Pages - Menu

ဆန်လုံးညို(Brown Rice)

ဆန်ဖြူကို ကြိတ်ခွဲလိုက်တာကြောင့် ဗီတာမင် B3 ၆၇ ရာခိုင်နှုန်း၊ ဗီတာမင် B1 ၈၀ ရာခိုင်နှုန်း၊ ဗီတာမင် B6 ၉၀ ရာခိုင်နှုန်း၊ မဂ္ဂနီဆီယမ်တစ်ဝက်၊ ဖော့စ်ဖရပ်စ် တစ်ဝက်၊ သံဓာတ် ၆၀ ရာခိုင်နှုန်းနဲ့ အမျှင်ဓာတ်အားလုံး ဆုံးရှုံးသွားခဲ့ ပါတယ်။

သံလွင်ဆီ(Olive Oil)

သံလွင်ဆီမှာ ဗီတာမင် အေ၊ ဗီတာမင် ဘီဝမ်း၊ ဘီတူး၊ ဗီတာမင်စီ၊ ဒီ၊ အီးနဲ့ ကေစတဲ့ ဗီတာမင်ဓာတ်တွေ ပါဝင်ပြီး သံဓာတ်နဲ့ အိုမီဂါ ၉ လည်း ပါဝင်ပါတယ်။

ပြောင်းဖူး(Corn)

ပြောင်းဖူးမှာ ဗီတာမင်B1 ဗီတာမင်B5 ဗီတာမင်C ဗီတာမင်B9လို့ခေါ်ဖောလိတ် .....ပြောင်းဖူး၏ ကျန်းမာရေး အာနိသင် မှာဆက်ဖတ်ပါ....

ထောပတ်သီး(Avacado)

အာဟာရများကိုဖြည့်တင်းပေးနိုင်ရုံ သာမက သဘာဝမှရသောသကြား ဓာတ်ကိုထောက်ပံ့ပေးခြင်း၊ကိုယ် အလေးချိန်ကျဆင်းစေခြင်း၊အကျိုး ပြုကိုလက်စတီရောကိုတက်စေပြီး ဆိုးကျိုးပေးသောကိုလက်စတီရော ကိုကျဆင်းစေခြင်း စသည့်အချက်များ ကိုရရှိစေနိုင်သည်ဟု သိရသည်။ယခု လေ့လာမှုတွင် ဖော်ပြထားချက်အရ လေဖြတ်ခြင်းကိုပါ ထောပတ်သီးက ကာကွယ်ပေးနိုင်

လိမ္မော်သီး(Orange)

လိမ္မော်သီး၌ ဖိုင်ဘာမျှင်၊ သံဓာတ်၊ မီးစုန်းဓာတ်၊ ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်၊ ကြေးနီဓာတ်၊ သွပ်ဓာတ်၊ ဆလမ်နီယမ်၊ ကယ်လိုရီ၊ ကယ်လဆီယမ်ဒာတ်၊ဗီတာမင်စီ တို့ပါရှိသည်

မာလကာသီး(Guava)

မာလကာသီး တစ်လုံးတွင် ဗီတာမင်စီမှာ လိမ္မော်သီး တစ်လုံး၌ ပါရှိသည့် ဗီတာမင်စီ ပမာဏထက် ငါးဆခန့် ပိုများသည်။ မာလကာသီး၌ ဗီတာမင်စီ အပြင် အေနှင့် ဘီ၊ ကယ်လ်ဆီယမ်၊ ဖော့စပရပ်စ်၊ ပိုတက်ဆီယမ်၊ သံဓာတ်၊ ဖောလစ်အက်စစ်နှင့် အမျှင်ဓာတ်တို့ ပါဝင်သည်။ အများဆုံး ပါဝင်သော ဓာတ်များမှာ ဗီတာမင်စီ ၃၀၂ မီလီဂရမ်နှင့် ဗီတာမင် အေ ၂၅၀ မီလီဂရမ်တို့ ဖြစ်ကြသည်။ မာလကာသီးကို သီတင်း တစ်ပတ်လျှင် နှစ်လုံးခန့် စားသုံး သွားပါက သွေးတိုး ကျဆင်းစေပြီး နှလုံး ကျန်းမာရေးကို အထောက်အကူ ပြုကြောင်း အမေရိကန် သုတေသန ပညာရှင်များက ပြောကြားသည်။

***

***

***

***

***

***

***

***

***

***

Showing posts with label နဂါးမောက်သီး. Show all posts
Showing posts with label နဂါးမောက်သီး. Show all posts

12 Oct 2013

ကိုယ်ဝန်ဆောင်နှင့် နဂါးမောက်သီး

ကိုယ်ဝန်ဆောင်နေတဲ့ ကာလမှာ သစ်သီးတွေ စားတာဟာ မိခင်ကျန်းမာရေး အတွက်သာမက ကလေးဖွံ့ဖြိုးမှုကိုပါ အကူအညီ ပေးပါတယ်။ အရောင်စုံတဲ့ အသီးတွေစားရင် အမျိုးစုံတဲ့ အာဟာရ ဓာတ်တွေ ရရှိနိုင်ပါတယ်။ ဒါကြောင့် အရောင်အသွေးလည်းစုံပြီး အာဟာရ ဖြစ်စေတဲ့ နဂါးမောက်သီးနဲ့ ကိုယ်ဝန် ဆောင်မိခင်တွေရဲ့ ကျန်းမာရေးက ဘယ်လို ဆက်စပ်နေလဲဆိုတာ လေ့လာကြည့် ရအောင်။ နဂါးမောက်သီးဟာ မွတ်ညက်နေတဲ့ အသားနဲ့ အစက်အပြောက်လေးတွေ ပါတဲ့ အသီးဖြစ်ပြီး အရသာက ကီဝီသီး နဲ့ ဆင်ပါတယ်။ အနီရောင်ဖျော့ဖျော့ သို့မဟုတ် ပန်းရောင်အပြင် အခြား အရောင်တွေကလည်း တစ်မျိုးစီ အာဟာရ ဓာတ်တွေ ကြွယ်ဝနေတဲ့အတွက် ကိုယ်ဝန်ဆောင် မိခင်တွေကို အမျှင်ဓာတ်တွေ အပြည့်အဝ ပေးစွမ်းနိုင်ပါတယ်။

၁။ ဗီတာမင်ဓာတ်
နဂါးမောက်သီးမှာ အဓိကဗီတာမင် အနေနဲ့ ဗီတာမင်စီ နဲ့ ဗီတာမင်ဘီအုပ်စု ပါဝင်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်ရော ကလေးမှာပါ ကျန်းမာတဲ့ ကိုယ်ခံစွမ်း အား ရရှိဖို့အတွက် ဗီတာမင်စီဟာ အရေးပါရုံသာမက သံဓာတ် စုပ်ယူတဲ့ နေရာမှာလည်း ကူညီပေးပါတယ်။
ဗီတာမင်ဘီကတော့ ကလေးကြီးထွား ဖို့အတွက် လိုအပ်တဲ့ ပရိုတင်းဓာတ်ကို စုပ်ယူပေးပြီး ကာဗိုဟိုက်ဒရိတ်တွေကို လောင်ကျွမ်းစေကာ စွမ်းအင်အဖြစ်ထုတ် ပေးလေ့ရှိပါတယ်။ ဒါကြောင့် ကလေးရဲ့ အရေပြားနဲ့ မျက်လုံး စတင်ဖြစ်ပေါ်လာ ဖို့သာမက အစာခြေစနစ်ကိုလည်း အ ထောက်အပံ့ ပေးပါတယ်။
ဗီတာမင်အေလည်း အနည်းငယ်ပါဝင် တာကြောင့် သန္ဓေသားရဲ့ အရိုးနဲ့ သွား တွေကို သန်မာအောင်ပြုလုပ်ပေးနိုင်ပါ တယ်။

၂။ သတ္တုဓာတ်များ

နဂါးမောက်သီးဟာ သံဓာတ်ရရှိဖို့ အတွက်အဓိက အရင်းအမြစ်ဖြစ်တာနဲ့ အညီ အသီးရဲ့၁၀ဝ ဂရမ်မှာ သံဓာတ် ၁ မီလီဂရမ်နီးပါး ပါဝင်ပါတယ်။ သံဓာတ် ဟာ ကိုယ်ဝန်ဆောင်နေတဲ့ ကာလအ တွင်းမှာ သွေးပမာဏကို များစေတဲ့ အပြင် သွေးနီဥအတွက် လိုအပ်တဲ့ ဟေမို ဂလိုဘင် ဖြစ်ပေါ်မှုကို အားပေးတာ ကြောင့် လမစေ့ဘဲကလေးမွေးဖွားတာ၊ ပေါင်မပြည့်တဲ့ကလေး မွေးတာတွေမှ ကာကွယ်ပေးပါတယ်။
သန္ဓေသားရဲ့ ဆဲလ်တွေ ဖြစ်ပေါ်ရာမှာ အရေးကြီးတဲ့ ဖောလိတ်ကာဗိုဟိုက်ဒ ရိတ် ( Folate Carbohydrate ) လည်း ပါဝင်ပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင် မိခင်တွေ ကလေးမမွေးခင် စားပေး တာဟာ မွေးလာတဲ့ကလေးရဲ့အာရုံကြော ဆိုပါတယ်။
နောက်ပြီး ကယ်လ်စီယမ်ပါဝင်တာဟာ ကလေးရဲ့သွားတွေ၊ အရိုးတွေကို ကြီး ထွားဖို့ အရေးပါပြီး မဂ္ဂနီဆီယမ်၊ ပို တက်စီယမ်နဲ့ ဖိုက်တိုကယ်မီကယ် ပါ ဝင်တာကြောင့် ခန္ဓာကိုယ်ခုခံအားစနစ် ကို တက်စေပြီး ဖျားနာတာ မဖြစ်အောင် ကူညီပေးပါတယ်။

အကြံပြုချက်

နဂါးမောက်သီးဟာ ကိုယ်ဝန် ဆောင်မိခင်အတွက်သာမက ကလေး အတွက်ပါ များစွာသော အာဟာရဓာတ် တွေပါဝင်တာကြောင့် အလေ့အကျင့် လုပ်ပြီး စားသင့်ပါတယ်။ ဒီအတိုင်း အသီးကို ဇွန်းနဲ့ခပ်ထုတ်ပြီး စားရတာ ခံတွင်းမတွေ့လှဘူးဆိုရင်တော့ တခြား အကျိုးပြုအသီးတွေဖြစ်တဲ့ နာနတ်သီး၊ သရက်သီး၊ သင်္ဘောသီး၊ ကီဝီသီး စတာ တွေနဲ့ အချိုရည်အနည်းငယ်ရောကာ အသီးအသုပ်စုံ ပုံစံမျိုး စားပေးသင့်တယ် လို့ အကြံပြုလိုက်ရပါတယ်။

အိဖြူ(ဆေးဝါးတက္ကသိုလ်)
(ဆုလေးနွယ်)
BY GOOD HEALTH

21 Sept 2013

နဂါးမောက်သီး

နဂါးမောက်သီး ( Dragon fruit) သည့် သွေးတိုး ရှိသောသူများ ဆီးချိုရှိသောသူများအတွက် စားသင့်သော အသီးနှံများစွာထဲ့မှ အသီးဖြစ်ပါသည် ။

ပင်ကိုယ် အသီး၏ အစွမ်းမှာ သွေးအတွင်းရှိ သကြားဓာတ်ကို လျော့ချနိုင်စွမ်းရှိသည့်အပြင် ကင်ဆာဖြစ်စေနိုင်ခြင်းကိုလည်း ကာကွယ်မှု့ ပေးသောအသီးလည်း ဖြစ်ပါသည် ။

အဆီအဆိမ့်များသောအစားသောက်များများ စားမိပါက ဌင်းအသီးကို စားပေးခြင်းဖြင့် ဝစေနိုင်သော ကိုလက်စထရော့များကို ခြေဖျတ်လျှော့ချပေးနိုင်သဖြင့် ဝခြင်းကို ကာကွယ်နိုင်ပါတယ် ။

အသားအရည်ခြောက်နေသူများ၊အသားရည်လှပလိုသူများအတွက် အရည်ရွှမ်းသောအသီးဖြစ်သောကြောင်း အသားအရေကို စိုပြေချောမွတ်စေနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်မိခင်များလည်း စားသုံးသင့်သည် ။

အရိုးအသွားများကို ခိုင်မာစေသည့်အပြင် ဦးနှောက်မှတ်သားမှု့ ကို အားကောင်းစေပါတယ် ။

သွေးတိုးသမား ၊ ဆီးချိုသမား ၊ နလန်ထ လူမမာများ
စားသုံးသင့်သည်အပြင်
အသီးအနှံများစွာထဲ့မှလူနှင့်တည့်သည့်အတွက်စားသုံးသင့်သော နဂါးမောက်သီးပင်ဖြစ်ပါတော့သည် ။

အသက်ရာကျော် ရှည်ပါစေ

 Mg Mandalay(FB)

12 Nov 2012

နေပြည်တော်စိုက် ဆေးဖက်ဝင် နဂါးမောက်သီးများ

(နေပြည်တော် သြဂုတ် ၁၆)
နေပြည်တော် ဇေယျာသီရိ မြို့နယ် ပင်လောင်း လမ်းဆုံ နဂါးမောက် သီးစိုက်ခြံများ၌ စိုက်ပျိုးထားသော နဂါးမောက်သီးများ လှိုင်လှိုင် ထွက်ရှိနေ သဖြင့် ထွက်ရှိသော နဂါးမောက်သီး များအား ဟိုတယ်ဇုန်၊  အာဟာရ သုခကုန်စိမ်း ဈေးနှင့် နေပြည်တော် မြို့မဈေးများသို့ တိုက်ရိုက် ရောင်းချ လျက်ရှိခြင်းဖြင့် နဂါးမောက် သီးစိုက် ပျိုးသူများ ဝင်ငွေ ကောင်းလျက် ရှိကြောင်း သိရသည်။ 

နဂါးမောက် သီးသည် မိုးများ စွာရွာ သွန်းသော  မေလမှစ၍  ဒီဇင်ဘာလ အထိ  အသီးလှိုင်လှိုင် ထွက်ရှိကာ  နွေအခါ၌မူ အပူချိန် မြင့်မားမှုနှင့် မိုးရေကောင်းစွာ မရရှိသဖြင့် အဖူးအားလုံး ပန်းမပွင့်နိုင်ဘဲ  အပွင့်အား လုံး လည်း အသီးမတင် နိုင်ကြောင်း၊ နဂါးမောက် သီးသည် ပိုးမွှား ကျရောက်မှု နည်းကာ 
ဓာတုပစ္စည်း လွတ် အော်ဂဲနစ်သီးနှံ ဖြစ်သည့်အပြင် အူမကြီး ကင်ဆာနှင့် ဆီးချို၊ ဆီးလွန် ရောဂါများကို ကာကွယ် ပေးခြင်း၊   အဆိပ် အတောက်ဖြစ်စေ သော heavy metal များကိုချေဖျက် ပေးသဖြင့် ကိုလက်စထရော ကိုလျော့ ကျစေခြင်း၊ သွေးတိုးနှုန်း ကျဆင်းစေခြင်း၊ နဂါးမောက်သီးကို ကြာရှည်စွာ စွဲစွဲမြဲမြဲ စားသုံးခြင်းဖြင့်   ချောင်းဆိုး ရင်ကျပ်ရောဂါကို  သက်သာ ပျောက်ကင်း စေကြောင်း သိရသည်။ 

ထို့ကြောင့် တရုတ်လူမျိုး များသည် နဂါးမောက် သီးကို စွဲမြဲစွာ စားသုံးနေ သည့်အပြင် ကျန်းမာရေး လိုက်စားသူ တိုင်းလည်း နဂါးမောက် သီး၏ ကျန်းမာရေး အတွက် အထောက် အကူပြုသော တန်ဖိုးများ သိရှိကာ စားသုံး လာကြသဖြင့် နဂါးမောက် သီးသည် ဈေးကွက်ဝင် သီးနှံအဖြစ် အခိုင်အမာ ရပ်တည်နေ ကြောင်း၊ 
 နဂါးမောက် သီးသည် မျိုးအလိုက် အနီရောင်၊ အဖြူရောင်၊ ပန်းရောင်နှင့် အဝါရောင် သန်းသော ပန်းရောင်ဟူ၍ ရှိရာ အနီရောင် နဂါးမောက် သီးသည် ကျန်းမာရေး အတွက် ဆေးစွမ်း ပိုထက်သည်ဟု သိရ သည်။
 နဂါး မောက် သီးကို ဖျော်ရည်၊ အစာသွပ်မုန့် အဖြစ် လည်းကောင်း၊ ဂျယ်လီတွင် ထည့် ၍ လည်းကောင်း၊ နွားနို့နှင့် ရောစပ်၍ လည်းကောင်း၊ ယိုပြုလုပ်၍ လည်းကောင်း၊ ရေခဲမုန့်များ ပေါ်တွင် တင်၍ လည်းကောင်း၊ ယမကာ ထဲတွင် စိမ် လျက် လည်းကောင်း ရောစပ်စားသုံး နိုင်သည်။ 
ပထမအကြိမ်တွင် နဂါးမောက် သီးသည် အသီးအထွက် နည်းပြီး အသီးငယ်ပါက နောက်တစ် ကြိမ်တွင် အသီးထွက် များများနှင့် အသီးကြီးကြီး သီးစေရန် အချိန်မီ ပြုပြင် စိုက်ပျိုး နိုင်သည်။ 
လတ်တလော၌ နေပြည်တော်မှ စိုက်ပျိုးထွက် ရှိသော နဂါးမောက် သီးများအား Capital? ဟိုတယ် ဇုန်များ၊ နေပြည်တော် မြို့မဈေးနှင့် ကင်ပွန်းတန်း အာဟာရသုခ ကုန်စိမ်းဈေးရှိ  သစ်သီးစုံ ဆိုင်များသို့ တစ်လုံးလျှင် ငွေကျပ် ၈ဝဝ မှ ငွေကျပ် ၁ဝဝဝ အထိ အရွယ်အစား အလိုက်   ရောင်းချလျက် ရှိကြောင်း၊
 နေပြည်တော် ၌ နဂါးမောက် သီးကို စီးပွားဖြစ် စိုက်ပျိုး လိုသူများ အတွက် နေပြည်တော် ဇေယျာ သီရိမြို့နယ် ပင်လောင်း လမ်းဆုံ ဧက ၃ဝ နဂါးမောက်သီး စိုက်ခြံမှ ပျိုးပင်များ ထုတ်လုပ် ရောင်းချလျက် ရှိရာ အိမ်တွင်း သီးပင်စားပင် အဖြစ် စိုက်ပျိုး လိုသူများ၊ စီးပွားဖြစ် စိုက်ပျိုးလို သူများ လွတ်လပ်စွာ ဝယ်ယူရရှိ  နိုင်ကြောင်း သတင်းကောင်း ပါးလိုက် ရပါသည်။   

နဂါးမောက်သီး(Dragon Fruit) ၏အကျိုးကျေးဇူးများ

နဂါးမောက်သီးကိုယခုစိုက်ပျိုးနေသောနိုင်ငံများမှာ အာရှနိုင်ငံများဖြစ်သော ဖိလစ်ပိုင် ၊ ယိုးဒယား နှင့် ဗီယက်နမ် နိုင်ငံတို့ဖြစ်ကြသည်။ (မြန်မာနိုင်ငံရဲ့အပူပိုင်းဒေသတော်တော်များများမှာလဲပေါက်ပါတယ်)

 


နဂါးမောက်သီးတွင်အမျိုးအစားသုံးမျိုးရှိသည်။

 ၁။ အနီရောင်အခွံနှင့်အဖြူရောင်အသား
၂။ အနီရောင်အခွံနှင့်အနီရောင်အသား
၃။ အဝါရောင်အခွံနှင့်အဖြူရောင်အသား





 

 


နဂါးမောက်သီး၏အရသာသည်ချိုသောအရသာရှိသည်။ နဂါးမောက်သီး၏အရည်သည် သစ်တော်သီး ၊ကီဝီသီး ၊သခွါးမွှေးတို့နှင့်ဆင်တူပါသည်။ နဂါးမောက်သီး၏အခွံကိုခွါလိုက်ပါကအဖြူရောင်အသား(သို့)အနီရောင် အသားနှင့်အတူစားလို့ရသော အမဲရောင်အစေ့ငယ်လေးများ ကိုတွေ့ရမှာဖြစ်ပါသည်။

 

 

 နဂါးမောက်သီးသည် သွေးတွင်းရှိသကြားဓာတ်ကိုလျှော့ချပေးသည်။ ကင်ဆာဖြစ်ပွါးမှုကိုကာကွယ်ပေးသည်။   

မကောင်းသော ကိုလက်စထရောများကို လျှော့ချပေးသည့်အပြင် အသားအရေကိုချောမွတ်စေသည်။ အစာစားချင်စိတ်ကိုဖြစ်ပေါ်စေသည့်အပြင်အစာချေဖျက်မှုအားကောင်းသည်။  မျက်လုံးကျန်းမာရေးကိုကောင်းစေသည်။အရိုးနှင့်သွားများကိုခိုင်မာစေသည်။ 

   ဓားရှမိသောဒဏ်ရာများကို လျင်မြန်စွာအနာကျက်စေသည်။ မှတ်ညဏ်အားကောင်းစေသည်။

နဂါးမောက်သီးအာနိသင်များ


၁) နဂါးမောက်သီးထဲမှာ Antioxidant တွေ ပါဝင်ပြီး ကင်ဆာမဖြစ် အောင် ကာကွယ်ပေးနိုင်ပါတယ်။

(၂) သုတေသနပြုလုပ် ချက်များအရ သွေးလှည့်ပတ်မှုစနစ်အတွက် အလွန်ကောင်းပြီး စိတ်လှုပ်ရှားမှုကြောင့်ဖြစ်သော သွေးဖိအားတက်ခြင်းကို လျော့နည်းစေပါတယ်။ 

 သွေးတိုးမဖြစ်အောင် ကာကွယ်ပါတယ်။ မျက်စိ အမြင်အာရုံကောင်းစေပြီး သွေးထဲက အဆိပ်အတောက်များကိုလည်းခြေဖျက်ပေးပါ တယ်။

(၃) အမျှင်ဓာတ်မြင့်မားစွာ ပါဝင် သောကြောင့် ကိုယ်လက်စထရောလ် ကျစေပါတယ်။


(၄) ပိုတက်စီယမ်၊ ဆိုဒီယမ်၊ သံဓာတ်၊ အသားဓာတ်တို့ ကြွယ်ဝစွာ ပါဝင်ပါတယ်။

(၅) အစာအိမ်ရောဂါများနှင့် ဟော် မုန်း အကျိတ်ရောဂါများကုသရန် အတွက်လည်း အသုံးဝင်ပါတယ်။


(၆) ဗီတာမင် C လည်း အများကြီး ပါဝင်တာမို့ အနာကျက်မြန်စေခြင်း အညိုအမည်းစွဲခြင်းများကို မြန်မြန် အားကိုလည်း မြှင့်တင်ပေးပါတယ်။


(၇) ဘီတာကယ်ရိုတင်းပါဝင်တဲ့ အတွက် မျက်စိအမြင်ကောင်းခြင်း၊ မျိုးပွားနိုင်စွမ်းကောင်းခြင်းနှင့် အခြားသော ဇီဝရုပ်ဖြစ်ပျက်မှု များကိုလည်း ကောင်းစေ ပါ တယ်။


(၈) ဗီတာမင် B1, B2, B3 ကြွယ်ဝစွာ ပါဝင်ပါတယ်


(၉) သွေးတွင်းသကြားဓာတ် ပမာဏ ကို ထိန်းညှိပေးနိုင်တဲ့အတွက် အမျိုး အစား (၂) ဆီးချိုသွေးချိုရောဂါ ရှိသူ များအတွက် သင့်တော်ပါတယ်။


(၁၀)သူ့ထဲမှာပါတဲ့ ပမာဏက ဇီဝ ရုပ် ဖြစ်ပျက်မှုကို မြှင့်တင်ပေးပါတယ်။ နှလုံးသွေးကြောကျန်းမာရေးကို ထိန်း သိမ်းပေးပါတယ်။


(၁၁)နဂါးမောက်သီးပုံမှန်စားပေး မယ်ဆိုရင် ရင်ကျပ်ရောဂါနှင့် ချောင်း ဆိုးခြင်းကို သက်သာပျောက်ကင်း စေနိုင်တယ်လို့ သိရပါတယ်။


Ref: Health Digest
Source>> http://www.facebook.com/notes/health-articles

Twitter Delicious Facebook Digg Stumbleupon Favorites More