ယခုအကြိမ် ဟီမိုကလိုဘင် မပြည့်ဝသောကြောင့် သွေးလှူခွင့် မရလိုက်သူများကို နောက်တစ်ကြိမ်လှူဒါန်းရန် သိရှိလိုက်နာသင့်သည်များကို ဖတ်ရှုပေးပါ။

သွေးလှူရှင်များ သွေးလှူရန် လာရောက်သည့်အခါတွင် သွေးမလှူမီ သွေးထဲတွင် ဟီမိုကလိုဘင် (ပြည့် / မပြည့်) စစ်ဆေးပါသည်။
သွေးမလှူခင် စစ်ဆေးသော ဟီမိုကလိုဘင် မပြည့်ခြင်းသည် ရောဂါမဖြစ်သေးပါ။ သွေးလှူရန် မသင့်သေးခြင်းသာ ဖြစ်သည်။ |
သံဓါတ်နှင့် ပရိုတင်းဓါတ်တစ်မျိုးတို့ ပူးပေါင်း၍ဖြစ်ပေါ်ပြီး သွေးနီဥများတွင် ရှိသည်။
ထို့ကြောင့် သံဓါတ်ချို့တဲ့ပါက သွေးအားနည်းခြင်း ဖြစ်နိုင်သည်။ သွေးအားနည်းခြင်း (ရှိ/မရှိ) သိရန် ဟီမိုဂလိုဘင်ကို စစ်ဆေးရပါတယ်။
ဟီမိုဂလိုဘင်သည် ခန္ဓာကိုယ်ရှိ အင်္ဂါအစိတ်အပိုင်းအသီးသီးက လိုအပ်သည့် အောက်စီဂျင်ကို အဆုတ်မှတစ်ဆင့် သယ်ယူပို့ဆောင်သည်။
ဟီမိုဂလိုဘင်သည် -
- လူတစ်ဦးနှင့် တစ်ဦး
- လူတစ်ဦးတွင် တစ်ချိန်နှင့် တစ်ချိန်
- အမျိုးသားနှင့် အမျိုးသမီးများအတွင်း ကွဲပြားခြားနားမူရှိသည်။
ဟီမိုကလိုဘင် မပြည့်လျှင် ဘာလုပ်ရမလဲ
![]() |

- သံဓါတ်မပြည့်ဝသည့် အစားအသောက်များကို မစားသောက်ခြင်း
- စားသုံးသည့် အာဟာရတွင် ပါဝင်သည့် သံဓါတ်ကို အူမှ မစုပ်ယူနိုင်ခြင်း
- သံကောင်များ ရှိခြင်း

- အချို့သောဆေး (ဥပမာ - အကိုက်အခဲပျောက်ဆေး) များ သုံးစွဲခြင်း
- အမျိုးသမီးများ ဓမာတာပေါ်ချိန် ရာသီသွေး များပြားစွာ ဆင်းခြင်းတို့ကြောင့် သံဓါတ်ချို့တဲ့နိုင်ပါသည်။
သွေးလှူဒါန်းသည့်အခါတိုင်း သံဓါတ်များ ပါဝင်သွားသဖြင့် သွေးလှူရှင်များသည် ပုံမှန်သွေးလှူဒါန်းနိုင်ရန် သံဓါတ်ပြည့်ဝသည့် အစားအစာများကို စားသုံးရန် လိုအပ်ပါသည်။ |
သံဓါတ်ကြွယ်ဝသော အစားအစာများကို နေ့စဉ်စားပါ။



ဥပမာ -
- အသီးအရွက်များကို သုပ်၍စားသောအခါ သံပုရာရည်ညှစ်၍ စားခြင်း
- ချဉ်ရည်ဟင်းချက်၍ စားခြင်း
- အချဉ်တည် စားခြင်း
- ပဲကို အပင်ဖောက်၍ စားခြင်း
- ပဲတီချဉ် ပြုလုပ်စားခြင်း
- ထမင်းစားပြီးနောက် အချဉ်ဓါတ်ကြွယ်ဝသော အသီးများ စားခြင်းတို့သည် သံဓါတ် စုပ်ယူမှုကို အားပေးသည်။
သံဓါတ်စုပ်ယူမှုကို တားဆီးသောအချက်များ

သွေးလှူရှင်များသည် သွေးအားပြည့်စေရန် သံဓါတ်ပါဝင်သည့် အစားအစာများကို စားသုံးခြင်း၊ သံဓါတ်စုပ်ယူရာတွင် အတားအဆီးဖြစ်စေသည့် အပြုအမှုများကို ရှောင်ကြဉ်ခြင်းတို့ ပြုလုပ်ရပါမည်။ |
သွေးအားပြည့်အောင် နေထိုင်စားသောက်ပြီး သွေးလှူရန် ဟီမိုကလိုဘင်ကို နောက်တစ်ကြိမ် ပြန်လည်စစ်ဆေး၍ လှူဒါန်းနိုင်ပါသည်။