Pages - Menu

ဆန်လုံးညို(Brown Rice)

ဆန်ဖြူကို ကြိတ်ခွဲလိုက်တာကြောင့် ဗီတာမင် B3 ၆၇ ရာခိုင်နှုန်း၊ ဗီတာမင် B1 ၈၀ ရာခိုင်နှုန်း၊ ဗီတာမင် B6 ၉၀ ရာခိုင်နှုန်း၊ မဂ္ဂနီဆီယမ်တစ်ဝက်၊ ဖော့စ်ဖရပ်စ် တစ်ဝက်၊ သံဓာတ် ၆၀ ရာခိုင်နှုန်းနဲ့ အမျှင်ဓာတ်အားလုံး ဆုံးရှုံးသွားခဲ့ ပါတယ်။

သံလွင်ဆီ(Olive Oil)

သံလွင်ဆီမှာ ဗီတာမင် အေ၊ ဗီတာမင် ဘီဝမ်း၊ ဘီတူး၊ ဗီတာမင်စီ၊ ဒီ၊ အီးနဲ့ ကေစတဲ့ ဗီတာမင်ဓာတ်တွေ ပါဝင်ပြီး သံဓာတ်နဲ့ အိုမီဂါ ၉ လည်း ပါဝင်ပါတယ်။

ပြောင်းဖူး(Corn)

ပြောင်းဖူးမှာ ဗီတာမင်B1 ဗီတာမင်B5 ဗီတာမင်C ဗီတာမင်B9လို့ခေါ်ဖောလိတ် .....ပြောင်းဖူး၏ ကျန်းမာရေး အာနိသင် မှာဆက်ဖတ်ပါ....

ထောပတ်သီး(Avacado)

အာဟာရများကိုဖြည့်တင်းပေးနိုင်ရုံ သာမက သဘာဝမှရသောသကြား ဓာတ်ကိုထောက်ပံ့ပေးခြင်း၊ကိုယ် အလေးချိန်ကျဆင်းစေခြင်း၊အကျိုး ပြုကိုလက်စတီရောကိုတက်စေပြီး ဆိုးကျိုးပေးသောကိုလက်စတီရော ကိုကျဆင်းစေခြင်း စသည့်အချက်များ ကိုရရှိစေနိုင်သည်ဟု သိရသည်။ယခု လေ့လာမှုတွင် ဖော်ပြထားချက်အရ လေဖြတ်ခြင်းကိုပါ ထောပတ်သီးက ကာကွယ်ပေးနိုင်

လိမ္မော်သီး(Orange)

လိမ္မော်သီး၌ ဖိုင်ဘာမျှင်၊ သံဓာတ်၊ မီးစုန်းဓာတ်၊ ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်၊ ကြေးနီဓာတ်၊ သွပ်ဓာတ်၊ ဆလမ်နီယမ်၊ ကယ်လိုရီ၊ ကယ်လဆီယမ်ဒာတ်၊ဗီတာမင်စီ တို့ပါရှိသည်

မာလကာသီး(Guava)

မာလကာသီး တစ်လုံးတွင် ဗီတာမင်စီမှာ လိမ္မော်သီး တစ်လုံး၌ ပါရှိသည့် ဗီတာမင်စီ ပမာဏထက် ငါးဆခန့် ပိုများသည်။ မာလကာသီး၌ ဗီတာမင်စီ အပြင် အေနှင့် ဘီ၊ ကယ်လ်ဆီယမ်၊ ဖော့စပရပ်စ်၊ ပိုတက်ဆီယမ်၊ သံဓာတ်၊ ဖောလစ်အက်စစ်နှင့် အမျှင်ဓာတ်တို့ ပါဝင်သည်။ အများဆုံး ပါဝင်သော ဓာတ်များမှာ ဗီတာမင်စီ ၃၀၂ မီလီဂရမ်နှင့် ဗီတာမင် အေ ၂၅၀ မီလီဂရမ်တို့ ဖြစ်ကြသည်။ မာလကာသီးကို သီတင်း တစ်ပတ်လျှင် နှစ်လုံးခန့် စားသုံး သွားပါက သွေးတိုး ကျဆင်းစေပြီး နှလုံး ကျန်းမာရေးကို အထောက်အကူ ပြုကြောင်း အမေရိကန် သုတေသန ပညာရှင်များက ပြောကြားသည်။

***

***

***

***

***

***

***

***

***

***

Showing posts with label ကြက်သွန်နီ/ဖြူ. Show all posts
Showing posts with label ကြက်သွန်နီ/ဖြူ. Show all posts

7 Sept 2014

ဘီပိုး စီပိုး ပျောက်တဲ့ ကြက်သွန်နီ

ဘီပိုး စီပိုး ပျောက်တဲ့ ဆေးနည်းကောင်းလေးပါ ။
 ကြက်သွန်နီတစ်ဥ အခွံခွါ အလုံးလိုက်ရေဆေး ( စိတ်ပြီးမှမဆေးရ) လေးစိတ် စိတ် သကြားနဲ့တို့စားပါ ။ နံက် တစ်လုံး နေ့ တစ်လုံး ညတစ်လုံး တစ်နေ့ သုံးကြိမ် ပုံမှန် စားပေးပါက လပိုင်းအတွင်း ဘီပိုးစီပိုး သိသာစွာ ပျောက်ကင်း ကြောင်း ၀၉၉၁၀၃၅၆၆၉ သို့ ဖုန်းဆက် မေးမြန်းနိုင် ပါသည် ။
 Myawady health

26 Jan 2014

ပျိုမေများ အတွက် ကြက်သွန်ဖြူနဲ့ အလှပြင်မယ်

ကြက်သွန်ဖြူဟာ ကြက်သွန်နီထက် ပိုပြီးတော့တောင် အစွမ်းထက် သေးတယ်လို့ အချို့ ဆေးပညာရှင်တွေက ဆိုထားပါတယ်။

မီးဖိုချောင်ရဲ့ ဟင်းအမယ် တစ်ခုဖြစ်တဲ့ ဒီကြက်သွန်ဖြူဟာ ပျိုတို့ရဲ့ အလှအပ ကွက်လပ်မှာ လည်း ထိရောက်စွာ အစွမ်းဖြည့် ပေးပါတယ်။

ဘေးဘယာများ ဝေဖြာစေဖို့အတွက်

အခုတလော နေရာတိုင်းမှာ ကြားနေရတဲ့ အသံ တစ်ခုကတော့ ချောင်းဆိုး သံပဲ ဖြစ်ပါတယ်။ ဘတ်(စ်)ကားပေါ်မှာ ဖြစ်ဖြစ်၊ ရုံးတွင်းမှာပဲ ဖြစ်ဖြစ် အဟွတ်၊ အဟွတ် နဲ့ ကြားနေရတဲ့ ချောင်းဆိုးရောဂါ အတွက် ကြက်သွန်ဖြူကို စားသုံးပေးခြင်းဖြင့် ပျောက်ကင်းနိုင်ပါတယ်။ နာတာရှည် ချောင်းဆိုးရောဂါများ အတွက်တောင် ကြက်သွန်ဖြူကို အရည်လုပ်ပြီး တိုက်ကျွေးပါက ထင်ရှားစွာ သက်သာပျောက်ကင်းမှာ ဖြစ်ပါတယ်။

ကလေးများ ချောင်းဆိုးခြင်းအတွက် ကြက်သွန်ဖြူကို အပ်နှင့်ထိုးပြီး ပြာကျအောင် မီးဖုတ်၊ ပြာကို အမှုန့်ပြုပြီး ကလေး ချောင်ဆိုးရင် တိုက်ကျွေးပါက ပျောက်ကင်းလာပါမယ်။ ခေါင်းကိုက်ခြင်း အတွက်ကတော့ ကြက်သွန်ဖြူကို ဆားနဲ့ရောပြီး သောက်ပါ။ ကြိတ်ပြီးနားထင်ကို လိမ်းပေး နိုင်ပါတယ်။ အကြောကိုက်ခဲခြင်း အတွက် ကြက်သွန်ဖြူ အရည်နဲ့ ပွတ်လိမ်းပေးပါ။ ကြက်သွန်ဖြူဥ တစ်လုံးကို တစ်နေ့ နှစ်လုံး (သို့) သုံးလုံး စားပေးမယ်ဆိုရင် ရုတ်တရက် နှလုံးရိုက်ခြင်းများကို တားဆီးပေးပြီး နှလုံးရောဂါကို ကာကွယ်ပေးပါတယ်။

အရေပြားရောဂါများ ဖြစ်တဲ့ ပွေး၊ ဝဲ၊ ယားနာတို့အတွက် ကြက်သွန်ဖြူ ကိုထောင်းပြီး အုန်းဆီနဲ့ လိမ်းပေးပါ။ ကာကွယ်ပေးနိုင်တဲ့ ရောဂါများကတော့ ကိုလက်စထရောကို သိသာထင်ရှားစွာ လျှော့ချ ပေးနိုင်ပါတယ်။ ဆီးချိုရောဂါနဲ့ နှလုံးရောဂါများကို ကာကွယ်ပေးနိုင်ပါတယ်။ ကျောရိုးမကြီး ရောဂါကို ၃၀ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ပါတယ်။ အအေးမိ ဖျားနာခြင်းကို ကာကွယ် အထောက်အကူ ပေးပါတယ်။

ကြက်သွန်ဖြူဟာ လက်သည်းခွံတွေကို သန်မာကြံ့ခိုင်စေတဲ့ သတ္တိရှိပါတယ်။ အရင်ဆုံး လက်သည်းကို ရေနွေးနွေးနဲ့ ဆေးကြော သန့်စင်ပေးပါ။ ဒုတိယ အဆင့်အနေနဲ့ ကြက်သွန်ဖြူကို လေးစိတ်ပိုင်းလိုက်ပါ။ အဲဒီ့ အစိတ်လေး တွေကို အသုံးပြုပြီး လက်သည်းကို ပွတ်ပေးပါက အရောင်တောက်ပြောင် လာစေပါတယ်။ ပွတ်သပ်တဲ့ အခါမှာ ငါးမိနစ် ပွတ်ပေးပါက လုံလောက် ပါတယ်။ တတိယ အဆင့်အနေနဲ့ လက်ကို ရေနွေးနွေးနဲ့ ထပ်ပြီး စိမ်ပေးပါ။ စိမ်ပေးပြီးပါက ဆပ်ပြာနဲ့ သုံးကြိမ်တိတိ ဆေးကြောပေးပါ။ ကြက်သွန် အနံ့ မထွက်အောင် ဆေးတာဖြစ်ပါတယ်။

White oion နောက်တစ်နည်းကတော့ ကိုယ်ဆိုးမယ့် လက်သည်းနီဆိုးဆေးပုလင်းထဲမှာ ကြက်သွန်ဖြူဥ တစ်လုံးကို လှီးပြီး ထည့်ပေးထားပါ။ ၇-၁၀ ရက်ခန့်ထားပြီး ဆိုးပေးရင် လက်သည်းဟာ ပိုပြီး တောင့်တင်း မာကျောလာမှာ ဖြစ်ပါတယ်။ အလွယ်တကူနဲ့ လက်သည်း ကျိုးတက်တဲ့ သူများ အသုံးပြုနိုင်တဲ့ နည်းလမ်းကောင်း တစ်ခု ဖြစ်ပါတယ်။ ကြက်သွန်ဖြူဟာ ဝက်ခြံကိုလည်း နိုင်ပါတယ်။

သတင်းကောင်း တစ်ခုကတော့ ကြက်သွန်ဖြူရည်ကို ဆံပင်ကျွတ်တဲ့ နေရာ တစ်ဝိုက် လိမ်းပေးပြီး တစ်ညသိပ်လိုက်ပါ။ မနက်အိပ်ရာထမှ ခေါင်းလျှော် ပေးပါ။ ရက်သတ္တပတ် အနည်းငယ်လောက် လုပ်ပေးလိုက်တာနဲ့ သက်သာ ပျောက်ကင်းလာမှာ ဖြစ်ပါတယ်။ နောက်တစ်နည်းကတော့ ကြက်သွန်ဖြူနဲ့ ဆံသားကို ပေါင်းတင်နည်းပဲ ဖြစ်ပါတယ်။ သံလွင်ဆီ နှစ်ဇွန်း(စားပွဲတင်ဇွန်း)၊ ကြက်ဥတစ်လုံးရဲ့ အနှစ်၊ ကြက်သွန်ဖြူဥ နှစ်လုံး၊ ကြက်ဆူဆီ တစ်ဇွန်း၊ ပျားရည် တစ်ဇွန်းနဲ့ ဗီတာမင်အီးတို့ ပေါင်းစပ်ပြီး ဆံသားကို အမြစ်ကနေ လိမ်းပေးပါ။ လိမ်းပြီး ပဝါနဲ့ မိနစ်သုံးဆယ်ခန့် (သို့) တစ်နာရီခန့် အုပ်ထား ပေးပါ။ ပြီးမှ ရှမ်ပူနဲ့ ခေါင်းလျှော်ပေးလိုက်ပါ။

Yatanarpon Health News

သွေးခဲမှု မဖြစ်အောင် ကြက်သွန်နီ စားသင့်

ကြက်သွန်နီသည် သွေးခဲစေမှု မဖြစ်အောင် ကာကွယ်ပေး သောကြောင့် အစားအစာ များတွင် ပုံမှန် ထည့်သွင်း အသုံးပြုသင့်ကြောင်း ကျန်းမာရေး ဆရာဝန် တစ်ဦးက ပြောသည်။

ယင်းအတွက်ကြောင့် ပုံမှန် စားသုံးသင့်ကြောင်း၊ ဆိုဒီယမ် သတ္တုဓာတ် ပါဝင်ခြင်းကြောင့် ခန္ဓာကိုယ် ရှိ ဆဲလ်များနှင့် အင်ဆူလင် တုံ့ပြန် နိုင်စွမ်းအား ကို ကောင်းမွန်စေတာ ကြောင့် သကြားဓာတ်ကို ထိန်းပေး နိုင်ပြီး နှလုံးရောဂါ အားလျှော့ချပေး နိုင်ကြောင်း သိရှိရသည်။
 
 မျိုးဆက်ပွား အင်္ဂါကို သန်စွမ်းစေကြောင်း၊ ဆီးလမ်းကြောင်း ဝေဒနာများ၊ ဝမ်းကိုက်ခြင်းများကို ကုသရာတွင် အထူး ကောင်းမွန်သည့် သဘာဝဆေး တစ်ခုဖြစ်ကြောင်း သိရှိရသည်။
 
 ထို့အပြင် ကွာစီတင်ဟု ခေါ်သည့် အပင်ထွက် ဖလေဗိုးနျွိက် ပါဝင်သောကြောင့် ကိုယ်ခံစွမ်းအား ကိုမြှင့်ပေးပြီး ကင်ဆာ ဖြစ်ပွားမှုမှ ကာကွယ် ပေးနိုင်ကြောင်းလည်း သိရှိရသည်။

17 Dec 2013

ကြက်သွန်နီသည် ချောင်းဆိုးခြင်းကို သက်သာ စေနိုင်

အလွန် ရိုးရှင်းတဲ့ ချောင်းဆိုးပျောက် ဆေးတစ်ခု ဖော်စပ် နည်းက ဒီလိုပါ။

လက်ဖက် ခြောက်ရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်းနှင့် ပျားရည် လက်ဖက် ရည်ဇွန်း ၁ ဇွန်း ရောပြီး ကြိုက်သလောက် လက်ဖက် ရည်ဇွန်းနှင့် ခပ်သောက်ပါ။
 ပိုပြီး အစွမ်းထက် စေဖို့ ခြစ်ခုံနှင့် ခြစ်ထားတဲ့ ကြက်သွန်နီ အနည်းငယ် ပေါင်းထည့် ပေးပါ။
 ကြက်သွန် နီမှာက ချောင်းဆိုးခြင်း တုံ့ပြန်မှု ဖြစ်စေတဲ့ ဒြပ်ပေါင်းများ ပါဝင် တဲ့အတွက် သလိပ် ထွက်စေ ပါတယ်။

နောက်တစ် နည်းကတော့ အရွယ် အလတ်စား ကြက်သွန်နီ ၆ လုံးကို အခွံခွာပြီး နုတ်နုတ် စဉ်းပါ။ 
ယင်းကို ပျားရည် ခွက်တစ် ဝက်လောက်နှင့် ရောပြီး ဆူပွက် နေတဲ့ အိုးအပေါ်မှာတင်ထားတဲ့ လက်ကိုင်ပါ ဒယ်အိုး သို့မဟုတ် ရိုးရိုး ဒယ်အိုးထဲ ထည့်လိုက်ပါ။
 ယင်းကို အဖုံး အုပ်ပြီး ရေနွေး ငွေ့နှင့် ၂ နာရီကြာ အပူ ပေးပါ။ အရည် ကိုစစ် ယူပြီး အဖုံးပါ ဖန်ဘူး တစ်ခုထဲ ထည့်ထားပါ။
 ၂ နာရီ၊ ၃ နာရီခြား တစ်ကြိမ် လက်ဖက် ရည်တစ်ဇွန်း စာသောက် ပေးပါ။

ဦးလှမြင့်(ဂန္ဓာမာ)

30 Oct 2013

တုပ်ကွေးကို အပြုတ်တိုက်မည့်ကြက်သွန်ဖြူ...

ခေတ်အဆက်ဆက် ပြုလုပ်ခဲ့ကြသော သုတေသနစမ်းသပ်ချက်များအရ ကြက်သွန်ဖြူသည် ရောဂါပိုး အမျိုးမျိုးကို သေစေကြောင်းတွေ့ရှိခဲ့ပြီး ဖြစ်ပါသည်။ စင်စစ်ကြက်သွန်ဖြူသည် အအေးမိ၊ နှားစေးခြင်း၊ လည်ချောင်းနာ၍ ဖျားခြင်း၊ ပသိရောင်ခြင်း၊ တုပ်ကွေးမိခြင်းကို အမြန် ပျောက်ကင်းစေပါသည်။

ရေနွေးပူပူအတွင်းသို့ ကြက်သွန်ဖြူဥ သုံးဥခန့်ကို ချင်း(ဂျင်း)၊ အာလူး၊ မုန်လာဥ၊ ငရုတ်ကောင်း
တို့နှင့်အတူ စွပ်ပြုတ်လုပ်၍ ပူပူလေး သောက်ပေးခြင်းအားဖြင့် လည်ချောင်းနာ၍ ဖျားခြင်း၊ တုပ်
ကွေးမိခြင်းတို့ကို အမြန်သက်သာစေပါသည်။

ဒေါက်တာအောင်နိုင်(ဆေးသုတေသန)
မြန်မာမှု နှင့် တိုင်းရင်းဆေးပညာ စာအုပ်မှ တင်ပြလိုက်ပါသည်။

ရသစုံ စာပေချစ်သူများ
 
ဖတ်မိသမျှ ကျန်းမာရေး သုတစာများ Facebook မှကူးယူပါသည်။

17 Oct 2013

ကြက်သွန်ဖြူ (ALLIUM SATIVUM LINN)

မြန်မာ့ ဟင်းလျာ များနှင့် အစား အစာ များချက် ပြုတ်ရာတွင် ကြက် သွန်ဖြူ ကို ကျယ်ပြန့် စွာ ထည့် သွင်း ချက်ပြုတ် ကြပါတယ်။ တိုင်းရင်း ဆေးဝါး ဖော်စပ် ရာတွင် ပရ ဆေးကုန် ကြမ်းအဖြစ်လည်း အသုံးပြုကြပါတယ်။ မြန်မာ့တိုင်းရင်း ဆေး သမား တော်များ ၏ ဆေးခန်းတွင် လည်း ဆေးဝါးတစ်မျိုးအဖြစ် အသုံးပြု လေ့ရှိပါတယ်။ ကျွမ်းကျင်သူ၏ ညွှန်ကြားချက်၊ ဆေး ညွှန်းအတိုင်း ဆေးဝါးများကို စနစ် တကျသောက်သုံးခြင်းသည် သက်ရှည် ကျန်းမာရေးကဏ္ဍတွင်အဓိကကျသော အချက်အလက်တစ်ခုဖြစ်ပါတယ်။ အစဉ်သတိ အမြဲရှိ ကြက်သွန်ဖြူနှင့် ပတ်သက်သော ကျန်းမာရေးဆိုင်ရာ သိမှတ်စရာများ ကို ပဏာမ တင်ပြပါရစေ။ ကြက်သွန် ဖြူတွင် သွေးကျဲစေသည့် အာနိသင်ရှိ သည့်အတွက် သွေးမတိတ်ရောဂါရှိသူ များ၊ မကြာခဏနှာခေါင်းသွေးယိုတတ် သူများနှင့်ခွဲစိတ်ကုသမှုခံယူထားသူများ ဟာ ကြက်သွန်ဖြူစားသုံးခြင်းကို ရှောင်ရှားသင့်ပါတယ်။ကြက်သွန်ဖြူကို အလွန် အကျွံ စားသုံး မိခြင်း ဖြင့် ကြက်သွန်ဖြူတွင် ပါဝင်သော အချိုဓာတ် များနှင့် ဓာတ် မတည့် မှု (Garlic Allergy) ဖြစ်ကာ ချွေးထွက်များခြင်း၊ လည်ချောင်းနာ ခြင်း၊ မူးဝေခြင်း၊ ခေါင်းကိုက်ခြင်း တို့ဖြစ်ပေါ် ခံစားရနိုင်ပါတယ်။

ကြက်သွန်ဖြူ ပျားရည်ဆေးနှင့် ကာကွယ်ပါ


ဒီနည်းကတော့ ရှေးကျတဲ့နည်း ဖြစ်ပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အာဟာရများ ပါဝင်တဲ့ ဆေးဝါးနည်း တစ်မျိုးဖြစ်ပါတယ်။ လတ်ဆတ်တဲ့ ကြက်သွန်ဖြူဥတစ်လုံးကို အခွံနွှာပြီး သန့်ရှင်းသော ဖျာချုပ်အပ်နဲ့ ၅ချက်- ၆ချက်ခန့်ဖောက်ကာ ပျားရည်ထည့် ထားတဲ့ ပုလင်းထဲတွင် စိမ်ထားပါ။ ထိုပျားရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်း ကို နံနက် တစ်ကြိမ်၊ ညတစ်ကြိမ် စားသုံးပေးခြင်းအားဖြင့်သွေးတိုးရောဂါ နဲ့ နှလုံး သွေးကြော ကျဉ်း ရောဂါ ရှင်များ အတွက် အကျိုးကျေးဇူးများစွာ ဖြစ်ပေါ်စေနိုင်ပါတယ်။ ကြက်သွန်ဖြူတွင်ပါရှိသော Allicin ဒြပ်ပေါင်းသည် ဆေးဖက်ဝင် အာနိ သင်များကို ရရှိစေသည်ဟု သုတေ သနပညာရှင်များက မှတ်ချက်ပေး ထားပါတယ်။

ဆေးသိပံ္ပသုတေသန တွေ့ရှိချက် အဆို


သွေးခဲခြင်း၊ သွေးလွှတ်ကြော များကျဉ်း မြောင်းခြင်း၊ သွေးကြော မာခဲခြင်းတို့ကိုထိရောက်စွာ ကာကွယ် ပေးနိုင်သည့် အာနိသင်ရှိပါတယ်။ ခန္ဓာကိုယ်အတွင်း သွေးလှည့်ပတ်မှု ကောင်းမွန်စေတဲ့အတွက် နှလုံးသွေး ကြောကျဉ်းရောဂါ၊ လေဖြတ်၊ လေ သင်တုန်းရောဂါနဲ့လေငန်းရောဂါအပြင် ခြေဖျားလက်ဖျားသို့ သွေးရောက်ရှိမှု နည်းသော ရောဂါသည်များအနေဖြင့် ကြက်သွန်ဖြူကို ပုံမှန်စားနေကျအစား အစာတွေထဲမှာထည့်သွင်းစားသုံးသင့် တယ်လို့ ဆေးသိပ္ပံပညာရှင်များမှ တိုက်တွန်း အကြံပြုထားပါတယ်။

ကြက်သွန်ဖြူ အစွမ်း သွေးတိုးရောဂါအတွက် အံ့မခန်း

Ace Inhibitor ကဲ့သို့ အာနိသင် ရှိသည့် Gamma-Glutamyl Cysteine ပါဝင်တဲ့အတွက် သွေးတိုးကျစေသည် ဟု သုတေသန စာတမ်းအချို့တွင် ထုတ်ဖော်ရေးသားထားပါတယ်။ လတ်တလောခံစားနေရသည့် မပြင်း ထန်သော သွေးတိုးရောဂါနှင့် နာတာ ရှည် သွေးတိုးရောဂါလူနာများအနေ ဖြင့် ကြက်သွန်ဖြူကို စားသုံးပေးသင့် ကြောင်း သိရပါတယ်။

အပင်ထွက် ဓာတုဒြပ်စင်များ (Phytochemical)

ကြက်သွန်ဖြူတွင် ပါဝင်သော အဓိကကျသည့် ဒြပ်ပေါင်းများမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်-
- Lecithin - Allicin - Beta Sitosterol
- Garlic Oil
- Linoleic Acid
- Palmitic Acid
ကျန်းမာရေးစာတိုများစုစည်းမှု   ( FB မှကူးယူပါသည် )

6 Oct 2013

ကြက်သွန်နီပင်

မြန်မာ့ဆေးဖက်ဝင် ကြက်သွန်နီပင်
••••••••••••••••••••••••••••••••••••••••••••••••••••••
by မြန်မာ့ဆေးဖက်ဝင်အပင်များOctober 7, 2013 at 6:04am

Item Name --------- Onion (ကြက်သွန်နီဥကြီး)
Category ------------ Raw Material
Botany Term -------- Allium cepa Linn
Species Family ----- Liliaceae

မြန်မာနိုင်ငံ အနှံ့အပြား အေးလွန်းသော ဒေသမှ အပ စိုက်ပျိုးဖြစ်ထွန်းသည်။
စိုက်ပျိုးပင် အဖြစ် ပေါက်ရောက်သည်။ အကျယ် ၃ ပေ ၊ အမြင့် ၈ လက်မ အရှည် သင့်တော်သလို ဘောင်များပြုလုပ်ပြီးနောက် မျိုးစေ့ကို လက်ဖြင့် ညီညာစွာချ၍ ထွန်ခြစ်ဖြင့် မြေဆွဲ ကာဖုံးအုပ်ရမည်။ ထို့နောက် ရေပန်းကရားဖြင့် ရေလောင်းပြီးနောက် ကောက်ရိုးအုပ်ထားရမည်။ ၅ ရက်ကျော်မှ ကောက်ရိုးဖယ်ပေးရသည်။ ရေကို လိုသလို လောင်းပေးခြင်းနှင့် လက်ပေါင်းလိုက်ခြင်း ပြုလုပ်သွားပြီး ပျိုးသက် ၄၅ ရက်ရှိက ပြောင်းရွှေ့စိုက်နိုင်သည်။ အကျယ် ၄ ပေ ၊ အလျား ၆ပေရှိ စိုက်ကွင်းများတွင် တစ်လက်မခန့် နက်သော မြောင်းကလေးများ ၆ လက်မအကွာ ဖော်သွားပြီး ယင်းမြောင်းများ၌ တစ်ပင်နှင့်တစ်ပင် ၄ လက်မခြား၍ စိုက်ရမည်။ စိုက်ပြီး ရေလောင်းပြီးနောက် တစ်လအကြာတွင် တစ်ကြိမ်ရေသွင်းပေးရန်လိုသည်။ ၎င်းနောက် ၆-၈ ရက်အကြာတစ်ကြိမ် ၊ ၈ ကြိမ်အထိ လိုအပ်သလို ရေပေးရမည်။ တပေါင်းလ အရွက်များ နွမ်းရိစပြုချိန် တွင် ကြက်သွန်ဥများ ဖော်နိုင်သည်။ ကြက်သွန်ဥများ ဖော်ပြီးနောက် အရိပ်ထဲ၌ ကောင်းစွာ ခြောက်သွေ့ စေရမည်။

အပင်

ပင်ပျော့ ပင်ငယ်မျိုးဖြစ်သည်။ အမြင့် ၁ ပေခန့်ထိရှိသည်။ ပင်စည်မှာ ဥ၏ အောက်ခြေတွင် ရှိပြီး အနည်းငယ် မာကျော၍ အ၀ိုင်းငယ်ပုံသဏ္ဍာန်ရှိသည်။ ၎င်းမှ အမြစ်များ ဖြာထွက်သည်။

အရွက်

အရွက်စုပြုံထွက်သည်။ ပြွန်ပုံရှိပြီး ပြောင်ချော၍ ပျော့ပျောင်းသည်။ အခေါင်းပါသည်။ အပေါ်ဘက်သို့ သေးသွယ်၍ ကျဉ်းမြောင်းသွားသည်။ ရွက်ထိပ်ချွန်သည်။ အစိမ်းရင့်ရောင် ရှိသည်။ ရွက်ရင်းဖြူသည်။

အပွင့်

လုံးဝိုင်းသော ထီးပုံသဏ္ဍာန် ပန်းခိုင်တွင် ကြယ်ပုံပန်းပွင့်အဖြူလေးများ ပွင့်၏ ။ ပွငဖတ်အုံ ရှည်မျောမျော ပုံရှိ၏။ ထိပ်ချွန်သည်။ ၀တ်ဆံဖိုတိုင်မှာ ပွင့်ချပ်ထက် ရှည်သည်။ပြာသို ၊ တပို့တွဲတွင် ပွင့်သည်။



နီညိုရောင်ရှိပြီး လုံးဝိုင်းသည်။ ဥအပေါ်ယံကို ပါးလွှာသော အဖတ်များဖြင့် အထပ်ထပ် ဖုံးအုပ်နေသည်။အတွင်း၌ အရည်ရွှမ်းသော အသားဖတ်များ ရှိ၏။

► အသုံးဝင်ပုံ

ဥ ။

အာနိသင်

မြန်မာဆေးကျမ်း များ အလိုအရ ကြက်သွန်နီသည် ချို၏ ၊ စပ်၏ ၊ အနည်းငယ်ပူ၏ ၊ လေသလိပ် ၊ အဖျား ၊ ချောင်းဆိုးနာတို့ကို နိုင်၏ ။ ဆီးရွှင်စေ၏ ။ နှုတ်မမြိန်၊ အော့အန်ရောဂါ တို့ကို ပျောက်စေ၏။ ခွန်အားကို ဖြစ်စေ၍ သုက်အားကို ပွားများစေတတ်၏ ။ အော့အန်ခြင်း စသော ရောဂါများကို ပျောက်ကင်းစေတတ်၏။

► ဥအသုံးပြုပုံ

၁ ။ကြက်သွန်နီဥကို အစိမ်းစားခြင်းဖြင့် ဆီးချုပ်ရောဂါ ပျောက်ကင်း၍ ဆီးရွှင်စေ၏။
၂ ။ ကြက်သွန်နီစေ့ကို ထောင်းစားက အားတိုးစေ၏။
၃ ။ မီးဖုတ်ထားသော ကြက်သွန်နီကို ခွဲ၍ ဆီးအိမ်ပေါ်၌ ပူပူနွေးနွေးကပ်ပေးသော် ကလေးဆီးချုပ်ရောဂါ ပျောက်၏ ။
၎ ။ ကြက်သွန်နီရည် အနည်းငယ်ကို တိုက်ကျွေးလျှင် ကလေးများ ၀မ်းဗိုက်နာရောဂါ ပျောက်၏ ။
၅ ။ သကြားနှင့် ကြက်သွန်နီ အရည်ညှစ်၍ ရှာလပတ်ရည်လုပ်သောက်သော် ဆီးပူရောဂါ ၊ ၀မ်းရောဂါ ပျောက်၏ ။
၆ ။ ကြက်သွန်နီ လတ်လတ်ဆတ်ဆတ် ညှစ်၍ ကြွေဇွန်း ထက်ဝက် သကြားအနည်ငယ် ထည့်ပြီး တစ်နေ့တစ်ကြိမ် သောက်သော် သွေးပါက လိပ်ခေါင်းရောဂါသက်သာ၏ ။
၇ ။ ညအခါ မျက်စိမမြင်ရသည့် ကြက်မျက်သင့်သောရောဂါ အတွက် ကြက်သွန်နီအရည်တွင် ဆားအနည်းငယ်ထည့် ၍ မျက်စဉ်း ခတ်ပေးသော် ပျောက်၏။
၈ ။ ကြက်သွန်နီမီးဖုတ်အရည် နွေးနွေးကို နားထဲထည့်သော် နားကိုက်ရောဂါ ပျောက်၏ ။
၉ ။ ကြက်သွန်နီအရည်ညှစ်၍ နားထဲ တစ်နေ့ သုံးကြိမ်ထည့်သော် နားပြည်ယိုရောဂါ ပျောက်၏။
၁၀ ။ ကြက်သွန်နီကို ဓားနှင့် လှီး၍ အစေးထွက်လာလျှင် ထိပ်ဝကို ကွမ်းစားထုံးသုတ်၍ ကင်းမြီးကောက် စသော အဆိပ်ရှိသတ္တ၀ါ ကိုက်သည့်နေရာ၌ ၎င်းထိပ်ဝဖြင့် ပွတ်ခြင်း၊ အရည်ညှစ်၍ သုတ်လိမ်း ခြင်း ဖြင့် အဆိပ်မတက်နိုင်တော့ချေ။
၁၁ ။ ကြက်သွန်နီကို ဒူလာပါဒရက် ၊ မီးယပ်ပိန်ခြောက် ၊ ရင်နာ လေနာ ရောဂါများအတွက် ဖော်စပ်သောဆေးများတွင်လည်း ထည့်သွင်း အသုံးပြုနိုင်၏။

မြန်မာ့ဆေးဖက်ဝင်အပင်များ
photo by google search
မည်သူမဆိုလွတ်လပ်စွာကူးယူဖေါ်ပြနိုင်ပါသည်။
ကျန်းမာရေးဗဟုသုတတိုးပွါးစေရန် Like,share, ,Credit ပေးခြင်းဖြင့်လည်းကူညီနိုင်ပါသည်။
source >>>http://myanmarherbal.blogspot.com/2013/10/blog-post_91.html

24 Sept 2013

ဆေးမှာတစ်မူကြက်သွန်ဖြူ

(၁) ကြက်သွန်ဖြူကို စားသုံးခြင်းဖြင့် သလိပ်၇ှင်းသည်။ ဆီးကို၇ွှင်စေသည်။ အလွယ်တကူ ကျေ၇ာက် တက်သည့်ေ၇ာဂါပိုးများကိုလည်း ကာကွယ် ပေးနိုင်သည်။ ကင်ဆာဆဲလ်များ ဖြစ်သော ကာစီနိုဂျင် (Carcinogens) များကို ဟန့်တားခြေဖျက် နိုင်စွမ်း ၇ှိကြောင်းပင် ဖြစ်သည်။  

 (၂) ကြက်သွန်ဖြူတွင် ပါဝင်သော အော်ဂင်နိုဆာလ်ဖာ ဒြပ်ပေါင်းသည် ၀မ်းတွင်း၇ှိ ဗက်တီး၇ီးယားများကို ဟန့်တား နိုင်သည်။ အစိမ်းလိုက်စားခြင်းဖြင့် ၀မ်းတွင်းကင်ဆာ ဖြစ်မှုကို ပပျောက်စေနိုင်ကြောင်း

(၃) အမျိုးသမီးများတွင် ဖြစ်တက် လေ့၇ှိသော ၇င်သား ကင်ဆာဆဲလ် (Breast Cancer Cell) များတိုးပွားမှုကို ၇ပ်ဆိုင်းစေသည်။ ကြက်သွန်ဖြူသည် ၇င်သားကင်ဆာ ဖြစ်မှုကိုဟန့်တားစေ နိုင်ကြောင်း

(၄) ကြက်သွန်ဖြှူဆီသည် ပင်ပန်းနွမ်းနယ်မှု Stress ကိုလည်း လျော့နည်းသက်သာ စေနိုင်ကြောင်း  

(၅) ကြက်သွန်ဖြူသည် အူမကြီး၊ စအို၊ အစာေ၇မျိုနှင့် အေ၇ပြားတွင် ဖြစ်ပွားစေတက်သော အဖုအကြိတ်များ၏ ကြီးထွား မှုကိုဟန့်တားစေနိုင်ကြောင်း 

(၆) နေ့စဉ် ကြက်သွန်ဖြူဥ တစ်လုံးကိုစားသုံးခြင်းဖြင့် ကိုလက်စေ၇ာ ၉% ကျဆင်းစေနိုင်ကြောင်း၊ ကိုလက်စေ၇ာ ၁% ကျဆင်းတိုင်း နှလုံး သွေးကြောကျဉ်းေ၇ာဂါဖြစ်၇န် အလားအလာများ၂% လျော့နည်းသွားကြောင်း

(၇) ခန္ဓာကိုယ်တွင်း၇ှိ အဆိပ်အတောက်များကို ကာကွယ်စေနိုင်ကြောင်း၊ အေ၇ပြားပေါ်တွင် ဖြစ်ပွားတတ်သည့် မှက္ခ၇ုေ၇ာဂါနှင့် အေ၇ပြားမှိုစွဲေ၇ာဂါများကို ပျောက်ကင်းစေနိုင်ကြောင်း၊

(ဂ)အအေးမိ၊ နှာစေး၊ ချောင်းဆိုး၊ တုတ်ကွေး ဖြစ်ခြင်းနှင့် လေပြွန်ေ၇ာင်၇မ်းခြင်း၊ အဆစ်အမြစ်ေ၇ာင်ခြင်း တို့ကိုသက်သာပျောက်ကင်းစေနိုင်သည်။

(၉) ကြာ၇ှည်စားသုံးလျှင် ဆံပင်နက်၍ သုတ်ကိုပွားစေသည်။

(၁၀) ကြက်သွန်ဖြူသည် အဆီကို ကျစေနိုင်သဖြင့် နေ့စဉ်မှန်မှန် စားသုံးပါက သွေးတိုးေ၇ာဂါ မဖြစ်စေ၇န်နှင့် ဖြစ်ပွားနေသော သွေးတိုးေ၇ာဂါကို ပျောက်စေနိုင်သည်။ သွေးအဆီပိတ်သည့်
ေ၇ာဂါကိုဖြေ၇ှင်း နိုင်စွမ်း၇ှိသည်။

(၁၁) မလိုအပ်သောအဆီများကို ပျော်ဝင်စေသည်သာမက ဆုံဆို့နာ၊ အဆုတ်နာများ ကိုအပါအ၀င် ပိုးမွှားများ ကို သတ်နိုင်ကြောင်း နှင့် ပင်နီဆလင်ဆေးအပြင် အခြားပဋိဇီဝဆေး အချို့ထက်အစွမ်းထက်ကြောင်းကို UPI သတင်းတစ်ခုက ဆိုထားသည်။

(၁၂) ကြက်သွန်ဖြူကို ပါးပါးလှီးထောပတ်နှင့်ကြော် ထမင်းနှင့် နယ်စားပါက ၀မ်းကိုက်ေ၇ာဂါကို ပျောက်စေနိုင်သည်။

(၁၃) ဆီးနှင့်ဝမ်းကို၇ွှင်စေ သဖြင့် မီးဖုတ်စားသော် လေကိုအထူး၇ွှင်စေနိုင်သည်။ ၀မ်းဖော၊ ၀မ်းေ၇ာင်၊ ၀မ်းကိုက်ေ၇ာဂါများကိုပျောက်စေ နိုင်သည်။

(၁၄) ကြက်သွန်ဖြူဥတစ်လုံးကို ကြေးချိတ်နှင့်ဖောက်၍ ပျား၇ည်တွင် စိမ်ထားပြီး စားသုံးပါက အိပ်ပျော်စားဝင် အားအင်ပြည့် ဖြိုးစေနိုင်ပြီး ကျန်းမာေ၇းပို၍ ကောင်းစေသည်။

(၁၅) ကြက်သွန်ဖြူကို အဆီထုတ်၍ တိုက်ကျွေးပါက သလိပ်၇ွှင်စေသည်။ ချောင်းဆိုးသလိပ်ကပ်ခြင်းတို့ကို ပျောက်စေသည့်အပြင်ေ၇ာဂါပိုးများကိုလည်း
 သေစေနိုင်သဖြင့် မြစ်ခြောက်နာခေါ်ဘ အဆုတ်နာ(တီဘီ)ေ၇ာဂါများအတွက်ကိုလည်း တိုက်ကျွေးနိုင်သည်။

(၁၆)ကလေးများလေဆန်နာဖြစ်ခဲ့ပါက ကြက်သွန်ဖြူဥ တစ်လုံးကို မီးဖုတ်ကျွေးခြင်းဖြင့်ပျောက်ကင်းစေ နိုင်သည်။

(၁၇) ကြက်သွန်ဖြူကို နှမ်းဆီ၊ လေညှင်းတို့နှင့်ေ၇ာစပ်ကျိုချက်ပြီး လိမ်းဆေးအဆီအဖြစ်ပြုလုပ်၍ လိမ်းပေးခြင်းဖြင့် ကိုယ်လက်ကိုက်ခဲခြင်း၊ နားပြည်ယိုခြင်းများကို သက်သာစေသည်။
 
CREDIT TO >> မွေးနေ့ ဆုမွန် 

22 Sept 2013

ကြက်သွန်ဖြူ၏ စွမ်းပကားများ

ကြက်သွန်ဖြူဟာ ဆိုလျှင် ဟင်းခတ် အမွှေးအကြိုင် များထဲတွင် တစ်အခု အပါအဝင် ဖြစ်ပါတယ်။ ကြက်သွန်ဖြူကို စားသုံးခြင်းအားဖြင့် ဘယ်လို ရောဂါတွေကို ပျောက်ကင်းနိုင်တယ် ဆိုတာကို ရေးသားလိုက် ရပါတယ်။

၁။ သွေးတိုးရောဂါ ပျောက်ကင်းစေနိုင် ပါတယ်။

၂။ တုပ်ကွေးရောဂါဖြစ်ပါက ဟင်းချိုထဲတွင် ကြက်သွန်ဖြူများများ ထည့်ပြီး သောက်ပါ။

၃။ ကူးစက်ရောဂါများ အတွက်လည်း ကောင်းမွန်ပါတယ်။

၎။ ကိုလက်စရောကို လျော့ကျစေပါတယ်။

၅။ အနာဖြစ်ပါက ကြက်သွန်ဖြူစားပေးပါ။

၆။ လိင်အင်္ဂါရောဂါ အတွက်လည်း အထူးပင် ကောင်းမွန်ပါတယ်။

၇။ ကင်ဆာရောဂါ အတွက်လည်း ကောင်းမွန်ပါတယ်။

၈။ သွေးလည်ပတ်မှု အတွက်လည်း ကောင်းမွန်ပါတယ်။

၉။ မျက်စိ တိမ်တွယ်ခြင်း အတွက်လည်း ကောင်းမွန်ပါတယ်။

၁၀။ ကြွက်နို့များကိုလည်း သေစေနိုင်ပါတယ်။

၁၁။ နာတာရှည် လည်ချောင်းနာခြင်း အတွက်လည်း ကောင်းပါတယ်။

၁၂။ အိပ်မပျော်သည့် ရောဂါအတွက်လည်း အထူးပင် ကောင်းမွန်ပါတယ်။

၁၃။ ခန္ဓာကိုယ် အတွက် ခွန်အားကိုလည်း ဖြစ်စေတာကြောင့် အားကစားသမားများ အထူးပင် စားသုံးသင့်ပါတယ်။

အထက်ပါ ရောဂါများအတွက် အထူးပင် ကောင်းမွန်သော ကြက်သွန်ဖြူကို နေ့တိုင်း စားသုံးသင့်တယ်လို့ ဆိုပါတယ်။

Ref - Health
http://myawadynews.blogspot.com/2013/09/blog-post_4260.html

25 Jan 2013

ဆေးဖက်ဝင်သော ကြက်သွန်နီ

ကြက်သွန်နီဆိုသည်မှာ အနံ့စူးရှ၍ ဟင်းခတ်ဥပင် တစ်မျိုးပင် ဖြစ်ပါသည်။ကြက်သွန်နီသည် အစေ့ကို ပျိုးထောင်၍ စိုက်သော ကြက်သွန်နှင့် ကြက်သွန်ဥ သေးများကို မြေတွင်ချစိုက်သော အမြိတ်ထောင် ကြက်သွန်ဟူ၍ နှစ်မျိုးရှိပါသည်။ အစေ့ကိုပျိုးထောင်၍ စိုက်ပျိုးသော ကြက်သွန်နီဥမှာ တာရှည်အထားခံ သော်လည်း ကြက်သွန်နီဥသေးကို စိုက်သော အမြိတ် ထောင်ကြက် သွန်နီဥမှာမူ တာရှည် အထားမခံပေ။ အစေ့ပျိုးထောင် စိုက်ပျိုးသော ကြက်သွန်နီဥ မပေါ်ခင် စပ်ကြားတွင် အစားထိုးစားသုံးသော ဥပင်လျှင်ဖြစ် ပါသည်။


အဆိုပါ ကြက်သွန်နီဥ ၂ မျိုး စလုံး ဆေးဖက်ဝင် ပါသည်။ သို့သော် အစေ့ပျိုးထောင်၍ စိုက်ပျိုးသော ကြက်သွန်နီဥမှာ ပိုမို၍ ဆေးစွမ်း ထက်မြက်ကြောင်း ဆိုကြပါသည်။ ကြက်သွန်နီသည် ... လေသလိပ်၊ အဖျား၊ ချောင်း ဆိုးတို့ကို နိုင်၏။ ဆီးရွှင်စေ၏။ နှုတ် မမြိန်၊ အော့အန်ခြင်းတို့ကို ပျောက် ကင်းစေ၏။ ခွန်အားကို ပြုတတ်၏။ သုက်အားကို အလွန်ပွားစေတတ်၏။ ကာမသတ္တိကို ဖြစ်စေတတ်၏ ဟူ၍ ဆေးကျမ်းများက ဖွင့်ဆိုထားကြပါ သည်။ ကြက်သွန်နီဥကို အမောအပန်း ခံနိုင်စေရန်၊ ခွန်အားရှိစေရန်နှင့် ဆီးရောဂါများ ကင်းရှင်းစေရန်အတွက် ထမင်းစားသည့်အခါ အစိမ်းလိုက် စားကြသလို၊ အချဉ်တည်၍လည်း နေ့စဉ်စားသုံးကြလေ့ရှိပါသည်။ အချို့ဆီး မထိန်းနိုင်သော သူများ ဆီးတစ်စက်စက် ကျသောသူများ၊ ဆီးပူ ညောင်းကျဖြစ်သူများသည် ကြက်သွန်နီဥ ပြုတ်ရည်ကို သောက်သုံးပါက ပျောက်ကင်းနိုင်ပါသည်။

(အချို့နေပူထဲမှ ပြန်လာပါက ဆီးပူ ဆီးအောင့်မဖြစ်စေရန် ကြိုတင် ကာကွယ်သည့် အနေဖြင့် သောက်သုံး ကြပါသည်။)
ဆီးချုပ်တတ်သော ကလေးလူ ကြီးများသည် ကြက်သွန်နီဥ အနေတော်ကို မီးဖုတ်၍ ဓားဖြင့် ထက်ခြမ်းခွဲကာ ထိုကြက်သွန်နီဥ အခြမ်း ပူပူနွေးနွေးကို ဆီးအိမ်ပေါ်၌ တင်(ကပ်) ပေးပါက ချက်ချင်းပျောက်ကင်းစေပါ သည်။ ချမ်းတုန်နေသောသူများအား ကြက်သွန်နီဥအနေတော်ကို ထက် ပေးခြင်း၊ နားကိုက်၊ နားပြည်ယိုများ ကို နားအတွင်းသို့ ထည့်ပေးခြင်းအားဖြင့် ပျောက်ကင်းစေ ပါသည်။ ထို့ပြင် ကြက်သွန်နီဥ၊ ထန်းဖို ထန်းလျက် (ထန်းဖိုထန်းလျက်မှာ ဆေးဖက်ဝင်ပြီး၊ ထန်းမ ထန်းလျက်မှာ ဆေးဖက်မဝင်ပါ)၊ မန်ကျည်းမှည့်၊ ဆားနှင့် စမုန်တို့ကို ရောကြိတ်၍ ထောပတ်နှင့်နယ်ကာ ဖန်ပုလင်းထဲ တွင် ထည့်၍ ဝမ်းချုပ်၊ လေဆန်၊ လေပူ၊ ရင်အောင့်၊ ခါးအောင့်၊ အကြောတက်ရောဂါများအတွက် တေဆေးအဖြစ် နေ့စဉ်စားသုံးနိုင်ပါ သည်။ သွေးပါသော လိပ်ခေါင်းရောဂါ ဝေဒနာရှင်များအတွက် ကြက်သွန်နီ ဥအရည်ကို သကြားအနည်းငယ်နှင့် ရော၍ တစ်နေ့တစ်ကြိမ် သောက်သုံးပါက ပျောက်ကင်းစေ ပါသည်။

ထို့အပြင် အဆိပ်ရှိသော သတ္တ ဝါများ ကိုက်လျှင် ကြက်သွန်နီဥ၏ လတ်ဆတ်သော အစေးကို ကွမ်းစား ပွတ်ခြင်း၊ ကြက်သွန်နီဥ အရည်ကို သုတ်လိမ်းပေးခြင်းဖြင့် အဆိပ်မတက် ဟုဆိုကြပါသည်။ မြန်မာအမျိုးသမီးများသည် ဟင်းချက်သည့်အခါ ဖြစ်စေ၊ဟင်းရွက်၊ အသားသုပ်သည့်အခါဖြစ်စေ စား ကောင်း၍ အာဟာရဖြစ်စေရန်နှင့် ကျန်းမာရေးနှင့်ပြည့်စုံ ဆေးဖက်ဝင် စေရန်အတွက် ထည့်သွင်းကြလျက် ရှိကြပါသည်။ ကြက်သွန်နီသည် လူအများ အတွက်သာ ဆေးဖက်ဝင်သည် မဟုတ်ပေ။ ကျွဲ၊ နွား၊ မြင်းအတွက် လည်း ဆေးဖက်ဝင်ပါသည်။ ဝဲရောဂါ၊ ဆီးချုပ်၊ ဝမ်းချုပ်၊ အကျိတ်ရောင် ရောဂါများအတွက် မျက်စဉ်းဆေး အဖြစ် အသုံးပြု၍ ရသလို၊ ခွာနာများ အတွက်လည်း အင်တွဲ၊ ဒုတ္ထာတို့ကို ရောကြိတ်၍ အုန်းဆီနှင့် ဖျော်လိမ်း ပေးပါက လျင်မြန်စွာ ပျောက်ကင်း စေပါသည်။ ဆိုရလျှင် ကြက်သွန်နီဥသည် သာမန်စားသုံးသည့် ဥမဟုတ်ဘဲ လွန်စွာအဖိုးထိုက်တန်လှသော ဆေးဖက်ဝင် ကြက်သွန်နီ ဥဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။

မောင်မောင်ချစ်ဦး(မုံရွာ)
Ref>>Health Digest

5 Jan 2013

ဆံပင်ကျွတ်ခြင်းအတွက် ကြက်သွန်ဖြူ နှင့် ကြက်သွန်နီ

ဆံပင်ကျွတ်ခြင်းအတွက် ကြက်သွန်ဖြူနှင့် ကြက်သွန်နီတို့ကို ဘေးထွက်ဆိုးကျိုး မရှိနိုင်သော သဘာဝဆေးဖက်ဝင် အပင်များအဖြစ် အသုံးပြုနိုင်ပါသည်။

ကြက်သွန်ဖြူ
ကြက်သွန်ဖြူသည် အဆိပ်အတောက်များကို ဖယ်ရှားပျက်စီးစေပြီး သွေးလည်ပတ်မှုကို ကောင်းစေကာ ဆံပင်များရှည်လျား စေသည့် အပြင် ဆံပင်ကျွတ်ခြင်းကိုလည်း ကာကွယ်ပေးနိုင်သည်။ ကြက်သွန်ဖြူမှာ ထုတ်နုတ်ထားသော ပစ္စည်းများပါသည့် ခေါင်းလျှော်ရည်များသည် ဆံပင်ကို သန်စွမ်းစေကာ ဆံပင်ကျွတ်ခြင်းနှင့် ကျိုးကြေခြင်း တို့ကို ကာကွယ်ပေးသည့်အပြင် ဆံကေသာကို တောက်ပြောင်လှပလာစေသည်။ ဆံပင်ခြောက်သွေ့နေသူများနှင့် ဦးရေပြားယားယံတတ်သူများလည်း ကြက်သွန်ဖြူကို ယားယံမှုများမှ သက်သာစေရန် အသုံးပြုနိုင်သည်။
ဆံပင်ကျွတ်ခြင်းအတွက် ညအိပ်ရာမဝင်မီ တစ်နာခန့်အလိုတွင် ကြက်သွန်ဖြူတစ်မြွှာအား အလွှာလိုက်လှီးကာ ဆံပင်ကျွတ်နေသောနေရာတွင် ပွတ်လိမ်းပေးပါ။ တစ်နာရီခန့် စောင့်ပြီးနောက် ဦးရေပြားအား သံလွင်ဆီနှင့် နှိပ်နယ်ပေးပါ။ ထို့နောက် ခေါင်းစွပ်ကိုစွပ်၍ အိပ်ရာဝင်ပါ။ မနက်တွင် ခေါင်းလျှော်ရည်ဖြင့် လျှော်ပေးပါ။ ရက်သတ္တပတ် အနည်းငယ်ကြာ ဆက်တိုက်လုပ်ပေးပါက ဆံပင်ကျွတ်ခြင်း ရပ်တန့်၍ ဆံပင်ပြန်ပေါက်လာစေပါသည်။

ကြက်သွန်နီ
ကြက်သွန်နီတွင် အရေးကြီးသော ဗီတာမင်နှင့် သတ္တုဓာတ်များဖြစ်သည့် ဗီတာမင်စီ၊ ဘီစစ်၊ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်စီယမ်နှင့် ဂျာမေနီယမ်တို့ ပါဝင်ပါတယ်။ ဆာလ်ဖာပါဝင်မှုလည်း မြင့်မားသည်။ ဆာလ်ဖာသည် ခန္ဓာကိုယ်ထဲရှိ ဆဲလ်တိုင်းတွင် ပါရှိပြီး၊ ဆံပင်၊ အရေပြားနှင့် လက်သည်းများတွင် ပါဝင်မှု အများဆုံးဖြစ်သည်။
ဆံပင်ကျွတ်ခြင်းအတွက် လတ်လတ်ဆတ်ဆတ်ညှစ်ထားသော ကြက်သွန်နီအရည်ကို ဦးရေပြားပေါ်တွင် တိုက်ရိုက်လိမ်းလိုက်ပါ။ ထို့နောက် ဆံပင်အရင်းအထိ စိမ့်ဝင်နိုင်အောင် ဦးရေပြားအား နှိပ်နယ်ပေးပါ။ နာရီဝက်ခန့်ကြာက ခေါင်းလျှော်ရည်ဖြင့် လျှော်ပေးပါ။ နေ့စဉ်ဆက်တိုက်လုပ်ပေးပါက လအနည်းငယ်အတွင်း ဆံကေသာ သန်စွမ်းလာစေ နိုင်ပါသည်။
Ref: Good Health

30 Dec 2012

“ ကြက်သွန်နီကိုစားသုံးခြင်းဖြင့် နှလုံးရောဂါနှင့် အစာအိမ်ကင်ဆာကို ကာကွယ်တားဆီးနိုင် “

ကြက်သွန်နီက နှလုံးရောဂါကို ကာကွယ်နိုင်ကြောင်း သုတေသီများက ကြေငြာကြွေးကြော်လိုက်ကြသည်။
 ကြက်သွန်နီမှာ ခန္ဒာကိုယ်ထဲမှနှလုံးရောဂါနှင့် လေဖြတ်ခြင်းများ ဖြစ်ပွားစေသည့် မကောင်းသော ကိုလက်စထရောလ်များကို ကူညီစွန့်ထုတ်ပေးပြီး တစ်ချိန်တည်းမှာ နှလုံးရောဂါကို တိုက်ဖျက်ပေးသည့် ကောင်းသော ကိုလက်စထရောလ်များကို ထိန်းသိမ်းပေးကြောင်း တရုတ်သုတေသီများက ထုတ်ဖော်ကြေငြာလိုက်ခြင်း ဖြစ်သည်။


ဟောင်ကောင်မှ သိပ္ပံပညာရှင်များက ကိုလက်စထရောလ်များသော အစာများကို တိုက်ကျွေးထားသော ကြွက်များကို ခြေမွထားသော ကြက်သွန်နီများ စားစေပြီး စမ်းသပ်လေ့လာမှု ပြုလုပ်ခဲ့ကြသည်။
 သီတင်း(၈)ပတ်မျှ ကြာမြင့်သောအခါမကောင်းသော ကိုလက်စထရောလ်များ ပါဝင်နေမှုအဆင့် (သို့မဟုတ်) လစ်ပိုပရိုတိန်းပါဝင်သိပ်သည်းမှု နိမ့်ကျနေမှု (LDL)ကို ၂၀%ထိ လျော့ကျနေကြောင်း ပညာရှင်များက တွေ့ရှိခဲ့ကြသည်။
 တစ်ချိန်တည်းမှာ ကြွက်များ၏လစ်ပိုပရိုတိန်း သိပ်သည်းဆ မြင့်မားမှု (HDL)မှာမူ မလျော့ပါးဘဲ ကောင်းသောကိုလက်စထရောလ်များ မနိမ့်ကျသွားကြောင်း တွေ့ရှိခဲ့ကြသည်။


Chinese University of Hong Kong မှ သုတေသနအဖွဲ့ခေါင်းဆောင် Zhen Yu Chen က “ကြက်သွန်နီတွေကို သုတေသနတွေ အများကြီးပြုလုပ်ခဲ့ရာမှာ လူသားဂျင်းစ်(genes)တွေအပေါ် အကျိုးကျေးဇူးပြုမှု၊ ခန္ဒာကိုယ်ရဲ့ကိုလက်စထရောလ် ဇီဝကမ္မဖြစ်စဉ်ထဲမှာ ပါဝင်နေတဲ့ ပရိုတိန်းတွေအပေါ်အကျိုးသက်ရောက်မှုတွေကို နည်းနည်းပါးပါးပဲ သိရပါသေးတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ လေ့လာမှုကို ဆက်လက်ပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်သွားပြီ့းတော့ ကြက်သွန်နီတွေရဲ့ ကိုလက်စထရောလ် လျှော့ချပေးမယ့် အင်ဇိုင်းမ်တွေအပေါ်မှာ အကျိုးထိရောက်မှုတွေကို အသေးစိတ်သိရှိ ဖော်ပြသွားနိုင်ဖို့ ကြိုးစားသွားမှာပါ။
 ဇီဝကမ္မ လုပ်ဆောင်ချက်တွေမှာကြက်သွန်နီရဲ့ အကျိုးကျေးဇူးရှိမှုကို ဆန်းစစ်လေ့လာမှုဟာ ဒါပထမဆုံး အကြိမ်ပဲရှိပါသေးတယ်။ လေ့လာမှုရဲ့ အဖြေတွေကတော့ ကြက်သွန်နီ ပုံမှန်စားသုံးမှုဟာနှလုံးရောဂါအများစု (သွေးကြောကျဉ်းမှုကြောင့် ဖြစ်ပွားတဲ့ နှလုံးရောဂါ(coronary heart disease) ကို ဖြစ်ပေါ်မှုကို လျော့နည်းစေတယ်လို့ကြွေးကြော်လို့ ရပါတယ်”ဟု ပြောကြားသွားခဲ့သည်။

ဗြိတိန်ကဲ့သို့ဥရောပနိုင်ငံများတွင်ကြက်သွန်ဖြူ၏ ကောင်းကျိုးများကိုပိုမိုသိရှိကြသော်လည်း မြန်မာအပါအ၀င် အိန္ဒိယ၊ အရှေ့အလယ်ပိုင်းနှင့် Mediterranean ဒေသများတွင် အများဆုံး စားသုံးနေကြသော ကြက်သွန်နီ၏ ကောင်းကျိုးများကိုမူ ဥရောပတိုက်သားတို့ အသိနည်းလှပေသည်။


သို့သော် ယခုအခါ ဗြိတိန်မှာ ကြက်သွန်ဖြူ အမျိုးမျိုးထက် ပို၍ချိုသောကြက်သွန်နီကို ဗင်နီဂါရည်၊ သကြားတို့ဖြင့် ချက်ပြုပ်ထားသော Red Onion Marmalade မှာ နာမည်ကြီးနေပြီး ချီးစ် သို့မဟုတ် အအေးစာများနှင့်တွဲဖက်စားသုံးလာကြကြောင်း သိရှိရသည်။


ကြက်သွန်နီ အများအပြား စားသုံးသော ကမ္ဘာ့ဒေသများမှာ ကင်ဆာဖြစ်ပွားမှုပင် သိသာထင်ရှားစွာ လျော့နည်းကြောင်း တွေ့ရှိရသည်ဟု လေ့လာသူများက ဆိုသည်။


ဂျော်ဂျီယာနှင့် အမေရိကားတို့တွင် အစာအိမ်ကင်ဆာနှင့်အခြားကင်ဆာအမျိုးမျိုး ဖြစ်ပွားမှုနှုန်းကို ပျမ်းမျှရာနှုန်းဝက်လျှော့ချစေသည်ဟု ယုံကြည်စွာဖြင့် Videlia onion ဟုခေါ်သော ကြက်သွန်ဥငယ်များ စိုက်ပျိုးစားသုံးလာကြကြောင်း သိရှိရသည်။


ကမ္ဘာ့ဒေသများအနက် ကြက်သွန်နီနှင့် ကြက်သွန်ဖြူများကို အများဆုံးစားသုံးသောတရုတ်နိုင်ငံတွင် အစာအိမ်ကင်ဆာ ဖြစ်ပွားမှုမှာ ကျန်ဒေသများထက် ၄၀%ထိ ပျမ်းမျှအားဖြင့် လျော့နည်းနေကြောင်း သုတေသီများက ပြောကြားခဲ့ကြသည်။

သူငယ်ချင်းတို့ရေ ဆေးအစာ အစာလဲဆေးတဲ့ ဆေးဖက်ဝင်အစားစာများကို များများစားသုံးခြင်းဖြင့်
ကျန်းမာပျော်ရွှင်သော ဘဝကိုပိုင်ဆိုင်နိုင်ကြပါစေဗျာ..
(မီးဖိုချောင်က ပစ္စည်းတွေဟာအသုံးချတက်ရင် လူ့ရဲ့ကျန်းမာရေးကိုများစွာအထောက်အကူပြုစေ
တယ်ဆိုတာလဲ သူငယ်ချင်းတို့ သတိထားစေချင်တဲ့စေတနာပါ...)

ထိပ်ပြောင်သူများအတွက် ကြက်သွန်နီ

ဆေးပညာရှင်များ၊သိပ္ပံပညာရှင် များစွာ ရောဂါကာကွယ်ဆေး၊ ကုသ ဆေးမျိုးစုံတီထွင်ဖန်တီးလျက်ရှိကြ သည်။ ဆံပင်ကျွတ်ခြင်း၊ ထိပ်ပြောင် ခြင်းအတွက် ထိထိရောက်ရောက် ကုသနိုင်မည့်နည်းလမ်းမရှိသေး။
ထူထဲ တောက်ပြောင်သော ဆံကေသာသည် ငယ်ရွယ်ခြင်း၏ ဝိသေသတစ်ခုဖြစ်သည်။ ဆံပင်ကျွတ် ခြင်းကြောင့် စိတ်ဖိစီးမှုနှင့် စိတ်ကျ ဝေဒနာတို့ခံစားရတတ်သည်။ နေထိုင် မှုပုံစံပြောင်းလဲခြင်း၊ ပတ်ဝန်းကျင်ညစ် ညမ်းမှုနှင့် ကျန်းမာရေးပြဿနာများ ကြောင့် ဆံပင်ကျွတ်လေ့ရှိသည်။
 အံ့အားသင့်ဖွယ်ကောင်းသော အချက်မှာ စီးပွားဖြစ်ရောင်းချနေ သော ဆံပင်ပေါက်ဆေးများတွင် ကြက်သွန်နီပါဝင်လေ့ရှိသည်။ ကြက် သွန်နီကို ဆံပင်ပြန်ပေါက်ဆေးတွင် ထည့်သွင်းသည်မှာ ကြောင်တောင် တောင်နိုင်သော်လည်း ဆံပင်ကျွတ် ခြင်း၊ ထိပ်ပြောင်ခြင်းတို့ကိုကုသ ရာတွင် အဓိကဆေးပစ္စည်းအဖြစ် အသုံးပြုလေ့ရှိသည်။

ကြက်သွန်နီတွင် ဆာလဖာဓါတ်ကြွယ်ဝစွာပါဝင်သောကြော
င့် ဆံပင် ကျွတ်ခြင်းမှ ကာကွယ်နိုင်သည်။ ဆာလဖာဓါတ်သည် သွေးလည်ပတ်မှု ကောင်းစေပြီး အရေပြားရောင်ရမ်း နာများ သက်သာစေသည်။ ဆာလဖာ ကြောင့် ကိုလာဂျင်ပရိုတိန်းများထုတ် လုပ်မှုကောင်းစေပြီး ထိုပရိုတိန်းများ ကြောင့် အရေပြားပြေပြစ်ခြင်း၊ ဆံပင် မွေးတောင့်တင်းခြင်းစသည့် အကျိုး ကျေးဇူးများခံစားရသည်။
ထို့ကြောင့်ကြက်သွန်နီသည် ဆံပင်မွေးကိုခိုင်မာ စေသည်။ ဦးရေပြားမှိုစွဲ (ဗောက်ထ) ခြင်းကိုကာကွယ်ပေးသည်။ ပိတ်ဆို့ နေသော မွေးညင်းပေါက်များအား ပွင့်စေသည်။
အီရတ်သုတေသီများ၏ လေ့ လာချက်အရထိပ်ပြောင်ဦးရေပြားပေါ် ကြက်သွန်နီအရည်လိမ်းဆေးထားလျှင် အာနိသင်မဲ့လိမ်းဆေးလိမ်းသူများ
ထက် ဆံပင်ပေါက်နှုန်းမြန်ဆန်လာသည်ကို တွေ့ ရသည်။

အမေရိကန်အစားအသောက် နှင့် ဆေးဝါးကွပ်ကဲမှုဌာန (FDA) က ကြက်သွန်နီအား ဆံပင်ကျွတ်ခြင်းမှ ကာကွယ်နိုင်ကြောင်းအသိအမှတ်ပြု ထားသည်။ အခြားအသိအမှတ်ပြု ဆေးတစ်မျိုးမှာ minoxidol လိမ်း ဆေးဖြစ်သည်။ minoxidol လိမ်း ဆေးသည်လည်း ဦးရေပြားသွေး လည်ပတ်မှု ကောင်းစေသည်။
ဆံပင်အလွန်အမင်းကျွတ်နေ သူများအနေနှင့် ကြက်သွန်နီကြိတ် ထားသည့်အရည်လိမ်းပေးသင့်ကြောင်း FDA ကမှတ်ချက်ပြုထားသည်။ ကြက်သွန်နီအရည်ကို မိနစ် (၄ဝ) ခန့်လိမ်းထား၍ခေါင်းလျှော်ရည်ေ
ပျာ့ ပျော့နှင့်ဆေးကြောပေးသင့်သည်။
ဇော်ကို
Source: MDI

ကြက်သွန်နီ၏ ကျန်းမာရေး အကျိုးကျေးဇူးများ

ကြက်သွန်နီမှာ အင်တီအောက်ဆီးဒင့်၊ မရှိမဖြစ်ဆီ၊ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်၊ ဆိုဒီယမ်နဲ့ ပိုတက်စီယမ်တို့ ပါဝင်တဲ့အတွက် ကျန်းမာရေး အကျိုးကျေးဇူးများစွာကို ပေးစွမ်းနိုင်ပါတယ်။

(၁) ခံတွင်းကျန်းမာရေး ကောင်းစေခြင်း

ကြက်သွန်နီက ခံတွင်းနံ့ကို နံစေတဲ့ဆိုးကျိုး ရှိတယ်ဆိုပေမယ့် ကြက်သွန်နီ အစိမ်းလိုက် စားပေးတာကြောင့် သွားတွေကို သန်စွမ်းစေပြီး သွားပိုးစားစေတဲ့ ဘက်တီးရီးယားပိုးတွေကို တွန်းလှန်ပေးနိုင်ပါတယ်။

(၂) အူမကြီးကင်ဆာ မဖြစ်အောင် ကာကွယ်ပေးခြင်း

ကြက်သွန်နီထဲမှာ ကွာစီတင်လို့ခေါ်တဲ့ အပင်ထွက်ဖလေဗိုးနွိုက် ပါဝင်တာကြောင့် ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းမွန်စေပြီး ကင်ဆာအကျိတ် ဖြစ်ပေါ်မှုမရှိအောင် ကာကွယ်ပေးနိုင်ပါတယ်။

(၃) ဘက်တီးရီးယားနှင့် အခြားပိုးများ သေစေနိုင်သော ပါဝင်ပစ္စည်းရှိခြင်း

ကြက်သွန်နီကို အခွံနွှာတာနဲ့ လှီးဖြတ်တာကြောင့် မျက်ရည် ကျစေနိုင်ပေမယ့် ဒီလိုဖြစ်ရတာက Sulphides နဲ့ Thiosulfinates တို့ကြောင့် ဖြစ်ရတာပါ။ ဒီပါဝင်ပစ္စည်း နှစ်မျိုးဟာ အီးကိုလိုင်ပိုး၊ ဆာမိုနဲလားပိုးနဲ့ bacillus subtilis ဆိုတဲ့ ပိုးတွေကြောင့် နာမကျန်းမှုမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

(၄) နှလုံးသွေးကြောကို ကျန်းမာစေခြင်း

ကြက်သွန်နီဟာ သွေးခဲဖြစ်ပေါ်မှု မဖြစ်အောင် ကူညီပေးနိုင်ပါတယ်။ အကြောင်းကတော့ သွေးလှည့်ပတ်မှုကို ချောချောမွေ့မွေ့ ဖြစ်စေလို့ပါ။

 သွေးလွှတ်ကြောတွေထဲမှာ သွေးခဲဖြစ်တာနဲ့ ပိတ်ဆို့တာတွေ မဖြစ်အောင် ကာကွယ်ပေးတာကြောင့် နှလုံးရောဂါ ထနိုင်ခြေကို လျော့ကျစေတာ ဖြစ်ပါတယ်။

(၅) သွေးတွင်း သကြားဓာတ်ကို ထိန်းချုပ်ပေးနိုင်ခြင်း

ကြက်သွန်နီမှာ ပါဝင်တဲ့ ခရိုမီယမ် သတ္တုဓာတ်ဟာ ဆဲလ်တွေရဲ့ အင်ဆူလင် တုံ့ပြန်နိုင်စွမ်းကို ကောင်းမွန်စေတာကြောင့် သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ပေးနိုင်တာ ဖြစ်ပါတယ်။

(၆) နှာခေါင်းပိတ်ခြင်းကို သက်သာစေခြင်း

နှာခေါင်းပိတ်တာနဲ့ နှာခေါင်းမြှေး ရောင်ရမ်းနာတို့ကို သက်သာစေဖို့အတွက် ကြက်သွန်နီက အသုံးဝင်ပါတယ်။ ကြက်သွန်နီကို စားရင် အသက်ရှူလမ်းကြောင်းရှိ အချွဲမြှေးတွေကို ပျော်ဝင်စေတာကြောင့် အသက်ဝဝ ရှူနိုင်စေပါတယ်။

(၇) နားကိုက် သက်သာစေခြင်း

နားကိုက်တာနဲ့ မူးဝေတာတို့ သက်သာစေဖို့ ရေထဲ ကြက်သွန်နီကို ထည့်ပြီး ပျော့သွားအောင် ပြုတ်ကာ အေးအောင်ထားပြီး အဝတ်စတစ်စထဲ ထည့်လိုက်ပါ။ ပြီးရင် အဲဒီအဝတ်စကို နားပေါ်မှာ ကပ်ပေးပါ။ နားကိုက်တာကို သက်သာစေနိုင်ပါတယ်။

(၈) ချစ်စိတ်တိုးစေခြင်း

ကြက်သွန်နီက ချစ်စိတ်ကို တိုးစေပြီး မျိုးဆက်ပွားအင်္ဂါကို သန်စွမ်းစေပါတယ်။ ကြက်သွန်နီကို ပါးပါးလှီးပြီး ပျားရည် ထမင်းစားဇွန်း တစ်ဇွန်းထဲမှာစိမ်ကာ ပုံမှန်သောက်ပေးရင် အိမ်ထောင်သည်တွေအတွက် ချစ်စိတ်ကို တိုးစေပါတယ်။

(၉) သွားကိုက်ဝေဒနာ သက်သာစေခြင်း

ကြက်သွန်နီအစိမ်းကို ခံတွင်းထဲမှာ သုံးမိနစ်ခန့် ဝါးစားပေးတာကြောင့် ခံတွင်းထဲက ပိုးမွှားတွေကို သေစေနိုင်ပါတယ်။ ကြက်သွန်နီ ပါးပါးလှီးပြီး ရောင်ရမ်းနေတဲ့ သွားဖုံးနဲ့ ကိုက်ခဲနေတဲ့ သွားတွေပေါ် ကပ်ပေးတာကြောင့် သွားကိုက်တာကို သက်သာစေပါတယ်။

(၁၀) ဆီးလမ်းကြောင်း ဝေဒနာကို ကုသပေးခြင်း

ကြက်သွန်နီဟာ ဆီးလမ်းကြောင်းစနစ်ဆိုင်ရာ ဝေဒနာတွေကို ကုသရာမှာ အလွန် အသုံးဝင်ပါတယ်။ ဆီးသွားစဉ် ပူစပ်ပူလောင်ဖြစ်တဲ့ ဝေဒနာနဲ့ ဝမ်းကိုက်တဲ့ ဝေဒနာတို့အတွက် ကြက်သွန်နီကို အစိမ်းလိုက် စားပေးရင် သက်သာစေပါတယ်။

ကြယ်စင်
Ref: Good Health Source: http://www.yatanarpon.com.mm/news/review-68086
source>>> http://www.facebook.com/notes/health-articles/

ကြက်သွန်ဖြူအစွမ်း

ကြက်သွန်ဖြူ ( အားလုံးနဲ့ မစိမ်းသည့် ကြက်သွန်ဖြူ အစွမ်း )
အဆီကျစေသဖြင့် နေ့စဉ်မှန်မှန်စားသုံးပါက သွေးတိုး ရောဂါမဖြစ်စေရန်နှင့် ဖြစ်ပွားနေသော
 သွေးတိုး ရောဂါကို ပျောက်စေသည်။
 အစားစားနေစဉ် အတူ စားသုံး၍ ဖြစ်စေ၊ အစာစားပြီး ဆေးအဖြစ် အမှုန့်ပြု စားသုံးလျှင် အစာကြေ၍ လေသက်စေနိုင်သည်။
 ကလေးများ လေဆန်နာ ဖြစ်လျှင် ကြက်သွန်ဖြူ ဥတစ်လုံးကို မီးဖုတ်ကျွေးပါက ပျောက်ကင်းနိုင်သည်။ အဆုတ်နှင့် ဆိုင်သော အဆုတ် အအေးမိ၊ အဆုတ်ပွသော ရောဂါများ ပျောက်ကင်း စေနိုင်သည်။ အအေးမိခြင်းနှင့် တုတ်ကွေး ဖျားများကိုလည်း ပျောက်စေသည်။
 ကြက်သွန်ဖြူကို အဆီထုတ်၍ တိုက်ကျွေးပါက သလိပ်ရွှင်စေ၊ ချောင်းဆိုး သလိပ်ကပ်ခြင်း တို့ကို ပျောက်ကင်းစေသည်။
 ရောဂါပိုးများ သေစေနိုင် သဖြင့် မြစ်ခြောက်နာ (ခေါ်) အဆုတ်နာ (တီဘီ) ရောဂါ များတွင် တိုက်ကျွေးနိုင်သည်။ 
လိမ်းဆေး အဆီအဖြစ် နှမ်းဆီနှင့် လေးညှင်းတို့နှင့် ရောစပ်၍ ကျိုချက်ပြီး လိမ်းလျှင် ကိုယ်လက် အကိုက်အခဲနှင့် နားကိုက်၊ နားပြည်ယိုခြင်းကို သက်သာ ပျောက်ကင်း နိုင်သည်။ 
 နှလုံးနှင့် ပတ်သက်သော ရောဂါ ဝေဒနာ ရှင်များအတွက် ဆေးအနေနဲ့ သော်လည်းကောင်း၊ အစာအဟာရ အဖြစ်နှင့် သော်လည်းကောင်း မှန်မှန် စားသုံးပါက ဖြစ်ပွားမှုနှုန်း နှေးကွေးပြီး တဖြည်းဖြည်း သက်သာ စေနိုင်သည်။
 ကြာရှည် စားသုံးလျှင် ဆံပင်ကို နက်စေ၍ သုတ်ကို ပွားစေသည်။
 မြစ်ပွားနာ (ခေါ်) ကင်ဆာ ရောဂါ ဖြစ်ပွားမှုနှုန်း နည်းစေရန် အတွက် ကြိုတင် ကာကွယ် စားသုံးနိုင်သည်။ ကြက်သွန်ဖြူ ဥတစ်လုံးကို ကြေးချိတ်ဖြင့် ဖောက်၍ ပျားရည်တွင် စိမ်ထားပြီး စားသုံးပါက အိပ်ပျော် စားဝင် အင်အား ပြည့်ဖြိုး စေနိုင်ပါသည်။
 သွေးတွင်းတွင် ရှိသော Cholesterol ကို ကျစေသဖြင့် သွေးကြောကျဉ်း၊ နှလုံးရောဂါ များအတွက် လွန်စွာ သင့်တော်သည်။




ကြက်သွန်ဖြူကြောင့် ပါးစပ်အနံ့ပျောက်အောင် နွားနို့သောက်ပါ

ကြက်သွန်ဖြူစားအပြီးမှာ ပါးစပ်အနံ့ထွက်တာကို နွားနို့သောက်ပေးရင် သက်သာ စေနိုင်ကြောင်း သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ပါတယ်။ စမ်းသပ်ရာမှာ ချက်ပြီးသား ကြက်သွန်ဖြူနဲ့ အစိမ်းစား ကြက်သွန်ဖြူတို့ပါဝင်ပြီး နွားနို့ဟာ ကြက်သွန်ဖြူမှာပါဝင်တဲ့ အနံ့ထွက်စေတဲ့ ဆာလ်ဖာဒြပ်ပေါင်းအဆင့်ကို သိသိသာသာ လျှော့ချနိုင်ကြောင်း သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။

ကြက်သွန်ဖြူစားနေစဉ်မှာ နွားနို့သောက်ရင် ပိုမိုထိရောက်မှုရှိပြီး မလိုင်အပြည့်ပါဝင်တဲ့ နို့ဟာ မလိုင်ထုတ်ထားတဲ့ နွားနို့ထက် ပိုပြီးအနံ့ပျောက်ကင်းတယ်လို့ သိရပါတယ်။ ကြက်သွန်ဖြူမှာပါဝင်တဲ့ Allyl Methyl Sulphide (AMS) ဟာ အစာအိမ်အတွင်းမှာ မဖြိုခွဲနိုင်တဲ့အတွက် အသက်ရှူရာနဲ့ ချွေးထွက်ရာမှာ ခန္ဓာကိုယ်ပြင်ပကို ထွက်သွားပါတယ်။ ကြက်သွန်ဖြူဟာ ဟင်းတွေရဲ့အရသာကို ကောင်းမွန်စေပြီး ကျန်းမာရေးအတွက် တန်ဖိုးရှိတဲ့အတွက် မစားမဖြစ် စားရမယ့်အစာဖြစ်ပြီး အနံ့အသက်ပျောက်ကင်းအောင် ရေနဲ့နွားနို့ သောက်ပေးရပါမယ်။ မှို၊ ပင်စိမ်းနဲ့ ရိုးရိုးရေတွေဟာလည်း ကြက်သွန်ဖြူရဲ့ အနံ့အသက်ကို ပျောက်ကင်းစေနိုင်ပါတယ်။

Ref: Good Health

ကြက်သွန်ဖြူ၏ အံ့အားသင့်ဖွယ်ရာ အစွမ်းသတ္တိများ

ဆီးလမ်းကြောင်းပိုးဝင်မှု သက်သာ စေခြင်း
ခရမ်ဘယ်ရီ ဖျော်ရည်ကသာ ဆီးလမ်းကြောင်း ပိုးဝင်တာကို သက်သာ စေတာ မဟုတ်ပါဘူး။ ကြက်သွန်ဖြူပါဝင်တဲ့ အစားအစာဟာလည်း သဘာဝပိုးသေစေတဲ့ အာနိသင်ရှိတဲ့အတွက် ဆီးလမ်းကြောင်း ကျန်းမာစေပါတယ်။

ကင်ဆာရောဂါ သက်သာစေခြင်း
အမေရိကန် ကင်ဆာသုတေသနဌာနရဲ့ အာဟာရပညာရှင်တွေက ကြက်သွန်ဖြူ အစိမ်းကို ကြိတ်ခြေပြီး ဒါမှမဟုတ် နုပ်နုပ် စဉ်းပြီး ၁၀ မိနစ်လောက်ထားတာဟာ ချက်ပြုတ်ကြော်လှော်ထားတဲ့ ကြက်သွန်ဖြူထက် ကင်ဆာတိုက်ဖျက် ပေးတဲ့ ဆာလဖာဒြပ်ပေါင်းကို သုံးပုံလောက် ပိုထွက်စေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ကြက်သွန်ဖြူကို လှီးပြီး အရွက်သုပ်ထဲ ထည့်စားပါ။


အရွယ်တင် ရုပ်နုပျိုစေခြင်း
ကြက်သွန်ဖြူထဲမှာ ပါဝင်တဲ့ A1- licin ဓာတ်ဟာ သွေးထဲက အင်တီအောက်စီးဒင့် အင်ဇိုင်းတွေကို များပြားစေပါတယ်။ ဒါ့အပြင် ဆေးလိပ်သောက်တာကြောင့် ရရှိလာတဲ့ နီကိုတင်းရဲ့ မကောင်းတဲ့ အာနိသင်ကိုရော၊ အိုမင်းစေတဲ့ဖြစ်စဉ်ကိုပါ လျော့ပါး စေပါတယ်။


အအေးမိရောဂါ သက်သာစေခြင်း

နှာချေခြင်း၊ နှာပိတ်ခြင်းလို အအေးမိ ရောဂါရဲ့ အစပျိုးလက္ခဏာတွေ ခံစားရတဲ့ အခါမှာ ကြက်သွန်ဖြူကို အသုံးပြု နိုင်ပါတယ်။ အခွံမခွာရသေးတဲ့ ကြက်သွန်ဖြူ နှစ်မြွှာကို ၂၅ စက္ကန့်လောက် မိုက်ခရိုဝေ့ဖ် မီးဖိုထဲထည့်ပြီး အအေးခံပါ။ ပြီးရင် ကြက်သွန်ဖြူကို အခွံနွှာပြီးစားပါ။ ကြက်သွန်ဖြူထဲက ဆာလဖာဒြပ်ပေါင်းဟာ ခုခံအားစနစ်ကို ကောင်းစေပြီး ကူးစက်ပိုး ဝင်မှုကို တွန်းလှန်နိုင်ပါတယ်။


ခြေထောက်ယားယံမှု ကင်းဝေးစေခြင်း
ကြက်သွန်ဖြူမှာ အစွမ်းထက်တဲ့ ဖန်းဂပ်စ်မှို သေစေတဲ့ အာနိသင်ရှိပါတယ်။ ကြက်သွန်ဖြူကို ရေနွေးထဲထည့်ပြုတ်ပြီး အအေးခံကာ ရေဇလုံကြီးကြီး တစ်လုံးထဲ ထည့်ပါ။ အဲဒီအရည်ထဲ ခြေထောက် စိမ်ပေးရင် ခြေထောက်ယားယံတာ သက်သာစေပါတယ်။

Ref: Good Health

ကြက်သွန်ဖြူ & ကျန်းမာခြင်း

သဘာဝထဲက အာဟာရ၊ အာဟာရထဲက ကျန်းမာခြင်း
လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀၀၀ ကျော်က အာရှတိုက် အလယ်ပိုင်းမှာပဲ ပေါက်ရောက်ခဲ့တဲ့ ကြက်သွန်ဖြူဟာ အခုဆိုရင်တော့ ကမ္ဘာ့ အသုံးတွင်ကျယ်ဆုံး ဟင်းခတ် အမွှွှေးအကြိုင်များထဲက တစ်ခုဖြစ်နေပါပြီ။ ကြက်သွန်ဖြူကို မီးဖိုချောင်သုံး အနေနဲ့ သာမက ဆေးဖက်ဝင် အပင်အနေနဲ့ အီဂျစ်လူမျိုးများက စတင်သုံးစွဲ ခဲ့တယ်လို့ သမိုင်း မှတ်တမ်းများအရ သိရပါတယ်။ ကြက်သွန်ဖြူဟာ ဆေးဖက် အလွန်ဝင်ကြောင်း ရှေးဟောင်း မြန်မာ့ တိုင်းရင်းဆေးကျမ်း များမှာလည်း ပါရှိပါတယ်။ ၎င်းကို သိပ္ပံနည်းကျ လက်တွေ့ဓာတ်ခွဲပြီး သုတေသနများစွာ လုပ်ကြည့်တဲ့အခါမှာ အောက်ပါ အာနိသင်များ ရှိကြောင်း တွေ့ရပါတယ်။

(၁) မကောင်းသော ကိုလက်စထရော လျှော့ချပေးခြင်း

လေ့လာမှု အချို့အရ ကြက်သွန်ဖြူ မှန်မှန် စားသုံးပေးရင် ကိုလက်စထရော စုစုပေါင်းပမာဏ (Total Ch***sterol) ကို ကျစေသလို ဆိုးကျိုးများစွာ ပေးနိုင်မယ့် ထရွိုင်ဂလစ်စရွိုက် (Triglyceride) ကိုလက်စထရော အမျိုးအစားကို စားသုံးမှု အနည်းအများ အလိုက် ၅ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ကြောင်း တွေ့ရပါတယ်။ ဒါဟာ နှလုံးသွေးကြောပိတ်ရောဂါ၊ လေဖြတ်လေဖျန်း ရောဂါများ၊ ကင်ဆာရောဂါများ စတဲ့ ရောဂါ အတော်များများကို သွယ်ဝိုက်ကာကွယ် တားဆီးပေးရာ ရောက်ပါတယ်။

(၂) သွေးကြောမာခဲပိတ် ရောဂါကို ကာကွယ်ပေးခြင်း

အသက်အရွယ် ရလာခြင်း၊ သွေးတိုးရောဂါကို စနစ်တကျ ကုသမှုမရှိခြင်း၊ သွေးတိုးရောဂါ ရှိနေမှန်း မသိခြင်း စတဲ့ အကြောင်းရင်းတွေကြောင့် သွေးထဲက အဆီတွေ သွေးကြောနံရံမှာ အနည်ကျလာကာ သွေးကြောနံရံ ပိတ်လာခြင်း ရောဂါ (Arthrosclerosis) ကို ကြက်သွန်ဖြူက တားဆီးပေးနိုင်တဲ့ အာနိသင် ရှိပါတယ်။ ဒါ့အပြင် ကြက်သွန်ဖြူထဲမှာ ပါဝင်တဲ့ Ajoene ဒြပ်ပေါင်းဟာ သွေးခဲဖြစ်ပေါ် ပိတ်ဆို့မှုကို ကာကွယ်ပေးပါတယ်။

(၃) သွေးတိုးရောဂါကို အထောက်အကူပြုခြင်း

ကြက်သွန်ဖြူဟာ သွေးကြောတွေ ကျုံ့ပြီး သွေးပေါင်တက်စေတဲ့ Angiotensin II ဆိုတဲ့ အဲန်ဇိုင်းရဲ့ အာနိသင်ကို ပိတ်ဆို့ပြီး သွေးပေါင် တက်နေခြင်းကို ထိန်းညှိလျှော့ချနိုင်စွမ်း ရှိသလို ဆာလဖာ (ကန့်) ပါဝင်သော Polysulfides ဒြပ်ပေါင်းများက သွေးကြောများကို ကျယ်စေကာ သွေးပေါင်ကို သဘာဝအတိုင်း ချပေးနိုင်တဲ့ သတ္တိရှိတာ တွေ့ရပါတယ်။ ဒါဟာ ACEI အုပ်စုဝင် သွေးတိုးကျဆေးများ (ဥပမာ- Enam, BQL- 5 စသည်) တို့လို အာနိသင် အပျော့စားရှိတာ ဖြစ်ပါတယ်။ ဒါပေမဲ့ တကယ့် သွေးကျဆေးအဖြစ် သုံးစွဲနိုင်လောက်တဲ့ အထိတော့ ချက်ချင်းလက်ငင်း အစွမ်းမထက်ပါဘူး။ ပုံမှန် စားသုံးပေးသွားရင် သွေးပေါင်ချိန်ကို ၁ ရာခိုင်နှုန်းကနေ ၅ ရာခိုင်နှုန်း ကျစေလို့ သွေးတိုးရောဂါ ရှိသူများ အထောက်အကူ အနေနဲ့တော့ စားသုံးနိုင်ပါတယ်။

(၄) ဓာတ်တိုးဆန့်ကျင်သတ္တိနှင့် နှလုံးသွေးကြော ကာကွယ်သော သတ္တိရှိခြင်း

ဗိုက်တာမင်စီဟာ ရေမှာပျော်ဝင်တဲ့ ဗိုက်တာမင် အမျိုးအစားဖြစ်ပြီး လူ့ခန္ဓာကိုယ် ရေဓာတ်ရှိတဲ့ နေရာတိုင်းမှာ ဆဲလ်တွေ ဓာတ်တိုးပျက်စီးခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါဟာ ခန္ဓာကိုယ်ရဲ့ အင်္ဂါအစိတ်အပိုင်းတွေ အိုမင်းခြင်းနဲ့ ကင်ဆာဆဲလ်များ ပြောင်းသွားခြင်းကို ကာကွယ်ပေးခြင်း ဖြစ်ပါတယ်။ ကြက်သွန်ဖြူဟာ ဗိုက်တာမင်စီနဲ့ ဆယ်လီနီယမ် (Selenium) သတ္တုဓာတ်တို့လိုမျိုး အားကောင်းတဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းများ (Powerful Antioxidants) ပါဝင်တဲ့ သဘာဝ အစားအသောက်တစ်မျိုး ဖြစ်ပါတယ်။ (ဆယ်လီနီယမ်ဟာ ဗိုက်တာမင်အီးနဲ့ ဓာတ်တိုးဆန့်ကျင် အဲန်ဇိုင်းများရဲ့ လုပ်ငန်းဆောင်တာမှာ မရှိမဖြစ် လိုအပ်တဲ့ တွဲဖက်ပစ္စည်း ဖြစ်ပါတယ်)။ ဗိုက်တာမင်စီကြောင့် ကြက်သွန်ဖြူဟာ သွေးထဲမှာ LDL ခေါ် မကောင်းတဲ့ ကိုလက်စထရောတွေ ဓာတ်တိုးပြီး သွေးကြောနံရံမှာ အနည်ကျကာ သွေးကြောကျဉ်းရောဂါ (Arthrosclerosis) ဖြစ်လာခြင်းကို ကာကွယ်နိုင်သလို ဗိုက်တာမင် B6 ပါဝင်ခြင်းကြောင့် သွေးကြောနဲ့ နှလုံးနံရံတွေကို ပျက်စီးစေတဲ့ ဟိုမိုစစ်စတင်း (H***cysteine) ခေါ် ဒြပ်ပေါင်းပမာဏကို လျှော့ချပေးခြင်း၊ မန်ဂနိ (Manganese) သတ္တုဓာတ် ကြွယ်ဝခြင်းကြောင့် ၎င်းချို့တဲ့ရင် ဖြစ်လာတတ်တဲ့ ကောင်းသော ကိုလက်စထရော HDL ပမာဏ ကျဆင်းခြင်းကို ကာကွယ်ခြင်းဖြင့်လည်း နှလုံးသွေးကြောများ ကျန်းမာရေးကို အဘက်ဘက်က အထောက်အကူ ပြုလျက် ရှိပါတယ်။

(၅) ရောင်ရမ်းမှုကို လျှော့ချပေးနိုင်ခြင်း

ကြက်သွန်ဖြူရဲ့ အဓိက ပါဝင်ဖက် ပစ္စည်းများဖြစ်တဲ့ Diallyl Slufide,Thiacremonone တို့ဟာ ခန္ဓာကိုယ်ရဲ့ အရိုးအဆစ် ကြွက်သားတွေ ရောင်ရမ်းနာကျင်ခြင်း၊ ဓာတ်မတည့်ခြင်း (Allergic Reaction) တွေကို လျော့ကျစေဖို့ အထောက်အကူ ပြုသလို ဓာတ်မတည့် လေပြွန်ရောင်ရမ်းခြင်း ဖြစ်တဲ့ ပန်းနာရင်ကျပ် ဝေဒနာများအတွက် သိသိသာသာ အထောက်အကူ ဖြစ်ကြောင်း သုတေသန ပြုလုပ်တွေ့ရှိ ရပါတယ်။

(၆) ရောဂါပိုးများကို နိုင်နင်းခြင်း

ကြက်သွန်ဖြူထဲမှာ ပါတဲ့ Ajoene ဒြပ်ပေါင်းနဲ့ အခြား ဆာလဖာ ပါဝင်သော ဒြပ်ပေါင်းများကြောင့် မှက္ခရုရောဂါနဲ့ ယားနာအချို့ကို ဖြစ်စေသော Candida albicans မှိုပိုးများကို ကာကွယ်နိုင်ကြောင်း၊ အလွယ်နည်းအားဖြင့် ယားနာတွေကို ကြက်သွန်ဖြူ ထုချေထားတဲ့ အရည်နဲ့ ပွတ်လိမ်းကာ ကုသလို့ရပြီး ဆက်မပျံ့အောင်လည်း ကာကွယ်နိုင်ကြောင်း၊ အပူလောင်၊ မီးလောင်ဒဏ်ရာတွေ ရရှိထားတဲ့ အရေပြားကို အင်မတန် အန္တရာယ်ကြီးတဲ့၊ မီးလောင်ဒဏ်ရာနဲ့ မသေဘဲ ငန်းဖမ်း (Septicemia) လို့ သေစေနိုင်တဲ့ Pseudomonas aeruginosa ပိုး ဝင်ရောက် ပေါက်ပွားခြင်းကို တားဆီးပေးနိုင်ကြောင်း လက်တွေ့စမ်းသပ် တွေ့ရှိရပါတယ်။ (ကြက်သွန်ဖြူကတော့ လုံးဝ သန့်နေစေဖို့ လိုပါတယ်) ဒါ့အပြင်အစာအိမ် အူလမ်းကြောင်း အနာတွေကို ဖြစ်စေတဲ့ H.pylori ပိုးနဲ့ အခြားသောပိုးများ၊ ဗိုင်းရပ်စ်များ အပေါ်လည်း နိုင်နင်းမှု ရှိတယ်လို့ တွေ့ရပါတယ်။ ဒီအချက်တွေဟာ ကြက်သွန်ဖြူကနေ ပဋိဇီဝဆေး၊ ဗိုင်းရပ်စ်သတ်ဆေး ပေါ်လာနိုင်ကြောင်း တင်ပြတာဖြစ်ပြီး တကယ် သေရေးရှင်ရေး အရေးကြီးနေတဲ့ လူနာများမှာ လိုအပ်တဲ့ဒြပ်ပေါင်း အနှစ်တွေစုပြီး ထုတ်ထားတဲ့ ဆေးကဲ့သို့ သဘာဝဓာတ်စာများက မစွမ်းနိုင်ကြောင်း၊ အထောက်အကူသာ ဖြစ်စေနိုင်ကြောင်း သတိချပ်စေ လိုပါတယ်။

(၇) ကင်ဆာရောဂါများ ကာကွယ်ပေးခြင်း

ကင်ဆာရောဂါ ကင်းဝေဖို့ အဓိက အချက်တစ်ချက် အနေနဲ့ ခန္ဓာကိုယ်က ဆဲလ်တွေ အစီအစဉ်တကျ သေဆုံးဖယ်ရှားခြင်း (Apoptosis) ဖြစ်စဉ် သဘာဝအတိုင်း မှန်နေဖို့ လိုပါတယ်။ ဒီဖြစ်စဉ်မှာ အဓိကပါဝင်တဲ့ ကိုယ်တွင်း ဓာတုပစ္စည်းများကို ကြက်သွန်ဖြူရဲ့ ဒြပ်ပေါင်းတွေက ကူညီနှိုးဆော် ပေးတဲ့အတွက် ကင်ဆာရောဂါကို ထိထိရောက်ရောက် ကာကွယ်ရာ ရောက်ပါတယ်။ နောက်ထပ် စိတ်ဝင်စားစရာ တစ်ချက်ကတော့ အပူချိန်မြင့်မြင့် ကင်ထားတဲ့၊ ချက်ထားတဲ့ အသားတွေမှာ Heterocyclic Amines (HCAs) ခေါ် ဓာတုပစ္စည်းတွေ ထွက်ပါတယ်။ HCAs တွေကနေ ကိုယ်ထဲမှာ DNA ကို ဖျက်ဆီးနိုင်သော ဒြပ်ပေါင်းများ အဖြစ် ပြောင်းလဲကာ ကင်ဆာ ဖြစ်စေပါတယ်။ ကြက်သွန်ဖြူက ဒီဖြစ်စဉ်ကို အတိုင်းအတာ တစ်ခုအထိ ထိရောက်စွာ တားပေးနိုင်တာ တွေ့ရလို့ အသားကင်စားရင် ကြက်သွန်ဖြူ ထည့်စားသင့်ပါတယ်။

(၈) သံဓာတ်ဇီဝ ဖြစ်ပျက်မှုကို ကောင်းမွန်စေခြင်း

ခန္ဓာကိုယ် သွေးနီဆဲလ်များရဲ့ အဓိက ပါဝင်ဖက်ဖြစ်ပြီး အသက်ရှင်ရေးအတွက် မရှိမဖြစ် သတ္တုဓာတ် တစ်မျိုးဖြစ်တဲ့ သံဓာတ်ရဲ့ ဇီဝဖြစ်ပျက်မှု (Iron Metabolism) မှာ အရေးကြီးသော် ferroportin ထွက်ဖို့ အားပေးပြီး ခန္ဓာကိုယ်ရဲ့ ဖြစ်စဉ်များ မျှတညီညွတ်ဖို့ တစ်ဖက်တစ်လမ်းက ကူညီပေးပါတယ်။

(၉) ကိုယ်ခံအားကို ကောင်းမွန်စေခြင်း

ကြက်သွန်ဖြူဟာ ကိုယ်ခံအားစနစ်ကို အထူး အကျိုးပြုပါတယ်။ တစ်နေ့ကို ကြက်သွန်ဖြူ နှစ်ဥ သုံးဥ စားသွားရုံနဲ့ အအေးမိရောဂါ ဖြစ်ပွားနှုန်း နည်းပါးသွားကြောင်း သုတေသနများအရ အတည်ပြုနိုင်ပါတယ်။

ဘေးထွက်ဆိုးကျိုးများ


ကြက်သွန်ဖြူရဲ့ သိသာထင်ရှားတဲ့ ပြဿနာကတော့ ကြက်သွန်ဖြူနံ့ နံခြင်း ဖြစ်ပါတယ်။ စားထားထားချင်း ပါးစပ်က နံသလို ကြက်သွန်ဖြူကို စွဲမြဲစွာ မှီဝဲစားသုံးသူများရဲ့ ချွေးနံ့ဟာလည်း စူးရှလာတတ်ပါတယ်။ အင်မတန် ကောင်းမွန်တဲ့ ကျန်းမာရေး အာနိသင်တွေကို ဒီလို အနံ့မထွက်ဘဲ ရယူလို့ရတဲ့ နည်းလမ်း မရှိတော့ဘူးလားလို့ မေးရင်တော့ ရှိပါတယ်။

အနံ့ထွက်စေတဲ့ ဒြပ်ပေါင်းတွေကိုပဲ ရွေးဖယ်ထားတဲ့ Deodorized Garlic Extract ပါဝင်တဲ့ GNC Women’s Ultra Mega ခေါ် ဖြည့်စွက်အားဆေး ဈေးကွက်ထဲမှာ ရှိနေပါပြီ။

ဒါကတော့ အစွမ်းထက် ဆေးပင်များစွာ ပါဝင်တဲ့ အမျိုးသမီး ဖြည့်စွက်စာသာ ဖြစ်လို့ အမျိုးသားတွေက Deodorized Garlic လိုချင်ရင် အခြားဆေး ရှာနိုင်ပါတယ်။

ဘေးထွက်ဆိုးကျိုး နောက်တစ်ခုကတော့ ကြက်သွန်ဖြူ များများစားရင် ရင်ပူခြင်း၊ ဝမ်းဗိုက် မအီမသာဖြစ်ခြင်းတို့ ခံစားရတာပါပဲ။

By The Voice Weekly

ကြက်သွန်နီသည်သွေးခဲမှု မဖြစ်အောင်လုပ်ဆောင်ပေးသည်ဟုဆို

ကြက်သွန်နီသည် သွေးခဲစေမှု မဖြစ်အောင် ကာကွယ်ပေး သောကြောင့် အစားအစာ များတွင် ပုံမှန် ထည့်သွင်း အသုံးပြုသင့်ကြောင်း ကျန်းမာရေး ဆရာဝန်တစ်ဦးကပြောသည်။

ယင်းအတွက်ကြောင့် ပုံမှန် စားသုံးသင့်ကြောင်း၊ ဆိုဒီယမ်သတ္တု ဓာတ်ပါဝင်ခြင်းကြောင့် ခန္ဓာကိုယ် ရှိ ဆဲလ်များနှင့် အင်ဆူလင် တုံ့ပြန် နိုင်စွမ်းအား ကို ကောင်းမွန်စေတာ ကြောင့် သကြားဓာတ်ကို ထိန်းပေး နိုင်ပြီး နှလုံးရောဂါအားလျှော့ချပေး နိုင်ကြောင်းသိရှိရသည်။
 မျိုးဆက်ပွားအင်္ဂါကို သန် စွမ်းစေကြောင်း၊ ဆီးလမ်းကြောင်း ဝေဒနာများ၊ ဝမ်းကိုက်ခြင်းများကို ကုသရာတွင်အထူး ကောင်းမွန် သည့်သဘာဝဆေးတစ်ခုဖြစ် ကြောင်း သိရှိရသည်။  ထို့အပြင် ကွာစီတင်ဟုခေါ် သည့် အပင်ထွက်ဖလေဗိုးနျွိက် ပါ ဝင်သောကြောင့် ကိုယ်ခံစွမ်းအား ကိုမြှင့်ပေးပြီး ကင်ဆာဖြစ်ပွားမှုမှ ကာကွယ်ပေးနိုင်ကြောင်းလည်းသိရှိရ သည်။

နေခြည်

ကြက်သွန်ဖြူ၏ အံ့အားသင့်ဖွယ်ရာ အစွမ်းသတ္တိများ

ကြက်သွန်ဖြူဟာ နှလုံးကျန်းမာရေးအတွက် ကောင်းကျိုးရှိကြောင်းတော့ သိပြီးကြမှာပါ။
 ဒါ့အပြင် တခြားအစွမ်းသတ္တိတွေလည်း ရှိပါတယ်။

ဆီးလမ်းကြောင်း ပိုးဝင်မှု သက်သာစေခြင်း---

ခရမ်ဘယ်ရီဖျော်ရည်ကသာ ဆီးလမ်းကြောင်း ပိုးဝင်တာကို သက်သာစေတာ မဟုတ်ပါဘူး။ ကြက်သွန်ဖြူပါဝင်တဲ့ အစားအစာဟာလည်း သဘာဝပိုးသေစေတဲ့ အာနိသင်ရှိတဲ့အတွက် ဆီးလမ်းကြောင်း ကျန်းမာစေပါတယ်။

ကင်ဆာရောဂါ သက်သာစေခြင်း---
အမေရိကန် ကင်ဆာသုတေသနဌာနရဲ့ အာဟာရပညာရှင်တွေက ကြက်သွန်ဖြူအစိမ်းကို ကြိတ်ခြေပြီး ဒါမှမဟုတ် နုပ်နုပ်စဉ်းပြီး ၁၀-မိနစ်လောက်ထားတာဟာ ချက်ပြုတ်ကြော်လှော်ထားတဲ့ ကြက်သွန်ဖြူထက် ကင်ဆာတိုက်ဖျက်ပေးတဲ့ ဆာလဖာဒြပ်ပေါင်းကို သုံးပုံလောက် ပိုထွက်စေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ကြက်သွန်ဖြူကို လှီးပြီး အရွက်သုပ်ထဲ ထည့်စားပါ။

အရွယ်တင် ရုပ်နုပျိုစေခြင်း---
ကြက်သွန်ဖြူထဲမှာ ပါဝင်တဲ့ Allicin ဓာတ်ဟာ သွေးထဲက အင်တီအောက်စီးဒင့် အင်ဇိုင်းတွေကို များပြားစေပါတယ်။ ဒါ့အပြင် ဆေးလိပ်သောက်တာကြောင့် ရရှိလာတဲ့ နီကိုတင်းရဲ့ မကောင်းတဲ့ အာနိသင်ကိုရော၊ အိုမင်းစေတဲ့ဖြစ်စဉ်ကိုပါ လျော့ပါးစေပါတယ်။

အအေးမိရောဂါ သက်သာစေခြင်း---

နှာစေးခြင်း၊ နှာပိတ်ခြင်းလို အအေးမိရောဂါရဲ့ အစပျိုးလက္ခဏာတွေ ခံစားရတဲ့အခါမှာ ကြက်သွန်ဖြူကို အသုံးပြုနိုင်ပါတယ်။ အခွံမခွာရသေးတဲ့ ကြက်သွန်ဖြူနှစ်မြွာကို ၂၅-စက္ကန့်လောက် မိုက်ခရိုဝေ့ဖ် မီးဖိုထဲ ထည့်ပြီး အအေးခံပါ။ ပြီးရင် ကြက်သွန်ဖြူကို အခွံနွှာပြီး စားပါ။ ကြက်သွန်ဖြူထဲက ဆာလဖာဒြပ်ပေါင်းဟာ ခုခံအားစနစ်ကို ကောင်းစေပြီး ကူးစက်ပိုးဝင်မှုကို တွန်းလှန်နိုင်ပါတယ်။

ခြေထောက်ယားယံမှု ကင်းဝေးစေခြင်း---
ကြက်သွန်ဖြူမှာ အစွမ်းထက်တဲ့ ဖန်းဂပ်စ်မှို သေစေတဲ့ အာနိသင်ရှိပါတယ်။ ကြက်သွန်ဖြူကို ရေနွေးထဲ ထည့်ပြုတ်ပြီး အအေးခံကာ ရေဇလုံကြီးကြီး တလုံးထဲထည့်ပါ။ အဲဒီအရည်ထဲ ခြေထောက်စိမ်ပေးရင် ခြေထောက်ယားယံတာ သက်သာစေပါတယ်။

ကြယ်စင်
(Good Health)
Source>> http://www.facebook.com/notes/health-articles/

Twitter Delicious Facebook Digg Stumbleupon Favorites More