Pages - Menu

ဆန်လုံးညို(Brown Rice)

ဆန်ဖြူကို ကြိတ်ခွဲလိုက်တာကြောင့် ဗီတာမင် B3 ၆၇ ရာခိုင်နှုန်း၊ ဗီတာမင် B1 ၈၀ ရာခိုင်နှုန်း၊ ဗီတာမင် B6 ၉၀ ရာခိုင်နှုန်း၊ မဂ္ဂနီဆီယမ်တစ်ဝက်၊ ဖော့စ်ဖရပ်စ် တစ်ဝက်၊ သံဓာတ် ၆၀ ရာခိုင်နှုန်းနဲ့ အမျှင်ဓာတ်အားလုံး ဆုံးရှုံးသွားခဲ့ ပါတယ်။

သံလွင်ဆီ(Olive Oil)

သံလွင်ဆီမှာ ဗီတာမင် အေ၊ ဗီတာမင် ဘီဝမ်း၊ ဘီတူး၊ ဗီတာမင်စီ၊ ဒီ၊ အီးနဲ့ ကေစတဲ့ ဗီတာမင်ဓာတ်တွေ ပါဝင်ပြီး သံဓာတ်နဲ့ အိုမီဂါ ၉ လည်း ပါဝင်ပါတယ်။

ပြောင်းဖူး(Corn)

ပြောင်းဖူးမှာ ဗီတာမင်B1 ဗီတာမင်B5 ဗီတာမင်C ဗီတာမင်B9လို့ခေါ်ဖောလိတ် .....ပြောင်းဖူး၏ ကျန်းမာရေး အာနိသင် မှာဆက်ဖတ်ပါ....

ထောပတ်သီး(Avacado)

အာဟာရများကိုဖြည့်တင်းပေးနိုင်ရုံ သာမက သဘာဝမှရသောသကြား ဓာတ်ကိုထောက်ပံ့ပေးခြင်း၊ကိုယ် အလေးချိန်ကျဆင်းစေခြင်း၊အကျိုး ပြုကိုလက်စတီရောကိုတက်စေပြီး ဆိုးကျိုးပေးသောကိုလက်စတီရော ကိုကျဆင်းစေခြင်း စသည့်အချက်များ ကိုရရှိစေနိုင်သည်ဟု သိရသည်။ယခု လေ့လာမှုတွင် ဖော်ပြထားချက်အရ လေဖြတ်ခြင်းကိုပါ ထောပတ်သီးက ကာကွယ်ပေးနိုင်

လိမ္မော်သီး(Orange)

လိမ္မော်သီး၌ ဖိုင်ဘာမျှင်၊ သံဓာတ်၊ မီးစုန်းဓာတ်၊ ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်၊ ကြေးနီဓာတ်၊ သွပ်ဓာတ်၊ ဆလမ်နီယမ်၊ ကယ်လိုရီ၊ ကယ်လဆီယမ်ဒာတ်၊ဗီတာမင်စီ တို့ပါရှိသည်

မာလကာသီး(Guava)

မာလကာသီး တစ်လုံးတွင် ဗီတာမင်စီမှာ လိမ္မော်သီး တစ်လုံး၌ ပါရှိသည့် ဗီတာမင်စီ ပမာဏထက် ငါးဆခန့် ပိုများသည်။ မာလကာသီး၌ ဗီတာမင်စီ အပြင် အေနှင့် ဘီ၊ ကယ်လ်ဆီယမ်၊ ဖော့စပရပ်စ်၊ ပိုတက်ဆီယမ်၊ သံဓာတ်၊ ဖောလစ်အက်စစ်နှင့် အမျှင်ဓာတ်တို့ ပါဝင်သည်။ အများဆုံး ပါဝင်သော ဓာတ်များမှာ ဗီတာမင်စီ ၃၀၂ မီလီဂရမ်နှင့် ဗီတာမင် အေ ၂၅၀ မီလီဂရမ်တို့ ဖြစ်ကြသည်။ မာလကာသီးကို သီတင်း တစ်ပတ်လျှင် နှစ်လုံးခန့် စားသုံး သွားပါက သွေးတိုး ကျဆင်းစေပြီး နှလုံး ကျန်းမာရေးကို အထောက်အကူ ပြုကြောင်း အမေရိကန် သုတေသန ပညာရှင်များက ပြောကြားသည်။

***

***

***

***

***

***

***

***

***

***

Showing posts with label ဟင်းအမျိုးမျိုး. Show all posts
Showing posts with label ဟင်းအမျိုးမျိုး. Show all posts

2 Mar 2015

ထူးကဲသောဟင်းအရသာတို့၏ လျှို့ ဝှက်ချက်များ

ဟင်းမျိုးစုံတို့ကို ချက်ပြုတ်ကြရာတွင် ချက်နည်းနှင့် ထည့်ချက်သည့်အရောအနှောတို့၏ အမျိုးအစားပေါ်တွင် မူတည်ပြီး ဟင်း၏အရသာမှာလည်း ကွဲပြားသွားကြပါသည်။
ဥပမာ ကြက်သားနှင့်အလိုက်ဖက်ဆုံးအရောအနှောမှာ အာလူးဖြစ်ပါသည်။ (KFC ကြက်သားကြော်နှင့်အာလူးကြော်ကိုတွဲစားရသည်က သက်သေပါပဲ)
ဘဲသား၏ အလိုက်ဖက်ဆုံး(သို့မဟုတ် ဘဲသားကို အရသာပိုထူးကဲစေသည်မှာ မှိုနှင့်ဂျပန်တို့ဟူး တို့ဖြစ်ပါသည်။ (နာမည်ကြီးပြီး လူအများကြီးစားသုံးနေတဲ့ ဆိုင်အချို့မှာ နည်းစနစ်ကို လူသိမှာစိုး၍ မှိုနှင့် တို့ဟူးပါမှန်းမသိအောင် အဖတ်ကို ဆည်ထားတတ်ကြပါသည်)
ဟင်းလျှာမျိုးစုံတို့ကို ပိုမိုထူးကဲသော အရသာကို ပိုင်ဆိုင်လိုပါက အောက်ပါနည်းတို့ကို အသုံးပြုနိုင်ကြပါသည်။
 ၁။ ကြက်သားနှင့်အလိုက်ဖက်ဆုံးမှာ အာလူးဖြစ်ပါသည်။

၂။ ဘဲသားနှင့်အလိုက်ဖက်ဆုံးမှာ မှိုနှင့်ဂျပန်တို့ဟူးတို့ဖြစ်ပါသည်။

၃။ ဆိတ်သားကို အမြန်နူးပြီး အနံ့မနံအောင် မချက်ခင် ဒိန်ချဉ်ဖြင့် အရင်နူးနပ်ထားရပါသည်။

၎။ ဂဏန်းအသား၏ လှို့ဝှက်ချက်သည် ကြက်ဥထည့်ပေးရခြင်း ဖြစ်ပါသည်။

၅။ အကြော်များ ပိုမိုကြွတ်ရွပြီး စားကောင်းစေလိုပါက မှုန့်နှစ်ထဲကို ငှက်ပျောသီးတစ်လုံး ချေပြီးထည့်၊ ရွှေကြည်မှုန့်ကို အနည်းငယ် ထည့်လိုက်ပါ။

၆။ နာမည်ကြီး Chinese Restaurant များ၏ ဟင်းလျှာအရသာလျှို့ ဝှက်ချက်မှာ မည်သည့်ဟင်းပွဲကိုမဆို ကြက်ရိုးပြုတ်ရည် အနည်းငယ်ထည့်ချက်ခြင်း ဖြစ်ပါသည်။

၇။ ရိုးဒယားနာမည်ကြီး တုံယမ်းဟင်းရည်ထဲတွင် မခါးအောင် ထည့်ရမည့် ရှောက်ရွက်သည် ရှောက်ဘီလူးရွက် ဖြစ်ပါသည်။

၈။ ကန်စွန်းရွက်ကြော်ကို အရောင်မမည်းသွားစေအောင် ကြက်သွန်နှင့် ဆားကို အုပ်ပေးရသည်။ သို့ မဟုတ် မကြော်ခင်မှာ ရေခဲရေထဲကို ဆားထည့်ပြီး စိမ်ဆေးပါ။

၉။ ထမင်းကို ဖြူဖြူဖွေးဖွေးလေးနဲ့ မျက်နှာပန်းလှစေချင်ရင် ဆန်ဆေးသည့်အခါ ရှောက်သီးအရည်လေး အနည်းငယ်ညစ်ထည့်ပေးရသည်။

၁၀။ မုန့်ဟင်းခါးအရသာထူးကဲစေခြင်း၏ လျှို့ဝှက်ချက်မှာ ငါးဖယ်ရိုးပြုတ်ရည်ဖြစ်ပါသည်။

၁၁။ အညာတို့ဟူးသုပ်၏ ထူးကဲသောအရသာလျှို့ဝှက်ချက်မှာ စဥ့်အင်တုံထဲမှာ ဖျော်ထားသည့်ဆားရည်သည် အဓိက ဖြစ်ပါသည်။

Royal Sai (ပူတာအို)
ကိုးကား ။ ။ Kyaw Han Thar Myint
----------
အစားအသောက်တို့နှင့်ပတ်သက်၍ ရှောင်ရန်ဆောင်ရန်များနှင့် ဟင်းချက်နည်းများကို တင်ပေးနေတဲ့ ဒီ Page လေးကို Like လုပ်ထားနိုင်ကြပါတယ်။
www.facebook.com/pages/ကောင်းသန့်-မအီတဲ့ဒံပေါက်/183769381716549

16 Nov 2014

တို့စရာလေးတွေကို စိမ်းစိမ်းစိုစိုလေးစားရအောင်






20 May 2014

ပုစွန်နှင့်ပန်းပွင့်စိမ်းကြော်

ပုစွန်အကောင်သေး..........၂၀ ကောင်ခန်.
ပန်းစိမ်းသေးသေး.............၁ ပွင့်
ကြက်သွန်ဖြူ ...................၃ တက်
နှမ်းဆီ...........................ဇွန်းဝက်ခန်.
ခရုဆီ
ဲ့ငံပြာရည်အကြည်
ဆား
ဟင်းခတ်မှုန်.

ပုစွန်တွေကို အမြီးချန်ထားပြီး ခေါင်းချိုး အခွံခွါပါ။

ပန်းစိန်းတွေကိုလည်းသင့်တော်သလို လှီးဖြတ် ၊ ရေဆေးသန်.စင်ထားပါ။

ဒယ်အိုးတစ်လုံးမှာဆီအနည်းငယ်လေးကိုအပူပေးပြီးပုစွန်တွေကိုအိုးကင်းပူ
တိုက်ကာဆယ်ထုတ်ထားပါ။

နှမ်းဆီနှင့်ကြက်သွန်ဖြူ အရောကို အပူပေးပြီးမွှေးလာလျှင် ပန်းစိမ်းတွေထည့်
ကြော်ပါ ၊ ခေတ္တအဖုံးအုပ်ထားပေးပါ ( နှူးအိရန်နှင့်စိမ်းနံ.ပျောက်ရန်)

ဆား၊ ဟင်းခတ်မှုန် . ၊ ခရုဆီ ၊ ပဲငံပြာရည်အကြည်တို.ဖြင့်အရသာသွင်းပါ။

ငရုတ်ကောင်းလေးဖြူး ပြီးသုံးဆောင်ျနိုင်ပါသည်..။
ပာင်းချက်နည်းများ

ပုစွန်နှင့်ခ၀ဲသီးကြော်


ပုစွန်အကောင်သေး..........၂၀ ကောင်ခန်.
ခ၀ဲသီး...........................၃ တောင့်
ကြက်သွန်နီသေးသေး........၁ လုံး
ကြက်သွန်ဖြူ ...................၃ တက်
ပဲငံပြာရည်အကြည်
ဆား
ဟင်းခတ်မှုန်.

ပုစွန်တွေကို ခေါင်းချိုး အခွံခွါပါ။
ခ၀ဲသီးတွေကိုလည်းအခွံခွါ ရေဆေးသန်.စင်ပြီးသင့်တော်သလို လှီးဖြတ် ထားပါ
ဒယ်အိုးတစ်လုံးမှာဆီအနည်းငယ်လေးကိုအပူပေးပြီးပုစွန်တွေကိုအိုးကင်းပူ
တိုက်ကာဆယ်ထုတ်ထားပါ။
ဆီအနည်းငယ်နှင့်ကြက်သွန်နီ ၊ဖြူ အရောကို အပူပေးပြီးမွှေးလာလျှင် ခ၀ဲသီးတွေထည့်ကြော်ပါ ၊
ဆား၊ ဟင်းခတ်မှုန် . ၊ ပဲငံပြာရည်အကြည်တို.ဖြင့်အရသာသွင်းပါ။
အိုးကင်းတိုက်ထားတဲ့ပုစွန်တွေပေါင်းထည့်ပြီးမွှေပေးပါ။
ငရုတ်ကောင်းမှုန်.လေးဖြူး ပြီးသုံးဆောင်နိုင်ပါသည်..။

16 Apr 2014

ပဲပြားချဉ်စပ် ( Spicy Black Pepper Bean curd )

ပါဝင်ပစ္စည်းများ
**********

ပဲပြား...................(၃) တုံး ( ၄ စင်တီမီတာအရွယ်လေးများတုံးထားပါ)
ကြက်သွန်နီ...........(၂) လုံး( ၁စင်တီမီတာနုပ်နုပ်စဉ်း)
ကြက်သွန်ဖြူ.........(၅) တက်(နုပ်နုပ်စဉ်း)
ခရမ်းချဉ်သီး..........(၁) လုံး( ခပ်နုပ်နုပ်စဉ်း)
ပန်းငရုတ်ပွ...........(၁) လုံး( ပဲပြားအရွယ်လှီး)
ဂျုံမှုန်. ................အနည်းငယ်
ငရုတ်သီးစိမ်း.........(၃) တောင့်( ခပ်စောင်းစောင်းလှီးထားရန်)
ပဲငံပြာရည်.............အနည်းငယ်
ပာင်းခတ်မှုန်. ........အနည်းငယ်
ထိုင်းငရုတ်ဆီ..........အနည်းငယ်
သံပုရာသီး................တစ်ခြမ်း
ငရုတ်ကောင်းစေ့..... ဇွန်းဝက်(လှော်ပြီး..ခပ်ကြမ်းကြမ်းထောင်း)
ကြက်သွန်မြိတ်........(၃)ပင် ( ခပ်သးသေးလှီးရန်)

တုံးထားတဲ့ပဲပြားတုံးလေးတွေကိုဂျုံမှုန်.အနည်းငယ်ဖြူးပြီးဆီပူပူမှာပေါလောကြော်ပြီးရွှေဝါရောင်ရချိန်မှာ..ဆယ်ယူဆီစစ်ထားပါ။

ပူနေတဲ့ဒယ်အိုးတစ်လုံးမှာကြက်သွန်နီ ၊ဖြူတို.ကိုဆီသတ်ပြီး..အနံ့မွှေးလားလျှင်....
ခရမ်းချဉ်သီး၊ ပန်းငရုတ်ပွ၊ ငရုတ်သီးစိမ်းတို.ထည့်ပြီးဆက်ကြော်ပါ။

ပဲငံပြာရည်အကြည်၊ ပာင်းခတ်မှုန်.၊ ထိုင်းငရုတ်ဆီတို.ဖြင့်အရသာသွင်းပါ။
ထို.နောက်..သံပုရာရည်အနည်းငယ်ဆမ်းပြီး..ငရုတ်ကောင်းမှုန်.များထည့်ပါ

နောက်ဆုံးကြက်သွန်မြိတ်လေးပေါင်းထည့်လိုက်ရင်...မွှေးပျံ.ပြီး...အရသာ
ရှိတဲ့သားသတ်လွတ်ပဲပြားချဉ်စပ်ကြော်လေးရပါပြီ....။သားသတ်လွတ်စားသုံးသူများအတွက်
တင်ဆက်ပေးလိုက်ပါတယ်..။

17 Feb 2014

ဗူးညွှန်.ကြော်ချက်

ခြံထွက်ဗူးညွှန်. နုနုလေးတွေ..ကြော်စားလိုက်တာပါ..။

ဗူးညွှန်. .......၂၀ ညွှန်.ခန်.
ကြက်သွန်နီ...၁ ခြမ်း
ခရမ်းချဉ်သီး...၁ ခြမ်း
ကြက်သွန်ဖြူ..၃ တက်

ကိုပါးပါးလှီးပြီး..ဆီသတ်လိုက်ပါတယ်...ပုစွန်ခြောက်(၁) ဇွန်းလောက်လည်း
ထည့်ပေါင်းပြီး..ဗူးညွှန်.တွေကို ထည့် ၊ ဆား ၊ ဟင်းခတ်မှုန်.ဖြည့်ပြီးကြော်ချက်..ချက်တာ..ဗူးညွှန်.ကနုလွန်းတော့အရည်
ထွက်တော့တာပဲ..။

သားသတ်လွတ်စားသူများ..ပုစွန်ခြောက်ရှောင်လိုက်ရုံပါ။ နောက်ဆုံးငရုတ်
ကောင်းလေးဖြူးလိုက်ပေါ့...။
ပာင်းချက်နည်းများ

ပိန္နဲသီးသားသတ်လွတ်ဆီပြန်

ပိန္နဲသီးနုနု.....................၁ လုံး
ကြက်သွန်နီ..................၂ လုံး
ကြက်သွန်ဖြူ..................၅ တက်
ဆား+ဟင်းခတ်မှုန်. .......သင့်တော်သလို
နနွင်း+ အရောင်တင်.......အနည်းငယ်စီ

ပိန္နဲသီးဘေးခွံတွေကိုလှီးထုတ်ပြီး..အတုံးငယ်လေးတွေတုံးကာ ဆားရည်မှာ
ခေတ္တစိမ်ထားပါ။ (ပိန္နဲသီး လှီးတဲ့အချိန် ဆီလေးအနည်းငယ်စွတ်ထားပါ )
ဆားရည်မှာစိမ်တာက..ပိန္နဲသီးရဲ.အဖန်ဓါတ်ကိုချေဖျက်ပေးဖို.အတွက်ပါ။)

ကြက်သွန်နီ+ ဖြူကိုရောထောင်းပြီး..နနွင်းမှုန်. ၊အရောင်တင်တို.နဲ.ရွှေအိုရောင်ရအောင်ဆီသတ်ပါ။

အနံ.မွှေးပြီးရွှေအိုရောင်ရလာလျှင်..ဆားရည်စိမ်ထားတဲ့ပိန္နဲသီးတွေထည့်
ပေါင်းကာ..အရသာဖြည့်စွက်ပါ.။

မီးအေးအေးမှာ အဖုံးပိတ်ပြီး..နှူးအိသည်အထိ နှပ်ချက် ချက်ပေးပါ။

သားသတ်လွတ်စားသုံးသူများ..အသားဟင်းနဲ.မလဲနိုင်တဲ့အဟာရဓါတ်ပြည့်ဝ
တဲ့ပိန္နဲသီးနှပ် ချက်ဖြစ်ပါတယ်..။
ပာင်းချက်နည်းများ

15 Feb 2014

အီနိုကီမှိုပေါင်း

အီနိုကီမှို ကို မြန်မာပြည်မှာ ပင်အပ်မှို လို.ခေါ်ကြတယ် လို.ပြောကြပါတယ်..။

အီနိုကီမှို............တစ်ထုပ်
ကြက်သွန်ဖြူ.......၅ တက်
ချင်း..................ပါးပါး ၂ချပ်
ငရုတ်သီးစိမ်း......၅ တောင့်
နံနံပင်...............အနည်းငယ်

အီနိုကီမှို ကို အမြစ်တွေဖြတ်ပြီး...၁၅ ခုလောက်ပါတဲ့အစုအဝေးလေးတွေဖြစ်
အောင်ခွဲထုတ်ပါ။

ဆာား ၊ ဟင်းခတ်မှုန်. ၊ ငရုတ်ကောင်းမှုန်.၊ သံပုရာသီးတစ်စိတ်လောက်နဲ.
အရသာနယ်ပြီးနှပ်ထားပါ။

ထိုစဉ်အတွင်း ကြက်သွန်ဖြူ ၊ ငရုတ်သီးစိမ်း ၊ ချင်း ၊ နံနံပင် တွေကို နုပ်နုပ်စဉ်း
ပြီး..ပဲငံပြာရည် ၊ သကြား ၊ ဗီနီဂါ ၊ တို.နဲ.ချဉ်ငံစပ်ရည်ပျစ်ပျစ်လေးစပ်ထားပါ။

မှိုတွေရဲ.အောက်ခြေမှာ ကြက်သွန်မြိတ်နဲ.စည်းနှောင်ပြီး..ပန်းကန်ပြားတစ်ခု
မှာထည့်ကာ ..အငွေ.ကောင်းသောပေါင်းအိုးမှာ ၃ မိနစ်ခန်.ပေါင်းပါ။

ပေါင်းအိုးက ထုတ်လာတာနဲ. ချဉ်ငံစပ်ရည်လေး လောင်းချ ပြီးသုံးဆောင်ရတဲ့
သားသတ်လွတ် လွယ်ကူတဲ့ မှိုပေါင်းတစ်မျိုးဖြစ်ပါတယ်..။

ပာင်းချက်နည်းများ

ဂျပန်တိုဟူးခရမ်းချဉ်သီးချက်

ဂျပန်တိုဟူး.............၂ တောင့်
ခရမ်းချဉ်သီး.............၅လုံး
ကြက်သွန်ဖြူ............၅ တက်
ကြက်သွန်နီ..............၁ ခြမ်း
ငရုတ်သီးစိမ်းတောင့်....၅တောင့်
နံနံပင်.....................အနည်းငယ်

ဂျပန်တိုဟူးကို လက်တစ်ခန်.အရွယ်..မထူမပါးလေးလှီးပြီး..ဇကာတစ်ခုမှာရေ
စစ်ထားပါ။

ကြက်သွန်နီ + အဖြူ ကိုရောပြီးညှက်နေအောင်ထောင်းပါ။

ခရမ်းချဉ်သီးတွေကို..နုပ်နုပ်လေးစဉ်းပါ။

ရေစစ်သွားရင်...ဂျပန်တိုဟူးတွေကို ဂျုံမှုန်.လူးပြီးဆီပူပူမှာရွှေအိုရောင်ရအောင်ကြော်ကာဆီစစ်ထားပါ။

ဒယ်အိုးတစ်လုံးမှာဆီကိုအပူပေးပြီးထောင်းထားတဲ့ကြက်သွန်အရောကို နနွင်း
၊အရောင်တင်တို.နှင့်ဆီသတ်ပါ။

အနည်းငယ်နွမ်းလာလျှင်..ခရမ်းချဉ်သီးထည့်ပေါင်းပြီး..ဆား၊ ဟင်းခတ်မှုန်.တို.နှင့်အရသာသွင်းပါ။

အဖုံးပိတ်ပြီး...ဆီပြန်လာကာ ခရမ်းချဉ်သီးတွေနှူးအိသွားသည်အထိချက်ပေး
ပြီး..ငရုတ်သီးစိမ်းတောင့်လေးတွေပေါင်းထည့်ပါ။

နောက်ဆုံးမှကြော်ထားတဲ့ဂျပန်တိုဟူးလေးတွေထည့်..ဖြေးညှင်းစွာသမ
အောင်မွှေပေးပြီး..နံနံပင်လေးအုပ်ကာသုံးဆောင်နိုင်တဲ့..သားသတ်လွတ်
ဂျပန်တိုဟူးဟင်းဖြစ်ပါတယ်..။
ပာင်းချက်နည်းများ

2 Feb 2014

ကုလားပဲလုံးဖြူ နဲ.အာလူးဟင်း

ကုလားပဲလုံးဖြူ( Chickpeas ).........၂ ခွက်( လက်ဖက်ရည်ပန်းကန်လုံး)
အလူးကြီးကြီး..............................၃ လုံး
ကြက်သွန်နီ.................................၂လုံး
ချင်းနုပ်နုပ်စဉ်း..............................၁ဇွန်း( လက်ဖက်ရည်ဇွန်း)
ကြက်သွန်ဖြူ................................၄ တက်( နုပ်နုပ်စဉ်း)
နနွင်းမှုန်. +ငရုတ်စပ်မှုန်. ...............အနည်းငယ်စီ
ဆီ.........................................၁ဇွန်း(ထမင်းစား)
ထောပတ်................................၁ဇွန်း(......။.....)
အိန္ဒိယမဆလာ.........................၁ ဇွန်း( လက်ဖက်ရည် ဇွန်း)

ကုလားပဲအဖြူလုံးတွေကို..အနည်းဆုံး ၃ နာရီခန်.ကြိုတင်ရေစိမ်ထားပါ။

အချိန်ပြည့်ပြီဆိုရင်..ချင်းသေးသေးလေးတစ်တက်ကိုဓါးပြားရိုက်ထည့်ကာ
ပြုတ်ပေးပါ။

အားလူးတွေကိုအခွံခွါပြီး..အတုံးငယ်လေးတွေတုံးပြီးကြော်ယူဆီစစ်ထားပါ။

ဒယ်အိုးတစ်လုံးမှာဆီကိုအပူပေးပြီး..ကြက်သွန်နီ ၊ဖြူ တို.ကို နနွင်းမှုန်.၊ငရုတ်
စပ်မှုန်.တို.နှင့်အတူဆီသတ်ပါ။ မဆလာလေးလည်းထည့်ပေါင်းဆီသတ်ပြီး..
ပြုတ်ပြီးနှူးစပြုနေတဲ့..ကုလားပဲအဖြူ အိုးထဲကိုလောင်းချပါ..။

ကြော်ယူစစ်ထားတဲ့အာလူးတွေထည့်ကာ..ဆား၊ ဟင်းခတ်မှုန်.တို.နှင့်အရသာသွင်းကာရေကိုမိမိလိုချင်တဲ့အပျစ်အကျဲ..ခန်.
မှန်းပြီးထည့်ပါ...။

နောက်ဆုံးစာခါနီးးဆူနေတဲ့အိုးထဲ..ထောပတ်လေးလောင်းထည့်ပြီး..ပူရီ ၊
ချာပါတီတို.နှင့်တွဲဖက်သုံးဆောင်ပါ..။

အချဉ်အတွက်..ကြက်သွန်နီကိုပါးပါးလှီးရေဆေးကာ..ငရုတ်သီးစိမ်း၊သံပုရာ
ရည် ၊ပူဒီနံ လေးနဲ.တွဲပြီးချဉ်ချဉ်လေးသုပ်ပါ။

30 Jan 2014

ပဲနီလေးနှင့်မုန်လာဥနီဟင်းချို



ပဲနီလေး................၁ ခွက် (လက်ဖက်ရည်ပန်ကန်လုံး)
ကြက်သွန်နီ............၁ လုံး
မုန်လာဥနီသေးသေး....၁ လုံး ( နုပ်နုပ်စဉ်း)
ကြက်သွန်ဖြူ..............၃ တက် (.......။.....)
ချင်းသေးသေး............၁ တက် ( .....။......)
မဆလာမှုန်. .............၁ ဇွန်း ( လက်ဖက်ရည်ဇွန်း)
ဆား+ ဟင်းခတ်မှုန်. ...သင့်ရုံ

ပဲနီလေးကို ရေစင်စင်ဆေးပြီးပြုတ်ပါ ( ပြုတ်နေချိန်အတွင်းဆားမထည့်ရ )

ကြက်သွန်နီကို ပါးပါးလေးလှီးပြီး..ရွှေအိုရောင်ရအောင်ကြော်ပြီးဆီစစ်ထားပါ။

လက်ကျန်ဆီမှာ...နုပ်နုပ်စဉ်းထားတဲ့...ကြက်သွန်ဖြူ ၊ ချင်း ကိုနနွင်းမှုန်.လေး
အနည်းငယ်နှင့်ဆီသတ်ပါ..။

မွှေးလာပြီဆိုရင်...မုန်လာဥနီတွေထည့်ပေါင်းပါ။ မုန်လာဥနီနှူးအိချိန်လောက်
မှ..မဆလာမှုန်.ကိုထည့်ပေါင်း.ပါ..။

ပဲပြုတ်တာနှူးအိပြီဆိုရင်..ဆီသတ်ထားတဲ့အရောကိုအားလုံးထည့်ပါ။

ဆား၊ ဟင်းခတ်မှုန်.လေးနဲ.မိမိနှစ်သက်သလိုအရသာဖြည့်စွက်ပါ...။

မီးအေးအေးမှာတစ်ပွက်ဆူပုံစံဖြင့် အားလုံးနှူးအိပျော်ဝင်သည်အထိတည်ပေးပါ။

နောက်ဆုံးကြက်သွန်နီကြော်လေးထည့်ကာ..ကြက်သွန်မြိတ်လေးအလှဆင်သုံးဆောင်ပါ။

နှစ်သက်ပါက ဆူးပုတ်ရွက် ၊ ဂေါ်ရခါးညွှန်. ၊ မုန်ညှင်းဖြူ လေးတွေကို ဟင်း
ရည်ဆူနေချိန်မှာထည့်ခပ်ပေးနိုင်ပါတယ်...။


ပာင်းချက်နည်းများ

11 Jan 2014

ခရမ်းသီး ၊ရုံးပတီသီးနဲ.ပဲတောင့်ရှည်ရခိုင်ချက်

ခရမ်းသီး..........၂ လုံး
ရုံးပတီသီး.........၅ တောင့်
ပဲတောင့်ရှည်.....၁၀ တောင့်
ပုစွန်ခြောက်......၁ဇွန်း ( ထမင်းစားဇွန်း )
ငရုတ်သီးစိမ်း.....၁၀ တောင့်
စိမ်းစားငပိ......... အနည်းငယ်
ဆား+ ဟင်းခတ်မှုန်. အနည်းငယ်စီ

ပထမဦးဆုံး ငပိနဲ.ငရုတ်သီးစိမ်းတွေကိုရေခမ်းအောင်ပြုတ် ၊အအေးခံပြီး ထောင်းထားပါ။

ခရမ်းသီးကို မိမိလိုချင်သလိုပုံစံလေးတွေလှီးပြီးဆားရည်စိမ်ထားပါ။

ပဲတောင့်ရှည်တွေကိုလည်း၁လက္မ အရွယ်လှီးဖြတ်ထားပါ။

ရုံးပတီသီးကို ၂ပိုင်း (သို.) ၃ ပိုင်းလောက်လှီးဖြတ်ပါ။

ပုစွန်ခြောက်ကိုလည်းမညှက်တညှက်ထောင်းပါ

ဒန်အိုးတစ်လုံးမှာ ခရမ်းသီး၊ ပဲတောင့်ရှည် ၊ ရုံးပတီသီးတွေနဲ.အတူ ပုစွန်ခြောက်ထောင်း ၊ ငပိ ၊ဆား၊ ဟင်းခတ်မှုန်.တို. ထည့်ကာ ရေအနည်းငယ်
လေးဖြည့်စွက်ကာ အဖုံးပိတ်ပြီးစတင်အပူပေးပါ။

တစ်ပွက်ဆူလာပြီဆိုရင်..ထောင်းထားတဲ့ ငပိနဲ.ငရုတ်သီးအရောကိုထည့်ပေး
ပြီး..နှုးလာပြီး..ရေအနည်းငယ်လေးကျန်နေတဲ့အချိန်မှာ...သုံးဆောင်ပါ။
 
ပာင်းချက်နည်းများ fb

4 Dec 2013

ဟင်းအနှစ် လုပ်နည်းလေးများ

ဟင်းအနှစ် လုပ်နည်းလေးများ (Curry paste Making)
ဟင်းအနှစ်လုပ်နည်းလေးက မခက်ခဲပါဘူး အချိန်တိုတွင်းမှာပဲ
လိုရာဟင်းကို လွယ်ကူလျင်မြန်စွာ ချက်ပြုတ်နိုင်မှာပါ။
ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ချင်းကို အခြေခံပြီး ပြုလုပ်ထားတာကြောင့်
ပါဝင်ပစ္စည်းလေးတစ်ခု ထပ်တိုးထည့် လုပ်လိုက်တာနဲ့
ဟင်းအနှစ်နောက်တစ်မျိုးဖြစ်သွားတဲ့အတွက် ကိုယ်လိုချင်တဲ့
ဟင်းအနှစ်ကို လိုသလိုပြောင်းလဲနိုင်ပါတယ်။ ဟင်းအနှစ်ကို
ကြာကြာခံအောင် သိမ်းမယ်ဆိုရင်တော့ လေလုံတဲ့
Lock & Lock ဘူးများနဲ့ထည့်သိမ်းပြီး ရေခဲသေတ္တာမှာထည့်ထားလျှင်
ပိုကောင်းပါတယ်။ အသုံးပြုရန် ခတ်လျှင်လည်း ဇွန်းအသန့်နဲ့ခတ်လျှင်
ပိုကောင်းပါတယ်။ များများလုပ်ထားလိုက်နော် ချက်ခါနီး
အနှစ်နဲ့အသားရောပြီး တည်ယုံပဲဆိုတော့ အချိန်တွေ
အများကြီးပေးစရာမလိုတော့ဘူးပေါ့။ အောက်ပါအတိုင်းများကတော့
၃၅ - ၅၀ ကျပ်သား ချက်စားနိုင်ရန် ရည်ရွယ်ပြုစုထားပါတယ်။

၁။ အခြေခံဟင်းအနှစ် (Basic Curry Paste)
• ကြက်သွန်နီ - ၅ လုံး
• ကြက်သွန်ဖြူ - ၄မြွှာ
• နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• အရောင်တင်မှုန့် - လက်ဖက်ရည် ဇွန်း ၂ ဇွန်း
• ငရုတ်သီးမှုန့် - လက်ဖက်ရည်ဇွန်း ၃ ဇွန်း ခွဲ
• ပုစွန်ငံပြာရည် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• ကြက်သားမှုန့် - အနည်းငယ်
• ဆီ - လိုသလောက်

ပြုလုပ်နည်း
...............
ပုစွန်ငံပြာရည်၊ ဆီနှင့် နနွင်းမှုန့်ကလွဲလို့ အားလုံးကို
ကြိတ်စက်ထဲထည့်ကြိတ်ပါ။ ဒယ်အိုးထဲ ဆီထည့်ပြီး
ဆီပူအောင်တည်ပါ။ ဆီပူလာလျှင် နနွင်းမှုန့်နှင့်
ကြိတ်ထားသော အနှစ်များကို ဆီသတ်ပါ။ ကြက်သွန်ဖြူ၊
ကြက်သွန်နီနွမ်းလာလျှင် ငံပြာရည်ထည့်ပါ။ ရွှေရောင်သမ်းလာပြီး
မွှေးတက်လာလျှင်ရပါပြီ။ ဆီသတ်တာဆိုတော့ ဆီများများ
ထည့်ဖို့လိုပါတယ်။ ဆီသတ်ထားသော ဟင်းအနှစ်ကို အအေးခံထားပါ။
အေးမှ လိုရာ လေလုံသော ဖန်ပုလင်း၊ ဖန်ဘူးများထဲထည့်ပြီး
ရေခဲသေတ္တာ ထဲမှာထားပြီး လိုသလောက်ကို ဇွန်းအသန့်လေးနဲ့
ခတ်သုံးပါက လနဲ့ချီအထားခံပါတယ်။ အခြေခံဟင်းအနှစ်ကတော့
ဟင်းပွဲတိုင်း ချက်လို့အဆင်ပြေပါတယ်။

၂။ ခရမ်းချဉ်သီး ဟင်းအနှစ်(Tomatoe Curry Paste)
အခြေခံဟင်းအနှစ်ထဲမှာ ပါဝင်သောပစ္စည်းများ
အားလုံးအတိုင်းထည့်ပါ။ ခရမ်းချဉ်သီးကို ၅-၇ လုံးလောက်
အတုံးလေးတွေတုံးပြီး ကြက်သွန်ဖြူ၊ ကြက်သွန်နီနွမ်းလျှင်
ထည့်ဆီသတ်ပါ။ ခရမ်းချဉ်သီး အခွံလေးများလိပ်လာလျှင်
ငံပြာရည်ထည့်ပါ။ ခရမ်းချဉ်သီးခြောက်ပြီး ဆီပြန်လာလျှင်ရပါပြီ။
ဆီသတ်တာဆိုတော့ ဆီများများထည့်ဖို့လိုပါတယ်။
ရလာသော ဟင်းအနှစ်ကို အအေးခံထားပါ။ အေးမှ လိုရာလေလုံသော
ဖန်ပုလင်း၊ ဖန်ဘူးများထဲထည့်ပြီး ရေခဲသေတ္တာထဲမှာထားပြီး
လိုသလောက်ကို ဇွန်းအသန့်လေးနဲ့ ခတ်သုံးပါက
လနဲ့ချီအထားခံပါတယ်။ ခရမ်းချဉ်သီး ဟင်းအနှစ်က
တော့ ငါးကြော်နှပ်၊ သီးစုံဟင်း၊ ငါးခြောက်ဟင်း၊ ငါးဆုပ်၊
အသားလုံးဟင်းလျာများ ချက်ပြုတ်လျှင် အသုံးပြုရန် သင့်တော်ပါတယ်။
ခရမ်းချဉ်သီးဟင်းအနှစ်နဲ့ တွဲဖက်ပြီး လတ်လတ်ဆတ်ဆတ်
ဟင်းခတ်လို့ရတာလေးများကတော့ နံနံပင်၊ ပူစီနံ၊ ရှမ်းနံနံ၊
ပင်စိမ်းများလည်း ကိုယ်ချက်တဲ့ဟင်းပေါ်မူတည်ပြီး ခတ်လို့ရပါတယ်။

၃။ ထိုင်း ဟင်းအနှစ် (Thai Curry Paste)
အခြေခံဟင်းအနှစ်ထဲမှာ ပါဝင်သောပစ္စည်းများ အားလုံးအတိုင်းထည့်ပါ။
ထပ်ပိုးပါဝင်တဲ့ ပစ္စည်းတွေက နံနံစေ့မှုန့်၊ ဇီရာမှုန့်၊ ငရုတ်သီးစိမ်း၊
ပတဲကောမှုန့်၊ ပျဉ်းတော်သိမ်ရွက်၊ စိမ်းစားငါးပိပါ။ စိမ်းစားငါးပိကလွဲလို့
ကျန်ပစ္စည်းများအားလုံးကို (အခြေခံဟင်းအနှစ်လုပ်နည်း) ထည့်ကြိတ်ပါ။
ပဲဆီကို အသုံးပြုပြီး ဆီသတ်ပါ။ ဆီသတ်တဲ့အခါကြမှ စိမ်းစားငါးပိနဲ့
ငံပြာရည်ကို တစ်ခါတည်းထည့်ဆီသတ်ပါ။ ဆီများများထည့်ပါ။
ဆီသတ်နည်းကတော့ အခြေခံဟင်းအနှစ်လုပ်နည်းအတိုင်းပါ။
ငရုတ်သီးစိမ်းနဲ့ ငါးပိကို ကိုယ့်စိတ်တိုင်းကျ ချိန်ဆပြီးထည့်ပါ။
ပင်လယ်စာ၊ အသားနှင့် အသီးအရွက်များချက်လျှင် အသုံးပြုလို့ရပါတယ်။
ရလာသော ဟင်းအနှစ်ကို အအေးခံထားပါ။ အေးမှ လိုရာလေလုံသော
ဖန်ပုလင်း၊ ဖန်ဘူးများထဲထည့်ပြီး ရေခဲသေတ္တာထဲမှာထားပြီး
လိုသလောက်ကို ဇွန်းအသန့်လေးနဲ့ ခပ်သုံးပါက လနဲ့ချီ အထားခံပါတယ်။

၎။ အိန္ဒိယဟင်းအနှစ် (Indian Curry Paste)
အခြေခံဟင်းအနှစ်ထဲမှာ ပါဝင်သောပစ္စည်းများ အားလုံးအတိုင်းထည့်ပါ။
မုန်ညင်းနက်စေ့၊ ငရုတ်ကောင်းနက်၊ ဇီရာစေ့၊ နံနံစေ့၊ မဆလာ၊
သစ်ကြံပိုးခေါက်မှုန့်၊ ရှလကာရည်(အနည်းငယ်)ကို အခြေခံဟင်းအနှစ်လုပ်ရန်
ပါဝင်ပစ္စည်းများ ကြိတ်ရာတွင် ထည့်ပေါင်းကြိတ်ပါ။
အသီးအရွက်ဆီကိုအသုံးပြုပြီး ဆီသတ်ပါ။ ဆီသတ်နည်းကတော့
အခြေခံဟင်းအနှစ်နည်းအတိုင်းပါ။ ပါဝင်ပစ္စည်းများကို
ကိုယ့်စိတ်တိုင်းကျ ချိန်ဆထည့်နိုင်ပါတယ်။ အသီးအရွက်နဲ့
ပဲမျိုးစုံချက်ရာတွင် အသုံးပြုကြတာများပါတယ်။ ရလာသော
ဟင်းအနှစ်ကို အအေးခံထားပါ။ အေးမှ လိုရာလေလုံသော
ဖန်ပုလင်း၊ ဖန်ဘူးများထဲထည့်ပြီး ရေခဲသေတ္တာထဲမှာထားပြီး
လိုသလောက်ကို ဇွန်းအသန့်လေးနဲ့ ခပ်သုံးပါက လနဲ့ချီအထားခံပါတယ်။
 
၅။ တရုတ် ဟင်းအနှစ် (Chinese Curry Paste)
အခြေခံဟင်းအနှစ်ထဲမှာ ပါဝင်သောပစ္စည်းများကို
အခြေခံပြီး လုပ်လို့ရပါတယ်။ နနွင်းမှုန့်၊ငရုတ်သီးမှုန့်နဲ့
အရောင်တင်မှုန့် မထည့်ပါနဲ့။ ငါးငံပြာရည်အစား
တရုတ်ငံပြာရည်အနောက်ကို အစားထိုးအသုံးပြုမှာပါ။
တရုတ်ငံပြာရည် အချိုရည်အပျစ်၊ သကြားအညို အနည်းငယ်၊
တရုတ်ပဲပုပ်ပဲအမည်း၊ ကြက်သွန်မြိတ် ၅ ပင် ထုံးပါ။
Dry Sherry အနည်းငယ် လောက်ထည့်ပါ။ ပဲပုပ်နဲ့
ကြက်သွန်မြိတ်ကလွဲလို့ ကျန်ပစ္စည်းများကို အခြေခံဟင်းနှစ်
ပါဝင်ပစ္စည်းများနဲ့အတူ ထည့်ကြိတ်ပါ။ ဆီသတ်နည်းကတော့
အခြေခံဟင်းအနှစ် ဆီသတ်နည်းအတိုင်းပါ။ ကြက်သွန်ဖြူ၊ နီ
နွမ်းလာလျှင် ကြက်သွန်မြိတ်နဲ့ ပဲပုပ်ကို ထည့်ဆီသတ်ပါ။
ပါဝင်ပစ္စည်းများကို ကိုယ့်စိတ်တိုင်းကျ ချိန်ဆထည့်နိုင်ပါတယ်။
ဒီဟင်းအနှစ်လေးကို ၀က်သား၊ ၀က်ကလီစာ၊ အာလူးအချိုချက်နဲ့
အသီးအရွက် အစုံကြော်တဲ့အခါတွေမှာ အသုံးများပါတယ်။

မှတ်ချက် - ကိုယ်အသုံးပြုသော ကြက်သွန်ဖြူ၊ နီ
အသေး၊ အကြီးပေါ်မူတည်ပြီး ထည့်ပါ။ အတိုင်းအတာများကို
သေချာ မပြုစုပေးလိုက်တော့ပါ။ လိုတာလေးများကို
ဟင်းချက်သူ စိတ်တိုင်းကြ ထပ်ဖြည့်ထပ်လျှော့လို့ရအောင်
ဖော်ပြထားခြင်းဖြစ်ပါသည်။

Syi Lwin Foods Garden  www.syilwinfoodsgarden.blogspot.com

24 Nov 2013

ရုံးပတီသီးအုန်းမှုန်.အစာသွပ်

ဒီချက်နည်းလေးကအနည်းငယ်ဆန်းပြားပါတယ်..ဒါပေမယ့်လည်း..သူ.ဆက်
စပ်မှုနဲ.သူတော့..တစ်မျိုးထူးခြားတဲ့အရသာကိုပေးမှာအသေအချာပါ။

ရုံးပတီသီးအုန်းမှုန်.အစာသွပ်
*******************
ပါဝင်ပစ္စည်းများ

ရုံးပတီသီး.......................၂၀ တောင့်
အုန်းမှုန်..........................၁ ခွက် (လက်ဖက်ရည်ပန်းကန်လုံး)
ကြက်သွန်နီ.....................၂ လုံး( နုပ်နုပ်စဉ်း)
ကြက်သွန်ဖြူ....................၄ တက်(......။.....)
ဆီ.................................၃ ဇွန်း( ထမင်းစားဇွန်း)
ငရုတ်စပ်မှုန်. ...................၁ ဇွန်း( လက်ဖက်ရည်ဇွန်း)
နနွင်းမှုန်. ........................ပါသည်ဆိုရုံ
ဇီယာမှုန်..........................၁ ဇွန်း( ...........။..........)
သကြား............................၁ဇွန်း (...........။...........)
ဆား................................အနည်းငယ်
နံနံပင်.............................. ၅ ပင်( နုပ်နုပ်စဉ်း)
သံပုရာသီး.........................၁ လုံး

ရုံးပတီတွေကို အလယ်ကနေဓါးရာပေးပြီး..ဆားအနည်းငယ်ထည့်ထားသော
ရေအေးမှာ(၃) မိနစ်ခန်.စိမ်ထားပါ..။

ထိုစဉ်အတွင်း..ဇလုံတစ်ခုမှာ အုန်းမှုန်.၊ နုပ်နုပ်စဉ်းထားသောကြက်သွန်နီ၊
ကြက်သွန်ဖြူ၊ နံနံပင်တို.ကို ဆား၊ သကြား ၊ ငရုတ်စပ်မှုန်.၊ ဇီယာမှုန်.၊ နနွင်း
မှုန်.တို.နှင့်အတူရောနယ်ပါ

ရုံးပတီသီးတွေကို ရေစင်အောင်စစ်ပြီး..အလယ်မှာဓါးရာပေးထားသော
နေရာမှ..ရောနယ်ထားတဲ့အစာတွေကို သွတ်သွင်းပါ..။

ဒယ်အိုးတစ်လုံးမှာ..အစာသွပ်ထားတဲ့ရုံးပတီသီးတွေကိုစီထည့်ပြီး..သံပုရာ
ရည်ညှစ်ချပေးပါ။
( သံပုရာရည်ညှစ်ခြင်းသည်ရုံးပတီသီးစီးတွဲခြင်းကိုကာကွယ်ပေးပါတယ်။
ချွဲပျစ်ပျစ်ကြီးဖြစ်မနေတော့ပါဘူး )

ဆီ(၃) ဇွန်းကိုဝိုက်ထည့်ပြီးရေလေးအနည်းငယ်စွက်ကာ..အဖုံးပိတ်ပြီးမီးအေး
အေးမှာ(၁၀) မိနစ်ခန်.နှပ်ချက်ပါ။

နံနံပင်လေးများအလှဆင်ပြီးသုံးဆောင်နိုင်ပါတယ်..။


 ပာင်းချက်နည်းများ fb

ကုလားပဲနှပ် ( Indian Yellow Split Pea Curry)

ကုလားပဲ........................၂ ခွက်( လက်ဖက်ရည်ပန်းကန်လုံး)
ကြက်သွန်နီ....................၁ လုံး ( နုပ်နုပ်စဉ်း)
ကြက်သွန်ဖြူ...................၃ တက်(......။......)
ချင်းသေးသေး..................၁ တက်
ဇီယာမှုန်. .......................၁ ဇွန်း( လက်ဖက်ရည်ဇွန်း)
ထောပတ်........................၂ ဇွန်း ( ထမင်းစားဇွန်း)
အုန်းနို.( သို.) နွားနို............၁ ခွက် (လက်ဖက်ရည်ပန်းကန်လုံး)

ကုလားပဲတွေကို မချက်ခင်အနည်းဆုံး(၅) နာရီလောက်ကြိုတင်ရေစိမ်ထား
ပါ။ ဒီလိုရေစိမ်ထားတာပာာ..ချက်ပြုတ်ရာမှာလွယ်ကူမြန်ဆန်စေပြီးမီးအသုံး
ချမှုစွမ်းအင်ကိုလည်းလျော့ကျစေပါတယ်..။

ရေစိမ်ထားတဲ့ကုလားပဲတွေကိုပြောင်စင်အောင်ဆေးပြီး ချင်းတစ်ဝက်ကိုဓါး
ပြားရိုက်ထည့်ကာအဖုံးပိတ်ပြီးပြုတ်ပါ။( ပဲပြုတ်စဉ်ဆားမထည့်ရ။ ဆားထည့်ပါက..ကုလားပဲနှူးအိဖို.ခက်ခဲတတ်ပါသည်)

ထိုစဉ်အတွင်းအခြားလိုအပ်သည်များကိုပြင်ဆင်ထားပါ။

ကုလားပဲနှူးအိခါနီးမှာ အုန်းနို.(သို.) နွားနို.ကိုထည့်ပေါင်းပြီးရေခမ်းအောင်ပြန်ပြုတ်ပေးပါ။ ထိုမှသာကုလား
ပဲများက နွားနို.( သို.) အုန်းနို.အရသာကိုစုပ်ယူပြီးပိုမိုကောင်းမွန်တဲ့အရသာ
ကိုပေးစွမ်းမှာဖြစ်ပါတယ်။

ကုလားပဲလုံးဝနှူးအိသွားပြီဆိုမှ..ဒယ်အိုးတစ်လုံးမှာထောပတ်ကိုအပူပေးပြီး
ကြက်သွန်နီ၊ ကြက်သွန်ဖြူကိုဆီသတ်ပါ။

လက်ကျန်ချင်းတစ်ဝက်ကိုလည်းနုပ်နုပ်စဉ်းပြီးထပ်ပေါင်းဆီသတ်ပေးပါ။

အနည်းငယ်နွမ်းလာလျှင်ဇီယာအမှုန်.လေးကိုပါထည့်ပေါင်းဆီသတ်ပါ။

နောက်ဆုံး..နှူးအိအောင်ပြုတ်ထားတဲ့ကုလားပဲများပေါင်းထည့်ကာ ဆား၊
ပာင်းခတ်မှုန်.အနည်းငယ်တို.နှင့်အရသာသွင်းပြီး.(လိုအပ်ပါက).ရေအနည်းငယ်လေးဖြည့်စွက်ပြီး ရေလုံးဝမခမ်းမီးဖိုပေါ်မှ
ချပါ။

မှတ်ချက်။ ။ ရေလုံးဝခမ်းချိန်မှာမီးဖိုပေါ်မှချလျှင်စားသုံးသည့်အချိန်ကုလား
ပဲနှပ်ကလုံးဝခြောက်သွေ.သွားတတ်ပါသည်..။

နံနံပင်ပါးပါးလေးလှီးပြီးအလှဆင်ခြင်းကအသင့်တော်ဆုံးဖြစ်ပါသည်။
ပာင်းချက်နည်းများ fb

21 Oct 2013

အာလူးပဲပုပ်နှပ်

ပါဝင်ပစ္စည်းများ
.......................
• အာလူးအရွယ်လတ်လတ် - ၄ လုံး (ရှစ်စိတ်တုံးထားပါ)
• မုန်လာဥနီ - ၁ လုံး (အ၀ိုင်းပုံစံမထူမပါးလှီးထားပါ)
• ပဲငါးပိ - စားပွဲဇွန်း ၂ ဇွန်း
• သကြား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• ကြက်သွန်ဖြူ - ၂ တတ် (နုပ်နုပ်စဉ်းထားပါ)
• ဆီ - စားပွဲဇွန်း ၂ ဇွန်း
• ရေ - 250 ml

• တရုတ်မဆလာ - အနည်းငယ်
• ဆား - လိုအပ်လျှင်သုံးရန် အနည်းငယ်

ချက်ပြုတ်ပုံ
..................
၁။ ဆီစားပွဲဇွန်း ၂ ဇွန်းကို ဟင်းချက်မည့်အိုးတွင် အပူပေးပါ။
၂။ ဆီဆူလာလျှင် သကြားများ အရောင်ညိုလာသည်အထိ ကြော်ပေးပါ။
၃။ တုံးထားသော အာလူးများထည့်ပြီး ဆီသတ်ပါ။
၎။ အာလူးများ အရောင်ညိုလာလျှင် ကြက်သွန်ဖြူထည့်ပြီး ကြက်သွန်ဖြူ
ခြောက်လာအောင် မွှေကြော်ပေးပါ။
၅။ မုန်လာဥနီထည့်ပါ။
၆။ မုန်လာဥနီနွမ်းလာလျှင် ပဲငါးပိနှင့်ရေကို ရှေ့နောက်ထည့်ပေးပါ။
၇။ ရေဆူပြီး ခန်းလာသည်အထိ အဖုံးအုပ်နှပ်ပေးပါ။
၈။ ရေခန်းလာပြီး အနည်းငယ်ကျန်ချိန်တွင် အရသာမြည်းကြည့်ပြီး လိုအပ်လျှင်
ဆားထပ်ထည့်ပေးပါ။ (ပဲပုပ်မှအငန်ဓာတ်ကို သတိပြုမိပါစေ)
၉။ အိုးချခါနီးမှ တရုတ်မဆလာဖြူးပေးပြီး အနည်းငယ်မွှေပေးပါ။
ထို့နောက်မှာတော့ စားသုံးရန် အသင့်ဖြစ်ပြီး ရနံ့မွှေးကြိုင်သော အာလူးပဲပုပ်နှပ်ကို ရရှိပါပြီ။


သစ်ထူး

FOOD Magazine

6 Jun 2013

စပါးလင်ဘူးသီးချက် Lemon Grass Gourd Stew

ပူတဲ့ရာသီမှာ လတ်ဆတ်သော ရာသီပေါ်အသီးအရွက်များကို
ချက်ချင်းချက်စားရတဲ့ အရသာဟာ
လူကိုလန်းဆန်းတက်ကြွစေပါတယ်။
ဘူးသီးချက်လေးက လွယ်ကူလျင်မြန်ပြီး
ဘာဟင်းမှမလိုဘဲ သူ့ချည်းစားရုံတင်
လုံလောက်တဲ့ဟင်းလေးမို့ဖော်ပြလိုက်ပါတယ်။

ပါဝင်ပစ္စည်း
..................
၁။ ဘူးသီး - တစ်စိတ် (အတုံးကြီးကြီးလေးတွေ တုံးထားပါ)
၂။ စပါးလင် - ၂ ချောင်း (စပါးလင်ကို ဓားလေးနဲ့မွှန်းပြီး ထုံးထားပါ)
၃။ မက်ခါသီးမှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၎။ နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၅။ ဆား - နည်းနည်း
၆။ ဆီ - စားပွဲဇွန်း ၁ ဇွန်းခွဲ
၇။ ကြက်သွန်နီ - ၂ လုံး (ညက်အောင်ထောင်းထားပါ)
၈။ ကြက်သွန်ဖြူ - ၃ြ မွှာ (ညက်အောင်ထောင်းထားပါ)
၉။ ငံပြာရည် - အနည်းငယ်
၁၀။ ဟင်းခတ်မှုန့်-လက်ဖက်ရည်ဇွန်း တစ်ဝက်

ချက်ပြုတ်နည်း
.......................
၁။ အိုးထဲသို့ ဆီ၊ ထောင်းထားသော ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊
နနွင်းမှုန့်၊ စပါးလင် ၊ မက်ခါသီးမှုန့်နှင့် ငံပြာရည်တို့ကို
ရွှေရောင်တောက်လာတဲ့အထိ ဆီသတ်ပါ။

၂။ ဆီသတ်ထားသော အနှစ်ထဲသို့
ဘူးသီးတုံးလေးများနှင့် ရေအနည်းငယ်ကိုထည့်ပြီး တည်ပါ။

၃။ ဘူးသီးကို အရမ်းနူးအောင်မထားပါနှင့်။
ကျန်ပစ္စည်းများထည့်ပြီး ဆားမြည်းလို့ သင့်တင့်လျှင်
ထမင်းပူပူ လေးနဲ့တွဲစားဖို့အဆင်သင့်ပါပဲ။

Syi Lwin
Foods Garden


မက်ခါသီးမှုန့်ဆိုတာ ငရုတ်ကောင်းမှုန့်လိုပါပဲ..ဒါပေမယ့်သူ့ရဲ့ အရသာက ချင်ထုံထုံလေး ပါ။ ကယားဟင်းလျားတွေမှာ အများဆုံးပါဝင်ချက်လေ့ရှိပါတယ်။

20 May 2013

ကင်းမွန်အစပ်ချက်

ပါဝင်ပစ္စည်းများ
-------------------
၁။ ကင်းမွန် - ၃၀ ကျပ်သား (ရေဆေးမှင်အိတ်ထုတ်သန့်စင်ပြီးထားပါ)
၂။ ကြက်သွန်ဖြူ - ၁၀ တက် (နုပ်နုပ်စဉ်းထားပါ)
၃။ ငရုတ်သီးစိမ်း (အနီရောင်နှင့်အစိမ်းရောင်) - ၅ တောင့် (နုပ်နုပ်စဉ်းထားပါ)
၎။ ဆား - အနည်းငယ်
၅။ ငံပြာရည် - စိတ်ကြိုက်အရသာအတွက် သင့်ရုံပမာဏ
၆။ ဆီ - စားပွဲဇွန်း ၂ ဇွန်း
၇။ နံနံပင် - ၂ ပင်
၈။ သကြား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြင်ဆင်ချက်ပြုတ်နည်း
---------------------------
၁။ ရေဆေးသန့်စင်ထားသော ကင်းမွန်များကို
ရေနွေးဆူဆူမှာ ဆားအနည်းငယ်ခတ် ပြီး
၂ မိနစ်ခန့် ပြုတ်ပါ။ ပြီးလျှင် ဆယ်ထားပါ။

၂။ ဆီအိုးတည်ပြီး ကြက်သွန်ဖြူနှင့် ငရုတ်သီးများ ဆီသတ်ပါ။

၃။ ကြက်သွန်နှင့် ငရုတ်သီးများနွမ်းလာလျှင်
ဆယ်ထားသော ကင်းမွန်များထည့်ပါ။

၎။ သကြား ၁ဇွန်းထည့်ပြီး မွှေပေးပါ။
နောက်မှ မိမိစိတ်ကြိုက်အရသာအတွက်
ငံပြာရည်ထည့်ပြီး မြည်းကြည့်ပါ။

၅။ ဟင်းအိုးခြောက်နေလျှင်ရေအနည်းငယ်ထည့်ပေးပြီး
အဖုံးအုပ်၊ မီးလျှော့ပြီး၅မိနစ်မှ ၇မိနစ်အထိ တည်ပေးပါ။

၆။ ဟင်းအိုးအရည်မခန်းတခန်းအနှစ်ရချိန်တွင်
နံနံပင်ထည့်မွှေပြီး စားသုံးရန် အသင့်ဖြစ်ပါပြီ။

• သစ်ထူး

15 Mar 2013

ခရမ်းသီးပဲငါးပိအစပ်ချက်

ဒီတစ်ခါတော့ ခရမ်းသီးကိုသာမန်ချက်နည်းဖြစ်တဲ့ နှပ်တဲ့နည်းကနေခွဲထွက်ထားတဲ့ အစပ်ချက်နည်းလေးပါ။ အချိန်တိုအတွင်းမှာ ချက်စားလို့ရပြီး အရသာကလည်း တော်တော်ကောင်းမွန်တာကြောင့် စာဖတ်သူများအကြိုက်တွေ့နိုင်မယ့် ဟင်းတစ်ခွက်ဆိုတာ အသေအချာပါပဲ။ 
 ဒီဟင်းကတော့ တရုတ်စာစစ်စစ်ပါပဲ။ အစပ်အရမ်းစားတဲ့ စီချွမ်း နယ်ဘက်ကဟင်းတွေနဲ့ တော်တော်ဆင်တူပါတယ်။ စင်ကာပူက စားဖိုမှူးတစ်ယောက်က အစပ်စားတဲ့သူတွေအတွက် သူကိုယ်တိုင်ပြုပြင်ပြောင်းလဲထားတဲ့ဟင်းပါ။ အဲဒါကို ကျွန်မက ထပ်ပြီး မြန်မာပါးစပ်နဲ့ အဆင်ပြေအောင် အနည်းငယ်ပြန်လည် ပြင်ဆင်ထားတာမို့ အားလုံးနှစ်သက်ကြမယ်လို့ မျှော်လင့်ပါတယ်။

ပါဝင်ပစ္စည်းများ
----------------
၁။ ခရမ်းသီးအရှည်အကြီး - ၂ လုံး ( လေးစိတ်ကွဲ လှီးပြီး ၃ ပိုင်း သို့ ၂ ပိုင်း ပိုင်းထားပါ)
၂။ ကြက်သား (သို့) ၀က်သား - ၁၀၀ ဂရမ် (၆ ကျပ်ခွဲသား)
၃။ ကြက်သွန်ဖြူ - ၅ မြွှာ (နုပ်နုပ်စဉ်း)
၎။ ချင်း - လက်တစ်ဆစ်စာ (နုပ်နုပ်စဉ်း)
၅။ စီချွမ်း ငရုတ်ကောင်းစေ့ - ၄၊ ၅ စေ့ခန့် (မပါလည်းရပါတယ်)
၆။ ငရုတ်သီးအကြမ်းမှုန့် - လက်ဖက်ရည် ဇွန်း ၂ ဇွန်း
၇။ ကြက်သားအဆီ - လက်ဖက်ရည်ဇွန်း၁ဇွန်း
၈။ ရေ (သို့)Chicken Stock - တရုတ်ပန်းကန်လုံးတစ်လုံးနီးပါး


ဆော့စ်အတွက်ပါဝင်ပစ္စည်းများ
--------------------------------
၁။ တရုတ်ပဲငါးပိအစပ် (တိုပန်ဂျန်) - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၂။ ဟင်းချက်ဆန်ဝိုင် - စားပွဲဇွန်း ၂ ဇွန်း
၃။ ပဲငံပြာရည်အကြည် - စားပွဲဇွန်း ၁ ဇွန်းခွဲ
၎။ ပဲငံပြာရည်အနောက် - လက်ဖက်ရည်ဇွန်း တစ်ဝက်
၅။ သကြား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၆။ နှမ်းဆီ - လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ချက်နည်း
----------
၁။ ပထမဆုံး ခရမ်းသီးတွေကို ဆီပူပူမှာ အညိုရောင်သမ်းတဲ့အထိကြော်ပြီး ဆယ်ထားလိုက်ပါ။

 ဆီစားပွဲဇွန်း ၃ ဇွန်းခန့်ကို အပူပေးပြီး ငရုတ်သီးအကြမ်းမှုန့်ထည့်ကြော်ပါ။

၂။ နောက် ကြက်သားများကို ထည့်မွှေပြီး အရောင်ပြောင်းပါက ချင်း၊ ကြက်သွန်ဖြူ၊ ငရုတ်ကောင်းစေ့များကို ထည့်လှော်ပါ။ထို့နောက် ကြော်ထားတဲ့ ခရမ်းသီးများကိုထည့်ပြီး ဆော့စ်ကိုလည် ထည့်မွှေပေးပါ။

၃။ အပေါ်မှာပြင်ထားတဲ့ ကြက်သားပြုတ်ရည် တရုတ်ပန်းကန်လုံး တစ်ဝက်ကိုလည်း ထည့်မွှေပေး ပြီးမီးပြင်းပြင်းနဲ့ ဆူအောင်တည်ပါ။ ၅ မိနစ်လောက်နေရင် ကျန်တဲ့ ကြက်ပြုတ်ရည် ထဲကို
ပြောင်းဖူးမှုန့်လက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်ကာ ဟင်းထဲကိုရောမွှေပေးလိုက်ပါ။ နောက် ရေခန်းပြီး ဆီပြန်လာတဲ့အထိတည်ရင် ရပါပြီ။

Evy Foodlover

9 Dec 2012

ရှောက်သီးသုပ်နဲ့ ကြာဆံချက်


အရင်တုန်းကလည်း
ရှောက်သီးသုပ်နည်းကို ရေးခဲ့ဖူးပါတယ်နော်။ အခုတစ်ခါက စတိုင်လ်
တစ်မျိုးလေးနဲ့ သုပ်ကျွေးမှာမို့ အားပေးကြ ပါဦးလို့နော်။

လိုအပ်တဲ့ပစ္စည်းတွေကတော့
 ရှောက်သီး၊ ဂေါ်ဖီထုပ်၊ ကြက်သွန်နီ၊
ကျောက်ပွင့်မျှင်မျှင် လေးတွေ၊ ငရုတ်သီးစိမ်း၊ ငရုတ်သီးအပုပွတောင့်၊
ငါးပိစိမ်းစား၊ ပုစွန်ခြောက်၊ ပဲမှုန့် အလှော်မှုန့်၊မြေပဲဆန်၊ ဆီ၊
ဟင်းခတ်မှုန့်အနည်းငယ်တို့ပါနော်။

ဂေါ်ဖီထုပ်က အဖတ်လေးတွေကို နွှာပြီး ဆားရေလေးနဲ့ နာရီဝက်လောက်
စိမ်ထားပြီးမှ ပါးပါးလှီး၊ ကြက်သွန်နီအခွံနွှာပြီး ပါးပါးလှီး ရေဆေးပြီး
ရေစစ်ထား၊ ကျောက်ပွင့်ကို ရေနွေးကြက်သီးနွေးရယ် ဆားရယ်နဲ့ စိမ်ပေးပါ။

ပြီးတော့မှ နာနာဆေးပြီး ရေညှစ်ပေးပါ။ ငရုတ်သီးစိမ်း ပါးပါးလှီးပေးထားပါ။

ဆီချက်အတွက် ကြက်သွန်နီကိုပါးပါးလှီးပြီး ဆီချက်ကြော်ပေးပါနော်။

 ပြီးရင်ဆီချက်တွေကို ပန်းကန်လုံးတစ်လုံးထဲ ဆယ်ယူထားပြီး ကျန်တဲ့ဆီနဲ့
ငရုတ်သီးအပုပွတောင့် လေး ငါး တောင့်လောက်ကို ကြွပ်နေအောင် ကြော်ပြီး
ဆယ်လိုက်ပြီး နောက်ဆုံးကျန်တဲ့ဆီလေးထဲ ငါးပိ
စိမ်းစားကွမ်းသီးလုံးလောက်ထည့်ပြီး ဆီသတ်လိုက်ပါနော်။

မြေပဲဆန်ကို လှော်ပြီးထောင်းပေးပါ၊ ပြီးရင် ငရုတ်သီးအပုပွတောင့်ကြော်ကို
ထောင်းပေး၊ ပုစွန် ခြောက်ကိုထောင်းပေး (တကယ်လို့
ပုစွန်ခြောက်နံ့မကြိုက်တတ်တဲ့မောင်နှမတွေအတွက် ဆိုရင်
ပုစွန်ခြောက်ကိုထောင်းပြီး ငါးပိစိမ်းစားဆီမသတ်ခင်မှာ
ထည့်ကြော်ပြီးထည့်လို့ ရတယ်နော်)။

 ပဲမှုန့်အလှော်မှုန့်လေးလည်းပြင်ထားပေးပါနော်။ ရှောက်သီးကို နွှာ၊ မခါးရ လေအောင် ရေထဲဆားလေးနည်းနည်းထည့်ပြီးနွှာ၊ ပြီးတော့ ရှောက်သီးတွေကို ညှစ်ယူပါနော်။

အားလုံးအသင့်ဖြစ်ပြီဆိုရင် ဇလုံတစ်လုံးထဲ အဆာပလာတွေအကုန်ထည့်နယ်၊
ဟင်းချိုမှုန့် မသုံးချင်တဲ့အတွက် ပုစွန်ခြောက်မှုန့်ရယ်၊
ငါးပိစိမ်းစားလေးရယ်ကဲထည့်ပြီးနယ်၊ ငရုတ်သီးအပုပွတောင့်ကြော်ထောင်းက
အရောင်ရဲရဲလေးမို့ မွှေးမွှေးရဲရဲလေးဖြစ်ပါတယ်။

 ကြိုက်တတ်ရင် ကြက်သွန်ဖြူလေးနဲ့ ငရုတ်ကောင်းလေး ထည့်ပေးလို့ ရပါတယ်နော်။

အဲ့ဒါဆိုရင်တော့ ချဉ်ငံစပ်ရှောက်သီးသုပ်လေး ရပါပြီနော်။

ရှောက်သီးသုပ်နဲ့အတူတွဲဖက်စားဖို့ကတော့ ကြာဆံချက်လေးပေါ့နော်။

ကြာဆံချက်နည်း ကိုလည်း ဒီလင့်ခ်လေးတွေမှာ
http://lulucooking.blogspot.com/2009/06/blog-post.html
http://lulucooking.blogspot.com/2007/08/blog-post_13.html
သွားပြီးကြည့်နိုင်ပါတယ်နော်။

Twitter Delicious Facebook Digg Stumbleupon Favorites More