင်အရောင်ပြောင်းခြင်းတို့မှ အထူးကာကွယ်ပေးပြီး ဗောက်၊ ဒက်များ တွယ်ကပ်ခြင်းမှ ကင်းဝေးစေပါတယ်။

အိမ်ထောင်ရှင်အမျိုးသမီးများ၏ ကိုယ်ဝန်ဆောင်စဉ်ကာလ ၀မ်းဗိုက်အားလိမ်းပေးပါက ဗိုက်ကြောမပြတ်အောင် ကာကွယ် ပေးသည့်အပြင် မွေးကင်းစ ကလေးသူငယ်များမှာ ဖြစ်တတ်သော အရေပြားယားယံခြင်းများကို အထူးပျောက်ကင်းစေပါတယ်။

ဒေါက်တာအောင်နိုင်
ဒေါက်တာဖြူဖြူဝင်း
Ref>>http://api.ning.com/

19 Nov 2012

အုန်းဆီနဲ့ အလှပြင်ကြမယ်

အုန်းဆီဟာ အမျိုးမျိုးသော ဘက်တီးရီးယားများ၊ ဗိုင်းရပ်စ်ပိုးမွှားများ၊ ယားနာများကို ပျောက်ကင်းစေနိုင်ပြီး ဝမ်းချုပ်ခြင်းမှလည်း ကင်းဝေးစေပါတယ်။ ကျောရိုးမကြီးကင်ဆာ၊ အနောက်တိုင်းက အမျိုးသမီးတွေအဖြစ်များတဲ့ ရင်သား ကင်ဆာနဲ့ တခြားသော ကင်ဆာ အမျိုးအစားတို့ကိုလည်း ကာကွယ်ပေး ပါတယ်။
အုန်းဆီဆိုတာ မြန်မာလူမျိုးတိုင်း ရင်းနှီးကျွမ်းဝင်တဲ့ အဆီတစ်မျိုးဖြစ်ပါတယ်။ များသောအားဖြင့် အုန်းဆီကို ခေါင်းလိမ်းဆီအဖြစ်နဲ့သာ အသုံးများကြပါတယ်။ တချို့သော ပျိုမေများကတော့ အုန်းဆီကိုကြိုက်နှစ်သက်ခြင်းမရှိကြပါဘူး။ ခေတ်ပေါ် Hair Coat စတဲ့ကေသာသုံးအလှကုန် နိုင်ငံခြားမိတ် ပစ္စည်းများကိုသာ စွဲလမ်းအားပေး တတ်ကြပါတယ်။ ဒီဆောင်းပါးလေးဟာ အုန်းဆီပရိုမိုးရှင်း မဟုတ်ကြောင်း အာမဘန္တေခံရင်း ရွှေမျက်လွှာကို တစ်ချက်မျှ ဝင့်ပေးပါလို့ မေတ္တာရပ်ခံရင်း………။

အုန်းဆီ အမျိုးအစား

အုန်းဆီကို ဘယ်လိုသုံးလဲဆိုတာနဲ့ပတ်သက်ပြီး ကမ္ဘာ့ဟောင်း (၁၉ ရာစုမတိုင်မီ) နဲ့ ကမ္ဘာသစ်ကို ခွဲခြားလိုက်မယ်ဆိုရင် ဘိုးတော်ဘုရား လက်ထက်တုန်းက အုန်းဆီကို မြန်မာတွေဟာ ကေသာအတွက် အဓိကထားအသုံးပြုခဲ့ကြပါတယ်။ ကျန်းမာရေးအတွက် ထိပ်ကပ်နာပေါက်တာတို့မှာ အသုံးပြုကြပါတယ်။
တခြားနိုင်ငံတွေမှာတော့ အလှအပအတွက်သာမက ထိပ်ပြောင်ခြင်း၊ ပွန်းပဲ့ခြင်း၊ မီးလောင်ဒဏ်ရာ၊ ပန်းနာ၊ အအေးမိဖျားနာ၊ ချောင်းဆိုးခြင်း၊ နားကိုက်ခြင်း၊ ဖျားနာခြင်း စတဲ့နေရာတွေအတွက် အသုံးပြုကြပါတယ်။ ခေတ်သစ်မှာတော့ ယားနာ၊ ရေယုန်၊ ဝက်သက်၊ ဒက်နဲ့ အရိုးပွရောဂါတွေမှာပါ အသုံးပြုနိုင်တဲ့အထိ ထွန်းကား တိုးတက် ခဲ့ပါတယ်။ ကျောက်ကပ်နဲ့ အသည်းရောဂါတွေအတွက်လည်း ကာကွယ်ပေးပါတယ်။ အုန်းဆီမှာ Lauricacid ပေါတယ်။

ဒီအက်ဆစ်ကို မိခင်နို့မှာလည်း တွေ့ရှိနိုင်တယ်။ မွေးကင်းစကလေးငယ်ရဲ့ ကိုယ်တွင်း အင်္ဂါများကို သန်မာကြံ့ခိုင်စေတယ်။ ခန္ဓာကိုယ်က အလွယ်တကူ ချေဖျက်နိုင်တဲ့ ဖက်တီး အက်ဆစ် ပါဝင်တဲ့အတွက် အားအင်အဖြစ် အလွယ်တကူ ပြောင်းလဲနိုင်တယ်။ ဘက်တီးရီးယားတွေကို သေစေနိုင်တဲ့ သတ္တိထူးရှိတယ်။ တစ်ခါတစ်လေမှာ တစ်ကိုယ်လုံး အေးစက်ပြီး ချမ်းစိမ့်စိမ့် ဖြစ်နေလေ့ရှိပါတယ်။
အဲ့ဒီလိုအခါမျိုးမှာ မီးလှုံမယ့်အစား အုန်းဆီလေးကိုသာ စမ်းသုံးကြည့်ပါလို့ အကြံပြု ချင်ပါတယ်။ အုန်းဆီဟာ ကိုယ်တွင်းအပူချိန် (သွေးဖိအား) ကို ကောင်းမွန်စေပြီး အုန်းဆီထဲမှာပါရှိတဲ့ ဖက်တီး အက်ဆစ်တွေကို လောင်ကျွမ်းစေတဲ့အတွက် ကိုယ်တွင်း အင်္ဂါများကို တိုးတက်ကောင်းမွန်စေပါတယ်။

ခံတွင်း ကျန်းမာရေး အုန်းဆီဟာ ခံတွင်းရှိ အနံ့အသက်ဆိုးများကို ဖယ်ရှားပေးပြီး သွားပျက်စီးခြင်း၊ သွားဖုံးရောဂါများအတွက်လည်း ကာကွယ်ပေးပါတယ်။ သွားကို အုန်းဆီနဲ့ ရောပြီး တိုက်ပေးပါက ခံတွင်းအနံ့ ကောင်းမွန်ပြီး သွားတွေ ကျန်းမာသန်မာလာစေမှာ ဖြစ်ပါတယ်။

ဟင်းသီးဟင်းရွက် ဆီများထက် ပိုထူး

အုန်းဆီဟာ တခြားသော ဟင်းသီး ဟင်းရွက်ဆီများထက် ပိုပြီး ထူးခြားများပြားတဲ့ သတ္တိတွေ ရှိပါတယ်။ အမျိုးမျိုးသော ဘတ်တီးရီးယားများ၊ ဗိုင်းရပ်စ်ပိုးမွှားများ၊ ယားနာများကို သေစေနိုင်ပြီး ဝမ်းချုပ်ခြင်းမှလည်း ကင်းဝေးစေပါတယ်။ ကျောရိုးမကြီး ကင်ဆာ၊ အနောက်တိုင်းက အမျိုးသမီးတွေ အဖြစ်များတဲ့ ရင်သားကင်ဆာနဲ့ တခြားသော ကင်ဆာ အမျိုးအစားတို့ကိုလည်း ကာကွယ်ပေးပါတယ်။

ကေသာကို အကျိုးပြု

အုန်းဆီဟာ ကေသာတွင်းမှာ ရှိတဲ့ ပရိုတင်းဓာတ်တွေကို ပိတ်ဆို့ထားနိုင်တဲ့အတွက် ကေသာတွင်း ပရိုတင်းဓာတ် ဆုံးရှုံးမှု မဖြစ်တော့ပါဘူး။ ပိုးသားလေးလို ရွှန်းစိုသန်စွမ်း တောက်ပြောင်စေပြီး ဒက်ပေါက်ခြင်းမှလည်း ကင်းဝေးစေပါတယ်။

အရေပြား

အုန်းဆီဟာ အသားရေကိုလည်း ရွှန်းစိုစေပြီး ဝက်ခြံကိုလည်း အမြန်ဆုံး ကုသပေးနိုင် ပါတယ်။ အရေပြားထဲကို ဖောက်ဝင်နိုင်စွမ်းရှိပြီး အညစ်အကြေးတွေကို ဖယ်ရှားသန့်စင် ပေးနိုင်ပါတယ်။ ဝက်ခြံအတွက် အုန်းဆီပါးပါးလေးကို မနက်တိုင်း လိမ်းပေးပါ။ ပထမမှာ ဝက်ခြံဟာ ပိုပြီးဆိုးရွားလာတဲ့ ပုံစံရှိလာနိုင်ပါတယ်။ မကြောက်ပါနဲ့။

မကြာခင် လျော့ပါး ပျောက်ကွယ်သွားမှာ ဖြစ်ပါတယ်။ ဆက်တိုက်လေးသာ အသုံးပြု ပေးပါ။ အုန်းဆီကို အရေပြားအတွက် ပုံမှန်အသုံးပြုပေးမယ် ဆိုရင် အရေးပြားအတွက် ပြဿနာတွေဟာ နောက်နောင်ဖြစ်ပေါ်လာမှာ မဟုတ်တော့ပါဘူး။ တောင်ပစိဖိတ်ကျွန်းက ကျွန်းသား၊ ကျွန်းသူတွေဟာ အုန်းဆီကို နေ့စဉ်ပုံမှန် အသုံးပြုကြပါတယ်။

နေရောင်ထဲ အပြင်မသွားခင် အုန်းဆီလိမ်းပြီးမှ သွားလေ့ရှိကြပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အုန်းဆီဟာ အကောင်းဆုံး နေရောင်ကာခရင်မ် တစ်မျိုးပဲ ဖြစ်ပါတယ်။ အုန်းဆီကို နေလောင်ဒဏ် အသားရေများအတွက်လည်း အသုံးပြုနိုင်ပါသေးတယ်။ အမာရွတ်၊ မှဲ့ခြောက်များ၊ ကြွက်နို့များကိုလည်း အုန်းဆီဟာ ဖယ်ရှားနိုင်ပါတယ်။ အုန်းဆီကို အပူပေးပြီး နွေးတေးတေး အဆင့်မှာ လိမ်းပေးရမှာ ဖြစ်ပါတယ်။ ပူနွေးတဲ့ အုန်းဆီ အနေအထားကို အရေပြားဟာ ကောင်းစွာ စုပ်ယူနိုင်မှာ ဖြစ်ပြီး အဲဒီ့လိမ်ထားတဲ့ နေရာကို ပတ်တီးနဲ့ ထပ်ပြီး စည်းပေးရမှာ ဖြစ်ပါတယ်။

ဆောင်းဦးရွက်ကြွေ ကွဲမျက်ခြေ

ဟေမာန်ဆောင်းရဲ့ တံခါးပေါက်ကို ရောက်လာတဲ့အခါ ပျိုတို့ရဲ့ ခြေဖဝါးဟာ ဘယ်အမာခံ မျက်နှာပြင်မှ မနင်းရဘဲ ကွဲအက်ပြတ်ရွေ့လာပါတယ်။ အဲဒီ့လို အခါမျိုးမှာ အုန်းဆီနဲ့ ခြေဖနောင့်ကို လိမ်းပေးလိုက်ပါ။ ခြေဖဝါးကွဲတာ အပြင် ခြေထောက်မှာ ယားနာတွေ ပေါက်ရင်လည်း အုန်းဆီကို အသုံးပြုနိုင်ပါသေးတယ်။

ဝိတ်ကျစေ

အုန်းဆီဟာ ဝိတ်ကျစေမယ်ဆိုရင် ပျိုတို့ မျက်ခုံးလေးတော့ နည်းနည်း ပင့်ချင်မယ် ထင်တယ်။ ဒီလိုရှိပါတယ်။ အုန်းဆီဟာ ကိုယ်တွင်း ဇီဝကမ္မဖြစ်စဉ်တွေကို ကောင်းမွန် ဖြောင့်ဖြူးသွက်လက်စေတာမို့ ကိုယ်တွင်းရှိ အဆီပိုများကို ဖယ်ရှားပေးသွားပြီး အားအင်ကြွက်သား အဖြစ်သို့ ဖန်တီးလိုက်ပါတယ်။ ဒီလိုနဲ့ ကိုယ်အလေးချိန်တိုးခြင်းမှ တစ်ခါတည်း ကာကွယ်ပေးပြီးသား ဖြစ်သွားပါတော့တယ်။
အဆုံးသတ်ပြောရရင် တစ်ချို့ ပျိုမေတွေ မျက်နှာလွဲခဲပစ်၊ မျက်စောင်းထိုးလုပ်ထားတဲ့ အုန်းဆီဟာ ဆားရောဂါ၊ အေအိုင်ဒီအက်စ် ရောဂါများကိုပါ ပျောက်ကင်းနိုင်တဲ့ သတ္တိရှိကြောင်း တချို့သုတေသန ပညာရှင်တွေက ပြောကြားထားပါတယ်။
Ref: 8 Days
source>>> http://myanmarnewszone.com/fashion/

Twitter Delicious Facebook Digg Stumbleupon Favorites More