Pages - Menu

ဆန်လုံးညို(Brown Rice)

ဆန်ဖြူကို ကြိတ်ခွဲလိုက်တာကြောင့် ဗီတာမင် B3 ၆၇ ရာခိုင်နှုန်း၊ ဗီတာမင် B1 ၈၀ ရာခိုင်နှုန်း၊ ဗီတာမင် B6 ၉၀ ရာခိုင်နှုန်း၊ မဂ္ဂနီဆီယမ်တစ်ဝက်၊ ဖော့စ်ဖရပ်စ် တစ်ဝက်၊ သံဓာတ် ၆၀ ရာခိုင်နှုန်းနဲ့ အမျှင်ဓာတ်အားလုံး ဆုံးရှုံးသွားခဲ့ ပါတယ်။

သံလွင်ဆီ(Olive Oil)

သံလွင်ဆီမှာ ဗီတာမင် အေ၊ ဗီတာမင် ဘီဝမ်း၊ ဘီတူး၊ ဗီတာမင်စီ၊ ဒီ၊ အီးနဲ့ ကေစတဲ့ ဗီတာမင်ဓာတ်တွေ ပါဝင်ပြီး သံဓာတ်နဲ့ အိုမီဂါ ၉ လည်း ပါဝင်ပါတယ်။

ပြောင်းဖူး(Corn)

ပြောင်းဖူးမှာ ဗီတာမင်B1 ဗီတာမင်B5 ဗီတာမင်C ဗီတာမင်B9လို့ခေါ်ဖောလိတ် .....ပြောင်းဖူး၏ ကျန်းမာရေး အာနိသင် မှာဆက်ဖတ်ပါ....

ထောပတ်သီး(Avacado)

အာဟာရများကိုဖြည့်တင်းပေးနိုင်ရုံ သာမက သဘာဝမှရသောသကြား ဓာတ်ကိုထောက်ပံ့ပေးခြင်း၊ကိုယ် အလေးချိန်ကျဆင်းစေခြင်း၊အကျိုး ပြုကိုလက်စတီရောကိုတက်စေပြီး ဆိုးကျိုးပေးသောကိုလက်စတီရော ကိုကျဆင်းစေခြင်း စသည့်အချက်များ ကိုရရှိစေနိုင်သည်ဟု သိရသည်။ယခု လေ့လာမှုတွင် ဖော်ပြထားချက်အရ လေဖြတ်ခြင်းကိုပါ ထောပတ်သီးက ကာကွယ်ပေးနိုင်

လိမ္မော်သီး(Orange)

လိမ္မော်သီး၌ ဖိုင်ဘာမျှင်၊ သံဓာတ်၊ မီးစုန်းဓာတ်၊ ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်၊ ကြေးနီဓာတ်၊ သွပ်ဓာတ်၊ ဆလမ်နီယမ်၊ ကယ်လိုရီ၊ ကယ်လဆီယမ်ဒာတ်၊ဗီတာမင်စီ တို့ပါရှိသည်

မာလကာသီး(Guava)

မာလကာသီး တစ်လုံးတွင် ဗီတာမင်စီမှာ လိမ္မော်သီး တစ်လုံး၌ ပါရှိသည့် ဗီတာမင်စီ ပမာဏထက် ငါးဆခန့် ပိုများသည်။ မာလကာသီး၌ ဗီတာမင်စီ အပြင် အေနှင့် ဘီ၊ ကယ်လ်ဆီယမ်၊ ဖော့စပရပ်စ်၊ ပိုတက်ဆီယမ်၊ သံဓာတ်၊ ဖောလစ်အက်စစ်နှင့် အမျှင်ဓာတ်တို့ ပါဝင်သည်။ အများဆုံး ပါဝင်သော ဓာတ်များမှာ ဗီတာမင်စီ ၃၀၂ မီလီဂရမ်နှင့် ဗီတာမင် အေ ၂၅၀ မီလီဂရမ်တို့ ဖြစ်ကြသည်။ မာလကာသီးကို သီတင်း တစ်ပတ်လျှင် နှစ်လုံးခန့် စားသုံး သွားပါက သွေးတိုး ကျဆင်းစေပြီး နှလုံး ကျန်းမာရေးကို အထောက်အကူ ပြုကြောင်း အမေရိကန် သုတေသန ပညာရှင်များက ပြောကြားသည်။

***

***

***

***

***

***

***

***

***

***

Showing posts with label သရက်သီး. Show all posts
Showing posts with label သရက်သီး. Show all posts

20 May 2014

သရက်သီးနှင့်ကျန်းမာရေး


အရည်အသွေး ကောင်းမွန်လတ်ဆတ်သော သရက်သီး၏ အနံ့ အရသာနှင့် မွှေးရနံ့  တို့  ကို မည်သည့်သစ်သီးမျှ လိုက်မမှီနိုင်သော ကြောင့် "အသီးမှာသရက်၊ အရွက် မှာ လက်ဖက်၊ အ သား မှာဝက်" ဟူ ပြောစမှတ်ပြုကြ၏။ အိန္ဒိယနိုင်ငံတွင်လည်း " အ သီး မှာဘုရင် " ဟု သမုတ်ြ ကသည်။ ကမ္ဘာပေါ်တွင် သရက်သီးမျိုးစိတ်ပေါင်း ထောင်နှင့် ချီရှိပြီး၊ မြန်မာပြည်တွင်ေ တာ့ စိမ်း စားသီး၊ မချစ်စု၊ မန္တလေး ရင်ကွဲ၊ စိန်တစ်လုံး၊ မြေ ကျာက်၊ ရွှေဟင်္သာ၊ ဗြုတ်သီး၊ စိုင်သီး၊ ပန်း သရက်၊ သုံးလုံးတစ်တောင်.. စသည်ဖြင့် သရက်သီးမျိုးများကို နေရာဒေသအ လိုက် ဖောေ ဖာသီသီ တွေ့ ရှိရသည်။

နွေဦးရာသီနှင့် မိုးလယ်ကာလများတွင် ပေါပေါများများရရှိနိုင်သော သရက်သီး မှည့် များကို သွားရည်စာသစ်သီးအဖြစ်စားလေ့ရှိသလို၊ သရက်ပြင်ယို၊ ဖျော်ရည်၊ Jam၊ ရေ ခဲမုန့် ၊ သကြား လုံး၊ ကျောက်ကျော၊ jelly ၊ shake ၊ ပူတင်းအဖြစ်လည်းကောင်း၊ ၀မ်ြး ပင်း(မစိမ်း လွန်း/မမှည့် လွန်း) သရက်သီးများကို နွယ်ချို/ ငရုတ်သီးမှုန့်/ဆားအနည်း တို့ ဖြင့် ဖြူး၍သော်လည်းကောင်း၊ သရက်သီးသုပ်၊ သရက် ချဉ်သုပ်၊ ဆားရည်စိမ်၊ သနပ်(ကုလားနယ်) အဖြစ်ထမင်းမြိန်လှသည်။

အချိုဓါတ်၊ အချဉ်ဓါတ်ကို တပြိုင်တည်းပေးစွမ်းနိုင်သည့် သရက်သီးသည် အရသာရှိရုံ သာမက၊ လူသားတို့  ကျန်းမာရေးကို များစွာ အထောက်အကူပြုပေးသော ပရိုတင်း၊ ကာဗိုဟိုက်ဒြိတ်၊ အ ဆီ၊ ဗီတာမင်အေ၊ ဗီတာမင်စီ၊ ပိုတက်စီယမ်၊ ကယ်လ်စီယမ်၊ မဂ္ဂနိစ်၊ ဆီလီနီယမ်၊ အိုင်း ယွန်း၊ ဆိုဒီယမ်နှင့် ဖော့ဖရပ်စ် စသည့်အာဟာရဓာတ်များ အပြင် အလွယ်တကူချေဖျက်နိုင် သည့် အမျှင်ဓာတ် ၄၀ ရာခိုင်နှုန်းပါဝင်သည်။ သရက် သီး၏ အသားသာမက၊ အရွက်နှင့် အစေ့ တို့ လဲ ဆေးဘက်ဝင်သည်။ ဆေးသိပ္ပံ ပညာရှင် များ၏ အဆိုအရ၊ မျောက်များသည် သရက်သီး အစေ့ကိုပါစားသုံးလေ့ ရှိသောကြောင့် ခွန်အားများ တိုးပွားကာ အပင်အမြင့်ခုန်နိုင်သည်ဟု ဆို၏။

(၁) Institute of Food Research မှ လေ့လာချက်များအရ၊ သရက်သီးထဲတွင် ဓါတ် တိုး ဆန့် ကျင်ပစ္စည်းများအပြင်၊ quercetin, isoquercitrin, astragalin, fisetin, gallic acid နှင့် methylgallat ဟုခေါ်သော enzymes ဓါတ်ပေါင်းစုတို့  အလုံလောက် ပါ ရှိ သောကြောင့် အူမြ ကီး ကင်ဆာ၊ ရင်သားကင်ဆာ နှင့် ဆီးကျိတ်ကင်ဆာ တို့ မဖြစ်ေ ပ်ါလာအောင် ကာကွယ်ပေးနို င်ကြောင့်နှင့် အသီးထဲရှိ Pectin ဓါတ်သည် အမျိုးသား များ သုက်ရည်ဂလင်း(ဆီးကျိတ်)ကင် ဆာ မဖြစ် လာေ အာင် တားဆီးပေးကြောင်းေ ဖ်ာပြထားပြီး၊ ထို အဆိုကို The European Prospective Investigation of Cancer အဖွဲ့ အစည်း မှလည်း အတည်ပြုထောက်ခံထားသည်။

(၂) ပျော်ဝင်လွယ်သောအမျှင်ဓာတ်၊ ပက်တင်နဲ့ ဗီတာမင်စီတို့ များစွာ ပါဝင်သေြာေ ကာင့် သွေး အတွင်း မကောင်းသည့် ကိုလက်စ ထရောအဆင့်ကို လျော့ကျစေသည်။

(၃) ခပ်ပါးပါးလှီးထားသော သရက်သီးတစ်ခွက်စာပမာဏတွင်၊ လူတစ်ဦးစီမှာတစ်နေ့ တာ လို အပ်သော ဗီတာမင်အေ၏ ၂၅% ခန့် ပါဝင်၏။ ထို့ ပြင် flavonoids, Beta- carotene, alpha-carotene, နှင့် beta-cryptoxanthin တို့  လဲ ပါရှိသောကြောင့် မျက်စိ အမြင်အာရုံကို တိုး တက်ကောင်းမွန်စေပြီး၊ မျက်စိခြောက်သွေ့ခြင်းနှ င့် ကြက် မျက်သင့်ရောဂါ၊ မျက်စိယား ယံခြင်း၊ ရောင်ကိုင်းခြင်း နှင့် မျက်ကြည်လွှာရောဂါအမျိုးမျိုး တို့ ကို ကာကွယ်ပေးနိုင်သည်။

(၄) မန်ကျည်းသီးထဲတွင်တွေ့ ရသော tartaric acid၊ သစ်တော်သီးထဲတွင်တွေ့ ရသော malic acid၊ သံပုရာသီးနှင့် ရှောက်သီးထဲ တွင်တွေ့ ရသော citric acid တို့ အားလုံး သရက်သီးထဲ တွင် မျှခြေပါဝင်သောကြောင့် ခန္ဓာကိုယ်၏ အယ်လ်ကာလီဓာတ်ကို မျှ တ စေသည်။

(၅) သရက်သီးထဲတွင် glycemic ပါဝင်မှု ၄၁ မှ ၆၀ ရှိပြီး၊ ဆီးထဲရှိသကြားပမာဏကို မျှတစေ သဖြင့် ဆီးချိုရောဂါသည်များ အသင့် အတင့်စားသုံးပေးသင့်သည်။ ထို့ ပြင် ညအိပ်ယာ မ၀င်ခင် ရေနွေးဆူဆူတွင် သရက်ရွက် ၁၀ (သို့ မဟုတ်) ၁၅-ရွက် ထဲ့၍ အဖုံးဖုံး ထားပြီး၊ နံက်ရောက်သောအခါ အရည်စစ်သောက်ပေးခြင်းဖြင့် ဆီးချိုရောဂါ ကို သက်သာလာေ စနိုင်သည်။

(၆) ဗီတာမင်အီးဓါတ် အမြောက်အများပါဝင်သည့် အတွက်ခန္ဓာကိုယ်အတွင်း ရှိ ဟော် မုန်း ထုတ် လုပ်မှု စံနစ်ကို ကောင်းမွန်စွာ အ ထောက်အကူပေး၍ ကာမအားကိုတိုး ပြားေ စကာ၊ သက္လံုေ ကာင်းပြီး လန်းဆန်းပေါ့ပါး တက်ကြွစေသည်။

(၇) သင်္ဘောသီးကဲ့သို ချေဖျက်လွယ်သော အမျှင်ဓာတ်အမြောက်အများပါရှိသဖြင့် အစာကြေ ညက်စေပြီး၊ ဝမ်းမှန်စေသည်။ ထို့ ပြင် အစာအိမ် နှင့် အူများကို သန့် စင်စေ ရုံသာမက၊ အသည်း ကိုလဲ ကောင်းကျိုးပြုသည်။

(၈) ဆီးရွှင်စေသဖြင့် ဆီးကျောက်တည်မှုအန္တရာယ်ကို လျှော့ကျပေးပြီး၊ ကျောက်ကပ် ကိုသန့်  စင်စေကာ၊ ခန္ဓာကိုယ်တွင် ဆီးဆိပ်တက်ခြင်း ပြသနာကိုမဖြစ်ပေါ်စေနိုင်ပါ။

(၉) သရက်သီးထဲတွင် ဗီတာမင်အေ၊ ဓာတ်တိုးဆန့် ကျင်ပစ္စည်းများ နှင့်အတူ့ ဗီတာ မင်စီ ၇၆% နှင့် ကာရိုတီးနွိုက် ၂၅မျိုးတို့  ထူးထူးခြားခြား ပါဝင်သောကြောင့် ကိုယ်ခံ စွမ်း အားစံနစ်ကို တိုးတက်ကောင်းမွန်စေသည်။

(၁၀) Cameroonian University တွင် ကိုယ်အလေးချိန် ၁၀၂ ပေါင်ရှိသော အမျိုးသား တစ်ဦးကို ရက်သတ္တတ် ၁၀-ပတ်မျှ သရက် သီးတစ်မျိုးတည်းသာ ကျွေးပြီးစမ်းသပ်ခဲ့ရာ၊ အံ့ဘွယ်ကောင်းေ လာက်အောင် ၁၂.၅ကီလို ကိုယ်အလေးချိန်ကျသွားသည့်ပြင်၊ မကောင်းသော ကိုလက်စထေေ ရာနှင့် သွေးထဲရှိသကြားပမာဏတို့  ကျနေကြောင်း စမ်းသပ်တွေ ရှိရသည်။ ထို့ ကြောင့် ဘေး ဥပါသ် ကင်းဝေးစွာဖြင့် ကိုယ်အလေးချိန် ကျလိုပါက၊ သရက်သီးစားသုံးရန်အကြံပြုထားသည်။ (အကယ်၍ ကိုယ်အလေးချိန် တက် လိုပါက၊ သရက်သီးကို နို့ ဖြင့်တွဲဖက်စားသောက်ပေး ရပါမည်။ ခွန်အားများ လဲတိုးပွားစေနိုင်၏)

(၁၁) သရက်သီးထဲတွင် Glutamine အက်ဆစ်ပါရှိသည့်အတွက်၊ ဦးနှောက်ထဲရှိဆဲလ် များ ကို နှိုးဆော်ပေးကာ၊ မှတ်ဥာဏ် စွမ်းပ ကားကို တိုးတက်စေသည့်အတွက် ကလေး ငယ်များ ကိုလဲ သရက်သီးကျွေးပေးသင့်သည်။

(၁၂) သရက်သီးထဲတွင် ဗီတာမင်အေ အမြောက်အများပါရှိသောကြောင့် အသား အရေကိုနူး ညံ့ေ ချာမွေ့ စေနိုင်သည်။ သရက်သီး ကို ခပ်ပါးပါးလှီးပြီး၊ မျက်နှာပေါ်တွင် ညင်သာစွာကပ်ကာ၊ အချိန် ၁၅-မိနစ်ခန့် အကြာတွင် ရေနွေးနွေးဖြင့် သန့် စင်ဆေးေ ကြာပေး ပါက၊ ချွေးပေါက် များကိုပွင့်စေပြီး ၀က်ခြံပေါက်ခြင်းမှ ကာကွယ်နိုင်သည်။ ထိုကဲ့သို့ မကြာခဏ ပြုလုပ်ပေြး ခင်းဖြင့် အသားအရေ၏ အစိုဓါတ်ကိုထိန်းညှိပေး ကာ၊ ဖြူစင်ဝင်းပသော လှတစ်မျက်နှာကို ပိုင်ဆိုင်နိုင်ပါလိမ့်မည်။

(၁၃) သွေးအားနဲရောဂါရှိသူများသည် ညစာစားပြီးတိုင်း သရက်သီးကို မှန်မှန်မှီဝဲ စား သုံြး ခင်းဖြင့် သွေးနီဥပမာဏတိုးပွားလာစေနိုင် သည်။ ရာသီလာစဉ် နာကျင်ကိုက် ခဲ မှုဝေဒနာတို့ ကို သက်သာစေသလို၊ သွေးဆုံးပြီးစ အမျိုးသမီးများအတွက်လဲ အထူး သင့်တော် သည်။ ထို့ ပြင် ကယ်လ်စီယမ်နှင့် မဂ္ဂနီစီယမ်တို့  ပါရှိခြင်း ကြောင့် သားေ လျာ သားပျက်ခြင်းမှ ကာကွယ်ပေးနိုင် ရုံမက၊ သံဓါတ် ကြွယ်ဝခြင်း၊ HB ပမာဏကို ထိန်းညှိကာ ခန္ဓာကိုယ်တွင်းအောက်စီ ဂျင် ကောင်း စွာလည်ပတ်စေနိုင်ခြင်းကြောင့် လည်း ကိုယ်ဝန် ဆောင်မိခင်များသည် သရက် သီး နှင့် သရက်သီး ဖျော်ရည် တို့  ကို သောက်သုံးပေးသင့်သည်။ (သို့ သော် မွေးဖွားခါနီး မိခင် လောင်းများ အလွန်အ ကျွံမစားသုံးသင့်ပါ။)

(၁၄) ပိုတက်စီယမ် နှင့် မဂ္ဂနီစီယမ် တို့  လုံလောက်စွာပါရှိခြင်းကြောင့် သွေးဖိအားကို ပုံမှန်ဖြ စ်စေခြင်း၊ glycemic ဓါတ်ပါဝင်မှုနည်း ပါးသောကြောင့်လဲသွေးထဲရှိ သကြားပ မာဏကို ထိန်းညှိပေးကာ၊ အဆီပမာဏကိုလည်း မျှတစေခြင်း…. စသည့်အကျိုးကျေးဇူး များ ကြောင့် သွေး တိုးရောဂါဝေဒနာသည်များအတွက် အထူးသင့်တော်ကောင်း မွန်ပါ သည်။

(၁၅) Beta-carotene, Potassium နှင့် Selenium တို့ ပါရှိသဖြင့် နှလုံးနှင့် နှလုံးကြွက် သား များ ကို ကျန်းမာကြံ့ခိုင်စေသည်။ သွေးဖြူဥကိုလှုံ့ဆော်ပေးကာ၊ မလိုလားအပ် သည့် ဘက်တီးရီး ယားများကိုလဲ ပျက်စီးပေးစေနိုင်သည်။

(၁၆) တရုတ်ဆေးကျမ်းများမှာ၊ သရက်သီးတွင် ဖိနိုလစ်ကွန်ပေါင်းတစ်မျိုးပါဝင် သည့် အတွက် အရွယ်တင်နုပျိုစေခြင်း၊ ကျန်းမာရေးပြ ဿနာများကို ဖြစ်ပွားစေနိုင်သော ဖရီး ရယ်ဒီ ကယ်များကို ထိန်း ထားပေးနိုင်သည့် ဓါတ်တိုးဆန့်ကျင်ပစ္စည်းများ ပေါကြွယ်ဝ စွာပါရှိ သည့်အတွက် သွား ဖုန်းေ သွးယိုရောဂါ၊ ချောင်းဆိုး၊ အဖျားတက်ခြင်း၊ မအီ မသာ ပျို့အန်ချင်ခြင်း၊ ပင်လယ်လှိုင်း မူးခြင်း၊ ကြွက်တက် ခြင်း...စသည့်ဝေဒနာ များ ကို ပျောက်ကင်းစေနိုင်ကြောင်း ဖော်ပြထားသည်။ ကိုယ်လက်လှုပ်ရှား အားကစား လုပ်ပြီးနောက် စွမ်းအင် ပြန်လည်ဖြည့်ပေးနိုင်သည်ဟု လည်းဆိုသည်။

ယနေ့ မြန်မာပြည်အနှံ့ ဈေးခင်းများထဲတွင်၊ ယခင်နှစ်များနှင့်မတူဘဲ သရက်သီးအမျိုး အစားစုံ တို့ ကိုေ ဈးနှုန်း ချိုသာစွာဖြင့် ဖောဖော သီသီရရှိနိုင်ကြပါပြီ။ ထို့ ကြောင့် သင့် ကျန်းမာရေး အတွက် အရည်အသွေးကောင်းမွန်ပြီး၊ အမှည့်မလွန်ဘဲလတ်ဆတ်သော သရက် သီး မွှေးေ မွှးချိုချိုလေးများကို သင့်တင့်မျှတစွာဖြင့် အရသာရှိရှိစားသုံးကြပါရန် တိုက်တွန်းလိုက်ရပါသည်။

မှတ်ချက်။ သရက်သီးခူးရာတွင် အစေးလောင်မှုကို ကြိုတင်ကာကွယ်ရန်အတွက်
 (က) အသီးရင့်လာမှခူးဆွတ်ရပါမည်။
 (ခ) ညနေ ပိုင်းတွင် သရက်စေးထွက်ရှိမှုအားနဲတတ်ေ သာေ ကြာင့် ညနေမှခူးဆွတ်သင်သည်။
 (ဂ) သရက်သီးကို လက်တွင်ရေစိုအ၀တ် ပတ်ပြီး၊ ဝါးခြင်း ချုတံ စသည့်ပစ္စည်းများဖြင့် သေသေချာချာခူးဆွတ်ကိုင်တွယ်ရမည်။

သတိပြုရန်။(က) အစေးလောင်ခြင်းမှကင်းဝေးစေရန်အတွက် အခွံမနွှာခင် သရက်သီး အညှာ ပိုင်း ကို ဓာတ်းဖြင့်လှီးဖြတ်ပြီးရေထဲတွင် တအောင့်ကြာမျှ စိမ်ထားသင့်သည်။
 (ထိုသို့ စိမ် ထားခြင်း က သရက်သီး၏ အရသာကို မပျက်ပြယ်စေနိုင်ပါ) 
(ခ) သရက်သီး မှည့်မှည့် စားေ သာ အခါတွင်လဲ သရက်သီးအစေ့ကို ပါးစပ်နှင့်မစုပ်ပါနှင့်။ လျှာနှင့်နှုတ် ခမ်းများအစေးေ လာင်တတသည်။ 
(ဂ) အမှည့် လွန်သော သရက်သီးများသည် ၀မ်းေ လျာဝမ်းပျက်စေနိုင်သည်။
 (ဃ) ယင်ကောင်ကြိုက်အစားအစာ ဖြစ်သောကြောင့်၊ သ ရက်သီး ခွဲ နေစဉ်နှင့် မစားသေးခင် အချိန်များတွင် ယင်မနားအောင်အထူးဂရုစိုက်ပါ။
 (င) အချို့ သော လောဘသားဈေးသည်များ သည် ဈေး ကောင်းရရှိရေးအတွက် မရင့် မာသေးသော (Unmaturity) သရက်သီးများအား မှည့်ဆေးများဖြင့် တို့ခြင်း/စိမ်ခြင်း ပြု ကာေ ရာင်းချ တတ်ကြသဖြင့် အရွေးမမှားဘို့ အထူးလို အပ်သည်။

<<စာနာထောက်ထားစွာဖြင့် ဆောင်းပါးရှင်အမည်ကို ပြောင်းလဲခြင်း/ချန်လှပ်ထားခြင်းမျိုး မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည် >>

(ဆောင်းပါးရှင်...ပေါက်ပေါက်.. .မျှဝေသည်)
ကိုးကား။ encyclopedia-world's healthiest fruit Mangifera L @ Mangoes

promise.pauk
(ရိုးသားမှုသည်တခါတရံ၌ရှုံးနိမ့်စေတတ်၏။သို့ သော်တစ်သက်လုံးကားလိပ်ပြာလုံစေတော့၏။)

28 Jan 2014

ပိန်ချင်ရင် သရက်သီး အခွံစားပါ

အရသာ မကောင်း ပေမယ့်လည်း ပိန်ချင်သော သူများ အနေဖြင့် သရက်သီး စားတဲ့ အခါ အခွံပါ စားသော နည်းသစ်တစ်ရပ်ကို အသုံးပြုသင့်ပါ တယ်တဲ့။ ဩစတြေးလျ သုတေသီများ တွေ့ရှိ

ခဲ့ကြတာ ကတော့ သရက်သီး အခွံထဲမှာ ပါဝင်သည့် ဓာတုပစ္စည်း အချို့သည် အဆီ ကလာပ်စည်း ဖြစ်ပေါ်ခြင်းကို ကာကွယ် တားဆီးနိုင်တယ် လို့ပဲ ဖြစ်ပါတယ်။

သရက်သီး အခွံထဲမှာပါတဲ့ ဓာတု ပစ္စည်းများဟာ ခန္ဓာကိုယ်အတွင်း အဆီ ကလာပ်စည်း ဖြစ်ပေါ်နေသော လုပ်ငန်းစဉ် ဖြစ်သည့် Adipogenesis ကို နှိမ်နင်း ပေးတယ်လို့ ဆိုပါတယ်။ အပူပိုင်း သစ်သီးများ ထဲက တစ်မျိုးဖြစ်တဲ့ သရက်သီး များထဲမှာ အမျိုးမျိုး ကွဲပြား ခြားနားသော အပင်ထွက် ဓာတု ပစ္စည်း Phytochemicals များ ရောနှော ပါဝင်လျက်ရှိရာ အချို့တွင် ဖော်ပြပါ အာနိသင်များ ပါဝင်လျက်ရှိ ပါတယ်။

သရက်သီးထဲမှာ အပင်ထွက် ဓာတု ပစ္စည်းတွေ များပြားစွာ ပါဝင်ပြီး ဖွံ့ဖြိုး ဆဲရော၊ ဖွံ့ဖြိုးပြီး နိုင်ငံများမှာပါ ရေပန်းစားတဲ့ အသီး တစ်မျိုးဖြစ်ပါတယ်။ သရက်သီး အခွံစားခြင်းကြောင့် ဖြစ်နိုင်တဲ့ ဘေးထွက် ဆိုးကျိုးတစ်ခု ကတော့ အဆီ ကလာပ်စည်းများ ဖြစ်ပေါ် အဆီ ကလာပ်စည်း များက ပို၍ကြီးလာပြီး အဲဒီလို ကလာပ်စည်း မျိုးဟာ အမျိုးအစား(၂) ဆီးချိုသွေးချို ရောဂါ(၂) ဖြစ်စေ နိုင်တယ်လို့ ဆိုပါတယ်။ ဓာတ်ခွဲခန်း အတွင်း စမ်းသပ် ချက်များအရ အဝလွန်ခြင်းကို ကူညီ နိုင်လိမ့်မယ်လို့ ဆိုပါတယ်။

credit to Myanmar Pharmaceuticals

28 Sept 2013

သရက်သီးစားသင့်သည့်အကြေင်း ၁၆ ချက်

၁။ ကင်ဆာရောဂါ တိုက်ဖျက်ပေးခြင်း

၂။ ကိုလက်စထရော ထိန်းညှိပေးခြင်း

၃။ အရည်အပြား လှပစေခြင်း

၎။ အယ်ကာလီဓာတ် မျှတစေခြင်း

၅။ ဘော်ဒီ ဝိတ်ချပေးခြင်း

၆။ သွေးချို မဖြစ်အောင် ထိန်းညှိပေးခြ်း

၇။ မျက်လုံး ကျန်းမာရေး ကောင်းစေခြင်း

၈။ အစာချေလွယ်စေခြင်း

၉။ နှလုံးသွေးလည်ပတ်မှု ကောင်းစေခြင်း

၁၀။ ကိုယ်ခံအား ကောင်းစေခြင်း

၁၁။ အာရုံစူးစိုက်မှုကောင်းစေခြင်းနှင့် မှတ်ဥာဏ်ကောင်းစေခြင်း

၁၂။ အမျိုးသမီးများအတွက် သံဓာတ် များများ ပေးနိုင်ခြင်း

၁၃။ ကျောက်ကပ်တွင် ကျောက်တည်နေမှုကို ကြေစေခြင်း

၁၄။ ဝမ်းအားဆေးကဲ့သို့ သုံးဆောင်နိုင်ခြင်း

၁၅။ အမျိုးသား၊အမျိုးသမီး အားတိုးစေခြင်း

၁၆။ ကိုယ်တွင်း သန့်စင်ပေးသော သဘာဝအစားအစာတစ်မျိုး

.
Ref: medicfacts

20 Dec 2012

သရက်သီးကို ဘာကြောင့် စားသင့်သလဲ

နွေရာသီ ရောက်ပြီဆိုတာနဲ့ ဝင်းပနေတဲ့ သရက်သီးမှည့်တွေကို ပေါများစွာ တွေ့လာရပါပြီ။  သရက်သီးကို စားပေးရင် ကျန်းမာရေး အကျိုးကျေးဇူးတွေ ရှိတာမှန်ပေမယ့် ယင်မနားအောင် ဂရုစိုက်ပေးဖို့ လိုအပ်သလို သရက်သီး မစားခင်မှာ ရေနဲ့ စင်ကြယ်အောင် ဆေးကြောပြီး စားပေးဖို့လည်း လိုအပ်ပါတယ်။ လတ်ဆတ်သန့်ရှင်းတဲ့ သရက်သီးကို စားပေးမယ်ဆိုရင် အောက်ပါ စွမ်းပကားတွေကို ရရှိစေနိုင်ပါတယ်။


(၁) ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်ပါတယ်

လေ့လာမှုအရ သရက်သီးမှာ ပါဝင်တဲ့ အင်တီအောက်ဆီးဒင့်တွေဟာ အူမကြီးကင်ဆာ၊ ရင်သားကင်ဆာ၊ ဆီးကျိတ်ကင်ဆာ စတဲ့ ကင်ဆာရောဂါ တချို့ကို မဖြစ်အောင် ကာကွယ်ပေးနိုင်စွမ်း ရှိတယ်လို့ သိရပါတယ်။ သရက်သီးမှာ quercetin, isoquercitrin, astragalin, fisetin, gallic acid နဲ့ methylgallat ဆိုတဲ့ ဓာတ်တွေ ပါဝင်လို့ပါ။

(၂)  သွေးတွင်း မကောင်းတဲ့ ကိုလက်စထရောကို လျော့ကျစေပါတယ်

သရက်သီးမှာ အမျှင်ဓာတ်၊ ပက်တင်နဲ့ ဗီတာမင်စီတို့ များစွာ ပါဝင်တာကြောင့် သွေးတွင်း ကိုလက်စထရော အဆင့်ကို လျော့ကျစေပါတယ်။

(၃) အသားအရေကို ကြည်လင်စေပါတယ်

သရက်သီးကို အသားအရေ လှပဖို့ အတွက်ပါ သုံးနိုင်ပါတယ်။ သရက်သီးကို ပါးပါးလှီးပြီး မျက်နှာပေါ်မှာ ညင်ညင်သာသာ ကပ်ပေးရင် ချွေးပေါက်ပိတ်နေတာကို သက်သာစေပါတယ်။

(၄) မျက်စိကျန်းမာရေးကို ကောင်းမွန်စေပါတယ်

ပါးပါးလှီးထားတဲ့ သရက်သီး တစ်ခွက်စာ ပမာဏမှာ တစ်နေ့တာ လိုအပ်တဲ့ ဗီတာမင်အေရဲ့ ၂၅ ရာခိုင်နှုန်းခန့် ပါဝင်တာကြောင့် မျက်စိအမြင်အာရုံကို ကျန်းမာရေး ကောင်းမွန်စေပြီး မျက်စိ ခြောက်သွေ့တာနဲ့ ညဘက် မျက်စိမမြင်တာတို့ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

(၅) ဗီတာမင်နဲ့ သတ္ထုဓာတ်တွေကို ရရှိစေပါတယ်

သရက်သီး ခွက်တစ်ခွက်စာ ပမာဏမှာ ဗီတာမင်စီ တစ်နေ့တာ လိုအပ်တဲ့ အတိုင်းအတာရဲ့ ၇၆ ရာခိုင်နှုန်း၊ ဗီတာမင်အေ တစ်နေ့တာ လိုအပ်တဲ့ အတိုင်းအတာရဲ့ ၂၅ ရာခိုင်နှုန်း၊ ဗီတာမင် B6 တစ်နေ့တာ လိုအပ်တဲ့ အတိုင်းအတာရဲ့ ၁၁ ရာခိုင်နှုန်း၊ အမျှင်ဓာတ်နဲ့ ကြေးနီဓာတ် တစ်နေ့တာ လိုအပ်တဲ့ အတိုင်းအတာရဲ့ ၉ ရာခိုင်နှုန်းစီ၊ ပိုတက်စီယမ် တစ်နေ့တာ လိုအပ်တဲ့ အတိုင်းအတာရဲ့ ၇ ရာခိုင်နှုန်း၊ မဂ္ဂနီစီယမ် တစ်နေ့တာ လိုအပ်တဲ့ အတိုင်းအတာရဲ့ ၄ ရာခိုင်နှုန်း အသီးသီး ပါဝင်နေပါတယ်။

(၆) ဆီးချို သွေးချိုရောဂါကို ထိန်းပေးပါတယ်

သရက်သီးဟာ သွေးထဲက အင်ဆူလင်အဆင့်ကို ပုံမှန်ရှိအောင် ကူညီပေးပါတယ်။ ဒါပေမဲ့ ဆီးချိုရောဂါ ရှိသူတွေအနေနဲ့ သရက်သီးကို အသင့်အတင့်ပဲ စားပေးသင့်ပါတယ်။

(၇) Sex ကို အားပေးပါတယ်

သရက်သီးမှာ ဗီတာမင်အီများစွာ ပါဝင်ပါတယ်။ ဗီတာမင်အီးနဲ့ Sex ဟာ ဆက်နွယ်မှုရှိတယ်ဆိုတာကို ကြွက်တွေမှာ စမ်းသပ်မှုအရ သိရပါတယ်။

(၈) အစာကြေညက်စေပါတယ်

သင်္ဘောသီးမှာ ပရိုတင်းဓာတ်ကို ချေဖျက်ပေးနိုင်မယ့် အင်ဇိုင်းတွေ ပါဝင်ပါတယ်။ သရက်သီးမှာ ပါဝင်တဲ့ အမျှင်ဓာတ်ဟာ အစာကြေညက်စေပြီး ဝမ်းမှန်စေတဲ့ အာနိသင်ကို ပေးစွမ်းနိုင်ပါတယ်။

(၉) အပူဒဏ်သင့်တာကို သက်သာစေပါတယ်

သရက်သီးဟာ ပူပြင်းတဲ့ နွေရာသီမှာ ခန္ဓာကိုယ်ကို အေးမြစေတဲ့ အစွမ်း ရှိပါတယ်။

(၁၀) ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းမွန်စေပါတယ်

သရက်သီးမှာ ပါဝင်တဲ့ ဗီတာမင်စီနဲ့ ဗီတာမင်အေနဲ့အတူ ကာရိုတီးနွိုက် ၂၅ မျိုး ပါဝင်တာကြောင့် ကိုယ်ခံစွမ်းအားစနစ်ကို ကျန်းမာသန်စွမ်းအောင် ထိန်းသိမ်းပေးနိုင်စွမ်း ရှိပါတယ်။

ကြယ်စင်
ref:Good Health
source: http://www.yatanarpon.com.mm/news/review-56579

ဆေးဘက်ဝင် သရက်သီး

အသီးမှာသရက်ဆိုတဲ့အတိုင်း အသားများပြီး အရသာအလွန်ကောင်းမွန်သည့် သရက်သီး၏ အင်္ဂလိပ်အမည်မှာ Mangoဖြစ်ပြီး၊ ရုက္ခဗေဒအမည်မှာ Mangifera L ဟုခေါ်တွင်ပြီး မျိုးရင့် Anacardiaceae ထဲတွင် ပါဝင်ပါတယ်။

သရက်သီးသည် အပူပိုင်းဒေသမှာ စိုက်ပျိုးဖြစ်ထွန်းသည့် အသီးမျိုးဖြစ်ပြီး မျိုးစိတ်ပေါင်း ထောင်နှင့်ချီ ရှိပါတယ်။ သရက်သီးသည် တောင်အာရှနှင့် အရှေ့တောင်အာရှ ဒေသများ ဖြစ်သည့် မြန်မာ၊ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ် အစရှိတဲ့နိုင်ငံများတွင် မူလအစ ဖြစ်ထွန်းပြီး အမေရိကန် အလယ်ပိုင်း၊ တောင်ပိုင်းနှင့် အာရေဘီယံ၊ ပင်နီဆူလာ တို့တွင်လည်း စိုက်ပျိုးကြပါတယ်။


သရက်သီးမှာပါဝင်တဲ့ အာဟာရဓာတ်တွေကတော့ ပရိုတင်း၊ ၀ ဒဿမ ၈၄ ဂရမ် ကာဘိုဟိုက်ဒရိတ် ၂၈ ဂရမ်၊ အဆီ ၀ ဒဿမ ၄၅ ဂရမ်၊ အမျှင် ၃ ဂရမ် ဗီတာမင်အေ ၆၄၂၅ အိုင်ယူ၊ ဗီတာမင်စီ ၄၅ ဒဿမ ၇ မီလီဂရမ်၊ မဂ္ဂနီစီယမ် ၁၈ မီလီဂရမ်၊ ပိုတက်စီယမ် ၃၀၀ မီလီဂရမ်၊  ကယ်လ်စီယမ် ၂၀ ဂရမ်နဲ့ အနည်းလို အာဟာဓာတ်များ ဖြစ်သည့် မဂ္ဂနိစ်၊ ဆီလီနီယမ်၊ အွန်ယွန်၊ ဆိုဒီယမ်နဲ့ ဖော့ဖရပ်စ်တို့ ပါဝင်ပါတယ်။
သရက်သီးမှာ အလွယ်တကူ ချေဖျက်နိုင်သည့် အမျှင်ဓာတ် ၄၀ ရာခိုင်နှုန်းပါဝင်ပြီး တစ်နေ့တစ်လုံး မှန်မှန်စားသုံးပေးမည် ဆိုပါက ခန္ဓာကိုယ်အတွင်း ဖြစ်ပွားနိုင်သည့် နှလုံးရောဂါ၊ ကင်ဆာရောဂါအချို့ ဖြစ်ပွားစနိုင်မှုနှင့် သွေးအတွင်းရှိ ကိုလက်စထရော ကိုလည်း ကျဆင်းစေတယ်လို့ ဆိုပါတယ်။ သရက်သီးဟာ အနံ့အရသာနဲ့ ပြည့်စုံရုံသာမက ဗီတာမင်၊ သတ္တုဓါတ်၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတို့ ကြွယ်ဝတဲ့အပြင် အင်ဇိုင်းများ ပါဝင်တဲ့အတွက် အစာအိမ်မှာ အစာချေဖျက်ခြင်းကို တစ်စိတ်တစ်ပိုင်း တာဝန်ယူ ဆောင်ရွက်ပေးနေသည့်အတွက် အစာစားသုံး နေစဉ်နဲ့ အစာစားပြီးတိုင်း သရက်သီးကို နေ့စဉ်စားသုံးပေးသင့်ပါတယ်။

သရက်သီးမှာ ကယ်လိုရီနဲ့ ကာဘိုဟိုက်ဒရိတ် ပါဝင်မှုများတဲ့အတွက် ကိုယ်အလေးချိန် တိုးလိုသူများ အတွက် အကောင်းဆုံးဖြစ်သလို သရက်သီးမှာ ဖိနိုလစ်ကွန် ပေါင်းပါဝင်တဲ့ အတွက်လည်း အရွယ်တင်နုပျိုစေသည့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများနှင့် ကင်ဆာရောဂါ ဖြစ်ပွားနိုင်မှုကို ကာကွယ်ပေးနိုင်တဲ့အစွမ်းလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

သရက်သီးဟာ သံဓာတ်မြင့်မားတဲ့အတွက် ကိုယ်ဝန်ဆောင် အမျိုးသမီးများနှင့် သွေးအားနည်းရောဂါ ဝေဒနာရှင်များအတွက် ကောင်းသလို အရေပြားဆဲလ်များမှာ ချေးများပိတ်ဆို့နေခြင်းကို သရက်သီးက အကောင်းမွန်ဆုံး ဖယ်ရှားပေးနိုင်တယ်လို့လဲ ဆိုပါတယ်။ သရက်သီးမှာ ဗီတာမင်အီးပါဝင်တဲ့အတွက် ခန္ဓာကိုယ်အတွင်းရှိ ဟော်မုန်း ထုတ်လုပ်မှုစနစ်ကို ကောင်းမွန်စွာ အထောက်အကူပေးတယ်လို့ ဆိုပါတယ်။
အရည်အသွေးကောင်းမွန်သည့် သရက်သီး၏အရောင်ဟာ အဝါရောင် အနည်းငယ်သာ ပါဝင်ပြီး မှည့်သည့်အခါ အနံ့အလွန်မွှေးတဲ့အတွက် စားသုံးရာမှာလည်း အရသာရှိပြီး ကျန်းမာရေးနဲ့လည်း ညီညွှတ်တဲ့ သရက်သီးကို စားသုံးကြဖို့ ရေးသားလိုက်ရပါတယ်။

Ref: myanmarnewszone
Source >> http://www.facebook.com/notes/health-articles

သရက်သီးစားသုံးခြင်းအကျိုးကျေးဇူး

အသီးမှာသရက်ဆိုတဲ့အတိုင်း အသားများပြီး အရသာအလွန်ကောင်းမွန်သည့်
သရက်သီး၏ အင်္ဂလိပ်အမည်မှာ Mangoဖြစ်ပြီး၊ ရုက္ခဗေဒအမည်မှာ Mangifera L ဟုခေါ်တွင်ပြီး
 မျိုးရင့် Anacardiaceae ထဲတွင်ပါဝင်ပါတယ်။သရက်သီးသည် အပူပိုင်းဒေသမှာ စိုက်ပျိုးဖြစ်ထွန်းသည့်
အသီးမျိုးဖြစ်ပြီး မျိုးစိတ်ပေါင်း ထောင်နှင့်ချီ ရှိပါတယ်။ သရက်သီးသည် တောင်အာရှနှင့်
အရှေ့တောင်အာရှ ဒေသများ ဖြစ်သည့် မြန်မာ၊ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်
အစရှိတဲ့နိုင်ငံများတွင် မူလအစ ဖြစ်ထွန်းပြီး အမေရိကန် အလယ်ပိုင်း၊
တောင်ပိုင်းနှင့် အာရေဘီယံ၊ ပင်နီဆူလာ တို့တွင်လည်း စိုက်ပျိုးကြပါတယ်။

သရက်သီးမှာပါဝင်တဲ့ အာဟာရဓာတ်တွေကတော့ ပရိုတင်း၊ ၀ ဒဿမ ၈၄ ဂရမ် ကာဘိုဟိုက်ဒရိတ် ၂၈ ဂရမ်၊အဆီ ၀ ဒဿမ ၄၅ ဂရမ်၊ အမျှင် ၃ ဂရမ် ဗီတာမင်အေ ၆၄၂၅ အိုင်ယူ၊ ဗီတာမင်စီ ၄၅ ဒဿမ ၇ မီလီဂရမ်၊မဂ္ဂနီစီယမ် ၁၈ မီလီဂရမ်၊ ပိုတက်စီယမ် ၃၀၀ မီလီဂရမ်၊  ကယ်လ်စီယမ် ၂၀ ဂရမ်နဲ့
အနည်းလို အာဟာဓာတ်များ ဖြစ်သည့် မဂ္ဂနိစ်၊ ဆီလီနီယမ်၊ အွန်ယွန်၊ ဆိုဒီယမ်နဲ့ ဖော့ဖရပ်စ်တို့ ပါဝင်ပါတယ်။
သရက်သီးမှာ အလွယ်တကူ ချေဖျက်နိုင်သည့် အမျှင်ဓာတ် ၄၀ ရာခိုင်နှုန်းပါဝင်ပြီး
တစ်နေ့တစ်လုံး မှန်မှန်စားသုံးပေးမည် ဆိုပါက ခန္ဓာကိုယ်အတွင်း ဖြစ်ပွားနိုင်သည့် နှလုံးရောဂါ၊ ကင်ဆာရောဂါအချို့ ဖြစ်ပွားစနိုင်မှုနှင့် သွေးအတွင်းရှိ ကိုလက်စထရော ကိုလည်း ကျဆင်းစေတယ်လို့ ဆိုပါတယ်။
သရက်သီးဟာ အနံ့အရသာနဲ့ ပြည့်စုံရုံသာမက ဗီတာမင်၊ သတ္တုဓါတ်၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတို့ ကြွယ်ဝတဲ့အပြင်
အင်ဇိုင်းများ ပါဝင်တဲ့အတွက် အစာအိမ်မှာ အစာချေဖျက်ခြင်းကို တစ်စိတ်တစ်ပိုင်း တာဝန်ယူ ဆောင်ရွက်ပေးနေသည့်အတွက် အစာစားသုံး နေစဉ်နဲ့ အစာစားပြီးတိုင်း သရက်သီးကို နေ့စဉ်စားသုံးပေးသင့်ပါတယ်။
သရက်သီးမှာ ကယ်လိုရီနဲ့ ကာဘိုဟိုက်ဒရိတ် ပါဝင်မှုများတဲ့အတွက် ကိုယ်အလေးချိန် တိုးလိုသူများ အတွက် အကောင်းဆုံးဖြစ်သလို သရက်သီးမှာ ဖိနိုလစ်ကွန် ပေါင်းပါဝင်တဲ့ အတွက်လည်း အရွယ်တင်နုပျိုစေသည့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများနှင့် ကင်ဆာရောဂါ ဖြစ်ပွားနိုင်မှုကို ကာကွယ်ပေးနိုင်တဲ့အစွမ်းလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

သရက်သီးဟာ သံဓာတ်မြင့်မားတဲ့အတွက် ကိုယ်ဝန်ဆောင် အမျိုးသမီးများနှင့် သွေးအားနည်းရောဂါ ဝေဒနာရှင်များအတွက် ကောင်းသလို အရေပြားဆဲလ်များမှာ ချေးများပိတ်ဆို့နေခြင်းကို သရက်သီးက အကောင်းမွန်ဆုံး ဖယ်ရှားပေးနိုင်တယ်လို့လဲ ဆိုပါတယ်။ သရက်သီးမှာ ဗီတာမင်အီးပါဝင်တဲ့အတွက် ခန္ဓာကိုယ်အတွင်းရှိ ဟော်မုန်း ထုတ်လုပ်မှုစနစ်ကို ကောင်းမွန်စွာ အထောက်အကူပေးတယ်လို့ ဆိုပါတယ်။
အရည်အသွေးကောင်းမွန်သည့် သရက်သီး၏အရောင်ဟာ အဝါရောင် အနည်းငယ်သာ ပါဝင်ပြီး မှည့်သည့်အခါ အနံ့အလွန်မွှေးတဲ့အတွက် စားသုံးရာမှာလည်း အရသာရှိပြီး
ကျန်းမာရေးနဲ့လည်း ညီညွှတ်တဲ့ သရက်သီးကို စားသုံးကြဖို့တိုက်တွန်းလိုပါတယ်
 
သရက်သီးဟာ အရသာ ကောင်းမွန်ရုံတင် မဟုတ်ပါဘူး ကျန်းမာရေးကို ကောင်းကျိုး ပြုနိုင်တဲ့ ဓါတ်တွေလည်း များစွာ ပါဝင် နေပါတယ်။ ဆဲလ်များကို ပျက်စီးစေပြီး ကင်ဆာ၊ အရွယ် မတိုင်မီ အိုမင်း ရင့်ရော်ခြင်းနဲ့ နှလုံး ရောဂါ စတဲ့ ကျန်းမာရေး ပြဿနာ တွေကို ဖြစ်ပွား လာစေနိုင်တဲ့ ဖရီး ရာဒီကယ် များကို ထိန်းထားပေး နိုင်တဲ့ ဓါတ်တိုး ဆန့်ကျင် ပစ္စည်း ပေါကြွယ်ဝစွာ ပါဝင် ပါတယ်။
မျက်နှာမှာ ချွေးပေါက် ပိတ်လို့ ဝက်ခြံတွေ ဖြစ်ပြီး စိတ်ပျက် မနေပါနဲ့။ သရက်သီးကို ခပ်ပါးပါး လေးလှီးပြီး မျက်နှာပေါ် ကပ်ထားပေးပါ။ ဆယ်မိနစ်လောက် ထားပြီး ရေဆေးလိုက်ပါ။

အစာမကြေ ဖြစ်နေရင်လည်း သရက်သီးလောက် ဘယ်အရာကမှ မထိရောက်ပါဘူး။ သရက်သီးမှာ ပရိုတင်းတွေကို ဖြိုခွင်းပြီး အစာခြေ ဖျက်နိုင်တဲ့ အင်ဇိုင်းတွေ ပါဝင် တာကြောင့် ဖြစ်ပါတယ်။
ပိုတက်ဆီယမ်ဓါတ် ပေါကြွယ်ဝစွာ ပါဝင်တာကြောင့် သွေးတိုး ရောဂါကိုလည်း သက်သာ စေပါတယ်။ သရက်သီးတွင် ပါဝင်သော အစာချေ လွယ်သော အမျှင်ဓါတ်ဟာ သွေးတွင်း ကိုလက်စထရော ကိုလည်း ကျဆင်း စေပါတယ်။

ကိုယ်အလေးချိန် တက်ချင် နေပါသလား။ နေ့စဉ် သရက်သီးစားပေးပါ။ သရက်သီးမှာ ကစီဓါတ်လို ကယ်လိုရီများစွာ ပါဝင်တာကြောင့် စားသင့်တဲ့ သစ်သီးတစ်မျိုး ဖြစ်ပါတယ်။
သရက်သီး စားပေးခြင်းဟာ ကျောက်ကပ် ကျောက်တည်မှု အန္တရာယ်ကို လျှော့ကျ စေနိုင်တယ်လို့ လေ့လာမှု တချို့မှာ ဖော်ပြ ထားပါတယ်။ တရုတ်ဆေး ပညာ အရဆိုရင် သရက်သီးဟာ အချိုဓါတ်၊ အချဉ်ဓါတ်ကို ပေးစွမ်းနိုင်တဲ့ အအေးဓါတ် ရှိတဲ့ သစ်သီးတမျိုး ဖြစ်ပါတယ်။ ဒါကြောင့် သွေးအားနည်း ရောဂါ၊ သွားဖုန်း သွေးယိုရောဂါ၊ ခေါင်းဆိုး၊ အဖျား တက်ခြင်း၊ မအီမသာ ပျို့အန်ချင်ခြင်း၊ ပင်လယ် လှိုင်းမူးခြင်း စတဲ့ ဝေဒနာ တွေကို ပျောက်ကင်း စေနိုင်တယ် လို့ ဆိုပါတယ်။

မကြာခဏ ခေါင်းကိုက်တတ်ပါသလား။

ဒါဆိုရင်တော့ ခန္ဓာကိုယ်ကို ဗီတာမင်၊ သတ္တုဓါတ်တွေ များများပေးစွမ်းနိုင်တဲ့ လတ်ဆတ်တဲ့ သစ်သီးသစ်နှံ၊ ဟင်းသီးဟင်းရွက်တွေကို ပိုမိုစားသုံးပေးပါ။ ပုံမှန်လေ့ကျင့်ခန်းလုပ်ပါ။ ရာသီဥတု အေးလို့ပဲဖြစ်ဖြစ်၊ စိတ်ဖိစီးမှုများလို့ပဲဖြစ်ဖြစ်၊ အိပ်ရေးမဝလို့ပဲဖြစ်ဖြစ် ခေါင်းကိုက်ဝေဒနာကို ခံစားရတယ်ဆိုရင်တော့ သက်သာစေနိုင်တဲ့ နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
ခေါင်းကိုက်ဝေဒနာခံစားရတယ်ဆိုရင်
-    တရေးတမောအိပ်လိုက်ပါ။ အချိန်အကြာကြီးမအိပ်လိုက်ပါနဲ့။ အချိန်အကြာကြီး အိပ်စက်လိုက်ရင် ခေါင်းကိုက်ခြင်းဟာ ပိုမိုဆိုးဝါးလာနိုင်ပါတယ်။
-    အသက်ပြင်းပြင်းရှုပါ။ အသက်ဝအောင် ရှုသွင်းပြီး ဖြည်းဖြည်းချင်း ရှုထုတ်လိုက်ပါ။ ဒီလိုလုပ်ပေးခြင်းဟာ ခေါင်းကိုက်ခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ မအီမသာဖြစ်ခြင်းကို သက်သာစေပါတယ်။
-    နှိပ်နယ်ပေးခြင်းဟာလည်း နာမည်ကျော်တဲ့ နည်းတစ်ခုပါပဲ။ နားထင်ကို လက်ချောင်းလေးတွေနဲ့ စက်ဝိုင်းပုံလှည့်ပြီး ညင်သာစွာ နှိပ်ပေးပါ။ နဖူးကိုလည်း လက်ချောင်းလေးတွေနဲ့ ဖိနှိပ်ပေးပါ။
-    မွှေးပျံ့တဲ့ ရနံ့တွေကို ရှုရှိုက်ခြင်းဟာလည်း ခေါင်းကိုက်ခြင်းကို သက်သာစေပါတယ်။ စိတ်ဓါတ်ကိုလည်း ကြည်လင်တက်ကြွစေပါတယ်။ လာဗင်ဒါပန်း၊ ဆန္ဒကူးပန်း၊ သစ်ခွစတာတွေကနေ ထုတ်ယူထားတဲ့ အမွှေးဆီဟာ စိတ်ဖိစီးမှုတွေကို ဖယ်ထုတ်ပေးနိုင်တဲ့ အစွမ်းရှိပါတယ်။
Source>>>http://khinmaungsoe11.blogspot.com/2011/12/than-naing.html

Twitter Delicious Facebook Digg Stumbleupon Favorites More