Pages - Menu

6 Jun 2013

စပါးလင်ဘူးသီးချက် Lemon Grass Gourd Stew

ပူတဲ့ရာသီမှာ လတ်ဆတ်သော ရာသီပေါ်အသီးအရွက်များကို
ချက်ချင်းချက်စားရတဲ့ အရသာဟာ
လူကိုလန်းဆန်းတက်ကြွစေပါတယ်။
ဘူးသီးချက်လေးက လွယ်ကူလျင်မြန်ပြီး
ဘာဟင်းမှမလိုဘဲ သူ့ချည်းစားရုံတင်
လုံလောက်တဲ့ဟင်းလေးမို့ဖော်ပြလိုက်ပါတယ်။

ပါဝင်ပစ္စည်း
..................
၁။ ဘူးသီး - တစ်စိတ် (အတုံးကြီးကြီးလေးတွေ တုံးထားပါ)
၂။ စပါးလင် - ၂ ချောင်း (စပါးလင်ကို ဓားလေးနဲ့မွှန်းပြီး ထုံးထားပါ)
၃။ မက်ခါသီးမှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၎။ နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၅။ ဆား - နည်းနည်း
၆။ ဆီ - စားပွဲဇွန်း ၁ ဇွန်းခွဲ
၇။ ကြက်သွန်နီ - ၂ လုံး (ညက်အောင်ထောင်းထားပါ)
၈။ ကြက်သွန်ဖြူ - ၃ြ မွှာ (ညက်အောင်ထောင်းထားပါ)
၉။ ငံပြာရည် - အနည်းငယ်
၁၀။ ဟင်းခတ်မှုန့်-လက်ဖက်ရည်ဇွန်း တစ်ဝက်

ချက်ပြုတ်နည်း
.......................
၁။ အိုးထဲသို့ ဆီ၊ ထောင်းထားသော ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊
နနွင်းမှုန့်၊ စပါးလင် ၊ မက်ခါသီးမှုန့်နှင့် ငံပြာရည်တို့ကို
ရွှေရောင်တောက်လာတဲ့အထိ ဆီသတ်ပါ။

၂။ ဆီသတ်ထားသော အနှစ်ထဲသို့
ဘူးသီးတုံးလေးများနှင့် ရေအနည်းငယ်ကိုထည့်ပြီး တည်ပါ။

၃။ ဘူးသီးကို အရမ်းနူးအောင်မထားပါနှင့်။
ကျန်ပစ္စည်းများထည့်ပြီး ဆားမြည်းလို့ သင့်တင့်လျှင်
ထမင်းပူပူ လေးနဲ့တွဲစားဖို့အဆင်သင့်ပါပဲ။

Syi Lwin
Foods Garden


မက်ခါသီးမှုန့်ဆိုတာ ငရုတ်ကောင်းမှုန့်လိုပါပဲ..ဒါပေမယ့်သူ့ရဲ့ အရသာက ချင်ထုံထုံလေး ပါ။ ကယားဟင်းလျားတွေမှာ အများဆုံးပါဝင်ချက်လေ့ရှိပါတယ်။

Twitter Delicious Facebook Digg Stumbleupon Favorites More