Pages - Menu

ဆန်လုံးညို(Brown Rice)

ဆန်ဖြူကို ကြိတ်ခွဲလိုက်တာကြောင့် ဗီတာမင် B3 ၆၇ ရာခိုင်နှုန်း၊ ဗီတာမင် B1 ၈၀ ရာခိုင်နှုန်း၊ ဗီတာမင် B6 ၉၀ ရာခိုင်နှုန်း၊ မဂ္ဂနီဆီယမ်တစ်ဝက်၊ ဖော့စ်ဖရပ်စ် တစ်ဝက်၊ သံဓာတ် ၆၀ ရာခိုင်နှုန်းနဲ့ အမျှင်ဓာတ်အားလုံး ဆုံးရှုံးသွားခဲ့ ပါတယ်။

သံလွင်ဆီ(Olive Oil)

သံလွင်ဆီမှာ ဗီတာမင် အေ၊ ဗီတာမင် ဘီဝမ်း၊ ဘီတူး၊ ဗီတာမင်စီ၊ ဒီ၊ အီးနဲ့ ကေစတဲ့ ဗီတာမင်ဓာတ်တွေ ပါဝင်ပြီး သံဓာတ်နဲ့ အိုမီဂါ ၉ လည်း ပါဝင်ပါတယ်။

ပြောင်းဖူး(Corn)

ပြောင်းဖူးမှာ ဗီတာမင်B1 ဗီတာမင်B5 ဗီတာမင်C ဗီတာမင်B9လို့ခေါ်ဖောလိတ် .....ပြောင်းဖူး၏ ကျန်းမာရေး အာနိသင် မှာဆက်ဖတ်ပါ....

ထောပတ်သီး(Avacado)

အာဟာရများကိုဖြည့်တင်းပေးနိုင်ရုံ သာမက သဘာဝမှရသောသကြား ဓာတ်ကိုထောက်ပံ့ပေးခြင်း၊ကိုယ် အလေးချိန်ကျဆင်းစေခြင်း၊အကျိုး ပြုကိုလက်စတီရောကိုတက်စေပြီး ဆိုးကျိုးပေးသောကိုလက်စတီရော ကိုကျဆင်းစေခြင်း စသည့်အချက်များ ကိုရရှိစေနိုင်သည်ဟု သိရသည်။ယခု လေ့လာမှုတွင် ဖော်ပြထားချက်အရ လေဖြတ်ခြင်းကိုပါ ထောပတ်သီးက ကာကွယ်ပေးနိုင်

လိမ္မော်သီး(Orange)

လိမ္မော်သီး၌ ဖိုင်ဘာမျှင်၊ သံဓာတ်၊ မီးစုန်းဓာတ်၊ ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်၊ ကြေးနီဓာတ်၊ သွပ်ဓာတ်၊ ဆလမ်နီယမ်၊ ကယ်လိုရီ၊ ကယ်လဆီယမ်ဒာတ်၊ဗီတာမင်စီ တို့ပါရှိသည်

မာလကာသီး(Guava)

မာလကာသီး တစ်လုံးတွင် ဗီတာမင်စီမှာ လိမ္မော်သီး တစ်လုံး၌ ပါရှိသည့် ဗီတာမင်စီ ပမာဏထက် ငါးဆခန့် ပိုများသည်။ မာလကာသီး၌ ဗီတာမင်စီ အပြင် အေနှင့် ဘီ၊ ကယ်လ်ဆီယမ်၊ ဖော့စပရပ်စ်၊ ပိုတက်ဆီယမ်၊ သံဓာတ်၊ ဖောလစ်အက်စစ်နှင့် အမျှင်ဓာတ်တို့ ပါဝင်သည်။ အများဆုံး ပါဝင်သော ဓာတ်များမှာ ဗီတာမင်စီ ၃၀၂ မီလီဂရမ်နှင့် ဗီတာမင် အေ ၂၅၀ မီလီဂရမ်တို့ ဖြစ်ကြသည်။ မာလကာသီးကို သီတင်း တစ်ပတ်လျှင် နှစ်လုံးခန့် စားသုံး သွားပါက သွေးတိုး ကျဆင်းစေပြီး နှလုံး ကျန်းမာရေးကို အထောက်အကူ ပြုကြောင်း အမေရိကန် သုတေသန ပညာရှင်များက ပြောကြားသည်။

***

***

***

***

***

***

***

***

***

***

Showing posts with label နှင်းသီး. Show all posts
Showing posts with label နှင်းသီး. Show all posts

7 May 2014

*** ကျန်းမာစေဖို့  နှင်းသီးစားကြပါစို့  ***

သူ့ အမည်က နှင်းသီး ဆိုပေမယ့် ဆောင်းတွင်းမှာ မသီးဘဲ ယခုလို နွေနှောင်း-မိုးဦးစ မှာသီး တဲ့ ရာသီစာ သီးနှံတစ်မျိုးပါ။ 
 ပူနွေး စိုစွတ်တဲ့ ရာသီကိုကြိုက်တဲ့ အပင်လို့ ဆိုနိုင်ပါတယ်။
 သူ့ ကို မြန်မာလို “နှင်းသီး” ၊ အင်္ဂလိပ်အခေါ်အဝေါ်အရ “ Rose Apple or Plum Rose or Malaysia Apple ” လို့  ခေါ်ဆိုကြပါတယ်။
 ရူပဗေဒဘာသာမှာ Newton ရဲ the law of gravity ကို ကြားဖူးနေ ကြမှာပါ။ မှန်ပါတယ်။
 မစ္စတာ Isaac Newton ဟာ Rose Apple လို့ ခေါ် တဲ့ ဟောဒီ နှင်းသီးပင်အောက်မှာ ထိုင်နေတုန်း အပင် ပေါ်ကအသီးဟာကမ္ဘာမြေကြီးရဲ့ ဆွဲအားကြောင့်အပင်အောက်တည့်တည့်ကိုပြုတ်ကျလာရတယ်
ဟူ၍ နိယာမသဘောတရားကို ဒီ နှင်းသီးပင်အောက်ကနေ အဖြေထွက်ရှိခဲ့ကြောင်း www.naturespride.eu မှာ ဖော်ပြထားပါတယ်။

အဲဒီအသီးထဲမှာ ကယ်လိုရီနည်းပါးခြင်း၊ ဓာတ်တိုးဆန့် ကျင်ပစ္စည်းတွေပေါကြွယ်ဝခြင်း၊ ဗီတာမင်စီ နှင့် ဗီတာမင်အေများပါရှိခြင်း ကြောင့် ကျန်းမာရေးကိုအထောက်အကူပြုပေးတဲ့ သစ်သီးလေးပါ။

 အခွံရဲရဲလေ ပိုချိုလေဖြစ်ပြီး၊ အပေါ်ယံအခွံ မာတင်းတင်း အသီးတွေက လတ်ဆတ်မှုရှိတာကြောင့် အရည်ပိုရွှမ်းပါတယ်။
 မြန်မာပြည်မှာ သွားရည်စာသစ်သီးအဖြစ် အဆာပြေ အပျင်းပြေ စားကြပြီး၊ အခြားနိုင်ငံတွေမှာတော့ နှင်းသီးကို အချိုရည်၊ ယို၊ ဂျယ်လီ အဖြစ်ပါ ပြုလုပ်စားသုံးကြပါတယ်။

(၁) အမျိုးသားများ ဆီးကိတ်ကင်ဆာ ဖြစ်စေမယ့် အခွင့်အလမ်းကိုနဲပါးစေပါတယ်။


(၂) အမျိုးသမီးများ ရင်သားကင်ဆာမဖြစ်အောင် ကာကွယ်ပေးပါတယ်။


(၃) တစ်နေ့ ကို နှင်းသီး ၃-လုံးကျစီ ရက်သတ္တ ၁-ပတ်တိတိ စားပေးခြင်းဖြင့် သွေးထဲရှိ ကိုလက်စထရောကို ၁၉% မျှလျော့ချ ပေးပါတယ်။


(၄) နှင်းသီးမှည့်မှည့် နီနီရဲရဲလေးတွေက အရသာချိုမြသော်လည်း ဂလူးကို့ စ်ဓာတ်မပါရှိပါဘူး။ ပန်ကရိယ ကို ကောင်းကျိုးပြု တာကြောင့် ဆီးချိုရောဂါသည်တွေအတွက် အထူးသင့်တော်တဲ့ အသီးလေးပါဘဲ။


(၅) အဆီဓာတ်မပါခြင်း၊ ကယ်လိုရီနဲပါးခြင်း၊ ရေဓာတ်ကြွယ်ဝစွာပါရှိခြင်းတို့ ကြောင့် ကိုယ်အလေးချိန်မတက်စေပါဘူး။


(၆) အိန္ဒိယနိုင်ငံမှာ အပင်၏အရွက်ကို ပေါင်းခံပြီး ရေမွှေးရနံ့ အဖြစ် အသုံးပြုကြပါတယ်။ 


(၈) မြန်မာ့ဆေးကျမ်းထဲမှာ အပူငြိမ်းတဲ့ အအေးစာအသီးလို့ ဖော်ပြထားတာကြောင့် ယခုလို နွေပူပူမှာ စားသုံးသင့်တဲ့ အသီးဖြစ် ပါတယ်။


တစ်နှစ်တစ်ကြိမ်သာ စားရတဲ့ ရာသီစာသီးနှံဖြစ်သော်လည်း အရသားလည်း ရှိ ဈေးနှုန်းချိုသာ တဲ့အပြင် ကျန်းမာရေးအတွက် ဆေးဖက်ဝင်လို့  စားဖြစ်အောင် စားကြပါလို့  တိုက်တွန်းလိုက်ရပါတယ်။

(ဆောင်းပါးရှင်…ပေါက်ပေါက်…မျှဝေသည်)

Twitter Delicious Facebook Digg Stumbleupon Favorites More