Pages - Menu

ဆန်လုံးညို(Brown Rice)

ဆန်ဖြူကို ကြိတ်ခွဲလိုက်တာကြောင့် ဗီတာမင် B3 ၆၇ ရာခိုင်နှုန်း၊ ဗီတာမင် B1 ၈၀ ရာခိုင်နှုန်း၊ ဗီတာမင် B6 ၉၀ ရာခိုင်နှုန်း၊ မဂ္ဂနီဆီယမ်တစ်ဝက်၊ ဖော့စ်ဖရပ်စ် တစ်ဝက်၊ သံဓာတ် ၆၀ ရာခိုင်နှုန်းနဲ့ အမျှင်ဓာတ်အားလုံး ဆုံးရှုံးသွားခဲ့ ပါတယ်။

သံလွင်ဆီ(Olive Oil)

သံလွင်ဆီမှာ ဗီတာမင် အေ၊ ဗီတာမင် ဘီဝမ်း၊ ဘီတူး၊ ဗီတာမင်စီ၊ ဒီ၊ အီးနဲ့ ကေစတဲ့ ဗီတာမင်ဓာတ်တွေ ပါဝင်ပြီး သံဓာတ်နဲ့ အိုမီဂါ ၉ လည်း ပါဝင်ပါတယ်။

ပြောင်းဖူး(Corn)

ပြောင်းဖူးမှာ ဗီတာမင်B1 ဗီတာမင်B5 ဗီတာမင်C ဗီတာမင်B9လို့ခေါ်ဖောလိတ် .....ပြောင်းဖူး၏ ကျန်းမာရေး အာနိသင် မှာဆက်ဖတ်ပါ....

ထောပတ်သီး(Avacado)

အာဟာရများကိုဖြည့်တင်းပေးနိုင်ရုံ သာမက သဘာဝမှရသောသကြား ဓာတ်ကိုထောက်ပံ့ပေးခြင်း၊ကိုယ် အလေးချိန်ကျဆင်းစေခြင်း၊အကျိုး ပြုကိုလက်စတီရောကိုတက်စေပြီး ဆိုးကျိုးပေးသောကိုလက်စတီရော ကိုကျဆင်းစေခြင်း စသည့်အချက်များ ကိုရရှိစေနိုင်သည်ဟု သိရသည်။ယခု လေ့လာမှုတွင် ဖော်ပြထားချက်အရ လေဖြတ်ခြင်းကိုပါ ထောပတ်သီးက ကာကွယ်ပေးနိုင်

လိမ္မော်သီး(Orange)

လိမ္မော်သီး၌ ဖိုင်ဘာမျှင်၊ သံဓာတ်၊ မီးစုန်းဓာတ်၊ ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်၊ ကြေးနီဓာတ်၊ သွပ်ဓာတ်၊ ဆလမ်နီယမ်၊ ကယ်လိုရီ၊ ကယ်လဆီယမ်ဒာတ်၊ဗီတာမင်စီ တို့ပါရှိသည်

မာလကာသီး(Guava)

မာလကာသီး တစ်လုံးတွင် ဗီတာမင်စီမှာ လိမ္မော်သီး တစ်လုံး၌ ပါရှိသည့် ဗီတာမင်စီ ပမာဏထက် ငါးဆခန့် ပိုများသည်။ မာလကာသီး၌ ဗီတာမင်စီ အပြင် အေနှင့် ဘီ၊ ကယ်လ်ဆီယမ်၊ ဖော့စပရပ်စ်၊ ပိုတက်ဆီယမ်၊ သံဓာတ်၊ ဖောလစ်အက်စစ်နှင့် အမျှင်ဓာတ်တို့ ပါဝင်သည်။ အများဆုံး ပါဝင်သော ဓာတ်များမှာ ဗီတာမင်စီ ၃၀၂ မီလီဂရမ်နှင့် ဗီတာမင် အေ ၂၅၀ မီလီဂရမ်တို့ ဖြစ်ကြသည်။ မာလကာသီးကို သီတင်း တစ်ပတ်လျှင် နှစ်လုံးခန့် စားသုံး သွားပါက သွေးတိုး ကျဆင်းစေပြီး နှလုံး ကျန်းမာရေးကို အထောက်အကူ ပြုကြောင်း အမေရိကန် သုတေသန ပညာရှင်များက ပြောကြားသည်။

***

***

***

***

***

***

***

***

***

***

Showing posts with label ဘူးသီး/ရွက်. Show all posts
Showing posts with label ဘူးသီး/ရွက်. Show all posts

8 Dec 2013

ဘူးသီး နှင့် ကျန်းမာရေးအကျိုးရလာဘ်ကောင်းများ

၅-၁၂-၂၁၀၃ နေ့ ထုတ် ရန်ကုန်တိုင်းမ် (The Yangon Times) အပတ်စဉ်ထုတ်ဂျာ နယ် စာမျက်နှာ (၃၀) မှာ ဖော်ပြခံရတဲ့ဆောင်းပါးလေးပါ။ FB မှ စာဖတ်မိတ်ဆွေ များ အတွက် ကျမ္မာသုတရစေဖို့ မျှဝေလိုက်ရပါတယ်ရှင်။(စေတနာများစွာဖြင့်..ပေါက်ပေါက်)
+++++++++++++++++++++
*** ဘူးသီး နှင့် ကျန်းမာရေးအကျိုးရလာဘ်ကောင်းများ ***

ဘူးသီးသည် အ၀ါရောင်သန်းသောအစိမ်းရောင် ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်ပါသည်။ များသောအားဖြင့် ပုလင်းပုံသဏ္ဍာန်ရှိပါသည်။အဖြူရောင် ခပ်ပျော့ပျော့အသားထဲတွင် အမျှင်ဓာတ်များစွာပါရှိပါသည်။အသီး ၏ အလယ်ပိုင်းရှိ ရေမြှုပ်ကဲ့သို့ ပျော့ပျောင်းသော အသားများထဲတွင် အဖြူရောင်အစေ့များ စုပြုံစွာပါရှိပါသည်။ အစေ့ သည် လေးထောင့် ပုံသဏ္ဍာန်ရှိကာ၊ အနားတွင်အထစ်ကလေးများ ဖြစ်ပါသည်။
ဘူးပင်သည် အလွန်အေးသော ရာသီဥတုကိုမကြိုက်ပါ။ ပူနွေးစိုစွတ်သော ရာသီဥတု တွင်ကောင်းစွာ ဖြစ်ထွန်း ပါသည်။ ဘူးသီးအစေ့မှ အပင်ပေါက်ပြီး၊ ၂-လအကြာတွင် အရွက်ညှာမှ အဖြူရောင်အပွင့် ပွင့်ပါသည်။ ပွင့်ချပ်များမှာ ၄-လက္မခန့် ရှိပြီး လှပပါ သည်။ ဘူးပင်ကိုစင်ခံပြီး စိုက်ပျိုးပေးပါက၊ စိမ်းစိုကြီးမားသော အရွက်များဖြင့် နွယ်တက် ၍ အကြီးမြန်ပါသည်။ အထူးသဖြင့် အရွက်၏အောက်ပိုင်းတွင် နူးညံ့သောအမွှေးများ စွာဖြင့် ဖုံးအုပ်ထားသောကြောင့် အစိမ်းရောင်ကတ္တီပါးသားကဲ့သို ဖြစ်နေပါသည်။ ပင်စည်များ သည် ပဉ္စဂံပုံ သဏ္ဍာန်ရှိကာ အလွန်မာကျောပါသည်။ အပင်ပေါက်ပြီး ရက် ၆၀-၇၀ ခန့် အကြာတွင် အသီးသီးပါသည်။ ဘူးသီး၏ အခွံပေါ်တွင်လဲ အမွှေးနုလေးများစွာ ပါရှိပါသည်။
ဘူးခွံ အခြောက် ကိုအိန္ဒိယနိုင်ငံတွင် ထမင်းစားပန်းကန်ခွက်ယောက်အဖြစ် အသုံးပြုကြ သလို၊ ဟိန္ဒြူကြိုးတပ် တူရိယာ အဖြစ်လဲ တီးမှုတ်ကြသည်ကိုတွေ့ မြင်ကြရပါသည်။ အိန္ဒိယနိုင်ငံတွင်ဘူးသီး ကို Lauki ဟုခေါ်ပါ သည်။ ၄င်းတို့ သည် ဘူးသီးကို တွင်ကျယ် စွာ စားသုံးကြသည့်အပြင်၊ ရိုးရာရောဂါကုထုံးဖြင့်လဲ ကုသလျှက် ရှိကြပါသည်။
ဘူးသီး တွင် အဆီနှင့် ကိုလက်စထရောပါဝင်မှု နဲပါးကာ၊ ရေဓာတ် ၉၀% ပါရှိပါ သည်။ ရေဓာတ်ပါဝင်မှုများ သောကြောင့် အပူငြိမ်းစေသော အအေးစာ ဖြစ်ပါသည်။ ဘူးသီး တွင် အစာကြေလွယ် သော အမျှင်ဓာတ်၊ သံဓာတ်၊ Vitamin C ၊ Vitamin B Complex၊ Zinc နှင့် မဂ္ဂနီစီယမ် တို့ ကြွယ်ဝစွာ ပါရှိပါသည်။ ဆိုဒီယမ် နှင့် ပိုတက်စီ ယမ် တို့ လဲ ပါရှိပါသည်။ low-cal ဖြစ်သောကြောင့် ကလေးငယ်များ အတွက် သင့်တော် သည့် ဟင်းသီင်္းဟင်းရွက်တစ်မျိုးဖြစ်ကာ၊ အသက်အရွယ်ကြီးရင့်သူများ အတွက် လဲ အထူး သင့်တော်ကောင်းမွန် သောကြောင့် ဘူးသီးကို အသက်အရွယ် အပိုင်းအခြားမရွေး စားသုံးနိုင်ကြပါသည်။ ဘူးသီးမှ လူသားတို့  ကျန်းမာရေးအတွက် များစွားအထောက်အကူပြုပုံကို အောက်ပါအတိုင်း လေ့လာမှတ်သားနိုင်ပါသည်။

ကျန်းမာရေးအတွက်အကျိုးကျေးဇူးများ
· ရေဓာတ်ပါဝင်မှုများပြီး၊ အအေးစာဖြစ်သောကြောင့် ဆီးမကောင်းသော သူ များနှင့် Uric အက်ဆစ် များ၍ ဆီးပူသောသူများသည် ဘူးသီးကိုဖျော်ရည်လုပ်ပြီး၊ သံပရာရည်ဖြင့်ရောကာ သောက်သုံး ပေးသင့်ပါသည်။ ကျောက်ကပ်ရောင်ခြင်းကိုလဲ ကုသပေးနိုင်စွမ်းရှိပါသည်။
· ဆီးချိုရောဂါသည်များ အတွက်လဲ အထူးသင့်လျော်ပါသည်။
· ၀မ်းလျောခြင်းကြောင့် ရေငတ်နေသူများ၊ အဆီဓာတ်များသောအစားအစာ (သို့ မဟုတ်)ဆီကြော်မုန့်  စားသုံးပြီးနောက် ရင်ပူနေသူများသည် ဘူးသီးကိုဖျော်ရည် လုပ်ကာ ဆားအနဲငယ်ရော၍ သောက် သုံး ပေးသင့်ပါသည်။
· ပူပြင်းသောနွေရာသီတွင် ဆုံးရှုံးသွားသောချွေးများအတွက်၊ အထက်ပါ အတိုင်း သောက်သုံးပေးပါက၊ လူကိုပြန်လည်လန်းဆန်းစေပါသည်။ အပူရှပ်ခြင်းမှလဲ ကာကွယ်ပေးပါသည်။
· သွေးတိုးရောဂါသမားများနှင့် နှလုံးရောဂါဝေဒနာရှင်များကို များစွာအကျိုးပြု ပါသည်။
· ဘူးညွန့် /ဘူးရွက် တို့ သည် အသည်းရောင်အသားဝါရောဂါကို ဟန့် တားကာ ကွယ်ပေးပါသည်။
· ဆံပင်ဖြူခြင်းကိုသက်သာလျော့နဲစေပါသည်။
· အဆီဓာတ်ပါဝင်မှုနည်းပြီး၊ အမျှင်ဓာတ်ပေါများသောကြောင့် အစာကျေ လွယ်ပြီး၊ ၀မ်းချုပ်ခြင်းမှလဲ ကာကွယ်ပေးပါသည်။

· အာရုံကြောများကို အားကောင်းစေကာ မှတ်ဥာဏ်ကိုဖွံ့ ဖြိုးတိုး တက်စေ ပါသည်။ (စိတ်ဖောက်ပြန်သူ များ အတွက်လဲ ကောင်းကျိုးပြုပါသည်)
· ဆံပင်မရှိ၍ ထိပ်ပြောင်သူများသည် ဘူးညွန့် /ဘူးရွက်အရည်ကို လိမ်းပေး သင့်ပါသည်။
· သွာကိုက်ခြင်းကိုလဲ သက်သာပျောက်ကင်းစေပါသည်။ သွားများမပျက် စီး ရအောင် ကြိုတင်ကာကွယ် သည့်အနေဖြင့် ဘုးညွန့် အရည်ဖြင့် ပလုပ်ကျင်းပေး သင့်ပါသည်။
· ဖက်ခွက်နာ/ပြည်တည်နာများ၊ ၀က်ရူးပြန်ခြင်းနှင့် အစာ မကြေခြင်း ဝေ ဒနာ များကိုလဲ သက်သာ ပျောက်ကင်းစေပါသည်။
· နံက်စာမစားမီ၊ ဘူးသီးကိုဖျော်ရည်လုပ်ပြီး နေ့ စဉ်တစ်နေ့ လျှင် တစ်ခွက် ပုံမှန်သောက်သုံးပေးပါက၊ အရွယ်တင်နုပျိုစေပါသည်။
· မိတ်၊အင်ပျဉ်ကဲ့ သို့ အရေပြားပေါ်တွင် အဖုအပိန့် အနီကွက်ထပါက၊ ဘူးသီး ကို ကျိတ်ချေ၍ ဘူးသီး အနှစ်များဖြင့် လိမ်းပေးခြင်းဖြင့် ချက်ချင်းသက် သာပျောက် ကင်းစေပါသည်။
· ဘူးသီးကို မှန်မှန်စားပေးခြင်းဖြင့် အပြစ်အနာအဆာမရှိသော လင်းလက် စိုပြည် လှပသည့် အသား အရေ ကိုပိုင်ဆိုင်နိုင်ပါသည်။
· ဘူးသီး သည် အသည်းပုံမှန်အလုပ်မလုပ်နိုင်သူများ ကို ကောင်းစွာအ ကျိုးပြုပေး ပါသည်။
· နာတာရှည်အိပ်မပျော်နိုင်ဘဲ။ မျက်စေ့ကြောင်နေသူများသည် ဘူးသီးကိုဖျော် ရည်လုပ်ပြီး၊ နှမ်းဆီနှင့် ရော၍ ဦးခေါင်းခွံ(ဦးရေပြား) ကို ညစဉ်နှိပ်ပေးခြင်းဖြင့် ထိရောက် စွာအကျိုးရှိစေပါသည်။
· အစာအိမ်အက်ဆစ် အထွက်လွန်သူများအတွက် သက်သာပျောက်ကင်းစေ ပါသည်။
· နှလုံးကို အားကောင်းစေပါသည်။
· အဆိပ်ပြေစေပါသည်။
· ချောင်းဆိုးခြင်းကြောင့် အသက်ရှုလေပြွန်ရောင်နေသူများ၊ လည်ချောင်းနာသူ များ နှင့် ပန်းနာရင်ကြပ် ရောဂါသည်များ ကို ကုသပေးနိုင်စွမ်းရှိပါသည်။

<<မှတ်သားရန်>> ဘူးသီးသည် အပူပေးချက်ပြုတ်ပြီးမှသာ စားသုံးရသည့် ဟင်းသီး ဟင်းရွက် တစ်မျိုး ဖြစ်ပါသည်။ အစိမ်းစာပါက၊ အစာအိမ် နှင့် အူမ များကို အန္တ ရာယ်ဖြစ်စေနိုင်ပါသည်။

ဘူးသီးသည် ကိုယ်ခန္ဓာအတွင်းရှိ အင်္ဂါအစိပ်အပိုင်းများကို အကျိုးပြုရုံသာမက၊ အသား အရေကို ကျန်းမာလှပ စေခြင်း/ဆံပင်ဖြူခြင်းကို လျော့နဲစေခြင်းတို့ အပြင် ကိုယ်အလေး ချိန် ထိန်းလိုသူများကိုလဲ ထိထိရောက်ရောက် အကျိုးပြုစေသည့် အစွမ်းသတ္တိ များနှင့်ပြည့်စုံသောအစိမ်းရောင်ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်ပါသည်။ရေဓာတ် ပါဝင်မှု များပြားသဖြင့် အချိန်ကြာမြင့်စွာချက်ပြုတ်ပေးရန်မလိုဘဲ၊ အချိန်ကုန်သက်သာစေ ပါ သည်။ထို့ ကြောင် ရာသီစာ ဆေးဘက်ဝင် ဟင်းရွက်နွယ်ပင်တစ်မျိုးဖြစ်သည့် ဘူးသီးကို စားသောက်နိုင်ကြပါစေကြောင်း သတင်းကောင်းပါးအပ်ပါသည်။

ဘာသာပြန်သူ - promise.pauk
ကိုးကားချက် - Health Benefits of Bottle Gourd/Calabash, published by Neha Rathore
______________
promise.pauk
(ရိုးသားမှုသည်တခါတရံ၌ရှုံးနိမ့်စေတတ်၏။သို့ သော်တစ်သက်လုံးကားလိပ်ပြာလုံစေတော့၏။)


- မရေ ဗူးသီးဖျော်ရ်ာက အစိမ်းကိုပဲ ကြိတ်ရတာလားရှင့် ဒါမှမဟုတ်ပြုတ်ရသေးလားလို့
Promise Pauk စာဖတ်ညီမများ Ma Ei နဲ့ Kyi Thar Tun တို့ ရှင့်။ မမ ဒီနေ့ တမနက်လုံး ကုမ္ပဏီမှာ အလုပ်တအားများနေလို့  ခုမှ ညီမတို့ မေးတဲ့ မေးခွန်းကိုတွေ့ ပါတယ်။ (ဖြေဆို တာ နောက်ကျလို့ ခွင့်လွှတ်ပါ) ဟုတ်ကဲ့ပါ ညီမတို့ ရေ။ ဗူးသီးဖျော်ရည် ဆို တာ မြန်မာ့ဆေး ကျမ်းအရ ဗူးသီးသတ္တုရည်လို့ လည်းခေါ်ပါတယ်။ ဗူးသီး(အစိမ်း)ကို အခွံနွှာ အတန်ငယ်အတုံးလေးတွေတုံး ပြီး ကျိတ်စက်ထဲထဲ့မွှေရင် ဗူးသီးဖျော် ရည်ရပါတယ်။ အစေ့ပါထဲ့ကြိတ်ပါနော်။ ဗူးသီးဖျော်ရည်က ချိုပေါ့ပေါ့နဲ့  အနံ့ ခပ်သင်း သင်းလေးမွှေးပေမယ့် တချို့ ကတော့ သောက်ရတာစိမ်းစော်နံတယ်ဖြစ်တာကြောင့် သံပု ရာရည်လေးညှစ်သောက်လိုက်ပေါ့နော်။

10 Dec 2012

ဘူးသီး၏ ကျန်းမာရေး အကျိုးကျေးဇူးများ

မြန်မာလူမျိုးတွေရဲ့  မီးဖိုချောင် ထဲမှာ အတွေ့ရများတဲ့ ဘူးသီးဟာ သွေးတိုးကျစေတဲ့ အစွမ်းနဲ့ နှလုံးရောဂါ သက်သာစေတဲ့ အစွမ်းရှိတယ်လို့ ဆိုကြပါတယ်။ ဘူးသီးကို ဟင်းခါး အဖြစ် ကျိုချက် သောက်သုံးကြသလို ဘူးသီးကို ပြုတ်ပြီး တို့စားတာ၊ သုပ်စားတာမျိုး လည်း ပြုလုပ်ကြပါ တယ်။

 
ဘူးသီးကို စားပေးတာကြောင့် အောက်ပါ အကျိုးကျေးဇူးတွေကို ရရှိစေပါတယ်။

အသည်းရဲ့  လုပ်ငန်းဆောင်တာတွေကို ဟန်ချက်ညီစေပါတယ်

ဘူးသီးမှာ ပြည့်ဝဆီနဲ့ ကယ်လိုရီ ပါဝင်မှု နည်းပါတယ်။ အမျှင်ဓာတ်၊ ဗီတာ မင်စီ၊ ရိုင်ဘိုဖလေဗင်၊ ဇင့်(သွပ်)၊ သိုင်ယာ မင်၊ သံဓာတ်နဲ့ မဂ္ဂနီဆီယမ်တို့ ပါဝင်မှု များပါတယ်။ ဒါကြောင့် အသည်းကို သန့်စင် စေတာ၊ ပြန်လည် အားဖြည့်ပေးတာနဲ့ အယ်လ်ကိုဟောကြောင့် ထိခိုက်မှုကို ကာ ကွယ်ပေးတာတို့ လုပ်ဆောင်ပေးပါတယ်။

ဆံပင်ဖြူတာကို လျော့ကျစေပါတယ်

ဘူးရွက်ကရတဲ့ အရည်ဟာ အသားဝါတာကို သက်သာစေပြီး ဘူးသီးအရည် ကတော့ ဆံပင်ဖြူတာကို လျော့ကျစေ တယ်လို့ ဆိုကြပါတယ်။

နုံးချည့်ညောင်းညာမှု သက်သာစေပါတယ်

ဘူးသီးကို စားပေးတာကြောင့် နုံး ချည့်ညောင်းညာမှု လျော့ကျစေပြီး လန်း ဆန်းစေပါတယ်။ အထူးသဖြင့် ပူပြင်းတဲ့ ရက်တွေမှာ လန်းဆန်းစေပါတယ်။

အစာမကြေတဲ့ ဝေဒနာကို လျော့ကျစေပါတယ်

ဘူးသီးဟာ အယ်လ်ကာလိုင်း ဂုဏ် သတ္တိရှိတာကြောင့် အက်စစ်ဓာတ်လွန် ကဲမှု၊ အစာမကြေတာနဲ့ အစာအိမ်အနာ တို့ကို သက်သာစေတယ်လို့ ဗပကမလနိေ က မှတ်ချက်ပေးထားပါတယ်။

စိတ်စွဲလွန်ဝေဒနာကို သက်သာစေပါတယ်

ဘူးသီးဟာ နာ့ဗ်ကြောတွေကို အား ကောင်းတဲ့အတွက် အလုပ်တစ်ခုခုကို ထပ်ခါတလဲလဲ လုပ်တတ်တဲ့ စိတ်စွဲလွန် ဝေဒနာ (OCD) ကို လျော့ကျစေပါတယ်။ ဆေးဝါးဗေဒဂျာနယ်ရဲ့ လေ့လာမှုအရ ဘူးသီးမှာ စိတ်စွဲလွန်ဝေဒနာကို လျော့ ကျစေတဲ့ အစွမ်းရှိတယ်လို့ သိရပါတယ်။

ကိုယ်အလေးချိန်ကို လျော့ကျစေပါတယ်

ဘူးသီးမှာ ရေဓာတ် ၉၆ ရာခိုင်နှုန်း ပါဝင်တာကြောင့် ဘူးသီး ၁၀ဝ ဂရမ်စား တဲ့အခါ ၁၂ ကယ်လိုရီပဲ ရရှိပါတယ်။ ဒါ ကြောင့် ကိုယ်အလေးချိန်လျော့ကျစေတဲ့ အစားအစာ တစ်မျိုးအဖြစ် အသိအမှတ် ပြုထားပါတယ်။

အထွေထွေကျန်းမာရေးကို ကောင်းမွန်စေပါတယ်

ဘူးသီးမှာ သိုင်ယာမင်၊ ဗီတာမင်စီ၊ ဇင့်(သွပ်)၊ သံဓာတ်နဲ့ မဂ္ဂနီဆီယမ်တို့ များ စွာ ပါဝင်တဲ့အတွက် အထွေထွေ ကျန်း မာရေးကို ကောင်းမွန်စေပါတယ်။

မျက်စိကျန်းမာရေးကို ကောင်းမွန်စေပါတယ်

ဘူးသီးမှာ ဘီတာကယ်ရိုတင်း ပမာဏ များစွာ ပါဝင်တဲ့အတွက် မျက်စိအ မြင်အာရုံကို ကောင်းမွန်စေပါတယ်။ ဘူး သီးဟာ အစာအိမ်ဝေဒနာ၊ အစာအိမ်အူ လမ်းကြောင်း ပိုးဝင်တာနဲ့ လိပ်ခေါင်းစ တာတွေကိုလည်း သက်သာစေပါတယ်။ ဘူးသီးမှာ သွေးတွေကို သန့်စင်စေတဲ့ အာနိသင်လည်း ရှိတာကြောင့် ရောဂါအ များစုကို တွန်းလှန်ပေးနိုင်ပါတယ်။

သွေးတွင်းသကြားဓာတ် ပမာဏကို လျော့ကျစေပါတယ်

ဘူးသီးမှာ ပါတဲ့ ပပ်တိုက်နဲ့ အယ်လ် ကာလွိုက်တွေက သွေးတွင်း သကြား ဓာတ်ပမာဏကို လျော့ကျစေပါတယ်။ ဒါ ကြောင့် ဆီးချိုရောဂါရှိသူတွေ အသင့်အတင့် စားနိုင်ပါတယ်။

ကြယ်စင်
Ref>>Good health

Twitter Delicious Facebook Digg Stumbleupon Favorites More