Pages - Menu

ဆန်လုံးညို(Brown Rice)

ဆန်ဖြူကို ကြိတ်ခွဲလိုက်တာကြောင့် ဗီတာမင် B3 ၆၇ ရာခိုင်နှုန်း၊ ဗီတာမင် B1 ၈၀ ရာခိုင်နှုန်း၊ ဗီတာမင် B6 ၉၀ ရာခိုင်နှုန်း၊ မဂ္ဂနီဆီယမ်တစ်ဝက်၊ ဖော့စ်ဖရပ်စ် တစ်ဝက်၊ သံဓာတ် ၆၀ ရာခိုင်နှုန်းနဲ့ အမျှင်ဓာတ်အားလုံး ဆုံးရှုံးသွားခဲ့ ပါတယ်။

သံလွင်ဆီ(Olive Oil)

သံလွင်ဆီမှာ ဗီတာမင် အေ၊ ဗီတာမင် ဘီဝမ်း၊ ဘီတူး၊ ဗီတာမင်စီ၊ ဒီ၊ အီးနဲ့ ကေစတဲ့ ဗီတာမင်ဓာတ်တွေ ပါဝင်ပြီး သံဓာတ်နဲ့ အိုမီဂါ ၉ လည်း ပါဝင်ပါတယ်။

ပြောင်းဖူး(Corn)

ပြောင်းဖူးမှာ ဗီတာမင်B1 ဗီတာမင်B5 ဗီတာမင်C ဗီတာမင်B9လို့ခေါ်ဖောလိတ် .....ပြောင်းဖူး၏ ကျန်းမာရေး အာနိသင် မှာဆက်ဖတ်ပါ....

ထောပတ်သီး(Avacado)

အာဟာရများကိုဖြည့်တင်းပေးနိုင်ရုံ သာမက သဘာဝမှရသောသကြား ဓာတ်ကိုထောက်ပံ့ပေးခြင်း၊ကိုယ် အလေးချိန်ကျဆင်းစေခြင်း၊အကျိုး ပြုကိုလက်စတီရောကိုတက်စေပြီး ဆိုးကျိုးပေးသောကိုလက်စတီရော ကိုကျဆင်းစေခြင်း စသည့်အချက်များ ကိုရရှိစေနိုင်သည်ဟု သိရသည်။ယခု လေ့လာမှုတွင် ဖော်ပြထားချက်အရ လေဖြတ်ခြင်းကိုပါ ထောပတ်သီးက ကာကွယ်ပေးနိုင်

လိမ္မော်သီး(Orange)

လိမ္မော်သီး၌ ဖိုင်ဘာမျှင်၊ သံဓာတ်၊ မီးစုန်းဓာတ်၊ ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်၊ ကြေးနီဓာတ်၊ သွပ်ဓာတ်၊ ဆလမ်နီယမ်၊ ကယ်လိုရီ၊ ကယ်လဆီယမ်ဒာတ်၊ဗီတာမင်စီ တို့ပါရှိသည်

မာလကာသီး(Guava)

မာလကာသီး တစ်လုံးတွင် ဗီတာမင်စီမှာ လိမ္မော်သီး တစ်လုံး၌ ပါရှိသည့် ဗီတာမင်စီ ပမာဏထက် ငါးဆခန့် ပိုများသည်။ မာလကာသီး၌ ဗီတာမင်စီ အပြင် အေနှင့် ဘီ၊ ကယ်လ်ဆီယမ်၊ ဖော့စပရပ်စ်၊ ပိုတက်ဆီယမ်၊ သံဓာတ်၊ ဖောလစ်အက်စစ်နှင့် အမျှင်ဓာတ်တို့ ပါဝင်သည်။ အများဆုံး ပါဝင်သော ဓာတ်များမှာ ဗီတာမင်စီ ၃၀၂ မီလီဂရမ်နှင့် ဗီတာမင် အေ ၂၅၀ မီလီဂရမ်တို့ ဖြစ်ကြသည်။ မာလကာသီးကို သီတင်း တစ်ပတ်လျှင် နှစ်လုံးခန့် စားသုံး သွားပါက သွေးတိုး ကျဆင်းစေပြီး နှလုံး ကျန်းမာရေးကို အထောက်အကူ ပြုကြောင်း အမေရိကန် သုတေသန ပညာရှင်များက ပြောကြားသည်။

***

***

***

***

***

***

***

***

***

***

Showing posts with label နံနံပင်. Show all posts
Showing posts with label နံနံပင်. Show all posts

9 Oct 2013

နံနံပင်

မြန်မာ့ဆေးဖက်ဝင် နံနံပင် 

Item Name ---------- Coriander (နံနံပင်)
Category ------------ Raw Material
Botany Term -------- Coriandrum sativum Linn
Species Family ----- Umbelliferae

မြန်မာနိုင်ငံ အနှံ့အပြား တွင်ပေါက်ရောက်သည်။ရာသီ အလိုက် စိုက်ပျိုး ပင်ဖြစ်သည်။အလျား ပေ ၂၀ ၊ အနံ ၄ပေ ရှိ စိုက်ခင်း ဘောင်များကို မြေကောင်းစွာ မှုန့်ညက်အောင် ပြုပြင်ရန် လိုသည်။ မြေအား ပြုပြင်ပြီး နောက် နောက်ချေး မြေဆွေး ရသလောက် ဖြင့် ရောမွှေရမည်။  ပေ ၂၀ ၊ ၄ ပေရှိ စိုက်ခင်း တစ်ဘောင် အတွက် မျိုးစေ့ တစ်ကျပ်သား ခန့် လိုသည်။ မစိုက်ပျိုး မီ မျိုးစေ့ များကို ကောင်းစွာ ခြောက်သွေ့စေ ပြီး ၇ရက်ခန့် ရေစိမ်၍ ဖောက်ထားပြီး မှ ကြဲပက် စိုက်ပျိုး သင့်သည်။ အပင် ထူလျှင် ၄ လက်မခြား ခန့် လက်ကြားခွဲ ပေးသင့်သည် စိုက်ပျိုး ပြီး လျှင် ပြီးချင်း ကောက်ရိုးဖြင့် စိုက်ဘောင်အား ခပ်ပါးပါး ဖုံးအုပ်၍ ရေရွှဲရွှဲ လောင်းပေးရ မည်။ နေ့စဉ် မှန်မှန် ရေလောင်းပေး သင့်သည်။ စိုက်ပြီး ၄၅ ရက်မှ ရက်ပေါင်း ၆၀ အတွင်း နုတ်ယူ စားသုံးနိုင်သည်။


♥ အပင်

တစ်နှစ်ခံ ပင်ငယ်မျိုး ဖြစ်သည်။ အမြင့် တစ်ပေ ခန့် အထိ ရှိတတ်ပြီး အမြဲစိမ်း ပင်ဖြစ်သည်။ ပင်စည်လုံး အလွန် သေးငယ်၍ ချောမွေ့သည်။

♥ အရွက်

အရွက်များ လွန်စွာ ဖြာထွက်သည်။ ရွက်နားဝိုက် များ အလွန်ဟိုက် ကာ အ၀ိုက် ၃ ခု သို့မဟုတ် ၃ ခု ထက် ပို၍ ပါရှိ ၏ ။ အ၀ိုက်များသည် အပ်ချည် ကဲ့သို့ ကွဲဖြာနေ သည်။ ရွက်ပြား အစိမ်း ဖျော့ရောင် ရှိသည်။

♥ အပွင့်

အလွန်သေး ငယ်၍ အဖြူရောင် ရှိသည်။ ထီးပုံ ပန်းခိုင်မှ ပွင့်သည်။

♥ အသီး

ညိုဝါရောင် ရှိ၍ လုံးသည်။ အက်ကွဲသီး ဖြစ်၍ အခန်း လေးများတွင် တစ်ဖက်လုံး တစ်ဖက်ခွက် နေသော အစေ့လေး ပါရှိ၏ ။

► အသုံးဝင်ပုံ

အစေ့။

♥ အာနိသင်

မြန်မာဆေး ကျမ်းများ အလိုအရ နံနံစေ့သည် ဖန် ၊ ခါး ၊ စပ်၏ ။ပူ၏ ။ကြေကျက်က ချို၏ ။ ၀မ်းမီးကို တောက်စေ၏ ။ အစာကို ကြေကျက်စေ၏ ။ နှုတ်မြိန်စေ၏ ။သွေး၊ လေ ၊ သလိပ် သုံးပါးကို ငြိမ်းစေ၏ ။

► အစေ့အသုံးပြုပုံ

၁။ နံနံစေ့အား ဆီးဖြူသီး နှင့် ညဦးမှ နေ၍ စိမ်းထားပြီး နံနက်တွင် စစ်၍ သကြားခဲ နှင့် ရောသောက်သော် ခေါင်းကိုက်ရောဂါ ပျောက်၏ ။
၂ ။နံနံစေ့ကို ချင်းခြောက်နှင့် ရောပြုတ်ပြီး အစာစား ပြီး တိုင်း သောက်ပါက ၀မ်းမီး ကောင်းလာစေသည်။
၃ ။နံနံစေ့ကို သကြားနှင့် ပြုတ်ပြီး အအေးခံ ၍ ဆန်ဆေး ရည်နှင့် ရောသောက်ပါက မိန်းမများ ကိုယ်ဝန်တည်စ ဖြစ်သော အန်ခြင်း ၊ပျို့ခြင်း ၊ နှလုံးနာခြင်း များ ပျောက်၏ ။
၎ ။ နံနံစေ့ မှုန့်နှင့် သကြားကို ရော၍ စားခြင်းဖြင့် အပူကြောင့် ဖြစ်သော အဆစ်အမျက် ကိုက်ခဲခြင်း များ ပျောက်ကင်းစေနိုင်၏ ။
၅ ။ နံနံစေ့ကို ၀ါး၍ အရည်မျို ချပါက လည်ချောင်းနာ ခြင်း ပျောက်ကင်းသည်။
၆ ။ နံနံစေ့ကို ဆန်ဆေးရည် တွင်စိမ်၍ သကြားသင့် ရုံရောပြီး တိုက်ပါက ကလေးများ ချောင်းဆိုး ပန်းနာ ပျောက်ကင်း၏ ။

မြန်မာ့ဆေးဖက်ဝင်အပင်များ
photo by google search
♥ မည်သူမဆိုလွတ်လပ်စွာကူးယူဖေါ်ပြနိုင်ပါသည်။ ♥
♥ ကျန်းမာရေးဗဟုသုတတိုးပွါးစေရန် Like,share, ,Credit ပေးခြင်းဖြင့်လည်းကူညီနိုင်ပါသည်။ ♥

10 Jan 2013

နံနံပင်က ဘာတွေ ကာကွယ်နိုင်လဲ



နံနံပင်နဲ့ ကျောက်ကပ် ကုနိုင်ပါတယ်။

 ဒါက အိန္ဒိယ ကနေအာရှ အထိပျံနှံ့လာတဲ့သဘာဝ ဆေးနည်း ဖြစ်ပြီး နိုင်ငံတကာ ဆေး ပညာရှင် များပါ လက်ခံ အသုံးပြုနေပြီ ဖြစ်တယ်လို့ သိရ ပါတယ်။

ကျောက်ကပ်က ခန္ဓာကိုယ်တွင်း/ သွေးထဲက အညစ်အကြေး၊ ဆား၊ စွန့်ပစ် ပစ္စည်း၊ အဆိပ်အတောက်အားလုံးကို စွန့်ထုတ်ပေးပါတယ်။ သန့်စင်ပေး ပါတယ်။ မိမိ စားသုံးသမျှ၊ အစားအစာ၊ သောက်ရေက အစမှာ ပါဝင် သမျှသော မလိုအပ်တဲ့ ဓာတ်များကို ကျောက်ကပ်မှ ဖယ်ထုတ်ပေး ပါတယ်။ လူစဖြစ် ကတည်းက ယနေ့ အသက်ရှင်တဲ့ အချိန်အထိ မနားမနေ အလုပ် လုပ်နေရပြီး အထူးဂရုစိုက်ရန် လိုအပ်ပါတယ်။



ဂရုစိုက်ဖို့ဆိုတာ ကျောက်ကပ်ကို သန့်ရှင်းနေစေဖို့ ဖြစ်ပါတယ်။ 

ယနေ့ အမျိုးသမီးရော၊ အမျိုးသားပါ ကျောက်ကပ်နဲ့ ဆက်စပ်ရောဂါ ဖြစ်ပွား မှုနှုန်း မြင့်တက်လာပါတယ်။ အဓိက ကတော့ ရေဓာတ် လျော့နည်းမှု၊ အစားအသောက် မသန့်ရှင်းမှု၊ ဆီးလမ်းကြောင်း ပိုးဝင်မှုတို့ကြောင့် ဖြစ်ပြီး ဒါတွေကို မဖြစ်အောင် ဖြစ်ရင်လည်း ကုသရအောင် နည်းလမ်းပေါင်း များစွာ ပေါ်လာပါတယ်။

ခွဲစိတ် ကုသစရိတ် စကလည်း မနည်းပါဘူး။ ဆေးလည်း ဈေးကြီးပါတယ်။ ဒါကြောင့် ဘယ်ရောဂါမဆို မဖြစ်လေ ကောင်းလေပဲမို့ ကျောက်ကပ်ရောဂါ မဖြစ်အောင် လူတိုင်း လုပ်နိုင်တဲ့ နည်းလမ်း ရှိပါတယ်။ မြန်မာငွေကျပ် တစ်ထောင်တက် ပိုမကုန်ပါဘူး။

အပေါ်ပုံက ပြထားတဲ့အတိုင်း နံနံ သို့တည်းမဟုတ် ရိုးရိုးနံနံ ၁၀ ပင်မှ အပင် ၁၅ပင် ကြားကိုပဲ နှုတ်နှုတ်ဆင်းပြီး ပုံမှာ ပြထားတဲ့ ရေတစ် ခွက် စာ ဖြည့်ထားတဲ့ ရေနွေးအိုးထဲထည့် ၁၀ မိနစ်လောက် ကြိုချက်ပေးရပါမယ်။ ရလာတဲ့ အရည်မှ နံနံရွက်များကို စစ်ထုတ်ပြီး ပြုတ်ရည်တစ်ခွက်ကို အအေးခံပြီး သောက်ရပါ တယ်။

ကျောက်ကပ်ရောဂါရှိသူများ၊ ရှိရန်အစပျိုးသူများအနေ နဲ့ နေ့ စဉ် သောက်သုံးသင့်ပြီး ကာကွယ်လို သူများအတွက် တစ်ပတ် တစ်ကြိမ် သို့တည်းမဟုတ် ၁၀ ရက် တစ်ကြိမ် လောက် ပုံမှန် စွဲသောက်ခြင်းဖြင့် ကျောက်ကပ်အမြဲ သန့်ရှင်းနေစေ မယ့်လို့ ဆိုထားပါတယ်။ အိန္ဒိယဆေးနည်းအတိုင်းဆိုရင် နံနံရဲ့  သစ်ဥ၊မြစ်ဥကိုပါ ထည့်ပြုရပါတယ်။ 

သို့ပေမယ့် နိုင်ငံတကာ မှာတော့ အရွက်ကို ထည့်ပြုတ်ရုံနဲ့ လုံလောက်ပါတယ်။

နံနံပင်ကလည်း ဘယ်နေရာမှာမဆို အလွယ်တကူ ရရှိနိုင်တဲ့ အတွက် ဈေးသက်သက် သာသာနဲ့ ကျောက်ကပ် ရောဂါ ကာကွယ်နိုင်အောင် ကုသနိုင်အောင် မျှဝေ လိုက်ရပါတယ်။

Ref: medic-fact, wiki
မြ၀တီ

5 Jan 2013

ဆေးဖက်ဝင် ကြက်သွန်နီ ငရုတ်သီး နံနံပင်

ယခုခေတ် ဆေးကုသရာတွင် ဆက်လက်အသုံးပြုနေသော ရှေးခေတ်မှ ဆေးဖက်ဝင်  အသီးအရွက်များ


ကြက်သွန်နီ
ရှေးထုံးစဉ်လာ အယူအဆအရ ကြက်သွန်နီဟာ ၉၆ ပါးဝေဒနာကို ပျောက်ကင်းစေတယ်ဆိုပြီး နိုင်ငံအနှံ့မှာ အသုံးပြုကြပါတယ်။ အရှေ့အလယ်ပိုင်း တိုင်းရင်းဆေး ဆရာတွေက ကြက်သွန်နီကို ဆီးချိုရောဂါ ကုသရာမှာ အသုံး ပြုကြပါတယ်။ ၂၀ ရာစုနှစ် အစောပိုင်း ကာလတွေ မှာလည်း အမေရိကန်မှ ဆရာဝန် Willian Boericke က ကြက်သွန်နီကို အသက်ရှူလမ်းကြောင်း ဆိုင်ရာ ပြဿနာတွေမှာ အသုံးပြုခဲ့ပါတယ်။

ကြက်သွန်နီဟာ အားကစားသမားတွေကို လုပ်ဆောင်ချက် ကောင်းအောင်ကူညီ နိုင်တယ်လို့လည်း ယုံကြည်ကြပြီး ရှေးခေတ်ဂရိအိုလံပစ် ကစားသမားတွေဟာ အားကစားပြိုင်ပွဲ မယှဉ်ပြိုင်ခင် အချိန်မှာ ကြက်သွန်နီကို ခန္ဓာကိုယ်မှာ သုတ်လိမ်းပြီး ကြက်သွန်နီအရည်ကို သောက်သွားကြပါတယ်။ သုတေသနပြုသူတွေက လေ့လာမှု အသစ်တွေ အများအပြားပြုလုပ်ပြီး ရှေးခေတ်က ကြက်သွန်နီ အသုံးပြုတာကို ထောက်ခံမှုပေး ကြပါတယ်။
ကြက်သွန်နီမှ အနံ့ထွက်စေတဲ့ Thiosulfinates တွေဟာ ဆီးချိုရောဂါ လက္ခဏာကို သက်သာစေပြီး နှလုံးကြော ရောဂါမှ ကာကွယ်နိုင်ပါတယ်။ ကြက်သွန်နီမှာ ပါဝင်တဲ့ Flavonoid Quercetin ဟာလည်း ဓာတ်မတည့်မှုနဲ့ ပတ်သက်တဲ့ ရောင်ရမ်းမှုတွေကို ကာကွယ်နိုင်ပြီး အစာအိမ်၊ အူမကြီး၊ အစာမျိုပြွန်နဲ့ သားမြတ်ကင်ဆာ မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ ၂၀၀၉ ခုနှစ် International Journal of Sports Nutrition အရ အနှစ်ဟာ ခံနိုင်ရည်ရှိမှု မြင့်မားတယ်လို့ သိရပါတယ်။
အကျိုးကျေးဇူးရအောင်
ကြက်သွန်နီဟာ ပန်းသီးထက်ကို ဆရာဝန်တွေ ခေါ်ဖို့ မလိုအပ်အောင် အစွမ်း ထက်ပါတယ်။ သင့်ခန္ဓာကိုယ်က ကြက်သွန်နီမှာ ပါဝင်တဲ့ quercetin ကို ပန်းသီးမှ ရတဲ့ quercetin ထက် သုံးဆပိုပြီး စုပ်ယူနိုင်ပါတယ်။ Thiosulfinates အများဆုံး ရရှိအောင် အနီအောင် ဒါမှမဟုတ် အဝါရောင် ကြက်သွန်နီကို ရွေးချယ်ပါ။ အရောင်စုံလေ ပိုကောင်းလေပါ။

“အပူချိန်ကြောင့် Thiosulfinates တွေလျော့နည်းသွားနိုင်တာမို့ ကြက်သွန်နီကို အစိမ်းလိုက်စားပါ။ ဒါမှမဟုတ် မကျက်တကျက်စားပါ။ ကြက်သွန်နီ အမျိုးအစား များစွာရှိပြီး ချက်ပြုတ်နည်းတွေလည်း ကွဲပြားတာမို့ ဘယ်လောက်စားရမလဲ ဆိုတာ ပြောရခက်ပါတယ်။ နေ့စဉ်စားနေကျ အစာအဖြစ် ပုံမှန်စားသင့်တယ်” လို့ သုတေသနပြု သူတွေက ဆိုပါတယ်။

ငရုတ်သီး
ရှေးလူကြီးတွေက columbus ဟာ ငရုတ်သီး ကုန်ကူးရာမှာ နာမည်ကျော်သူလို့ ဆိုပါတယ်။ ငရုတ်သီးဟာ စိုက်ပျိုးရ လွယ်ကူတဲ့ အတွက် ကမ္ဘာတစ်ဝန်း ဆေးကုသရာမှာ အသုံးပြုကြပါတယ်။ ရှေးလူကြီးတွေဟာ ငရုတ်သီးကို နာကျင်မှု ဝေဒနာ သက်သာအောင်မှ အစပြုပြီး ကာမရာဂ နိုးကြွစေတဲ့ ဆေးအဖြစ် ရောဂါ အားလုံး အတွက် အသုံးပြုကြပါတယ်။

သုတေသနပြုသူတွေက ငရုတ်သီးမှာ ပါဝင်တဲ့ ပူစပ်တဲ့ အရသာရှိတဲ့ capsaicin ဟာနာကျင်မှု သက်သာစေတာကြောင့် ကြွက်သား နာကျင်တာ၊ ခွဲစိတ်အပြီး နာကျင်တာနဲ့ အဆစ်ရောင် ရောဂါတွေ သက်သာ စေတာကို ယနေ့အထိ လူသိများနေဆဲလို့ ဆိုပါတယ်။
လေ့လာမှုတွေ အရ ငရုတ်သီးဟာ ဦးနှောက်အတွင်း နာကျင်မှုဝေဒနာကို သယ်ဆောင် ပေးတဲ့ chemical messages တွေကို တားဆီးနိုင်တယ်လို့ သိရပါတယ်။ နောက်ဆုံး လေ့လာမှုအရ ငရုတ်သီးဟာ ကိုယ်အလေးချိန် ထိန်းသိမ်းရာမှာ ကူညီနိုင်တယ်လို့ သိရပါတယ်။ ၂၀၀၉ ခုနှစ် American Journal of Clinical nutrition မှာ Caspsaicin နဲ့ ဆက်စပ်နေတဲ့ ဒြပ်ပေါင်းတွေဟာ ဝမ်းဗိုက် အဆီလျော့ကျအောင် ကူညီနိုင်တယ်လို့ ဖော်ပြထားပါတယ်။
ငရုတ်သီးဟာ သွေးတွင်း သကြားဓာတ်ကိုလည်း ထိန်းပေးနိုင်ပါတယ်။ ငရုတ်သီးပါဝင်တဲ့ နေ့လယ်စာ စားသူတွေမှာ သွေးတွင်းသကြားဓာတ်ကို ထိန်းပေးတဲ့ ဟော်မုန်း (Insulin) မြင့်တက်နေပြီး အစာဆာလောင်စိတ်များတဲ့ ဟော်မုန်း (Ghrelin)ကျဆင်းနေတာကို တွေ့ရှိရပါတယ်လို့ သုတေသနပြုသူတွေက ဆိုပါတယ်။
အကျိုးကျေးဇူးရအောင်
နာကျင်မှု ဝေဒနာ သက်သာအောင် Capsaicin ointment နဲ့ Cream ကို လိမ်းပေးပါ။ ကိုယ်အလေးချိန် ထိန်းဖို့ ငရုတ်သီးဆေးတောင့် မပေါ်သေးပါဘူး။ သင့်ရဲ့ အစားအစာထဲမှာ ငရုတ်သီးအစိမ်း လိုက်ထည့်စားတာ ဒါမှမဟုတ် အသုပ်တွေထဲမှာ ငရုတ်သီးမှုန့် ထည့်စားတာ၊ ငရုတ်သီးမှုန့်နဲ့ ဟင်းချက်ပြီး စားတာတွေ လုပ်ပါ။ 




နံနံပင်
ရှေးလူကြီးတွေက နံနံပင်အမြစ်ကို ဆီးလမ်းကြောင်း ဆိုင်ရာ ပြဿနာတွေ ကုသရာမှာ အသုံးပြုကြပါတယ်။ ၁၆၂၉ ခုနှစ်ကတည်းက အင်္ဂလန်ဘုရင်မအတွက် အသုံးပြုခဲ့ကြပါတယ်။ ၁၈ ရာစု အလယ်မှ စပြီး ၁၉ ရာစု အစောပိုင်းကာလ အထိ အမေရိကန်မှ ဆရာဝန်တွေက နံနံပင်ကို အသုံးပြုရာမှာ နာမည်ကျော်ကြား ကြပါတယ်။

ကြက်သွန်နီကြောင့် အနံ့နံတာကို နံနံပင် စားတာနဲ့ ဖြေဖျောက်နိုင်တယ်လို့လည်း ဆိုပါတယ်။ ၂၀၀၂ ခုနှစ်က ဆီးလမ်းကြောင်း ဆိုင်ရာ ဂျာနယ်လေ့လာမှု အများအပြားကို စိစစ်ပြီး ဖော်ပြထားချက် အရ နံနံပင်အမြစ်ဟာ ဆီးထွက်အားကောင်း စေတယ်လို့ သိရပါတယ်။ နံနံပင်ကို ဆီးအိမ်ရောင်ရမ်းခြင်းနဲ့ ဆီးလမ်းကြောင်းဆိုင်ရာ ပြဿနာတွေမှာ အသုံးပြုနိုင်တယ်လို့ သုတေသန ပြုသူတွေက ထောက်ခံကြပါတယ်။
အကျိုးကျေးဇူးရအောင်
ဆီးလမ်းကြောင်း ပြဿနာဖြစ်နေရင် နံနံပင် နှစ်ဂရမ်စီနဲ့ ပြုလုပ်ထားတဲ့ လက်ဖက်ရည်ကို တစ်နေ့သုံးခွက်သောက်ပေးပါ။

Ref: Good Health

Twitter Delicious Facebook Digg Stumbleupon Favorites More