Pages - Menu

ဆန်လုံးညို(Brown Rice)

ဆန်ဖြူကို ကြိတ်ခွဲလိုက်တာကြောင့် ဗီတာမင် B3 ၆၇ ရာခိုင်နှုန်း၊ ဗီတာမင် B1 ၈၀ ရာခိုင်နှုန်း၊ ဗီတာမင် B6 ၉၀ ရာခိုင်နှုန်း၊ မဂ္ဂနီဆီယမ်တစ်ဝက်၊ ဖော့စ်ဖရပ်စ် တစ်ဝက်၊ သံဓာတ် ၆၀ ရာခိုင်နှုန်းနဲ့ အမျှင်ဓာတ်အားလုံး ဆုံးရှုံးသွားခဲ့ ပါတယ်။

သံလွင်ဆီ(Olive Oil)

သံလွင်ဆီမှာ ဗီတာမင် အေ၊ ဗီတာမင် ဘီဝမ်း၊ ဘီတူး၊ ဗီတာမင်စီ၊ ဒီ၊ အီးနဲ့ ကေစတဲ့ ဗီတာမင်ဓာတ်တွေ ပါဝင်ပြီး သံဓာတ်နဲ့ အိုမီဂါ ၉ လည်း ပါဝင်ပါတယ်။

ပြောင်းဖူး(Corn)

ပြောင်းဖူးမှာ ဗီတာမင်B1 ဗီတာမင်B5 ဗီတာမင်C ဗီတာမင်B9လို့ခေါ်ဖောလိတ် .....ပြောင်းဖူး၏ ကျန်းမာရေး အာနိသင် မှာဆက်ဖတ်ပါ....

ထောပတ်သီး(Avacado)

အာဟာရများကိုဖြည့်တင်းပေးနိုင်ရုံ သာမက သဘာဝမှရသောသကြား ဓာတ်ကိုထောက်ပံ့ပေးခြင်း၊ကိုယ် အလေးချိန်ကျဆင်းစေခြင်း၊အကျိုး ပြုကိုလက်စတီရောကိုတက်စေပြီး ဆိုးကျိုးပေးသောကိုလက်စတီရော ကိုကျဆင်းစေခြင်း စသည့်အချက်များ ကိုရရှိစေနိုင်သည်ဟု သိရသည်။ယခု လေ့လာမှုတွင် ဖော်ပြထားချက်အရ လေဖြတ်ခြင်းကိုပါ ထောပတ်သီးက ကာကွယ်ပေးနိုင်

လိမ္မော်သီး(Orange)

လိမ္မော်သီး၌ ဖိုင်ဘာမျှင်၊ သံဓာတ်၊ မီးစုန်းဓာတ်၊ ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်၊ ကြေးနီဓာတ်၊ သွပ်ဓာတ်၊ ဆလမ်နီယမ်၊ ကယ်လိုရီ၊ ကယ်လဆီယမ်ဒာတ်၊ဗီတာမင်စီ တို့ပါရှိသည်

မာလကာသီး(Guava)

မာလကာသီး တစ်လုံးတွင် ဗီတာမင်စီမှာ လိမ္မော်သီး တစ်လုံး၌ ပါရှိသည့် ဗီတာမင်စီ ပမာဏထက် ငါးဆခန့် ပိုများသည်။ မာလကာသီး၌ ဗီတာမင်စီ အပြင် အေနှင့် ဘီ၊ ကယ်လ်ဆီယမ်၊ ဖော့စပရပ်စ်၊ ပိုတက်ဆီယမ်၊ သံဓာတ်၊ ဖောလစ်အက်စစ်နှင့် အမျှင်ဓာတ်တို့ ပါဝင်သည်။ အများဆုံး ပါဝင်သော ဓာတ်များမှာ ဗီတာမင်စီ ၃၀၂ မီလီဂရမ်နှင့် ဗီတာမင် အေ ၂၅၀ မီလီဂရမ်တို့ ဖြစ်ကြသည်။ မာလကာသီးကို သီတင်း တစ်ပတ်လျှင် နှစ်လုံးခန့် စားသုံး သွားပါက သွေးတိုး ကျဆင်းစေပြီး နှလုံး ကျန်းမာရေးကို အထောက်အကူ ပြုကြောင်း အမေရိကန် သုတေသန ပညာရှင်များက ပြောကြားသည်။

***

***

***

***

***

***

***

***

***

***

Showing posts with label ဂွေးတောက်ရွက်. Show all posts
Showing posts with label ဂွေးတောက်ရွက်. Show all posts

14 Aug 2014

ခွေးတောက်ပင်၏ ကျန်းမာရေးအကျိုးကျေးဇူးများ

ခွေးတောက်ပင်၏ ကျန်းမာရေးအတွက် အကျိုးပြုပုံများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
ခွေးတောက်သည် သလိပ်၊ ချွဲ၊ လည်ချောင်းနာ၊ လေရောဂါ၊ ညောင်းကျနာ၊ ပန်းနာရင်ကျပ်၊ ဒူလာနှင့် ကြွက်အဆိပ်သင့်နာများကို ပျောက်ကင်းစေပါသည်။
ထို့အပြင် ၀မ်းမီးကို ကောင်းစေခြင်း၊ အစာကြေလွယ်စေခြင်း၊ အမျိုးသားအားကို တိုးပွါးစေခြင်း၊ အမျိုးသမီးများအတွက် သွေးသားမှန်ကန်စေခြင်းနှင့် စိတ်ရွှင်လန်းစေခြင်းတို့ကို ဖြစ်စေပါသည်။
ဆိုင်ရာရောဂါများအတွက် ဆေးအဖြစ် အသုံးပြုပုံများ

၁။ ခွေးတောက်အရွက်ကို ဟင်းခါးချက်သောက်ခြင်း၊ ကြော်စားခြင်းဖြင့် လေအောင့် လေထိုး၊ ဆီးချုပ်ရောဂါများ ပျောက်၏။

၂။ ခွေးတောက်ရွက်ကို ကြိတ်၍၄င်း အရည်ဖြင့် ရေယုန်နာကို ဆွတ်လိမ်း ပေးခြင်းဖြင့် ပျောက်ကင်းစေနိုင်သည်။

၃။ ထန်းရည်၊ အရက်ကြာရှည်စွာသောက်သုံးသူများ တစ်နှစ်တစ်ခါ ခွေးတောက်ရွက်ကို ကြက်သားနှင့် ချက်စားခြင်းအားဖြင့်ကိုယ်ခန္ဓာအတွင်းရှိ အဆိပ်အတောက်များ ပြေပျောက်စေ၏ ။

၎။ အရွက်ကို မီးကင်၍ကပ်လျှင် အနာစိမ်း၊ သွေးစုနာများ အနာနုလျှင်ပိန်၍ အနာရင့်လျှင် ပြည်ပေါက်၍ ပျောက်၏။

၅။အရွက်ကို ကြိတ်၍ အုံးစည်းပေးခြင်းဖြင့် အဖုအကျိတ်များလည်း ပျောက်၏။

၆။ ခွေးတောက်ရွက်ကို သကြားနှင့် ထောင်း၍ အုံပေးပါက အကြောအဆစ်လွဲခြင်း ပျောက်၏ ။

၇။ ခွေးတောက်ရွက်ကို ဘဲဥနှင့် ကြော်စားပါက ခွန်အားတိုးပွားစေ၏ ။

၈။ ခွေးတောက်မြစ်ကို ခွေးရူးပြန်ဆေး ၊ အန်ဆေးနှင့် သလိပ်ရွှင်ဆေးများတွင် ထည့်သွင်း အသုံးပြုသည်။
စောနွဲ့ နေဆိုင် (ပူတာအို) ပြန်လည်မျှဝေပါသည်။

ကိုးကား။ ။ မြန်မာ့ဆေးဖက်ဝင်အပင်များ
Credit to ကျန်းမာရေးသတင်းများ

12 Nov 2013

ခွေးတောက်နွယ်ပင်

ခွေးတောက်ရွက်မှာ ပူ၏၊ ခါး၏၊ ဝမ်းမီးကို တောက်စေ၏။ ကြေကျက် လွယ်၏။

သွေးကို ပွားစေ၏။ ကာမကို အားပေး၏။ နှုတ်ကို မြိန်စေ၏။ သလိပ်ကို နိုင်၏။ လည်ချောင်းနာ၊ ဂူလုံးနာ၊ လေရောဂါပိုးနာ၊ နူနာ၊ အဆိပ်သင့်နာ၊ ပန်းနာ ရင်ကျပ်၊ တုလာသရော ရောဂါ တို့ကို နိုင်၏ဟု အရှင်နာဂသိန် ပုံပြဆေး အဘိဓာန်မှ ဖော်ပြထားပါသည်။

အနာဖြစ်ပါက ခွေးတောက်ရွက်ကို မီးကင်၍ကပ် ထားပါက အမြန်ပျောက်ကင်း ပါသည်။ ရေယုန်ရောဂါ ဖြစ်ပါက ခွေးတောက်ရွက် သတ္တုရည်ကို လိမ်းကျံပေး ပါက များစွာ အကျိုး ကျေးဇူးများ ပါသည်။ ခွေးတောက် ရွက်ကို ကြက်သားနှင့် ဟင်းချို ချက်သောက်ပါက အရက်ချိုးများ ကျစေပါသည်။

မြန်မာတို့၏ ထမင်းပွဲတွင် ခွေးတောက်ရွက်ကြော်၊ ခွေးတောက်ရွက် ဟင်းချို စသည်ဖြင့် နေရာ ယူတတ်သော ဟင်းလျာတစ်မျိုး ဖြစ်သလို ဆေးဖက်ဝင် ဆေးပင် တစ်မျိုးလည်း ဖြစ်ပါသည်။ ။

အောင်မိုးမြင့်(နေပြည်တော်)
မြ၀တီမှ

19 Feb 2013

ဂွေးတောက်ရွက် အသုံးဝင်ပုံ

အရွက်ကို မီးကင်ပြီး ကပ်လျှင် အနာစိမ်း၊ သွေးစုနာများ နုလျှင် ပိန်၍ ရင့်လျှင် ပြည်ပေါက်၍ ပျောက်၏။

ထန်းရည်၊ အရက်၊ ကြာရှည်စွာ သောက်သုံး သူများ တစ်နှစ် တစ်ခါ ခွေးတောက်ရွက်ကို ကြက်သားနှင့် ချက်စားခြင်းဖြင့် ကိုယ်ခန္ဓာ အတွင်းရှိ အဆိပ် အတောက်များ ပြေပျောက် စေ၏။

အရွက်ကို ဟင်းခါး ချက်သောက်ခြင်း၊ ကြော်စားခြင်းဖြင့် လေအောင့်၊ လေထိုး၊ ဆီးချုပ် ရောဂါများ ပျောက်၏။ ခွေးတောက်ရွက်ကို ကြိတ်၍ ရသော အရည်ဖြင့် ရေယုန်နာကို ဆွတ်ပေးခြင်းဖြင့် ပျောက်၏။

အရွက်ကို ကြိတ်၍ အုံစည်းပေး ခြင်းဖြင့် အဖု အကြိတ် များလည်း ပျောက်၏။

ခွေးတောက်ရွက်ကို သကြားနှင့် ထောင်း၍ အုံပေးပါက အကြောဆစ် လွဲခြင်းများ ပျောက်၏။

ခွေးတောက် ရွက်ကို ဘဲဥနှင့် ကြော်စားပါက ခွန်အားကို တိုးပွားစေ၏။

ခွေးတောက်မြစ်ကို ခွေးရူးပြန်ဆေး အန်ဆေးနှင့် သလိပ်ရွှင် ဆေးများတွင် ထည့်သွင်း အသုံးပြုသည်။

Twitter Delicious Facebook Digg Stumbleupon Favorites More