Pages - Menu

6 Jun 2013

မုန့်ကျွဲသည်း

မုန့်လက်ဆောင်းလုပ်တိုင်း မုန့်ကျွဲသည်းလုပ်ဖို့သတိရပါတယ်။
အရမ်းလည်းကြိုက်တဲ့အတွက် လုပ်မယ်ဆိုပြီး
အားခဲထားတာကြာပါပြီ။ ခုတော့သက်သက်ကိုလုပ်စားဖြစ်သွားတာပါ။
ဒီမုန့်လေးက လုပ်ရတာသိပ်ကြာတတ်တဲ့အတွက်
ကျွန်မက အဆင့်တစ်ဆင့်ကျော် ပေးထားပါတယ်နော်။
မွှေရတာအချိန်နည်းသွားတာပေါ့လေ။
သက်သာစေရန်ရည်ရွယ်ပါတယ်နော်။

ပါဝင်ပစ္စည်းများ
.......................
၁။ ဆန်မှုန့် - ၁ခွက်(ဆန်ချိန်ခွက်)
၂။ ဆား - လက်ဖက်ရည်ဇွန်းတစ်ဝက်
၃။ ထန်းလျက် - ၅ခဲ
၎။ ထုံး - လက်ဖက်ရည်ဇွန်းဖျားခန့်
၅။ အုန်းသီးခြစ်များ

ပြုလုပ်နည်း
..................
၁။ ထုံးကိုရေ၁လီတာခန့်ထည့်စိမ်ပါ။
အနယ်ထိုင်ရင် ရေအကြည်ကိုခပ်ထားပါ။
ထန်းလျက်ကိုရေဖျောထားပါ။

၂။ ဆန်မှုန့်ကိုရေ၁မှတ်ထိထည့်ပြီး ထမင်းချက်သလိုချက်ပါ။
(မွှေရတာသက်သာစေရန်)

၃။ ပြီးရင် ကျက်သွားပြီးသားမုန့်သားများကို
အိုးထဲကိုဆန်ခါစစ်ချပြီး ထည့်ပါ။ ထုံးရေကြည်ကိုထည့်ကာကျိုပါ။

၎။ ထန်းလျက်ရေ၊ ဆားတို့ထည့်ပြီး အဆက်မပြတ်မွှေပေးပါ။
မိနစ်၄၀လောက်မွှေပေးရပါမယ်။

၅။ မုန့်သားများလုံးလာပြီး ပျစ်ခဲလာရင်
ဆီသုတ်ထားသော ဗန်းထဲထည့်ပြီး အအေးခံထားပါ။

၆။ အေးပြီးခဲသွားရင် အုန်းသီးခြစ်များဖြူးကာ စားသုံးနိုင်ပါပြီ။

Ei Thet

Twitter Delicious Facebook Digg Stumbleupon Favorites More